အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး...
By KhaingMyelMyan
1.2M 84.3K 5.7K
နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားက... More
အမှာစာ
Part(1)/Unicode
Part(1)/Zawgyi
Part(2)/Unicode
Part(2)/Zawgyi
Part(3)/Unicode
Part(3)/Zawgyi
Part(4)/Unicode
Part(4)/Zawgyi
Part(5)/Unicode
Part(5)/Zawgyi
Part(6)/Unicode
Part(6)/Zawgyi
Part(7)/Unicode
Part(7)/Zawgyi
Part(8)/Unicode
Part(8)/Zawgyi
Part(9)/Unicode
Part(9)/Zawgyi
Part(10)/ Unicode
Part(10)/Zawgyi
Part(11)/Unicode
Part(11)/Zawgyi
Part(12)/Unicode
Part(12)/Zawgyi
Part(13)/Unicode
Part(13)/Zawgyi
Part(14)/Unicode
Part(14)/Zawgyi
Part(15)/Unicode
Part(15)/Zawgyi
Part(16)/Unicode
Part(16)/Zawgyi
Part(17)/Unicode
Part(17)/Zawgyi
Part(18)/Unicode
Part(18)/Zawgyi
Part(19) / Unicode
Part(19)/Zawgyi
Part(20)/ Unicode
Part(20)/Zawgyi
Part(21)/Unicode
Part(21)/Zawgyi
Part(22)/Zawgyi
Part(23)/Unicode
Part(23)/Zawgyi
Part(24)/Unicode
Part(24)/Zawgyi
Part(25)/Unicode
Part(25)/Zawgyi
Part(26)/Unicode
Part(26)/Zawgyi
Part(27)/Unicode
Part(27)/Zawgyi
Part(28)/Unicode
Part(28)/Zawgyi
Part(29)/Unicode
Part(29)/Zawgyi
Part(30)/Unicode
Part(30)/Zawgyi
Part(31)/Unicode
Part(31)/Zawgyi
Part(32)/Unicode
Part(32)/Zawgyi
Part(33)/Unicode
Part(33)/Zawgyi
Part(34)/Unicode
Part(34)/Zawgyi
Final Part/Unicode
Final Part/Zawgyi
Part(22)/Unicode
24.5K 1.9K 166
By KhaingMyelMyan
" စိတ် .. စိတ်ကို လျှော့လိုက်ပါ တူမကြီးရယ်"
" ကျွန်တော်က ယောကျ်ားလေးပဲ !
ဘာကို တူမကြီးလဲ ၊ ကျွန်တော့်နာမည် ညီညီ
မတတ်ရင် သင် မသိရင်မှတ်တဲ့ အဒေါ်ကြီး "
ထုထည်အားဖြင့် ကျစ်လစ်သိပ်သည်းသော သစ်သားတုတ်ကိုကိုင်လျက် ဒေါသထွက်နေသည့် ဒုတိယသခင်လေး၏ ဇနီးလေးအား သူတို့ တစ်ယောက်မှ မထိရဲပါ ။
အိမ်တော်ထိန်းကြီး ဒေါ်စံမှဲ့မှာ ထိုမိန်းကလေးအား ဘယ်လိုမှ ထိန်း၍
မရတော့။ မိန်းမငယ်လေးက ဆံပင်ကို ကျစ်ကျစ်ပါအောင် ထုံးထားကာ သခင်လေး၏ Shirtအင်္ကျီနှင့် ဘောင်းဘီတို့အားလည်း ယူ၀တ်ထားသေး၏ ။
[A:N/ ပုံနှုန်းညီ's Hair Style ]
လက်၌ သစ်သားချောင်းကို ကိုင်ထားပြီး အတော်လည်း ဒေါသပုန်ထနေသည်မို့ သူတို့အမြင်၌တော့ ထိန်းရခက်သည့် မိန်းမကြမ်းလေးလိုပင်ဖြစ်နေတော့သည်။
ဒေါ်စံမှဲ့မပြောနှင့် အခြားယောက်ျားအရင့်အမာ အစေခံများပင် ထိုမိန်းကလေး၏ အနားမကပ်ရဲ ။ သစ်သားချောင်းဖြင့် လူတစ်ယောက်အား ခေါင်းကွဲအောင် ရိုက်လိုက်
သည့် မြင်ကွင်းက သူတို့အတွက် တုန်လှုပ်စေဖို့ လုံလောက်သည်လေ ။
စောစေးလျမ်းကလည်း ထိုကလေးမလေးအား ဘယ်လိုကိုင်တွယ်ရမှန်း မသိတော့၍ စေးမူးကိုသာ ဖုန်းဆက်ခေါ်ထားရသည်။ ဘယ်သူမှ ၀င်မတား ၀င်မဆွဲရဲသည့် အခြေအနေမို့ ဒုတိယသခင်လေးအမြန် ပြန်လာစေရန်သာ ဆုတောင်းနေကြတော့၏။
" ဟိုကောင့်ကို ပြန်ထုတ်ပေးနော် !
