Duo Meng《夺梦》// Seizing Dreams...

By _Kanei

35.5K 4.6K 174

• Author : 非天夜翔 ( Fei Tian Ye Xiang ) • 2018 Released • 165 Chapters • Genre : Action, Adventure, Fantasy, R... More

Description
Characters Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24【End of Volume-1】
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Attention Please!
Chapter 53

Chapter 47

254 58 1
By _Kanei

{Unicode}

[Vol-2: Chichén Itzá]
ဘုရားကျောင်းထဲသို့ အလောတကြီးဝင်ပြေးရခြင်း

ရှေးဟောင်းအရိုးစုသုံးယောက်သည် နောက်လှည့်ကာ ကွင်းဆီသို့ ချဉ်းကပ်လာကြသည်။ မရေမတွက်နိုင်အောင် များပြားလွန်းလှသော ကျားသစ်များကလည်း ကွင်းပတ်ပတ်လည် ဝန်းရံလျက် ဆာလောင်မွတ်သိပ်စွာ သူတို့အားသွားရည်တမြားမြား ကြည့်နေကြ၏။

"သုံးယောက်ထဲကနှစ်ယောက်တော့နိုင်ရမယ်"

ထိုအသံသည် ဆိုလာခဲ့ပြီး​ Chichén Itzá၏ ဝင်ပေါက်တံခါးမှာ ရုတ်ချည်းဝုန်းခနဲ ပွင့်လာခဲ့သည်။

အရိုးစုစစ်သည်တော်များဟာလည်း ခြေထောက်ကိုယ်စီမြှောက်ကာ အပြာရောင်မီးဘောလုံးပေါ်တွင် အသင့်နေရာယူထားလိုက်ကြ၏။

"လုပ်နိုင်ရဲ့လား?"

ကျိုးရှန်းက အဝေးရှိ လေပေါ်ပျံနေသည့် သံကွင်းကိုကြည့်ရင်း ယွီယောက်အား မေးလာခဲ့သည်။

"ဘယ်လိုထင်လို့လဲ?"

ယွီဟောက်ကဆိုသည်။

"ဘယ်လိုလုပ်,လုပ်နိုင်မှာလဲငါက?!"

သံကွင်းမှာ အတော်လေးဝေးကွာလွန်းလှပြီး ယွီဟောက်အဖို့ အတွင်းထဲတည့်တည့် ကန််နိုင်ဖို့တောင်အနိုင်နိုင်ပင်။

"အာ့ဆိုလည်းငါတို့နှစ်ယောက်ပဲကြည့်ရှင်းရတော့မှာပေါ့"

ကျိုးရှန်းက ချန်းယဲ့ခိုင်ကိုကြည့်ရင်း ဆိုလိုက်သည်။

ချန်းယဲ့ခိုင်က တစ်ဖက်လှည့်ကာ အရိုးစုစစ်သည်များကိုကြည့်ရင်း ဆို၏။

"ယွီဟောက် မင်းအရင်ကန်လိုက်"

ယွီဟောက်ခမျာ တွေးမိလိုက်တော့၏ - အိမ်မက်ထဲဒီလောက် လုပ်လို့ရတာတွေအများကြီးရှိတာကို ဘာလို့ဘောလုံးကန်တာမှလဲ?! ငါတော်တဲ့ဟာလေးတစ်ခုခုများ ဖြစ်လိုက်ပါတော့လားကွာ?!

"အကောင်းဆုံးကြိုးစားပါ့မယ်"

ယွီဟောက်ခမျာ ဆိုလိုက်ရတော့သည်။

"ဒါနဲ့ သုံးယောက်မှာနှစ်ယောက်နိုင်ရင်ရတယ်ဆိုတော့ ခင်ဗျားတို့ကိုပဲအားကိုးမယ်နော်"

ကျိုးရှန်းက ယွီဟောက်ကို စိတ်အေးအေးထားရန် မျက်လုံးဖြင့်အချက်ပြသည်။ ယွီဟောက်က အချိန်အတော်အတန်အကြာ ဘေးဘီဝဲယာကို လေ့လာကြည့်ရှုနေခဲ့ပြီးနောက် အားပြင်းပြင်းဖြင့် မီးဘောလုံးကို ဆောင့်ကန်ပစ်လိုက်တော့သည်။ အပြာရောင်မီးဘောလုံးသည် မိုးပေါ်ပျံတက်သွားခဲ့ပြီးနောက် လေထဲတွင် တစ်ပတ်ပြီးတစ်ပတ် လည်နေခဲ့၏။ ချန်းယဲ့ခိုင်က တမုဟုတ်ချင်း လက်ခုပ်ဩဘာပေးလာခဲ့လေသည်။

ကျိုးရှန်း, "ကောင်းတယ်!"

သို့သော်ငြား အရိုးခြောက်စစ်သည်တစ်ယောက်က ရုတ်တရက်ဆိုသလို သူ့ကိုယ်ပိုင်ဘောလုံးကို ကန်ပစ်လိုက်လေရာ နောက်ထပ်အပြာရောင်မီးဘောလုံးတစ်လုံး လေပေါ်ပျံဝဲလာခဲ့ပြီး ယွီဟောက်၏ဘောလုံးနှင့် သွားရောက်ထိမှန် တိုက်မိသွားသဖြင့် ယွီဟောက်ဘောလုံးမှာ သံကွင်းနားရောက်ခါနီးမှ သီသီလေး တန်ပြန်ကန်ထွက်သွားရတော့၏!

"ဒါညစ်တာပဲ!"

ယွီဟောက်ခမျာ ပြီးခဲ့သည့်မိနစ်ပိုင်းလောက်ကမှ အတည်ကြီးဂိုးသွင်းနိုင်ခဲ့ပြီဆိုပြီး အံ့ဩလုနီးနီး ဖြစ်နေခဲ့ရုံရှိသေး၊ အခုလို မတရားခံလိုက်ရသောအခါ ဒေါသအိုးပေါက်ကွဲတော့လေ၏။

ထိုအသံက ပြန်ဆိုလာခဲ့သည်။

"မင်းရှုံးသွားပြီ၊ ငါ့လိုသေဖို့ထိုင်စောင့်နေလိုက်တော့......"

ယွီဟောက်က စိတ်ဆိုးမာန်ဆိုးဖြင့် အော်လေသည်။

"ကလိမ်ကကျစ်ကောင်! ဘယ်လိုလုပ်နိုင်တော့မှာလဲလို့! သူလုပ်ချင်တိုင်းလုပ်နေတာ!"

ကျိုးရှန်းက ယွီဟောက်ကို ဆက်မပြောရန် လက်ကာပြလျက် ရှေ့တိုးသွားသည်။

"နာကာဂါဝါလူကြီးမင်းရယ် သုံးယောက်မှာနှစ်ယောက်နိုင်ဖို့ သဘောတူထားပြီးသားလေ၊ လောင်းကြေးထပ်ပြီးမှတော့ ရှုံးလည်းလက်ခံနိုင်ရမှာပေါ့၊ အခုကျွန်တော်တို့အလှည့်ပဲ ဘယ်သူအရင်ကန်မှာလဲ?"

ချန်းယဲ့ခိုင်က တခနမျှ တွေဝေနေခဲ့ပြီးနောက် ဘေးရှိအရိုးခြောက်စစ်သည်တော်များကို ကြည့်ရင်း ဆိုလိုက်သည်။

"ငါအရင်ကန်မယ်"

ချန်းယဲ့ခိုင်က ယွီဟောက်ကို ဘာမှစိတ်မပူရန် အမူအရာပြသည်။ ကျိုးရှန်းနှင့် ယွီဟောက်လည်း ခြေနှစ်လှမ်းဆီ နောက်ဆုတ်လိုက်ကြ၏။ ချန်းယဲ့ခိုင်က တီးတိုးဆိုလာခဲ့သည်။

"ရူဆဲ ကိုယ်မင်းကိုပြောစရာတွေအများကြီးရှိသေးတယ်၊ ကိုယ့်ဘဝတစ်လျှောက်လုံး ဒီအခွင့်အရေးကိုစောင့်နေခဲ့တာ"

တစ်ချိန်တည်းမှာပင် သူက ပြေးသွားလိုက်ရင်း ခြေထောက်ကိုမြှောက်လိုက်စဉ် နောက်ထပ်အရိုးခြောက်စစ်သားကလည်း ခြေကိုလိုက်မြှောက်လျက် ဘောလုံးကို ပိတ်ကန်လိုက်လေ၏!

သို့ပေသိ ဝါရင့်နေပြီးသား ချန်းယဲ့ခိုင်မှာ တမင်လှည့်စားလိုက်ခြင်းဖြစ်ပေ၏။ သူကကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး အနည်းငယ်မျှ ဆောင့်ကြောင့်ထိုင်လျက် အရိုးခြောက်စစ်သည် ဘောလုံးကန်ပြီးသည်အထိ ခနတဖြုတ်လောက် စောင့်ပြီးကာမှ နောက်ကလိုက်ကန်လေတော့သည်!

ယွီဟောက်နှင့် ကျိုးရှန်းမှာ လက်ခုပ်ဩဘာများ ကျယ်ကျယ်လောင်လောင် ပေးလိုက်ကြတော့သည်။ မျက်စိတစ်ဆုံးမြင်နေရသည်ဆိုလို့ အပြာရောင်မီးဘောလုံးနှစ်လုံး သံကွင်းဆီ ရှေ့ဆင့်နောက်ဆင့် ဦးတည်ပြေးသွားသည့်ပုံသာဖြစ်ပြီး ချန်းယဲ့ခိုင်ကန်လိုက်သည့်ဘောလုံးမှာ လေထဲတွင် တစ်ပတ်ပြီးတစ်ပတ် လှပသေသပ်စွာ လည်ပတ်လျက် အရိုးခြောက်စစ်သား၏ ဘောလုံးကို တွန်းထုတ်ပစ်လိုက်ရင်း ဂိုးပေါက်ထဲတည့်တည့် ဝင်သွားတော့ပေ၏!

ထိုအသံက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လာလေသည်။

"မင်းကြောင်သူတော်ကြွက်သူခိုးကောင်!"

ချန်းယဲ့ခိုင်က ပိရမစ်ရှိရာသို့ မော့ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဆိုလိုက်သည်။

"ငါ့ကိုခေါ်သွားပါတော့ ရူဆဲ၊ ဒါဆိုအရာအားလုံးပြီးဆုံးသွားလိမ့်မယ်!"

"မပြီးသေးဘူး!"

ကျိုးရှန်းက ပျင်းတိပျင်းရွဲဆိုလိုက်ပြီး ရှေ့တိုးကာ မီးဘောလုံးအပေါ် ခြေထောက်တင်သည်။

"နောက်ဆုံးတစ်လုံးကျန်သေးတယ်လေ၊ ဘယ်လိုလုပ်ခင်ဗျားကို တစ်ယောက်တည်းသွားခွင့်ပြုနိုင်မှာလဲ?"

ယွီဟောက်ခမျာ ချက်ချင်းလက်ငင်း စိုးရိမ်လာရတော့၏။ ထိုအသံက အေးတိအေးစက်နိုင်စွာ ဆိုသည်။

"ဒါဆိုလည်းလုပ်ပေါ့၊ မင်းဘယ်လောက်အရည်အချင်းရှိလဲ ငါ့ကိုပြစမ်းပါ"

"ယွီဟောက် စွမ်းအားပေး"

ကျိုးရှန်းကနောက်လှည့်ကာ ညင်ညင်သာသာ ဆိုလာခဲ့သည်။

ယွီဟောက်လည်း ရှေ့တိုးသွားလိုက်သည်။ ကျိုးရှန်းက ကျောနောက်မှဒိုင်းကို ယူလိုက်ပြီး လက်ထဲတွင် ကိုင်ဆောင်ထားလိုက်သည်။ ချန်းယဲ့ခိုင်တစ်ယောက် မျက်မှောင်ကြုတ်၏။

"မင်းဘာလုပ်နေတာလဲ?"

ယွီဟောက်ခမျာလည်း အတော်လေးကို စိတ်ရှုပ်ထွေးနေရပါသည်။ ကျိုးရှန်းကဆို၏။

"မြန်မြန်လေး အရင်တစ်ခေါက်ကလုပ်သလိုပဲလေ"

ယွီဟောက်, "ဒါပေမယ့် ငါ့မှာစွမ်းအားသိပ်မကျန်တော့ဘူး"

ကျိုးရှန်း, "ရှိသလောက်ပဲပေးလိုက်၊ ရတယ်"

ယွီဟောက်လည်း ကျိုးရှန်းကျောပေါ်တွင် လက်ကိုဖိကပ်ထားလိုက်တော့သည်။ ချန်းယဲ့ခိုင်ကမူ နှစ်ယောက်သားအား မယုံသင်္ကာဖြစ်စွာ ကြည့်နေခဲ့၏။ သို့ပေသိ ထိုအခိုက် ကျိုးရှန်းလက်ထဲကိုင်ဆောင်ထားသည့် ဒိုင်းအကာက မီးလင်းလာခဲ့ပြီး လျင်မြန်စွာ ပုံသဏ္ဌာန်ပြောင်းလဲသွားလေ၏။ ကျိုးရှန်းက အော်သည်။

"နောက်ဆုတ်တော့!"

ယွီဟောက်လည်း မြန်မြန်နောက်ဆုတ်လိုက်သည်။ ကျိုးရှန်းသည် ဘောလုံးကိုနင်းထားရင်း လက်ထဲကိုင်ဆောင်ထားသည့် ဒိုင်းကိုခါရမ်းလိုက်သောအခါ ၎င်းမှာ အရောင်အဝါ ထွန်းလင်းတောက်ပလှသည့် ကျင်းကူးပန့်အဖြစ် ပြောင်းလဲသွားလေ၏—

"သွား သေလိုက်တော့!!"

