ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

By LazyFlower555

160K 20.3K 412

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ More

Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP38(U&Z)

1.7K 261 3
By LazyFlower555

.[ U]

ဇွန်လ 5ရက်နေ့ ..ဆီမီးဖိုင်နယ်မရောက်မီ
တရက်အလို!

ထုံးစံအတိုင်း , ရှောင်ရီ နဲ့ ကျင်းလုတို့ကပရိုဂရမ်အဖွဲ့ဆီ အစီရင်ခံရန်သွားခဲ့ကြတယ်။
ထို့နောက်သူတို့ ဖျော်ဖြေမည့်သီချင်း၏ နောက်ဆုံးအပိုင်း အတွက်ဆွေးနွေးကြတယ်။အဲ့ဒီနောက် ရှိုးဒါရိုက်တာက ပြောလာတယ်။

"ရှောင်ရီ ,ပြီးရင် ခဏနေဦး "

ပရိုဂရမ်ဒါရိုက်တာတွင် သူနှင့် ဆွေးနွေးဖို့ရာ အကြောင်း တစ်စုံတစ်ရာရှိကြောင်းရှောင်ရီ
သိတယ်။ ထို့ကြောင့် သူ ကော်ရစ်တာတွင်
ထိုင်ပြီး စောင့်နေလိုက်တယ်။ကျင်းလုကို
အရင်ပြန်ခိုင်းလိုက်ပြီးWeiboကို ဝင်ကြည့်
နေလိုက်တယ်။သူ့ ပရိသတ်တွေ ပိုစ့်တင်
ထားတာကို မြင်ရတယ်။

ပြိုင်ပွဲ ပြန်စတော့မှာမို့ ,ရှောင်ရီကော,မင်းကောင်းကောင်းအနားယူသင့်တယ်~

နောက်တစ်ယောက်ကျပြန်တော့ ရှောင်ရီ့ အား ရီကောဟု ခေါ်လာတယ်။

ရှောင်ရီ ထို ပိုစ့်တွေကို မြင်တဲ့အခါ
ဘာပြောရမှန်းတောင်မသိတော့ဘူး။
သူဝမ်းနည်းလာတယ်၊ သူ့ ပရိသတ်တွေ အတွက်လည်း ဝမ်းနည်းမိတယ်။ လူတိုင်းက သူ့အတွက်ရလာဒ်ကောင်းတွေ ရဖို့ စောင့်မျှော်နေကြပေမဲ့ သူကတော့ ဖယ်ထုတ်ခံရ
ခြင်းဖြင့် အဆုံးသတ်ရတော့မယ်။

သူ့မှာခုဆို နှစ်သန်းထက်ပိုတဲ့ပရိသတ်တွေရှိနေပြီ။

ပရိုဂရမ်ဒါရိုက်တာက တံခါးဖွင့်လာပြီး
ရှောင်ရီ အား အထဲဝင်လာခိုင်းတယ်။

" ငါတို့ ဗီဒီယိုကြည့်ပြီးပြီ ....ဟင်း...ရှောင်ရီ ,
မင်း ဥက္ကဋ္ဌဒူနဲ့ ဆက်သွယ်ထားတာ သေချာတယ်နော်,ဘာပြသနာမှမရှိဘူးမလား?"

"ဟုတ်ကဲ့ .ဘာကိစ္စရှိလို့လဲ?"

လက်ထောက်ဒါရိုက်တာလည်းရှိတာ
မို့ရှောင်ရီ အသိအမှတ်ပြုကာ ခေါင်းညိတ်
ပြလိုက်တယ်။ ဧည့်ခန်းထဲ၌ ပွဲစီစဥ်သည့်
အဖွဲ့ဝင်တွေလည်းရှိနေတယ်။

" တကယ်လို့ခင်ဗျားပြောစရာရှိတာပွင့်ပွင့်လင်းလင်းပြောပါ..ဘာမှမဖြစ်ဘူး"

" ဒါက ဒီလိုပါ"

ပရိုဂရမ်ဒါရိုက်တာက ပြောလာတယ်။

" မနေ့က တစ်စုံတစ်ယောက်က ဖုန်းဆက်လာပြီး မင်းကို စပွန်ဆာပေးဖို့ ပြောလာတယ်,တိုက်ရိုက်ကို ဖုန်းခေါ်ပြီးပြောလာတာ"

ရှောင်ရီ : "......"

"ဘယ်လောက်လဲ?"

ဤကိစ္စက လေးနက်တယ်လို့ ရှောင်ရီ
တွေးမိတယ်။

ပရိုဂရမ်ဒါရိုက်တာက ပြောလာတယ်,

" တစ်သန်း , ဒါပေမဲ့ အခြေအနေကိုတော့
ငါလည်း အသေအချာမသိသေးဘူး။ ဒါကြောင့် ငါမင်းကို အရင်မေးတာ,ငါမင်းရဲ့
ဥက္ကဌဒူနဲ့ စကားပြောဖို့ လိုသေးလား?"

ထို ပိုက်ဆံက သူ့ အသိတစ်ယောက်
ယောက်က ပေးခြင်းဆိုတာကို ရှောင်ရီသဘော ပေါက်သော်လည်း ဒီကိစ္စအတွက်
ကုမ္ပဏီကသာ တစ်ဦးတည်းထောက်ပံ့
သင့်တာမဟုတ်လား?

"ပိုက်ဆံကို ဘယ်သူပေးတာလဲ?"

ဒါရိုက်တာ : " ကျန်းရှောင်ကုံးရဲ့စတူဒီယို "

ရှောင်ရီ ချက်ခြင်းသိလိုက်ပြီ။
ဒီပိုက်ဆံက လုကျိုး ပေးခဲ့တာပဲဖြစ်ရမယ် !

"ကျွန်တော် သူတို့နဲ့ ဆက်သွယ်လိုက်မယ်,
ကျေးဇူးပြုပြီး ငါးမိနစ်လောက်စောင့်ပေးပါ"

ရှောင်ရီ ဖုန်းခေါ်ဖို့ထွက်လာလိုက်တယ်။
ကျန်းရှောင်ကုံးက နောက်ခံအင်အားတောင့်တင်းတယ်၊၊သူသာတဖက်လှည့်ဖြင့်ပါဝင် လာပြီး လုကျိုးကသာသူ့အား ကူညီပေးရန်
နှင့် ဝင်စွက်ဖက်ရန် တောင်းဆိုပါကသူကပြိုင်ပွဲ အဆုံးထိ တိုက်ရိုက်တက်ရောက်
နိုင်လိမ့်မယ်။

"......"

ရှောင်ရီ ကျန်းရှောင်ကုံးရဲ့ ကိုယ်ရေး ကိုယ်တာ ဖုန်းကိုခေါ်လိုက်တယ်။သူက လုကျိုးရဲ့
လက်ထောက်အဖြစ် လုပ်ခဲ့သည်က ကြာပြီမို့
ထို အချိန်က အဆက်အသွယ်တွေကို သိမ်းထားဆဲ ဖြစ်တယ်၊

" ရှောင်ကုံးကော?"

"ဟေး..ရှောင်ရီ ,ပြောလေ"

ကျန်းရှောင်ကုံးက တည်ငြိမ်ပြီး အေးအေး
သက်သာပင်။

ကျန်းရှောင်ကုံးက စကားအများကြီး ပြောလေ့ရှိသူမဟုတ်ပေမဲ့ အရမ်း သစ္စာရှိတယ်။
သူက ဒုတိယမျိုးဆက်တွေနဲ့ နေ့စဥ်ဆုံစည်း
လေ့ရှိပြီးကျေးဇူးမသိတတ်သူလည်းမဟုတ်၊
ဒီလို လူမျိုးနဲ့ ဆက်ဆံတဲ့အခါ သူ့ကိုလေးစား ပြီး ဘယ်သောအခါမှသူ့ရှေ့တွင် သတ္တိရှိကြောင်းမပြဖို့လုကျိုးသူ့ကို ပြောခဲ့ဖူးတယ်။

" ကောက ကျွန်တော့်အတွက် စပွန်ဆာ
ပေးမလို့လား?...ဒါပေမဲ့ ကျွန်တော်က
ဥက္ကဋ္ဌဒူနဲ့ အစီအစဥ်ရှိပြီးသားဖြစ်နေတယ်"

ကျန်းရှောင်ကုံးလည်း အနည်းငယ်အံ့အား
သင့်သွားတယ်၊

" လင်ချမ်းရှု မင်းကို ပြောတာလား?"

လင်ချမ်းရှုက လက်ထောက်ဒါရိုက်တာဖြစ်တယ်၊

" ဟုတ်တယ်,တကယ်က ကျွန်တော်
ဆုရဖို့အစီအစဥ် မရှိဘူး, ကျွန်တော့်အဓိက ရည်ရွယ် ချက်က...ကုမ္ပဏီရဲ့ လူသစ်နဲ့အတူလိုက်ပေးတာ"

" မင်းအဆင်ပြေနေသရွေ့အရေးမကြီးဘူး"

ကျန်းရှောင်ကုံးက ပါးစပ်တွင် စီးကရက်
တစ်လိပ်ခဲကာ စိတ်အားထက်သန်စွာပြောလာတယ်။

" လုကျိုးက မင်းကို ပေးတာ, ဒူးမိုင်မင်းကို
ကပြောင်းကပြန် လုပ်မှာကို သူစိုးရိမ်ပြီး
မင်းတို့ နှစ်ယောက်ကြား အခြေအနေကို
သူမသိတာဖြစ်ကောင်းဖြစ်နိုင်တယ်။ငါ့အထင် အဲ့ဒါက မင်းအပေါ်မူတည်တယ်။
အကယ်၍ မင်းဆက်မလုပ်ချင်ရင် ,မလုပ်နဲ့၊
တကယ်လို့လုပ်ချင်တယ်ဆိုလည်း ဆက်သာလုပ်၊ စွမ်းရည်ပြပွဲက ခွေးတွေအကုန်လုံးက
သူတော်ကောင်းတွေလေ...."

"  ဒါက...ဒါက...ကောဆီ အဲ့ပိုက်ဆံကို
ပြန်လွဲလိုက်ပြီး ကောအကောင့်ထဲက
ပြန်ယူမယ်ဆိုရင်ရောဘယ်လိုလဲ?"

"အဆင်ပြေတာပဲ...နောက်မှမင်းလုကျိုး
ဆီပြန်ရောက်တဲ့အချိန် , သူ့ကို ပြန်ပေး
လိုက်လေ"

"ကျိုးကောရော ကောအနားမှာရှိလား??

" မရှိဘူး, ငါက ငါ့ကောင်မလေးနဲ့ လိင်ဆက်ဆံနေတာ,မင်းနဲ့ စကားမပြောတော့ဘူး , ဖုန်းချလိုက်တော့ "

ရှောင်ရီ :"........."

ရှောင်ရီ ဖုန်းချပြီး ရုံးခန်းထဲသို့ ပြန်လာလိုက်တယ်။ လူတစ်စုက သူ့ကို ကြည့်နေတယ်။

အဲ့ဒီနေ့တွင် ရှောင်ရီ အရာအားလုံးဖြေရှင်း
ပြီး အိမ်ပြန်လာခဲ့တယ်။ သူသက်ပြင်းချပြီး လုဖာချိုင်ရဲ့ အရံ အကောင့်ကိုတစ်စုံတစ်ရာပြောချင်ပေမဲ့ ဘယ်လို စပြောရမလဲကိုသူမသိဘူး။

ဒီနေ့ Weiboရဲ့ ခေါင်းကြီးပိုင်း တွင်,

လုကျိုး အား မကာအိုတွင်တွေ့ရပြီး
ဆယ်သန်းမျှအလောင်းအစားလုပ်ခြင်း~

အတွင်းသတင်းအရင်းအမြစ်တွေအရ ,
လုကျိုး ,ကျန်းရှောင်ကုံးနဲ့ အခြားသူတွေ
ကမကာအိုသို့ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့ပြီး ကာစီနိုတွင်ငွေသန်းချီ၍
သုံးစွဲခဲ့ကြတယ်။

ရှောင်ရီ Weiboကို ပိတ်ပြီး နောက်တနေ့တွင်
ပုံမှန်အတိုင်း ကုမ္ပဏီသို့သွားခဲ့တယ်။

သူနဲ့ ကျင်းလုရဲ့ အသံသွင်းချိန်က နေ့လည်ပိုင်း ဖြစ်တာမို့ မနက်ပိုင်း ကုမ္ပဏီမှာတွေ့ဆုံဖို့ရာ ချိန်းဆိုလိုက်တယ်။ ဒူးမိုင်ကလည်း ယနေ့ ရဲ့ Weiboသတင်းကို ရှာဖွေပြီးလုကျိုး ပြန်လည် ထွက်ပေါ်လာခြင်းကို တွေ့ရတယ်။
သတင်းတွေက မြို့တော်အနှံ့ ပျံ့နှံ့သွားတယ်။
ဒါပေမဲ့ သူက ခေတ်မစားတော့တာမို့ မည်
သည့် ကိစ္စအရှုပ်အထွေးမှ မရှိတဲ့အတွက်
ထို သတင်းက အဲ့ဒီနေ့ရဲ့ သိန်းချီတဲ့ပိုစ့်တွေကြား နစ်မြုပ်သွားခဲ့တယ်။

သို့သော်, လီချမ်းကျန်း ကတော့ကျော်ကြားနေပြီး တီဗွီဒရမ်မာ အသစ်ကိုတောင်လက်ခံလိုက်သေးတယ်။ သူက တီဗွီဒရမ်မာ အဝန်းအဝိုင်းကနေ တက်ချင်ပုံရတယ်။

ဝူဟန်းကုလည်း ရောက်လာပြီး ဒူးမိုင်ကသူ့အား ဇာတ်ညွန်းလေးခုအတွင်းမှရွေးချယ်စေခဲ့ပြီး အကုန်လုံးက ဒီနှစ်အတွက် ပရောဂျက်
အကြီးဆုံး ဒရမ်မာတွေ ဖြစ်တယ်။

ရှောင်ရီ အမှုမဲ့ အမှတ်မဲ့သာနေလိုက်တယ်။ တီဗွီဒရမ်မာ အသိုင်းအဝိုင်းတွင်ကိစ္စများစွာ
ဖြစ်ပျက်လေ့ရှိတယ်။ ဒါပေမဲ့ သူဘာကိုမှ
သိပ်မလေ့လာဘူး၊ ခုက ဇွန်လသာရှိသေးပြီး
လုကျိုး ဒဏ်ရာရပြီးချိန် မှခုထိတစ်နှစ်ပင်
မပြည့် သေး၊ အရာအားလုံးကတော့
လျင်မြန်စွာ ဖြစ်တည်နေကြဆဲ။

ဒူးမိုင် :"မနေ့တနေ့က လုကျိုး ကုမ္ပဏီကို
လာသေးတယ်"

ရှောင်ရီ ချက်ခြင်းမေးလိုက်တယ်။

" သူဘာပြောလဲ?"

"သူဘာမှမပြောဘူး,.အချို့ ကိစ္စလေးတွေ
အပြီးသတ်ဖို့ ပြန်လာတာ"

"သူဘယ်လို နေလဲ?"

"နည်းနည်းတော့ချောင်ကျသွားတယ်..
ကျန်တာကတော့ အရင်အတိုင်းပဲ"

"ပြီးတော့ရော?"

"မင်းက ကောင်းမွန်တဲ့အလုပ်တစ်ခုကို
လုပ်ခဲ့တာမို့ မင်းရဲ့အောင်မြင်မှုတွေအတွက်
ဝမ်းသာပါတယ်လို့ ပြောတယ်"

ရှောင်ရီ :"......"

ရှောင်ရီ မျက်လုံးတွေနီရဲလာပြီ၊ဒူးမိုင်ဆက်ပြောလာတယ်၊

" မင်း သီချင်းကောင်းကောင်းဆိုပြီး ဖိုင်နယ်မှာ အနိုင်ရဖို့ သူမျှော်လင့်တယ်လို့ပြောတယ်၊ ကုမ္ပဏီကလည်း အဲ့ဒီလိုပဲ၊ မင်းတကယ်ကြီး
ပြန်မစဥ်းစားတော့ဘူးလား?"

ရှောင်ရီ ခေါင်းခါလိုက်တယ်။

" ကျွန်တော် ထွက်တော့မှာ"

ရှောင်ရီက နေ့လည်ပိုင်းတွင် ကျင်းလုအား
ရိုက်ကူးရေးလုပ်ဖို့ ခေါ်သွားတယ်။ သူတို့နှစ်ယောက် ကော်ဖီဆိုင်တွင်ဘာဂါစားခဲ့ပြီး
အချို့ ပရိသတ်တွေက သူတို့အား သတိ
ပြုမိကြတယ်။ ပရိသတ်တွေ အံ့အားသင့်နေကြချိန် ရှောင်ရီပြုံးကာနှုတ်ဆက်လိုက်တယ်။

" ကျွန်တော့်ကို လက်မှတ်လေးထိုးပေးလို့
ရနိုင်မလား?"

ပရိသတ်တစ်ယောက်က ကျင်းလုအား လျစ်လျူရှုကာ ရှောင်ရီထံမှ လက်မှတ်တောင်းလာတယ်။

"  ကျွန်တော်ကနောက်ဆိုပျောက်သွားမှာ"

ရှောင်ရီ မျက်ခုံးပင့်ပြီး ပရိသတ်တွေကို
ပြုံးပြလိုက်တယ်၊

" ကောင်းကောင်းသိမ်းထားပေးနော်"

ရှောင်ရီ ဘာဂါကို ပြီးအောင်စားပြီး
ကျင်းလုကို ပြောလိုက်တယ်၊

" သွားစို့"

သူတို့က ဒီနေ့ရဲ့ ပရိုဂရမ်ရိုက်ကူးခြင်းအတွက် ရင်းနှီးပြီးသားလည်းဖြစ်တယ်။
ကျင်းလုအရင် ရှေ့ကသွားပြီးရှောင်ရီက
နောက်မှလိုက်တယ်။

ရှောင်ရီ ဒီနေ့ ရွေးချယ်ထားသည့်သီချင်း
က သံစဥ်ရော စာသားပါ နှစ်ခုလုံးကိုသူကိုယ်တိုင် ရေးစပ်ထားခြင်း ဖြစ်တယ်။
စင်မြင့် နောက်၌ ပြင်ဆင်နေချိန် ရုတ်တရက် စင်မြင့်ဘက်ဆီမှအသံတွေကြားရတယ်။

" ငါကြည့်ချင်တယ်, တကယ်လား?"

လူအတော်တော်များများကအပြေးအလွှား
ဖြစ်နေကြတယ်။

" ဘာဖြစ်နေကြတာလဲ ?"

ကျင်းလုက ရှုပ်ထွေးစွာဖြင့်ခေါင်းလေး
ထုတ်ကာဟိုကြည့်သည်ကြည့်လိုက်ကြည့်
နေတယ်။

ရှောင်ရီ :"သူတို့ကို လွှတ်ထားလိုက်..စာသားတွေကိုသာအာရုံစိုက်"

သူတို့အတွက်က သီဆိုရမယ့် သီချင်းကို နောက်ထပ်ပြင်ဆင်ရမယ့် အရာတွေလည်း
ရှိနေသေးတယ်။ ရှောင်ရီ ကျင်းလုကို ပြောလိုက်တယ်။

" ကျန်တာမင်းဖို့ထားခဲ့မယ်, ငါကမင်းကို
အရှုံးပေးမှာနော်"

" ကျွန်တော်...ကျွန်တော်သီချင်းပဲဆိုချင်..."

"ငါ့ရဲ့ ကောင်းချီးတွေယူသွား,ကျင်းလု ,
မင်း သူတို့ကို အနိုင်ယူရမယ်"

ကျင်းလု သူ့ဇာတ်ညွန်းကို လက်ထဲမှချတယ်။

" ဒီလောက်ဆို လုံလောက်ပြီ..ငါတို့က ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေလည်း မဟုတ်ဘူး၊ ပြီးခါနီးနေပြီ,တည်းဖြတ်အဖွဲ့က ကျန်တာ ဆက်လုပ်လိမ့်မယ်"

ရှောင်ရီ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်တယ်။ သူတို့က နေ့လည်ပိုင်းရဲ့ ပထမဆုံး
ဖျော်ဖြေမှု ဖြစ်တယ်။ ရှောင်ရီ အနောက်သို့
လှည့်ကြည့်တော့ အဝတ်လဲခန်းထဲမှာတောင်
ဘယ်သူမှမရှိတော့ဘူး။

ရှောင်ရီ : "???"

" လူတွေ ဘယ်ရောက်သွားကြတာလဲ ?"

ရှောင်ရီ တွေးမိတာက သူနဲ့ ကျင်းလု
တို့ကို အကုန်လုံးအားပေးကြဖို့များ
သွားကြတာလား၊ ကျင်းလုက တစ်ယောက်ယောက်ကို သွားရှာရာမှ
ပြန်လာပြီး အံ့သြဘနန်းပြောလာတယ်။

" ရှောင်လောင်ရှီး , လူတွေ အများကြီးလာတယ်၊အကုန်လုံး နာမည်ကြီးတွေချည်းပဲ!"

ရှောင်ရီ :"......"

ရှောင်ရီ အပြင်ကို ထွက်ကြည့်လိုက်တဲ့အခါ
သူပင် ရူးတော့ မတတ်ဖြစ်သွားတယ်။

နင်ယာချင်း , ချီအိုက်, ကျန်းရှောင်ကုံး, ဟူယန်,ဝူဟမ်းကု, လီမင်...တကယ့်နာမည်ကြီးတွေချည်းပဲ,ပြီးတော့ ...လီချမ်းကျန်း !လီချမ်းကျန်းနဲ့ ဒူးမိုင်တို့က ထိုအဖွဲ့နှင့် သီးခြား
ထိုင်ကာ စကားပြောနေကြတယ်။

အဲ့လူတွေက ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ!ငါ့ကို သီချင်းဆိုခွင့်တော့ ပေးမယ်မလား!
ဘာတွေများကောင်းလို့လာကြည့်ကြတာလဲ!
ရှောင်ရီ သူ့ ဆီးအိမ်ပင်ပေါက်လုနီးပါးဖြစ်နေတယ်၊ရုတ်တရက် ဆီးသွားချင်စိတ်က သူ့တကိုယ်လုံးသို့ ပျံ့နှံ့သွားတယ်။ WeChat မှ သူ့သူငယ်ချင်းတွေပါ ရောက်လာတာကိုတောင်တွေ့လိုက်ရတယ်။ ရိုက်ကူးရေး အဖွဲ့သား အချို့နှင့် ညှိနှိုင်းရေးမှုး ...နေပါဦး ,သူတို့က
ရိုက်ကူးရေး လုပ်ရမှာမို့လား?