ကာထားရင် ကာထားတဲ့ကောင်ပါ ရိုက်မယ်
တောက်! ဘယ်ကောင်က ငါနဲ့အိပ်ချင်တာလဲ
လာခဲ့ .. လာ "
" စိတ်လျှော့ပါ တူမကြီး.. အဲ့ တူလေးရယ်
ခဏလေးလောက် စိတ်လျှော့ပြီး အဲ့တုတ်ကြီး ချ... ချလိုက်ပါကွယ် "
ဒေါ်စံမှဲ့က မရဲတရဲဖြင့် အနားကပ်သွားပြီး ဖြောင့်ဖြသော်ငြား ထိုမိန်းကလေးက သဘောတူသည့်ပုံ မပေါ်။ လက်ရဲ ဇက်ရဲလေးနှင့် တကယ်ကြီး လူတစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်သည်မှာ အံ့အားသင့်စရာပင် ။
" မဟုတ်ဘူး ကျစ် !
အဲ့​ကောင်က ငါနဲ့အိပ်ချင်နေတာလေ
ငါက ပေးအိပ်မလို့ .. သူ့ကိုသာ ထွက်လာခိုင်းလိုက်စမ်းပါ၊ မင်းလက်သရမ်းပြီး အခုမှ မိန်းမလိုမျိုး အကာအကွယ်ယူမနေနဲ့ ! "
ခေါင်းအရိုက်ခံထားရသည့်အစေခံအား အခြားအစေခံများကာ ကွယ်ထားပေးနေသောကြောင့် ဒုတိယသခင်လေး၏ ကြင်သူလေးက ဒေါသထွက်နေ၏။
အကြောင်းစုံကို သေချာမသိသော်ငြား
ခြေလွန်လက်လွန်ဆွေဖြစ်ကုန်လျှင် ဒုက္ခရောက်ရမည်မို့ ထိန်းနေကြရခြင်းဖြစ်သည်။ ထိုမိန်းကလေး၏ လက်စကိုလည်း တွေ့ခဲ့ပြီးဖြစ်၍ သူတို့ယခုလို ကြောက်လန့်နေကြသည်မှာ အလွန်မဟုတ်။
" နှုန်းလေး .. စိတ်လျှော့ပါကွယ်
စေးမူးမကြာခင်ရောက်လာတော့မှာ၊
အဲ့ကျမှ အကုန် နှုန်းလေးသဘောဖြစ်စေရမယ်၊ စေးမူးလာတော့မှာပါ..နော် နှုန်လေး "
ဒေါ်မူယာချို၏ စကားချိုချိုတွေကို သေချာစဥ်းစားသွားဟန်ရှိတဲ့ ကောင်မလေးဟာ လက်ထဲမှ သစ်သားချောင်းကိုချလိုက်၏။
" သူ့ကို ခေါ်လိုက်တာလား ?
အဲ့တာကို ကိုယ့်ကို အစကတည်းက မပြောဘူး ၊ မကိုင်တော့ဘူး မကိုင်တော့ဘူး အဲ့သစ်သားချောင်းကြီး သွား .. "
ပြောပြောဆိုဆိုနှင့် လွှတ်ချလိုက်သော သစ်သားချောင်းအား အားပါပါ အဝေးသို့ကန်လိုက်သည်မို့ အနားရှိအစေခံများထံမှ 'အမလေး ' ဟူသည့် အာမေဋိတ်များထွက်ပေါ်လာတော့သည် ။
စောအယ်စေးမူးဆိုသည့် နာမည်ကို ကြားသည်နှင့် ပြုံးယောင်သမ်းသွားသော မျက်နှာလေးက အတော်ကို လှပါ၏ ။
သို့သော်ငြား ခါတိုင်းကဲ့သို့ သနပ်ခါးပါးကွက်ကြားမျက်နှာနှင့် ဆံပင်ကိုခါးထက်ဖြန့်ချပြီး ရင်ဖုံးအင်္ကျီထဘီ၀တ်ထားခြင်း မဟုတ်သည်မို့ အမြင်တော့ဆန်းလှသည်။
မျက်နှာမှာ ပကတိရှင်းပြောင်လျက် ဆံပင်ကို အသေအချာ ကျစ်ကျစ်ပါအောင် ထုံးကာစည်းနှောင်ထားပြီး သခင်လေး၏ အ၀တ်အစားများနှင့် နှုန်းလေးက တစ်မျိုးတော့ တစ်မျိုးကလေးပင် ။
သို့ပေသိ 'လှသည်' ဟူသော ဂုဏ်ပုဒ်ကလေးကတော့ စွဲထင်လျက်သာ ။
ဧည့်ခန်းထဲရောက်သည့်တိုင်း ခပ်ပြုံးပြုံးဖြစ်နေသည့် နှုန်းလေးကြောင့် စောစေးလျမ်းနှင့် မူယာချိုတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း မျက်စပစ်လိုက်မိသည်။
" သူက မလာသေးဘူးလား !
