Uni
ထုံးစံအတိုင်း ပြတင်းပေါက်ကို ငေးမောကြည့်နေသော Death ရဲ့ ပါးကို Roshan နမ်းလိုက်ကာ
"တွေးပြန်ပြီလား။ အေးဆေးလေးနေပါလား ခေါင်းကိုအနားပေးပါပြောထားတာကို"
တတွတ်တွတ် ပြောနေလဲ ပြုံးကာပြန်ကြည့်နေသော Death ကြောင့် Roshan ကပဲ သက်ပြင်းချကာ
"ပြောရင်လဲ နားမထောင်ဘူး"
"မင်းအဲ့လိုပြောတာ ကြားချင်တာကို ပြီးတော့ ငါ မင်းကိုပြောစရာရှိတယ်"
"ပြောလေ"
Roshan မျက်နှာကိုသေချာကြည့်ရင်း Death သက်ပြင်းချကာ
"မင်းလွတ်တဲ့နှစ်ရောက်ရင် သေချာပေါက်အပြင်မှာ ဘဝကို ကောင်းကောင်းဖြတ်သန်းပါ ငါစိတ်ချချင်တယ်"
"မပြောနဲ့"
"ပြီးတော့ မင်းဘဝကို လုံခြုံအောင် ကာကွယ်ပေးတဲ့သူနဲ့ပဲ အိမ်ထောင်ပြုပါ...မင်းကို သိပ်ချစ်တဲ့သူလဲ ဖြစ်ပါစေ"
"မပြောနဲ့"
"မင်းဝါသနာပါရာ နဲ့ပဲ လူတွေကိုကူညီပါ ငါ့လို လူတွေကိုအပြစ်မမြင်ပဲနဲ့ လူတွကို အကျိုးပြုတဲ့သူဖြစ်ပါစေ"
"မပြောနဲ့လို့!!! ငါ့ကိုသာ သတ်လိုက်ပါ Death ငါ တောင်းပန်ပါတယ်...ရွှတ်" မျက်ရည်များစီးကျလာကာ ပြောလာသော Roshan..
Death လဲ မျက်ရည်တွေဝဲကာ
"Don လို့ခေါ်"
အရင်နာမည်ဟောင်းအား ပြန်အစဖော်သူကြောင့် Roshan အံ့သြမိသွားသည်။ သူသိတာပေါ့ Death က နောက်ပိုင်းမှာ သူ့ရဲ့နာမည်အရင်းကိုခေါ်ခွင့်မပေးထားတာလေ။
ခုတော့....
"ခေါ်ပါ....ငါ့ကို Don ဆိုပြီး"
Death ဒုတိယအကြိမ်ပြောတော့မှ Roshan လဲ
"Don..."
မျက်ရည်များကျနေသော Roshan ပါးကို Don တမြတ်တနိုးကိုင်လိုက်ကာ
"မငိုနဲ့....ငါ့ကို ချစ်ရင် ငါ့ရှေ့မငိုနဲ့"
ထက်အံ့သြရပြန်သော Death စကားတွေကြောင့် Roshan ကြောက်အသွားမိသည်။
"ချစ်တယ် မှတ်လား"
မတုန့်မဆိုင်းပဲ Death မေးတာကို Roshan ခေါင်းညိမ့်မိသည်။
"ပါးစပ်ကပြော"
"ချစ်တယ်....ငါ မင်းကို အရမ်းချစ်တယ် Don"
မျက်ရည်များကြားထဲက အနှစ်နှစ်အလလ ထိန်းထားရသော ထိုစကားကို Roshan ဖွင့်ဟမိသည်။ သိပ်ပြောချင်နေခဲ့တာ....
Roshan ကိုဖက်ကာ ခေါင်းလေးကို ထိုးဖွရင်း
"မင်း ဆုံးဖြတ်ထားတာကိုပြင်လိုက်ပါ Roshan။ ငါမရှိလဲ မင်းရှင်သန်မှရမယ်....မင်းရှင်သန်နေပြီးတော့ အကောင်းဆုံးကြိုးစားနေထိုင်ပါ။"
Death စကားကြောင့် Roshan အံ့သြသွားကာ
"မင်းဘယ်လိုလုပ်"
"ဟက်...Roshan ရာ...မင်းက ငါနဲ့အတူ ကြီးပြင်းလာတဲ့သူပါ။"
Roshan မျက်ရည်များ စီးကျလာကာ
"ငါ...ငါတောင်းပန်ပါတယ်"
"အင်း...တောင်းပန်တယ်ဆိုရင် နောက်ဘယ်တော့မှ ငါမရှိရင် သတ်သေမယ်ဆိုတဲ့အတွေးမတွေးမိပါစေနဲ့။"
"အင်းပါ..."
