ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

Bởi LazyFlower555

160K 20.3K 412

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ Xem Thêm

Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP19(U&Z)

1.9K 308 19
Bởi LazyFlower555

..[ U ]

ဘေးမှာထိုင်နေတဲ့ လူတွေအားလုံးကသူတို့ကို ကြည့်နေကြတယ်၊အမှန်တကယ်တော့ရထားပေါ်မှအစားအသောက်တွေက ရိုက်ကွင်းထဲမှအစားအသောက်တွေနဲ့ယှဥ်ရင်ပိုကောင်းပေ
မယ့် ရှောင်ရီကတော့ လုကျိုးသူ့ကိုအထင် သေးမှာကို ကြောက်နေဆဲပင်၊ဒါကြောင့်မို့ သူက အားတင်းကာပြုံးရယ်ရင်းပြောလိုက်တယ်၊

" ကျွန်တော်မမျှော်လင့်ထားဘူး..အား.. တောင်းပန်ပါတယ် , တကယ်တောင်းပန်ပါတယ်, အမှန်တကယ်တော့ ကျွန်တော့်အိမ်ပတ်ဝန်းကျင်က အရမ်း ကောင်းတယ်,
အဲ့ဒီအပြင် နှစ်သစ်ကူးရောက်တဲ့အချိန်ဆို
အရမ်းစည်တယ်၊မိသားစုအားလုံးက
တစ်စုတစ်စည်းထဲ ညစာစားကြတယ်"

လုကျိုးက တော့ စိတ်မရှည်ဟန်ဖြင့်
ပြောလာတယ်,

" မင်းကိုငါဘာများလုပ်မိလို့လဲ? အပြင်ရိုက်ကူးရေး တွေရှိတုန်းကနေရာမျိုးစုံကို
ငါသွားဖူးပါတယ်၊ငါက မနှံ့စပ်မရင့်ကျက်တဲ့ သူတစ်ယောက်ပုံစံလိုဖြစ်နေလို့လား?

"ကောင်းပါပြီ..ကောင်းပါပြီ"

ရှောင်ရီ အတွေးထဲမှာတော့,

' လုကျိုးက ပထမတန်းစားလေယာဥ်ခုံကနေ
ရထားဆီ လာခဲ့တာဆိုတော့ သူ့ကို စိတ်မဆိုးသေးတာဖြစ်မယ်၊လူတွေအများကြီး
အနားမှာရှိနေတာမို့ များလား ?ဒါမှမဟုတ်
ဒီကိစ္စလောက်က သူ့အတွက် တကယ့်ကို အရေးမပါလို့လား? ဒီနေရာမျိုးမှာ နှစ်သစ်ပွဲတော် ကျင်းပရတာ တကယ်ကောင်းတယ်၊အင်း,ခုလိုလည်း ပိုကောင်းပါတယ်'

"ထမင်းတဘူးသွားဝယ်ဦး"

လုကျိုး ပြောလာတယ်၊

တွန်းလှည်းနဲ့ အန်တီကြီး လည်းသွားပြီမို့
ရှောင်ရီ ပြောလိုက်တယ်၊

" ဟိုရောက်မှပဲ စားတော့မယ်"

ထို့နောက် ရှောင်ရီက လုကျိုး ကျန်တဲ့ စားကြွင်းစားကျန်တွေကိုတစ်ဘူးနဲ့တစ်ဘူးပေါင်းလိုက်ပြီးဟင်းခွက်အလွတ်တွေကို
လွှင့် ပစ်ကာ ကျန်တာကို ပဲ စားလိုက်တယ်။

အနီးရှိလူတိုင်းက သူတို့ကို ကြည့်နေတယ်၊
လုကျိုးရဲ့ မျက်နှာ အနေအထားက လောလောဆယ်မက်စ် အုပ်ထားတာမို့အခုအချိန်ဘယ်သူမှသူ့ကို မှတ်မိပုံ မပေါ်ဘူး၊
ဘယ်သူကမှ သူ့ကို မမှတ်မိတာမို့
မကြည်သာခြင်းလား သို့မဟုတ် လူတွေဝိုင်း
ကြည့် နေခြင်းအား မနှစ်မြို့ခြင်းလေလားဆိုတာကိုပင် ရှောင်ရီမတွေးတတ်လျက် နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်လောက်တယ်၊
ဘယ်သူကမှသူတို့ကို မှတ်မိပုံမပေါ်ပေမယ့်
အချိန်အကြာကြီး စိုက်ကြည့်ခံနေရတာမို့
စိတ်မချမ်းသာပေဘူး၊လုကျိုးကဘေးဘီ
ဝဲယာကို လှည့်ကြည့်လာတော့ စူးစမ်းနေတဲ့
မျက်လုံးတွေက ဂရုတစိုက်ပင်ဖယ်ခွာသွားကြတယ်၊

ညရှစ်နာရီမှာ ရှောင်ရီ တစ်ယောက်လုကျိုးအားရထားပေါ်မှ ဆွဲထုတ်နိုင်ခဲ့ပြီးနောက်ဆုံး မတော့သူတို့နှစ်ယောက်ကျင်းရှန်းကိုရောက်လာခဲ့ကြပြီ။

********

ရှောင်ရီရဲ့ ညီလေးနာမည်ကရှောင်ချွမ်းဖြစ်ပြီး အမြန်လမ်းဘက်မှ ကားကြီးကားငယ်မကျန် နှစ်သစ်ကူး ပွဲတော်အတွက်အိမ်ပြန်ရန်
လာကြတာကို တွေ့တဲ့အခါရှောင်ရီဘာလုပ်ရမှန်း မသိတော့ဘဲ ခြေတစ်လှမ်းတောင်ရွေ့မရနိုင်တော့ဘူး၊ ရှောင်ချွမ်းကို ဖုန်းဆက်ပြီး
သူတို့အား ဝူဟန်ထိ လာကြို ဖို့မလိုကြောင်း ပြောလာတာမို့ ရှောင်ချွမ်းက အဝေးပြေး လမ်းမဘက်ကို ပြန်မောင်းလာတယ်၊သူက
ကျင်းရှန်း ဘူတာတွင်စောင့်နေပြီး ဘူတာရုံရှေ့ ပလာဇာမှမီးတွေတောင် ပိတ်သွားပြီ။

ရှောင်ရီက လုကျိုးအား သူ့ညီငယ် စောင့်နေတဲ့ နေရာဆီခေါ်လာခဲ့ပြီး ခရီးဆောင်အိတ်တွေကို ကားထဲသို့ထည့်လိုက်တယ်။

"ခယ်မ!"

ရှောင်ချွမ်းက နောက်ခုံမှာလူတစ်ယောက်ထိုင်နေတာကိုတွေ့တော့ကျယ်လောင်စွာ အော်ခေါ်လာတယ်။

လုကျိုး:"........."

"ဘုရားရေ!."

ရှောင်ချွမ်းက ထအော်တယ်,

" လူလိမ် ! မင်းမိန်းမယူလာတာမဟုတ်ဘူး
လား ?"

ရှောင်ရီက လုကျိုးရဲ့ ခရီးဆောင်အိတ်ကို
အထဲသို့ ထည့်ပြီး ညီငယ်ဖြစ်သူအားဒေါသတကြီး အော်ဟစ်လိုက်တယ်၊

"မင်းက အာလူး ပဲ !.ငါက မိန်းမယူလာပါမယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ ?!"

"ဒါဆို ဒါကဘာလဲ?"

ရှောင်ချွမ်းက လုကျိုးကိုလက်ညိုးထိုးပြီး
မယုံနိုင်စွာဖြင့် မောင်းသူနေရာမှ ခေါင်းလှည့်ကြည့်ပြီး သူ့အစ်ကို အား မေးနေတယ်။

နောက်ဆုံး ၌ လုကျိုး၏စိတ်ရှည် သည်းခံမှုတို့က ကုန်ဆုံးသွားရာမှဝူဟန်ဘာသာစကားဖြင့် ဒေါသတကြီး အော်ဟစ်လာတယ်၊

" ငါက မင်း ဘိုးအေ ! မင်းတို့ ညီကို
တွေက တကယ့်ကို အာလူးခိုင်တွေ !"

ရှောင်ချွမ်း :"......"

ရှောင်ရီက ပြောလာတယ်၊

" ငါ့ကို ကြိုးပေးစမ်း !"

ရှောင်ချွမ်း တစ်ယောက် သံသယတွေနဲ့ ကားပေါ်မှ ဆင်းလိုက်တယ်၊ရှောင်ရီက ကြိုးကိုယူပြီး လုကျိုးရဲ့ LVခရီးဆောင်အိတ်ကို ကားခေါင်မိုးပေါ်တွင်တင်ကာ ကြိုးချည်းပြီး
ပြောလာတယ်၊

"သွားမယ်"

ရှောင်ချွမ်းက အရှိန်ပြင်းပြင်းဖြင့်လျှပ်စီးအလား မောင်းနှင်လျက် ရှောင်ရီ ၊လုကျိုး အပါအဝင်ကားခေါင်မိုးပေါ်မှ ချည်နှောင်ထားတဲ့ LVခရီးဆောင်အိတ် ကိုပါမကျန်
သယ်ဆောင်လာခဲ့တယ်။

"သူက ကျွန်တော့် ညီ ရှောင်ချွမ်း "

ရှောင်ရီက လုကျိုးကို ပြောလာရင်း, သူ့ညီငယ်အား လုကျိုးနှင့်အလေးအနက်ဖြင့်
ပြန်မိတ်ဆက်ပေးတယ်၊

"ဒါက ငါ့ရဲ့ သူဌေး ,ငါ့ရဲ့နတ်ဘုရား,
ငါ့ရဲ့ idol !ရှောင်ချွမ်း မင်းသူ့ကို
ကျိုးကောလို့ခေါ်လို့ ရတယ်"

"မဂ်လာပါ ကျိုးကော, ဟယ်လို ကျိုးကော"

ရှောင်ချွမ်းက နောက်ကြည့်မှန်ကို ကြည့်ပြီး
လုကျိုးကို လက်လေး ပြရင်းခေါင်းလေး ညွတ်လျက်နှုတ်ဆက်လာတယ်၊လုကျိုးတစ်ယောက် ထို ညီကို နှစ်ယောက်အား အမှန်တကယ်ပင် အရှုံးပေးလိုက်မိတယ်၊
ရှောင်ချွမ်းရဲ့ နှုတ်ဆက်လာတဲ့ပုံစံနဲ့ အနေအထားကို မြင်လိုက်ရတဲ့အခါ,
လုကျိုး တစ်ယောက် ထိတ်လန့်သွားတယ်၊

"မင်း ကားမောင်းတာ စတီယာရင်ကို
ကိုင်ထားဖို့ မလိုဘူးလား! ဒီကားကအလိုအလျောက်မောင်းလို့ရတာလား!"

ရှောင်ချွမ်း က လုကျိုးအားစီးကရက်တစ်လိပ်ပေးလာတယ်၊ လုကျိုးက လက်ကာပြရင်း သူ့ဘာသာတွေးနေမိသည်က
'သူ့ကို ဒီနာမည် ဘယ်သူများပေးတာပါလိမ့်!'

"ရှောင်ချွမ်း , ရှောင်ချွမ်း "

ရှောင်ရီ က ပြုံးရင်း ပြောလာတယ်၊

" သူ့နာမည်ကြားရုံနဲ့ လူတွေက
ဘေးဒုက္ခဆိုတာကြီးကို ပြေးမြင်ကြတယ်"

လုကျိုး ရေသောက်ပြီးအာလုတ်ကျင်းခါနီး,
ရှောင်ချွမ်းက ပြောလာတယ်၊

" ကော, မားက သူ့ချွေးမ ပါလာမယ်လို့
ထင်နေတာ, မနက်အစောကြီးက ထမင်းတွေထချက်နေတယ်! အဲ့လို တွေမလုပ်နဲ့
ပြောတာကို သူက နားမထောင်ဘူး!"

ရှောင်ရီ တစ်ယောက် နဖူးပေါ်မှာအနက်ရောင် မျဥ်းသုံးကြောင်း( --|| |) : ဖြင့်တုံ့ပြန် လာတယ်,

" သူငယ်ချင်းတစ်ယောက် ခေါ်လာမယ်လို့
အသေအချာရှင်းရှင်းလင်းလင်း ပြောထားတာကို,  မားနဲ့ ပါးတို့ စားပြီးကြပြီလား?"

"သူတို့ စားပြီးကြပြီ"

ရှောင်ရီရဲ့ မိခင်က ရှောင်ရီ ပြောတဲ့ သူငယ်ချင်းဆိုတာကို နားလည်မှု လွဲပြီး
သူ့ ရည်းစားကောင်မလေးလို့ ထင်သွားပုံ
ရတယ်၊ရှောင်ရီ ရှက်ရွံ့သွားသော်လည်း
လုကျိုး ကတော့ ကြားပုံမရလျက်လမ်း
တလျှောက်ငြိမ်သက်နေပြီး လမ်းဘေး
အပြင်ဘက်မှဖြတ်သန်းသွားလာနေကြတဲ့
ပုံရိပ်တွေ၊ 5ထပ်6ထပ်မျှရှိတဲ့ အဆောက်အဦးတွေ ၊လမ်းတလျှောက်ရှိ မှိန်ပြပြမီးတိုင်တွေ၊ စက်ဘီးစီးနေကြတဲ့လူတွေ၊ သွားလာနေကြတဲ့ မော်တော်ယာဥ်တွေနဲ့ နှစ်သစ်ကူရက် နီးကပ်လာချိန်မို့ မီးရှုး မီးပန်းတွေနဲ့ ဆော့ကစားနေတဲ့ကလေးတွေကိုငေးမော
နေတယ် ။

လမ်းဘေးဝဲယာတလျှောက်ချိတ်ဆွဲထားတဲ့
မီးပုံးလေးတွေက လေအဝှေ့တွင်တဖျက်ဖျက်ဖြင့်လွင့်နေလျက်ညအချိန်၌ ထူးထူးခြားခြားပင် လှပနေတယ်။

********

မိနစ်နှစ်ဆယ်လောက်ကြာတော့ ကားက ရှောင်ရီရဲ့ အိမ်အောက်ထပ်ဆီသို့ရောက်လာတယ်၊ညီကို နှစ်ယောက် ခြောက်လွှာဆီသို့
အမြန်ပြေးရင်း လူတစ်ယောက်ရဲ့ခရီးဆောင် သေတ္တာကြီး တစ်လုံးကို သယ်ဆောင်လိုက်တယ်၊အိမ်ပတ်ဝန်းကျင်ကအသစ် ဆောက်လုပ်နေဆဲမို့ အနီးပတ်ဝန်းကျင်က
သန့်ရှင်း သပ်ရပ်ပြီးလူနေကျဲပါးတယ်၊
လုကျိုးက သူတို့ အိမ်ကို တချက်ကြည့်ပြီး
ပြောလာတယ်၊

" မင်းအိမ်က မဆိုးဘူး"

"ဒီအိမ်က ဝယ်ထားတာ သိပ်မကြာသေးဘူး"

ရှောင်ရီ ပြောလာတယ်,

" အစက စီစဥ်ထားတာကကျွန်တော်ဘွဲ့ရပြီးရင် အိမ်ထောင်ပြုမယ်, ပြီးရင်ဒီမှာကြင်စဦး အိမ်လေး အဖြစ်နေဖို့ !အခုတော့ ကျွန်တော့် မိဘတွေနဲ့ ညီလေး တို့က ဒီမှာနေတယ်,
ကျွန်တော့် ညီ နာမည်နဲ့ပေါ့"

လုကျိုး ခေါင်းညိတ်လိုက်ချိန်ရှောင်ရီပြောလာတယ်၊

" ကျိုးကော, ဒီညတော့ ကျွန်တော့် အိမ်မှာပဲ
နေလိုက်နော်, အကုန်လုံးရှင်းလင်းထားပါတယ်, မနက်ဖြန်ကျမှဟိုတယ်ကိုပြောင်းပေးမယ်..."

"မလိုဘူး....ငါတို့ လဆန်းသုံးရက်နေ့ကျ
ပြန်ကြမယ်"

ရှောင်ရီ စိတ်သက်သာရာရစွာဖြင့်သက်ပြင်း
ချမိတယ်၊လုကျိုးကအိမ်မှာရှိစဥ်နိုင်လိုမင်းထက်ပြုမူသော်လည်းကံကောင်းစွာပင်
အိမ်မှအလွယ်တကူတော့ထွက်လာနိုင်ခဲ့သည်ပင်၊သူတို့ အိမ်ထဲသို့ဝင်လာတဲ့အခါ
ပါပါးရှောင်နဲ့ မာမားရှောင်ကအပြေးအလွှား
ဆီးကြိုကြတယ်၊ရှောင်မိသားစုဆီအရင်ရောက်သည်က လုကျိုးရဲ့ LVအိတ်ဖြစ်တယ်၊
ပါပါးရှောင်က ဇိမ်ခံ ပစ္စည်းတွေကို သိပ်မသိပေမယ့် ဒီ ပစ္စည်းကသူ့မျက်စိထဲ၌နည်းနည်းလေးစျေးကြီးပုံ ပေါက်တာကိုတော့သူသိတယ်။

"အိုက်ယား...နောက်ဆုံးတော့, မင်းကိုငါတို့စောင့်နေ..."

ပါပါးရှောင်နဲ့ မာမားရှောင်က သူတို့ချွေးမကို တွေ့ရမယ်လို့ မျှော်လင့်ထားကြသော်လည်း
လုကျိုး ကို တွေ့လိုက်ရတဲ့အခါ, နှစ်ယောက်စလုံးအံ့အားသင့်နေကြပြီး ,သူတို့ရဲ့ ချွေးမက
ယောကျ်ားလေး တစ်ယောက်ဖြစ်နေတာကို
တွေ့လိုက်ရတယ်။

ပါးပါးရှောင်:"......"

မာမားရှောင်:"......"

"ဒါက ကျိုးကော"

ရှောင်ရီက ပြောလာတယ်၊

"ကျိုးကော, ဒါက ကျွန်တော့်ရဲ့ ပါးနဲ့မား "

"ဟယ်လို အန်ကယ်,ဟယ်လို အန်တီ "

လုကျိုးက ဝေခွဲရခက်နေဟန်ရှိတဲ့ပါပါးရှောင်နဲ့မာမားရှောင် တို့ကို လက်ဆွဲ နှုတ်ဆက် ခဲ့ပြီး ပါပါးရှောင်က ဦးစွာ ပထမ သတိဝင်လာသူ ဖြစ်ကာ အလျင်အမြန် ပြောလာတယ်၊

" မြန်မြန်..မြန်မြန်ထိုင်ကြ...ဒီကိုလာရတာ
တလမ်းလုံး ပင်ပန်းနေမှာပဲ "

သူတို့ အိမ်ကို ရောက်ပြီမို့ လုံးဝ လုံခြုံသွားပြီ၊
ရှောင်ရီ ကတောင်တွေး လိုက်မိသေးတယ်,

' လုကျိုးရဲ့ ဒေါသတွေဘယ်လောက်ပဲ ဆိုးဆိုး ငါ့အိမ်ရောက်ရင်တော့, ရက်အတော်ကြာ
ငြိမ်သက်သွားမှာပဲ, ဒါပေမယ့် ငါ့ပါးနဲ့မားရှေ့မှာတော့ ငါ့ကိုဆူပူကြိမ်းမောင်းတာမျိုးမရှိလောက်ဘူးမလား..ဟမ်?'

