zawgyi
ေမာ္ကြန္းတစ္ေယာက္ ကုတင္ေပၚထိုင္ကာ ေဆးစစ္ခ်က္အတည္ျပဳအေျဖလႊာအားကိုင္ၿပီး အေတြးမ်ားေနမိသည္။
ငါဘာဆက္လုပ္ရမလဲ?ငါဖြင့္ေျပာရလိုက္မလား?
ငါဖြင့္ေျပာလိုက္ရင္ေရာ ေခေပ်ာ္ႏိုင္ပါ့မလား?
ေခ ခ်စ္တာ မမ ဆိုေပမယ့္ ငါလည္းသူ႔အတြက္မိသားစုဘ၀
ေလးကို ဖန္တီးေပးႏိုင္ေနၿပီဘဲ။ဒါေပမယ့္ ေခက ငါ့ကိုလက္မခံဘဲ
ကေလးကိုဘဲလက္ခံရင္ေရာ။ၿပီးေတာ့ daddyတို႔mommyတို႔ေရာ ငါ့ကိုမုန္းသြားၾကမွာလား?ငါ့ကို ေမြးစားတာ မွားယြင္းတယ္ဆို
ၿပီး ေတြးၾကမလား?မမကေရာ ငါ့ကိုနာက်ည္းမွာလား?
ရြံ႔ေလမလား?ငါ့ကိုဘယ္လိုေျပာၾကမလဲ?ငါ့ကေလးေလးအရြယ္
ေရာက္ရင္ ငါ့အျပစ္ေၾကာင့္ ငါ့ကေလးေလးကို၀ိုင္းပစ္ပယ္ထားၾက
ေလမလား?ငါ့ကို လက္မခံရင္ေတာင္ ငါ့ကေလးေလးကိုလက္ခံ
ေပးရင္ ေသေပ်ာ္ၿပီ..ငါတကယ္ေသေပ်ာ္ၿပီ။
အားလံုးသိမွျဖစ္မယ့္ ကိစၥဆိုေပမယ့္ ငါ ေခနဲ႔အရင္တိုင္ပင္ၾကည့္
မွရမယ္။ဟုတ္တယ္..ဘာဘဲျဖစ္ျဖစ္ ဒီကေလးဟာ ေခနဲ႔ငါရဲ႕ကိုယ္ပြားေလး။ေခ လက္ခံမွာပါ။ေခလက္ခံေလာက္မွာပါ။ပတ္၀န္းက်င္ကဘာေျပာေျပာ ငါဂ႐ုမစိုက္ဘူး အေရးႀကီးတာက ေခရယ္ ငါရယ္
ကေလးေလးရယ္..ငါတို႔မိသားစုသံုးေယာက္ဘဲ။ငါတို့သံုးေယာက္
ဘဲေပ်ာ္ရႊင္ရင္ ရၿပီ။
ေမာ္ကြန္း ေခါင္းဆတ္ဆတ္ၿငိမ့္ကာ အားတင္းျပံဳးလိုက္ရင္း အိပ္ယာေဘးမွဖုန္းအား ေကာက္ယူလိုက္သည္။
📱📱📱......
ဖုန္းက ဆက္သြယ္မႈဧရိယာျပင္ပတဲ့။
သူအခု ကုမၸဏီ မွာအလုပ္႐ႈပ္ေနလို႔မ်ားလား?
ဒါဆို ဘာလုပ္ရမလဲ?ငါလိုက္သြားရမလား?
ဟင္?မျဖစ္ေသးပါဘူး။စာပို႔ထားလိုက္ရင္ေရာ။
💬အေရးႀကီးကိစၥ တိုင္ပင္စရာ႐ွိလို႔ အားတဲ့အခ်ိန္ ကြန္ဒိုကို
လာခဲ့ပါ
စာပို႔ၿပီးေနာက္ ေမာ္ကြန္း ဖုန္းေလးအားကိုင္ကာ ရင္တထိတ္ထိတ္
ေစာင့္စားေနမိသည္။
ကံတရားကဘယ္လိုျဖစ္မလဲ?သူက အျပစ္႐ွိတဲ့သူဆိုေပမယ့္
ဒီအျပစ္ေတြကို သူ႔သားေလးအေပၚ မသက္ေရာက္ေစခ်င္ဘူး။
အ႐ွင္ဘုရား တပည့္ေတာ္ကို ဒီတစ္ႀကိမ္ဘဲ ခြင့္လႊတ္ေပးပါ။
ဒီတစ္ခါမွားတာ ေနာက္ဆံုးပါ..ေခရယ္ ကေလးေလးရယ္နဲ႔သာ
အတူ႐ွိခြင့္ရမယ္ ဆိုရင္ တပည့္ေတာ္ဘာမဆိုေပးဆပ္ႏိုင္ပါတယ္
ဘုရား။
...................................................
၄ရက္ျကာေသာ္...
"ဟဲ့..ေမာ္ကြန္း နင္ဘာျဖစ္ေနတာလဲ?"
စားပြဲေပၚေမးေထာက္ကာ အၾကာႀကီးမိႈင္ေနတဲ့ ေမာ္ကြန္းအား
ဂ်ဳဂ်ဴးေမးလိုက္သည္။ေမာ္ကြန္းပံုက အေတြးလြန္ၿပီး စိတ္နဲ႔ကိုယ္
နဲ႔မကပ္သည့္ပံုပင္။
"ဂ်ဴဂ်ဴး..."
"ဟင္?"
ေမာ္ကြန္းက ဂ်ဴဂ်ဳးကို အတန္ၾကာေငးၿပီး သက္ျပင္းခ်ျပန္သည္။
"ဘာျဖစ္ေနတာလဲ ငါစိတ္မ႐ွည္ေတာ့ဘူးေနာ္ ေမာ္ကြန္း
ေျပာစရာ႐ွိရင္ ေျပာလိုက္"
"ဘာမွမဟုတ္ဘူးဟာ..ငါဗိုက္ဆာလို႔ "
"လာမလိမ္နဲ႔ ေျပာ..ေျပာမွာသာေျပာ"
ဂ်ဴဂ်ဴးက စိတ္မ႐ွည္သလို ေမးေနျပန္သည္။
ထိုစဥ္ စားပြဲေပၚမွ ေမာ္ကြန္းရဲ႕ဖုန္းျမည္လာေလသည္။
📱📱📱.....
