.[ U ]
ဒူမိုင်ပြောလာတယ်,
" [ Iron Horse Glacier ] ကထုတ်လွှင့်ခွင့်
မရတဲ့အချိန် websiteတွေလည်း ထုတ်လွှင့်
ခွင့်မပေးသေးဘူး, ဒီနှစ်ထဲကဒရမ်မာတွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးမယ်
ပြောတယ်"
လုကျိုး :" အာ"
"ဘာလို့လဲ?!"
ထိုစကားကို ကြားတဲ့အခါ လုကျိုးနဲ့ ဒူမိုင်တို့
အချိတ်အဆက်မိသွားတယ်၊
" ထုတ်လွှင့်ခွင့်မရတာလား?"
ဒူမိုင် : "ပြောရခက်တယ်"
ရှောင်ရီ : " ဝိုး...ဘာလို့လဲ?"
"လူမျိုးရေး ကိစ္စတွေပေါ့"
ဒူမိုင် ပြောလာတယ်,
" သမိုင်းကြောင်းဒရမ်မာတွေ, ဧကရာဇ် တွေနဲ့ ဗိုလ်ချုပ်တွေရဲ့ ကိစ္စတွေကို အရေးတကြီးပြန်သုံးသပ်ရမယ်, ဘာကိစ္စမှမရှိတောင်
ဆင်ဆာဖြတ်နေတာမို့ ဒါကပုံမှန်ပဲလေ"
ရှောင်ရီ : " ဒါဆို ဘာလုပ်ကြမလဲ?"
ရှောင်ရီ အတွေးထဲမှာတော့...
ဝူး...ဝူး....ကျေးဇူးပြုပြီး မဟုတ်ဘူးနော်...
ငါ ပထမဆုံး ရုပ်ရှင်လေးဝင်ရိုက်တဲ့အခါမှ
အဲ့ဇာတ်ကားက ထုတ်လွှင့်ခွင့်မရဘူးတဲ့လား?
" အဲ့ဒီလို ဒရမ်မာဇာတ်ကားတွေကို ရိုက်ဖို့
သန်း80ကျော်လောက် ငွေသုံးရတယ်လေ,
ထုတ်လုပ်သူတွေ အထိတ်တလန့်ဖြစ်ရမှာကို
ဥက္ကဌက ဘာဖြစ်နေတာလဲ?"
"ရုပ်သံလွင့်ဌာနလည်း ထိတ်လန့်တကြားပဲ...
N TVလေ"
ရှောင်ရီ က ရယ်စရာကောင်းတယ်လို့ ရုတ်တရက်ခံစားလိုက်ရတာမို့ မေးလိုက်တယ်,
" ဒါဆို လွှင့်လို့ ရပါ့မလား?"
"လာဘ်ထိုးရတာပေါ့"
ဒူမိုင်ပြောလာတယ်,
" ဇာတ်ကား ချိတ်ဆက်မှုပေါ်မူတည်တယ်,
ဖြတ်တာ , ပြန်ပြင်တာတွေအတွက် ဒီနှစ်ရဲ့
သုံးသပ်ချက်က ပိုတင်းကြပ်တယ်, ပြောရမယ်ဆို အန္တရာယ်ရှိတယ်လို့ပြောလို့ရတယ်"
"...ဒါရိုက်တာကော်ရဲ့ရုပ်ရှင်ကိုလည်း ဆင်ဆာဖြတ်နိုင်တယ်သေးတယ်မလား?"
ဒူမိုင်က ကူကယ်ရာမဲ့စွာ ပြောလာတယ်,
" မင်းသရုပ်ဆောင်တဲ့ အခန်းကိုမှ ဖြတ်သွားတာ"
ရှောင်ရီ : " ဘာလို့လဲ? သူက သစ္စာဖောက်အခန်းကို ဖြတ်တာလား?"
လုကျိုး ဒေါသတကြီးပြောလာတယ်,
"ငါ သစ္စာဖောက်တစ်ယောက်လိုသရုပ် ဆောင်တယ်လို့ မင်းရဲ့ဘယ်မျက်လုံးတွေနဲ့
မြင်လို့လဲ?"