အသေအချာပင်,လုကျိုးက သူ့ကို ဆူပူတာမျိုး လုပ်မလာခဲ့ဘူး၊ရှောင်ရီရဲ့ အိမ်မှာ
ဧည့်သည်တစ်ယောက်အနေနဲ့ လုကျိုး
တစ်ယောက် ယဥ်ကျေး သိမ်မွေ့စွာဖြင့်ရှိနေတယ်။

ပါပါးရှောင်က မကြာမီအငြိမ်းစားယူတော့
မည့်  မူလတန်းကျောင်းအုပ်တစ်ဦး ဖြစ်ပြီး
မာမားရှောင်ကတော့ ကျင်းရှန်း ချည်ထည်စက်ရုံမှ အလုပ်ထွက်ပြီး နေ့တိုင်းသားနှစ်ယောက် ရဲ့ အိမ်ထောင်ရေး အတွက်တွေးပူနေတတ်သူဖြစ်တယ်၊လူကြီးနှစ်ယောက်က
ချွေးမ ကို မတွေ့ရတာမို့ အနည်းငယ်စိတ်ဓာတ်ကျနေပေမယ့် ချက်ခြင်းပင်
သူတို့ကိုယ်သူတို့ ပြောင်းလဲရင်းလုကျိုးအား
ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ ကြတယ်။

တစ်ဖက်တွင် လည်းရှောင်ရီက လုကျိုးရဲ့ ပစ္စည်းတွေကို အခန်းထဲသို့ရွေ့ပြီး လုကျိုးကို
သူ၏သူဌေးအသစ်အဖြစ် မိတ်ဆက် ပေးရင်း သူ့ကို များစွာ ကူညီစောင့်ရှောက်မှု ပေးခဲ့ကြောင်း ပြောတဲ့အခါ ပါပါးရှောင်က ထပ်ခါတလဲလဲပင်ကျေးဇူးတင်စကားပြောပြီး သားဖြစ်သည်ကအနည်းငယ်ထုံထိုင်းကြောင်းကိုပါ ပြောပြလာတယ်၊အိုက်ယား~~အမှန်က
သားဖြစ်သူကို ပိုပြီး စိုးရိမ်သင့်တယ်မလား?

"ကျွန်တော့်ကို ရှောင်လုလို့ပဲ ခေါ်ပါ"

လုကျိုးက ရယ်မောရင်း ပြောလာတယ်။

"တစ်ခုခု စားကြဦး"

မာမားရှောင်က ပြောလာတယ်၊

" မင်းတို့နေ့လည်က ပြန်လာမယ်ထင်တာ,
ခုလို လူသွားလူလာများတဲ့ ကာလက
ရှန်းဒူးမြို့ရိုးလိုပဲ,လာလာ..ရှောင်လု,မင်းဗိုက်ဝအောင် တစ်ခုခုလေးတော့ အရင်စားဦး,
ငါဟင်းရည်လေး သွားနွေးပေးမယ်"

မာမားရှောင်က ဟင်းချိုကို အပူပေးဖို့ အတွက် ထသွားတဲ့အချိန် လုကျိုးက
ရှောင်ရီကို ပြောလာတယ်၊

" မင်းတော့ အလုပ်ရှုပ်ပြီ , မင်း ငါ့ကို
ဂရုစိုက်နေဖို့ မလို ဘူး ,...ဟုတ်ကဲ့,
ကျေးဇူးပါ အန်တီ "

နောက်ဆုံးတွင် ရှောင်ရီ တစ်ယောက် လုကျိုးအတွက် အကုန်လုံး စီစဥ် ပြီးသွားပြီ၊ ခဏအကြာတွင် မိသားစုနှင့် သဟဇာတ ဖြစ်သွားပြီး နောက်ပါပါးရှောင်က မေးလာတယ်၊

" ဒူမားကော ဘယ်လိုလဲ? ဟိုတခေါက်က
သူအိမ်ကို ဖုန်းဆက်ပြီးမင်းနဲ့ ဆက်သွယ်
လို့ရမယ့် အချက်အလက်တွေတောင်း
သွားသေးတယ်"

ရှောင်ရီ ပြန်စဥ်းစားကြည့်တော့ လွန်ခဲ့တဲ့
တနှစ်လောက်က ဖြစ်မယ်ထင်တယ်၊အဲ့ဒီတုန်းက ကျောင်းသားဟောင်းမိတ်ဆုံစားပွဲရှိတဲ့ အတွက် ဒူးမားက သူ့ဆီဖုန်းဆက်ပြီး
သူက အခု သူ့ဖခင်ရဲ့ ကုမ္ပဏီကို ခဏတာ ဦးဆောင်နေရကြောင်းပြောပြီး Lexusတောင်
စီး လာသေးတယ်။

ပါပါးရှောင်က ရှောင်ရီအားအနည်းငယ်ဝေဖန်ပြောဆိုလာချိန် ရှောင်ရီက တော့
ရယ်မောရင်း စားပွဲခုံတွင် ဝင်ထိုင်လာတယ်၊
လုကျိုး ဟင်းရည် သောက်နေချိန် ရှောင်ရီ
ပြောလာတယ်၊

"မား! ဟင်းရည် ကျန်သေးလား?"

မာမားရှောင်က သူ့အတွက်ဟင်းချိုပန်းကန်လေး ယူလာပေးတယ်၊ ရှောင်ရီက ပန်းကန်ထဲမှ ကြာမြစ်လေးတွေကို လုကျိုးပန်းကန်ထဲသို့ ထည့်ပေးလိုက်တယ်၊

" ကျိုးကော,ရော့ ...ဆောင်းရာသီကြာမြစ်လေးတွေစားကြည့် !တနိုင်ငံလုံးဘယ်နေရာမှာမှ မရှိဘူးနော်"

"ငါစားဖူးတယ်...ငါဝူဟန်မှာ နေတုန်းက မကြာခဏစားရတယ်, ဘေဂျင်း ရောက်ပြီး
နောက်ပိုင်းတော့ စားရခဲတယ်"

ဝက်နံရိုး စွတ်ပြုတ် တွင် ပါဝင်တဲ့ ကြာမြစ်လေးတွေက ထူးခြားသော အရောင်အသွေးနဲ့
မွေးရနံ့ ရှိပြီး ကြာမြစ်လေးတွေက အမျှင်တန်း လေးတွေအဖြစ် ဆွဲထုတ်လို့ရတယ်၊
ရှောင်ရီ တစ်ယောက်အိမ်ချက်ဟင်းလျာရဲ့ အရသာကို ရူးသွပ်စွာခံစားရင်းဒီထက်ပို၍
သက်တောင့် သက်သာမရှိနိုင်တော့ဟု
ခံစားမိနေတယ်။

ညစာစားပြီးနောက်, ရှောင်ရီက ရေပူပေးစက်ကို ဖွင့်ပြီး လုကျိုး ရဲ့ အဝတ်အစားတွေကို
ယူကာ အလျင်အမြန် ဝင်လိုက်ထွက်လိုက်
ဖြင့် ရှိနေတယ်၊ လုကျိုးကပြောလာတယ်၊

"ငါ့ဘာသာလုပ်မယ်"

" ကိစ္စမရှိပါဘူး...ဒီညကျွန်တော်တို့ဒီအခန်းထဲမှာ အိပ်ရ မှာ "

ရှောင်ရီ အိမ်က အိပ်ခန်းနှစ်ခန်းပါရှိသော်လည်းစတုရန်းပေကိုးဆယ်ကျော် ကျယ်ဝန်းတာမို့ အလွန်ကျယ်ဝန်းတယ်လို့ဆိုနိုင်တယ်၊ လုကျိုးရဲ့ အကျင့်ကို သူသိတာမို့
အခန်း သန့်ရှင်းရေး လုပ်ထားရန်နှင့် မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ရန် သူ့မိဘတွေကို ကြိုမှာထားခဲ့ပြီးညီ ဖြစ်သူအွန်လိုင်းသုံးဖို့ 
ကွန်ပျူတာအား အခန်းထောင့်၌ ရွေ့သုံးစေတယ်၊ အခန်းထဲမှစောင်တွေကိုလည်း
အသစ်တွေလဲလှယ်ထားစေတယ်၊တရုတ်နိုင်ငံအလည်ပိုင်းတွင်ဆောင်းရာသီ ရောက်ပါက စိုစွတ်ပြီးအေးနေလေ့ရှိတာမို့နွေးထွေးစေရန်အပူပေးစက်ကို ဖွင့်ထားရလေ့ရှိတယ်။

နောက်တစ်ခုက ဒီအိမ်အသစ်မှာ နေတာသိပ်မကြာသေးတာမို့ ပြတင်းပေါက်အပြင်ဘက် နေရာတွေကအစ သန့်ရှင်းနေပြီး အပြင်ဘက်ညမြင်ကွင်းကို ငေးမောနိုင်တယ်၊ထို့အပြင်ခုတင်ကလည်း ကျယ်ဝန်းတယ်၊ပရိဘောဂတွေကလည်းအသစ်တွေ မို့ ဟိုတယ်တွေနဲ့
မတူဘဲ နေရေး ထိုင်ရေး အတွက်အရမ်း အဆင်ပြေတယ်၊ ရှောင်ရီက ရေတဖန်ခွက်အား ခုတင်ဘေးရှိဗီရို ပေါ်တင်ပြီး လျှပ်စစ်ပစ္စည်းတွေကိုလည်း အိမ်ရဲ့wifiနဲ့ ချိတ်ပေးပြီးမှသာ ရေသွားချ်ိုးမည်ဖြစ်တယ်။

လုကျိုးက ပြတင်းဘေးတွင် ရပ်လျက်လသာဆောင်အပြင်ဘက်ကိုကြည့်လိုက်ရာ
တောက်ပလင်းထိန်နေသော်လည်းကြက်အော်သံကြားလိုက်ရတာမို့ လုကျိုးလန့်သွားတယ်၊အသေအချာ ကြည့်လိုက်မှ
ကြက်နှစ်ကောင်ကိုပါထပ်တွေ့ရပြန်တယ်။

"ကျောင်းသားမိဘတွေ လာပို့ထားတာ"

ရှောင်ရီက ရေချိုးခန်းထဲကနေ ထွက်လာရင်း
ပြောလာတယ်၊

"နည်းနည်းတောင်အေးလာပြီ,နှစ်သစ်ကူးပွဲတော်အတွက် ချက်မှာလေ"

ရှောင်ရီက ကြက်ခြင်းအား မီးဖိုချောင်ထဲသို့ရွေ့လိုက်တယ်၊

"ဒီအိမ်က တစ်စတုရန်းကိုဘယ်လောက်ပေးရလဲ?"

လုကျိုးမေးလာတယ်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝယ်ထားတာ"

ရှောင်ရီ ဆံပင်တွေကို တဘက်ဖြင့် သုတ်ရင်း,

"တစ်စတုရန်းပေးကို ယွမ်3000,အခုဆို စျေးတွေတက်နေပြီဆိုတော့ ယွမ်5000လောက်
ရှိလိမ့်မယ်"

"မဆိုးဘူး...ပတ်ဝန်းကျင်လေးလည်း အရမ်း ကောင်းတယ်"

ရှောင်ရီ ကြမ်းပြင်ပေါ် အိပ်ရာလေး ချခင်းလိုက်ပြီး,

" အိမ်က လူတွေရဲ့လစာကလည်း နည်းတယ်, ကျွန်တော့် ညီက စူပါမားကတ်မှာ
တစ်လကို ယွမ်2000နဲ့ ပစ္စည်းပို့တဲ့ အလုပ်လုပ်တယ်၊ဒါပေမယ့် သူက ယုံရတော့
ခုထိ အဲ့အလုပ်ကအဆင်ပြေတယ်"

"မင်းမှာ ပြန်လာစရာအိမ်ရှိတာကို
ဘာလို့အိမ်မပြန်တာလဲ?"

"ဟုတ်တယ်...ကျွန်တော်က ဂီတပိုင်းဆိုင်ရာနဲ့ ကျောင်းပြီးထားတာဆိုတော့ဒီမှာနေလို့မရဘူး၊ ပြန်လာပြန်ရင်လည်း ကျွန်တော်ရထားတဲ့ဘွဲ့နဲ့ အလုပ်ဘယ်လိုရှာမလဲ? ဒါမှမဟုတ်
အိမ်ဝယ်ဖို့ ဝူ ဟန်ကို သွားရပြန်ရင်လည်း
တစ်စတုရန်းကို ယွမ်10000ကျော်ရှိတော့
ကျွန်တော်မတတ်နိုင်ဘူး"

"မင်းက အာ့ဟူ တီးတတ်တာလား?!"

လုကျိုးက ကမ္ဘာသစ်တစ်ခု၌ စူးစမ်းရှာဖွေနေသည့်အလား စာအုပ်စင်ထောင့်မှာကွယ်ဝှက်စွာထောင်ထားတဲ့ ရှောင်ရီရဲ့ အာ့ဟူကို ကောက်ယူရင်း ပြောလာတယ်၊

{TN/ အာ့ဟူဆိုတာကကြိုးနှစ်ချောင်းတပ်တူရိယာ ပစ္စည်းတမျိုးပါ}

"အဲ့ဒါတီးတာကို ငယ်ငယ်လေးထဲကသင်ထားတာ, ပြိုင်ပွဲတွေတောင်ဝင်ပြိုင်သေးတယ်၊မူလတန်းကျောင်းမှာဆို တတိယတန်း ကနေအလယ်တန်း လောက်ထိတောက် လျှောက်ပြိုင်ခဲ့တာ, နှစ်အတော်ကြာတီးခတ်ခဲ့ပြီး နောက် ဒါကြောင့်ပဲ ဂီတ ပညာကို သင်ယူ ဖို့ တွန်းအား ဖြစ်လာခဲ့တယ်,ကျိုးကော အတွက်သီချင်း တပုဒ် တီးပြရမလား?"

ရှောင်ရီက အာ့ဟူလေးကို သူ့ caseထဲကနေဆွဲထုတ်ပြီး မတီးတာကြာပြီးမို့ ကြိုးလေး
အရင်စမ်းလိုက်တယ်၊လုကျိုးက သူတီးတတ်တာကိုမယုံဟန်ဖြင့် သူ့ကို သံသယတွေနဲ့
ကြည့်နေဆဲ၊ ရှောင်ရီ ကြိုးညှိပြီးလက်ဖြင့်
တချက်သပ်လိုက်ချိန်လုကျိုးပြောလာတယ်၊

" ထားလိုက်တော့..ထားလိုက်တော့...
ဖုန်တွေနဲ့"

ရှောင်ရီက ကြိုးတွေကို ဖိချပြီး ခဏမျှစဥ်းစားလိုက်တယ်၊ထို့နောက်  Two Springs
On the Moon သီချင်း ကို တီးခတ်ရာ,
လုကျိုး ပြောလာပြန်တယ်၊

" ရပ်လိုက်စမ်းပါ.ခုက နှစ်သစ်ကူးချိန်ကြီးကို
အဲ့လို သီချင်းကြီး မတီးစမ်းပါနဲ့"

ရှောင်ရီ ပြုံးလိုက်မိရင်း အာ့ဟူကို ပြန်ထည့်လိုက်တယ်၊

" ဒီ တူရိယာလေးက ကျွန်တော့် အဖိုးဆီက
ရတာလေ...မိသားစု အမွေပေါ့, ကျွန်တော်အဖေကမသင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်တော်က ကျောင်းတက်ရင်း သင်ခဲ့တာ, ပညာရှင်အ
ဆင့်လောက်ထိ မရှိပေမယ့်တီးတော့တီး
တတ်ခဲ့တယ်"

"အဲ့ဒီတစ်ခုက ဘာလေးလဲ? ငါကြည့်လို့ရလား?"

လုကျိုးက စာအုပ်စင်ပေါ်ရှိ ဓာတ်ပုံဘောင်လေးတစ်ခုကို ရည်ညွန်းလာခြင်းပင်၊ရှောင်ရီ ချက်ခြင်း ပင် ရှက်ရွံ့ သွားပြီး ဓာတ်ပုံဘောင်လေးကို ခပ်ဝေးဝေးသို့ ရွေ့လိုက်တယ်၊
လုကျိုး မျက်နှာပြောင်းသွားတာမို့ ရှောင်ရီ တစ်ယောက်မလွန်ဆန်နိုင်လျက်လုကျိုးကို
ပြလိုက်ရတယ်။

ထို ပုံလေးက ရှောင်ရီနှင့် အတူအဆို ပြိုင်ပွဲ၌ရေပန်းစားတဲ့ အဆိုတော်တစ်ဦး ၏ဓာတ်ပုံတစ်ပုံဖြစ်ပြီး ဆိုင်းဘုတ်တစ်ခုကို ကိုင်ကာနှစ်ယောက်စလုံးပြုံးနေကြလျက်ရိုက်ထားတဲ့ပုံဖြစ်တယ်၊

လုကျိုး အံ့သြသွားလျက် မေးလာတယ်၊

" မင်း သူ့ကို သိလား?"

"ကျွန်တော်တို့က အတန်းတူတွေလေ..."

လုကျိုး တစ်ယောက်ဝေခွဲ၍ မရသောခံစားချက်များဖြင့်ရှိနေစဥ် ရှောင်ရီ က ရိုးသားစွာပင်ပြောပြလာတယ်၊

" အဲ့ဒီတုန်းက အကောင်းဆုံးအမျိုးသားအဆိုရှင် ပြိုင်ပွဲမှာ ကျွန်တော်တို့ အတူတူ
ဝင်ပြိုင်ခဲ့ပြီး အဲ့ဒီ ဓာတ်ပုံလေးရိုက်ခဲ့တာ"

"ဒါဆိုနိုင်ငံအဆင့်ထိတောင်မရောက်ဘူးလား?"

"စပွန်ဆာကြေး အတွက်တောင် ယွမ် ငါးသိန်းလိုတယ်...ကျွန်တော် လည်းဆက်မလိုက်နိုင်တော့ အဲ့အဆင့်မှာတင်ထုတ်ပယ်ခံလိုက်ရတယ်"

"ဥက္ကဌဒူက သူနဲ့ စာချုပ်ချုပ်ခဲ့တယ်,
အဲ့ဒီကောင်လေးက အဲ့နှစ်တွေတုန်းက
အတော်လေး ရေပန်းစားလိုက်သေးတယ်၊
နောက်ပိုင်း ကုမ္ပဏီက မန်နေဂျာကို စော်ကားပြောဆိုတာတွေဖြစ်လာလို့ နာမည်ပျက်သွားတယ်"

ရှောင်ရီကစကားပြောနေရင်း ဓာတ်ပုံလေး အား နံရံ အနီး၌ ပြန်ထားလိုက်တယ်၊လုကျိုးက ရှောင်ရီအမူအရာကို ကြည့်ရင်း မေးလာတယ်၊

"မင်းက အဲ့ပုံကို ဘာလို့ သိမ်းထားတာလဲ?
မနာလိုတာလား?"

