.[ U ]
ရက်အတော်ကြာအနားယူပြီးတဲ့နောက်,
လုကျိုး က ပေါ့ပါးတဲ့ အဝတ်အစားသို့
ပြောင်းလဲနိုင်ခဲ့တယ်၊သူ့အသားအရည်
က ကြေးဝါရောင်ဘက်သို့ပြောင်းနေပြီး
သံပုရာခွံဦးထုပ်တစ်လုံးကို ဆောင်းထားတယ်၊ စစ်စွပ်ကျယ် တထည်,စစ်ဘောင်းဘီ ,
စစ်ဖိနပ်နှင့် မျက်နှာပေါ်ဝယ်နေကာမျက်မှန်
အကွေးတစ်လက်ကိုပါတပ်ထားသေးတယ်။ဆံပင်တိုတိုထက် ချွေးစအချို့တွဲလွဲခိုနေပြီး
သူ့နေကာမျက်မှန်ထက် ရှောင်ရီမျက်နှာက
ထင်ဟပ်နေတယ်။
" လုပ်ချင်လား?"
လုကျိုးက ရှောင်ရီအား ပြီတီတီ ပြုံးရင်း
ပြောလာတယ်၊
" မင်းက ယူနီဖောင်းတွေကိုကြိုက်တယ်
မလား?"
ရှောင်ရီ :"......"
ရှောင်ရီ: " ကောရော ယူနီဖောင်းလေးနဲ့ အောက်မှာနေချင်လား? ဒါမှမဟုတ်
ပိုကောင်းအောင်လုပ်ပေးရမလား?"
လုကျိုး :" မင်းအခုနောက်ပိုင်း ပိုပိုပြီး
ပြန်ပြောတတ်လာတယ်, မင်းရဲ့ ဒယ်ဒီ!
ကိုယ်ကမင်းကိုအလိုလိုက်ထားလို့ထင်တယ်"
ဆက်တင်အား ပြင်ဆင်နေချိန်သူတို့နှစ်ယောက် အရိပ်တစ်နေရာတွင်ထိုင်နေကြတယ်၊ရှင်းဟုန်ခိုက်ရောက်လာပြီး သူ့လက်အား ဆန့်ထုတ်လာတယ်၊လုကျိုးကလည်း
မတ်တပ်ထကာ လက်ဆွဲနှုတ်ဆက်တယ်။
လုကျိုး : "ကိုယ်သွားတော့မယ်"
ရှောင်ရီ : " အကောင်းဆုံးကြိုးစားနော်!"
ရှောင်ရီက လုကျိုး အက်ရှင်ဇာတ်ဝင်ခန်း
များတွင် ဒဏ်ရာရမည်ကို ကြောက်တာမို့
အထူးပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့တယ်၊
အခု သူတို့ အက်ရှင်ဇာတ်ဝင်ခန်းတွေရိုက်ကူး ရမှာမို့, လုကျိုး အမြင့်တနေရာအဖြတ်အကူးအကြားပြုတ်ကျမှာကို သူစိုးရိမ်နေမိတယ်။
နှစ်ဘက်စလုံးက ကားတွေကို အဝေးပြေးလမ်းမကြီးဘေးတွင် ရပ်လိုက်ကြတယ်
လုကျိုးက ပစ္စတို တစ်လက်ကို ထုတ်ယူ
ကာကားထဲမှထွက်တယ်၊၊နေကာမျက်မှန်
တပ်လျက် ကားပေါ်မှအဆင်း ကားတံခါး
ကို ဆောင့်ပိတ်လိုက်ပြီး ခဏတာမျှလွှမ်းမိုးသောအရှိန်အဝါတို့ယိုဖိတ် လာတယ်။
ရိုက်ကွင်းရှိလူအားလုံးသည်လည်းထိတ်လန့်သွားကြကြောင်းရှောင်ရီခံစားမိတယ်၊ရှင်း
ဟုန်ခိုက်က တဖက်ကားဆီမှထွက်လာပြီး
သူ့လက်ထဲမှပစ္စတိုဖြင့် ချိန်ရွယ်တယ်။
လုကျိုးရဲ့လူဆိုး ဂိုဏ်း အဖွဲ့ဝင်တွေနဲ့
ရှင်းဟုန် ခိုက်ရဲ့ ရဲအရာရှိတွေပါ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြတယ်။
နှစ်ဘက်စလုံးက တိုက်ပွဲတစ်ခုအားစတင်
ကြတယ်၊ မြင်ကွင်းက ရိုးရှင်းစွာပင် ကမ္ဘာမြေကြီးအားတုန်လှုပ်စေတယ်၊၊တိုယိုတာ အတွက်ကြော်ငြာထည့်သွင်းထားတာကြောင့်
တိုယိုတာ ကားသုံးစီးက နောက်ဘက်တွင်
ရပ်ထားတယ်၊ဇာတ်ဝင်ပစ္စည်းအဖွဲ့(ဆက်တင်ပြုလုပ်သည့်အဖွဲ့)ကကားတစ်စီးအားရိုက်ကူးရေးအတွက် အထူးပြုလုပ်ထားပြီးအဝေးထိန်းခလုတ်ကို ကိုင်ထားတယ်၊မှန်အတွင်းမှ တပ်ဆင်ထားသည့် သေးငယ်
သော ဖောက်ခွဲရေးစက်ကြောင့် ကားမှန်ကွဲအက်ကာ ချက်ခြင်း ပင် မြေပြင်ပေါ်
သို့ မှန်ကွဲစများပြန့်ကြဲသွားတယ်။
"ကဒ်"ဒါရိုက်တာထံမှ အော်ပြောလာတယ်။
ဆက်တင်အဖွဲ့က ရိုက်ကူးရေး နေရာကို
ပြန်လည်ပြုပြင်ရန် ရောက်လာကြပြီး နှစ်ဖက် စလုံးအား ခတ္တရပ်နားစေတယ်။လုကျိုးကစီးကရက်တစ်လိပ်သောက်ရင်း မျက်ခုံးတွေကို ပင့်တင်ကာအဝေးဘက်ရှိရှောင်ရီ့ကို
လှမ်းကြည့်လာတယ်၊ရှောင်ရီအလွန်အမင်း စိတ်ပူလျက်ရှိနေပြီး သေနတ်ရဲ့မောင်းပြန်အားကို သတိထားရန် သူ့ ပခုံးလေးအား
ပုတ်ပြလာတယ်။
ရိုက်ကူးရေး ဒုတိယပိုင်းအစတွင်, ကင်မရာလေးလုံးအား လှည့်ပတ်ပြီး ဘက်ပေါင်းစုံမှ
မတူညီသောရှု ထောင့်များဖြင့်ရိုက်ကူးခဲ့တယ်၊အသံအထူးပြုလုပ်ချက်တွေကို
မိုက်ကရ်ို ဖုန်းများဖြင့်ဖွင့်ကာကားထဲတွင်
တပ်ဆင်ထားသော ဖောက်ခွဲရေးကိရိယာကိုလည်း ကြိုတင်ဖွင့်ထားလျက် စက်ပစ္စည်းပြုလုပ်ရေး အဖွဲ့က အဝေးထိန်း ခလုတ်
တွေကို နှိပ်ရန် အနီးတွင်ရှိနေကြတယ်။
ဒိုင်း !ဒိုင်း !ဒိုင်း !ဒိုင်း !
ပစ်ခတ်သံလေး ချက်! လုကျိုးပုန်းနေတဲ့
တံခါးတွင် ကျည်ဆန်ရာလေးခုထွက်ပေါ်
လာတယ်။
ဒါကလေ အရမ်းမိုက်တယ်...! ပညာရှင်တွေက တကယ်ထူးခြားတယ်ဆိုတာ အဟုတ်ပဲ
အားးးး ! ရှောင်ရီ ဒါကို ဘယ်လိုဖော်ပြရမလဲဆိုတာကိုတောင်မသိတော့ဘူး၊လုကျိုး
က ကျည်ဆန်ကဒ်ကိုကိုက်ပြီး သေနတ်ထဲ
ထည့်လိုက်တယ်။ကင်မရာရဲ့ အနီးကပ်ရိုက်ချက်က သူ့မျက်နှာပေါ်ရစ်ဝဲနေတယ်၊
ထို့နောက်, ပေါက်ကွဲထွက်မည့်ကားရှေ့တွင်
လုကျိုးကတည်ငြိမ်စွာဖြင့် သေနတ်အား
ပစ်ခတ်ရန် ချိန်ထားတယ်၊ဆက်တင်အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်က ခေါင်းညိတ်ပြီး ခလုတ်တစ်ခုကို ဖိလိုက်တယ်။
ရှောင်ရီအား ထိတ်လန့်သွားစေသည့်
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ
ကားသည်လည်း ပေါက်ကွဲထွက်သွားတယ်။
ကင်မရာအားမြေပြင်ဆီသို့ နိမ့်ချရင်း
ဒါရိုက်တာက အော်ပြောလာတယ်၊
" ကျန်တဲ့သူတွေ နားလို့ရတယ်"
ကင်မရာကမှန်ကွဲစများအားစစ်ဖိနပ်ဖြင့်
နင်းကာလျှောက်လှမ်းလာသည့်လုကျိုး
ရဲ့ပုံကို အနီးကပ်ရိုက်ကူးနေတယ်။
'ကဒ်!"
ဒါရိုက်တာဟွမ်: "နှေးတယ်!"
ဒါကြောင့်မို့,လုကျိုး နောက်ပြန်ဆုတ်ပြီး
အစကနေ ပြန်စတယ်၊ ခြေလှမ်းတစ်လှမ်းခြင်းရဲ့ ရိုက်ချက်က ဟုရင်ရဲ့ အသက်ကို
မဆိုင်းမတွချွေယူမည့် ကျန်းချမ်းရုန်ရဲ့
ဆုံးဖြတ်ချက်ကို ပြသနေတယ်၊သေဆုံး
ခြင်းနဲ့ ရှင်သန်ခြင်းတို့၏ဆက်နွယ်မှုက
ဤနေရာတွင် အဆုံးသတ်မည်ပင်။ဒီတကြိမ် မှာတော့, ကျန်းချမ်းရုန်မှသနားကရုဏာမရှိတော့ခြင်းအား ခြေလှမ်း တွေရဲ့ ရိုက်ချက်
ဖြင့် ထုတ်ဖော်ပြသခြင်းဖြစ်တယ်၊အဓိပ္ပာယ်များနှင့်အတူ နီးကပ်နေသောသေခြင်းတရားအား ထုတ်ဖော်ပြသရခြင်းက အင်မတန်မှ
ခက်ခဲလွန်းလှတယ်။ အချိန်ကလည်း
သြဂုတ်လကြီးဖြစ်နေတာမို့ ကောင်းကင်ထက်မှ နေလုံးကြီးက ပြင်းစွာလောင်မြိုက်
နေတယ်၊လုကျိုး တစ်ယောက်သူ့မွေးနေ့ကိုပင် မကျင်းပနိုင်ခဲ့လျက် ဒီဇာတ်ကားကိုသာစိတ်နှစ်ပြီး တချိန်လုံးရိုက်ကူးနေခဲ့တယ်။
ဒါရိုက်တာက အမျိုးသားဇာတ်လိုက်
အပေါ် လိုချင်မှုအလွန်နည်းပါးကြောင်း ရှောင်ရီရုတ်တရက် ရှာဖွေ တွေ့ရှိခဲ့ရပြီး အချိန် အများစုက လုကျိုးရဲ့ ဇာတ်ကွက်
များကိုသာ အကြိမ်ကြိမ်ပြန်လည်ရိုက်ကူး
နေခဲ့တယ်။
ဒါရိုက်တာ : "နောက်တခေါက်!"
လုကျိုးသေနတ်အား ကိုင်ဆောင်ကာ နောက်ဆုံး အကြိမ် လမ်းလျှောက်ပြီး
ချိန် မှ ဖြတ်ကျော်နိုင်ခဲ့တယ်၊ဆက်တင်
အဖွဲ့က ရိုက်ကူးရေး နေရာသို့ ချက်ခြင်း
ပင်ပြန်လည် ပြင်ဆင်ကြတယ်၊ကားဘက်
သို့ လှည့်ပြီး လုကျိုး ရှေ့သို့ တိုးလိုက်တယ်၊ပထမဆုံးရှင်းဟုန်ခိုက်ရဲ့ မျက်နှာအမူအရာကို အနီးကပ် ရိုက်ကူးတယ်၊လုကျိုးက သေနတ်အား သူ့ နဖူးကို ချိန်ရွယ်စဥ်သူ့
ဘယ်လက်ကလုကျိုး လက်အားကြံရာ
မရဖြစ်ကာ ဆုပ်ကိုင်လိုက်မိတယ်။
ဟုရင်:"......"
"ကဒ်!"
ဒါရိုက်တာက အော်ပြောလာတယ်၊
" ဖော်ပြချက်မှားနေတယ်"
ရှင်းဟုန်ခိုက်ခေါင်းညိတ်ပြီး,
"တောင်းပန်ပါတယ်"
လုကျိုး : "ကျည်ဆံမရှိဘူး..အရမ်း မစိုးရိမ်နဲ့"
မည်သူမဆို မိမိနဖူးအား သေနတ်ဖြင့် ချိန်ရွယ်ထားမည်ဆိုပါကကြောက်လန့်ကြမည်ပင်၊ သိသိသာသာလည်း စိတ်လှုပ်ရှားလာကြလိမ့်မယ်၊ရှင်းဟုန်ခိုက်ရဲ့ သရုပ်ဆောင်မှုတွေက မှားနေမြဲမို့ ခဏအကြာ ဒါရိုက်တာက သူတို့အားအနားယူခွင့်ပေးလာတယ်။မိနစ်နှစ်ဆယ်ကြာပြီးတဲ့ အထိ သူတို့ စကားမပြောဖြစ်ကြဘူး၊ ပစ္စတိုတစ်လက်ကိုင်ထားသည့်
အမျိုးသမီးဇာတ်ဆောင်က ဘေးမှပေါ်လာပြီး လုကျိုးရဲ့ ခေါင်းအနောက်သို့ရောက် သွားတယ်။
လုကျိုးရဲ့ နှုတ်ခမ်းထောင့်တို့ အနည်းငယ် ကော့တက်သွားပြီး မျက်လုံးအိမ်တို့ကျဥ်းမြောင်းသွားတယ်။
အမျိုးသမီးဇာတ်ဆောင်: "မင်းရဲ့ သေနတ်ကိုချလိုက်!"
ရှင်းဟုန်ခိုက်က အော်လိုက်တယ်,
"မြန်မြန် ..သွားတော့!"
"ကဒ်!"
ဒါရိုက်တာက ချက်ခြင်းအော်ပြောလာတယ်,
"အခု အက်ရှင်စမယ်"
လုကျိုး တဖက်သို့လှည့်ပြီး ဘယ်ခြေ
ကို မြှောက်၍ညာခြေဖြင့် လိုက်ပါကာ ခြေထောက်တွေကို ဖြတ်ကန်လိုက်တယ်၊
ဒီပုံစံက စောက်ရမ်းမိုက်တယ်၊ သဏ္ဌာန်လုပ် သရုပ်တူစေသည့် အယောင်ပြကန်သွင်းမှု
ဖြင့် အမျိုးသမီးဇာတ်ဆောင်အား နောက်
ပြန်လဲကျနေလျက် ဝန်ထမ်းတစ်ယောက်အားဖေးယူစေတယ်၊ရှင်းဟုန်ခိုက်က ချက်ခြင်းကားဘေးသို့တဟုန်ထိုးပြေးသွားပြီး
သူ့ သေနတ်ဖြင့် ချိန်ရွယ်ထားတယ်၊လုကျိုးကလည်း ချက်ခြင်းကားအနောက်သို့ရှောင် ထွက် လိုက်တယ်။ရှင်းဟုန်ခိုက် သေနတ်တချက် ပစ်လိုက်ချိန် ရုတ်တရက် သူ့ နှလုံးသားတွေ လည်ချောင်းထိ ဆန်တက်လာတာကို
ရှောင်ရီ ရုတ်တရက် ခံစားလိုက်ရတယ်။
" ကဒ်!"
ဒါရိုက်တာအော်ပြောလာတယ်,.
"ပြည့်စုံတယ်!"
