ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

By LazyFlower555

160K 20.3K 412

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ More

Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP20(U&Z)

2K 313 9
By LazyFlower555

...[ U ]

စာအိတ်အနီတွေဘယ်မှာရောင်းလဲ ?

လုကျိုးမေးလာတယ်။

" ကျွန်တော့်မိဘတွေကို ကျိုးကော
စာအိတ်နီ ပေးစရာမလိုဘူး"

ရှောင်ရီက သူ့ ညီရဲ့ ကားကို မောင်းထုတ်ပြီး ပြောလာတယ်၊

" ကျွန်တော့် ပိုက်ဆံတွေကို ကောပဲပေးထားတာ, ကောရဲ့ စာအိတ်နီတွေကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီးထပ်ယူသင့်ပါ့မလဲ ?"

လုကျိုးရှောင်ရီ စကားကို ဂရုမစိုက်တာမို့ ရှောင်ရီ တစ်ယောက်ယတိပြတ်ပင်ထပ်ပြောလာတယ်၊

"ကျိုးကော, ကောကို အပြင်လျှောက်လည်ရအောင်ခေါ်သွားမယ်, ဒီနှစ်အစမှာ ကျွန်တော်တို့ ရေပူစမ်းသွားကြမယ်"

တနေကုန်လုကျိုးတစ်ယောက်ရှောင်ရီ ခေါ်သမျှနေရာတွေကို လိုက်လာတယ်၊လုကျိုး က ပေကျင်းမှာတောင် လူအများစု ရှိတဲ့နေရာမျိုးဆို သိပ်ပြီး သွားလေ့သွားထ မရှိတာကို
ရှောင်ရီ သိတယ်၊ အိမ်ထဲမှာ သို့မဟုတ် ကားထဲမှာပဲနေလေ့ရှိပြီး ရိုးရှင်းတဲ့ လူနေမှုအဆင့်ရှိ စျေးဝယ်စင်တာတွေမှာသာဝယ်ယူလေ့ရှိတယ်၊ ထို့အပြင်စျေးဝယ်ထွက်ချင်ရင်တောင်စျေးဝယ်စင်တာကိုမသွားဘဲ နိုင်ငံခြားကိုသာသွားလေ့ရှိတယ်။

ရှောင်ရီ နဲ့ လုကျိုးတို့ ပထမဆုံး ဗီဒီယိုဂိမ်း
ဝင်ကစားကြတယ်၊ ထို့နောက် ပန်းစျေးကို လည်ပတ်ကြတယ်၊ အစပိုင်းမှာတော့ လုကျိုး
တစ်ယောက် စတိုးဆိုင်တွေကို ကြည့်ရင်း
အသားတင်တန်ဖိုးကို တွက်ချက်နေတာမို့
အကယ်၍ လုကျိုးသာလိုချင်ပါက ကုန်တိုက် တစ်ခုလုံး ကို ဝယ်နိုင်တယ်ဆိုတာကို ရှောင်ရီ
သိတယ်၊ သူ့ ခန္ဓာကိုယ်ပေါ်မှလက်ရှိဝတ်ဆင်ထားတဲ့ အဝတ်တထည် ရဲ့ တန်ဖိုးက စတိုးဆိုင် တဆိုင်စာလောက်ရှိတာမို့ ရှောင်ရီက အဝတ်အစားဝယ်ရန် မခေါ်သွားတော့ဘဲ
ထို့အစားအမှတ်တရ ပစ္စည်းဆိုင်တွေနဲ့ ဟူပေရဲ့ ဒေသထွက်အစားအစာ ဆိုင်ကိုသာခေါ်သွားလိုက်တယ်။

နေ့လည်ဘက်မှာတော့ သူတို့နှစ်ယောက် ပန်းစျေးထဲသို့ရောက်နေချိန် လုကျိုးက ပန်းစျေးမှအရာတွေကို အတော်လေး စိတ်ဝင်စားနေပြီး ပန်းစျေးတလျှောက် ကြည့်ရင်း ပြောလာတယ်၊

" ငါ ငယ်ငယ်တုန်းကတရုတ်နှစ်သစ်ကူးဆို
အရုပ်တွေ အများကြီး လိုချင်ခဲ့ဖူးတယ်"

"ကျွန်တော်ရောပဲ"

ရှောင်ရီကကာလာစုံပလပ်စတစ်ပန်းကိုင်ကွေးကွေးလေးကို ကိုင်ထားတဲ့လုကျိုးကို
ကြည့်ရင်း ရယ်စရာလေးဟုပင်ခံစားမိနေတယ်၊

ညနေခင်းတွင် သူတို့နှစ်ယောက်စူပါမားကတ်ကြီးထဲသို့ အချိန်အတော်ကြာလျှောက်ကြည့်ပြီး နေရာတိုင်း၌ ဦးလေးကြီးတွေ၊အန်တီကြီးတွေနှစ်ကူးပွဲတော်အတွက်စျေးဝယ်နေတာကို တွေ့ရတယ်၊ လုကျိုးက ဘေးဖက်ကို လိုက်ကြည့်နေစဥ် ရှောင်ရီက တွန်းလှည်းလေးတွန်းရင်း သူ့မှာပိုက်ဆံမရှိပေမယ့် ပစ္စည်းတွေတော့လှည်းထဲသို့ပစ်ထည့်နေတယ်။

နောက်ဆုံးတွင် ရှောင်ရီကနှစ်သစ်ကူး ပစ္စည်းအစုံအလင်ကို ရှောင်ချွမ်းအား အပေါ်ထပ်သို့ ယူလာခိုင်းပြီး သူ့မိဘတွေကတော့ လုကျိုးကို ဧည့်ခံရန် ဟော့ပေါ့လုပ်နေကြတယ်၊ဆောင်းရာသီအံကိုက် ဟော့ပေါ့ပူပူလေးစားရန် သူတို့ငါးယောက်စားပွဲဝိုင်းမှာထိုင်ကြစဥ် ညရှစ်နာရီ တီဗွီ မှလုကျိုးခေါင်းဆောင်အဖြစ်ပါဝင်ထားတဲ့ 'The Golden Hound'ကိုထုတ်လွှင့်နေတယ်။

သူတို့စကားပြောပြီးရယ်မောနေကြပြီး အားလုံးက စားသောက်နေကြရင်းလုကျိုးကို ပဲ ကြည့်နေကြတယ်၊ပါပါးရှောင်နဲ့ မာမားရှောင်တို့က ရှောင်ချွမ်းထံမှလုကျိုးက ဘယ်လိုလူလဲဆိုတာကိုသိသွားကြတာမို့ စကားပြောတဲ့အခါ အရမ်း သတိထားနေကြတယ်၊လုကျိုးက သက်တောင့်သက်သာရှိစေဖို့ ဟာသအနည်းငယ် ပြောနေခဲ့တယ်၊ရှောင်ရီကလည်း ပြုံးရင်းပြောလာတယ်၊

" လူတိုင်းက ကျိုးကောကို ဒူးမားလိုပဲဆက်ဆံလို့ရတယ်, ကျိုးကောနဲ့
ကျွန်တော်က အရမ်းရင်းနှီးတယ်"

သူ တက္ကသိုလ်တက်နေတုန်းက ဒူးမားလည်း နှစ်သစ်ကူးပွဲတော်ကျင်းပရန်အတွက်ရှောင်ရီ အိမ်ကို တခါတရံ ရောက်လာတယ်၊ လုကျိုးနဲ့ ရှောင်ချွမ်းကတော့ အတူတူ သောက်နေကြတယ်။

ညစာစားပြီးတဲ့ အခါ, လုကျိုးက သူ့ရဲ့အကျီလက်တွေကို ခေါက်တင်၍မာမားရှောင် ပန်းကန်နှင့် တူတွေ သိမ်းဆည်းနေတာကို ကူညီ ပေးဖို့ ဟန်ပြင်နေတယ်၊ထိုအခိုက်
အတန့် ရှောင်ရီ တစ်ယောက် ဝိညာဥ်လွင့်မတတ်ကြောက်လန့်သွားပြီးအလျင်အမြန်
ပင်လက်ကာ၍ဟန့်တားရာ လုကျိုးက သူ့ကို ရပ်တန့်စေရင်း ပြောလာတယ်၊

" မင်းက ဒီမှာဘာလုပ်နေတာလဲ !မင်းအလုပ်
ဘာမှမရှိဘူး !"

မာမားရှောင်က ရယ်ရင်းပြောလာတယ်,

" လုပ်ပါစေ...ရှောင်လု !မင်းပန်းကန်နဲ့ တူတွေ
ဇလုံထဲပဲ ထည့်ထားလိုက်ရတယ်"

ညဖက်ရောက်တဲ့အခါ လုကျိုးတစ်ယောက်
တနေကုန်သွားလာထားရတာမို့ အနည်းငယ် ပင်ပန်းနေသည်က သိသာနေပြီး စောစောစီးစီးပင်အိပ်ပျော်သွားခဲ့ရာနောက်
တနေ့ မနက်ပြေးဖို့ ထသည်အထိပင် ဖြစ်၏။

လုကျိုး တစ်ယောက် ရက်အတော်ကြာ လေ့ကျင့်ခန်း မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်ကာ ရှောင်ရီကလည်း သူ့ကို Gymခန်းမသို့ခေါ်မသွားခဲ့ဘူး၊ပြေး ဖို့ တစ်ခုသာ တတ်နိုင်ပေမယ့် အနီးအနားမှာလည်း ခွေးမွေးတဲ့ အိမ်တွေအများကြီး ရှိနေတယ်၊ အကယ်၍သူပြေးပါက ကံမကောင်းရင်ခွေးလိုက်ခံရနိုင်တယ်၊
နောက်ဆုံးတော့လုကျိုးမနက်စောစောထရန် ဆုံးဖြတ်လိုက်တယ်၊

လုကျိုး အိပ်ပျော်သွားပြီးနောက်, ရှောင်ရီက ရှောင်ချွမ်းအား လုကျိုး သူတို့အိမ်ရောက်နေကြောင်း သူငယ်ချင်းတွေကို ပြောမိသေးလားဟု မေးရာ ရှောင်ချွမ်းကသူ့ကားကြောင့် ပါးစပ်ပိတ်ထားကြောင်း၊ဘယ်သူ့ကိုမှ မပြောကြောင်း ပြောလာတယ်၊ ရှောင်ရီ အနည်းငယ် စိတ်သက်သာရာရပြီးနောက် မိသားစု ဝင်တွေအား ခဏမျှစုစည်းစေပြီး ခုကိစ္စက သူ့အလုပ်နဲ့ ဆက်စပ်နေကြောင်းပြောလိုက်ရာ
သူ့ မိသားစုကလည်း သူ့ကို ဒုက္ခမပေးပါဘူးဟု ကတိခံကြတယ်၊ထိုမှသာရှောင်ရီ
တစ်ယောက် အိပ်ပျော်နိုင်တော့တယ်။

ပေကျင်းမြို့ရှိ လုကျိုး၏အိမ်တွင်နေထိုင်စဥ်က နေ့တိုင်း ရှောင်ရီ တစ်ယောက် တစ်မီတာခန့်မြင့်သော လုကျိုး၏ပုံစံတူ အရုပ်ကို ဖက်အိပ်လေ့ရှိတာမို့ ထို အရုပ်ပါမလာသည်ကို မေ့ပြီး လုကျိုး အား အရုပ်နေရာ၌ အစားထိုး လိုက်တယ်၊ဟောက်နေတဲ့လုကျိုးကိုတောင်
သတိမထားမိဘဲ ရှောင်ရီ တကိုယ်လုံးက
လုကျိုးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပေါ် ရစ်ပတ်နေလျက် ခြေထောက်နှစ်ချောင်းကလည်း
တဖက်လူရဲ့ ခြေထောက်တွေကြား ညှပ်ထားသည်ကခိုအားလားလေးသစ်ပင်တက်နေသည့်ပုံစံလေးအတိုင်းရှိနေတယ်။

မနက်စောစောပိုင်းတွင်,

လုကျိုးအား သူဖက်ထားမိတာကို တွေ့လိုက်ရတဲ့အခါ ချက်ခြင်းပင် တုန်လှုပ်သွားရာမှ
လုကျိုးကို ဖြေးဖြေးလေးလွှတ်လိုက်ပြီး ဘေးသို့ မသိမသာလေးရွေ့လိုက်တယ်၊ လုကျိုးကတော့ အိပ်ပျော်နေဆဲ ရှိသည့်တိုင် သူ့ရဲ့
အောက်ခံ ဘောင်းဘီ ကတော့ တဲငယ်လေး တစ်ခု အဖြစ် ပြောင်းလဲနေတယ်။

ရှောင်ရီ ခုတင်ဘေးသို့ ကပ်လိုက်ပြီး အသက်ပြင်းပြင်းတချက်ရှုလိုက်တယ်။

"ဟေး...ကျိုးကော"

ရှောင်ရီ နားနားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်၊

"....ကျွန်တော်ထတော့မယ်"

နာရီ ဝက်အကြာ...

" မင်း ယောကျ်ားမဟုတ်ဘူးလား!"

အနှေးလျှောက်အားကစားဝတ်စုံကို
ဝတ်ဆင်ထားတဲ့လုကျိုးက ရှောင်ရီနှင့်အတူ
ရပ်ကွက်အနောက်လမ်း တွင်ပြေးရင်း ပြောလာတယ်၊

ရှောင်ရီ ကတော့ သစ်ပင်ကို မှီလျက် အသက်ရူပင်ရပ်မတတ်မောပန်းနေတာမို့ ပြောလိုက်မိတယ်၊

" ကော...ကောအရင်ပြေးနှင့်...ကျွန်တော့်ကို
မစောင့်နဲ့တော့"

"ငါမှလမ်းမသိတာ ...မင်းလေ့ကျင့်ခန်း
လုပ်ဖို့ လိုတယ်"

ရှောင်ရီ တစ်ယောက်လုကျိုးနှင့်အတူ တန်းတူ လိုက်မပြေးနိုင်ဘဲ ရှိနေလျက်
လုကျိုးက အမှန်တကယ်ပင်သာမန်ထက်သာလွန်နေတယ်၊သူ့ အတွက်တော့ ဆယ်ကီလိုမီတာ ပြေးရတာက အစားအသောက်
တစ်ခု စားနေရသလိုပဲ , ရှောင်ရီဂီတ ဌာနမှာ
အလုပ်လုပ်စဥ်က ထို အကြောင်းကို တွေးမိတယ်၊ လက်ထောက်တွေကသူဌေးနဲ့အတူ
ပြေးရတယ်လို့ တခါမှ မကြားဖူးခဲ့ဘူး။

"ဟု...ဟု"

ရှောင်ရီ မျက်နှာက သေမင်းတမန်မျက်နှာ အလား ဖြူဖျော့နေပြီး လက်ရှိအနေအထားက တကယ်ပင် သူ့ ရဲ့ နောက်ဆုံးကန့်သတ်ချက်ထိ ရောက်နေပြီဟု ခံစားလိုက်ရတယ်၊
မိနစ်တိုင်းက လမ်းဘေးမှာပင် လဲကျပြီးသေတော့ မတတ် ခံစားမိနေတယ်၊ လုကျိုးက
လေကို တဝရူပြီး နောက် နားအုပ်၊ ဦးထုပ်နဲ့
အပေါ်ထပ်ဂျာကင်ကို ချွတ်လိုက်တယ်။
ကြံ့ခိုင်တဲ့ လက်မောင်းကြွက်သားတွေကို
ထုတ်ဖော်လိုက်ရင်း သူ့နောက်မှ ထော့နဲ့ ထော့နဲ့ ဖြင့် လိုက်လာတဲ့ ရှောင်ရီကို
လှည့်ကြည့်လာတယ်။

" မင်းလေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ် !"