ကျိုးရှန်းတစ်ယောက် ဒေါသတကြီး ကြုံးဝါးလိုက်ရင်း ကျင်းကူးပန့်ကိုလွှဲကာ ကွင်းတစ်ဖက်ရှိ အရိုးခြောက်ခေါင်းဆောင်အား အားဖြင့် ခပ်ပြင်းပြင်း ရိုက်ချပစ်လိုက်တော့သည်။

ယွီဟောက်, "......"

ကျိုးရှန်းသည်ကား လေပေါ်ပျံတက်သွားစဉ်အတောအတွင်း စွန်းဝူခုန်းအဖြစ် ခတ္တခန ပြောင်းလဲလို့သွားပေ၏။ သူက လေထဲတင် ကျွမ်းတစ်ပတ်လောက်ပစ်လျက် သူ၏တင့်ဟိုက်ရှန်းကျန်းကို ခပ်ပြင်းပြင်းလွှဲချပစ်လိုက်ရာ အရိုးခြောက်ခေါင်းဆောင်နှင့်အတူ ကွင်းထဲရှိ ကျောက်သားကြမ်းခင်းကြီးတစ်ခုလုံးပါ အတန်းလိုက်ကြီး ကြွေမွပျက်စီးကုန်ပေတော့သည်!

ချန်းယဲ့ခိုင်ခမျာ လုံးလုံးလျားလျားကို ကြောင်အမ်းသွားရရှာသည်။ ထို့နောက်မှာတော့ ကျိုးရှန်းက လေပေါ်တွင် တစ်ပတ်ပြန်လှည့်လိုက်ပြီး လူသားပုံစံ ပြန်လည်ပြောင်းလဲလိုက်ကာ အပြာရောင်မီးဘောလုံးကို ကန်ချပစ်လိုက်သည်။ ၎င်းမှာ ကြယ်တာရာကြွေဆင်းသည့်နှယ် ကောင်းကင်ယံတစ်ဆုံး ထိုးဖောက်လို့သွားပြီး ဂိုးပေါက်တည့်တည့်ဝင်သွားတော့ပေ၏!

တတိယဘောလုံးသည်လည်း ဂိုးဝင်သွားပြီဖြစ်ရာ Chichén Itzáဝင်ပေါက်ဂိတ်အား ကာရံပေးထားသည့် အကာအကွယ်စည်းမှာ ဘန်းခနဲပျက်ပျယ်သွားတော့သည်။ လေပေါ်ပျံဝဲလျက်ရှိသော သံကွင်းတိုင်ဆီမှ အလင်းရောင်စူးစူးတောက်တောက်များ လင်းထိန်လာခဲ့ပြီး ထို့နောက်မှာတော့ ၎င်းက ပိရမစ်သို့ဦးတည်သော လှေကားထစ်တစ်ခုအဖြစ် ပြောင်းလဲသွားလို့သွားပေ၏။ ယွီဟောက်နှင့် ချန်းယဲ့ခိုင်တို့မှာ လက်ခုပ်ဩဘာစည်တီးလျက် အောင်ပွဲခံနေကြသော်လည်း ကျိုးရှန်းက အော်လေသည်။

"သွားတော့!"

ကျိုးရှန်းမှ အရှေ့ကဦးဆောင်လျက် သုံးယောက်သားအတူ လှေကားထစ်ဆီ ပြေးသွားကြချိန် ထိုအသံက ဒေါသမိုးမှောင်ကျစွာ အော်ဟစ်လာခဲ့၏။

"မင်းစည်းကမ်းဖောက်တယ်!"

ကျိုးရှန်းက သရော်လိုက်သည်။

"စည်းကမ်းကငါကိုယ်တိုင်ရေးတာလေ"

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ကမ္ဘာလောကကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလို့လာတော့၏။ ရှိရှိသမျှ ကျားသစ်များဟာလည်း သုံးယောက်သားထံ ဒုန်းစိုင်းပြေးလာခဲ့ကြပြီး လှေကားထစ်မှာလည်း စတင်ကာ ပျက်စီးယိုယွင်းလို့လာလေသည်။ ချန်းယဲ့ခိုင်က နောက်ဆုံးမှပြေးလျက် အော်လိုက်သည်။

"မင်းတို့သွားနှင့်ကြ! ငါ့ကိုစိတ်မပူနဲ့!"

ကျိုးရှန်းက ယွီဟောက်ကို အပေါ်ဆွဲတင်ပေးလိုက်ပြီး နှစ်ယောက်အတူ လှေကားထစ်လမ်းအတိုင်းပြေးလျက် Chichén Itzá ဝင်ပေါက်သို့ပြေးသွားကြစဉ် ချန်းယဲ့ခိုင်ကလည်း နောက်မှထပ်ကြပ်မကွာ ပြေးလိုက်လာခဲ့သည်။ ယွီဟောက် နောက်လှည့်ကြည့်လိုက်သောအခါ ပထဝီမြေကြီးအားလွှမ်းလျက် အထက်အာကာယံကိုပင် လောင်မြိုက်ပြာကျလို့သွားစေမည့် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်နေသော လျှပ်စီးမိုးကြိုးများကို မျက်စိတဆုံး မြင်တွေ့လိုက်ရတော့၏။ ချန်းယဲ့ခိုင်ကမူ နောက်လှည့်ကာ လှေကားထစ်ကို ကာကွယ်စောင့်ကြည့်ပေးထားလေသည်။ အနှီကမ္ဘာလောကကြီး၏ အစွန်းတစ်ဖက် ကောင်းကင်ဘုံဆီမှ ပေးသနားလာခဲ့သော မိုးကြိုးမုန်တိုင်းများသည်ကား ကမ္ဘာ့အလယ်ဗဟိုတွင် လာရောက်ပေါင်းဆုံခဲ့ကြရင်း မိုးသစ်တောတစ်တောလုံးကို မီးလောင်တိုက်သွင်းပစ်လျက် သုံးယောက်သားဆီ ဒုန်းစိုင်းပြေးလာနေကြသော ကျားသစ်များအပေါ် တဂျိမ်းဂျိမ်း မနားတမ်း မိုးကြိုးများပစ်ခတ်လာခဲ့ရာ တစ်ကောင်ပြီးတစ်ကောင် လှေကားထစ်ပေါ်မှ အတုံးအရုန်း ပြုတ်ကျကုန်တော့၏!

"ခိုင်ခိုင်!"

ကျိုးရှန်းကအော်သည်။

"လာတော့!"

ချန်းယဲ့ခိုင်တစ်ယောက် ကိုယ့်ကိုယ်ကို လျှပ်စီးထိန်းချုပ်နိုင်မှန်း သတိထားမိသွားပြီး တမုဟုတ်ချင်း ခုန်အုပ်ရန်ကြိုးစားနေကြသည့် ကျားသစ်များအားလုံးကို လျှပ်စီးဖြင့်ပစ်ချပြီးကာမှ နှစ်ယောက်ရှိရာထံ ပြေးသွားလိုက်တော့သည်။ ယွီဟောက်ကမူ ထွက်ပြေးနေရင်း ကျိုးရှန်းထံ အော်ပြောလေသည်။

"အပြင်ကဟာတွေအကုန်မီးလောင်ကုန်ပြီ!"

ကျိုးရှန်းက ပြန်အော်ပြောသည်။

"မကြောက်နဲ့! အချိန်ရှိသေးတယ်! အထဲကလုံခြုံတယ်!"

ပိရမစ်ဝန်းကျင်တစ်ခုလုံးမှာ မီးလျှံများအောက် ဝါးမြိုခံလိုက်ရပြီဖြစ်၏။ မီးတောက်များသည်ကား မှိန်ပျပျသိစိတ်ကမ္ဘာကြီးအား တမူထူးခြားတောက်ပအောင် အလင်းဆောင်ကျဉ်းပေးလျက်ရှိပေသည်။ သုံးယောက်သား Chichén Itzáဝင်ပေါက်သို့ ဂမူးရှူးထိုး ဝင်ပြေးသွားပြီးနောက် တံခါးကြီးမှာလည်း ဂျိန်းခနဲ ပိတ်သွားတော့ပေသည်။

ထို့နောက် သုံးယောက်သားသည် ဟောခန်းအကျယ်ကြီးရှိရာဆီသို့ ထွက်ပြေးသွားလိုက်ကြသည်။

ကျိုးရှန်းက ရုတ်တရုက် ရပ်တန့်လိုက်သည်။ ရှေ့တွင်ရှိနေသည်ကမူ နောက်ထပ်ဧရာမတံခါးချပ်ကြီးတစ်ခု။ ထိုတံခါးချပ်၌ ဖြူနီပြာဝါရောင်စုံသော ကျောက်မြတ်ရတနာအများအပြားကို အစီအစဉ်မကျ မညီမညာ ထည့်သွင်းထုစစ်လို့ထားပြီး ၎င်းတံခါးချပ်အား ဝိုင်းရံလျက်ရှိသော မျက်နှာကြက်၌ ရေမြောင်းကျဉ်းလေးများကဲ့သို့သော အမြောင်းအမြောင်းများ ပါရှိလေ၏။ ထိုအမြောင်းများကြားဝယ် ကျောက်မျက်ရတနာများကို အပြည့်ဖြည့်ထားလျက် ၎င်းတို့သည် တဖျပ်ဖျပ်တလက်လက်ဖြင့် ရွှန်းစိုတောက်ပနေပေတော့သည်။

"ဒါကရောဘာကြီးတုန်း?"

ကျိုးရှန်းကမေးသည်။

ချန်းယဲ့ခိုင်ကမူ ဟောခန်းအလယ် မျက်နှာသေဖြင့် မတ်တပ်ရပ်နေလေ၏။

ယွီဟောက်က ရှေ့တိုးလာပြီး တံခါးချပ်ပေါ်ရှိ ကြမ်းပြင်နှင့်နီးသောနေရာမှ ရတနာတစ်တုံးကို ဖိကြည့်လိုက်သောအခါ ၎င်းက "တီ"ဆိုပြီး အသံထမြည်လေသည်။

ကျိုးရှန်း, "ယန္တရားလား?"

ယွီဟောက်က နောက်ထပ်အရောင်တူတစ်ခုကို ထပ်ဖိလိုက်သောအခါ ၎င်းကပါ ထပ်တူမီးလင်းလာလေ၏။

ယွီဟောက်, "......"

ယွီဟောက်လည်း တတိယတစ်ခုကို ထပ်ဖိကြည့်လိုက်သည်။ ကျောက်မျက်များသည် စတင်ရွေ့လျားကာ နေရာပြောင်းလဲလာကြပြီး တတန်းတည်းအတူတကွ နေရာယူပြီးသော် "တိန်"ခနဲအသံဖြင့် ပျောက်ကွယ်သွားပေ၏။ ထို့နောက် အပေါ်ဘက်မှ ကျောက်မျက်ရတနာများက "ဒတ်"ခနဲ ပြုတ်ကျလာကြကာ ထိုနေရာတွင် တလဲအစားထိုးဝင်ရောက်ကြလေသည်။

"အတည်ကြီးလား?!"

ကျိုးရှန်းက စိတ်ဒုက္ခရောက်စွာ အော်လာခဲ့သည်။

"ခင်ဗျားအိမ်မက်ထဲ ဘယ်လိုလုပ်Anipopပါ ရောက်နေတာတုန်း?!"

[ Candy Crushလို gameမျိုးပါ ]

"ရူဆဲက အဲ့ဂိမ်းဆော့ရတာအရမ်းကြိုက်တာ!"

ချန်းယဲ့ခိုင်က ပြန်အမှတ်ရသွားပြီး အော်လိုက်သည်။

"ခနလေး ငါစဉ်းစားလိုက်ဦးမယ်! အထဲဝင်ဖို့ကဒီတံခါးဖွင့်နိုင်ဖို့လိုတယ်!"

ယွီဟောက်က တမုဟုတ်ချင်း ဆိုလိုက်သည်။

"ကျွန်တော့လုပ်မယ်! ကျွန်တော်ဒီဂိမ်းဆော့တတ်တယ်!"

မျက်နှာကြက်ဆီမှ ရေစီးသံများ ထွက်ပေါ်လို့လာ၏။ ချန်းယဲ့ခိုင်မှ နောက်လှည့်ကြည့်လိုက်သောအခါ ကျောက်မျက်အတုံးလေးများ လစ်ဟာသွားသည့် နေရာများမှ ရေများစီးဝင်လာသည်ကို တွေ့လိုက်ရ၏။ ကျိုးရှန်းပင် မအော်ရသေး၊ ချန်းယဲ့ခိုင်က ချက်ချင်းဆိုလာခဲ့လေသည်။

"Iguazuရေတံခွန်ကရေတွေဝင်လာနေပြီ!"

ရေမျက်နှာပြင်မြင့်တက်လာသည်နှင့်အမျှ ကျိုးရှန်းလည်း လောလာခဲ့သည်။

"ယွီဟောက်! မြန်မြန်!!"

"ရှာနေတယ်ဟ!"

ယွီဟောက်လည်း အတန်းနှစ်တန်း ဖြေရှင်းပြီးသွားပြီဖြစ်သည်။ သူကရုတ်တရက် အပေါ်ဘက်မှ ရွှေရောင်အတုံးနှစ်တုံးကို သတိထားမိသွားပြီး ဂိတ်တံခါးအလယ်ရှိ အမြောင်းအလွတ်နှစ်ခုကိုပါ မြင်သောအခါ ရုတ်ချည်းသဘောပေါက်သွား၏။ ထိုရွှေတုံးနှစ်တုံးကို အနှီအမြောင်းအလွတ်ထဲကျအောင် ပို့ရမည်ပင်! သူက ခပ်သွက်သွက်ပင် ရတနာတုံးများကို လိုက်ဖိလိုက်သောအခါ "တိန် တိန် တန် တန် ဖုတ် ဖုတ်" ဖြင့် အသံပေါင်းစုံ အော်မြည်လျက်။ တံခါးပေါ်ရှိ ရတနာတုံးလေးများမှာ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်လို့သွားပြီး မျက်နှာကြက်မှ ရတနာတုံးလေးများက လွတ်သွားသည့်နေရာသုံးကွက်တွင် အလျင်အမြန် လာရောက်ဖြည့်ဆည်းကြကုန်သည်။

"ကျန်တာ ငါမမှီဘူး!"