လူတိုင်းက မောပန်းနွမ်းနယ်မှုတို့နှင့်
အတူ ခွန်အားယုတ်လျော့နေကြပြီ၊
လုကျိုး တကိုယ်လုံးလည်း ချွေးတွေရွဲနေတယ်၊သူ့ရဲ့ စက်သေနတ်ကလေးတာမို့ လမ်းလျှောက်တဲ့အခါလေးဖင့်နေတယ်၊ရှောင်ရီ လုကျိုးအား ကားထဲသို့ခေါ်ကာ
လေပန်ကာနှစ်ခု ပြိုင်တူဖွင့်ထားပေးရင်း ရေသောက်စေတယ်။
နေ့လည်ဘက်ဆို, လူတိုင်း ကားထဲမှာပဲ ထမင်းစားကြတယ်၊သူတို့ ရောက်နေတဲ့
လက်ရှိနေရာက မြို့ နဲ့လည်းဝေးသလို
ဆိုင်တစ်ဆိုင်မှ မရှိတာမိုု့ မနက်ကတည်း
က ယူလာကြတဲ့ ပဲနို့အေးတို့ ဂျုံယာဂုတို့
ကိုသာစားကြရတယ်၊ လုကျိုးကတချ်ို့
တဝက်သာ စိတ်မပါစွာစားပြီး နောက်
နေ့လည်ပိုင်းတွင် ထွက်ပြေးနေသည့်
အခန်းကို ဆက်လက်ရိုက်ကူးခဲ့တယ်။
တောင်ကြားရှိ ကားလမ်းမကြီးပေါ်
လေးရက်ကြာမျှရိုက်ကူးပြီးနောက် ,
အဓိက ဇာတ်ဝင်ခန်းကြီး နှစ်ခုအား
အောင်မြင်စွာရိုက်ကူးပြီးစီးသွားခဲ့ပြီ၊
ရှောင်ရီ တစ်ကိုယ်လုံး အသားတွေပင်
အညိုရိပ်သန်းလာပြီးလုကျိုးရဲ့နှာခေါင်း
က နေလောင်မှုကြောင့် အရေပြားပင်
လောင်နေပြီ။
နောက်ဆုံး၌,ထျန်းမို တွင် ရိုက်ရမည့်နောက်ဆုံးအခန်းသို့ ရောက်ပြီ။
မနက်ငါးနာရီ အချိန် လူတိုင်းက နေအထွက်ကို မျှော်လင့်နေကြတယ်၊သူတို့ နေထွက်လာသည့်အချိန်မှရိုက်လို့ရမှာဖြစ်တယ်၊ ဇာတ်
ညွှန်း ဆရာဒီဇာတ်ဝင်ခန်းကို ရေးတဲ့အချိန်,
လူတိုင်းက ခက်ခဲကြောင်း အပြင်းအထန်
ငြင်းခုံကြဖူးတာမို့ ရှောင်ရီ အစိုးရိမ်ရဆုံး
ဇာတ်ဝင်ခန်း တစ်ခုလည်း ဖြစ်တယ်။နေ့တိုင်း အာရုဏ်တက်ချိန်ကိုသာဒီလိုဇာတ် ကွက် မျိုးကို စောင့်ပြီးရိုက်နေရတာမို့
အပျော်တမ်း ဒါရိုက်တာတွေပဲလုပ်ရမယ့်
အရာလို့တောင်ဒါရိုက်တာကတွေးနေမိသေးတယ်။နေထွက်ချိန် ကွက်တိနှင့် ချိန်ညှိကာ
ရိုက်ရသည်မို့ ပြန်ရိုက်ရမယ်ဆိုရင်,နောက်
တနေ့ မနက် နေထွက်ချိန်ကို ပြန်၍ စောင့်
ပေဦးတော့ပဲ။
ရာသီဥတုကလည်း ဆိုးဝါးမယ်,ဘေဂျင်းက
လည်း အမြဲတစေ အုံ့မှိုင်းနေတာမို့, နေထွက်ချိန် အတွက် အကျိုးသက်ရောက်မှုက ကောင်းမွန်တဲ့ အတွေးတော့ မဟုတ်ဘူး၊ ရိုက်ကူးရေး အဖွဲ့သားတွေ ဇာတ်ညွန်းဆရာကို နုပ်နုပ်စင်းချင်နေကြပြီ။
ဒါပေမဲ့ဇာတ်ညွှန်းဆရာကလည်း ပြောင်းပေးလို့ မရကြောင်း အခိုင်အမာပြန်ပြောတယ်။
နှစ်ဦးနှစ်ဖက် ငြင်းခုံကြစဥ် ဒါရိုက်တာက ဇာတ်လိုက်နှင့် အမျိုးသားဇာတ်ပို့သရုပ် ဆောင်ရဲ့သဘောထားတို့ဖြင့်သာအဆုံး
သတ်ခဲ့တယ်၊လုကျိုးကတော့အဆင်ပြေကြောင်း ပြောခဲ့တယ်, အကယ်၍ဒီနေ့အ
ဆင်မပြေရင်,သူကနောက်တနေ့ စောင့်မယ်။
နောက်ဆုံးဇာတ်ဝင်ခန်းကအရေးကြီးပြီး
ဇာတ်ဝင်စကားပြောတွေလည်း အများကြီး
မို့ လုကျိုး ဇာတ်ညွန်းမေ့သွားမှာကို ရှောင်ရီ
စိုးရိမ်နေမိတယ်၊ဇာတ်လိုက်က ဇာတ်ပို့ကို
သတ်ရမည်ဖြစ်ပြီး အဓိပ္ပါယ်ပေါင်းများစွာ
ဖြင့်ရှုပ်ထွေးလျက်ခံစားသက်ဝင်မှုများစွာ
တို့ လည်းလိုအပ်တယ်။
လုကျိုးကတော့ရှောင်ရီ့ကို စိတ်မပူဖို့ပြောတယ်၊ သူတို့ နံနက်နှစ်နာရီ ဘေဂျင်းမှထွက် လာကြပြီး ထျန်းမိုသို့ရောက်ချိန် လုကျိုးက
နောက်ခုံတွင်ထိုင်ပြီး မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်တယ်။
ကားထဲက လေအေးပေးစက်က အအေး
ဓာတ်ပို ကဲနေတယ်၊ ရှောင်ရီ နဲ့ လုကျိုးတို့ စောင်အောက်တွင် ပွေ့ဖက်လျက်ရှိနေကြတယ်၊ပြတင်း အပြင်ကို ကြည့်ရင်း ,ဒီနေ့
နေသာလောက်တယ်။
" စိတ်ပူမနေနဲ့"
အမှန်တကယ်ကျရှောင်ရီ က လုကျိုးထက် ပို၍ စိုးရိမ်နေတယ်။
လုကျိုး : " စိတ်မပူဘူး,ကိုယ်လုပ်နိုင်တယ်, မင်း သီချင်းက ကိုယ့်ကို ကယ်တင်ခဲ့တာ"
"တကယ်လား?"
ရှောင်ရီ မယုံနိုင်စွာဖြင့် မေးလိုက်မိတယ်။
လုကျိုးက မျက်လုံးတွေကို မှိတ်ပြီး
ဒူးခေါင်းပေါ်လက်ချောင်းများဖြင့်
ပုတ်ကာစည်းချက်လိုက်ရင်းရှောင်ရီ မတော်တဆတီးခတ်ခဲ့သည့်အမည်မသိ
သော သီချင်းရဲ့သံစဥ်ကို ယောင်ဝါးဝါး
ငြီးဆိုလိုက်တယ်၊
ရှောင်ရီ: " အဲ့လိုသာဆို ,ကျွန်တော်အဲ့ဒီ
သံစဥ်ကို recordယူလိုက်ရမှာ"
လုကျိုးကပြန်မဖြေခဲ့၊ညအလင်းရောင်မှိန်ဖျော့ဖျော့အောက် လုကျိုးရဲ့ ဘေးတိုက်ပုံစံကတိကျပြတ်သားစွာရှိနေလျက် ယုံကြည်မှု ပြင်းထန် နေတဲ့ ပုံစံကြောင့်ရှောင်ရီ သူ့ခံစားချက်တွေကို ထိန်းချုပ်လို့ပင်မရနိုင်ခဲ့ဘူး၊လုကျိုးလည်ပင်းအားပွေ့ဖက်ပြီး ရှေ့သို့တိုးကာနမ်းလိုက်တယ်၊လုကျိုးခေါင်းလှည့်လာပြီး
သူ့အားဖိချကာပြင်းထန်စွာ နမ်းလာတယ်။
ထိုအချိန် ကားတံခါးခေါက်လာတယ်။
"စမယ်!!"
ဒါရိုက်တာရဲ့ အသံကို အဝေးကနေကြားနေ
ရတယ်။
ရှောင်ရီ ပြုံးမိတယ်၊လုကျိုး ချက်ခြင်း ထပြီး,
"ကိုယ်သွားတော့မယ်"
"အကောင်းဆုံးကြိုးစားနော်"
လုကျိုးက သူ၏အနုပညာလမ်းကြောင်းအတွက် ဘဝသစ်တစ်ခုဆီသို့ရောက်ရှိ
နိုင်မည့်အာရုဏ်ဦးရဲ့အမှတ်အသားစတင်
ရာ မှိန်ဖျော့သည့်အလင်းရောင်အောက်တွင်
ရပ်လိုက်တယ်၊လုကျိုးအားမိတ်ကပ်ခြယ်သမှု အပြည့်အစုံဖြင့်သေနတ်တစ်လက်ကိုင်ကာ
သဲကန္တာရထဲတွင် မတ်တပ်ရပ်နေတာကို ရှောင်ရီ တွေ့နေရပြီး အဝေးဘက်ဆီမှ တောင်တန်းတွေကို ကြည့်နေမိရင်းလုကျိုး က အခက်အခဲတွေကြားမှရုန်းထွက်လာနိုင်
ပြီဆိုတာကို ရှောင်ရီ သိတယ်။
ယခုလုကျိုးက ယခင်ထက် ပိုမို တောက်ပ
ပြီး သူ့ရဲ့ ရှေ့ပြေးဝိညာဥ်ကနိဗ္ဗာန်မှ
ပြန်လည် မွေးဖွားလာသကဲ့သို့ ပင်။
"အားးး...!"
လုကျိုး သဲကန္တာရထဲမှစူးစူးဝါးဝါးအော်ဟစ်နေတယ်။
ခါးကို လက်ဖြင့် ဆုပ်ကိုင်ကာ သဲကန္တာရထဲ
တရွေ့ရွေ့ လျှောက်လာရင်းသူလာရာလမ်းတလျှောက် သွေးတွေကတစက်စက်ဖြင့်
စီးကျနေတယ်။
ကျန်းချမ်းရုန်ရဲ့ သေဆုံးမှုကအတိတ်ကရာဇဝတ်မှုတွေကို မရှင်းလင်းနိုင်ပေမဲ့
သူ့ကိုလည်းမလွတ်မြောက်စေခဲ့၊ဟုရင်
ကသူ့ကို နောက်ကလိုက်ဖမ်းတယ်၊သူမလွတ်မြောက်နိုင်တော့မှန်းသိပေမဲ့ ခုဆို
အာရုံတက်ချိန်ရောက်နေပြီ။
ရှင်းဟုန်ခိုက်က အရှိန်လျော့လိုက်ပြီး
လုကျိုးတစ်ဦးတည်းသဲကန္တာရထဲမှာ
ရုန်းကန်စေတယ်။
ဆက်တင်အဖွဲ့မှကောင်လေးက ရှောင်ရီ့
ပခုံးအနီးတွင်အနားယူနေလျက် လက်ထဲ၌ အဝေးထိန်း ခလုတ်ကို ကိုင်ထားတယ်၊ နှစ်ယောက်လုံးက စကားပြောဖို့ပင်မေ့နေလျက်
လုကျိုးအား အဝေးကနေကြည့်နေရတယ်။
"ငါက မင်းကို အနိုင်ယူခဲ့တာမဟုတ်ဘူး"
ရှင်းဟုန်ခိုက်က ဝမ်းမြောက်စွာပြောလာတယ်,
" ကျန်းရုန်, မင်းက မင်းကိုယ်မင်းဖျက်ဆီးခဲ့တာ, မင်းထွက်သွားလို့မရတော့ဘူး,မင်းအမြဲ အမှောင်ထဲမှာပဲ နေနေရတယ်"
" ငါကိုယ်တိုင်ပဲရှုံးနိမ့်သွားတာ?"
လုကျိုး ပါးစပ်ထဲ၌ သွေးတွေပြည့်နေလျက်
ရှင်းဟုန်ခိုက်ကို တုန်ယင်စွာကြည့်ရင်း ပြောလာတယ်၊
" ဘယ်လိုတောင်အလွယ်ပြောနိုင်ရတာလဲ?
ဒီနှစ်တွေမှာ ငါဘယ်လိုတွေ တွေ့ကြုံခဲ့ရတာလဲ မင်းသိလား? ငါနှစ်ပေါင်းများစွာ သူဌေးအတွက် အလုပ်တွေ ကြိုးစားပြီး လုပ်ပေးခဲ့တယ်!ပြန်ရတာကတော့ ငါ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေနဲ့ အရှက်မဲ့တယ်ဆိုတဲ့ နာမည်လား! မင်းကရော!မင်းကရောသူ့စိတ်ထဲ
အခြားသူတွေနဲ့မတူဘူးလို့ထင်နေတာလား?!"
"မင်းလည်း သူမွေးထားတဲ့ နောက်ထပ် ခွေးတစ်ကောင်ပဲ ....!"
လုကျိုးက ဒေါသတကြီး အော်တယ်။
" မင်းခုထိ အသိတရား မရသေးဘူးလား!"
ရှင်းဟုန်ခိုက်က သေနတ်ဖြင့်ချိန်ပြီး ရှေ့တလှမ်းတိုးကာလုကျိုးကို အော်ပြောလေတယ်၊
" မင်းရဲ့ဖိုင်ကို သူဌေးကဖျက်ဆီးပစ်လိုက်တာကြာပြီ"
လုကျိုး ချက်ခြင်းထိတ်လန့်သွားချိန်
ရှောင်ရီ လည်း တခဏခြင်း ထိတ်လန့်
သွားတယ်။
"ဟင့်အင်း...ငါမညှိနှိုင်းချင်ဘူး!"
လုကျိုး ကြုံးဝါးတယ်။
ထို့နောက် နှစ်ယောက်လုံး တပြိုင်နက်ထဲ
သေနတ်အား ချိန်ရွယ်ထားကြတယ်။
ထိုသရုပ်ဆောင်မှုက တပြိုင်နက်ထဲ ဖြစ်နေတယ်၊ကျန်းချမ်းရုန် က နောက်ဆုံးအချိန်ထိ
တန်ပြန်တိုက်ခိုက်လိုသော်လည်း ဟုရင်က
သူ့ထက်လျင်မြန်တယ်၊ဟုရင်က အရင်ပစ်လိုက်တယ်၊ရှောင်ရီလည်း ဆက်တင်အဖွဲ့မှ ရီမု ခလုတ်ကို ဆုပ်ကိုင်၍ ဖိချလိုက်တယ်။
သေနတ်သံ နှင့်အတူ , လုကျိုးရဲ့ ရင်ဘတ်ရှိ သွေးအိတ်မှ သွေးများပေါက်ထွက်ကာရွှဲစိုပြီး မြေပြင်ပေါ် ဖြန်းပက်သွားတယ်။
ဆက်တင်ဝန်ထမ်းလေး"......"
ရှောင်ရီ တွေးမိသည်က, ရီမုကို နှိပ်ဖို့မေ့နေ
တဲ့အထိ မင်းကြည့်နေမယ်ဆိုတာ ငါသိတယ်,
ဆက်တင်ဝန်ထမ်းလေးက ချွေးတွေသုတ်လိုက်ပြီး ရှောင်ရီအား ခေါင်းညိတ်ပြရင်း
ကျေးဇူးတင်ကြောင်းပြောလာတယ်၊အကယ်၍ ရီမု နှိပ်ဖို့သာမေ့ပါက, ဒါရိုက်တာက သူ့အားheadshotတချက်တည်းဖြင့်
အသေသတ်လောက်တယ်။
လုကျိုး မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ကြည့်ရင်း သဲပြင်ပေါ် လဲလျောင်းနေတယ်။
နေထွက်လာပြီ။
" ဟုရင်...!"
အမျိုးသမီးဇာတ်ဆောင်က ကင်မရာမြင်ကွင်းထဲသို့ ပြေးဝင်လာတယ်။
ဒါရိုက်တာ: "ကဒ်..!...ခံစားချက်မမှန်ဘူး!"
မဟုတ်ဘူး!ကစားစရာမဟုတ်ဘူးလေ!
ဒီအခန်းကို ပြန်ရိုက်ရမယ်ဆို သေပြီပဲ!
အမျိုးသမီး ဇာတ်ဆောင်က နောက်ပြန်
ဆုတ်ပြီး ထပ်မံ၍ ပြေးလာတယ်၊ ထိုအချိန် ရှင်းဟုန်ခိုက်ကလည်း ခေါင်းလှည့်ကြည့်လိုက်တယ်၊အမျိုးသမီးဇာတ်ဆောင်က အချိန်ကိုက် ပြေးဝင်ကာပွေ့ဖက်လိုက်ချိန်
လုကျိုးက သဲမြေပြင်ထက်သေလူအဖြစ်
မလှုပ်မယှက်လဲလျောင်းနေခဲ့တယ်။
နောက်ဆုံးဒါရိုက်တာထံမှ,
"အိုကေ!"
ထိုစကားကို ကြားကြားချင်း လုကျိုး ထပြီး
ရှောင်ရီ ဆီ ပြေးသွားတယ်၊သူတို့နှစ်ယောက်က မင်းသားနဲ့ မင်းသမီး ကဲ့သို့ ပျော်ရွှင်မှုဖြင့်တရှိန်ထိုးလှည့်ပတ်ကာပျံသန်းနေကြတယ်၊
လုကျိုး ကျယ်လောင်စွာရယ်မောနေမိတယ်၊
သူအရင်ကဆိုဒီလောက်ထိမပျော်ဘူးခဲ့ဘူး၊
ရှောင်ရီလည်း ငိုမဲ့မဲ့လေး ဖြစ်နေပြီ၊ နှစ်ယောက်သားပွေ့ဖက်ရင်းနေထွက်ချိန်တွင်
ရပ်နေမိကြတယ်။
"မရိုက်နဲ့, မရိုက်နဲ့! ဟေး!"
လုကျိုးက ကင်မရာထံ အော်တယ်,
" ဘာလုပ်တာလဲ! လောင်ရှီး! ကျွန်တော့်ကို
မျက်နှာလွှဲထားပေးစမ်းပါ!"
"ရိုက်ကွင်းနောက်ကွယ်က ရိုက်ချက်လေ!"
ဒါရိုက်တာက ပြောလာတယ်,
" နောက်ကွယ်က မြင်ကွင်းက မဆိုးဘူး,
ဆက်လုပ်..ဆက်လုပ်, ခံစားချက်တွေသက်ဝင်နေတယ်, ဆက်လုပ်! ဇာတ်ဝင်ခန်း
အများစုက တည်ငြိမ်ဖို့ ခဲယဥ်းတယ်!"
