.[ U ]
" ဘယ်သူကကြောင်..ဘယ်သူကကြွက်လဲ?"
ရှောင်ရီ တစ်ယောက် ချက်ခြင်းအစောပိုင်းက အရာတွေအားလုံး ချက်ခြင်း မေ့သွားတယ်၊
ငွေ, ကုမ္ပဏီ, ဌာန, အသက်မွေးဝမ်းကြောင်း,
သူ့ရဲ့ ပထမဆုံးတုံ့ပြန်မှုက တကယ့်ကို အဖြူထည်သက်သက်ပဲ၊ ဒီဒရမ်မာမှာသာ
လီချန်းကျန်းရော လုကျိုးပါပါမယ်ဆိုရင်
အင်တာနက်မှာရူးခါမတတ်နာမည်ကြီး
သွားမှာ !
" မသိဘူးလေ...ငါခန့်မှန်းရသလောက်
လုကျိုးက ပိုင်ယွီထန် (ကြွက်) အဖြစ် သရုပ်ဆောင်လိမ့်မယ်, လီချန်းကျန်းက
တော့ ကျန်းကျောင်(ကြောင်ပျံ)ဖြစ်လိမ့်မယ်"
"လီချန်းကျန်းက ဇာတ်ကားကြီးတွေချည်းဘဲ
သရုပ်ဆောင်တာ တီဗွီက ဒရမ်မာ ဇာတ်လမ်းတွဲကို တကယ်ကြီး လက်ခံမှာတဲ့လား?"
ရှောင်ရီ မေးလိုက်မိတယ်။
" သူရိုက်မှာပါ...သရုပ်ဆောင်ကြေး မြင့်တယ်လေ...ငါပြောချင်တာက တခြားတော့မဟုတ်ဘူး, လုကျိုးလိုသာအကုန်စဥ်းစားနေရင်တော့ နောင် နှစ်နှစ်လောက်ထိဒရမ်မာတွေ
ကို ရုပ်ရှင်ကားကြီးကမကျော်လွန်နိုင်
လောက်ဘူး"
"ချဲ့ကားမပြောစမ်းနဲ့...သူက အခု အရမ်းနာမည်ကြီးနေတာပဲကို"
" သူက နောက်ထပ်ရုပ်ရှင်တွေ ထပ်ရိုက်ဖို့
လိုတယ်,.ငယ်ရွယ်နုပျိုချိန်ကတော့ ချမ်းသာတဲ့ သခင်လေး ဒါမှမဟုတ် ခပ်မိုက်မိုက် ကောင်လေး အဖြစ် သရုပ်ဆောင်လို့ရပြီး
ဒရမ်မာတွေချည်း ရိုက်ရမယ်, ဒါပေမဲ့သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်လဲ တိုးတက်ဖို့ လိုတယ်, လီချန်းကျန်းကို ကြည့်မယ်ဆို
သူတို့ တန်းတူတွေကြားထဲမှာ ရုပ်ရှင်ဧကရာဇ် ဆုကို ရထားတာပဲလေ"
"လူတိုင်းရဲ့ အမြင်က မတူဘူး"
ရှောင်ရီပြောလာတယ်,
" ဒါက နှိုင်းယှဥ်လို့မရဘူးလေ...လီချန်းကျန်းလည်း အသက် သုံးဆယ်ပဲမလား? သူလုကျိုးထက် ငယ်လည်း နှစ်နှစ်လောက်ပေါ့...
ဟုတ်ပြီ..တက္ကသိုလ်အတူတူပဲဆို လီချန်းကျန်းနဲ့လုကျိုးက အသက်အတူတူပဲ"
လီချန်းကျန်း က အသက် 23 /24 လောက်
ပဲရှိတယ်ထင်ရပေမဲ့ လုကျိုးလည်းမအိုသေးဘူး၊ ရှောင်ရီ အတွေးထဲမှာတော့ သူတို့ နှစ်ယောက်က အတူတူပဲ။
" သူတို့ နှစ်ယောက်က နေရာချိန်းရမှာ"
ဒူးမားက ပြုံး၍ ပြောလာတယ်,
" လီချန်းကျန်းက ရုပ်ရှင်ကားကြီးတွေ
သရုပ်ဆောင်သင့်တယ်, လုကျိုးကျ
မြောက်များစွာသောပရိသတ်ထုအတွက်
ဒရမ်မာတွေနဲ့ ပိုသင့်တော်တယ်"
" ငါလည်း အဲ့လို တွေးမိတယ်,လီချန်းကျန်း
ရဲ့ သရုပ်ဆောင်စွမ်းရည်ကအရမ်းကောင်းတယ်,ဒါပေမဲ့ သူကျ နူးနူးညံ့ညံ့လေး,သူတို့ရဲ့ အနေအထားကိုကြည့်တာနဲ့သူဒီဇာတ်ရုပ်မှာ ဘယ်လို သရုပ်ဆောင်မလဲဆိုတာကို
ခန့်မှန်းနိုင်တယ်"
"လုကျိုးကလည်း သူ့ကိုယ်သူတောင်
သတိမေ့တဲ့အထိ သရုပ်ဆောင်နိုင်တယ်"
ဒူးမားက မတ်တပ်ထရပ်ပြီး ,
"သွားကြစို့"
"ဒါပေမဲ့ လုကျိုးရဲ့အကောင်းမွန်ဆုံးအရည်အချင်းက သူ့ကိုယ်သူဇာတ်ရုပ်နဲ့
အပြည့်အဝ ပေါင်းစပ်ထားတာလို့
ငါထင်တယ်"
ရှောင်ရီ ပြောလာတယ်,
"သူက သူ့ကိုယ်သူပဲရှိနေသေးတယ်လို့
ထင်ပေမဲ့ သူ့ရဲ့ သြဇာအာဏာက ဇာတ်ကောင် အတိုင်း သက်ရောက်မှု ရှိတယ်, ပြီးတော့ ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထားအတိုင်းပြောင်းလဲနိုင်တယ်၊ မင်းသိလား,
သူကော်ဘင်အဖြစ်သရုပ်ဆောင်တုန်းကဆိုအရမ်း မှော်ဆန်တယ်,သူ့ရဲ့စိတ်ခံစားချက်တွေ, သူ့ရဲ့ စိတ်ရှုပ်ထွေးမှုတွေအားလုံးကို
ငါခံစားမိတယ်"
" ဟုတ်ပါပြီ..သူတို့နှစ်ယောက်လုံးက အရည်အချင်းရှိပါတယ်, တော်တော့!
သူကမင်းရဲ့ နတ်ဘုရား မှန်း ငါသိတယ်,
မင်း ကလေသူ့အကြောင်းသာ ပြောရမယ်ဆို
နောက် သုံးရက်လောက်ထိလည်း မရပ်မနား
ပြောနေဦးမှာ...သွားစို့...မင်း အိမ်ပြန်တာ
အရမ်း နောက်ကျရင်မင်းအဆူခံနေရဦးမယ်"
......
ည 12နာရီ သန်းခေါင်အချိန်!