ယွီဟောက်ကအော်လာခဲ့သည်။

ကျိုးရှန်းကအမြန်ပြေးလာခဲ့ပြီး ဂိတ်တံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ရှေ့သို့လက်ထုတ်ပေးလျက် ယွီဟောက်ကိုလက်ပေါ်နင်းစေပြီး ကျောပေါ်မတ်တပ်ရပ်စေလေသည်။ ယွီဟောက် အမြင့်မှ ရတနာတုံးများကို လိုက်ဖိနေစဉ် ချန်းယဲ့ခိုင်ကလည်း ရှေ့တိုးလာခဲ့ကာ ကျိုးရှန်းကဲ့သို့ လိုက်လုပ်ပေးသည်။ ယွီဟောက်မှ သုံးလုံးစလုံး တပြိုင်နက်တည်းဖိပြီးနောက် "တိန် တိန် တိန် — တန်"! ဆိုပြီးအသံထွက်ပေါ်လာ၏။ ဘယ်ဘက်မှ ရွှေတုံးလေးသည် အမြောင်းကြားထဲပြုတ်ကျလို့သွားပြီး ဂျီခနဲအသံဖြင့် တောက်ပစွာ လင်းထိန်လာခဲ့ပေသည်။

ယွီဟောက်, "နောက်တစ်တုံးကျန်သေးတယ်!"

ချန်းယဲ့ခိုင်နှင့် ကျိုးရှန်းက သံပြိုင်အော်လိုက်ကြသည်။

"မြန်မြန်!"

ရတနာများတစ်ခါပျောက်သွားတိုင်း မျက်နှာကြက်ပေါ်မှရေများ ဒလဟောစီးကျလာမှုမှာ ရေလွှမ်းနေသလားပင် အောက်မေ့ရ၏။ ရေမျက်နှာပြင်မှာ ဇွဲကောင်းကောင်းပင် မြင့်တက်လာခဲ့၍ ကျိုးရှန်းပုခုံးပင် ရေထဲမြှုပ်နေရပြီဖြစ်သည်။ ယွီဟောက်အဖို့ ယခု ကျိုးရှန်းကျောပေါ်မနင်းဘဲ အမြင့်မှရတနာတုံးများကို မှီသွားပြီဖြစ်သော်လည်း တံခါးချပ်ပေါ်မှ ရတနာများကို ဖြေရှင်းဖို့ ကျန်နေသေးသည်ပင်။ ထို့ကြောင့်သူက ရေကူးသွားရန်သာ တတ်နိုင်ရှာတော့သည်။

"ဟိုမှာ! ဟိုနားမှာ အရောင်တူနှစ်ခုရှိတယ်!"

ချန်းယဲ့ခိုင်ကလည်း ရေပေါ်ကူးခတ်ရင်း ယွီဟောက်ကို သတင်းပေးသည်။

ကျိုးရှန်း, "ဟိုမှာရောပဲ! အဲ့ကပိုနီးတယ်!"

ယွီဟောက်လည်း ရေကူးသွားလိုက်ပြီး သုံးလုံးတစ်တွဲကို ဖြေရှင်းလို့ပြီးသော် ရုတ်တရက် ပြဿနာတစ်ခုကို သတိရသွား၏။

ယွီဟောက်, "ငါကဘယ်လိုလုပ်ပြီးရေကူးတတ်နေတာတုန်း?"

ချန်းယဲ့ခိုင်, "ယွီဟောက် မင်းရေမကူးတတ်ဘူးလား?"

ကျိုးရှန်း, "......"

ယွီဟောက်ခမျာ တမုဟုတ်ချင်း ရေနစ်သွားရတော့၏။ ကျိုးရှန်းကလှမ်းဆွဲလိုက်ပြီး အော်လိုက်သည်။

"မလှုပ်နဲ့!"

ယွီဟောက် ချက်ချင်း သဘောပေါက်လိုက်ပါသည်။ သူ ရေမကူးတတ်မှန်း ချန်းယဲ့ခိုင်က မသိပေ။  သူ့သိစိတ်ထဲတွင် ယွီဟောက်ကို ရေကူးတတ်သည်ဟု ယူဆသဖြင့် ယွီဟောက် ရေကူးတတ်နေခြင်းဖြစ်ပြီး ယခု မကူးတတ်ကြောင်းကို သိသွားသောအခါ ယွီဟောက်လည်း ရေနစ်လုနီးနီး ဖြစ်သွားရတော့၏။ ကျိုးရှန်းကမူ အခြေအနေကို အလွန်လျင်မြန်စွာ တုံ့ပြန်လေသည်။ စက္ကန့်မဆိုင်းဘဲ ယွီဟောက်ကို ချက်ချင်းလှမ်းဖမ်းလိုက်ပြီး အော်ပြောလာခဲ့သည်။

"ဘယ်မှာရှိတယ်သာပြောတာ့! ခိုင်ခိုင်က သွားဖိလိုက်!"

နောက်ဆုံးကျန်ရှိသည့်သုံးလုံးမှာ ယွီဟောက်နှင့် ကျိုးရှန်း၏ အောက်တည့်တည့်၌ပင် ဖြစ်၏။ လက်ရှိတွင် ယွီဟောက်သည် ကျိုးရှန်း၏ရင်ခွင်ထဲတွင် ဖက်ထားခြင်းခံရလေသည်။ သူက အနည်းငယ်မျှ စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး အောက်သို့လက်ညိုးထိုးပြသည်။ ကျိုးရှန်းက ခေါင်းညိတ်ပြလာခဲ့ပြီး ခြေဖြင့်ယက်ရင်း ရေပေါ်သို့ အရင်ကူးသွားကာ နှစ်ယောက်အတူ အသက်ပြိုင်တူအောင့်ပြီးကာမှ ရေအောက်သို့ အတူပြန်ငုံ့သွားလိုက်သည်။

ရေအောက်၌မူ ကျိုးရှန်းသည် ယွီဟောက်ကို ဆွဲခေါ်လျက် ခရမ်းရောင်ရတနာသုံးတုံးကို ရှာတွေ့၏။ ယွီဟောက်မှ သုံးလုံးစလုံးကိုဖိလိုက်ပြီးနောက် "တန်"ခနဲအသံနှင့်အတူ ကျောက်များပျောက်ကွယ်သွားလေသည်။ တမုဟုတ်ချင်း တံခါး၏အခြားတစ်ဖက်မှ ရွှေရောင်ရတနာလေးသည် အမြောင်းထဲသို့ ပြုတ်ကျလို့သွားပြီး ဂိတ်တံခါးကြီးသည် စတင်ကာ အရောင်အဝါ ထွန်းလင်းတောက်ပလာခဲ့ရင်း ကျယ်လောင်စူးရှသောအသံနှင့်အတူ အတွင်းဖက်သို့ ပွင့်သွားတော့ပေ၏။

ယွီဟောက်မှာမူ အသံပင်မထွက်ရသေး၊ သန်လွန်းသောရေစီးကြောင့် မျောပါသွားရရှာ၏။ ကျိုးရှန်းက ယွီဟောက်၏လက်ကို ကျစ်ကျစ်ပါအောင် လှမ်းဆုတ်ကိုင်လိုက်ပြီး ချန်းယဲ့ခိုင်ရောအပါအဝင် သုံးယောက်သားမှာ Chichén Itzá၏ လျှို့ဝှက်လမ်းကြောင်းအတိုင်း မျောပါသွားကြလေတော့သည်။

ယွီဟောက်ခမျာ အသက်အောင့်ထားသေးသော်လည်း အတိုင်းအတာအဆုံးစွန်အထိ ရောက်ရှိနှင့်နေပြီဖြစ်၏။ ရေစီး၏ရိုက်ပုတ်မှုဒဏ်ကြောင့် နောက်ပိတ်ဆုံးမခံနိုင်တော့ဘဲ လေအများအပြား ရှုထုတ်လိုက်မိတော့သည်။ ကျိုးရှန်းက လေပေးရန် အနားကူးလာခဲ့သော်လည်း ရုတ်တရက် အမည်းရောက်ပုံရိပ်တစ်ခုက ရေအောက်ထဲမှ ဘွားခနဲ ထွက်ပေါ်လာခဲ့ကာ နှစ်ယောက်သားကို ဝင်တိုက်ပစ်လေ၏။ ကျိုးရှန်းသည်ကား ရေအောက်ထဲတွင် အလစ်တိုက်ခိုက်ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ရာ သတိလက်လွတ်ဖြစ်သွားရပြီး ယွီဟောက်နှင့် အတင်းကာရော အခွဲခံလိုက်ရတော့သည်။

ယွီဟောက်သည် လည်ပင်းတွင် တစ်စုံတစ်ခုက လာရောက်ရစ်ပတ်ထားသည်ကို ခံစားလိုက်ရသည်။ ပါးစပ်ဟရန် ကြိုးစားလိုက်သော်လည်း အသံတစ်လုံးမှမထွက်နိုင်ရှာ။ ကူကယ်ရာမဲ့စွာဖြင့်သာ ကျိုးရှန်းနှင့် လူခွဲခံလိုက်ရပြီး အမှောင်ထုထဲသို့ ရုတ်ချည်းအဆွဲသွင်းသွားခံရတော့သည်။

ကျိုးရှန်းခမျာ လက်ကိုပင့်မြှောက်လျက် မျက်လုံးများမှာလည်း ပြူးကျယ်နေရ၏။ အော်ဟစ်လိုက်ချင်သော်လည်း အသံထုတ်လွှတ်ဖို့ရန်ကား မဖြစ်နိုင်ပေ။ ထိုအမည်းရောင်အရာသည်ကား မြွေတစ်ကောင်နှင့်တူလှပါသည်။ အတောင်ပံများကိုဖြန့်ကျက်လို့ထားကာ ယွီဟောက်တစ်ကိုယ်လုံးကို ကိုယ်ဖြင့်ရစ်ပတ်လျက် အခြားလမ်းတစ်ဖက်သို့ လျင်မြန်ဖျတ်လတ်စွာ တိုးဝင်သွားလေ၏။ ကျိုးရှန်းလည်း နောက်ပိတ်ဆုံး ရေပေါ်သာ ပြန်တက်လိုက်ရတော့သည်။ ချန်းယဲ့ခိုင်မှ သူတို့အနားကူးလာခဲ့ချိန်တွင် ယွီဟောက်ကို ရစ်ခွေလို့ထားသည့် ထိုအတောင်ပံပါ ဧရာမမြွေနံဂါးကြီးကိုသာ တွေ့မြင်လိုက်ရတော့၏။ ၎င်းက သူ၏အတောင်ပံများကို ဖြန့်ကျက်လို့ထားကာ ယွီဟောက်၏ တွန်းလှန်ကန်ကျောက်နေမှုကို လစ်လျူရှုလျက် လမ်းဆုံးရှိ အမြင့်တစ်နေရာမှ အလင်းရောင်ရှိရာသို့ ပျံသန်းကူးသန်းသွားလေတော့သည်!

"ယွီဟောက်!!"

ကျိုးရှန်းက ရေထဲမှထွက်လာခဲ့ပြီး မြေပြင်ပေါ်နင်းလိုက်သည်။ ခြေလှမ်းအနည်းငယ်မျှ ၎င်းနောက်သို့ ပြေးလိုက်ခဲ့သော်လည်း အပေါ်အမြင့်ရှိ ထွက်ပေါက်မှာ ကျောက်သားနံရံများဖြင့် ဝန်းရံလို့ထားပေ၏။

ချန်းယဲ့ခိုင်သည်လည်း ရေအမြောက်အမြားကို အန်ထုတ်လိုက်ပြီး ကျိုးရှန်းနှင့် အကြည့်ချင်းဆုံလိုက်သည်။

"သူ့ကိုရူဆဲဖမ်းသွားတာ"

ချန်းယဲ့ခိုင်က ဆိုလာခဲ့သည်။

ကျိုးရှန်းက အပေါ်တက်ရန် ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ သူတို့သည် လက်ရှိတွင် Chichén Itzá၏ အတွင်းပိုင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ ရေညှိများ၊နွယ်ပင်များ အလိပ်လိပ်တက်နေသော ရှေးဟောင်းကျောက်သားပြင်ကြီး၏ ဝန်းရံခြင်းကိုခံထားရပေ၏။ ငေါထွက်နေသော ကျောက်တုံးထောက်တိုင်များကလည်း တစ်ခုပေါ်တစ်ခု ဆင့်ထပ်လျက်ရှိကာ ဘုရားကျောင်း၏ အလယ်ဗဟို၌မူ မြင့်မားစွာ မားမားမတ်မတ်တည်ရှိလို့နေသော အတောင်ပံပါမြွေနဂါးရုပ်ထုကြီးတစ်ခု ရှိလေသည်။

"ရေတွင်းကဘယ်မှာလဲ?"

ကျိုးရှန်းက ချန်းယဲ့ခိုင်ကိုမေးသည်။

ချန်းယဲ့ခိုင်, "လိုက်ခဲ့လိုက်၊ နောက်ကလမ်းကြောင်းကပိတ်သွားပြီဆိုတော့ ငါတို့အပေါ်တက်ဖို့လိုတယ်"

ကျိုးရှန်းက တစ်ခနမျှတိတ်ဆိတ်လို့သွားပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ခေါ်လာခဲ့၏။

"ယွီဟောက်—!!"

