{Unicode}
နန်းတွင်းက စာပို့လုလင်? ဘုရင်မဆီက?
နယ်စားအိမ်တော်ကို ရောက်ရောက်ချင်း လုခ် သူ့နားသူ မယုံနိုင်အောင်ပင်။
ငါ့အမက ငါ့ကို အရင်ဆက်သွယ်လာတာ မယုံနိုင်စရာပဲ!! ဒါ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး!
အမတော် တခုခုများ ဖြစ်လို့လား? ဘာမှားနေလို့လဲ?
သူ့အဖေ နယ်စားမင်း ကရစ်ခ်မှာ သာယာနာပျော်ဖွယ် စိတ်ထား ရှိတဲ့သူမဟုတ်မှန်း လုခ်သိသည်။ အမှန်ဆို သူ့အဖေက ဒေါသထွက်လွယ်သူဖြစ်ပြီး ဘုရင်ဆီက ဆိုးရွားတဲ့ ဆက်ဆံခံရမှုကြောင့် မယ်ဒီရာကလဲ ထိုအကျင့် ကူးစက်လာခဲ့သည်။
သူမနဲ့ တွေ့ခွင့်ရဖို့ တင်သွင်းခဲ့တဲ့ သူ့စာလွှာတွေက များသောအားဖြင့် အဖြေမရှိပဲ ပြန်ပို့ခံရလေ့ရှိပြီး ပြန်စာလာခဲ့ရင်လဲ သူမ သိပ်အလုပ်ရှုပ်နေတယ်ဆိုတဲ့ အဖြေသာပင်။
နယ်စားမင်းနဲ့ နယ်စားကတော်က မယ်ဒီရာ့ကို ဘယ်လို ဆက်ဆံခဲ့မှန်း လုခ်မသိချေ။ သူ့ငယ်စဉ်ဘဝက တင်းကြပ်တဲ့ ပညာရေးကြောင့် အဝေးမှာသာ အချိန်ကုန်ခဲ့ရသည်။
သူသိတာက ဘုရင်အမိန့်ကို နာခံပြီး ဘုရင်မ မိသားစုဆိုတဲ့ ဂုဏ်ဒြပ်ကို သူ့အဖေနဲ့ ထိန်းသိမ်းဖို့သာပင်။
နယ်စားကတော်ဆီက အချစ်ခံရဖို့ မျှော်လင့်ခဲ့တဲ့ လုခ်က နယ်စားကတော်နဲ့ ရုပ်ချင်းဆင်တယ်လို့ နာမည်ကြီးတဲ့ မယ်ဒီရာနဲ့ တွေ့နိုင်ဖို့ အမြဲတောင့်တနေခဲ့တာပင်။
နောက်ဆုံးမှာတော့ မယ်ဒီရာနဲ့ တွေ့ဖို့ အခွင့်အရေးရှိလာပြီမို့ လုခ်ဝမ်းသာလုံးဆို့ကာ
"အမတော်က တွေ့ဖို့ အရင်စခေါ်တာဆိုတော့ ဘယ်နေ့ဖြစ်ဖြစ်ရတယ်! နိုး... အခုပဲ...!"
"သခင်"
နန်းတော်ဆီ ပြေးသွားဖို့ ပြင်နေတဲ့ လုခ်ကို အိမ်တော်ထိန်းက ဆွဲထားလိုက်သည်။
မယ်ဒီရာက အမတော်မဖြစ်ခင် တိုင်းပြည်ရဲ့ ဧကရီမဖြစ်သည်။ လုခ်က နယ်စားလေးဖြစ်ပြီး နယ်စားအိမ်တော်ရဲ့ အမွေ ဆက်ခံသူဖြစ်ရင်တောင် နန်းတော်က ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာမဟုတ်ပေ။ နန်းတွင်းက ဖိတ်ခေါ်စာပါပြီး ကြိုတင်ချိန်းထားမှသာ ဝင်ခွင့်ရနိုင်လေသည်။
"ဧကရီမှာ အလုပ်များနေမယ် ထင်တယ်။ သခင် ပျော်နေတာကို ကျွန်တော်မျိုး နားလည်ပေမဲ့ စာပို့လုလင်က အခုထိ စောင့်နေတာမို့ ပြန်စာရေးပြီး ပို့ရပါမယ် သခင်"
အိမ်တော်ထိန်း စကားကြားတော့ လုခ် ကြောင်သွားကာ ရှက်သွားသည်။
"အင်း ၊ ငါထင်တာ... ကောင်းပြီလေ။ ဘုရင်မဆိုမှတော့ ငါ့ထက်တော့ အလုပ်များမှာပေါ့။ ခဏစောင့်.."
