Your Majesty is annoying (Mya...

By Liz_774

678K 25.3K 826

I am not the original publisher of the story. This is just a fan translation. More

Translator letter to readers
Description
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
တောင်းပန်စာ
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း (၁၄) 🚨
အပိုင်း (၁၅) 🚨🚨
အပိုင်း (၁၆) 🚨🚨🚨
အပိုင်း (၁၇) 🚨
အပိုင်း (၁၈) 🚨
အပိုင်း (၁၉) 🚨🚨
အပိုင်း (၂၀) 🚨
အပိုင်း (၂၁) 🚨
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) 🚨
အပိုင်း (၂၆) 🚨
အပိုင်း (၂၇)🚨🚨
အပိုင်း (၂၈) 🚨
Note
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အသက်ပြည့်မှ ဖတ်ပါ ❗️❗️
အပိုင်း (၃၂) 🚨🚨
အပိုင်း (၃၃) 🚨🚨🚨
အပိုင်း (၃၄) 🚨🚨
အပိုင်း (၃၅) 🚨
အပိုင်း (၃၆)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂) 🚨
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃) 🚨🚨
အပိုင်း (၅၄) 🚨
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
Note
အပိုင်း (၅၉) 🚨🚨🚨
အပိုင်း (၆၀) 🚨🚨🚨
အပိုင်း (၆၁) 🚨🚨🚨
အပိုင်း (၆၂)
Giveaway
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆) 🚨
အပိုင်း (၆၇) 🚨🚨
အပိုင်း (၆၈) 🚨🚨
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅) 🚨🚨
အပိုင်း (၇၆) 🚨🚨
အပိုင်း (၇၇) 🚨🚨🚨
Important Note
အပိုင်း (၇၈) 🚨
အပိုင်း (၇၉) 🚨🚨
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅) 🚨🚨
အပိုင်း (၈၆) 🚨🚨🚨
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
အပိုင်း (၉၀)
အပိုင်း (၉၁) 🚨
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
အပိုင်း (၉၆)
အပိုင်း (၉၇)
အပိုင်း (၉၈)
အပိုင်း (၉၉) 🚨
အပိုင်း (၁၀၀) 🚨
အပိုင်း (၁၀၁)
အပိုင်း (၁၀၂) 🚨🚨
အပိုင်း (၁၀၃)
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
အပိုင်း (၁၀၈)
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)🚨🚨
အပိုင်း (၁၁၁) 🚨🚨🚨
အပိုင်း (၁၁၂) 🚨🚨🚨
အပိုင်း (၁၁၃)
အပိုင်း (၁၁၄)
အပိုင်း (၁၁၅)
အပိုင်း (၁၁၆)

အပိုင်း (၃၇)

4.4K 216 2
By Liz_774

{Unicode}

တောက် တောက် တောက် တောက်...

လိုင်လ့်လက်ချောင်းတွေ စားပွဲခုံခေါက်နေသည်မှာ နှစ်နာရီတိတိရှိလေပြီ။

တခြားလူသာဆိုရင် စကားထောင်ပေါင်းများစွာ ပြောပြီးလောက်ပြီဖြစ်သော်လည်း သူ့ရှေ့က လူက ဘုရင်ဖြစ်နေသဖြင့် ဆစ်ခ် စိတ်ထိန်းနေရသည်။

[ဘာလို့လဲ... ငါဘာလို့များ ဘုရင့်လက်ထောက် လာဖြစ်ရတာလဲ?]

ဒီရာထူးက မည်သည့် မျိုးနွယ်မဆို တပ်မက်ကာ လိုချင်ကြသည့်ရာထူးဖြစ်ပေမဲ့ ဆစ်ခ်ကတော့ သူ့ရာထူးနေရာကို စိတ်ဝင်စားသည့် ဘယ်သူ့ကိုမဆို လွှဲပစ်ချင်သည့်စိတ်အခြေအနေပင်။

"အရှင်မင်းကြီး စိတ်အနှောက်အယှက်ဖြစ်နေတာလား"

ဆစ်ခ် ဂရုတစိုက်နဲ့ မေးလိုက်တော့ စားပွဲခေါက်နေတဲ့ လက်ချောင်းတွေက ရပ်သွားသည်။

လိုင်လ်က မျက်နှာပုပ်သိုးသိုးဖြင့် ဒီဘက်လှည့်လာသည်။

"နိုး"

"ပြဿနာဖြေရှင်းချင်ရင် ထုတ်ပြောမှ ဖြေရှင်းလို့ ရမှာ။ ပြဿနာဆိုတာ ဖြေရှင်းဖို့ပဲလေ။ ကျွန်တော်မျိုးကို ပြောပြပါလား ဘုရား။ အရှင့်ရဲ့ အား ဖြစ်ပေးပါ့မယ်"

ဆစ်ခ်က တလက်လက်တောက်ပနေတဲ့ မျက်လုံးများနဲ့ ရိုရိုကျိုးကျိုး ပြောလိုက်ပေမဲ့ လိုင်လ့်မျက်နှာက အေးစက်နေတုန်းပင်။

"အိုကေ.. အိမ်ပြန်တော့။ လုပ်စရာ မလုပ်ရှိတော့ဘူး"

