zawgyi
နံနက္၅နာရီမို႔ ေကာင္းကင္ကို႐ွင္း႐ွင္းလင္းလင္းမျမင္ရေသးေပ။
ကားထဲမွာမို႔ ပိုေမွာင္မဲေနသည္။
ေခမဟာ တဆစ္ဆစ္ကိုက္ေနတဲ့ ေခါင္းအား ဖိႏွိပ္ကာ မ်က္လံုး
ဖြင့္ၾကည့္လိုက္သည္။ရင္ခြင္ထဲက ေမာ္ကြန္းသစ္ကေတာ့
ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအိပ္ေပ်ာ္ေနသည္။ညကကားေ႐ွ႕ခန္းထဲမွစတင္လိုက္ရာ မနက္ၾကေတာ့ ကားေနာက္ခန္းထဲေရာက္ေနၾကသည္။
ေခမဟာ ေမာ္ကြန္းသစ္အားမႏိုွးေသးဘဲ ေသခ်ာစိုက္ၾကည့္ေနမိ
သည္။ဘယ္ေလာက္အေၾကာတင္းတင္း၊ဘယ္ေလာက္ေျပာေျပာ
၊ဘယ္ေလာက္စိတ္နဲ႔ဆက္ဆံပါေစ ေနာက္ဆံုး သူ႔အေပၚအ႐ွံူးေပး
ျမဲျဖစ္သည္။သူ႔အမိန္႔ကို နာခံတတ္ျမဲျဖစ္သည္။ဘယ္သူေတြနဲ႔
ပတ္သတ္ဦးမလဲ မသိေပမယ့္ သူ႔အေပၚတြင္ဘဲ ထိုသို႔နာခံေစခ်င္
သည္။က်႐ွံုးေစခ်င္သည္။
ႏႈတ္ခမ္းတြင္ ေပါက္ျပဲေနသည့္ အရာေလးေတြကို လက္မျဖင့္
ဖြဖြပြတ္သပ္ေပးရင္း နဖူးေပၚ၀ဲက်ေနတဲ့ ေခြၽးေတြနဲ႔ေစးကပ္ေနတဲ့
ဆံပင္ေလးေတြကို အေပၚကို သပ္တင္ေပးလိုက္သည္။
"ဟင္းး..."
ရင္ခြင္ထဲမွ ေကာင္ေလးက ၿငီးသံျပဳကာ ႏိုးလာေလသည္။
"ေမာ္ကြန္းသစ္..ထေတာ့..ငါတို႔လမ္းေပၚမွာဘဲ႐ွိေသးတယ္"
သူေျပာေပမယ့္လည္း ေမာ္ကြန္းသစ္က တုပ္တုပ္မ်ွမလႈပ္ဘဲ
သူ႔ခါးအားခြကာ တင္းတင္းဖက္ထားေသးသည္။
ေခမဟာ မသိလိုက္ဘဲ ျပံဳးမိသြားျပန္သည္။
ေမာ္ကြန္းသစ္က ႏူးညံ့သည့္အခ်ိန္၊ဆိုးႏြဲ႔သည့္အခ်ိန္မ႐ွိဘူးမလား?
ေနာက္ဆံုးသူနဲ႔အတူတူေနတဲ့အခ်ိန္ေတြမွာလည္း ေယာက်ာၤးသံ
ျသျသနဲ႔ၿငီးတတ္ေသးသည္။ဒါကလည္း ေယာက်ာၤးတစ္ေယာက္
ရဲ႕ ဆြဲေဆာင္မႈဘဲေလ။
ေခမဟာ ေမာ္ကြန္းသစ္ ႏွာေခါင္းအား လက္ညိဳးႏွင့္လက္မ ညႇပ္ကာ ပိတ္လိုက္သည္။
"ထေတာ့ ေမာ္ကြန္းသစ္ ငါကုမၼဏီသြားရဦးမွာ"
"က်စ္..ဖယ္စမ္းဗ်ာ..အသက္႐ႈၾကပ္တယ္!"
စိတ္႐ႈပ္သည့္အသံက ထင္းခနဲ။
ေခမဟာ ေခါင္းေမာ့ရယ္လိုက္သည္။
ၿပီးေနာက္ ေမာ္ကြန္းသစ္၏မ်က္ႏွာအား ပင့္ေမာ့လိုက္ကာ...
"ညက ငါေကာင္းလား?"
ေမာ္ကြန္းသစ္အား ႐ႈက္သြားမလားဆိုသည့္အေတြးျဖင့္စလိုက္ေပ
မယ့္ ေမာ္ကြန္းသစ္ကတည္တည္ၿငိမ္ၿငိမ္ပင္ျပန္ေျဖသည္။
"ခင္ဗ်ားက မုန္လာဥမွမဟုတ္ဘဲ ငွက္ေပ်ာသီးႀကီး"
"ဟမ္!"
"ဟုတ္တယ္ေလ..ငွက္ေပ်ာသီးမွ မွည့္ေနတဲ့ ငွက္ေပ်ာသီးႀကီး
ေပ်ာ့ျပဲလို႔"
"မင္း!"
မ႐ွက္မယ့္အျပင္ သူ႔စကားေၾကာင့္ ကိုယ္ေတာင္စိတ္တိုလာရသည္။
"စကားအျဖစ္ေျပာတာပါ ျပန္ၾကေအာင္ "
ေမာ္ကြန္းသစ္က သူ႔ကိုယ္ေပၚမွထကာ အက်ႌေတြအားေကာက္၀တ္ေနသည္။ေခမဟာလည္း ေဘာင္းဘီအား ေကာက္ယူကာ ၀တ္လိုက္သည္။
"ကြၽန္ေတာ့္ကို ကြန္ဒိုကိုလိုက္ပို႔ေပး"
"အိမ္မျပန္ဘူးလား?"
"ဒီပံုစံနဲ႔ ျပန္ရမွာလား?ေရေလးဘာေလး၀င္ခ်ိဳးၿပီးမွျပန္မလို႔"
ေခမဟာလည္း ကြန္ဒိုကို ေမာင္းေပးလိုက္သည္။
ကြန္ဒိုေရာက္ေတာ့ သူပါေရခ်ိဳးလိုက္ေလသည္။
ၿပီးေနာက္ ေမာ္ကြန္းသစ္ကိုအိမ္ျပန္ပို႔ေပးၿပီး သူအိမ္သို႔ျပန္လာလိုက္သည္။
အိမ္ျပန္ေရာက္ေတာ့ ေဒၚႀကီးကဆီးႀကိဳသည္။
"သား..ညကသမီး႐ႈမ၀ဖုန္းဆက္တယ္..သားဖုန္းကိုေခၚမရလို႔တဲ့"
"ဗ်ာ..ဟုတ္လား?.."
