zawgyi
၄လခန္႔ၾကာၿပီးေသာ္...
"အူ၀ဲ...!!!"
ခ်စ္စရာေကာင္းတဲ့ သမီးေလးေအာ္ငိုသံေၾကာင့္ ေခမဟာ
ေရခ်ိဳးခန္းထဲတြင္ အႏွီးေလ်ွာ္ေနရင္း အေျပးထြက္လာခဲ့သည္။
အႏွီးထုပ္ထဲမွ သမီးေလးက လက္ကားယားေျခကားယားျဖစ္ေနေလၿပီ။ေအာက္ကအႏွီးျဖဴေလးကစိုရႊဲေနၿပီမို႔ ေခမဟာ ျပံဳးရင္း
ေကာက္ခ်ီလိုက္သည္။
"အာ..ေဖေဖ့သမီးက ႐ွဴ႐ွဴးေတြေပါက္ခ်ထားတာဘဲ!"
"အူ၀ဲ..!အူ၀ဲ...!"
"ခဏေလးေနာ္ ေဖေဖႀကီးလဲေပးမယ္"
ျခင္းေတာင္းႀကီးထဲမွ ေလ်ွာ္ဖြတ္ၿပီးေခါက္ထားတဲ့အႏွီးျဖဴျဖဴအား
ဆြဲယူလိုက္သည္။
"အူ၀ဲ...!"
"ဟုတ္ပါၿပီကြာ..ေဖေဖႀကီးလဲေပးေနတယ္ေနာ္ မငိုရဘူး!"
သမီးကိုေျပာရင္း အႏွီးေလးအား လဲေပးရင္းျဖင့္ ေခမဟာအလုပ္႐ႈပ္ေနေလသည္။႐ႈမ၀က ေအာက္ထပ္ကိုထမင္းစားသြားသည္မို႔ ေခမဟာလည္းသမီးအားေခ်ာ့သိပ္ရသည္။
"ၿပီးပါၿပီ..မင္းသမီးေလးရယ္..."
သမီးေလးအား ေပြ႔ခ်ီကာ အခန္းထဲဟိုေလ်ွာက္ဒီေလ်ွာက္လုပ္ေန
လိုက္သည္။သီခ်င္းေလး တညီးညီးျဖင့္ ေခ်ာ့ေနေတာ့ သမီးေလး
က မ်က္လံုးေလးေမွးစင္းလာျပန္သည္။
"႐ႈမၿငီးတဲ့ေဖေဖ့ခ်စ္သမီးေလးေရ...မအိပ္နဲ႔ဦးေနာ္..ႏို႔စို႔ရဦးမွာေလ
ၿပီးမွအိပ္ေနာ္"
သမီးေလးက၁လျပည့္႐ွိၿပီမို႔ မ်က္ႏွာေလးက ေသခ်ာၾကည့္လို႔ရေနၿပီ။႐ႈမ၀နဲ႔လည္း သိပ္တူသည္။မ်က္လံုးေလးေတြႏႈတ္ခမ္းေလး
ေတြကအစ အကုန္႐ႈမ၀နဲ႔တူသည္။ဒါေၾကာင့္လွေနတာျဖစ္မည္။
"အူ၀ဲ...!"
"သမီးေလးက ႏို႔ဆာေနၿပီလား?ေမေမႀကီး လာေတာ့မွာပါ
ခဏေလးေနဦး"
"အူ၀ဲ..!"
"အာ..ေအးပါကြာ..ေဖေဖႀကီးေခၚေပးပါ့မယ္..ေနာ္"
ေခမဟာ သမီးေလးအား အိပ္ယာေပၚအသာတင္လိုက္ကာ
ဖုန္းအားေကာက္ယူလိုက္သည္။
"ဟဲလို..."
"ဟဲလို ေဒၚႀကီး..႐ႈမ၀ကိုအေပၚလႊတ္လိုက္ပါဦး..ကေလးႏို႔ဆာ
ေနၿပီထင္တယ္"
"ေအးေအးသား"
ေခမဟာဖုန္းခ်ၿပီး သမီးေလးကိုျပန္ေကာက္ခ်ီလိုက္သည္။
"ေမေမလာေနၿပီ...ကြၽတ္..ကြၽတ္..!"
ခဏေနေတာ့ ႐ႈမ၀က အခန္းထဲ၀င္လာသည္။
"ေမာင္..."
"႐ႈမ၀ရယ္..ထမင္းစားတာၾကာလိုက္တာကြာ..ေမာင္ကေတာထြက္
သြားၿပီမွတ္တာ.."
"ေမာင္ကလည္း ထမင္းကိုေအးေဆးမစားရဘူး ေပးေပး"
ေခမဟာလည္း သမီးေလးအား ႐ႈမ၀လက္ထဲထည့္ေပးလိုက္သည္။
"ေမာင္အႏွီးေလ်ွာ္လို႔မၿပီးေသးဘူး ႐ႈမ၀ႏို႔တိုက္ၿပီး
ခဏေလးခ်ီထားဦးေနာ္"
"ေမာင္ျမန္ျမန္လုပ္ေနာ္..႐ႈမ၀သိပ္ရင္ သမီးကမအိပ္ခ်င္ဘူး
ေမာင္ေခ်ာ့သိပ္မွအိပ္တာ.."
"ဟုတ္ပါၿပီကြာ..."