ချန်းယဲ့ခိုင်မျက်ခုံးများမူ နက်နက်နဲနဲကို ကျုံ့ဝင်လျက်ရှိ၏။

"လာကယ်လိုက်လေ"

ထိုအသံက ဆိုလာခဲ့သည်။

"Nicky မင်းဘယ်လောက်ထိစွမ်းအားကြီးလဲ မြင်ချင်ပါသေးရဲ့......"

အသံက လွင့်ပျယ်လို့သွားပြီဖြစ်၏။ ကျိုးရှန်းသည် တမုဟုတ်ချင်းကို ပြောမပြတတ်လောက်အောင် ဒေါသတရားများ ပေါက်ဖွားလာရတော့သည်။ ချန်းယဲ့ခိုင်ကမူ တစ်ဖက်လှည့်သွားကာ ထွက်လမ်းကို စတင်ရှာဖွေနေခဲ့သည်။ များမကြားမှီတွင် ကျိုးရှန်းက ကိုယ့်ကိုယ်ကို စိတ်ပြန်ထိန်းလျက် ဆိုလိုက်သည်။

"ရူဆဲနဲ့မတွေ့ခင်အထိတော့ သူအဆင်ပြေမှာပါ၊ ဒါပေမယ့်ကျွန်တော်တို့ အမြန်လုပ်ဖို့လိုတယ်"

ယွီဟောက်ခမျာ အားကြီးဖြင့် မြေကြီးပေါ်ပစ်ချခံလိုက်ရသည်။ သူက တမုဟုတ်ချင်း ရေအမြောက်အများအန်လာခဲ့ရင်း ဘေးဘီဝဲယာကို မျက်လုံးထောင့်မှ အကဲခတ်ကြည့်လိုက်သည်။ ၎င်းမှာ ထောက်တိုင်များ စင်္ကြံလမ်းများဖြင့် ပတ်လည်ဝိုင်းနေသည့် ဟာလာဟင်းလင်း မြေကွက်လပ်တစ်ခုဖြစ်၏။ ပိရမစ်အပြင်ဘက် ခြံဝန်းအလယ်ရှိ ကွင်းပြင်ကျယ်ကဲ့သို့ပင် ဤမြေကွက်လပ်အလယ်တွင် ယဇ်စင်မြင့်ကဲ့သို့သော ရေတွင်းတစ်တွင်းရှိပြီး ၎င်းရေတွင်းပေါက်မှ မဟူရာရောင်မြူခိုးမြူငွေ့များ တလူလူလှိမ့်တက်လျက် ရှိပါသည်။

Totemတော့ရှိမနေ။

Totemကဘယ်မှာပါလိမ့်? ယွီဟောက် တွေးမိသည်။

သူ့အား ပြန်ပေးဆွဲလာသည့် မြွေနဂါးကြီးသည် ရွှေအိုရောင်အလင်းတန်းများ တဖိန့်ဖိန့်တောက်ပလာခဲ့ပြီး ရွှေသားအတိဖြင့် ထုဆစ်လို့ထားသော ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားလေ၏။ ၎င်း၏ ရစ်ခွေနေသောပုံသဏ္ဌာန်သည် မြေကွက်လပ်နေရာတစ်ဖက်တွင် မားမားမတ်မတ် ရပ်တည်လျက်သား။

ပိန်ပိန်သွယ်သွယ် ယောကျ်ားတစ်ယောက်က ယွီဟောက်နား ချဉ်းကပ်လာခဲ့သည်။

"ရူဆဲလား?"

ယွီဟောက်က နံရံကိုအမှီသဟဲပြုရင်း ဖြည်းဖြည်းချင်း မတ်တပ်ထလျက် နောက်လှည့်ကာ ထိုယောကျ်ားကို မျက်နှာချင်းဆိုင်လိုက်သည်။

"အဲ့ဒါငါ့အင်္ကျီ"

ရူဆဲက တုန်ရီနေသောအသံဖြင့် ဖြေဆိုသည်။

"ငါ့အင်္ကျီပြန်ပေးပါ အရမ်းချမ်းလှပြီ"

ယွီဟောက်က ရူဆဲကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ရူဆဲသည် အသားအရေဖြူဖက်ဖြူရော်နှင့် အနည်းငယ်မျှရှည်လျားသော ဆံနွယ်တို့ကို ပိုင်ဆိုင်၏။ ခန္ဓာကိုယ်အပေါ်ပိုင်းကမူ လက်တလောတွင် အဝတ်မဲ့နေကာ အလွန်အမင်းပိန်လှီလွန်းလှပါ၏။ မျက်ဝန်းများထဲဝယ် ပြင်းပြသောနာကျင်မှုနှင့် အကြောက်တရားတို့က ထင်းလျက်။ ကျိုးရှန်းပြောခဲ့သည့် ညွှန်ကြားချက်များကို ယွီဟောက်သတိရလိုက်ပါသည်။ ယခု သူလုပ်သင့်သည့်အရာမှာ သေနတ်ကိုဆွဲထုတ်ပြီး ပစ်ထည့်လိုက်ရန်သာဖြစ်သည်။ ထိုသို့လုပ်လိုက်လျှင် ဘာဆက်ဖြစ်လိမ့်မည် သူမသိသော်ငြား ရူဆဲကိုတွေ့တွေ့ချင်း သူစဉ်းစားမိသည်မှာတော့ ထိုကောင်လေးအား သွားရောက်ပွေ့ဖက်ပေးချင်မိသည်ဆိုတာပင်......

......ဒါရူဆဲအစစ်မဟုတ်ဘူး၊ ချန်းယဲ့ခိုင်အိမ်မက်ထဲက ရူဆဲသာသာဘဲ။ ထိုသို့တွေးမိလိုက်သောအခါ အတော်လေးကို ကိုးရိုးကားယားနိုင်ကြောင်း ယွီဟောက် ရုတ်တရက် ခံစားမိလိုက်တော့သည်။

ရူဆဲသည် ငေါထွက်နေသောညှပ်ရိုးများ၊ ပိန်လှီနေသော လက်မောင်းများဖြင့် အလွန်အမင်းပိန်လွန်းလှသည်မှာ ရောဂါသည်တစ်ယောက်အလားပင်။ ရှုပ်ထွေးနေသောမျက်ဝန်းများဖြင့် သူသည် ယွီဟောက်အနား မနှေးမမြန်လေး ချဉ်းကပ်လာခဲ့ပြီး မျက်နှာအမူအရာကမူ အမုန်းတရားများကြောင့် ခက်ထန်ကြမ်းတမ်းနေပါသယောင်။

ကျောအနောက်ပို့ထားသည့် ယွီဟောက်လက်မှာ တုန်ရီနေခြင်းမှ ရပ်တန့်သွားပြီဖြစ်သည်။

"မင်းကငါ့ကိုသတ်ချင်နေတာလား?"

ရူဆဲက မယုံကြည်နိုင်စွာ ဆိုလာခဲ့သည်။

"ငါ့အင်္ကျီကိုလည်းယူသေးတယ်၊ အခုငါ့ကိုပါသတ်ချင်နေပြီပေါ့လေ?"

ယွီဟောက်က သေနတ်ကိုင်ထားသည့်လက်ကို ဖြေလျှော့လိုက်ပြီး သေနတ်မဆွဲထုတ်ပါတော့ချေ။ သို့သော်ငြား ရူဆဲက ရုန့်ရင်းကြမ်းတမ်းစွာ အော်လာခဲ့၏။

"ငါ့ကိုသတ်ချင်နေတာပေါ့?!!"

ရုတ်ချည်းဆိုသလို ယွီဟောက်အိတ်ကပ်ထဲရှိ သေနတ်မှာ အပြင်ခုန်ထွက်သွားပြီး အဝေးလွင့်ထွက်သွား၏။ ယွီဟောက်က အားခနဲအော်လိုက်မိပြီး ရူဆဲက သေနတ်ကိုဖမ်းကာ ယွီဟောက်ကို ချိန်ထားလိုက်သည်။

"အဲ့အင်္ကျီကမင်းကိုမကာကွယ်ပေးနိုင်ဘူး"

ရူဆဲက သေနတ်ကိုကိုင်ထားရင်း ယွီဟောက်ကိုချိန်ကာ အံကြိတ်လျက်ဆိုလာခဲ့သည်။

"ချွတ်စမ်း! ငါ့ကိုပြန်ပေး! သူခိုးကောင်! မင်းနဲ့မဆိုင်နဲ့ပစ္စည်းကိုယူထားတယ်! ငါကမှသူ့ပိုင်ရှင်ကွ!"

ယွီဟောက်ကမူ ပင့်သက်ရှိုက်ဖိုစွာလေရှူရင်း ရုတ်တရက်ဆိုလိုက်သည်။

"ဘာလို့မင်းကိုယ်တိုင်လာပြီးမချွတ်လဲ?"

မျက်ရည်စများက ရူဆဲမျက်ဝန်းများအတွင်းမှ တလှိမ့်ချင်း စီးကျလာခဲ့သည်။ ယွီဟောက်ခမျာ မှင်သက်သွားရပြီး ထို့နောက်တော့ ရူဆဲက သေနတ်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်လေသည်။

"ကြည့်နေလိုက်"

ရူဆဲကဆိုသည်။

"မင်းနောင်တရစေရမယ်"

သူပြောပြီးသည်နှင့် အတောင်ပံပါသော မြွေနဂါးနတ်ဘုရားက ၎င်း၏နတ်ရုပ်ထုမှ ပြန်ထွက်လာခဲ့ကာ ယွီဟောက်အနားရောက်ရှိလာခဲ့၏။ ၎င်းက သူ၏ကိုယ်ကိုခွေကာ နေရာကျဉ်းလေးတစ်ခု ဖန်တီးလျက် ယွီဟောက်ကို ထွက်မပြေးနိုင်အောင် သူ့ကိုယ်ကြား ရစ်ပတ်ထားလေသည်။

ရူဆဲကမူ ရေတွင်းရှိရာသို့ ချဉ်းကပ်သွားပြီး သေနတ်ကို ဘေးချထားလိုက်သည်။ ပိန်လှီလှသော ကျောပြင်မှာ ယွီဟောက်ကို မျက်နှာချင်းဆိုင်ထားလျက်ရှိပြီး သူ၏လက်ပြင်ရိုးမှာ ထင်ရှားလွန်းလှသဖြင့် ကျောရိုးများကိုပင် မထင်မရှား ရေတွက်ကြည့်နိုင်လောက်ပါသည်။

"လာခဲ့လိုက်"