"အင္း.."
"ဟုတ္ကဲ့ ကြၽန္ေတာ္ျပန္ေခၚလိုက္ပါ့မယ္ "
ေခမဟာ ဧည့္ခန္းထဲသို႔ ၀င္သြားလိုက္သည္။ၿပီးေနာက္႐ႈမ၀
အား ဖုန္းေခၚလိုက္သည္။
📱📱📱......
"ဟဲလို"
"ဟဲလို ႐ႈမ၀"
"ေမာင္လား?"
"အင္း ညကဖုန္းဆက္ေသးတယ္ဆို"
"ဟုတ္တယ္ေမာင္ရဲ႕ ေမာင့္ဖုန္းကိုေခၚမရလို႔ ဧည့္ခန္းဖုန္းကို
ေခၚၿပီး ေဒၚႀကီးကိုေျပာခိုင္းလိုက္တာ"
"ေမာင့္ဖုန္းက အားကုန္ေနလို႔႐ႈမ၀ရဲ႕.."
"ညက ကုမၸဏီမွာ အိပ္တာလားေမာင္"
"ဟမ္..အင္း..ဟုတ္တယ္ေလ ႐ႈမ၀ရဲ႕..ေမာင္အလုပ္ေတြတအား
႐ႈပ္ေနလို႔"
"အင္းပါေလ..ဖုန္းအားသြင္းခ်ိန္ေတာင္မရေတာ့ ေမာင္ေတာ္ေတာ္
အလုပ္႐ႈပ္ေနမွာဘဲ"
"အင္း..ဒါေပမယ့္ ႐ႈမ၀ အသံေလးၾကားေတာ့ ေမာင္အေမာေျပ
သြားၿပီ"
"အပိုေတြပါ"
"တကယ္ပါကြာ..ဒါနဲ႔႐ႈမ၀ အလုပ္ေတြေရာ အဆင္ေျပရဲ႕လား?"
"ေျပတယ္..ေမာင္.."
"ဟူး..ေမာင္ေတာ့ ႐ႈမ၀ကိုလြမ္းေနၿပီကြာ"
သူေျပာေတာ့ ႐ႈမ၀ဆီမွ ရယ္သံသဲ့သဲ့ၾကားလိုက္ရသည္။
"ဘာလဲ မယံုဘူးလား?"
"ယံုပါတယ္..အဲ့..ေမာင္ ဒါဘဲေနာ္ ဒါ႐ိုက္တာႀကီးကေခၚေနၿပီ"
ျပန္ေျပာလိုက္ခ်ိန္ေတာင္မရ ႐ႈမ၀က ဖုန္းခ်သြားသည္။
ေခမဟာ သက္ျပင္းခ်ကာ ထမင္းစားခန္းထဲ၀င္သြားသည္။
"ေဒၚႀကီး"
"ဟင္ သား"
ဟင္းရြက္သင္ေနတဲ့ ေဒၚႀကီးကလွည့္ၾကည့္လာသည္။
"႐ႈမ၀ကို ကြၽန္ေတာ္ ကုမၸဏီမွာအိပ္တယ္လို႔ ေဒၚႀကီးေျပာလိုက္တာလား?"
"အင္း..သမီးေမးလို႔ ေဒၚႀကီးေျဖလိုက္တာပါ"
ေခမဟာ သက္ျပင္းဖြဖြခ်လိုက္သည္။
"ဘာျဖစ္လို႔လဲ သား"
"႐ႈမ၀က ကြၽန္ေတာ့္ကိုမယံုလို႔ ေဒၚႀကီးကိုေစာင့္ၾကည့္ခိုင္းတာမ်ိဳး
႐ွိလား?"
"အို..မဟုတ္တာ သားရယ္..သမီးက အဲ့လို္မ်ိဳးမလုပ္ခိုင္းပါဘူး"
ေဒၚႀကီးက လက္ဟန္ေျခဟန္ေတြနဲ႔ျငင္းေလသည္။
ေခမဟာ ေခါင္းဆတ္ဆတ္ၿငိမ့့္ျပလိုက္ကာ...
"ေကာင္းၿပီ..ဒါနဲ႔ ေန႔လည္စာ ကြၽန္ေတာ့္အတြက္မခ်က္နဲ႔ေတာ့
အန္တီက လာစားဆိုလို႔ အဲ့မွာဘဲစားမယ္"
ေခမဟာေျပာၿပီး အိမ္ေပၚတက္သြားလိုက္သည္။
ၿပီးေနာက္ မင္းထင္အားဖုန္းဆက္လိုက္သည္။
"မင္းထင္"
"ဗ်ာ boss"
"ငါေန႔လည္စာစားၿပီးမွ ကုမၸဏီကိုလာေတာ့မယ္"
"ဟုတ္ကဲ့ boss"
"ဒါနဲ႔...႐ႈမ၀ မင္းကိုဖုန္းဆက္ေသးလား?"
"ဗ်ာ!..မဆက္ပါဘူး boss..ဘာျဖစ္လို႔လဲ?"
"အင္း..တကယ္လို႔ဆက္ရင္..ညကငါကုမၼဏီမွာဘဲ အိပ္တယ္လို႔
ေျဖေပး"
"ဟုတ္..ဟုတ္ကဲ့ boss"
ဖုန္းခ်ၿပီးေနာက္ ေခမဟာ သက္ျပင္းခ်လိုက္သည္။
ေဖာက္ျပန္မိၿပီး မလံုျခံဳတဲ့စိတ္ေၾကာင့္ သူ႐ႈမ၀အေပၚသံသယ
ေတြ၀င္ေနျပန္သည္။ဒီေလာက္သူ႔အေပၚ ခ်စ္ခင္ၿပီးၾကင္နာတဲ့
ဇနီးအေပၚ ဒီလိုေတြလုပ္ေနမိတာလည္း သူ႔ကိုယ္သူမုန္းမိသည္။
ဘာလို႔ ကိုယ့္စိတ္ေတြက တျခားတစ္ေယာက္ဆီေရာက္ေနရတာ
လဲ?႐ုန္းမထြက္ႏိုင္ရတာလဲ?ဇာတ္လမ္းတြဲၿပီးလို႔ ႐ႈမ၀က သူလုိခ်င္တဲ့ မိသားစုဘ၀ေလးကိုတကယ္ဖန္တီးေပးမယ္ဆိုရင္ေရာ သူ
ေမာ္ကြန္းသစ္ဆီက ႐ုန္းထြက္ႏိုင္ပါ့မလား?ဆက္ပတ္သက္ေနမိဦး
မလား?
