ကိုယ့်ချစ်သူလက်ထောက်လေး (Comp...
By LazyFlower555
160K 20.3K 412
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ More
Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl
EP40(U&Z)
2.2K 275 2
By LazyFlower555
.[ U ]
ရေချိုးပြီးနောက် လုကျိုး bathrobeဝတ်ပြီး ရေခဲ ရေသောက်လိုက်တယ်။
ရှောင်ရီ : "ကောက လုံးဝပုံမှန်ပါပဲ"
လုကျိုး : " ကိုယ်က နဂိုကတည်းက ပုံမှန်ပဲ...
မင်းရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးပါ"
ရှောင်ရီ : "....."
ရှောင်ရီ စိတ်ထဲကနေရယ်လိုက်မိတယ်။
လုကျိုးနဲ့ သူ ခုတင်ပေါ်တွင်လဲလျောင်း
နေပြီးလုကျိုးက ဘာမှမဖြစ်ခဲ့သလို
တီဗွီကြည့်နေတယ်။ သူကတော့ လက်ရှိအခြေအနေကို အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်ပေမဲ့ရှောင်ရီ ကတော့
အရမ်းပျော်နေတာမို့ လူးလိမ့်နေတယ်။
ဘာကြောင့်ရယ်မသိ ခုချိန်တွင်ရှောင်ရီ့ ရဲ့
တစ်ခုတည်းသောအတွေးက လုကျိုး နှင့်
ပွေ့ဖက်နေဖို့မဟုတ်ဘဲ တစ်စုံတစ်ယောက်
ကို ရှာဖွေကာ ပြောပြချင်နေခြင်းပင်။
ဟားးးးးး!.ငါက နတ်ဘုရားနဲ့ လုပ်ပြီးပြီ!
ဝိုးးးးးး! ဟားးးး ငါကအခု နတ်ဘုရားနဲ့
ပတ်သက်မှု တစ်ခုရှိနေပြီ! ငါတို့ အဲ့ဒါကို
လုပ်ပြီးပြီ! ပတ်သက်မှု တစ်ခုဖြစ်ပြီ!
ဝိုးးးး အားးးးးး!!!!
ရှောင်ရီ တစ်ယောက် ထိုသတင်းအား
ထျန်းယပေါ် အပြေးအလွှားသွားတင်
ပြီး အော်ဟစ်ချင်မိတယ်၊
မင်းတို့ရဲ့ နတ်ဘုရားက ငါ့အပိုင်ကွ!
လုကျိုးရဲ့ ခေါင်းပေါ်တွင် ရှောင်ရီ၏ပိုင်ဆိုင်မှု ဟူသော စာတန်းလေးထားနိုင်မယ် သို့မဟုတ်လုကျိုးဘေးနားလဲလျောင်းကာ
ဓာတ်ပုံရိုက်ပြီး ထိုဓာတ်ပုံကိုပင် Weibo
တွင် ပိုစ့်တင်ချင်မိတယ်။
သေချာတာပေါ့..ဒါတော့ မဖြစ်နိုင်ဘူးလေ။
အတိုချုံးပြောရမယ်ဆို, မီးတွေပိတ်ပြီး
အိပ်ဖို့ပြင်တဲ့အထိရှောင်ရီ စိတ်နဲ့လူမကပ်သေးဘူး၊အိပ်မက်မက်နေတုန်းပဲလို့ ရှောင်ရီ
ခံစားမိနေဆဲ။ မမျှော်လင့်ဘဲသူလုကျိုးနဲ့
တကယ်ကြီး အိပ်လိုက်ရတယ်, အခုဆို
သူတို့ ချစ်သူတွေဖြစ်နေကြပြီ,
ကမ္ဘာကြီးကတကယ့်ကို အံ့သြစရာပဲ။
နောက်တနေ့တွင် ရှောင်ရီ လုကျိုးရဲ့ထွေးပွေ့မှုနှင့်အတူ နိုးလာခဲ့တယ်။သူတို့နှစ်ယောက်
ခဏမျှနမ်းလိုက်ကြပြီး ထိုအရာကိုမနက်ခင်းမှာပဲနောက်တကြိမ် ထပ်လုပ်မိကြတယ်။
ဒီတကြိမ်မှာတော့ ရှောင်ရီလုံးဝနိုးကြားနေပြီ၊
လုကျိုးက အချိန်အတော်ကြာဖိနှိပ်ခဲ့ရပြီးရှောင်ရီ နဲ့မှခံစားမှုအပြည့်အဝအားရခဲ့ခြင်းဖြစ်လောက်တယ်။ နောက်ရက်အနည်းငယ်တွင်, ရှောင်ရီလည်း လုကျိုးနဲ့ လုပ်ရခြင်း
ကို နှစ်သက်လာတယ်။ လုကျိုးကခွေးရိုင်း
တစ်ကောင်ဖြစ်လုနီးနီးပင်,သူလုပ်ချင်
စိတ်ရှိတိုင်းလုပ်နေတော့တယ်။ နေ့လည်ဘက် မြေအောက်ထပ်အားကစားခန်းတွင်
လုကျိုးပြေးပြီးတဲ့နောက်အပေါ်တက်လာတယ်၊အပေါ်မှာပဲရှောင်ရီနှင့်ကာမဆက်ဆံမှုထပ်လုပ်ပြီးနောက် ရေသွားချိုးလေတယ်။
ရှောင်ရီကတော့ လုံးဝကြီးကိုလဲနေပြီ, သူတွေးမိတယ်၊ ဘာလို့ သူကအောက်ခံလူဖြစ်သွားရတာလဲ...သူ့ ဂန္ဒမာပန်းလေးကပုရိသ
နတ်ဘုရားရဲ့တနေကုန်ထိုးဖောက်ခြင်းကို
ခံရသည်မို့ အရမ်းကြောက်ဖို့ကောင်းပေမဲ့
သူဒါကို ကြိုက်တယ်။ အထူးသဖြင့်လုကျိုး
က အချိန်အတော်ကြာချုပ်တည်းခဲ့ရတာမို့
အခုတွင်သူ့ကို ပုံစံအမျိုးမျိုးဖြင့် လုပ်နေတယ်။ သူ့ရဲ့ ဆာလောင်မှုနဲ့ ငတ်မွတ်မှုတို့အား နောက်ဆုံးတွင်ဆန္ဒ ပြည့်ဝသွားသကဲ့
သို့သူစိတ် ဆန္ဒရှိရင်ရှိသလိုရှောင်ရီနှင့်
ဒါကို လုပ်တယ်။
ဒုတိယအကြိမ် ပြီးတဲ့နောက် ,ရှောင်ရီ ကအင်တာနက်တွင် ရှာဖွေပြီး ပိုမို ကောင်းမွန်အောင် ဘာတွေလုပ်ရမလဲဆိုတာကို သိခဲ့ရတယ်။
လုကျိုးလုပ်နေစဥ် အလယ်လောက်၌မပျော့သွားတာမို့ ခဏလေးနဲ့ပြီးခြင်းကစိတ်ပိုင်းဆိုင်ရာ အတားအဆီးကြောင့်ဖြစ်လောက်တယ်။ ပထမဆုံးအကြိမ်အဆင်ပြေနေ
