..လုကျိုး က သူ့နဖူးလေးကို လက်ဖြင့်ထောက်လိုက်ချိန် လင်းယော့သည်လည်း အခန်းထဲသို့ ဝင်လာပြီး နောက်မေးလာတယ်။
"ဘာတွေဒီလောက်သဘောကျနေကြ
တာလဲ?"
"ဟားဟားဟားဟား....."
ဒူမိုင်က လင်းယော့အား ဆားအိတ်ကို
မကိုင်ပြီး ပြလာတယ်၊
"ငါ ဒီ ကုမ္ပဏီကို ဖွင့်တဲ့အချိန်ကစပြီး
ရှောင်ရီလို လက်ထောက်တစ်ယောက်
ရလာ တာကို ငါ လုံးဝနောင်တမရတော့ဘူး....ဒီလို ချစ်စရာကောင်းတဲ့လက်ထောက် မျိုး ငါ တခါမှမမြင်ဖူးဘူး....ဟားဟား ......"
လင်းယော့သည်လည်းရယ်မောရင်း ဆိုဖာတွင်ဝင်ထိုင်လာတယ်၊ ရှောင်ရီကတော့ ခုထိ
မြူခိုးတွေ တိမ်တွေကြားလမ်းပျောက်နေဆဲ။
ဒူမိုင်က ဆားထုပ်လေးကို ကိုင်ပြီး အံဆွဲထဲသို့
ထည့်လိုက်တယ်၊သူမခမျာ ရယ်ရလွန်းတာမို့ ဗိုက်ကြောတွေတောင်နာလာတယ်၊နောက်ဆုံးတွင်ငြိမ်သက်သွားရာမှပြောလာတယ်။
"ရှောင်ရီ...လာ ....မင်းရဲ့ အလုပ်အကြောင်းပြောရအောင်!!"
"အမ်...ဆားဝယ်ပေးရဦးမှာလား ?
ခုနဘာဖြစ်တာလဲ ?"
ရှောင်ရီက အူတိအူကြောင်ဖြင့် ပြန်မေးလာတယ်။
ဒူမိုင်က လက်ခါပြလာတယ်၊လုကျိုးက သူ့ကို
ပြုံးပြပြီး ပြောလာတယ်။
"မင်း အပြင်ခဏ ထွက်နေလိုက်...ဥက္ကဋ္ဌဒူနဲ့
ငါ စကားပြောစရာရှိလို့ "
"ဟုတ်ကဲ့"
ရှောင်ရီ အပြင်သို့ ထွက်လာပြီး တံခါးပိတ်လိုက်တယ်။
သူ့ရဲ့ အစမ်းခန့်ကာလကဒီနေ့ ဆို တရားဝင်ကုန်ဆုံးသွားပြီမို့ သူအနည်းငယ် စိုးရိမ်နေမိတယ်၊ ဒီသုံးလအတွင်းမှသူ့လုပ်ဆောင်မှုတွေက တိုးမြှင့်လာမယ့်လစာဖြင့် အလုပ်ဆက်လုပ်ရမည်လား သို့မဟုတ် လုကျိုး အတွက်
အလုပ်ဆက်လုပ်ပေးခွင့် မရှိနိုင်တော့ဘူးလားဆိုတာကို ဆုံးဖြတ် ကြလိမ့်မယ်။
လုကျိုးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ဒီကာလတွေမှာ သူအလွန်ပင် အလေးအနက်ထားခဲ့တယ်၊ရှောင်ရီ ဆက်ပြီး အလုပ်လုပ်ရခြင်း ,မလုပ်ရခြင်းက လုကျိုးရဲ့ သဘောကျကျေနပ်မှု မပါလျှင် သူတကယ်ပင်အလုပ်ဆက်လုပ်ရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်သူ့မှာရှိတယ်၊ဒါပေမယ့် ပထမလက်ထောက်ကိုတောင် လုကျိုးက ထုတ်ပစ်လိုက်တယ်လို့
သူတို့ ပြောထားဖူးတယ်မလား ?
မျှော်လင့်ချက်မဲ့နေတဲ့ရှောင်ရီ တစ်ယောက်
ရုတ်တရက် အခန်းထဲမှ လုကျိုးရဲ့ဒေါသထွက်နေပုံရနေတဲ့ အသံကိုထပ်မံ၍ ကြားလိုက်ရတယ်။
"သူ့ကို ? သူဘာမှမလုပ်နိုင်ဘူး!
ဘာမှမလုပ်တတ်ဘူး၊ သူ့ မှာရုပ်လေး
ကြည့်ကောင်းတာ တစ်ခုပဲရှိပြီး တကယ်တမ်းကျ သူဘာမှ နားမလည်ဘူး၊ သူကဘာမှသုံးလို့ စားလို့ မရဘူး!!"
ရှောင်ရီ နှလုံးခုန်သံတွေရပ်သွားပြီး ချက်ခြင်းပင် ဝမ်းနည်းလာတယ်။
အဲ့ဒါဆို ? "ငါအလုပ်တွေ အရမ်း ကြိုးစားခဲ့တယ်မဟုတ်လား? "လို့ ရှောင်ရီ တွေးနေမိတယ်။
လုကျိုးကို သူတကယ်ကြီး နားလည်တယ်
လို့ ထင်ခဲ့ပေမယ့် ဒီတခါတော့ လုကျိုးက တကယ်ကြီး ထူးဆန်းတယ်လို့ သူခံစားမိတယ်၊ခံစားချက်က ခံစားချက်ဆို အလုပ်ကလည်း အလုပ်ပဲလေ၊သူ့မှာရှိသမျှ အားအင်တွေနဲ့ အားသွန်ခွန်စိုက်ကြိုးစားခဲ့တာတောင်, မလုံလောက်နိုင်ဘူးတဲ့လား။
အခန်းထဲမှအသံတွေ တိတ်ဆိတ်သွားပြီးနောက် ဘာမှထပ်မကြားရတော့ဘူး။
ရှောင်ရီထပ်ပြီး တွေးနေမိပြန်တယ် ...
သူ့ဘက်ကသာ လုကျိုးကို ခင်တွယ်တဲ့
ခံစားချက်တွေရှိလာခဲ့ပေမယ့်,လုကျိုးကတော့,.သူ့အတွက်နဲ့ ဘာခံစားချက်မှာ
ရှိမှာမဟုတ်လောက်ဘူး၊သူလုကျိုးရဲ့လက်
ထောက်ဖြစ်ခဲ့စဥ်က လုကျိုးကိုသူလည်းပဲဒုက္ခတွေ အများကြီး ပေးခဲ့ဖူးတယ်၊သူဆက်နေရသည်ဖြစ်စေ,.မနေရတော့ဘူးဖြစ်စေ,
လုကျိုး သူ့ကို ဂရုစိုက်ပေးခဲ့တာတွေအတွက်တော့ သူလုကျိုးကို ကျေးဇူးတင်မိတယ်။
စမ်းသပ်ကာလ ပြီးသွားပြီမို့ သူဆက်ပြီး
ဒီအသိုင်းအဝိုင်းနဲ့ ပတ်သက်ရဦးမှာလား?
ရှောင်ရီက သူ့ WeChatမှာ ရိုက်ကူးရေး အဖွဲ့သားတွေနဲ့ မိတ်ဆွေဖြစ်ထားတာကို သတိရပြီး အကယ်၍ ရိုက်ကူးရေး အဖွဲ့ထဲ အလုပ်ဝင်လုပ်လို့ ရမယ်ဆိုရင် သူတစ်လကို ဘယ်လောက်လောက်ရနိုင်လဲ ? အဲ့ဒီနောက်မှ
သန့်ရှင်းရေး လုပ်သားအဖြစ်အလုပ်ဝင်မယ်ဆိုရင်တောင် တစ်လကို ယွမ် 3000/4000ရတယ်ဆိုတဲ့အကြောင်းဒူမိုင်ပြောဖူးတာကို
သူပြန်သတိရမိတယ်။
ထိုအချိန် လုကျိုးက တံခါးကို တွန်းဖွင့်ပြီးပြောလာတယ်၊
"လာခဲ့...အထဲဝင်"
ရှောင်ရီအထဲသို့ဝင်လာပြီး စားပွဲရှေ့ရှိခုံတွင်ထိုင်လိုက်ရင်းသူ့စိတ်ထဲ အစစ်ဆေးခံနေရ
သလို ဖြစ်နေတယ်၊ လုကျိုးက ခြေတစ်ဖက်ချိတ် လျက် ဆိုဖာတွင် ထိုင်လိုက်ပြီး သူ့ဖုန်းထဲမှ ဂိမ်းကို ဆက်ကစားနေတယ်၊ရှောင်ရီ
လုကျိုး ကို ခိုးကြည့်လိုက်ပေမယ့် လုကျိုးက
ခေါင်းလေးတောင် မော့ကြည့်မလာဘူး။
"အဟမ်း!!"
ဒူမိုင်က ပြုံးပြီး ပြောလာတယ်။
"မင်း အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ၊ဒါကြောင့်မို့ ကုမ္ပဏီက မင်းကို ဆက်ပြီး ခန့်ဖို့ ဆုံးဖြတ် လိုက်တယ်"
"ကျွန်တော်လည်း ဒီ ကုမ္ပဏီမှာပဲ ဆက်ပြီး နေဖို့ မျှော်လင့်ပါတယ်...ကျွန်တော်...ကျိုးကော ရဲ့ အနားမှာပဲသူ့လက်ထောက်အဖြစ်
ပဲ ဆက်နေရဖို့ ...မျှော်လင့်တယ်"
ရှောင်ရီ လုကျိုးကို တချက်ကြည့်လိုက်
ပေမယ့် လုကျိုးက သူ့ကို အကြည့်လေး
တစ်ချက် တောင် စွန့်ကြဲမလာခဲ့ပြန်ဘူး။
"ဟေး!!"
လုကျိုးက တခါတရံ သူ့အတွက်တံတိုင်းကြီး တစ်ခုလိုပဲလို့ သူတွေးမိတယ်၊သူ့ဘက်က မည်မျှပင် စိတ်ဝင်စားမှုတွေ ပေးနေပါစေ,
လုကျိုးရဲ့ မျက်လုံးတွေထဲမှာတော့ သူ့ကို
ထည့်ပြီးတောင်စဥ်းစားမနေခဲ့ဘူး၊ဒါပေမယ့်
ဒါကလည်း ပုံမှန်ပါပဲလေ၊ သူ့မျက်စိထဲမှာတော့ ရှောင်ရီဆိုတဲ့သူက သူ့ရဲ့ပရိသတ်ထောင်ပေါင်းများစွာထဲက ပရိသတ်တစ်ယောက်အနေထက်တော့ ဘယ်ပိုနိုင်ပါ
လိမ့်မလဲ ?။
လင်းယော့က ရှောင်ရီအားလက်ဆွဲနှုတ်ဆက်လာတယ်၊ထိုအပြုအမူအတွက်သူ့ရင်ထဲနွေးထွေးလာခဲ့တယ်၊ဒူမိုင်က စားပွဲပေါ်မှစာရွက် စာတမ်းတွေကို ကြည့်ပြီး ပြောလာတယ်။
"အစမ်းခန့်ကာလအတွက် မင်းရဲ့လုပ်အားခကို မင်းဆီ ပို့ပြီးပြီ၊ မင်း ပြန်သွားတဲ့အခါ
တချက်စစ်ပြီး လက်ခံလိုက်၊ မင်း ပြန်လာတဲ့အခါ ပြန်တင်ပြလာတဲ့ စာရင်းတွေအရ ,
ဒီသုံးလအတွင်း ရိုက်ကူးရေး အဖွဲ့သားတွေကို ပေးတဲ့ အပိုထောက်ပံ့ကြေးတွေနဲ့ နှစ်ကုန် ဘောနပ်စ် အတွက် ရမှာတွေကို ထပ်ပေါင်းပေးထားတယ်၊ မင်းရဲ့ လစာကို လုကျိုးက
ဆက်ပေးလိမ့်မယ်၊ငါတို့က ကုမ္ပဏီရဲ့ငွေနဲ့ မင်းကို ပေးချင်ပေမယ့်လုကျိုးက သူပဲပေးမယ်လို့ ပြောတာမို့ ကုမ္ပဏီအကောင့်ကနေ မင်းလစာကို လက်ခံရပေမယ့် မင်းက သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ လက်ထောက်ပဲ "
"ဟုတ်ကဲ့....ဟုတ်ကဲ့ "
ရှောင်ရီ ချက်ခြင်းဘဲ ,
"ကျေးဇူးတင်ပါတယ် ,ကျိုးကော"
လုကျိုးကတော့ ဂိမ်းကိုသာသည်းကြီး
မည်းကြီး ဆက်ကစားနေဆဲပင်။
ဒူမိုင် ဆက်ပြောလာတယ်။
"တရားဝင်စာချုပ် တစ်ခု လုပ်ဖို့ကျတော့,
မင်း ဘက်က ငါတို့ကုမ္ပဏီနဲ့အချိန်ကန့်သတ် ချက်ရှိတာမို့ မင်းရဲ့ သဘောထား ကို
ငါတို့ လိုအပ်တယ် "
ရှောင်ရီ : "ဘယ်နှစ်နှစ်လောက်လဲ ?"
"အဲ့ဒါကျမင်းလိုချင်တဲ့နှစ်အပေါ် မူတည်တယ်, ကုမ္ပဏီမှာ ဘယ်နှစ်နှစ်နေဖို့
မင်းရည်ရွယ်ထား လဲ ?"