ေခမဟာေရခ်ိဳးခန္းထဲ၀င္ၿပီး သမီးေလးရဲ႕အက်ႌေပါက္စေလးေတြ
နဲ႔အီးေပေနတဲ့အႏွီးေတြအားေသခ်ာေလ်ွာ္ဖြတ္သည္။ေဒၚႀကီးကလုပ္ေပးမယ္ေျပာေပမယ့္လည္း
သူကိုယ္တိုင္လုပ္ခ်င္ေသာေၾကာင့္ မခိုင္းေပ။႐ႈမ၀ကိုေပးထားတဲ့
ကတိထက္ပိုကာ သမီးေလးကိုေသခ်ာျပဳစုေစာင့္ေ႐ွာက္သည္။
သမီးေလးရဲ႕အႏွီးေတြေလ်ွာ္၊ညအခ်ိန္ သမီးေလးငိုရင္ထခ်ီၿပီး
ႏို႔ဘူးတိုက္၊ေန႔လည္းသူဘဲထိန္းရပါသည္။ေရခ်ိဳးေပး၊ေပါင္ဒါ
လိမ္းေပး၊ခါးခါးလူးေပး အားလံုးအေမတစ္ေယာက္လို ေသခ်ာ
လုပ္ေပးသည္။႐ႈမ၀က အိပ္ေပ်ာ္သြားရင္ ႏိုွးတာမႀကိဳက္သည္မို႔ သမီးေလးရဲ႕အစစအရာအရာသူသာလုပ္ရသည္။သို႔ေပမယ့္လည္း ျပံဳးျပံဳးေလးပင္ မေမာႏိုင္မပန္းႏိုင္ဘဲ သမီးေလးအတြက္လုပ္ေပးရသည္မွာ ပီတိကမၻာျဖာေနမိသည္။သမီးေလးကိုျမင္ေနရတာေတာင္ ၾကည့္မ၀ခ်စ္မ၀ႀကီးျဖစ္ေနရသည္။
ဒါသူလိုခ်င္တဲ့မိသားစုကမၻာေလး။
"ေမာင္ေရ..."
"ၿပီးၿပီ..႐ႈမ၀.."
အႏွီးေတြအား ၀ရံတာမွာ ထုတ္လွန္းရင္း ႐ႈမ၀လက္ထဲမွ
သမီးေလးအားျပန္ခ်ီလိုက္သည္။ႏို႔၀သြားလို႔ထင္တယ္။
သမီးေလးႏႈတ္ခမ္းေလးေတြက ဟစိဟစိျဖစ္ေနေလသည္။
လ်ွာေလးကလည္းျပဴတစ္ျပဴတစ္ထြက္ေနသည္။
"႐ႈမ၀ တစ္ေရးအိပ္ဦးမွာမလား အိပ္ေလ"
"ဟိုဘက္အခန္းဘဲသြားအိပ္ေတာ့မယ္ေမာင္"
"ဘာလို႔လဲ ႐ႈမ၀ရဲ႕"
"ေနာက္ေန႔ ေမာင္တို႔သားအဖဘဲ သပ္သပ္အိပ္ေတာ့
သမီးေလးႏိုးရင္ အရမ္းငိုတာေမာင္ရဲ႕..အဲ့ခါၾက႐ႈမ၀ျပန္အိပ္ရင္
မေပ်ာ္ေတာ့ျပန္ဘူး"
"ကေလးဘဲ႐ႈမ၀ရယ္.."
"ကဲ..ေတာ္ၿပီ..႐ႈမ၀သြားအိပ္ေတာ့မယ္.."
႐ႈမ၀က ေခါင္းအံုးတစ္လံုးဆြဲယူကာ ထြက္သြားေလသည္။
ေခမဟာ သက္ျပင္းခ်လိုက္ကာ သမီးေလးအား ခ်ီကာ
အခန္းထဲပတ္သြားေနလိုက္သည္။
"ဟူး..႐ႈမ၀ရယ္..မင္းဘယ္ေတာ့မ်ားမွ ကိုယ္ေမ်ွာ္လင့္ထားသလို
ျဖစ္လာမွာလဲ?"
လက္ထဲမွသမီးေလးအားျပန္ၾကည့္မိျပန္ေတာ့ ရင္ေလးလာရျပန္သည္။
"သမီးေလးသိတတ္တဲ့အရြယ္ေရာက္လာရင္ေတာ့
ေသခ်ာေလးဂ႐ုစိုက္ၿပီး မိခင္ေကာင္းပီသေပးပါကြာ..
တာ၀န္ေက်ေပးပါ"
ေခမဟာသီခ်င္းတညီးညီးျဖင့္ ေခ်ာ့သိပ္ေလေတာ့ သမီးေလးက
ျပန္အိပ္ေပ်ာ္သြားေလသည္။
ေခမဟာ သမီးေလးအား အိပ္ယာေပၚအသာခ်ကာ သိပ္လိုက္သည္
ၿပီးေနာက္ စားပြဲေပၚမွ ဖုန္းအားယူကာ မင္းထင္အားဖုန္းဆက္လိုက္သည္။
"ဟဲလို.."
"ဟဲလိုboss"
"ေအး..ကုမၸဏီမွာ အေျခအေနဘယ္လိုလဲ?"
"အားလံုးအဆင္ေျပပါတယ္boss"
"ေအးကြာ..ငါလည္းမင္း႐ွိလို႔ဘဲ..ေနာက္မဆိုဘယ္နားက
အသက္ထြက္ရမွန္းေတာင္သိမွာမဟုတ္ဘူး"
"bossကရာထူးတက္သြားၿပီဘဲ..ကုမၸဏီကိုေတာ့စိတ္ခ်ပါ
ကြၽန္ေတာ့္အားလံုးအဆင္ေျပေအာင္လုပ္ထားပါတယ္"
"ေအးပါကြာ..ေက်းဇူးဘဲ"
ဖုန္းခ်ၿပီးေနာက္ သမီးေလးေဘးနား တစ္ေစာင္း၀င္လွဲလိုက္သည္။
လက္ရဲရဲေျခရဲရဲေလးေတြအားၾကည့္ကာ ၾကည္ႏူးရျပန္သည္။
ဒီလိုနဲ႔ သူလည္းပင္ပန္းေသာေၾကာင့္ အိပ္ေပ်ာ္သြားေလသည္။
.................................................
ေနာက္ရက္ေတြၾကေတာ့ အန္ကယ္နဲ႔အန္တီတို႔က အိမ္ကို
အလည္လာၾကသည္။
"ၾကည့္ပါဦးေဖႀကီးရယ္..ေျမးမေလးကခ်စ္ဖို႔မေကာင္းဘူးလား?"
ေဒၚခ်ိဳသင္း ေျမးျဖစ္သူအားေပြ႔ခ်ီၿပီး ဆိုေလသည္။
"ေကာင္းပါ့ဗ်ာ..အဖိုးနဲ႔တူလို္႔ေနမွာ.."