ရူဆဲက ရေတွင်းထဲသို့ နှေးကွေးစွာ ဆိုလိုက်သည်။

"သူ့ကိုငါ့လက်နှစ်ဖက်နဲ့ကိုယ်တိုင်......မင်းရှေ့မှာသတ်ပြချင်တယ်......"

~~~

{Zawgyi}

[Vol-2: Chichén Itzá]
ဘုရားေက်ာင္းထဲသို႔ အေလာတႀကီးဝင္ေျပးရျခင္း

ေရွးေဟာင္းအ႐ိုးစုသုံးေယာက္သည္ ေနာက္လွည့္ကာ ကြင္းဆီသို႔ ခ်ဥ္းကပ္လာၾကသည္။ မေရမတြက္ႏိုင္ေအာင္ မ်ားျပားလြန္းလွေသာ က်ားသစ္မ်ားကလည္း ကြင္းပတ္ပတ္လည္ ဝန္းရံလ်က္ ဆာေလာင္မြတ္သိပ္စြာ သူတို႔အားသြားရည္တျမားျမား ၾကည့္ေနၾက၏။

"သုံးေယာက္ထဲကႏွစ္ေယာက္ေတာ့ႏိုင္ရမယ္"

ထိုအသံသည္ ဆိုလာခဲ့ၿပီး​ Chichén Itzá၏ ဝင္ေပါက္တံခါးမွာ ႐ုတ္ခ်ည္းဝုန္းခနဲ ပြင့္လာခဲ့သည္။

အ႐ိုးစုစစ္သည္ေတာ္မ်ားဟာလည္း ေျခေထာက္ကိုယ္စီေျမႇာက္ကာ အျပာေရာင္မီးေဘာလုံးေပၚတြင္ အသင့္ေနရာယူထားလိုက္ၾက၏။

"လုပ္ႏိုင္ရဲ႕လား?"

က်ိဳးရွန္းက အေဝးရွိ ေလေပၚပ်ံေနသည့္ သံကြင္းကိုၾကည့္ရင္း ယြီေယာက္အား ေမးလာခဲ့သည္။

"ဘယ္လိုထင္လို႔လဲ?"

ယြီေဟာက္ကဆိုသည္။

"ဘယ္လိုလုပ္,လုပ္ႏိုင္မွာလဲငါက?!"

သံကြင္းမွာ အေတာ္ေလးေဝးကြာလြန္းလွၿပီး ယြီေဟာက္အဖို႔ အတြင္းထဲတည့္တည့္ ကန္္ႏိုင္ဖို႔ေတာင္အႏိုင္ႏိုင္ပင္။

"အာ့ဆိုလည္းငါတို႔ႏွစ္ေယာက္ပဲၾကည့္ရွင္းရေတာ့မွာေပါ့"

က်ိဳးရွန္းက ခ်န္းယဲ့ခိုင္ကိုၾကည့္ရင္း ဆိုလိုက္သည္။

ခ်န္းယဲ့ခိုင္က တစ္ဖက္လွည့္ကာ အ႐ိုးစုစစ္သည္မ်ားကိုၾကည့္ရင္း ဆို၏။

"ယြီေဟာက္ မင္းအရင္ကန္လိုက္"

ယြီေဟာက္ခမ်ာ ေတြးမိလိုက္ေတာ့၏ - အိမ္မက္ထဲဒီေလာက္ လုပ္လို႔ရတာေတြအမ်ားႀကီးရွိတာကို ဘာလို႔ေဘာလုံးကန္တာမွလဲ?! ငါေတာ္တဲ့ဟာေလးတစ္ခုခုမ်ား ျဖစ္လိုက္ပါေတာ့လားကြာ?!

"အေကာင္းဆုံးႀကိဳးစားပါ့မယ္"

ယြီေဟာက္ခမ်ာ ဆိုလိုက္ရေတာ့သည္။

"ဒါနဲ႔ သုံးေယာက္မွာႏွစ္ေယာက္ႏိုင္ရင္ရတယ္ဆိုေတာ့ ခင္ဗ်ားတို႔ကိုပဲအားကိုးမယ္ေနာ္"

က်ိဳးရွန္းက ယြီေဟာက္ကို စိတ္ေအးေအးထားရန္ မ်က္လုံးျဖင့္အခ်က္ျပသည္။ ယြီေဟာက္က အခ်ိန္အေတာ္အတန္အၾကာ ေဘးဘီဝဲယာကို ေလ့လာၾကည့္ရႈေနခဲ့ၿပီးေနာက္ အားျပင္းျပင္းျဖင့္ မီးေဘာလုံးကို ေဆာင့္ကန္ပစ္လိုက္ေတာ့သည္။ အျပာေရာင္မီးေဘာလုံးသည္ မိုးေပၚပ်ံတက္သြားခဲ့ၿပီးေနာက္ ေလထဲတြင္ တစ္ပတ္ၿပီးတစ္ပတ္ လည္ေနခဲ့၏။ ခ်န္းယဲ့ခိုင္က တမုဟုတ္ခ်င္း လက္ခုပ္ဩဘာေပးလာခဲ့ေလသည္။

က်ိဳးရွန္း, "ေကာင္းတယ္!"

သို႔ေသာ္ျငား အ႐ိုးေျခာက္စစ္သည္တစ္ေယာက္က ႐ုတ္တရက္ဆိုသလို သူ႔ကိုယ္ပိုင္ေဘာလုံးကို ကန္ပစ္လိုက္ေလရာ ေနာက္ထပ္အျပာေရာင္မီးေဘာလုံးတစ္လုံး ေလေပၚပ်ံဝဲလာခဲ့ၿပီး ယြီေဟာက္၏ေဘာလုံးႏွင့္ သြားေရာက္ထိမွန္ တိုက္မိသြားသျဖင့္ ယြီေဟာက္ေဘာလုံးမွာ သံကြင္းနားေရာက္ခါနီးမွ သီသီေလး တန္ျပန္ကန္ထြက္သြားရေတာ့၏!

"ဒါညစ္တာပဲ!"

ယြီေဟာက္ခမ်ာ ၿပီးခဲ့သည့္မိနစ္ပိုင္းေလာက္ကမွ အတည္ႀကီးဂိုးသြင္းႏိုင္ခဲ့ၿပီဆိုၿပီး အံ့ဩလုနီးနီး ျဖစ္ေနခဲ့႐ုံရွိေသး၊ အခုလို မတရားခံလိုက္ရေသာအခါ ေဒါသအိုးေပါက္ကြဲေတာ့ေလ၏။

ထိုအသံက ျပန္ဆိုလာခဲ့သည္။

"မင္းရႈံးသြားၿပီ၊ ငါ့လိုေသဖို႔ထိုင္ေစာင့္ေနလိုက္ေတာ့......"

ယြီေဟာက္က စိတ္ဆိုးမာန္ဆိုးျဖင့္ ေအာ္ေလသည္။

"ကလိမ္ကက်စ္ေကာင္! ဘယ္လိုလုပ္ႏိုင္ေတာ့မွာလဲလို႔! သူလုပ္ခ်င္တိုင္းလုပ္ေနတာ!"

က်ိဳးရွန္းက ယြီေဟာက္ကို ဆက္မေျပာရန္ လက္ကာျပလ်က္ ေရွ႕တိုးသြားသည္။

"နာကာဂါဝါလူႀကီးမင္းရယ္ သုံးေယာက္မွာႏွစ္ေယာက္ႏိုင္ဖို႔ သေဘာတူထားၿပီးသားေလ၊ ေလာင္းေၾကးထပ္ၿပီးမွေတာ့ ရႈံးလည္းလက္ခံႏိုင္ရမွာေပါ့၊ အခုကြၽန္ေတာ္တို႔အလွည့္ပဲ ဘယ္သူအရင္ကန္မွာလဲ?"

ခ်န္းယဲ့ခိုင္က တခနမွ် ေတြေဝေနခဲ့ၿပီးေနာက္ ေဘးရွိအ႐ိုးေျခာက္စစ္သည္ေတာ္မ်ားကို ၾကည့္ရင္း ဆိုလိုက္သည္။

"ငါအရင္ကန္မယ္"

ခ်န္းယဲ့ခိုင္က ယြီေဟာက္ကို ဘာမွစိတ္မပူရန္ အမူအရာျပသည္။ က်ိဳးရွန္းႏွင့္ ယြီေဟာက္လည္း ေျခႏွစ္လွမ္းဆီ ေနာက္ဆုတ္လိုက္ၾက၏။ ခ်န္းယဲ့ခိုင္က တီးတိုးဆိုလာခဲ့သည္။

"႐ူဆဲ ကိုယ္မင္းကိုေျပာစရာေတြအမ်ားႀကီးရွိေသးတယ္၊ ကိုယ့္ဘဝတစ္ေလွ်ာက္လုံး ဒီအခြင့္အေရးကိုေစာင့္ေနခဲ့တာ"

တစ္ခ်ိန္တည္းမွာပင္ သူက ေျပးသြားလိုက္ရင္း ေျခေထာက္ကိုေျမႇာက္လိုက္စဥ္ ေနာက္ထပ္အ႐ိုးေျခာက္စစ္သားကလည္း ေျခကိုလိုက္ေျမႇာက္လ်က္ ေဘာလုံးကို ပိတ္ကန္လိုက္ေလ၏!

သို႔ေပသိ ဝါရင့္ေနၿပီးသား ခ်န္းယဲ့ခိုင္မွာ တမင္လွည့္စားလိုက္ျခင္းျဖစ္ေပ၏။ သူကကိုယ္ကိုတစ္ပတ္လွည့္လိုက္ၿပီး အနည္းငယ္မွ် ေဆာင့္ေၾကာင့္ထိုင္လ်က္ အ႐ိုးေျခာက္စစ္သည္ ေဘာလုံးကန္ၿပီးသည္အထိ ခနတျဖဳတ္ေလာက္ ေစာင့္ၿပီးကာမွ ေနာက္ကလိုက္ကန္ေလေတာ့သည္!

ယြီေဟာက္ႏွင့္ က်ိဳးရွန္းမွာ လက္ခုပ္ဩဘာမ်ား က်ယ္က်ယ္ေလာင္ေလာင္ ေပးလိုက္ၾကေတာ့သည္။ မ်က္စိတစ္ဆုံးျမင္ေနရသည္ဆိုလို႔ အျပာေရာင္မီးေဘာလုံးႏွစ္လုံး သံကြင္းဆီ ေရွ႕ဆင့္ေနာက္ဆင့္ ဦးတည္ေျပးသြားသည့္ပုံသာျဖစ္ၿပီး ခ်န္းယဲ့ခိုင္ကန္လိုက္သည့္ေဘာလုံးမွာ ေလထဲတြင္ တစ္ပတ္ၿပီးတစ္ပတ္ လွပေသသပ္စြာ လည္ပတ္လ်က္ အ႐ိုးေျခာက္စစ္သား၏ ေဘာလုံးကို တြန္းထုတ္ပစ္လိုက္ရင္း ဂိုးေပါက္ထဲတည့္တည့္ ဝင္သြားေတာ့ေပ၏!

ထိုအသံက ႐ုတ္တရက္ ေဒါသတႀကီး ေအာ္ဟစ္လာေလသည္။

"မင္းေၾကာင္သူေတာ္ႂကြက္သူခိုးေကာင္!"

ခ်န္းယဲ့ခိုင္က ပိရမစ္ရွိရာသို႔ ေမာ့ၾကည့္ရင္း တည္တည္ၿငိမ္ၿငိမ္ဆိုလိုက္သည္။

"ငါ့ကိုေခၚသြားပါေတာ့ ႐ူဆဲ၊ ဒါဆိုအရာအားလုံးၿပီးဆုံးသြားလိမ့္မယ္!"

"မၿပီးေသးဘူး!"

က်ိဳးရွန္းက ပ်င္းတိပ်င္း႐ြဲဆိုလိုက္ၿပီး ေရွ႕တိုးကာ မီးေဘာလုံးအေပၚ ေျခေထာက္တင္သည္။

"ေနာက္ဆုံးတစ္လုံးက်န္ေသးတယ္ေလ၊ ဘယ္လိုလုပ္ခင္ဗ်ားကို တစ္ေယာက္တည္းသြားခြင့္ျပဳႏိုင္မွာလဲ?"

ယြီေဟာက္ခမ်ာ ခ်က္ခ်င္းလက္ငင္း စိုးရိမ္လာရေတာ့၏။ ထိုအသံက ေအးတိေအးစက္ႏိုင္စြာ ဆိုသည္။

"ဒါဆိုလည္းလုပ္ေပါ့၊ မင္းဘယ္ေလာက္အရည္အခ်င္းရွိလဲ ငါ့ကိုျပစမ္းပါ"

"ယြီေဟာက္ စြမ္းအားေပး"

က်ိဳးရွန္းကေနာက္လွည့္ကာ ညင္ညင္သာသာ ဆိုလာခဲ့သည္။

ယြီေဟာက္လည္း ေရွ႕တိုးသြားလိုက္သည္။ က်ိဳးရွန္းက ေက်ာေနာက္မွဒိုင္းကို ယူလိုက္ၿပီး လက္ထဲတြင္ ကိုင္ေဆာင္ထားလိုက္သည္။ ခ်န္းယဲ့ခိုင္တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္၏။

"မင္းဘာလုပ္ေနတာလဲ?"

ယြီေဟာက္ခမ်ာလည္း အေတာ္ေလးကို စိတ္ရႈပ္ေထြးေနရပါသည္။ က်ိဳးရွန္းကဆို၏။

"ျမန္ျမန္ေလး အရင္တစ္ေခါက္ကလုပ္သလိုပဲေလ"

ယြီေဟာက္, "ဒါေပမယ့္ ငါ့မွာစြမ္းအားသိပ္မက်န္ေတာ့ဘူး"

က်ိဳးရွန္း, "ရွိသေလာက္ပဲေပးလိုက္၊ ရတယ္"

ယြီေဟာက္လည္း က်ိဳးရွန္းေက်ာေပၚတြင္ လက္ကိုဖိကပ္ထားလိုက္ေတာ့သည္။ ခ်န္းယဲ့ခိုင္ကမူ ႏွစ္ေယာက္သားအား မယုံသကၤာျဖစ္စြာ ၾကည့္ေနခဲ့၏။ သို႔ေပသိ ထိုအခိုက္ က်ိဳးရွန္းလက္ထဲကိုင္ေဆာင္ထားသည့္ ဒိုင္းအကာက မီးလင္းလာခဲ့ၿပီး လ်င္ျမန္စြာ ပုံသဏၭာန္ေျပာင္းလဲသြားေလ၏။ က်ိဳးရွန္းက ေအာ္သည္။

"ေနာက္ဆုတ္ေတာ့!"