ရှောင်ရီ ဒီကိစ္စကို မစဥ်းစားရသေးတာမို့
ဒီပြသနာက နည်းနည်းတော့ ခက်မယ်ထင်တယ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်လောက်မှသူ့အတွက်အိမ်ဝယ်ဖို့ အပြင် အပိုငွေရဖို့ တောင် နည်းနည်းလေး ခက်နေသေးလောက်တယ်၊ နှစ်အနည်းငယ်လောက်ဘဲ လက်မှတ်ထိုးရမယ်ဆိုလည်း ထူးမခြားနားပင်,ဒီကြားထဲ အကြောင်း ကိစ္စတစ်ခုခု
ကြောင့်ကုမ္ပဏီဒေဝါလီခံသွားလျှင်ပင် ,သူ့ဘာမှလည်း လုပ်လို့ မရနိုင်ဘူး၊ ပြဿနာက ဘယ်နှစ်နှစ် ကြာမယ်ဆိုတာကိုသူမသိတာပဲ။
ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်း ရဖို့ဆိုတာက အလွန်အရေးကြီးတယ်၊အဆုံးသတ်တွင်သူ့ရည်မှန်းချက်က ဘာလဲ ဆိုတာကို ရှောင်ရီ ပြန်တွေးနေမိတယ်။
ဟိုအရင်သူရည်ရွယ်ခဲ့တာတော့, လက်ထပ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခုလုပ်မယ်,
အိမ်ဝယ်မယ်, ကားလေး တစ်စီးဝယ်မယ်,
သူ့မိဘတွေကို ဘေဂျင်းကို ခေါ်ပြီး အေးအေး ဆေးဆေးလေး ထားချင်တယ်,
အမှန်တကယ်တော့ ဘေဂျင်းမှာ ရှင်သန်နေမှုက အဆုံးမရှိတဲ့ အပင်နဲ့ ဖုတ်ကောင်တွေ တိုက်ခိုက်နေရသလိုပဲ၊သူ့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး အကောင်းဆုံးတွေနဲ့သာ
သူနေထိုင်ချင်တယ်။
နောက်တနည်းကကျ,ဘေဂျင်းတွင် လုံလောက်တဲ့ ငွေကြေးရပြီဆို , ကျေးလက်တောရွာလေးကို ပြန်ပြီး စီးပွားရေးလေး
လုပ်မယ်,ကားတစ်စီးဝယ်ပြီး အိမ်လေး တစ်လုံးဝယ်မယ်...
အဆုံးသတ်တွင် သူ့ဘဝရည်မှန်းချက်က
အနည်းဆုံးတော့,.ကားတစ်စီးနဲ့ အိမ်တစ်လုံး
ဝယ်ဖို့ပဲ ၊ ရှောင်ရီ အဲ့ဒီအကြောင်းတွေ တွေးမိတော့ အတော်လေး ဝမ်းနည်းလာတယ်။
သူရဲ့ဒုတိယ အစီအစဥ်ကိုအကောင် အထည်ဖော်မယ်ဆို သူ့ဘဝတစ်လျှောက်လုံး ကုမ္ပဏီမှာပဲ အလုပ်လုပ်ရဦးမယ်။
"မင်း ဦးနှောက်တွေ ရှော့ ဖြစ်သွားပြီလား?"
လုကျိုးပြောလာတယ်။
"ဥက္ကဋ္ဌဒူ မင်းကို မေးနေတယ်!!"
ရှောင်ရီ အဲ့ဒီတော့မှ ပြန်သတိဝင်လာပြီး
လုကျိုးကလည်းဒူမိုင်ကို ရှင်းပြတယ်။
"သူ့စိတ်က တစ်လမ်းသွားပဲ ...တချိန်တည်းမှာ ပြဿနာမျိုးစုံကို သူအများကြီး
မကိုင်တွယ်တတ်ဘူး, သူ့ကို နားလည်ပေးဖို့
လိုတယ် "
"ဟားဟား...."
ဒူမိုင်က လုကျိုးစကားကြောင့်ရယ်မောပြီး
ပြောလာတယ်။
"မင်းတို့ နှစ်ယောက်က တကယ့်ဟာသပဲ,
နောက်ဆိုမင်းတို့နှစ်ယောက်ကို ကြည့်ပြီး
ဟာသ ကာတွန်းတွေတောင် ဖန်တီးလို့
ရနိုင်လောက်တယ်'
လုကျိုးက ဒူမိုင်ရယ်စရာပြောနေတာကို
သိတာမို့ သူ့မျက်နှာကို မဲ့ပြီး ပြောလာတယ်။
"ဘာလဲ ...သူ့ကို အားကိုးပြီးတော့လား?"
ထို့နောက် သူ့ဂိမ်းကိုဘဲဆက်ကစားနေတယ်။
"ကာလအတိုဆုံး...အတိုဆုံးကာလက
ဘယ်လောက်လဲ ?"
ရှောင်ရီမေးလိုက်တယ်။
"အရိုးသားဆုံးပြောရရင်, ဥက္ကဌဒူ, ဒီရာထူးအတွက် ကျွန်တော့်မှာ အရည်အချင်း အလုံအလောက်မရှိသေးဘူး"
လုကျိုးက အသက်ပြင်းပြင်းတချက်ရူလိုက်ပြီး သူ့မျက်နှာအမူအရာက ချက်ခြင်းပင်ပြောင်းလဲသွားတယ်၊ ထို့နောက် ဒေါသမျက်ဝန်းတွေနဲ့ ခေါင်းမော့ကြည့်လာတယ်။
ရှောင်ရီကတော့ အရိုးခံလေး အတိုင်း ပြောလာတယ်။
"ကျွန်တော် ကျိုးကောအတွက် အလုပ်လုပ်ပေးတဲ့အခါ, ကျွန်တော်သူ့ကို စိတ်ရှုပ်အောင်
လုပ်မိသေးတယ်..."
ဒူမိုင်က သူ့ကို နှစ်သိမ့်လာတယ်။
"မင်းကောင်းကောင်းလုပ်နိုင်ပါတယ်,
သူကလူတိုင်းကို သဘောမကျဘူး, မင်းကိုတော့ သူနှစ်သက်တယ်, မင်းအဲ့လောက်
အများကြီး တွေး မနေနဲ့ "
"မဟုတ်ဘူး..."
"ဘာကို မဟုတ် ရမှာလဲ မင်းမေတဲ့မှ!
မင်းဘယ်သူ့ကို လာပြီး ကျိုးနွံပြနေတာလဲ?
မင်း မလုပ်ချင်ဘူးဆို ခုချက်ခြင်း ရှင်းရှင်း
လင်းလင်း ပြောလိုက် !!"
လုကျိုးက စိတ်မရှည်စွာ မတ်တပ်ရပ်ပြီး
ပြောလာတယ်။
"ငါမင်းကိုအတင်းအဓမ္မလက်ခံခိုင်းနေလို့လား ?"
ရှောင်ရီ အလျင်အမြန် ပြောလိုက်တယ်။
"ကျွန်တော်တောင်းပန်ပါတယ်, ကျိုးကော,
ကျိုးကော အထင်လွဲနေပြီ, ကျွန်တော်အဲ့ဒီ သဘော ပြောတာမဟုတ်ဘူး!!"
လုကျိုး ထပြီး ထွက်သွားဖို့ လုပ်စဥ်
လင်းယော့ အလျင်အမြန်တားဆီး လိုက်တယ်။
"အိုကေ..အိုကေ...လုကျိုး.. မင်းအဲ့လောက်ထိ ဒေါသမထွက်ပါနဲ့ "
ရှောင်ရီ အနည်းငယ် ရှက်ရွံ့နေပေမယ့်
လုကျိုး ရဲ့ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရတဲ့အခါ,ရှောင်ရီ ဝမ်းနည်းလာတယ်။
" ကျိုးကောသာ နောက်ပိုင်း ကျွန်တော့်ကို
မငြီးငွေ့ ဘူးဆိုရင်, ကျွန်တော် အမှန်တကယ်
သူ့လက်ထောက်အဖြစ် သူ့နောက်ကိုပဲ
လိုက်ချင်တာ, ရုပ်ရှင်တစ်ကားရိုက်ရင် အရမ်း ပင်ပန်းပေမယ့်, ဘယ်လောက်ကြာကြာ အဲ့ဒါက ပြဿနာမဟုတ်ဘူး၊ ကျွန်တော့်
Idolနဲ့ အတူ ရှိရတာ တကယ့်ကိုပျော်စရာကောင်းတယ်, ဒါက ကျွန်တော့် ဆန္ဒအမှန်ပါ"
"ငါသိပါတယ်"
ဒူမိုင်က ပြုံးပြီး ပြောလာတယ်။
"လုကျိုး, မင်း ဘယ်လို စဥ်းစားလဲ ?"
"အဲ့ဒါက သူ့အပေါ်ပဲမူတည်တယ်"
လုကျိုး ဘောက်ဆတ်ဆတ် ဖြင့် ပြောလာတယ်။
ဒူမိုင်က ပြောလာတယ်။
"အရင်ဆုံးသုံးနှစ်လောက်ပဲစာချုပ်ချုပ်
ကြည့်မယ်ဆိုရင်ရောဘယ်လိုသဘောရလဲ?"
"ဟုတ်ကဲ့ "
ရှောင်ရီ တကယ်ကြီး မရွေးချယ်ချင်ဘူး,
အကယ်၍များ သူ့အတွက် ရွေးချယ်ခွင့်သာရှိမယ်ဆိုရင်, နှစ်တွေအကြာကြီး စာချုပ်ချုပ်ချင်တယ်, ဒါပေမယ့် လုကျိုးကသာသူ့ကို
ငြိုငြင်ပြီး,ဒေါသထွက်ပြီး , လူပြောင်းဖို့
တောင်းဆိုလာရင် ရှောင်ရီ ဒီ ကုမ္ပဏီမှာ
ဆက်မလုပ်ဖြစ်လောက်ဘူး၊ နိဂုံးချုပ်ပြောရမယ်ဆိုရင်, ဒီအလုပ်က အရမ်းပင်ပန်းတယ်,
သူ့နတ်ဘုရားရဲ့ လက်ထောက်အဖြစ်မလုပ်ရဘူးဆိုပါက သူဆက်မလုပ်နိုင်လောက်ဘူး။
ဒူမိုင်က လင်းယော့ကို မေးလာတယ်။
"သုံးနှစ်စာချုပ်တွေဘယ်မှာလဲ ?"
"သူ ဒူကျဲရဲ့ စာချုပ်မှာ လက်မှတ်မထိုးချင်ဘူးထင်တယ်"
လုကျိုးက ဒေါသတကြီး ထအော်လာတယ်,
" မင်း ငါနဲ့ မနေချင်ရင်,ခုချက်ခြင်းအိမ်ပြန်!မင်း အထုပ်တွေယူပြီးဆင်းတော့ ,အဲ့လိုဆိုရင်ရော ဘယ်လိုလဲ ?"
ရှောင်ရီ သူ့နှလုံးသားထဲက တောင်းပန်သံတွေနဲ့ အဆက်မပြတ်ငြီးငြူမိနေရင်း,
"ကျိုးကော...ကျွန်တော်အဲ့လိုသဘောပြောတာမဟုတ်ပါဘူး... ကျွန်တော်ကျိုးကောကို
ချစ်တယ်လေ ...နော် "
လုကျိုး :"........."
ရှောင်ရီရဲ့ စကားလေးကြောင့် ချက်ခြင်းငြိမ်ကျသွားတဲ့ လုကျိုးကို ကြည့်ပြီး ဒူမိုင် ထပ်ရယ်မိပြန်တယ်၊ရှောင်ရီပြောလာတယ်။
"အကယ်၍ကျွန်တော်ကောရဲ့ လက်ထောက် မလုပ်ရတော့ဘူးဆိုရင်, ကျွန်တော် ဒီ ကုမ္ပဏီမှာ ဆက်မနေတော့ဘူး, ကျွန်တော့်မိဘတွေကိုပဲဂရုစိုက်တော့မယ်, ကျွန်တော့်အမေက ကျွန်တော့်ကို ပြန်လာခိုင်းနေတာကြာပြီ,
ကျွန်တော် ကောနဲ့ နေချင်လို့ , လစာအများကြီး မရဘူးဆိုရင်တောင်, ကျွန်တော် ဒီအလုပ်ကိုပဲ လုပ်ချင်တယ်, ကောက
ကျွန်တော့်ကို အများကြီး သင်ပေးခဲ့တယ်, အိပ်မက်မက်ခွင့်လည်းမရှိသလိုလူတိုင်းလည်းဒီလိုအခွင့်အရေးမျိုးရတာ
မဟုတ်ဘူးလေ"
လုကျိုးက မေးလာတယ်,
"မင်းမိဘတွေက ...နေမကောင်းဘူလား?"
"မဟုတ်ဘူး...မဟုတ်ဘူး"
ရှောင်ရီ အလျင်အမြန်ပဲ ရှင်းပြလိုက်တယ်။
"သူတို့က ဘေဂျင်းမှာ ကျွန်တော် နာမည်
မရဘူး,.အဆင်မပြေဘူးလို့ ထင်နေကြတာမို့
အိမ်ပြန်လာဖို့ပဲအမြဲ တိုက်တွန်း နေကြတယ်,
အခုကျွန်တော့်ပုံစံကိုပဲကြည့် ! ကောင်မလေး တောင်မရှိတော့ဘူး , ကောအတွက်ကြောင့်သာမဟုတ်ရင်, ကျွန်တော် ဘေဂျင်းမှာနေဖို့
စဥ်းစားတော့မှာ မဟုတ်ဘူး "
လုကျိုးမျက်နှာပေါ်မှခက်ထန်မှုက အနည်းငယ်ပြေလျော့သွားတယ်၊ဒါပေမယ့်,
သူပြန်စဥ်းစားလိုက်တဲ့အခါ ဟာကွက်တစ်ခုကို ဖမ်းမိပြီး ချက်ခြင်းပင်ရှောင်ရီကို
လက်ချာပေးလာ ပြန်တယ် ။
"ဒါဆို မင်းကငါ့ကြောင့်အလုပ်လုပ်နေရတာလား?"
လုကျိုး ပြောလာတယ်။
"အဲ့လိုကျ ငါ့အတွက် အရမ်း တွေးပေးနေသလိုဘဲ, ဟုတ်ပြီ, ဒါပေမယ့်မင်းအတွက်
ကိုရောအလုပ်လုပ်ဖို့ စဥ်းစားဖူးလား ?"
မင်း ငါပြောတာနားလည်လား ?"