လုခ် အနီးဆုံးရုံးခန်းထဲ ဝင်သွားလိုက်သည်။
အချွန်ဆုံးကလောင်တံကို ကောက်ကိုင်ကာ မှင်စွတ်ပြီးနောက် ပြန်စာကို သေသေသပ်သပ်ရေးတော့သည်။ ပြန်စာရေးပြီးတဲ့လုခ်က မှင်မပြန့်အောင် သေချာ ပိတ်ပြီးတဲ့နောက် ရုံးခန်းထဲက ပြန်ထွက်ကာ...
"ဒီစာကို ချက်ချင်းပို့.... ငါတို့ ဘုရင်မကို စောင့်ခိုင်းလို့ မဖြစ်ဘူး"
"မှန်ပါ့ သခင်လေး"
စာပို့သမားက လုခ်ဆီက ပြန်စာကို ယူပြီးနောက် မြင်းပေါ်တက်ကာ နယ်စားအိမ်တော်ဆီက ထွက်ခွါလာခဲ့သည်။
စာပို့လုလင်ထွက်သွားတာကို မျှော်ကြည့်ရင်း လုခ် စိတ်လှုပ်ရှားနေခဲ့သည်။
မယ်ဒီရာ ဘယ်တော့ ပြန်စာလာမလဲ သူမသိပေမဲ့ သူကတော့ မျှော်လင့်ချက်တို့နဲ့ စိတ်လှုပ်ရှားနေလေပြီ။
******
နေ့ရက်က လုံးဝမှောင်ကျသွားပြီး သူ့ရုံးခန်း တခုလုံး တိတ်ဆိတ်နေလေပြီ။
ထပ်ပြီး နှောင့်နှေးစရာမလိုတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လိုင်လ်ရုံးခန်းက ထွက်ကာ ဘုရင်မနန်းဆောင်ဆီ ဦးတည်လိုက်သည်။
သူနန်းဆောင်ထဲ အိပ်မဲ့ အကြောင်း ကြိုပြောထားတာမို့ အရာအားလုံး အဆင်ပြေချောမွေ့လိမ့်မယ်လို့ သူတွေးထားလေသည်။
သို့သော် သူရောက်လာတဲ့ အခါမှာတော့ နန်းဆောင်က ထင်ထားတာထက် ပိုဆူညံနေလေသည်။
"ဘာတွေ ဖြစ်နေတာလဲ?"
လိုင်လ် ပုံမှန်ချိန်တိုင်း ရောက်လာတာ မြင်တော့ အပျိုတော်တွေနဲ့ အစေခံတွေ ပို ပြာယာခတ်သွားသည်။
အပျိုတော်နဲ့ အစေခံတွေ ပြေးလွှား အလုပ်ရှုပ်နေတာက မထူးဆန်းပေမဲ့ အစောင့်တွေရဲ့ မျက်နှာကပါ ဖြူဖတ်ဖြူလျော်ဖြစ်နေလေသည်။
"ဘာဖြစ်နေတာလဲလို့ ကိုယ်တော်မေးနေတယ်"
လိုင်လ့်သူတို့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သူ့ကို ပြန်မဖြေပဲ တစ်ယောက်မျက်နှာသာ တစ်ယောက်ကြည့်နေတာမို့ စိတ်ရှုပ်လာသည်။
မိန်းမတစ်ယောက်က တုန်တုန်ယင်ယင်နဲ့ ရှေ့တက်လာသည်။ သူမက မယ်ဒီရာ့ရဲ့ အပျိုတော်ထိန်းပင်။
"အရှင်ဧကရီမ... ပျောက်သွားလို့"
သူမက မယ်ဒီရာက ဘုရင်မနန်းဆောင်ထဲ လှည့်လည်ကြည့်ရှုမယ်ဟု အတင်းအကြပ်ဆိုပြီးနောက် ပျောက်သွားလေသည်။
မယ်ဒီရာ ပျောက်သွားတယ်? ဒါက အဓိပ္ပါယ်ရော ရှိလို့လား?