"ကတိပေး" ကလေးတွေလို လက်ကတိကလေးပြကာ တောင်းနေပုံကြောင့် Roshan ရယ်မိသွားပြန်ရော
"ပေးလို့"
ကတိပေးလိုက်တော့မှ လိုချင်တာရသွားသည့်ကလေးတစ်ယောက်ပမာ ပျော်ရွှင်သွားလေသည်။
ဒီလိုသာဆို Roshan လဲ တစ်ယောက်ထဲ ကြိုးစားကာ ရပ်တည်ဖို့ပဲ ဆုံးဖြတ်လိုက်လေသည်။
.
.
.
အပြင်လောကအား မထိတွေ့တာကြာပြီမို့ Roshan ငေးကာကြည့်နေမိသည်။
ခုတော့ အိမ်အရင်ပြန်ပြီး လုပ်စရာရှိသည်များကို အရင်လုပ်ရမည်။
Death အိမ်နဲ့ ပိုင်ဆိုင်မှုတွေကတော့ အစိုးရအပိုင်ဖြစ်သွားလေပြီ...
Roshan ကတော့ ပိုင်ဆိုင်မှုများအား တစ်ဝက်ကို လိုအပ်သော နေရာတွေအား Death နာမည်နဲ့လှူလိုက်ပြီး
ကျန်တစ်ဝက်ကိုတော့ မြို့တွင်းမှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ရန် ရည်ရွယ်လိုက်သည်။
Roshan ပိုင်ဆိုင်မှုတစ်ဝက်က များလွန်းသော်လဲ ဒီကြားထဲ အလျင်းသင့်သလိုလေး လှူဖို့ရန် ဖယ်ထားခြင်းလဲ ပါဝင်သည်။
BBQ ဆိုင်လေးနှင့်တကွ မြန်မာမုန့်ကလေး အနည်းအကျင်းလဲ ဆိုင်မှာရောင်းရန်ဆုံးဖြတ်လိုက်လေသည်။
ရယ်တော့ရယ်ရသား BBQ နဲ့ မြန်မာမုန့်
ဘာကြောင့် အဲ့လိုတွေးမိလဲမေးရင် Death ကိုပြုစုခဲ့စဥ်အခါက ဆေးရုံရှိ nurse မလေးတွေရဲ့ အကူအညီဖြင့် online ကနေ မြန်မာမုန့်လုပ်နည်းတွေကို လေ့လာခဲ့သည်။
Nurses လေးတွေက မိမိတို့နှစ်ယောက် ကို ဂရုဏာသက်ပြီး ခိုးကာ ရှာပေးခြင်းကြောင့် ခုလိုတွေ ကြည့်ခဲ့ရခြင်းဖြစ်သည်။ ပြီးရင် တတ်သလောက်လေးလုပ်ကာ Death ကို ပြန်လုပ်ကျွေးခဲ့သည်။ မကောင်းမှန်းသိသော်လဲ ကြိတ်ကာစားနေသော Death ရဲ့ မျက်နှာကို ခုချိန်ထိ မျက်လုံးထဲကမထွက်ခဲ့...
နောက်ဆုံးနေ့ Death မိမိကို ထားသွားခဲ့သော နေ့ကလဲ သူအတန်တန်ပြောခဲ့တဲ့စကား
"ဆက်ရှင်သန်ပေးပါ...ငါ့အတွက်ပဲဖြစ်ဖြစ်"တဲ့...
ကျွန်တော့်ဘေးမှာ သူအရိပ်လိုရှိနေပါ့မယ်တဲ့...
ခုရော မင်း ငါ့ဘေးမှာ ရှိနေမယ်ဆိုတာ ငါယုံကြည်တယ်.....