လုကျိုးက ခြေချိတ်ထိုင်ပြီး ဒေါ်လာတစ်သန်း တန်နာရီပတ်ထားတဲ့လက်ကို ဆန့်ထုတ်ကာ
ဖန်ခွက်ကို ကိုင်ပြီး လက်ဖက်ရည်ကို
တချက်မော့လိုက်တယ်။ထို့နောက်ဆက်ပြောလာတယ်။
" ဘေဂျင်းလို ပြေးလိုက် လွှားလိုက်ဖြစ်နေရ
မယ့်နေရာကို မင်းဘာကြောင့် ရွေးတာလဲ ?
ပြီးတော့ အခုချိန်ထိ မင်းစိတ်က ဂနာမငြိမ် ဖြစ်နေတုန်းပဲ၊မင်းဘဝကိုလည်းမင်းခုထိ
ရှာမတွေ့သေးဘူး၊မင်းရဲ့ကောင်မလေးက
မင်းကို ကျောခိုင်းပြီးဘာလို့ အရှုံးသမားလို့
ခေါ် ရတာ လဲ ?"
ရှောင်ရီ :"........."
~ငါ့ရဲ့ နတ်ဘုရားရယ် ခုလို ချည်းတော့မလုပ်ပါနဲ့, မင်းရဲ့ နေ့စဥ်အပြုအမူတွေနဲ့ မင်းရဲ့ စကားတွေက ပြီးခဲ့တဲ့ ရက်တွေအတွက်
ငါ့နှလုံးသားထဲက ပေးမှတ်တွေကနေအမှတ် 30နီးပါး လျော့သွားပြီ...ခုဆို 999999969
မှတ်ဘဲ ကျန်တော့တာ! မင်းငါ့ကို လက်ချာပေးချင်တာနဲ့ပဲ ခုလို တွေလျှောက်ပြောနေရင်, ဥက္ကဌဒူက ငါ့ကိုအထင်သေးတော့မယ်,
လုကျိုးက ထပ်ပြောလာပြန်တယ်,
"မင်းကို ငါဘာလို့ဆက်ခေါ်ထားလဲသိလား?"
ရှောင်ရီတစ်ယောက်လုကျိုးရဲ့ လက်ချာတွေကို တလေးတစားဖြင့် နားထောင်ဟန်ဆောင်နေရင်း သူ့ဘာသာပင်စဥ်းစားနေမိပြန်တယ်
~~ငါ့ကို ဘာလို့ဆက်ခေါ်ထားတာလဲဆိုတော့,
ငါက မင်းရဲ့ ဒေါသတွေကို ဖြေဖျောက်ပေးနိုင်တဲ့ မင်းနဲ့ လည်း အဆင်ပြေတဲ့ လေအိတ်လေး တစ်လုံးမို့လေ, ငါကမင်းကို ပြန်လည်း
မတိုက်ခိုက်နိုင်သလို ပြန်လည်းမပြောဘူးလေ~~~
"တော်ပြီ "
ဒူမိုင်က တကယ်ပင်ဆက်ပြီး ကြည့်မနေနိုင်တော့သည်မို့ ရှောင်ရီကို ပြုံးပြီး ပြောလာတယ်။
"မင်းက အကြောင်းအရာကိစ္စတွေကို ကိုင်တွယ်တဲ့အခါ, အမြဲတမ်းအကောင်းမြင်ပေးတတ်တယ်လို့ လုကျိုးက ပြောတယ်,
သူ့ရဲ့ ကိစ္စတွေကိုလည်း မင်းရဲ့ ကိစ္စတွေလို သဘောထားတယ်, အဖွဲ့သား သူငယ်ချင်းတွေကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး မင်းအလုပ်လုပ််နိုင်တာကိုလည်း
သူကမင်းကို ချိီးကျူးတယ်, မင်း ဒါကို ဆက်ပြီး ထိန်းသိမ်း ထားသင့်တယ်'
"အမ်!"
ရှောင်ရီ နည်းနည်းလေးရှက်သွားတယ်,
လင်းယော့ကသူ့အားစာချုပ်တွင်လက်မှတ်
ထိုးခိုင်းပြီးနောက် လုကျိုးက ထပြီး ထွက်လာခဲ့တယ်။
ဒူမိုင်က ပြောလာတယ်။
"မင်းရဲ့လစာကို ဒီမနက်ထဲက အကောင့်ထဲကို ထည့်ပေးထားတယ် "
"ကျေးဇူးတင်ပါတယ်!"
ရှောင်ရီ တစ်ယောက် ပစ္စည်းတွေကို အလျင်အမြန် ယူကာ လုကျိုး နောက်သို့
လိုက်လာခဲ့လိုက်တယ်။
လုကျိုးက ပထမထပ်သို့ဆင်းသွားသော်လည်း ကားဂိုဒေါင်ဆီသို့မရောက်သေး။
"ကျိုးကော ...ခုန ဥက္ကဋ္ဌဒူရဲ့ရှေ့မှာ ကျွန်တော် တကယ်အဲ့ဒီသဘော ပြောတာမဟုတ်ဘူး"
လုကျိုး လက်ကာပြလာတာမို့ သူအသံတိတ်နေလိုက်တယ်။
"ကျွန်တော်တို့ ဒီနေ့ နေ့ခင်းဘယ်သွားမှာလဲ?"
"ပြောရေးဆိုခွင့်ရှိသူကိစ္စ "
"ဆားဝယ်ဖို့ ?"
{T/N..ရုပ်ရှင်လောကမှာပြောရေး
ဆိုခွင့် ရှိသူ ဆိုတာ ကုန်ပစ္စည်းတစ်ခုရဲ့
ကြော်ငြာအတွက်ကို ဆိုလိုတာပါ !ဒီမှာ
လုကျိုးပြောတာက ထိုက်ယမ် လို့ပြောတာ ...ရှောင်ရီက နားစွန်နားဖျားနဲ့ မိုင်ယန် (ဆားဝယ်ဖို့)လို့ကြားသွားတာ }
"စီးပွားရေးကြော်ငြာတစ်ခုအတွက် !
ငါက အဲ့ဒီ ကုန်ပစ္စည်းမှာ spokenperson
ဖြစ်လာမယ် !"Lenovoက သူတို့ ကုန်ပစ္စည်းရဲ့ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ကမ်းလှမ်းထားတယ်, မင်းက ကုမ္ပဏီကို တကယ်ကြီး ဆားယူလာပေးတယ် ...အဲ့မှာလွဲတာမလား ...ဟမ်!"
"........"
လုကျိုး နေကာမျက်မှန်တပ်လိုက်ပြီးသူ့နှုတ်ခမ်း ထောင့်စွန်းလေး၌ ရယ်မြူးရိပ်လေးပင် သန်းနေလျက် ရယ်ချင်စိတ်အား
ထိန်းချုပ်ထားရသည်ကို ရှင်းရှင်းလင်းလင်းပင်မြင်နေရတယ်။
"ကျွန်တော်တို့ ကားနဲ့ သွားမှာမလား ?"
လုကျိုးက အသံတိုးတိုးဖြင့် ပြောလာတယ်။
"မင်းငါနဲ့ လိုက်ခဲ့"
အစောပိုင်းကတော့ သူတကယ်ကြီးမျက်နှာပျက်ရတယ်လို့တွေးနေမိတာ,
ခုကျရယ်စရာကြီး ဖြစ်နေပြီလို့ ရှောင်ရီတွေးမိတယ်။
လုကျိုး ပထမထပ်သို့ရောက်တဲ့အခါ,
အပြင်သို့ထွက်လာပြီး ရှောင်ရီကို အလျင်အမြန် ပြောလာတယ်။
လုကျိုး မေးလာတယ်။
"ကဒ်ကော?"
"ဟုတ်ကဲ့...ကျွန်တော်ယူလာတယ် "
ရှောင်ရီ ချက်ခြင်းပြောလိုက်တယ်။
"ကျွန်တော့်ဖုန်းကနေ အကောင့်ကို စစ်လို့ရတယ်...ခဏလေး !"
လုကျိုးက ရှောင်ရီကို ATMစက်ရှေ့သို့ဆွဲခေါ်လာလိုက်တယ်, ရှောင်ရီကတော့ သူ့ကိုယ်ပိုင်အကောင့်လေးကို ထိနေပေမယ့် လုကျိုးက စက်ရှေ့တွင်ရပ်ကာသူ့ပိုက်ဆံအိတ်ထဲမှကဒ်တစ်ကဒ်ကိုထုတ်ပြီး ATMစက်ထဲသို့ထည့်လိုက်တယ်။
"ကြည့် !" လုကျိုး ပြောလာတယ်။
ရှောင်ရီ : "?????"
ရှောင်ရီက ကီးဘုတ်ကို ငုံ့ကြည့်တယ်။
လုကျိုးက ရှောင်ရီခေါင်းကို ဂွက်ကနဲနေအောင် ခေါက် ပြီး ထအော်လာတယ်။
" screenကို ကြည့် !! ဘာကိစ္စမင်းက
ငါ့ Passwordကို လာကြည့်နေရတာလဲ !!"
"......"
ပြောပြောဆိုဆိုဖြင့် လုကျိုးကရှောင်ရီရှေ့မှာသူ့ စကားဝှက်ကို မကွယ်ဝှက်ပဲ ဆက်တိုက် ပင် ရိုက်ထည့်ပြီး ဖန်သားပြင်ပေါ်မှ ပေါ်လာတဲ့အကောင့်ထဲမှ ငွေအမောက်ကို လက်ညိုးထိုးပြရင်း ပြောလာတယ်။
"မင်း အဲ့ဒါကို အသေအချာ မြင်လား ?"
"......"
လုကျိုးရဲ့လက်ကျန်ငွေ ပမာဏကခုနှစ်သန်းကျော် ရှိနေတယ်....
ရှောင်ရီ တစ်ယောက်သူ့ခြေထောက်လေးတွေပင် ခွေယိုင်လာတယ်လို့ ခံစားမိနေတယ်။
လုကျိုး ပြောလာတယ်။
"ဒါက ငါ့ရဲ့ PocketMoney , အဲ့ဒီထဲကနေ
အဆာပြေစားတယ်, Taobaoမှာ ပစ္စည်းဝယ်တယ်, အိတ်ဆောင်ငွေ ပမာဏက Alipayမှာ ဆိုကိုးသန်းထက်ပိုထားလို့မရဘူးလေ,
ကျန်ငွေကျ ATMကဒ်ထဲဘဲ ထည့်ထားရတယ်, ငါ့ရဲ့အသားတင်ပိုင်ဆိုင်မှုကို ရော
မင်းသိလား ? ငါနှစ်တိုင်းပရဟိတအတွက်ဘယ်လောက် လှူလဲဆိုတာကိုရော မင်းသိလား? တချက်သတိလေး ထားပြီးကြည့်,
အခု မင်းမြင်နေရတဲ့ [7790000 ] က
နောက်ဆို မင်းရဲ့ ကိုယ်ပိုင်လစာ ဖြစ်လာမှာ "
"...???"
ရှောင်ရီ က သူ့ကတ်လေးကို ထုတ်ပြီး
စက်ထဲကို ထည့်လိုက်တယ်၊ ဘယ်ဘက်လက်လေးဖြင့် ကာပြီး ညာဘက်လက်ဖြင့်
စကားဝှက်တွေကို ထည့်သွင်းလိုက်တယ်။
လုကျိုး :"......."
"မင်း ကဒ်ထဲမှာ ပိုက်ဆံက နည်းနည်းပဲရှိတာ!
မင်းကဒ်ကလည်း ကုမ္ပဏီက လုပ်ပေးထားတာ! ဒါတောင် မင်းကငါခိုးမှာကို ကြောက်နေတာလား ...ဟမ် ?!!"
လုကျိုး တကယ်ဒေါသထွက်သွားကို မြင်တော့မှ ရှောင်ရီတစ်ယောက် လုကျိုးအား
စကားဝှက်ဖုံးကွယ်ရန်မလိုအပ်ကြောင်း
ပြန်စဥ်းစားမိတယ်။
"ကျိုးကော...ကျွန်တော် တကယ်တောင်းပန်ပါတယ်...ကဒ်ရဲ့ စကားဝှက်က ...60..."
"ထားလိုက်တော့ !! မင်းကဒ်ကိုကြည့်လိုက် !"
ရှောင်ရီ သူ့ ကဒ်ထဲမှလက်ကျန်ငွေ ပမာဏကို တချက်ကြည့်ပြီး တခုခုတော့မှားနေပြီလို့
သူတွေးလိုက်မိတယ်။
"အကောင့်ထဲမှာ{ 80000 } ရှိနေတယ် ,
သုံးလ , ဟန်တျန့် မှာ ရတဲ့ အဖွဲ့ထောက်ပံ့ငွေရယ်, နှစ်ကုန် ဘောနပ်စ် ရယ် ,အကုန်စုလိုက်ရင် , အခု ရလာတဲ့ လစာက...80000 !!"
80000....80000....80000...80000.!!!!
80000!!....သုံးလကိုလေ....ဒေါ်လာ
ရှစ်သောင်းတောင်ရတယ်.....!!!
လုကျိုးက ပြောလာတယ်။
"မင်းမှာကျဘာလို့အဲ့လောက်ပဲရှိပြီး ,ငါ့မှာကျဘာလို့ မုန့်ဖိုး ခုနှစ်သန်းတောင်ရှိနေရတာလဲဆိုတာကို မင်းသိလား ?"
ရှောင်ရီ တစ်ယောက် လုကျိုးရဲ့ တရားဟောခြင်းကသူ့ကိုအကာအကွယ်တစ်ခုလိုဖြစ်စေတယ်၊လုကျိုးရဲ့ရည်ရွယ်ချက်ကသူ့ရဲ့ ဒေါ်လာရှစ်သောင်းအတွက် စိတ်ဓာတ်ကျသွားစေရန်ဖြစ်သော်လည်း ရှောင်ရီ ကတော့
သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်တော့ဘူး၊
ထိုအခိုက်အတန့်သူကကောင်းကင်ပြာတွင် ပျံသန်း နေရသကဲ့သို့ ခံစားနေရတယ်,
ပဲရစ်မျှော်စင်ထိပ်မှ ထောင်ပေါင်းများစွာ
သော မီးရှုး မီးပန်းသံတွေကို နားထောင်နေရသလိုဖြစ်နေလျက်...ရှစ်သောင်း !!!!