"......"

ရှောင်ရီက ဓာတ်ပုံကို တဖက်သို့လှည့်လိုက်ချိန် လုကျိုး ထပ်ပြောလာတယ်၊

"အရှုံးကို လက်မခံနိုင်ရင် အရှုံးသမားပဲ
ဆက်ပြီး ဖြစ်နေဦးမှာ "

"ကျွန်တော်က အရှုံးသမားပါ"

ရှောင်ရီ တစ်ယောက်ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာတယ်၊

လုကျိုးက စာအုပ်စင်ပေါ်ရှိ ဓာတ်ပုံတွေကို
အသေအချာ လိုက်ကြည့်ရင်း မီးရောင်စုံ တောက်ပနေတဲ့ စင်မြင့်ထက်၌ ဂီတာတစ်လုံး အား လွယ်လျက် ရှိနေတဲ့ ရှောင်ရီ ပုံကို
တချက်ကြည့်မိပြီး ထိုပုံထဲမှကောင်လေးက
ကြယ်ပွင့် တွေကဲ့သို့ တောက်ပနေလျက်
စိတ်အားထက်သန်စွာဖြင့် ရှိနေပုံရတယ်။ထို ပုံတွေရဲ့ အောက်၌ သူ Sinaတွင်အလုပ်လုပ်ချိန် နာမည်ကြီး ကြယ်ပွင့် များနှင့်အတူ
တွဲရိုက်ထားတဲ့ ဓာတ်ပုံ များစွာလည်း
ရှိနေတယ်။

"ငါငယ်ငယ်တုန်းက အမေကဝူဟန်မှာ
ဆယ်နှစ်နှစ်ထိ နေခဲ့တယ်..ဟန့်ခုန် မှာ
မူလတန်း တက်ခဲ့တာ"

"အင်း"  ရှောင်ရီတုံ့ပြန်တယ်..

"မင်း ဒီမှာပဲလာပြီး အိပ်လိုက်"

ရှောင်ရီ လုကျိုးရဲ့ စကားကို အလျင်အမြန် ငြင်းပယ်လိုက်တယ်၊

"မလိုဘူး..မဟုတ်ဘူး...ကျွန်တော်ကြမ်းပြင်မှာပဲ အိပ်မယ်"

"အဆင်ပြေပါတယ်, ခုတင်ကလည်း အကျယ်ကြီးပဲ, အတူ အိပ်လို့ရတယ်, ကြမ်းပြင်က အေးတယ်, မင်းကြမ်းပြင်ပေါ်မှာ အိပ်နေတာကို မင်းမိဘတွေ တွေ့ရင် စိတ်ကောင်း မှာမဟုတ်ဘူး၊ မင်းကအရှုံးသမားဆိုပေမယ့် မင်းမိဘတွေအတွက်တော့
မင်းက ရတနာပဲ,ဟုတ်ပြီလား?"

ရှောင်ရီ;"....."

ရှောင်ရီ ခုတင်ပေါ် တက်၍ လဲလျောင်းပြီး
စောင်လေးကို နှစ်ခေါက်ခေါက်လိုက်တယ်၊
ပြီးနောက် မဂ္ဂဇင်း တစ်စောင်ကို
လှန်လှောနေချိန် လုကျိုး  ပြောလာတယ်၊

" ငါ့ အမေက ငါ့ကို အားကစားကောလိပ်
မှာ ထောက်ပံ့ကြေးပေးတာမို့ ဝင်ခွင့် ဖြေခိုင်းတယ်၊ဒါပေမယ့် မင်းရဲ့ ကျိုးကောက ဝါသနာမပါဘူး၊အဲ့ဒီ အစား သရုပ်ဆောင်ပဲဖြစ်ချင်ခဲ့တာ"

"သရုပ်ဆောင်မေဂျာက ကြေးမြင့်တယ်လေ,
မင်းသိမှာပါ...အဲ့ဒီတုန်းကတောင် တနှစ်ကို
ယွမ် လေးသောင်းကျော်ကုန်ဆိုတော့ လေးနှစ်ဆို ယွမ်တစ်သိန်းနဲ့ ခြောက်သောင်းကျော်,
အဲ့ဒီ ပိုက်ဆံက နည်းနည်းနောနောမှမဟုတ်တာ, ငါအဖေက လည်းဖျက်သလို အမေကလည်းခွင့်မပြုဘူး၊ ငါကတော့ သရုပ်ဆောင်လုပ်ဖို့ပဲ စိတ်ပိုင်းဖြတ်ထားတာမို့ အချိန်ပိုင်း
အလုပ်လုပ်တယ်, မော်ဒယ်အဖြစ်လဲ
အချိန်ပိုင်းလုပ်တယ်, စတူဒီယို မှာထွေရာလေးပါးလိုက်ကူရင်း ဖြတ်လျှောက်ခန်းတွေမှာ ဝင်ရိုက်တယ်၊ကင်မရာ တွန်းတဲ့လူ လေ..မြေကြီးပေါ်မှောက်ပြီး တွန်းပေးရတာ မင်းသိမှာပါ .အဲ့လိုတွေ လုပ်ခဲ့ရတယ်"

"ကျွန်တော်သိတယ်..ကျွန်တော်သိတယ်"

လုကျိုး;"......"

"ကောင်းတယ်..ပြောစရာရှိတယ်..ငါမင်းကို ပြောနေတာကြားလား?"

လုကျိုး တစ်ယောက်ကလေးဆိုးကြီးကဲ့သို့ပင် ရှောင်ရီလက်ထဲမှ မဂ္ဂဇင်းကို ဆွဲယူ၍
လွှင့်ပစ်လိုက်ပြီး,

"တော်ပြီ...ငါမင်းကို စကားမပြောတော့ဘူး"

"အာ..မဟုတ်ဘူး..ပြောပါ..ပြောမယ် နော်... ပြောမယ်"

ရှောင်ရီ တစ်ယောက် ချက်ခြင်းပင် အလျင် အမြန် ပြောရင်း လုကျိုးကိုဆွဲဖက်လိုက်ရာ လုကျိုး မျက်နှာလေးရဲရဲနီနေလျက်ရှောင်ရီကို တွန်းထုတ်ဖို့ ကြိုးစားပြီးရှောင်ရီကိုကန်ထုတ်ရင်း ပြောလာတယ်,

" အကယ်၍ ငါသာအဲ့တုန်းကတည်းက
လွယ်လွယ်နဲ့ လက်လျော့ခဲ့မယ်ဆိုရင်,
ငါခုလို ဘယ်ဖြစ်လာပါ့မလဲ ?"

"ကျွန်တော် ကျိုးကောရဲ့ အင်တာဗျူးမှာ
ဖတ်ရတယ်...ကျိုးကောရဲ့ အင်တာဗျူးတွေကို ရုပ်ရှင်နဲ့ မဂ္ဂဇင်းတွေမှာ အများကြီးတွေ့ဖူးတယ်, ကျိုးကော က အရမ်း တော်တယ်"

"ဘေဂျင်းမှာ အဆိုတော် တစ်ယောက်ဖြစ်ရင်ယွမ် 10000 မရရင်တောင် အနည်းဆုံး ယွမ်8000တော့ ရသေးတယ်"

လုကျိုးပြောလာတယ်,

" ဥက္ကဌဒူနဲ့ သူ့ လူတွေက သူတို့နဲ့ စာချုပ်ချုပ်မယ့် သရုပ်ဆောင်တွေကို ဘယ်လို ရွေးချယ်လဲ သိလား? မင်း နာမည် ကြီးလာနိုင်မလား ဆိုတာကို ကြည့်ရုံတင်မကဘူး၊နောင် အနာဂတ်မှာ တက်လမ်းရှိလာနိုင်မယ့်လူလားဆိုတဲ့ အပေါ် မူတည်တယ်၊လူတစ်သောင်းပတ်ချာလည်မှာ ဆယ်ယောက်လောက်သာအောင်မြင်နိုင်တယ်၊ကျန်တဲ့ လူတွေကတော့ ဟွားဒူးမြစ်ထဲကနေ ပြန်မတက်နိုင်ကြဘူး၊အဲ့ဒီလူတွေကို အလုပ်မကြိုးစားဘူးလို့ ပြောလို့ရပါ့မလား? သူတို့ထဲက တစ်ယောက်ကတော့ အမြဲကြိုးစားနေလိမ့်မယ်"

"အဲ့လိုလူတွေကလည်း အရည်အချင်းမရှိဘူးလို့ ပြောလို့မရဘူး...မင်း ကိုယ်တိုင်ပဲကြည့်, မင်းလို ပဲ ငယ်ငယ်လေးထဲက အရည်အချင်း ရှိပြီး ထက်မြက်ကြတယ်,ဒါပေမယ့် ကျော်ကြားမှု တွေ ရမလာတဲ့အခါ
ဘယ်သူ့ကို အပြစ်တင်လို့ရပါ့မလဲ?"

ရှောင်ရီ ;"....."

ရှောင်ရီ တွေးမိသည်က
' မင်းက ငါ့ကို အားပေးနေတာလား ?
လှောင်နေတာလား? ခုလို အားပေးတဲ့ပုံကြီးက မဟုတ်သေးဘူး, ငါမင်းနဲ့ အတူ နေဖို့
စာချုပ်က သုံးနှစ်စာတောင်ချုပ်ထားပြီးနေပြီ၊ငါအဆိုတော် ဖြစ်ချင်တယ်ဆိုရင်တောင်
ငါ မင်းအနားကနေ ထွက်ပြေးလို့ မရဘူး'

"ဒါကြောင့် အဲ့ဒါက ဘဝပဲလေ"

ရှောင်ရီ က လုကျိုးအား စိတ်လှုပ်ရှားစွာဖြင့်
ပြောလိုက်တယ်၊

လုကျိုး : "...."

"အဲ့ဒါက အခွင့်အရေး တစ်ခုပဲ...စိတ်ရှည်
ရမယ်!.သည်းခံရမယ်! အခွင့်အရေးကို
စောင့်ရမယ်! မင်းရဲ့ IQက အတော်နည်းတာပဲ, ငါပြောတာကို မင်းဘာလို့ နားမလည်နိုင်
ရတာလဲ? ငါမင်းကြောင့်ဒေါသထွက်ပြီး
သေတော့မယ် ..."

"ဟုတ်ကဲ့"

" ငါရဲ့ လက်ထောက်တယောက်အနေနဲ့
ဘယ်အရာမဆို တက်တက်ကြွကြွလုပ်စမ်းပါ, တနေ့နေ့ အခွင့်အရေး ရလို့ ရုပ်ရှင်ဇာတ်ဝင်သီချင်း တစ်ခုခုကို ငါနောက်လိုက်ရင်း
မင်း ရေးမယ်ဆိုရင် ,မင်းနာမည်မကြီးနိုင်ဘူးလား?"

"တကယ် အဲ့လို ရလားဟင်?"

ရှောင်ရီ ချက်ခြင်း မတ်တပ်ရပ် လိုက်မိတယ်၊

လုကျိုးက မကျေမလည်ဖြင့် 'ဟွန်း 'ဟု
နှာခေါင်းရှုံ့လိုက်ချိန် ရှောင်ရီ တစ်ယောက်
ပျော်ရွှင် စွာပင်အော်ဟစ်ရင်း လုကျိုးကို
ပြေးဖက်လိုက်တယ်၊

"အဲ့လို ရလား? ကျိုးကော, ကျွန်တော့်ကို
ကတိပေး! ကျွန်တော့် ဘဝရဲ့ အိပ်မက်က
ကောအတွက် ဇာတ်ဝင်သီချင်းတစ်ပုဒ်
ရေး ပေးချင်တာ..အားးးးး"

လုကျိုး တစ်ယောက်တကယ်အသက်ရူတွေကြပ်လာပြီး ရှောင်ရီကို ချက်ခြင်း ပြန်တွန်းထုတ် လိုက်တယ်, ရှောင်ရီက သူ့ ဆီသို့ ထပ်တိုးလာပြီး ပွေ့ဖက်ရန် လာတဲ့အခါ လုကျိုး
သည်းမခံနိုင်သည့်အဆုံး ရှောင်ရီကို ခုတင်ပေါ်ကနေသာကန်ချရန် ဆုံးဖြတ်လိုက်တယ်။

*****

နောက် တနေ့ ၌ အပြင်ဘက် မှမီးရှုး မီးပန်း ပစ်ဖောက်သံတွေကြောင့် ရှောင်ရီနိုးလာတယ်၊ကျင်းရှန်းရဲ့ နှစ်သစ်ကူးပွဲတော်လည်း
စတင်လေပြီ၊မြို့ ကြီး ပြကြီးတွေနဲ့ ဝေးကွာလေလေ နှစ်သစ်ကူးရဲ့ အရသာ က ပို၍ စစ်မှန် လာလေလေပင် ၊ရပ်ဝေးမှာ အလုပ်လုပ်နေသူများကလည်း ဝူဟန်သို့ ပြန်လာကြတယ်၊နိုက်ထရိတ်နဲ့ သင်းသင်းလေးကို ရတာမို့ အပြင်လောကကအသက်ဝင်နေချေတယ်။

ရှောင်ရီ ငိုက်မြည်းနေတဲ့ မျက်လုံးတွေနဲ့
ကြည့်လိုက်ရာ လုကျိုးက သူ့အမေနဲ့ ထမင်းစားပွဲ၌ ထိုင်၍ စကားပြောနေတာကို
တွေ့ရတယ်၊ မာမားရှောင်က သူ့သားရဲ့ အိမ်ထောင်ရေး အတွက် အမြဲတမ်း ပူပန်နေရကြောင်း ပြောနေတာကို လုကျိုးကလည်း
စိတ်ရင်းမှန်ဖြင့် နားထောင်ပေးနေရင်း ရံဖန်ရံခါ အကြံပေး တတ်တယ်၊မာမားရှောင်က လုကျိုးအား ရှောင်ရီရဲ့ အကို တစ်ယောက် အဖြစ် မှတ်ယူထားပုံရပြီး
ဂရုစိုက်ပေးပါရန် နှင့် အလွန်အကျွံ့အလို
မလိုက်ဖို့လည်း တောင်းဆိုနေခဲ့တယ်။

ရှောင်ရီ တဖက်ရှိ ရေချိုးခန်းတွင်သွားတိုက်နေရင်းပြောလာတယ်,

"မား !"

"မင်း အမေပြောတာမှန်တယ်"

လုကျိုးက ရှောင်ရီကို လက်ညိုးထိုး ရင်း
ပြောလာတယ်၊

"သူခုထိ မရင့်ကျက်သေးဘူး, အန်တီ ပြောတာတွေ မင်းကြားတယ်မလား?တခါတလေ  ဘေဂျင်းမှာ မင်းဘယ်လိုတွေရှင်သန်ခဲ့လည်းဆိုတာကိုတောင် တွေးမိတယ်"

"အင်း..ဟုတ်တယ်"

မာမားရှောင်က ပြောလာတယ်၊

ရှောင်ရီ သွားတိုက်ရင်း, ဧည့်သည် မဟုတ်တော့ပဲ နေရာပင်လဲသွားပြီး ဘာကြောင့်
လုကျိုးနှင့် သူ့အမေက သူ့ကိုအတူတူ
ဆူပူနေတာလဲဆိုတာကို တွေးနေမိတယ်။

"ရှောင်လု !"

ပါပါးရှောင်က ဧည့်ခန်းထဲ၌ သတင်းစာဖတ်ရင်း ပြောလာတယ်၊

" မင်းအခု ဘာစီးပွားရေး လုပ်နေတာလဲ?"

"ကျွန်တော်က အနုပညာနယ်ပယ်မှာပါ"

မနေ့ညက အလုပ်ရှုပ်နေတာမို့ ရှောင်ရီက
လုကျိုးကို သူ့သူဌေးလို့သာ မိတ်ဆက်ပေးခဲ့တာမို့ ပါပါးရှောင်ကသူ့မျက်စိရှေ့ရှိ ကောင်လေး မှာမူ ထောင်ပေါင်းများစွာသောလူတွေကြား မထင်မှတ်လောက်အောင် ကျော်ကြားသူဆိုတာကို သတိမပြုမိခဲ့ဘူး၊ ပါပါးရှောင်က တီဗွီ ရီမုကို ယူပြီး ချန်နယ် အချို့ကို ပြောင်းလိုက်ရင်း ပြောလာတယ်၊

" ဘေဂျင်းမှာ ကုမ္ပဏီဖွင့်နေတဲ့ ငါ့ တပည့်
တစ်ယောက်ရှိတယ်၊ မင်းလိုပဲ အရမ်းတော်တယ်၊ခုဆိုအလုပ်အကိုင်ကောင်းပြီးချမ်းသာနေပြီလို့ သတင်းတွေတော့ ကြားရတာပဲ"

"ပါး, သတင်းတွေကလည်းယုံရတာမဟုတ်ဘူး"

"ဘာလို့မယုံရတာလဲ?"

ပါပါးရှောင်က ဆွေးနွေးနေတဲ့ အကြောင်း အရာကို ပြောင်းလိုက်တယ်၊

" ဘေဂျင်းက အိမ်စျေးတွေကမင်းပြောသလောက်လည်း မမြင့်ဘူးထင်တယ်,
တိုင်းပြည်ကလည်း လူတိုင်းအပေါ်စဥ်းစားပေးတာပဲ, တစ်စတုရန်းကို ယွမ် 10000 လောက်ကအများဆုံး ပါ!.ဘယ်လိုလုပ်
18000ဖြစ်နိုင်မှာလဲ! တမင်ချဲ့ကား
ပြောတာ  ...အပိုတွေ !"

ရှောင်ရီ :"....."

"ငှားတဲ့ အိမ်တောင် တလကို ယွမ် 400ပဲ ရှိတာဆို, မင်း ပိုက်ဆံတွေ လျှောက်သုံးနေမယ့်အစား အစိုးရမှာ အိမ်ရာဝယ်ယူခွင့်လျှောက်လိုက် ,ငါသတင်းတွေထဲ တွေ့တယ်"

ရှောင်ရီ :"......"

လုကျိုး :"......."