" လုလောင်ရှီး လာပုံမပေါ်ဘူး..."

ကျင်းလုက လှည့်ပတ်ကြည့်တယ်။ ရှောင်ရီလည်း လုကျိုးကို မမြင်ဘူး။သူနည်းနည်းလေး စိတ်ဓာတ်ကျသွားပေမဲ့မလာတာလည်းအဆင်ပြေပါတယ်လို့ တွေးလိုက်မိတယ်....

မိတ်ကပ်ပညာရှင်က သူတို့နှစ်ယောက်
အားမိတ်ကပ်လိမ်းပေးပြီး အခြားပြိုင်ပွဲဝင်တွေအားလုံးက နာမည်ကြီးများ အုပ်စုထံ
သို့လက်မှတ်ထိုးဖို့ရာပြေးကြတယ်။ရှောင်ရီ
က ..မင်းတို့ကောင်တွေ တကယ်ပဲ...ဒီပါပါး
ကိုပြန်လှည့်ပြီး ကျေးဇူးတင်သင့်တယ်။ဒီအဖွဲ့မှာ ဆယ်လီတွေနဲ့ ဝန်ထမ်းတွေပါပါတာမို့ စတူဒီယိုမှာပြန်လည်နေရာချထားမယ်ဆို
တီဗွီရှိုး ငါးခု သို့မဟုတ် ခြောက်ခု လောက်
တရစပ်ရိုက်လို့ရတယ်။

စင်ပေါ်မတက်ခင် သူအတော်လေး စိတ်လှုပ်ရှားနေမိတယ်၊ခုလို ခံစားချက်မျိုး
မခံစားရတာလည်းနှစ်ပေါင်းများစွာကြာခဲ့ပြီ။

ကျင်းလုက အရင်ဆိုတယ်,ပရိုဂရမ်ဒါရိုက်တာထပ်ရောက်လာပြန်တယ်။

" အဲ့ဒါက...ရှောင်ရီ , မင်းသူငယ်ချင်းတွေလည်း အကုန်ရောက်နေကြပြီ"

" အာ ...ဟုတ်ကဲ့..ဒီလိုပါပဲ"

"ဒိုင်လူကြီးတွေနဲ့ ထပ်ပြီးပြောပေးရမလား?"

ရှောင်ရီ ချက်ခြင်း ပြောလိုက်တယ်,

" မလိုဘူး...သူတို့လည်းပျော်ရွှင်စွာ
ပါဝင်ကြမှာပါ"

"ကောင်းပြီ.."

ပရိုဂရမ်ဒါရိုက်တာက ထပ်ပြောလာတယ်၊

"ကောင်းကောင်းလုပ်ပါ"

များသောအားဖြင့် ခုလိုမျိုး ပျော်ပွဲရွှင်ပွဲ၌
ပါဝင်သူတွေက ပြဿနာဖြစ်စေတယ်လို့
ရှောင်ရီ တွေးမိတယ်။ ~ဒါရိုက်တာ, မင်း လုံခြုံရေးတွေ များများထားသင့်တယ်,
ဒီလိုမှမဟုတ်ရင်  တစ်ခုခုမှားသွားရင်
မကောင်းဘူးလေ..မကြာသေးမီကမှ ,
နင်ယာချင်းနှင့် ကျန်းရှီးရမ်တို့ကလည်း
အပြင်းအထန်တိုက်ခိုက်ကြတယ်။
ထိုအရာကချီချွမ်းရဲ့ခေါင်းကိုတောင်
ပေါက်ထွက်အောင်လုပ်နိုင်တယ်။

ကျင်းလု သီချင်းဆိုတာပြီးသွားပြီ၊ သူက
စင်မြင့်ပေါ်မှ အမြန်ဆင်းကာရှောင်ရီကို
high fiveလုပ်တယ်။ ရှောင်ရီ မိုက်ကရိုဖုန်းကိုယူကာ စင်ပေါ်တက်လာလိုက်တယ်။

"အားးး..."

နင်ယာချင်းက ထအော်တယ်,

"ရှောင်ရီ ....!"

"ရှောင်ရီ ..ရှောင်ရီ !"

လီချမ်းကျန်းကလည်း အပြုံးလေးဖြင့်
အော်လာပြန်တယ်။

ရှောင်ရီ စတိတ်စင်ပေါ်တွင်လဲကျလုမတတ်ပင်။ ချီအိုက်ကလည်း အော်ဟစ်လာတယ်။
ကြယ်ပွင့်အုပ်စုက ခန်းမထဲ၌ အနှောင့်အယှက်တစ်ခုအားဖန်တီးပြီး အဖွဲ့သားများ
ဖိတ်ကြားထားသော ပရိသတ်များက ဤကဲ့သို့သော အံ့သြဖွယ်ရာဖြစ်ရပ်အားတွေ့ရှိကြရတယ်။လူတိုင်းကခန်းမအနောက်သို့
ကြည့်လိုက်ကြပြီးနောက် ရူးသွပ်သည်
အထိစတင်အော်ဟစ်လာကြတယ်။

"အိုး...ဘုရားရေ...လီချမ်းကျန်း...အားးးးးး"

တခဏအတွင်းမှာပဲ ခန်းမတွင်း၌ပရမ်းပတာဖြစ်သွားတာမို့ရှောင်ရီ ချက်ခြင်း ပြောလိုက်တယ်၊

" ရပ်!"

ရှောင်ရီ မိုက်ကို ကိုင်လိုက်တယ်,ချီချွမ်းရဲ့ မျက်နှာက ချက်ခြင်းပင်မည်းမှောင်ကာ
ဒိုင်သူကြီးလေးယောက်က မတ်တပ်ရပ်၍
နောက်သို့လှည့်ကြည့်ကြတယ်။ အမျိုးမျိုးသော တီဗွီစီးရီးများမှနာမည်ကြီးကြယ်ပွင့်များအုပ်စုက ပွဲတော်တစ်ခုအားလာရောက်လည်ပတ်သလိုပင်ရှိနေတယ်။

" လေးစားရသော ဒိုင်လူကြီးများ ,
ချစ်ခင်ရပါသော ပရိသတ်များခင်ဗျာ"

ရှောင်ရီ ပြောလိုက်တယ်,

" အားလုံးပဲ..မဂ်လာပါ, ကျွန်တော်ကရှောင်ရီပါ,ကျွန်တော်သီချင်းဆိုပြီးတဲ့ထိစောင့်ပြီးမှ
ခင်ဗျားတို့ရဲ့ ပုရိသနတ်ဘုရားတွေနဲ့ ကောင်းချီး ပေးခံရတဲ့နတ်သမီးပျိုတို့ကို လက်မှတ် ထိုးခိုင်းလို့ ရမယ်မလား?"

ခန်းမ တစ်ခုလုံး ငြိမ်သက်သွားကြတယ်။
ကျန်းရှောင်ကုံးက ပြုံးပြီး သူ့ဘေးမှနင်ယာချင်းကို စကားပြောတယ်,ဒါပေမဲ့နင်ယာချင်း
ကတော့ ဂရုမစိုက်ပုံရတယ်။နင်ယာချင်း က
ကျန်းရှီးရမ့် နှင့် တန်းတူဖြစ်စေရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ရပုံပေါ်တယ်။ နင်ယာချင်း
ရောက်လာတာကို ချီချွမ်းမြင်တဲ့ အခါ, 
တဖက်အမျိုးသမီးဧည့်သည်ရဲ့ဘရာကိုပင်
ဆွဲထုတ်သည်အထိ မစောင့်နိုင်လျက်
သူတို့မိသားစုရဲ့ ရှီရမ့်အားနင်ယာချင်းကို  လည်ပင်း ညှစ်ဖို့ ကိုယ်ရေးကိုယ်တာအရ
ကူညီပေးချင်တယ်။

သို့သော် ကျန်းရှောင်ကုံးကို ကျော်လွန်ဖို့ရာ
မတတ်နိုင်တာမို့ ဟန်ဆောင်ပြုံးကြီး ပြုံးရုံသာရှိတော့တယ်။

~~ ရေအလျဥ်က ငါ့နှလုံးသားဆီ စီးဝင်နေတယ်...

ရှောင်ရီ ဂီတာ သံ လေးဖြင့် တိုးတိုးလေးစတင်ငြီးဆိုတယ်။

~  ငါ့ဆန္ဒ တစ်ခုက...မင်းကို တွေ့ချင်တယ်...

ထို စာကြောင်းလေး နှစ်ခုဖြင့် သီချင်းအား
စတင်လိုက်တယ်၊ ရှောင်ရီ့ရဲ့ ဂီတသံမပါဝင်သေးတဲ့ အသံကြည်ကြည်လေးကို ရှင်းလင်းစွာ ကြားနေရတယ်။ ပရိသတ်က အလွန်တိတ်ဆိတ်နေတယ်။ သူ့ သူငယ်ချင်းတွေက
အလင်းမီးချောင်းလေးတွေကိုင်ရင်း
ရှောင်ရီ့ ရဲ့ သီချင်းဆိုသံ နဲ့ ရှင်းလင်းပြတ်သားနေတဲ့ဂီတာသံအား ဝေ့ယမ်းကာ
ကြိုဆိုနေကြတယ်။

~ တချိန်က ငါတို့တွေ ရာထောင်ချီသော မြစ်တွေနဲ့ တောင်တန်း တွေကြောင့်ခွဲခွာခဲ့ရတယ်,
ရှေ့ဆက်ဖို့ရာ ဘယ်လောက်ပဲခက်ခဲပါစေ...

~~ငါတို့ထားရှိခဲ့တဲ့ ကတိတွေကို ငါခုချိန်ထိ မှတ်မိနေသေးတယ်..ဒါပေမဲ့ မင်းကို ဘယ်မှာ
တွေ့နိုင်မလဲ.....

ရှောင်ရီ ဂီတာကြိုးများကို ဖွဖွလေး တီးခတ်လိုက်စဥ် အားလုံး အံ့သြကုန်ကြတယ်။

စက္ကန့်ပိုင်းမျှခဏရပ်တန့်ပြီးနောက်..

~~ငါ့အချစ်က ကောင်းကင်ကို ဖြတ်သန်းပြီး...

ရှောင်ရီ ကျယ်လောင်စွာသီဆိုလိုက်တယ်,

~~ အိုး..ငါ့ရဲ့ချစ်သူ! ငါ့အချစ်တွေဘယ်တော့မှ မသေဆုံးဘူး~~

~~ငါ့ရဲ့ချစ်သူ!.ငါမင်းကို ဘယ်တော့ ပြန်တွေ့ရနိုင်မှာလဲ !~~

~~နှစ်ပေါင်းများစွာ ခဏတာအဖြစ်နဲ့ ကုန်လွန်သွားခဲ့ပေမယ့်ငါတို့ရဲ့ ငယ်ရွယ်မှုတွေ
အတွက် ငါမင်းကို အမြဲတမ်းချစ်နေမယ်~~

~~ဟိုတုန်းကလို...အမြဲတမ်းချစ်နေမယ်~~

ရှောင်ရီ သူ့ရဲ့ ယခင်သီချင်းဟောင်းကို သီဆိုနေခဲ့ပေမဲ့ လုကျိုးကို သတိရနေမိခဲ့တယ်။အတူတူ ရှိခဲ့တဲ့နေ့ရက်တွေ,တဆင့်ပြီး တဆင့်
သံယောဇဥ်တွေ တိုးလာကြတာတွေ, ဆင်းရဲတွင်းနက်တဲ့ အရှုံးသမားမှ နောက်ဆုံး
ဒီ စတိတ်စင်ပေါ်ထိ တရွေ့ရွေ့ ရောက်ရှိ
လာခဲ့ပုံတွေကို ပြန်မြင်ယောင်နေမိတယ်။

သံပြိုင်အပိုဒ်အား စိတ်နှစ်ကာသီဆိုရင်း
သူ့ အသံတို့ကအနည်းငယ်ဆို့နင့်လာခဲ့တယ်။
ပရိသတ် တွေ အားလုံးက တိတ်ဆိတ်နေလျက် လူတိုင်းသူ့ကို ကြည့်နေကြတယ်။

ရှောင်ရီ့ မျက်လုံးများမှ မျက်ရည်တွေ စီးကျလာတယ်၊ပြီးဆုံးခါနီးမှာပဲ လူတစ်ယောက်အား ရုတ်တရက်တွေ့လိုက်ရတယ်။ ပရိသတ်ထဲနောက်ဆုံးတန်းရဲ့ ဘယ်ဘက်တွင်ထိုင်နေတဲ့ လူအား သူတွေ့မြင်လိုက်ရတယ်။

ထိုအမျိုးသားက လက်ထဲ၌ သောက်စရာပုလင်းတစ်ခုကို ကိုင်ထားပြီး အနက်ရောင် အားကစားဝတ်စုံ အကျီနဲ့ ဘောင်းဘီကို ဝတ်ဆင်ကာနေကာမျက်မှန်တစ်လက်ကို
ဝတ်ထားသေးတယ်။သူက ရှောင်ရီအား
တိတ်ဆိတ်စွာဖြင့် ကြည့်နေလျက် သူ့ခြေထောက်အားစည်းချက်ညီညီလှုပ်
ယမ်း နေတယ်။

ရှောင်ရီ ချက်ခြင်း ဂစ်တာကို ချလိုက်ပြီး ပရိသတ်ထဲသို့ပြေးဆင်းသွားလိုက်တယ်။
ခန်းမတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး
ထိုသူကလည်း အနောက်ဘက်တံခါးဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့တယ်။

ရှောင်ရီ တစ်ယောက် အော်လည်း မအော်ဝံ့ဘူး၊ ပတ်ဝန်းကျင်ရှိပရိသတ်ကြားသွားမှာကို ကြောက်နေတယ်။ ကော်ရစ်တာအပြင်ဘက်ထိ ထိုလူအား ဖမ်းဆီးနိုင်ရန် လိုက်သွားခဲ့
ပေမဲ့ ဒါရိုက်တာက သူ့အနောက်မှပြေးလိုက်ကာဆွဲခေါ်လာတယ်။

ဒါရိုက်တာ: " ရှောင်လောင်ရှီး
ဘာဖြစ်တာလဲ?"

ရှောင်ရီ ကော်ရစ်တာတွင် သတိလက်လွတ် ရပ်နေမိလျက်စကြ်ံလမ်းကတော့ဗလာနတ္ထိ၊

" ဘာမှမဟုတ်ပါဘူး"

ရှောင်ရီ ဒါရိုက်တာနဲ့ အတူ စတူဒီယို ထဲသို့
ပြန်လိုက်လာခဲ့တယ်။ လုကျိုးက အရေးပေါ်
ထွက်ပေါက်ရဲ့ နံရံကို မှီရင်း သက်ပြင်းချလိုက်မိတယ်။

ရှောင်ရီ စတိတ်စင်ပေါ်ပြန်သွားပြီး ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်ပြလိုက်တယ်။

ချီချွမ်းက ပြုံးရင်းပြောလာတယ်၊

" မင်း သီချင်းဆိုလို့ ပြီးပြီလား?"

"ငါက မင်း တစ်ခုခု ဆန်းသစ်တာလေး
လုပ်ပြဦးမယ်ထင်နေတာ "

ဝမ်ကျင်းက အပြုံးလေးဖြင့် ပြောလာတယ်။

ရှောင်ရီ ဂစ်တာကိုင်ပြီး စင်မြင့်အလယ်၌ရပ်လိုက်တယ်။

" ဒီ သီချင်းက ကျွန်တော်ဆယ်ကျော်သက်အရွယ်တုန်းကရေးထားခဲ့တဲ့သီချင်းတစ်ပုဒ် ပါ"

ကျီးဇီ :"ကောင်းတယ်..အရမ်းကောင်းတယ်"

ပန်နွီ :" မင်းသီချင်းတစ်ပုဒ်လောက်
တောင်းချင်သေးလား?"

ရှောင်ရီ လက်ခါပြရင်း ,

"မလုပ်တော့ပါဘူး"

လုကျိုးပြန်ရောက်လာပြီ၊ ယခုတွင်မူ
သူကပြိုင်ပွဲအား တတ်နိုင်သမျှအမြန်ဆုံး အဆုံးသတ်ချင်ပြီး သူ့ကို ပြန်သွားရှာချင်တယ်။ နောက်ထပ် ရိုက်ကူးရေး လုပ်ဖို့ကိုတောင် စိတ်ကူးမရှိတော့ပေမဲ့ ခန်းမထဲ၌ ပရိသတ်များစွာရှိနေတယ်။ သူဆက်မလုပ်လို့လည်းမရဘူး။ ဒါကြောင့်ရှောင်ရီ သက်ပြင်းမောကြီး တချက်ချပြီး သူ့နှလုံးသားထဲမှ
စိတ်လှုပ်ရှားမှုတွေကို ခက်ခဲသည့်ကြားမှ
ချုပ်ထိန်း ထားနိုင်ခဲ့တယ်။

" …သီချင်းက ကောင်းရဲ့လား?"

ရှောင်ရီက ပရိသတ်ထံအပြုံးလေးဖြင့်
မေးလိုက်တယ်။

လူတိုင်းက ချီးကျူးလာကြတာမို့ ရှောင်ရီ
ပြုံးကာ ပြောလိုက်တယ်။

" အားလုံးကို ချစ်ပါတယ်, ဒီနေ့ ကျွန်တော့်ကို
လာအားပေးကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"

ပရိသတ်က အော်ဟစ်ကာအားပေးလာကြတယ်။ ကျန်းရှောင်ကုံးက လက်ခုပ်တီးကာ
မတ်တပ်ရပ်ပြီး ထွက်ခွာဖို့ရာထလိုက်တယ်။
နင်ယာချင်းကလည်း သူ့အား လေထဲမှ
Fly kissလုပ်ကာထွက်ခွာဖို့လုပ်တယ်။
ပရိသတ်တွေ ဝိုင်းဝန်းဖမ်းဆီးခြင်းမခံရဖို့
ကြယ်ပွင့်တွေက စောလျင်စွာထွက်ခွာသွားကြတယ်။ လီချမ်းကျန်းမထွက်ခွာမီ သက်တော်စောင့်တွေက စတူဒီယိုတွင်း ထိခိုက် ခြင်း သို့တည်းမဟုတ် လူလုပ်ဖြစ်ရပ်ဆိုးများမှ တစ်စုံတစ်ရာ မဖြစ်ပေါ်စေဖို့ စစ်ဆေးပြီးမှသူ့အား ကာကွယ်ပိတ်ဆို့ကာ ထွက်ခွာသွားကြတယ်။

ပန်နွီ : " မင်းတို့ နှစ်ယောက်လုံးသီချင်းဆို
တာအရမ်းကောင်းတယ်...ငါဘယ်သူ့ကို
ရွေးရမလဲဆိုတာတောင်မသိတော့ဘူး"

ကျီးဇီ က ဝမ်းနည်းစွာပြုံးရင်း,

"မရွေးလို့ မရဘူးလား!"

"မရဘူး"

ရှောင်ရီက ထို မှတ်ချက်တွေကို ကြားပြီးနောက် အပြုံးလေးဖြင့် ပြောလိုက်တယ်။

ဒိုင်လူကြီး အားလုံးက ရယ်မောကြပြီး
ဝမ်ကျင်းက ပြောလာတယ်၊

" pkတစ်ပိုင်းရှိသေးတယ်လေ , ဘာလို့
သူတို့ရဲ့ လက်ရှိpkကို မကြည့်ကြတာလဲ?"

ချီချွမ်း : "ကဲစစို့...."

ဒိုင်လူကြီးလေးဦးရဲ့ မီးတွေ တပြိုင်နက်ထဲ
လင်းသွားကြပြီး ချက်ခြင်းပြန်မှိန်သွားကြတယ်။

" ဂုဏ်သရေရှိလူကြီးများခင်ဗျာ !"

ကြိုတင်အသံသွင်းထားသည့်အမျိုးသားအသံက ဖန်သားပြင်ထက် ပေါ်ထွက်လာတယ်၊

" ကျပန်းရွေးချယ်သီချင်းများ စတင်ပါပြီ၊
သီဆိုချိန် ရောက်ပါပြီ ! ဆက်လက်စောင့်မျှော်ပေးကြပါခင်ဗျာ !"

ဖန်သားပြင်ထက်၌ ထောင်နှင့်ချီသော အဆိုတော်များ၏သီချင်းအမည်များ
ပေါ်လာပြီးအီလက်ထရောနစ်ဘောင်များက  လေးခုခွဲကာ ပေါ်လာချိန် မိနစ်မှတ်သံများ
ထွက်ပေါ်လာတယ်၊ ဝမ်ကျင်းကပထမဆုံး
ခလုတ်နှိပ်ပြီး အော်တယ်၊

" ဖေးရီဝန်!"

ကျီးဇီက လည်း မီးကိုနှိပ်တယ်,

"ကွမ်မူကွမ်လောင်ရှီး !"

ပန်နွီ : "ချမ်းဟွေ့လင်!"

မင်းတို့တွေ တကယ့်ကို ခက်ခက်ခဲခဲ သရုပ်ဆောင်နေကြတာပဲ, ဒီနှစ်အကယ်ဒမီ ပေးပွဲမှာ ဧည့်သည်သရုပ်ဆောင်ဆုရလောက်တယ်...

ထို့နောက် ချီချွမ်းက ပြုံးရင်း ပြောလာတယ်။

"ကျိုလင် ထိုက်!"

ဖန်သားပြင်ပေါ် ပြေးလွှားနေတဲ့ ဘောင်လေးခုလုံးရပ်တန့်သွားပြီး လေးထောင့်ပုံသဏ္ဌာန်
ဖြင့် အဆိုတော်လေးဦး၏နာမည်များထွက်ပေါ်လာတယ်။ ထို့နောက် ထောင့်ဖြတ်မျဥ်းများ ဖြင့် တစ်ခုနှင့် တစ်ခုချိတ်ဆက်ကာ
အမှတ်တစ်ခု သတ်မှတ်ရန် အလယ်ဗဟို၌
မျဥ်းနှစ်ကြောင်းအားထောင့်ဖြတ်ခတ်ထားတယ်။ထိုအမှတ်က ပဥ္စမမြောက်အမျိုးသမီးအား ညွန်ပြနေတယ်။

"ယန်မီ !"