ထို့နောက်တွင် မြို့တော်ရဲ့ တားမြစ်နေရာမှာ လုပ်တဲ့ ပွဲလမ်းသဘင်ကို နွဲပျော်နေရသလိုပင် ...ဒေါ်လာရှစ်သောင်း !!!!!
အီစတာကျွန်းမှနေဝင်ချိန်ကို ကြည့်နေရသလိုလို .....
ဖူဂျီတောင်ထိပ်မှ ချယ်ရီပင်တွေအောက်
သီချင်းဆိုနေရသလိုလို ....
အရင်တုန်းက ကုန်းကောက်စရာမရှိအောင်
အရှုံးသမားဖြစ်နေခဲ့ရသူက ခုချိန်မှာတော့
သူ ချမ်းသာလာပြီ....
ဒေါလာရှစ်သောင်း!!. .....ရှစ်သောင်းတောင်!!!
လုကျိုးရဲ့ စိတ်ရှည် သည်းခံတဲ့ အသံက ပျောက်ကွယ်သွားပြီး,တဖြေးဖြေးပင်
ဖန်းသားပြင်ကဲ့သို့ မည်းမှောင်လာတယ်,
"လူတစ်ယောက်အနေနဲ့ , သူတို့ရဲ့ အဝန်း အဝိုင်းကို ချဲ့ထွင်ရမယ်....
(နောက်ပိုင်း ဆုံးမသြဝါဒတွေကတော့ရှောင်ရီရဲ့ အမူအရာကြောင့် အလိုအလျောက်ပင်
တဖြေးဖြေး တိုးတိုးသွားတယ်)
" ပထမဆုံး ဇာတ်ညွှန်းရေးတဲ့ သူက 3သိန်း
ရတယ်ဆိုတာကို မင်းသိလား ? ပထမတန်းစား နာမည်ကြီး တစ်ယောက်က ဇာတ်လမ်းတွဲ တစ်ခုမှာ အပိုင်းတစ်ပိုင်းစာကို
ခြောက်သိန်းကနေ ကိုးသိန်းအထိ ရကြတယ်,
ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်တစ်ခုစာအတွက် သုံးသန်းကနေ ကိုးသန်းအထိ
ရတယ်, တာဝန်ခံလည်းဘဲ....."
ရှောင်ရီရဲ့ မျက်ဆံလေးတွေက နံပါတ်ရှစ်နှင့်
သုညလေးလုံး ပါသော မျက်နှာပြင်ကို
အနည်းငယ်ချဲ့ကြည့်ပြီး ..တွေးနေမိတာက....
ရှစ်....ရှစ်သောင်း !!!
"....အချမ်းသာဆုံးကတော့ ထုတ်လုပ်သူတွေပဲ,ဇာတ်ကား တစ်ကားအတွက် ရင်းနှီး မြုပ်နှံမှုက ဒေါ်လာ100 မီလီယံ ကနေ ဘီလီယံပေါင်းများစွာ ရှိတယ်ဆိုတာကိုရော မင်းသိလား ? ငါ့လိုသာမင်း မှာပိုက်ဆံသာရှိနေရင်, ဘယ်အနုပညာရှင်ကိုမဆို "ထုတ်ပြောလို့
မရတဲ့ စည်းမျဥ်း "တွေကို သုံးပြီး အနားမှာ ခေါ်ထားလို့ရတယ်, လီချန်းကျန်းကိုလည်း အတူတူပဲ၊သူဘက်ကလည်း မင်းရဲ့ ကုမ္ပဏီနဲ့ သေချာပေါက်ပူးပေါင်းလာလိမ့်မယ်...
စကြဝဠာမှာ အကန့်အသတ်မရှိသလိုပဲ,
မင်းထက် သာလွန်တဲ့သူတွေက ကောင်းကင်မှာ အမြဲရှိနေတယ်, လက်ထောက်တစ်ယောက်ဖြစ်ချင်ရုံနဲ့ လက်ထောက်တစ်ယောက်ရဲ့လစာကိုပဲမျှော်မှန်းနေရင်
မင်းတသက်လုံးဒီဘဝက တက်မှာမဟုတ်ဘူး၊
ဒီလစာလောက်နဲ့ မင်း ကားလည်းမဝယ်နိုင်ဘူး, အိမ်လည်းမဝယ်နိုင်ဘူး , မင်း ခြေကျင်ပဲလျှောက်နေရလိမ့်မယ်...အဲ့ဒီတော့..."
လုကျိုး နောက်ဆုံးတွင်နားလည်လိုက်သည်က ရှောင်ရီ တစ်ယောက် ဘုရားသခင်ဆီ သို့ ခရီးပေါက်နေပြီဖြစ်ကြောင်း သူနားလည်လိုက်ပြီး နားနားသို့ ကပ်ကာ သူထအော်လိုက်တယ်။
"မင်း နားထောင်နေလား ?!!!"
"ကျွန်တော် ...နောက်ဆုံးတော့ ...."
ရှောင်ရီ လုကျိုးကို ပွေ့ဖက်ပြီး ထအော်လိုက်မိတယ်။
"ကျွန်တော့်အကောင့်မှာ ဂဏန်းငါးလုံးထက်
ပိုပြီးရှိနေပြီ , ကျွန်တော့်အကြွေးဝယ်ကဒ်ကို လည်းသုံးလို့ရပြီ! ကျိုးကော !! ကျွန်တော်
ကောရဲ့ လက်ထောက်အဖြစ်ဘဲ တသက်လုံးနေဖို့ ဆုံးဖြတ်လိုက်ပြီ !! ကျွန်တော့်ကို
မမုန်း ရဘူးနော် ....ဟီးဟီးဟီး..."
လုကျိုး :"........."
နေ့လည်ခင်းတွင်, သူတို့နှစ်ယောက် ကြော်ငြာရိုက်ကူးရေး ဆီသို့သွားခဲ့ပြီး မွန်းလွဲပိုင်းတွင်,
လုကျိုး မကျေမနပ်ဖြစ်ပြီး သဘောမတူမည်ကို သိသော်လည်း ကြောက်ကြောက်လန့်လန့် ဖြင့် လုကျိုးထံ ခွင့်ပြုချက်တောင်းရန် လာခဲ့လိုက်တယ်။
ရှောင်ရီကအလုပ်တွေကို ပြီးစီးအောင်လုပ်လိုက်တယ်၊လုကျိုး နေ့လည်စာစားပြီးသည်အထိ သူစောင့်နေလိုက်တယ်။
လုကျိုး :" မင်းဘယ်သွားမလို့လဲ ?"
"ကျွန်တော့်ကိုယ်ရေး ကိုယ်တာ ကိစ္စလေးတစ်ခုရှိလို့ပါ"
"......"
ရှောင်ရီက လုကျိုး ရဲ့ စိတ်အခြေအနေမူမမှန်တာကို မြင်ရတာမို့ သူချက်ခြင်းအမှန်အတိုင်းသာပြောလိုက်တယ်။
"ကျွန်တော့်ကောင်မလေးကိုသွားတောင်းပန်ဖို့ သူ့အတွက်လက်ဆောင်လေးတစ်ခုလောက်လည်း သွားဝယ်ချင်လို့"
"မင်းငါ့ကားကို ယူမသွားဘူးလား ?"
"အာ?...ရ...ရလား ?"
"ထားလိုက်တော့...ငါပဲမင်းကိုလိုက်ပို့မယ်"
လုကျိုး ပြောလာတယ်။
"ငါဒီမှာဘာမှလည်းလုပ်စရာမရှိတော့ဘူးဆိုတော့, မင်းရဲ့ဒရိုင်ဘာအဖြစ်ဟန်ဆောင်ပေးမယ်လေ...အိုကေလား ? မင်းကောင်မလေးရှေ့မှာမင်းနောက်က လိုက်ပြီး မင်းကိုမစ္စတာရှောင်လို့ ခေါ်ပေးမယ်လေ...ရလား?"
"........"
လုကျိုးက သူ့ suitကို ဝတ်ပြီး ထွက်သွားတယ်၊လုကျိုး ဘာတွေ တွေးနေလဲ ဆိုတာကိုတော့ ရှောင်ရီ တကယ့်ကို မသိတော့ဘူး။
"လာစမ်းပါ !!"
လုကျိုးက ထူးထူးဆန်းဆန်းကို ပြောနေခြင်းပင်။
"အဲ့ဒါက....အဲ့လိုချည်းက မကောင်းဘူးထင်တယ်...ကျွန်တော် မလုပ်ရဲ...."
လုကျိုးက စိတ်မရှည်စွာပင်ကြည့်ပြီး ပြောလာတယ်။
"ငါကဒီလောက်ထိ မင်းကို လိုက်ပြီးကူညီ ပေးနေတာကို မင်းက ခုထိမသွားရဲဘူး
လုပ်နေတယ်....မင်း ယောကျ်ားမဟုတ်ဘူးလား !!!"
ရှောင်ရီ အသက်ပြင်းပြင်းတချက်ရှုလိုက်တယ်၊~~ကောင်းပြီ, ငါ့မှာ လုကျိုးရဲ့ ပံ့ပိုးမှုရှိတဲ့ အတွက် ဒီတကြိမ်တော့ ငါဂုဏ်ယူလို့ရတယ်!! ငါ့ကောင်မလေးက နတ်ဘုရားကို
မြင်လို့ ငါ့ကိုအေးစက်တဲ့ ပခုံးတစ်ဖက်ပဲ
ပေးရင်တောင် ,ဒါက အဆင်ပြေနေတုန်းပဲ,
အနည်းဆုံးတော့ ငါတို့ ပြန်လည် သင့်မြတ်အောင် ကြိုးစားလို့ရဦးမယ် "
ရှောင်ရီက ကြော်ငြာကုမ္ပဏီတစ်ခုအောက်၌
ကားကို ပါကင်ထိုးလိုက်ချိန်လုကျိုးကပြောလာတယ်၊
"ကားကို ငါမောင်းမယ်, မင်းသူ့ကို သွားရှာပြီး
သူ့ကို ခေါ်လာလိုက်"
"ဟုတ်..ဟုတ်"
ရှောင်ရီ ပြောလိုက်တယ်။
"ကျိုးကော.. အကြိမ်ရေ သန်းချီမြောက်အောင်တောင်းပန်ပါတယ်...ကျွန်တော့်ကို
မနောက်ပါနဲ့နော် "
လုကျိုး :"......"
ဒီနေ့ သူ့ရဲ့ နတ်ဘုရား လုကျိုးက အရမ်းချစ်ဖို့ကောင်းနေတယ်လို့ရှောင်ရီတွေးလိုက်မိတတယ်၊ဘာကြောင့်ရယ်မသိ...လုကျိုးသူ့ကို နောက်နေတယ်လို့ပဲ သူထင်မိခဲ့တယ်၊အသက်ပြင်းပြင်း တချက်ရူပြီး ကောင်မလေးအတွက် ဝယ်လာတဲ့ စိန်လက်စွပ်ဘူးလေးကို
ကိုင်ကာကုမ္ပဏီအဆောက်အဦးထဲသို့ရှောင်ရီဝင်လာခဲ့လိုက်တယ်။
W5415
25.10.2021
........................................................
.လုက်ိဳး က သူ႕နဖူးေလးကို လက္ျဖင့္ေထာက္လိုက္ခ်ိန္ လင္းေယာ့သည္လည္း အခန္းထဲသို႔ ဝင္လာၿပီး
ေနာက္ေမးလာတယ္။
"ဘာေတြဒီေလာက္သေဘာက်ေနၾကတာလဲ?"
"ဟားဟားဟားဟား....."
ဒူမိုင္က လင္းေယာ့အား ဆားအိတ္ကို
မကိုင္ၿပီး ျပလာတယ္၊
"ငါ ဒီ ကုမၸဏီကို ဖြင့္တဲ့အခ်ိန္ကစၿပီး
ေရွာင္ရီလို လက္ေထာက္တစ္ေယာက္
ရလာ တာကို ငါ လုံးဝေနာင္တမရေတာ့ဘူး....ဒီလို
ခ်စ္စရာေကာင္းတဲ့လက္ေထာက္ မ်ိဳး ငါ တခါမွမျမင္ဖူးဘူး....ဟားဟား ......"
လင္းေယာ့သည္လည္းရယ္ေမာရင္း ဆိုဖာတြင္ဝင္ထိုင္လာတယ္၊ ေရွာင္ရီကေတာ့ ခုထိ ျမဴခိုးေတြ တိမ္ေတြၾကား
လမ္းေပ်ာက္ေနဆဲ။
ဒူမိုင္က ဆားထုပ္ေလးကို ကိုင္ၿပီး အံဆြဲထဲသို႔
ထည့္လိုက္တယ္၊သူမခမ်ာ ရယ္ရလြန္းတာမို႔
ဗိုက္ေၾကာေတြေတာင္နာလာတယ္၊ေနာက္ဆုံး
တြင္ၿငိမ္သက္သြားရာမွေျပာလာတယ္။
"ေရွာင္ရီ...လာ ....မင္းရဲ႕ အလုပ္အေၾကာင္းေျပာ
ရေအာင္!!"
"အမ္...ဆားဝယ္ေပးရဦးမွာလား ?ခုနဘာျဖစ္တာလဲ ?"