ေခ ဆီမွျဖစ္သည္။
"ဟဲလို..."
"အင္း..messageပို္႔ထားတာ အခုမွျမင္လို႔"
"အင္း..ေျပာစရာ႐ွိတယ္"
"ငါေရာဘဲ..ဒါဆို ငါ ညၾကကြန္ဒိုကို လာခဲ့မယ္"
"အင္း..ေစာင့္ေနမယ္"
ဖုန္းေျပာၿပီး ေမာ္ကြန္းမ်က္ႏွာအနည္းငယ္ ၾကည္လင္လာသည္။
ၿပီးေနာက္ ဖုန္းကိုၾကည့္ကာ ျပံဳးေနသည္။
"ေမာ္ကြန္းသစ္!"
ဂ်ဴးဂ်ဳးအသံႀကီးေၾကာင့္ ေမာ္ကြန္းfeelေတာင္ပ်က္သြားရသည္။
"ဘာလဲဟာ..နားညီးတယ္"
"အဲ့ဒါ ဟိုလူ မလား?"
ေမာ္ကြန္း ပုခံုးကိုသာ အသာတြန္႔ျပလိုက္သည္။
ထိုအခါ ဂ်ဴဂ်ဴးက မ်က္ေမွာင္ၾကဳတ္လာသည္။
"ေမာ္ကြန္းသစ္ နင္ဘာေတြေလ်ွာက္လုပ္ေနျပန္တာလဲ?"
"ဂ်ဴးဂ်ဳးရာ..တကယ္ပါဘဲ..ငါကဘာလုပ္ေနလို႔"
"နင္အဲ့လူနဲ႔ျပန္ဆက္သြယ္ေနတာလား?!"
"ဟို..."
"ငါနင့္ကိုတကယ္ စိတ္ပ်က္လာၿပီေနာ္ ေမာ္ကြန္းသစ္
ေအး..ငါနင့္ကိုတားေနတာက နင့္ကိုမျဖစ္သင့္တာေတြျဖစ္မွာ
စိုးလို႔ ၿပီးေတာ့ နာမည္ပ်က္မွာစိုးလို႔..အဲ့ဒါေတြကိုနင္နားမလည္ဘူးလား?"
နင့္ေစတနာကို ငါနားလည္ပါတယ္ ဂ်ဴဂ်ဴးရာ..ဒါေပမယ့္
ငါကိုက နင့္ေစတနာနဲ႔မတန္တာပါ။
"ၾကားလားလို႔ ေမာ္ကြန္းသစ္!"
ထိုအခါ ေမာ္ကြန္းသက္ျပင္းခ်ကာ မတ္တတ္ရပ္လိုက္သည္။
"ငါအျပင္သြားလိုက္ဦးမယ္..ဗိုက္ဆာလို႔..ေနာက္မွေအးေဆး
နင့္ကိုေျပာျပပါ့မယ္.."
"ဟဲ့ ေမာ္ကြန္းသစ္!...ေမာ္ကြန္းသစ္!"
ေမာ္ကြန္း ဂ်ဴဂ်ဴးအား လက္ျပကာ အျပင္သို႔အေျပးထြက္သြားေလသည္။
ေမာ္ကြန္း အျပင္ကိုအေျပးထြက္လာၿပီး ႐ုတ္တရက္ရပ္လိုက္သည္။
ၿပီးေနာက္ ဗိုက္ကေလးကိုအသာကိုင္ကာ အေတြး၀င္သြားျပန္သည္။
"ေဖေဖ့ကေလးေလး...ေတာင္းပန္ပါတယ္..ေဖေဖ့ေၾကာင့္နာသြား
ၿပီလား?"
ေမာ္ကြန္း ဗိုက္ကေလးကို အသာကိုင္ကာ ျဖည္းျဖည္းသြားရေတာ့သည္။
ေမာ္ကြန္းကို ၾကည့္ေနတဲ့ တစ္စံုတစ္ေယာက္ကိုေတာ့ ေမာ္ကြန္း
မျမင္ခဲ့ေပ။
...............................................
ကြန္ဒိုတြင္...
စပ်စ္၀ိုင္ ႏွစ္ပုလင္းကို စားပြဲေပၚေနရာခ်လိုက္သည္။
ၿပီးေနာက္ ဖေယာင္းတိုင္ေလး ႏွစ္တိုင္ကိုထြန္းကာ သစ္သီး၀လံ
အစံုအလင္ကို လွပေသာ ေႂကြပန္းကန္ထဲထည့္ၿပီးအလွဆင္သည္။
ၿပီးရင္ ညစာအျဖစ္ စားစရာ steakႏွင့္ ေဆာ့ အားတြဲထား
လိုက္သည္။ဓားႏွင့္ခရင္းအား ပန္းကန္၏ေဘးတစ္ဖက္တစ္ခ်က္တြင္ ထားလိုက္ကာ ဧည့္ခန္းသို႔ထြက္လာၿပီး ေခ့ အားေစာင့္ေမ်ွာ္
ေနလိုက္သည္။
ၿပီးေနာက္ အတည္ျပဳအေျဖလႊာေလးအား စားပြဲေပၚတင္ထားလိုက္သည္။
ကြၽီ....
"ေဆာရီး..ငါေနာက္က်သြားတယ္..အေရးႀကီးကိစၥမလို႔"
ေခ ကအေလာတႀကီးေျပာကာ ထိုင္ခံုတြင္၀င္ထိုင္သည္။
"ရပါတယ္..ကြၽန္ေတာ္လည္း အခုမွ ျပင္ဆင္ၿပီးတာ"
"ဟင္?ဘာျပင္ဆင္ၿပီးတာလဲ?"
"အာ..ဒီလိုဘဲ ညစာအတူစားမလားလို႔ပါ"
ေခက သက္ျပင္းခ်ၿပီး အသာျပံဳးသည္။
ၿပီးေနာက္ လက္အခ်င္းခ်င္း ဂဏာမၿငိမ္သလို ပြတ္သပ္ေနကာ
ေျမာက္ႂကြႂကြျဖစ္ေနသည္။
"ေမာ္ကြန္းသစ္"
"ဟင္?"