ခေါ်ထားတာဆိုတော့ လာတော့လာမှာပေါ့
ခေါ်ထားတာ ကြာပြီလား အဒေါ်"
" ဟင် မကြာ.. အဲ ကြာပြီ ကြာပြီ "
မူယာချိုမှာ မိမိအား အဒေါ်ဟု ခေါ်လိုက်
သည့် ထိုမိန်းကလေး၏ အမေးကြောင့်
ခတ္တမျှ ကြောင်အမ်းသွားရပြီး ယောင်ယောင်နနဖြင့် ခေါင်းပါ ငြိမ့်ပြလိုက်မိသည်။
" ကိုကိုကြီး .. Bae ရော Bae !
Bae .. မင်းယောကျ်ားပြန်လာပြီ "
" ဟိတ်ကောင် ငါဒီမှာ ဒီမှာ "
တစ်ယောက်ကလည်း အိမ်ကြီးထဲသို့ မ၀င်ခင် ကားစက်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် တဘေဘေ ဖြင့် အော်နေသည်။
နောက်တစ်ယောက်ကလည်း လူပင်မမြင်
ရသေး..အသံကြားသည်နှင့်တစ်ပြိုက််နက်
ဧည့်ခန်းထဲမှ အပြင်သို့ ပြေး၍ပင် ထွက်သွား၏။
" Bae .. လာပါဦး လာပါဦးကွာ
ကိုယ် စိတ်ပူလိုက်ရတာ "
စောအယ်စေးမူးက အိမ်ထဲမှ ပြေး၍ထွက်လာသည့် ချစ်ရသူအား လက်နှစ်ဖက်ဆန့်လျက် ရင်ခွင်ထဲ ၀င်လာစေ၏ ။
အလိုက်တသိပင် ရင်ခွင်ထဲ ပြေး၀င်လာ
သည့် ခန္ဓာကိုယ်လေးအား အားရအောင် တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး ပုခုံးသားလေးများအား စိတ်လိုလက်ရနမ်းရှိုက်လိုက်မိသည် ။
" ယောကျ်ားကို ပြောပါဦး
Baeကို ဘယ်ကောင် ဒေါသထွက်အောင် လုပ်တာလဲ ! အိမ်ရိပ်တောင် မနင်းစေရဘူး "
" ဟား .. မင်းကိုယ်မင်း ယောကျ်ားလို့
သုံးလိုက်တော့ တစ်မျိုးကြီးပဲ ဟီး .. ကြိုက်တယ် ကြိုက်တယ် ယောကျ်ား ယောကျ်ား "
'ယောက်ျား'ဟု အတွင်တွင်ခေါ်ကာ သဘောကျနေသည့် အမျိုးသားလေးအား ကြည့်ကာ စောအယ်စေးမူး ပြုံးလိုက်မိ၏။
" Bae .. "
" ဟမ် .. ဟာ မင်း !
