ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

By LazyFlower555

160K 20.3K 412

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ More

Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP24.3(U&Z)

1.5K 282 2
By LazyFlower555

.[ U ]

သူက နောက်ထက်ကီးတစ်ခုကို ပြတ်သားစွာရှာဖွေလိုက်မိတယ်၊ထိုသံစဥ်က သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိ တိုးဝင်စေရင်း
ထို သံစဥ်က ကမ္ဘာလောကကြီး တစ်ခုလုံးအား တုန်လှုပ်သွားစေတယ်၊သိပ်မကြာခင်မှာပဲ ရှောင်ရီ နုတ်တွေ တစ်ခုပြီး တစ်ခု တီးတယ်၊နူးညံ့တလှည့် ကြမ်းတမ်း၍
တဖုံ တီးခတ်နေလျက် သာယာသောညတွင်ထောင်ပေါင်းများစွာသော မီးရောင်တွေ
လင်းလက်နေသကဲ့သို့ ထင်ရပြီး နေအိမ်ရှိမီးများသည်လည်း လင်းလက်နေတယ်။တခဏမျှ တိတ်ဆိတ်လာပြီးနောက် ဘေဂျင်းမြို့ရဲ့
လမ်းမများ တလျှောက် တေးဂီတသံနှင့်အတူ စီးနင်းလိုက်ပါ စေခဲ့တယ်။

ရှောင်ရီ သံစဥ်တွေကို ချရေးပြီး နောက် ဘေးသို့ ပစ်ချရင်း မျက်လုံးစုံမှိတ်ထားလိုက်တယ်၊
စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့လုကျိုးနှင့်
ရှု ဖန်းချီ တို့ ပေါင်းစီးသွားကြတယ်၊ယခုရေးစပ်ခြင်းက သူ့ရဲ့ ဒုတိယမြောက် တေးသီချင်းဖြစ်ပြီး ပထမသီချင်းရဲ့ အဆုံးသတ်တွင်ဒုတိယသီချင်းရဲ့ ပထမနုတ်လေး ပေါ်လာလျက် ဆက်စပ်နေသော ရေတံခွန်ကဲ့သို့စီးဆင်းသွားလိမ့်မည်ပင်။

ဒုတိယမြောက်နေ့တွင် နေထွက်သော်လည်း ပြတင်းအပြင်ဘက်၌ မီးခိုးရောင် မြူခိုးများ လွင့်မျောနေတယ်၊ဒူမားက သေမတတ်ငြီးငွေ့စွာဖြင့် တံခါးတွန်းဖွင့်ပြီး ဝင်လာချိန် ရှောင်ရီကို လန့်နိုးသွားစေတယ်။

"ငါကြည့်စမ်းမယ်?"

ဒူးမားပြုံးရင်းပြောလာတယ်၊

ရှောင်ရီ မျက်နှာက စန္ဒရားခလုတ်တွေပေါ်
ဖိမိနေလျက် ပင်ပန်း လွန်းသည်မို့ ခေါင်းထူမလာခဲ့၊ ဒူမားက သီချင်းစာရွက်ကိုယူလိုက် ပြီးနောက် သူအနည်းငယ်အံ့သြမိနေရင်းမှ ပြောလာတယ်၊

" မင်း က လူတွေကို သီချင်းစာသားဖြည့်ခိုင်းမို့လား?"

ရှောင်ရီ သွားတိုက်ပြီးနောက် စားပွဲပေါ်ထိုင်နေလျက် ဒူးမားယူလာတဲ့ မနက်စာကိုစားပြီး ပြောလာတယ်,

" ငါကိုယ်တိုင်လုပ်မှာပါ"

"မဆိုးပါဘူး"ဒူးမားပြောလာတယ်,

" တကယ်ကောင်းတယ်"

ဒူးမားက ရှောင်ရီ ကို ကုမ္ပဏီသို့ ပြန်ပို့ပြီးနောက် အိပ်ရန်ပြင်တယ်၊တနဂ်နွေနေ့
မနက်ပိုင်းမှာ ရှောင်ရီ စတူဒီယို တံခါးကို
တွန်းဖွင့်စဥ် အံ့သြသင့်မှု နှင့်တွေ့ကြုံခဲ့ရတယ်၊

ကွန်ပျူတာရှေ့ စားပွဲပေါ်၌ မွေးနေ့ ကိတ်လေး တစ်လုံးရှိနေတယ်။

သူမနေ့ညထွက်လာတုန်းက အဲ့ဒီမှာမရှိဘူး၊ အခုလည်းမနက်8နာရီပဲရှိသေးပြီး ကုမ္ပဏီမှာလည်း ဘယ်သူမှမရှိသေးဘူး၊ခုလိုကိတ်မုန့်ယူလာပေးနိုင်သူက တစ်ယောက်တည်းသာရှိနိုင်တယ်၊ရှောင်ရီ အရမ်း အံ့သြသွားပြီး ကိတ်မုန့်လေးရှေ့ ထိုင်ချရင်း ကိတ်လေးကို
တကိုက်ကိုက်လိုက်တယ်၊ပြီးနောက်အလုပ်
ပြန်စ လုပ်ဖို့ ပြင်ဆင်လိုက်တယ်။

နောက်ထပ်တစ်ရက်ထပ်ကုန်သွားတယ်၊
ရှောင်ရီ တစ်ယောက်ယခုချိန်ထိ စိတ်မတည်ငြိမ် နိုင်ဘဲ ရှိနေဆဲ၊၊သီချင်း နှစ်ပုဒ်ကို ရေရွတ်ရင်း ကိတ်မုန့် အနည်းငယ် ကိုစားလိုက်ပြီးသူ့ရဲ့ ဆာလောင်မှုအား မွေ့နေ့ကိတ်ဖြင့် ကျေနပ်စေတယ်၊ကိတ်မုန့်က သူ့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်
အဓိကအစားအစာ ဖြစ်နေတယ်။

သူ့စိတ်ထဲ၌ စကားများစွာပြောနေမိရင်း
လုကျိုးကို မည်သို့ ရင်ဆိုင်ရမှန်းမသိတော့ဘူး၊ သူ့စာသားတွေမှာလည်း ခုလိုပဲ၊သူ့အတွေးတွေထဲမှာ စကားလုံးပေါင်း တစ်ထောင်မျှရှိနေသည့်တိုင် ထို အကြောင်း
အရာတွေကို မဖော်ပြနိုင်ခဲ့ဘူး၊ နောက်ဆုံးတော့သူတီးတိုးလေး ပြောမိတယ်,

" မင်းနားမလည်နိုင်သေးဘူးထင်တယ်"

ရှောင်ရီ ပထမ စကားလုံးတစ်လုံးကို ပရိသတ်တစ်ယောက်က သူ့ရဲ့ idolထံ
ရေးသလိုရေးလိုက်တယ်၊သူရေးနေရင်း
မှ အကြောင်းအရာကပိုပိုပြီးသီးသန့်ဆန်
လာတယ်၊သူတွေးနေရင်းမှ စာသားရဲ့
အနေအထားကို စတင်နားလည်စပြုလာတယ်၊ ပင်ပန်းလွန်းတယ်...ပင်ပန်းလွန်းတယ်၊
၊လင်းရှီရဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ နှလုံးသားတစ်စုံကဲ့သို့, နက်နဲသောနေရာမှာပုန်းကွယ်နေသည့်စစ်မှန်တဲ့ ခံစားချက်တွေကို
လွတ်မြောက်ခွင့်ပြုရင်း ဘဝအတွေ့အကြုံများကိုလည်း ပါဝင်စေရမယ်၊ ဘယ်လို
ဂီတခံစားမှုကို အသုံးပြုမလဲ? စသည့် အရာအားလုံးက ရေးဖွဲ့သူရဲ့အရည်အချင်းတွေပဲလေ။

လူတွေရဲ့ ခံစားချက်ကို တိုက်ရိုက်ပြဆိုတာမျိုး ,သီချင်းတပုဒ် ရေးဖွဲ့တာမျိုး, စာသားတွေဖြည့်သွင်းတာမျိုး, စသည့် အပြုအမူတွေက လူတစ်ယောက်ရဲ့နှလုံးသားကို ဖွင့်ဟပြနိုင်တယ်၊တေးရေး ဆရာတစ်ယောက်အနေနဲ့
သူ့ကိုယ်ပိုင်အလုပ်ကို သူကိုယ်တိုင်ခံစားပြဆိုနိုင်တယ်။

ရှောင်ရီ အသက်ရှုထုတ်ပြီး သူ့ကိုယ်ပိုင်အလုပ်လေးအတွက် ပြုံးမိရင်းစတင်ဆိုငြီးလိုက်တယ်။

ပူပြင်းတဲ့ရာသီဥတုက သူ့ကိုလွန်စွာစိတ်မသက်မသာဖြစ်စေပြီး ရက်အနည်းငယ်
အကြာထိ လည်းရေမချိုးဖြစ်ဘူး၊ ရှောင်ရီ
လုကျိုးကို တကယ်ကြီး လွမ်းနေမိတယ်၊
သီချင်းတွေရေးပြီးတော့မည်ဖြစ်ကြောင်း ဖုန်းဆက်ချင်ပေမဲ့ လုကျိုးကို မပြောခင်
သူ့အလုပ်ကို အရင်ဆုံး အပြီးသတ်တာ
ပိုကောင်းမယ်လို့ သူတွေးမိတယ်။