မယ်ဒီရာက ဧကရီဘုရင်မတစ်ယောက်။ သူမရဲ့ မတော်တဆမှုဖြစ်လေ့ရှိတဲ့ အကျင့်ကြောင့် အပျိုတော်ဆယ်ယောက်ထက်မနည်း သူမကို ခစားလေ့ရှိသည်။ အခန်းထဲရှိနေရင်တောင် အတူရှိနေလေ့ရှိပြီး နန်းဆောင်ထဲက ထွက်ရင် ထို့ထက်ပိုတဲ့ အပျိုတော်တွေ လိုက်ပါလေ့ရှိသည်ပင်။ အမှန်တိုင်းဆိုရရင် အိပ်ခန်းဆောင်ထဲ ရှိနေချိန်သာ မယ်ဒီရာ တစ်ယောက်ထဲ ရှိလေ့ရှိပြီး များလှတဲ့ ငြင်းခုန်မှုအပြီးမှသာ အပျိုတော်တွေ အိပ်ခန်းဆောင်ထိ ခစားခွင့်မရခြင်းဖြစ်သည်။
[သူ(မ) ထပ်ထွက်ပြေးသွားတာလား?]
သူဒီအကြောင်းတွေးလိုက်တိုင်း သူ့နှလုံးသားတစ်ခုလုံး အေးခဲသွားသလိုပင်။
ငါ ညဘက်လာဖို့ ကတိပေးထားတာဆိုတော့ ငါ့ကို ရှောင်နေတာပဲ ဖြစ်ရမယ်။ မင်းအတိတ်မေ့ပြီးနောက်မှ ညဘက်အတူနေတာ ဒါ ပထမဆုံးမှ မဟုတ်တာ... ဘာလို့လဲ?
အခုမှ ငြိမ်သက်အောင် ကြိုးစားထားရတဲ့ သူ့နှလုံးသားကို ဆီပူလောင်းလိုက်သလိုပင်။
ကွာရှင်းခွင့်တောင်းပြီး ပြန်လက်ထပ်ခွင့်ပြုဖို့ တောင်းဆိုတဲ့ တရက်ထဲမှာပဲ သူမ ဒီလိုလုပ်တာကို သူ ယုံတောင် မယုံနိုင်ပေ။
လိုင်လ် ဒေါသူပုန်ထလေပြီ။ သူ့စိတ်ရှုပ်နေမှုက ပိုပြီး ဒေါသထွက်လာစေသည်။ သူ့နှလုံးသားတစ်ခုလုံး ဒေါသငွေ့တွေနဲ့ ဘာလို့ တောက်လောင်နေရမှန်း သူနားမလည်နိုင်ပေ။
"ဘုရင်မကို နောက်ဆုံး ဘယ်နေရာမှာ တွေ့ခဲ့တာလဲ?"
