Uni
ဆေးရုံကုတင်ပေါ်တွင်လှဲနေသောသူကိုကြည့်ရင်း Roshan ငိုနေမိသည်။ လက်ကောက်ဝတ် ဆီမှ ပတ်တီးဆီအကြည့်ရောက်မိပြန်သည်။
ထိုနောက် ထိုပတ်တီးပေါ်ကို အနမ်းဖွဖွပေးမိပြီး
"မင်းကွာ....ဘယ်လောက်တောင် ဒုက္ခခံနေလို့ ဒီအခြေအနေထိတောင်ရောက်လာရတာလဲ ဟမ်!" ဆိုကာ မျက်ရည်များ အတားအဆီးမရှိကျလာလေသည်။
ခေါင်းမာသောသူကြောင့် ခုတော့ သူကိုယ်တိုင်ခံရလေပြီ။ ခုရက်ပိုင်းထဲ သူ့ကိုအားမရခဲ့တာ သို့သော် သူက မိမိရှေ့တွင်ဝေဒနာခံစားရတာမပြသောကြောင့် အရမ်းကြီးမဆိုးဘူး၊ ပုံမှန်ဖြစ်စဥ်လို့ထင်ခဲ့တာ ခုတော့မှားပြီ....
ဦးနှောက်ကင်ဆာ.....
မယုံကြည်သောကြောင့် ကိုယ်တိုင် စစ်ဆေးခဲ့သော်လဲ တူညီသောအဖြေက ထွက်လာစမြဲ....
နောက်ဆုံးတော့ လက်မခံချင်သော်လဲ လက်ခံခဲ့ရလေသည်။
နောက်ကျနေပြီလားဆို ဟုတ်ပါတယ်......
နောက်ကျလုဆဲဆဲဖြစ်နေပြီး မှီဖို့ရန်လဲ မဖြစ်နိုင်တော့......
"မင်း ငါ့အနားကနေ တစ်ခုမဟုတ် တစ်ခုနဲ့ထွက်သွားဖို့ ကြံရွယ်နေတာပဲ....ငါ့မှာတော့ မင်းမျက်နှာသာကြည့်ပြီး ရှင်သန်နေရတာကွ....မင်းဘယ်သူ့ကိုပဲ ချစ်နေပါစေ မင်းပျော်ရွှင်နေရင်ပြီးရောဆိုတဲ့ စိတ်နဲ့ ငါနေနေတာ...ခုတော့ အဲ့လိုလေးတောင် ငါ့အတွက် အခွင့်အရေးမရှိဘူးလားကွာ"
Roshan တစ်ယောက်ထဲ ငိုကြွေးနေသည်ကို အခန်းအပြင်မှ ထူးစစ်သော် တို့လဲ ကြည့်ရင်း စိတ်မကောင်းကြ...
Death က အပြစ်ရှိသူဆိုသော်လဲ ဘေးနားက Roshan ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ကြရလေသည်.......
"ကိုလွန်း Roshan မှာ အပြစ်ရှိတယ်လို့ ယူဆထားကြတယ်"
"အမှန်ပြောရရင်တော့ ဟုတ်တယ်...သူက Death ရဲ့ မကောင်းမှုတွေကို သိပါလျက်နဲ့ ဖုံးကွယ်ပေးထားသူလေ....ကြံရာပါ ဆိုပြီးလဲ ယူဆလို့ရတယ်...."
နှစ်ယောက်သား လဲ ထိုမြင်ကွင်းကိုကြည့်ရင်း တစ်နေရာသို့.......
.
.
.
.
အုတ်ဂူတွေဖြင့် ဝန်းရံထားသောနေရာတစ်ခု.....
အုတ်ဂူတစ်ခုရှေ့တွင် ထူးစစ်သော် ထိုင်လိုက်ကာ...