ဒီနေ့ညမှာတော့ ဘေဂျင်းတစ်ခုလုံး ရုတ်တရက် မိုးတွေခြိမ်းနေတယ်၊နောက်တနေ့ မှာ ရှောင်ရီ မှောင်မိုက်နေတဲ့ အခန်း
ထဲမှာထိုင်နေမိတယ်၊မီးတွေ လုံးဝမဖွင့်ဘဲ အသေအချာ စဥ်းစားနေမိတယ်၊သီချင်းအတွက် သူရဲ့ အီလက်ထရောနစ်အဘိဓာန်
ကို ကိုင်ဆောင်ရင်း အကြိမ်ကြိမ်ဖျက်လိုက်
ပြင်လိုက်နှင့် ရှိနေတယ်။

ညနေပိုင်းတွင် မိုးပိုသည်းလာတာမို့
အဆောက်ဦးတွင်းမှလူအများစုက
အလုပ်စောဆင်းကြတယ် ၊ ရှောင်ရီ
အောက်ထပ်သို့ ဆင်းသွားတဲ့အခါ
မန်နေဂျာလင်းလည်းရှိနေတယ်၊ဒါပေမဲ့
ဒူမိုင်ကတော့ အခြားတစ်ယောက်နှင့်
ညစာစားရန် ထွက်သွားပြီ။ လင်းယော့က
ရှောင်ရီကို မြင်တဲ့အခါ ပြုံးပြရင်း မေးတယ်,

" သီချင်း ပြီးသွားပြီလား?"

"မပြီးသေးဘူး"

ရှောင်ရီ ပြောလိုက်တယ်,

" ဒါပေမဲ့ ပြီးတော့မှာပါ, မနက်ဖြန်လောက်
ကျွန်တော် ကျွီဟွား ကိုသွားလိုက်မယ်,
သူတို့ကို bandနဲ့ ဆက်သွယ်ခိုင်းမလို့"

"ဒါဆို မင်းဒီနေ့ အိမ်ပြန်လို့ ရပြီပေါ့ ?"

ရှောင်ရီ ခဏမျှစဥ်းစားပြီး ပြောလာတယ်,

" ကျွန်တော် တစ်ရက်လောက်တော့ ထပ်နေရဦးမယ်, ကျိုးကောရော ဒီမှာရှိလား?"

"စတူဒီယိုမှာ" လင်းယော့ကဖြေတယ်၊

ငါ,.မင်းပါပါးက , နောက်ဆုံးတော့လွတ်မြောက်နိုင်ပြီ! ရှောင်ရီ တစ်ယောက်
ဟင်းချိုဆိုင်မပိတ်သေးခင်ကြက်စွပ်ပြုတ် တခွက်ရဖို့ရန် အလျင်အမြန် လာခဲ့လိုက်တယ်၊ဟင်းချိုထည့်ဖို့ရာ ကုမ္ပဏီရဲ့ မတ်ခွက်ကို သုံးပြီးစတူဒီယိုသို့သွားရန် တက်စီ
တစ်စီး အားခေါ်ယူလိုက်တယ်။

[The Era of Leftover Men]ရဲ့ ရိုက်ကူးရေးက မပြောင်းရွေ့ရသေးတာမို့ ရိုက်ကူးရေး အဖွဲ့က ရှိနေသေးတယ်၊မိုးရွာ လာတဲ့အခါ
လူတွေ အရိပ်ပင် မမြင်ရတော့ဘူး၊ရှောင်ရီ
တက်စီထဲက ထွက်လိုက်ချိန် သူ့တကိုယ်လုံး လုံးဝ ရွှဲနစ်သွားခဲ့တယ်၊ပိုဆိုးတာက မီးပျက်သွားတဲ့အခါ စက်အဖွဲ့ရဲ့မီးစက်အင်ဂျင်သံက
ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်။

လုကျိုးက ရိုက်ကူးရေး တခန်း ပြီးချိန်မို့
ခတ္တခဏအနားယူနေတယ်၊ ရှောင်ရီကို
မြင်တော့ လုကျိုးအံ့သြသွားတယ်။

" မင်းဒီကို ဘာလာလုပ်တာလဲ?"

လုကျိုး ပြောလာတယ်,

" အပြင်မှာ မိုးတွေ အရမ်းရွာနေတာကို "

"ကျွန်တော်မေးပြီးကျိုးကောကို ဒါလေး
ကျွေးဖို့ လာတာ"

ရှောင်ရီ ပြန်ဖြေတယ်,

"ကော စားပြီးပြီလား? တကယ်ရောစားပြီးပြီလား?"

လုကျိုးက ညှပ်ဖိနပ်လေး ဝတ်ထားပြီး ဘောင်းဘီကိုလည်း ခပ်တိုတိုလေး ဆွဲတင်ထားလျက် အကျီလက်တွေပင် စိုစွတ်နေတယ်၊ရှောင်ရီကို ထိုင်ဖို့ ပြောလာပြီး ရှောင်ရီ လက်ထဲမှ ကြက်စွပ်ပြုတ်မတ်ခွက်လေးကို
လွဲယူတယ်။

"ကော ညစာကော မစားဘူးမလား?"

ရှောင်ရီ မေးလိုက်တယ်,

"ဘာလို့ ဘယ်သူကိုမှ မဝယ်ခိုင်းတာလဲ?အရူးကြီး! လက်ထောက်တွေရော ဘယ်မှာလဲ? ကောကိုရိုက်ကူးရေးမှာ ဗိုက်ဆာအောင် ဘယ်သူလုပ်တာလဲ?"

"မိုး အရမ်းသည်းနေတယ်လေ"

လုကျိုး ပြန်ဖြေတယ်၊

" လမ်း ပိတ်တာကလည်း အရမ်း ဆိုးနေလို့
ထောက်ပို့ အဖွဲ့က မလာနိုင်ဘူး၊လူတိုင်း ရိုက်ကူးရေး ပြီးချိန် ည9နာရီထိ စောင့်ရမယ်လေ, ပြီးမှစားကြမှာ"

အဲ့ချိန်ဆို ဆိုင်တွေ အကုန်ပိတ်နေပြီ၊ သူတို့က ညာစာဘယ်သွားစားကြမှာလဲ ? လေပြင်းက စကြ်ံလမ်း တစ်လျှောက်ဖြတ်သန်းတိုက်ခတ်လာတဲ့အခါ ရှောင်ရီ သေမတတ်အေးလာတယ်၊ လုကျိုး ကြက်စွပ်ပြုတ်နဲ့ အသားတွေစားနေချိန် အားအင်ပြည့်သွားပြီမို့ဆက်လက် ရိုက်ကူးရန်ပြင်ဆင်ခဲ့တယ်၊ရိုက်ကူးရေး မစမီ လုကျိုး ရှောင်ရီ ကို ပြောလာတယ်၊

"ဒီမှာစောင့်နေ...ပြီးရင် အိမ်ပြန်ကြမယ်,
ကုမ္ပဏီကို ပြန်မသွားနဲ့တော့"

ရှောင်ရီ လုကျိုး ရုပ်ရှင်ရိုက်တာကို ကြည့်နေခဲ့တယ်၊လုကျိုး တစ်ယောက် ဇာတ်ဆောင်မင်းသမီး နိုးထလာမည်ကို ကြောက်ရွံ့သကဲ့သို့ ထူးခြားစွာပင် ငြိမ်သက်နေလျက်
ငိုပြီးနောက် သိသိသာသာပင်ပန်းနေပုံပေါ်တယ်၊မင်းသမီးရဲ့ မျက်နှာမှာလည်းမျက်ရည်စတို့ရစ်ဝဲနေပြီး မီးအိမ်အောက်ရှိဆိုဖာပေါ်မှာလဲလျောင်းနေတယ်။

လုကျိုး က အကျီလက်တိုတထည်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ကာ ခြေညှပ်ဖိနပ်စီးထားတာမို့ အန်ကယ်ကြီး ပုံစံ ပေါက်နေတယ်၊
သူက မင်းသမီးကို နမ်းချင်ပေမဲ့ သူမလုပ်ရဲဘူး၊ နိုးသွားမှာကို ကြောက်နေပြီးအခြားသူတွေကို ရယ်မောနိုင်စေတယ်။

ထို့နောက် လုကျိုးက ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချပြီး တည်ကြည်လေးနက်
သော မျက်နှာဖြင့် အိပ်ပျော်နေတဲ့ မင်းသမီးရဲ့ မျက်နှာကို စိုက်ကြည့်နေတယ်၊ထိုအချိန် မင်းသမီးက ရုတ်တရက် မျက်လုံးပွင့်လာပြီး
လဲလျောင်း နေရာမှထလိုက်တယ်။

တဆက်တည်းမှာပဲ လုကျိုးက သူမကို
နမ်းခွင့်မပေးခဲ့ဘူး၊သူမကို နမ်းသလိုပြုမူဖို့သာ ခွင့်ပြုထားတယ်၊မင်းသမီးကလည်း
သူ့ကို အခွင့်ကောင်းမယူဝံ့ဘူး၊ဒါရိုက်တာက ကောင်းတယ်လို့ အော်ပြောလာတယ်၊နောက်တခန်းကျ မင်းသမီးနဲ့ သူ့သူငယ်ချင်း အခန်းမို့ လုကျိုးက အနားယူဖို့ ပြန်လာတယ်၊
ရှောင်ရီ ပြုံးရင်း ပြောလိုက်တယ်,

" သူ ကျိုးကောကို တကယ်နမ်းတော့မယ်ထင်တာ"

လုကျိုးက သူ့စကားကို မကျေနပ်ပုံဖြင့်
စွပ်ပြုတ်ခွက်လေးအား ဆွဲယူကာကြက်ရိုးကို
ဆက်ကိုက်နေတယ်။

ရှောင်ရီ :"......"