"အမေလး..ဘယ္ကသာ အဖိုးနဲ႔တူရမွာလဲ အဖြားနဲ႔တူလို႔ဒီ
ေလာက္ေခ်ာေနတာ"
လင္မယားႏွစ္ေယာက္ အၿပိဳင္အဆိုင္အခ်စ္ပိုေနၾကေတာ့
ေခမဟာတို႔လင္မယားႏွစ္ေယာက္လည္း ဘာမွမဆိုဘဲျပံဳး၍သာ
ၾကည့္ေနမိေတာ့သည္။
"အူ၀ဲ...အူ၀ဲ...!!"
သမီးက ငိုေလေတာ့ ေခမဟာ ေယာကၡမလက္ထဲမွ အျမန္ေျပးယူကာခ်ီလိုက္သည္။သူခ်ီလိုက္ေတာ့ သမီးေလးကခ်က္ခ်င္း
အငိုတိတ္သြားေလသည္။
"ေျမးေလးက ႏို႔ဆာလို႔လား?"
"မဟုတ္ဘူး အေမေရ..အေမ့ေျမးက အဲ့လိုဘဲဂ်ီက်ေနၾက
သူ႔အေဖမွေခ်ာ့မသိပ္ရင္မအိပ္ဘူး"
႐ႈမ၀က ၀င္ေျပာေတာ့ ေဒၚခ်ိဳသင္းလည္း သေဘာတက်ရယ္လိုက္ကာ ေျမးျဖစ္သူေခါင္းေလးအား အသာပြတ္ၿပီး...
"အေဖခ်စ္သမီးေလးေပါ့..ေျမးေလးက.."
"အေဖခ်စ္တာလည္း မေျပာနဲ႔ေလ..အျမဲတမ္း ကြၽန္ေတာ္ဘဲ
ထိန္းရတာဆိုေတာ့..."
ေခမဟာေျပာေတာ့ အန္တီနဲ႔အန္ကယ္က သူ႔အားၾကည့္ကာ...
"သမီးက မထိန္းဘူးလား?"
"ေမာင္ေနာ္ မခြၽန္နဲ႔"
႐ႈမ၀ရဲ႕မေက်မနပ္သံေၾကာင့္ ေခမဟာရယ္လိုက္သည္။
"မခြၽန္ပါဘူး ႐ႈမ၀ရယ္..ေမာင္ကစေနတာပါ"
"သမီးကလည္း မိခင္ဘဲျဖစ္ေနၿပီ..ၿပီးေတာ့သမီးမိန္းကေလးဆိုတာ
အရာရာဖခင္လုပ္ေပးလို႔ေကာင္းတာမဟုတ္ဘူး..မိခင္ကေသခ်ာ
ဂ႐ုစိုက္ရမယ္ေလ.."
ေဒၚခ်ိဳသင္းေျပာေတာ့ သမီးျဖစ္သူက ႏႈတ္ခမ္းဆူသြားေလသည္။
ဟင္း..ဒီေကာင္မေလးအေၾကာင္း မသိတာမွမဟုတ္ဘဲ။
"ဒါဆို ေမာင္ေခမဟာ အလုပ္ေတြဘာေတြပ်က္မွာေပါ့"
အန္ကယ္ကေမးေတာ့ ေခမဟာ ေခါင္းခါလိုက္ကာ...
"မပ်က္ပါဘူး အန္ကယ္..နားလိုက္တာပါ..."
"ဘယ္လို.."
"အဆင္ေျပပါတယ္ အန္ကယ္..ဟိုမွာလည္း ကြၽန္ေတာ့္တပည့္႐ွိေနတာဘဲ သူကစိတ္ခ်ရပါတယ္"
ထိုအခါ အန္ကယ္ကသက္ျပင္းခ်သည္။
"သမီးက အိမ္ေထာင္႐ွင္မေလ..အဲ့ေတာ့ ကိုယ့္တာ၀န္ကိုယ္ေက်ရ
မွာေပါ့.."
"အဲ့ကိစၥေမာင္နဲ႔သမီးညႇိႏိႈင္းၿပီးသားပါ ဒယ္ဒီ ၿပီးေတာ့ ေမာင္လည္း
ေက်နပ္ေနတာဘဲ"
"ဟင္းး..."
သူတို႔စိတ္ေတြေလးလံသြားေပမယ့္ ေမာင္ေခမဟာကေတာ့
ျပံဳးျပံဳးႀကီးပင္။
သမီးအတြက္ ေယာက်ာၤးေကာင္းတစ္ေယာက္႐ွိလို႔၀မ္းသာေပ
မယ့္လည္း ကိုယ့္သမီးက အရမ္းကေလးဆန္ေနေတာ့ခက္သည္။
စိတ္မပ်က္ဘဲ သမီးအလိုကိုလိုက္ေနေမာင္ေခမဟာကိုၾကည့္ၿပီးေတာ့လည္း ခ်ီးက်ဴးမိပါသည္။
"ေျသာ္..ဒါနဲ႔ ေမာင္ေလးနဲ႔စကားေျပာျဖစ္ေသးလား မာမီ"
"မေျပာျဖစ္ပါဘူး သမီးရယ္.."
"သူလည္း ကေလးအေဖျဖစ္ေနၿပီ
ဆိုေတာ့ အလုပ္ေတြသိမ္းက်ံဳးလုပ္ေနလို႔ေနမွာေပါ့
သက္ထားက ဘာေလးေမြးတာလဲ မသိဘူးေနာ္ မာမီ"
"မာမီလည္း မသိေတာ့ပါဘူးကြယ္..ဖုန္းဆက္ေတာ့လည္း
သူတို႔အားမွန္းမသိ မအားမွန္းမသိဆိုေတာ့..သူတို႔ေခၚတာကိုဘဲ
ေစာင့္ေနရောေပါ့"
"မာမီ ေမာင္ေလးကို စိတ္ဆိုးေျပၿပီလား?"