ဒူမိုင်က သူ့လက်ထဲမှဇာတ်ညွန်းကို လှန်လှောကြည့်ပြီး ,
" အဲ့ဒါက ထုတ်လုပ်သူကိုယ်တိုင် ငါ့ကို
ပြောလာတာ...ဇာတ်ကောင် ရှုဖန်းရန်က
သူ့ကိုယ်သူ လျှို့ဝှက်ထားတဲ့ အချိန်မှာ
အများလူတွေရဲ့ အမြင်မှာ ဆိုးဝါးတဲ့
ကိစ္စတချို့ ရှိနေခဲ့တယ်"
ရှောင်ရီ : " ဒါပေမဲ့ သူကောင်းကောင်းကြီးလျှို့ဝှက်ထားခဲ့တာပဲမလား?"
"အဲ့ဒါတော့ အမှန်ပဲ"
ဒူမိုင်ပြောလာတယ်,
" တချို့ အမြင်တွေက အငြင်းပွားစရာတွေ ဖြစ်နေတာမို့ ပြတ်ပြတ်သားသားပြောလို့မရဘူး၊ ဒါရိုက်တာကော်က ဇာတ်ကွက်တွေကို
လူတိုင်း အကောင်းမြင်ပေးတဲ့နေရာထိ
ဖြတ်လိုက်မယ်ဆိုဒီဒရမ်မာကိုလူတိုင်း ကြိုက်ကြမှာ,ဒီနှစ်ဆို မယ်ရီစုဇာတ်ကား
တွေပဲ အလုံခြုံဆုံးဖြစ်လောက်တယ်,
တားမြစ်ထားတာတွေ,သွေးထွက်သံယို
အဆင့်သတ်မှတ်ချက်တွေကိုခွင့် မပြုဘူး"
"ဒါဆို..."
ဒူမိုင် လုကျိုးကို အားကိုးရာမဲ့စွာကြည့်ပြီး
ပြောလာတယ်,
" ဒီနှစ်ကျ မင်းရဲ့ ဒရမ်မာ တစ်ခုတည်းပဲ
ထုတ်လွှင့်နိုင်ဖို့ကို ကြိုးစားနေရတာ မင်းနားလည်လား?"
လုကျိုး :" ဘာပဲဖြစ်ဖြစ်, သူတို့
ဆင်ဆာ ဖြတ်မှာပဲလေ"
ဒူမိုင်ဘာမှမပြောနိုင်တော့သလိုလုကျိုး
ကလည်းသိပ်ဂရုမစိုက်ဘူး၊ ဒူမိုင်ရဲ့စီမံ
ခန့်ခွဲမှု အောက်၌အခြားသောအနုပညာ
ရှင်ဆယ်ယောက်ခန့်ရှိနေသော်လည်း
ရင်းနှီးကျွမ်းဝင်မှု အနေအထားကွဲပြား
ပြီးအဆင့်ခြင်းလည်းမတူတာမို့ရှောင်ရီ
ဒူမိုင်ရဲ့ရုံးခန်းဆီသို့ ဝင်လာတဲ့အခါတိုင်း
ဒူမိုင်ရဲ့အလုပ်တွေကိုအနှောင့်အယှက်
မဖြစ်စေဘဲ သူမ ဖုန်းပြောသည်အား
ပြီးအောင်စောင့်ဖို့ ရာ ထောင့်တစ်နေရာ၌
ထိုင်ကာ ဒူမိုင်ဝင်ခွင့်ပြုမှဝင်ရတဲ့ ရိုးရိုးမန်နေဂျာတွေလိုလည်း မဟုတ်ဘူး။
ဤနှစ်လသုံးလအတွင်း လုကျိုးတစ်ယောက်
မည်သည့်ဒရမ်မာကိုမှ မရိုက်ချင်ခဲ့၊ယခင်အလုပ် များလည်း အားလုံးပြီးစီး ပြီဖြစ်သောကြောင့် အနားယူခြင်းက အဆင်ပြေတယ်၊
လုကျိုးက ကာယနည်းပြကို ရှာဖို့ ဘေးခန်းသို့ သွားတယ်၊ရှောင်ရီကလည်း လုကျိုးရဲ့
အကျီကို ယူကာ ရုံးခန်းထဲမှ ထွက်ဖို့ပြင်ချိန်
ဒူမိုင်မေးလာတယ်၊
" လာဦး...ငါမင်းကို မေးစရာရှိတယ်,ငါ့ကို
အမှန်အတိုင်းပြောရမယ်နော်"
ရှောင်ရီ :" ?"