ထို့နောက် လုကျိုး ပြုံးပြလာတာမို့ ရှောင်ရီ တစ်ယောက်သေအံ့ဆဲဆဲပင်၊ ခုန ရ်ိုက်ကွင်း တွင် ဖြစ်ပျက်ခဲ့သည်က မင်းသမီးက သူ့ကို
နမ်းတော့မည်ဆဲဆဲ လုကျိုးကသတိထားကာရှောင်တိမ်းလိုက်တာမို့မင်းသမီးမှာတော့..။

လုကျိုးက မတ်ခွက်လေးထဲမှ နောက်ထပ် ဟင်းရည် များကို ထပ်ခပ်နေစဥ် မင်းသမီးရဲ့ အခန်းက ပြီးသွားပြီ၊လုကျိုး နောက်တစ်ခန်း ဆက်ရိုက်ဖို့ သွားခဲ့တယ်၊မီးရောင်မှိန်ပျပျအောက် တီဗွီရှေ့တွင်ထိုင်ကာ မင်းသမီးက
လုကျိုး ပခုံးပေါ် သို့မှီလိုက်ချိန် လုကျိုးက
သူမကို ဖက်လိုက်တယ်၊ ထို့နောက် သူမအား
အိပ်ရန် အိပ်ခန်းဆီသို့ ခေါ်ဆောင်လာလိုက်တယ်၊ ဤတွင် နောက်ဆုံးသောအခန်း ပြီးသွားခဲ့တယ်။

မိုးက ပိုပိုပြီး သည်းသည်ထက်သည်းလာတယ်၊ရှောင်ရီဘေဂျင်းတွင် နေထိုင်သည့်
နှစ်များစွာအတွင်း ခုလို မုန်တိုင်းကို ကြုံတွေ့ရခြင်းက ဒုတိယအကြိမ် ဖြစ်တယ်၊ သူပထမဆုံး အကြိမ် ကြုံဖူးစဥ်က တံတားမြုပ်သွားတယ်၊ယခုတကြိမ်မှာတော့ ကောင်းကင်
တခွင်တပြင်လုံး လျှပ်စီး များဖြင့် ပြည့်နေပြီး
မိုးခြိမ်းသံများနှင့်အတူကမ္ဘာကြီးပျောက်ဆုံး တော့မည့်အလား ဖြစ်နေပုံရတယ်၊ညကိုးနာရီခွဲတွင် လက်ထောက်တွေကိုအိမ်ပြန်ပို့တယ်၊
ရိုက်ကူးရေး ပစ္စည်းတွေ ထုပ်ပိုးသိမ်းဆည်းပြီးတဲ့နောက်, ရှောင်ရီ လုကျိုးကို ပြန်ခေါ်ခဲ့လိုက်တယ်၊နောက်ဆုံးတွင် သူတို့နှစ်ယောက်
လမ်းတွင်ပိတ်မိသွားကြတယ်၊ရေကြီး ရေလျှံ မှုကြောင့် တံတား နှစ်မြုပ်နေပေမဲ့ ကားခေါင်မိုး မြုပ်တဲ့ထိတော့ မဖြစ်သေးဘူး။

" ကျွန်တော်တို့ ဆက်မောင်းလို့မရလောက်ဘူး"

ရှောင်ရီ ပြောပြလိုက်တယ်,

"ရေက အရမ်းနက်နေပြီ!"

တံတားပေါ်မရောက်မီ ရေတွေထဲ ကားတန်းကြီး တစ်ခုလုံး ရပ်တန့်နေလျက် ရေတွေက ကားတာယာတွေကို တိုးတိုက်ကာစီးဆင်းတာမို့ တာယာတွေပင် ကြွတက်လာတယ်၊
လုကျိုး ပြောလာတယ်,

" ရှေ့မှာလည်း လမ်း ပိတ်နေတယ်!"

အဝေးဘက်ဆီမှလည်း မိုးခြိမ်းသံတွေကြားနေရတယ်၊ရှောင်ရီ ငြီးငြူမိတယ်,

"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?"

လုကျိုးပြောလာတယ်,

"ဒါနဲ့ငါတို့ ဘေးက ကားက လှုပ်နေတယ်!"

ရှောင်ရီ :"....."

အမှန်တကယ်တော့ , ကားထဲမှ အမျိုးသား
နှစ်ဦး ပွေ့ဖက်နမ်းရှုံ့မှုကြောင့် ကားကလှုပ်ခါနေတယ်၊ရှောင်ရီ ရှက်ရွံ့စွာပဲ ဟွန်းကိုကြိမ်ဖန် များစွာတီးလ်ိုက်မိတယ်၊လုကျိုးပြောလာတယ်၊

"ငါတို့ ကားကို ကုန်တိုက်အပြင်ဘက်မှာ
ရပ်ထားခဲ့ပြီး လမ်းလျှောက်ရအောင်,
သိပ်မဝေးဘူး"

လက်ရှိနေရာနဲ့ သူတို့ အိမ်ဆို 3ကီလို သို့မဟုတ် ထို့ထက်ပိုတဲ့ အကွာအဝေးရှိတယ်၊
ရှောင်ရီက ကုန်တိုက်ကြီး တစ်ခုရှေ့တွင်
ကားကို ရပ်ပြီး သော့ခတ်လိုက်တယ်၊
သူကလုကျိုး အတွက်ထီးမိုးပေးချင်ပေမဲ့
လုကျိုးက ထီးကို ဦးစွာလှမ်းယူတယ်၊
လုကျိုးကရှောင်ရီထက် ပိုအရပ်ရှည်တာမို့
ထီးကိုင်ရင်းကားပေါ်က ဆင်းပေမဲ့ စက္ကန့်ပိုင်း အတွင်းမှာပဲ နှစ်ယောက်စလုံး စိုစွတ်သွားတယ်၊ ထို့နောက် သူတို့နှစ်ယောက် ကားလမ်းပိတ်နေရာရဲ့ ဆန့်ကျင်ဖက်လားရာဆီ
လမ်းလျှောက်လာခဲ့လိုက်ကြတယ်။

" ကောဘာဖြစ်လို့ ထီးယူမလာတာလဲ?"

"ကလေးတွေကို ပေးလိုက်တာ!"

လုကျိုး ရှောင်ရီကို ပြန်အော်ပြောလာတယ်,

" အိမ်က ထွက်တာနဲ့ ကားပေါ်ရောက်တာလေ! မိုးဒီလောက်ထိ ရွာလိမ့်မယ်လို့
ဘယ်သူ ထင်မှာလဲ!"

ပုံမှန်အားဖြင့် နှစ်ကီလိုမီတာ သုံးကီလိုမီတာထိ လမ်းလျှောက်ခြင်းက အလွန်လွယ်ကူသော်လည်း မိုးသည်းထန်စွာရွာနေတာမို့
လမ်းဆက်လျှောက်ရန် မဖြစ်နိုင်တော့ဘူး၊
လုကျိုးနဲ့ ရှောင်ရီ ပင် တစ်ယောက်နဲ့ တစ်ယောက် တိုက်မိကုန်ပြီမို့ လုကျိုးက ရှောင်ရီ
ပခုံးအား ဖက်ကာ နံရံ ဘက်သို့ ဆွဲသွင်းရင်း
လျှောက်လာခဲ့ကြတယ်။

ရှောင်ရီ နှလုံးသားလေးတွေ တဆတ်ဆတ်ခုန်နေတယ်၊ လုကျိုးရဲ့ ခန္ဓာကိုယ် လည်းရေများလည်း ရွှဲ ရွှဲစိုနေပြီ၊ သူတို့ စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ရောက်ကြတော့မယ်၊
လုကျိုးရဲ့ ရှပ်အကျီက ရေတွေပင် ကပ်နေပြီး
ကြွက်သားတွေကိုပင် မြင်နေရတယ်။

"ကျိုးကော"

ရှောင်ရီ ခေါ်လိုက်တယ်,

"ဘာလဲ?!"

လုကျိုးရှောင်ရီကိုလှည့်ကြည်လာတယ်,

" ကျွန်တော့်ကို သတိမရဘူးလား?"