ထိုအခါ မာမီက အသာေလးႁပံဳးကာဆိုသည္။
"သူက သိပ္လိမ္မာတယ္..မာမီစိတ္ဆိုးရက္ပါ့မလားကြယ္"
သားအမိခ်င္းေျပာေနၾကသည့္စကားကို ေခမဟာနားစြင့္ေနမိသည္။
အင္း..ကိုယ့္ဘ၀နဲ ့ကိုယ္ျဖစ္သြားၾကၿပီဘဲ။ေမာ္ကြန္းသစ္ေတာင္
ကေလးအေဖျဖစ္ေနၿပီ။အားလံုးကိုအဆက္အသြယ္ျဖတ္ၿပီး ဟိုမွာ
ူကေလးနဲ႔မိန္းမနဲ႔ဲ႔ေပ်ာ္ေနေလာက္ေရာေပ့ါ။
.................................................
At Korea,seoul
"အိုက္ဂူးးး..ခ်စ္ဖို႔ေကာင္းလိုက္တာ!"
အဖိုးအဖြားေတြ အလည္၌ လက္ကားယားေျခကားယားေလးျဖင့္
ျပံဳးရႊင္ေနတဲ့ ကေလးေလးတစ္ေယာက္။ခ်စ္ဖို႔ေကာင္းလြန္းၿပီး
အျမဲျပံဳးရႊင္ေနတတ္ေသာေၾကာင့္ ရပ္ကြက္ထဲမွ လူႀကီးလူငယ္ေတြ
အားလံုးခ်စ္ၾကသည္။
ေမာ္ကြန္း သားသားအက်ႌေတြအားေခါက္ကာ
ျပံဳးျပံဳးေလးျကည့္ေနမိသည္။
အဖြားေဆာင္းရီက မ်က္လံုးမျမင္ေသာေၾကာင့္ ေဘးတြင္ထိုင္ၿပီး
လက္ညိဳးေလးေပးထားသည္။သားသားက ထိုလက္ညိဳးကို
ျမဲျမံစြာ ဆုပ္ကိုင္ကာရယ္ေနေလသည္။
"သားသားကို အဖြားေဆာင္းရီျမင္ေစခ်င္လိုက္တာ"
ေမာ္ကြန္းေျပာေတာ့ လျပည့္ကရယ္ကာ
"ငါတို႔ထက္အရင္ အဖြားေဆာင္းရီက ျမင္ဖူးၿပီးသားျဖစ္ခ်င္ျဖစ္ေနမွာ"
အင္း..ေျပာလို႔ေတာ့မရဘူး။အဖြားေဆာင္းရီက အၾကားအျမင္ဆရာမဆိုေတာ့။အားလံုးမဟုတ္ေတာင္ သိေနမွာ။
"နာမည္ေပးၿပီၿပီလား ေမာ္ကြန္း"
"မေပးရေသးဘူး"
"၃လေတာင္႐ွိၿပီ အခုထိမေပးရေသးဘူးလား?"
"အင္း..မစဥ္းစားတတ္ေသးလို႔"
"ဒါဆိုအဖြားေဆာင္းရီကိုမွည့္ခိုင္းရင္ေကာင္းမလား?
ျမန္မာလိုက ငါတို႔ေတြအတူစဥ္းစားၾကမယ္ေလ"
ေမာ္ကြန္းေခါင္းဆတ္ဆတ္ၿငိမ့္ျပေတာ့ လျပည့္ အဖြားေဆာင္းရီ
အနားတိုးကပ္သြားသည္။
"အဖြား..သားသားအတြက္ နာမည္ေလးေပး ေပးပါဦး"
ထိုအခါ အဖိုးအဖြားမ်ားက သူတို႔ေပးခ်င္တဲ့နာမည္မ်ားပြတ္ေလာ႐ိုက္ေအာင္ေပးေတာ့သည္။
"ဂြၽန္ေဆာလို႔ေပး"
"ဟာ..မေကာင္းဘူး..မင္ဟို.."
တစ္ေယာက္တစ္ေပါက္ေျပာေနၾကေတာ့ ေမာ္ကြန္း ေခါင္းရမ္းကာ
ရယ္လိုက္မိသည္။
ကိုးရီးယားကားထဲက မင္းသားေတြနာမည္ေတြ ေလ်ွာက္ေပးေနၾကသည္။
"Nabi"
အဖြားေဆာင္းရီက ဆို၏။
"သူ႔ကို မေမြးခင္တစ္ရက္အလိုကတည္းကငါအဲ့အိပ္မက္ကိုမက္ေနခဲ့တာ အဲ့ဒါေၾကာင့္ Nabiလို႔ေပး.."
"ဟုတ္..ေက်းဇူးတင္ပါတယ္..အဖြားေဆာင္းရီ.."
"Nabiဆိုတာ ဘာအဓိပၸါယ္လဲ လျပည့္"
ေမာ္ကြန္းက သိလိုစြာေမးေတာ့
"Nabiဆိုတာ ကိုးရီးယားလို လိပ္ျပာ လို႔ေခၚတယ္ ေမာ္ကြန္းရဲ႕"
"လိပ္ျပာ.."
လိပ္ျပာတဲ့ သိပ္ခ်စ္ဖို႔ေကာင္းတဲ့နာမည္ေလးဘဲ။
လိပ္ျပာဆိုတာ အရမ္းလွပၿပီးခ်စ္ဖို႔ေကာင္းတယ္။
လွပတဲ့ပန္းေလးေတြဆီက ၀တ္မႈန္ေလးေတြကိုစားသံုးတယ္။
ခ်ိဳၿမိန္ျခင္းအျပည့္၊ခ်စ္ျခင္းေတြအျပည့္နဲ႔ တန္ဖိုး႐ွိတဲ့နာမည္ေလး။
အားလံုးရဲ႕အခ်စ္ခံေလး ပါးပါးသားေလး nabi.။
"ဟယ္..ေမာ္ကြန္း နင္ငိုေနတာလား?"
