.
[ U ]
ထိုင်းနိုင်ငံ,ဘန်ကောက်, Erawanနတ်ကွန်း,
ရှောင်ရီ နဲ့ လုကျိုးတို့အမွှေးနံ့သာတို့ဖြင့်
ပူဇော်ကာထွက်လာကြတယ်။
ရှောင်ရီ: "ဒုက္ခမျိုးစုံကိုဖြတ်ကျော်ပြီး
ခုတော့ဆုတောင်းတွေတကယ်ဖြစ်လာခဲ့ပြီ"
"အင်း..လေနဲ့ မိုးကိုမကျော်ဖြတ်ဘဲ
သက်တန့်ကို မမြင်နိုင်ဘူးတဲ့,
ကိုယ်ကတော့ နောင်တမရဘူး"
ရှောင်ရီနဲ့ လုကျိုးတို့လက်ချင်းချိတ်ကာ
ဘန်ကောက်မြို့ရဲ့လမ်းမများပေါ်လျှောက်
လာခဲ့ကြတယ်။ခရီးသွားဧည့်သည်တချို့က
လုကျိုးကို မှတ်မိသွားကြပုံရတယ်။ရှောင်ရီ
အလျင်အမြန်လုကျိုးလက်ကိုဖြုတ်ပြီး အနောက်တွင်ပုန်းလိုက်မိတယ်၊သို့သော်
လုကျိုးကသူ့လက်ကိုလွှတ်မပေးဘဲခေါင်း
လေးညိတ်ကာပြန်လည်နှုတ်ဆက်လျက်
ရှိနေတယ်။
......
တစ်နှစ်အကြာတွင်,အနုပညာသတင်းဖိုရမ်များရဲ့ ခေါင်းကြီးပိုင်းများ၌သတင်းတစ်ခု
ထွက်ပေါ်လာခဲ့တယ်။
လုကျိုးကသူ့လက်ထောက်လေးနဲ့အတူ
တရုတ်နိုင်ငံသို့အမြွာကလေးငယ်လေး
နှစ်ယောက်ကိုချီပိုးကာပြန်လာခဲ့သည့်သတင်းဖြစ်တယ်။
ပုံတွင်လုကျိုးကလေဆိပ်မှထွက်လာနေခြင်းပင်၊ရှောင်ရီကလျှာထိုးဦးထုပ်အားခပ်ငိုက်ငိုက်ဆောင်းကာသူ့မျက်နှာအားဖုံးကွယ်ထားတယ်၊ထို့နောက်စောင်လေးတွေကိုယ်စီလွှမ်း ခြုံခြင်းခံထားရတဲ့အမြွာလေးတွေပါဝင်
သည့်နှစ်ယောက်စီးတွန်းလှည်းလေးကို
တွန်း လာတယ်။
"မင်းမိဘတွေ လာကြိုမှာလား...အရမ်းစိတ်
ပူမနေနဲ့..အရင်တိုင်ပင်ထားသလိုပဲပြော"
ရှောင်ရီ မိဘတွေက သူတို့ကိုလာကြိုကြတယ်၊ဝမ်းနည်းနေပုံရတဲ့သူတို့သားကိုလည်းအပြစ်မဆိုကြဘူး၊လုကျိုးနဲ့ပဲတစ်ဦးနဲ့တစ်ဦးဖေးမကာနေထိုင်တော့မည်ဟုရှောင်ရီကပြောခဲ့တယ်။ပါပါးရှောင်နဲ့မာမားရှောင်တို့ကလည်းလုကျိုးရဲ့ဂရုစိုက်မှုအတွက်ကျေးဇူး တင်နေကြတယ်။ရှောင်ချန်းကကလေးနှစ်ယောက်ကလုကျိုးနဲ့ရောရှောင်ရီနဲ့ပါအတော်တူနေတာကိုတွေ့နေရပေမဲ့ BMW နဲ့ ဝူဟန်
ကအိမ်သစ်မျက်နှာကြောင့်မပြောရဲခဲ့ဘူး။
လုကျိုးကရှောင်မိသားစုအားကလေးနှစ်ယောက်အားနာမည်ပေးရန်ဂရုတစိုက်တောင်းဆိုခဲ့တယ်။ဘာပဲဖြစ်ဖြစ်မွေးစာရင်းတွင်လုကျိုးနာမည်ကပါပြီးသားပဲလေ။
ရှောင်ရီ: " ကလေးတွေတော့ယူမထားကြ
ပါနဲ့,ဘေဂျင်းကိုရောက်ရင်ကလေးတွေကို
လာကြည့်လို့ရပါတယ်"
"အဖေနှစ်ယောက်ပေါ့"
ပါပါးရှောင်က ပြုံးရင်းပြောလာတယ်,
" နောက်ပိုင်းရှောင်လုပဲလေ့ကျင့်ပျိုးထောင်ပြီး အနုပညာလောကထဲထည့်လိုက်ပေါ့!"