သရွေ့ လုကျိုး ပို၍ ပို၍ပင်ယုံကြည်ချက်
ရှိလာတယ်။
ရှောင်ရီက လုကျိုးအား သူနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ရာစတင်ပြုလုပ်ခဲ့တယ်၊
ဒါပေမဲ့ လုကျိုးကို သူမြင်ရတဲ့အချ်ိန်,
အထူးသဖြင့် လုကျိုးလေ့ကျင့်ခန်း
လုပ်ပြီးချိန်တွေမှာတော့ လုကျိုးကို
ကူညီဖို့ရာဝေးစွသူ့ကိုယ်သူပင်မကူညီနိုင်တော့ဘူး။ချွေးတွေရွဲနေသည့်ဆွဲဆောင်မှု
ရှိတဲ့ ယောကျ်ားတစ်ယောက်ရဲ့ခန္ဓာကိုယ်
ပုံစံကိုသူမြင်ရတယ်လေ။
တစ်ပတ်နီးပါးကြာပြီးတဲ့နောက်,တက်ကြွလန်းဆန်းမှုတို့လည်းကုန်ဆုံးသွားခဲ့ပြီး
ရှောင်ရီသည်လည်းအနည်းငယ်မျှ
ကိုယ် အဂ်ါ အစိတ်အပိုင်းတွေလှုပ်ရှားမှု
အားနည်းလာတယ်။ဘဝကြီးက တဖြေးဖြေး ပုံမှန်လို ပြန်ဖြစ်သွားပေမဲ့လုကျိုးကတော့
ဒါကို ညတိုင်း တောင်းဆိုနေဆဲပဲ။ ရှောင်ရီ
အလွန်အကျွံ့ လုပ်ပါကကြာရှည်အတွက်
မကောင်းနိုင်မည်အားသိသည်မို့ လုကျိုး
ကိုတပတ်တွင်း သုံးကြိမ် ထက်ပိုမတောင်း
ဖို့ ပြောရတော့တယ်။
အဲ့ဒီအပြင်,ရှောင်ရီ ဘဝရဲ့အပြောင်းအလဲ များထဲမှတစ်ခုကသူ့ အခန်းမှ လုကျိုး
အခန်းသို့ ပြောင်းရွေ့ရခြင်းဖြစ်တယ်။
သူတို့ နှစ်ယောက် အိပ်ရာတစ်ခုထဲ
အတူတူအိပ်ကြပြီး လုကျိုးပုံစံ အရုပ်ကြီး
ကိုတော့အခန်းထဲရှိ ဆိုဖာသေးသေးလေးပေါ်ထိုင်ခိုင်း လိုက်တယ်။
ဒါပေမဲ့ ဘဝက အများကြီး ပြောင်းလဲတယ်လို့လည်း မဆိုသာဘူး, နေ့တိုင်း ခုလိုအတိုင်းလေးသာရှိနေဆဲပဲ။ဘယ်အချိန်က စတင်ခဲ့မှန်း သူမသိပေမဲ့ သူတို့ရဲ့ နေ့စဥ်ဘဝလေးက
ဆက်ဆံရေး တစ်ခုရှိနေတယ်၊သူတို့ နေ့တိုင်း အတူရှိကြတယ်, စာအုပ်တွေဖတ်ကြတယ်,
အွန်လိုင်းသုံးတယ်, စကားလေး နည်းနည်း
ပါးပါးပြောပြီး ဟင်းချက်ဖို့စျေးသွားကြတယ်...သူတို့ဘဝလေးက ဒီလိုပဲ....တစ်ယောက်နဲ့ တစ်ယောက်လည်းပိုပြီး
အမှီသဟဲ ပြုလာကြတယ်။
အရင်ကတည်းက လုကျိုးက ရှောင်ရီအား
မည်သည့်အရာကိုမှကွယ်ဝှက်ထားခြင်း
မရှိခဲ့ဘူး၊ အခုတွင်မူ ရှောင်ရီကလုကျိုးရဲ့ ဖုန်းကိုပင် ပြောင်ပြောင်တင်းတင်းကြည့်နိုင်လာခဲ့တယ်။
တကယ်တော့ ချစ်သူရဲ့ဖုန်းကို ကြည့်ခြင်းက မကောင်းဘူး၊ဒါပေမဲ့ သူ့ရဲ့ စပ်စုချင်တဲ့စိတ်ကြောင့်နည်းနည်းလေးတော့ချောင်းကြည့်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။လုကျိုး
ဘာတွေပြောလဲဆိုတာကိုသူတွေ့ချင်ပြီး
လုကျိုးရှေ့မှာတော့ဘယ်တော့မှထုတ်ပြောလိမ့်မည်မဟုတ်ပေ။
လုကျိုးတွင် WeChat ဂရုများစွာရှိသော်လည်း အချို့လောက်သာစကားပြောလေ့ရှိတယ်။ဂရုပေါင်းများစွာထဲမှတစ်ခုက
သူတို့သူငယ်ချင်းတွေချည်းရှိတဲ့ဂရုဖြစ်ပြီး
ထိုဂရုထဲရှိအများစုက ရုပ်ရှင်မင်းသားတွေဖြစ်ကာပုရိသနတ်ဘုရားတို့ စုစည်းရာနေရာဆိုလည်းမှားမည်မထင်။ ထိုအထဲတွင်
ပါဝင်ကြသူများကလီမင်,ကျန်းရှောင်ကုံး, တီးယဟုခေါ်တဲ့နာမည်ကြီး အစီအစဥ်ကြေညာသူနှင့် နိုင်ငံခြားတွင်အလုပ်လုပ်
နေတဲ့ ရီရှောင်မိုင်အမည်ရတဲ့ကောင်မလေး တစ်ယောက်တို့ ဖြစ်တယ်။လုကျိုး အပါ
စုစုပေါင်း ငါးယောက်ရှိတယ်။
လွန်ခဲ့သည့်တပတ်က သူလုကျိုး နှင့် အိပ်ပြီးတဲ့နောက် , လုကျိုးက WeChat ဂရုထဲသို့
မက်ဆေ့ တစ်စောင် ပို့ခဲ့တယ်။
{ဟားဟား, မင်းအဖေငါ, နောက်ဆုံးတော့
ယုန်လေးကို ဖမ်းမိသွားပြီ! ငါ့ကိုအမြန်
ဂုဏ်ပြုလိုက်တော့!}
ရှောင်ရီ :"......."
အမျိုးမျိုးသော ဂုဏ်ပြုစကားများအပြီး
လီမင်က ပြောလာတယ်,
[ ကံကောင်းခြင်းလု, ငါအရင်က ပြောခဲ့သလို, မင်း ယောကျ်ားတွေကို စိတ်ဝင်စားပါတယ်ဆို, ကြည့်လေ]
[ ဟမ်, သူက အရင်မင်းအဖေကိုသွေးဆောင်ခဲ့တာမဟုတ်ဘူးလား!]
ရှောင်ရီ စိတ်ထဲကနေအရူးအမူး စောဒကတက်မိတယ်, ဘယ်သူက
အရင်သွေးဆောင်တာလဲ! မဟုတ်တာ
တွေ လျှောက်မပြောပါနဲ့လား!