ရှောင်ရီ အသံတိုးတိုးလေးဖြင့် မေးလိုက်တယ်၊

အပြင်ဘက်၌ မုန်တိုင်းက တဟုန်ထိုးလွှမ်းမိုးနေလျက် စကားသံများကိုပင်လွှမ်းမိုးစေတယ်၊သူဒီလို မျိုး ပြောလိုက်မိတဲ့အခါ
အသံက ပိုမို တိုးညှင်းလာပြီး မုန်တိုင်း
မှလေသံတွေနှင့်အတူ သူကြားချင်တဲ့ စကားလုံးတွေကိုလုံးဝပင် ပျက်စီးသွား
စေတယ်။

လုကျိုး က စကားတွေကို ထပ်တလဲလဲ
ပြောပေမဲ့ ရှောင်ရီ နားမလည်နိုင်သေးဘူး၊
လုကျိုး ထအော်လာတယ်၊

".....နည်းနည်း..!!!"

ရှောင်ရီ :".???"

လုကျိုး သူ့ကို ဆွဲယူပြီး ရှောင်ရီနားနားသို့ ကပ်ကာ ပြောလာတယ်,

"နည်းနည်း လို့!!"

ရှောင်ရီ ထရယ်လိုက်မိတယ်၊ ရုတ်တရက်
သူတို့ အနီးနားရှိ အထပ်မြင့် အဆောက်အအုံ
ပေါ်သို့ မိုးကြိုးတစ်ခု ကျရောက်လာတယ်၊
တချိန်တည်းမှာပဲ မိုးခြိမ်းသံနှင့်အတူ လျှပ်စီး ကြောင်းများ ထွက်ပေါ်လာတယ်၊လက်ရှိ
မြင်ကွင်းက အလွန် အံ့သြစရာပဲ၊ အဆောက်အဦးဆီသို့ လျှပ်စီးကြောင်းများစီးဝင်သွားပြီး တစက္ကန့် အတွင်းမှာပဲ ပတ်ဝန်းကျင်၌
တောက်ပတဲ့ အဖြူရောင် အလင်းတန်း များ ဖုံးလွှမ်း သွားကာညကောင်းကင်ယံ၌ အလင်း တန်းများ ဖြာထွက်နေသကဲ့သို့ ရှိနေတယ်။

ထိုမြင်ကွင်း၏တုန်လှုပ်ချောက်ခြားမှုက
ကမ္ဘာကြီးအဆုံးသတ်ချိန်ကပ်ဆိုးတစ်ခုပမာ
သူတို့အားချောက်ခြားသွားစေခဲ့တယ်။

ရှောင်ရီ ကြောက်လန့်တကြားအော်ဟစ်လိုက်ချိန် လုကျိုးက သူ့ကို ဆွဲကိုင်ကာမြေအောက်ရထား ဘူတာရုံအဝင်ပေါက်နားဆီသို့ တွန်းလိုက်တယ်၊သူတို့နှစ်ယောက် တင်းကြပ်စွာ
ပွေ့ဖက်ထားမိတယ်၊လုကျိုးရဲ့ မသိစိတ်မှ တုံ့ပြန်မှုက တစ်စက္ကန့်ထက်ပင် နည်းပါးပြီး
လုကျိုးကိုရှောင်ရီ့ ဘက်မှ ပွေ့ဖက်ခြင်းကလည်း အခြေအနေအရ တုံ့ပြန်မှု တစ်ခုသာ
ဖြစ်တယ်၊လျှပ်စီးလက်ခြင်းကြောင့် နှစ်ယောက်စလုံး ထိတ်လန့်သွားကြတယ်၊
လုကျိုးရဲ့ မျက်နှာ ၌မိုးရေပေါက်များ
စိုစွတ်နေရင်း ရှောင်ရီအားကြည့်နေရာမှ
အဝေးဘက်မှ အဆောက်အအုံအား
လှည့်ကြည့်လိုက်မိတယ်။

"ဒါက..."

လုကျိုး ပြောလာတယ်၊

" မင်းအမေလင် ! ,ရှော့ရပြီးသေတော့မလိုပဲ"

" ငါတွေးမိတယ်...ဒီအဆောက်အအုံက
ပြိုကျတော့မယ်ထင်.."

ရှောင်ရီ မြေအောက်ရထားဝင်ပေါက်လေးကို အမောတကောဖြင့်မှီလိုက်တယ်၊လုကျိုးပြောလာတယ်၊

" မြေအောက်ရထားစီးကြရအောင်!
ထိတ်လန့်တာတွေ တဝက်လောက်
ပြေလိုပြေငြားပေါ့"

လုကျိုးထီးလေးကို ခေါက်ပြီး ရထားစောင့်တဲ့ ပလက်ဖောင်းတွင်ရပ်နေလိုက်တယ်၊
လူအပြည့်အသိပ်ရှိနေကြပြီး လုကျိုးက
ဂျင်းဘောင်းဘီအား ဒူးအထိလိပ်တင်ကာ
ရွှဲရွဲစိုနေသည့် ခြေညှပ်ဖိနပ်ကို ဝတ်ထားတယ်၊ထို အချိန် ကောင်မလေး တစ်ယောက်က သတိထားမိပြီး သူ့ဘေးက အဖော်ကို
ကြည့်ဖို့ တိုက်တွန်းလာတယ် ၊

ရှောင်ရီက သူ(မ)အပြောကို မစောင့်ဘဲ ပြောလိုက်တယ်၊

" ကလေးမ, လုကျိုးက ဒေါ်လာတစ်ဆယ်တန်ဖိနပ်ကို စီးပြီး မြေအောက်ရထားစောင့်နေလိမ့်မယ်လို့ မင်းထင်လား?"

ဘေးပတ်ဝန်းကျင်ကလူတွေ အကုန်ရယ်ကုန်ကြတယ်၊ ရှောင်ရီက လုကျိုးပခုံးကို ပုတ်ကာ နှစ်ယောက်သားမြေအောက်ရထားပေါ် တက်ခဲ့ကြတယ်၊လုကျိုးက ဆံပင်ရေစက်လက်နဲ့
ရထားတံခါးဘက်ကို မျက်နှာမူနေတယ်၊ သူဝတ်ထားတဲ့ရှပ်အကျီအဖြူက အဝတ်ဗလာကဲ့သို့ ကိုယ်မှာကပ်နေသော်လည်း မည်သူ့ကိုမှ ဂရုမစိုက်ဘဲ လက်ရန်းကို ကိုင်လိုက်တယ်၊
ပြီးတော့ သူတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရယ်နေမိကြတယ်။

W3400
9.5.2022

(T/N..ကျန်းမာရေး အခြေအနေကြောင့်
လုံးဝ ရပ်သွားသလို ဖြစ်သွားတဲ့အတွက်
တကယ်တောင်းပန်ပါတယ်၊ရက်ခြား
အလှည့်ကျ 3ရက်တခါ ပြန်အပ်ပေးမယ်နော်)

......................................................................

[ Z ]

သူက ေနာက္ထက္ကီးတစ္ခုကို ျပတ္သားစြာရွာေဖြလိုက္မိတယ္၊ထိုသံစဥ္က သူ႕ႏွလုံးသားရဲ႕ အနက္ရွိုင္းဆုံးေနရာထိ တိုးဝင္ေစရင္း ထို သံစဥ္က ကမၻာေလာကႀကီး တစ္ခုလုံးအား တုန္လႈပ္သြားေစတယ္၊သိပ္မၾကာခင္မွာပဲ ေရွာင္ရီ ႏုတ္ေတြ တစ္ခုၿပီး တစ္ခု တီးတယ္၊ႏူးညံ့တလွည့္
ၾကမ္းတမ္း၍ တဖုံ တီးခတ္ေနလ်က္ သာယာေသာည
တြင္ေထာင္ေပါင္းမ်ားစြာေသာ မီးေရာင္ေတြ
လင္းလက္ေနသကဲ့သို႔ ထင္ရၿပီး ေနအိမ္ရွိမီးမ်ားသည္
လည္း လင္းလက္ေနတယ္။တခဏမွ် တိတ္ဆိတ္လာ
ၿပီးေနာက္ ေဘဂ်င္းၿမိဳ႕ရဲ႕ လမ္းမမ်ား တေလွ်ာက္
ေတးဂီတသံႏွင့္အတူ စီးနင္းလိုက္ပါ ေစခဲ့တယ္။

ေရွာင္ရီ သံစဥ္ေတြကို ခ်ေရးၿပီး ေနာက္ ေဘးသို႔
ပစ္ခ်ရင္း မ်က္လုံးစုံမွိတ္ထားလိုက္တယ္၊
စစ္ယူနီေဖာင္းဝတ္ဆင္ထားတဲ့လုက်ိဳးႏွင့္
ရႈ ဖန္းခ်ီ တို႔ ေပါင္းစီးသြားၾကတယ္၊ယခုေရးစပ္ျခင္းက သူ႕ရဲ႕ ဒုတိယေျမာက္ ေတးသီခ်င္းျဖစ္ၿပီး ပထမသီခ်င္းရဲ႕ အဆုံးသတ္တြင္ဒုတိယသီခ်င္းရဲ႕ ပထမႏုတ္ေလး ေပၚလာလ်က္ ဆက္စပ္ေနေသာ ေရတံခြန္ကဲ့သို႔စီးဆင္းသြားလိမ့္မည္ပင္။

ဒုတိယေျမာက္ေန႕တြင္ ေနထြက္ေသာ္လည္း ျပတင္း
အျပင္ဘက္၌ မီးခိုးေရာင္ ျမဴခိုးမ်ား လြင့္ေမ်ာေနတယ္
၊ဒူမားက ေသမတတ္ၿငီးေငြ႕စြာျဖင့္ တံခါးတြန္းဖြင့္ၿပီး
ဝင္လာခ်ိန္ ေရွာင္ရီကို လန့္နိုးသြားေစတယ္။

"ငါၾကည့္စမ္းမယ္?"