"႐ႈမ၀ေလ..႐ႈမ၀မွာ..."
"အင္း"
ေခက ေျပာရင္းျပံဳးေနကာ စကားေျပာဖို႔ အေတာ္အားယူေနသည္။
"႐ႈမ၀မွာ ကိုယ္၀န္႐ွိေနၿပီတဲ့"
"...."
ေမာ္ကြန္းတစ္ကိုယ္လံုးေအးစက္ကာ ေတာင့္ခနဲျဖစ္သြားေလသည္။
မဟုတ္ဘူး..သူနားၾကားမွားတာေနမွာ။ဟုတ္တယ္ နားၾကားမွားေနတာ။
"ငါေပ်ာ္လြန္းလို႔ ဘယ္လိုလုပ္ရမွန္းေတာင္မသိေတာ့ဘူး!"
ေခက ေပ်ာ္လြန္းလို႔ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနသည္။
ေမာ္ကြန္း ေခအားၾကည့္ကာ လက္ဖ်ားေျခဖ်ားေတြေအးစက္လာရသည္။
"ေမာ္ကြန္းသစ္ ၾကားလား..?"
"ဟင္?"
ေခက ၀မ္းသာတႀကီး သူ႔ေ႐ွ႕လာေရာက္ကာ သူ႔ပုခံုးႏွစ္ဖက္ကို
ဆုပ္ကိုင္ကာ စိတ္နဲ႔ကိုယ္နဲ႔မကပ္ေသာ သူ႔အားၾကားေအာင္
ေသခ်ာေျပာသည္။
"႐ႈမ၀မွာ ကိုယ္၀န္႐ွိေနၿပီလို႔.."
"...."
"ဟိုတေလာက ႐ႈမ၀ နယ္ဘက္မွာဇာတ္ကား႐ိုက္ေနရင္း မူးလဲလို႔
အနီးနားက ၿမိဳ႕ေလးမွာ ေဆးခန္းသြားျပရင္း သိရတာတဲ့..ငါသိသိခ်င္း သူ႔ဆီလိုက္သြားခဲ့တာ"
ေျသာ္..ဒါေၾကာင့္ သူဖုန္းဆက္တာကို ေခကအေရးမစိုက္ႏိုင္ခဲ့တာ
ကိုး။
"ေမာ္ကြန္းသစ္ မင္းၾကည့္ရတာ အရမ္းစိတ္လႈပ္႐ွားေနတယ္
ထင္တယ္..မင္းေရာ ၀မ္းမသာဘူးလား?"
ေမာ္ကြန္း အခုမွ အသိစိတ္ကပ္သလို အရင္ျပံဳးျပလိုက္သည္။
ၿပီးေနာက္ လက္ႏွစ္ဖက္က ဒူးႏွစ္ဖင္အား က်စ္က်စ္ပါေအာင္
ဆုပ္ကိုင္ထားကာ အားတင္းေျပာလိုက္သည္။
"၀မ္းသာပါတယ္..ခင္ဗ်ားအတြက္လည္း ဂုဏ္ယူပါတယ္"
"အင္း..ငါအခုခ်ိန္မွာ အရမ္းေပ်ာ္ေနတယ္..ဒါေပမယ့္ မင္းအစ္မ
က ေခါင္းမာေနတုန္းကြာ..သူဟိုမွာ ဇာတ္ကား႐ိုက္ရင္းနဲ႔ဘဲ
က်န္ေနခဲ့တယ္..အဲ့ဒါမင္း ႐ႈမ၀ကို နည္းနည္းေဖ်ာင္းဖ်ေပးပါလား?
သူက ငါ့ကိုစိတ္ပူေအာင္သိပ္လုပ္တယ္..."
ေမာ္ကြန္း ရင္အစံုပ်ိဳ႕တက္လာသည္။ၿပီးေနာက္ ခံစားခ်က္ေတြ
မေပၚလြင္ေအာင္ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ...
"ဟို..ခင္ဗ်ား..မာမီနဲ႔ဒယ္ဒီကို ေျပာျပၿပီးၿပီလား?"
"ဟင့္အင္း..ငါမင္းကိုဘဲ အရင္သတိရလို႔ ဒီလို ၀မ္းသာသတင္း
ကို မင္းကိုအရင္ေျပာျပခ်င္လို႔..ငါေရာက္လာခဲ့တာ"
၀မ္းနည္းသတင္းဘဲျဖစ္ျဖစ္ ၀မ္းသာသတင္းဘဲျဖစ္ျဖစ္ ေခမဟာ့
မ်က္လံုးထဲ အရင္ေပၚေနသူက ေမာ္ကြန္းသစ္ဘဲျဖစ္သည္။
"အင္း...ကြၽန္ေတာ္၀မ္းသာပါတယ္"
"ဒါနဲ႔..မင္း..ငါ့ကိုေျပာစရာ႐ွိတယ္ဆို.."
"ဟမ္..အင္း.."
"ဘာေျပာမွာလဲ ေျပာေလ"
ေခ က မ်က္မ်က္ႏွာကို ေသခ်ာၾကည့္ကာ သိခ်င္သလို
ေမးသည္။
ေမာ္ကြန္း ဘာမွမေျဖတတ္ေတာ့ေပ။သူအခုလုပ္ခ်င္ေနတာက
ေခ မျမင္ႏိုင္တဲ့တစ္ေနရာသို႔သြားကာ အက်ယ္ႀကီး ေအာ္ခ်လိုက္ခ်င္သည္။
"ဟင္?ေမာ္ကြန္းသစ္..မင္းေနေရာေကာင္းရဲ႕လား?"
ေခ က သူ႔နဖူးေပၚလက္တင္ကာ အသာေလးစမ္းသပ္
သည္။
ေတာ္ပါေတာ့ေခရယ္..ဂ႐ုမစိုက္ပါနဲ႔ေတာ့..ကြၽန္ေတာ္ ေလာဘတက္မိလိုက္မယ္။ကြၽန္ေတာ့္အျပစ္ကို ကြၽန္ေတာ္ဘဲခံ
ယူပါ့မယ္။
"ေကာင္းပါတယ္.."
"ဒါဆို ဘာေျပာခ်င္တာလဲ?"
"ဟို..ကြၽန္ေတာ္ခင္ဗ်ားနဲ႔အတူ ညစာစားခ်င္လို႔ေနာက္ဆံုးအေနနဲ႔
ေပါ့.."