လုကျိုးပြောလာတယ်၊

" မင်း ပုံစံ ကကြက်ပိန်လေးကျနေတာပဲ "

ရှောင်ရီ့မျက်လုံးလေးတွေ ဝိုင်းနေစဥ်
လုကျိုး ပြောလာတယ်၊

" ပိုက်ဆံပါတယ်မလား...မနက်စာသွား
စားရအောင်,ငါခေါက်ဆွဲပူပူလေးစားချင်လို့"

ခေါက်ဆွဲဆိုင်လည်း ဖွင့်နေပြီမို့ ရှောင်ရီ
အသက်တချက်ရူပြီး လုကျိုး နောက်သို့
ခေါက်ဆွဲစားရန်လိုက်လာလိုက်တယ်၊
လုကျိုးနှစ်ပန်းကန်မျှ စားပြီးအစာချေဖျက်ရန်ရေနွေး သောက်ချိန် ရှောင်ရီက တစ်ပန်းကန်ပင် မကုန်သေး၊ ဘာပဲဖြစ်ဖြစ်နည်းနည်းလေးတော့ သက်တောင့်သက်သာရှိသွားခဲ့သည်ပင်။

"မာဖလာပတ်ထားစမ်း,အအေးမမိစေနဲ့"

လုကျိုးက ပြောလာတယ်၊

"ကျွန်တော်လျှောက်နိုင်တယ်...ကျွန်တော်သေတော့ မယ် ...မဟုတ်ဘူး ..ကျွန်တော် လျှောက်နိုင်သေးတယ်...အခုတော့သေတော့မလိုဘဲ "

သူတို့ ပြေးပြီးတဲ့နောက်, ရှောင်ရီတကိုယ်လုံးလည်း ချွေးတွေရွဲနေပြီး စိတ်ဓာတ်တွေလည်း ပိုကျလာတယ်။ လူတွေလည်း တဖြေးဖြေး များလာပြီ ဖြစ်ကာ လမ်းမရှည်ကြီးကို ဖြတ်လျှောက်လာရင်း ကားမှတ်တိုင် တစ်ခုတွင် ခဏရပ်ကာ အိမ်ပြန်ကြဖို့ ပြင်တယ် ။

လုကျိုးချွေးတွေတောင်ပြန်ခြောက်သွားပြီ
မို့ ကျောပြင်မှာ ချွေးတွေရွှဲနေဆဲ ရှိနေသေးတဲ့ ရှောင်ရီက လုကျိုးဂျာကင်အား ပြန်ဝတ်ဖို့
လုကျိုးကိုကူညီပေးလိုက်ရင်း, သူတို့နှစ်ယောက်တက္ကစီတစ်စီးစီးကို ငှားရန် သို့မဟုတ်ဘတ်စ်ကား စောင့်ရန်အပြင်ဘက်သို့ထွက် လာလိုက်တယ်။

"ဟိုလေ...တစ်ခုလောက်မေးခွင့်ပြုပါ...အစ်ကိုက လုကျိုးလား?"

အထက်တန်း ကျောင်းသားလေးတစ်ယောက်က မေးလာတယ်၊

" ကျွန်တော့်ကိုလေ ကောရဲ့လက်မှတ်လေး
ပေးလို့ရမလားဟင်?"

ရှောင်ရီ :"......"

လုကျိုး :"......"

လုကျိုးကနားအုပ်လေးကိုလည်းချွတ်ထားတယ်၊ ဦးထုပ်ကိုလည်း ချွတ်ထားတယ်၊
သူ့ဆံပင်က အရင်ထက်နည်းနည်းလေးပဲ
ပိုရှည်လာပြီး ဂျာကင်ဝတ်ထားသော်လည်း
ခုလို ပုံဖြင့် အပြင်ထွက်ပါကကျိန်းသေ သတိထားမိကြမယ်ဆိုတာကို ရှောင်ရီနဲ့
လုကျိုးတို့ လုံးဝပင်မေ့ သွားကြတယ်။

လုကျိုးက ချက်ခြင်းပင် တုံ့ပြန်ပြီး ပြောလာတယ်၊

" ရှုး...မအော်နဲ့နော်...ငါ့ကို ဘောပင်ပေး"

ကောင်လေးကတော့ မူးလဲလုနီးပါး ဖြစ်ပြီးနောက် ပြောလာတယ်၊

" အစ်ကိုက..အစ်ကိုက...အစ်ကိုကတကယ်?
ကျွန်တော် !|ကျွန်တော်!"

ကောင်လေးက နောက်ဘက်ကို လှည့်ကြည့်သွားတဲ့ အခါ ရှောင်ရီ နဲ့ လုကျိုး ရဲ့ နှလုံးသားတွေ တဟုန်ထိုး ခုန်လာပြီး
တချိန်တည်းမှာပဲ အထက်တန်း ကျောင်းသား
တအုပ်စုကလည်း သူတို့ နောက်မှာရှိနေကြတယ်၊ဆောင်းရာသီ အားလပ်ရက်တွင် စျေးဝယ်ထွက်ရင်း ရုပ်ရှင်ကြည့်ကြဖို့ ထွက်လာကြပုံရတယ်၊ 'ခုမှမနက်ကိုးနာရီပဲ ရှိသေးတာလေ! ; ရှောင်ရီ သူ့ဘာသာပင်တွေးနေမိရင်း
'F****!ဒီအုပ်စုက အရမ်း ဝီရိယရှိလိုက်တာ!
ဆောင်းရာသီ အားလပ်ရက်ကို အိမ်မှာ အိပ်မနေဘဲ ဘာလို့ အစောကြီး အပြင်ရောက်နေကြတာလဲ!!

အထက်တန်း ကျောင်းသားအုပ်က လုကျိုးကို ရှာတွေ့တာမို့ ကောင်လေးကို အရင်စေလွှတ်ခဲ့ပုံရတယ်၊လုကျိုးကလည်း ကောင်လေးကို လက်မှတ်ထိုးပေးပြီးနောက် ပြောလိုက်တယ်၊

"ဂွတ်ဘိုင် "

"ဝိုး......"

"အားးးးးးးးးး....."

ကျောင်းသားအုပ်စုက ပြေးလာတာမို့ ကားမှတ်တိုင်အနီးရှိ စျေးဆိုင်များ, ဂျာနယ်အရောင်းဆိုင်တွေနဲ့ ကားဂိတ်အနီးမှလူတွေက ရုတ်တရက်ပင် အံ့သြနေကြတယ်။

"လုကျိူး......!"

"လုကျိုးတဲ့...အားးးးးး....."

"လုကျိုး လား !!!"

လုကျိုးနဲ့ ရှောင်ရီတို့ ချက်ခြင်းထွက်ပြေးရန် ပြင်လိုက်ကြရင်း လူနှစ်ယောက်က အသက်လုပြေးနေရသလို ဖြစ်နေလျက် လမ်းကြားထဲသို့အရှိန်ဖြင့်ပြေးဝင်လာကြတယ်၊ရှောင်ရီက အော်ဟစ်လိုက်တယ်၊

"ဒီလမ်း !"

ရှောင်ရီက ထိုသို့သော အနေအထားကို
မရေမတွက်နိုင်အောင် တွေးကြည့်ဖူးပေမယ့်
သူ့ မွေးရပ်မြေမှပရိသတ်တွေက သူတို့ကို ဝိုင်းအုံလာလိမ့်မယ်လို့ ရှောင်ရီ မထင်မှတ်ထားခဲ့မိဘူး၊ ရှောင်ရီ တဖက်သို့ လှည့်ကြည့်ပြီးနံရံပေါ်တွယ်တက်ကာ လုကျိုးကို ဆွဲခေါ်ရန် လက်ကို ဆန့်ထုတ်လိုက်ချိန် လုကျိုးက အော်ဟစ်လာတယ်၊

"ဖယ်စမ်းပါ!"

လုကျိုးက ချက်ခြင်းပင်ဘေးရှိအမှိုက်ပုံးကို
ကန်ချလိုက်ပြီး အမှိုက်ပုံးပေါ်ကိုတက်နင်း၍
အထိန်းအကွပ်မလိုဘဲ လွှားကနဲပင် နံရံပေါ်ခုန်တက်လာတယ်၊ ပရိသတ်တွေကလည်းလမ်းကြားထဲထိအော်ဟစ်ကာလိုက်လာကြတယ်၊

"လုကျိုး ......"

ရှောင်ရီတစ်ယောက် လုကျိုးလက်အား ရူးသွပ်စွာဆုပ်ကိုင်၍ ပြေးထွက်လာပြီး လမ်းမကို ဖြတ်လိုက်တယ်၊ ပရိသတ်က ထောင့်ဘက်သို့လှည့်ကြည့်လာပြန်တော့
သူတို့ ကို ဖမ်းမိသွားပြန်တယ်၊ လားရာပတ်ပတ်လည်မှာ လူတွေရှိနေတာမို့ ရှောင်ရီက လုကျိုးအား စျေးဝယ်စင်တာထဲသို့ အလျင်အမြန် ဆွဲခေါ်လာလိုက်တယ်၊ စက္ကန့်ပိုင်းလေး အတွင်းမှာပင် စျေးဝယ်စင်တာအတွင်းသို့ လုကျိုး နာမည် အား ခေါ်သံတွေ
ပျံ့လွင့်လာတာမို့ ထိုအော်သံတွေက စင်တာတစ်ခုလုံးနီးပါး သိမ်းပိုက်လုမတတ်ဖြစ်သွားခဲ့တယ်၊ အထည်ဆိုင်တွေကလည်းခုမှ
ဆိုင်ဖွင့်ဆဲ ဖြစ်တာမို့ ဝန်ထမ်းတွေကလည်း
ဘာတွေဖြစ်နေမှန်း မသိကြဘူး၊ သူတို့ကဘယ်ညာ တချက်စီ ကြည့်နေကြပြီး အခြားသူတွေအော်ဟစ်သံကို အသေအချာကြားလာရပြီးနောက် ဒေါက်မြင့်ဖိနပ်တွေ အလျင်အမြန် ဝတ်ဆင်ကာ ချက်ခြင်းပင်ထအော်လာကြတယ်၊

"မင်း ဆက်ပြေးဖို့အားမရှိတော့ဘူးလား !"

လုကျိုးက ရှောင်ရီကို ထအော်လာတယ်၊

"ဒါက သေရေးရှင်ရေး ကိစ္စလေ...ကျွန်တော်ကဘာလို့ မပြေးနိုင်ရမှာလဲ !!"

ပရိသတ်တွေကလည်း ပိုပိုများလာတယ်၊
ရှောင်ရီ တစ်ယောက်သူ့ကိုယ်သူပင် Resident Evil ဗားရှင်း မျိုး သရုပ်ဆောင်နေရတယ်လို့တောင်ခံစားမိနေတယ်၊ လုကျိုးကမပြေးတော့ဘဲ နံရံကို လက်ထောက်ပြီးလက်ဝေ့ရမ်းပြလာတယ်။

" ငါကတော့ အသက်ကြီးနေပြီထင်တယ်..."

"အမြန်ပြေး!"

ရှောင်ရီ ထအော်လိုက်တယ်၊

"သတိထား ,အဲ့လိုမှမပြေးရင်...ကော !
တစ်စစီ ဖြစ်သွားလိမ့်မယ်"

လုကျိုး :"......"

လုကျိုးက ပုံမှန်အရှိန်ဖြင့် ရှောင်ရီနှင့်အတူ
မြေအောက်ကားပါကင်ဘက်သို့ထွက်လာလိုက်ရာ ပရိသတ်များကလမ်းတလျှောက်သူတို့ နောက်သို့ ပြေးလိုက်လာကြသော်လည်း
ရှောင်ရီရဲ့ လျင်မြန်တဲ့ ခြေထောက်တွေက
လုကျိုးအား အလျင်အမြန်ဆွဲထုတ်ပြီး
အောင်မြင်စွာ ထွက်လာနိုင်ခဲ့တယ်၊ လမ်းခွရောက်ချိန် ဘယ်ညာလှည့်ကြည့်ပြီး လမ်းတလျှောက်ပြေးကာ ဘယ်သူမှမမြင်ရနိုင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲသို့ ပြေးဝင်လာခဲ့လိုက်တယ်။

"ကျိုးကောဒီမှာပုန်းနေ!"

ရှောင်ရီ ပြော လေတယ်,

"ကျွန်တော်တို့ နာရီဝက်အကြာ မှပြန်ဆုံမယ်"

ရှောင်ရီက လုကျိုးကို ပလပ်စတစ်တွေကာရန်ထားတဲ့ အတွင်းထဲသို့ တွန်းပို့လိုက်ပြီး
နောက် ပရိသတ်များအား မျက်စိလှည့်ရန်
လမ်းမပေါ်သို့ ပြန်ပြေးထွက်လာခဲ့လိုက်တယ်၊

လုကျိုး တစ်ယောက် အားသွန် ခွန်စိုက်ပြေးလာရတာမို့ ဝမ်းဗိုက်ထဲမှစူးအောင့်လာတယ်။
ခေါက်ဆွဲနှစ်ပန်းကန််နီးပါးကို ရေနွေးကြမ်း
ဖြင့် သောက်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာမို့ သူ့တကိုယ်လုံးကပုံမှန် မဟုတ်တော့ဘဲ ခေါင်းတွေပင်မူးလာပြီးကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်နေသလို ခံစားနေရတယ် ၊ဝမ်းဗိုက်အတွင်းမှလည်း ပင်လယ်ပြင်ကြီး ပြောင်းပြန်ဆန်တက်နေသည့်အလားကိုယ်တွင်းအဂ်ါတွေပင် ကြွတက်သလိုခံစားနေရတယ်။

စူးရှတဲ့ အသံက သူ့ စိတ်တွေကို ထိတ်လန့်သွားစေတယ်၊ လုကျိုးတစ်ယောက်ကြည် လင်သော ကောင်းကင်ကြီး၌ လျှပ်စီးလက်သွားသလို ပင် အော့အန်နေခဲ့တယ်၊

သူပုန်းနေတဲ့ ဝန်းခြံလေးရဲ့ နောက်မှာမည်သူမွေးထားမှန်းမသိတဲ့ ငန်းနှစ်ကောင်ရှိနေပြီး
လုကျိုး တစ်ယောက် 'ဝေါ့ 'ဟု အသံထွက်လျက် ငန်းနှစ်ကောင်ရဲ့ ခေါင်းပေါ်ကို အန်ချမိတယ်။

"ဂတ်......ဂတ်...ဂတ်..."