ဒါေပမယ့္ ေသခ်ာတာတစ္ခုက ကေလးေလးရရင္ သူမိသားစု
အတြက္ဘဲ အခ်ိန္ေပးရေတာ့မည္။မိသားစုကိုဘဲၾကည့္ရေတာ့
မည္။သူက အိမ္ေထာင္သည္ေယာက်ာၤးတစ္ေယာက္ဘဲမလား?
ကိုယ့္အတြက္ကိုယ္မၾကည့္ဘဲ မိသားစုအတြက္ ကေလးေလးအတြက္တာ၀န္ေက်ေတာ့မည္။
................................................
ေန႔လည္...
"မာမီ!"
ထမင္း၀ိုင္းျပင္ေနတဲ့ မာမီေနာက္ ေမာ္ကြန္းဖက္လိုက္ေတာ့
မာမီက လန္႔သြားသလို ရင္ဘတ္ေလးဖိသည္။
"ဒီကေလး မေျပာမဆိုနဲ႔..လန္႔သြားတာဘဲ"
"ဟီး..ဘာေတြခ်က္လဲ?"
"ဒီေန႔ ေမာင္ေခမဟာပါ အိမ္လာစားမွာဆိုေတာ့ မာမီလက္စြမ္းျပ
ထားတယ္"
မာမီက ဖြယ္ဖြယ္ရာရာခ်က္ျပဳတ္ထားသည့္ပံုေပၚသည္။
အားလံုးက စားခ်င္သဖြယ္ျဖစ္ေနသည္။
"ေျသာ္..ေမ့လို႔ မာမီ သားအတြက္ ၀က္သားေလးခ်က္ထားေသးတယ္"
မာမီက အိုးေသးေသးေလးအား ယူကာ သူ႔ေ႐ွ႕အဖံုးဖြင့္ျပသည္။
"ဒီမွာၾကည့္ မာမီ အသားေတြခ်ည္းႏႊာခ်က္ေပးထား.."
"ေအာ့!"
၀က္သားခ်က္ထားတာ ေမႊးေနေပမယ့္လည္း ေမာ္ကြန္းႏွာေခါင္း
ထဲ ေထာင္းခနဲ၀င္လာသည့္ အနံ႔ဆိုးဆိုးေျကာင့္ ပ်ိဳ႕တက္လာေလသည္။ထို႔ေၾကာင့္ ေဘစင္ဘက္အျမန္ေျပးကာ အန္ခ်လိုက္ေလသည္။
"ေ၀ါ့!"
"သားရရဲ႕လား?"
မာမီက သူ႔ေနာက္အား အသာေလးထုေပးသည္။
ေမာ္ကြန္း အားရေအာင္ အန္လိုက္ၿပီး ေရသန္႔စင္လိုက္ၿပီး
မာမီ့ဘက္လွည့္ကာ...
"သား ေတာင္းပန္ပါတယ္ မာမီ..သားညက ေသာက္တာ
နည္းနည္းမ်ားသြားလို႔ပါ.မာမီ့၀က္သားေၾကာင့္အန္တာမဟုတ္ဘူးေနာ္"
မာမီစိတ္မေကာင္းမျဖစ္ေစရန္ ေမာ္ကြန္းေျပာလိုက္ရသည္။
"မာမီဘာမွမျဖစ္ပါဘူးကြယ္..သားလည္း ေနာက္ဆိုသိပ္မေသာက္နဲ႔
ေပါ့..မာမီက သားကိုစိတ္ပူလို႔ေျပာတာ"
"ဟုတ္..မာမီ"
ပြမ္..ပြမ္...
အိမ္ေ႐ွ႕မွ ကားသံၾကားေသာေၾကာင့္ ေခမဟာေရာက္လာမွန္း
ေမာ္ကြန္းသိသည္။
"ေမာင္ေခမဟာေရာက္လာၿပီ ထင္တယ္"
ေခမဟာ ထမင္းစားခန္းထဲ၀င္လာေတာ့ အန္တီနဲ႔ေမာ္ကြန္းသစ္အားေတြ႔ေလသည္။
"အန္တီ"
"လာထိုင္သား..ဒီမွာ အန္တီက အကုန္ျပင္ဆင္ထားတာ"
"ေက်းဇူးတင္ပါတယ္"
သံုးေယာက္စလံုးေနရာတက်၀င္ထိုင္လိုက္ၾကသည္။
ေမာ္ကြန္း မ်က္စိေ႐ွ႕မွ ၀က္သားပန္းကန္အားၾကည့္ကာ ႏွာေခါင္း
႐ွံု႔မိသည္။ထို႔ေၾကာင့္ ၀က္သားပန္းကန္ကို တစ္ဖက္သို႔ ပို႔ထားလိုက္
သည္။
"မင္းက ၀က္သားႀကိဳက္တယ္မလား ဘာလို႔ထည့္မစားတာလဲ?"
ေခမဟာေမးေတာ့ ေမာ္ကြန္းသစ္က ေခါင္းအသာရမ္းျပလိုက္သည္။
"စားေကာင္းမယ့္ပံုေလးပါ"
ေခမဟာေျပာၿပီး ၀က္သားဟင္းထဲမွ တစ္ဇြန္းႏိႈက္လိုက္ကာ
ထမင္းနဲ႔စားလိုက္သည္။
ဟာ..၀က္သားက ဒီလိုအရသာမ်ိဳးလား?တကယ္ေကာင္းလြန္းတယ္။
"ခင္ဗ်ားက ၀က္သားမစားဘူးမလား?"
ေမာ္ကြန္းသစ္ကေမးေတာ့ ေခမဟာ ပုခံုးေလးတြန္႔လိုက္ကာ...
"အဲ့ေလာက္ေကာင္းမယ္မထင္လို႔ေပါ့.."
"စားရတာအဆင္ေျပရဲ႕လား ေမာင္ေခမဟာ"
"ေျပတယ္ အန္တီ.."