ကျန်းရှောင်ကုံး :[ မင်းပြန်လာပြီလား? ပြန်လာတာကောင်းတယ်,မင်းဘဝကို အေးအေးချမ်းချမ်းနေတော့, မင်းကိုယ်
မင်းလည်း မနှိပ်စက်နဲ့တော့,ငါတို့ ညီကို
တွေလည်း မင်းနှိပ်စက်တာနဲ့ သေတော့မယ်"
တီးယ: [ ကျိုးကော,ကျိုးကော,ကော ..
ဘာအစီအစဥ်တွေရှိလဲ?]
လုကျိုး : [ ငါမသိသေးဘူး, သူ့မှာ မိဘ
တွေရှိတယ်, ငါခန့်မှန်းရသလောက်
သိပ်တော့မလွယ်ဘူး,အရင်ဆုံးတွဲနေပြီး
နောက်မှဒီအကြောင်းပြောရမယ်,
ပြီးတော့ နောင်တချိန် လက်ထပ်ပြီး
နေဖို့လည်း နေရာရှာရမယ်]
တီးယ :[ ကျွန်တော်ပြောတာက,ကောရုပ်ရှင်ဆက်ရိုက်ဦးမှာလား? ဘယ်သူက မင်းတို့
လက်ထပ်ဖို့ အကြောင်းမေးလို့လဲ? ကျွန်တော်က ချိတ်ပေးမလို့ကို, ကောကမစုံစမ်းတော့
ဌာနကစီနီယာကတောင် စိုးရိမ်နေသေးတယ်]
လုကျိုး : [ ငါ့ဆက်ဆံရေးလေးအခြေကျသွားမှဒါကို ပြောကြတာပေါ့, အချိန်မရဘူး,
ငါနောက်ဆုံးတော့ ငါချစ်တဲ့သူကို ရှာတွေ့ခဲ့ပြီ, ငါက ဒီလိုမျိုး ကံကောင်းတယ်,ဒါကို
လူသိရှင်ကြားပြောဖို့ အခွင့်အရေး ပေးမယ်ဆို ငါအရင်ဆုံးဒရမ်မာတစ်ခုလက်ခံမှရမယ်]
သူပြန်လာချိန်ထိ ရှောင်ရီ အပေါ်ဘက်ကို
ရွေ့ဆွဲလိုက်တယ်။
[ သူပြန်လာပြီ, ညီကိုတို့ ပြောဦး!
ဘာလုပ်ရမလဲ!?]
လုကျိုးရဲ့ အသံကအနည်းငယ်စိုးရိမ်
နေပုံရတယ်။
ကျန်းရှောင်ကုံး : [ ဘာလုပ်ရမလဲ..
ဘာလုပ်ရမလဲ...သူ့ကို အရင်လုပ်လိုက်!
ပြီးမှဒီကိစ္စကို လာထပ်ပြော!]
ရှောင်ရီ :"........"
ရှောင်ရီ စိတ်ထဲကနေ ကြုံးဝါးလိုက်မိတယ်,
မင်းတို့တွေက ငါ့ကို အကုန်ဝိုင်းကြံကြတာပဲ!
အစကတည်းက အကုန်စီစဥ်ထားတာတွေ
ခုတော့ ပေါ်လာပြီ!
လုကျိုး : [ သူငါ့ကိုမချစ်ရင်ဘယ်လိုလုပ်
မလဲ!]
[မင်းကို သူကဘာလို့မချစ်မှာလဲ]
လီမင်ရဲ့ အသံထွက်ပေါ်လာတယ်,
[အဲ့ဒီကလေးရဲ့ ပုံစံလေးက ဟွမ်ရှောင်ကျင်းရဲ့ သူငါ့ကိုပထမဆုံးစမြင်ဖူးတဲ့ပုံစံအတိုင်းပဲ]
လုကျိုး : [ အချစ်လား?အချစ်ဆိုတာကို
ငါမခံစားဖူးတော့မသိဘူး! မင်းတို့ရဲ့ညီကို အတွက် ဘယ်သူနည်းလမ်းရှာပေးမှာလဲ?
ငါနာကျင်နေဟန်ဆောင်သင့်တယ်လို့ထင်လား? ဒါက မင်းအဖေရဲ့ တသက်တာပျော်ရွှင်မှုနဲ့ သက်ဆိုင်တယ်နော်, ညီကိုတို့
ငါမင်းတို့ကိုယုံကြည်စိတ်ချလို့ရနိုင်လား!]
[အဓိပ္ပာယ်မရှိတာတွေ] ..ရီရှောင်မီဆိုတဲ့
အကောင့်မှ မိန်းကလေးအသံ ထွက်လာတယ်၊
[လုကျိုး , နင် ယောကျ်ားမလား?
နင်ယောကျ်ားဆိုရင်,နင်လုပ်စရာရှိတာ
လုပ်လိုက်တော့, နင်တကယ်အဲ့ဒါကို
မလုပ်နိုင်ရင်, နင်ဘာလို့အရက်မသောက်
တာလဲ? အကြောသန်ဆေးနဲ့ တွဲသောက်
လို့ရတယ်, နင်အခွင့်အရေးယူလို့ရတယ်!
သူကတောင်နာမည်ကြီး တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကိုငြင်းပယ်ပြီးနင့်အတွက်ခွေးတစ်ကောင်လိုအပြေးပြန်လာတာ,သူထွက် ပြေးမှာကို နင်ကကြောက်နေသေးတာလား?
နင်က ငွေကြေးပံ့ပိုးသူဖြစ်နေပြီးရွေလက် ချောင်းလည်း ပိုင်ဆိုင်ပြီးနေပြီ။အကယ်၍
သူနင့်ကို မချစ်ဘူးဆိုရင်တောင်သူနင့်ကို
ချစ်အောင်လုပ်လို့မရဘူးလား..အင်တာ
နက်ကစာအုပ်မှာလည်းအဲ့လိုရေးထားဘူး
တယ်မလား?]
ရှောင်ရီ :"....."
လုကျိုး : [ဘယ်စာအုပ်လဲ? ငါကြည့်ချင်လို့
နည်းနည်းပြောပြပေးလို့ရလား?]
ရီရှောင်မီ : "[ ဟေး , ခုအတွက်ကအချစ်ဝတ္ထု မဖတ်နဲ့,ညစ်ညမ်းကားသွားကြည့်,ငါနင့်
ကြည့်ဖို့ဝတ္ထုရှယ်ကောင်းကောင်းလေးတွေ
ပို့ထားပေးမယ်၊စာရေးဆရာSu You Bing
ရဲ့ဝတ္ထုတွေက ငါ့ကို ည ဘက်ကြီး ခွေးတစ်ကောင်လိုရယ်မောစေတယ်"
ရှောင်ရီဆက်ပြီးအပေါ်ဘက်သို့ဆွဲလိုက်ရင်း
တွေးမိတယ်..ဖောခ့်! WeChat မှာကြော်ငြာတွေတောင် ပါသေး, TXTကိုဖတ်ရတာအဆင်ပြေလား? ဘုရားရေ, မူလဗားရှင်း
ကို ပဲ သုံးမှာလား? မင်းက အမေရိကန်
တစ်ယောက်, မင်းရဲ့ ကျင့်ဝတ်သိက္ခာတွေကတော့ အိုဘားမားစားသွားတာပဲဖြစ်မယ်။
ပြီးခဲ့သည့်လက မက်ဆေ့များထဲတွင်
လုကျိုး၏အချို့သော မက်ဆေ့များ
လည်းရှိနေသေးတယ်။
[ မင်းအဖေငါ့ ဘဝကြီးကဘယ်လိုဖြစ်ပြီး
ဒီလောက်တောင်ကျရှုံးသွားရတာလဲ?]