လုကျိုး : "အနုပညာလောကကနက်နဲလွန်းတယ်, သာမန်လူတစ်ယောက်လိုနေထိုင်ဖို့ခက်ခဲလွန်းတယ်,ကလေးတွေကိုလွတ်လပ်ကျန်းမာစွာကြီးပြင်းတာကိုပဲမြင်ချင်မိတယ်"
တစ်နှစ်အကြာ,ဘေဂျင်းတွင်,ဒူးမားကကလေးနှစ်ဦးနှင့် ဆော့နေတယ်။
ဒူးမား:"အခုဆို နည်းပညာတွေကအရမ်းတိုးတက်နေပြီနော်, သုတ်ပိုးတွေကိုအမြွာ
ဖြစ်အောင် ပေါင်းပစ်လိုက်တာလား?
ဘယ်တစ်ယောက်ကမင်းသားလဲ?
ဘယ်တစ်ယောက်ကလုကျိုးသားလဲ? "
" ငါလည်းမသိဘူး, အမြွာလေးမွေးလာတာပဲ,
ငါတို့လည်းမခွဲတတ်ဘူး"
"သွေးနှောတွေက အရမ်းချောတယ်,ငါ
လည်းတနေ့ နိုင်ငံခြားသူလေးရှာရမယ်,
အဲ့ဒါဆို မမှားတော့ဘူး"
" လုကျိုးရဲ့ဒေါသကိုမင်းလည်းသိတာပဲ,
သူ့ရှေ့မှာတော့အဲ့စကားကိုမင်းမှားပြီးသွားမပြောနဲ့,ဆေးရုံကမင်းကိုလာမသွားလိမ့်မယ်"
လုကျိုးတစ်ယောက်သာဘယ်ကလေးရဲ့
ဖခင်ကဘယ်သူဆိုတာကို အသေအချာ
သိနိုင်လောက်တယ်လို့ဒူးမားတွေးမိတယ်၊
လုကျိုးလိုလူကပေါ့ပေါ့တန်တန်လုပ်မှာ
မဟုတ်ဘူး။
ဒူးမား: "လာ..စာချုပ်မှာလက်မှတ်ထိုး..
ငါအလုပ်ရှိလို့ပြန်ရဦးမယ်"
"ပြောရမယ်ဆိုရင်,ငါလည်းရံဖန်ရံခါသီချင်းတွေရေးတယ်,အလုပ်လည်းမသွားရဘူး,
သူကလည်းကလေးနှစ်ယောက်ကိုပြုစုဖို့
အချိန်မရဘူး"
" ကိစ္စမရှိဘူး, လီချမ်းကျန်းကတော့
ဒီရက်ထဲသူမင်းကိုလာတွေ့မယ်ပြောတယ်,
မွေးစားဖခင်ကိုရောသတ်မှတ်ပြီးပြီလား?"
"ငါကတော့ကျန်းရှောင်ကုံးကိုမွေးစား
ဖခင်အဖြစ်သတ်မှတ်ထားတယ်"
လုကျိုးက ဆိုဖာတွင်ဝင်ထိုင်ပြီး ရှောင်ရီကို ပြောလာတယ်,
" မွေးစားမိခင်လည်းလိုတယ်လေ,ဘာလို့
မင်းရှောင်လီကို ပြန်မမေးတာလဲ?"
