{Unicode}
"မင်း ကိုယ့်ကို ဒီမျက်နှာနဲ့ပဲ ဆက်ဆံတော့မှာလား?"
လိုင်လ်မေးခွန်းထုတ်လိုက်ပြီး မယ်ဒီရာကမူ စူပုတ်ပုတ်မျက်နှာနဲ့ ထိုင်နေသည်။
ကျွတ်ခနဲ စုတ်သတ်လိုက်ပြီးနောက် လိုင်လ် မတ်တပ်ရပ်ကာ မယ်ဒီရာ့ကို မြင်ရတဲ့ နေရာဆီ ရွှေ့လိုက်သည်။
မယ်ဒီရာ ဟိုဘက်လှည့်သွားပြန်သည်။
'Shit'
လိုင်လ်က သူတို့ အတူနေမယ်တွေးထားပေမဲ့ ဘုရင့်နန်းဆောင်ထဲ အပိတ်ခံထားရတဲ့ မယ်ဒီရာ့ဒေါသက လွယ်လွယ်နဲ့ ပြေမဲ့ပုံ မပေါ်ပေ။
အရင်ကလိုသာဆိုရင် မယ်ဒီရာ့ခံစားချက်ကို လွယ်လွယ် လစ်လျူရှုနိုင်မည်ထင်ပေမဲ့ အခုတော့ မယ်ဒီရာ့ခံစားချက်ကို လိုင်လ် မသိချင်ယောင်ဆောင်ပြီး မနေနိုင်ပေ။
'ငါ စိတ်လှုပ်ရှားနေတယ်'
သူမစိတ်အခြေအနေကို သတိထားမိနေတဲ့ လိုင်လ် တွေးလိုက်သည်။
[ငါတော့ ဒုက္ခပဲ၊ စိတ်ဆိုးနေချိန်မှာတောင် မင်းက ညို့ငင်နိုင်တုန်းပဲ။ မင်းပြုံးအောင်သာ ကိုယ်လုပ်နိုင်ရင် လကမ္ဘာထိ ကိုယ်ရောက်သွားတယ်လို့ တွေးမိမှာပဲ]
သို့သော် အစောပိုင်းကတည်းကပင် မယ်ဒီရာက လိုင်လ်နဲ့ မျက်လုံးချင်းမဆုံပေ။ လိုင်လ်ခမျာ စိတ်စောနေပြီး သူ့ခံစားချက်ရော သူမခံစားချက်ကိုပါ လစ်လျူမရှုနိုင်တာက ရှက်ဖို့ ကောင်းလှသည်။
ထို့ကြောင့် မယ်ဒီရာ နှစ်သက်သမျှ အရာအားလုံး ယူလာဖို့ အစေခံတွေကို အမိန့်ပေးလိုက်သည်။ အချစ်ဝတ္ထုတွေနဲ့ အချိုပွဲတွေ၊ သို့ရာတွင် မယ်ဒီရာက တချက်ကလေးတောင် အသိမှတ်ပြုဟန်၊ ကျေနပ်ဟန်မပြ။
[ကျောက်သံပတ္တမြားတွေ ယူလာပေးရမလား?]