"ဘေဂျင်းက နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ယဥ်ကျေးမှု တွေရဲ့ ဗဟိုချက်ဖြစ်နေတယ်"

လုကျိုးက ခေါင်းစဉ်ပြောင်းလိုက်တယ်၊

" မြောက်ဘက်မှာ အလုပ်တစ်ခုရလို့
အကယ်၍များ တိုးတက်ရင်အရမ်းကောင်းပဲ"

ရှောင်ရီ ရဲ့ ဖခင်က အနီးမှုန်မျက်မှန် ဖြင့်
လုကျိုး ကို အဝေးကနေ တချက်ကြည့်ပြီး
ပြောလာတယ်၊

" ငါ မကြာသေးမီက နယ်ချဲ့ တော်လှန်ရေး ဇာတ်ကား ကို ကြည့်လိုက်သေးတယ်၊
မင်းက အဲ့ထဲက မင်းသားနဲ့တူတယ်"

လုကျိုးက တခစ်ခစ်ရယ်နေစဥ် ရှောင်ရီ ရဲ့ မိခင်က ပြောလာတယ်။

" ဝမ်ကော်ရီ !မင်းက ဝမ်ကော်ရီ နဲ့ တူတယ်"

လုကျိုး:".........."

ရှောင်ရီ :".........."

ဝမ်ကော်ရီ က လုကျိုး ရဲ့ဇာတ်ကောင်နာမည်ဖြစ်တာမို့ ရှောင်ရီက လုကျိုး မျက်နှာတည့်တည့်သို့ ယာဂုတွေပင် ထွေး မိမတတ် ဖြစ်သွားတယ်၊ရယ်ချင်စိတ်ကို မြိုသိပ်ရင်း
အရံဟင်းလျာတွေနဲ့ ဂျုံယာဂုကိုဆက်စား
နေလိုက်တယ်၊ ဒူမိုင်ကလုကျိုးရဲ့လက်
ထောက် ဖြစ်ကြောင်း ထုတ်ဖော်မပြောဖို့ သတိပေးခဲ့တာမို့ရှောင်ရီဘာမှဝင်မပြောဝံ့ဘူး။

သို့သော်, အကယ်၍ လုကျိုးကိုယ်တိုင် ပြောမယ်ဆိုရင်တော့ ရှောင်ရီ နှင့် မသက်ဆိုင်ဘူး၊
လုကျိုး ရဲ့ မျက်လုံးလေးတွေက ရိုးရှင်းစွာပင်
တောက်ပနေပြီး ခုလိုအခြေအနေမျိုးကို သူကိုယ်တိုင်သာကိုင်တွယ်ဖြေရှင်းရမည်ပင်၊

" ဒီနှစ်ရဲ့ နယ်ချဲ့တော်လှန်ရေး ကားတွေက
ယခင်နှစ်တွေထက်ပိုကောင်းတယ်"

"ဟုတ်တယ်...ဟုတ်တယ်"

မာမားရှောင်က ထောက်ခံတယ်၊

"သူ့အဖေ နဲ့ အန်တီက တရုတ်နိုင်ငံရဲ့တီဗွီ
စီးရီးတွေကို ကြည့်ရတာအရမ်းကြိုက်တယ်"

"ရှောင်လု..အာ"

ပါပါးရှောင်က စိတ်အားထက်သန် စွာဖြင့်
ပြောလာတယ်၊

ရှောင်ရီ ထံသို့ ချက်ခြင်းပင် ထူးဆန်းသော
ကြိုတင်သတိပေးချက် တစ်ခု ရရှိနေတယ်။

လုကျိုးကလည်းပြုံးလျက်ပါပါးရှောင်ကို
လှမ်းကြည့်နေတယ်၊

"ရှောင်လု , မင်းလက်ထပ်ပြီးပြီလား?"

"အာ...ကျွန်တော်လက်မထပ်ရသေးပါဘူး....
ကျွန်တော်ရည်းစားနဲ့လမ်းခွဲလိုက်တာ
မကြာသေးဘူး"

" ရှောင်ရီရဲ့ ဝမ်းကွဲညီမက မြို့တော်စာတိုက်မှာအလုပ်လုပ်တယ်နှစ်သစ်ကူးကိုပြန်လာမှာ "

"ပါး, လုံလောက်ပြီ ! "

ပြတင်း အပြင်ဘက်ဆီမှ မိုးကြိုးပစ်ချခံရ
သလိုပင် ရှောင်ရီ မျက်ရည်စက်လက်ဖြင့်
တားမြစ်လိုက်တယ်၊

" ထပ်မပြောနဲ့တော့ !"

လုကျိုးက ရယ်နေတာမို့ ပါပါးရှောင်ကပြောလာတယ်၊

" ဘာလဲ , ရှောင်ရီ , ဘာထဖြစ်တာလဲ?
မင်းညီမလေးနဲ့ရှောင်လုကလိုက်ဖက်ပါတယ်..."

လုကျိုးက လက်ကာပြရင်း,

"ကိစ္စမရှိဘူး...ကိစ္စမရှိဘူး....လောလောဆယ်ကျွန်တော် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူး"

ညစာစားပြီးတဲ့နောက်, ရှောင်ရီကသူ့မိခင်တို့ အတူ ထိုင်ရင်းရှောင်ရီက ပန်းရောင်ပိုက်ဆံ  အထပ်လိုက်လေးကိုင်ထားပြီးအထူအနေအထားအရ  ယွမ် နှစ်သောင်း ဝန်းကျင်ခန့်ရှိတာမို့ မာမားရှောင်က ပြောလာတယ်၊

" မင်း အဖေနဲ့ ငါက အငြိမ်းစားတွေမို့
ပိုက်ဆံ အများကြီး မလိုဘူး"

သူတို့ ထပ်ပြောလာမှာကို သတိထားမိပြီး
ဒီလို အတိုင်းဆက်သွားပါက ရှောင်ရီနဲ့
သဘောထားကွဲလွဲတော့မှာမို့,

"ဘေဂျင်းမှာ ဆို ကျွန်တော်ကကျိုးကောနဲ့ အတူ နေ အတူစားတယ်၊ကုမ္ပဏီကလည်း
ပိုက်ဆံရတယ်၊ကျွန်တော် အတွက်ပိုက်ဆံ
အများကြီး မလိုဘူး"

"ဒါဆို မင်းအတွက် သိမ်းထားပေးမယ်"

"မားလက်ထဲ ကိုင်ပြီး ဒီပိုက်ဆံတွေကို သုံးပါ"

ရှောင်ရီ ပြောလာတယ်၊

" စားဝတ်နေရေးစရိတ်အတွက်သုံးလို့ရတယ်၊ပုံမှန်နေ့တွေမှာလည်းကောင်းကောင်းစားပြီး ဒီနှစ်မိသားစု ပြန်လည်ဆုံတဲ့ညစာစားပွဲအတွက်လည်း စားသောက်ဆိုင်
ကနေ အော်ဒါ မှာလိုက်"

မာမားရှောင်က ပြောလာတယ်,

"ဒါက မင်းပင်ပင်ပန်းပန်းနဲ့ ရှာထားရတဲ့ ပိုက်ဆံတွေလေ,ငါတို့ဘယ်လိုလုပ်သုံးရက်
မှာလဲ "

ဒါပေမယ့် သူမရဲ့ မျက်နှာမှာတော့ကျေနပ်ပီတီ တွေနဲ့ အတူငွေတွေကိုရေတွက်ရင်း
ထိုင်နေတယ် ။

လုကျိုး :  " ရှောင်ရီ "

ရှောင်ရီက သူဘာပြောချင်တာလဲဆိုတာကို သိနေတာမို့ ,ချက်ခြင်း ထပြောလိုက်တယ်၊

" မဟုတ်ဘူး...ကျိုးကော "

ရှောင်ရီက သူ့မိဘတွေကို ရှင်းပြတယ်,

" ကျိုးကော က ကျွန်တော့် ကို လစာပေးတာ ,
နှစ်ကုန် ဘောနပ်လည်း ထပ်ပေးထားတယ်"

"မင်း လုပ်သင့်တယ်လေ"

"ဟင့်အင်း...ချစ်တယ်နော် ကျိုးကော ,
အဲ့လို မလုပ်နဲ့ , ကျွန်တော်အဝတ်တွေသွားပြင်လိုက်ဦးမယ်,ကျွန်တော်တို့အပြင်ထွက်
ကြမယ်"

"ငါဘာသာလုပ်ပါ့မယ်, မင်း အလုပ်ရှုပ်နေပြီ"

လုကျိုး အခန်းထဲကို ဝင်သွားတဲ့ အချိန် ,
မာမားရှောင်က ပြောလာတယ်၊

"ရှောင်ရီ , မင်းညီက ရည်းစားရပြီ ,.
ကားတစ်စီးလည်း ဝယ်ချင်တယ်တဲ့..."

"အိုး!....ပိုက်ဆံ ဘယ်လောက်လိုလို့လဲ?"

"သူပြောတာတော့ ယွမ်နှစ်သိန်း တဲ့, မင်း အဖေနဲ့ ငါတောင် သူ့ကို အရမ်း စျေးကြီးတယ်လို့ ပြောလိုက်မိသေးတယ်"

"ကားက ယွမ် နှစ်သိန်းတောင် !.....သူဌေးတွေပဲ ဝယ်နိုင်မယ်...ကျွန်တော်သူ့ကို ပြောမယ်...ဝယ်စရာကို မလိုဘူး၊ မင်း Santanaမစီးနိုင်လို့ မိန်းမမရဘူးဆိုတာမျိုး လာမပြောနဲ့လို့, လမ်းမပေါ်မှာ ကိုယ်ပိုင်ကား မရှိတဲ့
သူတွေ ဒုနဲ့ ဒေး အများကြီးရှိတယ် "

သူ့မိဘတွေက ညီငယ်အပေါ် နည်းနည်း ဘက်လိုက်တာကို သူသိတယ်၊ သူညီက
ဝူဟန်ကိုတောင် မသွားဘဲ မိဘတွေနဲ့ အတူ နေခဲ့တယ်၊သူတတ်နိုင်ရင်တော့ကူညီချင်ပါတယ်၊ဒါပေမယ့် ပြဿနာက သူ့မှာ အဲ့ ဒီလောက်ထိ ပိုက်ဆံ အများကြီးမရှိတာဘဲ။

"ယွမ် တသိန်းတန်လောက်ဝယ်ရင်အဆင််ပြေလောက်သေးတယ်...စျေးကြီးတဲ့ ကားကြီး ဝယ်ပြီး သိမ်းထားလို့လဲ မရဘူးလေ"

မာမားရှောင် ထို ကိစ္စကို တွေးပြီး,

"ငါ သူ့ကို မဝယ်ဖို့ ဖျောင်းဖျပါ့မယ်၊
အိမ်ပေါင်ထားတာတောင် မဆပ်နိုင်သေးဘူး"

"အကယ်၍ သူကြိုက်တယ်ဆိုရင်လည်း
သူ့မှာပိုက်ဆံရှိရင်တော့ ဝယ်ပေါ့ , ဘေဂျင်းမှာက ကားတစ်စီး ရှိရင်ထီတစ်စောင်မဖြစ်
မနေဝယ်ရတယ်၊ဒါတောင်မောင်းချင်တိုင်း မောင်းလို့မရဘူး၊ဒီမှာကျ သူမောင်းလို့ရတယ်၊ဒါလဲ အဆင်ပြေတာပဲ"

မာမားရှောင်က ပိုက်ဆံတွေကို ရေတွက်ပြီး
နောက် သူ့မျက်မှန်ကို  ချွတ်ကာသက်ပြင်းချတယ်၊ရှောင်ရီက ကားသော့ကိုယူပြီး,

" ကျွန်တော် ကျိုးကောနဲ့ အပြင်သွားဦးမယ်,
ကျွန်တော်တို့ နေ့လည်စာ ပြန်မစားတော့ဘူး"

မနေ့ညက သူ့မိဘတွေရဲ့ အခန်းထဲမှာ တညလုံးဂိမ်းဆော့နေတာမို့ ရှောင်ချွမ်းကထိုအချိန်မှအိပ်ရာကထလာတယ်၊ဘောင်းဘီရှည်နဲ့
ဆွယ်တာဝတ်ဆင်ထားလျက် အခန်းထဲမှထွက်လာချိန် လုကျိုးရဲ့ မက်စ်အုပ်မထားတဲ့
မျက်နှာကို တွေ့ လိုက်ရတဲ့အခါရုတ်တရက်
ပါးစပ်လေးက အို ပုံစံ ပွင့်ဟလာပြီးထိတ်လန့် တကြား ဝေခွဲ မရဟန်ဖြင့်လျှောက်လာရင်း အသေအချာ အနီးကပ်ပြီး ကြည့်တယ်၊

"ခင်ဗျား....လုကျိုး မလား?"

ရှောင်ချွမ်း တစ်ယောက် ကမ္ဘာသစ်ကြီး
တစ်ခုကို ရှာဖွေတွေ့ရှိသွားလေပြီ၊ ရှောင်ရီကတော့သူ့မိသားစုလုပ်တာနဲ့ သူတော့
အလုပ်ပြုတ်တော့မယ်လို့တွေးလိုက်မိတယ်၊
လုကျိုးက ပြုံးပြရင်း ပြောလာတယ်၊

"အင်း...ငါက လုကျိုးပါ ..ရှုး ..."

ရှောင်ချွမ်းကတော့ ထအော်တယ်

"ဝိုး....!"

အလျင်အမြန်ပင်အောက်ထပ်သို့ဆင်းပြီး
သူ့မိဘတွေကို ပြေးပြောရန် အပြင် ရှောင်ရီကြုံးဝါးလိုက်တယ်၊

" မသွားနဲ့...ပြောလည်း မပြောနဲ့!.,
မင်းပြောရင်..အသေပဲ !
ဘယ်သူ့ကိုမှလဲ မပြောနဲ့ !"

ရှောင်ချွမ်း အလွန်အမင်းထိတ်လန့်သွားပြီး ရှောင်ရီက မည်သူ့ကိုမှ မပြောခိုင်းသော် လည်း ရှောင်ချွမ်း အတွက်ကတော့မူ
အပြည့်အဝနားလည်ပုံမရကြောင်းမျက်နှာ အမူအရာက ပြသနေတယ် ၊ထို့ကြောင့်
ရှောင်ရီက သူ့ကားကို ခြိမ်းခြောက်ဖို့
အတွက် သုံးလိုက်တယ်၊

"တကယ်လို့  မင်း ဒီကိစ္စကို ပြောမယ်ဆိုရင်,
မင်းကားတော့ သွားပြီ "

ထိုအခါမှ ရှောင်ချွမ်းက ပြောလာတယ်၊

" ကျွန်တော်ဘာမှမပြောပါဘူး!
ကျွန်တော်သေတောင် မပြောဘူးဗျာ !"

လုကျိုး :"....."

ရှောင်ရီ က ကားဖြင့် ခြိမ်းခြောက်ခြင်းက အထိရောက်ဆုံးဆိုတာကို သူသိတယ်၊
လုကျိုးအတွက် ဝတ်ဆင်ရန် ပြင်ဆင်ပေးပြီး
သိုးမွှေးဦးထုပ်လေးအား နားရွက်လုံအောင်
ဆောင်းပေးလိုက်တယ်၊ထို့နောက် ဘောင်းဘီရှည် , အားကစားဂျာကင်နဲ့ ဖိနပ်တို့ကို ပြင်ဆင်ပြီးအပြင်သို့ထွက်လာကြတယ်။

W 7218
6.12.2021...7.12.2021

........................................................................

[ Z ]

ေဘးမွာထိုင္ေနတဲ့ လူေတြအားလုံးကသူတို႔ကို
ၾကည့္ေနၾကတယ္၊အမွန္တကယ္ေတာ့ရထားေပၚမွအစားအေသာက္ေတြက ရိုက္ကြင္းထဲမွအစားအေသာက္ေတြနဲ႕ယွဥ္ရင္ပိုေကာင္းေပမယ့္ ေရွာင္ရီကေတာ့ လုက်ိဳးသူ႕ကိုအထင္ ေသးမွာကို ေၾကာက္ေနဆဲပင္၊ဒါေၾကာင့္မို႔ သူက အားတင္းကာၿပဳံးရယ္ရင္းေျပာလိုက္တယ္၊

" ကြၽန္ေတာ္မေမွ်ာ္လင့္ထားဘူး..အား.. ေတာင္းပန္ပါ
တယ္ , တကယ္ေတာင္းပန္ပါတယ္, အမွန္တကယ္ေတာ့ ကြၽန္ေတာ့္အိမ္ပတ္ဝန္းက်င္က အရမ္း ေကာင္းတယ္,
အဲ့ဒီအျပင္ ႏွစ္သစ္ကူးေရာက္တဲ့အခ်ိန္ဆို
အရမ္းစည္တယ္၊မိသားစုအားလုံးက
တစ္စုတစ္စည္းထဲ ညစာစားၾကတယ္"

လုက်ိဳးက ေတာ့ စိတ္မရွည္ဟန္ျဖင့္
ေျပာလာတယ္,

" မင္းကိုငါဘာမ်ားလုပ္မိလို႔လဲ? အျပင္ရိုက္ကူးေရး ေတြရွိတုန္းကေနရာမ်ိဳးစုံကို ငါသြားဖူးပါတယ္၊ငါက မႏွံ႕စပ္မရင့္က်က္တဲ့ သူတစ္ေယာက္ပုံစံလိုျဖစ္ေနလို႔လား?