ထက်မြက်စူးရှသည့် အမျိုးသားအသံက
ထွက်ပေါ်လာတယ်။

ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားကြပြီး ရယ်မောနေကြတယ်။ရှောင်ရီ
ကပြုံးပြီး ကျင်းလုကို ကြည့်တယ်။

ကျင်းလု : "ရှောင်ရီ အဲ့ဒီသီချင်းတွေကို
ဘယ်လိုဆိုရမလဲဆိုတာသိလား?"

"နည်းနည်း.."

ရှောင်ရီ ကျင်းလုအား လက်မထောင်ပြပြီးပြောလိုက်တယ်။

" အကောင်းဆုံးကြိုးစားပါ"

ပရိသတ်များဘေးတွင်လည်း မဲပေးနိုင်
မည့်ခလုတ်များ ပေါ်လာတယ်၊ ရှောင်ရီ နဲ့
ကျင်းလုတို့ စင်မြင့် အလယ်သို့ လျှောက်
လာကြပြီး သူ့တို့နောက်တွင် မဲရလာဒ်အား ကြေညာသည့် ဘားတန်းတစ်ခု ဖန်သားပြင်တွင် ပေါ်လာတယ်။

ရှောင်ရီ : " ငါ ပထမ စာကြောင်းကို ဆိုမယ်"

ကျင်းလုက ' ကျေးဇူးပြုပြီး 'ဆိုတဲ့ ပုံသဏ္ဌာန်ပြရင်း စတင်ခဲ့ကြတယ်။ အနောက်ဘက်ရှိ
ဖန်သားပြင်၌ သီချင်းစာသားများကို
ပြထားလျက် သီချင်းအား ဖွင့်ပေးလာတယ်။

~ မင်းငါ့လက်ကို ဆုပ်ကိုင်ထား~~အမွှေးတိုင်လေး ကုန်ဆုံးချိန်ထိ~~

ရှောင်ရီ အသံက အနည်းငယ် တုန်ယင်နေတယ်။

ကျင်းလု : " မင်းရဲ့ ရည်မှန်းချက်နဲ့ စွမ်းရည်တွေကို ထုတ်ဖော်ဖို့ ဖယောင်းတိုင်လေးကို
ထားခဲ့ပါ"

ကျင်းလုနဲ့ ရှောင်ရီ တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး နှစ်ယောက်အတူ စုံတွဲသီဆိုကြတယ်၊ ရှောင်ရီက နောက်ပြန်ဆုတ်ပြီး
ဖန်သားပြင်ဘက်တချက်ကြည့်ပြီးမှ ပရိသတ်ဘက်သို့ လှည့်ကြည့်တယ်။

~~ လေးနက်တဲ့ ချစ်ခြင်းကို မတောင်းဆိုတဲ့
ချစ်ခြင်း မေတ္တာတစ်ခုကိုပဲရှာဖွေချင်တယ်~
~ အဆုံးသတ်မှာ အချစ်ကြောင့်နာကျင်ရတယ်~~စိတ်ဓာတ်တွေကျ ငိုခဲ့ဖူးတယ်~~

ရှောင်ရီ နဲ့ ကျင်းလုတို့ တချိန်တည်းမှာခဏရပ်ပြီးမှ သံပြိုင်သီဆို မှုအား စတင်တယ်။

~~ငါ့ရဲ့ ဘဝတစ်ခုလုံး မင်းကိုပံ့ပိုးရင်း မောပန်းနေပြီ..မင်းရပ်ပြီး လှည့်ကြည့်ဖို့တစ်ခုသာ ငါမျှော်လင့်တယ်..ငါ့ကို..ချစ်ခြင်း မေတ္တာအပြည့်နဲ့ အကန့်အသတ် မဲ့
ချစ်ခွင့်လေး ပေးပါ~~

ဝမ်ကျင်းက သူ့ရှေ့မှ မီးကို နှိပ်လိုက်ရာ
ဒင်းဒင်း ဆိုတဲ့ အသံလေး ထွက်ပေါ်လာတယ်၊ရှောင်ရီ နောက်ဘက်မှ ဘားတန်း
လေးက အမှတ်တစ်ရာထိ တက်လာခဲ့တယ်။
ပရိသတ်တွေက အဆက်မပြတ်အော်ဟစ်နေကြတယ်။ ထို့အခါ ချီချွမ်းကလည်း ပြုံးရင်း
သူ့ ရှေ့မှမီးကို နှိပ်တယ်၊ဒီတကြိမ်က
ကျင်းလုအတွက် ဖြစ်တယ်။

ပရိသတ်ကလည်း သူတို့နှစ်ယောက်အား
အားပေးပြီး အမှတ်တွေပေးလာကြတယ်။
လူတစ်ဦးစီရဲ့ ဆန္ဒမဲက တစ်မှတ်သာရပြီး
ဒိုင်တွေရဲ့ ဆန္ဒမဲကအမှတ်တစ်ရာနှင့်ညီမျှတယ်။

အစကတည်းက ရှောင်ရီ အမှတ်က ကျင်းလုထက်အနည်းငယ်သာလွန်နေတယ်၊ လူတိုင်းကလည်း အော်ဟစ်နေကြပြီး သူတို့ရဲ့ အားပေးမှုကို ပြကြတယ်။ပြီးရန် အချိန်နီးလာတဲ့အခါ ပန်နွီက တတိယမဲ ကို ကျင်းလုအား ပေးလိုက်တယ်။ ကျင်းလုက ချက်ခြင်းသူ့အား ကျော်တက်သွားရာ ပရိသတ်က
အော်ဟစ်နေကြတယ်။ရှောင်ရီ့ အမှတ်ကလည်း တဖြေးဖြေး မြင့်တက်နေတယ်။

~~ခါးသီးတဲ့ ပင်လယ်ထဲမှာ မျောလွင့်နေတဲ့ မင်းအတိတ်ကို ပြန်ကြည့်လိုက်...

ရှောင်ရီ ထိုစာကြောင်းအား တမင်တကာ
ပင်မှားယွင်းလိုက်ရင်းသူကိုယ်သူ မျှော်မှန်းထားသည်ထက် သာလွန်အောင်လုပ်လိုက်တယ်။

တင်းတောင်~~ ကျီးဇီ က ကျင်းလုအား
နောက်ဆုံး မဲကို ပေးလိုက်တယ်။

လူချောလေး နှစ်ယောက်ရဲ့ သီဆိုမှုက အရမ်းကောင်းတယ်။ ကျင်းလုက သူ့အသံကို
စတင်ပြောင်းလဲ လိုက်ချိန် ရှောင်ရီက သူ့အား
ဟာမိုနီ လိုက်ရင်း ကူညီပေးလိုက်တယ်။

မဲပေးလို့ ပြီးဆုံးချိန် သီချင်းသီဆိုမှု ပြီးတဲ့အခါ ပရိသတ်က လက်ခုပ်သြဘာပေးကြတယ်။

" ပူးပေါင်းသီဆို မှုက အရမ်းကောင်းတယ်"

ဝမ်ကျင်း ကပြောလာတယ်,

" ဒါက ပြိုင်ဖက် နဲ့ ကောင်းကောင်း ပူးပေါင်း ဆောင်ရွက်တာကို ငါပထမဆုံး မြင်ဖူးတာပဲ"

ဝမ်ကျင်းက အခြားဒိုင်လူကြီးတွေဘက်
ကြည့်တယ် ၊ကျီးဇီက , " ဒီသီချင်းသံကြားတိုင်း လူတိုင်းဆီက ဘာလို့ ဒီလောက်ကြီးမားတဲ့တုံ့ပြန်မှုတွေ ရတာလဲ?"

ပရိသတ်များထံမှရယ်မောသံတွေထွက်လာပြီး ကျီးဇီလည်း အံ့သြနေတယ်။ ချီချွမ်းက
ပြုံးပြီး ပြောလာတယ်၊

" ရှောင်ရီက အရမ်းနူးညံ့တယ်ဆိုတာကို
ငါသတိထားမိတယ်"

"ကျေးဇူးတင်ပါတယ်"

ရှောင်ရီ အလျင်အမြန်ပြောလိုက်ရတယ်။

ပန်နွီက ပြုံးပြီး ,

"နှစ်ယောက်အတူတူသာနောက်တဆင့် တက်သွားရင် မင်းနောက်ပိုင်းစုံတွဲဆိုလို့ရပြီ"

လူတိုင်းက ရယ်မော နေကြတယ်။

ဝမ်ကျင်း : " အမှတ်တွေကလည်း သိပ်မကွာဘူး၊ ငါတို့ဘာလုပ်သင့်လဲ?"

ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်သွားတယ်။
ရှောင်ရီ နဲ့ ကျင်းလုတို့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေကြပြီး နှစ်ယောက်လုံးရဲ့
အမှတ်တွေကလည်း သိပ်မကွာကြဘူး။ ရှောင်ရီက 430ရပြီး ကျင်းလုက 455မှတ်
ရတယ်။

"ရှောင်ရီ !....ရှောင်ရီ !"

ပရိသတ်ထဲမှ တစ်စုံတစ်ယောက်ကလှမ်းအော်တယ်။

" ငါရှုံးတယ်"

ရှောင်ရီကျင်းလုကို ပြောလိုက်တယ်,

" သံပြိုင်ဆိုတဲ့ အပိုဒ်ရဲ့ နောက်ဆုံးစာကြောင်းကို ငါမဆိုနိုင်ခဲ့ဘူး"

ကျီးဇီ:  "ငါကြားတယ်...ဒါပေမဲ့ မင်းအတွက်
အခွင့်အရေးရှိသေးတယ်လေ"

ကျင်းလုက ရှောင်ရီ ဘက်လှည့်ပြီး ပြောလာတယ်၊

" ခင်ဗျား သီချင်းဆိုတာ အရမ်းကောင်းတယ်,ရှောင်ရီ "

ရှောင်ရီ ပြုံးပြပြီးသူ့လက်ကို ဝေ့ရမ်းကာပြောလိုက်တယ်။

"ဒိုင်လူကြီးမင်းတွေကို  ကျေးဇူးတင်ပါတယ်"

ဒါရိုက်တာ က "ကဒ်"ဟု ထအော်တယ်။

ဒိုင်လူကြီးတွေ ရေသောက်ကြတယ်။ ရှောင်ရီ နဲ့ ကျင်းလုက ခဏနားချိန် ဝမ်ကျင်းကို မေးလိုက်တယ်။

" ကြယ်ပွင့်တွေအကုန်ပြန်သွားကြပြီလား?"

"သွားကြပြီ "

ကျီးဇီ က အပြုံးလေးဖြင့် ပြောလာတယ်။

ဒါရိုက်တာ : " ဒိုင်လူကြီးတွေ ခဏအနားယူ ,
ငါတို့ ဖြေရှင်းဖို့ ပြဿနာလေးတွေရှိတယ်"

ဒါရိုက်တာက စင်မြင့်ပေါ်သို့ အမြန်တက်သွားတယ်။ ရှောင်ရီ နဲ့ ကျင်းလုလည်းရပ်
နေလျက် ဒါရိုက်တာက ပြောလာတယ်။

" အမှတ်တွေက အဆင်မပြေဘူး,ပြသချိန်ကျရင် နောက်ခံ ကို ပြောင်းပစ်ရမယ်, ကွာခြားချက်က နည်းနေလို့မရဘူးလေ,အိုကေလား?"

ရှောင်ရီ : "ဒါပေါ့...ပြောင်းပါ,ပြန်ရိုက်ဖို့ရော လိုသေးလား?"

ဒါရိုက်တာခေါင်းကိုက်နေပြီ၊ စိတ်အားထက်သန်စွာ ပြုလုပ်ထားခြင်းတွေကို
ထပ်ပြီး လုပ်ခိုင်းဖို့ဆိုတာကလူတွေကို
နောက်ပြောင်နေသလိုပဲလေ။ အဲ့လိုသာပြောကြည့် ကြောက်စရာကောင်းသွားလိမ့်မယ်။

" ဒီလို ဆိုရင်ရော ...ကျွန်တော်တို့ စင်ပေါ်က ဆင်းပြီးပြီဆို ဒီနေ့ရဲ့ ရိုက်ကူးမှုက ပြီးသွားပြီ၊
ကျွန်တော်တို့ အနီးကပ်ရိုက်ထားတဲ့ ရမှတ်
ပါ အပိုင်းတွေကို ဖြတ်ပြီး တည်းဖြတ်လိုက်မယ်၊ပြီးရင် ပြိုင်ပွဲမှာ ဓာတ်ပုံတွေ ပြင်လိုက် ကြမလား?"

ဒါရိုက်တာက ခဏမျှစဥ်းစားလိုက်တယ်၊

" ထုတ်လုပ်သူကလည်း အဲ့လိုလုပ်ဖို့ပြောတယ်, အဲ့လိုပဲ အရင်လုပ်ကြတာပေါ့၊ effectက အဆင်မပြေရင်တော့နှစ်ယောက် လုံး ပြန်ပြီး recordလုပ်ဖို့ အကြောင်းကြားမယ်, ဒိုင်လူကြီးတွေတော့လာစရာမလိုတော့ဘူး၊ ဟုတ်ပြီလား?"

ရှောင်ရီ : " ပြဿနာမရှိဘူး"

အကဲဖြတ်ဒိုင်တွေရဲ့ အနားယူမှု ပြီးတဲ့အခါ
ဒါရိုက်တာက ထပ်ရိုက်ဖို့ပြင်တယ်၊

" ဒီ တကြိမ်ကိုတခါထဲ အပြီးဖြတ်မယ်,
အကုန်လုံးကြိုးစားကြပါ,လာကြတော့"

ရှောင်ရီ နဲ့ ကျင်းလုတို့ စင်အလယ်တွင် ရပ်နေကြတယ်၊ ကျင်းလုက ရှောင်ရီ ကို ကြည့်ကာ
ခတ္တခဏ ငြိမ်သက်နေခဲ့တယ်။

ဆန့်ကျင်ဘက် အနေနဲ့ ရှောင်ရီက ပွင့်လင်းသူဖြစ်တယ်။ သူတို့ နှစ်ယောက်လုံးစကားမပြောမိကြဘူး၊ ရှောင်ရီက ရှေ့သို့တိုးကာ
သူ့အား တင်းကြပ်စွာ ပွေ့ဖက်လိုက်တယ် ။

ဒါရိုက်တာက လက်ဟန်ပြတယ်။ပရိသတ်ကအရူးအမူး လက်ခုပ်တီးကာ မတ်တပ်ရပ်လာကြတယ်။

ဝမ်ကျင်းက ခေါင်းကိုခါယမ်းကာသက်ပြင်း ချတယ်။ ကင်မရာက သူ့ဘက်သို့လှည့်လာ ချိန် ဝမ်ကျင်းကတိုးတိတ်စွာလက်ခုပ်တီး
နေတယ်။

စင်မြင့်ပေါ်တွင်,

"မင်းကအရမ်း နူးညံ့တဲ့သူပဲ "

ကျင်းလုက တုန်ယင်နေသံဖြင့် ပြောလာတယ်၊

" ကျေးဇူးပါ,ရှောင်ရီ , မင်းနဲ့သိကျွမ်းခဲ့တဲ့
နေ့ရက်တွေမှာ ငါမင်းဆီက အများကြီး
သင်ယူခဲ့ရတယ်"

ရှောင်ရီ : " မင်း သီချင်းဆိုတာ အရမ်းကောင်းတယ်,ငါ့ထက် တော်တယ်။ ဒါက
ငါ့နှလုံးသားထဲက ပြောတဲ့ စကားပါ,ငါ့ရဲ့နူးညံ့မှုက အပေါ်ယံပါ, မင်းရဲ့နူးညံ့မှုက သီချင်း ထဲမှာကို ပေါ်လွင်နေတာ "

ကျင်းလု ရှောင်ရီကို ကြည့်တယ်။

ရှောင်ရီ : " ကျန်တာမင်းနဲ့ ထားခဲ့မယ်၊
ငါမင်းကို အရှုံးပေးချင်တယ်"

ရှောင်ရီကသူ့ အကျီမှ ရင်ထိုးလေးကို
ကျင်းလုရဲ့ အကျီမှာ ချိတ်လိုက်တယ်။

ကျင်းလု : " ငါ..ငါကသီချင်းပဲဆိုတတ်တာ..."

ရှောင်ရီ : " ငါ့ရဲ့ ကောင်းချီးတွေ နဲ့အတူ
သူတို့ကို အနိုင်ယူနော်"

" မင်းအစွမ်းကုန်ကြိုးစားရမယ်!"

ရှောင်ရီ စိတ်အားထက်သန်စွာအော်ပြောလိုက်တယ်။

"နားလည်လား?"

ပရိသတ်အားလုံးလက်ခုပ်တီးကြပြန်တယ်။
ကျင်းလုက မျက်ရည်ဝဲလျက် ဒိုင်လူကြီး
တွေကို ပွေ့ဖက်ရန် ဆင်းလာတယ်၊ ကျီးဇီက ကျင်းလုရဲ့ ကော်လာပေါ် တတိယမြောက်
ရင်ထိုးလေး အားလျှပ်တပြက်ချိတ်ပေးလိုက်တယ်။ ကင်မရာက ကျင်းလုနောက်သို့ လိုက်ပြီး အနီးကပ်ရိုက်တယ်။ကျင်းလုကမျက်နှာပေါ်မှ မျက်ရည်တွေကိုသုတ်ပြီး ကင်မရာအား လက်မထောင်ပြတယ်။

ရှောင်ရီ ကတော့ စင်မြင့်ပေါ်တွင်ရပ်နေဆဲပဲ။

ဝမ်ကျင်း :" မင်းအကြောင်းလေး ပြောပါဦး "

ပန်နွီ :" ဟေး , ရှိုးတိုင်း ငါသတိထားမိတယ်..မင်းအတွက် သာမန်ထက်ထူးခြားနေသူတစ်ယောက်ရှိနေတယ်၊မင်းတို့အကုန်လုံး
သတိမထားမိကြဘူးလား?"

ပန်နွီက ရှောင်ရီ့ ထံသို့ လက်ညိုးလေး
နှစ်ဖက် ထိုးကာ ပြုံးပြလာတယ်။

" ဟိုးအရင်တုန်းက , အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ စကားမပြောပဲသီချင်းဆိုဖို့ တက်လာတဲ့ ကောင်လေးကိုတောင်ပြန်သတိရမိတယ်,
ခုကျ အဲ့ကောင်လေးကသဘောကျတဲ့သူတောင်ရှိနေပြီ"

ရှောင်ရီက ပြုံးတုံ့တုံ့လေးသာလုပ်နေရင်း
ဘာမှမပြောဘူး။

ကျီးဇီ : " သူက သဘောကောင်းတယ်,
မင်း ဘာပြောပြောသူက ပြုံးနေတာပဲ"

ချီချွမ်း : " သူက သီချင်းဆိုရတာကိုလည်း
အရမ်း အစွဲ အလန်းကြီးတယ်"

ရှောင်ရီ : " ဟုတ်ပါတယ်, ဒီပြိုင်ပွဲမှာ ကျွန်တော်သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရပြီး
ကျွန်တော့်အတွက်အပျော်ရဆုံးအချိန်
တွေပါပဲ"

"အမှန်တကယ်တော့"

ရှောင်ရီ ခဏမျှစဥ်းစားပြီး ပြောလိုက်တယ်၊

" ကျွန်တော်ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာက
တစ်စုံတစ်ယောက်ကို ပြောပြချင်လို့ပါ,
ကျွန်တော့်မှာ ပြောစရာတွေရှိခဲ့တယ်,
ဒါပေမဲ့ ကျွန်တော်သူ့ကို မပြောနိုင်ခဲ့ဘူး,
ကျွန်တော်နဲ့ သူက မိုင်ထောင်ချီ ဝေးနေတာကြောင့်လဲ ဖြစ်နိုင်တယ်...ဒီသီချင်းလေးထဲ
ကလိုပဲ, ကျွန်တော့် အချစ်က ကောင်းကင်ပြင်ကို ဖြတ်သန်းခဲ့ရတယ်..."

ရှောင်ရီ ပြောနေရင်း သီချင်းလေး ဆိုတယ်၊

~ ငါ့အချစ်က အဆုံးမရှိ စီးဆင်းနေမယ်..
အိုး ~~အချစ်ရယ်~~

~ချစ်သူရယ်!.မင်းနဲ့ဘယ်တော့မှ ပြန်ဆုံနိုင်မှာလဲ....

ရှောင်ရီ ရဲ့ အပြုံးတို့က ချိုမြနေသော်လည်း
ဝမ်းနည်းမှုတို့က သိသာနေတယ်။

" ဒါဆို မင်း ဒီနေရာကနေဖွင့်ပြောမှာလား?"

ဝမ်ကျင်း : "ဘယ်ကောင်မလေးလဲ ?
သူဒီမှာရှိလား? မတ်တပ်ရပ် !"

အားလုံးရယ်မောနေကြချိန် ဝမ်ကျင်းက
ပြောလာပြန်တယ်၊

" အိုး...ငါမေ့သွားတာ, မင်းပြောဖို့ ရှိတယ်
ဆိုတာ, မင်းခုထိ မပြောရသေးဘူးပဲ"

"ဟုတ်တယ်... ငါမင်းကို ချစ်တယ်..
ငါလေ..ငါမင်းကို ချစ်တယ်၊ အဲ့ဒီလိုအချစ်မျိုး, ဟုတ်တယ်, မင်းအခု တွေးနေတဲ့အချစ် '

ပရိသတ်ကြီး တကယ်ပင် ရုတ်ရုတ်သည်းသည်းဖြစ်သွားတယ်။ရှောင်ရီကကင်မရာကို အလေးအနက်ထား စိုက်ကြည့်ပြီး,

" ချစ်သူတစ်ယောက်ရဲ့အချစ်မျိုး ,
အချစ်ဇာတ်လမ်းတွေထဲကလို အချစ်မျိုး ,
ငါ့ဘက်ကဒါကို အကြိမ်များစွာ မင်းကို ပြောခဲ့ဖူးပေမဲ့ , မင်းကအမြဲတမ်း ဒါကို ဟာသ
တစ်ခုလို့ထင်နေခဲ့တယ်, ဒါပေမဲ့ ငါမင်းကို
ဒီနေရာကနေ ပြောချင်တယ်, မင်း ကျိန်းသေ
ဒီစကားကို ယုံကြည်ပေးရမယ်, မင်းဒါကို
ယုံကြည်ပေးမှရမယ်"

"လူရိုးလေး"

ကျီးဇီက ခေါင်းခါရင်း ပြုံးတယ်,

" မင်းရဲ့ ဝန်ခံချက်ကို ဒီထက်ပိုပြီး လူအများကြီး ကြားနိုင်ဖို့ဖိုင်နယ်ထိပါသင့်တယ်လို့
ငါတွေးမိတယ်"

ဝမ်ကျင်း :" မင်းရဲ့ ကောင်မလေး ဒီနေ့
ဒီမှာရှိလား?"

