ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

By LazyFlower555

173K 20.8K 413

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ More

Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP29(U&Z)

1.8K 288 3
By LazyFlower555

.[ U ]

မွန်းလွဲပိုင်း5နာရီလောက်လုကျိုးတစ်ယောက် နွမ်းလျစွာဖြင့် ကုမ္ပဏီသို့ရောက်လာတယ်။

လုကျိုး : " သူဘယ်သွားလဲ ?"

ဒူးမိုင် : " ငါလည်း မသိဘူးလေ...သူအလုပ်ထွက်တော့မယ်လို့ လာပြောတဲ့အချိန်ကငါအစည်းအဝေးခန်းထဲ ရောက်နေတယ်,လင်းယော့ကို သူ့ဆီဖုန်းဆက်ပြီး ငါ့ဆီလာတွေ့ဖို့ တော့ ပြောထားတယ်, မင်းသူ့ကိုမောင်းထုတ်လိုက်တာလား? လင်းယော့က သူ့ဆီ
ဖုန်းဆက်ပြီး ကုမ္ပဏီကို လာခဲ့ဖို့ပြောတယ်,ဒါပေမဲ့ သူမလာဘူး၊အဲ့ဒါကြောင့်
လင်းယော့က သူ့ကို ခဏလောက်အနားယူပြီးနောက်မှ ဒီ ကိစ္စကိုဆွေးနွေးကြမယ်လို့
ပြောထားတယ်"

လုကျိုး : "......"

ဒူးမိုင် : " သူ့ဖုန်းကလည်း ပိတ်ထားတယ်,
နောက်ဆုံးတခေါက် သူ ကုမ္ပဏီကိုဖုန်းဆက်တုန်းကလည်း အများသုံး တယ်လီဖုန်းနဲ့ဆက်တာ, လုကျိုး ? ...ခဏလေး...!.ဟေး!"

"ငါမင်းကို လက်ချာရိုက်နေတာတော့
မဟုတ်ဘူး"

ဒူးမိုင်က စကြ်ံလမ်း အပြင်ဘက်ထိလျှောက်လိုက်လာရင်း ပြောလာတယ်၊

" မင်းသူ့ကို ဘာအတွက်ကြောင့်ဒီလောက်တောင် ပစ်ပစ်ခါခါလုပ်ရက်တာလဲ? ဒီကိစ္စက ဆွေးနွေးလို့ရတာပဲ,ရှောင်ရီက မင်းအတွက်နဲ့ လူပုံအလယ်မှာ ဒူးထောက်ပြီးတောင် တောင်းပန်ခဲ့တယ်လေ,နင်ယာချင်း သာ သူ့ကို လိုက်ပြီး ဆွဲမခေါ်ရင်ပါပါရာဇီတွေက မင်းတို့ နောက်ကိုကျိန်းသေလိုက်
ကြတော့မှာ"

လုကျိုး ဓာတ်လှေကားထဲသို့ပြေးဝင်သွားတယ်။

ညနေ(6)နာရီ .... ဘေဂျင်း လေဆိပ်တွင်,

ရှောင်ရီ လေယာဥ်လက်မှတ်ဝယ်ပြီးပစ္စည်းစစ်ဆေးရေးဝင်တယ်။

သူစစ်ဆေးရေး ဂိတ်ကို ဖြတ်သွားတဲ့အချိန်လုံခြုံရေး ဝန်ထမ်းတွေကသူ့ကို အသေအချာ
ကြည့်နေကြတယ်။

"ရှောင်ရီ နော် "ဝန်ထမ်းက နာမည်ခေါ်တယ်။

"ဟုတ်ပါတယ်"

ရှောင်ရီ မသက်မသာဖြင့် ပြန်ဖြေလိုက်တယ်၊

ဝန်ထမ်းတွေက ခေါင်းညိတ်ပြတာမို့ ရှောင်ရီ
စစ်ဆေးရေး ဂိတ်ကို ဖြတ်လိုက်တယ်။

ဒီနေ့ ! ကမ္ဘာကြီးတစ်ခုလုံးမူမမှန်သလို
ခံစားမိနေရင်းလေယာဥ်ပါနောက်ကျကာ
ည 11:30မှာသာ ထွက်မည်ဖြစ်တယ်၊ရှောင်ရီ
စောင့်နေရင်းမှခေါက်ဆွဲ တစ်ခွက်ဝယ်ရန်မှ တပါး ရွေးချယ်စရာမရှိခဲ့၊  ရေစက်ထဲမှရေယူဖို့ ငုံ့လိုက်ချိန် ခရီးသွားတွေကသူ့ကိုကြည့်နေကြတာကိုတွေ့ရပြီး သူတို့ကတီးတိုးပင် ပြောဆိုနေကြသေးတယ်။

ရှောင်ရီ :" ???"

ရှောင်ရီ ခေါင်းကုတ်လိုက်တယ်၊လောလောဆယ်သူဘယ်သူ့ကိုမှအာရုံ
မစိုက်နိုင်ဘူး၊၊မနက်2နာရီ လောက်ကြီး
ဝူဟန်ရောက်မယ်ဆိုတက္ကစီတောင်မရှိလောက်တော့ဘူး၊၊ဖုန်းကလည်း ပျောက်သွားတာမို့ရှောင်ချင်းကိုလည်း ခေါ်ဖို့မလွယ်ဘူး၊ တညတာ အိပ်စက်ဖို့ လေဆိပ်နားက
စျေးပေါတဲ့ ဟိုတယ်တစ်ခုလောက်ရှာမယ်၊
နောက်တနေ့ အိမ်ပြန်ဖို့ ရထားစီးမယ်။

ပြီးရင်? ဤကမ္ဘာကြီးက မီးခိုးရောင်ပြင်ကြီးလိုပဲလို့ ရှောင်ရီ ခံစားမိနေတယ်။

'မင်းက ခုတော့ အမှိုက်ပဲ...ဘာလို့ဒူးမားကို သွားမရှာတာလဲ..အာ! လုကျိုးက မင်းကို
မောင်းထုတ်လိုက်တယ်!၊ဒါပေမဲ့ ကုမ္ပဏီက မင်းကို အဲ့လို မလုပ်ဘူးလေ!၊ဘာလို့ ကုမ္ပဏီမှာ ဆက်မလုပ်တာလဲ?!မင်းက အခုအိမ်ပြန်
တော့မယ်ပေါ့!

ငါကတကယ်လည်း အမှိုက်ပါပဲ, ငါလုပ်ချင်တာကို လုပ်နေရတာပဲ ကြိုက်တယ်, ရှောင်ရီ ခေါက်ဆွဲပြုတ်ခွက်လေးကို ကိုင်လျက် ထိုင်ခုံတွင်ထိုင်နေရင်း သူ့ကိုယ်သူလည်းမုန်းတီးနေမိတယ်၊၊ဒါပေမဲ့ သူဆက်နေမယ်ဆိုရင်လည်း
သူ့နှလုံးသားထဲက ပြသနာတွေကို သူမရှင်းနိုင်ဘူး၊၊ဒူးမားနဲ့ လီချမ်းကျန်းတို့ရဲ့စေတနာကို စိတ်ပျက်စေရုံသာမက လုကျိုးကိုလည်း
ဒေါသထွက်စေလိမ့်မယ်၊ ဘာကိုမှလည်း ဖုံးကွယ်စရာမလိုတော့သလိုဘယ်အရာ
တွေ အတွက်ဘာမှအရေးမကြီးတော့ဘူး။

မျက်နှာချင်းဆိုင်ထိုင်နေတဲ့ မိန်းကလေး
နှစ်ယောက်ကလည်းရှောင်ရီကို အားတက် သရောစိုက်ကြည့်ကာ တီးတိုးပြောဆို
နေကြပြန်တယ်။

ရှောင်ရီ :" ? "

"တောင်းပန်ပါတယ်...ကျွန်တော်ဗိုက်ဆာ
နေလို့ ပါ"

ရှောင်ရီ က ခေါက်ဆွဲ ခွက်အလွတ်ကို အမှိုက်ပုံးထဲသို့ထည့်လိုက်ပြီး မူလနေရာမှာပြန်ထိုင်တယ်၊ပတ်ဝန်းကျင်ကလူတွေကတော့ ခုထိ တိီးတိုးပြောနေဆဲပဲ၊ ဘာဖြစ်နေမှန်း သူမသိဘူး။ ရှောင်ရီ သက်ပြင်းချလိုက်မိရင်း ထိုင်နေလိုက်တယ်၊ ခဏအကြာ အစ်မကြီးတစ်ယောက်ရောက်လာပြီး စကားပြောတယ်,

" ဟေး..ကောင်လေး,ဟယ်လို"

ရှောင်ရီ ချက်ခြင်း မော့ကြည့်လိုက်ပြီး ,

"တစ်ခုခုများ အကူအညီလိုလို့လား?"

အစ်မကြီးက ပြုံးပြရင်းပြောလာတယ်,

" ဘာမှမဟုတ်ပါဘူး,.လေယာဥ်က
နောက်ကျနေတယ်လေ, စကားပြောနေဖို့
ပဲရှိတာ, မင်းလည်းဒီလေယာဥ်နဲ့ပဲ
ဆန်းယကိုသွားမှာလား?"

ရှောင်ရီ : "မဟုတ်ဘူး...ကျွန်တော်က နောက်လေယာဥ် နဲ့ဝူဟန်ကို သွားရမှာ"

"အော်..."

အစ်မကြီးက ခေါင်းညိတ်ပြပြီး ထပ်မေးပြန်တယ်,

" ငါက ခင်ပွန်းနဲ့သားရှိတဲ့ ဆန်းယကိုသွားလည်မှာ, မင်းကရော?"

"ကျွန်တော်က အိမ်ပြန်မှာ"

ရှောင်ရီ ပြုံးရင်း ပြောလိုက်မိတယ်,

" ကျွန်တော်က အလုပ်ထွက်လာတာ,
အိမ်ပြန်ပြီး မိဘတွေနဲ့ အတူနေမှာ"

"ဘေဂျင်းမှာ..အလုပ်ရဖို့ကခက်ခဲတာကို"

အစ်မကြီးက ရယ်တယ်။

သူတို့နှစ်ယောက်စကားစပြောကတည်းက
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတာကို ရှောင်ရီ သတိထားမိနေပြီးအသံတွေတိတ်ကာ သူတို့စကားကို နားထောင်နေကြတယ်။

ရှောင်ရီ :"......"

အစ်မကြီးက သူ့ဖုန်းကို ဖွင့်ကာ Weiboကို ကြည့်ပြီး ခဏအကြာ 'မင်းလက်ထပ်ပြီးပြီလား?'ဟု မေးလာတယ်။

"ဟင့်အင်း"

ငါ့ကို လိုက်လျောညီထွေဖြစ်အောင်မကြိုးစား ခဲ့ဘူးလို့များ ထင်နေရော့သလား...
ရှောင်ရီ မျက်ရည်ဝဲလျက်ရယ်လိုက်မိတယ်၊
ထို့နောက်တွင် အစ်မကြီးက လုံးဝကွဲပြားသွားတဲ့ ခေါင်းစဥ်တစ်ခုကို ပြောင်းလိုက်တယ်၊
သူနဲ့ သူ့ခင်ပွန်း ရဲ့ စီးပွားရေး အကြောင်း ,သူ့ ခင်ပွန်းက ဆန်းယမှာ ပစ္စည်းလက်ကားဖြန့်ဖြူးရေး လုပ်ကြောင်း နဲ့ သူက ဘေဂျင်းမှာ
အထည်ဆိုင်တစ်ဆိုင်ဖွင့်ထားကြောင်းပြောပြလာတယ်၊ရှောင်ရီခေါင်းညိတ်ပြလိုက်တယ်,

"အစ်မရဲ့ သားကရော ဆန်းယမှာကျောင်းတက်နေတာလား?"

"အင်း...နှစ်အတော်များများသူ့ကို
ဘေဂျင်းမှာပဲ ကျောင်းတက်ခိုင်းတယ်,
တက္ကသိုလ်ဝင်ခွင့်ကိုတော့ ဆန်းယမှာပဲ
ပြန်ဖြေဖို့ စီစဥ်လိုက်တယ်, မင်းကဟူပေကလား? ဟွမ်ကန်ကျောင်းရဲ့ သင်ရိုးကလည်း
မဆိုးဘူး"

ရှောင်ရီ ပြုံးရင်း ခဏမျှစကားပြောနေကြရာမှ အစ်မကြီးက ထပ်မေးလာပြန်တယ်,

"မင်းက ဘာလုပ်တာလဲ?"

လုကျိုးရဲ့လက်ထောက်လို့လည်းမပြောရဲ
တာမို့ ,

" ဂီတပိုင်းဆိုင်ရာပါ, သီချင်းရေးတယ်
ဆိုပါတော့"

"ဝိုး"

အစ်မကြီးက ရေရွတ်ရင်း ပြောလာတယ်,

" မင်းသီချင်းဆိုလား? မင်းက နာမည်ကြီး
ဆယ်လီ ဖြစ်ရမယ်"

"အဲ့လောက်ထိ အခွင့်မရှိပါဘူး...ဒီလုပ်ငန်းက မချမ်းသာဘူး၊ အဲ့လိုမှမဟုတ်ရင် ကျွန်တော်လည်း အိမ်မပြန်ရလောက်ဘူးလေ"

"မဟုတ်သေးဘူးလေ...မင်းရဲ့ အိပ်မက်တွေကို လက်မလျော့သင့်ဘူး"

"အစ်မကရော?"

"ငါ့အိပ်မက်က ပိုက်ဆံရှာဖို့လေ..ငွေအများကြီး အများကြီး ရဖို့!"

ရှောင်ရီ : "......"

သူ့ကို ကြည့်ပြီး အစ်မကြီးက ရယ်တယ်၊

"မင်းရဲ့ အိပ်မက်တွေရှိနေသရွေ့
မင်းကျိန်းသေ အောင်မြင်လိမ့်မယ်!"

ရှောင်ရီက တွေးမိတယ်, သူမရဲ့စကားတွေက အပြုသဘောဆောင်တဲ့ စွမ်းအင်နဲ့ ကိုက်ညီပေမဲ့အဓိပ္ပာယ်မရှိပုံရတယ်။

ထုတ်လွင့်မှု အသံတစ်ခုထွက်ပေါ်လာပြီး
လေယာဥ်ပေါ် စတင်တက်ခွင့်ရပြီဖြစ်တဲ့
အခါ အတော်များများ မတ်တပ်ထရပ်လာ
ကြပြီး ဖုန်းများကို ကိုင်ကာ ရှောင်ရီ့အား
ထောင့်ပေါင်းစုံမှ ဓာတ်ပုံရိုက်နေကြတယ်။

အချို့က သူတို့ဆံပင်ကို သပ်တင်ဟန်ဆောင်ရင်း selfieရိုက်နေကြပြီး တချို့ကခိုးကြောင်
ခိုးဝှက် ရိုက်နေကြတယ်၊၊ဆန်းယကို ခရီးသွားမည့်စုံတွဲတစ်တွဲ လည်းရှိနေပြီး အမျိုးသားက သူ့ဇနီးကို ပြောလာတယ်,

" ဒီခလုတ်က ဘာလို့ နှိပ်မရတာလဲလာကြည့်ဦး"

"ဘာလို့ နှိပ်မရရမှာလဲ?"အမျိုးသမီးက ပြောကာ,

" နင်ဘာလို့ကင်မရာကို မြင့်အောင် မမြှောက်တာလဲ?'

"ချပ်!" ဆိုတဲ့အသံနှင့်အတူ မီးရောင်တပွင့်လက်လာပြီး မျက်နှာချင်းဆိုင်မှရှောင်ရီကို
ရိုက်ယူရင်း ပြောလာတယ်၊

" အခုအဆင်ပြေသွားပြီမလား?"

"ရပြီ ..ရပြီ..သွားစို့"

ထိုစုံတွဲက တန်းစီရန် သွားလေပြီ။

ရှောင်ရီ :"....."

အစ်မကြီးကလည်း ပြောလာပြန်တယ်,

" ကြုံရဆုံရတာ ရေစက်ပဲ..လာ..ဓာတ်ပုံလေး တစ်ပုံလောက်အတူရိုက်ရအောင်"

ရှောင်ရီ :"....."

အစ်မကြီးဖြစ်သူကဖုန်းကို မြှောက်ကာပြုံးပြရင်း ရှောင်ရီ နှင့်အတူ ဓာတ်ပုံရိုက်တယ်၊၊သူတွေးမိတာက ခုကဘာတွေဖြစ်နေကြ
တာလဲ..အားးးးး!