" မင်းတို့ ဘာတွေ များ ပြောနေကြတာလဲ?'
လုကျိုး တစ်ယောက်သံသယတွေနဲ့ ရှောင်ရီ့ ကို စိုက်ကြည့်တယ်။
"ဘာမှမဟုတ်ပါဘူး"
ရှောင်ရီ Ipadကို ပွတ်ဆွဲကာ ဓာတ်ပုံတွေ
ကြည့်ရင်း စကားပြောဖို့ရာကို တွေးနေမိတယ်၊ ထိုအချိန်လုကျိုးထအော်လာတယ်,
" Amazonကို ဝင်လေ, မင်းဘာလို့ ဒီလောက်မြန်မြန် ဆွဲချနေတာလဲ!"
ရှောင်ရီ မကျေမနပ်ဖြင့် အနောက်သို့ ပြန်ဆွဲလိုက်တယ်။
" အိုး? ဘာမှမပြောဘူးဆိုတော့ မင်းတို့
နှစ်ယောက်က အဲ့မှာ တစ်ညလုံးထိုင်နေကြတာလား? အရမ်းကောင်းပဲ, နှုတ်ဆက်စကားလေးတောင် မင်းက မပြောဘူးပေါ့?"
"Lafite နဲ့ Louis XVအကြောင်း ပြောတယ်"
(T/N..ကိုယ်ရှာကြည့်တော့ အရက်တွေ
ထွက်လာပါတယ်၊စျေး အရမ်း ကြီးတဲ့
အရက်တွေပါ)
" ကြည့်ဦး...အိမ်မှာ အစာငတ်ရေငတ်နေခဲ့ရတဲ့ ရှောင်လုလေးအတွက် အကြွင်း အကျန်လေးတွေ ဘာလို့ ပါဆယ်မဆွဲခဲ့တာလဲ ?"
ရှောင်ရီ :"........"
ရှောင်ရီ တွေးနေမိသည်က... ကောက ဒူးမားကို မနာလိုဖြစ်နေတာလား?မွေးနေ့ ကျင်းပဖို့လာတုန်းက ဒူးမားဆီ အပြေးသွားခဲ့တာကိုများ သိနေခဲ့တာလား?ကောသာ လီချန်းကျန်း နဲ့လက်ဆွဲနှုတ်ဆက်တာကိုများ သိရင်
ခပ်ဝေးဝေးကိုများဆွဲပြီး လွှင့်ပစ်လောက်တယ်၊ Ipadလေးတောင် မှိတ်တုတ်မှိတ်တုတ် လေးဖြစ်ပြီးပါဝါပျောက်သွားလောက်တယ်။
"ဒူးမားက အရမ်း ချမ်းသာတယ်ပေါ့?
...Lafiteတောင်သောက်နိုင်တယ်"
" ဘယ်ကသာ...သူမသောက်နိုင်ပါဘူး,
ကျွန်တော်တို့နှစ်ယောက် ခုတလော
ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို
ပြန်ပြောဖြစ်ကြတယ်"
လုကျိုးမယုံဘူး, ဒါပေမဲ့သူဘာတွေတွေး
နေလဲဆိုတာကိုသိနိုင်ဖို့ရှောင်ရီဗိုက်ထဲမှပိုးမွှားတွေကိုလည်း မမွှေနှောက်နိုင်ဘူး၊
မထင်မှတ်ပဲ, ရှောင်ရီ က တော့ စစ်ပွဲတစ်
ခုနှင့်ထိပ်တိုက် တွေ့ လေပြီ၊.ဒူးမားရဲ့ရုပ်သွင်ကနတ်ဆိုးအသွင်ဆိုးသွမ်းစွာပြုံးပြနေပြီး
အိန်ဂျယ်ကဲ့သို့လုကျိုးမျက်နှာလေးကလည်း
လက်နှစ်ဖက်လေးယှက်ရင်း ဟာလေယုယျ အသွင်ဖြင့် ပေါ်လာတယ်။နတ်ဆိုးလေး ဒူးမားက ရှောင်ရီ့ အား ပိုက်ဆံရှာဖို့, မိသားစု တစ်ခု ထူထောင်ပြီး အသက်မွေးကြောင်း အလုပ်ကို ပြောင်းလဲဖို့ ပြောတယ်, သူဌေးဖြစ်လာရင် ဘေဂျင်းမှာ အိမ်ဝယ်ဖို့ နဲ့ လုကျိုးကို အချိန်မရွေး ကျေးဇူး ပြန်ဆပ်နိုင်ကြောင်း
ပြောတယ်၊ဒါကြောင့် သူနာမည်ကျတဲ့အထိ၊
ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့...အဲ့ဒီအချိန်
နတ်သမီးလေး လုကျိုးက ပြောလာတယ်,
ရှောင်ရီ.....
ငါကမင်းရဲ့ male god ...
ငါက မင်းရဲ့ နတ်ဘုရား...
မင်းရဲ့ နတ်ဘုရားကွ...
Male god...
နတ်ဘုရားကွ...
ရှောင်ရီ :"....."
လုကျိုး ရှောင်ရီ့ကို စူးစူးစိုက်စိုက်
ကြည့်နေတယ်။
" ဆက်ဆွဲ "
လုကျိုး ပြောလာတယ်,
" မင်း သောကရောက်နေတာလား?"