ငါအခုမှပြောဖို့ သတိရတယ်
အဲ့ဘေထုပ်ဆိုတာကြီး ခေါ်ပြန်ပြီလား
ဟင်း ... ငါကတော့ မင်းကို ယောကျ်ားလို့ခေါ်လိုက်ရတာ မင်းကလည်း ငါ့ကို ယောက်ျားလို့ ပြန်ခေါ်လေကွာ .. နော်"
" ဗျာ .. အဲ့လို မဟုတ်ဘူးလေ "
မိမိ၏ လက်မောင်းအား လာတွဲလျက် ထိုသို့ပြောလာသော ချစ်ရသူအား သူဘယ်လို နားလည်ရပါမလဲ ။ ' ယောကျ်ား ' လို့ ခေါ်လိုက်ရတာဟာ ပြသနာမဟုတ်ပေမယ့် အခေါ်အဝေါ်နေရာတွင် ရပ်တန့်မသွားရင်တော့ ဒုက္ခ။
" အဲ့လိုအခက်တွေ့နေလို့ ယောကျ်ား ဆူပုတ်ပုတ်ဖြစ်နေတာလေးက ချစ်စရာလေး ၊
ယောကျ်ားကို ယောကျ်ားသဘောကျတယ် "
" ခဏ ! သေချာ ပြောမှ ဖြစ်တော့မယ် "
" ယောကျ်ားနားထောင်နေပါတယ်
ပြောလေ ယောကျ်ား "
'ယောကျ်ား'ချင်းထပ်နေသည့် စကားများကြောင့် စေးမူးမှာ ရယ်ရခက်၊ငိုရခက် ဖြစ်နေ၏။ ဒီအူကြောင်ကြောင်လေးက တကယ်ကို ချစ်စရာကောင်းနေတော့သည် ။ သို့ပေသိ အူကြောင်ကြောင်လေး၌ သူ့ကို လွှမ်းမိုးချင်နေသည့် အရိပ်အယောင်များတွေ့ရ၏။
" ၁အချက် ကိုယ် မင်းကို ယောကျ်ားလို့
မခေါ်ဘူး Baeလို့ခေါ်တာကို မကြိုက်ရင် အချစ်လို့ ခေါ်ပေးမယ် ၊ ၂အချက် ကိုယ်ကသာ မင်းအိမ်ဦးနတ် မင်းအိမ်ထောင်ဦးစီး
မင်းယောကျ်ား မင်းလင် ၊ ၃အချက်
မင်းကိုယ့်စကားနားထောင်ရမယ် ထင်ရာစိုင်းနေလို့မရဘူး ကိုယ်က ဆိုးတဲ့ကောင်တွေ
မကြိုက်ဘူး !"
" အဟွန်း ! မတရားသဖြင့်ကြီး "
" ဘာ ! အချစ် "
မျက်နှာချင်းဆိုင် အနေအထားမို့ ချစ်ရသူ၏ မျက်နှာ အမူအယာကို စေးမူးက အသေအချာ မြင်နေရပါ၏ ။ နှုတ်ခမ်းတစ်ဖက်ကို ပင့်တင်လျက် 'အဟွန်း'ဟု လှောင်သလိုပြုံးလိုက်သည့် ပုံစံက တကယ်ကို အဆိုးအစွာလေးနှင့် တူနေသည် ။
အော်လိုက်မိသူက မိမိဖြစ်သည်မို့ စိတ်ကွက်သွားသည့် အမျိုးသားလေးအား လက်မှ ဆွဲကာ အိမ်ထဲသို့ ၀င်လာရတော့၏။
ဧည်ခန်းထဲမှ ကိုကိုကြီးနှင့်မမချိုအား မြင်သော်ငြား ခေါင်းငြိမ့်၍သာ ပြခဲ့လိုက်ရသည်။ Baeစိတ်ခုသွားသည့် ကိစ္စက သူ့အတွက် ပို၍ အရေးကြီးနေသည် မဟုတ်လား။
ဒီအမျိုးသားလေးအား မျက်နှာတစ်ချက်မညှိုးအောင် သူထားမည်။
အခန်းအတွင်းသို့ရောက်သည့်တိုင် သူ့အား အမြင်မကြည်၊ရွှေစိတ်တော်ညှိုးနေသော ချစ်ရသူကြောင့် စေးမူးက ပြုံးလိုက်မိ၏ ။
" ကိုယ်က စတာပါ အချစ်ရာ
ယောကျ်ား မင်းကို မအော်တော့ဘူး ဟုတ်ပြီလား ၊ ကြည့်ပါဦး စူပုတ်နေတာပဲ
အဲ့ဒီစူနေတဲ့ နှုတ်ခမ်းပေါ်ကနေ အိမ်အောက်ကို ပြန်ဆင်းသွားလို့ရနေပြီ "
" မနောက်နဲ့ !