ေရွာင္ရီက အူတိအူေၾကာင္ျဖင့္ ျပန္ေမးလာတယ္။
ဒူမိုင္က လက္ခါျပလာတယ္၊လုက်ိဳးက သူ႕ကို
ၿပဳံးျပၿပီး ေျပာလာတယ္။
"မင္း အျပင္ခဏ ထြက္ေနလိုက္...ဥကၠ႒ဒူနဲ႕
ငါ စကားေျပာစရာရွိလို႔ "
"ဟုတ္ကဲ့"
ေရွာင္ရီ အျပင္သို႔ ထြက္လာၿပီး တံခါးပိတ္လိုက္တယ္။
သူ႕ရဲ႕ အစမ္းခန့္ကာလကဒီေန႕ ဆို တရားဝင္ကုန္ဆုံးသြားၿပီမို႔ သူအနည္းငယ္ စိုးရိမ္ေနမိတယ္၊ ဒီသုံးလအတြင္းမွသူ႕လုပ္ေဆာင္မႈေတြက တိုးျမႇင့္လာမယ့္လစာျဖင့္
အလုပ္ဆက္လုပ္ရမည္လား သို႔မဟုတ္ လုက်ိဳး အတြက္
အလုပ္ဆက္လုပ္ေပးခြင့္ မရွိနိုင္ေတာ့ဘူးလားဆိုတာကို ဆုံးျဖတ္ ၾကလိမ့္မယ္။
လုက်ိဳးအတြက္ အလုပ္လုပ္ေပးခဲ့တဲ့ ဒီကာလေတြမွာ သူအလြန္ပင္ အေလးအနက္ထားခဲ့တယ္၊ေရွာင္ရီ ဆက္ၿပီး အလုပ္လုပ္ရျခင္း ,မလုပ္ရျခင္းက လုက်ိဳးရဲ႕ သေဘာ
က်ေက်နပ္မႈ မပါလွ်င္ သူတကယ္ပင္အလုပ္ဆက္လုပ္
ရနိုင္တယ္ဆိုတဲ့ ယုံၾကည္ခ်က္သူ႕မွာရွိတယ္၊ဒါေပမယ့္ ပထမလက္ေထာက္ကိုေတာင္ လုက်ိဳးက ထုတ္ပစ္လိုက္တယ္လို႔သူတို႔ ေျပာထားဖူးတယ္မလား ?
ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ေရွာင္ရီ တစ္ေယာက္
႐ုတ္တရက္ အခန္းထဲမွ လုက်ိဳးရဲ႕ေဒါသထြက္ေနပုံရေနတဲ့ အသံကိုထပ္မံ၍ ၾကားလိုက္ရတယ္။
"သူ႕ကို ? သူဘာမွမလုပ္နိုင္ဘူး!
ဘာမွမလုပ္တတ္ဘူး၊ သူ႕ မွာ႐ုပ္ေလး
ၾကည့္ေကာင္းတာ တစ္ခုပဲရွိၿပီး တကယ္တမ္းက် သူဘာမွ နားမလည္ဘူး၊ သူကဘာမွသုံးလို႔ စားလို႔ မရဘူး!!"
ေရွာင္ရီ ႏွလုံးခုန္သံေတြရပ္သြားၿပီး ခ်က္ျခင္းပင္
ဝမ္းနည္းလာတယ္။
အဲ့ဒါဆို ? "ငါအလုပ္ေတြ အရမ္း ႀကိဳးစားခဲ့တယ္မဟုတ္လား? "လို႔ ေရွာင္ရီ ေတြးေနမိတယ္။
လုက်ိဳးကို သူတကယ္ႀကီး နားလည္တယ္
လို႔ ထင္ခဲ့ေပမယ့္ ဒီတခါေတာ့ လုက်ိဳးက တကယ္ႀကီး ထူးဆန္းတယ္လို႔ သူခံစားမိတယ္၊ခံစားခ်က္က ခံစားခ်က္ဆို အလုပ္ကလည္း အလုပ္ပဲေလ၊သူ႕မွာရွိသမွ်
အားအင္ေတြနဲ႕ အားသြန္ခြန္စိုက္ႀကိဳးစားခဲ့တာေတာင္,
မလုံေလာက္နိုင္ဘူးတဲ့လား။
အခန္းထဲမွအသံေတြ တိတ္ဆိတ္သြားၿပီးေနာက္ဘာမွထပ္မၾကားရေတာ့ဘူး။
ေရွာင္ရီထပ္ၿပီး ေတြးေနမိျပန္တယ္ ...
သူ႕ဘက္ကသာ လုက်ိဳးကို ခင္တြယ္တဲ့
ခံစားခ်က္ေတြရွိလာခဲ့ေပမယ့္,လုက်ိဳးကေတာ့,.
သူ႕အတြက္နဲ႕ ဘာခံစားခ်က္မွာ
ရွိမွာမဟုတ္ေလာက္ဘူး၊သူလုက်ိဳးရဲ႕လက္
ေထာက္ျဖစ္ခဲ့စဥ္က လုက်ိဳးကိုသူလည္းပဲဒုကၡေတြ
အမ်ားႀကီး ေပးခဲ့ဖူးတယ္၊သူဆက္ေနရသည္ျဖစ္ေစ,.
မေနရေတာ့ဘူးျဖစ္ေစ,လုက်ိဳး သူ႕ကို ဂ႐ုစိုက္ေပးခဲ့
တာေတြအတြက္ေတာ့ သူလုက်ိဳးကို ေက်းဇူးတင္မိတယ္။
စမ္းသပ္ကာလ ၿပီးသြားၿပီမို႔ သူဆက္ၿပီး
ဒီအသိုင္းအဝိုင္းနဲ႕ ပတ္သက္ရဦးမွာလား?
ေရွာင္ရီက သူ႕ WeChatမွာ ရိုက္ကူးေရး အဖြဲ႕သားေတြနဲ႕ မိတ္ေဆြျဖစ္ထားတာကို သတိရၿပီး အကယ္၍ ရိုက္ကူးေရး အဖြဲ႕ထဲ အလုပ္ဝင္လုပ္လို႔ ရမယ္ဆိုရင္
သူတစ္လကို ဘယ္ေလာက္ေလာက္ရနိုင္လဲ ?
အဲ့ဒီေနာက္မွသန့္ရွင္းေရး လုပ္သားအျဖစ္အလုပ္ဝင္မယ္ဆိုရင္ေတာင္ တစ္လကို ယြမ္ 3000/4000ရတယ္ဆိုတဲ့အေၾကာင္းဒူမိုင္ေျပာဖူးတာကို သူျပန္သတိရမိတယ္။
ထိုအခ်ိန္ လုက်ိဳးက တံခါးကို တြန္းဖြင့္ၿပီးေျပာလာတယ္၊
"လာခဲ့...အထဲဝင္"
ေရွာင္ရီအထဲသို႔ဝင္လာၿပီး စားပြဲေရွ႕ရွိခုံတြင္ထိုင္လိုက္ရင္းသူ႕စိတ္ထဲ အစစ္ေဆးခံေနရသလို ျဖစ္ေနတယ္၊ လုက်ိဳးက ေျခတစ္ဖက္ခ်ိတ္ လ်က္ ဆိုဖာတြင္ ထိုင္လိုက္ၿပီး သူ႕ဖုန္းထဲမွ ဂိမ္းကို ဆက္ကစားေနတယ္၊ေရွာင္ရီ
လုက်ိဳး ကို ခိုးၾကည့္လိုက္ေပမယ့္ လုက်ိဳးက
ေခါင္းေလးေတာင္ ေမာ့ၾကည့္မလာဘူး။
"အဟမ္း!!"
ဒူမိုင္က ၿပဳံးၿပီး ေျပာလာတယ္။
"မင္း အလုပ္ကို ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္ ၊
ဒါေၾကာင့္မို႔ ကုမၸဏီက မင္းကို ဆက္ၿပီး ခန့္ဖို႔ ဆုံးျဖတ္
လိုက္တယ္"
"ကြၽန္ေတာ္လည္း ဒီ ကုမၸဏီမွာပဲ ဆက္ၿပီး ေနဖို႔ ေမွ်ာ္လင့္ပါတယ္...ကြၽန္ေတာ္...က်ိဳးေကာ ရဲ႕ အနားမွာပဲ
သူ႕လက္ေထာက္အျဖစ္ပဲ ဆက္ေနရဖို႔ ...ေမွ်ာ္လင့္တယ္"
ေရွာင္ရီ လုက်ိဳးကို တခ်က္ၾကည့္လိုက္
ေပမယ့္ လုက်ိဳးက သူ႕ကို အၾကည့္ေလး
တစ္ခ်က္ ေတာင္ စြန့္ႀကဲမလာခဲ့ျပန္ဘူး။
"ေဟး!!"
လုက်ိဳးက တခါတရံ သူ႕အတြက္တံတိုင္းႀကီး တစ္ခုလိုပဲလို႔ သူေတြးမိတယ္၊သူ႕ဘက္က မည္မွ်ပင္ စိတ္ဝင္စား
မႈေတြ ေပးေနပါေစ,လုက်ိဳးရဲ႕ မ်က္လုံးေတြထဲမွာေတာ့ သူ႕ကို ထည့္ၿပီးေတာင္စဥ္းစားမေနခဲ့ဘူး၊ဒါေပမယ့္
ဒါကလည္း ပုံမွန္ပါပဲေလ၊ သူ႕မ်က္စိထဲမွာေတာ့ ေရွာင္ရီဆိုတဲ့သူက သူ႕ရဲ႕ပရိသတ္ေထာင္ေပါင္းမ်ားစြာထဲက
ပရိသတ္တစ္ေယာက္အေနထက္ေတာ့ ဘယ္ပိုနိုင္ပါ
လိမ့္မလဲ ?။
လင္းေယာ့က ေရွာင္ရီအားလက္ဆြဲႏႈတ္ဆက္လာတယ္၊ထိုအျပဳအမူအတြက္သူ႕ရင္ထဲႏြေးေထြးလာခဲ့တယ္၊ဒူမိုင္က စားပြဲေပၚမွစာ႐ြက္ စာတမ္းေတြကို ၾကည့္ၿပီး ေျပာလာတယ္။
"အစမ္းခန့္ကာလအတြက္ မင္းရဲ႕လုပ္အားခကို မင္းဆီ ပို႔ၿပီးၿပီ၊ မင္း ျပန္သြားတဲ့အခါ တခ်က္စစ္ၿပီး လက္ခံလိုက္၊ မင္း ျပန္လာတဲ့အခါ ျပန္တင္ျပလာတဲ့ စာရင္းေတြအရ ,
ဒီသုံးလအတြင္း ရိုက္ကူးေရး အဖြဲ႕သားေတြကို ေပးတဲ့
အပိုေထာက္ပံ့ေၾကးေတြနဲ႕ ႏွစ္ကုန္ ေဘာနပ္စ္ အတြက္
ရမွာေတြကို ထပ္ေပါင္းေပးထားတယ္၊ မင္းရဲ႕ လစာကို
လုက်ိဳးက ဆက္ေပးလိမ့္မယ္၊ငါတို႔က ကုမၸဏီရဲ႕ေငြနဲ႕ မင္းကို ေပးခ်င္ေပမယ့္လုက်ိဳးက သူပဲေပးမယ္လို႔ ေျပာတာမို႔ ကုမၸဏီအေကာင့္ကေန မင္းလစာကို လက္ခံရေပမယ့္
မင္းက သူ႕ရဲ႕ ကိုယ္ေရး ကိုယ္တာ လက္ေထာက္ပဲ "
"ဟုတ္ကဲ့....ဟုတ္ကဲ့ "
ေရွာင္ရီ ခ်က္ျခင္းဘဲ ,
"ေက်းဇူးတင္ပါတယ္ ,က်ိဳးေကာ"
လုက်ိဳးကေတာ့ ဂိမ္းကိုသာသည္းႀကီး
မည္းႀကီး ဆက္ကစားေနဆဲပင္။
ဒူမိုင္ ဆက္ေျပာလာတယ္။
"တရားဝင္စာခ်ဳပ္ တစ္ခု လုပ္ဖို႔က်ေတာ့,
မင္း ဘက္က ငါတို႔ကုမၸဏီနဲ႕အခ်ိန္ကန့္သတ္ခ်က္ရွိတာမို႔ မင္းရဲ႕ သေဘာထား ကို ငါတို႔ လိုအပ္တယ္ "
ေရွာင္ရီ : "ဘယ္ႏွစ္ႏွစ္ေလာက္လဲ ?"
"အဲ့ဒါက်မင္းလိုခ်င္တဲ့ႏွစ္အေပၚ မူတည္တယ္, ကုမၸဏီမွာ ဘယ္ႏွစ္ႏွစ္ေနဖို႔မင္းရည္႐ြယ္ထား လဲ ?"
ေရွာင္ရီ ဒီကိစၥကို မစဥ္းစားရေသးတာမို႔
ဒီျပသနာက နည္းနည္းေတာ့ ခက္မယ္ထင္တယ္၊ ငါးႏွစ္ သို႔မဟုတ္ ဆယ္ႏွစ္ေလာက္မွသူ႕အတြက္အိမ္ဝယ္ဖို႔
အျပင္ အပိုေငြရဖို႔ ေတာင္ နည္းနည္းေလးခက္ေနေသး
ေလာက္တယ္၊ ႏွစ္အနည္းငယ္ေလာက္ဘဲ လက္မွတ္ထိုးရမယ္ဆိုလည္း ထူးမျခားနားပင္,ဒီၾကားထဲ အေၾကာင္း
ကိစၥတစ္ခုခုေၾကာင့္ကုမၸဏီေဒဝါလီခံသြားလွ်င္
ပင္ ,သူ႕ဘာမွလည္း လုပ္လို႔ မရနိုင္ဘူး၊ ျပႆနာက
ဘယ္ႏွစ္ႏွစ္ ၾကာမယ္ဆိုတာကိုသူမသိတာပဲ။
ဒါေပမယ့္ အလုပ္အကိုင္အခြင့္အလမ္း ရဖို႔ဆိုတာက
အလြန္အေရးႀကီးတယ္၊အဆုံးသတ္တြင္သူ႕ရည္မွန္းခ်က္က ဘာလဲ ဆိုတာကို ေရွာင္ရီ ျပန္ေတြးေနမိတယ္။
ဟိုအရင္သူရည္႐ြယ္ခဲ့တာေတာ့, လက္ထပ္ၿပီး ကိုယ္ပိုင္လုပ္ငန္းေလး တစ္ခုလုပ္မယ္,အိမ္ဝယ္မယ္, ကားေလး တစ္စီးဝယ္မယ္,သူ႕မိဘေတြကို ေဘဂ်င္းကို ေခၚၿပီး
ေအးေအး ေဆးေဆးေလး ထားခ်င္တယ္,
အမွန္တကယ္ေတာ့ ေဘဂ်င္းမွာ ရွင္သန္ေနမႈကအဆုံးမရွိတဲ့ အပင္နဲ႕ ဖုတ္ေကာင္ေတြ တိုက္ခိုက္ေနရသလိုပဲ၊သူ႕ရဲ႕ အားနည္းခ်က္ေတြကို ျပင္ဆင္ၿပီး အေကာင္းဆုံးေတြနဲ႕သာသူေနထိုင္ခ်င္တယ္။
ေနာက္တနည္းကက်,ေဘဂ်င္းတြင္ လုံေလာက္တဲ့
ေငြေၾကးရၿပီဆို , ေက်းလက္ေတာ႐ြာေလးကို ျပန္ၿပီး
စီးပြားေရးေလး လုပ္မယ္,ကားတစ္စီးဝယ္ၿပီး အိမ္ေလး
တစ္လုံးဝယ္မယ္...