ဒူးမား:"...."
ရှောင်ရီ: "...."
......
နှစ်နှစ်အကြာ, သူတို့ ဥရောပ,အီတလီကို
သွားကြတယ်။
လုကျိုးရဲ့ ကြေးဝါရောင်အသားအရည်နှင့် CK boxerအတွင်းခံကြော်ငြာကကြီးမားတဲ့
အဆောက်အအုံ၏အပြင်ဘက်နံရံကြီးတွငကြော်ငြာထားလျက်ရှိနေတယ်။
"ဘာတွေကြည့်!"
လုကျိုး တဖက်သို့လှည့်ကြည့်ပြီးနောက် ရှောင်ရီအားဒေါသတကြီး ပြောလာတယ်,
" တကယ့်လူအစစ်ကိုညဘက်ကြည့်ဖို့
မင်းအိမ်မပြန်တော့ဘူးလား?"
လုကျိုးရဲ့ ကြော်ငြာကို ကြည့်ပြီးရှောင်ရီ
တီးတိုးပြောလိုက်တယ်၊
" ဒါကလူအစစ်နဲ့ဘာလို့ မတူတာလဲ?"
"ကြော်ငြာလေ!"
လုကျိုးရဲ့ ဒေါသက ရေချိန်မြင့်လာပြီ,
" ကြော်ငြာဆိုတာကို မင်းနားလည်လား?
လူတွေက ပုံတွေကိုပဲတွေ့နိုင်တာ!"
သူတို့ဘေးမှ နိုင်ငံခြားသားတွေကသူတို့ကို
ကွက်ကြည့်ကွက်ကြည့်လုပ်နေပြီမို့လုကျိုး
ရှောင်ရီကို ဆွဲခေါ်လာခဲ့ရတယ်။
"တကယ်တော့,ကျွန်တော်ပြင်သစ်တံဆိပ်တွေကို ပိုကြိုက်တယ်..ပြီးတော့စျေးလည်း
သက်သာတယ်"
"စျေးချတဲ့ပစ္စည်းတွေကိုပဲမင်းကလိုချင်တာ !
လုကျိုး ဒေါသထွက်လာပြီး,
" အီတလီမှဝယ်တော့, သွားမယ်!"
"ဒယ်ဒီ "
လှည်းထဲရှိအမြွာနှစ်ယောက်ထဲမှတစ်ယောက်က ကြော်ငြာဆိုင်းဘုတ်ကိုလက်
ညိုးထိုးလာတယ်။
ရှောင်ရီ: " အင်း ..ဒယ်ဒီကအရှက်မရှိဘူး, အောက်ခံဘောင်းဘီကြီးနဲ့တစ်ကမ္ဘာလုံးကို ပတ်ပြနေတာ"
လုကျိုး :"...."
.............
သုံးနှစ်ကြာပြီးတဲ့နောက်,နိုင်ငံတကာ
ကိန်းရုပ်ရှင်ပွဲတော်...
"အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု"
"လုကျိုး !"
" အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု
:လုကျိုး"
ဆုရရှိခဲ့သည့် ဇာတ်ကားများ..
" {ချင်တောင်တန်းများ} ..
{နောက်ကြောင်းပြန်မြှားတစ်စင်း}
{ဘဝနေဝင်ချိန်}...{ဗလာဖြစ်နေသော
စာရွက်ငယ်ရဲ့ဒိုင်ယာရီ}"
ပရိသတ်တွေကမတ်တပ်ပင်ရပ်ကာရူးသွပ်စွာပင်လက်ခုပ်တီးနေကြတယ်,လုကျိုးစင်မြင့်ပေါ်တက်ကာဆုယူပြီး အသက်ပြင်းပြင်းတချက်ရူလိုက်တယ်။
"ကျေးဇူးတင်ပါတယ်,ရှောင်ရီ..ကိုယ့်ဘဝ
တသက်တာလုံးအတွက်ဘေးမှာရှိနေပေးခဲ့တယ်,ကိုယ့်ကိုလည်းအမြဲသည်းခံပေးခဲ့လို့ကျေးဇူးတင်ပါတယ်,သားသားလေးတွေ
ကိုလည်းကျေးဇူးတင်ပါတယ်,ဒယ်ဒီက
သားသားတို့ကိုချစ်တယ်နော်..."