ေမာ္ကြန္း မ်က္ရည္က်လို႔က်မွန္းေတာင္ မသိေတာ့ေပ။
အလ်င္အျမန္သုတ္လိုက္ၿပီး ျပံဳးလိုက္သည္။
"၀မ္းသာလို႔ပါ..နင္ေျပာသလိုဘဲ အားလံုးက သားေလး၀ိုင္းခ်စ္ေပးျကေတာ့ေပ်ာ္မိလို႔ပါ"
လျပည့္က သူ႔ပုခံုးကိုပုတ္ကာ အားေပးသည္။
သားေလးေမြးေတာ့ ခြဲခန္းထဲမွာ မ်က္ရည္တစ္ခါက်ခဲ့ေသးသည္။သားေလးငိုသံၾကားရေတာ့ ေမ့ေျမာေနတာေတာင္ ခ်က္ခ်င္းထထိုင္မိမတတ္ဘဲ။ခြဲခန္းထဲမွာ အသက္လုထားသမ်ွသားသားက်န္းက်န္းမာမာနဲ႔ေမြးဖြားလာခဲ့လို႔ေက်းဇူးတင္ပါတယ္ သားရယ္။
အားလံုးရဲ႕ဂ႐ုစိုက္မွေၾကာင့္ ေမာ္ကြန္းလည္းက်န္းမာ
လာသလို သားေလးလည္း က်န္းမာမွျဖစ္မည္။
သားအတြက္ အေဖေရာအေမေရာ ပါးပါးဘဲ။
အရာအားလံုးထက္ ပါပါးကပိုခ်စ္မယ္။
သားကလည္း ပါပါးကိုဘဲခ်စ္ရမယ္ေနာ္။
ဘာလို႔လဲဆို ပါပါးမွာ သားတစ္ေယာက္တည္း ႐ွိလို႔ပါ။
unicode
၄လခန့်ကြာပြီးသော်...
"အူဝဲ...!!!"
ချစ်စရာကောင်းတဲ့ သမီးလေးအော်ငိုသံကြောင့် ခေမဟာ
ရေချိုးခန်းထဲတွင် အနှီးလျှော်နေရင်း အပြေးထွက်လာခဲ့သည်။
အနှီးထုပ်ထဲမှ သမီးလေးက လက်ကားယားခြေကားယားဖြစ်နေလေပြီ။အောက်ကအနှီးဖြူလေးကစိုရွှဲနေပြီမို့ ခေမဟာ ပြုံးရင်း
ကောက်ချီလိုက်သည်။
"အာ..ဖေဖေ့သမီးက ရှူရှူးတွေပေါက်ချထားတာဘဲ!"
"အူဝဲ..!အူဝဲ...!"
"ခဏလေးနော် ဖေဖေကြီးလဲပေးမယ်"
ခြင်းတောင်းကြီးထဲမှ လျှော်ဖွတ်ပြီးခေါက်ထားတဲ့အနှီးဖြူဖြူအား
ဆွဲယူလိုက်သည်။
"အူဝဲ...!"
"ဟုတ်ပါပြီကွာ..ဖေဖေကြီးလဲပေးနေတယ်နော် မငိုရဘူး!"
သမီးကိုပြောရင်း အနှီးလေးအား လဲပေးရင်းဖြင့် ခေမဟာအလုပ်ရှုပ်နေလေသည်။ရှုမဝက အောက်ထပ်ကိုထမင်းစားသွားသည်မို့ ခေမဟာလည်းသမီးအားချော့သိပ်ရသည်။
"ပြီးပါပြီ..မင်းသမီးလေးရယ်..."
သမီးလေးအား ပွေ့ချီကာ အခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်နေ
လိုက်သည်။သီချင်းလေး တညီးညီးဖြင့် ချော့နေတော့ သမီးလေး
က မျက်လုံးလေးမှေးစင်းလာပြန်သည်။
"ရှုမငြီးတဲ့ဖေဖေ့ချစ်သမီးလေးရေ...မအိပ်နဲ့ဦးနော်..နို့စို့ရဦးမှာလေ
ပြီးမှအိပ်နော်"
သမီးလေးက၁လပြည့်ရှိပြီမို့ မျက်နှာလေးက သေချာကြည့်လို့ရနေပြီ။ရှုမဝနဲ့လည်း သိပ်တူသည်။မျက်လုံးလေးတွေနှုတ်ခမ်းလေး
တွေကအစ အကုန်ရှုမဝနဲ့တူသည်။ဒါကြောင့်လှနေတာဖြစ်မည်။
"အူဝဲ...!"
"သမီးလေးက နို့ဆာနေပြီလား?မေမေကြီး လာတော့မှာပါ
ခဏလေးနေဦး"
"အူဝဲ..!"
"အာ..အေးပါကွာ..ဖေဖေကြီးခေါ်ပေးပါ့မယ်..နော်"
ခေမဟာ သမီးလေးအား အိပ်ယာပေါ်အသာတင်လိုက်ကာ
ဖုန်းအားကောက်ယူလိုက်သည်။
"ဟဲလို..."
"ဟဲလို ဒေါ်ကြီး..ရှုမဝကိုအပေါ်လွှတ်လိုက်ပါဦး..ကလေးနို့ဆာ
နေပြီထင်တယ်"
"အေးအေးသား"
ခေမဟာဖုန်းချပြီး သမီးလေးကိုပြန်ကောက်ချီလိုက်သည်။
"မေမေလာနေပြီ...ကျွတ်..ကျွတ်..!"
ခဏနေတော့ ရှုမဝက အခန်းထဲဝင်လာသည်။
"မောင်..."
"ရှုမဝရယ်..ထမင်းစားတာကြာလိုက်တာကွာ..မောင်ကတောထွက်
သွားပြီမှတ်တာ.."
"မောင်ကလည်း ထမင်းကိုအေးဆေးမစားရဘူး ပေးပေး"
ခေမဟာလည်း သမီးလေးအား ရှုမဝလက်ထဲထည့်ပေးလိုက်သည်။
"မောင်အနှီးလျှော်လို့မပြီးသေးဘူး ရှုမဝနို့တိုက်ပြီး
ခဏလေးချီထားဦးနော်"
"မောင်မြန်မြန်လုပ်နော်..ရှုမဝသိပ်ရင် သမီးကမအိပ်ချင်ဘူး
မောင်ချော့သိပ်မှအိပ်တာ.."
"ဟုတ်ပါပြီကွာ..."