ထိုသို႔ျဖင့္ စားလိုက္ၾကရာေခမဟာ ၀က္သားဟင္းတစ္ခြက္ႏွင့္
ထမင္းႏွစ္ပန္းကန္ကုန္သြားေလသည္။
အရင္က မႀကိဳက္တဲ့ ၀က္သားက ဒီေန႔မွ အေတာ္ထမင္းၿမိန္ေနသည္။
စားေသာက္ၿပီးေတာ့ ေမာ္ကြန္းသစ္က ေဘစင္တြင္ ပန္းကန္ေတြ
ေဆးေနသည္။ေခမဟာလည္း သူ႔အနားသြားရပ္လိုက္သည္။
"က်စ္!ဆပ္ျပာနံ႔ကလည္း နံေစာ္ေနတာဘဲ"
ေမာ္ကြန္းသစ္က ပန္းကန္ေဆးေနရင္းမွ စိတ္ပ်က္သလိုေျပာသည္။
"ဒီေလာက္ေမႊးေနတာကို..မင္းမလို႔ နံတယ္ ေျပာရဲတယ္"
"မသိဘူး ဒီေန႔ျမင္ျမင္သမ်ွအနံ႔ေတြ အကုန္အဆင္မေျပဘူး"
"ဆိုဂ်ဳေသာက္တာ မ်ားၿပီး ေဂါက္သြားတာလား?"
ေခမဟာေျပာၿပီး ေမာ္ကြန္းသစ္အား ေဘးဖယ္ခိုင္းလိုက္ကာ
ပန္းကန္ေဆးလိုက္သည္။
"မင္းသြားေတာ့ေလ..ငါေဆးလိုက္မယ္ "
"ေနပါေစ ခင္ဗ်ားက ဧည့္သည္ဘဲ"
"အားမနာပါနဲ႔ ငါကမင္းေယာက္ဖပါ.."
ေမာ္ကြန္းသစ္လည္း ေခါင္းၿငိမ့္ကာ ထမင္း၀ိုင္းတြင္ျပန္ထိုင္လိုက္သည္။
ကုမၸဏီက CEOႀကီးကေတာ့ ပန္းကန္ေဆးေနသည္တဲ့။
ေမာ္ကြန္း သူ႔ေနာက္ေက်ာကိုၾကည့္ကာ ရယ္လိုက္မိသည္။
ဒီလို လုပ္ေနပံုေတြက အစတကယ္ၾကည့္ေကာင္းသည္။
လႈပ္႐ွားမႈတိုင္းက ဘာလုပ္လုပ္ၾကည့္ေကာင္းေနတာျဖစ္သည္။
ဒီလူသားကို ပိုင္ဆိုင္ခြင့္ရတဲ့ မမဟာ ဘယ္ေလာက္ေတာင္ကံေကာင္းလိုက္သလဲ?
မမတန္ဖိုးထားသင့္တယ္။မဟုတ္ရင္ သူမဟုတ္တာ တစ္ခုခု
လုပ္မိေတာ့မယ္။ဒီလူႀကီးကိုသူ႔အပိုင္ျဖစ္ေအာင္ လုပ္ခ်င္မိတယ္။
သို႔ေပမယ့္ စိတ္႐ိုင္းေတြကို အျမဲဖံုးကြယ္ၿပီး ထိန္းထားရသည္။
ေမာ္ကြန္းသစ္ဆိုတာ အျပင္ပိုင္းမွာေတာ့ တည္ၿငိမ္တယ္၊ထက္ျမတ္
တယ္၊ေဖာ္ေရြတယ္..ၿပီးေတာ့ ၾကင္နာတတ္တယ္။
သူ႔ရဲ႕darksideကေတာ့ အစြဲအလန္းႀကီးတယ္၊ဟန္ေဆာင္
ေကာင္းတယ္၊လ်ိႈ့၀ွက္ခ်က္မ်ားတယ္၊ၿပီးေတာ့ အခ်စ္ႀကီးတယ္
ပိုင္ဆိုင္လိုစိတ္မ်ားတယ္။
..................................................
သင္တန္းတြင္...
"ေမာ္ကြန္း"
"ေရ"
"နင့္အစ္မကို မေတြ႔မိပါလား?"
"ငါ့အစ္မနယ္ဘက္ကို ခရီးသြားတယ္"
ဂ်ဳဂ်ဴးက ပဲျပားေလးေတြကို လွီးေနရင္းမွ သူ႔အားတစ္ခ်က္ျပန္
ၾကည့္သည္။
"နင္...နင့္အစ္မမ႐ွိေတာ့..."
"ငါကြန္ဒိုကိုေရာင္းလိုက္ေတာ့မလို႔ ဂ်ဳဂ်ဳး"
"ဟမ္"
"ဟုတ္တယ္..အိမ္နဲ႔သင္တန္းကိုဘဲ အသြားအျပန္လုပ္ေနတာနင္သိပါတယ္..ကြန္ဒိုက ဘာမွ အသံုးမလိုေတာ့ဘူးေလ..
အဲ့ဒါေၾကာင့္ ေရာင္းလိုက္ေတာ့မယ္ ဘာမွစိတ္မပူနဲ႔"
"ေအးပါဟာ..ၿပီးတာဘဲ..နင္အဆင္ေျပမွာပါ"
ဂ်ဴးဂ်ဳးက ျပံဳးကာေျပာသည္။
"ဒါနဲ႔ နင္ဘာလို႔ဖုန္းႀကီးသံုးေနတာလဲ?အခုတေလာ မီးဖိုေခ်ာင္
လည္းမ၀င္ဘူး.."
"မသိဘူးဟာ..အခုတေလာ အနံ႔အသက္ေတြမေကာင္းဘူး..
ဘာနံ႔ရရအန္ခ်င္ေနတာဘဲ..၀က္သားေတာင္ငါမစားေတာ့ဘူး"
"ေအး..ကေလးေတြကလည္း ငါနဲ႔မသင္ခ်င္ဘူးတဲ့..ငါက
အေပါက္ဆိုးလို႔ထင္ပါတယ္"
ေမာ္ကြန္းရယ္လိုက္သည္။အမွန္ဆို ဂ်ဳဂ်ဳးကသူ႔ထက္ပိုအရည္အခ်င္း႐ွိေပမယ့္ ကေလးေတြက ဂ်ဴးဂ်ဳးနဲ႔မသင္ရဲၾကေပ။စည္းကမ္းႀကီးေတာ့ ပိုေၾကာက္
ၾကသည္။
..................................................
ဒုန္း!!
CEOရဲ႕ေဒါသေၾကာင့္ ကုမၸဏီတစ္ခုလံုး တုပ္တုပ္မ်ွမလႈပ္ရဲေပ။
ခုတေလာ CEOက ေဒါသပိုႀကီးလာသည္။အေသးအဖြဲ႔အမွားေလးေတြကအစျပသနာ႐ွာတတ္လာၿပီ။ကုမၼဏီတစ္ခုလံုး ဖိတ္ဖိတ္
တုန္ေနၾကသည္။
"မင္းထင္!"