ယြီေဟာက္လည္း ျမန္ျမန္ေနာက္ဆုတ္လိုက္သည္။ က်ိဳးရွန္းသည္ ေဘာလုံးကိုနင္းထားရင္း လက္ထဲကိုင္ေဆာင္ထားသည့္ ဒိုင္းကိုခါရမ္းလိုက္ေသာအခါ ၎မွာ အေရာင္အဝါ ထြန္းလင္းေတာက္ပလွသည့္ က်င္းကူးပန္႔အျဖစ္ ေျပာင္းလဲသြားေလ၏—

"သြား ေသလိုက္ေတာ့!!"

က်ိဳးရွန္းတစ္ေယာက္ ေဒါသတႀကီး ႀကဳံးဝါးလိုက္ရင္း က်င္းကူးပန္႔ကိုလႊဲကာ ကြင္းတစ္ဖက္ရွိ အ႐ိုးေျခာက္ေခါင္းေဆာင္အား အားျဖင့္ ခပ္ျပင္းျပင္း ႐ိုက္ခ်ပစ္လိုက္ေတာ့သည္။

ယြီေဟာက္, "......"

က်ိဳးရွန္းသည္ကား ေလေပၚပ်ံတက္သြားစဥ္အေတာအတြင္း စြန္းဝူခုန္းအျဖစ္ ခတၱခန ေျပာင္းလဲလို႔သြားေပ၏။ သူက ေလထဲတင္ ကြၽမ္းတစ္ပတ္ေလာက္ပစ္လ်က္ သူ၏တင့္ဟိုက္ရွန္းက်န္းကို ခပ္ျပင္းျပင္းလႊဲခ်ပစ္လိုက္ရာ အ႐ိုးေျခာက္ေခါင္းေဆာင္ႏွင့္အတူ ကြင္းထဲရွိ ေက်ာက္သားၾကမ္းခင္းႀကီးတစ္ခုလုံးပါ အတန္းလိုက္ႀကီး ေႂကြမြပ်က္စီးကုန္ေပေတာ့သည္!

ခ်န္းယဲ့ခိုင္ခမ်ာ လုံးလုံးလ်ားလ်ားကို ေၾကာင္အမ္းသြားရရွာသည္။ ထို႔ေနာက္မွာေတာ့ က်ိဳးရွန္းက ေလေပၚတြင္ တစ္ပတ္ျပန္လွည့္လိုက္ၿပီး လူသားပုံစံ ျပန္လည္ေျပာင္းလဲလိုက္ကာ အျပာေရာင္မီးေဘာလုံးကို ကန္ခ်ပစ္လိုက္သည္။ ၎မွာ ၾကယ္တာရာေႂကြဆင္းသည့္ႏွယ္ ေကာင္းကင္ယံတစ္ဆုံး ထိုးေဖာက္လို႔သြားၿပီး ဂိုးေပါက္တည့္တည့္ဝင္သြားေတာ့ေပ၏!

တတိယေဘာလုံးသည္လည္း ဂိုးဝင္သြားၿပီျဖစ္ရာ Chichén Itzáဝင္ေပါက္ဂိတ္အား ကာရံေပးထားသည့္ အကာအကြယ္စည္းမွာ ဘန္းခနဲပ်က္ပ်ယ္သြားေတာ့သည္။ ေလေပၚပ်ံဝဲလ်က္ရွိေသာ သံကြင္းတိုင္ဆီမွ အလင္းေရာင္စူးစူးေတာက္ေတာက္မ်ား လင္းထိန္လာခဲ့ၿပီး ထို႔ေနာက္မွာေတာ့ ၎က ပိရမစ္သို႔ဦးတည္ေသာ ေလွကားထစ္တစ္ခုအျဖစ္ ေျပာင္းလဲသြားလို႔သြားေပ၏။ ယြီေဟာက္ႏွင့္ ခ်န္းယဲ့ခိုင္တို႔မွာ လက္ခုပ္ဩဘာစည္တီးလ်က္ ေအာင္ပြဲခံေနၾကေသာ္လည္း က်ိဳးရွန္းက ေအာ္ေလသည္။

"သြားေတာ့!"

က်ိဳးရွန္းမွ အေရွ႕ကဦးေဆာင္လ်က္ သုံးေယာက္သားအတူ ေလွကားထစ္ဆီ ေျပးသြားၾကခ်ိန္ ထိုအသံက ေဒါသမိုးေမွာင္က်စြာ ေအာ္ဟစ္လာခဲ့၏။

"မင္းစည္းကမ္းေဖာက္တယ္!"

က်ိဳးရွန္းက သေရာ္လိုက္သည္။

"စည္းကမ္းကငါကိုယ္တိုင္ေရးတာေလ"

စကၠန္႔ပိုင္းေလးအတြင္းမွာပင္ ကမာၻေလာကႀကီးတစ္ခုလုံး ျပင္းျပင္းထန္ထန္ တုန္ခါလို႔လာေတာ့၏။ ရွိရွိသမွ် က်ားသစ္မ်ားဟာလည္း သုံးေယာက္သားထံ ဒုန္းစိုင္းေျပးလာခဲ့ၾကၿပီး ေလွကားထစ္မွာလည္း စတင္ကာ ပ်က္စီးယိုယြင္းလို႔လာေလသည္။ ခ်န္းယဲ့ခိုင္က ေနာက္ဆုံးမွေျပးလ်က္ ေအာ္လိုက္သည္။

"မင္းတို႔သြားႏွင့္ၾက! ငါ့ကိုစိတ္မပူနဲ႔!"

က်ိဳးရွန္းက ယြီေဟာက္ကို အေပၚဆြဲတင္ေပးလိုက္ၿပီး ႏွစ္ေယာက္အတူ ေလွကားထစ္လမ္းအတိုင္းေျပးလ်က္ Chichén Itzá ဝင္ေပါက္သို႔ေျပးသြားၾကစဥ္ ခ်န္းယဲ့ခိုင္ကလည္း ေနာက္မွထပ္ၾကပ္မကြာ ေျပးလိုက္လာခဲ့သည္။ ယြီေဟာက္ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ ပထဝီေျမႀကီးအားလႊမ္းလ်က္ အထက္အာကာယံကိုပင္ ေလာင္ၿမိဳက္ျပာက်လို႔သြားေစမည့္ ၿပိဳးၿပိဳးျပက္ျပက္ တလက္လက္ေတာက္ေနေသာ လွ်ပ္စီးမိုးႀကိဳးမ်ားကို မ်က္စိတဆုံး ျမင္ေတြ႕လိုက္ရေတာ့၏။ ခ်န္းယဲ့ခိုင္ကမူ ေနာက္လွည့္ကာ ေလွကားထစ္ကို ကာကြယ္ေစာင့္ၾကည့္ေပးထားေလသည္။ အႏွီကမာၻေလာကႀကီး၏ အစြန္းတစ္ဖက္ ေကာင္းကင္ဘုံဆီမွ ေပးသနားလာခဲ့ေသာ မိုးႀကိဳးမုန္တိုင္းမ်ားသည္ကား ကမာၻ႔အလယ္ဗဟိုတြင္ လာေရာက္ေပါင္းဆုံခဲ့ၾကရင္း မိုးသစ္ေတာတစ္ေတာလုံးကို မီးေလာင္တိုက္သြင္းပစ္လ်က္ သုံးေယာက္သားဆီ ဒုန္းစိုင္းေျပးလာေနၾကေသာ က်ားသစ္မ်ားအေပၚ တဂ်ိမ္းဂ်ိမ္း မနားတမ္း မိုးႀကိဳးမ်ားပစ္ခတ္လာခဲ့ရာ တစ္ေကာင္ၿပီးတစ္ေကာင္ ေလွကားထစ္ေပၚမွ အတုံးအ႐ုန္း ျပဳတ္က်ကုန္ေတာ့၏!

"ခိုင္ခိုင္!"

က်ိဳးရွန္းကေအာ္သည္။

"လာေတာ့!"

ခ်န္းယဲ့ခိုင္တစ္ေယာက္ ကိုယ့္ကိုယ္ကို လွ်ပ္စီးထိန္းခ်ဳပ္ႏိုင္မွန္း သတိထားမိသြားၿပီး တမုဟုတ္ခ်င္း ခုန္အုပ္ရန္ႀကိဳးစားေနၾကသည့္ က်ားသစ္မ်ားအားလုံးကို လွ်ပ္စီးျဖင့္ပစ္ခ်ၿပီးကာမွ ႏွစ္ေယာက္ရွိရာထံ ေျပးသြားလိုက္ေတာ့သည္။ ယြီေဟာက္ကမူ ထြက္ေျပးေနရင္း က်ိဳးရွန္းထံ ေအာ္ေျပာေလသည္။

"အျပင္ကဟာေတြအကုန္မီးေလာင္ကုန္ၿပီ!"

က်ိဳးရွန္းက ျပန္ေအာ္ေျပာသည္။

"မေၾကာက္နဲ႔! အခ်ိန္ရွိေသးတယ္! အထဲကလုံၿခဳံတယ္!"

ပိရမစ္ဝန္းက်င္တစ္ခုလုံးမွာ မီးလွ်ံမ်ားေအာက္ ဝါးၿမိဳခံလိုက္ရၿပီျဖစ္၏။ မီးေတာက္မ်ားသည္ကား မွိန္ပ်ပ်သိစိတ္ကမာၻႀကီးအား တမူထူးျခားေတာက္ပေအာင္ အလင္းေဆာင္က်ဥ္းေပးလ်က္ရွိေပသည္။ သုံးေယာက္သား Chichén Itzáဝင္ေပါက္သို႔ ဂမူးရႉးထိုး ဝင္ေျပးသြားၿပီးေနာက္ တံခါးႀကီးမွာလည္း ဂ်ိန္းခနဲ ပိတ္သြားေတာ့ေပသည္။

ထို႔ေနာက္ သုံးေယာက္သားသည္ ေဟာခန္းအက်ယ္ႀကီးရွိရာဆီသို႔ ထြက္ေျပးသြားလိုက္ၾကသည္။

က်ိဳးရွန္းက ႐ုတ္တ႐ုက္ ရပ္တန္႔လိုက္သည္။ ေရွ႕တြင္ရွိေနသည္ကမူ ေနာက္ထပ္ဧရာမတံခါးခ်ပ္ႀကီးတစ္ခု။ ထိုတံခါးခ်ပ္၌ ျဖဴနီျပာဝါေရာင္စုံေသာ ေက်ာက္ျမတ္ရတနာအမ်ားအျပားကို အစီအစဥ္မက် မညီမညာ ထည့္သြင္းထုစစ္လို႔ထားၿပီး ၎တံခါးခ်ပ္အား ဝိုင္းရံလ်က္ရွိေသာ မ်က္ႏွာၾကက္၌ ေရေျမာင္းက်ဥ္းေလးမ်ားကဲ့သို႔ေသာ အေျမာင္းအေျမာင္းမ်ား ပါရွိေလ၏။ ထိုအေျမာင္းမ်ားၾကားဝယ္ ေက်ာက္မ်က္ရတနာမ်ားကို အျပည့္ျဖည့္ထားလ်က္ ၎တို႔သည္ တဖ်ပ္ဖ်ပ္တလက္လက္ျဖင့္ ႐ႊန္းစိုေတာက္ပေနေပေတာ့သည္။

"ဒါကေရာဘာႀကီးတုန္း?"

က်ိဳးရွန္းကေမးသည္။

ခ်န္းယဲ့ခိုင္ကမူ ေဟာခန္းအလယ္ မ်က္ႏွာေသျဖင့္ မတ္တပ္ရပ္ေနေလ၏။

ယြီေဟာက္က ေရွ႕တိုးလာၿပီး တံခါးခ်ပ္ေပၚရွိ ၾကမ္းျပင္ႏွင့္နီးေသာေနရာမွ ရတနာတစ္တုံးကို ဖိၾကည့္လိုက္ေသာအခါ ၎က "တီ"ဆိုၿပီး အသံထျမည္ေလသည္။

က်ိဳးရွန္း, "ယႏၲရားလား?"

ယြီေဟာက္က ေနာက္ထပ္အေရာင္တူတစ္ခုကို ထပ္ဖိလိုက္ေသာအခါ ၎ကပါ ထပ္တူမီးလင္းလာေလ၏။

ယြီေဟာက္, "......"

ယြီေဟာက္လည္း တတိယတစ္ခုကို ထပ္ဖိၾကည့္လိုက္သည္။ ေက်ာက္မ်က္မ်ားသည္ စတင္ေ႐ြ႕လ်ားကာ ေနရာေျပာင္းလဲလာၾကၿပီး တတန္းတည္းအတူတကြ ေနရာယူၿပီးေသာ္ "တိန္"ခနဲအသံျဖင့္ ေပ်ာက္ကြယ္သြားေပ၏။ ထို႔ေနာက္ အေပၚဘက္မွ ေက်ာက္မ်က္ရတနာမ်ားက "ဒတ္"ခနဲ ျပဳတ္က်လာၾကကာ ထိုေနရာတြင္ တလဲအစားထိုးဝင္ေရာက္ၾကေလသည္။

"အတည္ႀကီးလား?!"

က်ိဳးရွန္းက စိတ္ဒုကၡေရာက္စြာ ေအာ္လာခဲ့သည္။

"ခင္ဗ်ားအိမ္မက္ထဲ ဘယ္လိုလုပ္Anipopပါ ေရာက္ေနတာတုန္း?!"

[ Candy Crushလို gameမ်ိဳးပါ ]

"႐ူဆဲက အဲ့ဂိမ္းေဆာ့ရတာအရမ္းႀကိဳက္တာ!"

ခ်န္းယဲ့ခိုင္က ျပန္အမွတ္ရသြားၿပီး ေအာ္လိုက္သည္။

"ခနေလး ငါစဥ္းစားလိုက္ဦးမယ္! အထဲဝင္ဖို႔ကဒီတံခါးဖြင့္ႏိုင္ဖို႔လိုတယ္!"

ယြီေဟာက္က တမုဟုတ္ခ်င္း ဆိုလိုက္သည္။

"ကြၽန္ေတာ့လုပ္မယ္! ကြၽန္ေတာ္ဒီဂိမ္းေဆာ့တတ္တယ္!"

မ်က္ႏွာၾကက္ဆီမွ ေရစီးသံမ်ား ထြက္ေပၚလို႔လာ၏။ ခ်န္းယဲ့ခိုင္မွ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ ေက်ာက္မ်က္အတုံးေလးမ်ား လစ္ဟာသြားသည့္ ေနရာမ်ားမွ ေရမ်ားစီးဝင္လာသည္ကို ေတြ႕လိုက္ရ၏။ က်ိဳးရွန္းပင္ မေအာ္ရေသး၊ ခ်န္းယဲ့ခိုင္က ခ်က္ခ်င္းဆိုလာခဲ့ေလသည္။

"Iguazuေရတံခြန္ကေရေတြဝင္လာေနၿပီ!"