"ကိုကြီး ချစ်ရတဲ့သူက ဒီအရပ်မှာဆိုတော့ ကျွန်တော် ဒီမှာပဲ မြှုပ်ပေးခဲ့တယ်နော်။ ကိုကြီးကို ကျွန်တော် မမှတ်မိခဲ့လို့လဲ ခွင့်လွှတ်ပေးပါနော်...."
Death အိမ်ရှိ အကူများရဲ့ ထွက်ဆိုချက်ကြောင့် ကိုကြီးက Death ကို ချစ်နေခဲ့တယ်ဆိုတာ သိခဲ့ရသည်။ အစက ဒီလိုလူကိုမှ ချစ်ရလေမလားဆိုပြီး စိတ်ဆိုးခဲ့ပင်မဲ့ သေချာတွေးကြည့်ရင် ကိုကြီးလဲ ထိုအချိန်တွေတုန်းက ချစ်ရသူအနားမှာရှိနေလို့ ပျော်နေမှန်း တွေးမိပြန်ရော.....
ကံကြမ္မာ ကိုပဲ အပြစ်ပုံရမလား...ညီအစ်ကိုနှစ်ယောက်ကတော့ ဒီဘဝမှာ မဆုံနိုင်တော့ဘူး.....
"စိတ်ချပါ ကျွန်တော် ထူးစစ်သော် ကို အသက်ထက်ဆုံးစောင့်ရှောက်ပါ့မယ်....ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့နော်...."
လွန်းထက်သာ ကိုကြည့်ရင်း မျက်ရည်တွေကြားထဲက ထူးစစ်သော် ပြုံးမိပြန်သည်။ တော်ပါသေးတယ် မိမိချစ်ရသူတစ်ဦးက မိမိဘေးတွင် ရှိနေသေးလို့...မဟုတ်ရင် မိမိလဲ ဒီအချိန်ဘယ်လိုတွေဖြစ်နေမလဲ မတွေးတတ်တော့.....
___________________
နွားနို့ခွက်ထဲ နို့ပေါင်မုန့်တွေကို နှစ်ကာ အကြိုက်စားနေသောသူ....
အချို့ကိုယ်ဝန်သည်တွေလို နို့ကညှီတယ်ဆိုကာ မငြင်းဆန်ဘဲ အားနေ နို့ပဲသောက်ချင်နေသောသူ....
နို့ခွက်ကိုလဲ ပေါင်ပေါ်တင်ကာ အားရပါးရစားနေရင်း ရှေ့က ရုပ်ရှင်ကလဲ အကြည့်မပျက်ခဲ့....
ဇေရဲမာန် ဝင်လာတာတောင် သိပုံမရသူလေး...
ဒီမြင်ကွင်းကိုကြည့်ရတာ ဇေရဲမာန် အဖို့ ရိုးသွားတယ်ကိုမရှိခဲ့....
"ဗိုက်ဗိုက်....ဘာတွေစား"
အနားကိုသွားကာမေးတော့ ပါးစပ်ထဲက ပေါင်မုန့်တောင် မြိုမချရသေးဘဲ ခွက်ကြီးကို အတင်းထိုးပေးတော့သည်။
ဒါကို မိမိအားကျွေးတယ်လို့ထင်လား No ပါ...
မိမိက ဆက်ပြီးခွံ့ကျွေးနေရသည်ပင်...
ရှေ့က ပေါင်မုန့်အိတ်ကိုကြည့်ရင်း...
"ဒါကုန်ရင်တော်တော့နော်...ခဏနေရင် နေ့လည်စာစားရမယ်လေ"
"ထမင်းမစားချင်ဘူး...."
"မစားလို့ဘယ်ရမလဲ....ဒီက ကလေးကြိုက်တဲ့ ပြောင်းဖူးလဲကြော်မယ်....ကြက်သားကို အာလူးနဲ့ နယ်ပြီး နှပ်ထားတာလဲပါမယ်လေ....အရည်သောက်က ကလေး စားချင်နေတဲ့ ရေညှိဟင်းချို"
"ဟင်...တကယ်..."