လုကျိုးရဲ့ မူးဝေဝေအသံကြီးထွက်လာတယ်,
[ အလုပ်,အလုပ်ကလည်း မကောင်းဘူး,
အချစ်, အချစ်ဆိုတာလည်း ပြစရာကမရှိ,
ငါက အရှုံးသမားဖြစ်နေပြီ ]
ကျန်းရှောင်ကုံး :[ ဟန်ဆောင်နေ]
လီမင် : [ဟန်ဆောင်နေ]
ရီရှောင်မီ : [ဟန်ဆောင်နေ ±]
လုကျိုး : [ ရှောင်ရီလည်းမရှိတော့ဘူး,
ဒါကြောင့်ငါသရုပ်ဆောင်လို့လည်းမရ
တော့ဘူး, ငါ့အတွက်ဘယ်သူစဥ်းစားပေး
ကြမှာလဲ,ဟေး]
တီးယာ : [မင်းရဲ့ အကောင်သေးလေးကို
မင်းကိုယ်တိုင်ပဲတွန်းထုတ်ပစ်ခဲ့တာမဟုတ်ဘူးလား?]
လုကျိုး :[ ငါအခုနောင်တရတယ်ငါမလုပ်နိုင်ဘူး!]
ရှောင်ရီ ထိုစကားကို ကြားလိုက်ရတော့အနည်းငယ်ပင်ဝမ်းနည်းသွားမိတယ်၊အဲ့ဒီနေ့က လုကျိုး တစ်ယောက်အရက်တွေသောက်ပြီးဘယ်လောက်ခံစားနေရမလဲဆိုတာကို သူမသိခဲ့ဘူး။ သူ့ကို အရမ်းလွမ်းနေလောက်တယ်၊သူလည်း လုကျိုးကိုအရမ်းလွမ်းခဲ့တာပဲလေ။
နှစ်သစ်ကူးအကြိုနေ့ဆီသို့ စာတွေဆွဲချ
လိုက်တယ်။
လုကျိုးက မက်ဆေ့ တစ်ခုပို့ထားတယ်,
ဘေဂျင်း မှာ လေထန်နေပုံရလျက် သူ့အသံက ခံစားချက်နှင့်အတူ ဆို့နစ်နေပုံရတယ်။
လုကျိုး : [ ရှောင်ရီ, ကိုယ်မင်းကို ချစ်တယ်]
ရှောင်ရီ : "......"
ကျွန်တော်လည်း ကျိုးကောကိုအရမ်း
ချစ်တယ်, ကော ကျွန်တော့်ကို ဒီလောက်
ထိချစ်ခဲ့မှန်း ကျွန်တော်တကယ်မသိခဲ့ဘူး။
ပြီးတော့ အဲ့ဒီအချိန်တုန်းကကျွန်တော်
အရမ်းဝမ်းနည်းခဲ့ရတယ်! ဒါပေမဲ့ကော
အရင်တုန်းကအရမ်းဝမ်းနည်းနေခဲ့တာကို
ကျွန်တော်အခုသိရတဲ့အခါဘာလို့
ကျွန်တော်ပျော်နေမိတာလဲ!
ကျွန်တော် ဘာလုပ်သင့်လဲ အားးးး!!
ကျန်းရှောင်ကုံး : [ မင်းဘာလို့ ငိုနေတာလဲ!]
လီမင်: [ ခုက နှစ်သစ်ကူးကြီး, ညီကိုလုရေ
ငိုမနေနဲ့,နိမိတ်မကောင်းဘူးဟ! ]
ရီရှောင်မီ : [.နင်တို့ထဲက ဘယ်သူက
ငါ့ထက်ပိုသနားစရာကောင်းမှာလဲ!
နှစ်သစ်ကူးပြီးရင် အလာစကာမှာ အင်တာဗျူးသွားလုပ်ရမယ်!]
တီးယ: [ ငါ, ငါလေ,ငါ...အခုနွေဦးပွဲတော်
မှာ ရောက်နေတယ်! အနည်းဆုံးတော့ နင်တို့
အားလုံးကမှအားလပ်ရက်ရသေးတယ်]
လုကျိုး :[ မင်းတို့စိတ်ကောင်းမရှိဘူး]
ရှောင်ရီ :"......'
လုကျိုးရဲ့ သူငယ်ချင်းတွေကို ချောင်းကြည့်ရခြင်းက လုကျိုးထက်ပို၍ စိတ်ဝင်စားစရာကောင်းကြောင်း ရှောင်ရီ အခုသဘောပေါက်
လာတာမို့ သူတို့စကားပြောဆိုထားတာတွေကို ဆက်လက်စူးစမ်းနေခဲ့တယ်။
ရီရှောင်မီ : [ နင်သူ့ကို ကြိုက်ရင်,သူ့ဆီ ဖုန်းခေါ်လိုက်လေ, သူက နင့်ကို အလေးထားပြီး
ဆက်ဆံခဲ့ ပေမဲ့ နင်ပဲသူ့ကို မောင်းထုတ်ခဲ့တယ်, နင့်ရဲ့ ဧကရီက နင့်ကို အမြင်ကြည်မှာတောင်မဟုတ်ဘူး,ပိုစ့်တစ်ခုလောက်
အမြန်လေးတင်လိုက်, ခုမှလာပြီးတုန်လှုပ်
ပြနေတာလား?]
ကျန်းရှောင်ကုံး: [ မင်းဘာလုပ်နေတာလဲ ,.
လုကျိုး! မင်းရဲ့ ဦးနှောက်ကြီးတံခါးခြားထဲ
ညှပ်နေတာလား? မင်း သူ့ကို ချစ်ရင် အမြန်ပြေးပြီး ဖွင့်ပြောလိုက်လေ, ငါ့လေယာဥ်
ငှားပေးလိုက်ရပါ့မလား ?]
လုကျိုး : [ ထားလိုက်ပါ...မေ့လိုက်တော့]
တီးယ :[ ဟေး ကျိုးကော, ဘာတွေစိတ်ရှုပ်နေလဲ? ဒီည 12နာရီ မင်းအစားငါဖွင့်ပြောဖို့
ကူညီပေးမယ်ဆိုရင်ရောဘယ်လိုလဲ?
ချစ်ရတဲ့ ရှောင်ချန်းလေးရေ, လုကျိုးကမင်းကို ချစ်တယ်တဲ့, တကယ်လို့ မင်းလည်းနွေဦးပွဲတော် အစီအစဥ်ကို ကြည့်နေတယ်ဆိုရင်,
မင်း ဖုန်းကနေ 'ငါလည်း မင်းကိုချစ်တယ်
ဆိုတဲ့ မက်ဆေ့လေး ပြန်ပို့ပေးပါကွာ"]
လုကျိုး : [ သူ့နာမည်က ရှောင်ရီကွ !
ရှောင်ချန်းက သူ့ညီ !]