****
သူတို့က ဒီမှာတော့ လာမရှာလောက်ပါဘူး
မယ်ဒီရာ ဘယ်သူမှ မရိပ်မိအောင် သူမအိပ်ခန်းထဲ ခိုးဝင်လာခဲ့သည်။ လိုင်လ်နဲ့ အိပ်ဖို့ မစဉ်းစားထားတာမို့ အိပ်ရာဆီတော့ သူ မသွားပေ။
ထိုအစား သူမအိပ်ခန်းနဲ့ တဆက်ထဲ တွဲထားတဲ့ အဝတ်လဲခန်းထဲက အကြီးဆုံးဗီရိုထဲ ဝင်ပုန်းနေလိုက်သည်။ ဘယ်သူမှ ဒီမှာ လာရှာဖို့ တွေးမိမှာ မဟုတ်။ သူတို့က လူကြီးတစ်ယောက်ကို ရှာနေတာလေ၊ ကလေးကို ရှာနေတာမှမဟုတ်တာ။
သူမထင်ထားတာက လိုင်လ် ညဘက်လာလို့ သူမကို မတွေ့ပဲ ပြန်သွားရရင် ဒေါသထွက်မှာ အမှန်ပဲ။ သို့သော် သူက လိုင်လ်ပင်။ အဓိကဇာတ်ဆောင် လိုင်လ်က မယ်ဒီရာ့အပေါ် ဆိုးဆိုးရွားရွား ဘာမှ မလုပ်တာမို့ ထောင်တော့ ချမည်မဟုတ်။ ဘာလို့လဲဆိုရင် သူက ဒီဝတ္ထုရဲ့ အဓိကဇာတ်ဆောင်ပင်။
[ဒါနဲ့.... ဒီဗီရိုက အတော်ကြီးတဲ့ ဗီရိုပဲ]
ဒီဗီရိုက ကြီးလွန်းလို့ မယ်ဒီရာလို လူကြီးတစ်ယောက်က ခြေရော လက်ပါ ဆန့်တန်းထားတာတောင် ဗီရိုနံရံကို မမှီသေးပေ။
[အင်းလေ၊ အကျီတွေကလဲ အကြီးကြီးတွေဆိုတော့ ဒါမျိုး ဗီရို အကြီးကြီးတွေ လိုမှာပေါ့]
မယ်ဒီရာက ဗီရိုအောက်ခြေမှာ လှဲလိုက်ပြီး ချိတ်ထားတဲ့ အကျီပေါ်က ဇာတွေနဲ့ အဆင်တန်ဆာတွေကို ကြည့်နေလိုက်သည်။
ပုံမှန်အိမ်ဆိုရင်တော့ ဒီလို ဗီရိုအောက်ခြေတွေက ဖိနပ်ဘူးတို့၊ အိတ်တို့နဲ့ ပြည့်နေမှာပဲ...
အင်းလေ၊ ပုံမှန်အိမ်ဆိုရင်လဲ ဒါမျိုး ဗီရိုအကြီးကြီး ဘယ်ရှိပါ့မလဲ။
အကျီအနားစက ဇာကို ဆုပ်ဆွဲလိုက်၊ ပြန်လွှတ်လိုက်ဆော့ရင်း ပျင်းလွန်းလို့ သေချင်စော်နံချိန်မှာပဲ ကျယ်လောင်တဲ့ အသံကို ကြားလိုက်ရ၏။
[ဟင်?]
အဝတ်လဲခန်းတံခါးပွင့်သံကြားလိုက်ရပြီး ခြေသံခပ်ကျယ်ကျယ်တခုက သူမဆီ ဦးတည်နေတာ ကြားလိုက်ရသည်။
မယ်ဒီရာပုန်းနေတဲ့ ဗီရိုရှေ့မှာ ခြေသံက ရပ်သွားသည်။
******
{Zawgyi}
နန္းတြင္းက စာပို႔လုလင္? ဘုရင္မဆီက?
နယ္စားအိမ္ေတာ္ကို ေရာက္ေရာက္ခ်င္း လုခ္ သူ႔နားသူ မယုံနိုင္ေအာင္ပင္။
ငါ့အမက ငါ့ကို အရင္ဆက္သြယ္လာတာ မယုံနိုင္စရာပဲ!! ဒါ ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးဘူး!
အမေတာ္ တခုခုမ်ား ျဖစ္လို႔လား? ဘာမွားေနလို႔လဲ?