"တကယ်ပေါ့....ပြီးတော့ စတော်ဘယ်ရီ လဲ ပါလာတယ်"
"ကိုကိုဝယ်ခဲ့တယ်"
မျက်လုံးလေးတွေပါ တောက်ကာ မေးလာသူကြောင့် ဇေရဲမာန် အသည်းမယားပဲမနေနိုင်တော့....ခုရက်ပိုင်းထဲ စားလာတာကြောင့် ပါးလေးတွေပါ ဖောင်းကစ်လာလေသည်။
ထိုပါးလေးကို နစ်ဝင်တဲ့အထိနမ်းကာ
"ကလေးပဲစားချင်တယ်ဆို"
"ဟီး...အဲ့တာတွေကြောင့် ကိုကိုက ပိုချစ်ဖို့ကောင်းတာ အူးမွ.."
"ဟားးး ဟုတ်ပါပြီ အမောင်အချွဲလေးရေ...ခုတော့ ကိုယ်လက်သန့်စင်ရအောင်"
"ချီ"
လက်ကလေးနှစ်ဖက်ကိုဆန့်ပေးတော့ ဇေရဲမာန် လဲ အလိုက်သင့်ချီကာ အခန်းထဲခေါ်သွားတော့သည်။
အရင်လို အပေါ်ထပ်မှာ မထားတော့ဘဲ အခန်းကို အောင်ထပ်သို့သာ ရွှေ့ထားလိုက်လေသည်။
ဒီလိုလေးနဲ့ သူတို့ဘဝလေးထဲကို ကလေးလေးတစ်ယောက် ဝင်လာတော့သည်။
_________________
၂နှစ်ဆိုတဲ့အတိုင်းအတာတစ်ခုက လူတစ်ယောက်ကို ပြောင်းလဲစေဖို့ လုံလောက်ရဲ့လား.....
အပြစ်ရှိ အကျဥ်းသားတွေသာ တတ်ရသော ဆေးရုံတစ်ခု ထိုဆေးရုံထဲတွင် အပြစ်အမျိုးမျိုးကြောင့် ပေးဆပ်နေရသောသူတွေ ကျန်းမာရေးကြောင့် ဆေးရုံတတ်နေရလေသည်။
ထိုအထဲတွင် Death ဆိုသူကလဲ ပါနေသေးသည်။ ဦးနှောက်ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးကြောင့် ခုဆိုရင် အရာရာကို မသိ မစဥ်းစားတတ်တော့ဘဲ မှိုင်ထွေကာ ငေးနေတတ်သော သူတစ်ယောက် ဖြစ်နေလေပြီ....
ရောဂါဒဏ်ကြောင့် လူက ပိန်နေသော်လဲ မျက်နှာတွင်သာမက တစ်ကိုယ်လုံးကတော့ သန့်ပြန့်ကာ ကျော့ရှင်းနေလေသည်။
Wheelchair ပေါ်တွင်ထိုင်ကာ အပြင်ကိုငေးနေပြန်ရော....
သို့သော် သူ့မျက်နှာထက်တွင် ချောမောမှုတွေက ရော့မသွားခဲ့....
ရေဇလုံကိုကိုင်ကာ အခန်းထဲဝင်လာသူကတော့ Roshan ပင်...
နိုင်ငံတော်အား အသနားခံ ကာ ထောင်ကျနေသော တစ်လျှောက် Death အနားတွင်သာ ပြုစုပါရစေတဲ့...