အတော်များများ လေယာဥ်ပေါ် တက်ပြီး
ထွက်ခွာသွားကြတာမို့ ရှောင်ရီ တစ် ယောက်တည်း ထိုင်နေခဲ့ရင်း ဘာကိုမှနားမလည်တာမို့မည်သည့်တုံ့ပြန်မှုမျိုးကိုမှသူမလုပ်နိုင်ခဲ့။

စောင့်ဆိုင်းဂိတ်အနီးဘယ်သူမှလည်း မရှိ
တော့ဘူး၊ဝန်ထမ်းတွေတောင်ထွက်သွားပြီ၊
အပြင်ဘက်မှာလည်း မိုးသည်းထန်စွာရွာနေတယ်၊၊မိုးရွာတဲ့ ညမှာ ရှောင်ရီ တစ်ယောက်
ည11:30 လေယာဥ်အား တိတ်ဆိတ်စွာဖြင့်
စောင့်ဆိုင်းနေမိတယ်၊မိုးညတညရဲ့ မီးရောင်ဖျော့ဖျော့ နှင့် တစိမ့်စိမ့်ရွာသွန်းနေသောမိုးက အလွမ်းဇာတ်ဝင်ခန်း တစ်ခုပမာ။

ရှောင်ရီ ကိုယ်တိုင်လည်း ပရိသတ်တစ်ယောက်ပဲ၊ အရှေ့ဆုံးတန်းတွင်ထိုင်နေခဲ့ပြီး
ရုပ်ရှင်ဖန်သားပြင်ပမာရှိနေတဲ့ မှန်နံရံအား
မော့ကြည့်နေမိတယ်၊ တစ်ခုတည်းသော
ဇာတ်ဝင်ခန်းက အဆုံးမရှိရွာသွန်းနေတဲ့
မိုးညမြင်ကွင်းပဲ။

~ကောင်းကင်ကြီးကို မေးချင်တယ်~

ရှောင်ရီ မိုးရေစက်တွေကို ဗလာမျက်ဝန်းတွေနဲ့ ငေးကြည့်နေမိတယ်။

~ငါကိုယ်ငါလည်း မေးချင်တယ်~

~အစကနေ အဆုံးထိ ငါဟာတကယ် ထက်မြက်သူဖြစ်ခဲ့တယ်..အဲ့ဒီထက်မြက်မှုကပဲ ငါ့ကို ပျက်သုဥ်းစေခဲ့တယ်~~

~~ကောင်းကင်ကြီးကို မေးချင်တယ်..ကမ္ဘာမြေကြီးကိုလည်း မေးချင်တယ်~~

ရှောင်ရီ မျက်ခုံးလေးပင့်တင်ကာပြုံးရင်း
သီချင်းလေးဆက်ညီးနေလိုက်တယ်၊

~ဒါက ခံစားချက်သက်သက်ပဲ~~ကံကြမ္မာ
အတိုင်း~~ငါဘက်က အရာအားလုံးစွန့်လွှတ် လိုက်တယ်~~ဘဝလေးကို တိတ်ဆိတ်စွာပဲ
ရှိနေချင်တယ်~~~

လုကျိုး တကိုယ်လုံး ရွဲစိုနေပြီးလမ်းတလျှောက်ဖြတ်သန်းလာရင်း ရှောင်ရီ့
နောက်မှာ ရပ်လိုက်တယ်။

~ငါ့ကို ချစ်တယ်လို့ပြောဖို့ မင်းကိုယ်မင်း ဖိအားတွေပေးနေဖို့ မလိုဘူး~ဘာပဲဖြစ်ဖြစ်
ငါ့စိတ်ဝိညာဥ်တွေအကုန် ကျရှုံးသွားပြီ~
ဖြေးဖြေးချင်းလေး..ဖြေးဖြေးချင်းလေး
ပေါင်းစပ် ကြမယ်...ငါ့အတွက် အစစ်အမှန်
တွေ မပေးနိုင်ရင်ပေါင်းစပ်ကြဖို့ကမလွယ်ဘူး~~~အိုး~~

ရှောင်ရီ သီချင်းဆိုတာရပ်သွားတယ်၊ ကြီးမားသည့်မှန်နံရံ ၏ရောင်ပြန်ဟပ်မှုတွင် လုကျိုး သူ့အနောက်သို့ ရောက်နေတာကို
သူတွေ့လိုက်ရတယ်။

ထိုအခိုက်အတန့်အတွေးကမ္ဘာထဲမှစကားလုံးတွေကို သီချင်းစာသားတွေအဖြစ်မပြောင်း လဲနိုင်တော့ဘဲ တစိမ့်စိမ့်ရွာနေသည့်
မိုးရေနှင့်အတူ သံစဥ်တို့က စီးဆင်းနေဆဲ။

ကမ္ဘာကြီးတစ်ခုလုံး အဆုံးမရှိ ကျယ်ပြန့်နေလျက်...ရွာသွန်းနေဆဲမိုးကလည်းကြီးမားတဲ့ မှန်နံရံအား ရေပြင်ကျယ်အလားရှိနေစေလျက်..

မီးရောင်မှိန်ဖျဖျအောက် ရှောင်ရီ တစ်ယောက်သာရှိနေပြီး လုကျိုးက ထိုင်ခုံ အနောက်တွင် မတ်တပ်ရပ်နေတယ်။

ရှောင်ရီ ချက်ခြင်းထိလိုက်ပြီး လုကျိုးအား
သတိလက်လွတ်ဖြင့် ငေးကြည့်နေမိတယ်၊
လုကျိုးရဲ့ မျက်လုံးတွေမှာလည်း အပြစ်တင်လိုစိတ် များ ၊ဒေါသများ ကင်းစင်နေလျက်
တဖြေးဖြေးချင်း ငြိမ်သက်လာတယ်။

"ဘာလို့ မင်းဖုန်းက ပိတ်ထားတာလဲ?"

"ကျွန်တော့်ဖုန်း..အခိုးခံလိုက်ရတယ်.."

ရှောင်ရီ စိုးရိမ်တကြီး ဖြင့်,

"တောင်းပန်ပါတယ်, ခင်ဗျား...."

"ငါတခြားဘာမှမပြောချင်ဘူး,မင်းက
အလုပ်တောင် မလုပ်ချင်တော့ဘူးလား?ငါ့လက်ထောက်မလုပ်ရတာနဲ့ပဲ ဘေဂျင်းက မင်းရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်
တွေကို စွန့်လွှတ်ပြီးအိမ်ပြန်ပုန်းနေတော့
မလို့လား?"

"ဟုတ်..ဟုတ်တယ်"

" ခုထိ ဟုတ်နေတုန်း!"

လုကျိုး ဒေါသတွေ အလိပ်လိုက်တက်လာရင်း ရူးသွပ်စွာပဲ ထအော်လိုက်မိတယ်,

"မင်း ယောကျ်ားလား!"

ရှောင်ရီ ချက်ခြင်း သူ့အမှားကို ပြင်လိုက်တယ်၊

" မဟုတ်ဘူး..မဟုတ်ဘူး..ကျွန်တော်ကောကို
စိတ်ဆိုးအောင်လုပ်မိတယ်, ကျွန်တော်လည်း ဒီလောကထဲ ဆက်မနေချင်တော့တာမို့..."

ရေနစ်နေတဲ့ကြွက်တစ်ကောင်လို ရွဲရွဲစိုနေ
တဲ့လုကျိုးက ရှောင်ရီရှေ့မှာရပ်လာတယ်၊အသက်ပြင်းပြင်း တချက်ရှုလိုက်ပြီး ,
ဒေါသတွေကို လျော့ချကာ မျက်ရည်ဝဲစွာရယ်မောမိရင်း ပြောလာတယ်,

" ငါက အဲ့ဒီလောက်သဘောထား
သေးသိမ်တဲ့ပုံ ပေါက်နေလို့လား!"

"မဟုတ်ဘူး..မဟုတ်ဘူး...ကော...
စိတ်မဆိုးပါနဲ့"

"ငါဘယ်လိုလုပ်စိတ်ဆိုးနိုင်မှာလဲ!.မင်းက
ငါ့ကို နှလုံးခုန်ရပ်မတတ် !ငါ ရူးမတတ်ဖြစ်သွားအောင် မင်းလုပ်နေတာ!"

ရှောင်ရီ လုကျိုးရဲ့ ကျောပြင်လေးကို ထိကိုင်ရန် ရှေ့သို့တိုးလာချိန် လုကျိုးသည်လည်း
ဆွံ့အနေမိတယ်။

မိုးထဲရေထဲ လက်မှတ် ကိုပြန်ယူလာပြီးအိမ်ပြန်ရန် လုကျိုးနောက်သို့သာ ရှောင်ရီ ပြန်လိုက်လာခဲ့လိုက်တယ်။

အပြင်ဘက်မှာ မိုးက သည်းကြီးမည်းကြီးရွာနေတယ်၊ရှောင်ရီနဲ့လုကျိုးတို့ ကားပါကင်ဆီသို့ မိုးရေတွေကြားပြေးသွားလိုက်တယ်၊ ကားပါကင်တွင်ရပ်စရာနေရာမရှိတာမို့
လုကျိုးက အပြင်ဘက်နေရာမှာ ရပ်ထားခဲ့တယ်၊ ကားထဲသို့ရောက်တဲ့အခါ , သူတို့နှစ်ယောက်စလုံး သနားစရာလေးတွေ ဖြစ်နေတယ်၊လုကျိုးက သူ့ရှပ်အကျီကို ချွတ်လိုက်ပြီး အပူပေးစက်ကို ဖွင့်တယ်, ရှောင်ရီက
ယာဥ်မောင်းနေရာမှဝင်ထိုင်လိုက်တယ်။

ဒါက သူ့ကို ခွင့်လွှတ်လိုက်ပြီဆိုတဲ့သဘောလား?ရှောင်ရီ တွေးလိုက်မိတယ်၊ဒီနေ့ လုကျိုးက နောက်ခုံမှာ ဝင်ထိုင်တယ်၊ ထိုသို့
ပြုလုပ်ပေမဲ့ စကားတော့ မပြောဘူး၊နောက် အခိုက်အတန့်လေးမှာပဲဖုန်းကိုင်ပြီးပြောတယ်၊

" ကျွန်တော်သူ့ကို တွေ့ပြီ"

"ဖျက်ပြီးပြီ!"

လုကျိုး မကြည်မသာဖြင့် ဆက်ပြောတယ်၊

ဖျက်ပြီးပြီ? ရှောင်ရီ ရှုပ်ထွေး သွားတယ်။

"နောက်မှပြောမယ်!"

လုကျိုး ဖုန်းချလိုက်တယ်။

"ကျိုးကော , ကျွန်တော်လေဆိပ်ရောက်နေတာကို ကောဘယ်လို သိတာလဲ?

"မေးနေစရာလိုသေးလို့လား? ဒီည ဝူဟန် ကို သွားမယ့် လေယာဥ်က တစ်စီးဘဲ ရှိတာလေ"

တကယ်လား? ရှောင်ရီ တွေးမိတယ်,
လေယာဥ်ခရီးစဥ် တွေ အများကြီးရှိတယ်၊ ဘေဂျင်းမှာလည်း လေဆိပ်က သုံးခုတောင်ရှိနေတာလေ, သူဒီရောက် နေတယ်ဆိုတာကို လုကျိုး ဘယ်လိုသိတာလဲ? ဂရုတစိုက်ပင် အဝေးပြေးလမ်းမပေါ်သို့မောင်းနှင်လာပြီး လုကျိုးကို ဘာမှလည်း ထပ်မမေးရဲတော့ဘူး။

အိမ်ရောက်တဲ့အခါ, လုကျိုးဘာမှပြောမလာသလို ရှောင်ရီကလည်း မမေးရဲဘူး၊ ညဘက်တွင် သူ QQထဲ ဝင်လိုက်တယ်၊ဒူးမားထံမှ
မက်ဆေ့တွေလည်းဝင်လာတယ်။

ဒူးမား :"ဘာလို့ ဖုန်းပိတ်ထားတာလဲ?"

ရှောင်ရီ : "ပျောက်သွားတာ"

ဒူးမား: "မင်းနဲ့ လုကျိုးတို့ တွဲနေပြီလား?"

ရှောင်ရီ : "......"

သူတို့သာ အဲ့လို ပတ်သက်မှုမျိုးရှိလာမယ်ဆို ခုလို ပြဿနာတွေလည်းရှိလာမှာမဟုတ်ဘူးလို့ ရှောင်ရီ တွေးမိတယ်၊ထို့နောက်ဒူးမားအား
ကူကယ်ရာမဲ့စွာပြန်ဖြေမိတယ်။

ရှောင်ရီ : " ငါသူ့ကို ချစ်တယ်, ဒါပေမဲ့သူက ငါ့ကို မချစ်ဘူးလေ"

ဒူးမား : "မင်းသူနဲ့ ခပ်ခွာခွာနေဖို့ လိုတယ်,
သူနဲ့ အရမ်း မနီးကပ်စေနဲ့, အတင်းအဖျင်း
က ဘယ်လောက်ကြောက်စရာကောင်းလဲသိလား? ဒီတိုင်းသာဆက်သွားရင်, သူ့ကိုလည်း ပျက်စီးစေပြီး မင်းလည်းဒုက္ခရောက်လိမ့်မယ်"

ရှောင်ရီ : " ငါတို့ကြားမှာဘာမှမရှိဘူး, မင်းတော့ ရူးနေပြီ!"

ဒူးမား: "တစ်ကမ္ဘာလုံးသိနေပြီ၊ မင်းတို့နှစ်ယောက် မနက်ဖြန် သတင်းခေါင်းကြီး ပိုင်းမှာ
ကျိန်းသေပါလိမ့်မယ်၊လုကျိုးက လူများစွာကို စိတ်ဆိုးစေခဲ့တယ်၊ဒါကြောင့် တချို့က ဆို သူ့ကို ဖိနှိပ်ဖို့ ကြိုးစားနေလောက်ပြီ"

ရှောင်ရီ : "ဘာ...ဘယ်လို ?"

ဒူးမား : " လီချမ်းကျန်းကမင်းကိုသူ့ ကုမ္ပဏီလာစေချင်တယ်, မင်းအလုပ် ခဏပြောင်းပြီး
ကျန်တာနောက်မှဆွေးနွေးရအောင်, လုကျိုးနဲ့ အတူ မနေနဲ့တော့"

ရှောင်ရီ : "မင်း ဘာတွေပြောနေတာလဲ?"

"ဟေး !"

လုကျိုးရဲ့ ဒေါသတကြီး အော်ဟစ်သံက
အနောက်ဘက်မှ ထွက်ပေါ်လာတယ်။

ရှောင်ရီ တစ်ယောက် အလျင်အမြန်သွားကာ အမှုတော်ထမ်းရွက်ဖို့မှတပါး ရွေးချယ်စရာမရှိတော့သည်မို့ QQကို ပိတ်လိုက်တယ်။ခဏအကြာ အောက်ထပ်က ဖုန်းမြည်လာတာမို့
ရှောင်ရီ အောက်ဆင်းပြီး ဖုန်းသွားကိုင်ရာ
ဒူးမိုင်ထံမှဆက်ခြင်းဖြစ်တယ်။

"မင်းတို့ နှစ်ယောက် ရန်ဖြစ်ရလောက်တဲ့
ထိ အကြောင်းရင်း မှန်ကဘာလဲ?"

"  တောင်းပန်ပါတယ်..တောင်းပန်ပါတယ်"

ဒူးမိုင်: " မနက်ဖြန် ကုမ္ပဏီကိုလာခဲ့၊ ရှောင်ရီ
မင်းရော အလုပ်ထွက်ဦးမှာလား?"

"ကျွန်တော်အလုပ်မထွက်တော့ပါဘူး...တောင်းပန်ပါတယ် ဥက္ကဋ္ဌဒူ,
ကျွန်တော့် အမှားပါ"

ဒူးမိုင်အနည်းငယ် ဒေါသထွက်နေပုံ ရပေမဲ့
သူ့စိတ်အားထိန်းထားနိုင်ဆဲရှိနေတယ်၊

"ငါမင်းကို အပြစ်မတင်ပါဘူး,အစကတည်းက မင်းလည်းအနားယူချင်မှာ
ပဲလို့တွေးမိတယ်,အခုမင်းလည်း ပြန်ရောက်လာပြီဆိုတော့ ရန်ဖြစ်မနေနဲ့,
မင်း လီယဲ့ဆီ အခု ဖုန်းခေါ်လိုက်,သူ့ဖုန်းနံပါတ်မင်းမှာရှိတယ်မလား?"

"ကျွန်တော်ဖုန်းပျောက်သွားတယ်"

ရှောင်ရီ အရိုးခံလေးအတိုင်း ပြောလိုက်တယ်၊

"မင်းကို ဆက်သွယ်လို့မရတာကိုငါမအံ့သြတော့ဘူး"

ဒူးမိုင်က နံပါတ်တွေကို ရွတ်ပြပြီး ပြောလာတယ်၊

" သူ့ကို တောင်းပန်လိုက်, သူ့ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောလိုက်,
မင်းတို့နှစ်ယောက် အတွက် သူက သူ့အသိမိတ်ဆွေတွေကို ကူညီပေးဖို့ ပြောခဲ့တာ"

ဟမ်? သူ့ရဲ့ အသိမိတ်ဆွေတွေကို အကူအညီတောင်းခဲ့တာလား? သူ့ကို လုကျိုးရှာဖွေနိုင်ဖို့ကူညီခဲ့တာလား? သူချက်ခြင်း စကားပြန်လိုက်တယ်၊

" ကျွန်တော် ဆက်မယ်..ကျွန်တော်ဆက်မယ်"

လုကျိုး အကြာကြီး အော်ခေါ်နေပေမဲ့ ရှောင်ရီကို ခုထိမတွေ့ရဘူး၊ ခြေဗလာဖြင့် အောက်ထပ်သို့ ဆင်းလာတဲ့အခါ ရှောင်ရီပင်သူ့ကို လန့်သွားတယ်။။

" မင်းဘာလုပ်နေတာလဲ?"

လုကျိုးမေးလိုက်တယ်။

'ဥက္ကဋ္ဌဒူဖုန်းဆက်တယ်, မနက်ဖြန်
ကုမ္ပဏီသွားရမယ်"

လုကျိုးသူ့ကို မအော်ငေါက်တော့ဘဲ အင်း ဟုသာအသံပြုတယ်၊၊လုကျိုး တိတ်တဆိတ်
ဆိုဖာပေါ်ထိုင်ကာ တီဗွီကြည့်တယ်၊ ရှောင်ရီက အသံလျော့ဖို့ အချက်ပြပြီး လီယဲ့ထံ ဖုန်းခေါ်လိုက်တယ်။

"ဟယ်လို ..."

လီယဲ့က ရွှင်လန်းစွာပဲ ပြန်ဖြေတယ်။ရှောင်ရီကလည်း အလျင်အမြန်ပင်,

" လီကျဲ ...မဂ်လာပါ..ကျဲကို အများကြီး
ဒုက္ခပေးစေမိသလိုဖြစ်သွားလို့ ကျွန်တော်တောင်းပန်ပါတယ်"

"မစိုးရိမ်နဲ့ .ဒါက ပြသနာမရှိဘူး၊ မင်း ပြန်
လာပြီလား၊အဆင်ပြေလား?မင်းပြန်လာပြီဆို အဆင်ပြေပါပြီ"

"ကျွန်တော်ပြန်ရောက်နေပြီ"

" ကျဲ တစ်ခု မေးချင်လို့..စိတ်မဆိုးနဲ့နော်"

"မဆိုးပါဘူး..စိတ်ဆိုးစရာလား"

"မင်းနဲ့ လုကျိုး မှာလေ ဘယ်သူက Gong
ဘယ်သူက Shouလဲ ?"