"ေကာင္းပါၿပီ..ေကာင္းပါၿပီ"

ေရွာင္ရီ အေတြးထဲမွာေတာ့,

' လုက်ိဳးက ပထမတန္းစားေလယာဥ္ခုံကေန
ရထားဆီ လာခဲ့တာဆိုေတာ့ သူ႕ကို စိတ္မဆိုးေသး
တာျဖစ္မယ္၊လူေတြအမ်ားႀကီး အနားမွာရွိေနတာမို႔ မ်ားလား ?ဒါမွမဟုတ္ ဒီကိစၥေလာက္က သူ႕အတြက္ တကယ့္ကို အေရးမပါလို႔လား? ဒီေနရာမ်ိဳးမွာ ႏွစ္သစ္ပြဲေတာ္က်င္းပရတာ တကယ္ေကာင္းတယ္၊အင္း,ခုလိုလည္း ပိုေကာင္းပါတယ္'

"ထမင္းတဘူးသြားဝယ္ဦး"

လုက်ိဳး ေျပာလာတယ္၊

တြန္းလွည္းနဲ႕ အန္တီႀကီး လည္းသြားၿပီမို႔
ေရွာင္ရီ ေျပာလိုက္တယ္၊

" ဟိုေရာက္မွပဲ စားေတာ့မယ္"

ထို႔ေနာက္ ေရွာင္ရီက လုက်ိဳး က်န္တဲ့ စားႂကြင္းစား
က်န္ေတြကိုတစ္ဘူးနဲ႕တစ္ဘူးေပါင္းလိုက္ၿပီးဟင္းခြက္
အလြတ္ေတြကိုလႊင့္ ပစ္ကာ က်န္တာကိုပဲစားလိုက္တယ္။

အနီးရွိလူတိုင္းက သူတို႔ကို ၾကည့္ေနတယ္၊
လုက်ိဳးရဲ႕ မ်က္ႏွာ အေနအထားက ေလာေလာဆယ္မက္စ္ အုပ္ထားတာမို႔အခုအခ်ိန္ဘယ္သူမွသူ႕ကို မွတ္မိပုံ
မေပၚဘူး၊ဘယ္သူကမွ သူ႕ကို မမွတ္မိတာမို႔
မၾကည္သာျခင္းလား သို႔မဟုတ္ လူေတြဝိုင္း
ၾကည့္ ေနျခင္းအား မႏွစ္ၿမိဳ႕ျခင္းေလလားဆိုတာကို
ပင္ ေရွာင္ရီမေတြးတတ္လ်က္ ႏွစ္ခုလုံးေၾကာင့္လည္း ျဖစ္နိုင္ေလာက္တယ္၊ဘယ္သူကမွသူတို႔ကို မွတ္မိပုံမေပၚေပ
မယ့္ အခ်ိန္အၾကာႀကီး စိုက္ၾကည့္ခံေနရတာမို႔
စိတ္မခ်မ္းသာေပဘူး၊လုက်ိဳးကေဘးဘီ
ဝဲယာကို လွည့္ၾကည့္လာေတာ့ စူးစမ္းေနတဲ့
မ်က္လုံးေတြက ဂ႐ုတစိုက္ပင္ဖယ္ခြာသြားၾကတယ္၊

ညရွစ္နာရီမွာ ေရွာင္ရီ တစ္ေယာက္လုက်ိဳးအားရထားေပၚမွ ဆြဲထုတ္နိုင္ခဲ့ၿပီးေနာက္ဆုံး မေတာ့သူတို႔ႏွစ္ေယာက္
က်င္းရွန္းကိုေရာက္လာခဲ့ၾကၿပီ။

********

ေရွာင္ရီရဲ႕ ညီေလးနာမည္ကေရွာင္ခြၽမ္းျဖစ္ၿပီး အျမန္လမ္းဘက္မွ ကားႀကီးကားငယ္မက်န္ ႏွစ္သစ္ကူး ပြဲေတာ္
အတြက္အိမ္ျပန္ရန္ လာၾကတာကို ေတြ႕တဲ့အခါေရွာင္ရီဘာလုပ္ရမွန္း မသိေတာ့ဘဲ ေျခတစ္လွမ္းေတာင္ေ႐ြ႕မ
ရနိုင္ေတာ့ဘူး၊ ေရွာင္ခြၽမ္းကို ဖုန္းဆက္ၿပီး သူတို႔အား
ဝူဟန္ထိ လာႀကိဳ ဖို႔မလိုေၾကာင္း ေျပာလာတာမို႔ ေရွာင္
ခြၽမ္းက အေဝးေျပး လမ္းမဘက္ကို ျပန္ေမာင္းလာတယ္၊သူက က်င္းရွန္း ဘူတာတြင္ေစာင့္ေနၿပီး ဘူတာ႐ုံေရွ႕
ပလာဇာမွမီးေတြေတာင္ ပိတ္သြားၿပီ။

ေရွာင္ရီက လုက်ိဳးအား သူ႕ညီငယ္ ေစာင့္ေနတဲ့ ေနရာဆီေခၚလာခဲ့ၿပီး ခရီးေဆာင္အိတ္ေတြကို ကားထဲသို႔ထည့္လိုက္တယ္။

"ခယ္မ!"

ေရွာင္ခြၽမ္းက ေနာက္ခုံမွာလူတစ္ေယာက္ထိုင္ေနတာ
ကိုေတြ႕ေတာ့က်ယ္ေလာင္စြာ ေအာ္ေခၚလာတယ္။

လုက်ိဳး:"........."

"ဘုရားေရ!."

ေရွာင္ခြၽမ္းက ထေအာ္တယ္,

" လူလိမ္ ! မင္းမိန္းမယူလာတာမဟုတ္ဘူးလား ?"

ေရွာင္ရီက လုက်ိဳးရဲ႕ ခရီးေဆာင္အိတ္ကို အထဲသို႔
ထည့္ၿပီး ညီငယ္ျဖစ္သူအားေဒါသတႀကီး ေအာ္ဟစ္လိုက္တယ္၊

"မင္းက အာလူး ပဲ !.ငါက မိန္းမယူလာပါမယ္လို႔
ဘယ္တုန္းက ေျပာဖူးလို႔လဲ ?!"

"ဒါဆို ဒါကဘာလဲ?"

ေရွာင္ခြၽမ္းက လုက်ိဳးကိုလက္ညိုးထိုးၿပီး
မယုံနိုင္စြာျဖင့္ ေမာင္းသူေနရာမွ ေခါင္းလွည့္ၾကည့္ၿပီး သူ႕အစ္ကို အား ေမးေနတယ္။

ေနာက္ဆုံး ၌ လုက်ိဳး၏စိတ္ရွည္ သည္းခံမႈတို႔က ကုန္ဆုံးသြားရာမွဝူဟန္ဘာသာစကားျဖင့္ ေဒါသတႀကီး ေအာ္ဟစ္လာတယ္၊

" ငါက မင္း ဘိုးေအ ! မင္းတို႔ ညီကို
ေတြက တကယ့္ကို အာလူးခိုင္ေတြ !"

ေရွာင္ခြၽမ္း :"......"

ေရွာင္ရီက ေျပာလာတယ္၊

" ငါ့ကို ႀကိဳးေပးစမ္း !"

ေရွာင္ခြၽမ္း တစ္ေယာက္ သံသယေတြနဲ႕ ကားေပၚမွ ဆင္းလိုက္တယ္၊ေရွာင္ရီက ႀကိဳးကိုယူၿပီး လုက်ိဳးရဲ႕
LVခရီးေဆာင္အိတ္ကို ကားေခါင္မိုးေပၚတြင္တင္ကာ ႀကိဳးခ်ည္းၿပီး ေျပာလာတယ္၊

"သြားမယ္"

ေရွာင္ခြၽမ္းက အရွိန္ျပင္းျပင္းျဖင့္လွ်ပ္စီးအလား ေမာင္းႏွင္လ်က္ ေရွာင္ရီ ၊လုက်ိဳး အပါအဝင္ကားေခါင္မိုးေပၚမွ
ခ်ည္ေႏွာင္ထားတဲ့ LVခရီးေဆာင္အိတ္ ကိုပါမက်န္
သယ္ေဆာင္လာခဲ့တယ္။

"သူက ကြၽန္ေတာ့္ ညီ ေရွာင္ခြၽမ္း "

ေရွာင္ရီက လုက်ိဳးကို ေျပာလာရင္း, သူ႕ညီငယ္အား
လုက်ိဳးႏွင့္အေလးအနက္ျဖင့္ ျပန္မိတ္ဆက္ေပးတယ္၊

"ဒါက ငါ့ရဲ႕ သူေဌး ,ငါ့ရဲ႕နတ္ဘုရား,
ငါ့ရဲ႕ idol !ေရွာင္ခြၽမ္း မင္းသူ႕ကို
က်ိဳးေကာလို႔ေခၚလို႔ ရတယ္"

"မဂ္လာပါ က်ိဳးေကာ, ဟယ္လို က်ိဳးေကာ"

ေရွာင္ခြၽမ္းက ေနာက္ၾကည့္မွန္ကို ၾကည့္ၿပီး
လုက်ိဳးကို လက္ေလး ျပရင္းေခါင္းေလး ၫြတ္လ်က္ႏႈတ္ဆက္လာတယ္၊လုက်ိဳးတစ္ေယာက္ ထို ညီကို
ႏွစ္ေယာက္အား အမွန္တကယ္ပင္ အရႈံးေပးလိုက္မိတယ္၊
ေရွာင္ခြၽမ္းရဲ႕ ႏႈတ္ဆက္လာတဲ့ပုံစံနဲ႕ အေနအထားကို ျမင္လိုက္ရတဲ့အခါ,လုက်ိဳး တစ္ေယာက္ထိတ္လန့္သြားတယ္၊

"မင္း ကားေမာင္းတာ စတီယာရင္ကို ကိုင္ထားဖို႔ မလိုဘူးလား! ဒီကားကအလိုအေလ်ာက္ေမာင္းလို႔ရတာလား!"

ေရွာင္ခြၽမ္း က လုက်ိဳးအားစီးကရက္တစ္လိပ္ေပးလာ
တယ္၊ လုက်ိဳးက လက္ကာျပရင္း သူ႕ဘာသာေတြးေနမိသည္က 'သူ႕ကို ဒီနာမည္ ဘယ္သူမ်ားေပးတာပါလိမ့္!'

"ေရွာင္ခြၽမ္း , ေရွာင္ခြၽမ္း "

ေရွာင္ရီ က ၿပဳံးရင္း ေျပာလာတယ္၊

" သူ႕နာမည္ၾကား႐ုံနဲ႕ လူေတြက
ေဘးဒုကၡဆိုတာႀကီးကို ေျပးျမင္ၾကတယ္"

လုက်ိဳး ေရေသာက္ၿပီးအာလုတ္က်င္းခါနီး,
ေရွာင္ခြၽမ္းက ေျပာလာတယ္၊

" ေကာ, မားက သူ႕ေခြၽးမ ပါလာမယ္လို႔
ထင္ေနတာ, မနက္အေစာႀကီးက ထမင္းေတြ
ထခ်က္ေနတယ္! အဲ့လို ေတြမလုပ္နဲ႕
ေျပာတာကို သူက နားမေထာင္ဘူး!"

ေရွာင္ရီ တစ္ေယာက္ နဖူးေပၚမွာအနက္ေရာင္
မ်ဥ္းသုံးေၾကာင္း( --|| |) : ျဖင့္တုံ႕ျပန္ လာတယ္,

" သူငယ္ခ်င္းတစ္ေယာက္ ေခၚလာမယ္လို႔
အေသအခ်ာရွင္းရွင္းလင္းလင္း ေျပာထားတာကို,
မားနဲ႕ ပါးတို႔ စားၿပီးၾကၿပီလား?"

"သူတို႔ စားၿပီးၾကၿပီ"

ေရွာင္ရီရဲ႕ မိခင္က ေရွာင္ရီ ေျပာတဲ့
သူငယ္ခ်င္းဆိုတာကို နားလည္မႈ လြဲၿပီး
သူ႕ ရည္းစားေကာင္မေလးလို႔ ထင္သြားပုံ
ရတယ္၊ေရွာင္ရီ ရွက္႐ြံ႕သြားေသာ္လည္း
လုက်ိဳး ကေတာ့ ၾကားပုံမရလ်က္လမ္း
တေလွ်ာက္ၿငိမ္သက္ေနၿပီး လမ္းေဘး
အျပင္ဘက္မွျဖတ္သန္းသြားလာေနၾကတဲ့
ပုံရိပ္ေတြ၊ 5ထပ္6ထပ္မွ်ရွိတဲ့ အေဆာက္အဦးေတြ ၊လမ္းတေလွ်ာက္ရွိ မွိန္ျပျပမီးတိုင္ေတြ၊ စက္ဘီးစီးေနၾကတဲ့
လူေတြ၊ သြားလာေနၾကတဲ့ ေမာ္ေတာ္ယာဥ္ေတြနဲ႕
ႏွစ္သစ္ကူရက္ နီးကပ္လာခ်ိန္မို႔ မီးရႈး မီးပန္းေတြနဲ႕ ေဆာ့ကစားေနတဲ့ကေလးေတြကိုေငးေမာေနတယ္ ။

လမ္းေဘးဝဲယာတေလွ်ာက္ခ်ိတ္ဆြဲထားတဲ့
မီးပုံးေလးေတြက ေလအေဝွ႕တြင္တဖ်က္ဖ်က္ျဖင့္လြင့္ေနလ်က္ညအခ်ိန္၌ ထူးထူးျခားျခားပင္ လွပေနတယ္။

********

မိနစ္ႏွစ္ဆယ္ေလာက္ၾကာေတာ့ ကားက ေရွာင္ရီရဲ႕
အိမ္ေအာက္ထပ္ဆီသို႔ေရာက္လာတယ္၊ညီကို
ႏွစ္ေယာက္ ေျခာက္လႊာဆီသို႔အျမန္ေျပးရင္း
လူတစ္ေယာက္ရဲ႕ခရီးေဆာင္ ေသတၱာႀကီး တစ္လုံးကို
သယ္ေဆာင္လိုက္တယ္၊အိမ္ပတ္ဝန္းက်င္က
အသစ္ ေဆာက္လုပ္ေနဆဲမို႔ အနီးပတ္ဝန္းက်င္က
သန့္ရွင္း သပ္ရပ္ၿပီးလူေနက်ဲပါးတယ္၊
လုက်ိဳးက သူတို႔ အိမ္ကို တခ်က္ၾကည့္ၿပီး ေျပာလာတယ္၊

" မင္းအိမ္က မဆိုးဘူး"

"ဒီအိမ္က ဝယ္ထားတာ သိပ္မၾကာေသးဘူး"

ေရွာင္ရီ ေျပာလာတယ္,

" အစက စီစဥ္ထားတာကကြၽန္ေတာ္ဘြဲ႕ရၿပီးရင္
အိမ္ေထာင္ျပဳမယ္, ၿပီးရင္ဒီမွာၾကင္စဦး အိမ္ေလး
အျဖစ္ေနဖို႔ !အခုေတာ့ ကြၽန္ေတာ့္ မိဘေတြနဲ႕ ညီေလး တို႔က ဒီမွာေနတယ္,ကြၽန္ေတာ့္ ညီ နာမည္နဲ႕ေပါ့"

လုက်ိဳး ေခါင္းညိတ္လိုက္ခ်ိန္ေရွာင္ရီေျပာလာတယ္၊

" က်ိဳးေကာ, ဒီညေတာ့ ကြၽန္ေတာ့္ အိမ္မွာပဲ
ေနလိုက္ေနာ္, အကုန္လုံးရွင္းလင္းထားပါတယ္,
မနက္ျဖန္က်မွဟိုတယ္ကိုေျပာင္းေပးမယ္..."

"မလိုဘူး....ငါတို႔ လဆန္းသုံးရက္ေန႕က်
ျပန္ၾကမယ္"

ေရွာင္ရီ စိတ္သက္သာရာရစြာျဖင့္သက္ျပင္း
ခ်မိတယ္၊လုက်ိဳးကအိမ္မွာရွိစဥ္နိုင္လိုမင္းထက္ျပဳမူေသာ္လည္းကံေကာင္းစြာပင္ အိမ္မွအလြယ္တကူေတာ့ထြက္လာနိုင္ခဲ့သည္ပင္၊သူတို႔ အိမ္ထဲသို႔ဝင္လာတဲ့အခါ
ပါပါးေရွာင္နဲ႕ မာမားေရွာင္ကအေျပးအလႊား
ဆီးႀကိဳၾကတယ္၊ေရွာင္မိသားစုဆီအရင္ေရာက္သည္က လုက်ိဳးရဲ႕ LVအိတ္ျဖစ္တယ္၊ပါပါးေရွာင္က ဇိမ္ခံ
ပစၥည္းေတြကို သိပ္မသိေပမယ့္ ဒီ ပစၥည္းကသူ႕မ်က္စိထဲ၌နည္းနည္းေလးေစ်းႀကီးပုံ ေပါက္တာကိုေတာ့
သူသိတယ္။

"အိုက္ယား...ေနာက္ဆုံးေတာ့, မင္းကိုငါတို႔ေစာင့္ေန..."

ပါပါးေရွာင္နဲ႕ မာမားေရွာင္က သူတို႔ေခြၽးမကို ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ထားၾကေသာ္လည္းလုက်ိဳး ကို ေတြ႕လိုက္ရတဲ့အခါ, ႏွစ္ေယာက္စလုံးအံ့အားသင့္ေနၾကၿပီး ,သူတို႔ရဲ႕ ေခြၽးမက ေယာက်္ားေလး တစ္ေယာက္ျဖစ္ေနတာကို
ေတြ႕လိုက္ရတယ္။

ပါးပါးေရွာင္:"......"

မာမားေရွာင္:"......"

"ဒါက က်ိဳးေကာ"

ေရွာင္ရီက ေျပာလာတယ္၊

"က်ိဳးေကာ, ဒါက ကြၽန္ေတာ့္ရဲ႕ ပါးနဲ႕မား "

"ဟယ္လို အန္ကယ္,ဟယ္လို အန္တီ "

လုက်ိဳးက ေဝခြဲရခက္ေနဟန္ရွိတဲ့ပါပါးေရွာင္နဲ႕မာမား
​ေရွာင္ တို႔ကို လက္ဆြဲ ႏႈတ္ဆက္ ခဲ့ၿပီး ပါပါးေရွာင္က ဦးစြာ ပထမ သတိဝင္လာသူ ျဖစ္ကာ အလ်င္အျမန္ ေျပာလာတယ္၊

" ျမန္ျမန္..ျမန္ျမန္ထိုင္ၾက...ဒီကိုလာရတာ
တလမ္းလုံး ပင္ပန္းေနမွာပဲ "

သူတို႔ အိမ္ကို ေရာက္ၿပီမို႔ လုံးဝ လုံၿခဳံသြားၿပီ၊
ေရွာင္ရီ ကေတာင္ေတြး လိုက္မိေသးတယ္,

' လုက်ိဳးရဲ႕ ေဒါသေတြဘယ္ေလာက္ပဲ ဆိုးဆိုး
ငါ့အိမ္ေရာက္ရင္ေတာ့, ရက္အေတာ္ၾကာၿငိမ္သက္သြားမွာပဲ,ဒါေပမယ့္ ငါ့ပါးနဲ႕မားေရွ႕မွာေတာ့ ငါ့ကို
ဆူပူႀကိမ္းေမာင္းတာမ်ိဳးမရွိေလာက္ဘူးမလား..ဟမ္?'

အေသအခ်ာပင္,လုက်ိဳးက သူ႕ကို ဆူပူတာမ်ိဳး လုပ္မလာခဲ့ဘူး၊ေရွာင္ရီရဲ႕ အိမ္မွာ ဧည့္သည္တစ္ေယာက္အေနနဲ႕ လုက်ိဳးတစ္ေယာက္ ယဥ္ေက်း သိမ္ေမြ႕စြာျဖင့္ရွိေနတယ္။

ပါပါးေရွာင္က မၾကာမီအၿငိမ္းစားယူေတာ့
မည့္ မူလတန္းေက်ာင္းအုပ္တစ္ဦး ျဖစ္ၿပီး
မာမားေရွာင္ကေတာ့ က်င္းရွန္း ခ်ည္ထည္စက္႐ုံမွ အလုပ္ထြက္ၿပီး ေန႕တိုင္းသားႏွစ္ေယာက္ ရဲ႕ အိမ္ေထာင္ေရး အတြက္ေတြးပူေနတတ္သူျဖစ္တယ္၊လူႀကီးႏွစ္ေယာက္က
ေခြၽးမ ကို မေတြ႕ရတာမို႔ အနည္းငယ္စိတ္ဓာတ္က်ေနေပမယ့္ ခ်က္ျခင္းပင္သူတို႔ကိုယ္သူတို႔ ေျပာင္းလဲရင္းလုက်ိဳးအားရင္းႏွီးေဖာ္ေ႐ြစြာ ဆက္ဆံခဲ့ ၾကတယ္။

တစ္ဖက္တြင္ လည္းေရွာင္ရီက လုက်ိဳးရဲ႕ ပစၥည္းေတြကို အခန္းထဲသို႔ေ႐ြ႕ၿပီး လုက်ိဳးကို သူ၏သူေဌးအသစ္အျဖစ္
မိတ္ဆက္ ေပးရင္း သူ႕ကို မ်ားစြာ ကူညီေစာင့္ေရွာက္
မႈ ေပးခဲ့ေၾကာင္း ေျပာတဲ့အခါ ပါပါးေရွာင္က ထပ္ခါတလဲလဲပင္ေက်းဇူးတင္စကားေျပာၿပီး သားျဖစ္သည္ကအနည္းငယ္ထုံထိုင္းေၾကာင္းကိုပါ ေျပာျပလာတယ္၊
အိုက္ယား~~အမွန္ကသားျဖစ္သူကို ပိုၿပီး စိုးရိမ္သင့္တယ္
မလား?