ဒါမှမဟုတ် အကျီဖြစ်ဖြစ် ဖိနပ်ဖြစ်ဖြစ်ရော? ဦးထုပ်နဲ့ လက်ဝတ်တန်ဆာတွေ ကြိုက်လား? ထိုအရာတွေက အရင်မယ်ဒီရာ သေချာပေါက်ကြိုက်တဲ့ အရာတွေပင်။ မိန်းကလေးတွေ ဘာကြိုက်တတ်လဲ လိုင်လ်စဉ်းစားရင်း မယ်ဒီရာ ဘာကြိုက်တတ်မှန်းတောင် မသိသည့် သူ့အဖြစ်သူ သတိရသွားသည်။
လက်ရှိမယ်ဒီရာက အရင်မယ်ဒီရာနဲ့ လုံးဝကွဲပြားနေကြောင်း အစေခံက သတိပေးလိုက်သည်။
နောက်ပြီး ကွဲပြားမှုက တခုနှစ်ခုမဟုတ်ပဲ အရာအားလုံး ပြောင်းလဲသွားတာ ဖြစ်သည်။
ဒါကြောင့်ပဲ သူမရဲ့ ဖမ်းစားခြင်း ခံလိုက်ရတာ ဖြစ်နိုင်သည်။ သို့သော် ဒီအရာကပဲ အရာအားလုံးကို ပိုမိုခဲယဉ်းစေသည်။
သက်ပြင်းမောတချက်ချပြီးနောက် လိုင်လ် မတ်တပ်ရပ်ကာ သက်တောင့်သက်သာ ထိုင်လိုက်ပြီး စာအုပ်တအုပ်ဖွင့်ကြည့်လိုက်သည်။
ထိုအခါမှသာ မယ်ဒီရာက လိုင်လ့်ကို လှမ်းကြည့်ပြီး တခြားအခန်းသို့ ကူးသွားတော့သည်။
သူမကို ချောင်းကြည့်နေတဲ့ လိုင်လ် စိတ်ညစ်ညူးသွားသည်။
အခုအခြေအနေအတိုင်းဆိုရင် နောက်ရက်အနည်းငယ်အတွင်း အခြေအနေ တိုးတက်ဖို့ မမြင်။ သူလဲ သာယာဖို့ လမ်းမမြင်။
ဒါပေမဲ့ လိုင်လ်က မယ်ဒီရာနဲ့ လုခ်ကို ထွက်ပြေးဖို့ နည်းလမ်းရှာခွင့်မပေးချင်ပေ။
လိုင်လ့်ခမျာ ဒီအခြေအနေနဲ့ သူဘာမှ လုပ်နိုင်တာမရှိမှန်း တွေးလိုက်သည်။ သူကြည့်နေတဲ့ စာအုပ်ကို လိုင်လ်ပိတ်လိုက်သည်။
သူမနဲ့ အတူရှိဖို့ အလုပ်က သူစောပြန်လာပေမဲ့လဲ ဒေါသထွက်ရတာ အဖတ်တင်လေသည်။
*****
"အရှင်မ၊ ဘာလုပ်မလို့လဲ?"
စိတ်မသက်မသာနဲ့ ကြည့်နေတဲ့ အစေခံတွေက မယ်ဒီရာကို မေးလိုက်ပြီး မယ်ဒီရာက ခပ်ချဉ်ချဉ်ပြန်ကြည့်လာသည်။
"ငါကဘာလဲ?"
"အရှင်မ ဘယ်လောက်ပဲ စိတ်ဆိုးပါစေ၊ အရှင်က ဧကရာဇ်မင်းမြတ်ပါ၊ တကယ်လို့ အရှင်မ မြတ်နိုးခံရတာသာ ဆုံးရှုံးသွားရင်..."