ရှောင်ရီ :"......"

လီယဲ့က ဖုန်းထဲကနေ အသံကျယ်ကြီးနဲ့ အော်ရယ် လာတယ်၊

" မင်းက shouထင်တယ်ဟုတ်တယ်မလား,
ငါ့ရဲ့CPလေးကို မင်းမပျက်စီးစေနဲ့နော်,
အဲ့လိုမှမဟုတ်ရင် ငါမင်းရဲ့ပရိသတ်တွေ
ကို anti ပစ်မှာ "

ရှောင်ရီ့ မျက်နှာ တစ်ခုလုံးရဲတက်လာပြီး
သူ့ဘေးနားမှလုကျိုးကို တချက်လှည့်ကြည့်လိုက်တယ်၊လုကျိုးသည်လည်း နားမလည်နိုင်လျက် ခေါင်းထဲ၌ မေးခွန်းအမှတ်အသား တို့ ပြည့်နှက်စွာဖြင့်ရှောင်ရီ့ကို ကြည့်တယ်၊
ရှောင်ရီက လက်လေးခါရမ်းပြီး ဘာမှမဟုတ်တော့ကြောင်း ပြောလာတယ်။

လီယဲ့က ဆက်ပြောလာတယ်,

" မင်းတို့နှစ်ယောက်ကြိုက်တာကအထူးအ ဆန်းတော့ မဟုတ်ဘူး၊ ဖျော်ဖြေရေးနယ်ပယ်အတွင်း တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီရင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပဲ ၊
မင်းက အဖြောင့်ပဲဖြစ်ဖြစ် ဂေးပဲဖြစ်ဖြစ် ဒါက အရေးမကြီး ၊အချစ်ကအချစ်ပဲ၊ပြီးတော့ ဒါကအလှတရားတစ်ခုပဲ၊ကျဲက နားလည် ပေးနိုင်ပါတယ်"

ရှောင်ရီ တဖြေးဖြေးရှက်လာပြီ,

"လီကျဲ...."

" ဒါပေမဲ့ ဒီနယ်ပယ်က ခက်ခဲနက်နဲတယ်၊
မင်းတို့ နှစ်ယောက် အတူရှိမယ်ဆိုရင် တပါးသူတွေရဲ့ဝေဖန် တိုက်ခိုက်မှုတွေကို ခံရမယ်၊
နှစ်ယောက်လုံးအပြန်အလှန် ချစ်နေကြသရွေ့ အဆင်ပြေလောက်တယ်၊၊အပြင်လူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ အခြားသူတွေရဲ့ အမြင် တွေကို ဂရုစိုက်နေဖို့ မလိုဘူး၊
အနာဂတ်မှာ တတ်နိုင်သမျှ လူမသိအောင်၊
အေးအေး ဆေးဆေး လေးနေရင် မင်းနဲ့
လုကျိုး အတွက် ပိုပြီးအကျိုးရှိလိမ့်မယ်"

ရှောင်ရီ လုကျိုးကို ကြည့်လိုက်မိတယ်၊လုကျိုးကတော့ လီယဲ့ပြောတာကို မကြားနိုင်တာမို့ တီဗွီကြည့်နေဆဲ၊ လီယဲ့ပြောတဲ့စကားတွေကို ကြားနေရတဲ့ အခိုက်အတန့် ဘယ်လိုခံစားနေရမလဲဆိုတာကို သူမပြောတတ်ဘူး၊သူကဘယ်လိုလုပ်ပြီးလုကျိုးနဲ့ချစ်သူဖြစ်နိုင်ပါ့မလဲ?

ငါ....ငါကသူနဲ့ချစ်သူတွေ ဖြစ်နေပြီလား?

ရှောင်ရီ တွေးနေမိတယ်။

လုကျိုး : "???"

လုကျိုး ရှောင်ရီကို စိုက်ကြည့်နေတယ်၊
ရှောင်ရီ ဖုန်းကို ပင်ချလုနီးပါးဖြစ်သွားပြီး
လုကျိုးကို ပွေ့ဖက်ချင်လာတယ်။

ဖုန်းထဲမှလီယဲ့က ထပ်ပြောလာတယ်,

" မင်း come outလုပ်မယ်ဆိုရင်,မင်းရဲ့
အသက်မွေးဝမ်းကြောင်းအလုပ်တွေကို
ထိခိုက်စေလိမ့်မယ်, မင်း ဂရုမစိုက်ဘူးဆို
တာကိုလည်း ကျဲသိတယ်, ဒါက ဂီတနယ်ပယ်ထဲမှာတော့ ဘာမဟုတ်တဲ့ကိစ္စ
လေးပဲ, ဒါပေမဲ့ ဖျော်ဖြေရေး အသိုင်းအဝိုင်း
ဘက်မှာကျ လုကျိုးအတွက် ကမ်းလှမ်းမှု
တွေက အကန့်အသတ်နဲ့ ဖြစ်လာလိမ့်မယ်"

"ဟုတ်..ဟုတ်ပါတယ်...ကျွန်တော်သိတယ်"

အကယ်၍သူတို့ နှစ်ယောက်သာတကယ်တွဲဖြစ်လို့ တကမ္ဘာလုံးက အသိအမှတ်မပြုကြရင်တောင် သူလုကျိုးကို ကြိုက်တာမို့ ခံနိုင်ရည် ရှိအောင် ကြိုးစားရမယ်လို့ရှောင်ရီ
တွေး မိတယ်။

ရှောင်ရီ လီယဲ့နှင့် စကားပြောပြီးတဲ့နောက်
အပေါ်ထပ်သို့တက်ဖို့ ပြင်တယ်၊ ဒါပေမဲ့
လုကျိုးက သူ့ကို ထူးဆန်းသလို စိုက်ကြည့်ပြီး မေးလာတယ်။

" သူဘာတွေပြောလဲ?'

"ဥက္ကဋ္ဌဒူက သူ့ကို ကျေးဇူးတင်ကြောင်း
ပြောခိုင်းတာ "

ရှောင်ရီခုထိ ရှုပ်ထွေးနေဆဲ၊

" ဘာလို့သူ့ကို ရှာခိုင်းလဲ ဆိုတာကို ကျွန်တော်ခုထိ နားမလည်ဘူး..."

လုကျိုး က ပြန်ဖြေတယ်,

" လီချန်းကျန်းနဲ့ သူ့က အရမ်းရင်းနှီးတယ်
မလား? ဒါက မထူးဆန်းဘူး"

"အဲ့ဒါကြောင့်လား?"

ရှောင်ရီအခုမှစိတ်ပိုနောက်လာတယ်၊

လုကျိုးက ထပ်ပြောလာပြန်တယ်,

" အရင်တခေါက် ငါတို့ ချင်နန်းတော်ကို သွားတုန်းက , သူ့အဖွဲ့နဲ့ဘဲ တွေ့ခဲ့တာမလား?"

"အာ..ဟုတ်သားပဲ "

"သူက ဒူးမိုင်နဲ့ ပူးပေါင်းချင်တာ, ငါဘာလုပ်သင့်လဲ...မင်းကဘယ်သွားမလို့လဲ?"

"ကျွန်တော် ဥက္ကဋ္ဌဒူဆီပို့ဖို့ စာရွက်တစ်ခု
သွားရှာမလို့"

ရှောင်ရီတစ်ယောက် သေရေးရှင်ရေး ရှိသည့်အလား ဒုတိယထပ်သို့ သွားကာအခန်းထဲသို့
ရောက်တဲ့အခါ မောကြီးပန်းကြီးအသက်ရူထုတ်ကာ ထိုင်ချလိုက်မိတယ်။

ဒါက တကယ်ကြီးလား? သူက တနေ့နေ့ တချိန်ချိန် ဂေး တစ်ယောက်အဖြစ် ပြောင်းလဲ လိမ့်မယ်လို့ မထင်ခဲ့မိဘူး၊ တကယ်တော့
ဒါက အရေးမကြီးဘူး၊ ဟိုးအရင် ဂီတ
သင််တန်းကသူ့ သူငယ်ချင်းတွေအတော်များများက ဂေးတွေချည်းပဲ၊ ဒါပေမဲ့...သူကြိုက်တာက လုကျိုး တစ်ယောက်ထဲ။

ရှောင်ရီ လက်တောပ့်ကို ဖွင့်လိုက်တယ်၊
သူယခင် သူ့ရည်းစားအတွက် လုပ်ပေးခဲ့တဲ့
ဗီဒီယိုကို အကျဥ်းချုပ်ပြန်ကြည့်လိုက်သေးတယ်၊ လမ်းခွဲ့ ခဲ့တဲ့ ကိစ္စကို သူစိတ်မဝင်စား
တော့သလို သိသိသာသာခံစားရတာမျိုးလည်းမရှိခဲ့ဘူး၊ ခုဆို သူနဲ့ လုကျိုးလည်း
အတူရှိနေတာမို့ ဘာလို့ အတိတ်က ဝမ်းနည်းစရာတွေကို ပြန်တွေးနေမှာလဲ?

လုကျိုးအတွက် ဗီဒီယိုကို သူဖွင့်လိုက်တဲ့အချိန် အထဲတွင် ဗီဒီယို တစ်ခုကိုပါတွေ့ လိုက်ရတယ်။

လုကျိုးက ပျင်းရိငြီးငွေ့ စွာဖြင့် ကင်မရာထဲတွင်ပေါ်လာတယ်၊ သူ့ဘာမှမလုပ်လဲ ရှောင်ရီ
သူ့ကို ဗီဒီယို လိုက်ရိုက်နေတုန်းပဲ၊ လမ်း လျှောက်တာ၊ရေသောက်တာ၊ထိုင်တာ
ထတာ အကုန်လုံးက ချောမောနေတော့
သူ့ကိုယ်သူပင်ကယ်တင်ဖို့ရာမဖြစ်နိုင်ခဲ့ဘူး။

"မင်းဘာလို့ တနေကုန်လိုက်ရိုက်နေတာလဲ!"

ဗီဒီယိုထဲမှလုကျိုးက စိတ်မရှည်စွာ ပြောလာတယ်။

ကျင်ရှန်းမှာရှိတဲ့ ပန်းစျေးထဲသို့ သူတို့ ဝင်လာချ်ိန် လုကျိုးက ထပ်မေးပြန်တယ်,

"ရိုက်..ရိုက်..ရိုက်..ထပ်ရိုက်ဖို့ရော ရှိသေးလား"

ရှောင်ရီ့အသံထွက်လာတယ်,

"ဘေးကိုလှည့်လိုက်ပါလား?"

လုကျိုးက ကင်မရာဆီသို့ လက်ခလည်လေး
ထောင်ပြလာတယ်၊

ထို ဗီဒီယို အပိုင်းအစလေးကို ကြည့်ကာ ရှောင်ရီ ရယ်မောလိုက်မိတယ်။

ကင်မရာမှန်ဘီလူးတွေက ခံစားချက်တွေကို သက်ဝင်စေတယ်၊ ဒါရိုက်တာကော်က ဒရမ်မာတွေ ရုပ်ရှင်တွေကို ကြည့်တဲ့အချိန် လူတိုင်းက ကင်မရာနောက်ကွယ်မှာ ရပ်နေကြတယ်လို့ ပြောဖူးတယ်၊ စိတ်ခံစားမှု တွေ ပြည့်နှက်နေမယ်ဆို ကင်မရာက ကြားခံပစ္စည်းတစ်ခုသာဖြစ်ပြီး ကင်မရာနောက်ကွယ်တွင် ရပ်နေသူကဒါရိုက်တာတစ်ယောက်ပဲရှိတယ်၊

ဒါရိုက်တာဘက်မှကြိုက်သည်ဖြစ်စေ,
မကြိုက်သည်ဖြစ်စေ, နွေးထွေးသည်ဖြစ်စေ,.အေးစက်သည်ဖြစ်စေ, ကင်မရာမှတ
ဆင့်ပရိသတ်က ထိတွေ့ ခံစားနိုင်တယ်၊
ခံစားချက်တွေကို ခံစားတတ်သူမှ ဒါရိုက်တာ
ကောင်းတစ်ယောက်ဖြစ်လာမယ်။

ရှောင်ရီက အခြားဗီဒီယို ကို ထပ်ဖွင့်လိုက်တယ်၊ ဆယ် စက္ကန့်မျှ ငြိမ်သက်နေရာမှ
ထို ဗီဒီယိုထဲ၌ လုကျိုး လမ်းလျှောက်နေတယ်၊၊ ရှောင်ရီက လုကျိုးရဲ့ ကျောဘက်
မြင်ကွင်းကိုသာဖမ်းယူထားတာမို့ဘာမှ
တော့ မထူးခြားဘူး။

ထိုအခိုက်အတန့်လေးကို ရှောင်ရီ ရှင်းရှင်းလင်းလင်းခံစားမိတာက
မှန်ဘီလူးနောက်မှာရပ်နေတဲ့သူက
သူချစ်ရတဲ့သူဆိုတာပဲ၊ စကားပြောတာ
မျိုး, လှုပ်ရှားနေတာမျိုးလည်း မရှိခဲ့၊
သူ့ အပြုအမူလေးတွေကို တိတ်တဆိတ်
လေး ရိုက်ကူးချင်လာတယ်၊၊ပြီးတော့
သူကိုယ်တိုင်လုကျိုးကို ရိုက်ကူးခဲ့ရတယ်၊
ကင်မရာမှတဆင့် သိသာထင်ရှားလွန်းတဲ့
ချစ်ခြင်းမေတ္တာ ကိုထုတ်ဖော်ပြလိုက်သလိုပဲ၊

သူ့လုပ်ရပ်တွေကို အများသူငါသတိမထား
မိပေမဲ့ အရာအားလုံးက လှပစွာကျန်ရစ်နေ
လိမ့်မယ်။

ဗီဒီယို ထဲတွင် လုကျိုးလှည့်ကြည့်လိုက်တဲ့အခါ ရှောင်ရီ သူ့ကို ရိုက်နေတာတွေ့တော့
လမ်းဘေးတစ်နေရာကို လက်ညိုးထိုးပြီး
ပြောလာတယ်၊

" အဲ့ဒီဆိုင်က ဘာရောင်းတာလဲ?"

ထို့နောက် ကင်မရာက တဖက်သို့လှည့်သွားပြီး လုကျိုးနှင့်အတူ ထိုဆိုင်ဘက်သို့ရောက်သွားတယ်၊ သူက ဆိုင်ကို ခဏလောက်ရိုက်ပြီး လုကျိုးကို ဆက်ရိုက်ရာလုကျိုးက အရုပ်လေးကို ကိုင်ကာ ကင်မရာရှေ့တွင် လှုပ်ယမ်းနေတယ်။

ပြတင်းအပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မိုးလေး ဖွဲဖွဲကျလာပြီး
အဆုံးမရှိသောအမှောင်ညကို ဖြတ်သန်း
နေရတယ်၊၊နွေရာသီလည်း ကုန်ဆုံးလုပြီမို့
ပန်းမျိုးစုံလည်း ဖူးပွင့်ကာ နွေရာသီသို့ ရောက်လာတော့မယ်။

နောက်တနေ့ နေ့လည် ရှောင်ရီ ကုမ္ပဏီသို့
ရောက်တဲ့အခါမှ  မနေ့က အဖြစ်အပျက်
အလုံးစုံအားသူနောက်ဆုံး ၌သိခွင့်ရခဲ့တယ်၊

ရှောင်ရီရဲ့ ကမ္ဘာ့အမြင် တွေ လုံးဝ ပြိုလဲသွားခဲ့တယ်၊အဲ့ဒီအပြင် နေ့တပိုင်းလောက်ထိ
စကားလည်း မပြောနိုင်ခဲ့ဘူး၊ မနေ့ကလုကျိုး
သူ့ကိုဆက်သွယ်လို့မရတဲ့အခါ ဒူးမားကို အရင်မေးပြီး လီချမ်းကျန်းရဲ့ ကုမ္ပဏီကို ဖုန်းဆက်ကာသူ့ကိုရှာခိုင်းတယ်၊ လီချမ်းကျန်းရဲ့ ကုမ္ပဏီလည်း အလုပ်တွေရှုပ် စိတ်တွေညစ်ကြရတယ်၊ နောက်ဆုံးတွင် လုကျိုး မစောင့်နိုင်တော့ဘဲ Weiboမှာ ပိုစ့်တင်လိုက်တယ်၊

'ဒီလူကို တွေ့ရင် ကျေးဇူးပြုပြီးဆက်သွယ်ပေးပါ,ကျေးဇူးတုံ့ပြန်ပါ့မယ်"

စာလေးရဲ့ အောက်တွင် ရှောင်ရီ ပုံလေးကပူးတွဲပါရှိနေတယ်။

မွန်းလွဲပိုင်း4နာရီ ထိ  Weiboတွင် ပြန့်နှံ့သွားပြီး 2နာရီ အတွင်း ပြန်လည်ဖြန့်ဝေမှုပေါင်း 3သိန်း လောက်ရှိသွားတယ်၊ ရှောင်ရီ လေဆိပ်သို့ ရောက်ပြီး မကြာမီမှာပဲလုကျိုးကို ခရီးသွားတစ်ဦးကချက်ခြင်း ဆက်သွယ်လာခဲ့တယ်၊လုကျိုးက သူမအား ရှောင်ရီကို
အထိတ်တလန့်မဖြစ်စေဘဲ ခဏမျှအချိန် ဆွဲထားဖို့ ပြောခဲ့တယ်။