ဒူးမားၿပဳံးရင္းေျပာလာတယ္၊

ေရွာင္ရီ မ်က္ႏွာက စႏၵရားခလုတ္ေတြေပၚ
ဖိမိေနလ်က္ ပင္ပန္း လြန္းသည္မို႔ ေခါင္းထူမလာခဲ့၊ ဒူမားက သီခ်င္းစာ႐ြက္ကိုယူလိုက္ ၿပီးေနာက္ သူအနည္းငယ္အံ့ၾသမိေနရင္းမွ ေျပာလာတယ္၊

" မင္း က လူေတြကို သီခ်င္းစာသားျဖည့္ခိုင္းမို႔လား?"

ေရွာင္ရီ သြားတိုက္ၿပီးေနာက္ စားပြဲေပၚထိုင္ေနလ်က္
ဒူးမားယူလာတဲ့ မနက္စာကိုစားၿပီး ေျပာလာတယ္,

" ငါကိုယ္တိုင္လုပ္မွာပါ"

"မဆိုးပါဘူး"ဒူးမားေျပာလာတယ္,

" တကယ္ေကာင္းတယ္"

ဒူးမားက ေရွာင္ရီ ကို ကုမၸဏီသို႔ ျပန္ပို႔ၿပီးေနာက္
အိပ္ရန္ျပင္တယ္၊တနဂ္ႏြေေန႕ မနက္ပိုင္းမွာ ေရွာင္ရီ စတူဒီယို တံခါးကို တြန္းဖြင့္စဥ္ အံ့ၾသသင့္မႈ ႏွင့္ေတြ႕ႀကဳံခဲ့ရတယ္၊

ကြန္ပ်ဴတာေရွ႕ စားပြဲေပၚ၌ ေမြးေန႕ ကိတ္ေလး
တစ္လုံးရွိေနတယ္။

သူမေန႕ညထြက္လာတုန္းက အဲ့ဒီမွာမရွိဘူး၊ အခုလည္း
မနက္8နာရီပဲရွိေသးၿပီး ကုမၸဏီမွာလည္း ဘယ္သူမွမ
ရွိေသးဘူး၊ခုလိုကိတ္မုန့္ယူလာေပးနိုင္သူက တစ္ေယာက္တည္းသာရွိနိုင္တယ္၊ေရွာင္ရီ အရမ္း အံ့ၾသသြားၿပီး
ကိတ္မုန့္ေလးေရွ႕ ထိုင္ခ်ရင္း ကိတ္ေလးကို
တကိုက္ကိုက္လိုက္တယ္၊ၿပီးေနာက္အလုပ္
ျပန္စ လုပ္ဖို႔ ျပင္ဆင္လိုက္တယ္။

ေနာက္ထပ္တစ္ရက္ထပ္ကုန္သြားတယ္၊
ေရွာင္ရီ တစ္ေယာက္ယခုခ်ိန္ထိ စိတ္မတည္ၿငိမ္ နိုင္ဘဲ ရွိေနဆဲ၊၊သီခ်င္း ႏွစ္ပုဒ္ကို ေရ႐ြတ္ရင္း ကိတ္မုန့္ အနည္း
ငယ္ ကိုစားလိုက္ၿပီးသူ႕ရဲ႕ ဆာေလာင္မႈအား ေမြ႕ေန႕
ကိတ္ျဖင့္ ေက်နပ္ေစတယ္၊ကိတ္မုန့္က သူ႕ရဲ႕ စိတ္ပိုင္း
႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ အဓိကအစားအစာ ျဖစ္ေနတယ္။

သူ႕စိတ္ထဲ၌ စကားမ်ားစြာေျပာေနမိရင္း
လုက်ိဳးကို မည္သို႔ ရင္ဆိုင္ရမွန္းမသိေတာ့ဘူး၊ သူ႕စာသားေတြမွာလည္း ခုလိုပဲ၊သူ႕အေတြးေတြထဲမွာ စကားလုံးေပါင္း တစ္ေထာင္မွ်ရွိေနသည့္တိုင္ ထို အေၾကာင္း
အရာေတြကို မေဖာ္ျပနိုင္ခဲ့ဘူး၊ ေနာက္ဆုံးေတာ့သူတီးတိုးေလး ေျပာမိတယ္,

" မင္းနားမလည္နိုင္ေသးဘူးထင္တယ္"

ေရွာင္ရီ ပထမ စကားလုံးတစ္လုံးကို
ပရိသတ္တစ္ေယာက္က သူ႕ရဲ႕ idolထံ
ေရးသလိုေရးလိုက္တယ္၊သူေရးေနရင္း
မွ အေၾကာင္းအရာကပိုပိုၿပီးသီးသန့္ဆန္
လာတယ္၊သူေတြးေနရင္းမွ စာသားရဲ႕
အေနအထားကို စတင္နားလည္စျပဳလာ
တယ္၊ ပင္ပန္းလြန္းတယ္...ပင္ပန္းလြန္းတယ္၊
၊လင္းရွီရဲ႕ ေဒါသေတြနဲ႕ ျပည့္ႏွက္ေနတဲ့ ႏွလုံးသား
တစ္စုံကဲ့သို႔, နက္နဲေသာေနရာမွာပုန္းကြယ္ေန
သည့္စစ္မွန္တဲ့ ခံစားခ်က္ေတြကို လြတ္ေျမာက္ခြင့္ျပဳရင္း ဘဝအေတြ႕အႀကဳံမ်ားကိုလည္း ပါဝင္ေစရမယ္၊ ဘယ္လို
ဂီတခံစားမႈကို အသုံးျပဳမလဲ? စသည့္ အရာအားလုံး
က ေရးဖြဲ႕သူရဲ႕အရည္အခ်င္းေတြပဲေလ။

လူေတြရဲ႕ ခံစားခ်က္ကို တိုက္ရိုက္ျပဆိုတာမ်ိဳး ,သီခ်င္း
တပုဒ္ ေရးဖြဲ႕တာမ်ိဳး, စာသားေတြျဖည့္သြင္းတာမ်ိဳး,
စသည့္ အျပဳအမူေတြက လူတစ္ေယာက္ရဲ႕ႏွလုံးသားကို ဖြင့္ဟျပနိုင္တယ္၊ေတးေရး ဆရာတစ္ေယာက္အေနနဲ႕
သူ႕ကိုယ္ပိုင္အလုပ္ကို သူကိုယ္တိုင္ခံစားျပဆိုနိုင္တယ္။

ေရွာင္ရီ အသက္ရႈထုတ္ၿပီး သူ႕ကိုယ္ပိုင္အလုပ္ေလး
အတြက္ ၿပဳံးမိရင္းစတင္ဆိုၿငီးလိုက္တယ္။

ပူျပင္းတဲ့ရာသီဥတုက သူ႕ကိုလြန္စြာ
စိတ္မသက္မသာျဖစ္ေစၿပီး ရက္အနည္းငယ္
အၾကာထိ လည္းေရမခ်ိဳးျဖစ္ဘူး၊ ေရွာင္ရီ
လုက်ိဳးကို တကယ္ႀကီး လြမ္းေနမိတယ္၊
သီခ်င္းေတြေရးၿပီးေတာ့မည္ျဖစ္ေၾကာင္း
ဖုန္းဆက္ခ်င္ေပမဲ့ လုက်ိဳးကို မေျပာခင္
သူ႕အလုပ္ကို အရင္ဆုံး အၿပီးသတ္တာ
ပိုေကာင္းမယ္လို႔ သူေတြးမိတယ္။

ဒီေန႕ညမွာေတာ့ ေဘဂ်င္းတစ္ခုလုံး ႐ုတ္တရက္ မိုးေတြ
ၿခိမ္းေနတယ္၊ေနာက္တေန႕ မွာ ေရွာင္ရီ ေမွာင္မိုက္ေနတဲ့ အခန္းထဲမွာထိုင္ေနမိတယ္၊မီးေတြ လုံးဝမဖြင့္ဘဲ အေသအခ်ာ စဥ္းစားေနမိတယ္၊သီခ်င္းအတြက္ သူရဲ႕ အီလက္ထေရာနစ္အဘိဓာန္ကို ကိုင္ေဆာင္ရင္း အႀကိမ္ႀကိမ္ဖ်က္လိုက္ ျပင္လိုက္ႏွင့္ ရွိေနတယ္။

ညေနပိုင္းတြင္ မိုးပိုသည္းလာတာမို႔
အေဆာက္ဦးတြင္းမွလူအမ်ားစုက
အလုပ္ေစာဆင္းၾကတယ္ ၊ ေရွာင္ရီ
ေအာက္ထပ္သို႔ ဆင္းသြားတဲ့အခါ
မန္ေနဂ်ာလင္းလည္းရွိေနတယ္၊ဒါေပမဲ့
ဒူမိုင္ကေတာ့ အျခားတစ္ေယာက္ႏွင့္
ညစာစားရန္ ထြက္သြားၿပီ။ လင္းေယာ့က
ေရွာင္ရီကို ျမင္တဲ့အခါ ၿပဳံးျပရင္း ေမးတယ္,

" သီခ်င္း ၿပီးသြားၿပီလား?"