လုကျိုးတစ်ယောက်သူ၏သရုပ်ဆောင်စွမ်းရည် ကို ပြုစုပျိုးထောင်ရန်အတွက်မွေးရာပါအရည်အချင်းအများစုကိုအသုံးပြုနေသည်ဟု ခံစားရပြီးနှုတ်ဖြင့်တိုက်ခိုက်ခြင်းစွမ်းရည်ကိုပါ မမေ့မလျော့ အသုံး ပြုခဲ့သေးတယ်၊
အကယ်၍များ သူသာ Talk Showအစီအစဥ်တွင် တင်ဆက်နိုင်သူဖြစ်ပါက ဖျော်ဖြေရေး
သမား တွေ အပေါ်ကို တစ်တစ်ခွခွ ပြောနိုင်သူ ဖြစ်နေပေလိမ့်မည်။
စိတ်ဓာတ်ကျနေသာရှောင်ရီ တစ်ယောက်
လုကျိုး အနီးမှထွက်ခွာရမည်ကို စဥ်းစားမိချိန်သူ့နှလုံးသားလေးဝမ်းနည်းမှုတို့ပြည့်နှက်လာတယ်၊လုကျိုးက ရှောင်ရီ ထူးဆန်းနေတာကို သိပေမဲ့ ထိုအရာကို ထုတ်ပြောမလာခဲ့၊
သိပ်မကြာမီမှာပဲ ရှောင်ရီ မီးပိတ်ကာ အိပ်ရာဝင်ရန် အခန်းထဲသို့ လာလိုက်တယ်။
ရှောင်ရီ အခန်းထဲ၌တစ်ယောက်တည်း
လဲလျောင်းနေပြီး အပြင်ဘက်မှအလင်းရောင်ပြပြက ခန်းဆီး ကန့်လန့်ကာများမှတဆင့် တိုးဝင်လာတယ်, လုကျိုး အရုပ်ကြီး ပေါ်သို့သူ့ခြေထောက်နှစ်ချောင်း
အား ချိတ်ဆွဲထားတယ်၊ လုကျိုးပေးခဲ့တဲ့ ပထမဆုံးလစာဒေါ်လာ80000မှသူ့ရည်းစားဟောင်း အတွက် ဝယ်ယူခဲ့သည့် ဒေါ်လာ12000 တန်စိန်လက်စွပ်လေးကို အရုပ်လေးတွင်ဝတ်ဆင်ပေးထားတယ်။
လက်စွပ်လေးမှ အလင်းတန်းလေးများဖြာထွက်နေလျက် လက်စွပ်ဝတ်ဆင်ထားတဲ့ အရုပ်လက်လေးကို ဆွဲယူကာ ချစ်ခြင်း မေတ္တာပြည့်လျှံစွာပင်ကြည့်နေလိုက်မိတယ်။
ရှောင်ရီ ချီဘီရုပ်လေးရဲ့ ချည်သားအရုပ်လက်လေးကို ဆွဲကိုင်ကာ ငေးကြည့်နေမိရင်း ခုလိုချိန်မှာ သူ့အတွက် စကားပြောဖော်လေး
လိုအပ်နေတယ်၊ ပုံမှန်အားဖြင့် သူ့မှာ ပြဿနာတစ်ခုခုရှိရင် လုကျိုး နဲ့ ဆွေးနွေးချင်တယ်၊လုကျိုးကို ပြောပြတဲ့အခါ လုကျိုးက သူဆုံးဖြတ်ချဖို့ ကူညီပေးနိုင်တယ်။ဆူပူကြိမ်းမောင်းလာမည် ဆိုစေဦး သူ့အတွက်
ပြဿနာကိုတော့ ဖြေရှင်းပေးနိုင်သေးတယ်။
သူတကယ်ကြီး လုကျိုးကို ပြောပြချင်နေပြီ၊
ပြောလိုက်မယ်ဆိုရင် သူ့ စိတ်တွေ အေးချမ်း
သွားလိမ့်မယ်၊ အကယ်၍များ လုကျိုးကသာထိုအကြံကို လက်မခံရင် ဒူးမားရဲ့ အကြံပြုချက်အကြောင်း သူ့ကို ထပ်လောင်း ပြောပြလို့ ရနိုင်မယ်။
ရှောင်ရီ စကြ်ံလမ်းကို ပေါ့ပါးစွာပဲ နင်းဖြတ်လာတယ်။
"ကျိုးကော..ကော အိပ်နေပြီလား?"
ရှောင်ရီ တိုးတိုးလေး မေးလိုက်တယ်။
တံခါးတဖက်ခြမ်းမှ မည်သည့်တုံ့ပြန်သံမှ
မကြားရဘူး။ ရှောင်ရီ တံခါးနားကို ကပ်လိုက်ပြီး နားစိုက်ထောင်ချိန် တံခါးရုတ်တရက်
ပွင့်သွားတယ်, လုကျိုးက အခြားတဖက်ခြမ်း၌ ထုံနိဘာဝေဖြင့် ရပ်နေချိန် ရှောင်ရီ
တစ်ယောက် ချက်ခြင်းပင် အတွင်းဘက်
သို့ ဟပ်ထိုးလဲကျချိန် မတော်တဆ
ကိုင်မိကိုင်ရာ ဆွဲကိုင်ရာမှလုကျိုးရဲ့ ညဝတ်ဘောင်းဘီ ကိုဆွဲမိရာထိုဘောင်းဘီပါ
အောက်သို့လျှောကျ သွားခဲ့တယ်။
လုကျိုး :"......."
ရှောင်ရီ အလျင်အမြန်တောင်းပန်လိုက်
တယ်၊လုကျိုးကတော့ အလျင်စလို ပင်သူ့ဘောင်းဘီကို ပြန်ကောက်ဝတ်လျက်မျက်နှာတွင်မူစိတ်အဆင်မပြေမှု များဖြင့်ပြည့်နှက်နေတယ်။
" မင်းဘာဖြစ်ချင်နေတာလဲ?"
လုကျိုး ပြောလာတယ်။
" ကော...ကောရဲ့ တံခါးက ရီမုနဲ့ ထိန်းထားတာ မဟုတ်ဘူးလား?...ဘာလို့ကောကိုယ်တိုင်လာဖွင့်....."
"ငါအောက်ဆင်းပြီး ရေသောက်မလို့"
ရှောင်ရီ အလျင်အမြန်ပဲ,
" ကျွန်တော်ရေသွားယူပေးမယ်"
ရှောင်ရီ အောက်ထပ်သို့ ဆင်းကာရေအေးအေးလေး တစ်ခွက်ထည့်ကာ အပေါ်ပြန်တက်လာခဲ့တယ်၊လုကျိုးက ရေကိုယူပေမဲ့ မသောက်ဘူး၊ နှစ်ယောက်သားတံခါးဝ၌
ရပ်နေဆဲပဲ၊ လေအေးပေးစက်ဖွင့်ထားပေမဲ့လေထုက ပူနွေးလာတယ်၊ လုကျိုး ရဲ့ညဝတ်အကျီက ကြယ်သီး မတပ်ထားတာမို့ ရင်အုပ်ကြွက်သားတွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို
ဖော်ပြထားသလို ဖြစ်နေပြီး ရှောင်ရီကတော့
အပေါ်ပိုင်းဗလာဖြစ်နေလျက် ညဝတ်ဘောင်းဘီ လေး တထည်သာဝတ်ထားတယ်။
လုကျိုး မျက်ခုံးတွေကို ပင့်တင်လိုက်တယ်,
" ?"
ရှောင်ရီ တချက်စဥ်းစားပြီး ,
" ကျွန်တော်...ကျွန်တော်ကောကို ပြောချင်တာတစ်ခုရှိတယ်"
"ဟုတ်ပြီ"
ခတ္တခဏမျှတိတ်ဆိတ်သွားပြန်တယ်,
ရှောင်ရီ လုကျိုးကို ထိတ်လန့်စွာပဲ မော့ကြည့်
လိုက်မိတယ်။
" မင်း ဘာပြောချင်လို့လဲ?"
လုကျိုး ရှောင်ရီကို မျှော်တလင့်လင့်ဖြင့်
ကြည့်နေဆဲ။
ရှောင်ရီ :"......."