သူ႔အေဖ နယ္စားမင္း ကရစ္ခ္မွာ သာယာနာေပ်ာ္ဖြယ္ စိတ္ထား ရွိတဲ့သူမဟုတ္မွန္း လုခ္သိသည္။ အမွန္ဆို သူ႔အေဖက ေဒါသထြက္လြယ္သူျဖစ္ၿပီး ဘုရင္ဆီက ဆိုးရြားတဲ့ ဆက္ဆံခံရမွုေၾကာင့္ မယ္ဒီရာကလဲ ထိုအက်င့္ ကူးစက္လာခဲ့သည္။
သူမနဲ႔ ေတြ႕ခြင့္ရဖို႔ တင္သြင္းခဲ့တဲ့ သူ႔စာလႊာေတြက မ်ားေသာအားျဖင့္ အေျဖမရွိပဲ ျပန္ပို႔ခံရေလ့ရွိၿပီး ျပန္စာလာခဲ့ရင္လဲ သူမ သိပ္အလုပ္ရွုပ္ေနတယ္ဆိုတဲ့ အေျဖသာပင္။
နယ္စားမင္းနဲ႔ နယ္စားကေတာ္က မယ္ဒီရာ့ကို ဘယ္လို ဆက္ဆံခဲ့မွန္း လုခ္မသိေခ်။ သူ႔ငယ္စဥ္ဘဝက တင္းၾကပ္တဲ့ ပညာေရးေၾကာင့္ အေဝးမွာသာ အခ်ိန္ကုန္ခဲ့ရသည္။
သူသိတာက ဘုရင္အမိန့္ကို နာခံၿပီး ဘုရင္မ မိသားစုဆိုတဲ့ ဂုဏ္ျဒပ္ကို သူ႔အေဖနဲ႔ ထိန္းသိမ္းဖို႔သာပင္။
နယ္စားကေတာ္ဆီက အခ်စ္ခံရဖို႔ ေမၽွာ္လင့္ခဲ့တဲ့ လုခ္က နယ္စားကေတာ္နဲ႔ ႐ုပ္ခ်င္းဆင္တယ္လို႔ နာမည္ႀကီးတဲ့ မယ္ဒီရာနဲ႔ ေတြ႕နိုင္ဖို႔ အျမဲေတာင့္တေနခဲ့တာပင္။
ေနာက္ဆုံးမွာေတာ့ မယ္ဒီရာနဲ႔ ေတြ႕ဖို႔ အခြင့္အေရးရွိလာၿပီမို႔ လုခ္ဝမ္းသာလုံးဆို႔ကာ
"အမေတာ္က ေတြ႕ဖို႔ အရင္စေခၚတာဆိုေတာ့ ဘယ္ေန႔ျဖစ္ျဖစ္ရတယ္! နိုး... အခုပဲ...!"
"သခင္"
နန္းေတာ္ဆီ ေျပးသြားဖို႔ ျပင္ေနတဲ့ လုခ္ကို အိမ္ေတာ္ထိန္းက ဆြဲထားလိုက္သည္။
မယ္ဒီရာက အမေတာ္မျဖစ္ခင္ တိုင္းျပည္ရဲ့ ဧကရီမျဖစ္သည္။ လုခ္က နယ္စားေလးျဖစ္ၿပီး နယ္စားအိမ္ေတာ္ရဲ့ အေမြ ဆက္ခံသူျဖစ္ရင္ေတာင္ နန္းေတာ္က ဝင္ခ်င္တိုင္း ဝင္၊ ထြက္ခ်င္တိုင္း ထြက္လို႔ရတဲ့ ေနရာမဟုတ္ေပ။ နန္းတြင္းက ဖိတ္ေခၚစာပါၿပီး ႀကိဳတင္ခ်ိန္းထားမွသာ ဝင္ခြင့္ရနိုင္ေလသည္။
"ဧကရီမွာ အလုပ္မ်ားေနမယ္ ထင္တယ္။ သခင္ ေပ်ာ္ေနတာကို ကၽြန္ေတာ္မ်ိဳး နားလည္ေပမဲ့ စာပို႔လုလင္က အခုထိ ေစာင့္ေနတာမို႔ ျပန္စာေရးၿပီး ပို႔ရပါမယ္ သခင္"
အိမ္ေတာ္ထိန္း စကားၾကားေတာ့ လုခ္ ေၾကာင္သြားကာ ရွက္သြားသည္။
"အင္း ၊ ငါထင္တာ... ေကာင္းၿပီေလ။ ဘုရင္မဆိုမွေတာ့ ငါ့ထက္ေတာ့ အလုပ္မ်ားမွာေပါ့။ ခဏေစာင့္.."