မင်း ငါ့ကို အော်တယ် မကောင်းတဲ့ကောင် "
စိတ်ဆိုးမပြေနိုင်ကြောင်းထင်ထင်ရှားရှား လက္ခဏာပြလျက် တစ်ဖက်သို့ လှည့်သွားသော ချစ်ရသူလေးအား သူအသဲယားကာ ပြန်ဆွဲလိုက်၏။
" ရင်ခွင်ထဲ လာပါလား အချစ်"
လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ရင်ခွင်ထဲသို့လာရန် တောင်းဆိုနေသော်ငြား Baeကတော့ သူအား မျက်စောင်းလေးဖြင့် ထိုးမြဲထိုးစဲ ။
" မလာနိုင်ဘူး ! မလာဘူး "
" အကောင်းပြောနေတုန်း လာနော် အချစ်
ကိုယ် လက်မပါချင်ဘူး "
"ငါမလာဘူး မင်းဘာလုပ်ချင်.. အာ့.. ဟာ
ဟိတ်ကောင် "
တစ်ခွန်းမကျန် တတွတ်တွတ်တုန်ပြန်နေသော အမျိုးသားသားလေးအား ပုခုံးမှ ဆွဲကိုင်လှုပ်ကာ ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်၏။
" လက်ပါ မိပြီ "
" မင်း .. ဒါ အကြမ်းဖက်တာပဲကွ
သိလား ! "
" ကမ္ဘာကြီးက ဘာလို့ 23 1/2 ဒီဂရီ စောင်းနေတာလဲ အချစ်သိလား "
ရုတ်တရတ်မေးလိုက်သည့်သူ့အမေးကြောင့်
သူ့အား မျက်မှောင်ကြီးကျုံ့၍ မော့ကြည့်လာသော Baeကို ပြုံးကြလိုက်မိသည် ။
" ငါ ဘယ်သိမလဲ .. ငါလှတာနဲ့မှမဆိုင်တာ "
" ဟ ! လိပ်ကလေးပဲ
အင်း .. ကမ္ဘာကြီး 23 1/2 ဒီဂရီစောင်းနေတာက
အချစ် ကိုယ့်ရင်ခွင်ထဲ အလွယ်တကူ လိမ့်ဆင်းလာလို့ရအောင်လို့တဲ့ !"
" ..... "
သူပြောလိုက်သည့် အပြောအား မျက်လုံးလေးပြူးကာ စဥ်းစားနေသည့် Baeအား ကြည့်ရင်း စေးမူး အသဲယားလာမိသည်။
မြင်နေကျပုံစံနှင့် ကွဲပြားစွာ ၀တ်စားဆင်ယင်ထားမှုကြောင့်ရော သူ့အမြင်၌ ထိုအများသားလေးဟာ အတော်ကို သိမ်းပိုက်ချင်စရာကောင်းလှ၏ ။
သူကလည်း ဒီလိုတွေ မFlirtတတ်ပေမယ့် Baeအတွက်တော့ ခဏတာဖြစ်ဖြစ် စိတ်လှုပ်ရှားရင်ခုန်မှုမျိုး ပေးချင်မိသည်။
သူ့စကားကြောင့် Baeက စကားပင် ပြန်မပြောနိုင်။ စိတ်လှုပ်ရှားသွားတာများလား။
" ကမ္ဘာကြီးက 23 1/2 ဒီဂရီစောင်းနေတာက ရင်ခွင်ထဲ လိမ့်ဆင်းလာဖို့ဆိုရင် တခြားမိန်းကလေးတွေလည်း မင်းရင်ခွင်ထဲလိမ့်ဆင်းလာနိုင်တာပေါ့နော် "
" ဗျာ .. အဲ့လို မဟုတ်"
" ကမ္ဘာကြီးက ငါ့တစ်ယောက်ထဲအတွက် စောင်းနေတာမှ မဟုတ်တာ သူ့ဘာသာစောင်းနေတာလေ အဲ့တော့ ငါတစ်ယောက်ထဲ လိမ့်ဆင်းလာတာ ဖြစ်နိုင်ပါ့မလား "
ရင်ခုန်စေချင်လို့ ပြောလိုက်သည့် အရောပရီစကားအား အတည်ပေါက်ကြီးတွေးတောကာ ရှာကြံရစ်နေသည့် Baeကို သူအနည်းငယ် လက်လံမိပါ၏ ။
" ကမ္ဘာကြီးက လူတိုင်းအတွက် စောင်းနေပေမယ့်
ကိုယ့်ရင်ခွင်ကကျ အချစ်တစ်ယောက်ထဲအတွက် ဖွင့်ပေးထားတာဆိုရင်ရော "
" အဟွန်း .. တော်တော် လည်တဲ့ကောင် !