ရှောင်ရီ နှုတ်ခမ်းတွေကို သပ်လိုက်ပြီး
လုကျိုးရဲ့ အကြည့်တွေကို ရှောင်လိုက်တယ်၊
စကြ်ံ လမ်း အဆုံးဖက်မှ မီးအရောင်က
သူတို့ ခန္ဓာကိုယ်ပေါ် ဖြာကျလျက်ရှိတယ်။
လုကျိုးရဲ့ မျက်လုံးတွေက စိတ်မသက်မသာ
ဖြစ်မှု နှင့်အတူ စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေလျက် ရှောင်ရီ ခေါင်းလေးကိုလက်လေး
ဖြင့် ပွတ်သပ်ရင်းပြောလာတယ်၊
" ဘာဖြစ်နေတာလဲ ? ဒါကမင်းပုံစံ
မဟုတ်ပါဘူး"
ရှောင်ရီ နှလုံးသားလေး အရှိန်အဟုန်ပြင်းစွာ ခုန်ပေါက်နေတယ်၊သူ့ခေါင်းလေးကို ထိကိုင်လိုက်တဲ့ လုကျိုးရဲ့ ပုံစံလေးကလည်းနွေးထွေး နူးညံ့ လွန်းနေတယ်၊စက္ကန့် ပိုင်း လေး အတွင်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံး ချစ်ခြင်း မေတ္တာတရားတို့၏ အံ့သြဖွယ်ရာ ပြယုဂ်ဖြစ်လာသကဲ့သို့ ရှောင်ရီ တစ်ယောက် အသက်ရူပင်ရပ်မတတ်ဖြစ်လာပြီ။
".လာအထဲဝင်ပြီး ပြော"
လုကျိုး ရေတစ်ခွက်ကိုင်ကာ အခန်းထဲသို့
ပြန်ဝင်သွားချိန် ရှောင်ရီ ပြောလိုက်မိတယ်,
" မဟုတ်ဘူး...မဟုတ်ဘူး....ကျေးဇူးပါ...မနက်ဖြန်မှ ပြောတော့မယ်...
ဂွတ်နိုက်ပါ...ကျိုးကော"
"မင်းနေမကောင်းဘူးထင်တယ်!"
လုကျိုး ရယ်မောရင်း မျက်ရည်တွေလည်းဝဲနေတယ်။
ရှောင်ရီ :"......"
ရှောင်ရီလည်း မျက်စိပျက် မျက်နှာပျက်ဖြင့်သူ့အခန်းဆီသို့ ပြန်လာခဲ့လိုက်တယ်၊လုကျိုးအရုပ်ကို ပွေ့ဖက်ပြီး ဖုန်းကိုကိုင်ကာ စိုက်
ကြည့်နေမိတယ်၊ ဒူးမားကို ဖုန်းခေါ်ဖို့ရာ
ဆုံးဖြတ်လိုက်တယ်၊ သူတကယ်ကြီးအဆင်သင့်မဖြစ်သေးတဲ့အပြင် သူလုကျိုးအနားက
ထွက်မလာနိုင်ကြောင်း ပြောလိုက်တယ်။
အခုက အရမ်း နောက်ကျနေပြီမို့ ဒူးမားကသူအိပ်ချင်နေပြီ...မနက်ဖြန်မှ စကားပြောမယ်လို့ပြောလာတယ်၊ မနက်ဖြန် ကျရင်သူဒူးမားရဲ့အကြံပြုချက်ကို ငြင်းပယ်မယ်၊ ဒါပေမဲ့ ရှောင်ရီ တစ်ယောက် တညလုံး အိပ်မပျော်နိုင်ဖြစ်နေခဲ့ပြီး နောက်တနေ့ မနက် 5နာရီ ကျော်မှ အိပ်ပျော်သွားတယ်၊ဒူးမားဆီလည်း
မက်ဆေ့ ပို့လိုက်သေးတယ်၊မနက်ဖြန် သူ့ကို
ဆက်သွယ်ခိုင်းပြီးနောက် အိပ်ပျော်သွားခဲ့တယ်။
နောက်တနေ့ မနက် လုကျိုးကရှောင်ရီ ၏ခေါင်းကို ခေါင်းအုံး တစ်လုံးဖြင့်
ရိုက်ချလိုက်ရာ ကောင်းကောင်းကြီး
အိပ်ပျော်နေတဲ့ ရှောင်ရီ တစ်ယောက်
အိပ်ရာပေါ်မှ အလန့် တကြားခုန်ဆင်း
လိုက်မိတယ်။
လုကျိုးက နာရီဝတ်နေရင်း ပြောလာတယ်,
" ဥက္ကဋ္ဌဒူက ငါတို့ကို ကုမ္ပဏီလာခဲ့ပါတဲ့"
အိပ်ငိုက်နေတဲ့ ရှောင်ရီ တစ်ယောက်မျက်နှာသစ်ကန်ထဲမှရေတွေကို မှုတ်ထုတ်
မိရာ လုကျိုး ဝတ်ဆင်ထားတဲ့ ဝတ်စုံကိုပင်
စင်သွားတယ်။
နံနက်ခင်းတွင် လုကျိုး ကားကို စတင်မောင်းထွက်လာစဥ် အိပ်ငိုက်နေတဲ့ ရှောင်ရီ က
ယာဥ် ပိတ်ဆို့မှုအား အပြည့်အဝအခွင့်အရေးယူနေဆဲ။
"မင်းမနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလား?"
"မနက်5နာရီလောက်ကမှ အိပ်ပျော်သွားတာ"
ရှောင်ရီ ခုထိ အသိစိတ်တွေ ကမောက်ကမဖြစ်နေတုန်း။
" နေပါဦး...တနေကုန်မင်း ဦးနှောက်ကဘာအကြောင်းတွေများ အသည်းအသန်တွေး
နေရလို့လဲ?"
လုကျိုးက ရှောင်ရီ့ နဖူးလေးအား
လက်ညိုးလေးဖြင့်ထိုးထိကာပြောလာ
လေရာ...။
W2698
10.6.2022❤❤❤
......................................................................
[ Z ]
" ဘယ္သူကေၾကာင္..ဘယ္သူကႂကြက္လဲ?"
ေရွာင္ရီ တစ္ေယာက္ ခ်က္ျခင္းအေစာပိုင္းက
အရာေတြအားလုံး ခ်က္ျခင္း ေမ့သြားတယ္၊
ေငြ, ကုမၸဏီ, ဌာန, အသက္ေမြးဝမ္းေၾကာင္း,
သူ႕ရဲ႕ ပထမဆုံးတုံ႕ျပန္မႈက တကယ့္ကို
အျဖဴထည္သက္သက္ပဲ၊ ဒီဒရမ္မာမွာသာ
လီခ်န္းက်န္းေရာ လုက်ိဳးပါပါမယ္ဆိုရင္
အင္တာနက္မွာ႐ူးခါမတတ္နာမည္ႀကီး
သြားမွာ !
" မသိဘူးေလ...ငါခန့္မွန္းရသေလာက္
လုက်ိဳးက ပိုင္ယြီထန္ (ႂကြက္) အျဖစ္
သ႐ုပ္ေဆာင္လိမ့္မယ္, လီခ်န္းက်န္းက
ေတာ့ က်န္းေက်ာင္(ေၾကာင္ပ်ံ)ျဖစ္လိမ့္မယ္"
"လီခ်န္းက်န္းက ဇာတ္ကားႀကီးေတြခ်ည္းဘဲ
သ႐ုပ္ေဆာင္တာ တီဗြီက ဒရမ္မာ ဇာတ္လမ္းတြဲ
ကို တကယ္ႀကီး လက္ခံမွာတဲ့လား?"