"ဟင္?"
"ဟုတ္တယ္ေလ..ကေလးေလးလည္းေရာက္လာေတာ့မွာဘဲကို
ခင္ဗ်ားနဲ႔ကြၽန္ေတာ္လည္း..ဒီထက္ပိုၿပီး ပတ္သက္စရာမလိုေတာ့
ဘူးေလ.."
"..."
"ၿပီးေတာ့ ကြၽန္ေတာ္ ဒီကြန္ဒိုကိုေရာင္းေတာ့မွာေလ.."
ထိုအခါ ေခက အနည္းငယ္ေတြေ၀သြားသလို မ်က္လံုးအိမ္ေတြ
လႈပ္ခတ္သြားေလသည္။ၿပီးမွ ေခါင္းဆတ္ဆတ္ၿငိမ့္ျပကာ
အေျခအေနေတြအားနားလည္သြားသလို႐ွိသည္။
"အင္းပါ..မင္းသေဘာဘဲေပါ့..ငါလည္းကေလးရေတာ့မွာဆိုေတာ့
ဒီထက္ပိုၿပီးအလုပ္ေတြႀကိဳးစားရေတာ့မွာ..မင္းနဲ႔လည္းေတြ႔ျဖစ္ေတာ့မွာမဟုတ္ဘူး.."
ေခက ေလးေလးနက္နက္ ျပံဳးကာဆိုသည္။
"အင္း.ေနာက္ဆံုးဘဲ..ဒါဆို ညစာစားၾကမယ္ေလ"
"အင္း စားၾကတာေပါ့"
ေမာ္ကြန္း အစားအေသာက္ျပင္ဆင္ထားသည့္အခန္းထဲေခၚ
လာခဲ့သည္။
"မင္းျပင္ထားတာလား?"
"ဒါေပါ့ ဘယ္သူ႐ွိမလဲ?"
ေခ ကျပံဳးကာ ခံုတြင္၀င္ထိုင္သည္။
ေမာ္ကြန္းလည္း ေခေသာက္ဖို႔ စပ်စ္၀ိုင္ပုလင္းအားေဖာက္ကာ
ဖန္ခြက္ထဲ ထည့္လိုက္သည္။
"ဒါက ဘာလဲ?"
စားပြဲေပၚမွ ေဆးစစ္ခ်က္အေျဖလႊာအား ေကာက္ယူၾကည့္ေနသည္မို႔ ေမာ္ကြန္း အေျပးဆြဲယူလိုက္ရသည္။
ေခက နားမလည္သလို သူ႔အားေသခ်ာေမာ့ၾကည့္သည္။
"ဘာလို႔လဲ?"
"ဘာမွမဟုတ္ပါဘူး..ခုနက ကြန္ဒို ၀ယ္သူနဲ႔စာခ်ဳပ္ခ်ဳပ္ထားတာ"
ထိုအခါ ေခက ေခါင္းဆတ္ဆတ္ၿငိမ့္ျပသည္။
၀ိုင္ငွဲ႔ထားတဲ့ဖန္ခြက္အား ေခ့ကိုေပးလိုက္သည္။
ၿပီးေနာက္ သူ႔လည္း အနည္းငယ္ငွဲ႔ၿပီး ေခနဲ႔မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္လိုက္သည္။
"ခင္ဗ်ားအတြက္ congratulations ပါ"
ေမာ္ကြန္း ၀ိုင္ခြက္အား ေျမႇာက္ကာေျပာလိုက္ေတာ့ ေခက
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပံဳးကာ ျပန္ေျမႇာက္ျပသည္။
ေနာက္ဆံုးေတာ့ ခင္ဗ်ားရဲ႕ေမ်ွာ္လင့္ခ်က္ေတြ ျပည့္စံုသြားႁပီေပါ့။
ကြၽန္ေတာ္ ၀မ္းသာပါတယ္ေခရယ္...။
ကြၽန္ေတာ့္ရဲ႕ေမ်ွာ္လင့္ခ်က္ေတြကေတာ့ ေရစုန္ေမ်ွာကုန္ၿပီ။
ေ႐ွ႕ဆက္မယ့္ေနရက္ေတြမွာလည္း ေခမပါေတာ့ အဓိပၸါယ္မဲ့ေနၿပီ။
"မင္း လက္ရာကိုေတာ့ ငါေမ့မွာမဟုတ္ဘူး"
steakအား အသာလွီးၿပီး ခရင္းနဲ႔ထိုးကာ အားရပါးရစားေသာက္
ကာ သူ႔အားေျပာသည္။
ေမာ္ကြန္းလည္း ျပန္ျပံဳးျပလိုက္ရင္း အသာေခါင္းငံု႔ကာ စားေသာက္
လိုက္သည္။
ေနာက္ဆံုးေန႔ ဒီေန႔ သူတို႔ႏွစ္ေယာက္ရဲ႕ေ၀းကြာျခင္းေန႔။
သူ႔အတြက္အဓိပၸါယ္မဲ့ၿပီး ေခ့အတြက္ ေပ်ာ္စရာေန႔ေပါ့။
ေမာ္ကြန္း ႐ုတ္တရက္ က်လာတဲ့မ်က္ရည္စက္အား အသာခိုးသုတ္
လိုက္သည္။
ညစာစားၿပီး ေမာ္ကြန္း ေခ့အား အခန္းျပင္ လိုက္ပို႔ေပးသည္။
"ဗိုက္တင္းသြားၿပီ..တကယ္ေကာင္းတယ္"
ေခက သူ႔အားျပံဳးၿပီးေျပာသည္။
"အင္း..goodluck "
"မင္းေရာဘဲ"
"ငါ့ကိုလြမ္းတယ္ဆိုၿပီး ဖုန္းေတြအတင္းဆက္မေနနဲ႔ဦးေနာ္"
ေခက သူ႔အားစသလိုေနာက္သလိုေျပာေတာ့ ေမာ္ကြန္းလည္း
ပံုမွန္အတိုင္း ဟန္ေဆာင္ကာ...
"ေသလိုက္ေလ.."