အော့အန်နေတဲ့ လုကျိုးထံသို့ ငန်းနှစ်ကောင်က အသံကုန်အော်ဟစ်နေကြပြီး အဝေးဘက်မှတတိယမြောက် ငန်းတစ်ကောင်က အရှိန်ပြင်းစွာဖြင့် ကျယ်လောင်စွာအော်ဟစ်ရင်း အရူးလိုပြေးလာတယ်၊ လုကျိုးကလည်း
ကျယ်လောင်စွာပြန်လည်အော်ဟစ်မိတယ်၊
ဝါးခြမ်း တစ်ခုကို ကောက်ကိုင်ကာ ငန်းတွေကို မထိတထိခြောက်လိုက်ပေမယ့် ငန်းတစ်ကောင်က ထို ဝါးခြမ်းအား လျှပ်စီးကြောင်း အလား ဆွဲယူပစ်ချိန်မှာတော့ လုကျိုးတစ်ယောက် ရူးသွပ်စွာထအော်မိပါလေရော..

"ကယ်ကြပါဦး....!!"

လုကျိုး ရဲ့ဘဝမှာ ,ထိုအရာက သူအကြောက်ဆုံးဖြစ်ပြီး အချိန်ကြာကြာပင်ဖုံးကွယ်မထားနိုင်လျက် ပြတ်သားစွာပင် အော်ဟစ်ငိုကြွေး မိနေချိန်မှာတော့ ငန်းတွေရဲ့ တုံ့ပြန်မှုက ပရိသတ်တွေနဲ့ယှဥ်ရင် အဆတစ်ထောင်
မျှပိုမို ပြင်းထန်နေခဲ့တယ်၊ဘယ်လိုတောင် အသိစိတ်မရှိသူကဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲဘဲငန်းတွေကိုမွေးထားပါလိမ့်!

ရှောင်ရီ ပြေးရင်း ပြေးရင်း ခဏရပ်လိုက်တယ်၊

ဒါဇင်ပေါင်းများစွာ သော ပရိသတ်ကြီး ရဲ့ လိုက်ဖမ်းခြင်းကို ခံရပြီးတဲ့နောက် ရှောင်ရီ တဖက်သို့လှည့်ပြီး ပြောလိုက်တယ်၊

"ဟေး!လုကျိုးက သွားပြီ !"

ပရိသတ်တွေ : '???'

ရှောင်ရီက ဘေ့စ့်ဘောဦးထုပ်ကို ချွတ်ပြီး ဦးညွတ်ရင်း ပြောလိုက်တယ်၊

"ကျွန်တော်တို့ရဲ့ နတ်ဘုရားကပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်တဲ့ ! ကျောင်းပြန်တက်ရင်စာကြိုးစားကြနော်!"

ရှောင်ရီ တစ်ယောက်တဖက်သို့လှည့်ပြီး နောက်တခေါက်ငါ့နောက်ကို မလိုက်ပါနဲ့တော့ဟု ရေရွတ်ရင်း သူ့ခြေလှမ်းတွေကို
အရှိန်မြှင့်လိုက်တယ်၊ကိုယ်ဖော့သိုင်းတတ်
သည့်အလား အလျင်အမြန်ရှောင်တိမ်းကာ လူစုလူဝေးနှင့်ဝေးရာသို့ အမြန်ပြေးထွက်လာခဲ့လိုက်တယ်၊လုကျိုးကို သူထားခဲ့သည့်နေရာမှာ ရှာဖွေလိုက်ရာ လုကျိုး တစ်ယောက် ဆောက်လုပ်ရေး လုပ်ငန်းခွင် ဒုတိယထပ်အရှေ့၌ ဝါးခြမ်းပြားလေး
ကိုင်လျက် ရှိနေတာကို သူတွေ့လိုက်ရတယ်။

သို့တိုင် အောက်ဘက်မှာလည်း ဘဲငန်းသုံးကောင်ရှိနေတယ်၊ ခေါက်ဆွဲဖတ်တွေခေါင်းမှာကပ်နေတဲ့ ဘဲငန်းတစ်ကောင်ရယ် တစ်ကိုယ်လုံး အဖြူရည်တွေ စိုရွှဲနေတဲ့ ဘဲငန်းရယ် ဒေါသတကြီး ထိုးဆိတ်ရန် အတောင်
ဖြန့်နေတဲ့ ဘဲငန်းအပါသုံးကောင်က ဝါးခြမ်းပြားလေးအနီးမှာ ဝိုင်းရံနေတယ်၊'ဟေး!" ရှောင်ရီ အော်ဟစ်ပြီး အုတ်ခဲ ပိုင်း တစ်ခု ကောက်ယူကာ အဝေးဘက်ကို လှမ်းပစ်လိုက်တယ်၊သူက ငန်းတွေဆီ မချိန်ရွယ်တာမို့ အုတ်ခဲပိုင်းက သံတိုင်ကို ထိမှန်ပြီး 'ဒန်း..ဒန်း'ဟူသော ကျယ်လောင်သည့် အသံထွက်ပေါ်လာလျက် ပဲ့တင်ထပ်သွားတယ်၊ ရှောင်ရီက နောက်ထပ် အုတ်ခဲကျိုး အနည်းငယ်ယူပြီး ငန်းသုံးကောင်ရှိရာသို့ပစ်၍ ခြောက်လန့်လိုက်ရာချက်ခြင်းပင်
ဘဲငန်းတွေထွက်ပြေးသွားခဲ့တယ်။

လုကျိုးက သိသိသာသာပင်ထိတ်လန့်နေပုံရပြီး မျက်နှာမှာလည်း သိသိသာသာပင်ဖြူဖျော့နေတယ်။

"မင်း ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာလား!ငါ့ကို ပြောစမ်းပါ!"

လုကျိုးက ရုတ်တရက် အော်ဟစ်လာတယ်။

"ကျွန်တော်...ကျွန်တော်ဒီမှာ ဘဲငန်းတွေရှိမှန်း
တကယ်မသိဘူး"

ရှောင်ရီ ဝမ်းနည်းမှုတို့ကြောင့်မျက်ရည်တွေကျလာတယ်၊

"ကျွန်တော့်ကအပြစ်ကင်းပါတယ်..
ကျွန်တော့်နတ်ဘုရားရယ်...."

'သူဘဲငန်းတွေကြောက်တာကို ဘယ်သူသိမှာလဲ....'ရှောင်ရီ တဆက်တည်း တွေးလိုက်မိတာက လုကျိုးကလေးဘဝကဘဲငန်းတွေရဲ့ အနိုင်ကျင့် တာကို ခံခဲ့ရတာ ဖြစ်နိုင်လောက်တယ်....ရှောင်ချွမ်းရဲ့ ကားကို လမ်းဘေးတွင်ရပ်ပြီး လုကျိုးကို အိမ်ပြန်ပို့လိုက်သော်လည်း
နေ့လည်စာစားတဲ့အထိတိုင် စိတ်မသက်သာနိုင်ခဲ့ဘူး။

ဒူမိုင်ထံမှ ဆိုက်ဆိုက်မြိုက်မြိုက်ပင်ဖုန်းဝင်လာခဲ့တယ်၊

" ဘုရားရေ...မင်းဘာတွေလျှောက်လုပ်နေတာလဲ? "

ဒူမိုင်က ရှောင်ရီ နဲ့ လုကျိုး တို့ သေမတတ်ပြေးလွှားခဲ့ရကြောင်းအား မေးရင်း ပြောလာတယ်၊

"မင်းတို့ နှစ်ယောက်က ဘယ်လိုများ
အဲ့ထိ ရောက် သွားကြတာလဲ ?"

"ဒါက...ဒီလို...ဒီလိုပါ"

ရှောင်ရီက အသေးစိတ် အသေအချာ ရှင်းပြလိုက်ရာဒူမိုင်က သူ့ကို အပြစ်တင်စကားမဆိုဘဲ ပြောလာတယ်၊

" နှစ်သစ်ကူးမှာ တခြားနေရာတွေသွားရတာလည်း တမျိုးကောင်းတယ်၊လုကျိုးက မိသားစု ပြန်လည်ဆုံစည်းတဲ့ညစာစားပွဲမျိုး
မရှိတာနှစ်ပေါင်းများစွာကြာခဲ့ပြီ၊ မင်းပါးနဲ့မားကိုလည်း နှုတ်ဆက်တယ်ပြောပေးပါ"

ရှောင်ရီစိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်တယ်၊

"ဟုတ်ကဲ့...ဟုတ်ကဲ့"

"ငါမီဒီယာကို ဆက်သွယ်ပြီး ဒီသတင်းကို
မတင်ဖို့ ပြောရမလား? အာ?
လင်းယော့,ကတော့ ငါတို့ ဒါကို သတင်းတင်လို့ ရတယ်လို့ပြောတယ်၊ လုကျိုးကိုလူတိုင်းအတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းပေးတဲ့ ဗီဒီယိုအတိုလေး ရိုက်တင်စေချင်တယ်,မင်းရော ဘယ်လို သဘောရလဲ ?"

ရှောင်ရီ နှင့်ဒူမိုင်တို့ ခဏကြာသည်အထိဆွေးနွေးပြီးနောက် လုကျိုးရဲ့ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးသည့် ဗီဒီယိုအတိုလေး လုပ်ဖြစ်သည်နှင့် နိဂုံးချုပ်လိုက်တယ်၊ ထိုအရာက သူအိမ်ပြန်တော့မည်ဟု တိုက်ရိုက်ပြောသည်ထက် ပို၍ အဆင်ပြေသည်ပင်၊
ထို့နောက်တဆက်တည်းကျန်းရှန်း ရေပူစမ်းဆီသို့လည်ပတ်ပြီးနှစ်သစ်ကူးပွဲတော်ချိန်နှင့် အချိန်ကိုက် ပင် ထို ဗီဒီယိုအတိုလေးကို
အင်တာနက်ပေါ်တွင်လွှင့်တင်မည် ဖြစ်၏။

ထို့နေ့တွင် ထမင်းစားပွဲ၌ ရှောင်ရီတို့ ဆွေမျိုး နီးစပ်တစ်ဦးက ဘဲကင်တစ်ကောင် လာပို့လေတယ်၊

လုကျိုး :". ...."

ရှောင်ရီ :"........"

ဒါက လုကျိုးကို ထိတ်လန့်စေတယ်လို့ ရှောင်ရီတွေးနေမိရင်း မာမားရှောင်ကတော့ သူတို့ နေ့လည်ဘက်က ဖြစ်ပျက်ခဲ့တာတွေကို မသိခဲ့သူမို့ ဘဲကင်များများစားရန်တိုက်တွန်းနေခဲ့တယ်။

နောက်တနေ့တွင် ရှောင်ရီက လုကျိုးအား
ဘဲငန်းတွေနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာအား ပြန်လည်ကောင်းမွန်စေရန်အတွက် ယခုတကြိမ်တွင် ပန်းခြံ ဆီသို့ ဆွဲခေါ်လာခဲ့လိုက်တယ်၊ ထို ပတ်ဝန်းကျင် ဧရိယာရှိလေထုက
သိသိသာသာပင်ကောင်းမွန်နေခဲ့ပြီး ရှီးယန် အပါအဝင် အလယ်ပိုင်းဒေသ တစ်ခုလုံး၊
ဝူဒန်, ရှန်းနှန်ကျား နှင့် အခြား နေရာ တချို့ကို တရုတ်နိုင်ငံရဲ့ အဆုတ်ဟု ယူဆကြတယ်၊
လုကျိုးတစ်ယောက် အပြင်သို့ ထွက်ပြီး
လေ့ကျင့်ခန်းလည်းမလုပ်ရဲတော့သည်မို့
ရှောင်ရီက ထိုနေ့တွင် ကြက်တောင်ရိုက်ရန်
ကွင်း တစ်ခုကို ငှားရမ်းခဲ့တယ်။

နှစ်သစ်ကူးအကြိုညနေတွင် , နေရာတိုင်း၌
မီးရှုးမီးပန်းသံများဖြင့် ပြည့်နှက်နေတယ်,
ရှောင်ရီ အိမ်မှာလည်း မနက်စောပိုင်းကတည်းကပင် အစားအသောက်ပြင်ဆင်မှုများနှင့် အလုပ်ရှုပ်နေပြီး တခြား အမျိုးအဆွေတွေ လာလိုက်သွားလိုက်စကားပြောလိုက်ဖြင့် တနေကုန်မအားလပ်နိုင်အောင်ရှိနေကြတယ်၊မာမားရှောင်က သုံးရက်မြောက်နေ့၌ သူတို့ ပြန်မှာကို သိတာမို့
ရှောင်ရီနဲ့ လုကျိုးတို့အား များများစားရန် ပြောလာတယ်၊ရှောင်ရီက အကြိမ်များစွာ ငြင်းပယ်သည့်တိုင် အဆုံးသတ်၌ သူမစကားကိုသာနာခံနေခဲ့ရတယ်။

ရှောင်ရီနဲ့ ရှောင်ချွမ်းတို့က ကြက်နှစ်ကောင်ကို ချက်ပြုတ်ဖို့ ပြင်ဆင်စဥ် လုကျိုးကလည်း
အခြားလိုအပ်တာတွေကို ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့တယ်၊ကြာပန်းခြောက် ၊ ကြက်စွတ်ပြုတ်၊ ငါးကြော်၊သိုးသားကင် ၊ငါးပေါင်း...အစရှိသည့် ဟင်းပွဲရှစ်မျိုး အပြင် ကြာမြစ်၊ဂေါ်ဖီကြော်နှင့် အခြား အရံဟင်းလျာလေးမျိုး တို့လည်း ပါဝင်တယ်၊ မွေးရပ်အိမ်သို့်မပြန်သေးတဲ့ ရှောင်ချွမ်းရဲ့ ချစ်သူကောင်မလေးကလည်း သူတို့ အိမ်
သို့ ရောက်နေတယ်။

ရှောင်ချွမ်းက သူ့ကောင်မလေးအား အိမ်မှပြန်သွားပါက သူတို့ အိမ်မှာ ရုပ်ရှင်နတ်ဘုရား ရောက်နေတဲ့အကြောင်းကို မပြောဖို့
အကြိမ်ထောင်ချီ မျှ သတိပေးနေခဲ့ပြီး သူ့ကောင်မလေးက တစ်ခဏတာမျှအံ့သြမှင်သက်နေခဲ့တယ်၊ သူမ ပုံမှန် အနေအထား ပြန်မရောက်ခင် လုကျိုးကတော့ ရင်းရင်းနှီးနှီးစကားပြောဆိုဆဲ ရှိနေတာမို့ ရှောင်ချွမ်း ၏
ချစ်သူကောင်မလေးက တဖြေးဖြေး ငြိမ်သက်သွားခဲ့တယ်။