ညလေလေး တဖြူးဖြူးတိုက်နေတဲ့ ခေါင်မိုးထက်မှာ ရပ်ပြီး လောကကြီးအလှကို Roshan တစ်မေ့တမောငေးကြည့်နေမိသည်။ သူမသိလိုက်တာက သူ့၏ဘေးတွင် အရိပ်အဖြူလေးတစ်ခုက ကပ်နေခဲ့သည်တဲ့.......
___________________
"အစ်ကိုရေ....."
ဆိုပြီး အိမ်ထဲဝင်တာနဲ့ အသံကအရင်ရောက်လာသူ..
"အစ်ကိုရေ....ဟာ...ဘယ်ရောက်"
ထူးစစ်သော် စိတ်ထဲထင်နေတဲ့ စာကြည့်ခန်းထဲသွားကြည့်မိတော့ တွေ့ပါပြီ....
"အစ်ကို"
ဒီတော့မှ လူကိုမြင်ပြီး ပြုံးရယ်သွားကာ
"ဟာ...ညီပြန်ရောက်လာပြီ"
"အစ်ကို ဘာစားပြီးပြီလဲ"
"မစားရသေးဘူး ညီ့ကိုစောင့်နေတာ။ ဟင်းကတော့ ချက်ပြီးပြီ ပြန်နွှေးယုံပဲ" အဲ့တာသာကြည့် company က ပြန်လာတဲ့သူက ချက်ပြုတ်ထားသတဲ့ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ သူကြီးလဲ မသိဘူး....
"ဒါဆို ညီရေချိုးလိုက်ဦးမယ်နော်"
"မိုးချုပ်နေပြီ မြန်မြန်ချိုးနော်..ပြီးတော့ ရေပူနဲ့ပဲချိုး"
"ဟုတ်ကဲ့ပါ ဗျ...မွ"
ပါးကိုနမ်းကာ ထွက်သွားသောသူကို လွန်းထက်သာ ကြည့်နေမိသည်။ ဒီလူသားလေးကို ဒီလိုပိုင်ဆိုင်ခွင့်ရအောင် အများကြီး ကြိုးစားခဲ့ရတာ......
နှစ်ယောက်သား ထမင်းလက်စုံစားပြီးတာနဲ့ အချိုတည်းရန် သစ်သီးကို ထူးစစ်သော် ပြင်ဆင်နေတုန်း
"ညီ ဘာဆက်လုပ်မယ်လို့တွေးထားလဲ"
သစ်သီးတွေကိုစိပ်ရင်း ထူးစစ်သော် ပြန်ဖြေလိုက်တာက
"ညီ စဥ်းစားထားတာတော့ရှိတယ်...ညီ ဒီရဲဝန်ထမ်းအလုပ်ပဲ ဆက်လုပ်မလားလို့။ ညီလဲ ဝါသနာပါတာမို့"
"ကိုယ်မှ စိတ်မချတာ"
"ညီ ဝါသနာလေ....မစွန့်လွှတ်နိုင်သေးဘူး။"
ဆုံးဖြတ်ချက် ပြတ်သားပုံပေါ်နေသော ထူးစစ်သော် ကြောင့် လွန်းထက်သာ ထက်မပြောချင်တော့ဘူး...မယုံကြည်လို့မဟုတ်သော်ငြား ဒီလူသားလေးကို ပိုင်ဆိုင်ရဖို့ အများကြီး ကြိုးစားထားရတာလေ....