ဒီစကားက အရင်မယ်ဒီရာကိုသာဆိုရင် အတွေးထဲတင် မပြောဝံ့တဲ့ စကားပေမဲ့ အခုမယ်ဒီရာကတော့ သူ(မ) လူတွေနဲ့ ပတ်သက်တိုင်း သက်ညှာလေ့ရှိသည်။
"မြတ်နိုးတယ်? အရှင်မင်းကြီးက ငါ့ကို မုန်းနေတာပဲ"
"နိုး။ အရှင်မင်းကြီးက စောင့်ကြည့်နေတယ်ဆိုပေမဲ့ အရှင်မကို သူ့နန်းဆောင်ထဲ ထားတာပါဘုရား"
"အဲ့တော့ ဘာဖြစ်လဲ"
သူမနားမလည်၍ ပြန်မေးလိုက်တဲ့အခါမှာတော့ အပျိုတော်ခမျာ စိတ်ညစ်သွားသယောင်။
"အရှင်မင်းကြီးက အရှင်မကို မြတ်နိုးလို့ အနားမှာ ရှိစေချင်ပါတယ်"
"အရှင်မနဲ့ ဝေးဝေးမနေနိုင်လို့ ညသန်းခေါင်ကြီး အရှင်မ အိပ်နေတာကို လာကြည့်သေးတယ်မလား"
"ဟုတ်တယ်၊ အရှင်က အရှင်မကို ညလယ်ခေါင် လာကြည့်သေးတယ်"
အပျိုတော်တွေ တယောက်တလှည့်လျှောက်တင်လိုက်သည်။ သိပ်မယုံတဲ့ မယ်ဒီရာကို အပျိုတော်ထိန်းက စကားတခွန်းနဲ့ အလဲထိုးလိုက်သည်။
"အရှင်မင်းကြီးက အရှင်မအပေါ် ချစ်မြတ်နိုးနေတာပါဘုရား"
[ဘာတလွဲတွေ လျှောက်ပြောနေတာလဲ? ငါ့ကို စီရီရာများ မှတ်နေလား?]
အပျိုတော်တွေ အတွေးကတော့ လိုင်လ့်ရဲ့ အပြုအမူတွေက သူမတို့ အရှင်မအပေါ် စွဲလမ်းမှုကြောင့်ဟုပင် မှတ်ယူထားကြသည်။
ကြည့်ရတာ သူက သူမကို အလွတ်ပေးချင်ပုံမရ။
[မနေ့ကလောက်တော့ သူ ငါ့ကို မမုန်းတော့သလိုပဲ။ ဒီမနက်က ငါ သူ့ကို မတော်တဆ ပါးရိုက်မိတာတော့ ကိစ္စတော့ကြီးပြီလို့ ကိုယ့်ဘာသာ ထင်လိုက်တာတောင် သူက တချက်လေးတောင် စိိတ်မဆိုးဘူး။ လိုင်လ့်က ငါ့ကို စိတ်ဝင်စားနေတာလား?]
အဲ့လိုဆိုရင်တော့ စိတ်သက်သာရာ ရစရာပေမဲ့ သူက အချိန်ဖြုန်းနေတာပဲ ဖြစ်လိမ့်မယ်။
[ဘယ်သူက မင်းသားဇာတ်ဆောင်လဲ။ အဓိက မင်းစသမီးအတွက်ကလွဲရင် ဘယ်သူမှ မဖောက်နိုင်တဲ့ သံမဏိတံတိုင်းတွေ ကာရံထားတဲ့သူမလား။ အဲ့လိုလူက ရက်နည်းနည်းလောက်နဲ့ ငါ့ကို ကြိုက်မတဲ့လား?]
[ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ] မယ်ဒီရာ သုံးသပ်လိုက်သည်။ [ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ကို ကြိုက်လို့လား]
သူဒေါသထွက်တုန်းက သူမ သူ့ကို နမ်းလိုက်တော့ စိတ်ဆိုးပြေသွားမှန်း သတိထားမိသည်။
[ငါ လုခ်နဲ့ တွေ့ရမှ ဖြစ်မယ်၊ နောက်ပြီး စီရီရာ့အိမ်တော်ကို ရောက်ဖို့ ရက်ဘယ်လောက်ကြာမလဲ စုံစမ်းရမယ်]
အခုခေတ်မှာက ကားတွေ၊ ရထားလမ်းတွေ မရှိတော့ အချိန်ကြာမည်ပင်။
စီရီရာ့ အစ်ကို အသတ်ခံရ မခံရ သေချာ မသိတာမို့ မယ်ဒီရာ ရုတ်တရက် စိတ်လောလာမိသည်။
"ဆိုလောနယ်အကြောင်းနှံ့နှံ့စပ်စပ် သိတဲ့ သူကို ရှာခိုင်းထားတာက ဘယ်လိုလဲ? နန်းတွင်းထဲ အလုပ်လုပ်တဲ့ အပျိုတော်တွေရဲ့ မွေးရပ်မြေက အဲ့နယ်ကလာတာ ရှိလား?"