လီမင်:[ တီးယ ကို ရိုက်ကူးရေးလုပ်ဖို့ ခေါင်းဆောင်ခေါ်သွားတာထင်တယ်]
ငါးမိနစ် လောက်အကြာ ,တီးယ ပြန်ရောက်လာပြန်တယ်။
တီးယ : [ ငါမကူညီနိုင်တော့ဘူး]
ရှောင်ရီ : "......"
ရှောင်ရီ ဒီအရူးအုပ်စုကို လိုက်မကြည့်
နိုင်တော့ဘူး။ သူဂရုချက်ထဲမှထွက်ပြီးbrowserထဲသို့ဝင်ကြည့်လိုက်ရာ
သူလုကျိုးထံ ပေးပို့ထားတဲ့ မက်ဆေ့
တွေကို တွေ့ရတယ်။ လုကျိုး ဘက်မှအကုန်လုံးကို seenပြထားပေမဲ့ အကြောင်းပြန်မထားဘူး။
ဒါက ဘယ်လိုရူးသွပ်မှု မျိုးလဲ?
ဘာလို့ အစကတည်းက ရှင်းရှင်း
လင်းလင်းမပြောခဲ့ရတာလဲ?!
အကယ်၍များ ဘဝကြီးက ရုပ်ရှင်တစ်ခုသာဆိုရင်, လုကျိုးရဲ့ အပြုအမူတွေက ရုပ်ရှင်ထဲကထွက်လာသလို ပဲလို့ ရှောင်ရီတွေးမိတယ်။
ဒါပေမဲ့ ရှောင်ရီ ဒီအကြောင်းကို တွေးမိတော့,
သူသာ ခုလို အဖြစ်မျိုးနဲ့ မကြုံဖူးခဲ့ရင်
ခုထိ သိမ်ငယ်စွာဖြင့်ရှိနေမဲ့ လက်ထောက်လေးသာဖြစ်နိုင်လောက်တယ်။
လုကျိုးကြောင့်သာရှောင်ရီဆိုတာဖြစ်လာခဲ့တာပင်။
ရှောင်ရီ WeChatကို ထပ်ကြည့်လိုက်တဲ့
အခါနောက်ဆုံးသော စာက ကျန်းရှောင်ကုံး
နှင့် ပြောထားခြင်းဖြစ်တယ်။
လုကျိုး : [ ကုံးကော, ငါရုပ်ရှင်ရိုက်ချင်တယ်]
ကျန်းရှောင်ကုံး: [ ကောင်းပြီ, မင်းအေးဂျင့်ရှာတွေ့ပြီလား? ငါလည်း မင်းကို မေးပေးမယ်]
လုကျိုး : [ ငါလည်း အဲ့ဒါကိုပဲစဥ်းစားနေတာ,
ငါကအသက်ကြီးလာပြီ, ဇာတ်ညွန်းတွေလည်းမေ့တယ်,တစ်ခုခု ထပ်ဖြစ်မှာက်ို
ငါစိုးရိမ်တယ်]
ရှောင်ရီ လုကျိုးရဲ့ ဖုန်းကို နဂိုအနေအ
ထားအတိုင်း ပြန်ထားလိုက်ပြီး ထိကိုင်
ထားသည့်ပုံစံ မပေါ်စေရန်ထောင့်ဖက်တွေ
ကိုဂရုတ စိုက် ချိန်ညှိလိုက်တယ်။ ထို့နောက်,
ဖုန်းကြိုးကိုလည်း အနည်းငယ်မကာချိန်ညှိလိုက်ပြီး အရုပ်လေးရဲ့ခြေထောက်လေးကို
စားပွဲအနားသို့မျက်နှာမူလိုက်တယ်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ သီချင်းလေးငြီးပြီး အပေါ်ထပ်သို့တက်လာခဲ့လိုက်တယ်။
လုကျိုးက ခုရက်ပိုင်းအတွင်း အလွန်ပျော်နေပုံရလျက် Taobaoကိုတောင်အပြုံးလေးဖြင့်
ကြည့်နေတယ်။ရှောင်ရီ သူ့ကို ကျော်သွားလိုက်ချိန် လုကျိုး အပြုံးတို့ ရပ်တန့်သွားလျက် မေးလာတယ်။
"ဘာလဲ?"
ရှောင်ရီ ခုတင်ပေါ်ပစ်လဲလိုက်တယ်။
လုကျိုး :" ???"
လုကျိုး : " မင်းဘာသွားလုပ်ပြန်တာလဲ?"
"ကျွန်တော်မပျော်ဘူး....."
တဆက်တည်းမှာပဲရှောင်ရီ မျက်နှာကိုပါ
ငုံ့ချလိုက်တယ် ။
လုကျိုး စိတ်မရှည်စွာပြောလာတယ်,
" ကိုယ်တို့ပတ်သက်ပြီးတဲ့နောက်
အသေးအဖွဲလေးတွေကိုမင်းစိတ်ထဲ
ဘာလို့ထားနေရတာလဲ?! မင်းစိတ်ထဲ
ဘာတွေပဲရှိရှိ ထုတ်ပြောလို့မရဘူးလား?"
ရှောင်ရီ ခေါင်းမော့ပြီး မေးလိုက်တယ်,
" ကောဘာဝယ်နေတာလဲ?"
လုကျိုး : "မင်းအလုပ်မဟုတ်ဘူး"
ရှောင်ရီ: "ကျွန်တော့်ကိုတခါလောက်နမ်း"
လုကျိုး : " အိုး.....ဒီကိုလာ"
ရှောင်ရီ ရှေ့သို့တိုးလာလျက် လုကျိုးရဲ့IPad
မျက်နှာပြင်ကို ချောင်းကြည့်လိုက်သေးတယ်။လုကျိုးရဲ့ မျက်နှာကို သူပွတ်သပ်ပေးလိုက်ရင်း လုကျိုးကားဝယ်နေတာကို
တွေ့လိုက်ရတယ်။ရှောင်ရီ အံ့သြသွားတယ်,
အခုဆို Taobaoမှာကားတောင်ဝယ်လို့ရ
နေပြီ ,အရမ်း မိုက်သွားပြီ။
"ကျွန်တော်ကို ခုထိ မွေးနေ့မလုပ်ပေးရသေးဘူးနော်
"အခုမင်းအတွက် လက်ဆောင်ဝယ်နေတာမဟုတ်ဘူးလား?အောက်ကို ထပ်မဆွဲချနဲ့"
အိုး..ဒါဆို ဒါက ကျွန်တော့်အတွက် ဝယ်ပေးတာလား? ဘာလို့ ကျွန်တော်က ကားတစ်စီးလိုမှာလဲ?
" ကျွန်တော်အဲ့ဒါကို တကယ်မလိုချင်ဘူး"
ရှောင်ရီ ခုတင်ပေါ်ပြန်လဲရင်း ပြောလိုက်တယ်။
လုကျိုး : " ဒါဆို ဘာမှမမှာတော့ဘူး"
ရှောင်ရီ : " ဘာလို့ ကောကအလိုက်အထိုက်လေးတောင်မရှိတာလဲ!ဒါဆို မင်းဘာလိုချင်လဲလို့ ပြောသင့်တာမဟုတ်ဘူးလား?!"