အလိုတူအလိုပါ ဆိုကာ ထောင်ကျခဲ့သော်လဲ Roshan ကတော့ ပြုံးနေတုန်းပင်....,
လက်ထဲက အသီးပန်းကန်ပေါ်က ပန်းသီးစိပ်အား Roshan ယူကာ Death ပါးစပ်နားတေ့ပေးတော့ ပြန်ကြည့်လာသည်။
"စားလေ"
"...." ဆိုမှ ကိုက်ကာစားလေတော့သည်။
"ခုတလော ငြိမ်နေတယ်နော်...တစ်ခုခုဖြစ်လို့လား"
ခေါင်းခါပြသော Death ကိုကြည့်ရင်း Roshan ပြုံးလိုက်သည်။
"ဒါဆို တစ်ခုခုစားချင်တာရှိလား"
"...ကြက် ကာ လ သား"
တစ်လုံးချင်းစီ ဖြည်းဖြည်းလေးပြောနေပြန်သည်။
"အင်း ဖြစ်စေရမယ်" ဆိုကာ Roshan လဲ အရှေ့က လူခေါ်ဘဲလ်ကိုနှိပ်ကာ.........
.
.
.
အငွေ့ထကာ ပူနွေးနေသော ဟင်းတစ်ခွက်ကိုကိုင်ကာ ဝင်လာသော Roshan
"အစက ဒီအတိုင်းကျွေးမို့ဘဲ...ခုတော့ ထမင်းနဲ့က ပိုအဟာရပြည့်တယ် စားမယ်နော်"
ဆိုကာ ခွံ့ကျွေးဖို့ပြင်လိုက်ပင်မဲ့ ဇွန်းကိုယူသွားကာ အရင်စားနေသူကြောင့် Roshan ပြုံးမိသည်။ မိမိဘဝက ဒီလိုပဲကုန်ဆုံးရမယ်ဆိုရင်လဲ နေပါစေ ချစ်ရသူဘေးမှာ ပါရမီဖြည့် ပေးနေရရင်ကိုကျေနပ်တယ်။
စားသောက်ပြီးလို့ ကိုယ်လက်သန့်စင်ပေးရင်း လက်ကိုလာကိုင်သော Deathကြောင့်
"ဘာဖြစ်လို့လဲ"
"တောင်းပန်ပါတယ် ..... ပြီးတော့ ဒီလိုကြီးပဲမနေနဲ့ မင်းဘဝ အွန့်"
ပြောမဲ့စကားကိုကြိုသိသောကြောင့် Roshan Death နှုတ်ခမ်းကိုနမ်းကာ ပိတ်လိုက်လေသည်။
သိမ်မွေ့နူးညံ့သောအနမ်း များကို နှစ်ကိုယ်တူရှေ့ဆက်ကြမိပြန်ရော....
"မပြောနဲ့...မင်းဘေးနားမှာ ရှိနေရရင်ကို ငါ့ဘဝက ပြီးပြည့်စုံပြီ"
___________
12.10.22
Khine Lay
ခိုင်လေးရဲ့ကျန်းမာရေးကြောင့် စာမရေးနိုင်ဖြစ်နေတယ် အလုပ်တောင်ဆေးခွင့်တင်ရမလားပဲ..
ဒါဒါလေးတို့လဲ ဂရုစိုက်ကြနော်....
Zaw
ေဆး႐ုံကုတင္ေပၚတြင္လွဲေနေသာသူကိုၾကည့္ရင္း Roshan ငိုေနမိသည္။ လက္ေကာက္ဝတ္ ဆီမွ ပတ္တီးဆီအၾကည့္ေရာက္မိျပန္သည္။
ထိုေနာက္ ထိုပတ္တီးေပၚကို အနမ္းဖြဖြေပးမိၿပီး
"မင္းကြာ....ဘယ္ေလာက္ေတာင္ ဒုကၡခံေနလို႔ ဒီအေျခအေနထိေတာင္ေရာက္လာရတာလဲ ဟမ္!" ဆိုကာ မ်က္ရည္မ်ား အတားအဆီးမရွိက်လာေလသည္။
ေခါင္းမာေသာသူေၾကာင့္ ခုေတာ့ သူကိုယ္တိုင္ခံရေလၿပီ။ ခုရက္ပိုင္းထဲ သူ႕ကိုအားမရခဲ့တာ သို႔ေသာ္ သူက မိမိေရွ႕တြင္ေဝဒနာခံစားရတာမျပေသာေၾကာင့္ အရမ္းႀကီးမဆိုးဘူး၊ ပုံမွန္ျဖစ္စဥ္လို႔ထင္ခဲ့တာ ခုေတာ့မွားၿပီ....