လုခ္ အနီးဆုံး႐ုံးခန္းထဲ ဝင္သြားလိုက္သည္။
အခၽြန္ဆုံးကေလာင္တံကို ေကာက္ကိုင္ကာ မွင္စြတ္ၿပီးေနာက္ ျပန္စာကို ေသေသသပ္သပ္ေရးေတာ့သည္။ ျပန္စာေရးၿပီးတဲ့လုခ္က မွင္မျပန့္ေအာင္ ေသခ်ာ ပိတ္ၿပီးတဲ့ေနာက္ ႐ုံးခန္းထဲက ျပန္ထြက္ကာ...
"ဒီစာကို ခ်က္ခ်င္းပို႔.... ငါတို႔ ဘုရင္မကို ေစာင့္ခိုင္းလို႔ မျဖစ္ဘူး"
"မွန္ပါ့ သခင္ေလး"
စာပို႔သမားက လုခ္ဆီက ျပန္စာကို ယူၿပီးေနာက္ ျမင္းေပၚတက္ကာ နယ္စားအိမ္ေတာ္ဆီက ထြက္ခြါလာခဲ့သည္။
စာပို႔လုလင္ထြက္သြားတာကို ေမၽွာ္ၾကည့္ရင္း လုခ္ စိတ္လွုပ္ရွားေနခဲ့သည္။
မယ္ဒီရာ ဘယ္ေတာ့ ျပန္စာလာမလဲ သူမသိေပမဲ့ သူကေတာ့ ေမၽွာ္လင့္ခ်က္တို႔နဲ႔ စိတ္လွုပ္ရွားေနေလၿပီ။
******
ေန႔ရက္က လုံးဝေမွာင္က်သြားၿပီး သူ႔႐ုံးခန္း တခုလုံး တိတ္ဆိတ္ေနေလၿပီ။
ထပ္ၿပီး ေႏွာင့္ေႏွးစရာမလိုေတာ့ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လိုင္လ္႐ုံးခန္းက ထြက္ကာ ဘုရင္မနန္းေဆာင္ဆီ ဦးတည္လိုက္သည္။
သူနန္းေဆာင္ထဲ အိပ္မဲ့ အေၾကာင္း ႀကိဳေျပာထားတာမို႔ အရာအားလုံး အဆင္ေျပေခ်ာေမြ႕လိမ့္မယ္လို႔ သူေတြးထားေလသည္။
သို႔ေသာ္ သူေရာက္လာတဲ့ အခါမွာေတာ့ နန္းေဆာင္က ထင္ထားတာထက္ ပိုဆူညံေနေလသည္။
"ဘာေတြ ျဖစ္ေနတာလဲ?"