လုကျိုး : "ဘာ!..အလိုက်အထိုက်,
မင်းအဖေကြီး အလိုက်အထိုက်"
နေ့လည်ဘက်ရှောင်ရီ ညနေစာအတွက် ပြင်ဆင်နေစဥ်,လုကျိုး အောက်ဆင်းလာပြီး
ဖုန်းခေါ်ရင်း မေးလာတယ်။
" ဒါဆို မင်းဘာလိုချင်လဲ? အခု ပြော"
" ကျွန်တော့်အတွက်မွေးနေ့လက်ဆောင်
အနေနဲ့ ရုပ်ရှင်တစ်ကားလောက်သရုပ်ဆောင်ပေးပါလား?"
လုကျိုး : "......"
လုကျိုးရှောင်ရီကို ကြည့်ပြီး,
"ဇာတ်ညွှန်းသာယူလာခဲ့"
ရှောင်ရီ ပခုံးတွန့် ပြတော့ လုကျိုးပြောလာတယ်။
" ရုပ်ရှင်ထုတ်လုပ်ရေးအသေးစားလား?
မင်း ဒါရိုက်တာနဲ့ ဆက်သွယ်ပြီးပြီလား?"
" အရင်က ရုပ်ရှင်ကားကြီးပါ"
"အိုး, Imaxမှာပြမှာလား ?"
"တကယ်လား? "
ရှောင်ရီ ချက်ခြင်း ထအော်လိုက်မိတယ်,
" Imaxမှာ လွှင့်လို့ရလား?"
လုကျိုးက စိတ်မရှည်စွာပဲ ထပြောလာတယ်,
" Imaxက အကြီးကြီးမို့လား? လုံလောက်တဲ့ ရင်းနှီးမြုပ်နှံမှု ရှိရင် ဖန်သားပြင်ပေါ်ရောက်မှာ, ဘာလို့ ထုတ်လွှင့်လို့မရမှာလဲ?"
ရှောင်ရီ သိသလောက်တော့ ရုံကြီးတွေမှာ
က အမိုက်စား ရုပ်ရှင်တွေနဲ့ အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားကြီးတွေ အတွက်သာကန့်သတ်ထားခြင်းဖြစ်တယ်။
" ကောကဟောလိဝုဒ်နဲ့ပူးပေါင်းချင်
တာလား?"
"ဘာလို့ပူးပေါင်းရမှာလဲ?"
လုကျိုးက ပေါ့ပါးစွာပဲ ပြောလာတယ်,
" တရုတ်မှာပဲရိုက်မယ်လေ, တစ်ယောက်
ယောက်နဲ့ ဆက်သွယ်ပြီး အထူးသီးသန့်
ရုပ်ရှင်တစ်ကားအနေနဲ့ရိုက်မယ်,ပြီးရင်
သီးသန့်ခန်း တစ်ခုမှာ မင်းအတွက် ကြီးမားတဲ့ ဖန်သားပြင်ပေါ်မှာပြလို့ ရတယ်ပဲမလား?"
" မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး"
ရှောင်ရီ ချက်ခြင်း ပြောလိုက်တယ်။ သူ့အား
ခုလို သီးသန့် လုပ်ဆောင်ပေးချင်စိတ်ကြောင့်
သူအနည်းငယ် အံ့သြမိတယ်, သူတို့ရဲ့ ပတ်သက်မှုက ခုလောက်ပဲဆို, အချစ်ကို
ရဟတ်ယာဥ်ပေါ်ကနေ ဖျန်းပေးသလိုဖြစ်နေလိမ့်မယ်,ဒါပေမဲ့ သူ့ရဲ့မူလအတွေးကတော့
အဲ့လိုမဟုတ်ဘူး"
" ကျွန်တော်က ကောကို ဇာတ်ကားကြီး
တစ်ကားရိုက်စေချင်တာ"
ရှောင်ရီ စိုးရိမ်ကြီးစွာပင်,
" ခုထိ ဇာတ်ညွန်းထဲက စာကြောင်းတွေကို
မေ့ နေသေးလား?"
"ကိုယ်လည်းမသိဘူး"
လုကျိုး ဒီတခါတော့ အမှန်တိုင်းပြောခြင်းဖြစ်ပြီး ရှောင်ရီရဲ့ အကြည့်တွေကို ရှောင်ကာ
ပြင်သစ်ပြတင်းအနီးရပ်လိုက်တယ်။ ခုဆို နွေရာသီတောင်ရောက်လာပြီ၊ ကမ္ဘာကြီးက
စိမ်းစို လန်းဆန်းလျက်ဥယျာဥ်တွင်း၌
နေရောင်က တောက်ပ လင်းချင်းနေတယ်။
"တကယ်လို့ကောရုပ်ရှင်ရိုက်ရင်, အက်ရှင်
ဒါမှမဟုတ် စွန့်စားခန်းတွေ ပါတာမျိုး ဆို ,
စကားပြောနည်းတယ်လေ, လူတိုင်းကလည်း
အရမ်း အလျင်မလိုဘူး, ပြီးတော့ဇာတ်လမ်းကိုလည်း တစ်ကွက်ပြီး တစ်ကွက်ထပ်ခါ
ထပ်ခါကူးရလွယ်တယ်,အဲ့လိုကပိုမကောင်းဘူးလား?"
" မသိတော့ဘူး"လုကျိုး ထပ်ပြောပြန်တယ်။
" ကောရိုက်တာကိုပဲကျွန်တော်ကြည့်ချင်တယ်, ဇာတ်ရံ ဒါမှမဟုတ် ဇာတ်ပို့နေရာဆိုလည်း ရတယ်"
လုကျိုး စကားမပြောဘဲ ဆိုဖာတွင် စဥ်းစားရင်း ပြန်ထိုင်တယ်၊၊ပုံစံက ဒုသမ္မတတစ်ယောက်ပုံစံမျိုး ဆိုဖာပေါ် လက်တစ်ဖက်
တင်ကာ ဥယျာဥ်တွင်းရှိရှုခင်းတွေကို
ငေးကြည့်နေဆဲ။
ညစာစားချိန် တွင်,လုကျိုး ပြောလာတယ်,
"မင်းကိုယ့်အေးဂျင့်လုပ်ပေးမလား?"
ရှောင်ရီ့ ပါးစပ်ထဲမှ ထမင်းတွေပင်ပြန်ထွက်လု မတတ်ပင်၊
" အခုဆို ကုမ္ပဏီ အဖွဲ့အစည်းလည်းမရှိ,
အေးဂျင့်လည်းမရှိ, ထောက်ခံချက်လည်း
မရှိ,ချိုတဲ့နေတဲ့ အခြေအနေသုံးမျိုးမှာ
ကိုယ်လည်း စဥ်းစားနေရတယ်"
" ကော ဘယ်လိုတွေးထားလဲ?
ရုပ်ရှင်ရိုက်ဖို့လား?"
လုကျိုး ခေါင်းညိတ်ပြီး ပြောလာတယ်,
" ကိုယ်အရင်က စိတ်ထဲလည်းအဆင်မပြေတော့, ကိုယ်ဒီကိစ္စကို အများကြီး မစဥ်းစား
ခဲ့ဘူး"
ရှောင်ရီ ချက်ခြင်း ပြုံးမိရင်း,
"ကောက ပြန်လာဖို့ စီစဥ်နေတာလား?"