ရှောင်ရီ့ ဖုန်းက အခိုးခံရတာမို့WeChat တို့ QQတို့လည်း မကြည့်နိုင်သလို အင်တာနက်လဲ မရနိုင်ဘူး၊ သူက အေးအေးနေတတ်သူမို့
အပြင်လောကမှအကြောင်းအရာတွေကိုလည်းအထူးတလည်စိတ်ဝင်စားသူ
မဟုတ်ခဲ့ဘူး၊ အချိန်တိုလေးအတွင်းမှာပဲ
WeChatမှ သူငယ်ချင်းတွေ၊ ထုတ်လုပ်ရေးပိုင်းမှလူတွေနဲ့ TV ကုမ္ပဏီတွေ အားလုံး
ဒီကိစ္စနဲ့ ပတ်သက်ပြီး WeChat တစ်ခုလုံး
တုန်လှုပ်ချောက်ခြားသည့် သတင်းတွေ
ထွက်ပေါ်လာခဲ့တယ်။

လုကျိုးက ရှောင်ရီနဲ့ တွဲနေပြီလို့ လူတိုင်း
က တညီတညွတ်တည်း လက်ခံခဲ့ကြတယ်၊
ဒူမိုင်ကလည်း ဖုန်းကို မရပ်မနားခေါ်ပြီး Weiboမှပိုစ့်ကို ဖျက်ပစ်ဖို့ တောင်းဆိုခဲ့တယ်၊
ပရိသတ်တွေကလည်း ဒါကို ကြီးကြီးမားမားကိစ္စလို့ မမှတ်ယူကြပဲ, ဆယ်လီတွေကပါ
ပိုစ့်ကို ရှယ်ကာ ဂုဏ်ပြုစကားတွေ ပြောလာ
ကြတယ်။

ကျန်းရှီးရမ်ကတော့ ပထမဆုံးဂုဏ်ပြုစကား
ပြောခြင်းပင်၊ ပိုစ့်ကို ထပ်ဆင့်ရှယ်ပြီး
သူမက ပြောလာတယ်, ' ဂုဏ်ယူပါတယ်..
နောက်ဆုံးတော့ အချစ်စစ်အချစ်မှန်ကို
ရှာတွေ့ခဲ့ပြီပေါ့၊နောက်ဆုံးတခေါက် နင်တို့ နှစ်ယောက်နဲ့ဆုံချိန်ကငါ့အတွက်နောက်ဆုတ်ဖို့ရွေးချယ်ရုံမှတပါး အခြားမရှိဘူးလေ'

ဖိုရမ်ကို အပေါ်အောက်လှန်လှောလိုက်တဲ့အခါ, ဖိုရမ်ပေါင်းစုံရဲ့ ခန့်မှန်းချက်သတင်းများ ထွက်ပေါ်လာတယ်၊အချို့ပြောကြတာက လုကျိုးက ကောင်လေးတွေနဲ့ ကစားလေ့ရှိကြတယ်၊အချို့ကျတော့ ထုတ်ပြော၍မရတဲ့ စည်းမျဥ်းတွေထဲပါဝင်တယ်လို့ဆိုကြပြန်တယ်၊အဲ့ဒီနောက် ရှောင်ရီရဲ့ ပုံစံကို ထုတ်ဖော်ကြပြန်တယ်၊နောက်ဆုံး ဒရမ်မာရဲ့ဇာတ်ဝင်တေးကို ရေးသားသူအဖြစ် ထုတ်ဖော်ခဲ့ကြပြီး သူက ဟူပေမှဖြစ်ကာ နှစ်သစ်ကူးကာလတုန်းက လုကျိုး သူနှင့်အတူ ကျန်းရှန်း ကို သွားခဲ့သည့်ကိစ္စကိုပါ ထပ်မံ၍ ထုတ်ဖော်လာကြတယ်၊မိဘတွေနဲ့တွေ့ဆုံပြီး နှစ်ယောက်အတူ ရေပူစမ်းကိုလည်းသွားခဲ့ကြတယ်၊ထပ်မံထုတ်ဖော်ပါက...ဘာပဲဖြစ်ဖြစ်,ဆယ့်ရှစ်မျိုးဆက်တို့ရဲ့ စူးစမ်းရှာဖွေမှုကအံ့မခန်းပဲ၊ရှောင်ရီ့ ရည်းစားဟောင်းရဲ့ခင်ပွန်း၏ weiboပင် followerအသစ် ထောင်နှင့်ချီ၍ တိုးလာခဲ့တယ်၊ အဲ့ဒီနောက် သူတို့က သီချင်း စာသားတွေကိုပါ ခွဲခြမ်းစိတ်ဖြာလာကြပြီး
ရှောင်ရီနဲ့ လုကျိုးကြား ဆက်ဆံရေးက မူမမှန် ကြောင်း လူတိုင်းက ထင်မြင်ချက် ပေးလာကြတယ်။

နောက်တစ်ခုက ပရိသတ်ထဲမှလူတစ်ယောက်က လမ်းဘေးတွင် လုကျိုးရှေ့
ဒူးထောက်နေတဲ့ရှောင်ရီ ပုံကိုပါ တွေ့လိုက်
မိကြောင်း ထပ်မံ ပြောလာပြန်တယ်။

လုကျိုးက ရှောင်ရီကို ပြန်တွေ့တွေ့ ချင်း Weiboပေါ်မှပိုစ့်ကို ဖျက်ပစ်ခဲ့တယ်၊ သို့သော် လူပေါင်းမြောက်များစွာက screenshotများကို သိမ်းဆည်းထားပြီး ဖြစ်နေတာမို့
လုကျိုးက သူ့ချစ်သူကိုရှာဖွေနိုင်ဖို့ အတွက် comeoutလုပ်ခဲ့ခြင်း ဖြစ်တယ်လို့နာမည် ကြီးသွားခဲ့တယ်။

ရှောင်ရီ:"....."

ဒူးမိုင် : " လီယဲ့ကတော့ သူ့ကို အားကိုးဖို့ ပြောတယ်, ဒီနေ့ သတင်းခေါင်းစဥ်အတွက်
သူပဲ မီဒီယာတွေကို ဆက်သွယ် မယ်လို့
ပြောတယ်, အခြေအနေကြည့်ကြတာပေါ့... ပြဿနာကြီးကြီးမားမား မဖြစ်ဖို့တော့
မျှော်လင့်တာပဲ"

ရှောင်ရီ တစ်ယောက် သူ့ရဲ့လက်ရှိခံစားချက်ကိုပင် စကားထဲ ထည့်မပြောနိုင်ပေမဲ့ လုကျိုးကတော့ သူ့ဘေးကနေလက်ချာရိုက်နေလေရဲ့၊

" ခုပဲကြည့်...မင်းလုပ်တာနဲ့ ..အခုဆိုပြသနာဘယ်လောက်ကြီးသွားပြီလဲ ?"

" တောင်းပန်ပါတယ်...တောင်းပန်ပါတယ်"

ဒူးမိုင်:"....."

လုကျိုး:"....."

ဤ ပြဿနာက တကယ့်တကယ်ကျ လုကျိုး ဖန်တီးခဲ့သည်က သိသာနေခဲ့ပေမဲ့ နောက်ဆုံးတွင်ရှောင်ရီကဘဲ တောင်းပန်ရသူဖြစ်နေခဲ့တယ်၊ဒူးမိုင်က ထပ်ပြောလာတယ်,

" သတင်း ခေါင်းစဥ်ထွက်လာမှဆက်ပြောကြတာပေါ့, မနေ့ကတော့ လီယဲ့က ငါ့ကို လှမ်းပြောထားတာပဲ, သြဂုတ်လမှာလည်း ဒရမ်မာ အသစ်ထွက်မှာမို့ မင်းတို့နှစ်ယောက်စလုံးကိုလည်း သူကူညီပေးချင်တယ်, ခုဆိုသူ့ကြောင့်
လီချမ်းကျန်းနဲ့ အတူတွဲလုပ်ရမယ့်အချိန် ရောက်ပြီ, မင်းသူ့ကို မျက်နှာသာပေးရမယ်"

လုကျိုးက အခြေအနေကို ပြောင်းချင်ပေမဲ့
ခဏမျှစဥ်းစားပြီး ' ကြည့်သေးတာပေါ့'ဟုပြောလာတယ်။

ဒူးမိုင်: "အကယ်၍ သူသာဒီကိစ္စကို ဖြေရှင်းပေးနိုင်ရင်တောင်, မင်းတို့နှစ်ယောက်လုံး
လူသိများလာပြီး သတင်းတွေလည်း မျိုးစုံ ခေတ်စားလာနိုင်သေးတယ်"

ရှောင်ရီ ဖုန်းကို ပွတ်ဆွဲနေပေမဲ့ ဘာကိုမှမတွေ့ရသေး၊ သူ့မိဘတွေလည်း မြင်လောက်ပြီလို့တွေးမိတယ်၊ လူပေါင်းများစွာဒါကို သတင်းလုပ်ပြီး ပြောနေကြမည်ဖြစ်သလို
ဂုဏ်ယူကြောင်းပင်ပြောနေလောက်တယ်၊
သို့သော်တဖက်တွင် လူအများစုက လုကျိုးအား လှောင်ပြောင်နေကြပြီးကျန်းရှီးရမ့်ကိုလည်း လှည့်စားခဲ့သူဟု ပြန်ပြောနေကြလောက်တယ်။

သက်ပြင်းချမိတယ်...

ရှောင်ရီ ဖုန်းကို ပွတ်ဆွဲနေရင်းမှ ဒီနေ့အတွက်  သတင်းတွေတက်လာပြီ၊

[ လုကျိုးက သီချင်းရေးဆရာ နှင့် တိုင်ပင်ကာ Sleek Rat & Flying Cat ရိုက်ကူးရေးကို စတင်နေပြီဖြစ်ပြီး ဒရမ်မာ ဧကရာဇ်နှင့်
ရုပ်ရှင် ဧကရာဇ်အားအတူတကွတွေ့နိုင်ဖို့
မျှော်လင့် ရမည်]

ရှောင်ရီ :"....."

[သီချင်းတစ်ပုဒ်ကြောင့်လီချမ်းကျန်းနဲ့
လုကျိုးအား စုစည်းစေပြီး လုကျိုးက
တေးရေး ဆရာတစ်ယောက်အားအောင်မြင်သည်အထိ စင်တင်ပေးနိုင်ခဲ့ခြင်း ]

[ ပြောင်မြောက်ထူးခြားသည့် Sleek Rat &Flying Cat ရိုက်ကူးမှုကို မကြာမီစတင်တော့မည်ဖြစ်ပြီးရာစုသစ်ရဲ့ စိန်ခေါ်မှုတစ်ခု
ဖြစ်လာနိုင်]

လီချမ်းကျန်းက ဂီတထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ရင်းနှီးမြုပ်နှံရန် ပြင်ဆင်နေချိန်ဖြစ်ပြီး
လုကျိုး ရဲ့ စီးပွားရေး ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းရန် တချိန်တည်းမှာပဲ ပြင်ဆင်
ထားခဲ့တယ်၊ကိုယ်ပိုင် ဂီတထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီးလုကျိုးတွင်လည်းကိုယ်ပိုင် တေးရေးရှိ နေပြီ၊ ရှောင်ရီကိုလည်းသူ့ ကုမ္ပဏီသို့ ဆွဲခေါ်နိုင်ရန် အတွက်အင်တာနက် ပရိသတ်များမှတဆင့်စည်းရုံးကာ  Weiboတွင် လူပျောက်ရှာနိုင်ခဲ့ခြင်းလည်း
ဖြစ်တယ်။

တိုတိုနဲ့လိုရင်းပြောရမည်ဆိုပါက ရုပ်ရှင် ဧကရာဇ်နှစ်ပါးအား ဇာတ်လမ်းတွဲကြီး
တစ်ခုတွင် အတူတွဲတွေ့ရမည် ဖြစ်တာမို့
အခြေအနေကို ထိန်းသိမ်းရန် သြဂုတ်လမှစတင်ကာ ရိုက်ကူးရေးစတင်မည်ဖြစ်တယ်၊
လုကျိုးက ပိုင်ယွီထန် အဖြစ်၊ လီချမ်းကျန်းက ကျန်းကျိုးအဖြစ်သရုပ်ဆောင်မည်ဖြစ်ကာ ဇာတ်ဝင်သီချင်းအား နာမည်ရလာတဲ့
တေးရေး အသစ် ရှောင်ရီက နာမည်ကြီး
နတ်ဘုရားနှစ်ပါးအတွက် အဓိကဇာတ်ဝင်
သီချင်းကို ရေးဖွဲ့ရမည် ဖြစ်တယ်။

သတင်းတွေရဲ့ အဆုံးတွင် စစ်တမ်းတစ်ခုလည်း ပါဝင်လာတယ်:

ဘယ် CPကို အားပေးကြမလဲ?

အောက်တွင်ဖော်ပြထားသည်မှာ,

1.လုကျိုး နဲ့ ဝူဟန်းကု

2.လုကျိုး နဲ့ လီချမ်းကျန်း

3.လီချမ်းကျန်း နဲ့ ရှောင်ရီ

4.လုကျိုးနဲ့ ရှောင်ရီ

ထိုရွေးချယ်မှုတွင် မဲ 2000ခန့်ရှိတယ်၊အကုန်လုံးတွင် လုကျိုးနဲ့ လီချမ်းကျန်း
က မဲအများဆုံးဖြစ်တယ်။

ယခုလိုအနေအထားမျိုးရှောင်ရီ တစ်ယောက် တသက်နဲ့ တကိုယ် အိပ်မက်မက်ဖို့တောင်
မတွေးမိခဲ့ဘူး၊ရုပ်ရှင်ဧကရာဇ်နှစ်ပါးနှင့်အတူ
သူ့နာမည်က ယှဥ်တွဲနေလျက်...ခုဆို CPဂရုတွေတောင်ရှိနေပြီ!

ဒူးမိုင်က ချက်ခြင်းပင် စာချုပ်အကြမ်းကို
ပြင်ဆင်နေပြီ၊ ထိုအချိန် လုကျိုး ပြောလာသည်က...

"သရုပ်ဆောင်ဖို့သဘောတူခဲ့လို့လား!"

ဒူးမိုင်လုကျိုးကို စိုက်ကြည့်လာချိန်
လုကျိုး ပါးစပ်ပိတ်သွားခဲ့လေတယ်။

W6848❤❤❤
24.6.2022
25.6.2022

......................................................................

[ Z ]

မြန္းလြဲပိုင္း5နာရီေလာက္လုက်ိဳးတစ္ေယာက္
ႏြမ္းလ်စြာျဖင့္ ကုမၸဏီသို႔ေရာက္လာတယ္။

လုက်ိဳး : " သူဘယ္သြားလဲ ?"

ဒူးမိုင္ : " ငါလည္း မသိဘူးေလ...သူအလုပ္ထြက္ေတာ့
မယ္လို႔ လာေျပာတဲ့အခ်ိန္ကငါအစည္းအေဝးခန္းထဲ
ေရာက္ေနတယ္,လင္းေယာ့ကို သူ႕ဆီဖုန္းဆက္ၿပီး ငါ့ဆီလာေတြ႕ဖို႔ ေတာ့ ေျပာထားတယ္, မင္းသူ႕ကိုေမာင္းထုတ္လိုက္တာလား? လင္းေယာ့က သူ႕ဆီ ဖုန္းဆက္ၿပီးကုမၸဏီကို လာခဲ့ဖို႔ေျပာတယ္,ဒါေပမဲ့ သူမလာဘူး၊အဲ့ဒါေၾကာင့္
လင္းေယာ့က သူ႕ကို ခဏေလာက္အနားယူၿပီးေနာက္မွ
ဒီ ကိစၥကိုေဆြးႏြေးၾကမယ္လို႔ေျပာထားတယ္"

လုက်ိဳး : "......"

ဒူးမိုင္ : " သူ႕ဖုန္းကလည္း ပိတ္ထားတယ္,
ေနာက္ဆုံးတေခါက္ သူ ကုမၸဏီကိုဖုန္းဆက္တုန္း
ကလည္း အမ်ားသုံး တယ္လီဖုန္းနဲ႕ဆက္တာ,
လုက်ိဳး ? ...ခဏေလး...!.ေဟး!"

"ငါမင္းကို လက္ခ်ာရိုက္ေနတာေတာ့မဟုတ္ဘူး"

ဒူးမိုင္က စၾက္ံလမ္း အျပင္ဘက္ထိေလွ်ာက္လိုက္
လာရင္း ေျပာလာတယ္၊

" မင္းသူ႕ကို ဘာအတြက္ေၾကာင့္ဒီေလာက္ေတာင္ ပစ္ပစ္ခါခါလုပ္ရက္တာလဲ? ဒီကိစၥက ေဆြးႏြေးလို႔ရတာပဲ,ေရွာင္ရီက မင္းအတြက္နဲ႕ လူပုံအလယ္မွာ ဒူးေထာက္ၿပီးေတာင္ ေတာင္းပန္ခဲ့တယ္ေလ,နင္ယာခ်င္း သာ သူ႕ကို လိုက္ၿပီး ဆြဲမေခၚရင္ပါပါရာဇီေတြက မင္းတို႔ ေနာက္ကိုက်ိန္းေသ
လိုက္ၾကေတာ့မွာ"

လုက်ိဳး ဓာတ္ေလွကားထဲသို႔ေျပးဝင္သြားတယ္။

ညေန(6)နာရီ.... ေဘဂ်င္း ေလဆိပ္တြင္,

ေရွာင္ရီ ေလယာဥ္လက္မွတ္ဝယ္ၿပီးပစၥည္းစစ္ေဆးေရးဝင္တယ္။

သူစစ္ေဆးေရး ဂိတ္ကို ျဖတ္သြားတဲ့အခ်ိန္လုံၿခဳံေရး
ဝန္ထမ္းေတြကသူ႕ကို အေသအခ်ာၾကည့္ေနၾကတယ္။

"ေရွာင္ရီ ေနာ္ "ဝန္ထမ္းက နာမည္ေခၚတယ္။

"ဟုတ္ပါတယ္"

ေရွာင္ရီ မသက္မသာျဖင့္ ျပန္ေျဖလိုက္တယ္၊

ဝန္ထမ္းေတြက ေခါင္းညိတ္ျပတာမို႔ ေရွာင္ရီ
စစ္ေဆးေရး ဂိတ္ကို ျဖတ္လိုက္တယ္။

ဒီေန႕ ! ကမၻာႀကီးတစ္ခုလုံးမူမမွန္သလို
ခံစားမိေနရင္းေလယာဥ္ပါေနာက္က်ကာ
ည 11:30မွာသာ ထြက္မည္ျဖစ္တယ္၊ေရွာင္ရီ
ေစာင့္ေနရင္းမွေခါက္ဆြဲ တစ္ခြက္ဝယ္ရန္မွ တပါး
ေ႐ြးခ်ယ္စရာမရွိခဲ့၊ ေရစက္ထဲမွေရယူဖို႔ ငုံ႕လိုက္ခ်ိန္
ခရီးသြားေတြကသူ႕ကိုၾကည့္ေနၾကတာကိုေတြ႕ရၿပီး
သူတို႔ကတီးတိုးပင္ ေျပာဆိုေနၾကေသးတယ္။

ေရွာင္ရီ :" ???"