ဒူမိုင် : " လူကျိုး အခုတလော ချိန်းတွေ့တာမျိုးရှိလား?"
ရှောင်ရီ : " ???"
"မရှိပါဘူး....မရှိလောက်ပါဘူး"
ဒူမိုင် :" ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ...
ငါလုကျိုးကို ပြန်မပြောဘူး"
" တကယ်မရှိဘူး...ဘာလို့ ရုတ်တရက်ကြီး
ခုလိုမေးတာလဲ?"
"သူက တကယ်ကြီးအားလပ်ရက်ကို သုံးလတောင်တောင်းနေတာ...ဘေဂျင်းကနေလည်း ဘယ်မှမသွားဘူးတဲ့...သူခုတလော အရမ်း
ထူးဆန်းနေ တယ်လို့ မထင်ဘူးလား?
လေသံက အစနူးနူးညံ့ညံ့လေး ဖြစ်နေတာ"
ရှောင်ရီ : " ဟုတ်လား...တကယ်ထူးဆန်းနေတာလား?"
ဒူမိုင် : " သူညဘက်တွေ အပြင်ထွက်လား?"
ရှောင်ရီ ခေါင်းခါပြလိုက်ပြီး ဒူမိုင်ထပ်မေး လာပြန်တယ်၊
"သူ အသစ်တစ်ယောက်ယောက်များ
တွေ့နေလား? မကြာခဏဖုန်းပြောနေတာ
မျိုးရော ရှိလား?"
ရှောင်ရီ : " သူ ကျန်းရှောင်ကုန်းတို့
အုပ်စုနဲ့ မကြာခဏ ဖုန်းပြောနေတာတွေ့
ပေမဲ့အခုတော့ ဖုန်းသိပ်မပြောတော့သလို
ဘဲ၊ရိုက်ကူးရေး ပြီးကတည်းကဒီရက်ပိုင်း
သူဖုန်းတောင် မကိုင်ဖြစ်ဘူး"
"ဒါဆို မင်းတို့နှစ်ယောက်အိမ်မှာ
ဘာလုပ်ကြလဲ?"
" နေ့တိုင်း လေ့ကျင့်ခန်းလုပ်တယ်,ဂိမ်းကစား ကြတယ်,တခါတလေအစားအသောက်တွေအပြင်ထွက်ဝယ်တယ်,အိမ်ပြန်ရောက်ရင် အစားအသောက်တွေ ချက်စားကြတယ်,
စားပြီးရင် အင်တာနက် သုံးကြတယ်,
ဒါမှမဟုတ် ရုပ်ရှင်ကြည့်ကြတယ်"
ဒူမိုင် : " ဟမ်?"
လုကျိုး တံခါးခေါက်ပြီး ပြောလာတယ်,
"ဘာလုပ်နေကြတာလဲ?"
ဒူမိုင် : " ဘာမှမဟုတ်ဘူး, ဇာတ်ဝင်တေးနဲ့
ပတ်သက်ပြီး မေးနေတာ"
လုကျိုးက ရှောင်ရီကို မယုံသက်ာဖြင့် ကြည့်ပြီး ဘာမှမပြောဘဲ ခေါ်သွားခဲ့တယ်။
အိမ်အပြန်လမ်း ကားပိတ်နေချိန် လုကျိုး
ပြောလာတယ်,
" ဒူမိုင်ဘာပြောလိုက်လဲ?"
