<Unicode>
"ကောင်းရောပဲ နင်မြူစွယ်ကောင်းလွန်းလို့အိမ်ပေါ်ကပါဆင်းရပီ!"
"မာမီရာ ညစ်နေရတဲ့ကြားတဲ့နားမပူစမ်းပါနဲ့!!"
"ဟဲ့ ငါပြောတာမှားလား တော်သေးတာပေါ့ ကိုကြီးရှိနေလို့ငါတို့နေစရာမပျောက်တာ ငါကမွေးထားပေလို့သာပဲငါ့နဲ့တစက်မှကိုမတူဘူး!"
"မာမီ့လူကြီးကရောသူ့မိန်းမကိုလွန်ဆန်ရဲလို့လား ခုတောင်သူ့အိမ်ကိုမခေါ်ပဲတိုက်ခန်းပဲငှါးပေးထားတာကို"
"အဲ့တာကြောင့်နင့်ကိုအားကိုးမိတာပေါ့ အလကားဘာမှသုံးစားမရဘူး မွေးထားတာဗိုက်နာတာပဲအဖတ်တင်တယ် တော်ပီ အခုကစပီးငါခိုင်းတဲ့အတိုင်းပဲလုပ်တော့ အားလုံးကိုငါစီမံမယ် စည်းစိမ်တေကငါတို့အပိုင်ပဲဖစ်ရမယ်"
"စည်းစိမ်တေရောကိုကိုကပါသမီးအပိုင်ဖြစ်စေရမယ် ဟက်!"
•°•°•°•°•°•°•°•°
"ဟို သတောင်းစားကြီးငါ့ကိုတစ်ရက်ပဲလာချော့ပီးဒီနေ့ပေါ်မလာသေးဘူး!"
စိမ့်စမ်းရေနဂိုအကျင့်အတိုင်းခြေထောက်ကိုမြေကြီးနဲ့ဆောင့်နေတော့သည်။
"ချာတိတ်~"
ရင်းနီးတဲ့ခေါ်သံကြောင့်ဝမ်းသာအားရနောက်လှည့်ကြည့်မိတေယ့စိမ့်စမ်းရေမျက်လုံးအပြူးသားဖြစ်သွားတော့သည်။
သက်ပိုင်မျက်နှာဟာမျက်ကွင်းဟောက်ပက်နဲ့နှုတ်ခမ်းတေဖြူဖျော့ပီးတစ်ကိုယ်လုံးသွေးမရှိတော့သယောင်နွမ်းဖတ်နေသည်။နှဖူးမှာလဲအဖျားပျောက်ပလာစတာကြီးကပ်ထားသေးသည်။
"ခ ခဗျားမနေ့ကအကောင်းကြီးပါ ဘယ်ကနေဘယ်လို..."
"အဟွတ် ကိုယ်လဲမသိဘူးချာတိတ်ရယ် ညကရေကိုနောက်ကျမှချိုးလိုက်မိပီးမနက်ကျတော့ခုလိုဖြစ်သွားတော့တာပါပဲ"
တညလုံးမအိပ်ပဲရေပန်းအောက် တမင်ငုတ်တုတ်ထိုင်နေတာဆိုပိုမှန်မယ်။
"ခဗျားရရဲ့လား ခဗျားကြည့်ရတာ လေတိုက်ရင်တောင်လဲတော့မလိုပဲ"
"အဟွတ် ဟွတ် ပြေပါတယ်ချာတိတ်ရယ် အခုချာတိတ်အတန်းချိန်ရှိသေးလားဟင်"
"မရှိတော့ဘူး ပီးပီ"
"အော် ဒါဆိုပြန်မှာမလား ပြန်လေ နောက်ကျနေပါ့မယ်"
"ခဗျားကရော"
"ကိုယ်ကအတန်းချိန်ရှိသေးပေမယ့် မတက်နိုင်တော့လို့ခွင်ယူပီးပြန်မလို့"
"အစကတည်းကနေမကောင်းတာကိုအိမ်မှာပဲနေပေါ့ ခဗျားရဲ့"
"ဟူးး အိမ်မှာနေရင်ပိုအထီးကျန်လို့ပေါ့ချာတိတ်ရယ် အိမ်မှာကိုယ့်ကိုပြုစုမယ့်သူလဲမရှိဘူး တစ်ယောက်ထဲနေနေရမဲ့အတူတူ ကျောင်းလာတော့ချာတိတ်မျက်နှာလေးကိုမြင်ရပီးရောဂါတစ်ဝက်သက်သာတာပေါ့"
ဒုတ် ဒုတ်
*ရှီး!!!ရင်တောင်ခုန်တယ် ဒီလူဘာလား!*
"အဟွတ် ခုလဲဘယ်သူမှမရှိတဲ့အိမ်ကိုပြန်ပီးကိုယ့်ဘာသာပဲပြုစုရအုံးမှာပေါ့လေ ဟူးး အားငယ်လိုက်တာ အဟွတ် အဟွတ်"
ချောင်းတဟွတ်ဟွတ်ဆိုးပြကာမျက်နှာငယ်လေးနဲ့သက်ပိုင်ကိုကြည့်ရင်းစိမ့်စမ်းရေသနားလာသည်။ဘယ်လောက်ပဲသန်မာတဲ့သူဖြစ်နေပါစေ နေမကောင်းတဲ့အချိန်မှာတော့အားငယ်ကြမှာပဲလေ။စိမ့်စမ်းရေသနားလဲသနားစိတ်လဲပူတာကြောင့်...
"ဟို ကျနော်ခဗျားကိုအဖော်လာလုပ်ပေးရမလား"
"ရပါတယ် ချာတိတ်ရယ် ကိုယ့်ထိုက်နဲ့ကိုယ့်ကံလွှတ်ထားလိုက်ပါကွာ ကိုယ့်ကိုမင်းလေးစိတ်ဆိုးနေသေးတယ်မလား အဟွတ် ကိုယ်အဆင်ပြေ အဟွတ် ပါတယ်"
"ဘယ်မှာပြေနေလိုလဲ ဒီလောက်ချောင်းဆိုးနေတာကို မရှည်နဲ့လာမယ်ဆို လာမယ်ပေါ့!စေတနာကိုမစော်ကားနဲ့!ခဗျားပြန်နှင့် ကျနော်အိမ်မှာအဝတ်စားပြန်ယူအုံးမယ် ခဗျားကိုညလာစောင့်အိပ်ပေးမယ်ကြားလား!"
"ကျေးဇူးပါချာတိတ်ရယ်"
"မလိုပါဘူး ကျနော်ကစိတ်ထားကောင်းတဲ့စွချောကြီးလေ ဟဲဟဲ"
>>>>>>>>
"ဒါကိုယ့်အိမ်ပဲ အထဲဝင်လေချာတိတ်"
ခြံဝန်းအကြီးကြီးထဲကနန်းတော်အလားကျယ်ဝန်းတဲ့တိုက်ခန်းကြီးကြောင့်စိမ့်စမ်းရေပါးစပ်အဟောင်းသား။
*ဇာတ်လိုက်ဖြစ်ရတာကောင်းလိုက်တာကွာ*
<Zawgyi>
•°•°•°•°•°•°•°•°
"ချာတိတ်~"
"မရှိတော့ဘူး ပီးပီ"
"ခဗျားကရော"
ဒုတ် ဒုတ်
"ကျေးဇူးပါချာတိတ်ရယ်"
>>>>>>>>