"မၿပီးေသးဘူး"

ေရွာင္ရီ ေျပာလိုက္တယ္,

" ဒါေပမဲ့ ၿပီးေတာ့မွာပါ, မနက္ျဖန္ေလာက္
ကြၽန္ေတာ္ ကြၽီဟြား ကိုသြားလိုက္မယ္,
သူတို႔ကို bandနဲ႕ ဆက္သြယ္ခိုင္းမလို႔"

"ဒါဆို မင္းဒီေန႕ အိမ္ျပန္လို႔ ရၿပီေပါ့ ?"

ေရွာင္ရီ ခဏမွ်စဥ္းစားၿပီး ေျပာလာတယ္,

" ကြၽန္ေတာ္ တစ္ရက္ေလာက္ေတာ့ ထပ္ေနရဦးမယ္, က်ိဳးေကာေရာ ဒီမွာရွိလား?"

"စတူဒီယိုမွာ" လင္းေယာ့ကေျဖတယ္၊

ငါ,.မင္းပါပါးက , ေနာက္ဆုံးေတာ့လြတ္ေျမာက္နိုင္ၿပီ!
ေရွာင္ရီ တစ္ေယာက္ ဟင္းခ်ိဳဆိုင္မပိတ္ေသးခင္
ျကက္စြပ္ျပဳတ္ တခြက္ရဖို႔ရန္ အလ်င္အျမန္ လာခဲ့လိုက္တယ္၊ဟင္းခ်ိဳထည့္ဖို႔ရာ ကုမၸဏီရဲ႕ မတ္ခြက္ကို သုံးၿပီးစတူဒီယိုသို႔သြားရန္ တက္စီတစ္စီး အားေခၚယူလိုက္
တယ္။

[The Era of Leftover Men]ရဲ႕ ရိုက္ကူးေရးက မေျပာင္းေ႐ြ႕ရေသးတာမို႔ ရိုက္ကူးေရး အဖြဲ႕က ရွိေနေသးတယ္၊မိုး႐ြာ လာတဲ့အခါ လူေတြ အရိပ္ပင္ မျမင္ရေတာ့ဘူး၊ေရွာင္ရီ တက္စီထဲက ထြက္လိုက္ခ်ိန္ သူ႕တကိုယ္လုံး လုံးဝ ႐ႊဲနစ္သြားခဲ့တယ္၊ပိုဆိုးတာက မီးပ်က္သြားတဲ့အခါ
စက္အဖြဲ႕ရဲ႕မီးစက္အင္ဂ်င္သံကက်ယ္ေလာင္စြာ
ထြက္ေပၚလာခဲ့တယ္။

လုက်ိဳးက ရိုက္ကူးေရး တခန္း ၿပီးခ်ိန္မို႔
ခတၱခဏအနားယူေနတယ္၊ ေရွာင္ရီကို
ျမင္ေတာ့ လုက်ိဳးအံ့ၾသသြားတယ္။

" မင္းဒီကို ဘာလာလုပ္တာလဲ?"

လုက်ိဳး ေျပာလာတယ္,

" အျပင္မွာ မိုးေတြ အရမ္း႐ြာေနတာကို "

"ကြၽန္ေတာ္ေမးၿပီးက်ိဳးေကာကို ဒါေလး
ေကြၽးဖို႔ လာတာ"

ေရွာင္ရီ ျပန္ေျဖတယ္,

"ေကာ စားၿပီးၿပီလား? တကယ္ေရာစားၿပီးၿပီလား?"

လုက်ိဳးက ညွပ္ဖိနပ္ေလး ဝတ္ထားၿပီး ေဘာင္းဘီကို
လည္း ခပ္တိုတိုေလး ဆြဲတင္ထားလ်က္ အက်ီလက္ေတြပင္ စိုစြတ္ေနတယ္၊ေရွာင္ရီကို ထိုင္ဖို႔ ေျပာလာၿပီး ေရွာင္ရီ လက္ထဲမွ ၾကက္စြပ္ျပဳတ္မတ္ခြက္ေလးကို လြဲယူတယ္။

"ေကာ ညစာေကာ မစားဘူးမလား?"

ေရွာင္ရီ ေမးလိုက္တယ္,

"ဘာလို႔ ဘယ္သူကိုမွ မဝယ္ခိုင္းတာလဲ?အ႐ူးႀကီး!
လက္ေထာက္ေတြေရာ ဘယ္မွာလဲ? ေကာကိုရိုက္ကူးေရးမွာ ဗိုက္ဆာေအာင္ ဘယ္သူလုပ္တာလဲ?"

"မိုး အရမ္းသည္းေနတယ္ေလ"

လုက်ိဳး ျပန္ေျဖတယ္၊

" လမ္း ပိတ္တာကလည္း အရမ္း ဆိုးေနလို႔
ေထာက္ပို႔ အဖြဲ႕က မလာနိုင္ဘူး၊လူတိုင္း ရိုက္ကူးေရး ၿပီးခ်ိန္ ည9နာရီထိ ေစာင့္ရမယ္ေလ, ၿပီးမွစားၾကမွာ"

အဲ့ခ်ိန္ဆို ဆိုင္ေတြ အကုန္ပိတ္ေနၿပီ၊ သူတို႔က ညာစာ
ဘယ္သြားစားၾကမွာလဲ ? ေလျပင္းက စၾက္ံလမ္း
တစ္ေလွ်ာက္ျဖတ္သန္းတိုက္ခတ္လာတဲ့အခါ ေရွာင္ရီ
ေသမတတ္ေအးလာတယ္၊ လုက်ိဳး ၾကက္စြပ္ျပဳတ္နဲ႕
အသားေတြစားေနခ်ိန္ အားအင္ျပည့္သြားၿပီမို႔ဆက္လက္ ရိုက္ကူးရန္ျပင္ဆင္ခဲ့တယ္၊ရိုက္ကူးေရး မစမီ
လုက်ိဳး ေရွာင္ရီ ကို ေျပာလာတယ္၊

"ဒီမွာေစာင့္ေန...ၿပီးရင္ အိမ္ျပန္ၾကမယ္,
ကုမၸဏီကို ျပန္မသြားနဲ႕ေတာ့"

ေရွာင္ရီ လုက်ိဳး ႐ုပ္ရွင္ရိုက္တာကို ၾကည့္ေနခဲ့တယ္၊
လုက်ိဳး တစ္ေယာက္ ဇာတ္ေဆာင္မင္းသမီး နိုးထလာမည္ကို ေၾကာက္႐ြံ႕သကဲ့သို႔ ထူးျခားစြာပင္ ၿငိမ္သက္ေနလ်က္
ငိုၿပီးေနာက္ သိသိသာသာပင္ပန္းေနပုံေပၚတယ္၊မင္းသမီးရဲ႕ မ်က္ႏွာမွာလည္းမ်က္ရည္စတို႔ရစ္ဝဲေနၿပီး
မီးအိမ္ေအာက္ရွိဆိုဖာေပၚမွာလဲေလ်ာင္းေနတယ္။

လုက်ိဳး က အက်ီလက္တိုတထည္နဲ႕ ဂ်င္းေဘာင္းဘီကို
ဝတ္ဆင္ကာ ေျခညွပ္ဖိနပ္စီးထားတာမို႔ အန္ကယ္ႀကီး
ပုံစံ ေပါက္ေနတယ္၊သူက မင္းသမီးကို နမ္းခ်င္ေပမဲ့ သူမလုပ္ရဲဘူး၊ နိုးသြားမွာကို ေၾကာက္ေနၿပီးအျခားသူေတြကို ရယ္ေမာနိုင္ေစတယ္။

ထို႔ေနာက္ လုက်ိဳးက ၾကမ္းျပင္ေပၚ ဒူးေထာက္ထိုင္ခ်ၿပီး တည္ၾကည္ေလးနက္ေသာ မ်က္ႏွာျဖင့္ အိပ္ေပ်ာ္ေနတဲ့
မင္းသမီးရဲ႕ မ်က္ႏွာကို စိုက္ၾကည့္ေနတယ္၊ထိုအခ်ိန္
မင္းသမီးက ႐ုတ္တရက္ မ်က္လုံးပြင့္လာၿပီး
လဲေလ်ာင္း ေနရာမွထလိုက္တယ္။

တဆက္တည္းမွာပဲ လုက်ိဳးက သူမကို
နမ္းခြင့္မေပးခဲ့ဘူး၊သူမကို နမ္းသလိုျပဳမူဖို႔
သာ ခြင့္ျပဳထားတယ္၊မင္းသမီးကလည္း
သူ႕ကို အခြင့္ေကာင္းမယူဝံ့ဘူး၊ဒါရိုက္တာက
ေကာင္းတယ္လို႔ ေအာ္ေျပာလာတယ္၊ေနာက္တခန္း
က် မင္းသမီးနဲ႕ သူ႕သူငယ္ခ်င္း အခန္းမို႔ လုက်ိဳးက အနားယူဖို႔ ျပန္လာတယ္ေရွာင္ရီ ၿပဳံးရင္း ေျပာလိုက္တယ္,

" သူ က်ိဳးေကာကို တကယ္နမ္းေတာ့မယ္ထင္တာ"

လုက်ိဳးက သူ႕စကားကို မေက်နပ္ပုံျဖင့္
စြပ္ျပဳတ္ခြက္ေလးအား ဆြဲယူကာၾကက္ရိုးကို
ဆက္ကိုက္ေနတယ္။

ေရွာင္ရီ :"......"