"တစ်ယောက်တော့ တွေ့ထားပါတယ်။ အခစား ဝင်ခိုင်းလိုက်ရမလား?"
အပြင်က လူခေါ်သွင်းဖို့ကို တားမြစ်ထားပေမဲ့ နန်းတွင်းထဲ အလုပ်လုပ်တဲ့သူနဲ့ တွေ့ခွင့်တော့ ရှိဟန်တူသည်။ မယ်ဒီရာ စိတ်ကျေနပ်သွားပြီး အစေခံကို သူမဆီ ခေါ်လာဖို့ အမိန့်ပေးလိုက်သည်။
မယ်ဒီရာ ပန်းချီဆွဲခန်းထဲ စောင့်နေချိန်မှာ အညိုရောင်ဆံပင်နဲ့ မှည့်ခြောက်အနည်းငယ်ရှိတဲ့ အစေခံ ဝင်လာသည်။ သူမနာမည်က ဗစ်တိုးရီးယားဖြစ်ပြီး နာမည်ပြောင်မှာ ဗစ်ကီဖြစ်သည်။ သူမက နယ်စားမျိုးရိုးမှ ဆင်းသက်လာသည်။
****
{Zawgyi}
"မင္း ကိုယ့္ကို ဒီမ်က္ႏွာနဲ႔ပဲ ဆက္ဆံေတာ့မွာလား?"
လိုင္လ္ေမးခြန္းထုတ္လိုက္ၿပီး မယ္ဒီရာကမူ စူပုတ္ပုတ္မ်က္ႏွာနဲ႔ ထိုင္ေနသည္။
ကၽြတ္ခနဲ စုတ္သတ္လိုက္ၿပီးေနာက္ လိုင္လ္ မတ္တပ္ရပ္ကာ မယ္ဒီရာ့ကို ျမင္ရတဲ့ ေနရာဆီ ေရႊ႕လိုက္သည္။
မယ္ဒီရာ ဟိုဘက္လွည့္သြားျပန္သည္။
'Shit'
လိုင္လ္က သူတို႔ အတူေနမယ္ေတြးထားေပမဲ့ ဘုရင့္နန္းေဆာင္ထဲ အပိတ္ခံထားရတဲ့ မယ္ဒီရာ့ေဒါသက လြယ္လြယ္နဲ႔ ေျပမဲ့ပုံ မေပၚေပ။
အရင္ကလိုသာဆိုရင္ မယ္ဒီရာ့ခံစားခ်က္ကို လြယ္လြယ္ လစ္လ်ဴရွုနိုင္မည္ထင္ေပမဲ့ အခုေတာ့ မယ္ဒီရာ့ခံစားခ်က္ကို လိုင္လ္ မသိခ်င္ေယာင္ေဆာင္ၿပီး မေနနိုင္ေပ။
'ငါ စိတ္လွုပ္ရွားေနတယ္'
သူမစိတ္အေျခအေနကို သတိထားမိေနတဲ့ လိုင္လ္ ေတြးလိုက္သည္။
[ငါေတာ့ ဒုကၡပဲ၊ စိတ္ဆိုးေနခ်ိန္မွာေတာင္ မင္းက ညိဳ႕ငင္နိုင္တုန္းပဲ။ မင္းျပဳံးေအာင္သာ ကိုယ္လုပ္နိုင္ရင္ လကမၻာထိ ကိုယ္ေရာက္သြားတယ္လို႔ ေတြးမိမွာပဲ]
သို႔ေသာ္ အေစာပိုင္းကတည္းကပင္ မယ္ဒီရာက လိုင္လ္နဲ႔ မ်က္လုံးခ်င္းမဆုံေပ။ လိုင္လ္ခမ်ာ စိတ္ေစာေနၿပီး သူ႔ခံစားခ်က္ေရာ သူမခံစားခ်က္ကိုပါ လစ္လ်ဴမရွုနိုင္တာက ရွက္ဖို႔ ေကာင္းလွသည္။
ထို႔ေၾကာင့္ မယ္ဒီရာ ႏွစ္သက္သမၽွ အရာအားလုံး ယူလာဖို႔ အေစခံေတြကို အမိန့္ေပးလိုက္သည္။ အခ်စ္ဝတၳဳေတြနဲ႔ အခ်ိဳပြဲေတြ၊ သို႔ရာတြင္ မယ္ဒီရာက တခ်က္ကေလးေတာင္ အသိမွတ္ျပဳဟန္၊ ေက်နပ္ဟန္မျပ။
[ေက်ာက္သံပတၱျမားေတြ ယူလာေပးရမလား?]