"ဘာမှမဟုတ်ဘူး...ဇာတ်ဝင်တေး အကြောင်း မေးတာ"
လုကျိုး သူ့နေကာမျက်မှန်ကို ချွတ်လိုက်ပြီး
ကားရှေ့ ဒက်ဘုတ်ပေါ်ပစ်တင်လိုက်တယ်၊
ရှောင်ရီ့ကို ဆူပူကြိမ်းမောင်းဖို့ရာရည်ရွယ်ထားပေမဲ့ ရုတ်တရက်နူးညံ့စွာပဲမေးလာတယ်၊
" မင်း ငါ့ကို အမှန်အတိုင်းပြော...ငါမင်းကိုဆူလည်းမဆူဘူး၊ ဒူမိုင်ကိုလည်းပြန်မပြောဘူး"
ရှောင်ရီ : " ဟုတ်ကဲ့ပါ...သူက ကျိုးကောရဲ့
အချစ်ရေး အကြောင်း မေးတာ"
လုကျိုး တစ်ယောက်ချက်ခြင်းပင်ထပေါက်ကွဲပါလေရော၊
" မင်းရဲ့ သူဌေးက ဘယ်သူလဲ ဆိုတာကိုရော
မင်းသိလား?အာ?! မင်း အလုပ်ထွက်ချင်တာလား! အသေးအမွှားကိစ္စတိုင်းကို သတင်းပို့ဖို့
ဒူမိုင်ဆီကို တနေ့လုံးသွားနေတာ၊မင်း!....
သေချင်နေတာလား?"
ရှောင်ရီ မျက်နှာက ကြောက်ရွံ့မှုအပြည့်
နှင့်ရှိနေလျက်လုကျိုးရဲ့အသံကြောင့်
ပြတင်း ပေါက်ဘက်သို့ကပ်သွားတယ်၊
" ကျွန်တော်ဘာမှမပြောဘူး!"
ရှောင်ရီ အလျင်စလို ပြောလိုက်တယ်,
" သူမေးတုန်းကလည်းကျွန်တော်ဘာမှမသိဘူးလို့ ပဲ ပြောခဲ့တယ်, ကျိုးကောဒေါသထွက်သွားမှာကိုလည်း ငါကြောက်တယ်"
"သေချာတာပေါ့..ငါစိတ်ဆိုးမှာ! ငါ့အသက်သုံးဆယ်မတိုင်ခင်ထိ ငါဘာမှမလုပ်ရဘူးလို့
တားမြစ်ခံရပေမဲ့ အခုကျမှ အချစ်ဇာတ်လမ်း
စဖို့ ကို လာတိုက်တွန်းနေတော့ ငါ့ကို သေအောင် ကစားဖို့ ကြိုးစားနေတာလား!"
"အာ? ....ဘာဖြစ်လို့လဲ? အနုပညာရှင်တွေက
နောက်ကျမှ အိမ်ထောင်ပြုလေ ကောင်းလေပဲ မဟုတ်ဘူးလား?"
လုကျိုး စိတ်မရှည်စွာပြောလာတယ်,
" အိမ်ထောင်ပြုနောက်ကျတာကောင်းတယ်, ဒါပေမဲ့ ရည်းစားမရှိဘူးဆိုရင်လည်း ပရိသတ်တွေက ဂေးလို့ပြောကြဦးမယ်,
နားလည်လား?"
"အာရိုး...သူတို့ဘာသာဘာပဲပြော
ပြောဂေးဖြစ်ရတာပိုမကောင်းဘူးလား၊
ချစ်စရာလေးပဲလေ၊အရင်တုန်းက
ကျွန်တော်တို့ဌာနမှာဆိုအများကြီးရှိတယ်,
ဒါကမထူးဆန်းဘူး...ဖြစ်တတ်တာပဲ"
လုကျိုး :"....."
18.5.2022
........................................................................
[ Z ]
ဒူမိုင္ေျပာလာတယ္,
" [ Iron Horse Glacier ] ကထုတ္လႊင့္ခြင့္
မရတဲ့အခ်ိန္ websiteေတြလည္း ထုတ္လႊင့္
ခြင့္မေပးေသးဘူး, ဒီႏွစ္ထဲကဒရမ္မာေတြကိုလည္း
တင္းတင္းၾကပ္ၾကပ္စစ္ေဆးမယ္ေျပာတယ္"
လုက်ိဳး :" အာ"
"ဘာလို႔လဲ?!"
ထိုစကားကို ၾကားတဲ့အခါ လုက်ိဳးနဲ႕ ဒူမိုင္တို႔
အခ်ိတ္အဆက္မိသြားတယ္၊
" ထုတ္လႊင့္ခြင့္မရတာလား?"