ဦးႏွောက္ကင္ဆာ.....
မယုံၾကည္ေသာေၾကာင့္ ကိုယ္တိုင္ စစ္ေဆးခဲ့ေသာ္လဲ တူညီေသာအေျဖက ထြက္လာစၿမဲ....
ေနာက္ဆုံးေတာ့ လက္မခံခ်င္ေသာ္လဲ လက္ခံခဲ့ရေလသည္။
ေနာက္က်ေနၿပီလားဆို ဟုတ္ပါတယ္......
ေနာက္က်လဳဆဲဆဲျဖစ္ေနၿပီး မွီဖို႔ရန္လဲ မျဖစ္နိုင္ေတာ့......
"မင္း ငါ့အနားကေန တစ္ခုမဟုတ္ တစ္ခုနဲ႕ထြက္သြားဖို႔ ႀကံ႐ြယ္ေနတာပဲ....ငါ့မွာေတာ့ မင္းမ်က္ႏွာသာၾကည့္ၿပီး ရွင္သန္ေနရတာကြ....မင္းဘယ္သူ႕ကိုပဲ ခ်စ္ေနပါေစ မင္းေပ်ာ္႐ႊင္ေနရင္ၿပီးေရာဆိုတဲ့ စိတ္နဲ႕ ငါေနေနတာ...ခုေတာ့ အဲ့လိုေလးေတာင္ ငါ့အတြက္ အခြင့္အေရးမရွိဘူးလားကြာ"
Roshan တစ္ေယာက္ထဲ ငိုေႂကြးေနသည္ကို အခန္းအျပင္မွ ထူးစစ္ေသာ္ တို႔လဲ ၾကည့္ရင္း စိတ္မေကာင္းၾက...
Death က အျပစ္ရွိသူဆိုေသာ္လဲ ေဘးနားက Roshan ကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ၾကရေလသည္.......
"ကိုလြန္း Roshan မွာ အျပစ္ရွိတယ္လို႔ ယူဆထားၾကတယ္"
"အမွန္ေျပာရရင္ေတာ့ ဟုတ္တယ္...သူက Death ရဲ႕ မေကာင္းမႈေတြကို သိပါလ်က္နဲ႕ ဖုံးကြယ္ေပးထားသူေလ....ႀကံရာပါ ဆိုၿပီးလဲ ယူဆလို႔ရတယ္...."
ႏွစ္ေယာက္သား လဲ ထိုျမင္ကြင္းကိုၾကည့္ရင္း တစ္ေနရာသို႔.......
.
.
.
.
အုတ္ဂူေတြျဖင့္ ဝန္းရံထားေသာေနရာတစ္ခု.....
အုတ္ဂူတစ္ခုေရွ႕တြင္ ထူးစစ္ေသာ္ ထိုင္လိုက္ကာ...
"ကိုႀကီး ခ်စ္ရတဲ့သူက ဒီအရပ္မွာဆိုေတာ့ ကြၽန္ေတာ္ ဒီမွာပဲ ျမႇုပ္ေပးခဲ့တယ္ေနာ္။ ကိုႀကီးကို ကြၽန္ေတာ္ မမွတ္မိခဲ့လို႔လဲ ခြင့္လႊတ္ေပးပါေနာ္...."