ဒါမွမဟုတ္ အက်ီျဖစ္ျဖစ္ ဖိနပ္ျဖစ္ျဖစ္ေရာ? ဦးထုပ္နဲ႔ လက္ဝတ္တန္ဆာေတြ ႀကိဳက္လား? ထိုအရာေတြက အရင္မယ္ဒီရာ ေသခ်ာေပါက္ႀကိဳက္တဲ့ အရာေတြပင္။ မိန္းကေလးေတြ ဘာႀကိဳက္တတ္လဲ လိုင္လ္စဥ္းစားရင္း မယ္ဒီရာ ဘာႀကိဳက္တတ္မွန္းေတာင္ မသိသည့္ သူ႔အျဖစ္သူ သတိရသြားသည္။
လက္ရွိမယ္ဒီရာက အရင္မယ္ဒီရာနဲ႔ လုံးဝကြဲျပားေနေၾကာင္း အေစခံက သတိေပးလိုက္သည္။
ေနာက္ၿပီး ကြဲျပားမွုက တခုႏွစ္ခုမဟုတ္ပဲ အရာအားလုံး ေျပာင္းလဲသြားတာ ျဖစ္သည္။
ဒါေၾကာင့္ပဲ သူမရဲ့ ဖမ္းစားျခင္း ခံလိုက္ရတာ ျဖစ္နိုင္သည္။ သို႔ေသာ္ ဒီအရာကပဲ အရာအားလုံးကို ပိုမိုခဲယဥ္းေစသည္။
သက္ျပင္းေမာတခ်က္ခ်ၿပီးေနာက္ လိုင္လ္ မတ္တပ္ရပ္ကာ သက္ေတာင့္သက္သာ ထိုင္လိုက္ၿပီး စာအုပ္တအုပ္ဖြင့္ၾကည့္လိုက္သည္။
ထိုအခါမွသာ မယ္ဒီရာက လိုင္လ့္ကို လွမ္းၾကည့္ၿပီး တျခားအခန္းသို႔ ကူးသြားေတာ့သည္။
သူမကို ေခ်ာင္းၾကည့္ေနတဲ့ လိုင္လ္ စိတ္ညစ္ညဴးသြားသည္။
အခုအေျခအေနအတိုင္းဆိုရင္ ေနာက္ရက္အနည္းငယ္အတြင္း အေျခအေန တိုးတက္ဖို႔ မျမင္။ သူလဲ သာယာဖို႔ လမ္းမျမင္။
ဒါေပမဲ့ လိုင္လ္က မယ္ဒီရာနဲ႔ လုခ္ကို ထြက္ေျပးဖို႔ နည္းလမ္းရွာခြင့္မေပးခ်င္ေပ။
လိုင္လ့္ခမ်ာ ဒီအေျခအေနနဲ႔ သူဘာမွ လုပ္နိုင္တာမရွိမွန္း ေတြးလိုက္သည္။ သူၾကည့္ေနတဲ့ စာအုပ္ကို လိုင္လ္ပိတ္လိုက္သည္။
သူမနဲ႔ အတူရွိဖို႔ အလုပ္က သူေစာျပန္လာေပမဲ့လဲ ေဒါသထြက္ရတာ အဖတ္တင္ေလသည္။
*****
"အရွင္မ၊ ဘာလုပ္မလို႔လဲ?"