_____________
24.10.22
Khine Lay
Death သေသွားလို့ သာသာ့ကိုစိတ်မဆိုးကြပါနဲ့ ဦးနှောင်ကင်ဆာကြောင့် ခုလိုဖြစ်သွားတာပါ🤧🤧
Zaw
ထုံးစံအတိုင္း ျပတင္းေပါက္ကို ေငးေမာၾကည့္ေနေသာ Death ရဲ႕ ပါးကို Roshan နမ္းလိုက္ကာ
"ေတြးျပန္ၿပီလား။ ေအးေဆးေလးေနပါလား ေခါင္းကိုအနားေပးပါေျပာထားတာကို"
တတြတ္တြတ္ ေျပာေနလဲ ၿပဳံးကာျပန္ၾကည့္ေနေသာ Death ေၾကာင့္ Roshan ကပဲ သက္ျပင္းခ်ကာ
"ေျပာရင္လဲ နားမေထာင္ဘူး"
"မင္းအဲ့လိုေျပာတာ ၾကားခ်င္တာကို ၿပီးေတာ့ ငါ မင္းကိုေျပာစရာရွိတယ္"
"ေျပာေလ"
Roshan မ်က္ႏွာကိုေသခ်ာၾကည့္ရင္း Death သက္ျပင္းခ်ကာ
"မင္းလြတ္တဲ့ႏွစ္ေရာက္ရင္ ေသခ်ာေပါက္အျပင္မွာ ဘဝကို ေကာင္းေကာင္းျဖတ္သန္းပါ ငါစိတ္ခ်ခ်င္တယ္"
"မေျပာနဲ႕"
"ၿပီးေတာ့ မင္းဘဝကို လုံၿခဳံေအာင္ ကာကြယ္ေပးတဲ့သူနဲ႕ပဲ အိမ္ေထာင္ျပဳပါ...မင္းကို သိပ္ခ်စ္တဲ့သူလဲ ျဖစ္ပါေစ"
"မေျပာနဲ႕"
"မင္းဝါသနာပါရာ နဲ႕ပဲ လူေတြကိုကူညီပါ ငါ့လို လူေတြကိုအျပစ္မျမင္ပဲနဲ႕ လူတြကို အက်ိဳးျပဳတဲ့သူျဖစ္ပါေစ"
"မေျပာနဲ႕လို႔!!! ငါ့ကိုသာ သတ္လိုက္ပါ Death ငါ ေတာင္းပန္ပါတယ္...႐ႊတ္" မ်က္ရည္မ်ားစီးက်လာကာ ေျပာလာေသာ Roshan..
Death လဲ မ်က္ရည္ေတြဝဲကာ
"Don လို႔ေခၚ"
အရင္နာမည္ေဟာင္းအား ျပန္အစေဖာ္သူေၾကာင့္ Roshan အံ့ၾသမိသြားသည္။ သူသိတာေပါ့ Death က ေနာက္ပိုင္းမွာ သူ႕ရဲ႕နာမည္အရင္းကိုေခၚခြင့္မေပးထားတာေလ။
ခုေတာ့....
"ေခၚပါ....ငါ့ကို Don ဆိုၿပီး"
Death ဒုတိယအႀကိမ္ေျပာေတာ့မွ Roshan လဲ
"Don..."
မ်က္ရည္မ်ားက်ေနေသာ Roshan ပါးကို Don တျမတ္တနိုးကိုင္လိုက္ကာ
"မငိုနဲ႕....ငါ့ကို ခ်စ္ရင္ ငါ့ေရွ႕မငိုနဲ႕"
ထက္အံ့ၾသရျပန္ေသာ Death စကားေတြေၾကာင့္ Roshan ေၾကာက္အသြားမိသည္။
"ခ်စ္တယ္ မွတ္လား"
မတုန့္မဆိုင္းပဲ Death ေမးတာကို Roshan ေခါင္းညိမ့္မိသည္။
"ပါးစပ္ကေျပာ"
"ခ်စ္တယ္....ငါ မင္းကို အရမ္းခ်စ္တယ္ Don"
မ်က္ရည္မ်ားၾကားထဲက အႏွစ္ႏွစ္အလလ ထိန္းထားရေသာ ထိုစကားကို Roshan ဖြင့္ဟမိသည္။ သိပ္ေျပာခ်င္ေနခဲ့တာ....
Roshan ကိုဖက္ကာ ေခါင္းေလးကို ထိုးဖြရင္း
"မင္း ဆုံးျဖတ္ထားတာကိုျပင္လိုက္ပါ Roshan။ ငါမရွိလဲ မင္းရွင္သန္မွရမယ္....မင္းရွင္သန္ေနၿပီးေတာ့ အေကာင္းဆုံးႀကိဳးစားေနထိုင္ပါ။"
Death စကားေၾကာင့္ Roshan အံ့ၾသသြားကာ
"မင္းဘယ္လိုလုပ္"
"ဟက္...Roshan ရာ...မင္းက ငါနဲ႕အတူ ႀကီးျပင္းလာတဲ့သူပါ။"
Roshan မ်က္ရည္မ်ား စီးက်လာကာ
"ငါ...ငါေတာင္းပန္ပါတယ္"
"အင္း...ေတာင္းပန္တယ္ဆိုရင္ ေနာက္ဘယ္ေတာ့မွ ငါမရွိရင္ သတ္ေသမယ္ဆိုတဲ့အေတြးမေတြးမိပါေစနဲ႕။"
"အင္းပါ..."