{T/N..တရုတ်မှာက သူ/သူမမရှိပဲထား.ဆိုတဲ့ သူပဲရှိလို့ ကောင်မလေးလို့ထင်နေကြတာပါ}

ရှောင်ရီ စဥ်းစားပြီး ,

" သူဒီမှာမရှိဘူး"

ကျီးဇီ : "သူ့နာမည်ဘယ်လိုခေါ်လဲ?"

ရှောင်ရီ : " ပြောစရာမလိုအောင်
သူသိပါလိမ့်မယ်"

" ဒါပေမဲ့ အတည်ပြောမယ်ကွာ"

ချီချွမ်းက အပြုံးလေးဖြင့် ဆက်ပြောလာတယ်၊

" မင်းလယ်ဗယ် ငါးခုကိုတောင်ဖြတ်ပြီး,
ခြောက်ဆင့်မြောက်မှာ ရှုံးနိမ့်ခဲ့တယ်၊
ပြီးတော့ မင်းက သွေးထွက်သံယိုနည်းလမ်း
နဲ့ ဝန်ခံခဲ့တယ်, နောင်အနာဂတ်မှာ မင်းဘယ်လို ဆက်ပြီး တိုးတက်အောင်လုပ်မယ်
ဆိုတာကို ရော မင်းစဥ်းစားပြီးပြီလား?"

ဝမ်ကျင်းက ပြုံးပြီး ပြောတယ်,

" မင်းတော့ ပဏာမ ထုတ်လွှင့်မှု
ပြီးပြီးချင်းနေ့ချင်း ညချင်း
ပေါ်ပြူလာဖြစ်လာတော့မယ် "

" ကောင်းပါတယ်,ဒါပေမဲ့ကျွန်တော်
လူတိုင်းရှေ့မှာ ဘယ်တော့မှ သီချင်း
မဆိုဖြစ်လောက် တော့ဘူး၊ ပထမဆုံး
အနေနဲ့ , ကျွန်တော့်ရဲ့ ပရိသတ်တွေကို
အားပေးမှု အတွက်ကျေးဇူးတင်ကြောင်း
ပြောချင်ပါတယ်,ကျွန်တော်ဘယ်မှာပဲ
ရှိနေနေ , ကင်မရာရှေ့ကနေပဲပျောက်
ကွယ်သွားမှာပါ, ခင်ဗျားတို့ပတ်ဝန်းကျင်
မှာတော့ အမြဲရှိနေပါတယ် "

" ကျွန်တော့် အနာဂတ်အနေနဲ့တော့ ....
ပြိုင်ပွဲမစခင်မှာ အဖွဲ့သားတွေက ကျွန်တော့်အတွက် ဗီဒီယိုလေး တစ်ခု ရိုက်ကူးပေးထာပါတယ်, အကယ်၍ကျွန်တော်သာပြိုင်ပွဲကနေ ဖယ်ထုတ်ခံရမယ်ဆိုရင်အဲ့ဒီ ဗီဒီယိုလေးကို ထုတ်လွှင့် ဖို့ပါ, ကျွန်တော်ပြောချင်တာတွေကို ဗီဒီယိုလေးထဲမှာပြောထားခဲ့ပါတယ်,
အားလုံးကို ... နှုတ်ဆက်ပါတယ် !..."

ရှောင်ရီ နောက်ဆုံးတွင်သူ့ဇာတ်ညွန်းကို ချောမွေ့စွာ ပင်ပြီးဆုံးစေခဲ့ပြီး စင်ပေါ်မှ
ဆင်းလာလိုက်တယ်၊ လူတိုင်းက ထပြီး လက်ခုပ်တီးကြတယ်။ ရှောင်ရီ တစ်ယောက် စတူဒီယိုမှတဆင့် စကြ်ံလမ်းဘက်ဆီ ပြေးထွက်သွားတာကိုဒိုင်လူကြီးတွေလိုက်ကြည့်နေကြတယ်။ ကင်မရာကလည်း သူ့နောက်သို့လိုက်ကာရိုက်ကူးရေး လုပ်နေပုံရတယ်။

ရှောင်ရီ က ကင်မရာဘက်သို့လှည့်ကာ
' မွ 'ဟု ပြောလိုက်သေးတယ်၊ဒီနေရာ၌
ဆက်မနေနိုင်တော့သည်မို့သူပြေးထွက်
လာခဲ့လိုက်တယ်။

ဒိုင်လူကြီးများက ထိုင်ခုံတွင် ပြန်ထိုင်ကြပြီး
ဒါရိုက်တာက ရှောင်ရီ အတွက် ရိုက်ကူးထားသည့် ဗီဒီယိုကို စတင်ထုတ်လွှင့်ခဲ့တယ်။ ရှောင်ရီ ထို ဗီဒီယိုအား ယခင်ကတည်းက
ကြည့်ရူပြီး ပြီဖြစ်ကာဒါရိုက်တာနဲ့ ဝန်ထမ်း
အချို့လည်း ကြည့်ပြီး ကြပေမဲ့ ပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေကတော့ မကြည့်ရသေးဘူး။

" ကျွန်တော့် နာမည်က ရှောင်ရီ "

နွေရာသီ အစောပိုင်း ရှိဘေဂျင်းရဲ့ သစ်ပင်အရိပ်အောက် ရှောင်ရီ ကျောပိုးအိတ်တစ်လုံးကို လွယ်ကာ ရပ်နေခဲ့တယ်၊ လမ်းမကြီးထက်
လျှောက်သွားနေရင်း သူပြောနေတဲ့ စကားသံတွေက ငြိမ့်ညောင်းမှုနှင့်အတူ ဖြေးညှင်းစွာ တိုက်ခတ်နေတဲ့ လေပြေညှင်းလေးလိုပဲ။

" ပရိုဂရမ်အဖွဲ့က အကယ်၍ကျွန်တော်ထုတ်ပယ် ခံရရင် ,ပရိသတ်ကိုဘာပြော
ချင်လဲလို့ မေးတယ်"

ရှောင်ရီက  ရှီချားဟိုင်ရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာ ကင်မရာကို ပြုံးပြရင်း ပြောလာတယ်။

" Winnerဖြစ်ဖို့အထိ ကျွန်တော်
ဘယ်သော အခါကမှ စိတ်မကူးခဲ့တာမို့
ဖိုင်နယ် မရောက်ခင်မှာပဲ ကျွန်တော့်ခရီး
ကဆုံးခန်းတိုင်လိမ့်မယ်"

"ဒါပြီးရင်တော့.."

ရှောင်ရီက အဖြူရောင်ရှပ်အကျီကိုဝတ်ဆင်ကာဆံပင်တိုတိုဖြင့်ရှိနေတယ်။ သူစကား ပြောတိုင်း မျက်ခုံးလေးတွေ အနည်းငယ်ပင့်တက်သွားပြီး ကြည်လင်ရှင်းသန့်တဲ့ အမျိုးသားတစ်ယောက်ပုံစံလေးရှိနေတယ်။

" ကျွန်တော်နေသင့်တဲ့ နေရာကို သွား
မယ်...စိုးရိမ်ကြောင့်ကြမှုတွေကို လွှတ်ချပြီး ကျွန်တော်လုပ်ချင်တာတွေကို လုပ်မယ်,
တခါတုန်းက တစ်ယောက်သူက ကျွန်တော့်ကို ယုံကြည်ပေးပြီးသီချင်းဆိုခွင့်လည်း
ပေးခဲ့တယ်"

" ဒါပေမဲ့ သီချင်းဆိုရတာနဲ့ယှဥ်ရင် ,
ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အရှုံးမပေး
တတ်တဲ့ စိတ်လေးတော့ရှိတယ်, ဒီကနေ
ထွက်သွားပြီးရင် , ရက်တွေညတွေ ဘယ်လောက်ပဲကုန်လွန်ပါစေ ..သူ့ကို
လက်မလွှတ်တော့ဘူး၊ သူ့ဆီက ..သင်ယူခဲ့
တာကကျွန်တော် လိုချင်တာကိုရအောင်
ယူရမယ်ဆိုတာပဲ၊ ကျွန်တော့်ကိုယ်ကျွန်တော် နားလည်လိုက်တဲ့အချိန်သူ့ဆီအမြန်ပြေးသွားဖို့ ဘယ်အရာကမှ ကျွန်တော့်ကိုတားဆီးလို့
မရနိုင်တော့ဘူး"

"အကယ်၍ မင်းတို့သာကျွန်တော့်ရဲ့
ပရိသတ်မှန်ရင်"

ရှောင်ရီ ကင်မရာကို စေ့စေ့ကြည့်ပြီး
သူ့ကိုယ်သူလက်မဖြင့် ညွန်ပြရင်း
အပြုံးလေးဖြင့်ပြောလိုက်တယ်။

" ကျွန်တော့်ကို ခွန်အားတွေပေးပါ,
ကျွန်တော်ဖယ်ထုတ်ခံရပြီးနောက် ,
အင်တာနက်ကနေ ပျောက်ကွယ်ပြီး
ကျွန်တော့်အလုပ်နဲ့ အချစ်ကိုရှာဖွေရမယ်,
လူအများကြီးရှေ့ ပြန်ပေါ်မလာနိုင်ပေမဲ့
ကတိပေးပါတယ်, တနေ့နေ့ , လူတိုင်း
ကျွန်တော့်သီချင်းကို ကြားရပါစေမယ်"

.......

နေဝင်ချိန်, ဘေဂျင်း မြို့,

ရှောင်ရီ လှေကားတွင်ထိုင်ပြီး ဒူးမိုင်ထံ
ဖုန်းခေါ်လိုက်တယ်။

ဒူးမိုင် : " ဒီနေ့နေ့လည်က recordingကို
ငါကြည့်ခဲ့သေးတယ်။ မင်းရဲ့ ဝန်ခံချက်က
အရမ်းရှည်လို့ အချို့တဝက်ဖြတ်ပစ်ဖို့
လိုတယ်လို့ ပရိုဂရမ် အဖွဲ့ကပြောတယ်"

ရှောင်ရီ : "အိုး , ဘာပဲဖြစ်ဖြစ်, အဲ့ဒီစကားတွေက ကျွန်တော်ပြောထားတာတွေလေ"

"အတတ်နိုင်ဆုံး ရသလောက်ထည့်ပေး
ဖို့တော့ ငါသူတို့ကို ပြောထားတယ်,
မင်းကကျင်းလုအတွက် ဖိအားတွေ
အများကြီးဖြစ်စေတယ်, အကယ်၍
နောက် တလှည့်မှာသူ နာမည်မကျော်
ကြားရင် ပြဿနာဖြစ်လိမ့်မယ်, နောက်
တလှည့်ကဆယ့်ခြောက်ယောက်ထဲက
ရှစ်ယောက်ပဲဖြတ်ကျော်နိုင်မှာ "

" သူလုပ်နိုင်ပါတယ်။ လူတိုင်းက သူ့ကို
အားပေးကြလိမ့်မယ်ပြီးတော့ ကျွန်တော့်
ပရိသတ်တွေကလည်း သူ့ကို ဝိုင်းဝန်းထောက်ပံ့ကြလိမ့်မယ်။ ကျွန်တော့်ရဲ့
ကန့်လန့်ကာနောက်ကွယ်က ခေါ်သံက
သူ့ကို ပိုတောက်ပစေလိမ့်မယ်။ သူ့ရဲ့
နောက် တလှည့် ခေါင်းစဥ်က ပိုတောင်
နာမည်ကြီးနိုင်သေးတယ်။ ပြိုင်ပွဲမှာ
သူ့ကိုမြင်ရင် , ပရိသတ်တွေကကျွန်တော်ဖယ်ထုတ်ခံရတာကို ပိုတွေးမိကြမယ်။
သူလည်း ကျွန်တော့်အတွက်ပိုကြိုးစား
ပေးလိမ့်မယ်"

"တကယ်ခေါင်းကိုက်တယ်, ဒါပေမဲ့ဒါက
အမှန်တရားပဲ၊ ဒီ ကလေးက ပိုကြိုးစားဖို့
လိုတယ်"

ရှောင်ရီ ဖုန်းချလိုက်ပြီး သူအလုပ်ထွက်
ဖို့ ကိစ္စနှင့် ပတ်သက်ပြီး ဒူးမိုင်အား
ဘယ်လို ပြောရမလဲဆိုတာကို စဥ်းစား
နေခဲ့တယ်။နွေရာသီတွင်ခြင်တွေက
နေရာတိုင်းမှာရှိနေပြီး သူ့ လည်ပင်းတွင်
အဖုအပိန့်များဖြင့် ပြည့်နှက်နေတယ်။
ရှောင်ရီ ခြင်တွေကိုရိုက်ရင်းသူ့ငယ်ချင်း
တွေကို ရှာဖွေနေခဲ့တယ်။

သူ့သူငယ်ချင်းတွေတိုင်း ထိုအကြောင်း
ကိုပြောနေကြတယ်။ ဘယ်သူမှရှောင်ရီ
ထုတ်ဖယ်ခံရတာကို မပြောကြဘူး။
လူတိုင်းကညစာစားရန်ထွက်လာဖို့သာ
ရှောင်ရီကို ခေါ်နေကြတယ်။ ရှောင်ရီလက်ရောခြေပါမြှောက်ကာ သဘော
တူလိုက်ရတယ်။ဖုန်းကို ပါးစပ်အနီး
တွင်ထားကာ တိုးတိုးပြောလိုက်တယ်။
ညမှောင်မှောင်ထဲ ဖုန်းမှ အလင်းရောင်
ကြောင့် သူ့မျက်နှာတစ်ခုလုံးစိမ်းနေခဲ့တယ်။

"အားးးးးးး....."

လုကျိုး ရုတ်တရက် ထအော်လေတယ်။

လုကျိုး ကားသော့ကို ကိုင်ပြီး အိမ်ပြန်ရောက်လာတယ်၊ ဖုန်းမှလင်းထိန်နေတဲ့
အလင်းရောင်ဖြင့်ရှောင်ရီ မျက်နှာကို
ရုတ်တရက် တွေ့လိုက်ရတယ်။ ရှောင်ရီ့
မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးနှင့်
အတူဖြူဖွေးနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို
မော့ကြည့်လာခဲ့ရာ သွေးပြန်ကြောတွေ
ပင် ပေါက်ထွက်မတတ် ဖြစ်ကာသေလု
နီးပါး ကြောက်လန့်သွားခဲ့တယ် ။

" ကျိုးကော ! ကျွန်တော်ပါ!
ကျွန်တော်လေ..ကျွန်တော်!"

ရှောင်ရီ ကျယ်လောင်စွာငိုပြီး ရှေ့သို့အမြန်
တိုးကပ်သွားလိုက်တယ်၊ လုကျိုးကိုဖက်ပြီး
မျက်ရည်တွေ ကျလာတယ်။

လုကျိုးက ထိတ်လန့်တကြားအော်ဟစ်
ရင်းလက်ရန်းကို ကိုင်ထားတယ်။ခဏ
တာမျှပုံမှန်ပြန်မဖြစ်နိုင်သေးဘဲရှိနေပြီး နောက်ဆုံး စိတ်လေးလက်အေးဖြစ်ချိန်မှ ပြောလာတယ်၊

" ငါက အသက်ကြီးနေပြီ , အိုနေပြီ...ငါ့ကို
မနှိပ်စက်လို့ မရဘူးလား..."

လုကျိုး တံခါးဖွင့်ရန် ရှေ့သို့ တိုးသွားပြီး နောက် ရုတ်တရက် တစ်ခုခုမှားနေတာကို
ပြန်သတိရမိတယ်။မျက်နှာပြောင်းသွားပြီး
သူ့ တကိုယ်လုံး အနည်းငယ် မူမမှန်သလို
ဖြစ်သွားတယ်။

" မင်းဒီမှာဘာလုပ်နေတာလဲ !"

လုကျိုး ပြောလာတယ်,

" ထွက်သွား !"

"အထဲ အရင်ဝင်ပါ, အပြင်မှာ မပြောနဲ့ ,
အထဲရောက်မှ ပြောကြမယ်လေ,
ကောရဲ့ညစ်ပတ်နေတဲ့ အိပ်ရာခင်းကြီး
ကို လူမြင်ကွင်းမှာ မလျှော်နဲ့ ..."

"မင်း..ညစ်ပတ်နေတဲ့အိပ်ရာခင်းက
မင်းလေ!"

လုကျိုး ဒေါသတကြီး အော်ဟစ်ပြီး ရှောင်ရီကို မောင်းထုတ်ဖို့ကြိုးစားတယ်၊ ဒါပေမဲ့ ရှောင်ရီကလည်း အသေခံပြီးထွက်သွားဖို့
ငြင်းတယ်။ နောက်ဆုံးတော့တာဇူကီလေးလိုလုကျိုးရဲ့ ပေါင်ကို ဖက်ပြီး လုကျိုးရဲ့အိမ်ထဲသို့တရွတ်တိုက်ပါသွားလေရဲ့။

{T/N..တာဇူကီ လေးပုံ}

W 8116❤❤❤❤

........................................................................

.[ U]

ဇြန္လ 5ရက္ေန႕ ..ဆီမီးဖိုင္နယ္မေရာက္မီ တရက္အလို!

ထုံးစံအတိုင္း , ေရွာင္ရီ နဲ႕ က်င္းလုတို႔ကပရိုဂရမ္အဖြဲ႕ဆီ အစီရင္ခံရန္သြားခဲ့ၾကတယ္။ထို႔ေနာက္သူတို႔ ေဖ်ာ္ေျဖမည့္သီခ်င္း၏ ေနာက္ဆုံးအပိုင္း အတြက္ေဆြးေႏြးၾကတယ္။အဲ့ဒီေနာက္ ရွိုးဒါရိုက္တာက ေျပာလာတယ္။

"ေရွာင္ရီ ,ၿပီးရင္ ခဏေနဦး "

ပရိုဂရမ္ဒါရိုက္တာတြင္ သူႏွင့္ ေဆြးေႏြးဖို႔ရာ
အေၾကာင္း တစ္စုံတစ္ရာရွိေၾကာင္းေရွာင္ရီ
သိတယ္။ ထို႔ေၾကာင့္ သူ ေကာ္ရစ္တာတြင္
ထိုင္ၿပီး ေစာင့္ေနလိုက္တယ္။က်င္းလုကို
အရင္ျပန္ခိုင္းလိုက္ၿပီးWeiboကို ဝင္ၾကည့္
ေနလိုက္တယ္။သူ႕ ပရိသတ္ေတြ ပိုစ့္တင္
ထားတာကို ျမင္ရတယ္။

ၿပိဳင္ပြဲ ျပန္စေတာ့မွာမို႔ ,ေရွာင္ရီေကာ,
မင္းေကာင္းေကာင္းအနားယူသင့္တယ္~

ေနာက္တစ္ေယာက္က်ျပန္ေတာ့ ေရွာင္ရီ႕
အား ရီေကာဟု ေခၚလာတယ္။

ေရွာင္ရီ ထို ပိုစ့္ေတြကို ျမင္တဲ့အခါ
ဘာေျပာရမွန္းေတာင္မသိေတာ့ဘူး။
သူဝမ္းနည္းလာတယ္၊ သူ႕ ပရိသတ္ေတြ
အတြက္လည္း ဝမ္းနည္းမိတယ္။ လူတိုင္းက
သူ႕အတြက္ရလာဒ္ေကာင္းေတြ ရဖို႔ ​ေစာင့္ေမွ်ာ္
​ေနၾကေပမဲ့ သူကေတာ့ ဖယ္ထုတ္ခံရ
ျခင္းျဖင့္ အဆုံးသတ္ရေတာ့မယ္။

သူ႕မွာခုဆို ႏွစ္သန္းထက္ပိုတဲ့ပရိသတ္ေတြရွိေနၿပီ။

ပရိုဂရမ္ဒါရိုက္တာက တံခါးဖြင့္လာၿပီး
ေရွာင္ရီ အား အထဲဝင္လာခိုင္းတယ္။

" ငါတို႔ ဗီဒီယိုၾကည့္ၿပီးၿပီ ....ဟင္း...ေရွာင္ရီ ,
မင္း ဥကၠ႒ဒူနဲ႕ ဆက္သြယ္ထားတာ ေသခ်ာ
တယ္ေနာ္,ဘာျပသနာမွမရွိဘူးမလား?"

"ဟုတ္ကဲ့ .ဘာကိစၥရွိလို႔လဲ?"

လက္ေထာက္ဒါရိုက္တာလည္းရွိတာ
မို႔ေရွာင္ရီ အသိအမွတ္ျပဳကာ ေခါင္းညိတ္
ျပလိုက္တယ္။ ဧည့္ခန္းထဲ၌ ပြဲစီစဥ္သည့္
အဖြဲ႕ဝင္ေတြလည္းရွိေနတယ္။

" တကယ္လို႔ခင္ဗ်ားေျပာစရာရွိတာ
ပြင့္ပြင့္လင္းလင္းေျပာပါ..ဘာမွမျဖစ္ဘူး"

" ဒါက ဒီလိုပါ"

ပရိုဂရမ္ဒါရိုက္တာက ေျပာလာတယ္။

" မေန႕က တစ္စုံတစ္ေယာက္က ဖုန္းဆက္လာၿပီး
မင္းကို စပြန္ဆာေပးဖို႔ ေျပာလာတယ္,တိုက္ရိုက္ကို
ဖုန္းေခၚၿပီးေျပာလာတာ"

ေရွာင္ရီ : "......"

"ဘယ္ေလာက္လဲ?"

ဤကိစၥက ေလးနက္တယ္လို႔ ေရွာင္ရီ ေတြးမိတယ္။

ပရိုဂရမ္ဒါရိုက္တာက ေျပာလာတယ္,

" တစ္သန္း , ဒါေပမဲ့ အေျခအေနကိုေတာ့
ငါလည္း အေသအခ်ာမသိေသးဘူး။ ဒါေၾကာင့္
ငါမင္းကို အရင္ေမးတာ,ငါမင္းရဲ႕
ဥကၠဌဒူနဲ႕ စကားေျပာဖို႔ လိုေသးလား?"