တချိန်တည်းမှာပဲ ဟင်းပွဲ လေးခု အပြီးသတ်သွားချိန် ခြောက်ယောက်မျှရှိသော မိသားစု တစ်စုက ကိုယ်စီခွက်ငှဲ့ကာနှစ်သစ်ကူးပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲ ခဲ့ကြတယ် ၊နှစ်သစ်ကူးပွဲတော်ရဲ့ အနှစ်သာရကလည်းရွှင်လန်းတက်ကြွ စွာရှိနေကြတယ်။

ရှောင်ချွမ်းရဲ့ ချစ်သူက ရှောင်ချွမ်းအတွက်
စားစရာတွေပြင်ဆင်ပေးနေရာမှ ချက်ခြင်းပင် ထပြောလာတယ်၊

"ဒါကငါကိုယ်တိုင်လုပ်တာ,များများစားနော်"

ရှောင်ရီ က လုကျိုး အတွက်ပြင်ဆင်ပေးနေရင်း ရုတ်တရက်ပင် ရှက်ရွံ့သွားတယ်၊
လုကျိုးက အလိုက်တသိပင် ရှောင်ရီ ခေါင်းလေးကို ပုတ်ပြီး ရှောင်ရီကို စားရန်နှင့် သူ့ကို စိတ်မပူရန် ပြောလာတယ်၊

လုကျိုး က ဟာသတွေပြောပြီး ရယ်နေတာမို့
စားပွဲဝိုင်းတစ်ခုလုံးရယ်မော သံတွေနဲ့ ပြည့်နှက်နေတယ်၊ လုကျိုးနည်းနည်း လေး မူးနေတာကို ရှောင်ရီ တွေ့နေရတာမို့ အိမ်သို့ အမြန်ပြန်ခေါ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု တစ်ခုလို့ ရှောင်ရီ တွေးနေမိတယ်။

မိသားစုပြန်လည်ဆုံစည်းခြင်းညစာစားပွဲ ပြီးဆုံးတဲ့နောက် ရှောင်ချွမ်းကမီးရှုးမီးပန်းကြီး တစ်ခုကိုယူဆောင်လာပြီးလူငယ်လေးယောက်က အောက်ထပ်သို့ ဆင်းလာ၍
ခြံဝန်းအတွင်း မီးရှုး မီးပန်းတွေပစ်လွှတ်
ခဲ့ကြတယ်။

"မီးရှူး မီးပန်း တွေကို ပိတ်ပင်ထားတာ
နှစ်တွေကြာနေပြီ "

လုကျိုးက ရှောင်ရီ နားနားသို့ပြောလာတယ်။

"ဘယ်လို !!"

ရှောင်ရီက လုကျိုးကို ပြန်မေးလိုက်တယ်။

လုကျိုးက ပြုံးပြလာတဲ့အချိန် ရှောင်ရီ နှလုံးသားတွေ လှုပ်ခုန်လာတယ်၊ ရှောင်ရီ
သူ့လက်ထဲမှ မီးရှုးမီးပန်းတွေကို မီးညှိ ဖို့
လိုက်တဲ့အခါ လုကျိုးကထအော်လာတယ်။

" မထိစေနဲ့ !"

လုကျိုးက ရှောင်ရီကို နောက်သို့ဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်ကို ဆန့်တန်းလျက်
မီးညှိလိုက်တဲ့ အခါ သိုင်းအလှကစားသူနှင့်ပင် တူနေချေတယ်။

ရှောင်ရီ :"......."

မီးရှူးမီးပန်းပေါက်ကွဲသံတွေနှင့်အတူ ရှောင်ရီက လုကျိုးကို မေးလိုက်တယ်၊

" မီးရှုးမီးပန်းတွေကို ဘယ်အချိန်မှာ နောက်ဆုံး မြင်ခဲ့တာလဲ ?"

"ဒူဘိုင်းမှာ  !"

လုကျိုး က အပြုံးလေးဖြင့် ပြန်ဖြေလာတယ်၊

" ဒူမိူင်းမှာ မီးရှူး မီးပန်းတွေက ခုထက် ပိုများ လား ?"

ရှောင်ရီ ကလည်း အပြုံးလေးဖြင့် တုံ့ပြန်ရင်း
ပြန်မေးလိုက်တယ်။

လုကျိုးက ရှောင်ရီ အသံကို ကြားကြောင်း ခေါင်းညိတ်ပြပြီး နောက်ခေါင်းခါပြတယ်။

တရုတ်နှစ်သစ်ကူးပွဲတော် အစီအစဥ်ကို
စောင့်ကြည့်ပြီးနောက် Happy New Yearကို သံပြိုင်ဟစ်ကြွေးခဲ့ကြတယ်၊ ပါပါးရှောင်က
ပြုံးပြီး ပြောလာတယ်၊

" ရှောင်လု , မင်းဒီကိုမရောက်လာခဲ့ရင်
ခုချိန်တရုတ်နှစ်သစ်ကူးမိတ်ဆုံစားပွဲမှာ
ရှိနေလောက်တယ်မလား?"

လုကျိုးက ပြုံးပြီး ပြောလာတယ်၊

" ကျွန်တော်တို့လို သရုပ်ဆောင်တွေက
စားပွဲတွေ ကို ဖိတ်ခေါ်ခံရလေ့မရှိဘူး၊
ရှောင်ရီတို့ကျ အသိအကျွမ်းများရင် များသလို နောက်ပိုင်းတွေမှာ သူပဲ ပွဲတွေတက်ရလောက်တယ်"

ရှောင်ရီတစ်ယောက် မျက်နှာမထားတတ်လျက်'ငါ့ကိုလာများနောက်နေသလား'ဟုတွေးနေမိတယ်။

ထိုညတွင်လုကျိုး ဖုန်းက အဆက်မပြတ်မြည်နေခဲ့ပြီး လူတိုင်းက နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလာကြပြီး တဖက်တွင်လည်း ရှောင်ရီက သူ့ WeChatမှ လူတိုင်းကို နှစ်သစ်ဆုမွန်ကောင်းတွေ ပေးပို့နေခဲ့တယ်၊
ဒူမိုင်ဆီလည်း ဖုန်းခေါ်လိုက်သေးတယ်၊ ရှောင်ရီ တစ်ယောက် ညဘက်စောစောအိပ်ရာဝင်ချိန် နောက်ဆက်တွဲ ရလာဒ်ကတော့ သူ့ ခေါင်းအုံးအောက်၌ စာအိတ်နီလေးရှိနေပြီး စာအိတ်လေးရဲ့ အပြင်ဘက်မှာ { လု}ဆိုတဲ့ စာလုံးလေးရေးထားတာကို တွေ့လိုက်ရတယ်။ကျောဘက်တွင်လည်း လုကျိုး၏လက်မှတ်လေး ပါရှိပြီး အတွင်း၌
လုကျိုးရဲ့ လက်မှတ်ရေးထိုးထားတဲ့ ဓာတ်ပုံလေးနှင့်အတူ ယွမ် 2000ပါရှိတယ်။

ဧည့်ခန်းထဲတွင်လည်း,

"လာပါ ...အန်ကယ်ရှောင်ကလည်း"

" အာ...ရှောင်လု ,အဲ့လို မလုပ်ပါနဲ့ "

"လူကြီး တွေအတွက် ဒါက ကျွန်တော်
လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့သဘောပါ,
ပြီးတော့ ကျွန်တော့် ရဲ့ ရိုသေလေးစားမှု လို့
မှတ်ယူပေးပါ"

ရှောင်ရီ ထွက်လာပြီး ကြည့်လိုက်တဲ့အခါ,
လုကျိုးက သူ့မိဘတွေထံ စာအိတ်နီတွေနှင့်
ဂါရဝပြုနေတာကို တွေ့လိုက်ရတယ်၊လုကျိုးက ရှောင်ချွမ်း ကိုလည်း တအိတ်ပေးပြီး
'အလုပ်ကြိုးစား...ပိုက်ဆံစု 'ဟု ပြောနေသေးတယ်။

"ကျေးဇူးတင်ပါတယ်..ကျိုးကော"

ရှောင်ချွမ်းက ပျော်ရွှင်စွာဖြင့် ထအော် တယ်၊

ရှောင်ရီ အခန်းထဲသို့ ပြန်ဝင်လာပြီး ခုတင်ပေါ်တွင် ထိုင်နေမိရင်း တဖြေးဖြေး ဝမ်းနည်းလာမိတယ်၊ 'အကယ်၍ တနေ့နေ့ သူအောင်မြင်လာခဲ့ရင် လုကျိုး ရဲ့ ကျေးဇူး ကြွေးတွေကို ကောင်းကောင်းပြန်ဆပ်ရမယ်လို့လည်း တွေးနေမိတယ်။

သို့သော် ဤ ကမ္ဘာမြေကြီးတွင်,မြင့်ရာမှ
နိမ့်ရာသို့သာကူးလူးနိုင်သကဲ့သို့ အနောက်မှ
အရှေ့သို့ စီးဆင်းနေသကဲ့သို့ပင်ရှိနေသော်လည်း ရှောင်ရီ အတွက် လုကျိုးနဲ့ ဒူးမားကဲ့သို့သော လူတွေကတော့ တသက်တာ
အတွက်အမှတ်ရနေမည်သာပင်၊သူတို့ကို ကျေးဇူး ပြန်ဆပ်နိုင်တဲ့ အနေအထားရောက်အောင် ရှောင်ရီ ကြိုးစားရမယ်၊အကယ်၍သူသာ ထိုသူနှစ်ယောက်ကို အခွင့်အခါသင့်၍ ကျေးဇူး ဆပ်ခွင့်များရခဲ့မည်ဆိုပါလျှင် အတွေးနှင့်တောင် ရှောင်ရီ တစ်ယောက်
ကြည်နူးမှုတွေနဲ့ အကြိမ်ကြိမ် အဖန်ဖန်
စိတ်ခံစားမှု တွေမြင့်တက်နေခဲ့တယ် ၊
'ဘာပဲဖြစ်ဖြစ် ငါကခုလိုမျိုးပါပဲ, အရည်အချင်းလည်းမရှိသလို ဒီဘဝမှာပဲ
နေရဦးမယ်' သူ့ဘာသာပင်ပြန်တွေးမိရင်း
ရှောင်ရီ စိတ်ဓာတ်ကျသွားပြန်တယ်၊သို့သော် မခံချင်စိတ်ဖြင့် သူ့ကိုယ်သူ ပြန်အားတင်းတယ်၊'ငါက သိက္ခာရှိတယ်၊ရိုးသားတယ်၊
ကျိုးကောကလည်း ငါပြန်ပေးရင်တောင်ယူမှာမဟုတ်ဘူး၊ ငါကသူ့အပေါ်ရှေ့လျှောက်ပိုပြီး ရိုးသားဖို့ပဲ လိုတယ်၊အဟမ်း..ငါလိပ်ပြာလုံတယ် ..ဒါပဲကောင်းပါတယ်...
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါ ကျိုးကော! '

W5725
16.12.2021

. ......................................................................

.[ Z ]

စာအိတ္အနီေတြဘယ္မွာေရာင္းလဲ ?

လုက်ိဳးေမးလာတယ္။

" ကြၽန္ေတာ့္မိဘေတြကို က်ိဳးေကာစာအိတ္နီ ေပးစရာမလိုဘူး"

ေရွာင္ရီက သူ႕ ညီရဲ႕ ကားကို ေမာင္းထုတ္ၿပီး ေျပာလာ
တယ္၊

" ကြၽန္ေတာ့္ ပိုက္ဆံေတြကို ေကာပဲေပးထားတာ, ေကာရဲ႕ စာအိတ္နီေတြကို ကြၽန္ေတာ္တို႔က ဘယ္လိုလုပ္ၿပီးထပ္ယူသင့္ပါ့မလဲ ?"

လုက်ိဳးေရွာင္ရီ စကားကို ဂ႐ုမစိုက္တာမို႔ ေရွာင္ရီ
တစ္ေယာက္ယတိျပတ္ပင္ထပ္ေျပာလာတယ္၊

"က်ိဳးေကာ, ေကာကို အျပင္ေလွ်ာက္လည္ရေအာင္ေခၚသြားမယ္, ဒီႏွစ္အစမွာ ကြၽန္ေတာ္တို႔ ေရပူစမ္းသြားၾက
မယ္"

တေနကုန္လုက်ိဳးတစ္ေယာက္ေရွာင္ရီ ေခၚသမွ်ေနရာေတြကို လိုက္လာတယ္၊လုက်ိဳး က ေပက်င္းမွာေတာင္
လူအမ်ားစု ရွိတဲ့ေနရာမ်ိဳးဆို သိပ္ၿပီး သြားေလ့သြားထ မရွိတာကို ေရွာင္ရီ သိတယ္၊ အိမ္ထဲမွာ သို႔မဟုတ္ ကားထဲမွာပဲေနေလ့ရွိၿပီး ရိုးရွင္းတဲ့ လူေနမႈအဆင့္ရွိ ေစ်းဝယ္စင္
တာေတြမွာသာဝယ္ယူေလ့ရွိတယ္၊ ထို႔အျပင္ေစ်းဝယ္ထြက္ခ်င္ရင္ေတာင္ေစ်းဝယ္စင္တာကိုမသြားဘဲ နိုင္ငံျခားကိုသာသြားေလ့ရွိတယ္။

ေရွာင္ရီ နဲ႕ လုက်ိဳးတို႔ ပထမဆုံး ဗီဒီယိုဂိမ္း
ဝင္ကစားၾကတယ္၊ ထို႔ေနာက္ ပန္းေစ်းကို
လည္ပတ္ၾကတယ္၊ အစပိုင္းမွာေတာ့ လုက်ိဳး
တစ္ေယာက္ စတိုးဆိုင္ေတြကို ၾကည့္ရင္း
အသားတင္တန္ဖိုးကို တြက္ခ်က္ေနတာမို႔
အကယ္၍ လုက်ိဳးသာလိုခ်င္ပါက ကုန္တိုက္
တစ္ခုလုံး ကို ဝယ္နိုင္တယ္ဆိုတာကို ေရွာင္ရီ
သိတယ္၊ သူ႕ ခႏၶာကိုယ္ေပၚမွလက္ရွိဝတ္ဆင္ထားတဲ့
အဝတ္တထည္ ရဲ႕ တန္ဖိုးက စတိုးဆိုင္ တဆိုင္စာေလာက္ရွိတာမို႔ ေရွာင္ရီက အဝတ္အစားဝယ္ရန္ မေခၚသြားေတာ့ဘဲ ထို႔အစားအမွတ္တရ ပစၥည္းဆိုင္ေတြနဲ႕ ဟူေပရဲ႕
ေဒသထြက္အစားအစာ ဆိုင္ကိုသာေခၚသြားလိုက္တယ္။