ခေမဟာရေချိုးခန်းထဲဝင်ပြီး သမီးလေးရဲ့အင်္ကျီပေါက်စလေးတွေ
နဲ့အီးပေနေတဲ့အနှီးတွေအားသေချာလျှော်ဖွတ်သည်။ဒေါ်ကြီးကလုပ်ပေးမယ်ပြောပေမယ့်လည်း
သူကိုယ်တိုင်လုပ်ချင်သောကြောင့် မခိုင်းပေ။ရှုမဝကိုပေးထားတဲ့
ကတိထက်ပိုကာ သမီးလေးကိုသေချာပြုစုစောင့်ရှောက်သည်။
သမီးလေးရဲ့အနှီးတွေလျှော်၊ညအချိန် သမီးလေးငိုရင်ထချီပြီး
နို့ဘူးတိုက်၊နေ့လည်းသူဘဲထိန်းရပါသည်။ရေချိုးပေး၊ပေါင်ဒါ
လိမ်းပေး၊ခါးခါးလူးပေး အားလုံးအမေတစ်ယောက်လို သေချာ
လုပ်ပေးသည်။ရှုမဝက အိပ်ပျော်သွားရင် နှိုးတာမကြိုက်သည်မို့ သမီးလေးရဲ့အစစအရာအရာသူသာလုပ်ရသည်။သို့ပေမယ့်လည်း ပြုံးပြုံးလေးပင် မမောနိုင်မပန်းနိုင်ဘဲ သမီးလေးအတွက်လုပ်ပေးရသည်မှာ ပီတိကမ္ဘာဖြာနေမိသည်။သမီးလေးကိုမြင်နေရတာတောင် ကြည့်မဝချစ်မ၀ကြီးဖြစ်နေရသည်။
ဒါသူလိုချင်တဲ့မိသားစုကမ္ဘာလေး။
"မောင်ရေ..."
"ပြီးပြီ..ရှုမ၀.."
အနှီးတွေအား ဝရံတာမှာ ထုတ်လှန်းရင်း ရှုမဝလက်ထဲမှ
သမီးလေးအားပြန်ချီလိုက်သည်။နို့ဝသွားလို့ထင်တယ်။
သမီးလေးနှုတ်ခမ်းလေးတွေက ဟစိဟစိဖြစ်နေလေသည်။
လျှာလေးကလည်းပြူတစ်ပြူတစ်ထွက်နေသည်။
"ရှုမ၀ တစ်ရေးအိပ်ဦးမှာမလား အိပ်လေ"
"ဟိုဘက်အခန်းဘဲသွားအိပ်တော့မယ်မောင်"
"ဘာလို့လဲ ရှုမဝရဲ့"
"နောက်နေ့ မောင်တို့သားအဖဘဲ သပ်သပ်အိပ်တော့
သမီးလေးနိုးရင် အရမ်းငိုတာမောင်ရဲ့..အဲ့ခါကြရှုမ၀ပြန်အိပ်ရင်
မပျော်တော့ပြန်ဘူး"
"ကလေးဘဲရှုမဝရယ်.."
"ကဲ..တော်ပြီ..ရှုမဝသွားအိပ်တော့မယ်.."
ရှုမဝက ခေါင်းအုံးတစ်လုံးဆွဲယူကာ ထွက်သွားလေသည်။
ခေမဟာ သက်ပြင်းချလိုက်ကာ သမီးလေးအား ချီကာ
အခန်းထဲပတ်သွားနေလိုက်သည်။
"ဟူး..ရှုမဝရယ်..မင်းဘယ်တော့များမှ ကိုယ်မျှော်လင့်ထားသလို
ဖြစ်လာမှာလဲ?"
လက်ထဲမှသမီးလေးအားပြန်ကြည့်မိပြန်တော့ ရင်လေးလာရပြန်သည်။
"သမီးလေးသိတတ်တဲ့အရွယ်ရောက်လာရင်တော့
သေချာလေးဂရုစိုက်ပြီး မိခင်ကောင်းပီသပေးပါကွာ..
တာဝန်ကျေပေးပါ"
ခေမဟာသီချင်းတညီးညီးဖြင့် ချော့သိပ်လေတော့ သမီးလေးက
ပြန်အိပ်ပျော်သွားလေသည်။
ခေမဟာ သမီးလေးအား အိပ်ယာပေါ်အသာချကာ သိပ်လိုက်သည်
ပြီးနောက် စားပွဲပေါ်မှ ဖုန်းအားယူကာ မင်းထင်အားဖုန်းဆက်လိုက်သည်။
"ဟဲလို.."
"ဟဲလိုboss"
"အေး..ကုမ္ပဏီမှာ အခြေအနေဘယ်လိုလဲ?"
"အားလုံးအဆင်ပြေပါတယ်boss"
"အေးကွာ..ငါလည်းမင်းရှိလို့ဘဲ..နောက်မဆိုဘယ်နားက
အသက်ထွက်ရမှန်းတောင်သိမှာမဟုတ်ဘူး"
"bossကရာထူးတက်သွားပြီဘဲ..ကုမ္ပဏီကိုတော့စိတ်ချပါ
ကျွန်တော့်အားလုံးအဆင်ပြေအောင်လုပ်ထားပါတယ်"
"အေးပါကွာ..ကျေးဇူးဘဲ"
ဖုန်းချပြီးနောက် သမီးလေးဘေးနား တစ်စောင်းဝင်လှဲလိုက်သည်။
လက်ရဲရဲခြေရဲရဲလေးတွေအားကြည့်ကာ ကြည်နူးရပြန်သည်။
ဒီလိုနဲ့ သူလည်းပင်ပန်းသောကြောင့် အိပ်ပျော်သွားလေသည်။
.................................................
နောက်ရက်တွေကြတော့ အန်ကယ်နဲ့အန်တီတို့က အိမ်ကို
အလည်လာကြသည်။
"ကြည့်ပါဦးဖေကြီးရယ်..မြေးမလေးကချစ်ဖို့မကောင်းဘူးလား?"
ဒေါ်ချိုသင်း မြေးဖြစ်သူအားပွေ့ချီပြီး ဆိုလေသည်။
"ကောင်းပါ့ဗျာ..အဖိုးနဲ့တူလ်ို့နေမှာ.."