ထို ပိုက္ဆံက သူ႕ အသိတစ္ေယာက္
ေယာက္က ေပးျခင္းဆိုတာကို ေရွာင္ရီ
သေဘာ ေပါက္ေသာ္လည္း ဒီကိစၥအတြက္
ကုမၸဏီကသာ တစ္ဦးတည္းေထာက္ပံ့
သင့္တာမဟုတ္လား?

"ပိုက္ဆံကို ဘယ္သူေပးတာလဲ?"

ဒါရိုက္တာ : " က်န္းေရွာင္ကုံးရဲ႕စတူဒီယို "

ေရွာင္ရီ ခ်က္ျခင္းသိလိုက္ၿပီ။
ဒီပိုက္ဆံက လုက်ိဳး ေပးခဲ့တာပဲျဖစ္ရမယ္ !

"ကြၽန္ေတာ္ သူတို႔နဲ႕ ဆက္သြယ္လိုက္မယ္,
ေက်းဇူးျပဳၿပီး ငါးမိနစ္ေလာက္ေစာင့္ေပးပါ"

ေရွာင္ရီ ဖုန္းေခၚဖို႔ထြက္လာလိုက္တယ္။
က်န္းေရွာင္ကုံးက ေနာက္ခံအင္အားေတာင့္တင္းတယ္၊၊သူသာတဖက္လွည့္ျဖင့္ပါဝင္ လာၿပီး လုက်ိဳးကသာသူ႕အား ကူညီေပးရန္ႏွင့္ ဝင္စြက္ဖက္ရန္ ေတာင္းဆို
ပါကသူကၿပိဳင္ပြဲ အဆုံးထိ တိုက္ရိုက္တက္ေရာက္
နိုင္လိမ့္မယ္။

"......"

ေရွာင္ရီ က်န္းေရွာင္ကုံးရဲ႕ ကိုယ္ေရး ကိုယ္တာ ဖုန္းကိုေခၚလိုက္တယ္။သူက လုက်ိဳးရဲ႕ လက္ေထာက္အျဖစ္ လုပ္ခဲ့သည္က ၾကာၿပီမို႔ ထို အခ်ိန္က အဆက္အသြယ္ေတြကို သိမ္းထားဆဲ ျဖစ္တယ္၊

" ေရွာင္ကုံးေကာ?"

"ေဟး..ေရွာင္ရီ ,ေျပာေလ"

က်န္းေရွာင္ကုံးက တည္ၿငိမ္ၿပီး ေအးေအး သက္သာပင္။

က်န္းေရွာင္ကုံးက စကားအမ်ားႀကီး ေျပာေလ့ရွိသူမ
ဟုတ္ေပမဲ့ အရမ္း သစၥာရွိတယ္။သူက ဒုတိယမ်ိဳး
ဆက္ေတြနဲ႕ ေန႕စဥ္ဆုံစည္းေလ့ရွိၿပီးေက်းဇူးမသိတတ္
သူလည္းမဟုတ္၊ဒီလို လူမ်ိဳးနဲ႕ ဆက္ဆံတဲ့အခါ သူ႕
ကိုေလးစား ၿပီး ဘယ္ေသာအခါမွသူ႕ေရွ႕တြင္သတၱိရွိေၾကာင္းမျပဖို႔လုက်ိဳးသူ႕ကို ေျပာခဲ့ဖူးတယ္။

" ေကာက ကြၽန္ေတာ့္အတြက္ စပြန္ဆာ
ေပးမလို႔လား?...ဒါေပမဲ့ ကြၽန္ေတာ္က
ဥကၠ႒ဒူနဲ႕ အစီအစဥ္ရွိၿပီးသားျဖစ္ေနတယ္"

က်န္းေရွာင္ကုံးလည္း အနည္းငယ္အံ့အား
သင့္သြားတယ္၊

" လင္ခ်မ္းရႈ မင္းကို ေျပာတာလား?"

လင္ခ်မ္းရႈက လက္ေထာက္ဒါရိုက္တာျဖစ္တယ္၊

" ဟုတ္တယ္,တကယ္က ကြၽန္ေတာ္
ဆုရဖို႔အစီအစဥ္ မရွိဘူး, ကြၽန္ေတာ့္အဓိက ရည္႐ြယ္
ခ်က္က...ကုမၸဏီရဲ႕ လူသစ္နဲ႕အတူလိုက္ေပးတာ"

" မင္းအဆင္ေျပေနသေ႐ြ႕အေရးမႀကီးဘူး"

က်န္းေရွာင္ကုံးက ပါးစပ္တြင္ စီးကရက္
တစ္လိပ္ခဲကာ စိတ္အားထက္သန္စြာေျပာလာတယ္။

" လုက်ိဳးက မင္းကို ေပးတာ, ဒူးမိုင္မင္းကို
ကေျပာင္းကျပန္ လုပ္မွာကို သူစိုးရိမ္ၿပီး
မင္းတို႔ ႏွစ္ေယာက္ၾကား အေျခအေနကို
သူမသိတာျဖစ္ေကာင္းျဖစ္နိုင္တယ္။ငါ့အထင္
အဲ့ဒါက မင္းအေပၚမူတည္တယ္။အကယ္၍
မင္းဆက္မလုပ္ခ်င္ရင္ ,မလုပ္နဲ႕၊တကယ္လို႔
လုပ္ခ်င္တယ္ဆိုလည္း ဆက္သာလုပ္၊
စြမ္းရည္ျပပြဲက ေခြးေတြအကုန္လုံးက
သူေတာ္ေကာင္းေတြေလ...."

" ဒါက...ဒါက...ေကာဆီ အဲ့ပိုက္ဆံကို
ျပန္လြဲလိုက္ၿပီး ေကာအေကာင့္ထဲက
ျပန္ယူမယ္ဆိုရင္ေရာဘယ္လိုလဲ?"

"အဆင္ေျပတာပဲ...ေနာက္မွမင္းလုက်ိဳး
ဆီျပန္ေရာက္တဲ့အခ်ိန္ , သူ႕ကို ျပန္ေပး
လိုက္ေလ"

"က်ိဳးေကာေရာ ေကာအနားမွာရွိလား??

" မရွိဘူး, ငါက ငါ့ေကာင္မေလးနဲ႕ လိင္ဆက္ဆံေန
တာ,မင္းနဲ႕ စကားမေျပာေတာ့ဘူး , ဖုန္းခ်လိဳက္ေတာ့ "

ေရွာင္ရီ :"........."

ေရွာင္ရီ ဖုန္းခ်ၿပီး ႐ုံးခန္းထဲသို႔ ျပန္လာလိုက္တယ္။
လူတစ္စုက သူ႕ကို ၾကည့္ေနတယ္။

အဲ့ဒီေန႕တြင္ ေရွာင္ရီ အရာအားလုံးေျဖရွင္း
ၿပီး အိမ္ျပန္လာခဲ့တယ္။ သူသက္ျပင္းခ်ၿပီး လုဖာခ်ိဳင္ရဲ႕ အရံ အေကာင့္ကိုတစ္စုံတစ္ရာေျပာခ်င္ေပမဲ့ ဘယ္လို စေျပာရမလဲကိုသူမသိဘူး။

ဒီေန႕ Weiboရဲ႕ ေခါင္းႀကီးပိုင္း တြင္,

လုက်ိဳး အား မကာအိုတြင္ေတြ႕ရၿပီး
ဆယ္သန္းမွ်အေလာင္းအစားလုပ္ျခင္း~

အတြင္းသတင္းအရင္းအျမစ္ေတြအရ ,
လုက်ိဳး ,က်န္းေရွာင္ကုံးနဲ႕ အျခားသူေတြ
ကမကာအိုသို႔ ၿပီးခဲ့သည့္ ဗုဒၶဟူးေန႕က သြားေရာက္ခဲ့ၿပီး ကာစီနိုတြင္ေငြသန္းခ်ီ၍ သုံးစြဲခဲ့ၾကတယ္။

ေရွာင္ရီ Weiboကို ပိတ္ၿပီး ေနာက္တေန႕တြင္
ပုံမွန္အတိုင္း ကုမၸဏီသို႔သြားခဲ့တယ္။

သူနဲ႕ က်င္းလုရဲ႕ အသံသြင္းခ်ိန္က ေန႕လည္ပိုင္း ျဖစ္တာမို႔ မနက္ပိုင္း ကုမၸဏီမွာေတြ႕ဆုံဖို႔ရာ ခ်ိန္းဆိုလိုက္တယ္။ ဒူးမိုင္ကလည္း ယေန႕ ရဲ႕ Weiboသတင္းကို ရွာေဖြၿပီးလုက်ိဳး ျပန္လည္ ထြက္ေပၚလာျခင္းကို ေတြ႕ရတယ္။
သတင္းေတြက ၿမိဳ႕ေတာ္အႏွံ႕ ပ်ံ့ႏွံ႕သြားတယ္။
ဒါေပမဲ့ သူက ေခတ္မစားေတာ့တာမို႔ မည္သည့္
ကိစၥအရႈပ္အေထြးမွ မရွိတဲ့အတြက္ ထို သတင္းက
အဲ့ဒီေန႕ရဲ႕ သိန္းခ်ီတဲ့ပိုစ့္ေတြၾကား နစ္ျမဳပ္သြားခဲ့တယ္။

သို႔ေသာ္, လီခ်မ္းက်န္း ကေတာ့ေက်ာ္ၾကားေနၿပီး တီဗြီ
ဒရမ္မာ အသစ္ကိုေတာင္လက္ခံလိုက္ေသးတယ္။ သူက တီဗြီဒရမ္မာ အဝန္းအဝိုင္းကေန တက္ခ်င္ပုံရတယ္။

ဝူဟန္းကုလည္း ေရာက္လာၿပီး ဒူးမိုင္ကသူ႕အား
ဇာတ္ၫြန္းေလးခုအတြင္းမွေ႐ြးခ်ယ္ေစခဲ့ၿပီး
အကုန္လုံးက ဒီႏွစ္အတြက္ ပေရာဂ်က္
အႀကီးဆုံး ဒရမ္မာေတြ ျဖစ္တယ္။

ေရွာင္ရီ အမႈမဲ့ အမွတ္မဲ့သာေနလိုက္တယ္။
တီဗြီဒရမ္မာ အသိုင္းအဝိုင္းတြင္ကိစၥမ်ားစြာ
ျဖစ္ပ်က္ေလ့ရွိတယ္။ ဒါေပမဲ့ သူဘာကိုမွ
သိပ္မေလ့လာဘူး၊ ခုက ဇြန္လသာရွိေသးၿပီး
လုက်ိဳး ဒဏ္ရာရၿပီးခ်ိန္ မွခုထိတစ္ႏွစ္ပင္
မျပည့္ ေသး၊ အရာအားလုံးကေတာ့
လ်င္ျမန္စြာ ျဖစ္တည္ေနၾကဆဲ။

ဒူးမိုင္ :"မေန႕တေန႕က လုက်ိဳး ကုမၸဏီကို
လာေသးတယ္"

ေရွာင္ရီ ခ်က္ျခင္းေမးလိုက္တယ္။

" သူဘာေျပာလဲ?"

"သူဘာမွမေျပာဘူး,.အခ်ိဳ႕ ကိစၥေလးေတြ
အၿပီးသတ္ဖို႔ ျပန္လာတာ"

"သူဘယ္လို ေနလဲ?"

"နည္းနည္းေတာ့ေခ်ာင္က်သြားတယ္..
က်န္တာကေတာ့ အရင္အတိုင္းပဲ"

"ၿပီးေတာ့ေရာ?"

"မင္းက ေကာင္းမြန္တဲ့အလုပ္တစ္ခုကို
လုပ္ခဲ့တာမို႔ မင္းရဲ႕ေအာင္ျမင္မႈေတြအတြက္
ဝမ္းသာပါတယ္လို႔ ေျပာတယ္"

ေရွာင္ရီ :"......"

ေရွာင္ရီ မ်က္လုံးေတြနီရဲလာၿပီ၊ဒူးမိုင္ဆက္ေျပာလာတယ္၊

" မင္း သီခ်င္းေကာင္းေကာင္းဆိုၿပီး ဖိုင္နယ္မွာ
အနိုင္ရဖို႔ သူေမွ်ာ္လင့္တယ္လို႔ေျပာတယ္၊
ကုမၸဏီကလည္း အဲ့ဒီလိုပဲ၊ မင္းတကယ္ႀကီး
ျပန္မစဥ္းစားေတာ့ဘူးလား?"

ေရွာင္ရီ ေခါင္းခါလိုက္တယ္။

" ကြၽန္ေတာ္ ထြက္ေတာ့မွာ"

ေရွာင္ရီက ေန႕လည္ပိုင္းတြင္ က်င္းလုအား
ရိုက္ကူးေရးလုပ္ဖို႔ ေခၚသြားတယ္။ သူတို႔ႏွစ္ေယာက္
ေကာ္ဖီဆိုင္တြင္ဘာဂါစားခဲ့ၿပီး အခ်ိဳ႕ ပရိသတ္ေတြက
သူတို႔အား သတိျပဳမိၾကတယ္။ ပရိသတ္ေတြ အံ့အား
သင့္ေနၾကခ်ိန္ ေရွာင္ရီၿပဳံးကာႏႈတ္ဆက္လိုက္တယ္။

" ကြၽန္ေတာ့္ကို လက္မွတ္ေလးထိုးေပးလို႔
ရနိုင္မလား?"

ပရိသတ္တစ္ေယာက္က က်င္းလုအား လ်စ္လ်ဴရႈ
ကာ ေရွာင္ရီထံမွ လက္မွတ္ေတာင္းလာတယ္။

" ကြၽန္ေတာ္ကေနာက္ဆိုေပ်ာက္သြားမွာ"

ေရွာင္ရီ မ်က္ခုံးပင့္ၿပီး ပရိသတ္ေတြကို
ၿပဳံးျပလိုက္တယ္၊

" ေကာင္းေကာင္းသိမ္းထားေပးေနာ္"

ေရွာင္ရီ ဘာဂါကို ၿပီးေအာင္စားၿပီး
က်င္းလုကို ေျပာလိုက္တယ္၊

" သြားစို႔"

သူတို႔က ဒီေန႕ရဲ႕ ပရိုဂရမ္ရိုက္ကူးျခင္း
အတြက္ ရင္းႏွီးၿပီးသားလည္းျဖစ္တယ္။
က်င္းလုအရင္ ေရွ႕ကသြားၿပီးေရွာင္ရီက
ေနာက္မွလိုက္တယ္။

ေရွာင္ရီ ဒီေန႕ ေ႐ြးခ်ယ္ထားသည့္သီခ်င္း
က သံစဥ္ေရာ စာသားပါ ႏွစ္ခုလုံးကို
သူကိုယ္တိုင္ ေရးစပ္ထားျခင္း ျဖစ္တယ္။
စင္ျမင့္ ေနာက္၌ ျပင္ဆင္ေနခ်ိန္ ႐ုတ္တရက္
စင္ျမင့္ဘက္ဆီမွအသံေတြၾကားရတယ္။

" ငါၾကည့္ခ်င္တယ္, တကယ္လား?"

လူအေတာ္ေတာ္မ်ားမ်ားကအေျပးအလႊား
ျဖစ္ေနၾကတယ္။

" ဘာျဖစ္ေနၾကတာလဲ ?"

က်င္းလုက ရႈပ္ေထြးစြာျဖင့္ေခါင္းေလး
ထုတ္ကာဟိုၾကည့္သည္ၾကည့္လိုက္ၾကည့္
ေနတယ္။

ေရွာင္ရီ :"သူတို႔ကို လႊတ္ထားလိုက္..စာသားေတြ
ကိုသာအာ႐ုံစိုက္"

သူတို႔အတြက္က သီဆိုရမယ့္ သီခ်င္းကို ေနာက္ထပ္ျပင္ဆင္ရမယ့္ အရာေတြလည္း ရွိေနေသးတယ္။ ေရွာင္ရီ
က်င္းလုကို ေျပာလိုက္တယ္။

" က်န္တာမင္းဖို႔ထားခဲ့မယ္, ငါကမင္းကို
အရႈံးေပးမွာေနာ္"

" ကြၽန္ေတာ္...ကြၽန္ေတာ္သီခ်င္းပဲဆိုခ်င္..."

"ငါ့ရဲ႕ ေကာင္းခ်ီးေတြယူသြား,က်င္းလု ,
မင္း သူတို႔ကို အနိုင္ယူရမယ္"

က်င္းလု သူ႕ဇာတ္ၫြန္းကို လက္ထဲမွခ်တယ္။

" ဒီေလာက္ဆို လုံေလာက္ၿပီ..ငါတို႔က ပေရာ္ဖက္ရွင္နယ္ သ႐ုပ္ေဆာင္ေတြလည္း မဟုတ္ဘူး၊ ၿပီးခါနီးေနၿပီ,
တည္းျဖတ္အဖြဲ႕က က်န္တာ ဆက္လုပ္လိမ့္မယ္"

ေရွာင္ရီ အသက္ျပင္းျပင္းတစ္ခ်က္ရႈလိုက္
တယ္။ သူတို႔က ေန႕လည္ပိုင္းရဲ႕ ပထမဆုံး
ေဖ်ာ္ေျဖမႈ ျဖစ္တယ္။ ေရွာင္ရီ အေနာက္သို႔
လွည့္ၾကည့္ေတာ့ အဝတ္လဲခန္းထဲမွာေတာင္
ဘယ္သူမွမရွိေတာ့ဘူး။

ေရွာင္ရီ : "???"

" လူေတြ ဘယ္ေရာက္သြားၾကတာလဲ ?"

ေရွာင္ရီ ေတြးမိတာက သူနဲ႕ က်င္းလု တို႔ကို အကုန္လုံးအားေပးၾကဖို႔မ်ားသြားၾကတာလား၊ က်င္းလုက
တစ္ေယာက္ေယာက္ကို သြားရွာရာမွ
ျပန္လာၿပီး အံ့ၾသဘနန္းေျပာလာတယ္။

" ေရွာင္ေလာင္ရွီး , လူေတြ အမ်ားႀကီးလာတယ္၊
အကုန္လုံး နာမည္ႀကီးေတြခ်ည္းပဲ!"

ေရွာင္ရီ :"......"

ေရွာင္ရီ အျပင္ကို ထြက္ၾကည့္လိုက္တဲ့အခါ
သူပင္ ႐ူးေတာ့ မတတ္ျဖစ္သြားတယ္။

နင္ယာခ်င္း , ခ်ီအိုက္, က်န္းေရွာင္ကုံး, ဟူယန္,
ဝူဟမ္းကု, လီမင္...တကယ့္နာမည္ႀကီးေတြခ်ည္းပဲ,
ၿပီးေတာ့ ...လီခ်မ္းက်န္း !လီခ်မ္းက်န္းနဲ႕ ဒူးမိုင္တို႔က
ထိုအဖြဲ႕ႏွင့္ သီးျခားထိုင္ကာ စကားေျပာေနၾကတယ္။

အဲ့လူေတြက ဘာလုပ္ဖို႔ ႀကိဳးစားေနၾကတာလဲ!
ငါ့ကို သီခ်င္းဆိုခြင့္ေတာ့ ေပးမယ္မလား!
ဘာေတြမ်ားေကာင္းလို႔လာၾကည့္ၾကတာလဲ!
ေရွာင္ရီ သူ႕ ဆီးအိမ္ပင္ေပါက္လုနီးပါးျဖစ္ေနတယ္၊
႐ုတ္တရက္ ဆီးသြားခ်င္စိတ္က သူ႕တကိုယ္လုံးသို႔ ပ်ံ့ႏွံ႕သြားတယ္။ WeChat မွ သူ႕သူငယ္ခ်င္းေတြပါ
​ေရာက္လာတာကိုေတာင္ေတြ႕လိုက္ရတယ္။ ရိုက္ကူးေရး အဖြဲ႕သား အခ်ိဳ႕ႏွင့္ ညွိႏွိုင္းေရးမႈး ...ေနပါဦး ,သူတို႔က
ရိုက္ကူးေရး လုပ္ရမွာမို႔လား?

" လုေလာင္ရွီး လာပုံမေပၚဘူး..."

က်င္းလုက လွည့္ပတ္ၾကည့္တယ္။ ေရွာင္ရီလည္း လုက်ိဳးကို မျမင္ဘူး။သူနည္းနည္းေလးစိတ္ဓာတ္က်သြားေပမဲ့မလာတာလည္းအဆင္ေျပပါတယ္လို႔ ေတြးလိုက္မိတယ္....

မိတ္ကပ္ပညာရွင္က သူတို႔ႏွစ္ေယာက္
အားမိတ္ကပ္လိမ္းေပးၿပီး အျခားၿပိဳင္ပြဲ
ဝင္ေတြအားလုံးက နာမည္ႀကီးမ်ား အုပ္စုထံ
သို႔လက္မွတ္ထိုးဖို႔ရာေျပးၾကတယ္။ေရွာင္ရီ
က ..မင္းတို႔ေကာင္ေတြ တကယ္ပဲ...ဒီပါပါး
ကိုျပန္လွည့္ၿပီး ေက်းဇူးတင္သင့္တယ္။ဒီအဖြဲ႕မွာ
ဆယ္လီေတြနဲ႕ ဝန္ထမ္းေတြပါပါတာမို႔
စတူဒီယိုမွာျပန္လည္ေနရာခ်ထားမယ္ဆို
တီဗြီရွိုး ငါးခု သို႔မဟုတ္ ေျခာက္ခု ေလာက္
တရစပ္ရိုက္လို႔ရတယ္။

စင္ေပၚမတက္ခင္ သူအေတာ္ေလး
စိတ္လႈပ္ရွားေနမိတယ္၊ခုလို ခံစားခ်က္မ်ိဳး
မခံစားရတာလည္းႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီ။

က်င္းလုက အရင္ဆိုတယ္,ပရိုဂရမ္ဒါရိုက္တာ
ထပ္ေရာက္လာျပန္တယ္။

" အဲ့ဒါက...ေရွာင္ရီ , မင္းသူငယ္ခ်င္းေတြလည္း
အကုန္ေရာက္ေနၾကၿပီ"

" အာ ...ဟုတ္ကဲ့..ဒီလိုပါပဲ"

"ဒိုင္လူႀကီးေတြနဲ႕ ထပ္ၿပီးေျပာေပးရမလား?"