ေရွာင္ရီ ေမးလိုက္မိတယ္။
" သူရိုက္မွာပါ...သ႐ုပ္ေဆာင္ေၾကး ျမင့္
တယ္ေလ...ငါေျပာခ်င္တာက တျခားေတာ့
မဟုတ္ဘူး, လုက်ိဳးလိုသာအကုန္စဥ္းစားေန
ရင္ေတာ့ ေနာင္ ႏွစ္ႏွစ္ေလာက္ထိဒရမ္မာေတြ
ကို ႐ုပ္ရွင္ကားႀကီးကမေက်ာ္လြန္နိုင္
ေလာက္ဘူး"
"ခ်ဲ့ကားမေျပာစမ္းနဲ႕...သူက အခု အရမ္းနာမည္ႀကီးေနတာပဲကို"
" သူက ေနာက္ထပ္႐ုပ္ရွင္ေတြ ထပ္ရိုက္ဖို႔
လိုတယ္,.ငယ္႐ြယ္ႏုပ်ိဳခ်ိန္ကေတာ့ ခ်မ္းသာတဲ့
သခင္ေလး ဒါမွမဟုတ္ ခပ္မိုက္မိုက္ ေကာင္ေလး အျဖစ္ သ႐ုပ္ေဆာင္လို႔ရၿပီး ဒရမ္မာေတြခ်ည္း ရိုက္ရမယ္,
ဒါေပမဲ့သူ႕ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္လဲ တိုးတက္ဖို႔
လိုတယ္, လီခ်န္းက်န္းကို ၾကည့္မယ္ဆို သူတို႔ တန္းတူေတြၾကားထဲမွာ ႐ုပ္ရွင္ဧကရာဇ္ ဆုကို ရထားတာပဲေလ"
"လူတိုင္းရဲ႕ အျမင္က မတူဘူး"
ေရွာင္ရီေျပာလာတယ္,
" ဒါက ႏွိုင္းယွဥ္လို႔မရဘူးေလ...လီခ်န္းက်န္းလည္း
အသက္ သုံးဆယ္ပဲမလား? သူလုက်ိဳးထက္ ငယ္လည္း
ႏွစ္ႏွစ္ေလာက္ေပါ့...ဟုတ္ၿပီ..တကၠသိုလ္အတူတူပဲဆို လီခ်န္းက်န္းနဲ႕လုက်ိဳးက အသက္အတူတူပဲ"
လီခ်န္းက်န္း က အသက္ 23 /24 ေလာက္
ပဲရွိတယ္ထင္ရေပမဲ့ လုက်ိဳးလည္းမအိုေသးဘူး၊ ေရွာင္ရီ အေတြးထဲမွာေတာ့ သူတို႔ ႏွစ္ေယာက္က အတူတူပဲ။
" သူတို႔ ႏွစ္ေယာက္က ေနရာခ်ိန္းရမွာ"
ဒူးမားက ၿပဳံး၍ ေျပာလာတယ္,
" လီခ်န္းက်န္းက ႐ုပ္ရွင္ကားႀကီးေတြ
သ႐ုပ္ေဆာင္သင့္တယ္, လုက်ိဳးက်
ေျမာက္မ်ားစြာေသာပရိသတ္ထုအတြက္
ဒရမ္မာေတြနဲ႕ ပိုသင့္ေတာ္တယ္"
" ငါလည္း အဲ့လို ေတြးမိတယ္,လီခ်န္းက်န္း
ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကအရမ္းေကာင္းတယ္,ဒါေပမဲ့ သူက် ႏူးႏူးညံ့ညံ့ေလး,သူတို႔ရဲ႕ အေနအထားကိုၾကည့္တာနဲ႕သူဒီဇာတ္႐ုပ္မွာ ဘယ္လို သ႐ုပ္ေဆာင္မလဲဆိုတာကို
ခန့္မွန္းနိုင္တယ္"
"လုက်ိဳးကလည္း သူ႕ကိုယ္သူေတာင္
သတိေမ့တဲ့အထိ သ႐ုပ္ေဆာင္နိုင္တယ္"
ဒူးမားက မတ္တပ္ထရပ္ၿပီး ,
"သြားၾကစို႔"
"ဒါေပမဲ့ လုက်ိဳးရဲ႕အေကာင္းမြန္ဆုံးအရည္အခ်င္းက သူ႕ကိုယ္သူဇာတ္႐ုပ္နဲ႕ အျပည့္အဝ ေပါင္းစပ္ထားတာလို႔
ငါထင္တယ္"
ေရွာင္ရီ ေျပာလာတယ္,
"သူက သူ႕ကိုယ္သူပဲရွိေနေသးတယ္လို႔
ထင္ေပမဲ့ သူ႕ရဲ႕ ၾသဇာအာဏာက ဇာတ္ေကာင္ အတိုင္း သက္ေရာက္မႈ ရွိတယ္, ၿပီးေတာ့ ဇာတ္ေကာင္ရဲ႕ စိတ္ေနစိတ္ထားအတိုင္းေျပာင္းလဲနိုင္တယ္၊ မင္းသိလား,သူေကာ္ဘင္အျဖစ္သ႐ုပ္ေဆာင္တုန္းကဆိုအရမ္း ေမွာ္ဆန္
တယ္,သူ႕ရဲ႕စိတ္ခံစားခ်က္ေတြ, သူ႕ရဲ႕ စိတ္ရႈပ္ေထြးမႈေတြအားလုံးကို ငါခံစားမိတယ္"
" ဟုတ္ပါၿပီ..သူတို႔ႏွစ္ေယာက္လုံးက အရည္အခ်င္းရွိပါတယ္, ေတာ္ေတာ့!သူကမင္းရဲ႕ နတ္ဘုရား မွန္းငါသိ
တယ္,မင္း ကေလသူ႕အေၾကာင္းသာ ေျပာရမယ္ဆို
ေနာက္ သုံးရက္ေလာက္ထိလည္း မရပ္မနား
ေျပာေနဦးမွာ...သြားစို႔...မင္း အိမ္ျပန္တာ
အရမ္း ေနာက္က်ရင္မင္းအဆူခံေနရဦးမယ္"
......
ည 12နာရီ သန္းေခါင္အခ်ိန္!
" မင္းတို႔ ဘာေတြ မ်ား ေျပာေနၾကတာလဲ?'
လုက်ိဳး တစ္ေယာက္သံသယေတြနဲ႕ ေရွာင္ရီ႕ ကို
စိုက္ၾကည့္တယ္။
"ဘာမွမဟုတ္ပါဘူး"
ေရွာင္ရီ Ipadကို ပြတ္ဆြဲကာ ဓာတ္ပုံေတြ
ၾကည့္ရင္း စကားေျပာဖို႔ရာကို ေတြးေနမိတယ္၊
ထိုအခ်ိန္လုက်ိဳးထေအာ္လာတယ္,
" Amazonကို ဝင္ေလ, မင္းဘာလို႔ ဒီေလာက္ျမန္ျမန္ ဆြဲခ်ေနတာလဲ!"