"အမလေး..ဘယ်ကသာ အဖိုးနဲ့တူရမှာလဲ အဖွားနဲ့တူလို့ဒီ
လောက်ချောနေတာ"
လင်မယားနှစ်ယောက် အပြိုင်အဆိုင်အချစ်ပိုနေကြတော့
ခေမဟာတို့လင်မယားနှစ်ယောက်လည်း ဘာမှမဆိုဘဲပြုံး၍သာ
ကြည့်နေမိတော့သည်။
"အူဝဲ...အူဝဲ...!!"
သမီးက ငိုလေတော့ ခေမဟာ ယောက္ခမလက်ထဲမှ အမြန်ပြေးယူကာချီလိုက်သည်။သူချီလိုက်တော့ သမီးလေးကချက်ချင်း
အငိုတိတ်သွားလေသည်။
"မြေးလေးက နို့ဆာလို့လား?"
"မဟုတ်ဘူး အမေရေ..အမေ့မြေးက အဲ့လိုဘဲဂျီကျနေကြ
သူ့အဖေမှချော့မသိပ်ရင်မအိပ်ဘူး"
ရှုမဝက ဝင်ပြောတော့ ဒေါ်ချိုသင်းလည်း သဘောတကျရယ်လိုက်ကာ မြေးဖြစ်သူခေါင်းလေးအား အသာပွတ်ပြီး...
"အဖေချစ်သမီးလေးပေါ့..မြေးလေးက.."
"အဖေချစ်တာလည်း မပြောနဲ့လေ..အမြဲတမ်း ကျွန်တော်ဘဲ
ထိန်းရတာဆိုတော့..."
ခေမဟာပြောတော့ အန်တီနဲ့အန်ကယ်က သူ့အားကြည့်ကာ...
"သမီးက မထိန်းဘူးလား?"
"မောင်နော် မချွန်နဲ့"
ရှုမဝရဲ့မကျေမနပ်သံကြောင့် ခေမဟာရယ်လိုက်သည်။
"မချွန်ပါဘူး ရှုမဝရယ်..မောင်ကစနေတာပါ"
"သမီးကလည်း မိခင်ဘဲဖြစ်နေပြီ..ပြီးတော့သမီးမိန်းကလေးဆိုတာ
အရာရာဖခင်လုပ်ပေးလို့ကောင်းတာမဟုတ်ဘူး..မိခင်ကသေချာ
ဂရုစိုက်ရမယ်လေ.."
ဒေါ်ချိုသင်းပြောတော့ သမီးဖြစ်သူက နှုတ်ခမ်းဆူသွားလေသည်။
ဟင်း..ဒီကောင်မလေးအကြောင်း မသိတာမှမဟုတ်ဘဲ။
"ဒါဆို မောင်ခေမဟာ အလုပ်တွေဘာတွေပျက်မှာပေါ့"
အန်ကယ်ကမေးတော့ ခေမဟာ ခေါင်းခါလိုက်ကာ...
"မပျက်ပါဘူး အန်ကယ်..နားလိုက်တာပါ..."
"ဘယ်လို.."
"အဆင်ပြေပါတယ် အန်ကယ်..ဟိုမှာလည်း ကျွန်တော့်တပည့်ရှိနေတာဘဲ သူကစိတ်ချရပါတယ်"
ထိုအခါ အန်ကယ်ကသက်ပြင်းချသည်။
"သမီးက အိမ်ထောင်ရှင်မလေ..အဲ့တော့ ကိုယ့်တာဝန်ကိုယ်ကျေရ
မှာပေါ့.."
"အဲ့ကိစ္စမောင်နဲ့သမီးညှိနှိုင်းပြီးသားပါ ဒယ်ဒီ ပြီးတော့ မောင်လည်း
ကျေနပ်နေတာဘဲ"
"ဟင်း..."
သူတို့စိတ်တွေလေးလံသွားပေမယ့် မောင်ခေမဟာကတော့
ပြုံးပြုံးကြီးပင်။
သမီးအတွက် ယောကျာင်္းကောင်းတစ်ယောက်ရှိလို့ဝမ်းသာပေ
မယ့်လည်း ကိုယ့်သမီးက အရမ်းကလေးဆန်နေတော့ခက်သည်။
စိတ်မပျက်ဘဲ သမီးအလိုကိုလိုက်နေမောင်ခေမဟာကိုကြည့်ပြီးတော့လည်း ချီးကျူးမိပါသည်။
"သြော်..ဒါနဲ့ မောင်လေးနဲ့စကားပြောဖြစ်သေးလား မာမီ"
"မပြောဖြစ်ပါဘူး သမီးရယ်.."
"သူလည်း ကလေးအဖေဖြစ်နေပြီ
ဆိုတော့ အလုပ်တွေသိမ်းကျုံးလုပ်နေလို့နေမှာပေါ့
သက်ထားက ဘာလေးမွေးတာလဲ မသိဘူးနော် မာမီ"
"မာမီလည်း မသိတော့ပါဘူးကွယ်..ဖုန်းဆက်တော့လည်း
သူတို့အားမှန်းမသိ မအားမှန်းမသိဆိုတော့..သူတို့ခေါ်တာကိုဘဲ
စောင့်နေရောပေါ့"
"မာမီ မောင်လေးကို စိတ်ဆိုးပြေပြီလား?"
ထိုအခါ မာမီက အသာလေးပြုံးကာဆိုသည်။
"သူက သိပ်လိမ်မာတယ်..မာမီစိတ်ဆိုးရက်ပါ့မလားကွယ်"
သားအမိချင်းပြောနေကြသည့်စကားကို ခေမဟာနားစွင့်နေမိသည်။
အင်း..ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်သွားကြပြီဘဲ။မော်ကွန်းသစ်တောင်
ကလေးအဖေဖြစ်နေပြီ။အားလုံးကိုအဆက်အသွယ်ဖြတ်ပြီး ဟိုမှာ
ူကလေးနဲ့မိန်းမနဲဲ့့ပျော်နေလောက်ရောပေါ့။
.................................................
At Korea,seoul
"အိုက်ဂူး..ချစ်ဖို့ကောင်းလိုက်တာ!"