ေရွာင္ရီ ေခါင္းကုတ္လိုက္တယ္၊ေလာေလာဆယ္သူဘယ္သူ႕ကိုမွအာ႐ုံ မစိုက္နိုင္ဘူး၊၊မနက္2နာရီ ေလာက္ႀကီး
ဝူဟန္ေရာက္မယ္ဆိုတကၠစီေတာင္မရွိေလာက္ေတာ့ဘူး၊၊ဖုန္းကလည္း ေပ်ာက္သြားတာမို႔ေရွာင္ခ်င္းကိုလည္း ေခၚဖို႔မလြယ္ဘူး၊ တညတာ အိပ္စက္ဖို႔ ေလဆိပ္နားက
ေစ်းေပါတဲ့ ဟိုတယ္တစ္ခုေလာက္ရွာမယ္၊
ေနာက္တေန႕ အိမ္ျပန္ဖို႔ ရထားစီးမယ္။

ၿပီးရင္? ဤကမၻာႀကီးက မီးခိုးေရာင္ျပင္ႀကီးလိုပဲလို႔
ေရွာင္ရီ ခံစားမိေနတယ္။

'မင္းက ခုေတာ့ အမွိုက္ပဲ...ဘာလို႔ဒူးမားကို
သြားမရွာတာလဲ..အာ! လုက်ိဳးက မင္းကို
ေမာင္းထုတ္လိုက္တယ္!၊ဒါေပမဲ့ ကုမၸဏီက
မင္းကို အဲ့လို မလုပ္ဘူးေလ!၊ဘာလို႔ ကုမၸဏီမွာ
ဆက္မလုပ္တာလဲ?!မင္းက အခုအိမ္ျပန္
ေတာ့မယ္ေပါ့!

ငါကတကယ္လည္း အမွိုက္ပါပဲ, ငါလုပ္ခ်င္တာကို
လုပ္ေနရတာပဲ ႀကိဳက္တယ္, ေရွာင္ရီ ေခါက္ဆြဲျပဳတ္
ခြက္ေလးကို ကိုင္လ်က္ ထိုင္ခုံတြင္ထိုင္ေနရင္း သူ႕ကိုယ္သူလည္းမုန္းတီးေနမိတယ္၊၊ဒါေပမဲ့ သူဆက္ေနမယ္ဆိုရင္လည္းသူ႕ႏွလုံးသားထဲက ျပသနာေတြကို သူမရွင္းနိုင္ဘူး၊၊ဒူးမားနဲ႕ လီခ်မ္းက်န္းတို႔ရဲ႕ေစတနာကို စိတ္ပ်က္ေစ႐ုံသာမက လုက်ိဳးကိုလည္းေဒါသထြက္ေစလိမ့္မယ္၊ ဘာကိုမွလည္း ဖုံးကြယ္စရာမလိုေတာ့သလိုဘယ္အရာ
ေတြ အတြက္ဘာမွအေရးမႀကီးေတာ့ဘူး။

မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတဲ့ မိန္းကေလး
ႏွစ္ေယာက္ကလည္းေရွာင္ရီကို အားတက္ သေရာ
စိုက္ၾကည့္ကာ တီးတိုးေျပာဆိုေနၾကျပန္တယ္။

ေရွာင္ရီ :" ? "

"ေတာင္းပန္ပါတယ္...ကြၽန္ေတာ္ဗိုက္ဆာေနလို႔ ပါ"

ေရွာင္ရီ က ေခါက္ဆြဲ ခြက္အလြတ္ကို အမွိုက္ပုံးထဲသို႔
ထည့္လိုက္ၿပီး မူလေနရာမွာျပန္ထိုင္တယ္၊ပတ္ဝန္းက်င္ကလူေတြကေတာ့ ခုထိ တိီးတိုးပြောနေဆဲပဲ၊ ဘာျဖစ္ေန
မွန္း သူမသိဘူး။ ေရွာင္ရီ သက္ျပင္းခ်လိဳက္မိရင္း ထိုင္ေနလိုက္တယ္၊ ခဏအၾကာ အစ္မႀကီးတစ္ေယာက္ေရာက္လာၿပီး စကားေျပာတယ္,

" ေဟး..ေကာင္ေလး,ဟယ္လို"

ေရွာင္ရီ ခ်က္ျခင္း ေမာ့ၾကည့္လိုက္ၿပီး ,

"တစ္ခုခုမ်ား အကူအညီလိုလို႔လား?"

အစ္မႀကီးက ၿပဳံးျပရင္းေျပာလာတယ္,

" ဘာမွမဟုတ္ပါဘူး,.ေလယာဥ္က
ေနာက္က်ေနတယ္ေလ, စကားေျပာေနဖို႔
ပဲရွိတာ, မင္းလည္းဒီေလယာဥ္နဲ႕ပဲ
ဆန္းယကိုသြားမွာလား?"

ေရွာင္ရီ : "မဟုတ္ဘူး...ကြၽန္ေတာ္က ေနာက္ေလယာဥ္ နဲ႕ဝူဟန္ကို သြားရမွာ"

"ေအာ္..."

အစ္မႀကီးက ေခါင္းညိတ္ျပၿပီး ထပ္ေမးျပန္တယ္,

" ငါက ခင္ပြန္းနဲ႕သားရွိတဲ့ ဆန္းယကိုသြားလည္မွာ,
မင္းကေရာ?"

"ကြၽန္ေတာ္က အိမ္ျပန္မွာ"

ေရွာင္ရီ ၿပဳံးရင္း ေျပာလိုက္မိတယ္,

" ကြၽန္ေတာ္က အလုပ္ထြက္လာတာ,
အိမ္ျပန္ၿပီး မိဘေတြနဲ႕ အတူေနမွာ"

"ေဘဂ်င္းမွာ..အလုပ္ရဖို႔ကခက္ခဲတာကို"

အစ္မႀကီးက ရယ္တယ္။

သူတို႔ႏွစ္ေယာက္စကားစေျပာကတည္းက
ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္သြားတာကို ေရွာင္ရီ သတိထားမိေနၿပီးအသံေတြတိတ္ကာ သူတို႔စကားကို နားေထာင္ေနၾကတယ္။

ေရွာင္ရီ :"......"

အစ္မႀကီးက သူ႕ဖုန္းကို ဖြင့္ကာ Weiboကို ၾကည့္ၿပီး
ခဏအၾကာ 'မင္းလက္ထပ္ၿပီးၿပီလား?'ဟု ေမးလာတယ္။

"ဟင့္အင္း"

ငါ့ကို လိုက္ေလ်ာညီေထြျဖစ္ေအာင္မႀကိဳးစားခဲ့ဘူးလို႔မ်ား ထင္ေနေရာ့သလား...ေရွာင္ရီ မ်က္ရည္ဝဲလ်က္ရယ္လိုက္မိတယ္၊ထို႔ေနာက္တြင္ အစ္မႀကီးက လုံးဝကြဲျပားသြားတဲ့ ေခါင္းစဥ္တစ္ခုကို ေျပာင္းလိုက္တယ္၊သူနဲ႕ သူ႕ခင္ပြန္း ရဲ႕ စီးပြားေရး အေၾကာင္း ,သူ႕ ခင္ပြန္းက ဆန္းယမွာ ပစၥည္းလက္ကားျဖန့္ျဖဴးေရး လုပ္ေၾကာင္း နဲ႕ သူက ေဘဂ်င္းမွာ
အထည္ဆိုင္တစ္ဆိုင္ဖြင့္ထားေၾကာင္းေျပာျပလာတယ္
၊ေရွာင္ရီေခါင္းညိတ္ျပလိုက္တယ္,

"အစ္မရဲ႕ သားကေရာ ဆန္းယမွာေက်ာင္းတက္ေန
တာလား?"

"အင္း...ႏွစ္အေတာ္မ်ားမ်ားသူ႕ကို
ေဘဂ်င္းမွာပဲ ေက်ာင္းတက္ခိုင္းတယ္,
တကၠသိုလ္ဝင္ခြင့္ကိုေတာ့ ဆန္းယမွာပဲ
ျပန္ေျဖဖို႔ စီစဥ္လိုက္တယ္, မင္းကဟူေပက
လား? ဟြမ္ကန္ေက်ာင္းရဲ႕ သင္ရိုးကလည္း
မဆိုးဘူး"

ေရွာင္ရီ ၿပဳံးရင္း ခဏမွ်စကားေျပာေနၾကရာမွ အစ္မႀကီးက ထပ္ေမးလာျပန္တယ္,

"မင္းက ဘာလုပ္တာလဲ?"

လုက်ိဳးရဲ႕လက္ေထာက္လို႔လည္းမေျပာရဲတာမို႔ ,

" ဂီတပိုင္းဆိုင္ရာပါ, သီခ်င္းေရးတယ္ဆိုပါေတာ့"

"ဝိုး"

အစ္မႀကီးက ေရ႐ြတ္ရင္း ေျပာလာတယ္,

" မင္းသီခ်င္းဆိုလား? မင္းက နာမည္ႀကီး
ဆယ္လီ ျဖစ္ရမယ္"

"အဲ့ေလာက္ထိ အခြင့္မရွိပါဘူး...ဒီလုပ္ငန္းက
မခ်မ္းသာဘူး၊ အဲ့လိုမွမဟုတ္ရင္ ကြၽန္ေတာ္
လည္း အိမ္မျပန္ရေလာက္ဘူးေလ"

"မဟုတ္ေသးဘူးေလ...မင္းရဲ႕ အိပ္မက္ေတြကို
လက္မေလ်ာ့သင့္ဘူး"

"အစ္မကေရာ?"

"ငါ့အိပ္မက္က ပိုက္ဆံရွာဖို႔ေလ..ေငြအမ်ားႀကီး
အမ်ားႀကီး ရဖို႔!"

ေရွာင္ရီ : "......"

သူ႕ကို ၾကည့္ၿပီး အစ္မႀကီးက ရယ္တယ္၊

"မင္းရဲ႕ အိပ္မက္ေတြရွိေနသေ႐ြ႕
မင္းက်ိန္းေသ ေအာင္ျမင္လိမ့္မယ္!"

ေရွာင္ရီက ေတြးမိတယ္, သူမရဲ႕စကားေတြက အျပဳ
သေဘာေဆာင္တဲ့ စြမ္းအင္နဲ႕ ကိုက္ညီေပမဲ့အဓိပၸာယ္
မရွိပုံရတယ္။

ထုတ္လြင့္မႈ အသံတစ္ခုထြက္ေပၚလာၿပီး
ေလယာဥ္ေပၚ စတင္တက္ခြင့္ရၿပီျဖစ္တဲ့
အခါ အေတာ္မ်ားမ်ား မတ္တပ္ထရပ္လာ
ၾကၿပီး ဖုန္းမ်ားကို ကိုင္ကာ ေရွာင္ရီ႕အား
ေထာင့္ေပါင္းစုံမွ ဓာတ္ပုံရိုက္ေနၾကတယ္။

အခ်ိဳ႕က သူတို႔ဆံပင္ကို သပ္တင္ဟန္ေဆာင္ရင္း selfieရိုက္ေနၾကၿပီး တခ်ိဳ႕ကခိုးေၾကာင္
ခိုးဝွက္ ရိုက္ေနၾကတယ္၊၊ဆန္းယကို ခရီးသြားမည့္
စုံတြဲတစ္တြဲ လည္းရွိေနၿပီး အမ်ိဳးသားက
သူ႕ဇနီးကို ေျပာလာတယ္,

" ဒီခလုတ္က ဘာလို႔ ႏွိပ္မရတာလဲလာၾကည့္ဦး"

"ဘာလို႔ ႏွိပ္မရရမွာလဲ?"အမ်ိဳးသမီးက ေျပာကာ,

" နင္ဘာလို႔ကင္မရာကို ျမင့္ေအာင္ မျမႇောက္တာလဲ?'

"ခ်ပ္!" ဆိုတဲ့အသံႏွင့္အတူ မီးေရာင္တပြင့္လက္လာၿပီး မ်က္ႏွာခ်င္းဆိုင္မွေရွာင္ရီကို ရိုက္ယူရင္း ေျပာလာတယ္၊

" အခုအဆင္ေျပသြားၿပီမလား?"

"ရၿပီ ..ရၿပီ..သြားစို႔"

ထိုစုံတြဲက တန္းစီရန္ သြားေလၿပီ။

ေရွာင္ရီ :"....."

အစ္မႀကီးကလည္း ေျပာလာျပန္တယ္,

" ႀကဳံရဆုံရတာ ေရစက္ပဲ..လာ..ဓာတ္ပုံေလး
တစ္ပုံေလာက္အတူရိုက္ရေအာင္"

ေရွာင္ရီ :"....."

အစ္မႀကီးျဖစ္သူကဖုန္းကို ျမႇောက္ကာၿပဳံးျပရင္း ေရွာင္ရီ ႏွင့္အတူ ဓာတ္ပုံရိုက္တယ္၊၊သူေတြးမိတာက
ခုကဘာေတြျဖစ္ေနၾကတာလဲ..အားးးးး!

အေတာ္မ်ားမ်ား ေလယာဥ္ေပၚ တက္ၿပီး
ထြက္ခြာသြားၾကတာမို႔ ေရွာင္ရီ တစ္ ေယာက္တည္း
ထိုင္ေနခဲ့ရင္း ဘာကိုမွနားမလည္တာမို႔မည္သည့္
တုံ႕ျပန္မႈမ်ိဳးကိုမွသူမလုပ္နိုင္ခဲ့။

ေစာင့္ဆိုင္းဂိတ္အနီးဘယ္သူမွလည္း မရွိ
ေတာ့ဘူး၊ဝန္ထမ္းေတြေတာင္ထြက္သြားၿပီ၊
အျပင္ဘက္မွာလည္း မိုးသည္းထန္စြာ႐ြာေန
တယ္၊၊မိုး႐ြာတဲ့ ညမွာ ေရွာင္ရီ တစ္ေယာက္
ည11:30 ေလယာဥ္အား တိတ္ဆိတ္စြာျဖင့္
ေစာင့္ဆိုင္းေနမိတယ္၊မိုးညတညရဲ႕ မီးေရာင္ေဖ်ာ့ေဖ်ာ့
ႏွင့္ တစိမ့္စိမ့္႐ြာသြန္းေနေသာမိုးကအလြမ္းဇာတ္ဝင္ခန္း တစ္ခုပမာ။

ေရွာင္ရီ ကိုယ္တိုင္လည္း ပရိသတ္
တစ္ေယာက္ပဲ၊ အေရွ႕ဆုံးတန္းတြင္ထိုင္ေနခဲ့ၿပီး
႐ုပ္ရွင္ဖန္သားျပင္ပမာရွိေနတဲ့ မွန္နံရံအား
ေမာ့ၾကည့္ေနမိတယ္၊ တစ္ခုတည္းေသာ
ဇာတ္ဝင္ခန္းက အဆုံးမရွိ႐ြာသြန္းေနတဲ့
မိုးညျမင္ကြင္းပဲ။

~ေကာင္းကင္ႀကီးကို ေမးခ်င္တယ္~

ေရွာင္ရီ မိုးေရစက္ေတြကို ဗလာမ်က္ဝန္းေတြနဲ႕
ေငးၾကည့္ေနမိတယ္။

~ငါကိုယ္ငါလည္း ေမးခ်င္တယ္~

~အစကေန အဆုံးထိ ငါဟာတကယ္ ထက္ျမက္သူျဖစ္ခဲ့တယ္..အဲ့ဒီထက္ျမက္မႈကပဲ ငါ့ကိုပ်က္သုဥ္းေစခဲ့တယ္~~

~~ေကာင္းကင္ႀကီးကို ေမးခ်င္တယ္..ကမၻာေျမႀကီး
ကိုလည္း ေမးခ်င္တယ္~~

ေရွာင္ရီ မ်က္ခုံးေလးပင့္တင္ကာၿပဳံးရင္း
သီခ်င္းေလးဆက္ညီးေနလိုက္တယ္၊

~ဒါက ခံစားခ်က္သက္သက္ပဲ~~ကံၾကမၼာ
အတိုင္း~~ငါဘက္က အရာအားလုံးစြန့္လႊတ္
လိုက္တယ္~~ဘဝေလးကို တိတ္ဆိတ္စြာပဲ
ရွိေနခ်င္တယ္~~~

လုက်ိဳး တကိုယ္လုံး ႐ြဲစိုေနၿပီးလမ္းတေလွ်ာက္ျဖတ္သန္းလာရင္း ေရွာင္ရီ႕ ေနာက္မွာ ရပ္လိုက္တယ္။

~ငါ့ကို ခ်စ္တယ္လို႔ေျပာဖို႔ မင္းကိုယ္မင္း
ဖိအားေတြေပးေနဖို႔ မလိုဘူး~ဘာပဲျဖစ္ျဖစ္
ငါ့စိတ္ဝိညာဥ္ေတြအကုန္ က်ရႈံးသြားၿပီ~
ေျဖးေျဖးခ်င္းေလး..ေျဖးေျဖးခ်င္းေလး
ေပါင္းစပ္ ၾကမယ္...ငါ့အတြက္ အစစ္အမွန္
ေတြ မေပးနိုင္ရင္ေပါင္းစပ္ၾကဖို႔ကမလြယ္ဘူး~~~အိုး~~

ေရွာင္ရီ သီခ်င္းဆိုတာရပ္သြားတယ္၊ ႀကီးမားသည့္
မွန္နံရံ ၏ေရာင္ျပန္ဟပ္မႈတြင္ လုက်ိဳး သူ႕အေနာက္သို႔
ေရာက္ေနတာကို သူေတြ႕လိုက္ရတယ္။

ထိုအခိုက္အတန့္အေတြးကမၻာထဲမွစကားလုံးေတြကို
သီခ်င္းစာသားေတြအျဖစ္မေျပာင္း လဲနိုင္ေတာ့ဘဲတစိမ့္
စိမ့္႐ြာေနသည့္မိုးေရႏွင့္အတူ သံစဥ္တို႔က စီးဆင္းေနဆဲ။

ကမၻာႀကီးတစ္ခုလုံး အဆုံးမရွိ က်ယ္ျပန့္ေနလ်က္..
.႐ြာသြန္းေနဆဲမိုးကလည္းႀကီးမားတဲ့ မွန္နံရံအား ေရျပင္က်ယ္အလားရွိေနေစလ်က္..