လူလည် ဂျလည် လူဆိုး "
စောအယ်စေးမူးဟာ ဒီအမျိုးသားနဲ့ကျမှ တစ်သက်နဲ့ တစ်ကိုယ်မရဖူးခဲ့သည့် ဂုဏ်ပုဒ်တွေ ရလို့နေပြီဖြစ်သည်။
အမျိုးသားလေးဟာ ဘယ်လိုပုံစံပဲဖြစ်နေပါစေ ။
သူ့ကိုတော့ အတော်တွယ်တာသည့်ပုံပင်။
ကိုလက်ယာပြောသလိုမျိုး သူကလည်းစိတ်တွကိုသေချာ ပြင်ဆင်ထားရမည်မဟုတ်လား ။
" အချစ် "
" ဟမ် .. ပြော "
" အချို့အရာတွေမှာ အဆိပ်ကို အဆိပ်နဲ့ကုရတယ်ဆိုတဲ့ စကားမျိုး ကြားဖူးလား "
" အင်း .. ကြားဖူးမယ်ထင်တာပဲ
အခု မှတ်ထားလိုက်ပြီ "
" ဟုတ်ပြီ ကိုယ့်အချစ်က လိမ္မာတယ်
ကိုယ်က ဆိုးတယ်၊လူလည်လေးလို့ အချစ်ကပြောတယ်မလား အချစ်တစ်ယောက်ထဲ ကိုယ့်ကို ထိန်းရင် ကိုယ့်အချစ်ပင်ပန်းမှာပေါ့ "
ချစ်ရတဲ့အမျိုးသားလေးဟာ အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးနှင့် သူ့ပြောစကားကို အာရုံစိုက်နားထောင်နေ၏ ။
ချစ်ရသူ၏ မျက်နှာလေးအား ကြည့်ရင်း နဖူးလေးကို ငြင်သာစွာ နမ်းလိုက်ပြီး ပါးပြင်နုနုလေးတွေဆီကိုသာ ကျူးကျော်လိုက်မိတော့သည်။
နှာတံဆင်းဆင်းလေးထက်မှာလည်း သူ့နှုတ်ခမ်းအထိအတွေ့လေး ချန်ထားပေးလိုက်၏။
အဆုံးမှာ ပန်းသွေးရောင်ပွင့်ချပ်လေးလို ပါးလွှာတဲ့ နှုတ်သားလေးအား ' ပြွတ်' ကနဲ့ မြည်အောင် ဆွဲစုပ်လိုက်ပြီး ချစ်ရသူနှင့်အကြည့်ချင်းစုံစေသည်။
" ကိုယ့်ကို ထိန်းဖို့ ကိုယ့်ကိုယ်ပွားလေး အချစ်မလိုချင်ဘူးလားဟင် .. အချစ်ကို ပါးပါးလို့ခေါ်ပြီး ကိုယ့်ကို Daddyလို့ခေါ်မယ့် လူလည်လေးလေ"
" .... "
" ကိုယ်က လူလည်ဆို အချစ်ရယ်
လူလည်ကြီးကို လူလည်လေးက ထိန်းမှရမှာပေါ့
ကိုယ့်အချစ်ကပဲ ထိန်းရင် ပင်ပန်းလိမ့်မယ်
အဲ့လူလည်လေးကိုမွေးပြီး သူ့ကိုပဲ ထိန်းခိုင်း "
" လူ .. လူ လည် "
နှုတ်ခမ်းပါးပါးလေးဆီမှ တစ်ခွန်းချင်း ထွက်ကျလာတဲ့ စကားသံလေးကြောင့် စေးမူးဟာ ချစ်ရသူကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။
စိုစွတ်လာသော သူ့ရင်ဘက်ကြောင့် အမျိုးသားလေး ငိုကြွေးနေမှန်း သိလိုက်ရသည်။
သူကလည်း ဒီအမျိုးသားလေးရဲ့ ခိုလှုံရာဖြစ်ရမည်။
" ကောင်..ကောင်လေး.. အဲ့ .. အဲ့လူက ငါ့..ဟင့်
ငါ့ကို "
" ကိုယ်ရှိတယ် .. Bae​ယောကျ်ား ကိုယ်ရှိတယ်
အဲ့ကောင်မှမဟုတ်ဘူး ဘယ်ကောင်မှ Baeအရိပ်ကိုတောင် မထိတွေ့စေရဘူး.. အသက်ရှင်ရတာ ပင်ပန်းလွန်းလို့ သေချင်လာတဲ့အထိ ကိုယ်လုပ်ပြမယ် ! "
" ဟင့်အင်း .. ထား .. ထားလိုက်ပါတော့
ငါ .. ငါ အဆင်ပြေ .. ပြေ"
'ပြွတ်'
မျက်ရည်တွေကြား တုန်တုန်ရီရီပြောနေသည့် အမျိုးသားလေးအား တင်းကြပ်စွာဖက်လျက် နှုတ်ခမ်းလေးကို တယုတယ စုပ်ယူမိတဲ့အခါ
သူထင်သလို ချစ်ရသူရဲ့ ခန္ဓာကိုယ်လေးဟာ တစ်ချက်တုန်သွားခဲ့သည်။
" သိပ်ချစ်တယ် ကိုယ် Baeကို သိပ်ချစ်တယ်
ကိုယ်ရှိနေတာမလို့ လုံခြုံတယ် ဟုတ်ပြီလား
ဒီကောင်က Baeကို အရာအားလုံးထက် မြတ်နိုးပြီး တန်ဖိုးထားတာမလို့ .. အထိအခိုက် မခံမှာမလို့ ကိုယ့်အရိပ်မှာ မင်းလုံခြုံပါတယ် အချစ်ရာ "
" ကျေး .. ကျေးဇူး တင် ..."