"ဟေးးး ဟိုး"

လွှတ်ခနဲ ထအော်မိလိုက်တဲ့ ဆစ်ခ်က မယုံနိုင်သလို လိုင်လ့်ကို လှမ်းကြည့်သည်။

လိုင်လ်က သူ့ကို သတ်တော့မလိုမျက်လုံးတွေနဲ့ ပြန်ကြည့်လာသည်။

"သွားတော့"

"အိုး အိုကေ။ ဒါဆို မနက်ဖြန်တွေ့ပါမယ် အရှင်"

လိုင်လ့်ခွန်အားဖြစ်ပေးမယ်ဆိုတဲ့ ဆစ်ခ်စကားက လေထဲမှာ ပျောက်ကွယ်သွားကာ ထပ်ကြာကြာနေရင် ရုံးခန်းထဲ ပြန်ဆွဲထားခံရမှာ ကြောက်ပုံနဲ့ ကုတ်အကျီယူကာ ခပ်မြန်မြန်ပြန်သွားသည်။

တစ်ယောက်ထဲ ကျန်ခဲ့တဲ့ လိုင်လ်က သူ့ထိုင်ခုံပေါ် ကျောမှီချလိုက်သည်။

"....."

ပတ်ဝန်းကျင်က ပိုတိတ်ဆိတ်လေ၊ မယ်ဒီရာ့ကို ပိုတွေးမိလေပင်။

ဒီမနက်က သူမြင်ခဲ့ရတဲ့ မယ်ဒီရာ့ပုံရိပ်ကို ပြန်တွေးရင်း လိုင်လ်ရယ်လိုက်သည်။

ဘာအိပ်မက်များ မင်းမက်နေတာလဲ။

သူမက စောင်ပုံထဲ နစ်ဝင်နေပြီး အသက်ရှူမဝသလို ညည်းလိုက်သေးသည်။ ပြီးခဲ့တဲ့တခေါက်ကလို စောင်အောက်ကျမနေတာက တော်သေးသည် ဆိုရမည်။ သို့သော် နောင်တရစရာလဲ ဖြစ်သည်။

လိုင်လ် သက်ပြင်းချကာ မယ်ဒီရာ့တခြားပုံစံတွေကို တွေးလိုက်သည်။

မယ်ဒီရာ အတိတ်မေ့ပြီးနောက်ပိုင်း မျက်နှာပုံတခုပြီးတခုက မတူညီခြားနားတဲ့ အမူအကျင့်တွေကိုသာ ဖော်ပြနေသည်။

ပြန်တွေးလိုက်တာနဲ့ လိုင်လ့်မျက်နှာတခုလုံး ပူနွေးလာတဲ့ ရှက်စရာ အခြေအနေတွေ ရှိသလို အရင်မယ်ဒီရာလို့တောင် သတ်မှတ်လို့ မလွယ်တဲ့ အခြေအနေတွေလဲ ရှိသည်။

မယ်ဒီရာ့ကို တွေးရင်း လိုင်လ် စားပွဲပေါ် အိပ်ပျော်သွားသည်။ မနေ့ညက တစ်ညလုံး မယ်ဒီရာအိပ်ပျော်နေတာကို ကြည့်ရင်း သူမကို စောင့်ရင်း သူ တညလုံး မအိပ်ရသေးပေ။

[သူမကို လူကိုယ်တိုင် သွားတွေ့လို့ ရရဲ့သားနဲ့ ဘာလို့ဒါမျိုးတွေ လုပ်နေတာလဲ]

သူ့ကိုယ်သူ သနားစရာကောင်းနေမှန်း ဝန်ခံပေမဲ့ သူစိတ်မထိန်းနိုင်ပေ။

စားပွဲပေါ် မေးတင်ကာ မယ်ဒီရာ့အကြောင်းတွေးရင်း လိုင်လ်အိပ်ပျော်တော့မလိုပင်။

နာရီဝက်အကြာ သူ့ရုံးခန်းနား တစ်ယောက်ယောက်ကပ်လာသံ ကြားလိုက်ရသည်။

ဒေါက် ဒေါက် ...

ဘုရင့်ရုံးခန်း တံခါးခေါက်သံအကြားမှာ လိုင်လ် သက်ပြင်းမောတချက် ချလိုက်သည်။ သူ အိပ်ပျော်တာ ပုံမကျတာမို့ တကိုယ်လုံး ကိုက်ခဲနေလေသည်။

"..ဘာကိစ္စလဲ"

"အရှင်.. အရှင်မဧကရီ ရောက်နေပါတယ်ဘုရား"

"ဘယ်သူ?"

ခဏလောက် လိုင်လ် သူ့နားသူပင် မယုံနိုင်။ ထို့နောက် သူ ရုတ်ခြည်းထကာ အဖြေမပေးပဲ အခန်းထဲ ပတ်လျှောက်နေမိသည်။

သူ့ခေါင်းထဲ ဗလာကျင်းနေ၏။

"ဘုရင်မက ဘာလို့ ဒီရောက်..."