မီးေရာင္မွိန္ဖ်ဖ်ေအာက္ ေရွာင္ရီ တစ္ေယာက္သာရွိေနၿပီး လုက်ိဳးက ထိုင္ခုံ အေနာက္တြင္ မတ္တပ္ရပ္ေနတယ္။

ေရွာင္ရီ ခ်က္ျခင္းထိလိုက္ၿပီး လုက်ိဳးအား
သတိလက္လြတ္ျဖင့္ ေငးၾကည့္ေနမိတယ္၊
လုက်ိဳးရဲ႕ မ်က္လုံးေတြမွာလည္း အျပစ္တင္
လိုစိတ္ မ်ား ၊ေဒါသမ်ား ကင္းစင္ေနလ်က္
တေျဖးေျဖးခ်င္း ၿငိမ္သက္လာတယ္။

"ဘာလို႔ မင္းဖုန္းက ပိတ္ထားတာလဲ?"

"ကြၽန္ေတာ့္ဖုန္း..အခိုးခံလိုက္ရတယ္.."

ေရွာင္ရီ စိုးရိမ္တႀကီး ျဖင့္,

"ေတာင္းပန္ပါတယ္, ခင္ဗ်ား...."

"ငါတျခားဘာမွမေျပာခ်င္ဘူး,မင္းက
အလုပ္ေတာင္ မလုပ္ခ်င္ေတာ့ဘူးလား?
ငါ့လက္ေထာက္မလုပ္ရတာနဲ႕ပဲ ေဘဂ်င္းက
မင္းရဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္
ေတြကို စြန့္လႊတ္ၿပီးအိမ္ျပန္ပုန္းေနေတာ့
မလို႔လား?"

"ဟုတ္..ဟုတ္တယ္"

" ခုထိ ဟုတ္ေနတုန္း!"

လုက်ိဳး ေဒါသေတြ အလိပ္လိုက္တက္လာရင္း
႐ူးသြပ္စြာပဲ ထေအာ္လိုက္မိတယ္,

"မင္း ေယာက်္ားလား!"

ေရွာင္ရီ ခ်က္ျခင္း သူ႕အမွားကို ျပင္လိုက္တယ္၊

" မဟုတ္ဘူး..မဟုတ္ဘူး..ကြၽန္ေတာ္ေကာကို
စိတ္ဆိုးေအာင္လုပ္မိတယ္, ကြၽန္ေတာ္လည္း
ဒီေလာကထဲ ဆက္မေနခ်င္ေတာ့တာမို႔..."

ေရနစ္ေနတဲ့ႂကြက္တစ္ေကာင္လို ႐ြဲ႐ြဲစိုေန
တဲ့လုက်ိဳးက ေရွာင္ရီေရွ႕မွာရပ္လာတယ္၊
အသက္ျပင္းျပင္း တခ်က္ရႈလိုက္ၿပီး ,
ေဒါသေတြကို ေလ်ာ့ခ်ကာ မ်က္ရည္ဝဲစြာ
ရယ္ေမာမိရင္း ေျပာလာတယ္,

" ငါက အဲ့ဒီေလာက္သေဘာထား
ေသးသိမ္တဲ့ပုံ ေပါက္ေနလို႔လား!"

"မဟုတ္ဘူး..မဟုတ္ဘူး...ေကာ...
စိတ္မဆိုးပါနဲ႕"

"ငါဘယ္လိုလုပ္စိတ္ဆိုးနိုင္မွာလဲ!.မင္းက
ငါ့ကို ႏွလုံးခုန္ရပ္မတတ္ !ငါ ႐ူးမတတ္ျဖစ္
သြားေအာင္ မင္းလုပ္ေနတာ!"

ေရွာင္ရီ လုက်ိဳးရဲ႕ ေက်ာျပင္ေလးကို ထိကိုင္ရန္ ေရွ႕သို႔တိုးလာခ်ိန္ လုက်ိဳးသည္လည္း
ဆြံ႕အေနမိတယ္။

မိုးထဲေရထဲ လက္မွတ္ ကိုျပန္ယူလာၿပီးအိမ္ျပန္ရန္ လုက်ိဳးေနာက္သို႔သာ ေရွာင္ရီ ျပန္လိုက္လာခဲ့လိုက္တယ္။

အျပင္ဘက္မွာ မိုးက သည္းႀကီးမည္းႀကီး႐ြာေနတယ္
၊ေရွာင္ရီနဲ႕လုက်ိဳးတို႔ ကားပါကင္ဆီသို႔ မိုးေရေတြၾကားေျပးသြားလိုက္တယ္၊ ကားပါကင္တြင္ရပ္စရာေနရာမရွိတာမို႔ လုက်ိဳးက အျပင္ဘက္ေနရာမွာ ရပ္ထားခဲ့တယ္၊ ကားထဲသို႔ေရာက္တဲ့အခါ , သူတို႔ႏွစ္ေယာက္စလုံး သနားစရာေလးေတြ ျဖစ္ေနတယ္၊လုက်ိဳးက သူ႕ရွပ္အက်ီကို ခြၽတ္လိုက္ၿပီး အပူေပးစက္ကို ဖြင့္တယ္, ေရွာင္ရီက
ယာဥ္ေမာင္းေနရာမွဝင္ထိုင္လိုက္တယ္။

ဒါက သူ႕ကို ခြင့္လႊတ္လိုက္ၿပီဆိုတဲ့သေဘာလား?ေရွာင္ရီ ေတြးလိုက္မိတယ္၊ဒီေန႕ လုက်ိဳးက ေနာက္ခုံမွာ ဝင္ထိုင္တယ္၊ ထိုသို႔ျပဳလုပ္ေပမဲ့ စကားေတာ့ မေျပာဘူး၊ေနာက္ အခိုက္အတန့္ေလးမွာပဲဖုန္းကိုင္ၿပီးေျပာတယ္၊

" ကြၽန္ေတာ္သူ႕ကို ေတြ႕ၿပီ"

"ဖ်က္ၿပီးၿပီ!"

လုက်ိဳး မၾကည္မသာျဖင့္ ဆက္ေျပာတယ္၊

ဖ်က္ၿပီးၿပီ? ေရွာင္ရီ ရႈပ္ေထြး သြားတယ္။

"ေနာက္မွေျပာမယ္!"

လုက်ိဳး ဖုန္းခ်လိဳက္တယ္။

"က်ိဳးေကာ , ကြၽန္ေတာ္ေလဆိပ္ေရာက္ေနတာကို
ေကာဘယ္လို သိတာလဲ?

"ေမးေနစရာလိုေသးလို႔လား? ဒီည ဝူဟန္ ကို
သြားမယ့္ ေလယာဥ္က တစ္စီးဘဲ ရွိတာေလ"

တကယ္လား? ေရွာင္ရီ ေတြးမိတယ္,
ေလယာဥ္ခရီးစဥ္ ေတြ အမ်ားႀကီးရွိတယ္၊ ေဘဂ်င္းမွာ
လည္း ေလဆိပ္က သုံးခုေတာင္ရွိေနတာေလ,
သူဒီေရာက္ ေနတယ္ဆိုတာကို လုက်ိဳး ဘယ္လိုသိတာလဲ? ဂ႐ုတစိုက္ပင္ အေဝးေျပးလမ္းမေပၚသို႔ေမာင္းႏွင္လာၿပီး လုက်ိဳးကို ဘာမွလည္း ထပ္မေမးရဲေတာ့ဘူး။

အိမ္ေရာက္တဲ့အခါ, လုက်ိဳးဘာမွေျပာမလာသလို ေရွာင္ရီကလည္း မေမးရဲဘူး၊ ညဘက္တြင္ သူ QQထဲ ဝင္လိုက္တယ္၊ဒူးမားထံမွမက္ေဆ့ေတြလည္းဝင္လာတယ္။

ဒူးမား :"ဘာလို႔ ဖုန္းပိတ္ထားတာလဲ?"

ေရွာင္ရီ : "ေပ်ာက္သြားတာ"

ဒူးမား: "မင္းနဲ႕ လုက်ိဳးတို႔ တြဲေနၿပီလား?"

ေရွာင္ရီ : "......"

သူတို႔သာ အဲ့လို ပတ္သက္မႈမ်ိဳးရွိလာမယ္ဆို
ခုလို ျပႆနာေတြလည္းရွိလာမွာမဟုတ္ဘူး
လို႔ ေရွာင္ရီ ေတြးမိတယ္၊ထို႔ေနာက္ဒူးမားအား
ကူကယ္ရာမဲ့စြာျပန္ေျဖမိတယ္။

ေရွာင္ရီ : " ငါသူ႕ကို ခ်စ္တယ္, ဒါေပမဲ့သူက
ငါ့ကို မခ်စ္ဘူးေလ"

ဒူးမား : "မင္းသူနဲ႕ ခပ္ခြာခြာေနဖို႔ လိုတယ္,
သူနဲ႕ အရမ္း မနီးကပ္ေစနဲ႕, အတင္းအဖ်င္း
က ဘယ္ေလာက္ေၾကာက္စရာေကာင္းလဲသိလား?
ဒီတိုင္းသာဆက္သြားရင္, သူ႕ကိုလည္း ပ်က္စီးေစၿပီး
မင္းလည္းဒုကၡေရာက္လိမ့္မယ္"

ေရွာင္ရီ : " ငါတို႔ၾကားမွာဘာမွမရွိဘူး,
မင္းေတာ့ ႐ူးေနၿပီ!"

ဒူးမား: "တစ္ကမၻာလုံးသိေနၿပီ၊ မင္းတို႔ႏွစ္ေယာက္
မနက္ျဖန္ သတင္းေခါင္းႀကီး ပိုင္းမွာ က်ိန္းေသပါလိမ့္မယ္၊လုက်ိဳးက လူမ်ားစြာကို စိတ္ဆိုးေစခဲ့တယ္၊ဒါေၾကာင့္
တခ်ိဳ႕က ဆို သူ႕ကို ဖိႏွိပ္ဖို႔ ႀကိဳးစားေနေလာက္ၿပီ"

ေရွာင္ရီ : "ဘာ...ဘယ္လို ?"

ဒူးမား : " လီခ်မ္းက်န္းကမင္းကိုသူ႕ ကုမၸဏီလာေစခ်င္
တယ္, မင္းအလုပ္ ခဏေျပာင္းၿပီးက်န္တာေနာက္
မွေဆြးႏြေးရေအာင္, လုက်ိဳးနဲ႕ အတူ မေနနဲ႕ေတာ့"

ေရွာင္ရီ : "မင္း ဘာေတြေျပာေနတာလဲ?"

"ေဟး !"

လုက်ိဳးရဲ႕ ေဒါသတႀကီး ေအာ္ဟစ္သံက
အေနာက္ဘက္မွ ထြက္ေပၚလာတယ္။

ေရွာင္ရီ တစ္ေယာက္ အလ်င္အျမန္သြားကာ အမႈေတာ္ထမ္း႐ြက္ဖို႔မွတပါး ေ႐ြးခ်ယ္စရာမရွိေတာ့သည္မို႔ QQကို ပိတ္လိုက္တယ္။ခဏအၾကာ ေအာက္ထပ္က ဖုန္းျမည္လာတာမို႔ ေရွာင္ရီ ေအာက္ဆင္းၿပီး ဖုန္းသြားကိုင္ရာ
ဒူးမိုင္ထံမွဆက္ျခင္းျဖစ္တယ္။

"မင္းတို႔ ႏွစ္ေယာက္ ရန္ျဖစ္ရေလာက္တဲ့
ထိ အေၾကာင္းရင္း မွန္ကဘာလဲ?"

" ေတာင္းပန္ပါတယ္..ေတာင္းပန္ပါတယ္"

ဒူးမိုင္: " မနက္ျဖန္ ကုမၸဏီကိုလာခဲ့၊ ေရွာင္ရီ
မင္းေရာ အလုပ္ထြက္ဦးမွာလား?"

"ကြၽန္ေတာ္အလုပ္မထြက္ေတာ့ပါဘူး...ေတာင္းပန္
ပါတယ္ ဥကၠ႒ဒူ, ကြၽန္ေတာ့္ အမွားပါ"

ဒူးမိုင္အနည္းငယ္ ေဒါသထြက္ေနပုံ ရေပမဲ့
သူ႕စိတ္အားထိန္းထားနိုင္ဆဲရွိေနတယ္၊

"ငါမင္းကို အျပစ္မတင္ပါဘူး,အစကတည္းက မင္းလည္းအနားယူခ်င္မွာပဲလို႔ေတြးမိတယ္,အခုမင္းလည္း ျပန္
​ေရာက္လာၿပီဆိုေတာ့ ရန္ျဖစ္မေနနဲ႕, မင္း လီယဲ့ဆီ
အခု ဖုန္းေခၚလိုက္,သူ႕ဖုန္းနံပါတ္မင္းမွာရွိတယ္မလား?"

"ကြၽန္ေတာ္ဖုန္းေပ်ာက္သြားတယ္"

ေရွာင္ရီ အရိုးခံေလးအတိုင္း ေျပာလိုက္တယ္၊

"မင္းကို ဆက္သြယ္လို႔မရတာကိုငါမအံ့ၾသေတာ့ဘူး"

ဒူးမိုင္က နံပါတ္ေတြကို ႐ြတ္ျပၿပီး ေျပာလာတယ္၊

" သူ႕ကို ေတာင္းပန္လိုက္, သူ႕ကို ဒုကၡေပးမိတဲ့အတြက္ ေတာင္းပန္ပါတယ္လို႔ ေျပာလိုက္,မင္းတို႔ႏွစ္ေယာက္
အတြက္ သူက သူ႕အသိမိတ္ေဆြေတြကို ကူညီေပးဖို႔ ေျပာခဲ့တာ"

ဟမ္? သူ႕ရဲ႕ အသိမိတ္ေဆြေတြကို အကူအညီေတာင္းခဲ့တာလား? သူ႕ကို လုက်ိဳးရွာေဖြနိုင္ဖို႔ကူညီခဲ့တာလား?
သူခ်က္ျခင္း စကားျပန္လိုက္တယ္၊

" ကြၽန္ေတာ္ ဆက္မယ္..ကြၽန္ေတာ္ဆက္မယ္"

လုက်ိဳး အၾကာႀကီး ေအာ္ေခၚေနေပမဲ့ ေရွာင္ရီကို ခုထိ
မေတြ႕ရဘူး၊ ေျခဗလာျဖင့္ ေအာက္ထပ္သို႔ ဆင္းလာတဲ့အခါ ေရွာင္ရီပင္သူ႕ကို လန့္သြားတယ္။။

" မင္းဘာလုပ္ေနတာလဲ?"

လုက်ိဳးေမးလိုက္တယ္။

'ဥကၠ႒ဒူဖုန္းဆက္တယ္, မနက္ျဖန္
ကုမၸဏီသြားရမယ္"

လုက်ိဳးသူ႕ကို မေအာ္ေငါက္ေတာ့ဘဲ အင္း
ဟုသာအသံျပဳတယ္၊၊လုက်ိဳး တိတ္တဆိတ္
ဆိုဖာေပၚထိုင္ကာ တီဗြီၾကည့္တယ္၊ ေရွာင္ရီက
အသံေလ်ာ့ဖို႔ အခ်က္ျပၿပီး လီယဲ့ထံ ဖုန္းေခၚလိုက္တယ္။

"ဟယ္လို ..."

လီယဲ့က ႐ႊင္လန္းစြာပဲ ျပန္ေျဖတယ္
။ေရွာင္ရီကလည္း အလ်င္အျမန္ပင္,

" လီက်ဲ ...မဂ္လာပါ..က်ဲကို အမ်ားႀကီးဒုကၡေပးေစမိ
သလိုျဖစ္သြားလို႔ ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

"မစိုးရိမ္နဲ႕ .ဒါက ျပသနာမရွိဘူး၊ မင္း ျပန္လာၿပီလား
၊အဆင္ေျပလား?မင္းျပန္လာၿပီဆို အဆင္ေျပပါၿပီ"

"ကြၽန္ေတာ္ျပန္ေရာက္ေနၿပီ"

" က်ဲ တစ္ခု ေမးခ်င္လို႔..စိတ္မဆိုးနဲ႕ေနာ္"

"မဆိုးပါဘူး..စိတ္ဆိုးစရာလား"

"မင္းနဲ႕ လုက်ိဳး မွာေလ ဘယ္သူက Gong
ဘယ္သူက Shouလဲ ?"