"ကြၽန္ေတာ့္ကို ေရွာင္လုလို႔ပဲ ေခၚပါ"

လုက်ိဳးက ရယ္ေမာရင္း ေျပာလာတယ္။

"တစ္ခုခု စားၾကဦး"

မာမားေရွာင္က ေျပာလာတယ္၊

" မင္းတို႔ေန႕လည္က ျပန္လာမယ္ထင္တာ,
ခုလို လူသြားလူလာမ်ားတဲ့ ကာလက
ရွန္းဒူးၿမိဳ႕ရိုးလိုပဲ,လာလာ..ေရွာင္လု,
မင္းဗိုက္ဝေအာင္ တစ္ခုခုေလးေတာ့ အရင္စားဦး,
ငါဟင္းရည္ေလး သြားႏြေးေပးမယ္"

မာမားေရွာင္က ဟင္းခ်ိဳကို အပူေပးဖို႔ အတြက္ ထသြားတဲ့အခ်ိန္ လုက်ိဳးက ေရွာင္ရီကို ေျပာလာတယ္၊

" မင္းေတာ့ အလုပ္ရႈပ္ၿပီ , မင္း ငါ့ကို
ဂ႐ုစိုက္ေနဖို႔ မလို ဘူး ,...ဟုတ္ကဲ့,
ေက်းဇူးပါ အန္တီ "

ေနာက္ဆုံးတြင္ ေရွာင္ရီ တစ္ေယာက္ လုက်ိဳးအတြက္
အကုန္လုံး စီစဥ္ ၿပီးသြားၿပီ၊ ခဏအၾကာတြင္ မိသားစုႏွင့္ သဟဇာတ ျဖစ္သြားၿပီး ေနာက္ပါပါးေရွာင္က ေမးလာ
တယ္၊

" ဒူမားေကာ ဘယ္လိုလဲ? ဟိုတေခါက္က
သူအိမ္ကို ဖုန္းဆက္ၿပီးမင္းနဲ႕ ဆက္သြယ္
လို႔ရမယ့္ အခ်က္အလက္ေတြေတာင္း
သြားေသးတယ္"

ေရွာင္ရီ ျပန္စဥ္းစားၾကည့္ေတာ့ လြန္ခဲ့တဲ့
တႏွစ္ေလာက္က ျဖစ္မယ္ထင္တယ္၊အဲ့ဒီတုန္းကေက်ာင္းသားေဟာင္းမိတ္ဆုံစားပြဲရွိတဲ့ အတြက္ ဒူးမားက
သူ႕ဆီဖုန္းဆက္ၿပီး သူက အခု သူ႕ဖခင္ရဲ႕ ကုမၸဏီကို
ခဏတာ ဦးေဆာင္ေနရေၾကာင္းေျပာၿပီး Lexusေတာင္
စီး လာေသးတယ္။

ပါပါးေရွာင္က ေရွာင္ရီအားအနည္းငယ္ေဝဖန္ေျပာဆိုလာခ်ိန္ ေရွာင္ရီက ေတာ့ ရယ္ေမာရင္း စားပြဲခုံတြင္ ဝင္ထိုင္လာတယ္၊လုက်ိဳး ဟင္းရည္ ေသာက္ေနခ်ိန္ ေရွာင္ရီ
ေျပာလာတယ္၊

"မား! ဟင္းရည္ က်န္ေသးလား?"

မာမားေရွာင္က သူ႕အတြက္ဟင္းခ်ိဳပန္းကန္ေလး
ယူလာေပးတယ္၊ ေရွာင္ရီက ပန္းကန္ထဲမွ ၾကာျမစ္
​ေလးေတြကို လုက်ိဳးပန္းကန္ထဲသို႔ ထည့္ေပးလိုက္တယ္၊

" က်ိဳးေကာ,ေရာ့ ...ေဆာင္းရာသီၾကာျမစ္ေလးေတြစားၾကည့္ !တနိုင္ငံလုံးဘယ္ေနရာမွာမွ မရွိဘူးေနာ္"

"ငါစားဖူးတယ္...ငါဝူဟန္မွာ ေနတုန္းက
မၾကာခဏစားရတယ္, ေဘဂ်င္း ေရာက္ၿပီး
ေနာက္ပိုင္းေတာ့ စားရခဲတယ္"

ဝက္နံရိုး စြတ္ျပဳတ္ တြင္ ပါဝင္တဲ့ ၾကာျမစ္ေလးေတြက ထူးျခားေသာ အေရာင္အေသြးနဲ႕ ေမြးရနံ႕ ရွိၿပီး ၾကာျမစ္ေလးေတြက အမွ်င္တန္း ေလးေတြအျဖစ္ ဆြဲထုတ္လို႔ရတယ္၊ေရွာင္ရီ တစ္ေယာက္အိမ္ခ်က္ဟင္းလ်ာရဲ႕
အရသာကို ႐ူးသြပ္စြာခံစားရင္းဒီထက္ပို၍
သက္ေတာင့္ သက္သာမရွိနိုင္ေတာ့ဟု
ခံစားမိေနတယ္။

ညစာစားၿပီးေနာက္, ေရွာင္ရီက ေရပူေပးစက္ကို
ဖြင့္ၿပီး လုက်ိဳး ရဲ႕ အဝတ္အစားေတြကို
ယူကာ အလ်င္အျမန္ ဝင္လိုက္ထြက္လိုက္
ျဖင့္ ရွိေနတယ္၊ လုက်ိဳးကေျပာလာတယ္၊

"ငါ့ဘာသာလုပ္မယ္"

" ကိစၥမရွိပါဘူး...ဒီညကြၽန္ေတာ္တို႔ဒီအခန္းထဲမွာ
အိပ္ရ မွာ "

ေရွာင္ရီ အိမ္က အိပ္ခန္းႏွစ္ခန္းပါရွိေသာ္လည္း
စတုရန္းေပကိုးဆယ္ေက်ာ္ က်ယ္ဝန္းတာမို႔ အလြန္က်ယ္ဝန္းတယ္လို႔ဆိုနိုင္တယ္၊ လုက်ိဳးရဲ႕ အက်င့္ကို သူသိတာမို႔
အခန္း သန့္ရွင္းေရး လုပ္ထားရန္ႏွင့္ မလိုအပ္တဲ့
ပစၥည္းေတြကို ဖယ္ထုတ္ရန္ သူ႕မိဘေတြကို ႀကိဳမွာထားခဲ့ၿပီးညီ ျဖစ္သူအြန္လိုင္းသုံးဖို႔ ကြန္ပ်ဴတာအား
အခန္းေထာင့္၌ ေ႐ြ႕သုံးေစတယ္၊ အခန္းထဲမွေစာင္ေတြကိုလည္း အသစ္ေတြလဲလွယ္ထားေစတယ္၊တ႐ုတ္နိုင္ငံ
အလည္ပိုင္းတြင္ေဆာင္းရာသီ ေရာက္ပါက
စိုစြတ္ၿပီးေအးေနေလ့ရွိတာမို႔ႏြေးေထြးေစရန္
အပူေပးစက္ကို ဖြင့္ထားရေလ့ရွိတယ္။

ေနာက္တစ္ခုက ဒီအိမ္အသစ္မွာ ေနတာသိပ္မၾကာေသးတာမို႔ ျပတင္းေပါက္အျပင္ဘက္ ေနရာေတြကအစ
သန့္ရွင္းေနၿပီး အျပင္ဘက္ညျမင္ကြင္းကို ေငးေမာနိုင္
တယ္၊ထို႔အျပင္ခုတင္ကလည္း က်ယ္ဝန္းတယ္၊ပရိေဘာဂေတြကလည္းအသစ္ေတြ မို႔ ဟိုတယ္ေတြနဲ႕
မတူဘဲ ေနေရး ထိုင္ေရး အတြက္အရမ္း အဆင္ေျပတယ္၊ ေရွာင္ရီက ေရတဖန္ခြက္အား ခုတင္ေဘးရွိဗီရို ေပၚတင္ၿပီး လွ်ပ္စစ္ပစၥည္းေတြကိုလည္း အိမ္ရဲ႕wifiနဲ႕ ခ်ိတ္ေပးၿပီးမွသာ ရေသွားချ်ိုးမည်ဖြစ်တယ်။

လုက်ိဳးက ျပတင္းေဘးတြင္ ရပ္လ်က္လသာေဆာင္အျပင္ဘက္ကိုၾကည့္လိုက္ရာ ေတာက္ပလင္းထိန္ေနေသာ္
လည္းၾကက္ေအာ္သံၾကားလိုက္ရတာမို႔ လုက်ိဳးလန့္သြားတယ္၊အေသအခ်ာ ၾကည့္လိုက္မွ
ၾကက္ႏွစ္ေကာင္ကိုပါထပ္ေတြ႕ရျပန္တယ္။

"ေက်ာင္းသားမိဘေတြ လာပို႔ထားတာ"

ေရွာင္ရီက ေရခ်ိဳးခန္းထဲကေန ထြက္လာရင္း
ေျပာလာတယ္၊

"နည္းနည္းေတာင္ေအးလာၿပီ,ႏွစ္သစ္ကူးပြဲေတာ္အတြက္ ခ်က္မွာေလ"

ေရွာင္ရီက ၾကက္ျခင္းအား မီးဖိုေခ်ာင္ထဲသို႔ေ႐ြ႕လိုက္
တယ္၊

"ဒီအိမ္က တစ္စတုရန္းကိုဘယ္ေလာက္ေပးရလဲ?"

လုက်ိဳးေမးလာတယ္။

"လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ဝယ္ထားတာ"

ေရွာင္ရီ ဆံပင္ေတြကို တဘက္ျဖင့္ သုတ္ရင္း,

"တစ္စတုရန္းေပးကို ယြမ္3000,အခုဆို ေစ်းေတြ
တက္ေနၿပီဆိုေတာ့ ယြမ္5000ေလာက္ ရွိလိမ့္မယ္"

"မဆိုးဘူး...ပတ္ဝန္းက်င္ေလးလည္း အရမ္း ေကာင္း
တယ္"

ေရွာင္ရီ ၾကမ္းျပင္ေပၚ အိပ္ရာေလး ခ်ခင္းလိုက္ၿပီး,

" အိမ္က လူေတြရဲ႕လစာကလည္း နည္းတယ္, ကြၽန္ေတာ့္ ညီက စူပါမားကတ္မွာ တစ္လကို ယြမ္2000နဲ႕ ပစၥည္းပို႔တဲ့ အလုပ္လုပ္တယ္၊ဒါေပမယ့္ သူက ယုံရေတာ့
ခုထိ အဲ့အလုပ္ကအဆင္ေျပတယ္"

"မင္းမွာ ျပန္လာစရာအိမ္ရွိတာကို
ဘာလို႔အိမ္မျပန္တာလဲ?"

"ဟုတ္တယ္...ကြၽန္ေတာ္က ဂီတပိုင္းဆိုင္ရာနဲ႕ ေက်ာင္းၿပီးထားတာဆိုေတာ့ဒီမွာေနလို႔မရဘူး၊ ျပန္လာျပန္ရင္လည္း ကြၽန္ေတာ္ရထားတဲ့ဘြဲ႕နဲ႕ အလုပ္ဘယ္လိုရွာမလဲ? ဒါမွမဟုတ္ အိမ္ဝယ္ဖို႔ ဝူ ဟန္ကို သြားရျပန္ရင္လည္း
တစ္စတုရန္းကို ယြမ္10000ေက်ာ္ရွိေတာ့
ကြၽန္ေတာ္မတတ္နိုင္ဘူး"

"မင္းက အာ့ဟူ တီးတတ္တာလား?!"

လုက်ိဳးက ကမၻာသစ္တစ္ခု၌ စူးစမ္းရွာေဖြေနသည့္အလား စာအုပ္စင္ေထာင့္မွာကြယ္ဝွက္စြာေထာင္ထားတဲ့ ေရွာင္ရီရဲ႕ အာ့ဟူကို ေကာက္ယူရင္း ေျပာလာတယ္၊

{TN/ အာ့ဟူဆိုတာကႀကိဳးႏွစ္ေခ်ာင္းတပ္တူရိယာ
ပစၥည္းတမ်ိဳးပါ}

"အဲ့ဒါတီးတာကို ငယ္ငယ္ေလးထဲကသင္ထားတာ, ၿပိဳင္ပြဲေတြေတာင္ဝင္ၿပိဳင္ေသးတယ္၊မူလတန္းေက်ာင္းမွာဆို တတိယတန္း ကေနအလယ္တန္း ေလာက္ထိေတာက္
​ေလွ်ာက္ၿပိဳင္ခဲ့တာ, ႏွစ္အေတာ္ၾကာတီးခတ္ခဲ့ၿပီး ေနာက္ ဒါေၾကာင့္ပဲ ဂီတ ပညာကို သင္ယူ ဖို႔ တြန္းအား ျဖစ္လာခဲ့တယ္,က်ိဳးေကာ အတြက္သီခ်င္း တပုဒ္ တီးျပရမလား?"

ေရွာင္ရီက အာ့ဟူေလးကို သူ႕ caseထဲကေနဆြဲထုတ္ၿပီး မတီးတာၾကာၿပီးမို႔ ႀကိဳးေလး အရင္စမ္းလိုက္တယ္၊လုက်ိဳးက သူတီးတတ္တာကိုမယုံဟန္ျဖင့္ သူ႕ကို သံသယေတြနဲ႕
ၾကည့္ေနဆဲ၊ ေရွာင္ရီ ႀကိဳးညွိၿပီးလက္ျဖင့္
တခ်က္သပ္လိုက္ခ်ိန္လုက်ိဳးေျပာလာတယ္၊

" ထားလိုက္ေတာ့..ထားလိုက္ေတာ့...
ဖုန္ေတြနဲ႕"

ေရွာင္ရီက ႀကိဳးေတြကို ဖိခ်ၿပီး ခဏမွ်စဥ္းစားလိုက္တယ္၊ထို႔ေနာက္ Two Springs On the Moon သီခ်င္း ကို တီးခတ္ရာ,လုက်ိဳး ေျပာလာျပန္တယ္၊

" ရပ္လိုက္စမ္းပါ.ခုက ႏွစ္သစ္ကူးခ်ိန္ႀကီးကို
အဲ့လို သီခ်င္းႀကီး မတီးစမ္းပါနဲ႕"

ေရွာင္ရီ ၿပဳံးလိုက္မိရင္း အာ့ဟူကို ျပန္ထည့္လိုက္တယ္၊

" ဒီ တူရိယာေလးက ကြၽန္ေတာ့္ အဖိုးဆီက
ရတာေလ...မိသားစု အေမြေပါ့, ကြၽန္ေတာ္အေဖကမသင္ခဲ့ဘူး၊ ဒါေၾကာင့္ ကြၽန္ေတာ္က ေက်ာင္းတက္ရင္း သင္ခဲ့တာ, ပညာရွင္အဆင့္ေလာက္ထိ မရွိေပမယ့္တီးေတာ့တီး
တတ္ခဲ့တယ္"

"အဲ့ဒီတစ္ခုက ဘာေလးလဲ? ငါၾကည့္လို႔ရလား?"

လုက်ိဳးက စာအုပ္စင္ေပၚရွိ ဓာတ္ပုံေဘာင္ေလးတစ္ခုကို
ရည္ၫြန္းလာျခင္းပင္၊ေရွာင္ရီ ခ်က္ျခင္း ပင္ ရွက္႐ြံ႕ သြားၿပီး ဓာတ္ပုံေဘာင္ေလးကို ခပ္ေဝးေဝးသို႔ ေ႐ြ႕လိုက္တယ္၊လုက်ိဳး မ်က္ႏွာေျပာင္းသြားတာမို႔ ေရွာင္ရီ
တစ္ေယာက္မလြန္ဆန္နိုင္လ်က္လုက်ိဳးကို
ျပလိုက္ရတယ္။

ထို ပုံေလးက ေရွာင္ရီႏွင့္ အတူအဆို ၿပိဳင္ပြဲ၌ေရပန္းစားတဲ့ အဆိုေတာ္တစ္ဦး ၏ဓာတ္ပုံတစ္ပုံျဖစ္ၿပီး ဆိုင္းဘုတ္တစ္ခုကို ကိုင္ကာႏွစ္ေယာက္စလုံးၿပဳံးေနၾကလ်က္ရိုက္ထားတဲ့ပုံျဖစ္တယ္၊

လုက်ိဳး အံ့ၾသသြားလ်က္ ေမးလာတယ္၊

" မင္း သူ႕ကို သိလား?"

"ကြၽန္ေတာ္တို႔က အတန္းတူေတြေလ..."

လုက်ိဳး တစ္ေယာက္ေဝခြဲ၍ မရေသာခံစားခ်က္မ်ားျဖင့္
ရွိေနစဥ္ ေရွာင္ရီ က ရိုးသားစြာပင္ေျပာျပလာတယ္၊

" အဲ့ဒီတုန္းက အေကာင္းဆုံးအမ်ိဳးသားအဆိုရွင္ ၿပိဳင္ပြဲမွာ ကြၽန္ေတာ္တို႔ အတူတူဝင္ၿပိဳင္ခဲ့ၿပီး အဲ့ဒီ ဓာတ္ပုံေလးရိုက္ခဲ့တာ"

"ဒါဆိုနိုင္ငံအဆင့္ထိေတာင္မေရာက္ဘူးလား?"

"စပြန္ဆာေၾကး အတြက္ေတာင္ ယြမ္ ငါးသိန္းလို
တယ္...ကြၽန္ေတာ္ လည္းဆက္မလိုက္နိုင္ေတာ့
အဲ့အဆင့္မွာတင္ထုတ္ပယ္ခံလိုက္ရတယ္"

"ဥကၠဌဒူက သူနဲ႕ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္,
အဲ့ဒီေကာင္ေလးက အဲ့ႏွစ္ေတြတုန္းက
အေတာ္ေလး ေရပန္းစားလိုက္ေသးတယ္၊
ေနာက္ပိုင္း ကုမၸဏီက မန္ေနဂ်ာကို ေစာ္ကားေျပာဆိုတာေတြျဖစ္လာလို႔ နာမည္ပ်က္သြားတယ္"

ေရွာင္ရီကစကားေျပာေနရင္း ဓာတ္ပုံေလး အား နံရံ အနီး၌ ျပန္ထားလိုက္တယ္၊လုက်ိဳးက ေရွာင္ရီအမူအရာကို ၾကည့္ရင္း ေမးလာတယ္၊

"မင္းက အဲ့ပုံကို ဘာလို႔ သိမ္းထားတာလဲ?
မနာလိုတာလား?"