"ကတိေပး" ကေလးေတြလို လက္ကတိကေလးျပကာ ေတာင္းေနပုံေၾကာင့္ Roshan ရယ္မိသြားျပန္ေရာ
"ေပးလို႔"
ကတိေပးလိုက္ေတာ့မွ လိုခ်င္တာရသြားသည့္ကေလးတစ္ေယာက္ပမာ ေပ်ာ္႐ႊင္သြားေလသည္။
ဒီလိုသာဆို Roshan လဲ တစ္ေယာက္ထဲ ႀကိဳးစားကာ ရပ္တည္ဖို႔ပဲ ဆုံးျဖတ္လိုက္ေလသည္။
.
.
.
အျပင္ေလာကအား မထိေတြ႕တာၾကာၿပီမို႔ Roshan ေငးကာၾကည့္ေနမိသည္။
ခုေတာ့ အိမ္အရင္ျပန္ၿပီး လုပ္စရာရွိသည္မ်ားကို အရင္လုပ္ရမည္။
Death အိမ္နဲ႕ ပိုင္ဆိုင္မႈေတြကေတာ့ အစိုးရအပိုင္ျဖစ္သြားေလၿပီ...
Roshan ကေတာ့ ပိုင္ဆိုင္မႈမ်ားအား တစ္ဝက္ကို လိုအပ္ေသာ ေနရာေတြအား Death နာမည္နဲ႕လႉလိုက္ၿပီး
က်န္တစ္ဝက္ကိုေတာ့ ၿမိဳ႕တြင္းမွာ ဆိုင္ေလးတစ္ဆိုင္ဖြင့္ရန္ ရည္႐ြယ္လိုက္သည္။
Roshan ပိုင္ဆိုင္မႈတစ္ဝက္က မ်ားလြန္းေသာ္လဲ ဒီၾကားထဲ အလ်င္းသင့္သလိုေလး လႉဖို႔ရန္ ဖယ္ထားျခင္းလဲ ပါဝင္သည္။
BBQ ဆိုင္ေလးႏွင့္တကြ ျမန္မာမုန့္ကေလး အနည္းအက်င္းလဲ ဆိုင္မွာေရာင္းရန္ဆုံးျဖတ္လိုက္ေလသည္။
ရယ္ေတာ့ရယ္ရသား BBQ နဲ႕ ျမန္မာမုန့္
ဘာေၾကာင့္ အဲ့လိုေတြးမိလဲေမးရင္ Death ကိုျပဳစုခဲ့စဥ္အခါက ေဆး႐ုံရွိ nurse မေလးေတြရဲ႕ အကူအညီျဖင့္ online ကေန ျမန္မာမုန့္လုပ္နည္းေတြကို ေလ့လာခဲ့သည္။
Nurses ေလးေတြက မိမိတို႔ႏွစ္ေယာက္ ကို ဂ႐ုဏာသက္ၿပီး ခိုးကာ ရွာေပးျခင္းေၾကာင့္ ခုလိုေတြ ၾကည့္ခဲ့ရျခင္းျဖစ္သည္။ ၿပီးရင္ တတ္သေလာက္ေလးလုပ္ကာ Death ကို ျပန္လုပ္ေကြၽးခဲ့သည္။ မေကာင္းမွန္းသိေသာ္လဲ ႀကိတ္ကာစားေနေသာ Death ရဲ႕ မ်က္ႏွာကို ခုခ်ိန္ထိ မ်က္လုံးထဲကမထြက္ခဲ့...
ေနာက္ဆုံးေန႕ Death မိမိကို ထားသြားခဲ့ေသာ ေန႕ကလဲ သူအတန္တန္ေျပာခဲ့တဲ့စကား
"ဆက္ရွင္သန္ေပးပါ...ငါ့အတြက္ပဲျဖစ္ျဖစ္"တဲ့...
ကြၽန္ေတာ့္ေဘးမွာ သူအရိပ္လိုရွိေနပါ့မယ္တဲ့...