"ဟက္!ဟုတ္ပါၿပီ..ဒါဆိုသြားၿပီးေနာ္ ဘိုင့္"
ေခက လက္ယက္ျပေတာ့ ေမာ္ကြန္းလည္း ႏႈတ္ဆက္ကာ အခန္းတံခါးအားပိတ္ခ်လိုက္သည္။
ၿပီးေနာက္ တံခါးအားေက်ာမွီခ်ကာ ထိုငိခ်မိေတာ့သည္။
ထိန္းထားသမ်ွ မ်က္ရည္ေတြကို အကုန္သြန္ရင္း ေအာက္ႏႈတ္ခမ္း
ကိုသာ နာနာဖိထားမိသည္။
ဗိုက္ကေလးအား အသာအုပ္ကိုင္ၿပီးဆိုလိုက္မိတာက...
"ကေလးေလး...ကေလးေလးရဲ႕daddyကို..ခြင့္လႊတ္..
ခြင့္လႊတ္လိုက္ေနာ္..."
ေျပာၿပီး အ႐ူးတစ္ေယာက္လို ငိုရျပန္သည္။
"ကေလးေလးရဲ႕..daddyက နည္းနည္းေလး..ဆိုးေပမယ့္..
ခြင့္လႊတ္ေပးရမယ္..ေနာ္.."
မ်က္ရည္ေတြ တာက်ိဳးသလိုစီးက်လ်က္ ေမာ္ကြန္းအခန္းထဲ
အသံမထြက္ေအာင္ ႀကိတ္ငိုလိုက္သည္။
........................................
ညႀကီးမ်က္လံုးထဲ ဖုန္၀င္သြားလို႔
unicode
မော်ကွန်းတစ်ယောက် ကုတင်ပေါ်ထိုင်ကာ ဆေးစစ်ချက်အတည်ပြုအဖြေလွှာအားကိုင်ပြီး အတွေးများနေမိသည်။
ငါဘာဆက်လုပ်ရမလဲ?ငါဖွင့်ပြောရလိုက်မလား?
ငါဖွင့်ပြောလိုက်ရင်ရော ခေပျော်နိုင်ပါ့မလား?
ခေ ချစ်တာ မမ ဆိုပေမယ့် ငါလည်းသူ့အတွက်မိသားစုဘ၀
လေးကို ဖန်တီးပေးနိုင်နေပြီဘဲ။ဒါပေမယ့် ခေက ငါ့ကိုလက်မခံဘဲ
ကလေးကိုဘဲလက်ခံရင်ရော။ပြီးတော့ daddyတို့mommyတို့ရော ငါ့ကိုမုန်းသွားကြမှာလား?ငါ့ကို မွေးစားတာ မှားယွင်းတယ်ဆို
ပြီး တွေးကြမလား?မမကရော ငါ့ကိုနာကျည်းမှာလား?
ရွံ့လေမလား?ငါ့ကိုဘယ်လိုပြောကြမလဲ?ငါ့ကလေးလေးအရွယ်
ရောက်ရင် ငါ့အပြစ်ကြောင့် ငါ့ကလေးလေးကိုဝိုင်းပစ်ပယ်ထားကြ
လေမလား?ငါ့ကို လက်မခံရင်တောင် ငါ့ကလေးလေးကိုလက်ခံ
ပေးရင် သေပျော်ပြီ..ငါတကယ်သေပျော်ပြီ။
အားလုံးသိမှဖြစ်မယ့် ကိစ္စဆိုပေမယ့် ငါ ခေနဲ့အရင်တိုင်ပင်ကြည့်
မှရမယ်။ဟုတ်တယ်..ဘာဘဲဖြစ်ဖြစ် ဒီကလေးဟာ ခေနဲ့ငါရဲ့ကိုယ်ပွားလေး။ခေ လက်ခံမှာပါ။ခေလက်ခံလောက်မှာပါ။ပတ်ဝန်းကျင်ကဘာပြောပြော ငါဂရုမစိုက်ဘူး အရေးကြီးတာက ခေရယ် ငါရယ်
ကလေးလေးရယ်..ငါတို့မိသားစုသုံးယောက်ဘဲ။ငါတို့သုံးယောက်
ဘဲပျော်ရွှင်ရင် ရပြီ။
မော်ကွန်း ခေါင်းဆတ်ဆတ်ငြိမ့်ကာ အားတင်းပြုံးလိုက်ရင်း အိပ်ယာဘေးမှဖုန်းအား ကောက်ယူလိုက်သည်။
📱📱📱......
ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပတဲ့။
သူအခု ကုမ္ပဏီ မှာအလုပ်ရှုပ်နေလို့များလား?
ဒါဆို ဘာလုပ်ရမလဲ?ငါလိုက်သွားရမလား?
ဟင်?မဖြစ်သေးပါဘူး။စာပို့ထားလိုက်ရင်ရော။
💬အရေးကြီးကိစ္စ တိုင်ပင်စရာရှိလို့ အားတဲ့အချိန် ကွန်ဒိုကို
လာခဲ့ပါ
စာပို့ပြီးနောက် မော်ကွန်း ဖုန်းလေးအားကိုင်ကာ ရင်တထိတ်ထိတ်
စောင့်စားနေမိသည်။
ကံတရားကဘယ်လိုဖြစ်မလဲ?သူက အပြစ်ရှိတဲ့သူဆိုပေမယ့်
ဒီအပြစ်တွေကို သူ့သားလေးအပေါ် မသက်ရောက်စေချင်ဘူး။
အရှင်ဘုရား တပည့်တော်ကို ဒီတစ်ကြိမ်ဘဲ ခွင့်လွှတ်ပေးပါ။
ဒီတစ်ခါမှားတာ နောက်ဆုံးပါ..ခေရယ် ကလေးလေးရယ်နဲ့သာ
အတူရှိခွင့်ရမယ် ဆိုရင် တပည့်တော်ဘာမဆိုပေးဆပ်နိုင်ပါတယ်
ဘုရား။
...................................................
၄ရက်ကြာသော်...
"ဟဲ့..မော်ကွန်း နင်ဘာဖြစ်နေတာလဲ?"
စားပွဲပေါ်မေးထောက်ကာ အကြာကြီးမှိုင်နေတဲ့ မော်ကွန်းအား
ဂျုဂျူးမေးလိုက်သည်။မော်ကွန်းပုံက အတွေးလွန်ပြီး စိတ်နဲ့ကိုယ်
နဲ့မကပ်သည့်ပုံပင်။
"ဂျူဂျူး..."