ဒါရိုက်တာ: "လုကျိုး ,မိတ်ကပ်မဖျက်နဲ့ဦး,
ပြန်ရိုက်ရင်လည်းရိုက်မယ်, ငါတချက်နည်းနည်းပြန်ကြည့်ပြီး မင်းကို ပြောမယ်"
သူ့ကို ဘုရားသခင်က ဒဏ်ရာတွေပေးပြန်ပြီလို့ ရှောင်ရီတွေးမိတယ်၊ အဲ့လိုမလုပ်ပါနဲ့,
ဒါရိုက်တာရယ်...အဲ့လိုချည်းကမကောင်းဘူးလေ...
လုကျိုး ခေါင်းသာတချက်ညိတ်ပြလိုက်တယ်၊လောလောဆယ်ဘာမှလုပ်စရာမရှိတော့သည်မို့ နှစ်ယောက်သားကားကိုမှီနေလိုက်တယ်၊
ရှောင်ရီ: " တကယ်တော့, အကုန်ပြီးအောင်လုပ်ဖို့က အသံသွင်းတဲ့ အပေါ်လည်းအများကြီး မူတည်သေးတယ်"
လုကျိုး လက်ခါပြရင်း ပြောလာတယ်,
"အသံနောက်ခံကအမြဲတမ်းလုပ်ရင်
မကောင်းဘူး,ဒါကြောင့် အတော်များများ
က ရုံကြီးပေါ် ရောက်အောင် တည်းဖြတ်ပြီး ထုတ်လုပ်ကြတာ, သူတို့ မကျွမ်းကျင်မှတော့ ဒီအလုပ်ဘယ်လုပ်ကြမလဲ?"
ရှောင်ရီ တွေးမိပြီး နောက် သဘောတူလိုက်တယ်၊ရိုက်ကူးရေး အဖွဲ့သားတွေက လုကျိုးအား မိတ်ကပ်ဖျက်လို့ရကြောင်း ပြောရင်း
ခုန အခန်းက အဆင်ပြေကြောင်းပါပြော
လာတယ်၊ဇာတ်လိုက်နှစ်ယောက် သဲကန္တာရ
ထဲ လမ်းလျှောက်သည့် အခန်းကို ရိုက်နေချိန်
သူတို့နှစ်ယောက် အဲကွန်းဖွင့်ကာ ခဏကားထဲမှာထိုင်ရင်း စကားပြောနေလိုက်ကြတယ်၊
ရှောင်ရီ လုကျိုးရဲ့ ပခုံးတွေကို နှိပ်ပေးနေချိန်လုကျိုး ပြောလာတယ်,
" ကိုယ်တို့ ဒီနေ့ ပြန်ရောက်ရင်ဂုဏ်ပြုပွဲ
လေး ကျင်းပရအောင်! ဟားးး, မင်းဒယ်ဒီ
ပြန်အောင်မြင်တော့မယ်!"
ဒီရုပ်ရှင်အတွက် box office နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ မျှော်လင့်ချက်မျိုးမရှိသေးဘူး၊ဒါပေမဲ့ လုကျိုးက သူ့အတွက် အသင့်တော်ဆုံးနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် ပြန်လာနိုင်ခဲ့တယ်၊တစ်လခွဲအကြာ,
ရုပ်ရှင်ရိုက်ကူးမှု ပြီးစီးသွားခဲ့တယ်၊အားလုံထမင်းအတူတူ စားကြပြီး အာလာပသလာပပြောကြတယ်၊ နောင်အနာဂတ်တွင် အခွင့်ရှိမည်ဆိုပါက ထပ်မံ၍ ပူးပေါင်းဆောင်ရွက်
ကြမည်ဟု လည်း သဘောတူခဲ့ကြတယ်။
လုကျိုးနဲ့ ရှင်းဟုန်ခိုက်တို့က ရုပ်ရှင်ထဲ၌
အပြိုင်သရုပ်ဆောင်ကြသော်လည်း ရိုက်
ကူးရေး ပြင်ပ၌ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်သိပ်မရှိကြဘူး၊သို့သော်
သူကတော့ အမြဲတမ်း ကြိုးစားနေဆဲ၊
ရိုက်ကူးရေး ပြီးဆုံးပြီမို့ လူတိုင်းအလုပ်အား
ဖျက်သိမ်းကြချိန် လုကျိုးက အသံသွင်းရန် နောက်ထပ် အချိန်သုံးရက်ကြာတယ်၊လုကျိုးက တကယ့်ကို ထူးခြားလွန်းသူဟု ရှောင်ရီ
တွေ့ရှိရပြန်တယ်၊ဇာတ်ညွန်းကို အလွတ် ကျက်ပြီး သရုပ်ဆောင်ပိုင်းကိုပါမလွတ်ကင်းစေပဲ နှစ်ခုလုံးအတွက် သူအလွန်ကြိုးစားတယ်၊အသံသရုပ်ဆောင်သည့်အပိုင်းရောက်တဲ့တိုင် လုကျိုးက ဇာတ်ကောင်ရဲ့ ခံစားချက်ကို အပြည့်အဝ လိုက်နာနေဆဲပဲ။
သူက အသက်ပြင်းပြင်းတချက်ရှုလိုက်ပြီး
မျက်နှာအား မိုက်နှင့်မျက်နှာချင်းဆိုင်လိုက်တယ်၊ထို့နောက် မုန်းတီးစိတ်နှင့်အတူ ဒေါသတရားတို့ ရောပြွန်းနေသည့် သြရှရှ အသံက ဖန်သားပြင်ပေါ်မှ ဇာတ်ကောင်နှင့်ယှဥ်တွဲကာ
ထွက်ပေါ်လာတဲ့အခါ ရှောင်ရီ နှလုံးခုန်သံတွေ ရပ်တန့်မတတ်ပင်ဖြစ်သွားတယ်။
" မင်းဒီလောက်လေးတောင်မခံနိုင်ဘူးလား"
လုကျိုး ရှောင်ရီကို ပြောလာတယ်။
လုကျိုးကို ချီးကျူးရန် သူ့ဘဝတလျှောက် လုံးပြောဖူးသမျှ အလှပဆုံး စကားလုံးတွေကို အသုံးပြုရန်စုဆောင်းလိုက်တယ်၊ထိုစကားလုံးတွေကို ကြားလိုက်ရတဲ့အခါ
လုကျိုးတကိုယ်လုံးကြက်သီးမွှေးညှင်း
တွေထလာတယ်၊ရှောင်ရီ လုကျိုးရဲ့ ခါးကို ထပ်မံ၍ ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့်
ကြည့်လိုက်တယ်။
"အရူးလေး!"
လုကျိုး အော်ပြီး ရှောင်ရီအား ဆွဲယူကာ
ဆိုဖာပေါ် ဖိချကာ စတင်တွေ့ထိလိုက်တယ်။
.....
သြဂုတ်လကုန်တွင်ဘေဂျင်း၌ မုန်တိုင်းရှိတာမို့ ရှောင်ရီ နဲ့လုကျိုးတို့ ညနေပိုင်းတွင်သာစျေးဝယ်ထွက်ခဲ့ကြတယ်၊ကားကို တနေရာတွင်ရပ်ထားရပြီး ရေတောထဲဆင်းရပြန်တယ်၊မနှစ်ကမုန်တိုင်းကိုတောင်ရှောင်ရီ
ပြန်သတိရမိတယ်၊ အဲ့ဒီအချိန်က သူ့ကို
လုကျိုးက အိမ်တွင်ပွေ့ဖက်ထားရင်း
သီချင်း ကောင်းကောင်းမရေးနိုင်သည့်
အတွက် ဆူပူကြိမ်းမောင်းခဲ့ဖူးတယ်။
" ဟိုဘက်ကို မလျှောက်နဲ့!"
လုကျိုး အော်လာတယ်,
" အဲ့ဒီဘက်မှာရေတွေချည်းပဲ!လမ်းဘေးဘက်ကနေ မလျှောက်တတ်ဘူးလား!"
ရှောင်ရီ:"....."
ကားတစ်စီး ဖြတ်သွားချိန် လုကျိုးထံရေစင်သွားတဲ့အခါ ရှောင်ရီ ချက်ခြင်းထရယ်လိုက်မယ်၊
" မင်းကလေ...ငါ့အဖေနဲ့ ပိုပိုတူလာတယ်!"
လုကျိုး ရှောင်ရီ ကို စိုက်ကြည့်ပြီး,
"မြန်မြန်လျှောက်..သွား!"
" ရုပ်ရှင်ရိုက်ဖို့လည်းမရှိတော့,ပိုက်ဆံရော
အလုံအလောက်ရှိရဲ့လား?"
မိုးခြိမ်းသံ တွေနဲ့ အတူ လျှပ်စီးလက်နေချိန်
လုကျိုး ပြောလာတယ်,
" မရှိတော့ဘူး! ယွမ်20000ပဲကျန်တယ်"
ဒါက အမှန်တရားဆိုတာကို ရှောင်ရီ သိတယ်၊
" ကျွန်တော်တို့ ဘာလုပ်ကြမလဲ?!"
"မသိဘူး! ကိုယ်မင်းကိုလစာမပေးဘူးနော်!
မင်းမုန့်ဖိုးတွေအကုန်သုံးရင်, အကုန်ကုန်
သွားလိမ့်မယ်!"
လုကျိုးသူ့ကို စနေတယ်ဆိုတာကို ရှောင်ရီ
သိလိုက်ပြီ,
"ကောဝတ်ထားတဲ့ အတွင်းခံတချို့
ကျွန်တော်ပြန်ရောင်းလို့ ရမလား?
ကောနာမည်ဟိုးအရင်လိုပြန်မကြီး
သေးပေမဲ့,အန်ကယ်ကြီးတွေကိုတော့
ကျွန်တော်ရောင်းပေးလို့ရသေးတယ်!"
လုကျိုး :"....."
မုန်တိုင်းကမြို့အနှံ့ ဝင်ရောက်နေပေမဲ့
သူတို့ အိမ်လေးကတော့ ပူနွေးနေတယ်။
ရေချိုးကန်ထဲလည်း ရေနွေးတွေ ပြည့်နေတယ်၊လုကျိုးကရေချိုးကန်တွင်မှီလျက်
ရှိနေပြီး ရှောင်ရီကလုကျိုးအားသူ့ကျောပေးကာလုကျိုးရင်ခွင်ထဲဝင်ထိုင်ရင်းသူတို့နှစ်ယောက်ရေချိုးကန်ကြီးထဲ၌အတူရေချိုး
နေကြတယ်။
အရေပြားချင်းထိတွေ့ နေရတဲ့ ခံစားမှုက အရမ်းသက်တောင့်သက်သာရှိတယ်၊
လုကျိုး က ရမ်လေးသောက်ပြီး ရှောင်ရီ
ရဲ့ ဘဏ္ဍာရေးမှတ်တမ်းများကို သူ့ Ipadမှ
ကြည့်ရင်း ရေကန်ထဲ၌ပြုံးပျော်နေတယ်။
လုကျိုး :" အိမ်က 27သန်းတန်တယ်,ဒီနှစ်တွေမှာ 40%ထပ်တိုးလာတယ်, ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းက 55သန်းကျော်ရှိတယ်,
နှစ်စဥ် ရတဲ့ အတိုးနှုန်းက 17%ရှိတယ်, အသေအ ချာမှတ်ထားနော်, မင်းစားစရာ
မရှိတော့ဘူး"
ရှောင်ရီ ကြောင်သွားတယ်၊ လုကျိုးတွင်
သန်းပေါင်းဆယ်ချီကျန်သေးတယ်၊
သူ့ရဲ့ကိုယ်ပိုင်ငွေကြေးကို ပုဂ္ဂလိကဘဏ်ကြီး
တစ်ခုတွင်အပ်နှံ ထားတယ်၊ပျှမ်းမျှအားဖြင့်တွက်ချက်ရင်တောင်နှစ်စဥ်အတိုးနှုန်းက
12%ရနေတယ်၊ ပုဂ္ဂလိကဘဏ်ဝန်ဆောင်မှု ကလည်း သူနာပြုငှားတာမျိုး ,သန့်ရှင်းရေး ဝန်ဆောင်မှု တွေကဲ့သို့ အံ့သြစရာဝန်ဆောင် မှုတွေကို ပေးသေးတယ်။
အဲ့ဒီအပြင် လုကျိုးက ငွေဆုံးရှုံးမှုမရှိသည့်
ပန်လိုင် ဝိုင်စက်ရုံမှာလည်း ရင်းနှီး မြုပ်နှံ
ထားသေးတယ်၊ခုထိ လုကျိုး အဲ့ဒီလုပ်ငန်း
ကအမြတ်မထုတ်ရသေးဘူး။
" အဲ့ဒီဘက်က အမြတ်ထွက်ဖို့ ဆယ်နှစ်လောက် ကြာဦးမယ်...အဲ့ဒါကိုဂရုမစိုက်နဲ့,
ဒါကိုပဲ မင်းပြန်ကြည့်"
"မလိုဘူး လေ.."
ရှောင်ရီ ဆုံးဖြတ်ချက်ချပြီး ပြောလိုက်တယ်,
"ကျွန်တော်က စီးပွားရေး အမြင်မရှိဘူး,
ဒါကြောင့်မို့ ကောရဲ့ ငွေရေးကြေးရေးကို
ကျွန်တော်မကိုင်တွယ်တတ်ဘူး, ဒါတွေက
ငွေကြေး ဆိုင်ရာအကြံပေးတွေပဲလုပ်တတ်
တာမလား?"
"အကြံပေးကမင်းလောက်အကူအညီမရဘူး"
လုကျိုးက ခြေထောက်တဖက်မြှောက်ထောင်လိုက်ပြီး ရှောင်ရီခါးလေးကို ဖွဖွလေးပွတ်တယ်၊
" နောက်ရက်လောက်ကျ ဘဏ်စာအုပ်အတွက် ကိုယ်မင်းကို ဘဏ်ခေါ်သွားမယ်,
နောင်ဆို, မင်းကိုယ်တိုင်ကိုယ့်အကောင့်ထဲ
က ငွေဒါတိုက်ယူလို့ရပြီ, မင်းဘေဂျင်းမှာ
အိမ်လေးတစ်လုံးလောက်ဝယ်ချင်တယ်
မလား?"
"ဟင့်အင်း..ဟင့်အင်'
ရှောင်ရီ ချက်ခြင်း ပြန်ပြောလိုက်တယ်,
" သေချာတယ်မလိုချင်ဘူး"
လုကျိုး : "မင်းမိသားစုကို သတိရတယ်မလား, မင်းညီလေးကို လည်း အလုပ်တစ်ခု
ရှာ ပေးရမယ်လေ,ဝယ်လိုက်ပါ"
"အဲ့ဒါကလေတကယ်မလိုဘူး"
လုကျိုး ငွေရှာရခက်တာကို ရှောင်ရီသိတယ်,
လူတိုင်း ငွေရှာရခက်တယ်၊ဘေဂျင်းမှာ
အိမ်တစ်လုံးဝယ်မယ်ဆို 7သန်း ,8သန်း သို့မဟုတ် သန်းဆယ်ချီ ကုန်ကျလိမ့်မယ်,
လုကျိုးက သေချာပေါက်သူ့ကိုဝယ်ပေး
ချင်တဲ့ ဆန္ဒရှိတယ်၊ဘယ်လိုပဲဖြစ်ဖြစ် အိမ်တစ်လုံးဝယ်ရင် သန်းဆယ်ချီ တကြိမ်ထဲ
ထွက်သွားမယ်, လုကျိုး ဘယ်လောက်ပဲ
ပိုက်ဆံရှိသေးတယ်ဆိုစေဦးထိုတန်ဖိုးက
သူ့အတွက် များပြားလွန်းတဲ့ ပမာဏ
ဖြစ်နေတုန်းပဲ။
" သူတို့ အိမ်ပေါင်ထားတာကို ကျွန်တော်ရှင်းပေးလိုက်မယ်...အဲ့လိုဆို ကျွန်တော်လစာ
ယွမ် 2သိန်း ပြန်ပို့လိုက်ရင် လုံလောက်ပြီ"
"မင်းမိဘတွေက ခုထိ မင်းကို အိမ်ထောင်ပြုဖို့ တိုက်တွန်းနေတုန်းလား?"
"ဟင့်အင်း"
"မဖြစ်နိုင်တာ...အရင်တုန်းက မင်းကို
အိမ်ထောင်ပြုဖို့ ဘယ်နှစ်ခါတောင်
တိုက်တွန်းခဲ့လဲ?"
ကောသိပြီးရင်လည်း ဘာလို့ထပ်မေးနေသေးတာလဲ, ဘယ်အိုးကိုဖွင့်,ဘယ်အိုးကို ပိတ်,မိဘတွေရဲ့ ပြဿနာက အလွယ်တကူ
ဖြတ်ကျော်လို့မရတာပဲလေ!
" မင်းရဲ့ နတ်ဘုရားကို ချစ်တဲ့အချစ်အတွက်
မင်းမိသားစုကို သစ္စာဖောက်နိုင်လို့လား?"
"နတ်ဘုရားအတွက် မဟုတ်ဘူး"
ရှောင်ရီ ခဏလောက်စဥ်းစားပြီးပြောလိုက်တယ်,
"ဒါပေမဲ့ ကောက ကျွန်တော့်ချစ်သူ,ပြီး
တော့ ယောကျ်ား တစ်ယောက် အနေနဲ့
ကောအတွက် ကျွန်တော်မှာတာဝန်ရှိတယ်,
ဘာပဲဖြစ်ဖြစ်, ကျွန်တော့်မိသားစုနဲ့ စကား ကောင်းကောင်းပြောရမယ်,ဒါပေမဲ့သင့်
လျော်တဲ့အခွင့်ကောင်းကို ကျွန်တော်
စောင့်ဖို့တော့ လိုတယ်"
လုကျိုး : "မင်းကို ကိုယ်စွန့်ပစ်ခဲ့မှာ
မကြောက်ဖူးလား?"