ဒူမိုင္ : "ေျပာရခက္တယ္"
ေရွာင္ရီ : " ဝိုး...ဘာလို႔လဲ?"
"လူမ်ိဳးေရး ကိစၥေတြေပါ့"
ဒူမိုင္ ေျပာလာတယ္,
" သမိုင္းေၾကာင္းဒရမ္မာေတြ, ဧကရာဇ္ ေတြနဲ႕
ဗိုလ္ခ်ဳပ္ေတြရဲ႕ ကိစၥေတြကို အေရးတႀကီးျပန္သုံးသပ္
ရမယ္, ဘာကိစၥမွမရွိေတာင္ ဆင္ဆာျဖတ္ေနတာမို႔
ဒါကပုံမွန္ပဲေလ"
ေရွာင္ရီ : " ဒါဆို ဘာလုပ္ၾကမလဲ?"
ေရွာင္ရီ အေတြးထဲမွာေတာ့...
ဝူး...ဝူး....ေက်းဇူးျပဳၿပီး မဟုတ္ဘူးေနာ္...
ငါ ပထမဆုံး ႐ုပ္ရွင္ေလးဝင္ရိုက္တဲ့အခါမွ
အဲ့ဇာတ္ကားက ထုတ္လႊင့္ခြင့္မရဘူးတဲ့လား?
" အဲ့ဒီလို ဒရမ္မာဇာတ္ကားေတြကို ရိုက္ဖို႔
သန္း80ေက်ာ္ေလာက္ ေငြသုံးရတယ္ေလ,
ထုတ္လုပ္သူေတြ အထိတ္တလန့္ျဖစ္ရမွာကို
ဥကၠဌက ဘာျဖစ္ေနတာလဲ?"
"႐ုပ္သံလြင့္ဌာနလည္း ထိတ္လန့္တၾကားပဲ...
N TVေလ"
ေရွာင္ရီ က ရယ္စရာေကာင္းတယ္လို႔ ႐ုတ္တရက္
ခံစားလိုက္ရတာမို႔ ေမးလိုက္တယ္,
" ဒါဆို လႊင့္လို႔ ရပါ့မလား?"
"လာဘ္ထိုးရတာေပါ့"
ဒူမိုင္ေျပာလာတယ္,
" ဇာတ္ကား ခ်ိတ္ဆက္မႈေပၚမူတည္တယ္,
ျဖတ္တာ , ျပန္ျပင္တာေတြအတြက္ ဒီႏွစ္ရဲ႕
သုံးသပ္ခ်က္က ပိုတင္းၾကပ္တယ္, ေျပာရမယ္ဆို
အႏၱရာယ္ရွိတယ္လို႔ေျပာလို႔ရတယ္"
"...ဒါရိုက္တာေကာ္ရဲ႕႐ုပ္ရွင္ကိုလည္း ဆင္ဆာျဖတ္
နိုင္တယ္ေသးတယ္မလား?"
ဒူမိုင္က ကူကယ္ရာမဲ့စြာ ေျပာလာတယ္,
" မင္းသ႐ုပ္ေဆာင္တဲ့ အခန္းကိုမွ ျဖတ္သြားတာ"
ေရွာင္ရီ : " ဘာလို႔လဲ? သူက သစၥာေဖာက္အခန္းကို
ျဖတ္တာလား?"
လုက်ိဳး ေဒါသတႀကီးေျပာလာတယ္,
"ငါ သစၥာေဖာက္တစ္ေယာက္လိုသ႐ုပ္ ေဆာင္တယ္
လို႔ မင္းရဲ႕ဘယ္မ်က္လုံးေတြနဲ႕ ျမင္လို႔လဲ?"