သူ့ကိုယ်သူ စိတ်မပိုင်းဖြတ်နိုင်ပဲ တံခါးအပြင်ဘက်က အစောင့်ကို လိုင်လ် လှမ်းမေးလိုက်သည်။

"မီလီ..အဲ ဧကရီ တံခါးအပြင်မှာလား"

"ဧကရီအရှင်မက ခန်းဆောင်ထဲမှာ စောင့်နေပါတယ်။ အထဲဖိတ်လိုက်ရမလား အရှင်"

ဘုရင်နဲ့ဘုရင်မကြား ဆက်ဆံရေး အခြေအနေတိုးတက်လာမှန်း နန်းတွင်း အရာရှိအားလုံး သိပြီး ဖြစ်ပေမဲ့ လိုင်လ် ရှက်ရွံ့နေသေးသည်။

မယ်ဒီရာ့ကို ဆက်မစောင့်ခိုင်းသင့်မှန်း သိနေပေမဲ့ သူ့ကိုယ်သူ ပြင်ဆင်ဖို့ အချိန်လိုသေးသည်။ စားပွဲနား ပတ်လျှောက်နေတဲ့ လိုင်လ်တစ်ယောက် ဘာလုပ်ရမှန်းမသိပဲ တံခါးကို စိုက်ကြည့်နေမိသည်။

"အရင်... နိုး သူ့ကို ပေးဝင်လိုက်"

သူပြောလိုက်ပေမဲ့ သူမကို တွေးရမည်ဆိုသော အတွေးကြောင့် သူ အာခြောက်လာသည်။

"အမိန့်အတိုင်းပါ ဘုရား"

မယ်ဒီရာ ရုံးခန်းထဲ ဝင်လိုက်တာနဲ့ အစောင့်က ချက်ချင်း တံခါးပြန်ပိတ်သွားသည်။ တံခါးမပိတ်ဖို့ အော်ဟစ်လိုက်ချင်စိတ်ကို လိုင်လ် မနည်းထိန်းထားရသည်။

"...ဧကရီက ဘာအကြောင်းရှိလို့ လာတာလဲ?"

လိုင်လ် မေးခွန်းထုတ်တော့ မယ်ဒီရာက အံ့အားသင့်သလို ပြန်ကြည့်လာသည်။

"အရှင် ကျွန်မကို အခေါ်လွှတ်လိုက်တာမလား? အရှင့်ရဲ့လက်ထောက်က ကျွန်မကိူ အရှင့်ရုံးခန်းထဲ လာခိုင်းတယ် ပြောလို့လေ"

[ဆစ်ခ်!!]

ဘယ်သူ့မှာ တာဝန်ရှိမှန်း သိလိုက်တဲ့ လိုင်လ် လက်သီးဆုပ်လိုက်သည်။

လိုင်လ့်မျက်နှာ အမူအရာကို ကြည့်ရင်း လိုင်လ် သူ့ကို မခေါ်မှန်း မယ်ဒီရာ သတိထားမိသွားသည်။

"ဒါဆို အရှင် အခေါ်မလွှတ်ဘူးပေါ့?"

"နိုး..."

သူမမှန်းတာသာ မှန်ရင် ဆစ်ခ်တော့ ဒုက္ခလှလှတွေ့ပြီ။ ဘုရင့်အမိန့်ကို အတုလုပ်ပြီး ဘုရင်မကို အခေါ်လွှတ်တယ်ဆိုတာတခုနဲ့တင် တော်ဝန်မျိုးနွယ်ကို စော်ကားသည့်အမှုဖြင့် အကျဉ်းချ၍ ရလေပြီ။

တုံးအပြီး ရူးနမ်းလိုက်တဲ့ လူပဲ...

လိုင်လ် သူ့ကိုကာကွယ်ပေးမည်မှန်း သိ၍သာ လုပ်ရဲခြင်းဖြစ်ပေမဲ့ သူတော့ ဒုက္ခရောက်ပြီဖြစ်သည်။

"ကိုယ် ခေါ်လိုက်တာ။ ခဏထိုင်"

အခန်းတခြားဖက်ကို လိုင်လ် လက်ညိုးညွှန်တာမို့ မယ်ဒီရာ ဆိုဖာဆီသွားထိုင်လိုက်သည်။ လမ်းလျှောက်သွားတာ ဖြစ်ပေမဲ့ အရင်မယ်ဒီရာနဲ့ ကွာခြားမှုမှာ သိသာပြီး ထူးဆန်းလှသည်။ အခု မယ်ဒီရာကို သူ ဒေါသထွက်မနေပေ။

သူ့ရင်ဘတ်တခုလုံး တဒုတ်ဒုတ်ခုန်နေပြီး လိုင်လ် မျက်မှောင်ကြုတ်လိုက်သည်။

"အရှင့်ကြည့်ရတာ ပင်ပန်းနေသလိုပဲ" မတ်တပ်ပြန်ရပ်ရင်း မယ်ဒီရာ ဆိုသည်။

နီးကပ်လာတဲ့ မယ်ဒီရာ့ပုံရိပ်ကို မျက်တောင် မခတ်တမ်း လိုင်လ့်ကြည့်နေမိသည်။ သူမအကျီအစွန်းနားနဲ့ သူ့ပါးစပ်ကို သုတ်ပေးချိန်မှာတော့ လိုင်လ့်မျက်နှာ နီရဲသွားသည်။