ေန႕လည္ဘက္မွာေတာ့ သူတို႔ႏွစ္ေယာက္ ပန္းေစ်းထဲ
သို႔ေရာက္ေနခ်ိန္ လုက်ိဳးက ပန္းေစ်းမွအရာေတြကို
အေတာ္ေလး စိတ္ဝင္စားေနၿပီး ပန္းေစ်းတေလွ်ာက္
ၾကည့္ရင္း ေျပာလာတယ္၊

" ငါ ငယ္ငယ္တုန္းကတ႐ုတ္ႏွစ္သစ္ကူးဆို
အ႐ုပ္ေတြ အမ်ားႀကီး လိုခ်င္ခဲ့ဖူးတယ္"

"ကြၽန္ေတာ္ေရာပဲ"

ေရွာင္ရီကကာလာစုံပလပ္စတစ္ပန္းကိုင္ေကြးေကြးေလးကို ကိုင္ထားတဲ့လုက်ိဳးကိုၾကည့္ရင္း ရယ္စရာေလးဟုပင္ခံစားမိေနတယ္၊

ညေနခင္းတြင္ သူတို႔ႏွစ္ေယာက္စူပါမားကတ္ႀကီးထဲသို႔
အခ်ိန္အေတာ္ၾကာေလွ်ာက္ၾကည့္ၿပီး ေနရာတိုင္း၌
ဦးေလးႀကီးေတြ၊အန္တီႀကီးေတြႏွစ္ကူးပြဲေတာ္အတြက္
ေစ်းဝယ္ေနတာကို ေတြ႕ရတယ္၊ လုက်ိဳးက ေဘးဖက္ကို လိုက္ၾကည့္ေနစဥ္ ေရွာင္ရီက တြန္းလွည္းေလးတြန္းရင္း သူ႕မွာပိုက္ဆံမရွိေပမယ့္ ပစၥည္းေတြေတာ့လွည္းထဲသို႔ပစ္ထည့္ေနတယ္။

ေနာက္ဆုံးတြင္ ေရွာင္ရီကႏွစ္သစ္ကူး ပစၥည္းအစုံအလင္ကို ေရွာင္ခြၽမ္းအား အေပၚထပ္သို႔ ယူလာခိုင္းၿပီး
သူ႕မိဘေတြကေတာ့ လုက်ိဳးကို ဧည့္ခံရန္ ေဟာ့ေပါ့
လုပ္ေနၾကတယ္၊ေဆာင္းရာသီအံကိုက္ ေဟာ့ေပါ့ပူပူေလးစားရန္ သူတို႔ငါးေယာက္စားပြဲဝိုင္းမွာထိုင္ၾကစဥ္ ညရွစ္နာရီ တီဗြီ မွလုက်ိဳးေခါင္းေဆာင္အျဖစ္ပါဝင္ထားတဲ့ 'The Golden Hound'ကိုထုတ္လႊင့္ေနတယ္။

သူတို႔စကားေျပာၿပီးရယ္ေမာေနၾကၿပီး အားလုံးက
စားေသာက္ေနၾကရင္းလုက်ိဳးကို ပဲ ၾကည့္ေနၾကတယ
္၊ပါပါးေရွာင္နဲ႕ မာမားေရွာင္တို႔က ေရွာင္ခြၽမ္းထံမွလုက်ိဳးက ဘယ္လိုလူလဲဆိုတာကိုသိသြားၾကတာမို႔ စကားေျပာတဲ့အခါ အရမ္း သတိထားေနၾကတယ္၊လုက်ိဳးက
သက္ေတာင့္သက္သာရွိေစဖို႔ ဟာသအနည္းငယ္ ေျပာေနခဲ့တယ္၊ေရွာင္ရီကလည္း ၿပဳံးရင္းေျပာလာတယ္၊

" လူတိုင္းက က်ိဳးေကာကို ဒူးမားလိုပဲဆက္ဆံလို႔ရတယ္, က်ိဳးေကာနဲ႕ကြၽန္ေတာ္က အရမ္းရင္းႏွီးတယ္"

သူ တကၠသိုလ္တက္ေနတုန္းက ဒူးမားလည္း ႏွစ္သစ္ကူးပြဲေတာ္က်င္းပရန္အတြက္ေရွာင္ရီ အိမ္ကို တခါတရံ
ေရာက္လာတယ္၊ လုက်ိဳးနဲ႕ ေရွာင္ခြၽမ္းကေတာ့ အတူတူ
ေသာက္ေနၾကတယ္။

ညစာစားၿပီးတဲ့ အခါ, လုက်ိဳးက သူ႕ရဲ႕အက်ီလက္ေတြကို ေခါက္တင္၍မာမားေရွာင္ ပန္းကန္ႏွင့္ တူေတြ
သိမ္းဆည္းေနတာကို ကူညီ ေပးဖို႔ ဟန္ျပင္ေနတယ္၊
ထိုအခိုက္အတန့္ ေရွာင္ရီ တစ္ေယာက္ ဝိညာဥ္
လြင့္မတတ္ေၾကာက္လန့္သြားၿပီးအလ်င္အျမန္
ပင္လက္ကာ၍ဟန့္တားရာ လုက်ိဳးက သူ႕ကို
ရပ္တန့္ေစရင္း ေျပာလာတယ္၊

" မင္းက ဒီမွာဘာလုပ္ေနတာလဲ !
မင္းအလုပ္ဘာမွမရွိဘူး !"

မာမားေရွာင္က ရယ္ရင္းေျပာလာတယ္,

" လုပ္ပါေစ...ေရွာင္လု !မင္းပန္းကန္နဲ႕ တူေတြ
ဇလုံထဲပဲ ထည့္ထားလိုက္ရတယ္"

ညဖက္ေရာက္တဲ့အခါ လုက်ိဳးတစ္ေယာက္
တေနကုန္သြားလာထားရတာမို႔ အနည္းငယ္ ပင္ပန္းေန
သည္က သိသာေနၿပီး ေစာေစာစီးစီးပင္အိပ္ေပ်ာ္သြားခဲ့ရာေနာက္တေန႕ မနက္ေျပးဖို႔ ထသည္အထိပင္ ျဖစ္၏။

လုက်ိဳး တစ္ေယာက္ ရက္အေတာ္ၾကာ ေလ့က်င့္ခန္း မ
လုပ္ျဖစ္သည္မွာ ၾကာၿပီျဖစ္ကာ ေရွာင္ရီကလည္း သူ႕ကို Gymခန္းမသို႔ေခၚမသြားခဲ့ဘူး၊ေျပး ဖို႔ တစ္ခုသာ
တတ္နိုင္ေပမယ့္ အနီးအနားမွာလည္း ေခြးေမြးတဲ့ အိမ္ေတြအမ်ားႀကီး ရွိေနတယ္၊ အကယ္၍သူေျပးပါက ကံမေကာင္းရင္ေခြးလိုက္ခံရနိုင္တယ္၊ေနာက္ဆုံးေတာ့လုက်ိဳး
မနက္ေစာေစာထရန္ ဆုံးျဖတ္လိုက္တယ္၊

လုက်ိဳး အိပ္ေပ်ာ္သြားၿပီးေနာက္, ေရွာင္ရီက ေရွာင္ခြၽမ္းအား လုက်ိဳး သူတို႔အိမ္ေရာက္ေနေၾကာင္း သူငယ္ခ်င္းေတြကို ေျပာမိေသးလားဟု ေမးရာ ေရွာင္ခြၽမ္းကသူ႕ကား
ေၾကာင့္ ပါးစပ္ပိတ္ထားေၾကာင္း၊ဘယ္သူ႕ကိုမွ
မေျပာေၾကာင္း ေျပာလာတယ္၊ ေရွာင္ရီ အနည္းငယ္ စိတ္သက္သာရာရၿပီးေနာက္ မိသားစု ဝင္ေတြအား ခဏမွ်
စုစည္းေစၿပီး ခုကိစၥက သူ႕အလုပ္နဲ႕ဆက္စပ္ေနေၾကာင္း
ေျပာလိုက္ရာသူ႕ မိသားစုကလည္း သူ႕ကို ဒုကၡမေပးပါဘူးဟု ကတိခံၾကတယ္၊ထိုမွသာေရွာင္ရီတစ္ေယာက္ အိပ္ေပ်ာ္နိုင္ေတာ့တယ္။

ေပက်င္းၿမိဳ႕ရွိ လုက်ိဳး၏အိမ္တြင္ေနထိုင္စဥ္က ေန႕တိုင္း
ေရွာင္ရီ တစ္ေယာက္ တစ္မီတာခန့္ျမင့္ေသာ လုက်ိဳး၏ပုံစံတူ အ႐ုပ္ကို ဖက္အိပ္ေလ့ရွိတာမို႔ ထို အ႐ုပ္ပါမလာသည္ကို ေမ့ၿပီး လုက်ိဳး အား အ႐ုပ္ေနရာ၌ အစားထိုး
လိုက္တယ္၊ေဟာက္ေနတဲ့လုက်ိဳးကိုေတာင္
သတိမထားမိဘဲ ေရွာင္ရီ တကိုယ္လုံးက
လုက်ိဳးရဲ႕ ခႏၶာကိုယ္တစ္ခုလုံးေပၚ ရစ္ပတ္ေနလ်က္
ေျခေထာက္ႏွစ္ေခ်ာင္းကလည္းတဖက္လူရဲ႕
ေျခေထာက္ေတြၾကား ညွပ္ထားသည္ကခိုအားလားေလး
သစ္ပင္တက္ေနသည့္ပုံစံေလးအတိုင္းရွိေနတယ္။

မနက္ေစာေစာပိုင္းတြင္,

လုက်ိဳးအား သူဖက္ထားမိတာကို ေတြ႕လိုက္ရတဲ့အခါ
ခ်က္ျခင္းပင္ တုန္လႈပ္သြားရာမွလုက်ိဳးကို ေျဖးေျဖးေလး
လႊတ္လိုက္ၿပီး ေဘးသို႔ မသိမသာေလးေ႐ြ႕လိုက္တယ္၊
လုက်ိဳးကေတာ့ အိပ္ေပ်ာ္ေနဆဲ ရွိသည့္တိုင္ သူ႕ရဲ႕
ေအာက္ခံ ေဘာင္းဘီ ကေတာ့ တဲငယ္ေလး တစ္ခု
အျဖစ္ ေျပာင္းလဲေနတယ္။

ေရွာင္ရီ ခုတင္ေဘးသို႔ ကပ္လိုက္ၿပီး အသက္ျပင္းျပင္း
တခ်က္ရႈလိုက္တယ္။

"ေဟး...က်ိဳးေကာ"

ေရွာင္ရီ နားနားသို႔ ကပ္ၿပီး တိုးတိုးေလး ေျပာလိုက္တယ္၊

"....ကြၽန္ေတာ္ထေတာ့မယ္"

နာရီ ဝက္အၾကာ...

" မင္း ေယာက်္ားမဟုတ္ဘူးလား!"

အႏွေးေလွ်ာက္အားကစားဝတ္စုံကို
ဝတ္ဆင္ထားတဲ့လုက်ိဳးက ေရွာင္ရီႏွင့္အတူ
ရပ္ကြက္အေနာက္လမ္း တြင္ေျပးရင္း ေျပာလာတယ္၊

ေရွာင္ရီ ကေတာ့ သစ္ပင္ကို မွီလ်က္ အသက္႐ူပင္
ရပ္မတတ္ေမာပန္းေနတာမို႔ ေျပာလိုက္မိတယ္၊

" ေကာ...ေကာအရင္ေျပးႏွင့္...ကြၽန္ေတာ့္ကို
မေစာင့္နဲ႕ေတာ့"

"ငါမွလမ္းမသိတာ ...မင္းေလ့က်င့္ခန္း
လုပ္ဖို႔ လိုတယ္"

ေရွာင္ရီ တစ္ေယာက္လုက်ိဳးႏွင့္အတူ တန္းတူ လိုက္မေျပးနိုင္ဘဲ ရွိေနလ်က္ လုက်ိဳးက အမွန္တကယ္ပင္သာမန္
ထက္သာလြန္ေနတယ္၊သူ႕ အတြက္ေတာ့ ဆယ္ကီလိုမီတာ ေျပးရတာက အစားအေသာက္
တစ္ခု စားေနရသလိုပဲ , ေရွာင္ရီဂီတ ဌာနမွာ
အလုပ္လုပ္စဥ္က ထို အေၾကာင္းကို ေတြးမိတယ္၊
လက္ေထာက္ေတြကသူေဌးနဲ႕အတူ
ေျပးရတယ္လို႔ တခါမွ မၾကားဖူးခဲ့ဘူး။

"ဟု...ဟု"

ေရွာင္ရီ မ်က္ႏွာက ေသမင္းတမန္မ်က္ႏွာ အလား
ျဖဴေဖ်ာ့ေနၿပီး လက္ရွိအေနအထားက တကယ္ပင္ သူ႕ ရဲ႕ ေနာက္ဆုံးကန့္သတ္ခ်က္ထိ ေရာက္ေနၿပီဟု ခံစားလိုက္ရတယ္၊မိနစ္တိုင္းက လမ္းေဘးမွာပင္ လဲက်ၿပီးေသေတာ့
မတတ္ ခံစားမိေနတယ္၊ လုက်ိဳးက
ေလကို တဝ႐ူၿပီး ေနာက္ နားအုပ္၊ ဦးထုပ္နဲ႕
အေပၚထပ္ဂ်ာကင္ကို ခြၽတ္လိုက္တယ္။
ႀကံ့ခိုင္တဲ့ လက္ေမာင္းႂကြက္သားေတြကို
ထုတ္ေဖာ္လိုက္ရင္း သူ႕ေနာက္မွ ေထာ့နဲ႕ ေထာ့နဲ႕ ျဖင့္
လိုက္လာတဲ့ ေရွာင္ရီကိုလွည့္ၾကည့္လာတယ္။

" မင္းေလ့က်င့္ခန္း ပုံမွန္လုပ္သင့္တယ္ !"