ဒူမိုင္က သူ႕လက္ထဲမွဇာတ္ၫြန္းကို လွန္ေလွာၾကည့္ၿပီး ,
" အဲ့ဒါက ထုတ္လုပ္သူကိုယ္တိုင္ ငါ့ကို
ေျပာလာတာ...ဇာတ္ေကာင္ ရႈဖန္းရန္က
သူ႕ကိုယ္သူ လွ်ို႔ဝွက္ထားတဲ့ အခ်ိန္မွာ
အမ်ားလူေတြရဲ႕ အျမင္မွာ ဆိုးဝါးတဲ့
ကိစၥတခ်ိဳ႕ ရွိေနခဲ့တယ္"
ေရွာင္ရီ : " ဒါေပမဲ့ သူေကာင္းေကာင္းႀကီးလွ်ို႔ဝွက္ထားခဲ့တာပဲမလား?"
"အဲ့ဒါေတာ့ အမွန္ပဲ"
ဒူမိုင္ေျပာလာတယ္,
" တခ်ိဳ႕ အျမင္ေတြက အျငင္းပြားစရာေတြ ျဖစ္ေနတာမို႔ ျပတ္ျပတ္သားသားေျပာလို႔မရဘူး၊ ဒါရိုက္တာေကာ္က
ဇာတ္ကြက္ေတြကို လူတိုင္း အေကာင္းျမင္ေပးတဲ့ေနရာထိ
ျဖတ္လိုက္မယ္ဆိုဒီဒရမ္မာကိုလူတိုင္း ႀကိဳက္ၾကမွာ,ဒီႏွစ္ဆို မယ္ရီစုဇာတ္ကားေတြပဲ အလုံၿခဳံဆုံးျဖစ္ေလာက္
တယ္,တားျမစ္ထားတာေတြ,ေသြးထြက္သံယို
အဆင့္သတ္မွတ္ခ်က္ေတြကိုခြင့္ မျပဳဘူး"
"ဒါဆို..."
ဒူမိုင္ လုက်ိဳးကို အားကိုးရာမဲ့စြာၾကည့္ၿပီး
ေျပာလာတယ္,
" ဒီႏွစ္က် မင္းရဲ႕ ဒရမ္မာ တစ္ခုတည္းပဲ
ထုတ္လႊင့္နိုင္ဖို႔ကို ႀကိဳးစားေနရတာ မင္းနားလည္လား?"
လုက်ိဳး :" ဘာပဲျဖစ္ျဖစ္, သူတို႔ဆင္ဆာ ျဖတ္မွာပဲေလ"
ဒူမိုင္ဘာမွမေျပာနိုင္ေတာ့သလိုလုက်ိဳး
ကလည္းသိပ္ဂ႐ုမစိုက္ဘူး၊ ဒူမိုင္ရဲ႕စီမံ
ခန့္ခြဲမႈ ေအာက္၌အျခားေသာအႏုပညာ
ရွင္ဆယ္ေယာက္ခန့္ရွိေနေသာ္လည္း
ရင္းႏွီးကြၽမ္းဝင္မႈ အေနအထားကြဲျပား
ၿပီးအဆင့္ျခင္းလည္းမတူတာမို႔ေရွာင္ရီ
ဒူမိုင္ရဲ႕႐ုံးခန္းဆီသို႔ ဝင္လာတဲ့အခါတိုင္း
ဒူမိုင္ရဲ႕အလုပ္ေတြကိုအႏွောင့္အယွက္
မျဖစ္ေစဘဲ သူမ ဖုန္းေျပာသည္အား
ၿပီးေအာင္ေစာင့္ဖို႔ ရာ ေထာင့္တစ္ေနရာ၌
ထိုင္ကာ ဒူမိုင္ဝင္ခြင့္ျပဳမွဝင္ရတဲ့ ရိုးရိုး
မန္ေနဂ်ာေတြလိုလည္း မဟုတ္ဘူး။
ဤႏွစ္လသုံးလအတြင္း လုက်ိဳးတစ္ေယာက္
မည္သည့္ဒရမ္မာကိုမွ မရိုက္ခ်င္ခဲ့၊ယခင္အလုပ္
မ်ားလည္း အားလုံးၿပီးစီး ၿပီျဖစ္ေသာေၾကာင့္
အနားယူျခင္းက အဆင္ေျပတယ္၊
လုက်ိဳးက ကာယနည္းျပကို ရွာဖို႔ ေဘးခန္း
သို႔ သြားတယ္၊ေရွာင္ရီကလည္း လုက်ိဳးရဲ႕
အက်ီကို ယူကာ ႐ုံးခန္းထဲမွ ထြက္ဖို႔ျပင္ခ်ိန္
ဒူမိုင္ေမးလာတယ္၊
" လာဦး...ငါမင္းကို ေမးစရာရွိတယ္,ငါ့ကို
အမွန္အတိုင္းေျပာရမယ္ေနာ္"
ေရွာင္ရီ :" ?"