လိုင္လ္ ပုံမွန္ခ်ိန္တိုင္း ေရာက္လာတာ ျမင္ေတာ့ အပ်ိဳေတာ္ေတြနဲ႔ အေစခံေတြ ပို ျပာယာခတ္သြားသည္။
အပ်ိဳေတာ္နဲ႔ အေစခံေတြ ေျပးလႊား အလုပ္ရွုပ္ေနတာက မထူးဆန္းေပမဲ့ အေစာင့္ေတြရဲ့ မ်က္ႏွာကပါ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနေလသည္။
"ဘာျဖစ္ေနတာလဲလို႔ ကိုယ္ေတာ္ေမးေနတယ္"
လိုင္လ့္သူတို႔ကို မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။ သူ႔ကို ျပန္မေျဖပဲ တစ္ေယာက္မ်က္ႏွာသာ တစ္ေယာက္ၾကည့္ေနတာမို႔ စိတ္ရွုပ္လာသည္။
မိန္းမတစ္ေယာက္က တုန္တုန္ယင္ယင္နဲ႔ ေရွ႕တက္လာသည္။ သူမက မယ္ဒီရာ့ရဲ့ အပ်ိဳေတာ္ထိန္းပင္။
"အရွင္ဧကရီမ... ေပ်ာက္သြားလို႔"
သူမက မယ္ဒီရာက ဘုရင္မနန္းေဆာင္ထဲ လွည့္လည္ၾကည့္ရွုမယ္ဟု အတင္းအၾကပ္ဆိုၿပီးေနာက္ ေပ်ာက္သြားေလသည္။
မယ္ဒီရာ ေပ်ာက္သြားတယ္? ဒါက အဓိပၸါယ္ေရာ ရွိလို႔လား?
မယ္ဒီရာက ဧကရီဘုရင္မတစ္ေယာက္။ သူမရဲ့ မေတာ္တဆမွုျဖစ္ေလ့ရွိတဲ့ အက်င့္ေၾကာင့္ အပ်ိဳေတာ္ဆယ္ေယာက္ထက္မနည္း သူမကို ခစားေလ့ရွိသည္။ အခန္းထဲရွိေနရင္ေတာင္ အတူရွိေနေလ့ရွိၿပီး နန္းေဆာင္ထဲက ထြက္ရင္ ထို႔ထက္ပိုတဲ့ အပ်ိဳေတာ္ေတြ လိုက္ပါေလ့ရွိသည္ပင္။ အမွန္တိုင္းဆိုရရင္ အိပ္ခန္းေဆာင္ထဲ ရွိေနခ်ိန္သာ မယ္ဒီရာ တစ္ေယာက္ထဲ ရွိေလ့ရွိၿပီး မ်ားလွတဲ့ ျငင္းခုန္မွုအၿပီးမွသာ အပ်ိဳေတာ္ေတြ အိပ္ခန္းေဆာင္ထိ ခစားခြင့္မရျခင္းျဖစ္သည္။
[သူ(မ) ထပ္ထြက္ေျပးသြားတာလား?]
သူဒီအေၾကာင္းေတြးလိုက္တိုင္း သူ႔ႏွလုံးသားတစ္ခုလုံး ေအးခဲသြားသလိုပင္။
ငါ ညဘက္လာဖို႔ ကတိေပးထားတာဆိုေတာ့ ငါ့ကို ေရွာင္ေနတာပဲ ျဖစ္ရမယ္။ မင္းအတိတ္ေမ့ၿပီးေနာက္မွ ညဘက္အတူေနတာ ဒါ ပထမဆုံးမွ မဟုတ္တာ... ဘာလို႔လဲ?
အခုမွ ၿငိမ္သက္ေအာင္ ႀကိဳးစားထားရတဲ့ သူ႔ႏွလုံးသားကို ဆီပူေလာင္းလိုက္သလိုပင္။
ကြာရွင္းခြင့္ေတာင္းၿပီး ျပန္လက္ထပ္ခြင့္ျပဳဖို႔ ေတာင္းဆိုတဲ့ တရက္ထဲမွာပဲ သူမ ဒီလိုလုပ္တာကို သူ ယုံေတာင္ မယုံနိုင္ေပ။
လိုင္လ္ ေဒါသူပုန္ထေလၿပီ။ သူ႔စိတ္ရွုပ္ေနမွုက ပိုၿပီး ေဒါသထြက္လာေစသည္။ သူ႔ႏွလုံးသားတစ္ခုလုံး ေဒါသေငြ႕ေတြနဲ႔ ဘာလို႔ ေတာက္ေလာင္ေနရမွန္း သူနားမလည္နိုင္ေပ။
"ဘုရင္မကို ေနာက္ဆုံး ဘယ္ေနရာမွာ ေတြ႕ခဲ့တာလဲ?"