ေရွာင္ရီ မေက်မနပ္ျဖင့္ အေနာက္သို႔ ျပန္ဆြဲလိုက္တယ္။
" အိုး? ဘာမွမေျပာဘူးဆိုေတာ့ မင္းတို႔
ႏွစ္ေယာက္က အဲ့မွာ တစ္ညလုံးထိုင္ေနၾကတာလား?
အရမ္းေကာင္းပဲ, ႏႈတ္ဆက္စကားေလးေတာင္ မင္းက မေျပာဘူးေပါ့?"
"Lafite နဲ႕ Louis XVအေၾကာင္း ေျပာတယ္"
(T/N..ကိုယ္ရွာၾကည့္ေတာ့ အရက္ေတြ
ထြက္လာပါတယ္၊ေစ်း အရမ္း ႀကီးတဲ့
အရက္ေတြပါ)
" ၾကည့္ဦး...အိမ္မွာ အစာငတ္ေရငတ္ေနခဲ့ရတဲ့
ေရွာင္လုေလးအတြက္ အႂကြင္း အက်န္ေလးေတြ
ဘာလို႔ ပါဆယ္မဆြဲခဲ့တာလဲ ?"
ေရွာင္ရီ :"........"
ေရွာင္ရီ ေတြးေနမိသည္က... ေကာက ဒူးမားကို မနာလိုျဖစ္ေနတာလား?ေမြးေန႕ က်င္းပဖို႔လာတုန္းက ဒူးမားဆီ အေျပးသြားခဲ့တာကိုမ်ား သိေနခဲ့တာလား?ေကာသာ လီခ်န္းက်န္း နဲ႕လက္ဆြဲႏႈတ္ဆက္တာကိုမ်ား သိရင္
ခပ္ေဝးေဝးကိုမ်ားဆြဲၿပီး လႊင့္ပစ္ေလာက္တယ္၊
Ipadေလးေတာင္ မွိတ္တုတ္မွိတ္တုတ္ ေလးျဖစ္ၿပီး
ပါဝါေပ်ာက္သြားေလာက္တယ္။
"ဒူးမားက အရမ္း ခ်မ္းသာတယ္ေပါ့?
...Lafiteေတာင္ေသာက္နိုင္တယ္"
" ဘယ္ကသာ...သူမေသာက္နိုင္ပါဘူး,
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ခုတေလာ
ျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းေတြကို
ျပန္ေျပာျဖစ္ၾကတယ္"
လုက်ိဳးမယုံဘူး, ဒါေပမဲ့သူဘာေတြေတြး
ေနလဲဆိုတာကိုသိနိုင္ဖို႔ေရွာင္ရီဗိုက္ထဲမွပိုးမႊားေတြ
ကိုလည္း မေမႊႏွောက္နိုင္ဘူး၊မထင္မွတ္ပဲ, ေရွာင္ရီ က
ေတာ့ စစ္ပြဲတစ္ခုႏွင့္ထိပ္တိုက္ ေတြ႕ ေလၿပီ၊.ဒူးမားရဲ႕
႐ုပ္သြင္ကနတ္ဆိုးအသြင္ဆိုးသြမ္းစြာၿပဳံးျပေနၿပီး
အိန္ဂ်ယ္ကဲ့သို႔လုက်ိဳးမ်က္ႏွာေလးကလည္း
လက္ႏွစ္ဖက္ေလးယွက္ရင္း ဟာေလယုယ် အသြင္ျဖင့္
ေပၚလာတယ္။နတ္ဆိုးေလး ဒူးမားက ေရွာင္ရီ႕ အား ပိုက္ဆံရွာဖို႔, မိသားစု တစ္ခု ထူေထာင္ၿပီး အသက္ေမြးေၾကာင္း အလုပ္ကို ေျပာင္းလဲဖို႔ ေျပာတယ္, သူေဌးျဖစ္လာရင္ ေဘဂ်င္းမွာ အိမ္ဝယ္ဖို႔ နဲ႕ လုက်ိဳးကို အခ်ိန္မေ႐ြး ေက်းဇူး ျပန္ဆပ္နိုင္ေၾကာင္း ေျပာတယ္၊ဒါေၾကာင့္ သူနာမည္က်တဲ့အထိ၊ေက်းဇူးရွင္ကို ေက်းဇူးဆပ္ဖို႔...အဲ့ဒီအခ်ိန္
နတ္သမီးေလး လုက်ိဳးက ေျပာလာတယ္,
ေရွာင္ရီ.....
ငါကမင္းရဲ႕ male god ...
ငါက မင္းရဲ႕ နတ္ဘုရား...
မင္းရဲ႕ နတ္ဘုရားကြ...
Male god...
နတ္ဘုရားကြ...
ေရွာင္ရီ :"....."
လုက်ိဳး ေရွာင္ရီ႕ကို စူးစူးစိုက္စိုက္
ၾကည့္ေနတယ္။
" ဆက္ဆြဲ "
လုက်ိဳး ေျပာလာတယ္,
" မင္း ေသာကေရာက္ေနတာလား?"