ရှောင်ရီ : "ဟင့်အင်း"
လုကျိုး : " ပြီးတော့ မင်းလည်း သိတယ်မလား? ယောကျ်ား ရော မိန်းမတွေပါ ကိုယ့်ကို လိုက်နေတဲ့ သူတွေ အများကြီး ရှိတယ်လေ"
ရှောင်ရီ လုကျိုးကို အပြုံးလေးဖြင့် ကြည့်လိုက်တယ်၊
" ကောက အဲ့လိုလုပ်မယ်လို့တော့မထင်ဘူး"
ရှောင်ရီထိုသို့ပြောလိုက်ရင်းသူ့အတွေး
ထဲမှာတော့, ကောရဲ့ WeChatကို
ကျွန်တော် အကြိမ်ကြိမ် ခိုးကြည့်နေတာတောင် ကောမသိဘူးလေ, ကျန်းရှောင်ကုံး
ဆီတောင်ကော ကိုယ်တိုင်WeChatမက်ဆေ့တစ်စောင်ပို့ထားသေးတယ်,ကျွန်တော့်ကို တောင်ကောက မြေတောင်မြှောက်ပေးချင်
ခဲ့တယ်, ကောက ကျွန်တော့်ကိုတောင်
တသက်တာအတွက် ပိတ်လှောင်ချင်နေ
တာကို, အခြားလူတွေနဲ့ ပတ်သက်မယ်
ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....
လူအများစုက စွန့်ပစ်ခံရမှာကို ကြောက်ကြတယ်ဆိုတာလည်း မှန်တယ်, ဒါပေမဲ့ ရှောင်ရီ
အဲ့ဒါကို မပြောဝံ့ဘူး, အကယ်၍ သူသာလုပ်မယ်ဆို,ကျိန်းသေ ရေချိုးကန်ထဲ ဆူနာမီ ဖြစ်သွားလိမ့်မယ်ဆိုတာတွေးနေဖို့မလိုဘူး။
" မိသားစုကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ
ဆိုတာကျွန်တော် စဥ်းစားမယ်"
ခဏအကြာရှောင်ရီ စဥ်းစားပြီး ထပ်ပြောလိုက်တယ်,
" ဒါပေမဲ့ သေချာပေါက်ဖြေရှင်းနိုင်မယ်လို့
ကျွန်တော်ကတိပေးတယ်"
"မင်းက ဘယ်လိုဖြေရှင်းမှာလဲ"
ရှောင်ရီ တွေးလေပြီ၊
" အချိန်တစ်ခုရောက်လာရင်,ကိုယ်
နိုင်ငံခြားမှာ အငှားကိုယ်ဝန်ဆောင်ရှာ
မယ်, ပြီးရင်နည်းပညာနဲ့ အမြွာရနိုင်မယ့်
နည်းပညာကို စုံစမ်းရမယ်,ကလေးနှစ်ယောက်ရရင်,မင်းတစ်ယောက် ,ကိုယ်
တစ်ယောက်,ညီကို နှစ်ယောက်က
မိခင်တစ်ယောက်တည်းပဲ ဖြစ်ရမယ်,
အမေရိကန်မှာမွေးဖွားခွင့်မှတ်ပုံတင်လိုက်မယ်ဆို, နေထိုင်ခွင့်တောင်ကင်းလွတ်ခွင့်ရမယ်,လူဦးရေထိန်းချုပ်မှုဥပဒေကိုကျော်
လွန်တဲ့အတွက် ဒဏ်ငွေ ခုနှစ်သန်းပေးဆောင်ရခြင်းကိုလည်းရှောင်ရှားနိုင်မယ်"
"အားးး!"
ရှောင်ရီ ဝမ်းသာလာတယ်,ဒီလိုလေးက အဆင်ပြေတယ်လို့ သူတွေးမိတယ်,
လုကျိုးအတွက်လည်း ပြဿနာမရှိနိုင်
ဘူး၊ဒါကြောင့် သူမေးလိုက်တယ်၊
" ကိုယ်ဝန်ဆောင်ခက ဘယ်လောက်လဲ?"
လုကျိုး စဥ်းစားပြီးနောက် ပြောလာတယ်,
" ဟိုးအရင်က အဲ့လို အစီအစဥ်ရှိဖူးတယ်,
ကိုယ့်မှာ သားသမီးမရှိမှာကို ကြောက်လို့ ,
အဲ့ဒီအဝန်းအဝိုင်းထဲမှာရှိတဲ့သူငယ်ချင်း
တွေကို ကိုယ်မေးကြည့်ဖူးတယ်, ဒေါ်လာတစ်သန်းလောက် ရှိမယ်ပြောမယ်"
ရှောင်ရီ: "ဒါဆို ကျွန်တော့်မိသားစုကိုကျ
ကျွန်တော်ဘယ်လိုပြောရမလဲ?"
" မင်းရဲ့ မိဘတွေကိုကျ မင်းကောင်မလေး တစ်ယောက်နဲ့ တွေ့ပြီး ကလေး တစ်ယောက်ရတယ်, သူက ကလေးကို မလိုချင်တာမို့ မင်းက ပြုစုပျိုးထောင်ရမယ်, ဒါဆိုအလုပ် မဖြစ်
နိုင်ဘူးလား!"
ဒါက အခြေအနေတစ်ခုကို ကယ်တင်နိုင်
ရန်လှည့်ဖြားတဲ့ နည်းလမ်းတစ်ခုလို့
ရှောင်ရီ တွေးမိတယ်၊လုကျိုးက
ပြုံးပြီးပြောလာတယ်,
" ဒါကြောင့် မင်း ပိုက်ဆံရှာဖို့လိုတယ်,
မင်းသာပိုက်ဆံရှိနေရင်, မင်းအိပ်မက်
တွေကိုအကောင်အထည်ဖော်နိုင်မယ်,
ငွေက ပြသနာအားလုံးကို ဖြေရှင်းပေး
နိုင်တယ်,လမင်းနဲ့ ငွေ၆ပဲ ကိုသိလား ?
လမင်းကြီးက မင်းရဲ့ အိပ်မက်,ငွေကမင်းခြေထောက်အောက်မှာရှိတယ်, လကို ကြည့်နေရင်,ပိုက်ဆံကို မမြင်ပဲဖြစ်လိမ့်မယ်"
လနဲ့ ငွေ၆ပဲကို ကောက အဲ့လိုတွေးလိုက်တာကို,ထားလိုက်ပါတော့, အိုကေပါ, ကျွန်တော့်ရဲ့အရှင်ရယ်သိပါပြီ, ကောရဲ့ နာမည်ပြောင်ကို လုဖာချိုင်လို့ သူတို့မှည့်ကျတာအမှန်ပဲ။
လုကျိုး (အာရုဏ်ဦးရဲ့စစ်ပွဲ)ကို ရိုက်ကူးပြီးနောက်, နောက်ထပ်ဇာတ်ညွန်းတစ်ခုကို လက်ခံချင်သေးတယ်၊သို့သော်, သူ့ဆီ ခုတလော ဘယ်သူ့ဆီမှမလာကြဘူး၊
သေနတ်ပစ်ခတ်ခြင်းကြောင့် သူ့ပခုံးတွေ
ပြန်နာလာသေးတယ်၊ရှောင်ရီကတော့
သူ့အား မည်သည့်ဇာတ်ညွန်းကိုမှထပ်မံ၍ လက်မခံစေဘဲ ခဏအနားယူခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်၊ဥရောပကို ဟန်းနီးမွန်းထွက်မယ်,
ပြန်လာပြီးနောက်အိမ်မှာဆက်အနားယူဖို့ပါ
ဆုံးဖြတ်ခဲ့တယ်။
ရှောင်ရီ ခရီးစဥ်မှပြန်လာပြီးနောက်
ရုပ်ရှင်ရုံထဲတွင်ထိုင်ကာ လုကျိုးရဲ့ပထမ
ဆုံးComebackဇာတ်ကားကိုကြည့်နေတယ်။
(T/N..လုကျိုးရိုက်တဲ့ကားသစ်ကိုပြောတာပါ)
ကျန်းချမ်းရုန်ရဲ့ အခန်းတွေကများစွာဖြတ်တောက်ခြင်းခံခဲ့ရတယ်၊ ဇာတ်ကောင်စရိုက်အား လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နိုင်သည်အထိ အခြားသူတွေရဲ့ စာနာနားလည်မှု အား
ရရှိနိုင်သည့်ဗီလိန်အဖြစ်မှပျောက်ကွယ်လုနီးပါးပင်ဖြစ်နေတယ်၊ ရှောင်ရီ အစပထမတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်၊သူတို့
ဒီရုပ်ရှင်ကို လေးဆယ်ဒီဂရီ နီးပါးရှိသောနေရောင်အောက်၌ နှစ်လနီးပါးရိုက်ကူးခဲ့ရတယ်၊နေပူပူထဲ ,မိုးရေတွေအောက်ရိုက်ခဲ့ရတာမို့အပူရှပ်ပြီး အအေးမိခဲ့တယ်၊မနက်ခြောက်နာရီထဲကအိပ်ရာထပြီး ညဆိုနှစ်နာရီလောက်မှအိပ်ရာဝင်ရတယ်၊ အဆုံးသတ်တွင်, လုကျိုးရဲ့ အခန်းကဆယ့်ငါးမိနစ်ထက်ပင် မပိုသည်အထိဖြတ်တောက်ခဲ့ကြတယ်။
သို့သော် သူကြည့်နေမိတုန်းပဲ,ရှောင်ရီ ရုပ်ရှင်ထဲသို့ လုံးဝနှစ်မြုပ်နေချိန်ဒေါသတွေကိုပါ
မေ့သွားတယ်။
ရှင်းဟုန်ခိုက်ရဲ့ သရုပ်ဆောင်မှုက အသင့်
အတင့်တွင်ရှိတယ်၊ဒါပေမဲ့ လုကျိုး ပေါ်လာချိန် , ရုပ်ရှင်ရုံထဲမှ ပရိသတ်တွေ ချက်ခြင်းပင် ခတ်မတ်မတ်ဖြစ်သွားကြတာကိုရှောင်ရီ
သတိထားလိုက်မိတယ်။
သူလုကျိုးအားလှည့်ကြည့်လိုက်ချိန် ,
လုကျိုးကရုပ်ရှင်ကိုလုံးဝမကြည့်ဘဲ
သူ့ကိုကြည့်နေသည်အားတွေ့လိုက်ရတယ်။
ရှောင်ရီရယ်လိုက်မိပြီး လုကျိုးရဲ့ လက်ချောင်းလေးတွေကိုယှက်ဖြာကာဆုပ်ကိုင်လိုက်ပြီးနောက် ဖန်သားပြင်ကြီး
ကို ပြန်ကြည့်လိုက်တယ်။
လုကျိုး: "မင်းတစ်ခုခု ပြောချင်နေတာမလား?"
ရှောင်ရီ: " ခုလိုလုပ်တာက အမှားအယွင်း တစ်ခု ကြောင့်လား? အဲ့ဒီ တရုတ်စာလုံးကို
ကျွန်တော်တွေ့ဖူးတယ်"
လုကျိုး :"......"
သေနတ်ပစ်ခန်းတွေရောက်ချိန် ,
ရှောင်ရီ ထိတ်လန့်သွားတယ်။
ရုပ်ရှင်ရိုက်ကူးနေချိန်တုန်းကလို ထိတ်လန့်မှုမျိုးမဟုတ်ဘူး! ခုက အရမ်း ပီပြင်လွန်းတယ်,
ခုတွင် အသံအား သုံးဆယ့်နှစ်ထိဖွင့်ထားပြီး
အထူးပြုလုပ်ချက်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ယှဥ်တွဲထားတဲ့အခါ ရှောင်ရီ ချက်ခြင်း
ဂယောင်ချောက်ခြားတွေဖြစ်လာတယ်။
ယနေ့ခေတ်ရဲ့ ရုပ်ရှင်အထူးပြုလုပ်ချက်
တွေက အရမ်းကောင်းတယ်၊လုကျိုးနဲ့
ရှင်းဟုန်ခိုက်တို့ သေနတ်ပစ်ခတ်မှု စတင်
ချိန်ကျည်ဆံထိပ်ဖူးတို့က ဖန်သားပြင်ကို ဖောက်ထွက်ပြီး ရုပ်ရှင်ရုံကြီးကိုပင် ပျက်စီးစေလုမတတ် အလျားလိုက်ပျံတက်လာတယ်၊လူဆိုးတွေကြားလုကျိုးက ဖိုက်တာ တစ်ယောက်ဖြစ်နေပြီး အထူးသဖြင့် သေနတ်သံတွေ ရပ်တန့်သွားချိန် ကမ္ဘာကြီးတစ်ခုလုံး
ငြိမ်သက်သွားတယ်၊ ထိုအချိန် ကင်မရာမြင်ကွင်းက ရုတ်တရက် မြေပြင်ပေါ်သို့
ရောက်ရှိသွားတယ်၊လုကျိုး ခြေတစ်လှမ်း
လှမ်းလိုက်ချိန် ရုပ်ရှင်ရုံကြီး တစ်ခုလုံး
သိမ့် သိမ့်တုန်သွားသလို ခံစားနေရတယ်။
W6597❤❤❤❤
.................
.[ Z ]
ရက္အေတာ္ၾကာအနားယူၿပီးတဲ့ေနာက္,
လုက်ိဳး က ေပါ့ပါးတဲ့ အဝတ္အစားသို႔
ေျပာင္းလဲနိုင္ခဲ့တယ္၊သူ႕အသားအရည္
က ေၾကးဝါေရာင္ဘက္သို႔ေျပာင္းေနၿပီး
သံပုရာခြံဦးထုပ္တစ္လုံးကို ေဆာင္းထား
တယ္၊ စစ္စြပ္က်ယ္ တထည္,စစ္ေဘာင္းဘီ ,
စစ္ဖိနပ္ႏွင့္ မ်က္ႏွာေပၚဝယ္ေနကာမ်က္မွန္
အေကြးတစ္လက္ကိုပါတပ္ထားေသးတယ္။
ဆံပင္တိုတိုထက္ ေခြၽးစအခ်ိဳ႕တြဲလြဲခိုေနၿပီး
သူ႕ေနကာမ်က္မွန္ထက္ ေရွာင္ရီမ်က္ႏွာက
ထင္ဟပ္ေနတယ္။
" လုပ္ခ်င္လား?"
လုက်ိဳးက ေရွာင္ရီအား ၿပီတီတီ ၿပဳံးရင္း
ေျပာလာတယ္၊
" မင္းက ယူနီေဖာင္းေတြကိုႀကိဳက္တယ္မလား?"
ေရွာင္ရီ :"......"
ေရွာင္ရီ: " ေကာေရာ ယူနီေဖာင္းေလးနဲ႕
ေအာက္မွာေနခ်င္လား? ဒါမွမဟုတ္
ပိုေကာင္းေအာင္လုပ္ေပးရမလား?"
လုက်ိဳး :" မင္းအခုေနာက္ပိုင္း ပိုပိုၿပီး
ျပန္ေျပာတတ္လာတယ္, မင္းရဲ႕ ဒယ္ဒီ!
ကိုယ္ကမင္းကိုအလိုလိုက္ထားလို႔ထင္တယ္"
ဆက္တင္အား ျပင္ဆင္ေနခ်ိန္သူတို႔ႏွစ္ေယာက္ အရိပ္
တစ္ေနရာတြင္ထိုင္ေနၾကတယ္၊ရွင္းဟုန္ခိုက္ေရာက္လာၿပီး သူ႕လက္အား ဆန့္ထုတ္လာတယ္၊လုက်ိဳးက
လည္းမတ္တပ္ထကာ လက္ဆြဲႏႈတ္ဆက္တယ္။
လုက်ိဳး : "ကိုယ္သြားေတာ့မယ္"
ေရွာင္ရီ : " အေကာင္းဆုံးႀကိဳးစားေနာ္!"