Death အိမ္ရွိ အကူမ်ားရဲ႕ ထြက္ဆိုခ်က္ေၾကာင့္ ကိုႀကီးက Death ကို ခ်စ္ေနခဲ့တယ္ဆိုတာ သိခဲ့ရသည္။ အစက ဒီလိုလူကိုမွ ခ်စ္ရေလမလားဆိုၿပီး စိတ္ဆိုးခဲ့ပင္မဲ့ ေသခ်ာေတြးၾကည့္ရင္ ကိုႀကီးလဲ ထိုအခ်ိန္ေတြတုန္းက ခ်စ္ရသူအနားမွာရွိေနလို႔ ေပ်ာ္ေနမွန္း ေတြးမိျပန္ေရာ.....
ကံၾကမၼာ ကိုပဲ အျပစ္ပုံရမလား...ညီအစ္ကိုႏွစ္ေယာက္ကေတာ့ ဒီဘဝမွာ မဆုံနိုင္ေတာ့ဘူး.....
"စိတ္ခ်ပါ ကြၽန္ေတာ္ ထူးစစ္ေသာ္ ကို အသက္ထက္ဆုံးေစာင့္ေရွာက္ပါ့မယ္....ယုံယုံၾကည္ၾကည္နဲ႕ အပ္ခဲ့ေနာ္...."
လြန္းထက္သာ ကိုၾကည့္ရင္း မ်က္ရည္ေတြၾကားထဲက ထူးစစ္ေသာ္ ၿပဳံးမိျပန္သည္။ ေတာ္ပါေသးတယ္ မိမိခ်စ္ရသူတစ္ဦးက မိမိေဘးတြင္ ရွိေနေသးလို႔...မဟုတ္ရင္ မိမိလဲ ဒီအခ်ိန္ဘယ္လိုေတြျဖစ္ေနမလဲ မေတြးတတ္ေတာ့.....
___________________
ႏြားနို႔ခြက္ထဲ နို႔ေပါင္မုန့္ေတြကို ႏွစ္ကာ အႀကိဳက္စားေနေသာသူ....
အခ်ိဳ႕ကိုယ္ဝန္သည္ေတြလို နို႔ကညွီတယ္ဆိုကာ မျငင္းဆန္ဘဲ အားေန နို႔ပဲေသာက္ခ်င္ေနေသာသူ....
နို႔ခြက္ကိုလဲ ေပါင္ေပၚတင္ကာ အားရပါးရစားေနရင္း ေရွ႕က ႐ုပ္ရွင္ကလဲ အၾကည့္မပ်က္ခဲ့....
ေဇရဲမာန္ ဝင္လာတာေတာင္ သိပုံမရသူေလး...
ဒီျမင္ကြင္းကိုၾကည့္ရတာ ေဇရဲမာန္ အဖို႔ ရိုးသြားတယ္ကိုမရွိခဲ့....
"ဗိုက္ဗိုက္....ဘာေတြစား"
အနားကိုသြားကာေမးေတာ့ ပါးစပ္ထဲက ေပါင္မုန့္ေတာင္ ၿမိဳမခ်ရေသးဘဲ ခြက္ႀကီးကို အတင္းထိုးေပးေတာ့သည္။
ဒါကို မိမိအားေကြၽးတယ္လို႔ထင္လား No ပါ...
မိမိက ဆက္ၿပီးခြံ႕ေကြၽးေနရသည္ပင္...
ေရွ႕က ေပါင္မုန့္အိတ္ကိုၾကည့္ရင္း...
"ဒါကုန္ရင္ေတာ္ေတာ့ေနာ္...ခဏေနရင္ ေန႕လည္စာစားရမယ္ေလ"
"ထမင္းမစားခ်င္ဘူး...."
"မစားလို႔ဘယ္ရမလဲ....ဒီက ကေလးႀကိဳက္တဲ့ ေျပာင္းဖူးလဲေၾကာ္မယ္....ၾကက္သားကို အာလူးနဲ႕ နယ္ၿပီး ႏွပ္ထားတာလဲပါမယ္ေလ....အရည္ေသာက္က ကေလး စားခ်င္ေနတဲ့ ေရညွိဟင္းခ်ိဳ"
"ဟင္...တကယ္..."