"......"

ေရွာင္ရီက ဓာတ္ပုံကို တဖက္သို႔လွည့္လိုက္ခ်ိန္
လုက်ိဳး ထပ္ေျပာလာတယ္၊

"အရႈံးကို လက္မခံနိုင္ရင္ အရႈံးသမားပဲ
ဆက္ၿပီး ျဖစ္ေနဦးမွာ "

"ကြၽန္ေတာ္က အရႈံးသမားပါ"

ေရွာင္ရီ တစ္ေယာက္ကူရာကယ္ရာမဲ့စြာျဖင့္ ေျပာလာ
တယ္၊

လုက်ိဳးက စာအုပ္စင္ေပၚရွိ ဓာတ္ပုံေတြကို အေသအခ်ာ လိုက္ၾကည့္ရင္း မီးေရာင္စုံ ေတာက္ပေနတဲ့ စင္ျမင့္ထက္၌ ဂီတာတစ္လုံး အား လြယ္လ်က္ ရွိေနတဲ့ ေရွာင္ရီ ပုံကို
တခ်က္ၾကည့္မိၿပီး ထိုပုံထဲမွေကာင္ေလးက
ၾကယ္ပြင့္ ေတြကဲ့သို႔ ေတာက္ပေနလ်က္ စိတ္အားထက္သန္စြာျဖင့္ ရွိေနပုံရတယ္။ထို ပုံေတြရဲ႕ ေအာက္၌ သူ Sinaတြင္အလုပ္လုပ္ခ်ိန္ နာမည္ႀကီး ၾကယ္ပြင့္ မ်ားႏွင့္အတူ တြဲရိုက္ထားတဲ့ ဓာတ္ပုံ မ်ားစြာလည္း ရွိေနတယ္။

"ငါငယ္ငယ္တုန္းက အေမကဝူဟန္မွာ
ဆယ္ႏွစ္ႏွစ္ထိ ေနခဲ့တယ္..ဟန့္ခုန္ မွာ
မူလတန္း တက္ခဲ့တာ"

"အင္း" ေရွာင္ရီတုံ႕ျပန္တယ္..

"မင္း ဒီမွာပဲလာၿပီး အိပ္လိုက္"

ေရွာင္ရီ လုက်ိဳးရဲ႕ စကားကို အလ်င္အျမန္ ျငင္းပယ္လိုက္တယ္၊

"မလိုဘူး..မဟုတ္ဘူး...ကြၽန္ေတာ္ၾကမ္းျပင္မွာပဲ
အိပ္မယ္"

"အဆင္ေျပပါတယ္, ခုတင္ကလည္း အက်ယ္ႀကီးပဲ, အတူ အိပ္လို႔ရတယ္, ၾကမ္းျပင္က ေအးတယ္,
မင္းၾကမ္းျပင္ေပၚမွာ အိပ္ေနတာကို မင္းမိဘေတြ ေတြ႕ရင္ စိတ္ေကာင္း မွာမဟုတ္ဘူး၊ မင္းကအရႈံးသမားဆိုေပမယ့္ မင္းမိဘေတြအတြက္ေတာ့မင္းက ရတနာပဲ,
ဟုတ္ၿပီလား?"

ေရွာင္ရီ;"....."

ေရွာင္ရီ ခုတင္ေပၚ တက္၍ လဲေလ်ာင္းၿပီး
ေစာင္ေလးကို ႏွစ္ေခါက္ေခါက္လိုက္တယ္၊
ၿပီးေနာက္ မဂၢဇင္း တစ္ေစာင္ကို
လွန္ေလွာေနခ်ိန္ လုက်ိဳး ေျပာလာတယ္၊

" ငါ့ အေမက ငါ့ကို အားကစားေကာလိပ္
မွာ ေထာက္ပံ့ေၾကးေပးတာမို႔ ဝင္ခြင့္ ေျဖခိုင္းတယ္၊
ဒါေပမယ့္ မင္းရဲ႕ က်ိဳးေကာက ဝါသနာမပါဘူး၊
အဲ့ဒီ အစား သ႐ုပ္ေဆာင္ပဲျဖစ္ခ်င္ခဲ့တာ"

"သ႐ုပ္ေဆာင္ေမဂ်ာက ေၾကးျမင့္တယ္ေလ,
မင္းသိမွာပါ...အဲ့ဒီတုန္းကေတာင္ တႏွစ္ကို
ယြမ္ ေလးေသာင္းေက်ာ္ကုန္ဆိုေတာ့ ေလးႏွစ္ဆို
ယြမ္တစ္သိန္းနဲ႕ ေျခာက္ေသာင္းေက်ာ္,
အဲ့ဒီ ပိုက္ဆံက နည္းနည္းေနာေနာမွမဟုတ္တာ,ငါအေဖက လည္းဖ်က္သလို အေမကလည္းခြင့္မျပဳဘူး၊ ငါကေတာ့ သ႐ုပ္ေဆာင္လုပ္ဖို႔ပဲ စိတ္ပိုင္းျဖတ္ထားတာမို႔ အခ်ိန္ပိုင္း အလုပ္လုပ္တယ္, ေမာ္ဒယ္အျဖစ္လဲ အခ်ိန္ပိုင္းလုပ္တယ္, စတူဒီယို မွာေထြရာေလးပါးလိုက္ကူရင္း
ျဖတ္ေလွ်ာက္ခန္းေတြမွာ ဝင္ရိုက္တယ္၊ကင္မရာ တြန္းတဲ့လူ ေလ..ေျမႀကီးေပၚေမွာက္ၿပီး တြန္းေပးရတာ မင္းသိမွာပါ .အဲ့လိုေတြ လုပ္ခဲ့ရတယ္"

"ကြၽန္ေတာ္သိတယ္..ကြၽန္ေတာ္သိတယ္"

လုက်ိဳး;"......"

"ေကာင္းတယ္..ေျပာစရာရွိတယ္..ငါမင္းကို ေျပာေနတာၾကားလား?"

လုက်ိဳး တစ္ေယာက္ကေလးဆိုးႀကီးကဲ့သို႔ပင္ ေရွာင္ရီ
လက္ထဲမွ မဂၢဇင္းကို ဆြဲယူ၍ လႊင့္ပစ္လိုက္ၿပီး,

"ေတာ္ၿပီ...ငါမင္းကို စကားမေျပာေတာ့ဘူး"

"အာ..မဟုတ္ဘူး..ေျပာပါ..ေျပာမယ္ ေနာ္... ေျပာမယ္"

ေရွာင္ရီ တစ္ေယာက္ ခ်က္ျခင္းပင္ အလ်င္ အျမန္ ေျပာ
ရင္း လုက်ိဳးကိုဆြဲဖက္လိုက္ရာ လုက်ိဳး မ်က္ႏွာေလးရဲရဲနီေနလ်က္ေရွာင္ရီကို တြန္းထုတ္ဖို႔ ႀကိဳးစားၿပီးေရွာင္ရီကိုကန္ထုတ္ရင္း ေျပာလာတယ္,

" အကယ္၍ ငါသာအဲ့တုန္းကတည္းက
လြယ္လြယ္နဲ႕ လက္ေလ်ာ့ခဲ့မယ္ဆိုရင္,
ငါခုလို ဘယ္ျဖစ္လာပါ့မလဲ ?"

"ကြၽန္ေတာ္ က်ိဳးေကာရဲ႕ အင္တာဗ်ဴးမွာ
ဖတ္ရတယ္...က်ိဳးေကာရဲ႕ အင္တာဗ်ဴးေတြကို ႐ုပ္ရွင္နဲ႕
မဂၢဇင္းေတြမွာ အမ်ားႀကီးေတြ႕ဖူးတယ္, က်ိဳးေကာ
က အရမ္း ေတာ္တယ္"

"ေဘဂ်င္းမွာ အဆိုေတာ္ တစ္ေယာက္ျဖစ္ရင္ယြမ္ 10000 မရရင္ေတာင္ အနည္းဆုံး ယြမ္8000ေတာ့
ရေသးတယ္"

လုက်ိဳးေျပာလာတယ္,

" ဥကၠဌဒူနဲ႕ သူ႕ လူေတြက သူတို႔နဲ႕ စာခ်ဳပ္ခ်ဳပ္မယ့္
သ႐ုပ္ေဆာင္ေတြကို ဘယ္လို ေ႐ြးခ်ယ္လဲ သိလား?
မင္း နာမည္ ႀကီးလာနိုင္မလား ဆိုတာကို ၾကည့္႐ုံတင္မကဘူး၊ေနာင္ အနာဂတ္မွာ တက္လမ္းရွိလာနိုင္မယ့္လူလားဆိုတဲ့ အေပၚ မူတည္တယ္၊လူတစ္ေသာင္းပတ္ခ်ာ
လည္မွာ ဆယ္ေယာက္ေလာက္သာေအာင္ျမင္နိုင္တယ္၊က်န္တဲ့ လူေတြကေတာ့ ဟြားဒူးျမစ္ထဲကေန ျပန္မတက္
နိုင္ၾကဘူး၊အဲ့ဒီလူေတြကို အလုပ္မႀကိဳးစားဘူးလို႔ ေျပာလို႔ရပါ့မလား? သူတို႔ထဲက တစ္ေယာက္ကေတာ့ အၿမဲႀကိဳးစားေနလိမ့္မယ္"

"အဲ့လိုလူေတြကလည္း အရည္အခ်င္းမရွိဘူးလို႔ ေျပာလို႔မရဘူး...မင္း ကိုယ္တိုင္ပဲၾကည့္, မင္းလို ပဲ ငယ္ငယ္ေလးထဲက အရည္အခ်င္း ရွိၿပီး ထက္ျမက္ၾကတယ္,ဒါေပမယ့္ ေက်ာ္ၾကားမႈ ေတြ ရမလာတဲ့အခါ
ဘယ္သူ႕ကို အျပစ္တင္လို႔ရပါ့မလဲ?"

ေရွာင္ရီ ;"....."

ေရွာင္ရီ ေတြးမိသည္က
' မင္းက ငါ့ကို အားေပးေနတာလား ?
ေလွာင္ေနတာလား? ခုလို အားေပးတဲ့ပုံႀကီးက မဟုတ္ေသးဘူး, ငါမင္းနဲ႕ အတူ ေနဖို႔ စာခ်ဳပ္က သုံးႏွစ္စာေတာင္ခ်ဳပ္ထားၿပီးေနၿပီ၊ငါအဆိုေတာ္ ျဖစ္ခ်င္တယ္ဆိုရင္ေတာင္
ငါ မင္းအနားကေန ထြက္ေျပးလို႔ မရဘူး'

"ဒါေၾကာင့္ အဲ့ဒါက ဘဝပဲေလ"

ေရွာင္ရီ က လုက်ိဳးအား စိတ္လႈပ္ရွားစြာျဖင့္
ေျပာလိုက္တယ္၊

လုက်ိဳး : "...."

"အဲ့ဒါက အခြင့္အေရး တစ္ခုပဲ...စိတ္ရွည္
ရမယ္!.သည္းခံရမယ္! အခြင့္အေရးကို
ေစာင့္ရမယ္! မင္းရဲ႕ IQက အေတာ္နည္းတာပဲ,
ငါေျပာတာကို မင္းဘာလို႔ နားမလည္နိုင္
ရတာလဲ? ငါမင္းေၾကာင့္ေဒါသထြက္ၿပီး
ေသေတာ့မယ္ ..."

"ဟုတ္ကဲ့"

" ငါရဲ႕ လက္ေထာက္တေယာက္အေနနဲ႕
ဘယ္အရာမဆို တက္တက္ႂကြႂကြလုပ္စမ္းပါ, တေန႕ေန႕ အခြင့္အေရး ရလို႔ ႐ုပ္ရွင္ဇာတ္ဝင္သီခ်င္း တစ္ခုခုကို ယငါေနာက္လိုက္ရင္းမင္း ေရးမယ္ဆိုရင္ ,မင္းနာမည္
မႀကီးနိုင္ဘူးလား?"

"တကယ္ အဲ့လို ရလားဟင္?"

ေရွာင္ရီ ခ်က္ျခင္း မတ္တပ္ရပ္ လိုက္မိတယ္၊

လုက်ိဳးက မေက်မလည္ျဖင့္ 'ဟြန္း 'ဟု
ႏွာေခါင္းရႈံ႕လိုက္ခ်ိန္ ေရွာင္ရီ တစ္ေယာက္
ေပ်ာ္႐ႊင္ စြာပင္ေအာ္ဟစ္ရင္း လုက်ိဳးကို
ေျပးဖက္လိုက္တယ္၊

"အဲ့လို ရလား? က်ိဳးေကာ, ကြၽန္ေတာ့္ကို
ကတိေပး! ကြၽန္ေတာ့္ ဘဝရဲ႕ အိပ္မက္က
ေကာအတြက္ ဇာတ္ဝင္သီခ်င္းတစ္ပုဒ္
ေရး ေပးခ်င္တာ..အားးးးး"

လုက်ိဳး တစ္ေယာက္တကယ္အသက္႐ူေတြၾကပ္လာ
ၿပီး ေရွာင္ရီကို ခ်က္ျခင္း ျပန္တြန္းထုတ္ လိုက္တယ္,
ေရွာင္ရီက သူ႕ ဆီသို႔ ထပ္တိုးလာၿပီး ေပြ႕ဖက္ရန္ လာတဲ့အခါ လုက်ိဳး သည္းမခံနိုင္သည့္အဆုံး ေရွာင္ရီကို
ခုတင္ေပၚကေနသာကန္ခ်ရန္ ဆုံးျဖတ္လိုက္တယ္။

*****

ေနာက္ တေန႕ ၌ အျပင္ဘက္ မွမီးရႈး မီးပန္း ပစ္ေဖာက္သံေတြေၾကာင့္ ေရွာင္ရီနိုးလာတယ္၊က်င္းရွန္းရဲ႕ ႏွစ္သစ္ကူးပြဲေတာ္လည္း စတင္ေလၿပီ၊ၿမိဳ႕ ႀကီး ျပႀကီးေတြနဲ႕ ေဝးကြာေလေလ ႏွစ္သစ္ကူးရဲ႕ အရသာ က ပို၍ စစ္မွန္
လာေလေလပင္ ၊ရပ္ေဝးမွာ အလုပ္လုပ္ေနသူမ်ားက
လည္း ဝူဟန္သို႔ ျပန္လာၾကတယ္၊နိုက္ထရိတ္နဲ႕
သင္းသင္းေလးကို ရတာမို႔ အျပင္ေလာကက
အသက္ဝင္ေနေခ်တယ္။

ေရွာင္ရီ ငိုက္ျမည္းေနတဲ့ မ်က္လုံးေတြနဲ႕
ၾကည့္လိုက္ရာ လုက်ိဳးက သူ႕အေမနဲ႕ ထမင္းစားပြဲ၌
ထိုင္၍ စကားေျပာေနတာကိုေတြ႕ရတယ္၊ မာမားေရွာင္က သူ႕သားရဲ႕ အိမ္ေထာင္ေရး အတြက္ အၿမဲတမ္း ပူပန္ေနရေၾကာင္း ေျပာေနတာကို လုက်ိဳးကလည္း
စိတ္ရင္းမွန္ျဖင့္ နားေထာင္ေပးေနရင္း ရံဖန္ရံခါ အႀကံေပး တတ္တယ္၊မာမားေရွာင္က လုက်ိဳးအား ေရွာင္ရီရဲ႕ အကို တစ္ေယာက္ အျဖစ္ မွတ္ယူထားပုံရၿပီး
ဂ႐ုစိုက္ေပးပါရန္ ႏွင့္ အလြန္အကြၽံ႕အလို
မလိုက္ဖို႔လည္း ေတာင္းဆိုေနခဲ့တယ္။

ေရွာင္ရီ တဖက္ရွိ ေရခ်ိဳးခန္းတြင္သြားတိုက္ေနရင္းေျပာလာတယ္,

"မား !"

"မင္း အေမေျပာတာမွန္တယ္"

လုက်ိဳးက ေရွာင္ရီကို လက္ညိုးထိုး ရင္း
ေျပာလာတယ္၊

"သူခုထိ မရင့္က်က္ေသးဘူး, အန္တီ ေျပာတာေတြ
မင္းၾကားတယ္မလား?တခါတေလ ေဘဂ်င္းမွာ မင္းဘယ္လိုေတြရွင္သန္ခဲ့လည္းဆိုတာကိုေတာင္ ေတြးမိတယ္"

"အင္း..ဟုတ္တယ္"

မာမားေရွာင္က ေျပာလာတယ္၊

ေရွာင္ရီ သြားတိုက္ရင္း, ဧည့္သည္ မဟုတ္ေတာ့ပဲ ေနရာပင္လဲသြားၿပီး ဘာေၾကာင့္လုက်ိဳးႏွင့္ သူ႕အေမက သူ႕ကိုအတူတူဆူပူေနတာလဲဆိုတာကို ေတြးေနမိတယ္။

"ေရွာင္လု !"

ပါပါးေရွာင္က ဧည့္ခန္းထဲ၌ သတင္းစာဖတ္ရင္း ေျပာလာတယ္၊

" မင္းအခု ဘာစီးပြားေရး လုပ္ေနတာလဲ?"

"ကြၽန္ေတာ္က အႏုပညာနယ္ပယ္မွာပါ"

မေန႕ညက အလုပ္ရႈပ္ေနတာမို႔ ေရွာင္ရီက
လုက်ိဳးကို သူ႕သူေဌးလို႔သာ မိတ္ဆက္ေပးခဲ့တာမို႔
ပါပါးေရွာင္ကသူ႕မ်က္စိေရွ႕ရွိ ေကာင္ေလး မွာမူ
​ေထာင္ေပါင္းမ်ားစြာေသာလူေတြၾကား မထင္မွတ္
​ေလာက္ေအာင္ ေက်ာ္ၾကားသူဆိုတာကို သတိမျပဳမိခဲ့ဘူး၊ ပါပါးေရွာင္က တီဗြီ ရီမုကို ယူၿပီး ခ်န္နယ္ အခ်ိဳ႕ကို ေျပာင္းလိုက္ရင္း ေျပာလာတယ္၊

" ေဘဂ်င္းမွာ ကုမၸဏီဖြင့္ေနတဲ့ ငါ့ တပည့္
တစ္ေယာက္ရွိတယ္၊ မင္းလိုပဲ အရမ္းေတာ္တယ္၊ခုဆိုအလုပ္အကိုင္ေကာင္းၿပီးခ်မ္းသာေနၿပီလို႔ သတင္းေတြေတာ့ ၾကားရတာပဲ"

"ပါး, သတင္းေတြကလည္းယုံရတာမဟုတ္ဘူး"

"ဘာလို႔မယုံရတာလဲ?"