" လဲကျရင် ပြန်ထရမှာက ထုံးစံပဲမလား?
အရှုံးသမားတိုင်းကိုမင်းလိုပဲလို့တွေးမနေနဲ့"
ရှောင်ရီ : "....."
" ဟုတ်ပါတယ်...တကယ်တော့ မင်းလည်း
အရှုံးသမားတော့မဟုတ်ပါဘူး၊မင်းရဲ့ လက်ရှိ အနေအထားကိုမင်းက ထိန်းထားနိုင်တယ်"
"ကောယုံကြည်လား?"
"ကိုယ်ကြိုးစားကြည့်မယ်, နောက်ဆုံး
ကိုယ်ရုပ်ရှင်တွေတော့ ရိုက်ရမယ်လေ"
ရှောင်ရီ ချက်ခြင်း မခံမရပ်နိုင်ဖြစ်လာတယ်။
လုကျိုးလည်း ထိုကိစ္စကို တွေးနေပုံရတယ်၊
သူ့မျက်လုံးတွေက လုကျိုးကို သဘောကျခြင်း တွေနဲ့ ပြည့်နှက်နေတယ်၊ လုကျိုးကလည်း ခဏမျှသူ့ကို ကြည့်ပြီး တစ်ခုခု
ပြောဖို့ရာစဥ်းစားနေသလ်ိုပဲ၊လုကျိုး သူ့ကို
လှော်တော့မယ်လို့ ရှောင်ရီတွေးနေစဥ်မှာပဲ
လုကျိုးက သူ့အတွက် ဟင်းတွေခပ်ထည့်
ပေးလာတယ်။
"များများစား"
......
လုကျိုး ပြန်လာတော့မယ်ဆိုတာကို ရှောင်ရီ သိတယ်။ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ချိန်မှစပြီး ရေတွက်ပါက ဒါက သူရဲ့ဒုတိယအကြိမ်
ကျရှုံးခြင်း ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကတော့ လုကျိုးလို့မသိကြဘဲ သူ့ရဲ့ဇာတ်
ကောင် ကျန်းရွှမ်းအဖြစ်သာပထမဆုံး
အနေနဲ့နာမည်ကြီးလာခဲ့ခြင်းဖြစ်တယ်။ ဇာတ်ကားအပြီးလုကျိုးက သူ့ရဲ့လူမှုရေးအဆင့်အတန်းကို ထိန်းသိမ်းရန် အတွက်တီဗွီ
ဒရမ်မာနဲ့ ကြော်ငြာတွေကိုတောင်လက်မခံရတော့သည့်အပြင် ပရိုမိုးရှင်းပွဲတွေကိုလည်း
မတက်ခဲ့ရဘူး။ထို့ကြောင့် သူအရမ်းငြိမ်သက်ခဲ့တယ်။တစ်နှစ်လောက် အမည်မသိတိမ်မြုပ်နေခဲ့ပြီး သူ့တွင် ပိုက်ဆံလည်းမရှိ, ဇာတ်ကားတွေလည်း လက်မခံရဘူး၊သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေမဲ့ အခြားနည်းလမ်း
ကိုရှာဖွေခဲ့ရတယ်၊ထိုတကြိမ်က
သူပထမဆုံးကျရှုံးခဲ့ခြင်းပင်။
ဒူးမိုင်က ပါးနပ်တယ်၊၊သူ့ကို ဆွဲထုတ်လာပြီး
တွန်းအားပေး ကာအမြင့်သို့တွန်းတင်ပေးခဲ့တယ်။ထို့မှတဆင့် လုကျိုးက သူ့ရဲ့ ထက် မြက်မှုကို ပြသနိုင်ခဲ့ပြီး ဇာတ်ကား တစ်ကားကို ဖန်တီးခြင်းဖြင့် နေ့ချင်းညချင်းနာမည် ကြီးလာခဲ့တယ်။ခုထိတိုင်ချောမောဆဲပဲ။
အခွင့်အလမ်းတစ်ခုကို ခက်ခဲစွာအနိုင်ရခဲ့
တာမို့ လုကျိုးက သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အပေါ် ပိုပြီး ဂရုစိုက်ခဲ့တယ်။ လွန်ခဲ့သော နှစ်အနည်းမျှ ရှောင်ရီ နှင့် မဆုံမီ
အချိန်ထိ သူက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့တယ်။
လမင်းကြီးရဲ့ ဆွဲငင်မှုကြောင့် ရေများမြင့်တက်လာတယ်၊ထို့နောက်ပြန်လည်ကျဆင်းသွားပေလိမ့်မယ်။ အရာအားလုံးကအထွတ်အထိပ်သို့ရောက်ပြီးပါကလည်း
ပြန်လည်လျှောကျနိုင်ပေလိမ့်မယ်။လုကျိုးကထို အချက်ကို တဖြေးဖြေးရှာဖွေတွေ့ရှိခဲ့ပြီးသူ့ ပုံသဏ္ဌာန်ကို ပြောင်းလဲရန်စတင်ခဲ့တယ်။သူ့ ဇာတ်လမ်းတွေကို ရွေးချယ်ချင်တယ်, ဒါပေမဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ် ထားတာမို့ သူအဲ့ဒီလို မလုပ်နိုင်ဘူး၊ အဲ့ဒီနောက်
သူ့ အခြေအနေက တဖြေးဖြေး ကျဆင်းလာတယ်။ နောက်ဆုံး ကျန်းရှီးရမ့်နဲ့ ပထမဆုံး တွေ့ခဲ့တယ်၊ နောက်ပိုင်း ရိုက်ကူးရေးမှာ
ဒဏ်ရာရခဲ့ပြီး လုံးဝပင် သူကျရှုံးခဲ့ရတယ်။
အစကတည်းက , ပရိသတ်တွေက များပြားလွန်းပြီး သူ့အတွက် နဲ့ ရန်သူများစွာကို ရှာဖွေခဲ့ကြတာကြောင့်လုကျိုးနဲ့ ပတ်သက်သော
သတင်းတွေ ထွက်ပေါ်လာတဲ့အခါ , လူထုဆက်ဆံရေး အနေနဲ့ ကုမ္ပဏီမှ ပရိုမိုးရှင်းတောင် မလုပ်ပေးတော့သလို ဖျော်ဖြေရေး
ဘက်ခြမ်းတွင်လည်း လမ်းညွန်ကူညီပေး
မယ့်သူ မရှိတော့ဘဲ အားလုံးကအဆိုးမြင်တဲ့ သတင်းတွေ ချည်းဖြစ်လာခဲ့တယ်။
" တကယ်တော့, ဒဏ်ရာမရခဲ့ဘူးဆိုလည်း,
နောက်ပိုင်း ,ငါ့ပုံစံကို ပြောင်းလဲရမှာပဲ"
ရှောင်ရီ ထိုင်ချပြီး လုကျိုးနဲ့ ပတ်သက်သည့်
အခြားသူတွေ ပြောတဲ့ အတင်းအဖျင်းတွေကို
ကြည့်လိုက်တယ်။ လုကျိုးကလည်း ဒါတွေကို ဖြေရှင်းဖို့ရာ ပျင်းရိတယ်။ ရှောင်ရီသာ
သူတို့ကို ပြောဆိုချင်ရင်တော့ ရနိုင်တယ်။
ပိုစ့်အဟောင်းတွေကို ပြန်ကြည့်ပြီး ဆန့်ကျင်
သူအချို့လည်းရှိနေဦးမယ်လို့သူတွေးမိတယ်။တကယ်ဆိုဆန့်ကျင်ပရိသတ်လုံးဝ
မရှိမှာကို စိုးရိမ်ရတယ်၊ဒါက သူတကယ်မအောင်မြင်နိုင်တော့တာပဲ မဟုတ်လား။
" ကောဘာလို့ ရုပ်ရှင်ကားကြီးတွေမရိုက်တာလဲ, ကျွန်တော်ကောရဲ့ရုပ်ရှင်တွေကို ကြိုက်တယ်"
"ရုပ်ရှင်တွေက ငွေရနည်းတယ်..တီဗွီဒရမ်မာတွေမှာ သရုပ်ဆောင်တဲ့ ငါ့လို မင်းသားတစ်ယောက်အတွက် ဒါရိုက်တာက လည်း ငါ့ကို နှိမ်လိမ့်မယ်, အနုပညာကြေးကလည်း
သန်းဂဏန်းလောက်ပဲရတာ"
"သန်းဂဏန်း?"