"ဟင်?"
မော်ကွန်းက ဂျူဂျုးကို အတန်ကြာငေးပြီး သက်ပြင်းချပြန်သည်။
"ဘာဖြစ်နေတာလဲ ငါစိတ်မရှည်တော့ဘူးနော် မော်ကွန်း
ပြောစရာရှိရင် ပြောလိုက်"
"ဘာမှမဟုတ်ဘူးဟာ..ငါဗိုက်ဆာလို့ "
"လာမလိမ်နဲ့ ပြော..ပြောမှာသာပြော"
ဂျူဂျူးက စိတ်မရှည်သလို မေးနေပြန်သည်။
ထိုစဉ် စားပွဲပေါ်မှ မော်ကွန်းရဲ့ဖုန်းမြည်လာလေသည်။
📱📱📱.....
ခေ ဆီမှဖြစ်သည်။
"ဟဲလို..."
"အင်း..messageပ်ို့ထားတာ အခုမှမြင်လို့"
"အင်း..ပြောစရာရှိတယ်"
"ငါရောဘဲ..ဒါဆို ငါ ညကြကွန်ဒိုကို လာခဲ့မယ်"
"အင်း..စောင့်နေမယ်"
ဖုန်းပြောပြီး မော်ကွန်းမျက်နှာအနည်းငယ် ကြည်လင်လာသည်။
ပြီးနောက် ဖုန်းကိုကြည့်ကာ ပြုံးနေသည်။
"မော်ကွန်းသစ်!"
ဂျူးဂျုးအသံကြီးကြောင့် မော်ကွန်းfeelတောင်ပျက်သွားရသည်။
"ဘာလဲဟာ..နားညီးတယ်"
"အဲ့ဒါ ဟိုလူ မလား?"
မော်ကွန်း ပုခုံးကိုသာ အသာတွန့်ပြလိုက်သည်။
ထိုအခါ ဂျူဂျူးက မျက်မှောင်ကြုတ်လာသည်။
"မော်ကွန်းသစ် နင်ဘာတွေလျှောက်လုပ်နေပြန်တာလဲ?"
"ဂျူးဂျုးရာ..တကယ်ပါဘဲ..ငါကဘာလုပ်နေလို့"
"နင်အဲ့လူနဲ့ပြန်ဆက်သွယ်နေတာလား?!"
"ဟို..."
"ငါနင့်ကိုတကယ် စိတ်ပျက်လာပြီနော် မော်ကွန်းသစ်
အေး..ငါနင့်ကိုတားနေတာက နင့်ကိုမဖြစ်သင့်တာတွေဖြစ်မှာ
စိုးလို့ ပြီးတော့ နာမည်ပျက်မှာစိုးလို့..အဲ့ဒါတွေကိုနင်နားမလည်ဘူးလား?"
နင့်စေတနာကို ငါနားလည်ပါတယ် ဂျူဂျူးရာ..ဒါပေမယ့်
ငါကိုက နင့်စေတနာနဲ့မတန်တာပါ။
"ကြားလားလို့ မော်ကွန်းသစ်!"
ထိုအခါ မော်ကွန်းသက်ပြင်းချကာ မတ်တတ်ရပ်လိုက်သည်။
"ငါအပြင်သွားလိုက်ဦးမယ်..ဗိုက်ဆာလို့..နောက်မှအေးဆေး
နင့်ကိုပြောပြပါ့မယ်.."
"ဟဲ့ မော်ကွန်းသစ်!...မော်ကွန်းသစ်!"
မော်ကွန်း ဂျူဂျူးအား လက်ပြကာ အပြင်သို့အပြေးထွက်သွားလေသည်။
မော်ကွန်း အပြင်ကိုအပြေးထွက်လာပြီး ရုတ်တရက်ရပ်လိုက်သည်။
ပြီးနောက် ဗိုက်ကလေးကိုအသာကိုင်ကာ အတွေးဝင်သွားပြန်သည်။
"ဖေဖေ့ကလေးလေး...တောင်းပန်ပါတယ်..ဖေဖေ့ကြောင့်နာသွား
ပြီလား?"
မော်ကွန်း ဗိုက်ကလေးကို အသာကိုင်ကာ ဖြည်းဖြည်းသွားရတော့သည်။
မော်ကွန်းကို ကြည့်နေတဲ့ တစ်စုံတစ်ယောက်ကိုတော့ မော်ကွန်း
မမြင်ခဲ့ပေ။
...............................................
ကွန်ဒိုတွင်...
စပျစ်ဝိုင် နှစ်ပုလင်းကို စားပွဲပေါ်နေရာချလိုက်သည်။
ပြီးနောက် ဖယောင်းတိုင်လေး နှစ်တိုင်ကိုထွန်းကာ သစ်သီးဝလံ
အစုံအလင်ကို လှပသော ကြွေပန်းကန်ထဲထည့်ပြီးအလှဆင်သည်။
ပြီးရင် ညစာအဖြစ် စားစရာ steakနှင့် ဆော့ အားတွဲထား
လိုက်သည်။ဓားနှင့်ခရင်းအား ပန်းကန်၏ဘေးတစ်ဖက်တစ်ချက်တွင် ထားလိုက်ကာ ဧည့်ခန်းသို့ထွက်လာပြီး ခေ့ အားစောင့်မျှော်
နေလိုက်သည်။
ပြီးနောက် အတည်ပြုအဖြေလွှာလေးအား စားပွဲပေါ်တင်ထားလိုက်သည်။
ကျွီ....
"ဆောရီး..ငါနောက်ကျသွားတယ်..အရေးကြီးကိစ္စမလို့"
ခေ ကအလောတကြီးပြောကာ ထိုင်ခုံတွင်ဝင်ထိုင်သည်။
"ရပါတယ်..ကျွန်တော်လည်း အခုမှ ပြင်ဆင်ပြီးတာ"
"ဟင်?ဘာပြင်ဆင်ပြီးတာလဲ?"