အဆုံးသတ္တြင္ သူ႕ဘဝရည္မွန္းခ်က္က
အနည္းဆုံးေတာ့,.ကားတစ္စီးနဲ႕ အိမ္တစ္လုံး
ဝယ္ဖို႔ပဲ ၊ ေရွာင္ရီ အဲ့ဒီအေၾကာင္းေတြ ေတြးမိေတာ့
အေတာ္ေလး ဝမ္းနည္းလာတယ္။သူရဲ႕ဒုတိယ အစီအစဥ္ကိုအေကာင္ အထည္ေဖာ္မယ္ဆို သူ႕ဘဝတစ္ေလွ်ာက္လုံး ကုမၸဏီမွာပဲ အလုပ္လုပ္ရဦးမယ္။
"မင္း ဦးေႏွာက္ေတြ ေရွာ့ ျဖစ္သြားၿပီလား?"
လုက်ိဳးေျပာလာတယ္။
"ဥကၠ႒ဒူ မင္းကို ေမးေနတယ္!!"
ေရွာင္ရီ အဲ့ဒီေတာ့မွ ျပန္သတိဝင္လာၿပီး
လုက်ိဳးကလည္းဒူမိုင္ကို ရွင္းျပတယ္။
"သူ႕စိတ္က တစ္လမ္းသြားပဲ ...တခ်ိန္တည္းမွာ ျပႆနာမ်ိဳးစုံကို သူအမ်ားႀကီးမကိုင္တြယ္တတ္ဘူး, သူ႕ကို
နားလည္ေပးဖို႔ လိုတယ္ "
"ဟားဟား...."
ဒူမိုင္က လုက်ိဳးစကားေၾကာင့္ရယ္ေမာၿပီး ေျပာလာတယ္။
"မင္းတို႔ ႏွစ္ေယာက္က တကယ့္ဟာသပဲ,
ေနာက္ဆိုမင္းတို႔ႏွစ္ေယာက္ကို ၾကည့္ၿပီး
ဟာသ ကာတြန္းေတြေတာင္ ဖန္တီးလို႔
ရနိုင္ေလာက္တယ္'
လုက်ိဳးက ဒူမိုင္ရယ္စရာေျပာေနတာကို
သိတာမို႔ သူ႕မ်က္ႏွာကို မဲ့ၿပီး ေျပာလာတယ္။
"ဘာလဲ ...သူ႕ကို အားကိုးၿပီးေတာ့လား?"
ထို႔ေနာက္ သူ႕ဂိမ္းကိုဘဲဆက္ကစားေနတယ္။
"ကာလအတိုဆုံး...အတိုဆုံးကာလက
ဘယ္ေလာက္လဲ ?"
ေရွာင္ရီေမးလိုက္တယ္။
"အရိုးသားဆုံးေျပာရရင္, ဥကၠဌဒူ, ဒီရာထူးအတြက္
ကြၽန္ေတာ့္မွာ အရည္အခ်င္း အလုံအေလာက္
မရွိေသးဘူး"
လုက်ိဳးက အသက္ျပင္းျပင္းတခ်က္႐ူလိုက္ၿပီး သူ႕မ်က္ႏွာအမူအရာက ခ်က္ျခင္းပင္ေျပာင္းလဲသြားတယ္၊ ထို႔ေနာက္ ေဒါသမ်က္ဝန္းေတြနဲ႕ ေခါင္းေမာ့ၾကည့္လာတယ္။
ေရွာင္ရီကေတာ့ အရိုးခံေလး အတိုင္း ေျပာလာတယ္။
"ကြၽန္ေတာ္ က်ိဳးေကာအတြက္ အလုပ္လုပ္ေပးတဲ့အခါ, ကြၽန္ေတာ္သူ႕ကို စိတ္ရႈပ္ေအာင္ လုပ္မိေသးတယ္..."
ဒူမိုင္က သူ႕ကို ႏွစ္သိမ့္လာတယ္။
"မင္းေကာင္းေကာင္းလုပ္နိုင္ပါတယ္,သူကလူတိုင္းကို သေဘာမက်ဘဴး,မင္းကိုေတာ့သူႏွစ္သက္တယ္,
မင္းအဲ့ေလာက္အမ်ားႀကီး ေတြး မေနနဲ႕ "
"မဟုတ္ဘူး..."
"ဘာကို မဟုတ္ ရမွာလဲ မင္းေမတဲ့မွ!
မင္းဘယ္သူ႕ကို လာၿပီး က်ိဳးႏြံျပေနတာလဲ?
မင္း မလုပ္ခ်င္ဘူးဆို ခုခ်က္ျခင္း ရွင္းရွင္း
လင္းလင္း ေျပာလိုက္ !!"
လုက်ိဳးက စိတ္မရွည္စြာ မတ္တပ္ရပ္ၿပီး
ေျပာလာတယ္။
"ငါမင္းကိုအတင္းအဓမၼလက္ခံခိုင္းေနလို႔လား ?"
ေရွာင္ရီ အလ်င္အျမန္ ေျပာလိုက္တယ္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္, က်ိဳးေကာ,
က်ိဳးေကာ အထင္လြဲေနၿပီ, ကြၽန္ေတာ္အဲ့ဒီ သေဘာ ေျပာတာမဟုတ္ဘူး!!"
လုက်ိဳး ထၿပီး ထြက္သြားဖို႔ လုပ္စဥ္
လင္းေယာ့ အလ်င္အျမန္တားဆီး လိုက္တယ္။
"အိုေက..အိုေက...လုက်ိဳး.. မင္းအဲ့ေလာက္ထိ
ေဒါသမထြက္ပါနဲ႕ "
ေရွာင္ရီ အနည္းငယ္ ရွက္႐ြံ႕ေနေပမယ့္
လုက်ိဳး ရဲ႕ ေဒါသတႀကီး ေအာ္ဟစ္သံကို ၾကားလိုက္ရတဲ့အခါ,ေရွာင္ရီ ဝမ္းနည္းလာတယ္။
" က်ိဳးေကာသာ ေနာက္ပိုင္း ကြၽန္ေတာ့္ကို
မၿငီးေငြ႕ ဘူးဆိုရင္, ကြၽန္ေတာ္ အမွန္တကယ္
သူ႕လက္ေထာက္အျဖစ္ သူ႕ေနာက္ကိုပဲ
လိုက္ခ်င္တာ, ႐ုပ္ရွင္တစ္ကားရိုက္ရင္ အရမ္းပင္ပန္းေပ
မယ့္, ဘယ္ေလာက္ၾကာၾကာ အဲ့ဒါက ျပႆနာမဟုတ္ဘူး၊ ကြၽန္ေတာ့္ Idolနဲ႕ အတူ ရွိရတာ တကယ့္
ကိုေပ်ာ္စရာေကာင္းတယ္, ဒါက ကြၽန္ေတာ့္ ဆႏၵအမွန္ပါ"
"ငါသိပါတယ္"
ဒူမိုင္က ၿပဳံးၿပီး ေျပာလာတယ္။
"လုက်ိဳး, မင္း ဘယ္လို စဥ္းစားလဲ ?"
"အဲ့ဒါက သူ႕အေပၚပဲမူတည္တယ္"
လုက်ိဳး ေဘာက္ဆတ္ဆတ္ ျဖင့္ ေျပာလာတယ္။
ဒူမိုင္က ေျပာလာတယ္။
"အရင္ဆုံးသုံးႏွစ္ေလာက္ပဲစာခ်ဳပ္ခ်ဳပ္
ၾကည့္မယ္ဆိုရင္ေရာဘယ္လိုသေဘာရလဲ?"
"ဟုတ္ကဲ့ "
ေရွာင္ရီ တကယ္ႀကီး မေ႐ြးခ်ယ္ခ်င္ဘူး,
အကယ္၍မ်ား သူ႕အတြက္ ေ႐ြးခ်ယ္ခြင့္သာရွိမယ္ဆိုရင္, ႏွစ္ေတြအၾကာႀကီး စာခ်ဳပ္ခ်ဳပ္ခ်င္တယ္, ဒါေပမယ့္လုက်ိဳးကသာသူ႕ကို ၿငိဳျငင္ၿပီး,ေဒါသထြက္ၿပီး , လူေျပာင္းဖို႔
ေတာင္းဆိုလာရင္ ေရွာင္ရီ ဒီ ကုမၸဏီမွာ
ဆက္မလုပ္ျဖစ္ေလာက္ဘူး၊ နိဂုံးခ်ဳပ္ေျပာရမယ္ဆိုရင္,
ဒီအလုပ္က အရမ္းပင္ပန္းတယ္,သူ႕နတ္ဘုရားရဲ႕
လက္ေထာက္အျဖစ္မလုပ္ရဘူးဆိုပါကသူဆက္
မလုပ္နိုင္ေလာက္ဘူး။
ဒူမိုင္က လင္းေယာ့ကို ေမးလာတယ္။
"သုံးႏွစ္စာခ်ဳပ္ေတြဘယ္မွာလဲ ?"
"သူ ဒူက်ဲရဲ႕ စာခ်ဳပ္မွာ လက္မွတ္မထိုးခ်င္ဘူးထင္တယ္"
လုက်ိဳးက ေဒါသတႀကီး ထေအာ္လာတယ္,
" မင္း ငါနဲ႕ မေနခ်င္ရင္,ခုခ်က္ျခင္းအိမ္ျပန္!မင္းအထုပ္
ေတြယူၿပီးဆင္းေတာ့ ,အဲ့လိုဆိုရင္ေရာ ဘယ္လိုလဲ ?"
ေရွာင္ရီ သူ႕ႏွလုံးသားထဲက ေတာင္းပန္သံေတြနဲ႕ အဆက္မျပတ္ၿငီးျငဴမိေနရင္း,
"က်ိဳးေကာ...ကြၽန္ေတာ္အဲ့လိုသေဘာေျပာတာမဟုတ္ပါဘူး... ကြၽန္ေတာ္က်ိဳးေကာကို ခ်စ္တယ္ေလ ...ေနာ္ "
လုက်ိဳး :"........."
ေရွာင္ရီရဲ႕ စကားေလးေၾကာင့္ ခ်က္ျခင္းၿငိမ္က်သြားတဲ့
လုက်ိဳးကို ၾကည့္ၿပီး ဒူမိုင္ ထပ္ရယ္မိျပန္တယ္
၊ေရွာင္ရီေျပာလာတယ္။
"အကယ္၍ကြၽန္ေတာ္ေကာရဲ႕ လက္ေထာက္မလုပ္ရေတာ့ဘူးဆိုရင္, ကြၽန္ေတာ္ ဒီ ကုမၸဏီမွာ ဆက္မေနေတာ့ဘူး, ကြၽန္ေတာ့္မိဘေတြကိုပဲဂ႐ုစိုက္ေတာ့မယ္, ကြၽန္ေတာ့္
အေမက ကြၽန္ေတာ့္ကို ျပန္လာခိုင္းေနတာၾကာၿပီ,
ကြၽန္ေတာ္ ေကာနဲ႕ ေနခ်င္လို႔ , လစာအမ်ားႀကီး မရဘူးဆိုရင္ေတာင္, ကြၽန္ေတာ္ ဒီအလုပ္ကိုပဲ လုပ္ခ်င္တယ္,
ေကာက ကြၽန္ေတာ့္ကို အမ်ားႀကီး သင္ေပးခဲ့တယ္,
အိပ္မက္မက္ခြင့္လည္းမရွိသလိုလူတိုင္းလည္းဒီလိုအခြင့္အေရးမ်ိဳးရတာမဟုတ္ဘူးေလ"
လုက်ိဳးက ေမးလာတယ္,
"မင္းမိဘေတြက ...ေနမေကာင္းဘူလား?"
"မဟုတ္ဘူး...မဟုတ္ဘူး"
ေရွာင္ရီ အလ်င္အျမန္ပဲ ရွင္းျပလိုက္တယ္။
"သူတို႔က ေဘဂ်င္းမွာ ကြၽန္ေတာ္ နာမည္
မရဘူး,.အဆင္မေျပဘူးလို႔ ထင္ေနၾကတာမို႔
အိမ္ျပန္လာဖို႔ပဲအၿမဲ တိုက္တြန္း ေနၾကတယ္,
အခုကြၽန္ေတာ့္ပုံစံကိုပဲၾကည့္ ! ေကာင္မေလး ေတာင္
မရွိေတာ့ဘူး , ေကာအတြက္ေၾကာင့္သာမဟုတ္ရင္,
ကြၽန္ေတာ္ ေဘဂ်င္းမွာေနဖို႔ စဥ္းစားေတာ့မွာ မဟုတ္ဘူး "
လုက်ိဳးမ်က္ႏွာေပၚမွခက္ထန္မႈက အနည္းငယ္ေျပေလ်ာ့သြားတယ္၊ဒါေပမယ့္,သူျပန္စဥ္းစားလိုက္တဲ့အခါဟာကြက္တစ္ခုကို ဖမ္းမိၿပီး ခ်က္ျခင္းပင္ေရွာင္ရီကို
လက္ခ်ာေပးလာ ျပန္တယ္ ။
"ဒါဆို မင္းကငါ့ေၾကာင့္အလုပ္လုပ္ေနရတာလား?"
လုက်ိဳး ေျပာလာတယ္။
"အဲ့လိုက် ငါ့အတြက္ အရမ္း ေတြးေပးေနသလိုဘဲ,
ဟုတ္ၿပီ, ဒါေပမယ့္မင္းအတြက္ကိုေရာအလုပ္လုပ္ဖို႔
စဥ္းစားဖူးလား ?"မင္း ငါေျပာတာနားလည္လား ?"