' ပြွတ် '
" တင်.. ပါ .. ပါတယ် "
စိတ်လိုလက်ရ စုပ်ယူနေမိတဲ့အတွက် နှုတ်ခမ်းပါးလေးဟာတော့ ဘာအပြစ်မှမတင်။
ပိုင်ရှင်ဖြစ်သူကို သိနေလို့များလား။ ဒီအမျိုးသားလေးဟာ သူ့အပိုင်ဆိုတဲ့ စိတ်တွေနဲ့ သူဆန္ဒတွေဟာလည်း အထွုဋ်အထိပ်ကို ရောက်လာခဲ့တော့သည်။
" ပြွတ် ... ဟင်း .. "
တစ်ခါနမ်းရုံနဲ့ အားမရစွာ ချစ်ရသူ၏ လည်တိုင်လေးအား အသေအချာကိုင်လျက် ချစ်ရသူအား အဆက်မပြတ်နမ်းရှိုက်မိတော့၏ ။
သူ့ရဲ့ပြင်းရှရှ အနမ်းတွေအောက် Baeကလည်း ရုန်းကန်ခြင်းမပြု ။ သို့သော်ငြား ရုတ်တရတ် ထိတွေ့လိုက်မိတဲ့ သူ့လက်တွေကြောင့် Baeက
အနောက်သို့ တွန့်ဆုတ်သွားတော့သည်။
" Sorry ..Bae ကိုယ် .. ဟို ကိုင် .. "
တင်ပါးလုံးလုံးလေး၏ အိစက်စက်အထိအတွေ့ကြောင့် မလွှတ်ပေးလိုက်ချင်သော်ငြား လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ရသည်။
မျက်ရည်တွေ ဝေ့တက်လာတဲ့ ချစ်ရသူ အမျိုးသားကြောင့်စောအယ်စေးမူးဟာ ခြေမကိုင်မီ လက်မကိုင်မီ ဖြစ်ရပြန်၏ ။
" ဟို .. Bae ကိုယ်နောက်မှ ချော့မယ်
အခု ဘယ်လိုမှ အဆင်မပြေတော့ဘူး ဟူး .. !"
Toilet ရှိရာဘက်သို့ ပြေးထွက်သွားသော ကောင်လေးအား မျက်စိတဆုံးလိုက်ကြည့်ရင်း ဝေ့တက်လာသည့် မျက်ရည်တွေကို သုတ်ရင်း ပုံနှုန်းညီဟာ သက်ပြင်းကို တိုးတိုချလိုက်မိသည်။
" ငါတောင်းပန်ပါတယ် ကလေး
မင်း သိသွားတဲ့အခါကျရင် ငါ့ကို မုန်းချင်လည်း မုန်းလိုက်ပါ ၊ ငါ အားလုံးအတွက် ပြင်ဆင်ပြီးမှ မင်းဘ၀ထဲ ၀င်ခဲ့တာမလို့ .. ဒါပေမဲ့ ငါ.. "
တစ်ယောက်ထဲ တိတ်တဆိတ်ရွတ်ဆိုနေမိတဲ့စကားတွေကြား မျက်ရည်ကလည်း တိတ်တိတ်ကလေး ကျရသေးသည် ။
သူ့ဘ၀ဟာ ဘာကြောင့်များလဲ ။
သူ့ဘ၀ဟာ ဘာကြောင့် ဒီလို ဖြစ်တာလဲ !!