"လာပါၿပီ boss!"
မင္းထင္ အေျပးေရာက္လာၿပီး bossေ႐ွ႕ေရာက္မွ ကိုယ္႐ွိန္သတ္
ၿပီး ရပ္လိုက္သည္။
"သံပုရာရည္ ေဖ်ာ္ေပးစမ္း ငါေခါင္းေတြကိုက္လာၿပီ"
"ဟုတ္..ဟုတ္ကဲ့ boss"
ေခမဟာ ထိုင္ခံုကိုမွီကာ စိတ္ၿငိမ္ေအာင္ လုပ္ေနရသည္။
ကိုယ့္ဟာကိုယ္လည္း ဘာေတြျဖစ္ေနမွန္းမသိ။မစားခ်င္
မေသာက္ခ်င္၊အိပ္လို႔မေပ်ာ္။စားမိရင္လည္း မရပ္ႏိုင္သလို၊
အိပ္ခ်င္မိရင္လည္း တေန႔လံုးပင္။ေဒါသထြက္မိရင္လည္း
အကုန္ပတ္ရမ္းမိသည္။
႐ႈမ၀မ်ားတစ္ခုခုျဖစ္ေနတာလား?
ရပ္ေ၀းမွာမို႔ ဇနီးျဖစ္သူကိုစိုးရိမ္မိပါသည္။
.................................................
💓💓
unicode
နံနက်၅နာရီမို့ ကောင်းကင်ကိုရှင်းရှင်းလင်းလင်းမမြင်ရသေးပေ။
ကားထဲမှာမို့ ပိုမှောင်မဲနေသည်။
ခေမဟာ တဆစ်ဆစ်ကိုက်နေတဲ့ ခေါင်းအား ဖိနှိပ်ကာ မျက်လုံး
ဖွင့်ကြည့်လိုက်သည်။ရင်ခွင်ထဲက မော်ကွန်းသစ်ကတော့
ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေသည်။ညကကားရှေ့ခန်းထဲမှစတင်လိုက်ရာ မနက်ကြတော့ ကားနောက်ခန်းထဲရောက်နေကြသည်။
ခေမဟာ မော်ကွန်းသစ်အားမနှိုးသေးဘဲ သေချာစိုက်ကြည့်နေမိ
သည်။ဘယ်လောက်အကြောတင်းတင်း၊ဘယ်လောက်ပြောပြော
၊ဘယ်လောက်စိတ်နဲ့ဆက်ဆံပါစေ နောက်ဆုံး သူ့အပေါ်အရှူံးပေး
မြဲဖြစ်သည်။သူ့အမိန့်ကို နာခံတတ်မြဲဖြစ်သည်။ဘယ်သူတွေနဲ့
ပတ်သတ်ဦးမလဲ မသိပေမယ့် သူ့အပေါ်တွင်ဘဲ ထိုသို့နာခံစေချင်
သည်။ကျရှုံးစေချင်သည်။
နှုတ်ခမ်းတွင် ပေါက်ပြဲနေသည့် အရာလေးတွေကို လက်မဖြင့်
ဖွဖွပွတ်သပ်ပေးရင်း နဖူးပေါ်ဝဲကျနေတဲ့ ချွေးတွေနဲ့စေးကပ်နေတဲ့
ဆံပင်လေးတွေကို အပေါ်ကို သပ်တင်ပေးလိုက်သည်။
"ဟင်း..."
ရင်ခွင်ထဲမှ ကောင်လေးက ငြီးသံပြုကာ နိုးလာလေသည်။
"မော်ကွန်းသစ်..ထတော့..ငါတို့လမ်းပေါ်မှာဘဲရှိသေးတယ်"
သူပြောပေမယ့်လည်း မော်ကွန်းသစ်က တုပ်တုပ်မျှမလှုပ်ဘဲ
သူ့ခါးအားခွကာ တင်းတင်းဖက်ထားသေးသည်။
ခေမဟာ မသိလိုက်ဘဲ ပြုံးမိသွားပြန်သည်။
မော်ကွန်းသစ်က နူးညံ့သည့်အချိန်၊ဆိုးနွဲ့သည့်အချိန်မရှိဘူးမလား?
နောက်ဆုံးသူနဲ့အတူတူနေတဲ့အချိန်တွေမှာလည်း ယောကျာင်္းသံ
သြသြနဲ့ငြီးတတ်သေးသည်။ဒါကလည်း ယောကျာင်္းတစ်ယောက်
ရဲ့ ဆွဲဆောင်မှုဘဲလေ။
ခေမဟာ မော်ကွန်းသစ် နှာခေါင်းအား လက်ညိုးနှင့်လက်မ ညှပ်ကာ ပိတ်လိုက်သည်။
"ထတော့ မော်ကွန်းသစ် ငါကုမ္မဏီသွားရဦးမှာ"
"ကျစ်..ဖယ်စမ်းဗျာ..အသက်ရှုကြပ်တယ်!"
စိတ်ရှုပ်သည့်အသံက ထင်းခနဲ။
ခေမဟာ ခေါင်းမော့ရယ်လိုက်သည်။
ပြီးနောက် မော်ကွန်းသစ်၏မျက်နှာအား ပင့်မော့လိုက်ကာ...
"ညက ငါကောင်းလား?"
မော်ကွန်းသစ်အား ရှုက်သွားမလားဆိုသည့်အတွေးဖြင့်စလိုက်ပေ
မယ့် မော်ကွန်းသစ်ကတည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေသည်။
"ခင်ဗျားက မုန်လာဥမှမဟုတ်ဘဲ ငှက်ပျောသီးကြီး"
"ဟမ်!"
"ဟုတ်တယ်လေ..ငှက်ပျောသီးမှ မှည့်နေတဲ့ ငှက်ပျောသီးကြီး
ပျော့ပြဲလို့"
"မင်း!"
မရှက်မယ့်အပြင် သူ့စကားကြောင့် ကိုယ်တောင်စိတ်တိုလာရသည်။
"စကားအဖြစ်ပြောတာပါ ပြန်ကြအောင် "
မော်ကွန်းသစ်က သူ့ကိုယ်ပေါ်မှထကာ အင်္ကျီတွေအားကောက်ဝတ်နေသည်။ခေမဟာလည်း ဘောင်းဘီအား ကောက်ယူကာ ဝတ်လိုက်သည်။
"ကျွန်တော့်ကို ကွန်ဒိုကိုလိုက်ပို့ပေး"
"အိမ်မပြန်ဘူးလား?"