ေရမ်က္ႏွာျပင္ျမင့္တက္လာသည္ႏွင့္အမွ် က်ိဳးရွန္းလည္း ေလာလာခဲ့သည္။

"ယြီေဟာက္! ျမန္ျမန္!!"

"ရွာေနတယ္ဟ!"

ယြီေဟာက္လည္း အတန္းႏွစ္တန္း ေျဖရွင္းၿပီးသြားၿပီျဖစ္သည္။ သူက႐ုတ္တရက္ အေပၚဘက္မွ ေ႐ႊေရာင္အတုံးႏွစ္တုံးကို သတိထားမိသြားၿပီး ဂိတ္တံခါးအလယ္ရွိ အေျမာင္းအလြတ္ႏွစ္ခုကိုပါ ျမင္ေသာအခါ ႐ုတ္ခ်ည္းသေဘာေပါက္သြား၏။ ထိုေ႐ႊတုံးႏွစ္တုံးကို အႏွီအေျမာင္းအလြတ္ထဲက်ေအာင္ ပို႔ရမည္ပင္! သူက ခပ္သြက္သြက္ပင္ ရတနာတုံးမ်ားကို လိုက္ဖိလိုက္ေသာအခါ "တိန္ တိန္ တန္ တန္ ဖုတ္ ဖုတ္" ျဖင့္ အသံေပါင္းစုံ ေအာ္ျမည္လ်က္။ တံခါးေပၚရွိ ရတနာတုံးေလးမ်ားမွာ ျမန္ျမန္ဆန္ဆန္ပင္ ေပ်ာက္ကြယ္လို႔သြားၿပီး မ်က္ႏွာၾကက္မွ ရတနာတုံးေလးမ်ားက လြတ္သြားသည့္ေနရာသုံးကြက္တြင္ အလ်င္အျမန္ လာေရာက္ျဖည့္ဆည္းၾကကုန္သည္။

"က်န္တာ ငါမမွီဘူး!"

ယြီေဟာက္ကေအာ္လာခဲ့သည္။

က်ိဳးရွန္းကအျမန္ေျပးလာခဲ့ၿပီး ဂိတ္တံခါးေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္ကာ ေရွ႕သို႔လက္ထုတ္ေပးလ်က္ ယြီေဟာက္ကိုလက္ေပၚနင္းေစၿပီး ေက်ာေပၚမတ္တပ္ရပ္ေစေလသည္။ ယြီေဟာက္ အျမင့္မွ ရတနာတုံးမ်ားကို လိုက္ဖိေနစဥ္ ခ်န္းယဲ့ခိုင္ကလည္း ေရွ႕တိုးလာခဲ့ကာ က်ိဳးရွန္းကဲ့သို႔ လိုက္လုပ္ေပးသည္။ ယြီေဟာက္မွ သုံးလုံးစလုံး တၿပိဳင္နက္တည္းဖိၿပီးေနာက္ "တိန္ တိန္ တိန္ — တန္"! ဆိုၿပီးအသံထြက္ေပၚလာ၏။ ဘယ္ဘက္မွ ေ႐ႊတုံးေလးသည္ အေျမာင္းၾကားထဲျပဳတ္က်လို႔သြားၿပီး ဂ်ီခနဲအသံျဖင့္ ေတာက္ပစြာ လင္းထိန္လာခဲ့ေပသည္။

ယြီေဟာက္, "ေနာက္တစ္တုံးက်န္ေသးတယ္!"

ခ်န္းယဲ့ခိုင္ႏွင့္ က်ိဳးရွန္းက သံၿပိဳင္ေအာ္လိုက္ၾကသည္။

"ျမန္ျမန္!"

ရတနာမ်ားတစ္ခါေပ်ာက္သြားတိုင္း မ်က္ႏွာၾကက္ေပၚမွေရမ်ား ဒလေဟာစီးက်လာမႈမွာ ေရလႊမ္းေနသလားပင္ ေအာက္ေမ့ရ၏။ ေရမ်က္ႏွာျပင္မွာ ဇြဲေကာင္းေကာင္းပင္ ျမင့္တက္လာခဲ့၍ က်ိဳးရွန္းပုခုံးပင္ ေရထဲျမႇဳပ္ေနရၿပီျဖစ္သည္။ ယြီေဟာက္အဖို႔ ယခု က်ိဳးရွန္းေက်ာေပၚမနင္းဘဲ အျမင့္မွရတနာတုံးမ်ားကို မွီသြားၿပီျဖစ္ေသာ္လည္း တံခါးခ်ပ္ေပၚမွ ရတနာမ်ားကို ေျဖရွင္းဖို႔ က်န္ေနေသးသည္ပင္။ ထို႔ေၾကာင့္သူက ေရကူးသြားရန္သာ တတ္ႏိုင္ရွာေတာ့သည္။

"ဟိုမွာ! ဟိုနားမွာ အေရာင္တူႏွစ္ခုရွိတယ္!"

ခ်န္းယဲ့ခိုင္ကလည္း ေရေပၚကူးခတ္ရင္း ယြီေဟာက္ကို သတင္းေပးသည္။

က်ိဳးရွန္း, "ဟိုမွာေရာပဲ! အဲ့ကပိုနီးတယ္!"

ယြီေဟာက္လည္း ေရကူးသြားလိုက္ၿပီး သုံးလုံးတစ္တြဲကို ေျဖရွင္းလို႔ၿပီးေသာ္ ႐ုတ္တရက္ ျပႆနာတစ္ခုကို သတိရသြား၏။

ယြီေဟာက္, "ငါကဘယ္လိုလုပ္ၿပီးေရကူးတတ္ေနတာတုန္း?"

ခ်န္းယဲ့ခိုင္, "ယြီေဟာက္ မင္းေရမကူးတတ္ဘူးလား?"

က်ိဳးရွန္း, "......"

ယြီေဟာက္ခမ်ာ တမုဟုတ္ခ်င္း ေရနစ္သြားရေတာ့၏။ က်ိဳးရွန္းကလွမ္းဆြဲလိုက္ၿပီး ေအာ္လိုက္သည္။

"မလႈပ္နဲ႔!"

ယြီေဟာက္ ခ်က္ခ်င္း သေဘာေပါက္လိုက္ပါသည္။ သူ ေရမကူးတတ္မွန္း ခ်န္းယဲ့ခိုင္က မသိေပ။  သူ႔သိစိတ္ထဲတြင္ ယြီေဟာက္ကို ေရကူးတတ္သည္ဟု ယူဆသျဖင့္ ယြီေဟာက္ ေရကူးတတ္ေနျခင္းျဖစ္ၿပီး ယခု မကူးတတ္ေၾကာင္းကို သိသြားေသာအခါ ယြီေဟာက္လည္း ေရနစ္လုနီးနီး ျဖစ္သြားရေတာ့၏။ က်ိဳးရွန္းကမူ အေျခအေနကို အလြန္လ်င္ျမန္စြာ တုံ႔ျပန္ေလသည္။ စကၠန္႔မဆိုင္းဘဲ ယြီေဟာက္ကို ခ်က္ခ်င္းလွမ္းဖမ္းလိုက္ၿပီး ေအာ္ေျပာလာခဲ့သည္။

"ဘယ္မွာရွိတယ္သာေျပာတာ့! ခိုင္ခိုင္က သြားဖိလိုက္!"

ေနာက္ဆုံးက်န္ရွိသည့္သုံးလုံးမွာ ယြီေဟာက္ႏွင့္ က်ိဳးရွန္း၏ ေအာက္တည့္တည့္၌ပင္ ျဖစ္၏။ လက္ရွိတြင္ ယြီေဟာက္သည္ က်ိဳးရွန္း၏ရင္ခြင္ထဲတြင္ ဖက္ထားျခင္းခံရေလသည္။ သူက အနည္းငယ္မွ် စိတ္တည္ၿငိမ္ေအာင္လုပ္လိုက္ၿပီး ေအာက္သို႔လက္ညိဳးထိုးျပသည္။ က်ိဳးရွန္းက ေခါင္းညိတ္ျပလာခဲ့ၿပီး ေျချဖင့္ယက္ရင္း ေရေပၚသို႔ အရင္ကူးသြားကာ ႏွစ္ေယာက္အတူ အသက္ၿပိဳင္တူေအာင့္ၿပီးကာမွ ေရေအာက္သို႔ အတူျပန္ငုံ႔သြားလိုက္သည္။

ေရေအာက္၌မူ က်ိဳးရွန္းသည္ ယြီေဟာက္ကို ဆြဲေခၚလ်က္ ခရမ္းေရာင္ရတနာသုံးတုံးကို ရွာေတြ႕၏။ ယြီေဟာက္မွ သုံးလုံးစလုံးကိုဖိလိုက္ၿပီးေနာက္ "တန္"ခနဲအသံႏွင့္အတူ ေက်ာက္မ်ားေပ်ာက္ကြယ္သြားေလသည္။ တမုဟုတ္ခ်င္း တံခါး၏အျခားတစ္ဖက္မွ ေ႐ႊေရာင္ရတနာေလးသည္ အေျမာင္းထဲသို႔ ျပဳတ္က်လို႔သြားၿပီး ဂိတ္တံခါးႀကီးသည္ စတင္ကာ အေရာင္အဝါ ထြန္းလင္းေတာက္ပလာခဲ့ရင္း က်ယ္ေလာင္စူးရွေသာအသံႏွင့္အတူ အတြင္းဖက္သို႔ ပြင့္သြားေတာ့ေပ၏။

ယြီေဟာက္မွာမူ အသံပင္မထြက္ရေသး၊ သန္လြန္းေသာေရစီးေၾကာင့္ ေမ်ာပါသြားရရွာ၏။ က်ိဳးရွန္းက ယြီေဟာက္၏လက္ကို က်စ္က်စ္ပါေအာင္ လွမ္းဆုတ္ကိုင္လိုက္ၿပီး ခ်န္းယဲ့ခိုင္ေရာအပါအဝင္ သုံးေယာက္သားမွာ Chichén Itzá၏ လွ်ိဳ႕ဝွက္လမ္းေၾကာင္းအတိုင္း ေမ်ာပါသြားၾကေလေတာ့သည္။

ယြီေဟာက္ခမ်ာ အသက္ေအာင့္ထားေသးေသာ္လည္း အတိုင္းအတာအဆုံးစြန္အထိ ေရာက္ရွိႏွင့္ေနၿပီျဖစ္၏။ ေရစီး၏႐ိုက္ပုတ္မႈဒဏ္ေၾကာင့္ ေနာက္ပိတ္ဆုံးမခံႏိုင္ေတာ့ဘဲ ေလအမ်ားအျပား ရႈထုတ္လိုက္မိေတာ့သည္။ က်ိဳးရွန္းက ေလေပးရန္ အနားကူးလာခဲ့ေသာ္လည္း ႐ုတ္တရက္ အမည္းေရာက္ပုံရိပ္တစ္ခုက ေရေအာက္ထဲမွ ဘြားခနဲ ထြက္ေပၚလာခဲ့ကာ ႏွစ္ေယာက္သားကို ဝင္တိုက္ပစ္ေလ၏။ က်ိဳးရွန္းသည္ကား ေရေအာက္ထဲတြင္ အလစ္တိုက္ခိုက္ခံရလိမ့္မည္ဟု မထင္မွတ္ထားခဲ့ရာ သတိလက္လြတ္ျဖစ္သြားရၿပီး ယြီေဟာက္ႏွင့္ အတင္းကာေရာ အခြဲခံလိုက္ရေတာ့သည္။

ယြီေဟာက္သည္ လည္ပင္းတြင္ တစ္စုံတစ္ခုက လာေရာက္ရစ္ပတ္ထားသည္ကို ခံစားလိုက္ရသည္။ ပါးစပ္ဟရန္ ႀကိဳးစားလိုက္ေသာ္လည္း အသံတစ္လုံးမွမထြက္ႏိုင္ရွာ။ ကူကယ္ရာမဲ့စြာျဖင့္သာ က်ိဳးရွန္းႏွင့္ လူခြဲခံလိုက္ရၿပီး အေမွာင္ထုထဲသို႔ ႐ုတ္ခ်ည္းအဆြဲသြင္းသြားခံရေတာ့သည္။

က်ိဳးရွန္းခမ်ာ လက္ကိုပင့္ေျမႇာက္လ်က္ မ်က္လုံးမ်ားမွာလည္း ျပဴးက်ယ္ေနရ၏။ ေအာ္ဟစ္လိုက္ခ်င္ေသာ္လည္း အသံထုတ္လႊတ္ဖို႔ရန္ကား မျဖစ္ႏိုင္ေပ။ ထိုအမည္းေရာင္အရာသည္ကား ေႁမြတစ္ေကာင္ႏွင့္တူလွပါသည္။ အေတာင္ပံမ်ားကိုျဖန္႔က်က္လို႔ထားကာ ယြီေဟာက္တစ္ကိုယ္လုံးကို ကိုယ္ျဖင့္ရစ္ပတ္လ်က္ အျခားလမ္းတစ္ဖက္သို႔ လ်င္ျမန္ဖ်တ္လတ္စြာ တိုးဝင္သြားေလ၏။ က်ိဳးရွန္းလည္း ေနာက္ပိတ္ဆုံး ေရေပၚသာ ျပန္တက္လိုက္ရေတာ့သည္။ ခ်န္းယဲ့ခိုင္မွ သူတို႔အနားကူးလာခဲ့ခ်ိန္တြင္ ယြီေဟာက္ကို ရစ္ေခြလို႔ထားသည့္ ထိုအေတာင္ပံပါ ဧရာမေႁမြနံဂါးႀကီးကိုသာ ေတြ႕ျမင္လိုက္ရေတာ့၏။ ၎က သူ၏အေတာင္ပံမ်ားကို ျဖန္႔က်က္လို႔ထားကာ ယြီေဟာက္၏ တြန္းလွန္ကန္ေက်ာက္ေနမႈကို လစ္လ်ဴရႈလ်က္ လမ္းဆုံးရွိ အျမင့္တစ္ေနရာမွ အလင္းေရာင္ရွိရာသို႔ ပ်ံသန္းကူးသန္းသြားေလေတာ့သည္!

"ယြီေဟာက္!!"

က်ိဳးရွန္းက ေရထဲမွထြက္လာခဲ့ၿပီး ေျမျပင္ေပၚနင္းလိုက္သည္။ ေျခလွမ္းအနည္းငယ္မွ် ၎ေနာက္သို႔ ေျပးလိုက္ခဲ့ေသာ္လည္း အေပၚအျမင့္ရွိ ထြက္ေပါက္မွာ ေက်ာက္သားနံရံမ်ားျဖင့္ ဝန္းရံလို႔ထားေပ၏။

ခ်န္းယဲ့ခိုင္သည္လည္း ေရအေျမာက္အျမားကို အန္ထုတ္လိုက္ၿပီး က်ိဳးရွန္းႏွင့္ အၾကည့္ခ်င္းဆုံလိုက္သည္။