သူစားပွဲပေါ် မှောက်အိပ်တုန်း သားရည်ကျခဲ့သည်ထင်သည်။

"ရတယ်...ရတယ် ကိုယ့်ဘာသာ သုတ်လို့ရတယ်"

"ကောင်းပြီလေ"

မယ်ဒီရာနောက်ဆုတ်သွားပေမဲ့ လိုင်လ် ရှက်စိတ်ကြောင့် ခေါင်းမော့မလာတော့။

[မယ်ဒီရာ့ရှေ့မှာ မင်းရဲ့ ရုပ်ဆိုးပန်းဆိုးပုံကို ပြရတယါလို့! ဘယ်လောက်တောင် တုံးလိုက်လဲ! မင်း တကယ် သိက္ခာမရှိတာပဲ]

"နိုး။ ဘာလို့ ဒီလောက်ရှက်နေတာလဲ.. ရှင် သွားရည်ကျသလို ကျွန်မလဲ..."

လိုင်လ့်ရှေ့မှာ သာယာမှုနဲ့ မိန်းမောနေတဲ့ သူမပုံစံကို အမှတ်ရမိတော့ မယ်ဒီရာ့မျက်နှာ ရှက်ရှက်နဲ့ ဟိုဘက်လှည့်သွားသည်။

".... ..."

".... ..."

ပန်းသွေးထနေတဲ့ မျက်နှာနဲ့ မြူဆွယ်နေတဲ့ မယ်ဒီရာ့ဆီ ပြန်လှည့်ကြည့်ရင်း လိုင်လ့် သူ့ပါးစပ်ကို သုတ်လိုက်သည်။

ကိုယ့်ကို စိတ်ထိန်းစမ်း !!

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူလိုမျိုး လိုင်လ် ခေါင်းခါထုတ်လိုက်သည်။ မယ်ဒီရာက သူ့ရှေ့မှာမို့ စိတ်ပျံ့လွင့်နေခြင်းပင်။

".... မင်းခန္ဓာကိုယ် အဆင်ပြေသွားပြီလား?"

"ဟုတ်..."

"ကိုယ်မေးတာက ဟို.. ကိုယ်နဲ့အတူနေတာကို မဟုတ်.."

လိုင်လ် မယ်ဒီရာ့ကို ကြည့်ရင်း ခပ်ဖြည်းဖြည်း ထပ်ပြောလိုက်သည်။

"ကိုယ်မေးတာ မင်းခေါင်းက ဒဏ်ရာ၊ နောက် မင်းမှတ်ဉာဏ်... ပြန်သတိရလာမယ်လို့ မင်းထင်လား"

ဘယ်လိုနည်းနဲ့မှ ပြန်သတိမရနိုင်တော့။

မယ်ဒီရာ ခေါင်းခါပြီးမှ ဘုရင့်ရှေ့ သူမ ယဉ်ကျေးမှုမရှိသလိုဖြစ်နေမှန်း သတိရကာ ဖြေရှင်းဖို့ ပြင်လိုက်သည်။

"နိုး၊ သတိပြန်ရမယ်လို့ ကျွန်မ မထင်ဘူး" မယ်ဒီရာက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေသည်။

သူမရဲ့ တည်ငြိမ်တဲ့ အဖြေကြားတော့ လိုင်လ် ထူးဆန်းသလို ကြည့်လာသည်။

သူနဲ့ သူမဘေးက လူတွေကတော့ သတိမရဖို့ မျှော်လင့်ကြပေမဲ့ မယ်ဒီရာကိုယ်တိုင်ကတော့ ပြန်သတိရချင်မယ်မလား?

"အတိတ်ကို ပြန်သတိမရတာက မင်းအတွက် အရေးမပါဘူးလား"

မယ်ဒီရာ ခေါင်းမော့ပြီး လိုင်လ့်ကို ကြည့်လိုက်သည်။

ရှင် ဘာလို့ ငါ့ကို ဒီမေးခွန်းမေးတာလဲ? ဘုရင်နဲ့ မယ်ဒီရာ ဆက်ဆံရေးက ဆိုးဝါးတယ် မဟုတ်ဘူးလား။

သတိပြန်ရရ မရရ ငါ့အတွက်မှ အရေးမကြီးတာ။ ငါက ထုံးတမ်းစဉ်လာတွေကို နားမလည်လို့ သတိပြန်ရစေချင်တာလား။

"ဆယ်ရက်ကျော်ပြီဆိုတော့ သတိပြန်မရတော့ဘူး ထင်တယ်။ ဒီမှာ တစ်ယောက်မှလဲ မရှိဘူးလေ.."

"မင်း ဘာပြောတာလဲ?"

ဒီစကားက သူ့ကို အပြစ်တင်သလို ဖြစ်နေမလား မယ်ဒီရာ တွေးလိုက်မိသည်။ အမှန်ဆို လိုင်လ်ဘာတွေးတွေး သိပ်တော့ အရေးမပါပေ။ လိုင်လ်က မယ်ဒီရာ့အတွက် အရေးကြီးတဲ့သူတစ်ယောက်မဖြစ်သေးပေ၊

"သူငယ်ချင်းရော၊ မိသားစုရော။ ကျွန်မ ဒဏ်ရာရပေမဲ့ ဘယ်သူမှ လာမကြည့်ကြဘူးလေ"

"ဒါက..."