လက်ခုပ်သံတွေတမုဟုတ်ခြင်းခြိမ့်ခြိမ့်ညံနေတယ်၊ရှောင်ရီ ပြုံးလိုက်ပြီး သူ့ဘေးတွင်ထိုင်နေတဲ့သားနှစ်ယောက်ကိုလက်ကုတ်လိုက်တယ်၊ကလေးနှစ်ယောက်ကလက်ခုပ်သံတွေကြောင့်လန့်ပြီးငိုတော့မလိုဖြစ်နေတယ်။
ရှောင်ရီ: "လက်ခုပ်တီးမယ်...ဒယ်ဒီကရုပ်ရှင်သရုပ်ဆောင်ဆုထပ်ရပြန်ပြီ,
ဒယ်ဒီ့ကို ဂုဏ်ပြုရမယ်လေ"
ကင်မရာက ကလေးနှစ်ယောက်နဲ့ရှောင်ရီကို အသေအချာရိုက်နေတာမို့ကင်မရာဆီသို့
ရပ်စ့်ဆိုတဲ့အမူအရာလုပ်ပြလိုက်ရတယ်။
..........
နောက်တစ်နှစ်အကြာ,ကနေဒါတွင်..
လုကျိုးကလေးနှစ်ယောက်ကိုမုန့်တွေလျှောက်ကျွေးနေတာမို့ရှောင်ရီသည်း
မခံနိုင်ဖြစ်နေပြီ။
"လုဖာချိုင်! သူတို့ကိုသကြားလုံးပျော့တွေ
အများကြီးမကျွေးပါနဲ့ ဆို!"
လုကျိုး အလျင်အမြန်ပဲကလေးနှစ်ယောက်ကိုတိုးတိုးနေဖို့ပြောလိုက်တယ်၊သူတို့မိသားစု
လေးယောက်က လုကျိုး မိခင်ဖွင့်ထားတဲ့စူပါ မားကတ်တွင်ပစ္စည်းတွေယူနေချိန်ဖြစ်တယ်။
ရှောင်ရီအော်သံကြားတဲ့အခါသားအကြီးလေးကအဝေးသို့ပြေးသွားလေတယ်၊
လုကျိုးနဖူးကြောတွေပင်အပြာရောင်
သမ်းလာလျက်,
" မင်းတို့နှစ်ယောက်!..ငါ့ကိုချောက်ချပြန်ပြီ!"
"ကျွန်တော့်အထင် "ဖေဖေနဲ့ဘာတွေလုပ်မလဲ?!"ဆိုတဲ့ အစီအစဥ်ရဲ့ဖိတ်ခေါ်မှုကိုကောငြင်းလိုက်သင့်တယ်"
ရှောင်ရီ ထိုသားအဖသုံးယောက်ကိုအမှုန့်ကြိတ်ပစ်ချင်နေပြီ,
"ကောတို့ သားအဖသုံးယောက်ကအဲ့ဒီအစီ
အစဥ်ကို ထိတ်လန့်စရာအစီအစဥ်ဖြစ်အောင်
ပြောင်းပစ်လိုက်လိမ့်မယ်"
လုကျိုး ပေစောင်းစောင်းဖြင့်မဝံ့မရဲလေး
ပြန်ခံပြောတယ်,
"သားတွေက မင်းနဲ့လည်းဆိုင်တယ်လေ!
တစ်ယောက်က မင်းသားလေ!"
"ဘယ်တစ်ယောက်လဲ? တကယ်လို့ကောခွဲခြားနိုင်ရင်ဘယ်သူကကောရဲ့သား၊ဘယ်
သူကကျွန်တော့်သားဆိုတာပြောလိုက်!"