"အာ..ဒီလိုဘဲ ညစာအတူစားမလားလို့ပါ"
ခေက သက်ပြင်းချပြီး အသာပြုံးသည်။
ပြီးနောက် လက်အချင်းချင်း ဂဏာမငြိမ်သလို ပွတ်သပ်နေကာ
မြောက်ကြွကြွဖြစ်နေသည်။
"မော်ကွန်းသစ်"
"ဟင်?"
"ရှုမ၀လေ..ရှုမဝမှာ..."
"အင်း"
ခေက ပြောရင်းပြုံးနေကာ စကားပြောဖို့ အတော်အားယူနေသည်။
"ရှုမဝမှာ ကိုယ်ဝန်ရှိနေပြီတဲ့"
"...."
မော်ကွန်းတစ်ကိုယ်လုံးအေးစက်ကာ တောင့်ခနဲဖြစ်သွားလေသည်။
မဟုတ်ဘူး..သူနားကြားမှားတာနေမှာ။ဟုတ်တယ် နားကြားမှားနေတာ။
"ငါပျော်လွန်းလို့ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး!"
ခေက ပျော်လွန်းလို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။
မော်ကွန်း ခေအားကြည့်ကာ လက်ဖျားခြေဖျားတွေအေးစက်လာရသည်။
"မော်ကွန်းသစ် ကြားလား..?"
"ဟင်?"
ခေက ဝမ်းသာတကြီး သူ့ရှေ့လာရောက်ကာ သူ့ပုခုံးနှစ်ဖက်ကို
ဆုပ်ကိုင်ကာ စိတ်နဲ့ကိုယ်နဲ့မကပ်သော သူ့အားကြားအောင်
သေချာပြောသည်။
"ရှုမဝမှာ ကိုယ်ဝန်ရှိနေပြီလို့.."
"...."
"ဟိုတလောက ရှုမ၀ နယ်ဘက်မှာဇာတ်ကားရိုက်နေရင်း မူးလဲလို့
အနီးနားက မြို့လေးမှာ ဆေးခန်းသွားပြရင်း သိရတာတဲ့..ငါသိသိချင်း သူ့ဆီလိုက်သွားခဲ့တာ"
သြော်..ဒါကြောင့် သူဖုန်းဆက်တာကို ခေကအရေးမစိုက်နိုင်ခဲ့တာ
ကိုး။
"မော်ကွန်းသစ် မင်းကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေတယ်
ထင်တယ်..မင်းရော ဝမ်းမသာဘူးလား?"
မော်ကွန်း အခုမှ အသိစိတ်ကပ်သလို အရင်ပြုံးပြလိုက်သည်။
ပြီးနောက် လက်နှစ်ဖက်က ဒူးနှစ်ဖင်အား ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားကာ အားတင်းပြောလိုက်သည်။
"ဝမ်းသာပါတယ်..ခင်ဗျားအတွက်လည်း ဂုဏ်ယူပါတယ်"
"အင်း..ငါအခုချိန်မှာ အရမ်းပျော်နေတယ်..ဒါပေမယ့် မင်းအစ်မ
က ခေါင်းမာနေတုန်းကွာ..သူဟိုမှာ ဇာတ်ကားရိုက်ရင်းနဲ့ဘဲ
ကျန်နေခဲ့တယ်..အဲ့ဒါမင်း ရှုမဝကို နည်းနည်းဖျောင်းဖျပေးပါလား?
သူက ငါ့ကိုစိတ်ပူအောင်သိပ်လုပ်တယ်..."
မော်ကွန်း ရင်အစုံပျို့တက်လာသည်။ပြီးနောက် ခံစားချက်တွေ
မပေါ်လွင်အောင် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ...
"ဟို..ခင်ဗျား..မာမီနဲ့ဒယ်ဒီကို ပြောပြပြီးပြီလား?"
"ဟင့်အင်း..ငါမင်းကိုဘဲ အရင်သတိရလို့ ဒီလို ဝမ်းသာသတင်း
ကို မင်းကိုအရင်ပြောပြချင်လို့..ငါရောက်လာခဲ့တာ"
ဝမ်းနည်းသတင်းဘဲဖြစ်ဖြစ် ဝမ်းသာသတင်းဘဲဖြစ်ဖြစ် ခေမဟာ့
မျက်လုံးထဲ အရင်ပေါ်နေသူက မော်ကွန်းသစ်ဘဲဖြစ်သည်။
"အင်း...ကျွန်တော်ဝမ်းသာပါတယ်"
"ဒါနဲ့..မင်း..ငါ့ကိုပြောစရာရှိတယ်ဆို.."
"ဟမ်..အင်း.."
"ဘာပြောမှာလဲ ပြောလေ"
ခေ က မျက်မျက်နှာကို သေချာကြည့်ကာ သိချင်သလို
မေးသည်။
မော်ကွန်း ဘာမှမဖြေတတ်တော့ပေ။သူအခုလုပ်ချင်နေတာက
ခေ မမြင်နိုင်တဲ့တစ်နေရာသို့သွားကာ အကျယ်ကြီး အော်ချလိုက်ချင်သည်။
"ဟင်?မော်ကွန်းသစ်..မင်းနေရောကောင်းရဲ့လား?"
ခေ က သူ့နဖူးပေါ်လက်တင်ကာ အသာလေးစမ်းသပ်
သည်။
တော်ပါတော့ခေရယ်..ဂရုမစိုက်ပါနဲ့တော့..ကျွန်တော် လောဘတက်မိလိုက်မယ်။ကျွန်တော့်အပြစ်ကို ကျွန်တော်ဘဲခံ
ယူပါ့မယ်။
"ကောင်းပါတယ်.."
"ဒါဆို ဘာပြောချင်တာလဲ?"
"ဟို..ကျွန်တော်ခင်ဗျားနဲ့အတူ ညစာစားချင်လို့နောက်ဆုံးအနေနဲ့
ပေါ့.."
"ဟင်?"
"ဟုတ်တယ်လေ..ကလေးလေးလည်းရောက်လာတော့မှာဘဲကို
ခင်ဗျားနဲ့ကျွန်တော်လည်း..ဒီထက်ပိုပြီး ပတ်သက်စရာမလိုတော့
ဘူးလေ.."
"..."
"ပြီးတော့ ကျွန်တော် ဒီကွန်ဒိုကိုရောင်းတော့မှာလေ.."