မယ်ဒီရာ့ဒဏ်ရာအကြောင်း နယ်စားမင်း မသိသေး။ သို့သော် မယ်ဒီရာ့ကို ဒီအကြောင်း လိုင်လ်ပြောလို့မဖြစ်။ မယ်ဒီရာနဲ့ နယ်စားမင်းကို တမင်ပေးမတွေ့မှန်း အခုမယ်ဒီရာကို လိုင်လ်မသိစေချင်ပေ။

*****





{Zawgyi}

ေတာက္ ေတာက္ ေတာက္ ေတာက္...

လိုင္လ့္လက္ေခ်ာင္းေတြ စားပြဲခုံေခါက္ေနသည္မွာ ႏွစ္နာရီတိတိရွိေလၿပီ။

တျခားလူသာဆိုရင္ စကားေထာင္ေပါင္းမ်ားစြာ ေျပာၿပီးေလာက္ၿပီျဖစ္ေသာ္လည္း သူ႔ေရွ႕က လူက ဘုရင္ျဖစ္ေနသျဖင့္ ဆစ္ခ္ စိတ္ထိန္းေနရသည္။

[ဘာလို႔လဲ... ငါဘာလို႔မ်ား ဘုရင့္လက္ေထာက္ လာျဖစ္ရတာလဲ?]

ဒီရာထူးက မည္သည့္ မ်ိဳးႏြယ္မဆို တပ္မက္ကာ လိုခ်င္ၾကသည့္ရာထူးျဖစ္ေပမဲ့ ဆစ္ခ္ကေတာ့ သူ႔ရာထူးေနရာကို စိတ္ဝင္စားသည့္ ဘယ္သူ႔ကိုမဆို လႊဲပစ္ခ်င္သည့္စိတ္အေျခအေနပင္။

"အရွင္မင္းႀကီး စိတ္အေႏွာက္အယွက္ျဖစ္ေနတာလား"

ဆစ္ခ္ ဂ႐ုတစိုက္နဲ႔ ေမးလိုက္ေတာ့ စားပြဲေခါက္ေနတဲ့ လက္ေခ်ာင္းေတြက ရပ္သြားသည္။

လိုင္လ္က မ်က္ႏွာပုပ္သိုးသိုးျဖင့္ ဒီဘက္လွည့္လာသည္။

"နိုး"

"ျပႆနာေျဖရွင္းခ်င္ရင္ ထုတ္ေျပာမွ ေျဖရွင္းလို႔ ရမွာ။ ျပႆနာဆိုတာ ေျဖရွင္းဖို႔ပဲေလ။ ကၽြန္ေတာ္မ်ိဳးကို ေျပာျပပါလား ဘုရား။ အရွင့္ရဲ့ အား ျဖစ္ေပးပါ့မယ္"

ဆစ္ခ္က တလက္လက္ေတာက္ပေနတဲ့ မ်က္လုံးမ်ားနဲ႔ ရိုရိုက်ိဳးက်ိဳး ေျပာလိုက္ေပမဲ့ လိုင္လ့္မ်က္ႏွာက ေအးစက္ေနတုန္းပင္။

"အိုေက.. အိမ္ျပန္ေတာ့။ လုပ္စရာ မလုပ္ရွိေတာ့ဘူး"

"ေဟးးး ဟိုး"

လႊတ္ခနဲ ထေအာ္မိလိုက္တဲ့ ဆစ္ခ္က မယုံနိုင္သလို လိုင္လ့္ကို လွမ္းၾကည့္သည္။

လိုင္လ္က သူ႔ကို သတ္ေတာ့မလိုမ်က္လုံးေတြနဲ႔ ျပန္ၾကည့္လာသည္။

"သြားေတာ့"

"အိုး အိုေက။ ဒါဆို မနက္ျဖန္ေတြ႕ပါမယ္ အရွင္"

လိုင္လ့္ခြန္အားျဖစ္ေပးမယ္ဆိုတဲ့ ဆစ္ခ္စကားက ေလထဲမွာ ေပ်ာက္ကြယ္သြားကာ ထပ္ၾကာၾကာေနရင္ ႐ုံးခန္းထဲ ျပန္ဆြဲထားခံရမွာ ေၾကာက္ပုံနဲ႔ ကုတ္အက်ီယူကာ ခပ္ျမန္ျမန္ျပန္သြားသည္။

တစ္ေယာက္ထဲ က်န္ခဲ့တဲ့ လိုင္လ္က သူ႔ထိုင္ခုံေပၚ ေက်ာမွီခ်လိုက္သည္။

"....."