လုက်ိဳးေျပာလာတယ္၊

" မင္း ပုံစံ ကၾကက္ပိန္ေလးက်ေနတာပဲ "

ေရွာင္ရီ႕မ်က္လုံးေလးေတြ ဝိုင္းေနစဥ္
လုက်ိဳး ေျပာလာတယ္၊

" ပိုက္ဆံပါတယ္မလား...မနက္စာသြား
စားရေအာင္,ငါေခါက္ဆြဲပူပူေလးစားခ်င္လို႔"

ေခါက္ဆြဲဆိုင္လည္း ဖြင့္ေနၿပီမို႔ ေရွာင္ရီ
အသက္တခ်က္႐ူၿပီး လုက်ိဳး ေနာက္သို႔
ေခါက္ဆြဲစားရန္လိုက္လာလိုက္တယ္၊
လုက်ိဳးႏွစ္ပန္းကန္မွ် စားၿပီးအစာေခ်ဖ်က္ရန္ေရေႏြး
ေသာက္ခ်ိန္ ေရွာင္ရီက တစ္ပန္းကန္ပင္ မကုန္ေသး၊
ဘာပဲျဖစ္ျဖစ္နည္းနည္းေလးေတာ့ သက္ေတာင့္သက္သာရွိသြားခဲ့သည္ပင္။

"မာဖလာပတ္ထားစမ္း,အေအးမမိေစနဲ႕"

လုက်ိဳးက ေျပာလာတယ္၊

"ကြၽန္ေတာ္ေလွ်ာက္နိုင္တယ္...ကြၽန္ေတာ္ေသေတာ့ မယ္ ...မဟုတ္ဘူး ..ကြၽန္ေတာ္ ေလွ်ာက္နိုင္ေသး
တယ္...အခုေတာ့ေသေတာ့မလိုဘဲ "

သူတို႔ ေျပးၿပီးတဲ့ေနာက္, ေရွာင္ရီတကိုယ္လုံးလည္း
ေခြၽးေတြ႐ြဲေနၿပီး စိတ္ဓာတ္ေတြလည္း ပိုက်လာတယ္။ လူေတြလည္း တေျဖးေျဖး မ်ားလာၿပီ ျဖစ္ကာ လမ္းမ
ရွည္ႀကီးကို ျဖတ္ေလွ်ာက္လာရင္း ကားမွတ္တိုင္ တစ္ခုတြင္ ခဏရပ္ကာ အိမ္ျပန္ၾကဖို႔ ျပင္တယ္ ။

လုက်ိဳးေခြၽးေတြေတာင္ျပန္ေျခာက္သြားၿပီ
မို႔ ေက်ာျပင္မွာ ေခြၽးေတြ႐ႊဲေနဆဲ ရွိေနေသးတဲ့ ေရွာင္ရီက လုက်ိဳးဂ်ာကင္အား ျပန္ဝတ္ဖို႔ လုက်ိဳးကိုကူညီေပးလိုက္ရင္း, သူတို႔ႏွစ္ေယာက္တကၠစီတစ္စီးစီးကို ငွားရန္ သို႔မဟုတ္ဘတ္စ္ကား ေစာင့္ရန္အျပင္ဘက္သို႔ထြက္လာလိုက္တယ္။

"ဟိုေလ...တစ္ခုေလာက္ေမးခြင့္ျပဳပါ...အစ္ကိုက လုက်ိဳးလား?"

အထက္တန္း ေက်ာင္းသားေလးတစ္ေယာက္က ေမးလာတယ္၊

" ကြၽန္ေတာ့္ကိုေလ ေကာရဲ႕လက္မွတ္ေလး
ေပးလို႔ရမလားဟင္?"

ေရွာင္ရီ :"......"

လုက်ိဳး :"......"

လုက်ိဳးကနားအုပ္ေလးကိုလည္းခြၽတ္ထားတယ္၊ ဦးထုပ္ကိုလည္း ခြၽတ္ထားတယ္၊ သူ႕ဆံပင္ကအရင္ထက္နည္း
နည္းေလးပဲ ပိုရွည္လာၿပီး ဂ်ာကင္ဝတ္ထားေသာ္လည္း
ခုလို ပုံျဖင့္ အျပင္ထြက္ပါကက်ိန္းေသ သတိထားမိၾကမယ္ဆိုတာကို ေရွာင္ရီနဲ႕ လုက်ိဳးတို႔ လုံးဝပင္ေမ့ သြားၾကတယ္။

လုက်ိဳးက ခ်က္ျခင္းပင္ တုံ႕ျပန္ၿပီး ေျပာလာတယ္၊

" ရႈး...မေအာ္နဲ႕ေနာ္...ငါ့ကို ေဘာပင္ေပး"

ေကာင္ေလးကေတာ့ မူးလဲလုနီးပါး ျဖစ္ၿပီးေနာက္ ေျပာလာတယ္၊

" အစ္ကိုက..အစ္ကိုက...အစ္ကိုကတကယ္?
ကြၽန္ေတာ္ !|ကြၽန္ေတာ္!"

ေကာင္ေလးက ေနာက္ဘက္ကို လွည့္ၾကည့္သြားတဲ့ အခါ ေရွာင္ရီ နဲ႕ လုက်ိဳး ရဲ႕ ႏွလုံးသားေတြ တဟုန္ထိုးခုန္လာၿပီး
တခ်ိန္တည္းမွာပဲ အထက္တန္း ေက်ာင္းသား
တအုပ္စုကလည္း သူတို႔ ေနာက္မွာရွိေနၾကတယ္၊ေဆာင္းရာသီ အားလပ္ရက္တြင္ ေစ်းဝယ္ထြက္ရင္း ႐ုပ္ရွင
္ၾကည့္ၾကဖို႔ ထြက္လာၾကပုံရတယ္၊ 'ခုမွမနက္ကိုးနာရီပဲ
ရွိေသးတာေလ! ; ေရွာင္ရီ သူ႕ဘာသာပင္ေတြးေနမိရင္း
'F****!ဒီအုပ္စုက အရမ္း ဝီရိယရွိလိုက္တာ!
ေဆာင္းရာသီ အားလပ္ရက္ကို အိမ္မွာ အိပ္မေနဘဲ
ဘာလို႔ အေစာႀကီး အျပင္ေရာက္ေနၾကတာလဲ!!

အထက္တန္း ေက်ာင္းသားအုပ္က လုက်ိဳးကို ရွာေတြ႕တာမို႔ ေကာင္ေလးကို အရင္ေစလႊတ္ခဲ့ပုံရတယ္၊လုက်ိဳးက
လည္း ေကာင္ေလးကို လက္မွတ္ထိုးေပးၿပီးေနာက္
ေျပာလိုက္တယ္၊

"ဂြတ္ဘိုင္ "

"ဝိုး......"

"အားးးးးးးးးး....."

ေက်ာင္းသားအုပ္စုက ေျပးလာတာမို႔ ကားမွတ္တိုင္အနီးရွိ ေစ်းဆိုင္မ်ား, ဂ်ာနယ္အေရာင္းဆိုင္ေတြနဲ႕ ကားဂိတ္အနီးမွလူေတြက ႐ုတ္တရက္ပင္ အံ့ၾသေနၾကတယ္။

"လုက်ိဴး......!"

"လုက်ိဳးတဲ့...အားးးးးး....."

"လုက်ိဳး လား !!!"

လုက်ိဳးနဲ႕ ေရွာင္ရီတို႔ ခ်က္ျခင္းထြက္ေျပးရန္ ျပင္လိုက္ၾက
ရင္း လူႏွစ္ေယာက္က အသက္လုေျပးေနရသလို ျဖစ္ေန
လ်က္ လမ္းၾကားထဲသို႔အရွိန္ျဖင့္ေျပးဝင္လာၾကတယ္၊
ေရွာင္ရီက ေအာ္ဟစ္လိုက္တယ္၊

"ဒီလမ္း !"

ေရွာင္ရီက ထိုသို႔ေသာ အေနအထားကို
မေရမတြက္နိုင္ေအာင္ ေတြးၾကည့္ဖူးေပမယ့္
သူ႕ ေမြးရပ္ေျမမွပရိသတ္ေတြက သူတို႔ကို ဝိုင္းအုံလာလိမ့္မယ္လို႔ ေရွာင္ရီ မထင္မွတ္ထားခဲ့မိဘူး၊ ေရွာင္ရီ တဖက္သို႔ လွည့္ၾကည့္ၿပီးနံရံေပၚတြယ္တက္ကာ လုက်ိဳးကို ဆြဲေခၚရန္ လက္ကို ဆန့္ထုတ္လိုက္ခ်ိန္ လုက်ိဳးကေအာ္ဟစ္လာတယ္၊

"ဖယ္စမ္းပါ!"

လုက်ိဳးက ခ်က္ျခင္းပင္ေဘးရွိအမွိုက္ပုံးကို ကန္ခ်လိဳက္ၿပီး အမွိုက္ပုံးေပၚကိုတက္နင္း၍ အထိန္းအကြပ္မလိုဘဲလႊားကနဲပင္ နံရံေပၚခုန္တက္လာတယ္၊ပရိသတ္ေတြကလည္း
လမ္းၾကားထဲထိေအာ္ဟစ္ကာလိုက္လာၾကတယ္၊

"လုက်ိဳး ......"

ေရွာင္ရီတစ္ေယာက္ လုက်ိဳးလက္အား ႐ူးသြပ္စြာဆုပ္ကိုင္၍ ေျပးထြက္လာၿပီး လမ္းမကို ျဖတ္လိုက္တယ္၊ ပရိသတ္က ေထာင့္ဘက္သို႔လွည့္ၾကည့္လာျပန္ေတာ့
သူတို႔ ကို ဖမ္းမိသြားျပန္တယ္၊ လားရာပတ္ပတ္လည္မွာ လူေတြရွိေနတာမို႔ ေရွာင္ရီက လုက်ိဳးအား ေစ်းဝယ္စင္တာထဲသို႔ အလ်င္အျမန္ ဆြဲေခၚလာလိုက္တယ္၊ စကၠန့္ပိုင္းေလး အတြင္းမွာပင္ ေစ်းဝယ္စင္တာအတြင္းသို႔ လုက်ိဳး နာမည္ အား ေခၚသံေတြ ပ်ံ့လြင့္လာတာမို႔ ထိုေအာ္သံေတြက စင္တာတစ္ခုလုံးနီးပါး သိမ္းပိုက္လုမတတ္ျဖစ္သြားခဲ့တယ္၊ အထည္ဆိုင္ေတြကလည္းခုမွဆိုင္ဖြင့္ဆဲ ျဖစ္တာမို႔ဝန္ထမ္းေတြကလည္း ဘာေတြျဖစ္ေနမွန္း မသိၾကဘူး၊ သူတို႔က
ဘယ္ညာ တခ်က္စီ ၾကည့္ေနၾကၿပီး အျခားသူေတြေအာ္
ဟစ္သံကို အေသအခ်ာၾကားလာရၿပီးေနာက္ ေဒါက္ျမင့္
ဖိနပ္ေတြ အလ်င္အျမန္ ဝတ္ဆင္ကာ ခ်က္ျခင္းပင္ထေအာ္လာၾကတယ္၊

"မင္း ဆက္ေျပးဖို႔အားမရွိေတာ့ဘူးလား !"

လုက်ိဳးက ေရွာင္ရီကို ထေအာ္လာတယ္၊

"ဒါက ေသေရးရွင္ေရး ကိစၥေလ...ကြၽန္ေတာ္ကဘာလို႔
မေျပးနိုင္ရမွာလဲ !!"

ပရိသတ္ေတြကလည္း ပိုပိုမ်ားလာတယ္၊
ေရွာင္ရီ တစ္ေယာက္သူ႕ကိုယ္သူပင္ Resident Evil ဗားရွင္း မ်ိဳး သ႐ုပ္ေဆာင္ေနရတယ္လို႔ေတာင္ခံစားမိေန
တယ္၊ လုက်ိဳးကမေျပးေတာ့ဘဲ နံရံကို လက္ေထာက္ၿပီး
လက္ေဝ့ရမ္းျပလာတယ္။

" ငါကေတာ့ အသက္ႀကီးေနၿပီထင္တယ္..."

"အျမန္ေျပး!"

ေရွာင္ရီ ထေအာ္လိုက္တယ္၊

"သတိထား ,အဲ့လိုမွမေျပးရင္...ေကာ !
တစ္စစီ ျဖစ္သြားလိမ့္မယ္"

လုက်ိဳး :"......"

လုက်ိဳးက ပုံမွန္အရွိန္ျဖင့္ ေရွာင္ရီႏွင့္အတူ
ေျမေအာက္ကားပါကင္ဘက္သို႔ထြက္လာလိုက္ရာ ပရိသတ္မ်ားကလမ္းတေလွ်ာက္သူတို႔ ေနာက္သို႔ ေျပးလိုက္
လာၾကေသာ္လည္း ေရွာင္ရီရဲ႕ လ်င္ျမန္တဲ့ ေျခေထာက္ေတြက လုက်ိဳးအား အလ်င္အျမန္ဆြဲထုတ္ၿပီး ေအာင္ျမင္စြာ
ထြက္လာနိုင္ခဲ့တယ္၊ လမ္းခြေရာက္ခ်ိန္ ဘယ္ညာလွည့္
ျကည့္ၿပီး လမ္းတေလွ်ာက္ေျပးကာ ဘယ္သူမွမျမင္ရနိုင္တဲ့ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ထဲသို႔ ေျပးဝင္လာခဲ့လိုက္
တယ္။

"က်ိဳးေကာဒီမွာပုန္းေန!"

ေရွာင္ရီ ေျပာ ေလတယ္,

"ကြၽန္ေတာ္တို႔ နာရီဝက္အၾကာ မွျပန္ဆုံမယ္"

ေရွာင္ရီက လုက်ိဳးကို ပလပ္စတစ္ေတြကာရန္ထားတဲ့ အတြင္းထဲသို႔ တြန္းပို႔လိုက္ၿပီးေနာက္ ပရိသတ္မ်ားအားမ်က္စိလွည့္ရန္ လမ္းမေပၚသို႔ ျပန္ေျပးထြက္လာခဲ့လိုက္တယ္၊

လုက်ိဳး တစ္ေယာက္ အားသြန္ ခြန္စိုက္ေျပးလာရတာမို႔
ဝမ္းဗိုက္ထဲမွစူးေအာင့္လာတယ္။ေခါက္ဆြဲႏွစ္ပန္းကန္္နီးပါးကို ေရႏြေးၾကမ္းျဖင့္ ေသာက္ခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရတာမို႔ သူ႕တကိုယ္လုံးကပုံမွန္
မဟုတ္ေတာ့ဘဲ ေခါင္းေတြပင္မူးလာၿပီးေကာင္းကင္ႏွင့္
ေျမႀကီး ေျပာင္းျပန္လွန္ေနသလို ခံစားေနရတယ္ ၊ဝမ္းဗိုက္အတြင္းမွလည္း ပင္လယ္ျပင္ႀကီး ေျပာင္းျပန္ဆန္တက္ေနသည့္အလားကိုယ္တြင္းအဂ္ါေတြပင္ ႂကြတက္သလ
ိုခံစားေနရတယ္။

စူးရွတဲ့ အသံက သူ႕ စိတ္ေတြကို ထိတ္လန့္သြားေစတယ္၊ လုက်ိဳးတစ္ေယာက္ၾကည္ လင္ေသာ ေကာင္းကင္ႀကီး၌ လွ်ပ္စီးလက္သြားသလို ပင္ ေအာ့အန္ေနခဲ့တယ္၊

သူပုန္းေနတဲ့ ဝန္းၿခံေလးရဲ႕ ေနာက္မွာမည္သူေမြးထားမွန္းမသိတဲ့ ငန္းႏွစ္ေကာင္ရွိေနၿပီး လုက်ိဳး တစ္ေယာက္ 'ေဝါ့ 'ဟု အသံထြက္လ်က္ ငန္းႏွစ္ေကာင္ရဲ႕ ေခါင္းေပၚကို အန္ခ်မိတယ္။

"ဂတ္......ဂတ္...ဂတ္..."

