<Unicode>
"နော် မဟုတ်ရင်လေ ကျနော်မပြစ်မကင်းသလိုခံစားရလို့ပါ"
"ဟုတ်ပါပီဗျာ"
အကောင်ပေါက်လေးစိတ်တိုင်းကျအပေါ်အကျင်္ီကိုချွတ်ပေးလိုက်တော့အောက်ကT-shirtအပါးလေးတစ်ထည်သာကျန်တော့တာမို့တောင့်တင်းတဲ့ရင်အုပ်ကထင်းကနဲ..
*ဂလု!*
စိမ့်စမ်းရေလည်ချောင်းများခြောက်ကာရေဆာလာတာကြောင့်ဘေးကခွက်ကိုတကျိုက်ထဲမော့ပစ်လိုက်တော့..
"ဟဲ့!အဲ့တာငါ့အအေးခွက်ဟဲ့!"
"အော် နင်ကခုထိဒီနားမှာရှိနေသေးတာလား ငါဖြင့်သတိတောင်မထားမိဘူး"
"နင်!တောက်စ်!"
ရွှန်းလဲ့သည်းမခံနိုင်တော့တဲ့အဆုံးထိုနေရာမှထွက်လာတော့သည်။ဆက်နေလဲသူရှိမှန်းတောင်မသိပဲတစ်တစ်တူးနေမှာပဲလေ။
*ဟက် ငါလဲအဲ့ကောင်နည်းအတိုင်းချဉ်းကပ်ရမယ် ကိုကိုကငါ့အတွက်ပဲ!*
.......
နောက်တစ်နေ့..
စိမ့်စမ်းရေ သက်ပိုင်ရဲ့အကျင်္ီအားကိုင်ကာသက်ပိုင်နေတဲ့ဆောင်ရှေ့ကခုံတန်းလေးမှာထိုင်ကာစောင့်နေသည်။သက်ပိုင်ကဇာတ်လိုက်မသားအမိနဲ့တစ်အိမ်ထဲမနေချင်တာကြောင်ကျောင်းနဲ့နီးတဲ့အမျိုးသားအဆောင်မှာလာနေခြင်းသာ။
စိမ့်စမ်းရေထိုင်နေတဲ့ခုံကမြင့်တာကြောင့်မြေကြီးနဲ့မထိပဲလွတ်နေတဲ့ခြေထောက်လေးနှစ်ချောင်းကိုလွှဲယမ်းကာဆော့နေသည်။
အပြင်ကပြန်လာတဲ့သက်ပိုင်မှာအဆောင်ရှေ့ရောက်တော့ကလေးလေးတစ်ယောက်သဖွယ်ချစ်စရာကောင်းတဲ့အပြုမူလေးနဲ့စိမ့်စမ်းရေကြောင့်ပြုံးမိသွားသည်။ထို့နောက်တဆက်ထဲ ဖြတ်သွားဖြတ်လာလူတေကလဲထိုအကောင်ပေါက်လေးကိုချစ်စနိုးနဲ့ကြည့်နေပီး အပေါ်ထပ်အခန်းကကောင်တေဆိုဝရန်တာကနေပါရပ်ကြည့်နေကြသည်မို့ဒေါသကထောင်းကနဲ။
"ချာတိတ်!"
"ဟာ အကိုလာပီလား ကျနော်အကို့ကိုစောင့်နေတာ ရော့အကျင်္ီ"
"ချာတိတ် နောက်နေ့ကိုယ့်အဆောင်ကိုမလာနဲ့!"
"ဟမ်"
"အရေးကြီးကိစ္စမရှိပဲကိုယ့်အဆောင်ကို့မလာနဲ့လို့! မဟုတ်ဘူး ဘာကိစ္စရှိရှိဒီကိုမလာနဲ့!"
စိမ့်စမ်းရေမှာစေတနာနဲ့သူ့အကျင်္ီကိုတကူးတကလာပေးတဲ့သ့ူကိုခုကိုဆက်ဆံတာကြောင့်ဝမ်းနည်းစိတ်ကောဒေါသစိတ်ကောဖြစ်သွားပီး တစ်ဆက်ထဲအများရှေ့မှာအအော်ခံလိုက်ရတာကြောင့်ရှက်သွားတာမို့...
"ဘယ်သူကသိပ်လာချင်နေတယ်ထင်လို့လဲ!ဒီမှာခဗျားရဲ့အဖိုးမတန်တဲ့အကျင်္ီ!"