လုကျိုးက သားနှစ်ယောက်ကိုသူကိုယ်တိုင်တောင်မခွဲတတ်ဘူး၊ နဖူးပြင်ထက်အနက်ရောက်မျဥ်းတစ်ကြောင်းဖြင့်သူ့ဘေးမှနိုင်ငံခြားသားကလုကျိုးကိုမှတ်မိသွားတယ်၊
"ခင်ဗျားက အတွင်းခံကြော်ငြာရိုက်တဲ့သူ
မလား? ခင်ဗျား ခန္ဓာကိုယ်ကအရမ်းမိုက်တယ်.."
လုကျိုးက "ဟုတ်ကဲ့"ဟုပြောရင်းပြုံးပြ
၍ဓာတ်ပုံရိုက်လို့ရမလား?"ဟု တဖက်လူကမေးလာတယ်၊ထို့နောက် လုကျိုးကလူဖြူဂေးတစ်အုပ်ကြားထဲရောက်သွားတယ်၊သူပြန်
လှည့်ကြည့်လိုက်တော့, ရှောင်ရီကသားနှစ်ယောက်ကိုစျေးဝယ်လှည်းပေါ်တင်ကာ
ဘယ်တွန်းသွားသည်ကိုပင်မသိတော့ဘူး။
........
နောက်တစ်နှစ်, ဆောင်းအကုန်နွေအကူး..
" ပါး"
အမြွာထဲမှတစ်ယောက်က မေးလာတယ်,
"ဘာလို့ပါပါးရောဒယ်ဒီ ပါနှစ်ယောက်လုံး
ကယောကျ်ားလေးတွေဖြစ်နေတာလဲ?"
ရှောင်ရီလုကျိုးရဲ့ Weiboကိုဆွဲကြည့်
နေရင်းအမြွာနှစ်ယောက်ကိုလှည့်ကြည့်
လိုက်တယ်။
" ဘာလို့လဲဆိုတော့ မင်းရဲ့ပါပါးက
လက်ထောက်လေ..ပါပါးမရှိဘဲဒယ်ဒီ
ကသူ့ကိုယ်သူဂရုမစိုက်နိုင်ဘူး"
"ပါပါးက လက်ထောက်လား?"
နောက်အမြွာတစ်ယောက်ကထပ်မေးလာတယ်။
"အင်း"
"လက်ထောက်ဆိုတာကဘာလဲ?"
"လက်ထောက်ဆိုတာက..."
"ဒယ်ဒီကလက်ထောက်လေးကိုလုပ်စရာ
ရှိလို့ပေါ့"
လုကျိုး က ဝတ်စုံနှင့် နာရီဝတ်ဆင်ထားပြီး
အလျင်အမြန်အောက်ထပ်သို့ဆင်းလာရင်း
ပြောလာတယ်၊
" လက်ထောက်အနေနဲ့တော့မဟုတ်ဘူး"
အမြွာလေးများ: "??"
ရှောင်ရီ: " ကလေးတွေရှေ့အဲ့လိုစကားတွေ
မပြောပါနဲ့ဆို!"
"....ကိုယ် ကုမ္ပဏီသွားတော့မယ်..
နမ်းဦး..လောင်ဖော်"
ရှောင်ရီ ခေါင်းကိုတဖက်သို့လွဲလိုက်ချိန်
လုကျိုးနှုတ်ခမ်းလေးကစူထွက်လာတယ်။
လုကျိုး : "မွ!"