ပါပါးေရွာင္က ေဆြးႏြေးေနတဲ့ အေၾကာင္း
အရာကို ေျပာင္းလိုက္တယ္၊

" ေဘဂ်င္းက အိမ္ေစ်းေတြကမင္းေျပာသေလာက္လည္း မျမင့္ဘူးထင္တယ္,တိုင္းျပည္ကလည္း လူတိုင္းအေပၚစဥ္းစားေပးတာပဲ, တစ္စတုရန္းကို ယြမ္ 10000 ေလာက္ကအမ်ားဆုံး ပါ!.ဘယ္လိုလုပ္18000ျဖစ္နိုင္မွာလဲ! တမင္ခ်ဲ့ကားေျပာတာ ...အပိုေတြ !"

ေရွာင္ရီ :"....."

"ငွားတဲ့ အိမ္ေတာင္ တလကို ယြမ္ 400ပဲ ရွိတာဆို, မင္း ပိုက္ဆံေတြ ေလွ်ာက္သုံးေနမယ့္အစား အစိုးရမွာ အိမ္ရာဝယ္ယူခြင့္ေလွ်ာက္လိုက္ ,ငါသတင္းေတြထဲ ေတြ႕တယ္"

ေရွာင္ရီ :"......"

လုက်ိဳး :"......."

"ေဘဂ်င္းက နိုင္ငံရဲ႕ နိုင္ငံေရးနဲ႕ ယဥ္ေက်းမႈ ေတြရဲ႕ ဗဟိုခ်က္ျဖစ္ေနတယ္"

လုက်ိဳးက ေခါင္းစဥ္ေျပာင္းလိုက္တယ္၊

" ေျမာက္ဘက္မွာ အလုပ္တစ္ခုရလို႔
အကယ္၍မ်ား တိုးတက္ရင္အရမ္းေကာင္းပဲ"

ေရွာင္ရီ ရဲ႕ ဖခင္က အနီးမႈန္မ်က္မွန္ ျဖင့္
လုက်ိဳး ကို အေဝးကေန တခ်က္ၾကည့္ၿပီး
ေျပာလာတယ္၊

" ငါ မၾကာေသးမီက နယ္ခ်ဲ့ ေတာ္လွန္ေရး
ဇာတ္ကား ကို ၾကည့္လိုက္ေသးတယ္၊
မင္းက အဲ့ထဲက မင္းသားနဲ႕တူတယ္"

လုက်ိဳးက တခစ္ခစ္ရယ္ေနစဥ္ ေရွာင္ရီ ရဲ႕ မိခင္က ေျပာလာတယ္။

" ဝမ္ေကာ္ရီ !မင္းက ဝမ္ေကာ္ရီ နဲ႕ တူတယ္"

လုက်ိဳး:".........."

ေရွာင္ရီ :".........."

ဝမ္ေကာ္ရီ က လုက်ိဳး ရဲ႕ဇာတ္ေကာင္နာမည္ျဖစ္တာ
မို႔ ေရွာင္ရီက လုက်ိဳး မ်က္ႏွာတည့္တည့္သို႔ ယာဂုေတြပင္ ေထြး မိမတတ္ ျဖစ္သြားတယ္၊ရယ္ခ်င္စိတ္ကို ၿမိဳသိပ္ရင္း
အရံဟင္းလ်ာေတြနဲ႕ ဂ်ဳံယာဂုကိုဆက္စား
ေနလိုက္တယ္၊ ဒူမိုင္ကလုက်ိဳးရဲ႕လက္
ေထာက္ ျဖစ္ေၾကာင္း ထုတ္ေဖာ္မေျပာဖို႔
သတိေပးခဲ့တာမို႔ေရွာင္ရီဘာမွဝင္မေျပာဝံ့ဘူး။

သို႔ေသာ္, အကယ္၍ လုက်ိဳးကိုယ္တိုင္ ေျပာမယ္ဆိုရင္ေတာ့ ေရွာင္ရီ ႏွင့္ မသက္ဆိုင္ဘူး၊လုက်ိဳး ရဲ႕
မ်က္လုံးေလးေတြက ရိုးရွင္းစြာပင္ေတာက္ပေနၿပီး ခုလိုအေျခအေနမ်ိဳးကို သူကိုယ္တိုင္သာကိုင္တြယ္ေျဖရွင္း
ရမည္ပင္၊

" ဒီႏွစ္ရဲ႕ နယ္ခ်ဲ့ေတာ္လွန္ေရး ကားေတြက
ယခင္ႏွစ္ေတြထက္ပိုေကာင္းတယ္"

"ဟုတ္တယ္...ဟုတ္တယ္"

မာမားေရွာင္က ေထာက္ခံတယ္၊

"သူ႕အေဖ နဲ႕ အန္တီက တ႐ုတ္နိုင္ငံရဲ႕တီဗြီ
စီးရီးေတြကို ၾကည့္ရတာအရမ္းႀကိဳက္တယ္"

"ေရွာင္လု..အာ"

ပါပါးေရွာင္က စိတ္အားထက္သန္ စြာျဖင့္
ေျပာလာတယ္၊

ေရွာင္ရီ ထံသို႔ ခ်က္ျခင္းပင္ ထူးဆန္းေသာ
ႀကိဳတင္သတိေပးခ်က္ တစ္ခု ရရွိေနတယ္။

လုက်ိဳးကလည္းၿပဳံးလ်က္ပါပါးေရွာင္ကို
လွမ္းၾကည့္ေနတယ္၊

"ေရွာင္လု , မင္းလက္ထပ္ၿပီးၿပီလား?"

"အာ...ကြၽန္ေတာ္လက္မထပ္ရေသးပါဘူး....
ကြၽန္ေတာ္ရည္းစားနဲ႕လမ္းခြဲလိုက္တာ
မၾကာေသးဘူး"

" ေရွာင္ရီရဲ႕ ဝမ္းကြဲညီမက ၿမိဳ႕ေတာ္စာတိုက္မွာ
အလုပ္လုပ္တယ္ႏွစ္သစ္ကူးကိုျပန္လာမွာ "

"ပါး, လုံေလာက္ၿပီ ! "

ျပတင္း အျပင္ဘက္ဆီမွ မိုးႀကိဳးပစ္ခ်ခံရ
သလိုပင္ ေရွာင္ရီ မ်က္ရည္စက္လက္ျဖင့္
တားျမစ္လိုက္တယ္၊

" ထပ္မေျပာနဲ႕ေတာ့ !"

လုက်ိဳးက ရယ္ေနတာမို႔ ပါပါးေရွာင္ကေျပာလာတယ္၊

" ဘာလဲ , ေရွာင္ရီ , ဘာထျဖစ္တာလဲ?
မင္းညီမေလးနဲ႕ေရွာင္လုကလိုက္ဖက္ပါတယ္..."

လုက်ိဳးက လက္ကာျပရင္း,

"ကိစၥမရွိဘူး...ကိစၥမရွိဘူး....ေလာေလာဆယ္ကြၽန္ေတာ္ အိမ္ေထာင္ျပဳဖို႔ အစီအစဥ္မရွိေသးပါဘူး"

ညစာစားၿပီးတဲ့ေနာက္, ေရွာင္ရီကသူ႕မိခင္တို႔ အတူ ထိုင္ရင္းေရွာင္ရီက ပန္းေရာင္ပိုက္ဆံ အထပ္လိုက္ေလးကိုင္ထားၿပီးအထူအေနအထားအရ ယြမ္ ႏွစ္ေသာင္း ဝန္းက်င္ခန့္ရွိတာမို႔ မာမားေရွာင္က ေျပာလာတယ္၊

" မင္း အေဖနဲ႕ ငါက အၿငိမ္းစားေတြမို႔
ပိုက္ဆံ အမ်ားႀကီး မလိုဘူး"

သူတို႔ ထပ္ေျပာလာမွာကို သတိထားမိၿပီး
ဒီလို အတိုင္းဆက္သြားပါက ေရွာင္ရီနဲ႕
သေဘာထားကြဲလြဲေတာ့မွာမို႔,

"ေဘဂ်င္းမွာ ဆို ကြၽန္ေတာ္ကက်ိဳးေကာနဲ႕
အတူ ေန အတူစားတယ္၊ကုမၸဏီကလည္း
ပိုက္ဆံရတယ္၊ကြၽန္ေတာ္ အတြက္ပိုက္ဆံ
အမ်ားႀကီး မလိုဘူး"

"ဒါဆို မင္းအတြက္ သိမ္းထားေပးမယ္"

"မားလက္ထဲ ကိုင္ၿပီး ဒီပိုက္ဆံေတြကို သုံးပါ"

ေရွာင္ရီ ေျပာလာတယ္၊

" စားဝတ္ေနေရးစရိတ္အတြက္သုံးလို႔ရတယ္၊
ပုံမွန္ေန႕ေတြမွာလည္းေကာင္းေကာင္းစားၿပီး ဒီႏွစ္မိသားစု ျပန္လည္ဆုံတဲ့ညစာစားပြဲအတြက္လည္း စားေသာက္ဆိုင္
ကေန ေအာ္ဒါ မွာလိုက္"

မာမားေရွာင္က ေျပာလာတယ္,

"ဒါက မင္းပင္ပင္ပန္းပန္းနဲ႕ ရွာထားရတဲ့ ပိုက္ဆံေတြေလ,ငါတို႔ဘယ္လိုလုပ္သုံးရက္ မွာလဲ "

ဒါေပမယ့္ သူမရဲ႕ မ်က္ႏွာမွာေတာ့ေက်နပ္ပီတီ ေတြနဲ႕
အတူေငြေတြကိုေရတြက္ရင္း ထိုင္ေနတယ္ ။

လုက်ိဳး : " ေရွာင္ရီ "

ေရွာင္ရီက သူဘာေျပာခ်င္တာလဲဆိုတာကို
သိေနတာမို႔ ,ခ်က္ျခင္း ထေျပာလိုက္တယ္၊

" မဟုတ္ဘူး...က်ိဳးေကာ "

ေရွာင္ရီက သူ႕မိဘေတြကို ရွင္းျပတယ္,

" က်ိဳးေကာ က ကြၽန္ေတာ့္ ကို လစာေပးတာ ,
ႏွစ္ကုန္ ေဘာနပ္လည္း ထပ္ေပးထားတယ္"

"မင္း လုပ္သင့္တယ္ေလ"

"ဟင့္အင္း...ခ်စ္တယ္ေနာ္ က်ိဳးေကာ ,
အဲ့လို မလုပ္နဲ႕ , ကြၽန္ေတာ္အဝတ္ေတြသြားျပင္
လိုက္ဦးမယ္,ကြၽန္ေတာ္တို႔အျပင္ထြက္ ၾကမယ္"

"ငါဘာသာလုပ္ပါ့မယ္, မင္း အလုပ္ရႈပ္ေနၿပီ"

လုက်ိဳး အခန္းထဲကို ဝင္သြားတဲ့ အခ်ိန္ ,
မာမားေရွာင္က ေျပာလာတယ္၊

"ေရွာင္ရီ , မင္းညီက ရည္းစားရၿပီ ,.
ကားတစ္စီးလည္း ဝယ္ခ်င္တယ္တဲ့..."

"အိုး!....ပိုက္ဆံ ဘယ္ေလာက္လိုလို႔လဲ?"

"သူေျပာတာေတာ့ ယြမ္ႏွစ္သိန္း တဲ့, မင္း အေဖနဲ႕
ငါေတာင္ သူ႕ကို အရမ္း ေစ်းႀကီးတယ္လို႔ ေျပာလိုက္
မိေသးတယ္"

"ကားက ယြမ္ ႏွစ္သိန္းေတာင္ !.....သူေဌးေတြပဲ ဝယ္နိုင္မယ္...ကြၽန္ေတာ္သူ႕ကို ေျပာမယ္...ဝယ္စရာကို မလိုဘူး၊ မင္း Santanaမစီးနိုင္လို႔ မိန္းမမရဘူးဆိုတာမ်ိဳး
လာမေျပာနဲ႕လို႔, လမ္းမေပၚမွာ ကိုယ္ပိုင္ကား မရွိတဲ့
သူေတြ ဒုနဲ႕ ေဒး အမ်ားႀကီးရွိတယ္ "

သူ႕မိဘေတြက ညီငယ္အေပၚ နည္းနည္း ဘက္လိုက္တာကို သူသိတယ္၊ သူညီက ဝူဟန္ကိုေတာင္ မသြားဘဲ မိဘေတြနဲ႕ အတူ ေနခဲ့တယ္၊သူတတ္နိုင္ရင္ေတာ့ကူညီခ်င္ပါတယ္၊ဒါေပမယ့္ ျပႆနာက သူ႕မွာ အဲ့ ဒီေလာက္ထိ
ပိုက္ဆံ အမ်ားႀကီးမရွိတာဘဲ။

"ယြမ္ တသိန္းတန္ေလာက္ဝယ္ရင္အဆင္္ေျပေလာက္ေသးတယ္...ေစ်းႀကီးတဲ့ ကားႀကီး ဝယ္ၿပီး သိမ္းထားလို႔လဲ မရဘူးေလ"

မာမားေရွာင္ ထို ကိစၥကို ေတြးၿပီး,

"ငါ သူ႕ကို မဝယ္ဖို႔ ေဖ်ာင္းဖ်ပါ့မယ္၊
အိမ္ေပါင္ထားတာေတာင္ မဆပ္နိုင္ေသးဘူး"

"အကယ္၍ သူႀကိဳက္တယ္ဆိုရင္လည္း
သူ႕မွာပိုက္ဆံရွိရင္ေတာ့ ဝယ္ေပါ့ , ေဘဂ်င္းမွာက
ကားတစ္စီး ရွိရင္ထီတစ္ေစာင္မျဖစ္
မေနဝယ္ရတယ္၊ဒါေတာင္ေမာင္းခ်င္တိုင္း ေမာင္းလို႔မရဘူး၊ဒီမွာက် သူေမာင္းလို႔ရတယ္၊ဒါလဲ အဆင္ေျပတာပဲ"

မာမားေရွာင္က ပိုက္ဆံေတြကို ေရတြက္ၿပီး ေနာက္
သူ႕မ်က္မွန္ကို ခြၽတ္ကာသက္ျပင္းခ်တယ္၊ေရွာင္ရီက ကားေသာ့ကိုယူၿပီး,

" ကြၽန္ေတာ္ က်ိဳးေကာနဲ႕ အျပင္သြားဦးမယ္,
ကြၽန္ေတာ္တို႔ ေန႕လည္စာ ျပန္မစားေတာ့ဘူး"

မေန႕ညက သူ႕မိဘေတြရဲ႕ အခန္းထဲမွာ တညလုံး
ဂိမ္းေဆာ့ေနတာမို႔ ေရွာင္ခြၽမ္းကထိုအခ်ိန္မွအိပ္ရာကထလာတယ္၊ေဘာင္းဘီရွည္နဲ႕ ဆြယ္တာဝတ္ဆင္ထားလ်က္ အခန္းထဲမွထြက္လာခ်ိန္ လုက်ိဳးရဲ႕ မက္စ္အုပ္မထားတဲ့
မ်က္ႏွာကို ေတြ႕ လိုက္ရတဲ့အခါ႐ုတ္တရက္ ပါးစပ္ေလးက အို ပုံစံ ပြင့္ဟလာၿပီးထိတ္လန့္ တၾကား ေဝခြဲ
မရဟန္ျဖင့္ေလွ်ာက္လာရင္း အေသအခ်ာ အနီးကပ္ၿပီး ၾကည့္တယ္၊

"ခင္ဗ်ား....လုက်ိဳး မလား?"

ေရွာင္ခြၽမ္း တစ္ေယာက္ ကမၻာသစ္ႀကီး
တစ္ခုကို ရွာေဖြေတြ႕ရွိသြားေလၿပီ၊ ေရွာင္ရီကေတာ့သူ႕မိသားစုလုပ္တာနဲ႕ သူေတာ့
အလုပ္ျပဳတ္ေတာ့မယ္လို႔ေတြးလိုက္မိတယ္၊
လုက်ိဳးက ၿပဳံးျပရင္း ေျပာလာတယ္၊

"အင္း...ငါက လုက်ိဳးပါ ..ရႈး ..."

ေရွာင္ခြၽမ္းကေတာ့ ထေအာ္တယ္

"ဝိုး....!"

အလ်င္အျမန္ပင္ေအာက္ထပ္သို႔ဆင္းၿပီးသူ႕မိဘေတြကို ေျပးေျပာရန္ အျပင္ ေရွာင္ရီႀကဳံးဝါးလိုက္တယ္၊

" မသြားနဲ႕...ေျပာလည္း မေျပာနဲ႕!.,
မင္းေျပာရင္..အေသပဲ !
ဘယ္သူ႕ကိုမွလဲ မေျပာနဲ႕ !"

ေရွာင္ခြၽမ္း အလြန္အမင္းထိတ္လန့္သြားၿပီး ေရွာင္ရီက
မည္သူ႕ကိုမွ မေျပာခိုင္းေသာ္ လည္း ေရွာင္ခြၽမ္း အတြက္ကေတာ့မူ အျပည့္အဝနားလည္ပုံမရေၾကာင္းမ်က္ႏွာ အမူအရာက ျပသေနတယ္ ၊ထို႔ေၾကာင့္ေရွာင္ရီက သူ႕ကားကို ၿခိမ္းေျခာက္ဖို႔ အတြက္ သုံးလိုက္တယ္၊

"တကယ္လို႔ မင္း ဒီကိစၥကို ေျပာမယ္ဆိုရင္,
မင္းကားေတာ့ သြားၿပီ "

ထိုအခါမွ ေရွာင္ခြၽမ္းက ေျပာလာတယ္၊

" ကြၽန္ေတာ္ဘာမွမေျပာပါဘူး!
ကြၽန္ေတာ္ေသေတာင္ မေျပာဘူးဗ်ာ !"

လုက်ိဳး :"....."

ေရွာင္ရီ က ကားျဖင့္ ၿခိမ္းေျခာက္ျခင္းက
အထိေရာက္ဆုံးဆိုတာကို သူသိတယ္၊
လုက်ိဳးအတြက္ ဝတ္ဆင္ရန္ ျပင္ဆင္ေပးၿပီး
သိုးေမႊးဦးထုပ္ေလးအား နား႐ြက္လုံေအာင္
ေဆာင္းေပးလိုက္တယ္၊ထို႔ေနာက္ ေဘာင္းဘီရွည္ ,
အားကစားဂ်ာကင္နဲ႕ ဖိနပ္တို႔ကို ျပင္ဆင္ၿပီး
အျပင္သို႔ထြက္လာၾကတယ္။

W 7218
6.12.2021...7.12.2021

........................................................................

Đọc tiếp

Bạn Cũng Sẽ Thích

58.7K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
351K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
139K 15K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...