"တကယ္ေပါ့....ၿပီးေတာ့ စေတာ္ဘယ္ရီ လဲ ပါလာတယ္"
"ကိုကိုဝယ္ခဲ့တယ္"
မ်က္လုံးေလးေတြပါ ေတာက္ကာ ေမးလာသူေၾကာင့္ ေဇရဲမာန္ အသည္းမယားပဲမေနနိုင္ေတာ့....ခုရက္ပိုင္းထဲ စားလာတာေၾကာင့္ ပါးေလးေတြပါ ေဖာင္းကစ္လာေလသည္။
ထိုပါးေလးကို နစ္ဝင္တဲ့အထိနမ္းကာ
"ကေလးပဲစားခ်င္တယ္ဆို"
"ဟီး...အဲ့တာေတြေၾကာင့္ ကိုကိုက ပိုခ်စ္ဖို႔ေကာင္းတာ အူးမြ.."
"ဟားးး ဟုတ္ပါၿပီ အေမာင္အခြၽဲေလးေရ...ခုေတာ့ ကိုယ္လက္သန့္စင္ရေအာင္"
"ခ်ီ"
လက္ကေလးႏွစ္ဖက္ကိုဆန့္ေပးေတာ့ ေဇရဲမာန္ လဲ အလိုက္သင့္ခ်ီကာ အခန္းထဲေခၚသြားေတာ့သည္။
အရင္လို အေပၚထပ္မွာ မထားေတာ့ဘဲ အခန္းကို ေအာင္ထပ္သို႔သာ ေ႐ႊ႕ထားလိုက္ေလသည္။
ဒီလိုေလးနဲ႕ သူတို႔ဘဝေလးထဲကို ကေလးေလးတစ္ေယာက္ ဝင္လာေတာ့သည္။
_________________
၂ႏွစ္ဆိုတဲ့အတိုင္းအတာတစ္ခုက လူတစ္ေယာက္ကို ေျပာင္းလဲေစဖို႔ လုံေလာက္ရဲ႕လား.....
အျပစ္ရွိ အက်ဥ္းသားေတြသာ တတ္ရေသာ ေဆး႐ုံတစ္ခု ထိုေဆး႐ုံထဲတြင္ အျပစ္အမ်ိဳးမ်ိဳးေၾကာင့္ ေပးဆပ္ေနရေသာသူေတြ က်န္းမာေရးေၾကာင့္ ေဆး႐ုံတတ္ေနရေလသည္။
ထိုအထဲတြင္ Death ဆိုသူကလဲ ပါေနေသးသည္။ ဦးႏွောက္ကင္ဆာဆိုတဲ့ေရာဂါဆိုးႀကီးေၾကာင့္ ခုဆိုရင္ အရာရာကို မသိ မစဥ္းစားတတ္ေတာ့ဘဲ မွိုင္ေထြကာ ေငးေနတတ္ေသာ သူတစ္ေယာက္ ျဖစ္ေနေလၿပီ....
ေရာဂါဒဏ္ေၾကာင့္ လူက ပိန္ေနေသာ္လဲ မ်က္ႏွာတြင္သာမက တစ္ကိုယ္လုံးကေတာ့ သန့္ျပန့္ကာ ေက်ာ့ရွင္းေနေလသည္။
Wheelchair ေပၚတြင္ထိုင္ကာ အျပင္ကိုေငးေနျပန္ေရာ....
သို႔ေသာ္ သူ႕မ်က္ႏွာထက္တြင္ ေခ်ာေမာမႈေတြက ေရာ့မသြားခဲ့....
ေရဇလုံကိုကိုင္ကာ အခန္းထဲဝင္လာသူကေတာ့ Roshan ပင္...