ေရွာင္ရီက လုက်ိဳး အက္ရွင္ဇာတ္ဝင္ခန္း
မ်ားတြင္ ဒဏ္ရာရမည္ကို ေၾကာက္တာမို႔
အထူးျပင္ဆင္မႈမ်ားစြာကို ျပဳလုပ္ခဲ့တယ္၊
အခု သူတို႔ အက္ရွင္ဇာတ္ဝင္ခန္းေတြရိုက္ကူး
ရမွာမို႔, လုက်ိဳး အျမင့္တေနရာအျဖတ္အကူး
အၾကားျပဳတ္က်မွာကို သူစိုးရိမ္ေနမိတယ္။
ႏွစ္ဘက္စလုံးက ကားေတြကို အေဝးေျပး
လမ္းမႀကီးေဘးတြင္ ရပ္လိုက္ၾကတယ္
လုက်ိဳးက ပစၥတို တစ္လက္ကို ထုတ္ယူ
ကာကားထဲမွထြက္တယ္၊၊ေနကာမ်က္မွန္
တပ္လ်က္ ကားေပၚမွအဆင္း ကားတံခါး
ကို ေဆာင့္ပိတ္လိုက္ၿပီး ခဏတာမွ်လႊမ္း
မိုးေသာအရွိန္အဝါတို႔ယိုဖိတ္ လာတယ္။
ရိုက္ကြင္းရွိလူအားလုံးသည္လည္းထိတ္လန့္သြားၾကေၾကာင္းေရွာင္ရီခံစားမိတယ္၊ရွင္း
ဟုန္ခိုက္က တဖက္ကားဆီမွထြက္လာၿပီး
သူ႕လက္ထဲမွပစၥတိုျဖင့္ ခ်ိန္႐ြယ္တယ္။
လုက်ိဳးရဲ႕လူဆိုး ဂိုဏ္း အဖြဲ႕ဝင္ေတြနဲ႕
ရွင္းဟုန္ ခိုက္ရဲ႕ ရဲအရာရွိေတြပါ တစ္ေယာက္
ၿပီး တစ္ေယာက္ ထြက္ေပၚလာၾကတယ္။
ႏွစ္ဘက္စလုံးက တိုက္ပြဲတစ္ခုအားစတင္
ၾကတယ္၊ ျမင္ကြင္းက ရိုးရွင္းစြာပင္ ကမၻာေျမႀကီး
အားတုန္လႈပ္ေစတယ္၊၊တိုယိုတာ အတြက္ေၾကာ္ျငာ
ထည့္သြင္းထားတာေၾကာင့္ တိုယိုတာ ကားသုံးစီးက
ေနာက္ဘက္တြင္ ရပ္ထားတယ္၊ဇာတ္ဝင္ပစၥည္း
အဖြဲ႕(ဆက္တင္ျပဳလုပ္သည့္အဖြဲ႕)ကကားတစ္စီး
အားရိုက္ကူးေရးအတြက္ အထူးျပဳလုပ္ထားၿပီး
အေဝးထိန္းခလုတ္ကို ကိုင္ထားတယ္၊မွန္အတြင္းမွ
တပ္ဆင္ထားသည့္ ေသးငယ္ေသာ ေဖာက္ခြဲေရး
စက္ေၾကာင့္ ကားမွန္ကြဲအက္ကာ ခ်က္ျခင္း
ပင္ ေျမျပင္ေပၚသို႔ မွန္ကြဲစမ်ားျပန့္ႀကဲသြားတယ္။
"ကဒ္"ဒါရိုက္တာထံမွ ေအာ္ေျပာလာတယ္။
ဆက္တင္အဖြဲ႕က ရိုက္ကူးေရး ေနရာကို
ျပန္လည္ျပဳျပင္ရန္ ေရာက္လာၾကၿပီး ႏွစ္ဖက္
စလုံးအား ခတၱရပ္နားေစတယ္။လုက်ိဳးကစီးကရက္
တစ္လိပ္ေသာက္ရင္း မ်က္ခုံးေတြကို ပင့္တင္ကာအေဝးဘက္ရွိေရွာင္ရီ႕ကို လွမ္းၾကည့္လာတယ္၊ေရွာင္ရီအလြန္
အမင္း စိတ္ပူလ်က္ရွိေနၿပီး ေသနတ္ရဲ႕ေမာင္းျပန္အားကို သတိထားရန္ သူ႕ ပခုံးေလးအားပုတ္ျပလာတယ္။
ရိုက္ကူးေရး ဒုတိယပိုင္းအစတြင္, ကင္မရာေလးလုံးအား လွည့္ပတ္ၿပီး ဘက္ေပါင္းစုံမွမတူညီေသာရႈ ေထာင့္
မ်ားျဖင့္ရိုက္ကူးခဲ့တယ္၊အသံအထူးျပဳလုပ္ခ်က္ေတြကို
မိုက်ကရ်ို ဖုန္းမ်ားျဖင့္ဖြင့္ကာကားထဲတြင္ တပ္ဆင္
ထားေသာ ေဖာက္ခြဲေရးကိရိယာကိုလည္း ႀကိဳတင္ဖြင့္ထားလ်က္ စက္ပစၥည္းျပဳလုပ္ေရး အဖြဲ႕က အေဝး
ထိန္း ခလုတ္ေတြကို ႏွိပ္ရန္ အနီးတြင္ရွိေနၾကတယ္။
ဒိုင္း !ဒိုင္း !ဒိုင္း !ဒိုင္း !
ပစ္ခတ္သံေလး ခ်က္! လုက်ိဳးပုန္းေနတဲ့
တံခါးတြင္ က်ည္ဆန္ရာေလးခုထြက္ေပၚ
လာတယ္။
ဒါကေလ အရမ္းမိုက္တယ္...! ပညာရွင္ေတြက
တကယ္ထူးျခားတယ္ဆိုတာ အဟုတ္ပဲ
အားးးး ! ေရွာင္ရီ ဒါကို ဘယ္လိုေဖာ္ျပရမ
လဲဆိုတာကိုေတာင္မသိေတာ့ဘူး၊လုက်ိဳး
က က်ည္ဆန္ကဒ္ကိုကိုက္ၿပီး ေသနတ္ထဲ
ထည့္လိုက္တယ္။ကင္မရာရဲ႕ အနီးကပ္ရိုက္
ခ်က္က သူ႕မ်က္ႏွာေပၚရစ္ဝဲေနတယ္၊
ထို႔ေနာက္, ေပါက္ကြဲထြက္မည့္ကားေရွ႕တြင္
လုက်ိဳးကတည္ၿငိမ္စြာျဖင့္ ေသနတ္အား
ပစ္ခတ္ရန္ ခ်ိန္ထားတယ္၊ဆက္တင္အဖြဲ႕မွ
အဖြဲ႕ဝင္တစ္ေယာက္က ေခါင္းညိတ္ၿပီး
ခလုတ္တစ္ခုကို ဖိလိုက္တယ္။
ေရွာင္ရီအား ထိတ္လန့္သြားေစသည့္
က်ယ္ေလာင္ေသာေပါက္ကြဲသံႏွင့္အတူ
ကားသည္လည္း ေပါက္ကြဲထြက္သြားတယ္။
ကင္မရာအားေျမျပင္ဆီသို႔ နိမ့္ခ်ရင္း
ဒါရိုက္တာက ေအာ္ေျပာလာတယ္၊
" က်န္တဲ့သူေတြ နားလို႔ရတယ္"
ကင္မရာကမွန္ကြဲစမ်ားအားစစ္ဖိနပ္ျဖင့္
နင္းကာေလွ်ာက္လွမ္းလာသည့္လုက်ိဳး
ရဲ႕ပုံကို အနီးကပ္ရိုက္ကူးေနတယ္။
'ကဒ္!"
ဒါရိုက္တာဟြမ္: "ေႏွးတယ္!"
ဒါေၾကာင့္မို႔,လုက်ိဳး ေနာက္ျပန္ဆုတ္ၿပီး
အစကေန ျပန္စတယ္၊ ေျခလွမ္းတစ္လွမ္း
ျခင္းရဲ႕ ရိုက္ခ်က္က ဟုရင္ရဲ႕ အသက္ကို
မဆိုင္းမတြေခြၽယူမည့္ က်န္းခ်မ္း႐ုန္ရဲ႕
ဆုံးျဖတ္ခ်က္ကို ျပသေနတယ္၊ေသဆုံး
ျခင္းနဲ႕ ရွင္သန္ျခင္းတို႔၏ဆက္ႏြယ္မႈက
ဤေနရာတြင္ အဆုံးသတ္မည္ပင္။ဒီတႀကိမ္
မွာေတာ့, က်န္းခ်မ္း႐ုန္မွသနားက႐ုဏာ
မရွိေတာ့ျခင္းအား ေျခလွမ္း ေတြရဲ႕ ရိုက္ခ်က္
ျဖင့္ ထုတ္ေဖာ္ျပသျခင္းျဖစ္တယ္၊အဓိပၸာယ္မ်ား
ႏွင့္အတူ နီးကပ္ေနေသာေသျခင္းတရားအား
ထုတ္ေဖာ္ျပသရျခင္းက အင္မတန္မွခက္ခဲလြန္း
လွတယ္။ အခ်ိန္ကလည္းၾသဂုတ္လႀကီးျဖစ္ေနတာ
မို႔ ေကာင္းကင္ထက္မွ ေနလုံးႀကီးက ျပင္းစြာေလာင္ၿမိဳက္
ေနတယ္၊လုက်ိဳး တစ္ေယာက္သူ႕ေမြးေန႕ကိုပင္ မက်င္းပနိုင္ခဲ့လ်က္ ဒီဇာတ္ကားကိုသာစိတ္ႏွစ္ၿပီး တခ်ိန္လုံးရိုက္ကူးေနခဲ့တယ္။
ဒါရိုက္တာက အမ်ိဳးသားဇာတ္လိုက္ါအေပၚ လိုခ်င္မႈ
အလြန္နည္းပါးေၾကာင္း ေရွာင္ရီ႐ုတ္တရက္ ရွာေဖြ ေတြ႕
ရွိခဲ့ရၿပီး အခ်ိန္ အမ်ားစုက လုက်ိဳးရဲ႕ ဇာတ္ကြက္
မ်ားကိုသာ အႀကိမ္ႀကိမ္ျပန္လည္ရိုက္ကူးေနခဲ့တယ္။
ဒါရိုက္တာ : "ေနာက္တေခါက္!"
လုက်ိဳးေသနတ္အား ကိုင္ေဆာင္ကာ ေနာက္ဆုံး အႀကိမ္ လမ္းေလွ်ာက္ၿပီးခ်ိန္ မွ ျဖတ္ေက်ာ္နိုင္ခဲ့တယ္၊ဆက္တင္
အဖြဲ႕က ရိုက္ကူးေရး ေနရာသို႔ ခ်က္ျခင္းပင္ျပန္လည္ ျပင္ဆင္ၾကတယ္၊ကားဘက္သို႔ လွည့္ၿပီး လုက်ိဳး ေရွ႕သို႔ တိုးလိုက္တယ္၊ပထမဆုံးရွင္းဟုန္ခိုက္ရဲ႕ မ်က္ႏွာအမူအရာကို အနီးကပ္ ရိုက္ကူးတယ္၊လုက်ိဳးက ေသနတ္အား သူ႕ နဖူးကို ခ်ိန္႐ြယ္စဥ္သူ႕ဘယ္လက္ကလုက်ိဳး လက္အားႀကံရာ
မရျဖစ္ကာ ဆုပ္ကိုင္လိုက္မိတယ္။
ဟုရင္:"......"
"ကဒ္!"
ဒါရိုက္တာက ေအာ္ေျပာလာတယ္၊
" ေဖာ္ျပခ်က္မွားေနတယ္"
ရွင္းဟုန္ခိုက္ေခါင္းညိတ္ၿပီး,
"ေတာင္းပန္ပါတယ္"
လုက်ိဳး : "က်ည္ဆံမရွိဘူး..အရမ္း မစိုးရိမ္နဲ႕"
မည္သူမဆို မိမိနဖူးအား ေသနတ္ျဖင့္ ခ်ိန္႐ြယ္ထားမည္ဆိုပါကေၾကာက္လန့္ၾကမည္ပင္၊ သိသိသာသာလည္း
စိတ္လႈပ္ရွားလာၾကလိမ့္မယ္၊ရွင္းဟုန္ခိုက္ရဲ႕သ႐ုပ္ေဆာင္မႈေတြက မွားေနၿမဲမို႔ ခဏအၾကာ ဒါရိုက္တာက သူတို႔အားအနားယူခြင့္ေပးလာတယ္။မိနစ္ႏွစ္ဆယ္ၾကာၿပီးတဲ့ အထိ သူတို႔ စကားမေျပာျဖစ္ၾကဘူး၊ ပစၥတိုတစ္လက္ကိုင္ထားသည့္အမ်ိဳးသမီးဇာတ္ေဆာင္က ေဘးမွေပၚလာၿပီး
လုက်ိဳးရဲ႕ ေခါင္းအေနာက္သို႔ေရာက္ သြားတယ္။
လုက်ိဳးရဲ႕ ႏႈတ္ခမ္းေထာင့္တို႔ အနည္းငယ္ ေကာ့တက္သြားၿပီး မ်က္လုံးအိမ္တို႔က်ဥ္းေျမာင္းသြားတယ္။
အမ်ိဳးသမီးဇာတ္ေဆာင္: "မင္းရဲ႕ ေသနတ္ကိုခ်လိဳက္!"
ရွင္းဟုန္ခိုက္က ေအာ္လိုက္တယ္,
"ျမန္ျမန္ ..သြားေတာ့!"
"ကဒ္!"
ဒါရိုက္တာက ခ်က္ျခင္းေအာ္ေျပာလာတယ္,
"အခု အက္ရွင္စမယ္"
လုက်ိဳး တဖက္သို႔လွည့္ၿပီး ဘယ္ေျခကို
ေျမႇာက္၍ညာေျချဖင့္ လိုက္ပါကာ ေျခေထာက္
ေတြကို ျဖတ္ကန္လိုက္တယ္၊ဒီပုံစံက ေစာက္ရမ္းမိုက္
တယ္၊ သဏၭာန္လုပ္ သ႐ုပ္တူေစသည့္ အေယာင္ျပကန္သြင္းမႈ ျဖင့္ အမ်ိဳးသမီးဇာတ္ေဆာင္အား ေနာက္
ျပန္လဲက်ေနလ်က္ ဝန္ထမ္းတစ္ေယာက္အားေဖးယူေစတယ္၊ရွင္းဟုန္ခိုက္က ခ်က္ျခင္းကားေဘးသို႔တဟုန္ထိုးေျပးသြားၿပီးသူ႕ ေသနတ္ျဖင့္ ခ်ိန္႐ြယ္ထားတယ္၊
လုက်ိဳးကလည္း ခ်က္ျခင္းကားအေနာက္သို႔ေရွာင္ထြက္ လိုက္တယ္။ရွင္းဟုန္ခိုက္ ေသနတ္တခ်က္ ပစ္လိုက္ခ်ိန္
႐ုတ္တရက္ သူ႕ ႏွလုံးသားေတြ လည္ေခ်ာင္းထိ ဆန္
တက္လာတာကို ေရွာင္ရီ ႐ုတ္တရက္ ခံစားလိုက္ရတယ္။
" ကဒ္!"
ဒါရိုက္တာေအာ္ေျပာလာတယ္,.
"ျပည့္စုံတယ္!"