"လေးသန်း...ကိုယ်ကျ ရုပ်ရှင်တစ်ကားအတွက် 10သန်းထက်ပိုရတဲ့ လီချမ်းကျန်း
ဒါမှမဟုတ် ကျန်းရှောင်ကုံးတို့နဲ့ မတူဘူး,
အဆင့်ချင်းယှဥ်လို့မရဘူး, ကိုယ်လည်း
မလုပ်နိုင်ဘူး၊ရုပ်ရှင်တစ်ကားက ,မြန်ရင်,
သုံးလ လောက်ကြာတယ်, နှေးရင်, ဆယ်နှစ်ပဲ၊ ပိုက်ဆံလေးသန်းကိုနှစ်ဝက်အတွက်ပဲ
ပျှမ်းမတွက်ကြည့်, တီဗွီဒရမ်မာတစ်ကားရိုက်ရင် ကိုယ့်အတွက် ဆယ်သန်းကျော်ရတယ်လေ။ ခုလို ကိစ္စတွေကြောင့်သာမဟုတ်ရင်,
ပက်ကေ့နဲ့ဆို 18သန်းလောက်ရမှာ...ဒူးမိုင်
က ကိုယ့်အတွက် ရုပ်ရှင် နဲ့ ဒရမ်မာဘယ်
ဟာကို လက်ခံမယ်လို့ထင်လဲ?
"လီချမ်းကျန်းကပိုက်ဆံ မရှိဘူးမလား?"
"သူက မဆင်းရဲပါဘူး, ထပ်ပြောကြေးဆို
သူက ဇိမ်ခံ ပစ္စည်းကြော်ငြာတွေကိုလည်း
လက်ခံလို့ရတယ်လေ...ဒူးမိုင်နဲ့ကျဒီနယ်ပယ်မှာဆို ရှေ့တိုးလို့မရဘူး၊.သူကျ နာမည်ကြီး
နာရီကြော်ငြာတစ်ခုကို ရိုက်ရင် ရက်ပိုင်းအတွင်း ဆယ်သန်းလောက်ရတယ်"
ရှောင်ရီ ခေါင်းညိတ်လိုက်တယ်၊
" ကိုယ် ကျန်းရှောင်ကုံးနဲ့ ဆက်သွယ်
ပြီးသူ့ကိုပဲ အကူအညီတောင်းရမယ်,
သူ့ စတူဒီယို မှာပဲ ယာယီ သဘောမျိုး
ပြန်စကြတာပေါ့"
" ဥက္ကဌဒူများ စိတ်ဆိုးမလား?"
" သူမလုပ်ရဲပါဘူး"
လုကျိုးပြေးစက်ပေါ်ကဆင်းပြီး ခဏလောက်ခေါင်းငုံ့တယ်၊ ထို့နောက် ခေါင်းပြန်မော့လာပြီး ရှောင်ရီ အားပြောလာတယ်။
"ကိုယ်ပြန်ပြီး နာမည်ကြီးရင်, သူစိတ်ဆိုးရဲတော့မှာမဟုတ်ဘူး၊၊သူကကိုယ့်ကို ပြန်လာစေချင်တာ,ဒါကြောင့်သူကိုယ့်ကို ကျရှုံးစေချင်မှာမဟုတ်ဘူး၊အကယ်၍ ကိုယ်ထပ်လဲကျရင်လည်း , သူ စိတ်ဆိုးစရာတောင်မလိုတော့ဘူး၊အခု မင်း အလှည့် , နာရီဝက် ပြေး
ရမယ်,ပြေးတာမပြီးမချင်းထမင်းမစားရဘူး"
" ဒါကကျွန်တော့်ကိစ္စမဟုတ်ဘူးလေ!"
"လေ့ကျင့်ခန်းလုပ်ရမယ်, မင်းကို အိမ်ထဲ
မှာပဲ အငြိမ်းစားထားထားတာ! ငါမင်းကို
လုပ်ရင်ငါးမိနစ်တောင်မပြည့်ဘူးမင်း
မောလာတယ်!"
မောတာက ရုပ်ပိုင်းဆိုင်ရာပြသနာမဟုတ်ဘူး,ကောလာပြီး အောက်ထိုင်နေကြည့်ပါလား,မောမမောကျွန်တော်ကြည့်ရအောင်!
သူတွေးနေစဥ် လုကျိုး ထပ်ပြောလာတယ်,
" မင်း ကိုယ့်ကို တိတ်တိတ်လေးကျိန်ဆဲနေပြန်ပြီလား?"
"မဟုတ်..မဟုတ်ပါဘူး"
လုကျိုးက ပဝါတထည် ပခုံးပေါ်တင်လျက်
ပခုံးတွန့်ပြရင်း ပထမထပ်ဆီ တက်ဖို့ ပြင်နေရာမှ လှည့်ပြီး ပြောလာတယ်။
" မင်းရဲ့ ခြေတံရှည်လေးတွေနဲ့ ခါးလေးကိုကိုယ်အရမ်းသဘောကျတယ်,ခါးလေးသန်အောင်တော့ လေ့ကျင့်ခန်းလေး ပိုလုပ်,
ဒါမှမင်း ညီးတဲ့အခါ ကိုယ့်ခံစားချက်
တွေပိုကောင်းလာမှာ "
ရှောင်ရီ :"....."
ရှောင်ရီ မျက်နှာပေါ်ရှက်ရွံ့စိတ်လေးဖြတ်ပြေးသွားတယ်၊၊ သူ့နှလုံးသားထဲပန်းလေးတွေ ပွင့်လာပြီး ထို ပန်းလေးတွေကမြေညီ ထပ်မှသည် ပထမထပ်ဆီသို့ပျံ့နှံ့သွားလေတယ်။
W 5680❤❤❤
.......................................................................
.[ Z ]
ရေခဲ ရေသောက်လိုက်တယ်။
ရှောင်ရီ : "....."
တီဗွီကြည့်နေတယ်။ သူကတော့ လက်ရှိ
ဝိုးးးး အားးးးးး!!!!