စိတ္မသက္မသာနဲ႔ ၾကည့္ေနတဲ့ အေစခံေတြက မယ္ဒီရာကို ေမးလိုက္ၿပီး မယ္ဒီရာက ခပ္ခ်ဥ္ခ်ဥ္ျပန္ၾကည့္လာသည္။
"ငါကဘာလဲ?"
"အရွင္မ ဘယ္ေလာက္ပဲ စိတ္ဆိုးပါေစ၊ အရွင္က ဧကရာဇ္မင္းျမတ္ပါ၊ တကယ္လို႔ အရွင္မ ျမတ္နိုးခံရတာသာ ဆုံးရွုံးသြားရင္..."
ဒီစကားက အရင္မယ္ဒီရာကိုသာဆိုရင္ အေတြးထဲတင္ မေျပာဝံ့တဲ့ စကားေပမဲ့ အခုမယ္ဒီရာကေတာ့ သူ(မ) လူေတြနဲ႔ ပတ္သက္တိုင္း သက္ညႇာေလ့ရွိသည္။
"ျမတ္နိုးတယ္? အရွင္မင္းႀကီးက ငါ့ကို မုန္းေနတာပဲ"
"နိုး။ အရွင္မင္းႀကီးက ေစာင့္ၾကည့္ေနတယ္ဆိုေပမဲ့ အရွင္မကို သူ႔နန္းေဆာင္ထဲ ထားတာပါဘုရား"
"အဲ့ေတာ့ ဘာျဖစ္လဲ"
သူမနားမလည္၍ ျပန္ေမးလိုက္တဲ့အခါမွာေတာ့ အပ်ိဳေတာ္ခမ်ာ စိတ္ညစ္သြားသေယာင္။
"အရွင္မင္းႀကီးက အရွင္မကို ျမတ္နိုးလို႔ အနားမွာ ရွိေစခ်င္ပါတယ္"
"အရွင္မနဲ႔ ေဝးေဝးမေနနိုင္လို႔ ညသန္းေခါင္ႀကီး အရွင္မ အိပ္ေနတာကို လာၾကည့္ေသးတယ္မလား"
"ဟုတ္တယ္၊ အရွင္က အရွင္မကို ညလယ္ေခါင္ လာၾကည့္ေသးတယ္"
အပ်ိဳေတာ္ေတြ တေယာက္တလွည့္ေလၽွာက္တင္လိုက္သည္။ သိပ္မယုံတဲ့ မယ္ဒီရာကို အပ်ိဳေတာ္ထိန္းက စကားတခြန္းနဲ႔ အလဲထိုးလိုက္သည္။
"အရွင္မင္းႀကီးက အရွင္မအေပၚ ခ်စ္ျမတ္နိုးေနတာပါဘုရား"
[ဘာတလြဲေတြ ေလၽွာက္ေျပာေနတာလဲ? ငါ့ကို စီရီရာမ်ား မွတ္ေနလား?]
အပ်ိဳေတာ္ေတြ အေတြးကေတာ့ လိုင္လ့္ရဲ့ အျပဳအမူေတြက သူမတို႔ အရွင္မအေပၚ စြဲလမ္းမွုေၾကာင့္ဟုပင္ မွတ္ယူထားၾကသည္။
ၾကည့္ရတာ သူက သူမကို အလြတ္ေပးခ်င္ပုံမရ။
[မေန႔ကေလာက္ေတာ့ သူ ငါ့ကို မမုန္းေတာ့သလိုပဲ။ ဒီမနက္က ငါ သူ႔ကို မေတာ္တဆ ပါးရိုက္မိတာေတာ့ ကိစၥေတာ့ႀကီးၿပီလို႔ ကိုယ့္ဘာသာ ထင္လိုက္တာေတာင္ သူက တခ်က္ေလးေတာင္ စိိတ္မဆိုးဘူး။ လိုင္လ့္က ငါ့ကို စိတ္ဝင္စားေနတာလား?]