****
သူတို႔က ဒီမွာေတာ့ လာမရွာေလာက္ပါဘူး
မယ္ဒီရာ ဘယ္သူမွ မရိပ္မိေအာင္ သူမအိပ္ခန္းထဲ ခိုးဝင္လာခဲ့သည္။ လိုင္လ္နဲ႔ အိပ္ဖို႔ မစဥ္းစားထားတာမို႔ အိပ္ရာဆီေတာ့ သူ မသြားေပ။
ထိုအစား သူမအိပ္ခန္းနဲ႔ တဆက္ထဲ တြဲထားတဲ့ အဝတ္လဲခန္းထဲက အႀကီးဆုံးဗီရိုထဲ ဝင္ပုန္းေနလိုက္သည္။ ဘယ္သူမွ ဒီမွာ လာရွာဖို႔ ေတြးမိမွာ မဟုတ္။ သူတို႔က လူႀကီးတစ္ေယာက္ကို ရွာေနတာေလ၊ ကေလးကို ရွာေနတာမွမဟုတ္တာ။
သူမထင္ထားတာက လိုင္လ္ ညဘက္လာလို႔ သူမကို မေတြ႕ပဲ ျပန္သြားရရင္ ေဒါသထြက္မွာ အမွန္ပဲ။ သို႔ေသာ္ သူက လိုင္လ္ပင္။ အဓိကဇာတ္ေဆာင္ လိုင္လ္က မယ္ဒီရာ့အေပၚ ဆိုးဆိုးရြားရြား ဘာမွ မလုပ္တာမို႔ ေထာင္ေတာ့ ခ်မည္မဟုတ္။ ဘာလို႔လဲဆိုရင္ သူက ဒီဝတၳဳရဲ့ အဓိကဇာတ္ေဆာင္ပင္။
[ဒါနဲ႔.... ဒီဗီရိုက အေတာ္ႀကီးတဲ့ ဗီရိုပဲ]
ဒီဗီရိုက ႀကီးလြန္းလို႔ မယ္ဒီရာလို လူႀကီးတစ္ေယာက္က ေျခေရာ လက္ပါ ဆန့္တန္းထားတာေတာင္ ဗီရိုနံရံကို မမွီေသးေပ။
[အင္းေလ၊ အက်ီေတြကလဲ အႀကီးႀကီးေတြဆိုေတာ့ ဒါမ်ိဳး ဗီရို အႀကီးႀကီးေတြ လိုမွာေပါ့]
မယ္ဒီရာက ဗီရိုေအာက္ေျခမွာ လွဲလိုက္ၿပီး ခ်ိတ္ထားတဲ့ အက်ီေပၚက ဇာေတြနဲ႔ အဆင္တန္ဆာေတြကို ၾကည့္ေနလိုက္သည္။
ပုံမွန္အိမ္ဆိုရင္ေတာ့ ဒီလို ဗီရိုေအာက္ေျခေတြက ဖိနပ္ဘူးတို႔၊ အိတ္တို႔နဲ႔ ျပည့္ေနမွာပဲ...
အင္းေလ၊ ပုံမွန္အိမ္ဆိုရင္လဲ ဒါမ်ိဳး ဗီရိုအႀကီးႀကီး ဘယ္ရွိပါ့မလဲ။
အက်ီအနားစက ဇာကို ဆုပ္ဆြဲလိုက္၊ ျပန္လႊတ္လိုက္ေဆာ့ရင္း ပ်င္းလြန္းလို႔ ေသခ်င္ေစာ္နံခ်ိန္မွာပဲ က်ယ္ေလာင္တဲ့ အသံကို ၾကားလိုက္ရ၏။
[ဟင္?]
အဝတ္လဲခန္းတံခါးပြင့္သံၾကားလိုက္ရၿပီး ေျခသံခပ္က်ယ္က်ယ္တခုက သူမဆီ ဦးတည္ေနတာ ၾကားလိုက္ရသည္။
မယ္ဒီရာပုန္းေနတဲ့ ဗီရိုေရွ႕မွာ ေျခသံက ရပ္သြားသည္။
******