နိုင္ငံေတာ္အား အသနားခံ ကာ ေထာင္က်ေနေသာ တစ္ေလွ်ာက္ Death အနားတြင္သာ ျပဳစုပါရေစတဲ့...
အလိုတူအလိုပါ ဆိုကာ ေထာင္က်ခဲ့ေသာ္လဲ Roshan ကေတာ့ ၿပဳံးေနတုန္းပင္....,
လက္ထဲက အသီးပန္းကန္ေပၚက ပန္းသီးစိပ္အား Roshan ယူကာ Death ပါးစပ္နားေတ့ေပးေတာ့ ျပန္ၾကည့္လာသည္။
"စားေလ"
"...." ဆိုမွ ကိုက္ကာစားေလေတာ့သည္။
"ခုတေလာ ၿငိမ္ေနတယ္ေနာ္...တစ္ခုခုျဖစ္လို႔လား"
ေခါင္းခါျပေသာ Death ကိုၾကည့္ရင္း Roshan ၿပဳံးလိုက္သည္။
"ဒါဆို တစ္ခုခုစားခ်င္တာရွိလား"
"...ၾကက္ ကာ လ သား"
တစ္လုံးခ်င္းစီ ျဖည္းျဖည္းေလးေျပာေနျပန္သည္။
"အင္း ျဖစ္ေစရမယ္" ဆိုကာ Roshan လဲ အေရွ႕က လူေခၚဘဲလ္ကိုႏွိပ္ကာ.........
.
.
.
အေငြ႕ထကာ ပူႏြေးေနေသာ ဟင္းတစ္ခြက္ကိုကိုင္ကာ ဝင္လာေသာ Roshan
"အစက ဒီအတိုင္းေကြၽးမို႔ဘဲ...ခုေတာ့ ထမင္းနဲ႕က ပိုအဟာရျပည့္တယ္ စားမယ္ေနာ္"
ဆိုကာ ခြံ႕ေကြၽးဖို႔ျပင္လိုက္ပင္မဲ့ ဇြန္းကိုယူသြားကာ အရင္စားေနသူေၾကာင့္ Roshan ၿပဳံးမိသည္။ မိမိဘဝက ဒီလိုပဲကုန္ဆုံးရမယ္ဆိုရင္လဲ ေနပါေစ ခ်စ္ရသူေဘးမွာ ပါရမီျဖည့္ ေပးေနရရင္ကိုေက်နပ္တယ္။
စားေသာက္ၿပီးလို႔ ကိုယ္လက္သန့္စင္ေပးရင္း လက္ကိုလာကိုင္ေသာ Deathေၾကာင့္
"ဘာျဖစ္လို႔လဲ"
"ေတာင္းပန္ပါတယ္ ..... ၿပီးေတာ့ ဒီလိုႀကီးပဲမေနနဲ႕ မင္းဘဝ အြန့္"
ေျပာမဲ့စကားကိုႀကိဳသိေသာေၾကာင့္ Roshan Death ႏႈတ္ခမ္းကိုနမ္းကာ ပိတ္လိုက္ေလသည္။
သိမ္ေမြ႕ႏူးညံ့ေသာအနမ္း မ်ားကို ႏွစ္ကိုယ္တူေရွ႕ဆက္ၾကမိျပန္ေရာ....
"မေျပာနဲ႕...မင္းေဘးနားမွာ ရွိေနရရင္ကို ငါ့ဘဝက ၿပီးျပည့္စုံၿပီ"
___________
12.10.22
Khine Lay
ခိုင္ေလးရဲ႕က်န္းမာေရးေၾကာင့္ စာမေရးနိုင္ျဖစ္ေနတယ္ အလုပ္ေတာင္ေဆးခြင့္တင္ရမလားပဲ..
ဒါဒါေလးတို႔လဲ ဂ႐ုစိုက္ၾကေနာ္....