လူတိုင္းက ေမာပန္းႏြမ္းနယ္မႈတို႔ႏွင့္
အတူ ခြန္အားယုတ္ေလ်ာ့ေနၾကၿပီ၊ လုက်ိဳး တကိုယ္လုံးလည္း ေခြၽးေတြ႐ြဲေနတယ္၊သူ႕ရဲ႕ စက္ေသနတ္ကေလးတာမို႔ လမ္းေလွ်ာက္တဲ့အခါေလးဖင့္ေနတယ္၊ေရွာင္ရီ
လုက်ိဳးအား ကားထဲသို႔ေခၚကာ ေလပန္ကာႏွစ္ခု ၿပိဳင္တူ
ဖြင့္ထားေပးရင္း ေရေသာက္ေစတယ္။
ေန႕လည္ဘက္ဆို, လူတိုင္း ကားထဲမွာပဲ
ထမင္းစားၾကတယ္၊သူတို႔ ေရာက္ေနတဲ့
လက္ရွိေနရာက ၿမိဳ႕ နဲ႕လည္းေဝးသလို
ဆိုင္တစ္ဆိုင္မွ မရှိတာမိုု့ မနက္ကတည္း
က ယူလာၾကတဲ့ ပဲနို႔ေအးတို႔ ဂ်ဳံယာဂုတို႔
ကိုသာစားၾကရတယ္၊ လုကျိုးကတချ်ို့
တဝက္သာ စိတ္မပါစြာစားၿပီး ေနာက္
ေန႕လည္ပိုင္းတြင္ ထြက္ေျပးေနသည့္
အခန္းကို ဆက္လက္ရိုက္ကူးခဲ့တယ္။
ေတာင္ၾကားရွိ ကားလမ္းမႀကီးေပၚ
ေလးရက္ၾကာမွ်ရိုက္ကူးၿပီးေနာက္ ,
အဓိက ဇာတ္ဝင္ခန္းႀကီး ႏွစ္ခုအား
ေအာင္ျမင္စြာရိုက္ကူးၿပီးစီးသြားခဲ့ၿပီ၊
ေရွာင္ရီ တစ္ကိုယ္လုံး အသားေတြပင္
အညိုရိပ္သန္းလာၿပီးလုက်ိဳးရဲ႕ႏွာေခါင္း
က ေနေလာင္မႈေၾကာင့္ အေရျပားပင္
ေလာင္ေနၿပီ။
ေနာက္ဆုံး၌,ထ်န္းမို တြင္ ရိုက္ရမည့္ေနာက္ဆုံး
အခန္းသို႔ ေရာက္ၿပီ။
မနက္ငါးနာရီ အခ်ိန္ လူတိုင္းက ေနအထြက္ကို ေမွ်ာ္
လင့္ေနၾကတယ္၊သူတို႔ ေနထြက္လာသည့္အခ်ိန္မွရိုက္လို႔ရမွာျဖစ္တယ္၊ ဇာတ္ၫႊန္း ဆရာဒီဇာတ္ဝင္ခန္းကို ေရးတဲ့အခ်ိန္,လူတိုင္းက ခက္ခဲေၾကာင္း အျပင္းအထန္ ျငင္းခုံၾကဖူးတာမို႔ ေရွာင္ရီ အစိုးရိမ္ရဆုံးဇာတ္ဝင္ခန္း တစ္ခု
လည္း ျဖစ္တယ္။ေန႕တိုင္း အာ႐ုဏ္တက္ခ်ိန္ကိုသာဒီလိုဇာတ္ ကြက္ မ်ိဳးကို ေစာင့္ၿပီးရိုက္ေနရတာမို႔ အေပ်ာ္တမ္း ဒါရိုက္တာေတြပဲလုပ္ရမယ့္အရာလို႔ေတာင္ဒါရိုက္တာ
ကေတြးေနမိေသးတယ္။ေနထြက္ခ်ိန္ ကြက္တိႏွင့္ ခ်ိန္ညွိကာရိုက္ရသည္မို႔ ျပန္ရိုက္ရမယ္ဆိုရင္,ေနာက္တေန႕
မနက္ ေနထြက္ခ်ိန္ကို ျပန္၍ ေစာင့္ေပဦးေတာ့ပဲ။
ရာသီဥတုကလည္း ဆိုးဝါးမယ္,ေဘဂ်င္းက
လည္း အၿမဲတေစ အုံ႕မွိုင္းေနတာမို႔, ေနထြက္ခ်ိန္
အတြက္ အက်ိဳးသက္ေရာက္မႈက ေကာင္းမြန္တဲ့
အေတြးေတာ့ မဟုတ္ဘူး၊ ရိုက္ကူးေရး အဖြဲ႕သား
ေတြ ဇာတ္ၫြန္းဆရာကို ႏုပ္ႏုပ္စင္းခ်င္ေနၾကၿပီ။
ဒါေပမဲ့ဇာတ္ၫႊန္းဆရာကလည္း ေျပာင္းေပးလို႔
မရေၾကာင္း အခိုင္အမာျပန္ေျပာတယ္။ႏွစ္ဦးႏွစ္ဖက္ ျငင္းခုံၾကစဥ္ ဒါရိုက္တာက ဇာတ္လိုက္ႏွင့္ အမ်ိဳးသားဇာတ္ပို႔သ႐ုပ္ ေဆာင္ရဲ႕သေဘာထားတို႔ျဖင့္သာအဆုံးသတ္ခဲ့
တယ္၊လုက်ိဳးကေတာ့အဆင္ေျပေၾကာင္း ေျပာခဲ့တယ္, အကယ္၍ဒီေန႕အဆင္မေျပရင္,သူကေနာက္တေန႕
ေစာင့္မယ္။
ေနာက္ဆုံးဇာတ္ဝင္ခန္းကအေရးႀကီးၿပီး
ဇာတ္ဝင္စကားေျပာေတြလည္း အမ်ားႀကီး
မို႔ လုက်ိဳး ဇာတ္ၫြန္းေမ့သြားမွာကို ေရွာင္ရီ
စိုးရိမ္ေနမိတယ္၊ဇာတ္လိုက္က ဇာတ္ပို႔ကို
သတ္ရမည္ျဖစ္ၿပီး အဓိပ္ပါယ်ပေါင်းများစွာ
ျဖင့္ရႈပ္ေထြးလ်က္ခံစားသက္ဝင္မႈမ်ားစြာ
တို႔ လည္းလိုအပ္တယ္။
လုက်ိဳးကေတာ့ေရွာင္ရီ႕ကို စိတ္မပူဖို႔ေျပာတယ္၊
သူတို႔ နံနက္ႏွစ္နာရီ ေဘဂ်င္းမွထြက္ လာၾကၿပီး
ထ်န္းမိုသို႔ေရာက္ခ်ိန္ လုက်ိဳးက ေနာက္ခုံတြင္ထိုင္ၿပီး
မည္းေမွာင္ေနတဲ့ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္တယ္။
ကားထဲက ေလေအးေပးစက္က အေအး
ဓာတ္ပို ကဲေနတယ္၊ ေရွာင္ရီ နဲ႕ လုက်ိဳးတို႔ ေစာင္ေအာက္တြင္ ေပြ႕ဖက္လ်က္ရွိေနၾကတယ္၊ျပတင္း အျပင္ကို ၾကည့္ရင္း ,ဒီေန႕ေနသာေလာက္တယ္။
" စိတ္ပူမေနနဲ႕"
အမွန္တကယ္က်ေရွာင္ရီ က လုက်ိဳးထက္ ပို၍ စိုးရိမ္ေနတယ္။
လုက်ိဳး : " စိတ္မပူဘူး,ကိုယ္လုပ္နိုင္တယ္,
မင္း သီခ်င္းက ကိုယ့္ကို ကယ္တင္ခဲ့တာ"
"တကယ္လား?"
ေရွာင္ရီ မယုံနိုင္စြာျဖင့္ ေမးလိုက္မိတယ္။
လုက်ိဳးက မ်က္လုံးေတြကို မွိတ္ၿပီးဒူးေခါင္းေပၚလက္
ေခ်ာင္းမ်ားျဖင့္ ပုတ္ကာစည္းခ်က္လိုက္ရင္းေရွာင္ရီ
မေတာ္တဆတီးခတ္ခဲ့သည့္အမည္မသိေသာ သီခ်င္းရဲ႕သံစဥ္ကို ေယာင္ဝါးဝါးၿငီးဆိုလိုက္တယ္၊
ေရွာင္ရီ: " အဲ့လိုသာဆို ,ကြၽန္ေတာ္အဲ့ဒီ
သံစဥ္ကို recordယူလိုက္ရမွာ"
လုက်ိဳးကျပန္မေျဖခဲ့၊ညအလင္းေရာင္မွိန္ေဖ်ာ့ေဖ်ာ့
ေအာက္ လုက်ိဳးရဲ႕ ေဘးတိုက္ပုံစံကတိက်ျပတ္သားစြာ
ရွိေနလ်က္ ယုံၾကည္မႈ ျပင္းထန္ ေနတဲ့ ပုံစံေၾကာင့္ေရွာင္ရီ သူ႕ခံစားခ်က္ေတြကို ထိန္းခ်ဳပ္လို႔ပင္မရနိုင္ခဲ့ဘူး၊လုက်ိဳးလည္ပင္းအားေပြ႕ဖက္ၿပီး ေရွ႕သို႔တိုးကာနမ္းလိုက္တယ္၊လုက်ိဳးေခါင္းလွည့္လာၿပီးသူ႕အားဖိခ်ကာျပင္းထန္စြာ
နမ္းလာတယ္။
ထိုအခ်ိန္ ကားတံခါးေခါက္လာတယ္။
"စမယ္!!"
ဒါရိုက္တာရဲ႕ အသံကို အေဝးကေနၾကားေန
ရတယ္။
ေရွာင္ရီ ၿပဳံးမိတယ္၊လုက်ိဳး ခ်က္ျခင္း ထၿပီး,
"ကိုယ္သြားေတာ့မယ္"
"အေကာင္းဆုံးႀကိဳးစားေနာ္"
လုက်ိဳးက သူ၏အႏုပညာလမ္းေၾကာင္း
အတြက္ ဘဝသစ္တစ္ခုဆီသို႔ေရာက္ရွိ
နိုင္မည့္အာ႐ုဏ္ဦးရဲ႕အမွတ္အသားစတင္
ရာ မွိန္ေဖ်ာ့သည့္အလင္းေရာင္ေအာက္တြင္
ရပ္လိုက္တယ္၊လုက်ိဳးအားမိတ္ကပ္ျခယ္သမႈ
အျပည့္အစုံျဖင့္ေသနတ္တစ္လက္ကိုင္ကာ
သဲကႏၱာရထဲတြင္ မတ္တပ္ရပ္ေနတာကို ေရွာင္ရီ
ေတြ႕ေနရၿပီး အေဝးဘက္ဆီမွ ေတာင္တန္းေတြကို
ၾကည့္ေနမိရင္းလုက်ိဳး က အခက္အခဲေတြၾကားမွ
႐ုန္းထြက္လာနိုင္ၿပီဆိုတာကို ေရွာင္ရီ သိတယ္။
ယခုလုက်ိဳးက ယခင္ထက္ ပိုမို ေတာက္ပ
ၿပီး သူ႕ရဲ႕ ေရွ႕ေျပးဝိညာဥ္ကနိဗၺာန္မွ
ျပန္လည္ ေမြးဖြားလာသကဲ့သို႔ ပင္။
"အားးး...!"
လုက်ိဳး သဲကႏၱာရထဲမွစူးစူးဝါးဝါးေအာ္ဟစ္ေနတယ္။
ခါးကို လက္ျဖင့္ ဆုပ္ကိုင္ကာ သဲကႏၱာရထဲ
တေ႐ြ႕ေ႐ြ႕ ေလွ်ာက္လာရင္းသူလာရာလမ္းတေလွ်ာက္
ေသြးေတြကတစက္စက္ျဖင့္ စီးက်ေနတယ္။
က်န္းခ်မ္း႐ုန္ရဲ႕ ေသဆုံးမႈကအတိတ္က
ရာဇဝတ္မႈေတြကို မရွင္းလင္းနိုင္ေပမဲ့
သူ႕ကိုလည္းမလြတ္ေျမာက္ေစခဲ့၊ဟုရင္
ကသူ႕ကို ေနာက္ကလိုက္ဖမ္းတယ္၊
သူမလြတ္ေျမာက္နိုင္ေတာ့မွန္းသိေပမဲ့ ခုဆို
အာ႐ုံတက္ခ်ိန္ေရာက္ေနၿပီ။
ရွင္းဟုန္ခိုက္က အရွိန္ေလ်ာ့လိုက္ၿပီး
လုက်ိဳးတစ္ဦးတည္းသဲကႏၱာရထဲမွာ
႐ုန္းကန္ေစတယ္။
ဆက္တင္အဖြဲ႕မွေကာင္ေလးက ေရွာင္ရီ႕
ပခုံးအနီးတြင္အနားယူေနလ်က္ လက္ထဲ၌
အေဝးထိန္း ခလုတ္ကို ကိုင္ထားတယ္၊
ႏွစ္ေယာက္လုံးက စကားေျပာဖို႔ပင္ေမ့ေနလ်က္
လုက်ိဳးအား အေဝးကေနၾကည့္ေနရတယ္။
"ငါက မင္းကို အနိုင္ယူခဲ့တာမဟုတ္ဘူး"
ရွင္းဟုန္ခိုက္က ဝမ္းေျမာက္စြာေျပာလာတယ္,
" က်န္း႐ုန္, မင္းက မင္းကိုယ္မင္းဖ်က္ဆီးခဲ့တာ,
မင္းထြက္သြားလို႔မရေတာ့ဘူး,မင္းအၿမဲ အေမွာင္
ထဲမွာပဲ ေနေနရတယ္"
" ငါကိုယ္တိုင္ပဲရႈံးနိမ့္သြားတာ?"
လုက်ိဳး ပါးစပ္ထဲ၌ ေသြးေတြျပည့္ေနလ်က္
ရွင္းဟုန္ခိုက္ကို တုန္ယင္စြာၾကည့္ရင္း ေျပာလာတယ္၊
" ဘယ္လိုေတာင္အလြယ္ေျပာနိုင္ရတာလဲ?
ဒီႏွစ္ေတြမွာ ငါဘယ္လိုေတြ ေတြ႕ႀကဳံခဲ့ရတာလဲ
မင္းသိလား? ငါႏွစ္ေပါင္းမ်ားစြာ သူေဌးအတြက္
အလုပ္ေတြ ႀကိဳးစားၿပီး လုပ္ေပးခဲ့တယ္!ျပန္ရတာ
ကေတာ့ ငါ့ ခႏၶာကိုယ္ေပၚက ဒဏ္ရာေတြနဲ႕ အရွက္မဲ့
တယ္ဆိုတဲ့ နာမည္လား! မင္းကေရာ!မင္းကေရာ
သူ႕စိတ္ထဲအျခားသူေတြနဲ႕မတူဘူးလို႔ထင္ေနတာလား?!"
"မင္းလည္း သူေမြးထားတဲ့ ေနာက္ထပ္ ေခြးတစ္ေကာင္ပဲ ....!"
လုက်ိဳးက ေဒါသတႀကီး ေအာ္တယ္။
" မင္းခုထိ အသိတရား မရေသးဘူးလား!"
ရွင္းဟုန္ခိုက္က ေသနတ္ျဖင့္ခ်ိန္ၿပီး ေရွ႕တလွမ္းတိုးကာလုက်ိဳးကို ေအာ္ေျပာေလတယ္၊
" မင္းရဲ႕ဖိုင္ကို သူေဌးကဖ်က္ဆီးပစ္လိုက္တာၾကာၿပီ"
လုက်ိဳး ခ်က္ျခင္းထိတ္လန့္သြားခ်ိန္
ေရွာင္ရီ လည္း တခဏျခင္း ထိတ္လန့္
သြားတယ္။
"ဟင့္အင္း...ငါမညွိႏွိုင္းခ်င္ဘူး!"
လုက်ိဳး ႀကဳံးဝါးတယ္။
ထို႔ေနာက္ ႏွစ္ေယာက္လုံး တၿပိဳင္နက္ထဲ
ေသနတ္အား ခ်ိန္႐ြယ္ထားၾကတယ္။
ထိုသ႐ုပ္ေဆာင္မႈက တၿပိဳင္နက္ထဲ ျဖစ္ေန
တယ္၊က်န္းခ်မ္း႐ုန္ က ေနာက္ဆုံးအခ်ိန္ထိ
တန္ျပန္တိုက္ခိုက္လိုေသာ္လည္း ဟုရင္က
သူ႕ထက္လ်င္ျမန္တယ္၊ဟုရင္က အရင္ပစ္
လိုက္တယ္၊ေရွာင္ရီလည္း ဆက္တင္အဖြဲ႕မွ
ရီမု ခလုတ္ကို ဆုပ္ကိုင္၍ ဖိခ်လိဳက္တယ္။
ေသနတ္သံ ႏွင့္အတူ , လုက်ိဳးရဲ႕ ရင္ဘတ္ရွိ
ေသြးအိတ္မွ ေသြးမ်ားေပါက္ထြက္ကာ႐ႊဲစိုၿပီး
ေျမျပင္ေပၚ ျဖန္းပက္သြားတယ္။
ဆက္တင္ဝန္ထမ္းေလး"......"
ေရွာင္ရီ ေတြးမိသည္က, ရီမုကို ႏွိပ္ဖို႔ေမ့ေန
တဲ့အထိ မင္းၾကည့္ေနမယ္ဆိုတာ ငါသိတယ္,
ဆက္တင္ဝန္ထမ္းေလးက ေခြၽးေတြသုတ္လိုက္ၿပီး
ေရွာင္ရီအား ေခါင္းညိတ္ျပရင္း ေက်းဇူးတင္ေၾကာင္း
းေျပာလာတယ္၊အကယ္၍ ရီမု ႏွိပ္ဖို႔သာေမ့ပါက,
ဒါရိုက္တာက သူ႕အားheadshotတခ်က္တည္းျဖင့္
အေသသတ္ေလာက္တယ္။
လုက်ိဳး မိုးကုတ္စက္ဝိုင္းဆီသို႔ ေမွ်ာ္ၾကည့္ရင္း
သဲျပင္ေပၚ လဲေလ်ာင္းေနတယ္။
ေနထြက္လာၿပီ။
" ဟုရင္...!"
အမ်ိဳးသမီးဇာတ္ေဆာင္က ကင္မရာျမင္ကြင္းထဲသို႔
ေျပးဝင္လာတယ္။
ဒါရိုက္တာ: "ကဒ္..!...ခံစားခ်က္မမွန္ဘူး!"
မဟုတ္ဘူး!ကစားစရာမဟုတ္ဘူးေလ!
ဒီအခန္းကို ျပန္ရိုက္ရမယ္ဆို ေသၿပီပဲ!
အမ်ိဳးသမီး ဇာတ္ေဆာင္က ေနာက္ျပန္
ဆုတ္ၿပီး ထပ္မံ၍ ေျပးလာတယ္၊ ထိုအခ်ိန္
ရွင္းဟုန္ခိုက္ကလည္း ေခါင္းလွည့္ၾကည့္လိုက္
တယ္၊အမ်ိဳးသမီးဇာတ္ေဆာင္က အခ်ိန္ကိုက္
ေျပးဝင္ကာေပြ႕ဖက္လိုက္ခ်ိန္လုက်ိဳးက
သဲေျမျပင္ထက္ေသလူအျဖစ္ မလႈပ္မယွက္
လဲေလ်ာင္းေနခဲ့တယ္။
ေနာက္ဆုံးဒါရိုက္တာထံမွ,
"အိုေက!"
ထိုစကားကို ၾကားၾကားခ်င္း လုက်ိဳး ထၿပီး
ေရွာင္ရီ ဆီ ေျပးသြားတယ္၊သူတို႔ႏွစ္ေယာက္
က မင္းသားနဲ႕ မင္းသမီး ကဲ့သို႔ ေပ်ာ္႐ႊင္မႈျဖင့္
တရွိန္ထိုးလွည့္ပတ္ကာပ်ံသန္းေနၾကတယ္၊
လုက်ိဳး က်ယ္ေလာင္စြာရယ္ေမာေနမိတယ္၊
သူအရင္ကဆိုဒီေလာက္ထိမေပ်ာ္ဘူးခဲ့ဘူး၊
ေရွာင္ရီလည္း ငိုမဲ့မဲ့ေလး ျဖစ္ေနၿပီ၊ ႏွစ္ေယာက္
သားေပြ႕ဖက္ရင္းေနထြက္ခ်ိန္တြင္ရပ္ေနမိၾကတယ္။
"မရိုက္နဲ႕, မရိုက္နဲ႕! ေဟး!"
လုက်ိဳးက ကင္မရာထံ ေအာ္တယ္,
" ဘာလုပ္တာလဲ! ေလာင္ရွီး! ကြၽန္ေတာ့္ကို
မ်က္ႏွာလႊဲထားေပးစမ္းပါ!"
"ရိုက္ကြင္းေနာက္ကြယ္က ရိုက္ခ်က္ေလ!"