ထို႔ေနာက္ လုက်ိဳး ၿပဳံးျပလာတာမို႔ ေရွာင္ရီ
တစ္ေယာက္ေသအံ့ဆဲဆဲပင္၊ ခုန ရ်ိုက်ကွင်း
တြင္ ျဖစ္ပ်က္ခဲ့သည္က မင္းသမီးက သူ႕ကို
နမ္းေတာ့မည္ဆဲဆဲ လုက်ိဳးကသတိထား
ကာေရွာင္တိမ္းလိုက္တာမို႔မင္းသမီးမွာေတာ့..။

လုက်ိဳးက မတ္ခြက္ေလးထဲမွ ေနာက္ထပ္ ဟင္းရည္ မ်ားကို ထပ္ခပ္ေနစဥ္ မင္းသမီးရဲ႕ အခန္းက ၿပီးသြားၿပီ၊လုက်ိဳး ေနာက္တစ္ခန္း ဆက္ရိုက္ဖို႔ သြားခဲ့တယ္၊မီးေရာင္
မွိန္ပ်ပ်ေအာက္ တီဗြီေရွ႕တြင္ထိုင္ကာ မင္းသမီးက
လုက်ိဳး ပခုံးေပၚ သို႔မွီလိုက္ခ်ိန္ လုက်ိဳးက
သူမကို ဖက္လိုက္တယ္၊ ထို႔ေနာက္ သူမအား
အိပ္ရန္ အိပ္ခန္းဆီသို႔ ေခၚေဆာင္လာလိုက္တယ္၊
ဤတြင္ ေနာက္ဆုံးေသာအခန္း ၿပီးသြားခဲ့တယ္။

မိုးက ပိုပိုၿပီး သည္းသည္ထက္သည္းလာတယ္၊ေရွာင္ရီေဘဂ်င္းတြင္ ေနထိုင္သည့္ ႏွစ္မ်ားစြာအတြင္း ခုလိုမုန္တိုင္းကို ႀကဳံေတြ႕ရျခင္းက ဒုတိယအႀကိမ္ ျဖစ္တယ္၊ သူပထမဆုံး အႀကိမ္ ႀကဳံဖူးစဥ္က တံတားျမဳပ္သြားတယ္၊ယခုတႀကိမ္မွာေတာ့ ေကာင္းကင္ တခြင္တျပင္လုံး လွ်ပ္စီး မ်ားျဖင့္ ျပည့္ေနၿပီးမိုးၿခိမ္းသံမ်ားႏွင့္အတူကမၻာႀကီးေပ်ာက္ဆုံး ေတာ့မည့္အလား ျဖစ္ေနပုံရတယ္၊ညကိုးနာရီခြဲ
တြင္ လက္ေထာက္ေတြကိုအိမ္ျပန္ပို႔တယ္၊
ရိုက္ကူးေရး ပစၥည္းေတြ ထုပ္ပိုးသိမ္းဆည္းၿပီးတဲ့ေနာက္, ေရွာင္ရီ လုက်ိဳးကို ျပန္ေခၚခဲ့လိုက္တယ္၊ေနာက္ဆုံးတြင္ သူတို႔ႏွစ္ေယာက္ လမ္းတြင္ပိတ္မိသြားၾကတယ္၊ေရႀကီး
ေရလွ်ံ မႈေၾကာင့္ တံတား ႏွစ္ျမဳပ္ေနေပမဲ့ ကားေခါင္မိုး
ျမဳပ္တဲ့ထိေတာ့ မျဖစ္ေသးဘူး။

" ကြၽန္ေတာ္တို႔ ဆက္ေမာင္းလို႔မရေလာက္ဘူး"

ေရွာင္ရီ ေျပာျပလိုက္တယ္,

"ေရက အရမ္းနက္ေနၿပီ!"

တံတားေပၚမေရာက္မီ ေရေတြထဲ ကားတန္းႀကီး တစ္ခုလုံး ရပ္တန့္ေနလ်က္ ေရေတြက ကားတာယာေတြကို တိုးတိုက္ကာစီးဆင္းတာမို႔ တာယာေတြပင္ ႂကြတက္လာတယ္၊
လုက်ိဳး ေျပာလာတယ္,

" ေရွ႕မွာလည္း လမ္း ပိတ္ေနတယ္!"

အေဝးဘက္ဆီမွလည္း မိုးၿခိမ္းသံေတြၾကားေနရ
တယ္၊ေရွာင္ရီ ၿငီးျငဴမိတယ္,

"ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ?"

လုက်ိဳးေျပာလာတယ္,

"ဒါနဲ႕ငါတို႔ ေဘးက ကားက လႈပ္ေနတယ္!"

ေရွာင္ရီ :"....."

အမွန္တကယ္ေတာ့ , ကားထဲမွ အမ်ိဳးသား
ႏွစ္ဦး ေပြ႕ဖက္နမ္းရႈံ႕မႈေၾကာင့္ ကားကလႈပ္ခါေနတယ္
၊ေရွာင္ရီ ရွက္႐ြံ႕စြာပဲ ဟြန္းကိုႀကိမ္ဖန္ မ်ားစြာ
တီးလိဳက္မိတယ်၊လုက်ိဳးေျပာလာတယ္..

"ငါတို႔ ကားကို ကုန္တိုက္အျပင္ဘက္မွာ
ရပ္ထားခဲ့ၿပီး လမ္းေလွ်ာက္ရေအာင္,
သိပ္မေဝးဘူး"

လက္ရွိေနရာနဲ႕ သူတို႔ အိမ္ဆို 3ကီလို
သို႔မဟုတ္ ထို႔ထက္ပိုတဲ့ အကြာအေဝးရွိတယ္၊
ေရွာင္ရီက ကုန္တိုက္ႀကီး တစ္ခုေရွ႕တြင္
ကားကို ရပ္ၿပီး ေသာ့ခတ္လိုက္တယ္၊
သူကလုက်ိဳး အတြက္ထီးမိုးေပးခ်င္ေပမဲ့
လုက်ိဳးက ထီးကို ဦးစြာလွမ္းယူတယ္၊
လုက်ိဳးကေရွာင္ရီထက္ ပိုအရပ္ရွည္တာမို႔
ထီးကိုင္ရင္းကားေပၚက ဆင္းေပမဲ့ စကၠန့္ပိုင္း
အတြင္းမွာပဲ ႏွစ္ေယာက္စလုံး စိုစြတ္သြားတယ္၊
ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ ကားလမ္းပိတ္ေနရာရဲ႕
ဆန့္က်င္ဖက္လားရာဆီလမ္းေလွ်ာက္လာခဲ့လိုက္ၾက
တယ္။

" ေကာဘာျဖစ္လို႔ ထီးယူမလာတာလဲ?"

"ကေလးေတြကို ေပးလိုက္တာ!"

လုက်ိဳး ေရွာင္ရီကို ျပန္ေအာ္ေျပာလာတယ္,

" အိမ္က ထြက္တာနဲ႕ ကားေပၚေရာက္တာေလ!
မိုးဒီေလာက္ထိ ႐ြာလိမ့္မယ္လို႔ ဘယ္သူ ထင္မွာလဲ!"