အဲ့လိုဆိုရင္ေတာ့ စိတ္သက္သာရာ ရစရာေပမဲ့ သူက အခ်ိန္ျဖဳန္းေနတာပဲ ျဖစ္လိမ့္မယ္။
[ဘယ္သူက မင္းသားဇာတ္ေဆာင္လဲ။ အဓိက မင္းစသမီးအတြက္ကလြဲရင္ ဘယ္သူမွ မေဖာက္နိုင္တဲ့ သံမဏိတံတိုင္းေတြ ကာရံထားတဲ့သူမလား။ အဲ့လိုလူက ရက္နည္းနည္းေလာက္နဲ႔ ငါ့ကို ႀကိဳက္မတဲ့လား?]
[ဒါက လုံးဝမျဖစ္နိုင္တဲ့ကိစၥပဲ] မယ္ဒီရာ သုံးသပ္လိုက္သည္။ [ဒါမွမဟုတ္ ငါ့ခႏၶာကိုယ္ကို ႀကိဳက္လို႔လား]
သူေဒါသထြက္တုန္းက သူမ သူ႔ကို နမ္းလိုက္ေတာ့ စိတ္ဆိုးေျပသြားမွန္း သတိထားမိသည္။
[ငါ လုခ္နဲ႔ ေတြ႕ရမွ ျဖစ္မယ္၊ ေနာက္ၿပီး စီရီရာ့အိမ္ေတာ္ကို ေရာက္ဖို႔ ရက္ဘယ္ေလာက္ၾကာမလဲ စုံစမ္းရမယ္]
အခုေခတ္မွာက ကားေတြ၊ ရထားလမ္းေတြ မရွိေတာ့ အခ်ိန္ၾကာမည္ပင္။
စီရီရာ့ အစ္ကို အသတ္ခံရ မခံရ ေသခ်ာ မသိတာမို႔ မယ္ဒီရာ ႐ုတ္တရက္ စိတ္ေလာလာမိသည္။
"ဆိုေလာနယ္အေၾကာင္းႏွံ့ႏွံ့စပ္စပ္ သိတဲ့ သူကို ရွာခိုင္းထားတာက ဘယ္လိုလဲ? နန္းတြင္းထဲ အလုပ္လုပ္တဲ့ အပ်ိဳေတာ္ေတြရဲ့ ေမြးရပ္ေျမက အဲ့နယ္ကလာတာ ရွိလား?"
"တစ္ေယာက္ေတာ့ ေတြ႕ထားပါတယ္။ အခစား ဝင္ခိုင္းလိုက္ရမလား?"
အျပင္က လူေခၚသြင္းဖို႔ကို တားျမစ္ထားေပမဲ့ နန္းတြင္းထဲ အလုပ္လုပ္တဲ့သူနဲ႔ ေတြ႕ခြင့္ေတာ့ ရွိဟန္တူသည္။ မယ္ဒီရာ စိတ္ေက်နပ္သြားၿပီး အေစခံကို သူမဆီ ေခၚလာဖို႔ အမိန့္ေပးလိုက္သည္။
မယ္ဒီရာ ပန္းခ်ီဆြဲခန္းထဲ ေစာင့္ေနခ်ိန္မွာ အညိဳေရာင္ဆံပင္နဲ႔ မွည့္ေျခာက္အနည္းငယ္ရွိတဲ့ အေစခံ ဝင္လာသည္။ သူမနာမည္က ဗစ္တိုးရီးယားျဖစ္ၿပီး နာမည္ေျပာင္မွာ ဗစ္ကီျဖစ္သည္။ သူမက နယ္စားမ်ိဳးရိုးမွ ဆင္းသက္လာသည္။
****