ဒူမိုင္ : " လူက်ိဳး အခုတေလာ ခ်ိန္းေတြ႕တာမ်ိဳးရွိလား?"
ေရွာင္ရီ : " ???"
"မရွိပါဘူး....မရွိေလာက္ပါဘူး"
ဒူမိုင္ :" ငါ့ကို အမွန္အတိုင္း ေျပာစမ္းပါ...
ငါလုက်ိဳးကို ျပန္မေျပာဘူး"
" တကယ္မရွိဘူး...ဘာလို႔ ႐ုတ္တရက္ႀကီး
ခုလိုေမးတာလဲ?"
"သူက တကယ္ႀကီးအားလပ္ရက္ကို သုံးလေတာင္
ေတာင္းေနတာ...ေဘဂ်င္းကေနလည္း ဘယ္မွမသြားဘူးတဲ့...သူခုတေလာ အရမ္း ထူးဆန္းေန တယ္လို႔ မထင္ဘူးလား?ေလသံက အစႏူးႏူးညံ့ညံ့ေလး ျဖစ္ေနတာ"
ေရွာင္ရီ : " ဟုတ္လား...တကယ္ထူးဆန္းေနတာလား?"
ဒူမိုင္ : " သူညဘက္ေတြ အျပင္ထြက္လား?"
ေရွာင္ရီ ေခါင္းခါျပလိုက္ၿပီး ဒူမိုင္ထပ္ေမး လာျပန္တယ္၊
"သူ အသစ္တစ္ေယာက္ေယာက္မ်ား
ေတြ႕ေနလား? မၾကာခဏဖုန္းေျပာေနတာ
မ်ိဳးေရာ ရွိလား?"
ေရွာင္ရီ : " သူ က်န္းေရွာင္ကုန္းတို႔
အုပ္စုနဲ႕ မၾကာခဏ ဖုန္းေျပာေနတာေတြ႕
ေပမဲ့အခုေတာ့ ဖုန္းသိပ္မေျပာေတာ့သလို
ဘဲ၊ရိုက္ကူးေရး ၿပီးကတည္းကဒီရက္ပိုင္း
သူဖုန္းေတာင္ မကိုင္ျဖစ္ဘူး"
"ဒါဆို မင္းတို႔ႏွစ္ေယာက္အိမ္မွာ
ဘာလုပ္ၾကလဲ?"
" ေန႕တိုင္း ေလ့က်င့္ခန္းလုပ္တယ္,ဂိမ္းကစား ၾက
တယ္,တခါတေလအစားအေသာက္ေတြအျပင္ထြက္ဝယ္တယ္,အိမ္ျပန္ေရာက္ရင္ အစားအေသာက္ေတြ ခ်က္စားၾကတယ္, စားၿပီးရင္ အင္တာနက္ သုံးၾကတယ္,
ဒါမွမဟုတ္ ႐ုပ္ရွင္ၾကည့္ၾကတယ္"
ဒူမိုင္ : " ဟမ္?"
လုက်ိဳး တံခါးေခါက္ၿပီး ေျပာလာတယ္,
"ဘာလုပ္ေနၾကတာလဲ?"
ဒူမိုင္ : " ဘာမွမဟုတ္ဘူး, ဇာတ္ဝင္ေတးနဲ႕
ပတ္သက္ၿပီး ေမးေနတာ"
လုက်ိဳးက ေရွာင္ရီကို မယုံသက္ာျဖင့္ ၾကည့္ၿပီး ဘာမွမေျပာဘဲ ေခၚသြားခဲ့တယ္။
အိမ္အျပန္လမ္း ကားပိတ္ေနခ်ိန္ လုက်ိဳး
ေျပာလာတယ္,
" ဒူမိုင္ဘာေျပာလိုက္လဲ?"