"သူ႔ကို႐ူဆဲဖမ္းသြားတာ"

ခ်န္းယဲ့ခိုင္က ဆိုလာခဲ့သည္။

က်ိဳးရွန္းက အေပၚတက္ရန္ ေဘးပတ္ဝန္းက်င္ကို စူးစမ္းလိုက္သည္။ သူတို႔သည္ လက္ရွိတြင္ Chichén Itzá၏ အတြင္းပိုင္းသို႔ ေရာက္ရွိလာခဲ့ၿပီျဖစ္၍ ေရညႇိမ်ား၊ႏြယ္ပင္မ်ား အလိပ္လိပ္တက္ေနေသာ ေရွးေဟာင္းေက်ာက္သားျပင္ႀကီး၏ ဝန္းရံျခင္းကိုခံထားရေပ၏။ ေငါထြက္ေနေသာ ေက်ာက္တုံးေထာက္တိုင္မ်ားကလည္း တစ္ခုေပၚတစ္ခု ဆင့္ထပ္လ်က္ရွိကာ ဘုရားေက်ာင္း၏ အလယ္ဗဟို၌မူ ျမင့္မားစြာ မားမားမတ္မတ္တည္ရွိလို႔ေနေသာ အေတာင္ပံပါေႁမြနဂါး႐ုပ္ထုႀကီးတစ္ခု ရွိေလသည္။

"ေရတြင္းကဘယ္မွာလဲ?"

က်ိဳးရွန္းက ခ်န္းယဲ့ခိုင္ကိုေမးသည္။

ခ်န္းယဲ့ခိုင္, "လိုက္ခဲ့လိုက္၊ ေနာက္ကလမ္းေၾကာင္းကပိတ္သြားၿပီဆိုေတာ့ ငါတို႔အေပၚတက္ဖို႔လိုတယ္"

က်ိဳးရွန္းက တစ္ခနမွ်တိတ္ဆိတ္လို႔သြားၿပီး ႐ုတ္တရက္ က်ယ္ေလာင္စြာ ေအာ္ေခၚလာခဲ့၏။

"ယြီေဟာက္—!!"

ခ်န္းယဲ့ခိုင္မ်က္ခုံးမ်ားမူ နက္နက္နဲနဲကို က်ဳံ႕ဝင္လ်က္ရွိ၏။

"လာကယ္လိုက္ေလ"

ထိုအသံက ဆိုလာခဲ့သည္။

"Nicky မင္းဘယ္ေလာက္ထိစြမ္းအားႀကီးလဲ ျမင္ခ်င္ပါေသးရဲ႕......"

အသံက လြင့္ပ်ယ္လို႔သြားၿပီျဖစ္၏။ က်ိဳးရွန္းသည္ တမုဟုတ္ခ်င္းကို ေျပာမျပတတ္ေလာက္ေအာင္ ေဒါသတရားမ်ား ေပါက္ဖြားလာရေတာ့သည္။ ခ်န္းယဲ့ခိုင္ကမူ တစ္ဖက္လွည့္သြားကာ ထြက္လမ္းကို စတင္ရွာေဖြေနခဲ့သည္။ မ်ားမၾကားမွီတြင္ က်ိဳးရွန္းက ကိုယ့္ကိုယ္ကို စိတ္ျပန္ထိန္းလ်က္ ဆိုလိုက္သည္။

"႐ူဆဲနဲ႔မေတြ႕ခင္အထိေတာ့ သူအဆင္ေျပမွာပါ၊ ဒါေပမယ့္ကြၽန္ေတာ္တို႔ အျမန္လုပ္ဖို႔လိုတယ္"

ယြီေဟာက္ခမ်ာ အားႀကီးျဖင့္ ေျမႀကီးေပၚပစ္ခ်ခံလိုက္ရသည္။ သူက တမုဟုတ္ခ်င္း ေရအေျမာက္အမ်ားအန္လာခဲ့ရင္း ေဘးဘီဝဲယာကို မ်က္လုံးေထာင့္မွ အကဲခတ္ၾကည့္လိုက္သည္။ ၎မွာ ေထာက္တိုင္မ်ား စႀကႍလမ္းမ်ားျဖင့္ ပတ္လည္ဝိုင္းေနသည့္ ဟာလာဟင္းလင္း ေျမကြက္လပ္တစ္ခုျဖစ္၏။ ပိရမစ္အျပင္ဘက္ ၿခံဝန္းအလယ္ရွိ ကြင္းျပင္က်ယ္ကဲ့သို႔ပင္ ဤေျမကြက္လပ္အလယ္တြင္ ယဇ္စင္ျမင့္ကဲ့သို႔ေသာ ေရတြင္းတစ္တြင္းရွိၿပီး ၎ေရတြင္းေပါက္မွ မဟူရာေရာင္ျမဴခိုးျမဴေငြ႕မ်ား တလူလူလွိမ့္တက္လ်က္ ရွိပါသည္။

Totemေတာ့ရွိမေန။

Totemကဘယ္မွာပါလိမ့္? ယြီေဟာက္ ေတြးမိသည္။

သူ႔အား ျပန္ေပးဆြဲလာသည့္ ေႁမြနဂါးႀကီးသည္ ေ႐ႊအိုေရာင္အလင္းတန္းမ်ား တဖိန္႔ဖိန္႔ေတာက္ပလာခဲ့ၿပီး ေ႐ႊသားအတိျဖင့္ ထုဆစ္လို႔ထားေသာ ေက်ာက္႐ုပ္အျဖစ္ ေျပာင္းလဲသြားေလ၏။ ၎၏ ရစ္ေခြေနေသာပုံသဏၭာန္သည္ ေျမကြက္လပ္ေနရာတစ္ဖက္တြင္ မားမားမတ္မတ္ ရပ္တည္လ်က္သား။

ပိန္ပိန္သြယ္သြယ္ ေယာက်္ားတစ္ေယာက္က ယြီေဟာက္နား ခ်ဥ္းကပ္လာခဲ့သည္။

"႐ူဆဲလား?"

ယြီေဟာက္က နံရံကိုအမွီသဟဲျပဳရင္း ျဖည္းျဖည္းခ်င္း မတ္တပ္ထလ်က္ ေနာက္လွည့္ကာ ထိုေယာက်္ားကို မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

"အဲ့ဒါငါ့အက်ႌ"

႐ူဆဲက တုန္ရီေနေသာအသံျဖင့္ ေျဖဆိုသည္။

"ငါ့အက်ႌျပန္ေပးပါ အရမ္းခ်မ္းလွၿပီ"

ယြီေဟာက္က ႐ူဆဲကို တိတ္ဆိတ္စြာ ၾကည့္ေနခဲ့သည္။ ႐ူဆဲသည္ အသားအေရျဖဴဖက္ျဖဴေရာ္ႏွင့္ အနည္းငယ္မွ်ရွည္လ်ားေသာ ဆံႏြယ္တို႔ကို ပိုင္ဆိုင္၏။ ခႏၶာကိုယ္အေပၚပိုင္းကမူ လက္တေလာတြင္ အဝတ္မဲ့ေနကာ အလြန္အမင္းပိန္လွီလြန္းလွပါ၏။ မ်က္ဝန္းမ်ားထဲဝယ္ ျပင္းျပေသာနာက်င္မႈႏွင့္ အေၾကာက္တရားတို႔က ထင္းလ်က္။ က်ိဳးရွန္းေျပာခဲ့သည့္ ၫႊန္ၾကားခ်က္မ်ားကို ယြီေဟာက္သတိရလိုက္ပါသည္။ ယခု သူလုပ္သင့္သည့္အရာမွာ ေသနတ္ကိုဆြဲထုတ္ၿပီး ပစ္ထည့္လိုက္ရန္သာျဖစ္သည္။ ထိုသို႔လုပ္လိုက္လွ်င္ ဘာဆက္ျဖစ္လိမ့္မည္ သူမသိေသာ္ျငား ႐ူဆဲကိုေတြ႕ေတြ႕ခ်င္း သူစဥ္းစားမိသည္မွာေတာ့ ထိုေကာင္ေလးအား သြားေရာက္ေပြ႕ဖက္ေပးခ်င္မိသည္ဆိုတာပင္......

......ဒါ႐ူဆဲအစစ္မဟုတ္ဘူး၊ ခ်န္းယဲ့ခိုင္အိမ္မက္ထဲမွာပဲရွိတဲ့ ႐ူဆဲဘဲ။ ထိုသို႔ေတြးမိလိုက္ေသာအခါ အေတာ္ေလးကို ကိုး႐ိုးကားယားႏိုင္ေၾကာင္း ယြီေဟာက္ ႐ုတ္တရက္ ခံစားမိလိုက္ေတာ့သည္။

႐ူဆဲသည္ ေငါထြက္ေနေသာညႇပ္႐ိုးမ်ား၊ ပိန္လွီေနေသာ လက္ေမာင္းမ်ားျဖင့္ အလြန္အမင္းပိန္လြန္းလွသည္မွာ ေရာဂါသည္တစ္ေယာက္အလားပင္။ ရႈပ္ေထြးေနေသာမ်က္ဝန္းမ်ားျဖင့္ သူသည္ ယြီေဟာက္အနား မေႏွးမျမန္ေလး ခ်ဥ္းကပ္လာခဲ့ၿပီး မ်က္ႏွာအမူအရာကမူ အမုန္းတရားမ်ားေၾကာင့္ ခက္ထန္ၾကမ္းတမ္းေနပါသေယာင္။

ေက်ာအေနာက္ပို႔ထားသည့္ ယြီေဟာက္လက္မွာ တုန္ရီေနျခင္းမွ ရပ္တန္႔သြားၿပီျဖစ္သည္။

"မင္းကငါ့ကိုသတ္ခ်င္ေနတာလား?"

႐ူဆဲက မယုံၾကည္ႏိုင္စြာ ဆိုလာခဲ့သည္။

"ငါ့အက်ႌကိုလည္းယူေသးတယ္၊ အခုငါ့ကိုပါသတ္ခ်င္ေနၿပီေပါ့ေလ?"

ယြီေဟာက္က ေသနတ္ကိုင္ထားသည့္လက္ကို ေျဖေလွ်ာ့လိုက္ၿပီး ေသနတ္မဆြဲထုတ္ပါေတာ့ေခ်။ သို႔ေသာ္ျငား ႐ူဆဲက ႐ုန္႔ရင္းၾကမ္းတမ္းစြာ ေအာ္လာခဲ့၏။

"ငါ့ကိုသတ္ခ်င္ေနတာေပါ့?!!"

႐ုတ္ခ်ည္းဆိုသလို ယြီေဟာက္အိတ္ကပ္ထဲရွိ ေသနတ္မွာ အျပင္ခုန္ထြက္သြားၿပီး အေဝးလြင့္ထြက္သြား၏။ ယြီေဟာက္က အားခနဲေအာ္လိုက္မိၿပီး ႐ူဆဲက ေသနတ္ကိုဖမ္းကာ ယြီေဟာက္ကို ခ်ိန္ထားလိုက္သည္။

"အဲ့အက်ႌကမင္းကိုမကာကြယ္ေပးႏိုင္ဘူး"

႐ူဆဲက ေသနတ္ကိုကိုင္ထားရင္း ယြီေဟာက္ကိုခ်ိန္ကာ အံႀကိတ္လ်က္ဆိုလာခဲ့သည္။

"ခြၽတ္စမ္း! ငါ့ကိုျပန္ေပး! သူခိုးေကာင္! မင္းနဲ႔မဆိုင္နဲ႔ပစၥည္းကိုယူထားတယ္! ငါကမွသူ႔ပိုင္ရွင္ကြ!"

ယြီေဟာက္ကမူ ပင့္သက္ရႈိက္ဖိုစြာေလရႉရင္း ႐ုတ္တရက္ဆိုလိုက္သည္။

"ဘာလို႔မင္းကိုယ္တိုင္လာၿပီးမခြၽတ္လဲ?"

မ်က္ရည္စမ်ားက ႐ူဆဲမ်က္ဝန္းမ်ားအတြင္းမွ တလွိမ့္ခ်င္း စီးက်လာခဲ့သည္။ ယြီေဟာက္ခမ်ာ မွင္သက္သြားရၿပီး ထို႔ေနာက္ေတာ့ ႐ူဆဲက ေသနတ္ကို ျဖည္းျဖည္းခ်င္း ေအာက္ခ်လိုက္ေလသည္။

"ၾကည့္ေနလိုက္"

႐ူဆဲကဆိုသည္။

"မင္းေနာင္တရေစရမယ္"

သူေျပာၿပီးသည္ႏွင့္ အေတာင္ပံပါေသာ ေႁမြနဂါးနတ္ဘုရားက ၎၏နတ္႐ုပ္ထုမွ ျပန္ထြက္လာခဲ့ကာ ယြီေဟာက္အနားေရာက္ရွိလာခဲ့၏။ ၎က သူ၏ကိုယ္ကိုေခြကာ ေနရာက်ဥ္းေလးတစ္ခု ဖန္တီးလ်က္ ယြီေဟာက္ကို ထြက္မေျပးႏိုင္ေအာင္ သူ႔ကိုယ္ၾကား ရစ္ပတ္ထားေလသည္။

႐ူဆဲကမူ ေရတြင္းရွိရာသို႔ ခ်ဥ္းကပ္သြားၿပီး ေသနတ္ကို ေဘးခ်ထားလိုက္သည္။ ပိန္လွီလွေသာ ေက်ာျပင္မွာ ယြီေဟာက္ကို မ်က္ႏွာခ်င္းဆိုင္ထားလ်က္ရွိၿပီး သူ၏လက္ျပင္႐ိုးမွာ ထင္ရွားလြန္းလွသျဖင့္ ေက်ာ႐ိုးမ်ားကိုပင္ မထင္မရွား ေရတြက္ၾကည့္ႏိုင္ေလာက္ပါသည္။

"လာခဲ့လိုက္"

႐ူဆဲက ေရတြင္းထဲသို႔ ေႏွးေကြးစြာ ဆိုလိုက္သည္။

"သူ႔ကိုငါ့လက္ႏွစ္ဖက္နဲ႔ကိုယ္တိုင္......မင္းေရွ႕မွာသတ္ျပခ်င္တယ္......"

Continue Reading

You'll Also Like

1.1M 88.7K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
7.9K 1.4K 43
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
649K 56.5K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...
482K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...