လုက်ိဳးတစ္ေယာက္သူ၏သ႐ုပ္ေဆာင္စြမ္းရည္ ကို ျပဳစုပ်ိဳးေထာင္ရန္အတြက္ေမြးရာပါအရည္အခ်င္းအမ်ားစုကို
အသုံးျပဳေနသည္ဟု ခံစားရၿပီးႏႈတ္ျဖင့္တိုက္ခိုက္ျခင္းစြမ္းရည္ကိုပါ မေမ့မေလ်ာ့ အသုံး ျပဳခဲ့ေသးတယ္၊
အကယ္၍မ်ား သူသာ Talk Showအစီအစဥ္တြင္ တင္ဆက္နိုင္သူျဖစ္ပါက ေဖ်ာ္ေျဖေရး သမား ေတြ အေပၚကို တစ္တစ္ခြခြ ေျပာနိုင္သူ ျဖစ္ေနေပလိမ့္မည္။
စိတ္ဓာတ္က်ေနသာေရွာင္ရီ တစ္ေယာက္
လုက်ိဳး အနီးမွထြက္ခြာရမည္ကို စဥ္းစားမိခ်ိန္သူ႕ႏွလုံးသားေလးဝမ္းနည္းမႈတို႔ျပည့္ႏွက္လာတယ္၊လုက်ိဳး
က ေရွာင္ရီ ထူးဆန္းေနတာကို သိေပမဲ့ ထိုအရာကို
ထုတ္ေျပာမလာခဲ့၊သိပ္မၾကာမီမွာပဲ ေရွာင္ရီ မီးပိတ္ကာ အိပ္ရာဝင္ရန္ အခန္းထဲသို႔ လာလိုက္တယ္။
ေရွာင္ရီ အခန္းထဲ၌တစ္ေယာက္တည္း
လဲေလ်ာင္းေနၿပီး အျပင္ဘက္မွအလင္းေရာင္ျပျပက ခန္းဆီး ကန့္လန့္ကာမ်ားမွတဆင့္ တိုးဝင္လာတယ္, လုက်ိဳး အ႐ုပ္ႀကီး ေပၚသို႔သူ႕ေျခေထာက္ႏွစ္ေခ်ာင္း
အား ခ်ိတ္ဆြဲထားတယ္၊ လုက်ိဳးေပးခဲ့တဲ့ ပထမဆုံးလစာေဒၚလာ80000မွသူ႕ရည္းစားေဟာင္း အတြက္ ဝယ္ယူခဲ့သည့္ ေဒၚလာ12000 တန္စိန္လက္စြပ္ေလးကို အ႐ုပ္ေလးတြင္ဝတ္ဆင္ေပးထားတယ္။
လက္စြပ္ေလးမွ အလင္းတန္းေလးမ်ားျဖာထြက္ေနလ်က္ လက္စြပ္ဝတ္ဆင္ထားတဲ့ အ႐ုပ္လက္ေလးကို ဆြဲယူကာ ခ်စ္ျခင္း ေမတၱာျပည့္လွ်ံစြာပင္ၾကည့္ေနလိုက္မိတယ္။
ေရွာင္ရီ ခ်ီဘီ႐ုပ္ေလးရဲ႕ ခ်ည္သားအ႐ုပ္လက္ေလးကို ဆြဲကိုင္ကာ ေငးၾကည့္ေနမိရင္း ခုလိုခ်ိန္မွာ သူ႕အတြက္
စကားေျပာေဖာ္ေလး လိုအပ္ေနတယ္၊ ပုံမွန္အားျဖင့္ သူ႕မွာ ျပႆနာတစ္ခုခုရွိရင္ လုက်ိဳး နဲ႕ ေဆြးေႏြးခ်င္
တယ္၊လုက်ိဳးကို ေျပာျပတဲ့အခါ လုက်ိဳးက သူဆုံးျဖတ္ခ်ဖိဳ႕ ကူညီေပးနိုင္တယ္။ဆူပူႀကိမ္းေမာင္းလာမည္ ဆိုေစဦး သူ႕အတြက္ ျပႆနာကိုေတာ့ ေျဖရွင္းေပးနိုင္ေသးတယ္။
သူတကယ္ႀကီး လုက်ိဳးကို ေျပာျပခ်င္ေနၿပီ၊
ေျပာလိုက္မယ္ဆိုရင္ သူ႕ စိတ္ေတြ ေအးခ်မ္း
သြားလိမ့္မယ္၊ အကယ္၍မ်ား လုက်ိဳးကသာထိုအႀကံကို လက္မခံရင္ ဒူးမားရဲ႕ အႀကံျပဳခ်က္အေၾကာင္း သူ႕ကို
ထပ္ေလာင္း ေျပာျပလို႔ ရနိုင္မယ္။
ေရွာင္ရီ စၾက္ံလမ္းကို ေပါ့ပါးစြာပဲ နင္းျဖတ္လာတယ္။
"က်ိဳးေကာ..ေကာ အိပ္ေနၿပီလား?"
ေရွာင္ရီ တိုးတိုးေလး ေမးလိုက္တယ္။
တံခါးတဖက္ျခမ္းမွ မည္သည့္တုံ႕ျပန္သံမွ
မၾကားရဘူး။ ေရွာင္ရီ တံခါးနားကို ကပ္လိုက္ၿပီး
နားစိုက္ေထာင္ခ်ိန္ တံခါး႐ုတ္တရက္
ပြင့္သြားတယ္, လုက်ိဳးက အျခားတဖက္ျခမ္း
၌ ထုံနိဘာေဝျဖင့္ ရပ္ေနခ်ိန္ ေရွာင္ရီ
တစ္ေယာက္ ခ်က္ျခင္းပင္ အတြင္းဘက္
သို႔ ဟပ္ထိုးလဲက်ခ်ိန္ မေတာ္တဆ
ကိုင္မိကိုင္ရာ ဆြဲကိုင္ရာမွလုက်ိဳးရဲ႕
ညဝတ္ေဘာင္းဘီ ကိုဆြဲမိရာထိုေဘာင္းဘီပါ
ေအာက္သို႔ေလွ်ာက် သြားခဲ့တယ္။
လုက်ိဳး :"......."
ေရွာင္ရီ အလ်င္အျမန္ေတာင္းပန္လိုက္
တယ္၊လုက်ိဳးကေတာ့ အလ်င္စလို ပင္သူ႕ေဘာင္းဘီကို ျပန္ေကာက္ဝတ္လ်က္မ်က္ႏွာတြင္မူစိတ္အဆင္မေျပမႈ မ်ားျဖင့္ျပည့္ႏွက္ေနတယ္။
" မင္းဘာျဖစ္ခ်င္ေနတာလဲ?"
လုက်ိဳး ေျပာလာတယ္။
" ေကာ...ေကာရဲ႕ တံခါးက ရီမုနဲ႕ ထိန္းထားတာ မဟုတ္ဘူးလား?...ဘာလို႔ေကာကိုယ္တိုင္လာဖြင့္....."
"ငါေအာက္ဆင္းၿပီး ေရေသာက္မလို႔"
ေရွာင္ရီ အလ်င္အျမန္ပဲ,
" ကြၽန္ေတာ္ေရသြားယူေပးမယ္"
ေရွာင္ရီ ေအာက္ထပ္သို႔ ဆင္းကာေရေအးေအးေလး တစ္ခြက္ထည့္ကာ အေပၚျပန္တက္လာခဲ့တယ္၊လုက်ိဳးက ေရကိုယူေပမဲ့ မေသာက္ဘူး၊ ႏွစ္ေယာက္သားတံခါးဝ၌
ရပ္ေနဆဲပဲ၊ ေလေအးေပးစက္ဖြင့္ထားေပမဲ့ေလထုက ပူႏြေးလာတယ္၊ လုက်ိဳး ရဲ႕ညဝတ္အက်ီက ၾကယ္သီး မတပ္ထားတာမို႔ ရင္အုပ္ႂကြက္သားေတြနဲ႕ ဝမ္းဗိုက္ႂကြက္သားေတြကို ေဖာ္ျပထားသလို ျဖစ္ေနၿပီး ေရွာင္ရီကေတာ့
အေပၚပိုင္းဗလာျဖစ္ေနလ်က္ ညဝတ္ေဘာင္းဘီ ေလး တထည္သာဝတ္ထားတယ္။
လုက်ိဳး မ်က္ခုံးေတြကို ပင့္တင္လိုက္တယ္,
" ?"
ေရွာင္ရီ တခ်က္စဥ္းစားၿပီး ,
" ကြၽန္ေတာ္...ကြၽန္ေတာ္ေကာကို ေျပာခ်င္တာတစ္ခု
ရွိတယ္"
"ဟုတ္ၿပီ"
ခတၱခဏမွ်တိတ္ဆိတ္သြားျပန္တယ္,
ေရွာင္ရီ လုက်ိဳးကို ထိတ္လန့္စြာပဲ ေမာ့ၾကည့္
လိုက္မိတယ္။
" မင္း ဘာေျပာခ်င္လို႔လဲ?"