ေအာ့အန္ေနတဲ့ လုက်ိဳးထံသို႔ ငန္းႏွစ္ေကာင္က အသ
ံကုန္ေအာ္ဟစ္ေနၾကၿပီး အေဝးဘက္မွတတိယေျမာက္
ငန္းတစ္ေကာင္က အရွိန္ျပင္းစြာျဖင့္ က်ယ္ေလာင္စြာေအာ္ဟစ္ရင္း အ႐ူးလိုေျပးလာတယ္၊ လုက်ိဳးကလည္း
က်ယ္ေလာင္စြာျပန္လည္ေအာ္ဟစ္မိတယ္၊
ဝါးျခမ္း တစ္ခုကို ေကာက္ကိုင္ကာ ငန္းေတြကို မထိတထိေျခာက္လိုက္ေပမယ့္ ငန္းတစ္ေကာင္က ထို ဝါးျခမ္းအား လွ်ပ္စီးေၾကာင္း အလား ဆြဲယူပစ္ခ်ိန္မွာေတာ့
လုက်ိဳးတစ္ေယာက္ ႐ူးသြပ္စြာထေအာ္မိပါေလေရာ..

"ကယ္ၾကပါဦး....!!"

လုက်ိဳး ရဲ႕ဘဝမွာ ,ထိုအရာက သူအေၾကာက္ဆုံးျဖစ္ၿပီး အခ်ိန္ၾကာၾကာပင္ဖုံးကြယ္မထားနိုင္လ်က္ ျပတ္သားစြာပင္
ေအာ္ဟစ္ငိုေႂကြး မိေနခ်ိန္မွာေတာ့ ငန္းေတြရဲ႕ တုံ႕ျပန္မႈက ပရိသတ္ေတြနဲ႕ယွဥ္ရင္ အဆတစ္ေထာင္ မွ်ပိုမို ျပင္း
ထန္ေနခဲ့တယ္၊ဘယ္လိုေတာင္ အသိစိတ္မရွိသူကေဆာက္လုပ္ေရး လုပ္ငန္းခြင္ထဲဘဲငန္းေတြကိုေမြးထားပါလိမ့္!

ေရွာင္ရီ ေျပးရင္း ေျပးရင္း ခဏရပ္လိုက္တယ္၊

ဒါဇင္ေပါင္းမ်ားစြာ ေသာ ပရိသတ္ႀကီး ရဲ႕ လိုက္ဖမ္းျခင္းကို ခံရၿပီးတဲ့ေနာက္ ေရွာင္ရီ တဖက္သို႔လွည့္ၿပီးေျပာလိုက္
တယ္၊

"ေဟး!လုက်ိဳးက သြားၿပီ !"

ပရိသတ္ေတြ : '???'

ေရွာင္ရီက ေဘ့စ့္ေဘာဦးထုပ္ကို ခြၽတ္ၿပီး ဦးၫြတ္ရင္း
ေျပာလိုက္တယ္၊

"ကြၽန္ေတာ္တို႔ရဲ႕ နတ္ဘုရားကေပ်ာ္႐ႊင္စရာႏွစ္သစ္ျဖစ္
ပါေစလို႔ဆုေတာင္းေပးပါတယ္တဲ့ ! ေက်ာင္းျပန္တက္ရင္စာႀကိဳးစားၾကေနာ္!"

ေရွာင္ရီ တစ္ေယာက္တဖက္သို႔လွည့္ၿပီး ေနာက္တေခါက္ငါ့ေနာက္ကို မလိုက္ပါနဲ႕ေတာ့ဟု ေရ႐ြတ္ရင္းသူ႕ေျခ
လွမ္းေတြကို အရွိန္ျမႇင့္လိုက္တယ္၊ကိုယ္ေဖာ့သိုင္းတတ္
သည့္အလား အလ်င္အျမန္ေရွာင္တိမ္းကာ လူစုလူေဝး
ႏွင့္ေဝးရာသို႔ အျမန္ေျပးထြက္လာခဲ့လိုက္တယ္၊လုက်ိဳးကို သူထားခဲ့သည့္ေနရာမွာ ရွာေဖြလိုက္ရာ လုက်ိဳး
တစ္ေယာက္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ ဒုတိယထပ္အေရွ႕၌ ဝါးျခမ္းျပားေလးကိုင္လ်က္ ရွိေနတာကို
သူေတြ႕လိုက္ရတယ္။

သို႔တိုင္ ေအာက္ဘက္မွာလည္း ဘဲငန္းသုံးေကာင္ရွိေန
တယ္၊ ေခါက္ဆြဲဖတ္ေတြေခါင္းမွာကပ္ေနတဲ့ ဘဲငန္း
တစ္ေကာင္ရယ္ တစ္ကိုယ္လုံး အျဖဴရည္ေတြ စို႐ႊဲေနတဲ့
ဘဲငန္းရယ္ ေဒါသတႀကီး ထိုးဆိတ္ရန္ အေတာင္
ျဖန့္ေနတဲ့ ဘဲငန္းအပါသုံးေကာင္က ဝါးျခမ္းျပားေလးအနီးမွာ ဝိုင္းရံေနတယ္၊'ေဟး!" ေရွာင္ရီ ေအာ္ဟစ္ၿပီး အုတ္ခဲ ပိုင္း တစ္ခု ေကာက္ယူကာ အေဝးဘက္ကို လွမ္းပစ္လိုက္တယ္၊သူက ငန္းေတြဆီ မခ်ိန္႐ြယ္တာမို႔ အုတ္ခဲပိုင္းက သံတိုင္ကို ထိမွန္ၿပီး 'ဒန္း..ဒန္း'ဟူေသာ က်ယ္ေလာင္သည့္ အသံထြက္ေပၚလာလ်က္ ပဲ့တင္ထပ္သြားတယ္၊ ေရွာင္ရီက ေနာက္ထပ္ အုတ္ခဲက်ိဳး အနည္းငယ္ယူၿပီး ငန္းသုံးေကာင္ရွိရာသို႔ပစ္၍ ေျခာက္လန့္လိုက္ရာခ်က္ျခင္းပင္
ဘဲငန္းေတြထြက္ေျပးသြားခဲ့တယ္။

လုက်ိဳးက သိသိသာသာပင္ထိတ္လန့္ေနပုံရၿပီး မ်က္ႏွာမွာလည္း သိသိသာသာပင္ျဖဴေဖ်ာ့ေနတယ္။

"မင္း ဒါကို ရည္႐ြယ္ခ်က္ရွိရွိလုပ္ေနတာလား!ငါ့ကို
ေျပာစမ္းပါ!"

လုက်ိဳးက ႐ုတ္တရက္ ေအာ္ဟစ္လာတယ္။

"ကြၽန္ေတာ္...ကြၽန္ေတာ္ဒီမွာ ဘဲငန္းေတြရွိမွန္း
တကယ္မသိဘူး"

ေရွာင္ရီ ဝမ္းနည္းမႈတို႔ေၾကာင့္မ်က္ရည္ေတြက်လာတယ္၊

"ကြၽန္ေတာ့္ကအျပစ္ကင္းပါတယ္..
ကြၽန္ေတာ့္နတ္ဘုရားရယ္...."

'သူဘဲငန္းေတြေၾကာက္တာကို ဘယ္သူသိမွာလဲ....'ေရွာင္ရီ တဆက္တည္း ေတြးလိုက္မိတာက လုက်ိဳးကေလးဘဝကဘဲငန္းေတြရဲ႕ အနိုင္က်င့္ တာကို ခံခဲ့ရတာ ျဖစ္နိုင္
ေလာက္တယ္....ေရွာင္ခြၽမ္းရဲ႕ ကားကို လမ္းေဘးတြင
္ရပ္ၿပီး လုက်ိဳးကို အိမ္ျပန္ပို႔လိုက္ေသာ္လည္း
ေန႕လည္စာစားတဲ့အထိတိုင္ စိတ္မသက္သာနိုင္ခဲ့ဘူး။

ဒူမိုင္ထံမွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပင္ဖုန္းဝင္လာခဲ့တယ္၊

" ဘုရားေရ...မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲ? "

ဒူမိုင္က ေရွာင္ရီ နဲ႕ လုက်ိဳး တို႔ ေသမတတ္ေျပးလႊား
ခဲ့ရေၾကာင္းအား ေမးရင္း ေျပာလာတယ္၊

"မင္းတို႔ ႏွစ္ေယာက္က ဘယ္လိုမ်ား
အဲ့ထိ ေရာက္ သြားၾကတာလဲ ?"

"ဒါက...ဒီလို...ဒီလိုပါ"

ေရွာင္ရီက အေသးစိတ္ အေသအခ်ာ ရွင္းျပလိုက္ရာဒူမိုင္က သူ႕ကို အျပစ္တင္စကားမဆိုဘဲ ေျပာလာတယ္၊

" ႏွစ္သစ္ကူးမွာ တျခားေနရာေတြသြားရတာလည္း တမ်ိဳးေကာင္းတယ္၊လုက်ိဳးက မိသားစု ျပန္လည္ဆုံစည္းတဲ့ညစာစားပြဲမ်ိဳးမရွိတာႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီ၊ မင္းပါးနဲ႕မားကိုလည္း ႏႈတ္ဆက္တယ္ေျပာေပးပါ"

ေရွာင္ရီစိတ္သက္သာရာရစြာျဖင့္ သက္ျပင္းခ်လိဳက္တယ္၊

"ဟုတ္ကဲ့...ဟုတ္ကဲ့"

"ငါမီဒီယာကို ဆက္သြယ္ၿပီး ဒီသတင္းကို
မတင္ဖို႔ ေျပာရမလား? အာ?လင္းေယာ့,ကေတာ့ ငါတို႔ ဒါကို သတင္းတင္လို႔ ရတယ္လို႔ေျပာတယ္၊ လုက်ိဳးကိုလူတိုင္းအတြက္ ႏွစ္သစ္ဆုမြန္ေကာင္းေတာင္းေပးတဲ့ ဗီဒီယို
အတိုေလး ရိုက္တင္ေစခ်င္တယ္,မင္းေရာ ဘယ္လို
သေဘာရလဲ ?"

ေရွာင္ရီ ႏွင့္ဒူမိုင္တို႔ ခဏၾကာသည္အထိေဆြးေႏြးၿပီး
ေနာက္ လုက်ိဳးရဲ႕ ႏွစ္သစ္ဆုမြန္ေကာင္း ေတာင္းေပးသည့္ ဗီဒီယိုအတိုေလး လုပ္ျဖစ္သည္ႏွင့္ နိဂုံးခ်ဳပ္လိုက္တယ္၊ ထိုအရာက သူအိမ္ျပန္ေတာ့မည္ဟု တိုက္ရိုက္ေျပာသည္
ထက္ ပို၍ အဆင္ေျပသည္ပင္၊ ထို႔ေနာက္တဆက္တည္းက်န္းရွန္း ေရပူစမ္းဆီသို႔လည္ပတ္ၿပီးႏွစ္သစ္ကူးပြဲေတာ္
ခ်ိန္ႏွင့္ အခ်ိန္ကိုက္ ပင္ ထို ဗီဒီယိုအတိုေလးကို
အင္တာနက္ေပၚတြင္လႊင့္တင္မည္ ျဖစ္၏။

ထို႔ေန႕တြင္ ထမင္းစားပြဲ၌ ေရွာင္ရီတို႔ ေဆြမ်ိဳး နီးစပ္တစ္ဦးက ဘဲကင္တစ္ေကာင္ လာပို႔ေလတယ္၊

လုက်ိဳး :". ...."

ေရွာင္ရီ :"........"

ဒါက လုက်ိဳးကို ထိတ္လန့္ေစတယ္လို႔ ေရွာင္ရီေတြးေနမိ
ရင္း မာမားေရွာင္ကေတာ့ သူတို႔ ေန႕လည္ဘက္က ျဖစ္
ပ်က္ခဲ့တာေတြကို မသိခဲ့သူမို႔ ဘဲကင္မ်ားမ်ားစားရန္တိုက္တြန္းေနခဲ့တယ္။

ေနာက္တေန႕တြင္ ေရွာင္ရီက လုက်ိဳးအား
ဘဲငန္းေတြနဲ႕ ပတ္သက္တဲ့ စိတ္ဒဏ္ရာအား ျပန္
လည္ေကာင္းမြန္ေစရန္အတြက္ ယခုတႀကိမ္တြင္ ပန္းၿခံ ဆီသို႔ ဆြဲေခၚလာခဲ့လိုက္တယ္၊ ထို ပတ္ဝန္းက်င္ ဧရိယာရွိ
ေလထုက သိသိသာသာပင္ေကာင္းမြန္ေနခဲ့ၿပီး ရွီးယန္ အပါအဝင္ အလယ္ပိုင္းေဒသ တစ္ခုလုံး၊ ဝူဒန္, ရွန္းႏွန္က်ား ႏွင့္ အျခား ေနရာ တခ်ိဳ႕ကို တ႐ုတ္နိုင္ငံရဲ႕ အဆုတ္ဟု ယူဆၾကတယ္၊လုက်ိဳးတစ္ေယာက္ အျပင္သို႔ ထြက္ၿပီး
ေလ့က်င့္ခန္းလည္းမလုပ္ရဲေတာ့သည္မို႔
ေရွာင္ရီက ထိုေန႕တြင္ ၾကက္ေတာင္ရိုက္ရန္
ကြင္း တစ္ခုကို ငွားရမ္းခဲ့တယ္။

ႏွစ္သစ္ကူးအႀကိဳညေနတြင္ , ေနရာတိုင္း၌
မီးရႈးမီးပန္းသံမ်ားျဖင့္ ျပည့္ႏွက္ေနတယ္,
ေရွာင္ရီ အိမ္မွာလည္း မနက္ေစာပိုင္းကတည္းကပင္ အစားအေသာက္ျပင္ဆင္မႈမ်ားႏွင့္ အလုပ္ရႈပ္ေနၿပီး တျခား အမ်ိဳးအေဆြေတြ လာလိုက္သြားလိုက္စကားေျပာလိုက္ျဖင့္ တေနကုန္မအားလပ္နိုင္ေအာင္ရွိေနၾကတယ္၊မာမားေရွာင္က သုံးရက္ေျမာက္ေန႕၌ သူတို႔ ျပန္မွာကို သိတာမို႔
ေရွာင္ရီနဲ႕ လုက်ိဳးတို႔အား မ်ားမ်ားစားရန္ ေျပာလာတယ္၊
ေရွာင္ရီက အႀကိမ္မ်ားစြာ ျငင္းပယ္သည့္တိုင္ အဆုံးသတ္၌ သူမစကားကိုသာနာခံေနခဲ့ရတယ္။