လုက်ိဳးက ေျခခ်ိတ္ထိုင္ၿပီး ေဒၚလာတစ္သန္းတန္နာရီပတ္ထားတဲ့လက္ကို ဆန့္ထုတ္ကာ ဖန္ခြက္ကို ကိုင္ၿပီး ယလက္ဖက္ရည္ကို တခ်က္ေမာ့လိုက္တယ္။ထို႔ေနာက္
ဆက္ေျပာလာတယ္။
" ေဘဂ်င္းလို ေျပးလိုက္ လႊားလိုက္ျဖစ္ေနရ
မယ့္ေနရာကို မင္းဘာေၾကာင့္ ေ႐ြးတာလဲ ?
ၿပီးေတာ့ အခုခ်ိန္ထိ မင္းစိတ္က ဂနာမၿငိမ္ ျဖစ္ေနတုန္းပဲ၊မင္းဘဝကိုလည္းမင္းခုထိရွာမေတြ႕ေသးဘူး၊မင္းရဲ႕
ေကာင္မေလးကမင္းကို ေက်ာခိုင္းၿပီးဘာလို႔ အရႈံးသမားလို႔ေခၚ ရတာ လဲ ?"
ေရွာင္ရီ :"........."
~ငါ့ရဲ႕ နတ္ဘုရားရယ္ ခုလို ခ်ည္းေတာ့မလုပ္ပါနဲ႕, မင္းရဲ႕ ေန႕စဥ္အျပဳအမူေတြနဲ႕ မင္းရဲ႕ စကားေတြက ၿပီးခဲ့တဲ့
ရက္ေတြအတြက္ ငါ့ႏွလုံးသားထဲက ေပးမွတ္ေတြကေန
အမွတ္ 30နီးပါး ေလ်ာ့သြားၿပီ...ခုဆို 999999969
မွတ္ဘဲ က်န္ေတာ့တာ! မင္းငါ့ကို လက္ခ်ာေပးခ်င္တာနဲ႕ပဲ ခုလို ေတြေလွ်ာက္ေျပာေနရင္, ဥကၠဌဒူက
ငါ့ကိုအထင္ေသးေတာ့မယ္,
လုက်ိဳးက ထပ္ေျပာလာျပန္တယ္,
"မင္းကို ငါဘာလို႔ဆက္ေခၚထားလဲသိလား?"
ေရွာင္ရီတစ္ေယာက္လုက်ိဳးရဲ႕ လက္ခ်ာေတြကို တေလးတစားျဖင့္ နားေထာင္ဟန္ေဆာင္ေနရင္း သူ႕ဘာသာ
ပင္စဥ္းစားေနမိျပန္တယ္
~~ငါ့ကို ဘာလို႔ဆက္ေခၚထားတာလဲဆိုေတာ့,
ငါက မင္းရဲ႕ ေဒါသေတြကို ေျဖေဖ်ာက္ေပးနိုင္တဲ့ မင္းနဲ႕ လည္း အဆင္ေျပတဲ့ ေလအိတ္ေလး တစ္လုံးမို႔ေလ,ငါကမင္းကို ျပန္လည္းမတိုက္ခိုက္နိုင္သလို ျပန္လည္းမေျပာဘူးေလ~~~
"ေတာ္ၿပီ "
ဒူမိုင္က တကယ္ပင္ဆက္ၿပီး ၾကည့္မေနနိုင္ေတာ့သည္မို႔ ေရွာင္ရီကို ၿပဳံးၿပီး ေျပာလာတယ္။
"မင္းက အေၾကာင္းအရာကိစၥေတြကို ကိုင္တြယ္တဲ့အခါ, အၿမဲတမ္းအေကာင္းျမင္ေပးတတ္တယ္လို႔ လုက်ိဳးက ေျပာတယ္, သူ႕ရဲ႕ ကိစၥေတြကိုလည္း မင္းရဲ႕ ကိစၥေတြလို သေဘာထားတယ္, အဖြဲ႕သား သူငယ္ခ်င္းေတြၾကားမွာ
လည္း ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိၿပီး မင္းအလုပ္လုပ္္
နိုင္တာကိုလည္းသူကမင္းကိုခ်ီးက်ဴးတယ္, မင္း ဒါကို
ဆက္ၿပီး ထိန္းသိမ္း ထားသင့္တယ္'
"အမ္!"
ေရွာင္ရီ နည္းနည္းေလးရွက္သြားတယ္,
လင္းေယာ့ကသူ႕အားစာခ်ဳပ္တြင္လက္မွတ္
ထိုးခိုင္းၿပီးေနာက္ လုက်ိဳးက ထၿပီး ထြက္လာခဲ့တယ္။
ဒူမိုင္က ေျပာလာတယ္။
"မင္းရဲ႕လစာကို ဒီမနက္ထဲက အေကာင့္ထဲကို
ထည့္ေပးထားတယ္ "
"ေက်းဇူးတင္ပါတယ္!"
ေရွာင္ရီ တစ္ေယာက္ ပစၥည္းေတြကို အလ်င္အျမန္ ယူကာ လုက်ိဳး ေနာက္သို႔လိုက္လာခဲ့လိုက္တယ္။
လုက်ိဳးက ပထမထပ္သို႔ဆင္းသြားေသာ္လည္း
ကားဂိုေဒါင္ဆီသို႔မေရာက္ေသး။
"က်ိဳးေကာ ...ခုန ဥကၠ႒ဒူရဲ႕ေရွ႕မွာ ကြၽန္ေတာ္ တကယ္အဲ့ဒီသေဘာ ေျပာတာမဟုတ္ဘူး"
လုက်ိဳး လက္ကာျပလာတာမို႔ သူအသံတိတ္ေနလိုက္
တယ္။
"ကြၽန္ေတာ္တို႔ ဒီေန႕ ေန႕ခင္းဘယ္သြားမွာလဲ?"
"ေျပာေရးဆိုခြင့္ရွိသူကိစၥ "
"ဆားဝယ္ဖို႔ ?"
{T/N..႐ုပ္ရွင္ေလာကမွာေျပာေရး
ဆိုခြင့္ ရွိသူ ဆိုတာ ကုန္ပစၥည္းတစ္ခုရဲ႕
ေၾကာ္ျငာအတြက္ကို ဆိုလိုတာပါ !ဒီမွာ
လုက်ိဳးေျပာတာက ထိုက္ယမ္ လို႔ေျပာတာ ...ေရွာင္ရီက နားစြန္နားဖ်ားနဲ႕ မိုင္ယန္ (ဆားဝယ္ဖို႔)လို႔ၾကားသြားတာ }
"စီးပြားေရးေၾကာ္ျငာတစ္ခုအတြက္ !
ငါက အဲ့ဒီ ကုန္ပစၥည္းမွာ spokenperson
ျဖစ္လာမယ္ !"Lenovoက သူတို႔ ကုန္ပစၥည္းရဲ႕
ေျပာေရး ဆိုခြင့္ရွိသူအျဖစ္ ကမ္းလွမ္းထားတယ္, မင္းက ကုမၸဏီကို တကယ္ႀကီး ဆားယူလာေပးတယ္ ...
အဲ့မွာလြဲတာမလား ...ဟမ္!"
"........"
လုက်ိဳး ေနကာမ်က္မွန္တပ္လိုက္ၿပီးသူ႕ႏႈတ္ခမ္း ေထာင့္
စြန္းေလး၌ ရယ္ျမဴးရိပ္ေလးပင္ သန္းေနလ်က္ ရယ္
ခ်င္စိတ္အားထိန္းခ်ဳပ္ထားရသည္ကို ရွင္းရွင္းလင္းလင္း
ပင္ျမင္ေနရတယ္။
"ကြၽန္ေတာ္တို႔ ကားနဲ႕ သြားမွာမလား ?"
လုက်ိဳးက အသံတိုးတိုးျဖင့္ ေျပာလာတယ္။
"မင္းငါနဲ႕ လိုက္ခဲ့"
အေစာပိုင္းကေတာ့ သူတကယ္ႀကီးမ်က္ႏွာပ်က္ရတယ္လို႔ေတြးေနမိတာ,ခုက်ရယ္စရာႀကီး ျဖစ္ေနၿပီလို႔
ေရွာင္ရီေတြးမိတယ္။
လုက်ိဳး ပထမထပ္သို႔ေရာက္တဲ့အခါ, အျပင္သို႔ထြက္လာၿပီး ေရွာင္ရီကို အလ်င္အျမန္ ေျပာလာတယ္။
လုက်ိဳး ေမးလာတယ္။
"ကဒ္ေကာ?"
"ဟုတ္ကဲ့...ကြၽန္ေတာ္ယူလာတယ္ "
ေရွာင္ရီ ခ်က္ျခင္းေျပာလိုက္တယ္။
"ကြၽန္ေတာ့္ဖုန္းကေန အေကာင့္ကို စစ္လို႔ရတယ္...
ခဏေလး !"
လုက်ိဳးက ေရွာင္ရီကို ATMစက္ေရွ႕သို႔ဆြဲေခၚလာလိုက္တယ္, ေရွာင္ရီကေတာ့ သူ႕ကိုယ္ပိုင္အေကာင့္ေလးကို ထိေနေပမယ့္ လုက်ိဳးက စက္ေရွ႕တြင္ရပ္ကာသူ႕ပိုက္ဆံအိတ္ထဲမွကဒ္တစ္ကဒ္ကိုထုတ္ၿပီး ATMစက္ထဲသို႔ထည့္လိုက္တယ္။
"ၾကည့္ !" လုက်ိဳး ေျပာလာတယ္။
ေရွာင္ရီ : "?????"
ေရွာင္ရီက ကီးဘုတ္ကို ငုံ႕ၾကည့္တယ္။
လုက်ိဳးက ေရွာင္ရီေခါင္းကို ဂြက္ကနဲေနေအာင္ ေခါက္ ၿပီး ထေအာ္လာတယ္။
" screenကို ၾကည့္ !! ဘာကိစၥမင္းက
ငါ့ Passwordကို လာၾကည့္ေနရတာလဲ !!"
"......"
ေျပာေျပာဆိုဆိုျဖင့္ လုက်ိဳးကေရွာင္ရီေရွ႕မွာသူ႕
စကားဝွက္ကို မကြယ္ဝွက္ပဲ ဆက္တိုက္ ပင္ ရိုက္ထည့္ၿပီး ဖန္သားျပင္ေပၚမွ ေပၚလာတဲ့အေကာင့္ထဲမွ ေငြအေမာက္ကို လက္ညိုးထိုးျပရင္း ေျပာလာတယ္။
"မင္း အဲ့ဒါကို အေသအခ်ာ ျမင္လား ?"
"......"
လုက်ိဳးရဲ႕လက္က်န္ေငြ ပမာဏကခုႏွစ္သန္းေက်ာ္ ရွိေနတယ္....
ေရွာင္ရီ တစ္ေယာက္သူ႕ေျခေထာက္ေလးေတြပင္ ေခြယိုင္လာတယ္လို႔ ခံစားမိေနတယ္။
လုက်ိဳး ေျပာလာတယ္။
"ဒါက ငါ့ရဲ႕ PocketMoney , အဲ့ဒီထဲကေန
အဆာေျပစားတယ္, Taobaoမွာ ပစၥည္းဝယ္တယ္,
အိတ္ေဆာင္ေငြ ပမာဏက Alipayမွာ ဆိုကိုးသန္း
ထက္ပိုထားလို႔မရဘူးေလ,က်န္ေငြက် ATMကဒ္ထဲဘဲ ထည့္ထားရတယ္, ငါ့ရဲ႕အသားတင္ပိုင္ဆိုင္မႈကို ေရာ
မင္းသိလား ? ငါႏွစ္တိုင္းပရဟိတအတြက္ဘယ္ေလာက္ လႉလဲဆိုတာကိုေရာ မင္းသိလား? တခ်က္သတိေလး ထားၿပီးၾကည့္,အခု မင္းျမင္ေနရတဲ့ [7790000 ] က
ေနာက္ဆို မင္းရဲ႕ ကိုယ္ပိုင္လစာ ျဖစ္လာမွာ "
"...???"
ေရွာင္ရီ က သူ႕ကတ္ေလးကို ထုတ္ၿပီး စက္ထဲကို ထည့္လိုက္တယ္၊ ဘယ္ဘက္လက္ေလးျဖင့္ ကာၿပီး ညာဘက္လက္ျဖင့္ စကားဝွက္ေတြကို ထည့္သြင္းလိုက္တယ္။
လုက်ိဳး :"......."
"မင္း ကဒ္ထဲမွာ ပိုက္ဆံက နည္းနည္းပဲရွိတာ!
မင္းကဒ္ကလည္း ကုမၸဏီက လုပ္ေပးထားတာ! ဒါေတာင္ မင္းကငါခိုးမွာကို ေၾကာက္ေနတာလား ...ဟမ္ ?!!"
လုက်ိဳး တကယ္ေဒါသထြက္သြားကို ျမင္ေတာ့မွ ေရွာင္ရီတစ္ေယာက္ လုက်ိဳးအား စကားဝွက္ဖုံးကြယ္ရန္မ
လိုအပ္ေၾကာင္း ျပန္စဥ္းစားမိတယ္။
"က်ိဳးေကာ...ကြၽန္ေတာ္ တကယ္ေတာင္းပန္ပါတယ္...
ကဒ္ရဲ႕ စကားဝွက္က ...60..."
"ထားလိုက္ေတာ့ !! မင္းကဒ္ကိုၾကည့္လိုက္ !"
ေရွာင္ရီ သူ႕ ကဒ္ထဲမွလက္က်န္ေငြ ပမာဏကို
တခ်က္ၾကည့္ၿပီး တခုခုေတာ့မွားေနၿပီလို႔
သူေတြးလိုက္မိတယ္။
"အေကာင့္ထဲမွာ{ 80000 } ရွိေနတယ္ ,
သုံးလ , ဟန္တ်န့္ မွာ ရတဲ့ အဖြဲ႕ေထာက္ပံ့ေငြရယ္,
ႏွစ္ကုန္ ေဘာနပ္စ္ ရယ္ ,အကုန္စုလိုက္ရင္ , အခု ရလာတဲ့ လစာက...80000 !!"