လက်ထဲကအကျင်္ီကိုသက်ပိုင်မျက်နှာတည့်တည့်ကိုပစ်ပေါက်ပေးလိုက်ပီး..
"စက်နဲ့လျှော်ရင်သေချာမပြောင်မှာဆိုးလို့ လက်အညောင်းခံပီးသေချာလျှော်ပေးထားတာ!ခဗျားတကူးတကလာစရာမလိုအောင် အပင်ပန်းခံပီးလာပေးတာ!စိတ်ချပါ ခဗျားမကြိုက်ရင်နောက်မလာဘူး!နောက်ဘယ်တော့မှကျနော့်ကိုမမြင်စေရဘူး!!"
စိတ်ကြိုက်အော်ရင်းငိုချင်လာတာကြောင့်ထိုနေရာမှပြေးထွက်လာတော့သည်။မျက်စိရှေ့ကအရိပ်လေးပြေးထွက်သွားတော့မှသက်ပိုင်သတိဝင်သွားပီးလိုက်ဖို့ပြင်ပေမယ့်သူလေးကTaxiပေါ်တက်ပီးမောင်းထွက်သွားပီ။
သက်ပိုင်သူလွန်သွားပီမှန်းနားလည်လိုက်ကာနောင်တလဲရသွားသည်။ချစ်စရာကောင်းတဲ့သူလေးရဲ့အပြုမူတေကိုအရသာခံထိုင်ကြည့်နေတဲ့အခြားကောင်တေကြောင့်ဒေါသထွက်သည်ကိုမဆိုင်တဲ့ကလေးငယ်အပေါ်ပုံချမိလိုက်တာဖြစ်သည်။သက်ပိုင်သူ့ခံစားချက်များကိုသူနားမလည်နိုင်တော့ပါ။စိတ်ရှုပ်ထွေးစွာဖြင့်ဆံပင်များကထိုးဖွပစ်ကာအဆောင်ထဲသို့ဝင်သွားတော့သည်။
တဖက်၌...
(အူးဝါးး!!!!!!)
(အားး hostရယ်တော်ပါတော့ဗျာ နားတေပင်းကုန်တော့မှာပဲ)
(ဗြဲ!!!!!!!)
(တိတ်ပါတော့hostရယ် လှတာလဲမဟုတ်ပဲငိုမနေစမ်းပါနဲ့)
(ငိုတာတောင်လှအောင်ငိုရအုံးမှာလား!ဟင့် မသာကြီး သတောင်းစားကြီး ငါ့လိုချောမောလှပတဲ့ရုပ်ရည်ရှိတဲ့သူကိုများလူကြားထဲအော်တယ် သေချင်းဆိုးကြီး ချီးပါတိုင်းချီးတစ်ပါစေ!!)
<Zawgyi>
"ဟုတ်ပါပီဗျာ"
အကောင်ပေါက်လေးစိတ်တိုင်းကျအပေါ်အကျီင်္ကိုချွတ်ပေးလိုက်တော့အောက်ကT-shirtအပါးလေးတစ်ထည်သာကျန်တော့တာမို့တောင့်တင်းတဲ့ရင်အုပ်ကထင်းကနဲ..
*ဂလု!*
"နင်!တောက်စ်!"
.......
နောက်တစ်နေ့..
"ချာတိတ်!"
"ဟာ အကိုလာပီလား ကျနော်အကို့ကိုစောင့်နေတာ ရော့အကျီင်္"
"ဟမ်"
စိမ့်စမ်းရေမှာစေတနာနဲ့သူ့အကျီင်္ကိုတကူးတကလာပေးတဲ့သူ့ကိုခုကိုဆက်ဆံတာကြောင့်ဝမ်းနည်းစိတ်ကောဒေါသစိတ်ကောဖြစ်သွားပီး တစ်ဆက်ထဲအများရှေ့မှာအအော်ခံလိုက်ရတာကြောင့်ရှက်သွားတာမို့...
"ဘယ်သူကသိပ်လာချင်နေတယ်ထင်လို့လဲ!ဒီမှာခဗျားရဲ့အဖိုးမတန်တဲ့အကျီင်္!"
လက်ထဲကအကျီင်္ကိုသက်ပိုင်မျက်နှာတည့်တည့်ကိုပစ်ပေါက်ပေးလိုက်ပီး..
တဖက်၌...
(အူးဝါးး!!!!!!)
(ဗြဲ!!!!!!!)