ပတ္ဝန္းက်င္က ပိုတိတ္ဆိတ္ေလ၊ မယ္ဒီရာ့ကို ပိုေတြးမိေလပင္။

ဒီမနက္က သူျမင္ခဲ့ရတဲ့ မယ္ဒီရာ့ပုံရိပ္ကို ျပန္ေတြးရင္း လိုင္လ္ရယ္လိုက္သည္။

ဘာအိပ္မက္မ်ား မင္းမက္ေနတာလဲ။

သူမက ေစာင္ပုံထဲ နစ္ဝင္ေနၿပီး အသက္ရွူမဝသလို ညည္းလိုက္ေသးသည္။ ၿပီးခဲ့တဲ့တေခါက္ကလို ေစာင္ေအာက္က်မေနတာက ေတာ္ေသးသည္ ဆိုရမည္။ သို႔ေသာ္ ေနာင္တရစရာလဲ ျဖစ္သည္။

လိုင္လ္ သက္ျပင္းခ်ကာ မယ္ဒီရာ့တျခားပုံစံေတြကို ေတြးလိုက္သည္။

မယ္ဒီရာ အတိတ္ေမ့ၿပီးေနာက္ပိုင္း မ်က္ႏွာပုံတခုၿပီးတခုက မတူညီျခားနားတဲ့ အမူအက်င့္ေတြကိုသာ ေဖာ္ျပေနသည္။

ျပန္ေတြးလိုက္တာနဲ႔ လိုင္လ့္မ်က္ႏွာတခုလုံး ပူေႏြးလာတဲ့ ရွက္စရာ အေျခအေနေတြ ရွိသလို အရင္မယ္ဒီရာလို႔ေတာင္ သတ္မွတ္လို႔ မလြယ္တဲ့ အေျခအေနေတြလဲ ရွိသည္။

မယ္ဒီရာ့ကို ေတြးရင္း လိုင္လ္ စားပြဲေပၚ အိပ္ေပ်ာ္သြားသည္။ မေန႔ညက တစ္ညလုံး မယ္ဒီရာအိပ္ေပ်ာ္ေနတာကို ၾကည့္ရင္း သူမကို ေစာင့္ရင္း သူ တညလုံး မအိပ္ရေသးေပ။

[သူမကို လူကိုယ္တိုင္ သြားေတြ႕လို႔ ရရဲ့သားနဲ႔ ဘာလို႔ဒါမ်ိဳးေတြ လုပ္ေနတာလဲ]

သူ႔ကိုယ္သူ သနားစရာေကာင္းေနမွန္း ဝန္ခံေပမဲ့ သူစိတ္မထိန္းနိုင္ေပ။

စားပြဲေပၚ ေမးတင္ကာ မယ္ဒီရာ့အေၾကာင္းေတြးရင္း လိုင္လ္အိပ္ေပ်ာ္ေတာ့မလိုပင္။

နာရီဝက္အၾကာ သူ႔႐ုံးခန္းနား တစ္ေယာက္ေယာက္ကပ္လာသံ ၾကားလိုက္ရသည္။

ေဒါက္ ေဒါက္ ...

ဘုရင့္႐ုံးခန္း တံခါးေခါက္သံအၾကားမွာ လိုင္လ္ သက္ျပင္းေမာတခ်က္ ခ်လိုက္သည္။ သူ အိပ္ေပ်ာ္တာ ပုံမက်တာမို႔ တကိုယ္လုံး ကိုက္ခဲေနေလသည္။

"..ဘာကိစၥလဲ"

"အရွင္.. အရွင္မဧကရီ ေရာက္ေနပါတယ္ဘုရား"

"ဘယ္သူ?"

ခဏေလာက္ လိုင္လ္ သူ႔နားသူပင္ မယုံနိုင္။ ထို႔ေနာက္ သူ ႐ုတ္ျခည္းထကာ အေျဖမေပးပဲ အခန္းထဲ ပတ္ေလၽွာက္ေနမိသည္။

သူ႔ေခါင္းထဲ ဗလာက်င္းေန၏။

"ဘုရင္မက ဘာလို႔ ဒီေရာက္..."

သူ႔ကိုယ္သူ စိတ္မပိုင္းျဖတ္နိုင္ပဲ တံခါးအျပင္ဘက္က အေစာင့္ကို လိုင္လ္ လွမ္းေမးလိုက္သည္။

"မီလီ..အဲ ဧကရီ တံခါးအျပင္မွာလား"

"ဧကရီအရွင္မက ခန္းေဆာင္ထဲမွာ ေစာင့္ေနပါတယ္။ အထဲဖိတ္လိုက္ရမလား အရွင္"

ဘုရင္နဲ႔ဘုရင္မၾကား ဆက္ဆံေရး အေျခအေနတိုးတက္လာမွန္း နန္းတြင္း အရာရွိအားလုံး သိၿပီး ျဖစ္ေပမဲ့ လိုင္လ္ ရွက္ရြံ႕ေနေသးသည္။

မယ္ဒီရာ့ကို ဆက္မေစာင့္ခိုင္းသင့္မွန္း သိေနေပမဲ့ သူ႔ကိုယ္သူ ျပင္ဆင္ဖို႔ အခ်ိန္လိုေသးသည္။ စားပြဲနား ပတ္ေလၽွာက္ေနတဲ့ လိုင္လ္တစ္ေယာက္ ဘာလုပ္ရမွန္းမသိပဲ တံခါးကို စိုက္ၾကည့္ေနမိသည္။

"အရင္... နိုး သူ႔ကို ေပးဝင္လိုက္"

သူေျပာလိုက္ေပမဲ့ သူမကို ေတြးရမည္ဆိုေသာ အေတြးေၾကာင့္ သူ အာေျခာက္လာသည္။

"အမိန့္အတိုင္းပါ ဘုရား"

မယ္ဒီရာ ႐ုံးခန္းထဲ ဝင္လိုက္တာနဲ႔ အေစာင့္က ခ်က္ခ်င္း တံခါးျပန္ပိတ္သြားသည္။ တံခါးမပိတ္ဖို႔ ေအာ္ဟစ္လိုက္ခ်င္စိတ္ကို လိုင္လ္ မနည္းထိန္းထားရသည္။

"...ဧကရီက ဘာအေၾကာင္းရွိလို႔ လာတာလဲ?"