လုက်ိဳး ေရွာင္ရီကို ေမွ်ာ္တလင့္လင့္ျဖင့္
ၾကည့္ေနဆဲ။
ေရွာင္ရီ :"......."
ေရွာင္ရီ ႏႈတ္ခမ္းေတြကို သပ္လိုက္ၿပီး
လုက်ိဳးရဲ႕ အၾကည့္ေတြကို ေရွာင္လိုက္တယ္၊
စၾက္ံ လမ္း အဆုံးဖက္မွ မီးအေရာင္က
သူတို႔ ခႏၶာကိုယ္ေပၚ ျဖာက်လ်က္ရွိတယ္။
လုက်ိဳးရဲ႕ မ်က္လုံးေတြက စိတ္မသက္မသာ
ျဖစ္မႈ ႏွင့္အတူ စိုးရိမ္ပူပန္မႈတို႔ ျပည့္ႏွက္ေန
လ်က္ ေရွာင္ရီ ေခါင္းေလးကိုလက္ေလး
ျဖင့္ ပြတ္သပ္ရင္းေျပာလာတယ္၊
" ဘာျဖစ္ေနတာလဲ ? ဒါကမင္းပုံစံ
မဟုတ္ပါဘူး"
ေရွာင္ရီ ႏွလုံးသားေလး အရွိန္အဟုန္ျပင္းစြာ ခုန္ေပါက္ေနတယ္၊သူ႕ေခါင္းေလးကို ထိကိုင္လိုက္တဲ့ လုက်ိဳးရဲ႕ ပုံစံေလးကလည္းႏြေးေထြး ႏူးညံ့ လြန္းေနတယ္၊စကၠန့္ ပိုင္း ေလး အတြင္းမွာပဲ ကမၻာႀကီးတစ္ခုလုံး ခ်စ္ျခင္း ေမတၱာတရားတို႔၏ အံ့ၾသဖြယ္ရာ ျပယုဂ္ျဖစ္လာသကဲ့သို႔ ေရွာင္ရီ တစ္ေယာက္ အသက္႐ူပင္ရပ္မတတ္ျဖစ္လာၿပီ။
".လာအထဲဝင္ၿပီး ေျပာ"
လုက်ိဳး ေရတစ္ခြက္ကိုင္ကာ အခန္းထဲသို႔
ျပန္ဝင္သြားခ်ိန္ ေရွာင္ရီ ေျပာလိုက္မိတယ္,
" မဟုတ္ဘူး...မဟုတ္ဘူး....ေက်းဇူးပါ...မနက္ျဖန္မွ ေျပာေတာ့မယ္...ဂြတ္နိုက္ပါ...က်ိဳးေကာ"
"မင္းေနမေကာင္းဘူးထင္တယ္!"
လုက်ိဳး ရယ္ေမာရင္း မ်က္ရည္ေတြလည္းဝဲေနတယ္။
ေရွာင္ရီ :"......"
ေရွာင္ရီလည္း မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖင့္သူ႕အခန္းဆီသို႔ ျပန္လာခဲ့လိုက္တယ္၊လုက်ိဳးအ႐ုပ္ကို ေပြ႕ဖက္ၿပီး ဖုန္းကိုကိုင္ကာ စိုက္ၾကည့္ေနမိတယ္၊ ဒူးမားကို ဖုန္းေခၚဖို႔ရာ
ဆုံးျဖတ္လိုက္တယ္၊ သူတကယ္ႀကီးအဆင္သင့္
မျဖစ္ေသးတဲ့အျပင္ သူလုက်ိဳးအနားက
ထြက္မလာနိုင္ေၾကာင္း ေျပာလိုက္တယ္။
အခုက အရမ္း ေနာက္က်ေနၿပီမို႔ ဒူးမားကသူအိပ္
ခ်င္ေနၿပီ...မနက္ျဖန္မွ စကားေျပာမယ္လို႔ေျပာလာတယ္၊ မနက္ျဖန္ က်ရင္သူဒူးမားရဲ႕အႀကံျပဳခ်က္ကို ျငင္းပယ္မယ္၊ ဒါေပမဲ့ ေရွာင္ရီ တစ္ေယာက္ တညလုံး အိပ္မေပ်ာ္နိုင္
ျဖစ္ေနခဲ့ၿပီး ေနာက္တေန႕ မနက္ 5နာရီ ေက်ာ္မွ အိပ္ေပ်ာ္သြားတယ္၊ဒူးမားဆီလည္းမက္ေဆ့ ပို႔လိုက္ေသးတယ္
၊မနက္ျဖန္ သူ႕ကို ဆက္သြယ္ခိုင္းၿပီးေနာက္ အိပ္ေပ်ာ္သြားခဲ့တယ္။
ေနာက္တေန႕ မနက္ လုက်ိဳးကေရွာင္ရီ
၏ေခါင္းကို ေခါင္းအုံး တစ္လုံးျဖင့္
ရိုက္ခ်လိဳက္ရာ ေကာင္းေကာင္းႀကီး
အိပ္ေပ်ာ္ေနတဲ့ ေရွာင္ရီ တစ္ေယာက္
အိပ္ရာေပၚမွ အလန့္ တၾကားခုန္ဆင္း
လိုက္မိတယ္။
လုက်ိဳးက နာရီဝတ္ေနရင္း ေျပာလာတယ္,
" ဥကၠ႒ဒူက ငါတို႔ကို ကုမၸဏီလာခဲ့ပါတဲ့"
အိပ္ငိုက္ေနတဲ့ ေရွာင္ရီ တစ္ေယာက္မ်က္ႏွာသစ္ကန္ထဲမွေရေတြကို မႈတ္ထုတ္မိရာ လုက်ိဳး ဝတ္ဆင္ထားတဲ့
ဝတ္စုံကိုပင္စင္သြားတယ္။
နံနက္ခင္းတြင္ လုက်ိဳး ကားကို စတင္ေမာင္းထြက္လာစဥ္ အိပ္ငိုက္ေနတဲ့ ေရွာင္ရီ က ယာဥ္ ပိတ္ဆို႔မႈအား အျပည့္အဝအခြင့္အေရးယူေနဆဲ။
"မင္းမေန႕ညက ေကာင္းေကာင္း အိပ္မေပ်ာ္ဘူးလား?"
"မနက္5နာရီေလာက္ကမွ အိပ္ေပ်ာ္သြားတာ"
ေရွာင္ရီ ခုထိ အသိစိတ္ေတြ ကေမာက္ကမျဖစ္ေနတုန္း။
" ေနပါဦး...တေနကုန္မင္း ဦးေႏွာက္က
ဘာအေၾကာင္းေတြမ်ား အသည္းအသန္ေတြး
ေနရလို႔လဲ?"
လုက်ိဳးက ေရွာင္ရီ႕ နဖူးေလးအား
လက္ညိုးေလးျဖင့္ထိုးထိကာေျပာလာ
ေလရာ...။
W2698
10.6.2022❤❤
......................................................................