ေရွာင္ရီ ခ်က္ျခင္း ေျပာလိုက္တယ္,

" မလိုဘူး...သူတို႔လည္းေပ်ာ္႐ႊင္စြာပါဝင္ၾကမွာပါ"

"ေကာင္းၿပီ.."

ပရိုဂရမ္ဒါရိုက္တာက ထပ္ေျပာလာတယ္၊

"ေကာင္းေကာင္းလုပ္ပါ"

မ်ားေသာအားျဖင့္ ခုလိုမ်ိဳး ေပ်ာ္ပြဲ႐ႊင္ပြဲ၌
ပါဝင္သူေတြက ျပႆနာျဖစ္ေစတယ္လို႔
ေရွာင္ရီ ေတြးမိတယ္။ ~ဒါရိုက္တာ, မင္း
လုံၿခဳံေရးေတြ မ်ားမ်ားထားသင့္တယ္,
ဒီလိုမွမဟုတ္ရင္ တစ္ခုခုမွားသြားရင္
မေကာင္းဘူးေလ..မၾကာေသးမီကမွ ,
နင္ယာခ်င္းႏွင့္ က်န္းရွီးရမ္တို႔ကလည္း
အျပင္းအထန္တိုက္ခိုက္ၾကတယ္။
ထိုအရာကခ်ီခြၽမ္းရဲ႕ေခါင္းကိုေတာင္
ေပါက္ထြက္ေအာင္လုပ္နိုင္တယ္။

က်င္းလု သီခ်င္းဆိုတာၿပီးသြားၿပီ၊ သူက
စင္ျမင့္ေပၚမွ အျမန္ဆင္းကာေရွာင္ရီကို
high fiveလုပ္တယ္။ ေရွာင္ရီ မိုက္ကရို
ဖုန္းကိုယူကာ စင္ေပၚတက္လာလိုက္တယ္။

"အားးး..."

နင္ယာခ်င္းက ထေအာ္တယ္,

"ေရွာင္ရီ ....!"

"ေရွာင္ရီ ..ေရွာင္ရီ !"

လီခ်မ္းက်န္းကလည္း အၿပဳံးေလးျဖင့္
ေအာ္လာျပန္တယ္။

ေရွာင္ရီ စတိတ္စင္ေပၚတြင္လဲက်လဳမတတ္ပင္။ ခ်ီအိုက္ကလည္း ေအာ္ဟစ္လာတယ္။ၾကယ္ပြင့္အုပ္စုက ခန္းမထဲ၌ အႏွောင့္အယွက္တစ္ခုအားဖန္တီးၿပီး အဖြဲ႕သားမ်ား
ဖိတ္ၾကားထားေသာ ပရိသတ္မ်ားက ဤကဲ့သို႔ေသာ အံ့ၾသဖြယ္ရာျဖစ္ရပ္အားေတြ႕ရွိၾကရတယ္။လူတိုင္းကခန္းမအေနာက္သို႔ၾကည့္လိုက္ၾကၿပီးေနာက္ ႐ူးသြပ္သည္
အထိစတင္ေအာ္ဟစ္လာၾကတယ္။

"အိုး...ဘုရားေရ...လီခ်မ္းက်န္း...အားးးးးး"

တခဏအတြင္းမွာပဲ ခန္းမတြင္း၌ပရမ္းပတာျဖစ္သြားတာမို႔ေရွာင္ရီ ခ်က္ျခင္း ေျပာလိုက္တယ္၊

" ရပ္!"

ေရွာင္ရီ မိုက္ကို ကိုင္လိုက္တယ္,ခ်ီခြၽမ္းရဲ႕
မ်က္ႏွာက ခ်က္ျခင္းပင္မည္းေမွာင္ကာ
ဒိုင္သူႀကီးေလးေယာက္က မတ္တပ္ရပ္၍
ေနာက္သို႔လွည့္ၾကည့္ၾကတယ္။ အမ်ိဳးမ်ိဳးေသာ
တီဗြီစီးရီးမ်ားမွနာမည္ႀကီးၾကယ္ပြင့္မ်ားအုပ္စုက ပြဲေတာ္တစ္ခုအားလာေရာက္လည္ပတ္သလိုပင္ရွိေနတယ္။

" ေလးစားရေသာ ဒိုင္လူႀကီးမ်ား ,
ခ်စ္ခင္ရပါေသာ ပရိသတ္မ်ားခင္ဗ်ာ"

ေရွာင္ရီ ေျပာလိုက္တယ္,

" အားလုံးပဲ..မဂ္လာပါ, ကြၽန္ေတာ္ကေရွာင္ရီပါ,
ကြၽန္ေတာ္သီခ်င္းဆိုၿပီးတဲ့ထိေစာင့္ၿပီးမွခင္ဗ်ားတို႔ရဲ႕
ပုရိသနတ္ဘုရားေတြနဲ႕ ေကာင္းခ်ီး ေပးခံရတဲ့
နတ္သမီးပ်ိဳတို႔ကို လက္မွတ္ ထိုးခိုင္းလို႔ ရမယ္မလား?"

ခန္းမ တစ္ခုလုံး ၿငိမ္သက္သြားၾကတယ္။
က်န္းေရွာင္ကုံးက ၿပဳံးၿပီး သူ႕ေဘးမွနင္ယာခ်င္း
ကို စကားေျပာတယ္,ဒါေပမဲ့နင္ယာခ်င္း
ကေတာ့ ဂ႐ုမစိုက္ပုံရတယ္။နင္ယာခ်င္း က
က်န္းရွီးရမ့္ ႏွင့္ တန္းတူျဖစ္ေစရန္ နည္းလမ္း
မ်ိဳးစုံ အသုံးျပဳခဲ့ရပုံေပၚတယ္။ နင္ယာခ်င္း
ေရာက္လာတာကို ခ်ီခြၽမ္းျမင္တဲ့ အခါ,
တဖက္အမ်ိဳးသမီးဧည့္သည္ရဲ႕ဘရာကိုပင္
ဆြဲထုတ္သည္အထိ မေစာင့္နိုင္လ်က္
သူတို႔မိသားစုရဲ႕ ရွီရမ့္အားနင္ယာခ်င္းကို
လည္ပင္း ညွစ္ဖို႔ ကိုယ္ေရးကိုယ္တာအရ
ကူညီေပးခ်င္တယ္။

သို႔ေသာ္ က်န္းေရွာင္ကုံးကို ေက်ာ္လြန္ဖို႔ရာ
မတတ္နိုင္တာမို႔ ဟန္ေဆာင္ၿပဳံးႀကီး ၿပဳံး႐ုံသာ
ရွိေတာ့တယ္။

~~ ေရအလ်ဥ္က ငါ့ႏွလုံးသားဆီ စီးဝင္ေနတယ္...

ေရွာင္ရီ ဂီတာ သံ ေလးျဖင့္ တိုးတိုးေလး
စတင္ၿငီးဆိုတယ္။

~ ငါ့ဆႏၵ တစ္ခုက...မင္းကို ေတြ႕ခ်င္တယ္...

ထို စာေၾကာင္းေလး ႏွစ္ခုျဖင့္ သီခ်င္းအား
စတင္လိုက္တယ္၊ ေရွာင္ရီ႕ရဲ႕ ဂီတသံမပါဝင္ေသးတဲ့
အသံၾကည္ၾကည္ေလးကို ရွင္းလင္းစြာ ၾကားေနရတယ္။
ပရိသတ္က အလြန္တိတ္ဆိတ္ေနတယ္။သူ႕သူငယ္ခ်င္းေတြက အလင္းမီးေခ်ာင္းေလးေတြကိုင္ရင္း ေရွာင္ရီ႕ ရဲ႕ သီခ်င္းဆိုသံ နဲ႕ ရွင္းလင္းျပတ္သားေနတဲ့ဂီတာသံအား ေဝ့ယမ္းကာႀကိဳဆိုေနၾကတယ္။

~ တခ်ိန္က ငါတို႔ေတြ ရာေထာင္ခ်ီေသာ ျမစ္ေတြနဲ႕
ေတာင္တန္း ေတြေၾကာင့္ခြဲခြာခဲ့ရတယ္,
ေရွ႕ဆက္ဖို႔ရာ ဘယ္ေလာက္ပဲခက္ခဲပါေစ...

~~ငါတို႔ထားရွိခဲ့တဲ့ ကတိေတြကို ငါခုခ်ိန္ထိ
မွတ္မိေနေသးတယ္..ဒါေပမဲ့ မင္းကို ဘယ္မွာ
ေတြ႕နိုင္မလဲ.....

ေရွာင္ရီ ဂီတာႀကိဳးမ်ားကို ဖြဖြေလး တီးခတ္လိုက္စဥ္ အားလုံး အံ့ၾသကုန္ၾကတယ္။

စကၠန့္ပိုင္းမွ်ခဏရပ္တန့္ၿပီးေနာက္..

~~ငါ့အခ်စ္က ေကာင္းကင္ကို ျဖတ္သန္းၿပီး...

ေရွာင္ရီ က်ယ္ေလာင္စြာသီဆိုလိုက္တယ္,

~~ အိုး..ငါ့ရဲ႕ခ်စ္သူ! ငါ့အခ်စ္ေတြဘယ္ေတာ့မွ
မေသဆုံးဘူး~~

~~ငါ့ရဲ႕ခ်စ္သူ!.ငါမင္းကို ဘယ္ေတာ့ ျပန္ေတြ႕ရနိုင္မွာလဲ !~~

~~ႏွစ္ေပါင္းမ်ားစြာ ခဏတာအျဖစ္နဲ႕ ကုန္လြန္
သြားခဲ့ေပမယ့္ငါတို႔ရဲ႕ ငယ္႐ြယ္မႈေတြ
အတြက္ ငါမင္းကို အၿမဲတမ္းခ်စ္ေနမယ္~~

~~ဟိုတုန္းကလို...အၿမဲတမ္းခ်စ္ေနမယ္~~

ေရွာင္ရီ သူ႕ရဲ႕ ယခင္သီခ်င္းေဟာင္းကို
သီဆိုေနခဲ့ေပမဲ့ လုက်ိဳးကို သတိရေနမိခဲ့တယ္။ယအတူတူ ရွိခဲ့တဲ့ေန႕ရက္ေတြ,တဆင့္ၿပီး တဆင့္
သံေယာဇဥ္ေတြ တိုးလာၾကတာေတြ, ဆင္းရဲ
တြင္းနက္တဲ့ အရႈံးသမားမွ ေနာက္ဆုံး
ဒီ စတိတ္စင္ေပၚထိ တေ႐ြ႕ေ႐ြ႕ ေရာက္ရွိ
လာခဲ့ပုံေတြကို ျပန္ျမင္ေယာင္ေနမိတယ္။

သံၿပိဳင္အပိုဒ္အား စိတ္ႏွစ္ကာသီဆိုရင္း
သူ႕ အသံတို႔ကအနည္းငယ္ဆို႔နင့္လာခဲ့တယ္။
ပရိသတ္ ေတြ အားလုံးက တိတ္ဆိတ္ေန
လ်က္ လူတိုင္းသူ႕ကို ၾကည့္ေနၾကတယ္။

ေရွာင္ရီ႕ မ်က္လုံးမ်ားမွ မ်က္ရည္ေတြ စီးက်လာတယ္၊ၿပီးဆုံးခါနီးမွာပဲ လူတစ္ေယာက္အား ႐ုတ္တရက္ေတြ႕လိုက္ရတယ္။ ပရိသတ္ထဲေနာက္ဆုံးတန္းရဲ႕ ဘယ္ဘက္တြင္ထိုင္ေနတဲ့ လူအား သူေတြ႕ျမင္လိုက္ရတယ္။

ထိုအမ်ိဳးသားက လက္ထဲ၌ ေသာက္စရာပုလင္းတစ္ခု
ကို ကိုင္ထားၿပီး အနက္ေရာင္ အားကစားဝတ္စုံ အက်ီနဲ႕ ေဘာင္းဘီကို ဝတ္ဆင္ကာေနကာမ်က္မွန္တစ္လက္ကို
ဝတ္ထားေသးတယ္။သူက ေရွာင္ရီအား တိတ္ဆိတ္
စြာျဖင့္ ၾကည့္ေနလ်က္ သူ႕ေျခေထာက္အားစည္းခ်က္
ညီညီလႈပ္ယမ္း ေနတယ္။

ေရွာင္ရီ ခ်က္ျခင္း ဂစ္တာကို ခ်လိဳက္ၿပီး ပရိသတ္ထဲသို႔ေျပးဆင္းသြားလိုက္တယ္။ခန္းမတြင္း ႐ုတ္႐ုတ္သဲသဲ
ျဖစ္သြားၿပီးထိုသူကလည္း အေနာက္ဘက္တံခါးဆီ
သို႔ အလ်င္အျမန္ ေျပးထြက္သြားခဲ့တယ္။

ေရွာင္ရီ တစ္ေယာက္ ေအာ္လည္း မေအာ္ဝံ့ဘူး၊ ပတ္ဝန္းက်င္ရွိပရိသတ္ၾကားသြားမွာကို ေၾကာက္ေနတယ္။ ေကာ္ရစ္တာအျပင္ဘက္ထိ ထိုလူအား ဖမ္းဆီးနိုင္ရန္ လိုက္သြားခဲ့ေပမဲ့ ဒါရိုက္တာက သူ႕အေနာက္မွေျပးလိုက္ကာဆြဲေခၚလာတယ္။

ဒါရိုက္တာ: " ေရွာင္ေလာင္ရွီးဘာျဖစ္တာလဲ?"

ေရွာင္ရီ ေကာ္ရစ္တာတြင္ သတိလက္လြတ္
ရပ္ေနမိလ်က္စၾက္ံလမ္းကေတာ့ဗလာနတၳိ၊

" ဘာမွမဟုတ္ပါဘူး"

ေရွာင္ရီ ဒါရိုက္တာနဲ႕ အတူ စတူဒီယို ထဲသို႔
ျပန္လိုက္လာခဲ့တယ္။ လုက်ိဳးက အေရးေပၚ
ထြက္ေပါက္ရဲ႕ နံရံကို မွီရင္း သက္ျပင္းခ်လိဳက္မိတယ္။

ေရွာင္ရီ စတိတ္စင္ေပၚျပန္သြားၿပီး ရႈပ္ေထြးစြာျဖင့္
ေခါင္းညိတ္ျပလိုက္တယ္။

ခ်ီခြၽမ္းက ၿပဳံးရင္းေျပာလာတယ္၊

" မင္း သီခ်င္းဆိုလို႔ ၿပီးၿပီလား?"

"ငါက မင္း တစ္ခုခု ဆန္းသစ္တာေလး
လုပ္ျပဦးမယ္ထင္ေနတာ "

ဝမ္က်င္းက အၿပဳံးေလးျဖင့္ ေျပာလာတယ္။

ေရွာင္ရီ ဂစ္တာကိုင္ၿပီး စင္ျမင့္အလယ္၌ရပ္လိုက္တယ္။

" ဒီ သီခ်င္းက ကြၽန္ေတာ္ဆယ္ေက်ာ္သက္အ႐ြယ္တုန္းကေရးထားခဲ့တဲ့သီခ်င္းတစ္ပုဒ္ ပါ"

က်ီးဇီ :"ေကာင္းတယ္..အရမ္းေကာင္းတယ္"

ပန္ႏြီ :" မင္းသီခ်င္းတစ္ပုဒ္ေလာက္
ေတာင္းခ်င္ေသးလား?"

ေရွာင္ရီ လက္ခါျပရင္း ,

"မလုပ္ေတာ့ပါဘူး"

လုက်ိဳးျပန္ေရာက္လာၿပီ၊ ယခုတြင္မူ
သူကၿပိဳင္ပြဲအား တတ္နိုင္သမွ်အျမန္ဆုံး အဆုံးသတ္
ခ်င္ၿပီး သူ႕ကို ျပန္သြားရွာခ်င္တယ္။ ေနာက္ထပ္ ရိုက္ကူးေရး လုပ္ဖို႔ကိုေတာင္ စိတ္ကူးမရွိေတာ့ေပမဲ့ ခန္းမ
ထဲ၌ ပရိသတ္မ်ားစြာရွိေနတယ္။ သူဆက္မလုပ္လို႔
လည္းမရဘူး။ ဒါေၾကာင့္ေရွာင္ရီ သက္ျပင္းေမာႀကီး
တခ်က္ခ်ၿပီး သူ႕ႏွလုံးသားထဲမွစိတ္လႈပ္ရွားမႈေတြကို
ခက္ခဲသည့္ၾကားမွ ခ်ဳပ္ထိန္း ထားနိုင္ခဲ့တယ္။

" သီခ်င္းက ေကာင္းရဲ႕လား?"

ေရွာင္ရီက ပရိသတ္ထံအၿပဳံးေလးျဖင့္
ေမးလိုက္တယ္။

လူတိုင္းက ခ်ီးက်ဴးလာၾကတာမို႔ ေရွာင္ရီ
ၿပဳံးကာ ေျပာလိုက္တယ္။

" အားလုံးကို ခ်စ္ပါတယ္, ဒီေန႕ ကြၽန္ေတာ့္ကို
လာအားေပးၾကတဲ့ ကြၽန္ေတာ့္သူငယ္ခ်င္းေတြ
အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္"

ပရိသတ္က ေအာ္ဟစ္ကာအားေပး
လာၾကတယ္။ က်န္းေရွာင္ကုံးက လက္ခုပ္တီးကာ
မတ္တပ္ရပ္ၿပီး ထြက္ခြာဖို႔ရာထလိုက္တယ္။
နင္ယာခ်င္းကလည္း သူ႕အား ေလထဲမွ
Fly kissလုပ္ကာထြက္ခြာဖို႔လုပ္တယ္။
ပရိသတ္ေတြ ဝိုင္းဝန္းဖမ္းဆီးျခင္းမခံရဖို႔
ၾကယ္ပြင့္ေတြက ေစာလ်င္စြာထြက္ခြာသြားၾကတယ္။
လီခ်မ္းက်န္းမထြက္ခြာမီ သက္ေတာ္ေစာင့္ေတြကစတူဒီယိုတြင္း ထိခိုက္ ျခင္း သို႔တည္းမဟုတ္ လူလုပ္ျဖစ္ရပ္ဆိုးမ်ားမွ တစ္စုံတစ္ရာ မျဖစ္ေပၚေစဖို႔ စစ္ေဆးၿပီးမွသူ႕အား ကာကြယ္ပိတ္ဆို႔ကာ ထြက္ခြာသြားၾကတယ္။

ပန္ႏြီ : " မင္းတို႔ ႏွစ္ေယာက္လုံးသီခ်င္းဆို
တာအရမ္းေကာင္းတယ္...ငါဘယ္သူ႕ကို
ေ႐ြးရမလဲဆိုတာေတာင္မသိေတာ့ဘူး"

က်ီးဇီ က ဝမ္းနည္းစြာၿပဳံးရင္း,

"မေ႐ြးလို႔ မရဘူးလား!"

"မရဘူး"

ေရွာင္ရီက ထို မွတ္ခ်က္ေတြကို ၾကားၿပီးေနာက္
အၿပဳံးေလးျဖင့္ ေျပာလိုက္တယ္။

ဒိုင္လူႀကီး အားလုံးက ရယ္ေမာၾကၿပီး
ဝမ္က်င္းက ေျပာလာတယ္၊

" pkတစ္ပိုင္းရွိေသးတယ္ေလ , ဘာလို႔
သူတို႔ရဲ႕ လက္ရွိpkကို မၾကည့္ၾကတာလဲ?"

ခ်ီခြၽမ္း : "ကဲစစို႔...."

ဒိုင္လူႀကီးေလးဦးရဲ႕ မီးေတြ တၿပိဳင္နက္ထဲ
လင္းသြားၾကၿပီး ခ်က္ျခင္းျပန္မွိန္သြားၾကတယ္။

" ဂုဏ္သေရရွိလူႀကီးမ်ားခင္ဗ်ာ !"

ႀကိဳတင္အသံသြင္းထားသည့္အမ်ိဳးသားအသံက
ဖန္သားျပင္ထက္ ေပၚထြက္လာတယ္၊

" က်ပန္းေ႐ြးခ်ယ္သီခ်င္းမ်ား စတင္ပါၿပီ၊သီဆိုခ်ိန္ ေရာက္ပါၿပီ ! ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါခင္ဗ်ာ !"

ဖန္သားျပင္ထက္၌ ေထာင္ႏွင့္ခ်ီေသာ အဆိုေတာ္မ်ား၏သီခ်င္းအမည္မ်ားေပၚလာၿပီးအီလက္ထေရာ
နစ္ေဘာင္မ်ားက ေလးခုခြဲကာ ေပၚလာခ်ိန္ မိနစ္မွတ္
သံမ်ားထြက္ေပၚလာတယ္၊ ဝမ္က်င္းကပထမဆုံး
ခလုတ္ႏွိပ္ၿပီး ေအာ္တယ္၊

" ေဖးရီဝန္!"

က်ီးဇီက လည္း မီးကိုႏွိပ္တယ္,

"ကြမ္မူကြမ္ေလာင္ရွီး !"

ပန္ႏြီ : "ခ်မ္းေဟြ႕လင္!"

မင္းတို႔ေတြ တကယ့္ကို ခက္ခက္ခဲခဲ သ႐ုပ္ေဆာင္ေနၾကတာပဲ, ဒီႏွစ္အကယ္ဒမီ ေပးပြဲမွာ ဧည့္သည္သ႐ုပ္ေဆာင္ဆုရေလာက္တယ္...

ထို႔ေနာက္ ခ်ီခြၽမ္းက ၿပဳံးရင္း ေျပာလာတယ္။

"က်ိဳလင္ ထိုက္!"

ဖန္သားျပင္ေပၚ ေျပးလႊားေနတဲ့ ေဘာင္ေလးခုလုံးရပ္တန့္သြားၿပီး ေလးေထာင့္ပုံသဏၭာန္ျဖင့္ အဆိုေတာ္ေလးဦး၏နာမည္မ်ားထြက္ေပၚလာတယ္။ ထို႔ေနာက္
ေထာင့္ျဖတ္မ်ဥ္းမ်ား ျဖင့္ တစ္ခုႏွင့္ တစ္ခုခ်ိတ္ဆက္
ကာအမွတ္တစ္ခု သတ္မွတ္ရန္ အလယ္ဗဟို၌ မ်ဥ္း
ႏွစ္ေၾကာင္းအားေထာင့္ျဖတ္ခတ္ထားတယ္။ထိုအမွတ္
က ပဥၥမေျမာက္အမျိုးသမီးအား ၫြန္ျပေနတယ္။

"ယန္မီ !"