အဖိုးအဖွားတွေ အလည်၌ လက်ကားယားခြေကားယားလေးဖြင့်
ပြုံးရွှင်နေတဲ့ ကလေးလေးတစ်ယောက်။ချစ်ဖို့ကောင်းလွန်းပြီး
အမြဲပြုံးရွှင်နေတတ်သောကြောင့် ရပ်ကွက်ထဲမှ လူကြီးလူငယ်တွေ
အားလုံးချစ်ကြသည်။
မော်ကွန်း သားသားအင်္ကျီတွေအားခေါက်ကာ
ပြုံးပြုံးလေးကြည့်နေမိသည်။
အဖွားဆောင်းရီက မျက်လုံးမမြင်သောကြောင့် ဘေးတွင်ထိုင်ပြီး
လက်ညိုးလေးပေးထားသည်။သားသားက ထိုလက်ညိုးကို
မြဲမြံစွာ ဆုပ်ကိုင်ကာရယ်နေလေသည်။
"သားသားကို အဖွားဆောင်းရီမြင်စေချင်လိုက်တာ"
မော်ကွန်းပြောတော့ လပြည့်ကရယ်ကာ
"ငါတို့ထက်အရင် အဖွားဆောင်းရီက မြင်ဖူးပြီးသားဖြစ်ချင်ဖြစ်နေမှာ"
အင်း..ပြောလို့တော့မရဘူး။အဖွားဆောင်းရီက အကြားအမြင်ဆရာမဆိုတော့။အားလုံးမဟုတ်တောင် သိနေမှာ။
"နာမည်ပေးပြီပြီလား မော်ကွန်း"
"မပေးရသေးဘူး"
"၃လတောင်ရှိပြီ အခုထိမပေးရသေးဘူးလား?"
"အင်း..မစဉ်းစားတတ်သေးလို့"
"ဒါဆိုအဖွားဆောင်းရီကိုမှည့်ခိုင်းရင်ကောင်းမလား?
မြန်မာလိုက ငါတို့တွေအတူစဉ်းစားကြမယ်လေ"
မော်ကွန်းခေါင်းဆတ်ဆတ်ငြိမ့်ပြတော့ လပြည့် အဖွားဆောင်းရီ
အနားတိုးကပ်သွားသည်။
"အဖွား..သားသားအတွက် နာမည်လေးပေး ပေးပါဦး"
ထိုအခါ အဖိုးအဖွားများက သူတို့ပေးချင်တဲ့နာမည်များပွတ်လောရိုက်အောင်ပေးတော့သည်။
"ဂျွန်ဆောလို့ပေး"
"ဟာ..မကောင်းဘူး..မင်ဟို.."
တစ်ယောက်တစ်ပေါက်ပြောနေကြတော့ မော်ကွန်း ခေါင်းရမ်းကာ
ရယ်လိုက်မိသည်။
ကိုးရီးယားကားထဲက မင်းသားတွေနာမည်တွေ လျှောက်ပေးနေကြသည်။
"Nabi"
အဖွားဆောင်းရီက ဆို၏။
"သူ့ကို မမွေးခင်တစ်ရက်အလိုကတည်းကငါအဲ့အိပ်မက်ကိုမက်နေခဲ့တာ အဲ့ဒါကြောင့် Nabiလို့ပေး.."
"ဟုတ်..ကျေးဇူးတင်ပါတယ်..အဖွားဆောင်းရီ.."
"Nabiဆိုတာ ဘာအဓိပ္ပါယ်လဲ လပြည့်"
မော်ကွန်းက သိလိုစွာမေးတော့
"Nabiဆိုတာ ကိုးရီးယားလို လိပ်ပြာ လို့ခေါ်တယ် မော်ကွန်းရဲ့"
"လိပ်ပြာ.."
လိပ်ပြာတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့နာမည်လေးဘဲ။
လိပ်ပြာဆိုတာ အရမ်းလှပပြီးချစ်ဖို့ကောင်းတယ်။
လှပတဲ့ပန်းလေးတွေဆီက ဝတ်မှုန်လေးတွေကိုစားသုံးတယ်။
ချိုမြိန်ခြင်းအပြည့်၊ချစ်ခြင်းတွေအပြည့်နဲ့ တန်ဖိုးရှိတဲ့နာမည်လေး။
အားလုံးရဲ့အချစ်ခံလေး ပါးပါးသားလေး Nabi.။
"ဟယ်..မော်ကွန်း နင်ငိုနေတာလား?"
မော်ကွန်း မျက်ရည်ကျလို့ကျမှန်းတောင် မသိတော့ပေ။
အလျင်အမြန်သုတ်လိုက်ပြီး ပြုံးလိုက်သည်။
"ဝမ်းသာလို့ပါ..နင်ပြောသလိုဘဲ အားလုံးက သားလေးဝိုင်းချစ်ပေးကြတော့ပျော်မိလို့ပါ"
လပြည့်က သူ့ပုခုံးကိုပုတ်ကာ အားပေးသည်။
သားလေးမွေးတော့ ခွဲခန်းထဲမှာ မျက်ရည်တစ်ခါကျခဲ့သေးသည်။သားလေးငိုသံကြားရတော့ မေ့မြောနေတာတောင် ချက်ချင်းထထိုင်မိမတတ်ဘဲ။ခွဲခန်းထဲမှာ အသက်လုထားသမျှသားသားကျန်းကျန်းမာမာနဲ့မွေးဖွားလာခဲ့လို့ကျေးဇူးတင်ပါတယ် သားရယ်။
အားလုံးရဲ့ဂရုစိုက်မှကြောင့် မော်ကွန်းလည်းကျန်းမာ
လာသလို သားလေးလည်း ကျန်းမာမှဖြစ်မည်။
သားအတွက် အဖေရောအမေရော ပါးပါးဘဲ။
အရာအားလုံးထက် ပါပါးကပိုချစ်မယ်။
သားကလည်း ပါပါးကိုဘဲချစ်ရမယ်နော်။
ဘာလို့လဲဆို ပါပါးမှာ သားတစ်ယောက်တည်း ရှိလို့ပါ။