လိုင္လ္ ေမးခြန္းထုတ္ေတာ့ မယ္ဒီရာက အံ့အားသင့္သလို ျပန္ၾကည့္လာသည္။

"အရွင္ ကၽြန္မကို အေခၚလႊတ္လိုက္တာမလား? အရွင့္ရဲ့လက္ေထာက္က ကၽြန္မကိူ အရွင့္႐ုံးခန္းထဲ လာခိုင္းတယ္ ေျပာလို႔ေလ"

[ဆစ္ခ္!!]

ဘယ္သူ႔မွာ တာဝန္ရွိမွန္း သိလိုက္တဲ့ လိုင္လ္ လက္သီးဆုပ္လိုက္သည္။

လိုင္လ့္မ်က္ႏွာ အမူအရာကို ၾကည့္ရင္း လိုင္လ္ သူ႔ကို မေခၚမွန္း မယ္ဒီရာ သတိထားမိသြားသည္။

"ဒါဆို အရွင္ အေခၚမလႊတ္ဘူးေပါ့?"

"နိုး..."

သူမမွန္းတာသာ မွန္ရင္ ဆစ္ခ္ေတာ့ ဒုကၡလွလွေတြ႕ၿပီ။ ဘုရင့္အမိန့္ကို အတုလုပ္ၿပီး ဘုရင္မကို အေခၚလႊတ္တယ္ဆိုတာတခုနဲ႔တင္ ေတာ္ဝန္မ်ိဳးႏြယ္ကို ေစာ္ကားသည့္အမွုျဖင့္ အက်ဥ္းခ်၍ ရေလၿပီ။

တုံးအၿပီး ႐ူးနမ္းလိုက္တဲ့ လူပဲ...

လိုင္လ္ သူ႔ကိုကာကြယ္ေပးမည္မွန္း သိ၍သာ လုပ္ရဲျခင္းျဖစ္ေပမဲ့ သူေတာ့ ဒုကၡေရာက္ၿပီျဖစ္သည္။

"ကိုယ္ ေခၚလိုက္တာ။ ခဏထိုင္"

အခန္းတျခားဖက္ကို လိုင္လ္ လက္ညိဳးညႊန္တာမို႔ မယ္ဒီရာ ဆိုဖာဆီသြားထိုင္လိုက္သည္။ လမ္းေလၽွာက္သြားတာ ျဖစ္ေပမဲ့ အရင္မယ္ဒီရာနဲ႔ ကြာျခားမွုမွာ သိသာၿပီး ထူးဆန္းလွသည္။ အခု မယ္ဒီရာကို သူ ေဒါသထြက္မေနေပ။

သူ႔ရင္ဘတ္တခုလုံး တဒုတ္ဒုတ္ခုန္ေနၿပီး လိုင္လ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"အရွင့္ၾကည့္ရတာ ပင္ပန္းေနသလိုပဲ" မတ္တပ္ျပန္ရပ္ရင္း မယ္ဒီရာ ဆိုသည္။

နီးကပ္လာတဲ့ မယ္ဒီရာ့ပုံရိပ္ကို မ်က္ေတာင္ မခတ္တမ္း လိုင္လ့္ၾကည့္ေနမိသည္။ သူမအက်ီအစြန္းနားနဲ႔ သူ႔ပါးစပ္ကို သုတ္ေပးခ်ိန္မွာေတာ့ လိုင္လ့္မ်က္ႏွာ နီရဲသြားသည္။

သူစားပြဲေပၚ ေမွာက္အိပ္တုန္း သားရည္က်ခဲ့သည္ထင္သည္။

"ရတယ္...ရတယ္ ကိုယ့္ဘာသာ သုတ္လို႔ရတယ္"

"ေကာင္းၿပီေလ"

မယ္ဒီရာေနာက္ဆုတ္သြားေပမဲ့ လိုင္လ္ ရွက္စိတ္ေၾကာင့္ ေခါင္းေမာ့မလာေတာ့။

[မယ္ဒီရာ့ေရွ႕မွာ မင္းရဲ့ ႐ုပ္ဆိုးပန္းဆိုးပုံကို ျပရတယါလို႔! ဘယ္ေလာက္ေတာင္ တုံးလိုက္လဲ! မင္း တကယ္ သိကၡာမရွိတာပဲ]

"နိုး။ ဘာလို႔ ဒီေလာက္ရွက္ေနတာလဲ.. ရွင္ သြားရည္က်သလို ကၽြန္မလဲ..."