ထက္ျမက္စူးရွသည့္ အမ်ိဳးသားအသံက
ထြက္ေပၚလာတယ္။

ခန္းမတစ္ခုလုံး အုတ္ေအာ္ေသာင္းနင္းျဖစ္
သြားၾကၿပီး ရယ္ေမာေနၾကတယ္။ေရွာင္ရီ
ကၿပဳံးၿပီး က်င္းလုကို ၾကည့္တယ္။

က်င္းလု : "ေရွာင္ရီ အဲ့ဒီသီခ်င္းေတြကို
ဘယ္လိုဆိုရမလဲဆိုတာသိလား?"

"နည္းနည္း.."

ေရွာင္ရီ က်င္းလုအား လက္မေထာင္ျပၿပီးေျပာလိုက္
တယ္။

" အေကာင္းဆုံးႀကိဳးစားပါ"

ပရိသတ္မ်ားေဘးတြင္လည္း မဲေပးနိုင္မည့္ခလုတ္မ်ား
ေပၚလာတယ္၊ ေရွာင္ရီ နဲ႕ က်င္းလုတို႔ စင္ျမင့္ အလယ္
သို႔ ေလွ်ာက္လာၾကၿပီး သူ႕တို႔ေနာက္တြင္ မဲရလာဒ္အား ေၾကညာသည့္ ဘားတန္းတစ္ခု ဖန္သားျပင္တြင္ ေပၚလာတယ္။

ေရွာင္ရီ : " ငါ ပထမ စာေၾကာင္းကို ဆိုမယ္"

က်င္းလုက ' ေက်းဇူးျပဳၿပီး 'ဆိုတဲ့ ပုံသဏၭာန္ျပရင္း စတင္ခဲ့ၾကတယ္။ အေနာက္ဘက္ရွိ ဖန္သားျပင္၌ သီခ်င္းစာသားမ်ားကို ျပထားလ်က္ သီခ်င္းအား ဖြင့္ေပးလာတယ္။

~ မင္းငါ့လက္ကို ဆုပ္ကိုင္ထား~~အေမႊးတိုင္ေလး ကုန္ဆုံးခ်ိန္ထိ~~

ေရွာင္ရီ အသံက အနည္းငယ္ တုန္ယင္ေနတယ္။

က်င္းလု : " မင္းရဲ႕ ရည္မွန္းခ်က္နဲ႕ စြမ္းရည္ေတြ
ကို ထုတ္ေဖာ္ဖို႔ ဖေယာင္းတိုင္ေလးကို ထားခဲ့ပါ"

က်င္းလုနဲ႕ ေရွာင္ရီ တို႔ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ၿပီး ႏွစ္ေယာက္အတူ စုံတြဲသီဆိုၾကတယ္၊ ေရွာင္ရီ
က ေနာက္ျပန္ဆုတ္ၿပီး ဖန္သားျပင္ဘက္တခ်က္ၾကည့္ၿပီးမွ ပရိသတ္ဘက္သို႔ လွည့္ၾကည့္တယ္။

~~ ေလးနက္တဲ့ ခ်စ္ျခင္းကို မေတာင္းဆိုတဲ့
ခ်စ္ျခင္း ေမတၱာတစ္ခုကိုပဲရွာေဖြခ်င္တယ္~
~ အဆုံးသတ္မွာ အခ်စ္ေၾကာင့္နာက်င္ရတယ္~~
စိတ္ဓာတ္ေတြက် ငိုခဲ့ဖူးတယ္~~

ေရွာင္ရီ နဲ႕ က်င္းလုတို႔ တခ်ိန္တည္းမွာခဏရပ္ၿပီးမွ
သံၿပိဳင္သီဆို မႈအား စတင္တယ္။

~~ငါ့ရဲ႕ ဘဝတစ္ခုလုံး မင္းကိုပံ့ပိုးရင္း ေမာပန္းေနၿပီ..မင္းရပ္ၿပီး လွည့္ၾကည့္ဖို႔တစ္ခုသာ ငါေမွ်ာ္လင့္တယ္..ငါ့ကို..
ခ်စ္ျခင္း ေမတၱာအျပည့္နဲ႕ အကန့္အသတ္ မဲ့
ခ်စ္ခြင့္ေလး ေပးပါ~~

ဝမ္က်င္းက သူ႕ေရွ႕မွ မီးကို ႏွိပ္လိုက္ရာ
ဒင္းဒင္း ဆိုတဲ့ အသံေလး ထြက္ေပၚလာ
တယ္၊ေရွာင္ရီ ေနာက္ဘက္မွ ဘားတန္း
ေလးက အမွတ္တစ္ရာထိ တက္လာခဲ့တယ္။
ပရိသတ္ေတြက အဆက္မျပတ္ေအာ္ဟစ္ေန
ၾကတယ္။ ထို႔အခါ ခ်ီခြၽမ္းကလည္း ၿပဳံးရင္း
သူ႕ ေရွ႕မွမီးကို ႏွိပ္တယ္၊ဒီတႀကိမ္က
က်င္းလုအတြက္ ျဖစ္တယ္။

ပရိသတ္ကလည္း သူတို႔ႏွစ္ေယာက္အား
အားေပးၿပီး အမွတ္ေတြေပးလာၾကတယ္။
လူတစ္ဦးစီရဲ႕ ဆႏၵမဲက တစ္မွတ္သာရၿပီး
ဒိုင္ေတြရဲ႕ ဆႏၵမဲကအမွတ္တစ္ရာႏွင့္ညီမွ်တယ္။

အစကတည္းက ေရွာင္ရီ အမွတ္က က်င္းလုထက္
အနည္းငယ္သာလြန္ေနတယ္၊ လူတိုင္းကလည္း ေအာ္
ဟစ္ေနၾကၿပီး သူတို႔ရဲ႕ အားေပးမႈကို ျပၾကတယ္။ၿပီးရန္
အခ်ိန္နီးလာတဲ့အခါ ပန္ႏြီက တတိယမဲ ကို က်င္းလုအား ေပးလိုက္တယ္။ က်င္းလုက ခ်က္ျခင္းသူ႕အား ေက်ာ္
တက္သြားရာ ပရိသတ္က ေအာ္ဟစ္ေနၾကတယ္။ေရွာင္ရီ႕ အမွတ္ကလည္း တေျဖးေျဖး ျမင့္တက္ေနတယ္။

~~ခါးသီးတဲ့ ပင္လယ္ထဲမွာ ေမ်ာလြင့္ေနတဲ့
မင္းအတိတ္ကို ျပန္ၾကည့္လိုက္...

ေရွာင္ရီ ထိုစာေၾကာင္းအား တမင္တကာ
ပင္မွားယြင္းလိုက္ရင္းသူကိုယ္သူ ေမွ်ာ္မွန္းထား
သည္ထက္ သာလြန္ေအာင္လုပ္လိုက္တယ္။

တင္းေတာင္~~ က်ီးဇီ က က်င္းလုအား
ေနာက္ဆုံး မဲကို ေပးလိုက္တယ္။

လူေခ်ာေလး ႏွစ္ေယာက္ရဲ႕ သီဆိုမႈက
အရမ္းေကာင္းတယ္။ က်င္းလုက သူ႕အသံကို
စတင္ေျပာင္းလဲ လိုက္ခ်ိန္ ေရွာင္ရီက သူ႕အား
ဟာမိုနီ လိုက္ရင္း ကူညီေပးလိုက္တယ္။

မဲေပးလို႔ ၿပီးဆုံးခ်ိန္ သီခ်င္းသီဆိုမႈ ၿပီးတဲ့
အခါ ပရိသတ္က လက္ခုပ္ၾသဘာေပးၾကတယ္။

" ပူးေပါင္းသီဆို မႈက အရမ္းေကာင္းတယ္"

ဝမ္က်င္း ကေျပာလာတယ္,

" ဒါက ၿပိဳင္ဖက္ နဲ႕ ေကာင္းေကာင္း ပူးေပါင္း
​ေဆာင္႐ြက္တာကို ငါပထမဆုံး ျမင္ဖူးတာပဲ"

ဝမ္က်င္းက အျခားဒိုင္လူႀကီးေတြဘက္ ၾကည့္တယ္ ၊
က်ီးဇီက , " ဒီသီခ်င္းသံၾကားတိုင္း လူတိုင္းဆီက
ဘာလို႔ ဒီေလာက္ႀကီးမားတဲ့တုံ႕ျပန္မႈေတြ ရတာလဲ?"

ပရိသတ္မ်ားထံမွရယ္ေမာသံေတြထြက္လာၿပီး
က်ီးဇီလည္း အံ့ၾသေနတယ္။ ခ်ီခြၽမ္းက
ၿပဳံးၿပီး ေျပာလာတယ္၊

" ေရွာင္ရီက အရမ္းႏူးညံ့တယ္ဆိုတာကို
ငါသတိထားမိတယ္"

"ေက်းဇူးတင္ပါတယ္"

ေရွာင္ရီ အလ်င္အျမန္ေျပာလိုက္ရတယ္။

ပန္ႏြီက ၿပဳံးၿပီး ,

"ႏွစ္ေယာက္အတူတူသာေနာက္တဆင့္
တက္သြားရင္ မင္းေနာက္ပိုင္းစုံတြဲဆိုလို႔ရၿပီ"

လူတိုင္းက ရယ္ေမာ ေနၾကတယ္။

ဝမ္က်င္း : " အမွတ္ေတြကလည္း သိပ္မကြာဘူး၊
ငါတို႔ဘာလုပ္သင့္လဲ?"

ခန္းမႀကီး တစ္ခုလုံး တိတ္ဆိတ္သြားတယ္။
ေရွာင္ရီ နဲ႕ က်င္းလုတို႔ တစ္ေယာက္နဲ႕
တစ္ေယာက္ၾကည့္ေနၾကၿပီး ႏွစ္ေယာက္လုံးရဲ႕
အမွတ္ေတြကလည္း သိပ္မကြာၾကဘူး။ ေရွာင္ရီက 430ရၿပီး က်င္းလုက 455မွတ္ရတယ္။

"ေရွာင္ရီ !....ေရွာင္ရီ !"

ပရိသတ္ထဲမွ တစ္စုံတစ္ေယာက္ကလွမ္းေအာ္တယ္။

" ငါရႈံးတယ္"

ေရွာင္ရီက်င္းလုကို ေျပာလိုက္တယ္,

" သံၿပိဳင္ဆိုတဲ့ အပိုဒ္ရဲ႕ ေနာက္ဆုံးစာေၾကာင္းကို
ငါမဆိုနိုင္ခဲ့ဘူး"

က်ီးဇီ: "ငါၾကားတယ္...ဒါေပမဲ့ မင္းအတြက္
အခြင့္အေရးရွိေသးတယ္ေလ"

က်င္းလုက ေရွာင္ရီ ဘက္လွည့္ၿပီး ေျပာလာတယ္၊

" ခင္ဗ်ား သီခ်င္းဆိုတာ အရမ္းေကာင္းတယ္,ေရွာင္ရီ "

ေရွာင္ရီ ၿပဳံးျပၿပီးသူ႕လက္ကို ေဝ့ရမ္းကာေျပာလိုက္တယ္။

"ဒိုင္လူႀကီးမင္းေတြကို ေက်းဇူးတင္ပါတယ္"

ဒါရိုက္တာ က "ကဒ္"ဟု ထေအာ္တယ္။

ဒိုင္လူႀကီးေတြ ေရေသာက္ၾကတယ္။ ေရွာင္ရီ နဲ႕ က်င္းလုက ခဏနားခ်ိန္ ဝမ္က်င္းကို ေမးလိုက္တယ္။

" ၾကယ္ပြင့္ေတြအကုန္ျပန္သြားၾကၿပီလား?"

"သြားၾကၿပီ "

က်ီးဇီ က အၿပဳံးေလးျဖင့္ ေျပာလာတယ္။

ဒါရိုက္တာ : " ဒိုင္လူႀကီးေတြ ခဏအနားယူ ,
ငါတို႔ ေျဖရွင္းဖို႔ ျပႆနာေလးေတြရွိတယ္"

ဒါရိုက္တာက စင္ျမင့္ေပၚသို႔ အျမန္တက္
သြားတယ္။ ေရွာင္ရီ နဲ႕ က်င္းလုလည္းရပ္
ေနလ်က္ ဒါရိုက္တာက ေျပာလာတယ္။

" အမွတ္ေတြက အဆင္မေျပဘူး,ျပသခ်ိန္က်ရင္ ေနာက္ခံ ကို ေျပာင္းပစ္ရမယ္, ကြာျခားခ်က္က နည္းေနလို႔မရဘူးေလ,အိုေကလား?"

ေရွာင္ရီ : "ဒါေပါ့...ေျပာင္းပါ,ျပန္ရိုက္ဖို႔ေရာလိုေသးလား?"

ဒါရိုက္တာေခါင္းကိုက္ေနၿပီ၊ စိတ္အားထက္သန္စြာ ျပဳလုပ္ထားျခင္းေတြကို ထပ္ၿပီး လုပ္ခိုင္းဖို႔ဆိုတာကလူေတြကို
ေနာက္ေျပာင္ေနသလိုပဲေလ။ အဲ့လိုသာေျပာၾကည့္
ေၾကာက္စရာေကာင္းသြားလိမ့္မယ္။

" ဒီလို ဆိုရင္ေရာ ...ကြၽန္ေတာ္တို႔ စင္ေပၚက
ဆင္းၿပီးၿပီဆို ဒီေန႕ရဲ႕ ရိုက္ကူးမႈက ၿပီးသြားၿပီ၊
ကြၽန္ေတာ္တို႔ အနီးကပ္ရိုက္ထားတဲ့ ရမွတ္
ပါ အပိုင္းေတြကို ျဖတ္ၿပီး တည္းျဖတ္လိုက္မယ္
၊ၿပီးရင္ ၿပိဳင္ပြဲမွာ ဓာတ္ပုံေတြ ျပင္လိုက္ ၾကမလား?"

ဒါရိုက္တာက ခဏမွ်စဥ္းစားလိုက္တယ္၊

" ထုတ္လုပ္သူကလည္း အဲ့လိုလုပ္ဖို႔ေျပာတယ္, အဲ့လိုပဲ အရင္လုပ္ၾကတာေပါ့၊ effectက အဆင္မေျပရင္ေတာ့
ႏွစ္ေယာက္ လုံး ျပန္ၿပီး recordလုပ္ဖို႔ အေၾကာင္းၾကားမယ္, ဒိုင္လူႀကီးေတြေတာ့လာစရာမလိုေတာ့ဘူး၊
ဟုတ္ၿပီလား?"

ေရွာင္ရီ : " ျပႆနာမရွိဘူး"

အကဲျဖတ္ဒိုင္ေတြရဲ႕ အနားယူမႈ ၿပီးတဲ့အခါ
ဒါရိုက္တာက ထပ္ရိုက္ဖို႔ျပင္တယ္၊

" ဒီ တႀကိမ္ကိုတခါထဲ အၿပီးျဖတ္မယ္,
အကုန္လုံးႀကိဳးစားၾကပါ,လာၾကေတာ့"

ေရွာင္ရီ နဲ႕ က်င္းလုတို႔ စင္အလယ္တြင္ ရပ္ေနၾကတယ္၊ က်င္းလုက ေရွာင္ရီ ကို ၾကည့္ကာခတၱခဏ ၿငိမ္သက္ေနခဲ့တယ္။

ဆန့္က်င္ဘက္ အေနနဲ႕ ေရွာင္ရီက ပြင့္လင္းသူျဖစ္တယ္။ သူတို႔ ႏွစ္ေယာက္လုံးစကားမေျပာမိၾကဘူး၊ ေရွာင္ရီက ေရွ႕သို႔တိုးကာ သူ႕အား တင္းၾကပ္စြာ ေပြ႕ဖက္လိုက္
တယ္ ။

ဒါရိုက္တာက လက္ဟန္ျပတယ္။ပရိသတ္ကအ႐ူးအမူး
လက္ခုပ္တီးကာ မတ္တပ္ရပ္လာၾကတယ္။

ဝမ္က်င္းက ေခါင္းကိုခါယမ္းကာသက္ျပင္း ခ်တယ္။
ကင္မရာက သူ႕ဘက္သို႔လွည့္လာ ခ်ိန္ ဝမ္က်င္းက
တိုးတိတ္စြာလက္ခုပ္တီးေနတယ္။

စင္ျမင့္ေပၚတြင္,

"မင္းကအရမ္း ႏူးညံ့တဲ့သူပဲ "

က်င္းလုက တုန္ယင္ေနသံျဖင့္ ေျပာလာတယ္၊

" ေက်းဇူးပါ,ေရွာင္ရီ , မင္းနဲ႕သိကြၽမ္းခဲ့တဲ့
ေန႕ရက္ေတြမွာ ငါမင္းဆီက အမ်ားႀကီး
သင္ယူခဲ့ရတယ္"

ေရွာင္ရီ : " မင္း သီခ်င္းဆိုတာ အရမ္းေကာင္းတယ္,
ငါ့ထက္ ေတာ္တယ္။ ဒါက ငါ့ႏွလုံးသားထဲက ေျပာတဲ့ စကားပါ,ငါ့ရဲ႕ႏူးညံ့မႈက အေပၚယံပါ, မင္းရဲ႕ႏူးညံ့မႈက
သီခ်င္း ထဲမွာကို ေပၚလြင္ေနတာ "

က်င္းလု ေရွာင္ရီကို ၾကည့္တယ္။

ေရွာင္ရီ : " က်န္တာမင္းနဲ႕ ထားခဲ့မယ္၊
ငါမင္းကို အရႈံးေပးခ်င္တယ္"

ေရွာင္ရီကသူ႕ အက်ီမွ ရင္ထိုးေလးကို
က်င္းလုရဲ႕ အက်ီမွာ ခ်ိတ္လိုက္တယ္။

က်င္းလု : " ငါ..ငါကသီခ်င္းပဲဆိုတတ္တာ..."

ေရွာင္ရီ : " ငါ့ရဲ႕ ေကာင္းခ်ီးေတြ နဲ႕အတူ
သူတို႔ကို အနိုင္ယူေနာ္"

" မင္းအစြမ္းကုန္ႀကိဳးစားရမယ္!"

ေရွာင္ရီ စိတ္အားထက္သန္စြာေအာ္ေျပာလိုက္တယ္။

"နားလည္လား?"

ပရိသတ္အားလုံးလက္ခုပ္တီးၾကျပန္တယ္။
က်င္းလုက မ်က္ရည္ဝဲလ်က္ ဒိုင္လူႀကီး
ေတြကို ေပြ႕ဖက္ရန္ ဆင္းလာတယ္၊ က်ီးဇီက
က်င္းလုရဲ႕ ေကာ္လာေပၚ တတိယေျမာက္
ရင္ထိုးေလး အားလွ်ပ္တျပက္ခ်ိတ္ေပးလိုက္
တယ္။ ကင္မရာက က်င္းလုေနာက္သို႔ လိုက္ၿပီး
အနီးကပ္ရိုက္တယ္။က်င္းလုကမ်က္ႏွာေပၚမွမ်က္ရည္
​ေတြကိုသုတ္ၿပီး ကင္မရာအား လက္မေထာင္ျပတယ္။

ေရွာင္ရီ ကေတာ့ စင္ျမင့္ေပၚတြင္ရပ္ေနဆဲပဲ။

ဝမ္က်င္း :" မင္းအေၾကာင္းေလး ေျပာပါဦး "

ပန္ႏြီ :" ေဟး , ရွိုးတိုင္း ငါသတိထားမိတယ္..
မင္းအတြက္ သာမန္ထက္ထူးျခားေနသူတစ္ေယာက္
ရွိေနတယ္၊မင္းတို႔အကုန္လုံးသတိမထားမိၾကဘူးလား?"

ပန္ႏြီက ေရွာင္ရီ႕ ထံသို႔ လက္ညိုးေလး
ႏွစ္ဖက္ ထိုးကာ ၿပဳံးျပလာတယ္။

" ဟိုးအရင္တုန္းက , အရပ္ရွည္ရွည္ ပိန္ပိန္ပါးပါးနဲ႕
စကားမေျပာပဲသီခ်င္းဆိုဖို႔ တက္လာတဲ့ ေကာင္ေလး
ကိုေတာင္ျပန္သတိရမိတယ္, ခုက် အဲ့ေကာင္ေလးက
သေဘာက်တဲ့သူေတာင္ရွိေနၿပီ"

ေရွာင္ရီက ၿပဳံးတုံ႕တုံ႕ေလးသာလုပ္ေနရင္း
ဘာမွမေျပာဘူး။

က်ီးဇီ : " သူက သေဘာေကာင္းတယ္,
မင္း ဘာေျပာေျပာသူက ၿပဳံးေနတာပဲ"

ခ်ီခြၽမ္း : " သူက သီခ်င္းဆိုရတာကိုလည္း
အရမ္း အစြဲ အလန္းႀကီးတယ္"

ေရွာင္ရီ : " ဟုတ္ပါတယ္, ဒီၿပိဳင္ပြဲမွာ
ကြၽန္ေတာ္သူငယ္ခ်င္းေတြနဲ႕ ေတြ႕ခဲ့ရၿပီး
ကြၽန္ေတာ့္အတြက္အေပ်ာ္ရဆုံးအခ်ိန္
ေတြပါပဲ"

"အမွန္တကယ္ေတာ့"

ေရွာင္ရီ ခဏမွ်စဥ္းစားၿပီး ေျပာလိုက္တယ္၊

" ကြၽန္ေတာ္ဒီၿပိဳင္ပြဲကို ဝင္ၿပိဳင္ခဲ့တာက
တစ္စုံတစ္ေယာက္ကို ေျပာျပခ်င္လို႔ပါ,
ကြၽန္ေတာ့္မွာ ေျပာစရာေတြရွိခဲ့တယ္,
ဒါေပမဲ့ ကြၽန္ေတာ္သူ႕ကို မေျပာနိုင္ခဲ့ဘူး,
ကြၽန္ေတာ္နဲ႕ သူက မိုင္ေထာင္ခ်ီ ေဝးေန
တာေၾကာင့္လဲ ျဖစ္နိုင္တယ္...ဒီသီခ်င္းေလးထဲ
ကလိုပဲ, ကြၽန္ေတာ့္ အခ်စ္က ေကာင္းကင္ျပင္
ကို ျဖတ္သန္းခဲ့ရတယ္..."