ေရွာင္ရီ :"......"

လီယဲ့က ဖုန္းထဲကေန အသံက်ယ္ႀကီးနဲ႕ ေအာ္ရယ္
လာတယ္၊

" မင္းက shouထင္တယ္ဟုတ္တယ္မလား,
ငါ့ရဲ႕CPေလးကို မင္းမပ်က္စီးေစနဲ႕ေနာ္,
အဲ့လိုမွမဟုတ္ရင္ ငါမင္းရဲ႕ပရိသတ္ေတြ
ကို anti ပစ္မွာ "

ေရွာင္ရီ႕ မ်က္ႏွာ တစ္ခုလုံးရဲတက္လာၿပီး
သူ႕ေဘးနားမွလုက်ိဳးကို တခ်က္လွည့္ၾကည့္လိုက္တယ္၊လုက်ိဳးသည္လည္း နားမလည္နိုင္လ်က္ ေခါင္းထဲ၌
ေမးခြန္းအမွတ္အသား တို႔ ျပည့္ႏွက္စြာျဖင့္ေရွာင္ရီ႕ကို ၾကည့္တယ္၊ေရွာင္ရီက လက္ေလးခါရမ္းၿပီး ဘာမွ
မဟုတ္ေတာ့ေၾကာင္း ေျပာလာတယ္။

လီယဲ့က ဆက္ေျပာလာတယ္,

" မင္းတို႔ႏွစ္ေယာက္ႀကိဳက္တာကအထူးအ ဆန္းေတာ့
မဟုတ္ဘူး၊ ေဖ်ာ္ေျဖေရးနယ္ပယ္အတြင္း တစ္ေယာက္နဲ႕ တစ္ေယာက္ ေဖးမကူညီရင္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥ
တစ္ခုပဲ ၊မင္းက အေျဖာင့္ပဲျဖစ္ျဖစ္ ေဂးပဲျဖစ္ျဖစ္ ဒါက အေရးမႀကီး ၊အခ်စ္ကအခ်စ္ပဲ၊ၿပီးေတာ့ ဒါကအလွတရားတစ္ခုပဲ၊က်ဲက နားလည္ ေပးနိုင္ပါတယ္"

ေရွာင္ရီ တေျဖးေျဖးရွက္လာၿပီ,

"လီက်ဲ...."

" ဒါေပမဲ့ ဒီနယ္ပယ္က ခက္ခဲနက္နဲတယ္၊
မင္းတို႔ ႏွစ္ေယာက္ အတူရွိမယ္ဆိုရင္ တပါး
သူေတြရဲ႕ေဝဖန္ တိုက္ခိုက္မႈေတြကို ခံရမယ္၊
ႏွစ္ေယာက္လုံးအျပန္အလွန္ ခ်စ္ေနၾကသေ႐ြ႕
အဆင္ေျပေလာက္တယ္၊၊အျပင္လူေတြရဲ႕ ထင္ျမင္ယူဆ
ခ်က္ေတြ၊ အျခားသူေတြရဲ႕ အျမင္ ေတြကို ဂ႐ုစိုက္ေနဖို႔
မလိုဘူး၊အနာဂတ္မွာ တတ္နိုင္သမွ် လူမသိေအာင္၊
ေအးေအး ေဆးေဆး ေလးေနရင္ မင္းနဲ႕
လုက်ိဳး အတြက္ ပိုၿပီးအက်ိဳးရွိလိမ့္မယ္"

ေရွာင္ရီ လုက်ိဳးကို ၾကည့္လိုက္မိတယ္၊လုက်ိဳးကေတာ့
လီယဲ့ေျပာတာကို မၾကားနိုင္တာမို႔ တီဗြီၾကည့္ေနဆဲ၊
လီယဲ့ေျပာတဲ့စကားေတြကို ၾကားေနရတဲ့ အခိုက္အတန့္ ဘယ္လိုခံစားေနရမလဲဆိုတာကို သူမေျပာတတ္ဘူး၊
သူကဘယ္လိုလုပ္ၿပီးလုက်ိဳးနဲ႕ခ်စ္သူျဖစ္နိုင္ပါ့မလဲ?

ငါ....ငါကသူနဲ႕ခ်စ္သူေတြ ျဖစ္ေနၿပီလား?

ေရွာင္ရီ ေတြးေနမိတယ္။

လုက်ိဳး : "???"

လုက်ိဳး ေရွာင္ရီကို စိုက္ၾကည့္ေနတယ္၊
ေရွာင္ရီ ဖုန္းကို ပင္ခ်လဳနီးပါးျဖစ္သြားၿပီး
လုက်ိဳးကို ေပြ႕ဖက္ခ်င္လာတယ္။

ဖုန္းထဲမွလီယဲ့က ထပ္ေျပာလာတယ္,

" မင္း come outလုပ္မယ္ဆိုရင္,မင္းရဲ႕
အသက္ေမြးဝမ္းေၾကာင္းအလုပ္ေတြကို
ထိခိုက္ေစလိမ့္မယ္, မင္း ဂ႐ုမစိုက္ဘူးဆို
တာကိုလည္း က်ဲသိတယ္, ဒါက ဂီတနယ္ပယ္
ထဲမွာေတာ့ ဘာမဟုတ္တဲ့ကိစၥေလးပဲ, ဒါေပမဲ့
ေဖ်ာ္ေျဖေရး အသိုင္းအဝိုင္းဘက္မွာက် လုက်ိဳးအတြက္ ကမ္းလွမ္းမႈ ေတြက အကန့္အသတ္နဲ႕ ျဖစ္လာလိမ့္မယ္"

"ဟုတ္..ဟုတ္ပါတယ္...ကြၽန္ေတာ္သိတယ္"

အကယ္၍သူတို႔ ႏွစ္ေယာက္သာတကယ္တြဲျဖစ္လို႔
တကမၻာလုံးက အသိအမွတ္မျပဳၾကရင္ေတာင္ သူလုက်ိဳးကို ႀကိဳက္တာမို႔ ခံနိုင္ရည္ ရွိေအာင္ ႀကိဳးစားရမယ္
လို႔ေရွာင္ရီ ေတြး မိတယ္။

ေရွာင္ရီ လီယဲ့ႏွင့္ စကားေျပာၿပီးတဲ့ေနာက္
အေပၚထပ္သို႔တက္ဖို႔ ျပင္တယ္၊ ဒါေပမဲ့
လုက်ိဳးက သူ႕ကို ထူးဆန္းသလို စိုက္ၾကည့္ၿပီး
​ေမးလာတယ္။

" သူဘာေတြေျပာလဲ?'

"ဥကၠ႒ဒူက သူ႕ကို ေက်းဇူးတင္ေၾကာင္း
ေျပာခိုင္းတာ "

ေရွာင္ရီခုထိ ရႈပ္ေထြးေနဆဲ၊

" ဘာလို႔သူ႕ကို ရွာခိုင္းလဲ ဆိုတာကို
ကြၽန္ေတာ္ခုထိ နားမလည္ဘူး..."

လုက်ိဳး က ျပန္ေျဖတယ္,

" လီခ်န္းက်န္းနဲ႕ သူ႕က အရမ္းရင္းႏွီးတယ္
မလား? ဒါက မထူးဆန္းဘူး"

"အဲ့ဒါေၾကာင့္လား?"

ေရွာင္ရီအခုမွစိတ္ပိုေနာက္လာတယ္၊

လုက်ိဳးက ထပ္ေျပာလာျပန္တယ္,

" အရင္တေခါက္ ငါတို႔ ခ်င္နန္းေတာ္ကို သြားတုန္းက , သူ႕အဖြဲ႕နဲ႕ဘဲ ေတြ႕ခဲ့တာမလား?"

"အာ..ဟုတ္သားပဲ "

"သူက ဒူးမိုင္နဲ႕ ပူးေပါင္းခ်င္တာ,
ငါဘာလုပ္သင့္လဲ...မင္းကဘယ္သြားမလို႔လဲ?"

"ကြၽန္ေတာ္ ဥကၠ႒ဒူဆီပို႔ဖို႔ စာ႐ြက္တစ္ခု သြားရွာမလို႔"

ေရွာင္ရီတစ္ေယာက္ ေသေရးရွင္ေရး ရွိသည့္အလား ဒုတိယထပ္သို႔ သြားကာအခန္းထဲသို႔
ေရာက္တဲ့အခါ ေမာႀကီးပန္းႀကီးအသက္႐ူ
ထုတ္ကာ ထိုင္ခ်လိဳက္မိတယ္။

ဒါက တကယ္ႀကီးလား? သူက တေန႕ေန႕ တခ်ိန္ခ်ိန္ ေဂး တစ္ေယာက္အျဖစ္ ေျပာင္းလဲ လိမ့္မယ္လို႔ မထင္ခဲ့မိဘူး၊ တကယ္ေတာ့ ဒါက အေရးမႀကီးဘူး၊ ဟိုးအရင္ ဂီတ
သင္္တန္းကသူ႕ သူငယ္ခ်င္းေတြအေတာ္မ်ားမ်ားက
ေဂးေတြခ်ည္းပဲ၊ ဒါေပမဲ့...သူႀကိဳက္တာက လုက်ိဳး
တစ္ေယာက္ထဲ။

ေရွာင္ရီ လက္ေတာပ့္ကို ဖြင့္လိုက္တယ္၊
သူယခင္ သူ႕ရည္းစားအတြက္ လုပ္ေပးခဲ့တဲ့
ဗီဒီယိုကို အက်ဥ္းခ်ဳပ္ျပန္ၾကည့္လိုက္ေသးတယ္၊
လမ္းခြဲ႕ ခဲ့တဲ့ ကိစၥကို သူစိတ္မဝင္စားေတာ့သလို သိသိသာသာခံစားရတာမ်ိဳးလည္းမရွိခဲ့ဘူး၊ ခုဆို သူနဲ႕ လုက်ိဳးလည္း အတူရွိေနတာမို႔ ဘာလို႔ အတိတ္က ဝမ္းနည္း
စရာေတြကို ျပန္ေတြးေနမွာလဲ?

လုက်ိဳးအတြက္ ဗီဒီယိုကို သူဖြင့္လိုက္တဲ့အခ်ိန္
အထဲတြင္ ဗီဒီယို တစ္ခုကိုပါေတြ႕ လိုက္ရတယ္။

လုက်ိဳးက ပ်င္းရိၿငီးေငြ႕ စြာျဖင့္ ကင္မရာထဲ
တြင္ေပၚလာတယ္၊ သူ႕ဘာမွမလုပ္လဲ ေရွာင္ရီ
သူ႕ကို ဗီဒီယို လိုက္ရိုက္ေနတုန္းပဲ၊ လမ္း ေလွ်ာက္
တာ၊ေရေသာက္တာ၊ထိုင္တာထတာ အကုန္လုံးက
​ေခ်ာေမာေနေတာ့ သူ႕ကိုယ္သူပင္ကယ္တင္ဖို႔
ရာမျဖစ္နိုင္ခဲ့ဘူး။

"မင္းဘာလို႔ တေနကုန္လိုက္ရိုက္ေနတာလဲ!"

ဗီဒီယိုထဲမွလုက်ိဳးက စိတ္မရွည္စြာ ေျပာလာတယ္။

က်င္ရွန္းမွာရွိတဲ့ ပန္းေစ်းထဲသို႔ သူတို႔ ဝင်လာချ်ိန်
လုက်ိဳးက ထပ္ေမးျပန္တယ္,

"ရိုက္..ရိုက္..ရိုက္..ထပ္ရိုက္ဖို႔ေရာ ရွိေသးလား"

ေရွာင္ရီ႕အသံထြက္လာတယ္,

"ေဘးကိုလွည့္လိုက္ပါလား?"

လုက်ိဳးက ကင္မရာဆီသို႔ လက္ခလည္ေလး
ေထာင္ျပလာတယ္၊

ထို ဗီဒီယို အပိုင္းအစေလးကို ၾကည့္ကာ ေရွာင္ရီ
ရယ္ေမာလိုက္မိတယ္။

ကင္မရာမွန္ဘီလူးေတြက ခံစားခ်က္ေတြကို သက္ဝင္ေစတယ္၊ ဒါရိုက္တာေကာ္က ဒရမ္မာေတြ ႐ုပ္ရွင္ေတြကို
ျကည့္တဲ့အခ်ိန္ လူတိုင္းက ကင္မရာေနာက္ကြယ္မွာ
ရပ္ေနၾကတယ္လို႔ ေျပာဖူးတယ္၊ စိတ္ခံစားမႈ ေတြ ျပည့္
ႏွက္ေနမယ္ဆို ကင္မရာက ၾကားခံပစၥည္းတစ္ခုသာျဖစ္ၿပီး ကင္မရာေနာက္ကြယ္တြင္ ရပ္ေနသူကဒါရိုက္တာ
တစ္ေယာက္ပဲရွိတယ္၊

ဒါရိုက္တာဘက္မွႀကိဳက္သည္ျဖစ္ေစ,
မႀကိဳက္သည္ျဖစ္ေစ, ေႏြးေထြးသည္ျဖစ္ေစ,
.ေအးစက္သည္ျဖစ္ေစ, ကင္မရာမွ
တဆင့္ပရိသတ္က ထိေတြ႕ ခံစားနိုင္တယ္၊
ခံစားခ်က္ေတြကို ခံစားတတ္သူမွ ဒါရိုက္တာ
ေကာင္းတစ္ေယာက္ျဖစ္လာမယ္။

ေရွာင္ရီက အျခားဗီဒီယို ကို ထပ္ဖြင့္လိုက္တယ္၊
ဆယ္ စကၠန့္မွ် ၿငိမ္သက္ေနရာမွ ထို ဗီဒီယိုထဲ၌ လုက်ိဳး လမ္းေလွ်ာက္ေနတယ္၊၊ ေရွာင္ရီက လုက်ိဳးရဲ႕ ေက်ာဘက္
ျမင္ကြင္းကိုသာဖမ္းယူထားတာမို႔ဘာမွေတာ့မထူးျခားဘူး။

ထိုအခိုက္အတန့္ေလးကို ေရွာင္ရီ
ရွင္းရွင္းလင္းလင္းခံစားမိတာက
မွန္ဘီလူးေနာက္မွာရပ္ေနတဲ့သူက
သူခ်စ္ရတဲ့သူဆိုတာပဲ၊ စကားေျပာတာ
မ်ိဳး, လႈပ္ရွားေနတာမ်ိဳးလည္း မရွိခဲ့၊
သူ႕ အျပဳအမူေလးေတြကို တိတ္တဆိတ္
ေလး ရိုက္ကူးခ်င္လာတယ္၊၊ၿပီးေတာ့
သူကိုယ္တိုင္လုက်ိဳးကို ရိုက္ကူးခဲ့ရတယ္၊
ကင္မရာမွတဆင့္ သိသာထင္ရွားလြန္းတဲ့
ခ်စ္ျခင္းေမတၱာ ကိုထုတ္ေဖာ္ျပလိုက္သလိုပဲ၊

သူ႕လုပ္ရပ္ေတြကို အမ်ားသူငါသတိမထား
မိေပမဲ့ အရာအားလုံးက လွပစြာက်န္ရစ္ေန
လိမ့္မယ္။

ဗီဒီယို ထဲတြင္ လုက်ိဳးလွည့္ၾကည့္လိုက္
တဲ့အခါ ေရွာင္ရီ သူ႕ကို ရိုက္ေနတာေတြ႕ေတာ့
လမ္းေဘးတစ္ေနရာကို လက္ညိုးထိုးၿပီး
ေျပာလာတယ္၊

" အဲ့ဒီဆိုင္က ဘာေရာင္းတာလဲ?"