" ငါ.. မင်း အမုန်းတွေကို လက်ခံနိုင်ဖို့တော့
မပြင်ဆင်ရသေးဘူး "
လက်မှ လက်ထပ် လက်စွပ်လေးအား လှည့်လိုက်ရင်း ထပ်ပြီးရေရွတ်မိပြန်၏။
ဝေ့တက်လာပြန်တဲ့ မျက်ရည်တွေကို လက်ဖုမိုးနဲ့ လက်ပြတ်သုတ်လိုက်ရင်း စိတ်ပင်ပန်းစွာ ခပ်ဖွဖွ ရယ်လိုက်မိပြန်သည်။
စိတ်ပင်ပန်းတဲ့အချိန် ဒီလိုရယ်လိုက်တာက သူ့ကိုပိုလို့ပင်စိတ်သက်သာရာ ရစေသေး၏။
" ဒီကိစ္စကြီး ပြီးပြတ်သွားရင် ငါသေလို့ရပြီ
ငါ သေဖို့လုံလောက်ပြီ ! ငါ ပင်ပန်းနေပြီ "
သူက ထိုသို့ရေရွှတ်ရင် လက်ထပ်လက်စွပ်အား ချွတ်ကာ လေပေါ်ပစ်တင်လိုက်ရင်း မြှောက်စ မြှောက်စ လုပ်ကာ ကစားနေမိ၏ ။
" ရွံဖို့ ကောင်းလိုက်တဲ့ ငါ .. !!!
ငါ့ကိုယ်ငါဖျက်ဆီးရုံတင်မကဘူး
လူတစ်ယောက်ရဲ့ နှလုံးသားကိုပါ ဖျက်ဆီးမိတော့မယ် "
ဘယ်လိုပဲ သုတ်နေပါစေ..ကျလာတဲ့ မျက်ရည်တွေကြောင့် ပုံနှုန်းညီဟာ တဖန်ပြန်ပြုံးလိုက်မိပြန်၏ ။
ခံစားချက်တွေ ၊ ခံစားချက်တွေ !!
သူ့မှာ ခံစားချက်တွေ ထားလို့မရတာ မသိဘူးလား ။
" Bae... ဟမ်း ... အာ့ .. Bae ဟူး ... !!"
" ဟိတ်ကောင် !! တံခါးပိတ် ငါ ကြားနေရတယ်"
တံခါးက ဖွင့်ထားတာမို့ ကောင်လေး၏ သူ့အပေါ် မေတ္တာပို့သသံများအား အတိုင်းသား ကြားလိုက်ရ၏ ။
သူ့တစ်သက်မှာ တစ်ခါချစ်မိသွားခဲ့သည့် ကောင်လေးအကြောင်းတွေးကာ ပြုံးလိုက်မိရင်း ခေါင်းကိုသာ ဖြေညင်းစွာ ခါရမ်းလိုက်မိသည်။
ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးကို
သူ့အနေနဲ့ ဘယ်လို မချစ်ဘဲနေနိုင်ခဲ့ပါမလဲ ။
ချစ်တိုင်းလည်း မပေါင်းဖက်ရတဲ့ဇာတ်သိမ်းတွေရှိတယ် ကောင်လေရယ် ။
တစ်နေ့ကျရင် မင်းငါ့ကို မုန်းသွားတဲ့ အချိန်မှာတောင် ငါက .. ငါက မင်းကို ချစ်ခဲ့တယ်ဆိုတာကိုတော့ မင်းယုံပေးမှ ငါ သေရမှစိတ်ဖြောင့်နိုင်မယ် ။
ချစ်တယ် ကလေးရယ်..
ငါ့မှာ အဲ့သည်လို ဒီကောင်လေးကို တားမြစ်ထားတဲ့မသိစိတ်တွေထဲကနေ ခိုးခိုးပြီးချစ်ရတယ် ။
_______________________________________
Wed.28.Sep
Continue Reading
You'll Also Like
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.5M 94.4K 73
💦 ကျေးလက်တောရွာ ပုံစံလေးပါ။ M preg ကြိုက်သူများ ၊ Transmigrated type ကြိုက်သူများအတွတ်... 💦 Start date. ..28.5.2022 End date.... 29.7.2022
111K 6.9K 19
ဆရာဝန်လေးတစ်ယောက်က အတိတ်ဆိုးတွေရှိနေတဲ့ အိမ်ကြီးရောက်သွားတဲ့အခါ... ဘယ်လိုအန္တာရာယ်တွေ တွေ့လာမလဲ။ ဘယ်လောက်ကြောက်စရာကောင်းနေမလဲ။ "လင်းနစ်နဲ့ အဲ့လောက်တူ...
100K 5.8K 35