ေရွာင္ရီ ေျပာေနရင္း သီခ်င္းေလး ဆိုတယ္၊

~ ငါ့အခ်စ္က အဆုံးမရွိ စီးဆင္းေနမယ္..
အိုး ~~အခ်စ္ရယ္~~

~ခ်စ္သူရယ္!.မင္းနဲ႕ဘယ္ေတာ့မွ ျပန္ဆုံနိုင္မွာလဲ....

ေရွာင္ရီ ရဲ႕ အၿပဳံးတို႔က ခ်ိဳျမေနေသာ္လည္း
ဝမ္းနည္းမႈတို႔က သိသာေနတယ္။

" ဒါဆို မင္း ဒီေနရာကေနဖြင့္ေျပာမွာလား?"

ဝမ္က်င္း : "ဘယ္ေကာင္မေလးလဲ ?
သူဒီမွာရွိလား? မတ္တပ္ရပ္ !"

အားလုံးရယ္ေမာေနၾကခ်ိန္ ဝမ္က်င္းက
ေျပာလာျပန္တယ္၊

" အိုး...ငါေမ့သြားတာ, မင္းေျပာဖို႔ ရွိတယ္
ဆိုတာ, မင္းခုထိ မေျပာရေသးဘူးပဲ"

"ဟုတ္တယ္... ငါမင္းကို ခ်စ္တယ္..
ငါေလ..ငါမင္းကို ခ်စ္တယ္၊ အဲ့ဒီလိုအခ်စ္မ်ိဳး,
ဟုတ္တယ္, မင္းအခု ေတြးေနတဲ့အခ်စ္ '

ပရိသတ္ႀကီး တကယ္ပင္ ႐ုတ္႐ုတ္သည္းသည္းျဖစ္သြားတယ္။ေရွာင္ရီကကင္မရာကို အေလးအနက္ထား
စိုက္ၾကည့္ၿပီး,

" ခ်စ္သူတစ္ေယာက္ရဲ႕အခ်စ္မ်ိဳး ,
အခ်စ္ဇာတ္လမ္းေတြထဲကလို အခ်စ္မ်ိဳး ,
ငါ့ဘက္ကဒါကို အႀကိမ္မ်ားစြာ မင္းကို
ေျပာခဲ့ဖူးေပမဲ့ , မင္းကအၿမဲတမ္း ဒါကို ဟာသ
တစ္ခုလို႔ထင္ေနခဲ့တယ္, ဒါေပမဲ့ ငါမင္းကို
ဒီေနရာကေန ေျပာခ်င္တယ္, မင္း က်ိန္းေသ
ဒီစကားကို ယုံၾကည္ေပးရမယ္, မင္းဒါကို
ယုံၾကည္ေပးမွရမယ္"

"လူရိုးေလး"

က်ီးဇီက ေခါင္းခါရင္း ၿပဳံးတယ္,

" မင္းရဲ႕ ဝန္ခံခ်က္ကို ဒီထက္ပိုၿပီး လူအမ်ားႀကီး ၾကားနိုင္ဖို႔ဖိုင္နယ္ထိပါသင့္တယ္လို႔ ငါေတြးမိတယ္"

ဝမ္က်င္း :" မင္းရဲ႕ ေကာင္မေလး ဒီေန႕ ဒီမွာရွိလား?"

{T/N..တ႐ုတ္မွာက သူ/သူမမရွိပဲထား.ဆိုတဲ့
သူပဲရွိလို႔ ေကာင္မေလးလို႔ထင္ေနၾကတာပါ}

ေရွာင္ရီ စဥ္းစားၿပီး ,

" သူဒီမွာမရွိဘူး"

က်ီးဇီ : "သူ႕နာမည္ဘယ္လိုေခၚလဲ?"

ေရွာင္ရီ : " ေျပာစရာမလိုေအာင္သူသိပါလိမ့္မယ္"

" ဒါေပမဲ့ အတည္ေျပာမယ္ကြာ"

ခ်ီခြၽမ္းက အၿပဳံးေလးျဖင့္ ဆက္ေျပာလာတယ္၊

" မင္းလယ္ဗယ္ ငါးခုကိုေတာင္ျဖတ္ၿပီး,
ေျခာက္ဆင့္ေျမာက္မွာ ရႈံးနိမ့္ခဲ့တယ္၊
ၿပီးေတာ့ မင္းက ေသြးထြက္သံယိုနည္းလမ္း
နဲ႕ ဝန္ခံခဲ့တယ္, ေနာင္အနာဂတ္မွာ မင္း
ဘယ္လို ဆက္ၿပီး တိုးတက္ေအာင္လုပ္မယ္
ဆိုတာကို ေရာ မင္းစဥ္းစားၿပီးၿပီလား?"

ဝမ္က်င္းက ၿပဳံးၿပီး ေျပာတယ္,

" မင္းေတာ့ ပဏာမ ထုတ္လႊင့္မႈ
ၿပီးၿပီးခ်င္းေန႕ခ်င္း ညခ်င္း
ေပၚျပဴလာျဖစ္လာေတာ့မယ္ "

" ေကာင္းပါတယ္,ဒါေပမဲ့ကြၽန္ေတာ္
လူတိုင္းေရွ႕မွာ ဘယ္ေတာ့မွ သီခ်င္း
မဆိုျဖစ္ေလာက္ ေတာ့ဘူး၊ ပထမဆုံး
အေနနဲ႕ , ကြၽန္ေတာ့္ရဲ႕ ပရိသတ္ေတြကို
အားေပးမႈ အတြက္ေက်းဇူးတင္ေၾကာင္း
ေျပာခ်င္ပါတယ္,ကြၽန္ေတာ္ဘယ္မွာပဲ
ရွိေနေန , ကင္မရာေရွ႕ကေနပဲေပ်ာက္
ကြယ္သြားမွာပါ, ခင္ဗ်ားတို႔ပတ္ဝန္းက်င္
မွာေတာ့ အၿမဲရွိေနပါတယ္ "

" ကြၽန္ေတာ့္ အနာဂတ္အေနနဲ႕ေတာ့ ....
ၿပိဳင္ပြဲမစခင္မွာ အဖြဲ႕သားေတြက ကြၽန္ေတာ့္အတြက္
ဗီဒီယိုေလး တစ္ခု ရိုက္ကူးေပးထာပါတယ္, အကယ္
၍ကြၽန္ေတာ္သာၿပိဳင္ပြဲကေန ဖယ္ထုတ္ခံရမယ္ဆိုရင္
အဲ့ဒီ ဗီဒီယိုေလးကို ထုတ္လႊင့္ ဖို႔ပါ, ကြၽန္ေတာ္ေျပာခ်င္တာေတြကို ဗီဒီယိုေလးထဲမွာေျပာထားခဲ့ပါတယ္,
အားလုံးကို ... ႏႈတ္ဆက္ပါတယ္ !..."

ေရွာင္ရီ ေနာက္ဆုံးတြင္သူ႕ဇာတ္ၫြန္းကို ေခ်ာေမြ႕စြာ
ပင္ၿပီးဆုံးေစခဲ့ၿပီး စင္ေပၚမွဆင္းလာလိုက္တယ္၊ လူတိုင္းက ထၿပီး လက္ခုပ္တီးၾကတယ္။ ေရွာင္ရီ တစ္ေယာက္ စတူဒီယိုမွတဆင့္ စၾက္ံလမ္းဘက္ဆီ ေျပးထြက္သြားတာကိုဒိုင္လူႀကီးေတြလိုက္ၾကည့္ေနၾကတယ္။ ကင္မရာက
လည္း သူ႕ေနာက္သို႔လိုက္ကာရိုက္ကူးေရး လုပ္ေနပုံ
ရတယ္။

ေရွာင္ရီ က ကင္မရာဘက္သို႔လွည့္ကာ
' မြ 'ဟု ေျပာလိုက္ေသးတယ္၊ဒီေနရာ၌
ဆက္မေနနိုင္ေတာ့သည္မို႔သူေျပးထြက္
လာခဲ့လိုက္တယ္။

ဒိုင္လူႀကီးမ်ားက ထိုင္ခုံတြင္ ျပန္ထိုင္ၾကၿပီး
ဒါရိုက္တာက ေရွာင္ရီ အတြက္ ရိုက္ကူးထား
သည့္ ဗီဒီယိုကို စတင္ထုတ္လႊင့္ခဲ့တယ္။
​ေရွာင္ရီ ထို ဗီဒီယိုအား ယခင္ကတည္းက
ၾကည့္႐ူၿပီး ၿပီျဖစ္ကာဒါရိုက္တာနဲ႕ ဝန္ထမ္း
အခ်ိဳ႕လည္း ၾကည့္ၿပီး ၾကေပမဲ့ ပရိသတ္ေတြနဲ႕
ဒိုင္လူႀကီးေတြကေတာ့ မၾကည့္ရေသးဘူး။

" ကြၽန္ေတာ့္ နာမည္က ေရွာင္ရီ "

ႏြေရာသီ အေစာပိုင္း ရွိေဘဂ်င္းရဲ႕ သစ္ပင္အရိပ္ေအာက္ ေရွာင္ရီ ေက်ာပိုးအိတ္တစ္လုံးကို လြယ္ကာ ရပ္ေနခဲ့
တယ္၊ လမ္းမႀကီးထက္ေလွ်ာက္သြားေနရင္း သူေျပာေနတဲ့ စကားသံေတြက ၿငိမ့္ေညာင္းမႈႏွင့္အတူ ေျဖးညွင္းစြာ တိုက္ခတ္ေနတဲ့ ေလေျပညွင္းေလးလိုပဲ။

" ပရိုဂရမ္အဖြဲ႕က အကယ္၍ကြၽန္ေတာ္ထုတ္ပယ္
ခံရရင္ ,ပရိသတ္ကိုဘာေျပာခ်င္လဲလို႔ ေမးတယ္"

ေရွာင္ရီက ရွီခ်ားဟိုင္ရွိ ေက်ာက္တုံးႀကီးေပၚတြင္
ထိုင္ကာ ကင္မရာကို ၿပဳံးျပရင္း ေျပာလာတယ္။

" Winnerျဖစ္ဖို႔အထိ ကြၽန္ေတာ္
ဘယ္ေသာ အခါကမွ စိတ္မကူးခဲ့တာမို႔
ဖိုင္နယ္ မေရာက္ခင္မွာပဲ ကြၽန္ေတာ့္ခရီး
ကဆုံးခန္းတိုင္လိမ့္မယ္"

"ဒါၿပီးရင္ေတာ့.."

ေရွာင္ရီက အျဖဴေရာင္ရွပ္အက်ီကိုဝတ္ဆင္ကာဆံပင္တိုတိုျဖင့္ရွိေနတယ္။ သူစကား ေျပာတိုင္း မ်က္ခုံးေလးေတြ အနည္းငယ္ပင့္တက္သြားၿပီး ၾကည္လင္ရွင္းသန့္တဲ့ အမ်ိဳးသားတစ္ေယာက္ပုံစံေလးရွိေနတယ္။

" ကြၽန္ေတာ္ေနသင့္တဲ့ ေနရာကို သြား
မယ္...စိုးရိမ္ေၾကာင့္ၾကမႈေတြကို လႊတ္ခ်ၿပီး
ကြၽန္ေတာ္လုပ္ခ်င္တာေတြကို လုပ္မယ္,
တခါတုန္းက တစ္ေယာက္သူက ကြၽန္ေတာ့္ကို
ယုံၾကည္ေပးၿပီးသီခ်င္းဆိုခြင့္လည္းေပးခဲ့တယ္"

" ဒါေပမဲ့ သီခ်င္းဆိုရတာနဲ႕ယွဥ္ရင္ ,
ဘယ္အလုပ္ကိုပဲျဖစ္ျဖစ္ အရႈံးမေပး
တတ္တဲ့ စိတ္ေလးေတာ့ရွိတယ္, ဒီကေန
ထြက္သြားၿပီးရင္ , ရက္ေတြညေတြ
ဘယ္ေလာက္ပဲကုန္လြန္ပါေစ ..သူ႕ကို
လက္မလႊတ္ေတာ့ဘူး၊ သူ႕ဆီက ..သင္ယူခဲ့
တာကကြၽန္ေတာ္ လိုခ်င္တာကိုရေအာင္
ယူရမယ္ဆိုတာပဲ၊ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္
နားလည္လိုက္တဲ့အခ်ိန္သူ႕ဆီအျမန္ေျပးသြားဖို႔
ဘယ္အရာကမွ ကြၽန္ေတာ့္ကိုတားဆီးလို႔
မရနိုင္ေတာ့ဘူး"

"အကယ္၍ မင္းတို႔သာကြၽန္ေတာ့္ရဲ႕
ပရိသတ္မွန္ရင္"

ေရွာင္ရီ ကင္မရာကို ေစ့ေစ့ၾကည့္ၿပီး
သူ႕ကိုယ္သူလက္မျဖင့္ ၫြန္ျပရင္း
အၿပဳံးေလးျဖင့္ေျပာလိုက္တယ္။

" ကြၽန္ေတာ့္ကို ခြန္အားေတြေပးပါ,
ကြၽန္ေတာ္ဖယ္ထုတ္ခံရၿပီးေနာက္ ,
အင္တာနက္ကေန ေပ်ာက္ကြယ္ၿပီး
ကြၽန္ေတာ့္အလုပ္နဲ႕ အခ်စ္ကိုရွာေဖြရမယ္,
လူအမ်ားႀကီးေရွ႕ ျပန္ေပၚမလာနိုင္ေပမဲ့
ကတိေပးပါတယ္, တေန႕ေန႕ , လူတိုင္း
ကြၽန္ေတာ့္သီခ်င္းကို ၾကားရပါေစမယ္"

.......

ေနဝင္ခ်ိန္, ေဘဂ်င္း ၿမိဳ႕,

ေရွာင္ရီ ေလွကားတြင္ထိုင္ၿပီး ဒူးမိုင္ထံ
ဖုန္းေခၚလိုက္တယ္။

ဒူးမိုင္ : " ဒီေန႕ေန႕လည္က recordingကို
ငါၾကည့္ခဲ့ေသးတယ္။ မင္းရဲ႕ ဝန္ခံခ်က္က
အရမ္းရွည္လို႔ အခ်ိဳ႕တဝက္ျဖတ္ပစ္ဖို႔
လိုတယ္လို႔ ပရိုဂရမ္ အဖြဲ႕ကေျပာတယ္"

ေရွာင္ရီ : "အိုး , ဘာပဲျဖစ္ျဖစ္, အဲ့ဒီစကားေတြက
ကြၽန္ေတာ္ေျပာထားတာေတြေလ"

"အတတ္နိုင္ဆုံး ရသေလာက္ထည့္ေပး
ဖို႔ေတာ့ ငါသူတို႔ကို ေျပာထားတယ္,
မင္းကက်င္းလုအတြက္ ဖိအားေတြ
အမ်ားႀကီးျဖစ္ေစတယ္, အကယ္၍
ေနာက္ တလွည့္မွာသူ နာမည္မေက်ာ္
ၾကားရင္ ျပႆနာျဖစ္လိမ့္မယ္, ေနာက္
တလွည့္ကဆယ့္ေျခာက္ေယာက္ထဲက
ရွစ္ေယာက္ပဲျဖတ္ေက်ာ္နိုင္မွာ "

" သူလုပ္နိုင္ပါတယ္။ လူတိုင္းက သူ႕ကို
အားေပးၾကလိမ့္မယ္ၿပီးေတာ့ ကြၽန္ေတာ့္
ပရိသတ္ေတြကလည္း သူ႕ကိုဝိုင္းဝန္း
​ေထာက္ပံ့ၾကလိမ့္မယ္။ ကြၽန္ေတာ့္ရဲ႕
ကန့္လန့္ကာေနာက္ကြယ္က ေခၚသံက
သူ႕ကို ပိုေတာက္ပေစလိမ့္မယ္။ သူ႕ရဲ႕
ေနာက္ တလွည့္ ေခါင္းစဥ္က ပိုေတာင္
နာမည္ႀကီးနိုင္ေသးတယ္။ ၿပိဳင္ပြဲမွာ
သူ႕ကိုျမင္ရင္ , ပရိသတ္ေတြကကြၽန္ေတာ္
ဖယ္ထုတ္ခံရတာကို ပိုေတြးမိၾကမယ္။
သူလည္း ကြၽန္ေတာ့္အတြက္ပိုႀကိဳးစား
ေပးလိမ့္မယ္"

"တကယ္ေခါင္းကိုက္တယ္, ဒါေပမဲ့ဒါက
အမွန္တရားပဲ၊ ဒီ ကေလးက ပိုႀကိဳးစားဖို႔
လိုတယ္"

ေရွာင္ရီ ဖုန္းခ်လိဳက္ၿပီး သူအလုပ္ထြက္
ဖို႔ ကိစၥႏွင့္ ပတ္သက္ၿပီး ဒူးမိုင္အား
ဘယ္လို ေျပာရမလဲဆိုတာကို စဥ္းစား
ေနခဲ့တယ္။ႏြေရာသီတြင္ျခင္ေတြက
ေနရာတိုင္းမွာရွိေနၿပီး သူ႕ လည္ပင္းတြင္
အဖုအပိန့္မ်ားျဖင့္ ျပည့္ႏွက္ေနတယ္။
ေရွာင္ရီ ျခင္ေတြကိုရိုက္ရင္းသူ႕ငယ္ခ်င္း
ေတြကို ရွာေဖြေနခဲ့တယ္။

သူ႕သူငယ္ခ်င္းေတြတိုင္း ထိုအေၾကာင္း
ကိုေျပာေနၾကတယ္။ ဘယ္သူမွေရွာင္ရီ
ထုတ္ဖယ္ခံရတာကို မေျပာၾကဘူး။
လူတိုင္းကညစာစားရန္ထြက္လာဖို႔သာ
ေရွာင္ရီကို ေခၚေနၾကတယ္။ ေရွာင္ရီလက္
​ေရာေျခပါေျမႇာက္ကာ သေဘာ
တူလိုက္ရတယ္။ဖုန္းကို ပါးစပ္အနီး
တြင္ထားကာ တိုးတိုးေျပာလိုက္တယ္။
ညေမွာင္ေမွာင္ထဲ ဖုန္းမွ အလင္းေရာင္
ေၾကာင့္ သူ႕မ်က္ႏွာတစ္ခုလုံးစိမ္းေနခဲ့တယ္။

"အားးးးးးး....."

လုက်ိဳး ႐ုတ္တရက္ ထေအာ္ေလတယ္။

လုက်ိဳး ကားေသာ့ကို ကိုင္ၿပီး အိမ္ျပန္
​ေရာက္လာတယ္၊ ဖုန္းမွလင္းထိန္ေနတဲ့
အလင္းေရာင္ျဖင့္ေရွာင္ရီ မ်က္ႏွာကို
႐ုတ္တရက္ ေတြ႕လိုက္ရတယ္။ ေရွာင္ရီ႕
မ်က္ႏွာေပၚ၌ ထူးဆန္းေသာအၿပဳံးႏွင့္
အတူျဖဴေဖြးေနတဲ့ မ်က္လုံးေတြနဲ႕ သူ႕ကို
ေမာ့ၾကည့္လာခဲ့ရာ ေသြးျပန္ေၾကာေတြ
ပင္ ေပါက္ထြက္မတတ္ ျဖစ္ကာေသလု
နီးပါး ေၾကာက္လန့္သြားခဲ့တယ္ ။

" က်ိဳးေကာ ! ကြၽန္ေတာ္ပါ!
ကြၽန္ေတာ္ေလ..ကြၽန္ေတာ္!"

ေရွာင္ရီ က်ယ္ေလာင္စြာငိုၿပီး ေရွ႕သို႔အျမန္
တိုးကပ္သြားလိုက္တယ္၊ လုက်ိဳးကိုဖက္ၿပီး
မ်က္ရည္ေတြ က်လာတယ္။

လုက်ိဳးက ထိတ္လန့္တၾကားေအာ္ဟစ္
ရင္းလက္ရန္းကို ကိုင္ထားတယ္။ခဏ
တာမွ်ပုံမွန္ျပန္မျဖစ္နိုင္ေသးဘဲရွိေနၿပီး ေနာက္ဆုံး
စိတ္ေလးလက္ေအးျဖစ္ခ်ိန္မွ ေျပာလာတယ္၊

" ငါက အသက္ႀကီးေနၿပီ , အိုေနၿပီ...ငါ့ကို
မႏွိပ္စက္လို႔ မရဘူးလား..."

လုက်ိဳး တံခါးဖြင့္ရန္ ေရွ႕သို႔ တိုးသြားၿပီး
​ေနာက္ ႐ုတ္တရက္ တစ္ခုခုမွားေနတာကို
ျပန္သတိရမိတယ္။မ်က္ႏွာေျပာင္းသြားၿပီး
သူ႕ တကိုယ္လုံး အနည္းငယ္ မူမမွန္သလို
ျဖစ္သြားတယ္။

" မင္းဒီမွာဘာလုပ္ေနတာလဲ !"

လုက်ိဳး ေျပာလာတယ္,

" ထြက္သြား !"

"အထဲ အရင္ဝင္ပါ, အျပင္မွာ မေျပာနဲ႕ ,
အထဲေရာက္မွ ေျပာၾကမယ္ေလ,
ေကာရဲ႕ညစ္ပတ္ေနတဲ့ အိပ္ရာခင္းႀကီး
ကို လူျမင္ကြင္းမွာ မေလွ်ာ္နဲ႕ ..."

"မင္း..ညစ္ပတ္ေနတဲ့အိပ္ရာခင္းက
မင္းေလ!"

လုက်ိဳး ေဒါသတႀကီး ေအာ္ဟစ္ၿပီး ေရွာင္ရီကို ေမာင္း
ထုတ္ဖို႔ႀကိဳးစားတယ္၊ ဒါေပမဲ့ ေရွာင္ရီကလည္း အေသခံၿပီးထြက္သြားဖို႔ ျငင္းတယ္။ ေနာက္ဆုံးေတာ့
တာဇူကီေလးလိုလုက်ိဳးရဲ႕ ေပါင္ကို ဖက္ၿပီး
လုက်ိဳးရဲ႕အိမ္ထဲသို႔တ႐ြတ္တိုက္ပါသြားေလရဲ႕။

{T/N..တာဇူကီ ေလးပုံ}

W 8116

........................................................................

Continue Reading

You'll Also Like

288K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
241K 36.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
39.6K 5.8K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...