80000....80000....80000...80000.!!!!
80000!!....သုံးလကိုေလ....ေဒၚလာ
ရွစ္ေသာင္းေတာင္ရတယ္.....!!!
လုက်ိဳးက ေျပာလာတယ္။
"မင္းမွာက်ဘာလို႔အဲ့ေလာက္ပဲရွိၿပီး ,ငါ့မွာက်ဘာလို႔ မုန့္ဖိုး ခုႏွစ္သန္းေတာင္ရွိေနရတာလဲဆိုတာကို မင္းသိလား ?"
ေရွာင္ရီ တစ္ေယာက္ လုက်ိဳးရဲ႕ တရားေဟာျခင္းကသူ႕ကိုအကာအကြယ္တစ္ခုလိုျဖစ္ေစတယ္၊လုက်ိဳးရဲ႕ရည္႐ြယ္
ခ်က္ကသူ႕ရဲ႕ ေဒၚလာရွစ္ေသာင္းအတြက္ စိတ္ဓာတ္က်သြားေစရန္ျဖစ္ေသာ္လည္း ေရွာင္ရီ ကေတာ့
သူ႕ကိုယ္သူေတာင္ မထိန္းခ်ဳပ္နိုင္ေတာ့ဘူး၊
ထိုအခိုက္အတန့္သူကေကာင္းကင္ျပာတြင္
ပ်ံသန္း ေနရသကဲ့သို႔ ခံစားေနရတယ္,
ပဲရစ္ေမွ်ာ္စင္ထိပ္မွ ေထာင္ေပါင္းမ်ားစြာ
ေသာ မီးရႈး မီးပန္းသံေတြကို နားေထာင္ေနရ
သလိုျဖစ္ေနလ်က္...ရွစ္ေသာင္း !!!!
ထို႔ေနာက္တြင္ ၿမိဳ႕ေတာ္ရဲ႕ တားျမစ္ေနရာမွာ
လုပ္တဲ့ ပြဲလမ္းသဘင္ကို ႏြဲေပ်ာ္ေနရသလိုပင္
...ေဒၚလာရွစ္ေသာင္း !!!!!
အီစတာကြၽန္းမွေနဝင္ခ်ိန္ကို ၾကည့္ေနရသလိုလို .....
ဖူဂ်ီေတာင္ထိပ္မွ ခ်ယ္ရီပင္ေတြေအာက္
သီခ်င္းဆိုေနရသလိုလို ....
အရင္တုန္းက ကုန္းေကာက္စရာမရွိေအာင္
အရႈံးသမားျဖစ္ေနခဲ့ရသူက ခုခ်ိန္မွာေတာ့
သူ ခ်မ္းသာလာၿပီ....
ေဒါလာရွစ္ေသာင္း!!. .....ရွစ္ေသာင္းေတာင္!!!
လုက်ိဳးရဲ႕ စိတ္ရွည္ သည္းခံတဲ့ အသံက ေပ်ာက္ကြယ္သြားၿပီး,တေျဖးေျဖးပင္ ဖန္သားျပင္ကဲ့သို႔ မည္းေမွာင္လာတယ္,
"လူတစ္ေယာက္အေနနဲ႕ , သူတို႔ရဲ႕ အဝန္း အဝိုင္းကို
ခ်ဲ့ထြင္ရမယ္....
(ေနာက္ပိုင္း ဆုံးမၾသဝါဒေတြကေတာ့ေရွာင္ရီရဲ႕
အမူအရာေၾကာင့္ အလိုအေလ်ာက္ပင္
တေျဖးေျဖး တိုးတိုးသြားတယ္)
" ပထမဆုံး ဇာတ္ၫႊန္းေရးတဲ့ သူက 3သိန္း
ရတယ္ဆိုတာကို မင္းသိလား ? ပထမတန္းစား
နာမည္ႀကီး တစ္ေယာက္က ဇာတ္လမ္းတြဲ တစ္ခုမွာ
အပိုင္းတစ္ပိုင္းစာကို ေျခာက္သိန္းကေန ကိုးသိန္းအထိ ရၾကတယ္,ဒါရိုက္တာတစ္ေယာက္က ႐ုပ္ရွင္တစ္ခုစာ
အတြက္ သုံးသန္းကေန ကိုးသန္းအထိရတယ္, တာဝန္ခံလည္းဘဲ....."
ေရွာင္ရီရဲ႕ မ်က္ဆံေလးေတြက နံပါတ္ရွစ္ႏွင့္
သုညေလးလုံး ပါေသာ မ်က္ႏွာျပင္ကို
အနည္းငယ္ခ်ဲ့ၾကည့္ၿပီး ..ေတြးေနမိတာက....
ရွစ္....ရွစ္ေသာင္း !!!
"....အခ်မ္းသာဆုံးကေတာ့ ထုတ္လုပ္သူေတြပဲ,ဇာတ္ကား တစ္ကားအတြက္ ရင္းႏွီး ျမဳပ္ႏွံမႈက ေဒၚလာ100
မီလီယံ ကေန ဘီလီယံေပါင္းမ်ားစြာ ရွိတယ္ဆိုတာ
ကိုေရာ မင္းသိလား ? ငါ့လိုသာမင္း မွာပိုက္ဆံသာ
ရွိေနရင္, ဘယ္အႏုပညာရွင္ကိုမဆို "ထုတ္ေျပာလို႔
မရတဲ့ စည္းမ်ဥ္း "ေတြကို သုံးၿပီး အနားမွာ ေခၚထားလို႔ရတယ္, လီခ်န္းက်န္းကိုလည္း အတူတူပဲ၊သူဘက္ကလည္း မင္းရဲ႕ ကုမၸဏီနဲ႕ ေသခ်ာေပါက္ပူးေပါင္းလာလိမ့္မယ္...
စၾကဝဠာမွာ အကန့္အသတ္မရွိသလိုပဲ,
မင္းထက္ သာလြန္တဲ့သူေတြက ေကာင္းကင္မွာ အၿမဲရွိေနတယ္, လက္ေထာက္တစ္ေယာက္ျဖစ္ခ်င္႐ုံနဲ႕
လက္ေထာက္တစ္ေယာက္ရဲ႕လစာကိုပဲေမွ်ာ္မွန္းေနရင္
မင္းတသက္လုံးဒီဘဝက တက္မွာမဟုတ္ဘူး၊
ဒီလစာေလာက္နဲ႕ မင္း ကားလည္းမဝယ္နိုင္ဘူး,
အိမ္လည္းမဝယ္နိုင္ဘူး , မင္း ေျခက်င္ပဲေလွ်ာက္ေန
ရလိမ့္မယ္...အဲ့ဒီေတာ့..."
လုက်ိဳး ေနာက္ဆုံးတြင္နားလည္လိုက္သည္က ေရွာင္ရီ တစ္ေယာက္ ဘုရားသခင္ဆီ သို႔ ခရီးေပါက္ေနၿပီျဖစ္ေၾကာင္း သူနားလည္လိုက္ၿပီး နားနားသို႔ ကပ္ကာ
သူထေအာ္လိုက္တယ္။
"မင္း နားေထာင္ေနလား ?!!!"
"ကြၽန္ေတာ္ ...ေနာက္ဆုံးေတာ့ ...."
ေရွာင္ရီ လုက်ိဳးကို ေပြ႕ဖက္ၿပီး ထေအာ္လိုက္မိတယ္။
"ကြၽန္ေတာ့္အေကာင့္မွာ ဂဏန္းငါးလုံးထက္
ပိုၿပီးရွိေနၿပီ , ကြၽန္ေတာ့္အေႂကြးဝယ္ကဒ္ကို လည္းသုံးလို႔ရၿပီ! က်ိဳးေကာ !! ကြၽန္ေတာ္ ေကာရဲ႕ လက္ေထာက္အျဖစ္ဘဲ တသက္လုံးေနဖို႔ ဆုံးျဖတ္လိုက္ၿပီ !! ကြၽန္ေတာ့္ကို မမုန္း ရဘူးေနာ္ ....ဟီးဟီးဟီး..."
လုက်ိဳး :"........."
ေန႕လည္ခင္းတြင္, သူတို႔ႏွစ္ေယာက္
ေၾကာ္ျငာရိုက္ကူးေရး ဆီသို႔သြားခဲ့ၿပီး မြန္းလြဲပိုင္းတြင္,
လုက်ိဳး မေက်မနပ္ျဖစ္ၿပီး သေဘာမတူမည္ကို သိေသာ္လည္း ေၾကာက္ေၾကာက္လန့္လန့္ ျဖင့္ လုက်ိဳးထံ
ခြင့္ျပဳခ်က္ေတာင္းရန္ လာခဲ့လိုက္တယ္။
ေရွာင္ရီကအလုပ္ေတြကို ၿပီးစီးေအာင္လုပ္လိုက္တယ္၊
လုက်ိဳး ေန႕လည္စာစားၿပီးသည္အထိ သူေစာင့္ေနလိုက္တယ္။
လုက်ိဳး :" မင္းဘယ္သြားမလို႔လဲ ?"
"ကြၽန္ေတာ့္ကိုယ္ေရး ကိုယ္တာ ကိစၥေလးတစ္ခုရွိလို႔ပါ"
"......"
ေရွာင္ရီက လုက်ိဳး ရဲ႕ စိတ္အေျခအေနမူမမွန္တာကို ျမင္ရတာမို႔ သူခ်က္ျခင္းအမွန္အတိုင္းသာေျပာလိုက္တယ္။
"ကြၽန္ေတာ့္ေကာင္မေလးကိုသြားေတာင္းပန္ဖို႔
သူ႕အတြက္လက္ေဆာင္ေလးတစ္ခုေလာက္လည္း
သြားဝယ္ခ်င္လို႔"
"မင္းငါ့ကားကို ယူမသြားဘူးလား ?"
"အာ?...ရ...ရလား ?"
"ထားလိုက္ေတာ့...ငါပဲမင္းကိုလိုက္ပို႔မယ္"
လုက်ိဳး ေျပာလာတယ္။
"ငါဒီမွာဘာမွလည္းလုပ္စရာမရွိေတာ့ဘူးဆိုေတာ့, မင္းရဲ႕ဒရိုင္ဘာအျဖစ္ဟန္ေဆာင္ေပးမယ္ေလ...အိုေကလား ? မင္းေကာင္မေလးေရွ႕မွာမင္းေနာက္က လိုက္ၿပီး မင္းကိုမစၥတာေရွာင္လို႔ ေခၚေပးမယ္ေလ...ရလား?"
"........"
လုက်ိဳးက သူ႕ suitကို ဝတ္ၿပီး ထြက္သြားတယ္၊လုက်ိဳး ဘာေတြ ေတြးေနလဲ ဆိုတာကိုေတာ့ ေရွာင္ရီ တကယ့္ကို မသိေတာ့ဘူး။
"လာစမ္းပါ !!"
လုက်ိဳးက ထူးထူးဆန္းဆန္းကို ေျပာေနျခင္းပင္။
"အဲ့ဒါက....အဲ့လိုခ်ည္းက မေကာင္းဘူးထင္တယ္...
ကြၽန္ေတာ္ မလုပ္ရဲ...."
လုက်ိဳးက စိတ္မရွည္စြာပင္ၾကည့္ၿပီး ေျပာလာတယ္။
"ငါကဒီေလာက္ထိ မင္းကို လိုက္ၿပီးကူညီ ေပးေနတာကို မင္းက ခုထိမသြားရဲဘူးလုပ္ေနတယ္....
မင္း ေယာက်္ားမဟုတ္ဘူးလား !!!"
ေရွာင္ရီ အသက္ျပင္းျပင္းတခ်က္ရႈလိုက္တယ္၊
~~ေကာင္းၿပီ, ငါ့မွာ လုက်ိဳးရဲ႕ ပံ့ပိုးမႈရွိတဲ့ အတြက္ ဒီတႀကိမ္ေတာ့ ငါဂုဏ္ယူလို႔ရတယ္!! ငါ့ေကာင္မေလးက
နတ္ဘုရားကို ျမင္လို႔ ငါ့ကိုေအးစက္တဲ့ ပခုံးတစ္ဖက္ပဲ
ေပးရင္ေတာင္ ,ဒါက အဆင္ေျပေနတုန္းပဲ,အနည္း
ဆုံးေတာ့ ငါတို႔ ျပန္လည္ သင့္ျမတ္ေအာင္ ႀကိဳးစား
လို႔ရဦးမယ္ "
ေရွာင္ရီက ေၾကာ္ျငာကုမၸဏီတစ္ခုေအာက္၌
ကားကို ပါကင္ထိုးလိုက္ခ်ိန္လုက်ိဳးကေျပာလာတယ္၊
"ကားကို ငါေမာင္းမယ္, မင္းသူ႕ကို သြားရွာၿပီး
သူ႕ကို ေခၚလာလိုက္"
"ဟုတ္..ဟုတ္"
ေရွာင္ရီ ေျပာလိုက္တယ္။
"က်ိဳးေကာ.. အႀကိမ္ေရ သန္းခ်ီေျမာက္ေအာင္
ေတာင္းပန္ပါတယ္...ကြၽန္ေတာ့္ကို မေနာက္ပါနဲ႕ေနာ္ "
လုက်ိဳး :"......"
ဒီေန႕ သူ႕ရဲ႕ နတ္ဘုရား လုက်ိဳးက အရမ္းခ်စ္ဖို႔ေကာင္းေနတယ္လို႔ေရွာင္ရီေတြးလိုက္မိတတယ္၊ဘာေၾကာင့္ရယ္
မသိ...လုက်ိဳးသူ႕ကို ေနာက္ေနတယ္လို႔ပဲ သူထင္မိခဲ့
တယ္၊အသက္ျပင္းျပင္း တခ်က္႐ူၿပီး ေကာင္မေလး
အတြက္ ဝယ္လာတဲ့ စိန္လက္စြပ္ဘူးေလးကိုကိုင္ကာ
ကုမၸဏီအေဆာက္အဦးထဲသို႔ေရွာင္ရီဝင္လာခဲ့လိုက္တယ္။
W5415
25.10.2021
........................................................