ဒါရိုက္တာက ေျပာလာတယ္,
" ေနာက္ကြယ္က ျမင္ကြင္းက မဆိုးဘူး,
ဆက္လုပ္..ဆက္လုပ္, ခံစားခ်က္ေတြ
သက္ဝင္ေနတယ္, ဆက္လုပ္! ဇာတ္ဝင္ခန္း
အမ်ားစုက တည္ၿငိမ္ဖို႔ ခဲယဥ္းတယ္!"
ဒါရိုက္တာ: "လုက်ိဳး ,မိတ္ကပ္မဖ်က္နဲ႕ဦး,
ျပန္ရိုက္ရင္လည္းရိုက္မယ္, ငါတခ်က္နည္း
နည္းျပန္ၾကည့္ၿပီး မင္းကို ေျပာမယ္"
သူ႕ကို ဘုရားသခင္က ဒဏ္ရာေတြေပးျပန္ၿပီ
လို႔ ေရွာင္ရီေတြးမိတယ္၊ အဲ့လိုမလုပ္ပါနဲ႕,
ဒါရိုက္တာရယ္...အဲ့လိုခ်ည္းကမေကာင္းဘူးေလ...
လုက်ိဳး ေခါင္းသာတခ်က္ညိတ္ျပလိုက္တယ္၊ေလာေလာဆယ္ဘာမွလုပ္စရာမရွိေတာ့သည္မို႔ ႏွစ္ေယာက္သားကားကိုမွီေနလိုက္တယ္၊
ေရွာင္ရီ: " တကယ္ေတာ့, အကုန္ၿပီးေအာင္လုပ္ဖို႔က အသံသြင္းတဲ့ အေပၚလည္းအမ်ားႀကီး မူတည္ေသးတယ္"
လုက်ိဳး လက္ခါျပရင္း ေျပာလာတယ္,
"အသံေနာက္ခံကအၿမဲတမ္းလုပ္ရင္
မေကာင္းဘူး,ဒါေၾကာင့္ အေတာ္မ်ားမ်ား
က ႐ုံႀကီးေပၚ ေရာက္ေအာင္ တည္းျဖတ္ၿပီး
ထုတ္လုပ္ၾကတာ, သူတို႔ မကြၽမ္းက်င္မွေတာ့
ဒီအလုပ္ဘယ္လုပ္ၾကမလဲ?"
ေရွာင္ရီ ေတြးမိၿပီး ေနာက္ သေဘာတူလိုက္
တယ္၊ရိုက္ကူးေရး အဖြဲ႕သားေတြက လုက်ိဳး
အား မိတ္ကပ္ဖ်က္လို႔ရေၾကာင္း ေျပာရင္း
ခုန အခန္းက အဆင္ေျပေၾကာင္းပါေျပာ
လာတယ္၊ဇာတ္လိုက္ႏွစ္ေယာက္ သဲကႏၱာရ
ထဲ လမ္းေလွ်ာက္သည့္ အခန္းကို ရိုက္ေနခ်ိန္
သူတို႔ႏွစ္ေယာက္ အဲကြန္းဖြင့္ကာ ခဏကား
ထဲမွာထိုင္ရင္း စကားေျပာေနလိုက္ၾကတယ္၊
ေရွာင္ရီ လုက်ိဳးရဲ႕ ပခုံးေတြကို ႏွိပ္ေပးေနခ်ိန္
လုက်ိဳး ေျပာလာတယ္,
" ကိုယ္တို႔ ဒီေန႕ ျပန္ေရာက္ရင္ဂုဏ္ျပဳပြဲ
ေလး က်င္းပရေအာင္! ဟားးး, မင္းဒယ္ဒီ
ျပန္ေအာင္ျမင္ေတာ့မယ္!"
ဒီ႐ုပ္ရွင္အတြက္ box office နဲ႕ ပတ္သက္ၿပီး ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳးမရွိေသးဘူး၊ဒါေပမဲ့ လုက်ိဳးက
သူ႕အတြက္ အသင့္ေတာ္ဆုံးနည္းလမ္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ေနာက္ဆုံးတြင္ ျပန္လာနိုင္ခဲ့တယ္၊တစ္လခြဲအၾကာ,
႐ုပ္ရွင္ရိုက္ကူးမႈ ၿပီးစီးသြားခဲ့တယ္၊အားလုံထမင္းအတူတူ စားၾကၿပီး အာလာပသလာပေျပာၾကတယ္၊ ေနာင္အနာ
ဂတ္တြင္ အခြင့္ရွိမည္ဆိုပါက ထပ္မံ၍ပူးေပါင္းေဆာင္႐ြက္
ၾကမည္ဟု လည္း သေဘာတူခဲ့ၾကတယ္။
လုက်ိဳးနဲ႕ ရွင္းဟုန္ခိုက္တို႔က ႐ုပ္ရွင္ထဲ၌
အၿပိဳင္သ႐ုပ္ေဆာင္ၾကေသာ္လည္း ရိုက္
ကူးေရး ျပင္ပ၌ တစ္ေယာက္နဲ႕ တစ္ေယာက္
အဆက္အသြယ္သိပ္မရွိၾကဘူး၊သို႔ေသာ္
သူကေတာ့ အၿမဲတမ္း ႀကိဳးစားေနဆဲ၊
ရိုက္ကူးေရး ၿပီးဆုံးၿပီမို႔ လူတိုင္းအလုပ္အား
ဖ်က္သိမ္းၾကခ်ိန္ လုက်ိဳးက အသံသြင္းရန္
ေနာက္ထပ္ အခ်ိန္သုံးရက္ၾကာတယ္၊လုက်ိဳးက
တကယ့္ကို ထူးျခားလြန္းသူဟု ေရွာင္ရီ
ေတြ႕ရွိရျပန္တယ္၊ဇာတ္ၫြန္းကို အလြတ္
က်က္ၿပီး သ႐ုပ္ေဆာင္ပိုင္းကိုပါမလြတ္ကင္းေစ
ပဲ ႏွစ္ခုလုံးအတြက္ သူအလြန္ႀကိဳးစားတယ္၊
အသံသ႐ုပ္ေဆာင္သည့္အပိုင္းေရာက္တဲ့တိုင္
လုက်ိဳးက ဇာတ္ေကာင္ရဲ႕ ခံစားခ်က္ကို
အျပည့္အဝ လိုက္နာေနဆဲပဲ။
သူက အသက္ျပင္းျပင္းတခ်က္ရႈလိုက္ၿပီး
မ်က္ႏွာအား မိုက္ႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္
တယ္၊ထို႔ေနာက္ မုန္းတီးစိတ္ႏွင့္အတူ ေဒါသတရား
တို႔ ေရာႁပြန္းေနသည့္ ၾသရွရွ အသံက ဖန္သားျပင္ေပၚမွ ဇာတ္ေကာင္ႏွင့္ယွဥ္တြဲကာ ထြက္ေပၚလာတဲ့အခါ ေရွာင္ရီ ႏွလုံးခုန္သံေတြ ရပ္တန့္မတတ္ပင္ျဖစ္သြားတယ္။
" မင္းဒီေလာက္ေလးေတာင္မခံနိုင္ဘူးလား"
လုက်ိဳး ေရွာင္ရီကို ေျပာလာတယ္။
လုက်ိဳးကို ခ်ီးက်ဴးရန္ သူ႕ဘဝတေလွ်ာက္ လုံးေျပာဖူး
သမွ် အလွပဆုံး စကားလုံးေတြကို အသုံးျပဳရန္စုေဆာင္းလိုက္တယ္၊ထိုစကားလုံးေတြကို ၾကားလိုက္ရတဲ့အခါ
လုက်ိဳးတကိုယ္လုံးၾကက္သီးေမႊးညွင္းေတြထလာ
တယ္၊ေရွာင္ရီ လုက်ိဳးရဲ႕ ခါးကို ထပ္မံ၍ ဆုပ္ကိုင္ကာ
စိတ္လႈပ္ရွားစြာျဖင့္ၾကည့္လိုက္တယ္။
"အ႐ူးေလး!"
လုက်ိဳး ေအာ္ၿပီး ေရွာင္ရီအား ဆြဲယူကာ
ဆိုဖာေပၚ ဖိခ်ကာ စတင္ေတြ႕ထိလိုက္တယ္။
.....
ၾသဂုတ္လကုန္တြင္ေဘဂ်င္း၌ မုန္တိုင္းရွိတာမို႔ ေရွာင္ရီ နဲ႕လုက်ိဳးတို႔ ညေနပိုင္းတြင္သာေစ်းဝယ္ထြက္ခဲ့ၾကတယ္၊ကားကို တေနရာတြင္ရပ္ထားရၿပီး ေရေတာထဲဆင္းရျပန္တယ္၊မႏွစ္ကမုန္တိုင္းကိုေတာင္ေရွာင္ရီ ျပန္သတိရမိ
တယ္၊ အဲ့ဒီအခ်ိန္က သူ႕ကို လုက်ိဳးက အိမ္တြင္ေပြ႕ဖက္ထားရင္း သီခ်င္း ေကာင္းေကာင္းမေရးနိုင္သည့္
အတြက္ ဆူပူႀကိမ္းေမာင္းခဲ့ဖူးတယ္။
" ဟိုဘက္ကို မေလွ်ာက္နဲ႕!"
လုက်ိဳး ေအာ္လာတယ္,
" အဲ့ဒီဘက္မွာေရေတြခ်ည္းပဲ!လမ္းေဘး
ဘက္ကေန မေလွ်ာက္တတ္ဘူးလား!"
ေရွာင္ရီ:"....."
ကားတစ္စီး ျဖတ္သြားခ်ိန္ လုက်ိဳးထံေရစင္
သြားတဲ့အခါ ေရွာင္ရီ ခ်က္ျခင္းထရယ္လိုက္မယ္၊
" မင္းကေလ...ငါ့အေဖနဲ႕ ပိုပိုတူလာတယ္!"
လုက်ိဳး ေရွာင္ရီ ကို စိုက္ၾကည့္ၿပီး,
"ျမန္ျမန္ေလွ်ာက္..သြား!"
" ႐ုပ္ရွင္ရိုက္ဖို႔လည္းမရွိေတာ့,ပိုက္ဆံေရာ
အလုံအေလာက္ရွိရဲ႕လား?"
မိုးၿခိမ္းသံ ေတြနဲ႕ အတူ လွ်ပ္စီးလက္ေနခ်ိန္
လုက်ိဳး ေျပာလာတယ္,
" မရွိေတာ့ဘူး! ယြမ္20000ပဲက်န္တယ္"
ဒါက အမွန္တရားဆိုတာကို ေရွာင္ရီ သိတယ္၊
" ကြၽန္ေတာ္တို႔ ဘာလုပ္ၾကမလဲ?!"
"မသိဘူး! ကိုယ္မင္းကိုလစာမေပးဘူးေနာ္!
မင္းမုန့္ဖိုးေတြအကုန္သုံးရင္, အကုန္ကုန္
သြားလိမ့္မယ္!"
လုက်ိဳးသူ႕ကို စေနတယ္ဆိုတာကို ေရွာင္ရီ
သိလိုက္ၿပီ,
"ေကာဝတ္ထားတဲ့ အတြင္းခံတခ်ိဳ႕
ကြၽန္ေတာ္ျပန္ေရာင္းလို႔ ရမလား?
ေကာနာမည္ဟိုးအရင္လိုျပန္မႀကီး
ေသးေပမဲ့,အန္ကယ္ႀကီးေတြကိုေတာ့
ကြၽန္ေတာ္ေရာင္းေပးလို႔ရေသးတယ္!"
လုက်ိဳး :"....."
မုန္တိုင္းကၿမိဳ႕အႏွံ႕ ဝင္ေရာက္ေနေပမဲ့
သူတို႔ အိမ္ေလးကေတာ့ ပူႏြေးေနတယ္။
ေရခ်ိဳးကန္ထဲလည္း ေရႏြေးေတြ ျပည့္ေန
တယ္၊လုက်ိဳးကေရခ်ိဳးကန္တြင္မွီလ်က္
ရွိေနၿပီး ေရွာင္ရီကလုက်ိဳးအားသူ႕ေက်ာေပး
ကာလုက်ိဳးရင္ခြင္ထဲဝင္ထိုင္ရင္းသူတို
႔ႏွစ္ေယာက္ေရခ်ိဳးကန္ႀကီးထဲ၌အတူေရခ်ိဳး
ေနၾကတယ္။
အေရျပားခ်င္းထိေတြ႕ ေနရတဲ့ ခံစားမႈက
အရမ္းသက္ေတာင့္သက္သာရွိတယ္၊
လုက်ိဳး က ရမ္ေလးေသာက္ၿပီး ေရွာင္ရီ
ရဲ႕ ဘ႑ာေရးမွတ္တမ္းမ်ားကို သူ႕ Ipadမွ
ၾကည့္ရင္း ေရကန္ထဲ၌ၿပဳံးေပ်ာ္ေနတယ္။
လုက်ိဳး :" အိမ္က 27သန္းတန္တယ္,ဒီႏွစ္ေတြမွာ 40%ထပ္တိုးလာတယ္, ေ႐ြ႕ေျပာင္းနိုင္တဲ့ ပစၥည္းက 55သန္းေက်ာ္ရွိတယ္,ႏွစ္စဥ္ ရတဲ့ အတိုးႏႈန္းက
17%ရွိတယ္, အေသအ ခ်ာမွတ္ထားေနာ္,
မင္းစားစရာမရွိေတာ့ဘူး"
ေရွာင္ရီ ေၾကာင္သြားတယ္၊ လုက်ိဳးတြင္ သန္းေပါင္းဆယ္ခ်ီက်န္ေသးတယ္၊သူ႕ရဲ႕ကိုယ္ပိုင္ေငြေၾကးကို ပုဂၢလိက
ဘဏ္ႀကီးတစ္ခုတြင္အပ္ႏွံ ထားတယ္၊ပွ်မ္းမွ်အားျဖင့္
တြက္ခ်က္ရင္ေတာင္ႏွစ္စဥ္အတိုးႏႈန္းက 12%ရေန
တယ္၊ ပုဂၢလိကဘဏ္ဝန္ေဆာင္မႈ ကလည္း သူနာျပဳငွားတာမ်ိဳး ,သန့္ရွင္းေရး ဝန္ေဆာင္မႈ ေတြကဲ့သို႔ အံ့ၾသစရာ
ဝန္ေဆာင္ မႈေတြကို ေပးေသးတယ္။
အဲ့ဒီအျပင္ လုက်ိဳးက ေငြဆုံးရႈံးမႈမရွိသည့္
ပန္လိုင္ ဝိုင္စက္႐ုံမွာလည္း ရင္းႏွီး ျမဳပ္ႏွံ
ထားေသးတယ္၊ခုထိ လုက်ိဳး အဲ့ဒီလုပ္ငန္း
ကအျမတ္မထုတ္ရေသးဘူး။
" အဲ့ဒီဘက္က အျမတ္ထြက္ဖို႔ ဆယ္ႏွစ္ေလာက္ ၾကာ
ဦးမယ္...အဲ့ဒါကိုဂ႐ုမစိုက္နဲ႕,ဒါကိုပဲ မင္းျပန္ၾကည့္"
"မလိုဘူး ေလ.."
ေရွာင္ရီ ဆုံးျဖတ္ခ်က္ခ်ၿပီး ေျပာလိုက္တယ္,
"ကြၽန္ေတာ္က စီးပြားေရး အျမင္မရွိဘူး,
ဒါေၾကာင့္မို႔ ေကာရဲ႕ ေငြေရးေၾကးေရးကို
ကြၽန္ေတာ္မကိုင္တြယ္တတ္ဘူး, ဒါေတြက
ေငြေၾကး ဆိုင္ရာအႀကံေပးေတြပဲလုပ္တတ္
တာမလား?"
"အႀကံေပးကမင္းေလာက္အကူအညီမရဘူး"
လုက်ိဳးက ေျခေထာက္တဖက္ျမႇောက္ေထာင္
လိုက္ၿပီး ေရွာင္ရီခါးေလးကို ဖြဖြေလးပြတ္တယ္၊
" ေနာက္ရက္ေလာက္က် ဘဏ္စာအုပ္
အတြက္ ကိုယ္မင္းကို ဘဏ္ေခၚသြားမယ္,
ေနာင္ဆို, မင္းကိုယ္တိုင္ကိုယ့္အေကာင့္ထဲ
က ေငြဒါတိုက္ယူလို႔ရၿပီ, မင္းေဘဂ်င္းမွာ
အိမ္ေလးတစ္လုံးေလာက္ဝယ္ခ်င္တယ္
မလား?"
"ဟင့္အင္း..ဟင့္အင္'
ေရွာင္ရီ ခ်က္ျခင္း ျပန္ေျပာလိုက္တယ္,
" ေသခ်ာတယ္မလိုခ်င္ဘူး"
လုက်ိဳး : "မင္းမိသားစုကို သတိရတယ္
မလား, မင္းညီေလးကို လည္း အလုပ္တစ္ခု
ရွာ ေပးရမယ္ေလ,ဝယ္လိုက္ပါ"
"အဲ့ဒါကေလတကယ္မလိုဘူး"
လုက်ိဳး ေငြရွာရခက္တာကို ေရွာင္ရီသိတယ္,
လူတိုင္း ေငြရွာရခက္တယ္၊ေဘဂ်င္းမွာ
အိမ္တစ္လုံးဝယ္မယ္ဆို 7သန္း ,8သန္း
သို႔မဟုတ္ သန္းဆယ္ခ်ီ ကုန္က်လိမ့္မယ္,
လုက်ိဳးက ေသခ်ာေပါက္သူ႕ကိုဝယ္ေပး
ခ်င္တဲ့ ဆႏၵရွိတယ္၊ဘယ္လိုပဲျဖစ္ျဖစ္ အိမ္
တစ္လုံးဝယ္ရင္ သန္းဆယ္ခ်ီ တႀကိမ္ထဲ
ထြက္သြားမယ္, လုက်ိဳး ဘယ္ေလာက္ပဲ
ပိုက္ဆံရွိေသးတယ္ဆိုေစဦးထိုတန္ဖိုးက
သူ႕အတြက္ မ်ားျပားလြန္းတဲ့ ပမာဏ
ျဖစ္ေနတုန္းပဲ။
" သူတို႔ အိမ္ေပါင္ထားတာကို ကြၽန္ေတာ္ရွင္းေပး
လိုက္မယ္...အဲ့လိုဆို ကြၽန္ေတာ္လစာ
ယြမ္ 2သိန္း ျပန္ပို႔လိုက္ရင္ လုံေလာက္ၿပီ"
"မင္းမိဘေတြက ခုထိ မင္းကို အိမ္ေထာင္ျပဳဖို႔
တိုက္တြန္းေနတုန္းလား?"