လိုင္လ့္ေရွ႕မွာ သာယာမွုနဲ႔ မိန္းေမာေနတဲ့ သူမပုံစံကို အမွတ္ရမိေတာ့ မယ္ဒီရာ့မ်က္ႏွာ ရွက္ရွက္နဲ႔ ဟိုဘက္လွည့္သြားသည္။

".... ..."

".... ..."

ပန္းေသြးထေနတဲ့ မ်က္ႏွာနဲ႔ ျမဴဆြယ္ေနတဲ့ မယ္ဒီရာ့ဆီ ျပန္လွည့္ၾကည့္ရင္း လိုင္လ့္ သူ႔ပါးစပ္ကို သုတ္လိုက္သည္။

ကိုယ့္ကို စိတ္ထိန္းစမ္း !!

စိတ္ပိုင္းဆိုင္ရာ တိုက္ခိုက္ခံရသူလိုမ်ိဳး လိုင္လ္ ေခါင္းခါထုတ္လိုက္သည္။ မယ္ဒီရာက သူ႔ေရွ႕မွာမို႔ စိတ္ပ်ံ႕လြင့္ေနျခင္းပင္။

".... မင္းခႏၶာကိုယ္ အဆင္ေျပသြားၿပီလား?"

"ဟုတ္..."

"ကိုယ္ေမးတာက ဟို.. ကိုယ္နဲ႔အတူေနတာကို မဟုတ္.."

လိုင္လ္ မယ္ဒီရာ့ကို ၾကည့္ရင္း ခပ္ျဖည္းျဖည္း ထပ္ေျပာလိုက္သည္။

"ကိုယ္ေမးတာ မင္းေခါင္းက ဒဏ္ရာ၊ ေနာက္ မင္းမွတ္ဉာဏ္... ျပန္သတိရလာမယ္လို႔ မင္းထင္လား"

ဘယ္လိုနည္းနဲ႔မွ ျပန္သတိမရနိုင္ေတာ့။

မယ္ဒီရာ ေခါင္းခါၿပီးမွ ဘုရင့္ေရွ႕ သူမ ယဥ္ေက်းမွုမရွိသလိုျဖစ္ေနမွန္း သတိရကာ ေျဖရွင္းဖို႔ ျပင္လိုက္သည္။

"နိုး၊ သတိျပန္ရမယ္လို႔ ကၽြန္မ မထင္ဘူး" မယ္ဒီရာက တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္ေျဖသည္။

သူမရဲ့ တည္ၿငိမ္တဲ့ အေျဖၾကားေတာ့ လိုင္လ္ ထူးဆန္းသလို ၾကည့္လာသည္။

သူနဲ႔ သူမေဘးက လူေတြကေတာ့ သတိမရဖို႔ ေမၽွာ္လင့္ၾကေပမဲ့ မယ္ဒီရာကိုယ္တိုင္ကေတာ့ ျပန္သတိရခ်င္မယ္မလား?

"အတိတ္ကို ျပန္သတိမရတာက မင္းအတြက္ အေရးမပါဘူးလား"

မယ္ဒီရာ ေခါင္းေမာ့ၿပီး လိုင္လ့္ကို ၾကည့္လိုက္သည္။

ရွင္ ဘာလို႔ ငါ့ကို ဒီေမးခြန္းေမးတာလဲ? ဘုရင္နဲ႔ မယ္ဒီရာ ဆက္ဆံေရးက ဆိုးဝါးတယ္ မဟုတ္ဘူးလား။

သတိျပန္ရရ မရရ ငါ့အတြက္မွ အေရးမႀကီးတာ။ ငါက ထုံးတမ္းစဥ္လာေတြကို နားမလည္လို႔ သတိျပန္ရေစခ်င္တာလား။

"ဆယ္ရက္ေက်ာ္ၿပီဆိုေတာ့ သတိျပန္မရေတာ့ဘူး ထင္တယ္။ ဒီမွာ တစ္ေယာက္မွလဲ မရွိဘူးေလ.."

"မင္း ဘာေျပာတာလဲ?"

ဒီစကားက သူ႔ကို အျပစ္တင္သလို ျဖစ္ေနမလား မယ္ဒီရာ ေတြးလိုက္မိသည္။ အမွန္ဆို လိုင္လ္ဘာေတြးေတြး သိပ္ေတာ့ အေရးမပါေပ။ လိုင္လ္က မယ္ဒီရာ့အတြက္ အေရးႀကီးတဲ့သူတစ္ေယာက္မျဖစ္ေသးေပ၊

"သူငယ္ခ်င္းေရာ၊ မိသားစုေရာ။ ကၽြန္မ ဒဏ္ရာရေပမဲ့ ဘယ္သူမွ လာမၾကည့္ၾကဘူးေလ"

"ဒါက..."

မယ္ဒီရာ့ဒဏ္ရာအေၾကာင္း နယ္စားမင္း မသိေသး။ သို႔ေသာ္ မယ္ဒီရာ့ကို ဒီအေၾကာင္း လိုင္လ္ေျပာလို႔မျဖစ္။ မယ္ဒီရာနဲ႔ နယ္စားမင္းကို တမင္ေပးမေတြ႕မွန္း အခုမယ္ဒီရာကို လိုင္လ္မသိေစခ်င္ေပ။

*****

Continue Reading

You'll Also Like

1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...