ခုေရာ မင္း ငါ့ေဘးမွာ ရွိေနမယ္ဆိုတာ ငါယုံၾကည္တယ္.....
ညေလေလး တျဖဴးျဖဴးတိုက္ေနတဲ့ ေခါင္မိုးထက္မွာ ရပ္ၿပီး ေလာကႀကီးအလွကို Roshan တစ္ေမ့တေမာေငးၾကည့္ေနမိသည္။ သူမသိလိုက္တာက သူ႕၏ေဘးတြင္ အရိပ္အျဖဴေလးတစ္ခုက ကပ္ေနခဲ့သည္တဲ့.......
___________________
"အစ္ကိုေရ....."
ဆိုၿပီး အိမ္ထဲဝင္တာနဲ႕ အသံကအရင္ေရာက္လာသူ..
"အစ္ကိုေရ....ဟာ...ဘယ္ေရာက္"
ထူးစစ္ေသာ္ စိတ္ထဲထင္ေနတဲ့ စာၾကည့္ခန္းထဲသြားၾကည့္မိေတာ့ ေတြ႕ပါၿပီ....
"အစ္ကို"
ဒီေတာ့မွ လူကိုျမင္ၿပီး ၿပဳံးရယ္သြားကာ
"ဟာ...ညီျပန္ေရာက္လာၿပီ"
"အစ္ကို ဘာစားၿပီးၿပီလဲ"
"မစားရေသးဘူး ညီ့ကိုေစာင့္ေနတာ။ ဟင္းကေတာ့ ခ်က္ၿပီးၿပီ ျပန္ႏႊေးယုံပဲ" အဲ့တာသာၾကည့္ company က ျပန္လာတဲ့သူက ခ်က္ျပဳတ္ထားသတဲ့ ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္တဲ့ သူႀကီးလဲ မသိဘူး....
"ဒါဆို ညီေရခ်ိဳးလိုက္ဦးမယ္ေနာ္"
"မိုးခ်ဳပ္ေနၿပီ ျမန္ျမန္ခ်ိဳးေနာ္..ၿပီးေတာ့ ေရပူနဲ႕ပဲခ်ိဳး"
"ဟုတ္ကဲ့ပါ ဗ်...မြ"
ပါးကိုနမ္းကာ ထြက္သြားေသာသူကို လြန္းထက္သာ ၾကည့္ေနမိသည္။ ဒီလူသားေလးကို ဒီလိုပိုင္ဆိုင္ခြင့္ရေအာင္ အမ်ားႀကီး ႀကိဳးစားခဲ့ရတာ......
ႏွစ္ေယာက္သား ထမင္းလက္စုံစားၿပီးတာနဲ႕ အခ်ိဳတည္းရန္ သစ္သီးကို ထူးစစ္ေသာ္ ျပင္ဆင္ေနတုန္း
"ညီ ဘာဆက္လုပ္မယ္လို႔ေတြးထားလဲ"
သစ္သီးေတြကိုစိပ္ရင္း ထူးစစ္ေသာ္ ျပန္ေျဖလိုက္တာက
"ညီ စဥ္းစားထားတာေတာ့ရွိတယ္...ညီ ဒီရဲဝန္ထမ္းအလုပ္ပဲ ဆက္လုပ္မလားလို႔။ ညီလဲ ဝါသနာပါတာမို႔"
"ကိုယ္မွ စိတ္မခ်တာ"
"ညီ ဝါသနာေလ....မစြန့္လႊတ္နိုင္ေသးဘူး။"
ဆုံးျဖတ္ခ်က္ ျပတ္သားပုံေပၚေနေသာ ထူးစစ္ေသာ္ ေၾကာင့္ လြန္းထက္သာ ထက္မေျပာခ်င္ေတာ့ဘူး...မယုံၾကည္လို႔မဟုတ္ေသာ္ျငား ဒီလူသားေလးကို ပိုင္ဆိုင္ရဖို႔ အမ်ားႀကီး ႀကိဳးစားထားရတာေလ....
_____________
24.10.22
Khine Lay
Death ေသသြားလို႔ သာသာ့ကိုစိတ္မဆိုးၾကပါနဲ႕ ဦးႏွောင္ကင္ဆာေၾကာင့္ ခုလိုျဖစ္သြားတာပါ🤧🤧