"ဟင့္အင္း"
"မျဖစ္နိုင္တာ...အရင္တုန္းက မင္းကို
အိမ္ေထာင္ျပဳဖို႔ ဘယ္ႏွစ္ခါေတာင္
တိုက္တြန္းခဲ့လဲ?"
ေကာသိၿပီးရင္လည္း ဘာလို႔ထပ္ေမးေနေသး
တာလဲ, ဘယ္အိုးကိုဖြင့္,ဘယ္အိုးကို ပိတ္,
မိဘေတြရဲ႕ ျပႆနာက အလြယ္တကူ
ျဖတ္ေက်ာ္လို႔မရတာပဲေလ!
" မင္းရဲ႕ နတ္ဘုရားကို ခ်စ္တဲ့အခ်စ္အတြက္
မင္းမိသားစုကို သစၥာေဖာက္နိုင္လို႔လား?"
"နတ္ဘုရားအတြက္ မဟုတ္ဘူး"
ေရွာင္ရီ ခဏေလာက္စဥ္းစားၿပီးေျပာလိုက္တယ္,
"ဒါေပမဲ့ ေကာက ကြၽန္ေတာ့္ခ်စ္သူ,ၿပီး
ေတာ့ ေယာက်္ား တစ္ေယာက္ အေနနဲ႕
ေကာအတြက္ ကြၽန္ေတာ္မွာတာဝန္ရွိတယ္,
ဘာပဲျဖစ္ျဖစ္, ကြၽန္ေတာ့္မိသားစုနဲ႕ စကား
ေကာင္းေကာင္းေျပာရမယ္,ဒါေပမဲ့သင့္
ေလ်ာ္တဲ့အခြင့္ေကာင္းကို ကြၽန္ေတာ္
ေစာင့္ဖို႔ေတာ့ လိုတယ္"
လုက်ိဳး : "မင္းကို ကိုယ္စြန့္ပစ္ခဲ့မွာ
မေၾကာက္ဖူးလား?"
ေရွာင္ရီ : "ဟင့္အင္း"
လုက်ိဳး : " ၿပီးေတာ့ မင္းလည္း သိတယ္မလား?
ေယာက်္ား ေရာ မိန္းမေတြပါ ကိုယ့္ကို လိုက္ေန
တဲ့ သူေတြ အမ်ားႀကီး ရွိတယ္ေလ"
ေရွာင္ရီ လုက်ိဳးကို အၿပဳံးေလးျဖင့္ ၾကည့္လိုက္တယ္၊
" ေကာက အဲ့လိုလုပ္မယ္လို႔ေတာ့မထင္ဘူး"
ေရွာင္ရီထိုသို႔ေျပာလိုက္ရင္းသူ႕အေတြး
ထဲမွာေတာ့, ေကာရဲ႕ WeChatကို
ကြၽန္ေတာ္ အႀကိမ္ႀကိမ္ ခိုးၾကည့္ေနတာ
ေတာင္ ေကာမသိဘူးေလ, က်န္းေရွာင္ကုံး
ဆီေတာင္ေကာ ကိုယ္တိုင္WeChatမက္ေဆ့
တစ္ေစာင္ပို႔ထားေသးတယ္,ကြၽန္ေတာ့္ကို
ေတာင္ေကာက ေျမေတာင္ေျမႇာက္ေပးခ်င္
ခဲ့တယ္, ေကာက ကြၽန္ေတာ့္ကိုေတာင္
တသက္တာအတြက္ ပိတ္ေလွာင္ခ်င္ေန
တာကို, အျခားလူေတြနဲ႕ ပတ္သက္မယ္
ဆိုတာဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ....
လူအမ်ားစုက စြန့္ပစ္ခံရမွာကို ေၾကာက္ၾက
တယ္ဆိုတာလည္း မွန္တယ္, ဒါေပမဲ့ ေရွာင္ရီ
အဲ့ဒါကို မေျပာဝံ့ဘူး, အကယ္၍ သူသာလုပ္မယ္
ဆို,က်ိန္းေသ ေရခ်ိဳးကန္ထဲ ဆူနာမီ ျဖစ္သြား
လိမ့္မယ္ဆိုတာေတြးေနဖို႔မလိုဘူး။
" မိသားစုကိစၥကို ဘယ္လိုေျဖရွင္းရမလဲ
ဆိုတာကြၽန္ေတာ္ စဥ္းစားမယ္"
ခဏအၾကာေရွာင္ရီ စဥ္းစားၿပီး ထပ္ေျပာလိုက္တယ္,
" ဒါေပမဲ့ ေသခ်ာေပါက္ေျဖရွင္းနိုင္မယ္လို႔
ကြၽန္ေတာ္ကတိေပးတယ္"
"မင္းက ဘယ္လိုေျဖရွင္းမွာလဲ"
ေရွာင္ရီ ေတြးေလၿပီ၊
" အခ်ိန္တစ္ခုေရာက္လာရင္,ကိုယ္
နိုင္ငံျခားမွာ အငွားကိုယ္ဝန္ေဆာင္ရွာ
မယ္, ၿပီးရင္နည္းပညာနဲ႕ အႁမြာရနိုင္မယ့္
နည္းပညာကို စုံစမ္းရမယ္,ကေလးႏွစ္ေယာက္
ရရင္,မင္းတစ္ေယာက္ ,ကိုယ္တစ္ေယာက္,
ညီကို ႏွစ္ေယာက္က မိခင္တစ္ေယာက္တည္း
ပဲ ျဖစ္ရမယ္, အေမရိကန္မွာေမြးဖြားခြင့္မွတ္ပုံတင္
လိုက္မယ္ဆို, ေနထိုင္ခြင့္ေတာင္ကင္းလြတ္ခြင့္
ရမယ္,လူဦးေရထိန္းခ်ဳပ္မႈဥပေဒကိုေက်ာ္လြန္တဲ့
အတြက္ ဒဏ္ေငြ ခုႏွစ္သန္းေပးေဆာင္ရျခင္း
ကိုလည္းေရွာင္ရွားနိုင္မယ္"
"အားးး!"
ေရွာင္ရီ ဝမ္းသာလာတယ္,ဒီလိုေလးက
အဆင္ေျပတယ္လို႔ သူေတြးမိတယ္,
လုက်ိဳးအတြက္လည္း ျပႆနာမရွိနိုင္
ဘူး၊ဒါေၾကာင့္ သူေမးလိုက္တယ္၊
" ကိုယ္ဝန္ေဆာင္ခက ဘယ္ေလာက္လဲ?"
လုက်ိဳး စဥ္းစားၿပီးေနာက္ ေျပာလာတယ္,
" ဟိုးအရင္က အဲ့လို အစီအစဥ္ရွိဖူးတယ္,
ကိုယ့္မွာ သားသမီးမရွိမွာကို ေၾကာက္လို႔ ,
အဲ့ဒီအဝန္းအဝိုင္းထဲမွာရွိတဲ့သူငယ္ခ်င္း
ေတြကို ကိုယ္ေမးၾကည့္ဖူးတယ္, ေဒၚလာ
တစ္သန္းေလာက္ ရွိမယ္ေျပာမယ္"
ေရွာင္ရီ: "ဒါဆို ကြၽန္ေတာ့္မိသားစုကိုက်
ကြၽန္ေတာ္ဘယ္လိုေျပာရမလဲ?"
" မင္းရဲ႕ မိဘေတြကိုက် မင္းေကာင္မေလး
တစ္ေယာက္နဲ႕ ေတြ႕ၿပီး ကေလး တစ္ေယာက္
ရတယ္, သူက ကေလးကို မလိုခ်င္တာမို႔
မင္းက ျပဳစုပ်ိဳးေထာင္ရမယ္, ဒါဆိုအလုပ္ မျဖစ္
နိုင္ဘူးလား!"
ဒါက အေျခအေနတစ္ခုကို ကယ္တင္နိုင္
ရန္လွည့္ျဖားတဲ့ နည္းလမ္းတစ္ခုလို႔
ေရွာင္ရီ ေတြးမိတယ္၊လုက်ိဳးက
ၿပဳံးၿပီးေျပာလာတယ္,
" ဒါေၾကာင့္ မင္း ပိုက္ဆံရွာဖို႔လိုတယ္,
မင္းသာပိုက္ဆံရွိေနရင္, မင္းအိပ္မက္
ေတြကိုအေကာင္အထည္ေဖာ္နိုင္မယ္,
ေငြက ျပသနာအားလုံးကို ေျဖရွင္းေပး
နိုင္တယ္,လမင္းနဲ႕ ေငြ၆ပဲ ကိုသိလား ?
လမင္းႀကီးက မင္းရဲ႕ အိပ္မက္,ေငြကမင္
းေျခေထာက္ေအာက္မွာရွိတယ္, လကို
ၾကည့္ေနရင္,ပိုက္ဆံကို မျမင္ပဲျဖစ္လိမ့္မယ္"
လနဲ႕ ေငြ၆ပဲကို ေကာက အဲ့လိုေတြးလိုက္တာကို,ထား
လိုက္ပါေတာ့, အိုေကပါ, ကြၽန္ေတာ့္ရဲ႕အရွင္ရယ္သိပါၿပီ, ေကာရဲ႕ နာမည္ေျပာင္ကို လုဖာခ်ိဳင္လို႔ သူတို႔မွည့္က်
တာအမွန္ပဲ။
လုက်ိဳး (အာ႐ုဏ္ဦးရဲ႕စစ္ပြဲ)ကို ရိုက္ကူးၿပီးေနာက္,
ေနာက္ထပ္ဇာတ္ၫြန္းတစ္ခုကို လက္ခံခ်င္ေသးတယ္၊သို႔ေသာ္, သူ႕ဆီ ခုတေလာ ဘယ္သူ႕ဆီမွမလာၾကဘူး၊
ေသနတ္ပစ္ခတ္ျခင္းေၾကာင့္ သူ႕ပခုံးေတြျပန္နာလာေသးတယ္၊ေရွာင္ရီကေတာ့သူ႕အား မည္သည့္ဇာတ္ၫြန္း
ကိုမွထပ္မံ၍ လက္မခံေစဘဲ ခဏအနားယူခိုင္းဖို႔
ဆုံးျဖတ္ခဲ့တယ္၊ဥေရာပကို ဟန္းနီးမြန္းထြက္မယ္,
ျပန္လာၿပီးေနာက္အိမ္မွာဆက္အနားယူဖို႔ပါ
ဆုံးျဖတ္ခဲ့တယ္။
ေရွာင္ရီ ခရီးစဥ္မွျပန္လာၿပီးေနာက္
႐ုပ္ရွင္႐ုံထဲတြင္ထိုင္ကာ လုက်ိဳးရဲ႕ပထမ
ဆုံးComebackဇာတ္ကားကိုၾကည့္ေနတယ္။
(T/N..လုက်ိဳးရိုက္တဲ့ကားသစ္ကိုေျပာတာပါ)
က်န္းခ်မ္း႐ုန္ရဲ႕ အခန္းေတြကမ်ားစြာျဖတ္ေတာက္ျခင္းခံခဲ့ရတယ္၊ ဇာတ္ေကာင္စရိုက္အား လုံးဝေပ်ာက္ကြယ္လုနီးပါးျဖစ္နိုင္သည္အထိ အျခားသူေတြရဲ႕ စာနာနားလည္မႈ အား ရရွိနိုင္သည့္ဗီလိန္အျဖစ္မွေပ်ာက္ကြယ္လုနီးပါး
ပင္ျဖစ္ေနတယ္၊ ေရွာင္ရီ အစပထမေတာ့ အရမ္း
စိတ္မေကာင္းျဖစ္မိတယ္၊သူတို႔ ဒီ႐ုပ္ရွင္ကို ေလးဆယ္ဒီဂရီ နီးပါးရွိေသာေနေရာင္ေအာက္၌ ႏွစ္လနီးပါးရိုက္ကူးခဲ့ရတယ္၊ေနပူပူထဲ ,မိုးေရေတြေအာက္ရိုက္ခဲ့ရတာမို႔အပူ
ရွပ္ၿပီး အေအးမိခဲ့တယ္၊မနက္ေျခာက္နာရီထဲကအိပ္ရာထၿပီး ညဆိုႏွစ္နာရီေလာက္မွအိပ္ရာဝင္ရတယ္၊ အဆုံး
သတ္တြင္, လုက်ိဳးရဲ႕ အခန္းကဆယ့္ငါးမိနစ္ထက္ပင္
မပိုသည္အထိျဖတ္ေတာက္ခဲ့ၾကတယ္။
သို႔ေသာ္ သူၾကည့္ေနမိတုန္းပဲ,ေရွာင္ရီ ႐ုပ္ရွင္ထဲသို႔
လုံးဝႏွစ္ျမဳပ္ေနခ်ိန္ေဒါသေတြကိုပါေမ့သြားတယ္။
ရွင္းဟုန္ခိုက္ရဲ႕ သ႐ုပ္ေဆာင္မႈက အသင့္
အတင့္တြင္ရွိတယ္၊ဒါေပမဲ့ လုက်ိဳး ေပၚလာခ်ိန္ ,
႐ုပ္ရွင္႐ုံထဲမွ ပရိသတ္ေတြ ခ်က္ျခင္းပင္
ခတ္မတ္မတ္ျဖစ္သြားၾကတာကိုေရွာင္ရီ
သတိထားလိုက္မိတယ္။
သူလုက်ိဳးအားလွည့္ၾကည့္လိုက္ခ်ိန္ ,
လုက်ိဳးက႐ုပ္ရွင္ကိုလုံးဝမၾကည့္ဘဲ
သူ႕ကိုၾကည့္ေနသည္အားေတြ႕လိုက္ရတယ္။
ေရွာင္ရီရယ္လိုက္မိၿပီး လုက်ိဳးရဲ႕ လက္ေခ်ာင္းေလးေတြ
ကိုယွက္ျဖာကာဆုပ္ကိုင္လိုက္ၿပီးေနာက္ ဖန္သားျပင္ႀကီး
ကို ျပန္ၾကည့္လိုက္တယ္။
လုက်ိဳး: "မင္းတစ္ခုခု ေျပာခ်င္ေနတာမလား?"
ေရွာင္ရီ: " ခုလိုလုပ္တာက အမွားအယြင္း
တစ္ခု ေၾကာင့္လား? အဲ့ဒီ တ႐ုတ္စာလုံးကို
ကြၽန္ေတာ္ေတြ႕ဖူးတယ္"
လုက်ိဳး :"......"
ေသနတ္ပစ္ခန္းေတြေရာက္ခ်ိန္ ,
ေရွာင္ရီ ထိတ္လန့္သြားတယ္။
႐ုပ္ရွင္ရိုက္ကူးေနခ်ိန္တုန္းကလို ထိတ္လန့္
မႈမ်ိဳးမဟုတ္ဘူး! ခုက အရမ္း ပီျပင္လြန္းတယ္,
ခုတြင္ အသံအား သုံးဆယ့္ႏွစ္ထိဖြင့္ထားၿပီး
အထူးျပဳလုပ္ခ်က္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြ
နဲ႕ယွဥ္တြဲထားတဲ့အခါ ေရွာင္ရီ ခ်က္ျခင္း
ဂေယာင္ေခ်ာက္ျခားေတြျဖစ္လာတယ္။
ယေန႕ေခတ္ရဲ႕ ႐ုပ္ရွင္အထူးျပဳလုပ္ခ်က္
ေတြက အရမ္းေကာင္းတယ္၊လုက်ိဳးနဲ႕
ရွင္းဟုန္ခိုက္တို႔ ေသနတ္ပစ္ခတ္မႈ စတင္
ခ်ိန္က်ည္ဆံထိပ္ဖူးတို႔က ဖန္သားျပင္ကို ေဖာက္
ထြက္ၿပီး ႐ုပ္ရွင္႐ုံႀကီးကိုပင္ ပ်က္စီးေစလုမတတ္
အလ်ားလိုက္ပ်ံတက္လာတယ္၊လူဆိုးေတြၾကား
လုက်ိဳးက ဖိုက္တာ တစ္ေယာက္ျဖစ္ေနၿပီး
အထူးသျဖင့္ ေသနတ္သံေတြ ရပ္တန့္သြားခ်ိန္
ကမၻာႀကီးတစ္ခုလုံး ၿငိမ္သက္သြားတယ္၊
ထိုအခ်ိန္ ကင္မရာျမင္ကြင္းက ႐ုတ္တရက္
ေျမျပင္ေပၚသို႔ေရာက္ရွိသြားတယ္၊လုက်ိဳး
ေျခတစ္လွမ္း လွမ္းလိုက္ခ်ိန္ ႐ုပ္ရွင္႐ုံႀကီး
တစ္ခုလုံးသိမ့္ သိမ့္တုန္သြားသလို ခံစားေနရတယ္။
W6597❤❤❤❤❤
.................