"ဒီပုံစံနဲ့ ပြန်ရမှာလား?ရေလေးဘာလေးဝင်ချိုးပြီးမှပြန်မလို့"
ခေမဟာလည်း ကွန်ဒိုကို မောင်းပေးလိုက်သည်။
ကွန်ဒိုရောက်တော့ သူပါရေချိုးလိုက်လေသည်။
ပြီးနောက် မော်ကွန်းသစ်ကိုအိမ်ပြန်ပို့ပေးပြီး သူအိမ်သို့ပြန်လာလိုက်သည်။
အိမ်ပြန်ရောက်တော့ ဒေါ်ကြီးကဆီးကြိုသည်။
"သား..ညကသမီးရှုမဝဖုန်းဆက်တယ်..သားဖုန်းကိုခေါ်မရလို့တဲ့"
"ဗျာ..ဟုတ်လား?.."
"အင်း.."
"ဟုတ်ကဲ့ ကျွန်တော်ပြန်ခေါ်လိုက်ပါ့မယ် "
ခေမဟာ ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ပြီးနောက်ရှုမ၀
အား ဖုန်းခေါ်လိုက်သည်။
📱📱📱......
"ဟဲလို"
"ဟဲလို ရှုမ၀"
"မောင်လား?"
"အင်း ညကဖုန်းဆက်သေးတယ်ဆို"
"ဟုတ်တယ်မောင်ရဲ့ မောင့်ဖုန်းကိုခေါ်မရလို့ ဧည့်ခန်းဖုန်းကို
ခေါ်ပြီး ဒေါ်ကြီးကိုပြောခိုင်းလိုက်တာ"
"မောင့်ဖုန်းက အားကုန်နေလို့ရှုမဝရဲ့.."
"ညက ကုမ္ပဏီမှာ အိပ်တာလားမောင်"
"ဟမ်..အင်း..ဟုတ်တယ်လေ ရှုမဝရဲ့..မောင်အလုပ်တွေတအား
ရှုပ်နေလို့"
"အင်းပါလေ..ဖုန်းအားသွင်းချိန်တောင်မရတော့ မောင်တော်တော်
အလုပ်ရှုပ်နေမှာဘဲ"
"အင်း..ဒါပေမယ့် ရှုမ၀ အသံလေးကြားတော့ မောင်အမောပြေ
သွားပြီ"
"အပိုတွေပါ"
"တကယ်ပါကွာ..ဒါနဲ့ရှုမ၀ အလုပ်တွေရော အဆင်ပြေရဲ့လား?"
"ပြေတယ်..မောင်.."
"ဟူး..မောင်တော့ ရှုမဝကိုလွမ်းနေပြီကွာ"
သူပြောတော့ ရှုမဝဆီမှ ရယ်သံသဲ့သဲ့ကြားလိုက်ရသည်။
"ဘာလဲ မယုံဘူးလား?"
"ယုံပါတယ်..အဲ့..မောင် ဒါဘဲနော် ဒါရိုက်တာကြီးကခေါ်နေပြီ"
ပြန်ပြောလိုက်ချိန်တောင်မရ ရှုမဝက ဖုန်းချသွားသည်။
ခေမဟာ သက်ပြင်းချကာ ထမင်းစားခန်းထဲဝင်သွားသည်။
"ဒေါ်ကြီး"
"ဟင် သား"
ဟင်းရွက်သင်နေတဲ့ ဒေါ်ကြီးကလှည့်ကြည့်လာသည်။
"ရှုမဝကို ကျွန်တော် ကုမ္ပဏီမှာအိပ်တယ်လို့ ဒေါ်ကြီးပြောလိုက်တာလား?"
"အင်း..သမီးမေးလို့ ဒေါ်ကြီးဖြေလိုက်တာပါ"
ခေမဟာ သက်ပြင်းဖွဖွချလိုက်သည်။
"ဘာဖြစ်လို့လဲ သား"
"ရှုမဝက ကျွန်တော့်ကိုမယုံလို့ ဒေါ်ကြီးကိုစောင့်ကြည့်ခိုင်းတာမျိုး
ရှိလား?"
"အို..မဟုတ်တာ သားရယ်..သမီးက အဲ့လ်ိုမျိုးမလုပ်ခိုင်းပါဘူး"
ဒေါ်ကြီးက လက်ဟန်ခြေဟန်တွေနဲ့ငြင်းလေသည်။
ခေမဟာ ခေါင်းဆတ်ဆတ်ငြိမ့်ပြလိုက်ကာ...
"ကောင်းပြီ..ဒါနဲ့ နေ့လည်စာ ကျွန်တော့်အတွက်မချက်နဲ့တော့
အန်တီက လာစားဆိုလို့ အဲ့မှာဘဲစားမယ်"
ခေမဟာပြောပြီး အိမ်ပေါ်တက်သွားလိုက်သည်။
ပြီးနောက် မင်းထင်အားဖုန်းဆက်လိုက်သည်။
"မင်းထင်"
"ဗျာ boss"
"ငါနေ့လည်စာစားပြီးမှ ကုမ္ပဏီကိုလာတော့မယ်"
"ဟုတ်ကဲ့ boss"
"ဒါနဲ့...ရှုမ၀ မင်းကိုဖုန်းဆက်သေးလား?"
"ဗျာ!..မဆက်ပါဘူး boss..ဘာဖြစ်လို့လဲ?"
"အင်း..တကယ်လို့ဆက်ရင်..ညကငါကုမ္မဏီမှာဘဲ အိပ်တယ်လို့
ဖြေပေး"
"ဟုတ်..ဟုတ်ကဲ့ boss"
ဖုန်းချပြီးနောက် ခေမဟာ သက်ပြင်းချလိုက်သည်။
ဖောက်ပြန်မိပြီး မလုံခြုံတဲ့စိတ်ကြောင့် သူရှုမဝအပေါ်သံသယ
တွေဝင်နေပြန်သည်။ဒီလောက်သူ့အပေါ် ချစ်ခင်ပြီးကြင်နာတဲ့
ဇနီးအပေါ် ဒီလိုတွေလုပ်နေမိတာလည်း သူ့ကိုယ်သူမုန်းမိသည်။
ဘာလို့ ကိုယ့်စိတ်တွေက တခြားတစ်ယောက်ဆီရောက်နေရတာ
လဲ?ရုန်းမထွက်နိုင်ရတာလဲ?ဇာတ်လမ်းတွဲပြီးလို့ ရှုမဝက သူလိုချင်တဲ့ မိသားစုဘ၀လေးကိုတကယ်ဖန်တီးပေးမယ်ဆိုရင်ရော သူ
မော်ကွန်းသစ်ဆီက ရုန်းထွက်နိုင်ပါ့မလား?ဆက်ပတ်သက်နေမိဦး
မလား?