ထိုအခါ ခေက အနည်းငယ်တွေဝေသွားသလို မျက်လုံးအိမ်တွေ
လှုပ်ခတ်သွားလေသည်။ပြီးမှ ခေါင်းဆတ်ဆတ်ငြိမ့်ပြကာ
အခြေအနေတွေအားနားလည်သွားသလိုရှိသည်။
"အင်းပါ..မင်းသဘောဘဲပေါ့..ငါလည်းကလေးရတော့မှာဆိုတော့
ဒီထက်ပိုပြီးအလုပ်တွေကြိုးစားရတော့မှာ..မင်းနဲ့လည်းတွေ့ဖြစ်တော့မှာမဟုတ်ဘူး.."
ခေက လေးလေးနက်နက် ပြုံးကာဆိုသည်။
"အင်း.နောက်ဆုံးဘဲ..ဒါဆို ညစာစားကြမယ်လေ"
"အင်း စားကြတာပေါ့"
မော်ကွန်း အစားအသောက်ပြင်ဆင်ထားသည့်အခန်းထဲခေါ်
လာခဲ့သည်။
"မင်းပြင်ထားတာလား?"
"ဒါပေါ့ ဘယ်သူရှိမလဲ?"
ခေ ကပြုံးကာ ခုံတွင်ဝင်ထိုင်သည်။
မော်ကွန်းလည်း ခေသောက်ဖို့ စပျစ်ဝိုင်ပုလင်းအားဖောက်ကာ
ဖန်ခွက်ထဲ ထည့်လိုက်သည်။
"ဒါက ဘာလဲ?"
စားပွဲပေါ်မှ ဆေးစစ်ချက်အဖြေလွှာအား ကောက်ယူကြည့်နေသည်မို့ မော်ကွန်း အပြေးဆွဲယူလိုက်ရသည်။
ခေက နားမလည်သလို သူ့အားသေချာမော့ကြည့်သည်။
"ဘာလို့လဲ?"
"ဘာမှမဟုတ်ပါဘူး..ခုနက ကွန်ဒို ဝယ်သူနဲ့စာချုပ်ချုပ်ထားတာ"
ထိုအခါ ခေက ခေါင်းဆတ်ဆတ်ငြိမ့်ပြသည်။
ဝိုင်ငှဲ့ထားတဲ့ဖန်ခွက်အား ခေ့ကိုပေးလိုက်သည်။
ပြီးနောက် သူ့လည်း အနည်းငယ်ငှဲ့ပြီး ခေနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။
"ခင်ဗျားအတွက် congratulations ပါ"
မော်ကွန်း ဝိုင်ခွက်အား မြှောက်ကာပြောလိုက်တော့ ခေက
နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ပြန်မြှောက်ပြသည်။
နောက်ဆုံးတော့ ခင်ဗျားရဲ့မျှော်လင့်ချက်တွေ ပြည့်စုံသွားပြီပေါ့။
ကျွန်တော် ဝမ်းသာပါတယ်ခေရယ်...။
ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေကတော့ ရေစုန်မျှောကုန်ပြီ။
ရှေ့ဆက်မယ့်နေရက်တွေမှာလည်း ခေမပါတော့ အဓိပ္ပါယ်မဲ့နေပြီ။
"မင်း လက်ရာကိုတော့ ငါမေ့မှာမဟုတ်ဘူး"
steakအား အသာလှီးပြီး ခရင်းနဲ့ထိုးကာ အားရပါးရစားသောက်
ကာ သူ့အားပြောသည်။
မော်ကွန်းလည်း ပြန်ပြုံးပြလိုက်ရင်း အသာခေါင်းငုံ့ကာ စားသောက်
လိုက်သည်။
နောက်ဆုံးနေ့ ဒီနေ့ သူတို့နှစ်ယောက်ရဲ့ဝေးကွာခြင်းနေ့။
သူ့အတွက်အဓိပ္ပါယ်မဲ့ပြီး ခေ့အတွက် ပျော်စရာနေ့ပေါ့။
မော်ကွန်း ရုတ်တရက် ကျလာတဲ့မျက်ရည်စက်အား အသာခိုးသုတ်
လိုက်သည်။
ညစာစားပြီး မော်ကွန်း ခေ့အား အခန်းပြင် လိုက်ပို့ပေးသည်။
"ဗိုက်တင်းသွားပြီ..တကယ်ကောင်းတယ်"
ခေက သူ့အားပြုံးပြီးပြောသည်။
"အင်း..goodluck "
"မင်းရောဘဲ"
"ငါ့ကိုလွမ်းတယ်ဆိုပြီး ဖုန်းတွေအတင်းဆက်မနေနဲ့ဦးနော်"
ခေက သူ့အားစသလိုနောက်သလိုပြောတော့ မော်ကွန်းလည်း
ပုံမှန်အတိုင်း ဟန်ဆောင်ကာ...
"သေလိုက်လေ.."
"ဟက်!ဟုတ်ပါပြီ..ဒါဆိုသွားပြီးနော် ဘိုင့်"
ခေက လက်ယက်ပြတော့ မော်ကွန်းလည်း နှုတ်ဆက်ကာ အခန်းတံခါးအားပိတ်ချလိုက်သည်။
ပြီးနောက် တံခါးအားကျောမှီချကာ ထိုငိချမိတော့သည်။
ထိန်းထားသမျှ မျက်ရည်တွေကို အကုန်သွန်ရင်း အောက်နှုတ်ခမ်း
ကိုသာ နာနာဖိထားမိသည်။
ဗိုက်ကလေးအား အသာအုပ်ကိုင်ပြီးဆိုလိုက်မိတာက...
"ကလေးလေး...ကလေးလေးရဲ့daddyကို..ခွင့်လွှတ်..
ခွင့်လွှတ်လိုက်နော်..."
ပြောပြီး အရူးတစ်ယောက်လို ငိုရပြန်သည်။
"ကလေးလေးရဲ့..daddyက နည်းနည်းလေး..ဆိုးပေမယ့်..
ခွင့်လွှတ်ပေးရမယ်..နော်.."
မျက်ရည်တွေ တာကျိုးသလိုစီးကျလျက် မော်ကွန်းအခန်းထဲ
အသံမထွက်အောင် ကြိတ်ငိုလိုက်သည်။
........................................
ညကြီးမျက်လုံးထဲ ဖုန်ဝင်သွားလို့