"ဘာမွမဟုတ္ဘူး...ဇာတ္ဝင္ေတး အေၾကာင္း ေမးတာ"
လုက်ိဳး သူ႕ေနကာမ်က္မွန္ကို ခြၽတ္လိုက္ၿပီး
ကားေရွ႕ ဒက္ဘုတ္ေပၚပစ္တင္လိုက္တယ္၊
ေရွာင္ရီ႕ကို ဆူပူႀကိမ္းေမာင္းဖို႔ရာရည္႐ြယ္ထားေပမဲ့
႐ုတ္တရက္ႏူးညံ့စြာပဲေမးလာတယ္၊
" မင္း ငါ့ကို အမွန္အတိုင္းေျပာ...ငါမင္းကိုဆူလည္း
မဆူဘူး၊ ဒူမိုင္ကိုလည္းျပန္မေျပာဘူး"
ေရွာင္ရီ : " ဟုတ္ကဲ့ပါ...သူက က်ိဳးေကာရဲ႕
အခ်စ္ေရး အေၾကာင္း ေမးတာ"
လုက်ိဳး တစ္ေယာက္ခ်က္ျခင္းပင္ထေပါက္ကြဲပါေလေရာ၊
" မင္းရဲ႕ သူေဌးက ဘယ္သူလဲ ဆိုတာကိုေရာ
မင္းသိလား?အာ?! မင္း အလုပ္ထြက္ခ်င္တာ
လား! အေသးအမႊားကိစၥတိုင္းကို သတင္းပို႔ဖို႔
ဒူမိုင္ဆီကို တေန႕လုံးသြားေနတာ၊မင္း!....
ေသခ်င္ေနတာလား?"
ေရွာင္ရီ မ်က္ႏွာက ေၾကာက္႐ြံ႕မႈအျပည့္
ႏွင့္ရွိေနလ်က္လုက်ိဳးရဲ႕အသံေၾကာင့္
ျပတင္း ေပါက္ဘက္သို႔ကပ္သြားတယ္၊
" ကြၽန္ေတာ္ဘာမွမေျပာဘူး!"
ေရွာင္ရီ အလ်င္စလို ေျပာလိုက္တယ္,
" သူေမးတုန္းကလည္းကြၽန္ေတာ္ဘာမွမသိဘူးလို႔ ပဲ ေျပာခဲ့တယ္, က်ိဳးေကာေဒါသထြက္သြားမွာကိုလည္း ငါေၾကာက္တယ္"
"ေသခ်ာတာေပါ့..ငါစိတ္ဆိုးမွာ! ငါ့အသက္
သုံးဆယ္မတိုင္ခင္ထိ ငါဘာမွမလုပ္ရဘူးလို႔
တားျမစ္ခံရေပမဲ့ အခုက်မွ အခ်စ္ဇာတ္လမ္း
စဖို႔ ကို လာတိုက္တြန္းေနေတာ့ ငါ့ကို ေသေအာင္
ကစားဖို႔ ႀကိဳးစားေနတာလား!"
"အာ? ....ဘာျဖစ္လို႔လဲ? အႏုပညာရွင္ေတြက
ေနာက္က်မွ အိမ္ေထာင္ျပဳေလ ေကာင္းေလပဲ
မဟုတ္ဘူးလား?"
လုက်ိဳး စိတ္မရွည္စြာေျပာလာတယ္,
" အိမ္ေထာင္ျပဳေနာက္က်တာေကာင္းတယ္, ဒါေပမဲ့
ရည္းစားမရွိဘူးဆိုရင္လည္း ပရိသတ္ေတြက ေဂးလို႔ေျပာၾကဦးမယ္,နားလည္လား?"
"အာရိုး...သူတို႔ဘာသာဘာပဲေျပာ
ေျပာေဂးျဖစ္ရတာပိုမေကာင္းဘူးလား၊
ခ်စ္စရာေလးပဲေလ၊အရင္တုန္းက
ကြၽန္ေတာ္တို႔ဌာနမွာဆိုအမ်ားႀကီးရွိတယ္,
ဒါကမထူးဆန္းဘူး...ျဖစ္တတ္တာပဲ"
လုက်ိဳး :"....."
18.5.2022
........................................................................