ဒါပေမယ့် သေချာတာတစ်ခုက ကလေးလေးရရင် သူမိသားစု
အတွက်ဘဲ အချိန်ပေးရတော့မည်။မိသားစုကိုဘဲကြည့်ရတော့
မည်။သူက အိမ်ထောင်သည်ယောကျာင်္းတစ်ယောက်ဘဲမလား?
ကိုယ့်အတွက်ကိုယ်မကြည့်ဘဲ မိသားစုအတွက် ကလေးလေးအတွက်တာဝန်ကျေတော့မည်။
................................................
နေ့လည်...
"မာမီ!"
ထမင်းဝိုင်းပြင်နေတဲ့ မာမီနောက် မော်ကွန်းဖက်လိုက်တော့
မာမီက လန့်သွားသလို ရင်ဘတ်လေးဖိသည်။
"ဒီကလေး မပြောမဆိုနဲ့..လန့်သွားတာဘဲ"
"ဟီး..ဘာတွေချက်လဲ?"
"ဒီနေ့ မောင်ခေမဟာပါ အိမ်လာစားမှာဆိုတော့ မာမီလက်စွမ်းပြ
ထားတယ်"
မာမီက ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသည့်ပုံပေါ်သည်။
အားလုံးက စားချင်သဖွယ်ဖြစ်နေသည်။
"သြော်..မေ့လို့ မာမီ သားအတွက် ဝက်သားလေးချက်ထားသေးတယ်"
မာမီက အိုးသေးသေးလေးအား ယူကာ သူ့ရှေ့အဖုံးဖွင့်ပြသည်။
"ဒီမှာကြည့် မာမီ အသားတွေချည်းနွှာချက်ပေးထား.."
"အော့!"
ဝက်သားချက်ထားတာ မွှေးနေပေမယ့်လည်း မော်ကွန်းနှာခေါင်း
ထဲ ထောင်းခနဲဝင်လာသည့် အနံ့ဆိုးဆိုးကြောင့် ပျို့တက်လာလေသည်။ထို့ကြောင့် ဘေစင်ဘက်အမြန်ပြေးကာ အန်ချလိုက်လေသည်။
"ဝေါ့!"
"သားရရဲ့လား?"
မာမီက သူ့နောက်အား အသာလေးထုပေးသည်။
မော်ကွန်း အားရအောင် အန်လိုက်ပြီး ရေသန့်စင်လိုက်ပြီး
မာမီ့ဘက်လှည့်ကာ...
"သား တောင်းပန်ပါတယ် မာမီ..သားညက သောက်တာ
နည်းနည်းများသွားလို့ပါ.မာမီ့ဝက်သားကြောင့်အန်တာမဟုတ်ဘူးနော်"
မာမီစိတ်မကောင်းမဖြစ်စေရန် မော်ကွန်းပြောလိုက်ရသည်။
"မာမီဘာမှမဖြစ်ပါဘူးကွယ်..သားလည်း နောက်ဆိုသိပ်မသောက်နဲ့
ပေါ့..မာမီက သားကိုစိတ်ပူလို့ပြောတာ"
"ဟုတ်..မာမီ"
ပွမ်..ပွမ်...
အိမ်ရှေ့မှ ကားသံကြားသောကြောင့် ခေမဟာရောက်လာမှန်း
မော်ကွန်းသိသည်။
"မောင်ခေမဟာရောက်လာပြီ ထင်တယ်"
ခေမဟာ ထမင်းစားခန်းထဲဝင်လာတော့ အန်တီနဲ့မော်ကွန်းသစ်အားတွေ့လေသည်။
"အန်တီ"
"လာထိုင်သား..ဒီမှာ အန်တီက အကုန်ပြင်ဆင်ထားတာ"
"ကျေးဇူးတင်ပါတယ်"
သုံးယောက်စလုံးနေရာတကျဝင်ထိုင်လိုက်ကြသည်။
မော်ကွန်း မျက်စိရှေ့မှ ဝက်သားပန်းကန်အားကြည့်ကာ နှာခေါင်း
ရှုံ့မိသည်။ထို့ကြောင့် ဝက်သားပန်းကန်ကို တစ်ဖက်သို့ ပို့ထားလိုက်
သည်။
"မင်းက ဝက်သားကြိုက်တယ်မလား ဘာလို့ထည့်မစားတာလဲ?"
ခေမဟာမေးတော့ မော်ကွန်းသစ်က ခေါင်းအသာရမ်းပြလိုက်သည်။
"စားကောင်းမယ့်ပုံလေးပါ"
ခေမဟာပြောပြီး ဝက်သားဟင်းထဲမှ တစ်ဇွန်းနှိုက်လိုက်ကာ
ထမင်းနဲ့စားလိုက်သည်။
ဟာ..ဝက်သားက ဒီလိုအရသာမျိုးလား?တကယ်ကောင်းလွန်းတယ်။
"ခင်ဗျားက ဝက်သားမစားဘူးမလား?"
မော်ကွန်းသစ်ကမေးတော့ ခေမဟာ ပုခုံးလေးတွန့်လိုက်ကာ...
"အဲ့လောက်ကောင်းမယ်မထင်လို့ပေါ့.."
"စားရတာအဆင်ပြေရဲ့လား မောင်ခေမဟာ"
"ပြေတယ် အန်တီ.."
ထိုသို့ဖြင့် စားလိုက်ကြရာခေမဟာ ဝက်သားဟင်းတစ်ခွက်နှင့်
ထမင်းနှစ်ပန်းကန်ကုန်သွားလေသည်။
အရင်က မကြိုက်တဲ့ ဝက်သားက ဒီနေ့မှ အတော်ထမင်းမြိန်နေသည်။
စားသောက်ပြီးတော့ မော်ကွန်းသစ်က ဘေစင်တွင် ပန်းကန်တွေ
ဆေးနေသည်။ခေမဟာလည်း သူ့အနားသွားရပ်လိုက်သည်။
"ကျစ်!ဆပ်ပြာနံ့ကလည်း နံစော်နေတာဘဲ"
မော်ကွန်းသစ်က ပန်းကန်ဆေးနေရင်းမှ စိတ်ပျက်သလိုပြောသည်။
"ဒီလောက်မွှေးနေတာကို..မင်းမလို့ နံတယ် ပြောရဲတယ်"
"မသိဘူး ဒီနေ့မြင်မြင်သမျှအနံ့တွေ အကုန်အဆင်မပြေဘူး"
"ဆိုဂျုသောက်တာ များပြီး ဂေါက်သွားတာလား?"