ပန်းတို့ဖူးပွင့်နေပြီ၊နွေဦးလေညှင်းလေးက
ဗီလာရဲ့ဥယျာဥ်လေးအားဖြတ်ကျော်ကာ
ဝင်ရောက်လာတယ်။လုကျိုးနဲ့ရှောင်ရီတို့
ရဲ့အဆုံးမရှိတဲ့အနမ်းတို့ကထိုအခိုက်အ
တန့်အေးခဲသွားခဲ့တယ်၊ဖန်သားပြင်ထက်
မှအလင်းနဲ့ အရိပ်တို့ကပြောင်းလဲနေကြ
တယ်၊နာရီလက်တံတွေခုန်ပေါက်နေကြ
ပြီးပြက္ခဒိန်လည်းကုန်လွန်သွားခဲ့ပြီ၊လု
ကျိုးဖြတ်ကျော်ခဲ့သောနှစ်များစွာတွင်းရိုး
သားမှု,လေးနက်မှု,ဝမ်းနည်းမှု,အထီးကျန်
မှု, အောင်မြင်မှု,ဝမ်းသာမှု,ပျော်ရွင်နွေးထွေး
မှုတို့ကတံလျှပ်ပမာရှိနေလျက်အချိန်တည်း
ဟူသောမြစ်ကြီးအတွင်းစီးဆင်းလျက်ရှိနေ
ခဲ့တယ်။
တံခါးပိတ်သံလေးက ရှောင်ရီသီချင်းသံ
လေးနှင့်အတူရှိနေတယ်။
~ငါ့အချစ်က ကောင်းကင်ကြီးကိုဖြတ်ကျော်ခဲ့ရတယ်..
~ငါ့အချစ်တွေက အမြဲတမ်းစီးဆင်းနေဆဲ..
~နှစ်တွေကြာသွားသည်တိုင်~ငါမင်းကိုပဲ~
အမြဲတမ်းချစ်နေမယ်~~
ကင်မရာလေးက သူတို့ဗီလာလေးဆီမှ
ထွက်ခွာလာပြီးကျယ်ပြောလှသောကောင်းကင်ကြီးဆီသို့ ဦးတည်နေလျက်..
ဝေဝါးသွားခဲ့လေတယ်...။
Main Story End.
W2324
20.9.2022❤❤
........................................................................
.
[ Z ]
ပူဇော်ကာထွက်လာကြတယ်။
ရှိနေတယ်။
......
လာကြည့်လို့ရပါတယ်"
"အဖေနှစ်ယောက်ပေါ့"
မဟုတ်ဘူး။
အချိန်မရဘူး"
ကို ပြောလာတယ်,
ဒူးမား:"...."
ရှောင်ရီ: "...."
......
သွားကြတယ်။
ရှိနေတယ်။
"ဘာတွေကြည့်!"
တီးတိုးပြောလိုက်တယ်၊
"ကြော်ငြာလေ!"
ပိုကြိုက်တယ်..ပြီးတော့ဈေးလည်းသက်သာတယ်"
"ဈေးချတဲ့ပစ္စည်းတွေကိုပဲမင်းကလိုချင်တာ !
"ဒယ်ဒီ "
ညိုးထိုးလာတယ်။
လုကျိုး :"...."
.............
"လုကျိုး !"
:လုကျိုး"
" {ချင်တောင်တန်းများ} ..
..........
သမ်းလာလျက်,
ပစ်ချင်နေပြီ,
ပြန်ခံပြောတယ်,
တစ်ယောက်က မင်းသားလေ!"
နှစ်ယောက်ကိုဈေးဝယ်လှည်းပေါ်တင်ကာ
........
နောက်တစ်နှစ်, ဆောင်းအကုန်နွအေကူး..
" ပါး"
ကယောက်ျားလေးတွေဖြစ်နေတာလဲ?"
လိုက်တယ်။
"ပါပါးက လက်ထောက်လား?"
"အင်း"
"လက်ထောက်ဆိုတာကဘာလဲ?"
"လက်ထောက်ဆိုတာက..."
ရှိလို့ပေါ့"
ပြောလာတယ်၊
အမြွာလေးများ: "??"
မပြောပါနဲ့ဆို!"
နမ်းဦး..လောင်ဖော်"
လုကျိုး : "မွ!"
ပန်းတို့ဖူးပွင့်နေပြီ၊နွဦေးလေညှင်းလေးက
ခဲ့တယ်။
လေးနှင့်အတူရှိနေတယ်။
အမြဲတမ်းချစ်နေမယ်~~
Main Story End.
W2324
20.9.2022❤❤❤
........................................................................