ေရွာင္ရီနဲ႕ ေရွာင္ခြၽမ္းတို႔က ၾကက္ႏွစ္ေကာင္ကို ခ်က္ျပဳတ္ဖို႔ ျပင္ဆင္စဥ္ လုက်ိဳးကလည္း အျခားလိုအပ္တာေတြကို ကိုယ္တိုင္ကိုယ္က် ကူညီေပးခဲ့တယ္၊ၾကာပန္းေျခာက္ ၊
ၾကက္စြတ္ျပဳတ္၊ ငါးေၾကာ္၊သိုးသားကင္ ၊ငါးေပါင္း...အစရွိသည့္ ဟင္းပြဲရွစ္မ်ိဳး အျပင္ ၾကာျမစ္၊ေဂၚဖီေၾကာ္ႏွင့္ အျခား အရံဟင္းလ်ာေလးမ်ိဳး တို႔လည္း ပါဝင္တယ္၊ ေမြးရပ္အိမ္သို႔္မျပန္ေသးတဲ့ ေရွာင္ခြၽမ္းရဲ႕ ခ်စ္သူေကာင္မေလးကလည္း သူတို႔ အိမ္သို႔ ေရာက္ေနတယ္။

ေရွာင္ခြၽမ္းက သူ႕ေကာင္မေလးအား အိမ္မွျပန္သြားပါက သူတို႔ အိမ္မွာ ႐ုပ္ရွင္နတ္ဘုရား ေရာက္ေနတဲ့အေၾကာင္းကို မေျပာဖို႔ အႀကိမ္ေထာင္ခ်ီ မွ် သတိေပးေနခဲ့ၿပီး
သူ႕ေကာင္မေလးက တစ္ခဏတာမွ်အံ့ၾသမွင္သက္ေနခဲ့
တယ္၊ သူမ ပုံမွန္ အေနအထား ျပန္မေရာက္ခင္ လုက်ိဳးကေတာ့ ရင္းရင္းႏွီးႏွီးစကားေျပာဆိုဆဲ ရွိေနတာမို႔
ေရွာင္ခြၽမ္း ၏ခ်စ္သူေကာင္မေလးက တေျဖးေျဖး ၿငိမ္သက္သြားခဲ့တယ္။

တခ်ိန္တည္းမွာပဲ ဟင္းပြဲ ေလးခု အၿပီးသတ္သြားခ်ိန္
ေျခာက္ေယာက္မွ်ရွိေသာ မိသားစု တစ္စုက ကိုယ္စီခြက္ငွဲ႕ကာႏွစ္သစ္ကူးပြဲေတာ္အား ေပ်ာ္႐ႊင္စြာ ဆင္ႏႊဲ ခဲ့ၾက
တယ္ ၊ႏွစ္သစ္ကူးပြဲေတာ္ရဲ႕ အႏွစ္သာရကလည္း႐ႊင္လန္းတက္ႂကြ စြာရွိေနၾကတယ္။

ေရွာင္ခြၽမ္းရဲ႕ ခ်စ္သူက ေရွာင္ခြၽမ္းအတြက္
စားစရာေတြျပင္ဆင္ေပးေနရာမွ ခ်က္ျခင္းပင္
ထေျပာလာတယ္၊

"ဒါကငါကိုယ္တိုင္လုပ္တာ,မ်ားမ်ားစားေနာ္"

ေရွာင္ရီ က လုက်ိဳး အတြက္ျပင္ဆင္ေပးေနရင္း႐ုတ္တရက္ပင္ ရွက္႐ြံ႕သြားတယ္၊ လုက်ိဳးက အလိုက္တသိပင္ ေရွာင္ရီ ေခါင္းေလးကို ပုတ္ၿပီး ေရွာင္ရီကို စားရန္ႏွင့္ သူ႕ကို စိတ္မပူရန္ ေျပာလာတယ္၊

လုက်ိဳး က ဟာသေတြေျပာၿပီး ရယ္ေနတာမို႔
စားပြဲဝိုင္းတစ္ခုလုံးရယ္ေမာ သံေတြနဲ႕ ျပည့္ႏွက္ေနတယ္၊ လုက်ိဳးနည္းနည္း ေလး မူးေနတာကို ေရွာင္ရီ ေတြ႕ေနရတာမို႔ အိမ္သို႔ အျမန္ျပန္ေခၚျခင္းကသာ အေကာင္းဆုံး ေ႐ြးခ်ယ္မႈ တစ္ခုလို႔ ေရွာင္ရီ ေတြးေနမိတယ္။

မိသားစုျပန္လည္ဆုံစည္းျခင္းညစာစားပြဲ ၿပီးဆုံးတဲ့ေနာက္ ေရွာင္ခြၽမ္းကမီးရႈးမီးပန္းႀကီး တစ္ခုကိုယူေဆာင္လာၿပီး
လူငယ္ေလးေယာက္က ေအာက္ထပ္သို႔ ဆင္းလာ၍
ၿခံဝန္းအတြင္း မီးရႈး မီးပန္းေတြပစ္လႊတ္ခဲ့ၾကတယ္။

"မီးရႉး မီးပန္း ေတြကို ပိတ္ပင္ထားတာ
ႏွစ္ေတြၾကာေနၿပီ "

လုက်ိဳးက ေရွာင္ရီ နားနားသို႔ေျပာလာတယ္။

"ဘယ္လို !!"

ေရွာင္ရီက လုက်ိဳးကို ျပန္ေမးလိုက္တယ္။

လုက်ိဳးက ၿပဳံးျပလာတဲ့အခ်ိန္ ေရွာင္ရီ
ႏွလုံးသားေတြ လႈပ္ခုန္လာတယ္၊ ေရွာင္ရီ
သူ႕လက္ထဲမွ မီးရႈးမီးပန္းေတြကို မီးညွိ ဖို႔
လိုက္တဲ့အခါ လုက်ိဳးကထေအာ္လာတယ္။

" မထိေစနဲ႕ !"

လုက်ိဳးက ေရွာင္ရီကို ေနာက္သို႔ဆြဲလိုက္ၿပီး က်န္လက္တစ္ဖက္ကို ဆန့္တန္းလ်က္ မီးညွိလိုက္တဲ့ အခါ သိုင္းအလွ
ကစားသူႏွင့္ပင္ တူေနေခ်တယ္။

ေရွာင္ရီ :"......."

မီးရႉးမီးပန္းေပါက္ကြဲသံေတြႏွင့္အတူ ေရွာင္ရီက
လုက်ိဳးကို ေမးလိုက္တယ္၊

" မီးရႈးမီးပန္းေတြကို ဘယ္အခ်ိန္မွာေနာက္ဆုံးျမင္ခဲ့တာလဲ ?"

"ဒူဘိုင္းမွာ !"

လုက်ိဳး က အၿပဳံးေလးျဖင့္ ျပန္ေျဖလာတယ္၊

" ဒူမိူင္းမွာ မီးရႉး မီးပန္းေတြက ခုထက္ ပိုမ်ား လား ?"

ေရွာင္ရီ ကလည္း အၿပဳံးေလးျဖင့္ တုံ႕ျပန္ရင္း
ျပန္ေမးလိုက္တယ္။

လုက်ိဳးက ေရွာင္ရီ အသံကို ၾကားေၾကာင္း ေခါင္းညိတ္ျပၿပီး ေနာက္ေခါင္းခါျပတယ္။

တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ အစီအစဥ္ကို
ေစာင့္ၾကည့္ၿပီးေနာက္ Happy New Yearကို သံၿပိဳင္ဟစ္ေႂကြးခဲ့ၾကတယ္၊ ပါပါးေရွာင္ကၿပဳံးၿပီး ေျပာလာတယ္၊

" ေရွာင္လု , မင္းဒီကိုမေရာက္လာခဲ့ရင္
ခုခ်ိန္တ႐ုတ္ႏွစ္သစ္ကူးမိတ္ဆုံစားပြဲမွာ
ရွိေနေလာက္တယ္မလား?"

လုက်ိဳးက ၿပဳံးၿပီး ေျပာလာတယ္၊

" ကြၽန္ေတာ္တို႔လို သ႐ုပ္ေဆာင္ေတြက
စားပြဲေတြ ကို ဖိတ္ေခၚခံရေလ့မရွိဘူး၊
ေရွာင္ရီတို႔က် အသိအကြၽမ္းမ်ားရင္ မ်ားသလို
ေနာက္ပိုင္းေတြမွာ သူပဲ ပြဲေတြတက္ရေလာက္တယ္"

ေရွာင္ရီတစ္ေယာက္ မ်က္ႏွာမထားတတ္လ်က္'ငါ့ကိုလာမ်ားေနာက္ေနသလား'ဟုေတြးေနမိတယ္။

ထိုညတြင္လုက်ိဳး ဖုန္းက အဆက္မျပတ္ျမည္ေနခဲ့ၿပီး
လူတိုင္းက ႏွစ္သစ္ဆုမြန္ေကာင္း ေတာင္းေပးလာၾကၿပီး တဖက္တြင္လည္း ေရွာင္ရီက သူ႕ WeChatမွ လူတိုင္းကို ႏွစ္သစ္ဆုမြန္ေကာင္းေတြ ေပးပို႔ေနခဲ့တယ္၊
ဒူမိုင္ဆီလည္း ဖုန္းေခၚလိုက္ေသးတယ္၊ ေရွာင္ရီ
တစ္ေယာက္ ညဘက္ေစာေစာအိပ္ရာဝင္ခ်ိန္ ေနာက္ဆက္တြဲ ရလာဒ္ကေတာ့ သူ႕ ေခါင္းအုံးေအာက္၌စာအိတ္နီေလးရွိေနၿပီး စာအိတ္ေလးရဲ႕ အျပင္ဘက္မွာ { လု}ဆိုတဲ့ စာလုံးေလးေရးထားတာကို ေတြ႕လိုက္ရတယ္။ေက်ာဘက္
တြင္လည္း လုက်ိဳး၏လက္မွတ္ေလး ပါရွိၿပီး အတြင္း၌
လုက်ိဳးရဲ႕ လက္မွတ္ေရးထိုးထားတဲ့ ဓာတ္ပုံေလးႏွင့္အတူ ယြမ္ 2000ပါရွိတယ္။

ဧည့္ခန္းထဲတြင္လည္း,

"လာပါ ...အန္ကယ္ေရွာင္ကလည္း"

" အာ...ေရွာင္လု ,အဲ့လို မလုပ္ပါနဲ႕ "

"လူႀကီး ေတြအတြက္ ဒါက ကြၽန္ေတာ္
လုပ္သင့္လုပ္ထိုက္တာကို လုပ္တဲ့သေဘာပါ,
ၿပီးေတာ့ ကြၽန္ေတာ့္ ရဲ႕ ရိုေသေလးစားမႈ လို႔
မွတ္ယူေပးပါ"

ေရွာင္ရီ ထြက္လာၿပီး ၾကည့္လိုက္တဲ့အခါ,
လုက်ိဳးက သူ႕မိဘေတြထံ စာအိတ္နီေတြႏွင့္
ဂါရဝျပဳေနတာကို ေတြ႕လိုက္ရတယ္၊လုက်ိဳးက
ေရွာင္ခြၽမ္း ကိုလည္း တအိတ္ေပးၿပီး
'အလုပ္ႀကိဳးစား...ပိုက္ဆံစု 'ဟု ေျပာေနေသးတယ္။

"ေက်းဇူးတင္ပါတယ္..က်ိဳးေကာ"

ေရွာင္ခြၽမ္းက ေပ်ာ္႐ႊင္စြာျဖင့္ ထေအာ္ တယ္၊

ေရွာင္ရီ အခန္းထဲသို႔ ျပန္ဝင္လာၿပီး ခုတင္ေပၚတြင္ ထိုင္ေနမိရင္း တေျဖးေျဖး ဝမ္းနည္းလာမိတယ္၊ 'အကယ္၍ တေန႕ေန႕ သူေအာင္ျမင္လာခဲ့ရင္ လုက်ိဳး ရဲ႕ ေက်းဇူး
ေႂကြးေတြကို ေကာင္းေကာင္းျပန္ဆပ္ရမယ္လို႔လည္း
ေတြးေနမိတယ္။

သို႔ေသာ္ ဤ ကမၻာေျမႀကီးတြင္,ျမင့္ရာမွ
နိမ့္ရာသို႔သာကူးလူးနိုင္သကဲ့သို႔ အေနာက္မွ
အေရွ႕သို႔ စီးဆင္းေနသကဲ့သို႔ပင္ရွိေနေသာ္လည္း ေရွာင္ရီ အတြက္ လုက်ိဳးနဲ႕ ဒူးမားကဲ့သို႔ေသာ လူေတြကေတာ့
တသက္တာ အတြက္အမွတ္ရေနမည္သာပင္၊သူတို႔ကို
ေက်းဇူး ျပန္ဆပ္နိုင္တဲ့ အေနအထားေရာက္ေအာင္
ေရွာင္ရီ ႀကိဳးစားရမယ္၊အကယ္၍သူသာ ထိုသူႏွစ္ေယာက္ကို အခြင့္အခါသင့္၍ ေက်းဇူး ဆပ္ခြင့္မ်ားရခဲ့မည္ဆိုပါလွ်င္ အေတြးႏွင့္ေတာင္ ေရွာင္ရီ တစ္ေယာက္
ၾကည္ႏူးမႈေတြနဲ႕ အႀကိမ္ႀကိမ္ အဖန္ဖန္
စိတ္ခံစားမႈ ေတြျမင့္တက္ေနခဲ့တယ္ ၊
'ဘာပဲျဖစ္ျဖစ္ ငါကခုလိုမ်ိဳးပါပဲ, အရည္အခ်င္းလည္းမရွိသလို ဒီဘဝမွာပဲေနရဦးမယ္' သူ႕ဘာသာပင္ျပန္ေတြးမိရင္း
ေရွာင္ရီ စိတ္ဓာတ္က်သြားျပန္တယ္၊သို႔ေသာ္ မခံခ်င
္စိတ္ျဖင့္ သူ႕ကိုယ္သူ ျပန္အားတင္းတယ္၊'ငါက သိကၡာရွိ
တယ္၊ရိုးသားတယ္၊က်ိဳးေကာကလည္း ငါျပန္ေပးရင္
ေတာင္ယူမွာမဟုတ္ဘူး၊ ငါကသူ႕အေပၚေရွ႕ေလွ်ာက္ပိုၿပီး ရိုးသားဖို႔ပဲ လိုတယ္၊အဟမ္း..ငါလိပ္ျပာလုံတယ္ ..
ဒါပဲေကာင္းပါတယ္.ေပ်ာ္႐ႊင္ဖြယ္ရာ ႏွစ္သစ္ပါ က်ိဳးေကာ! '

W5725
16.12.2021

. ......................................................................

Continue Reading

You'll Also Like

238K 35.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
852K 123K 143
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
344K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...