ခေမဟာပြောပြီး မော်ကွန်းသစ်အား ဘေးဖယ်ခိုင်းလိုက်ကာ
ပန်းကန်ဆေးလိုက်သည်။
"မင်းသွားတော့လေ..ငါဆေးလိုက်မယ် "
"နေပါစေ ခင်ဗျားက ဧည့်သည်ဘဲ"
"အားမနာပါနဲ့ ငါကမင်းယောက်ဖပါ.."
မော်ကွန်းသစ်လည်း ခေါင်းငြိမ့်ကာ ထမင်းဝိုင်းတွင်ပြန်ထိုင်လိုက်သည်။
ကုမ္ပဏီက CEOကြီးကတော့ ပန်းကန်ဆေးနေသည်တဲ့။
မော်ကွန်း သူ့နောက်ကျောကိုကြည့်ကာ ရယ်လိုက်မိသည်။
ဒီလို လုပ်နေပုံတွေက အစတကယ်ကြည့်ကောင်းသည်။
လှုပ်ရှားမှုတိုင်းက ဘာလုပ်လုပ်ကြည့်ကောင်းနေတာဖြစ်သည်။
ဒီလူသားကို ပိုင်ဆိုင်ခွင့်ရတဲ့ မမဟာ ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ?
မမတန်ဖိုးထားသင့်တယ်။မဟုတ်ရင် သူမဟုတ်တာ တစ်ခုခု
လုပ်မိတော့မယ်။ဒီလူကြီးကိုသူ့အပိုင်ဖြစ်အောင် လုပ်ချင်မိတယ်။
သို့ပေမယ့် စိတ်ရိုင်းတွေကို အမြဲဖုံးကွယ်ပြီး ထိန်းထားရသည်။
မော်ကွန်းသစ်ဆိုတာ အပြင်ပိုင်းမှာတော့ တည်ငြိမ်တယ်၊ထက်မြတ်
တယ်၊ဖော်ရွေတယ်..ပြီးတော့ ကြင်နာတတ်တယ်။
သူ့ရဲ့darksideကတော့ အစွဲအလန်းကြီးတယ်၊ဟန်ဆောင်
ကောင်းတယ်၊လျှို့ဝှက်ချက်များတယ်၊ပြီးတော့ အချစ်ကြီးတယ်
ပိုင်ဆိုင်လိုစိတ်များတယ်။
..................................................
သင်တန်းတွင်...
"မော်ကွန်း"
"ရေ"
"နင့်အစ်မကို မတွေ့မိပါလား?"
"ငါ့အစ်မနယ်ဘက်ကို ခရီးသွားတယ်"
ဂျုဂျူးက ပဲပြားလေးတွေကို လှီးနေရင်းမှ သူ့အားတစ်ချက်ပြန်
ကြည့်သည်။
"နင်...နင့်အစ်မမရှိတော့..."
"ငါကွန်ဒိုကိုရောင်းလိုက်တော့မလို့ ဂျုဂျုး"
"ဟမ်"
"ဟုတ်တယ်..အိမ်နဲ့သင်တန်းကိုဘဲ အသွားအပြန်လုပ်နေတာနင်သိပါတယ်..ကွန်ဒိုက ဘာမှ အသုံးမလိုတော့ဘူးလေ..
အဲ့ဒါကြောင့် ရောင်းလိုက်တော့မယ် ဘာမှစိတ်မပူနဲ့"
"အေးပါဟာ..ပြီးတာဘဲ..နင်အဆင်ပြေမှာပါ"
ဂျူးဂျုးက ပြုံးကာပြောသည်။
"ဒါနဲ့ နင်ဘာလို့ဖုန်းကြီးသုံးနေတာလဲ?အခုတလော မီးဖိုချောင်
လည်းမဝင်ဘူး.."
"မသိဘူးဟာ..အခုတလော အနံ့အသက်တွေမကောင်းဘူး..
ဘာနံ့ရရအန်ချင်နေတာဘဲ..ဝက်သားတောင်ငါမစားတော့ဘူး"
"အေး..ကလေးတွေကလည်း ငါနဲ့မသင်ချင်ဘူးတဲ့..ငါက
အပေါက်ဆိုးလို့ထင်ပါတယ်"
မော်ကွန်းရယ်လိုက်သည်။အမှန်ဆို ဂျုဂျုးကသူ့ထက်ပိုအရည်အချင်းရှိပေမယ့် ကလေးတွေက ဂျူးဂျုးနဲ့မသင်ရဲကြပေ။စည်းကမ်းကြီးတော့ ပိုကြောက်
ကြသည်။
..................................................
ဒုန်း!!
CEOရဲ့ဒေါသကြောင့် ကုမ္ပဏီတစ်ခုလုံး တုပ်တုပ်မျှမလှုပ်ရဲပေ။
ခုတလော CEOက ဒေါသပိုကြီးလာသည်။အသေးအဖွဲ့အမှားလေးတွေကအစပြသနာရှာတတ်လာပြီ။ကုမ္မဏီတစ်ခုလုံး ဖိတ်ဖိတ်
တုန်နေကြသည်။
"မင်းထင်!"
"လာပါပြီ boss!"
မင်းထင် အပြေးရောက်လာပြီး bossရှေ့ရောက်မှ ကိုယ်ရှိန်သတ်
ပြီး ရပ်လိုက်သည်။
"သံပုရာရည် ဖျော်ပေးစမ်း ငါခေါင်းတွေကိုက်လာပြီ"
"ဟုတ်..ဟုတ်ကဲ့ boss"
ခေမဟာ ထိုင်ခုံကိုမှီကာ စိတ်ငြိမ်အောင် လုပ်နေရသည်။
ကိုယ့်ဟာကိုယ်လည်း ဘာတွေဖြစ်နေမှန်းမသိ။မစားချင်
မသောက်ချင်၊အိပ်လို့မပျော်။စားမိရင်လည်း မရပ်နိုင်သလို၊
အိပ်ချင်မိရင်လည်း တနေ့လုံးပင်။ဒေါသထွက်မိရင်လည်း
အကုန်ပတ်ရမ်းမိသည်။
ရှုမဝများတစ်ခုခုဖြစ်နေတာလား?
ရပ်ဝေးမှာမို့ ဇနီးဖြစ်သူကိုစိုးရိမ်မိပါသည်။
.................................................
💓💓