ထို႔ေနာက္ ကင္မရာက တဖက္သို႔လွည့္သြားၿပီး လုက်ိဳးႏွင့္အတူ ထိုဆိုင္ဘက္သို႔ေရာက္သြားတယ္၊ သူက ဆိုင္ကို
ခဏေလာက္ရိုက္ၿပီး လုက်ိဳးကို ဆက္ရိုက္ရာလုက်ိဳးက အ႐ုပ္ေလးကို ကိုင္ကာ ကင္မရာေရွ႕တြင္ လႈပ္ယမ္းေန
တယ္။

ျပတင္းအျပင္ဘက္တြင္ မိုးသည္းထန္စြာ
႐ြာသြန္းၿပီးေနာက္ မိုးေလး ဖြဲဖြဲက်လာၿပီး
အဆုံးမရွိေသာအေမွာင္ညကို ျဖတ္သန္း
ေနရတယ္၊၊ႏြေရာသီလည္း ကုန္ဆုံးလုၿပီမို႔
ပန္းမ်ိဳးစုံလည္း ဖူးပြင့္ကာ ေႏြရာသီသို႔ ေရာက္
လာေတာ့မယ္။

ေနာက္တေန႕ ေန႕လည္ ေရွာင္ရီ ကုမၸဏီသို႔
ေရာက္တဲ့အခါမွ မေန႕က အျဖစ္အပ်က္
အလုံးစုံအားသူေနာက္ဆုံး ၌သိခြင့္ရခဲ့တယ္၊

ေရွာင္ရီရဲ႕ ကမၻာ့အျမင္ ေတြ လုံးဝ ၿပိဳလဲသြား
ခဲ့တယ္၊အဲ့ဒီအျပင္ ေန႕တပိုင္းေလာက္ထိ
စကားလည္း မေျပာနိုင္ခဲ့ဘူး၊ မေန႕ကလုက်ိဳး
သူ႕ကိုဆက္သြယ္လို႔မရတဲ့အခါ ဒူးမားကို အရင္ေမးၿပီး
လီခ်မ္းက်န္းရဲ႕ ကုမၸဏီကို ဖုန္းဆက္ကာသူ႕ကိုရွာခိုင္း
တယ္၊ လီခ်မ္းက်န္းရဲ႕ ကုမၸဏီလည္း အလုပ္ေတြရႈပ္
စိတ္ေတြညစ္ၾကရတယ္၊ ေနာက္ဆုံးတြင္ လုက်ိဳး
မေစာင့္နိုင္ေတာ့ဘဲ Weiboမွာ ပိုစ့္တင္လိုက္တယ္၊

'ဒီလူကို ေတြ႕ရင္ ေက်းဇူးျပဳၿပီးဆက္သြယ္ေပးပါ,ေက်းဇူးတုံ႕ျပန္ပါ့မယ္"

စာေလးရဲ႕ ေအာက္တြင္ ေရွာင္ရီ ပုံေလးကပူးတြဲပါရွိေန
တယ္။

မြန္းလြဲပိုင္း4နာရီ ထိ Weiboတြင္ ျပန့္ႏွံ႕သြားၿပီး 2နာရီ အတြင္း ျပန္လည္ျဖန့္ေဝမႈေပါင္း 3သိန္း ေလာက္ရွိသြားတယ္၊ ေရွာင္ရီ ေလဆိပ္သို႔ ေရာက္ၿပီး မၾကာမီမွာပဲလုက်ိဳးကို ခရီးသြားတစ္ဦးကခ်က္ျခင္း ဆက္သြယ္လာခဲ့တယ္၊
လုက်ိဳးက သူမအား ေရွာင္ရီကို အထိတ္တလန့္မျဖစ္ေစဘဲ ခဏမွ်အခ်ိန္ ဆြဲထားဖို႔ ေျပာခဲ့တယ္။

ေရွာင္ရီ႕ ဖုန္းက အခိုးခံရတာမို႔WeChat တို႔ QQတို႔
လည္း မၾကည့္နိုင္သလို အင္တာနက္လဲ မရနိုင္ဘူး၊ သူက ေအးေအးေနတတ္သူမို႔ အျပင္ေလာကမွအေၾကာင္း
အရာေတြကိုလည္းအထူးတလည္စိတ္ဝင္စားသူ
မဟုတ္ခဲ့ဘူး၊ အခ်ိန္တိုေလးအတြင္းမွာပဲ
WeChatမွ သူငယ္ခ်င္းေတြ၊ ထုတ္လုပ္ေရး
ပိုင္းမွလူေတြနဲ႕ TV ကုမၸဏီေတြ အားလုံး
ဒီကိစၥနဲ႕ ပတ္သက္ၿပီး WeChat တစ္ခုလုံး
တုန္လႈပ္ေခ်ာက္ျခားသည့္ သတင္းေတြ
ထြက္ေပၚလာခဲ့တယ္။

လုက်ိဳးက ေရွာင္ရီနဲ႕ တြဲေနၿပီလို႔ လူတိုင္း
က တညီတၫြတ္တည္း လက္ခံခဲ့ၾကတယ္၊
ဒူမိုင္ကလည္း ဖုန္းကို မရပ္မနားေခၚၿပီး
Weiboမွပိုစ့္ကို ဖ်က္ပစ္ဖို႔ ေတာင္းဆိုခဲ့တယ္၊
ပရိသတ္ေတြကလည္း ဒါကို ႀကီးႀကီးမားမားကိစၥ
လို႔ မမွတ္ယူၾကပဲ, ဆယ္လီေတြကပါ ပိုစ့္ကို ရွယ္ကာ
ဂုဏ္ျပဳစကားေတြ ေျပာလာၾကတယ္။

က်န္းရွီးရမ္ကေတာ့ ပထမဆုံးဂုဏ္ျပဳစကား
ေျပာျခင္းပင္၊ ပိုစ့္ကို ထပ္ဆင့္ရွယ္ၿပီး
သူမက ေျပာလာတယ္, ' ဂုဏ္ယူပါတယ္..
ေနာက္ဆုံးေတာ့ အခ်စ္စစ္အခ်စ္မွန္ကို
ရွာေတြ႕ခဲ့ၿပီေပါ့၊ေနာက္ဆုံးတေခါက္ နင္တို႔
ႏွစ္ေယာက္နဲ႕ဆုံခ်ိန္ကငါ့အတြက္ေနာက္ဆုတ္
ဖို႔ေ႐ြးခ်ယ္႐ုံမွတပါး အျခားမရွိဘူးေလ'

ဖိုရမ္ကို အေပၚေအာက္လွန္ေလွာလိုက္တဲ့အခါ,
ဖိုရမ္ေပါင္းစုံရဲ႕ ခန့္မွန္းခ်က္သတင္းမ်ား ထြက္ေပၚလာ
တယ္၊အခ်ိဳ႕ေျပာၾကတာက လုက်ိဳးက ေကာင္ေလးေတြနဲ႕ ကစားေလ့ရွိၾကတယ္၊အခ်ိဳ႕က်ေတာ့ ထုတ္ေျပာ၍မရတဲ့
စည္းမ်ဥ္းေတြထဲပါဝင္တယ္လို႔ဆိုၾကျပန္တယ္၊အဲ့ဒီေနာက္ ေရွာင္ရီရဲ႕ ပုံစံကို ထုတ္ေဖာ္ၾကျပန္တယ္၊ေနာက္ဆုံး ဒရမ္မာရဲ႕ဇာတ္ဝင္ေတးကို ေရးသားသူအျဖစ္ ထုတ္ေဖာ္ခဲ့ၾကၿပီး သူက ဟူေပမွျဖစ္ကာ ႏွစ္သစ္ကူးကာလတုန္းက လုက်ိဳး သူႏွင့္အတူ က်န္းရွန္း ကို သြားခဲ့သည့္ကိစၥကိုပါ ထပ္မံ၍ ထုတ္ေဖာ္လာၾကတယ္၊မိဘေတြနဲ႕ေတြ႕ဆုံၿပီး
ႏွစ္ေယာက္အတူ ေရပူစမ္းကိုလည္းသြားခဲ့ၾကတယ္၊ထပ္မံထုတ္ေဖာ္ပါက...ဘာပဲျဖစ္ျဖစ္,ဆယ့္ရွစ္မ်ိဳးဆက္တို႔ရဲ႕ စူးစမ္းရွာေဖြမႈကအံ့မခန္းပဲ၊ေရွာင္ရီ႕ ရည္းစားေဟာင္းရဲ႕
ခင္ပြန္း၏ weiboပင္ followerအသစ္ ေထာင္ႏွင့္ခ်ီ၍ တိုးလာခဲ့တယ္၊ အဲ့ဒီေနာက္ သူတို႔က သီခ်င္း
စာသားေတြကိုပါ ခြဲျခမ္းစိတ္ျဖာလာၾကၿပီး
ေရွာင္ရီနဲ႕ လုက်ိဳးၾကား ဆက္ဆံေရးက မူမမွန္ ေၾကာင္း လူတိုင္းက ထင္ျမင္ခ်က္ ေပးလာၾကတယ္။

ေနာက္တစ္ခုက ပရိသတ္ထဲမွလူတစ္ေယာက္
က လမ္းေဘးတြင္ လုက်ိဳးေရွ႕
ဒူးေထာက္ေနတဲ့ေရွာင္ရီ ပုံကိုပါ ေတြ႕လိုက္
မိေၾကာင္း ထပ္မံ ေျပာလာျပန္တယ္။

လုက်ိဳးက ေရွာင္ရီကို ျပန္ေတြ႕ေတြ႕ ခ်င္း Weiboေပၚမွ
ပိုစ့္ကို ဖ်က္ပစ္ခဲ့တယ္၊ သို႔ေသာ္ လူေပါင္းေျမာက္မ်ားစြာက screenshotမ်ားကို သိမ္းဆည္းထားၿပီး ျဖစ္ေနတာမို႔ လုက်ိဳးက သူ႕ခ်စ္သူကိုရွာေဖြနိုင္ဖို႔ အတြက္ comeoutလုပ္ခဲ့ျခင္း ျဖစ္တယ္လို႔နာမည္ ႀကီးသြား
ခဲ့တယ္။

ေရွာင္ရီ:"....."

ဒူးမိုင္ : " လီယဲ့ကေတာ့ သူ႕ကို အားကိုးဖို႔
ေျပာတယ္, ဒီေန႕ သတင္းေခါင္းစဥ္အတြက္
သူပဲ မီဒီယာေတြကို ဆက္သြယ္ မယ္လို႔
ေျပာတယ္, အေျခအေနၾကည့္ၾကတာေပါ့...
ျပႆနာႀကီးႀကီးမားမား မျဖစ္ဖို႔ေတာ့
ေမွ်ာ္လင့္တာပဲ"

ေရွာင္ရီ တစ္ေယာက္ သူ႕ရဲ႕လက္ရွိခံစားခ်က္ကိုပင္ စကားထဲ ထည့္မေျပာနိုင္ေပမဲ့ လုက်ိဳးကေတာ့
သူ႕ေဘးကေနလက္ခ်ာရိုက္ေနေလရဲ႕၊

" ခုပဲၾကည့္...မင္းလုပ္တာနဲ႕ ..အခုဆိုျပသနာ
ဘယ္ေလာက္ႀကီးသြားၿပီလဲ ?"

" ေတာင္းပန္ပါတယ္...ေတာင္းပန္ပါတယ္"

ဒူးမိုင္:"....."

လုက်ိဳး:"....."

ဤ ျပႆနာက တကယ့္တကယ္က် လုက်ိဳး ဖန္တီးခဲ့
သည္က သိသာေနခဲ့ေပမဲ့ ေနာက္ဆုံးတြင္ေရွာင္ရီကဘဲ ေတာင္းပန္ရသူျဖစ္ေနခဲ့တယ္၊ဒူးမိုင္က ထပ္ေျပာလာတယ္,

" သတင္း ေခါင္းစဥ္ထြက္လာမွဆက္ေျပာၾကတာေပါ့, မေန႕ကေတာ့ လီယဲ့က ငါ့ကို လွမ္းေျပာထားတာပဲ,
ၾသဂုတ္လမွာလည္း ဒရမ္မာ အသစ္ထြက္မွာမို႔
မင္းတို႔ႏွစ္ေယာက္စလုံးကိုလည္း သူကူညီေပးခ်င္တယ္, ခုဆိုသူ႕ေၾကာင့္ လီခ်မ္းက်န္းနဲ႕ အတူတြဲလုပ္ရမယ့္အခ်ိန္ ေရာက္ၿပီ, မင္းသူ႕ကို မ်က္ႏွာသာေပးရမယ္"

လုက်ိဳးက အေျခအေနကို ေျပာင္းခ်င္ေပမဲ့
ခဏမွ်စဥ္းစားၿပီး ' ၾကည့္ေသးတာေပါ့'ဟုေျပာလာတယ္။

ဒူးမိုင္: "အကယ္၍ သူသာဒီကိစၥကို ေျဖရွင္းေပးနိုင္
ရင္ေတာင္, မင္းတို႔ႏွစ္ေယာက္လုံးလူသိမ်ားလာၿပီး
သတင္းေတြလည္း မ်ိဳးစုံ ေခတ္စားလာနိုင္ေသးတယ္"

ေရွာင္ရီ ဖုန္းကို ပြတ္ဆြဲေနေပမဲ့ ဘာကိုမွမေတြ႕ရေသး၊ သူ႕မိဘေတြလည္း ျမင္ေလာက္ၿပီလို႔ေတြးမိတယ္၊
လူေပါင္းမ်ားစြာဒါကို သတင္းလုပ္ၿပီး ေျပာေနၾကမည္ျဖစ္သလို ဂုဏ္ယူေၾကာင္းပင္ေျပာေနေလာက္တယ္၊
သို႔ေသာ္တဖက္တြင္ လူအမ်ားစုက လုက်ိဳးအား
​ေလွာင္ေျပာင္ေနၾကၿပီးက်န္းရွီးရမ့္ကိုလည္း
လွည့္စားခဲ့သူဟု ျပန္ေျပာေနၾကေလာက္တယ္။

သက္ျပင္းခ်မိတယ္...

ေရွာင္ရီ ဖုန္းကို ပြတ္ဆြဲေနရင္းမွ ဒီေန႕အတြက္
သတင္းေတြတက္လာၿပီ၊

[ လုက်ိဳးက သီခ်င္းေရးဆရာ ႏွင့္ တိုင္ပင္ကာ Sleek Rat & Flying Cat ရိုက္ကူးေရးကို စတင္ေနၿပီျဖစ္ၿပီး ဒရမ္မာ ဧကရာဇ္ႏွင့္ ႐ုပ္ရွင္ ဧကရာဇ္အားအတူ
တကြေတြ႕နိုင္ဖို႔ ေမွ်ာ္လင့္ ရမည္]

ေရွာင္ရီ :"....."

[သီခ်င္းတစ္ပုဒ္ေၾကာင့္လီခ်မ္းက်န္းနဲ႕
လုက်ိဳးအား စုစည္းေစၿပီး လုက်ိဳးက
ေတးေရး ဆရာတစ္ေယာက္အားေအာင္ျမင္
သည္အထိ စင္တင္ေပးနိုင္ခဲ့ျခင္း ]

[ ေျပာင္ေျမာက္ထူးျခားသည့္ Sleek Rat &Flying Cat ရိုက္ကူးမႈကို မၾကာမီစတင္ေတာ့မည္ျဖစ္ၿပီးရာစုသစ္ရဲ႕ စိန္ေခၚမႈတစ္ခုျဖစ္လာနိုင္]

လီခ်မ္းက်န္းက ဂီတထုတ္လုပ္ေရး ကုမၸဏီ
တစ္ခု ရင္းႏွီးျမဳပ္ႏွံရန္ ျပင္ဆင္ေနခ်ိန္ျဖစ္ၿပီး
လုက်ိဳး ရဲ႕ စီးပြားေရး ကုမၸဏီတစ္ခုႏွင့္
ပူးေပါင္းရန္ တခ်ိန္တည္းမွာပဲ ျပင္ဆင္
ထားခဲ့တယ္၊ကိုယ္ပိုင္ ဂီတထုတ္လုပ္နိုင္ရန္
ရည္မွန္းထားၿပီးလုက်ိဳးတြင္လည္းကိုယ္ပိုင္ ေတးေရး
ရွိ ေနၿပီ၊ ေရွာင္ရီကိုလည္းသူ႕ ကုမၸဏီသို႔ ဆြဲေခၚနိုင္ရန္
အတြက္အင္တာနက္ ပရိသတ္မ်ားမွတဆင့္စည္း႐ုံးကာ Weiboတြင္ လူေပ်ာက္ရွာနိုင္ခဲ့ျခင္းလည္းျဖစ္တယ္။

တိုတိုနဲ႕လိုရင္းေျပာရမည္ဆိုပါက ႐ုပ္ရွင္
ဧကရာဇ္ႏွစ္ပါးအား ဇာတ္လမ္းတြဲႀကီး
တစ္ခုတြင္ အတူတြဲေတြ႕ရမည္ ျဖစ္တာမို႔
အေျခအေနကို ထိန္းသိမ္းရန္ ၾသဂုတ္လ
မွစတင္ကာ ရိုက္ကူးေရးစတင္မည္ျဖစ္တယ္၊
လုက်ိဳးက ပိုင္ယြီထန္ အျဖစ္၊ လီခ်မ္းက်န္းက
က်န္းက်ိဳးအျဖစ္သ႐ုပ္ေဆာင္မည္ျဖစ္ကာ
ဇာတ္ဝင္သီခ်င္းအား နာမည္ရလာတဲ့
ေတးေရး အသစ္ ေရွာင္ရီက နာမည္ႀကီး
နတ္ဘုရားႏွစ္ပါးအတြက္ အဓိကဇာတ္ဝင္
သီခ်င္းကို ေရးဖြဲ႕ရမည္ ျဖစ္တယ္။

သတင္းေတြရဲ႕ အဆုံးတြင္ စစ္တမ္းတစ္ခုလည္း
ပါဝင္လာတယ္:

ဘယ္ CPကို အားေပးၾကမလဲ?

ေအာက္တြင္ေဖာ္ျပထားသည္မွာ,

1.လုက်ိဳး နဲ႕ ဝူဟန္းကု

2.လုက်ိဳး နဲ႕ လီခ်မ္းက်န္း

3.လီခ်မ္းက်န္း နဲ႕ ေရွာင္ရီ

4.လုက်ိဳးနဲ႕ ေရွာင္ရီ

ထိုေ႐ြးခ်ယ္မႈတြင္ မဲ 2000ခန့္ရွိတယ္၊
အကုန္လုံးတြင္ လုက်ိဳးနဲ႕ လီခ်မ္းက်န္း
က မဲအမ်ားဆုံးျဖစ္တယ္။

ယခုလိုအေနအထားမ်ိဳးေရွာင္ရီ တစ္ေယာက္
တသက္နဲ႕ တကိုယ္ အိပ္မက္မက္ဖို႔ေတာင္
မေတြးမိခဲ့ဘူး၊႐ုပ္ရွင္ဧကရာဇ္ႏွစ္ပါးႏွင့္အတူ
သူ႕နာမည္က ယွဥ္တြဲေနလ်က္...ခုဆို CP
ဂ႐ုေတြေတာင္ရွိေနၿပီ!

ဒူးမိုင္က ခ်က္ျခင္းပင္ စာခ်ဳပ္အၾကမ္းကို
ျပင္ဆင္ေနၿပီ၊ ထိုအခ်ိန္ လုက်ိဳး ေျပာလာသည္က...

"သ႐ုပ္ေဆာင္ဖို႔သေဘာတူခဲ့လို႔လား!"

ဒူးမိုင္လုက်ိဳးကို စိုက္ၾကည့္လာခ်ိန္
လုက်ိဳး ပါးစပ္ပိတ္သြားခဲ့ေလတယ္။

W6848❤❤❤
24.6.2022
25.6.2022

......................................................................

Continue Reading

You'll Also Like

396K 16.1K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
541K 14.1K 19
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
33.6K 4.5K 38
BL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်...
1.6M 120K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...