ပုံမွန္အားျဖင့္ ႏွစ္ကီလိုမီတာ သုံးကီလိုမီတာထိ
လမ္းေလွ်ာက္ျခင္းက အလြန္လြယ္ကူေသာ္လည္း
မိုးသည္းထန္စြာ႐ြာေနတာမို႔ လမ္းဆက္ေလွ်ာက္ရန္ မျဖစ္နိုင္ေတာ့ဘူး၊လုက်ိဳးနဲ႕ ေရွာင္ရီ ပင္ တစ္ေယာက္နဲ႕
တစ္ေယာက္ တိုက္မိကုန္ၿပီမို႔ လုက်ိဳးက ေရွာင္ရီ
ပခုံးအား ဖက္ကာ နံရံ ဘက္သို႔ ဆြဲသြင္းရင္း
ေလွ်ာက္လာခဲ့ၾကတယ္။

ေရွာင္ရီ ႏွလုံးသားေလးေတြ တဆတ္ဆတ္ခုန္ေနတယ္၊ လုက်ိဳးရဲ႕ ခႏၶာကိုယ္ လည္းေရမ်ားလည္း ႐ႊဲ ႐ႊဲစိုေနၿပီ၊ သူတို႔ စိတ္ပ်က္လက္ပ်က္ျဖင့္ အိမ္သို႔ေရာက္ၾကေတာ့မယ္၊
လုက်ိဳးရဲ႕ ရွပ္အက်ီက ေရေတြပင္ ကပ္ေနၿပီး
ႂကြက္သားေတြကိုပင္ ျမင္ေနရတယ္။

"က်ိဳးေကာ"

ေရွာင္ရီ ေခၚလိုက္တယ္,

"ဘာလဲ?!"

လုက်ိဳးေရွာင္ရီကိုလွည့္ၾကည္လာတယ္,

" ကြၽန္ေတာ့္ကို သတိမရဘူးလား?"

ေရွာင္ရီ အသံတိုးတိုးေလးျဖင့္ ေမးလိုက္တယ္၊

အျပင္ဘက္၌ မုန္တိုင္းက တဟုန္ထိုးလႊမ္းမိုးေနလ်က္ စကားသံမ်ားကိုပင္လႊမ္းမိုးေစတယ္၊သူဒီလို မ်ိဳး ေျပာ
လိုက္မိတဲ့အခါ အသံက ပိုမို တိုးညွင္းလာၿပီး မုန္တိုင္း
မွေလသံေတြႏွင့္အတူ သူၾကားခ်င္တဲ့ စကားလုံးေတြကိုလုံးဝပင္ ပ်က္စီးသြား
ေစတယ္။

လုက်ိဳး က စကားေတြကို ထပ္တလဲလဲ
ေျပာေပမဲ့ ေရွာင္ရီ နားမလည္နိုင္ေသးဘူး၊
လုက်ိဳး ထေအာ္လာတယ္၊

".....နည္းနည္း..!!!"

ေရွာင္ရီ :".???"

လုက်ိဳး သူ႕ကို ဆြဲယူၿပီး ေရွာင္ရီနားနားသို႔ ကပ္ကာ ေျပာလာတယ္,

"နည္းနည္း လို႔!!"

ေရွာင္ရီ ထရယ္လိုက္မိတယ္၊ ႐ုတ္တရက္
သူတို႔ အနီးနားရွိ အထပ္ျမင့္ အေဆာက္အအုံ
ေပၚသို႔ မိုးႀကိဳးတစ္ခု က်ေရာက္လာတယ္၊
တခ်ိန္တည္းမွာပဲ မိုးၿခိမ္းသံႏွင့္အတူ လွ်ပ္စီး
ေၾကာင္းမ်ား ထြက္ေပၚလာတယ္၊လက္ရွိ
ျမင္ကြင္းက အလြန္ အံ့ၾသစရာပဲ၊ အေဆာက္
အဦးဆီသို႔ လွ်ပ္စီးေၾကာင္းမ်ားစီးဝင္သြားၿပီး
တစကၠန့္ အတြင္းမွာပဲ ပတ္ဝန္းက်င္၌
ေတာက္ပတဲ့ အျဖဴေရာင္ အလင္းတန္း မ်ား
ဖုံးလႊမ္း သြားကာညေကာင္းကင္ယံ၌ အလင္း
တန္းမ်ား ျဖာထြက္ေနသကဲ့သို႔ ရွိေနတယ္။

ထိုျမင္ကြင္း၏တုန္လႈပ္ေခ်ာက္ျခားမႈက
ကမၻာႀကီးအဆုံးသတ္ခ်ိန္ကပ္ဆိုးတစ္ခုပမာ
သူတို႔အားေခ်ာက္ျခားသြားေစခဲ့တယ္။

ေရွာင္ရီ ေၾကာက္လန့္တၾကားေအာ္ဟစ္လိုက္ခ်ိန္
လုက်ိဳးက သူ႕ကို ဆြဲကိုင္ကာေျမေအာက္ရထား ဘူတာ႐ုံအဝင္ေပါက္နားဆီသို႔ တြန္းလိုက္တယ္၊သူတို႔ႏွစ္ေယာက္ တင္းၾကပ္စြာ ေပြ႕ဖက္ထားမိတယ္၊လုက်ိဳးရဲ႕ မသိစိတ္မွ တုံ႕ျပန္မႈက တစ္စကၠန့္ထက္ပင္ နည္းပါးၿပီး
လုက်ိဳးကိုေရွာင္ရီ႕ ဘက္မွ ေပြ႕ဖက္ျခင္းကလည္း
အေျခအေနအရ တုံ႕ျပန္မႈ တစ္ခုသာျဖစ္တယ္၊လွ်ပ္စီး
လက္ျခင္းေၾကာင့္ ႏွစ္ေယာက္စလုံး ထိတ္လန့္သြားၾက
တယ္၊လုက်ိဳးရဲ႕ မ်က္ႏွာ ၌မိုးေရေပါက္မ်ား စိုစြတ္ေနရင္း ေရွာင္ရီအားၾကည့္ေနရာမွအေဝးဘက္မွ အေဆာက္အအုံအား လွည့္ၾကည့္လိုက္မိတယ္။

"ဒါက..."

လုက်ိဳး ေျပာလာတယ္၊

" မင္းအေမလင္ ! ,ေရွာ့ရၿပီးေသေတာ့မလိုပဲ"

" ငါေတြးမိတယ္...ဒီအေဆာက္အအုံက
ၿပိဳက်ေတာ့မယ္ထင္.."

ေရွာင္ရီ ေျမေအာက္ရထားဝင္ေပါက္ေလးကို
အေမာတေကာျဖင့္မွီလိုက္တယ္၊လုက်ိဳးေျပာလာတယ္၊

" ေျမေအာက္ရထားစီးၾကရေအာင္!
ထိတ္လန့္တာေတြ တဝက္ေလာက္
ေျပလိုေျပျငားေပါ့"

လုက်ိဳးထီးေလးကို ေခါက္ၿပီး ရထားေစာင့္တဲ့
ပလက္ေဖာင္းတြင္ရပ္ေနလိုက္တယ္၊
လူအျပည့္အသိပ္ရွိေနၾကၿပီး လုက်ိဳးက
ဂ်င္းေဘာင္းဘီအား ဒူးအထိလိပ္တင္ကာ
႐ႊဲ႐ြဲစိုေနသည့္ ေျခညွပ္ဖိနပ္ကို ဝတ္ထားတယ္၊
ထို အခ်ိန္ ေကာင္မေလး တစ္ေယာက္က
သတိထားမိၿပီး သူ႕ေဘးက အေဖာ္ကို
ၾကည့္ဖို႔ တိုက္တြန္းလာတယ္ ၊

ေရွာင္ရီက သူ(မ)အေျပာကို မေစာင့္ဘဲ ေျပာလိုက္တယ္၊

" ကေလးမ, လုက်ိဳးက ေဒၚလာတစ္ဆယ္တန္ဖိနပ္ကို
စီးၿပီး ေျမေအာက္ရထားေစာင့္ေနလိမ့္မယ္လို႔
မင္းထင္လား?"

ေဘးပတ္ဝန္းက်င္ကလူေတြ အကုန္ရယ္ကုန္ၾကတယ္၊
ေရွာင္ရီက လုက်ိဳးပခုံးကို ပုတ္ကာ ႏွစ္ေယာက္သားေျမေအာက္ရထားေပၚ တက္ခဲ့ၾကတယ္၊လုက်ိဳးက ဆံပင္ေရစက္လက္နဲ႕ ရထားတံခါးဘက္ကို မ်က္ႏွာမူေနတယ္၊
သူဝတ္ထားတဲ့ရွပ္အက်ီအျဖဴက အဝတ္ဗလာကဲ့သို႔
ကိုယ္မွာကပ္ေနေသာ္လည္း မည္သူ႕ကိုမွ ဂ႐ုမစိုက္ဘဲ
လက္ရန္းကို ကိုင္လိုက္တယ္၊ၿပီးေတာ့သူတို႔ႏွစ္ေယာက္
တစ္ေယာက္ကို တစ္ေယာက္ၾကည့္ရင္းရယ္ေနမိၾက
တယ္။

W3400
9.5.2022

(T/N..က်န္းမာေရး အေျခအေနေၾကာင့္
လုံးဝ ရပ္သြားသလို ျဖစ္သြားတဲ့အတြက္
တကယ္ေတာင္းပန္ပါတယ္၊ရက္ျခား
အလွည့္က် 3ရက္တခါ ျပန္အပ္ေပးမယ္ေနာ္)

......................................................................

















Continue Reading

You'll Also Like

278K 14.4K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
852K 123K 143
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
197K 30K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...