ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

LazyFlower555 tarafından

160K 20.3K 412

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ Daha Fazla

Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP14(U&Z)

2K 304 0
LazyFlower555 tarafından

..ထိုနေ့ညတွင် ရှောင်ရီတစ်ယောက် Tianyaပေါ်တွင် ကတုန်ကယင်ဖြင့် ပိုစ့်တွေကို လိုက်ကြည့်နေမိတယ်၊လုကျိုးမည်သို့ မည်ပုံကျော်ကြားလာတဲ့ အကြောင်း ပြောထားတဲ့ ပိုစ့်ပေါင်းရှစ်ခုမျှရှိနေတယ် ။
တချို့တွေကလုကျိုး က ထုတ်လုပ်သူနဲ့
ပြောမပြနိုင်တဲ့ အနေအထားဖြင့်
ပတ်သက်ရာမှတက်လာတယ်လို့ ပြောကြတယ်....ရှောင်ရီရဲ့ ဒေါသတွေကအရူးတစ်ယောက်လို မည်းမည်းမြင်ရာသတ်ပစ်ချင်တဲ့အထိတကယ့်ကို စိတ်တွေအတော်လေး ထိန်းချုပ်နေရတဲ့သူဖြစ်နေတယ်။

ထုတ်မပြောအပ်တဲ့စည်းမျဥ်းတွေဆိုသည်ကို မကြာခဏကြားနေရသော်လည်းအဆို
တော် တစ်ယောက်ဖြစ်စေ,သရုပ်ဆောင်တစ်ယောက်ဖြစ်စေ ,ထုတ်ပြောလို့မရတဲ့ စည်းကမ်းချက်တွေကနေတော့မလွတ်မြောက် နိုင်ကြဘူး၊နာမည်ကြီး သရုပ်ဆောင်တွေတောင် ပါဝင်နိုင်ကြတယ်။
ဒါပေမယ့် ဘယ်သူတွေဘာတွေဘဲ ပြောပြော,
လီချန်းကျန်း နဲ့ သူ့ရဲ့ နတ်ဘုရား လုကျိုး အပါအဝင် ဖြစ်နိုင်ချေဆိုတဲ့ အနေအထားကနေတောင် သူက လုံးဝဖယ်ရှားလိုက်တယ်။
ဘယ်သောအခါမှ မညစ်နွမ်းခဲ့သလို လုကျိုးက သူ့အတွက်တော့ ရွံ့နွံ့ထဲကထွက်ပေါ်လာတဲ့ အဖြူရောင်ကြာပန်းလေး တပွင့်လို
အမှန်တကယ် အပြစ်ကင်းတယ်လို့သူတွေးမိတယ်၊ ဒါပေမယ့် လီချန်းကျန်း နဲ့ ပတ်သက်၍မူ ,အရင်က တချို့သော ကိစ္စတွေကို သို့လောသို့လော ကြားဖူးခဲ့ပေမယ့်,
သူ့ရဲ့ဆင်ခြင်နိုင်တဲ့ အနေအထားအရ နားလည် နိုင်ပေမယ့် ဒီလို ကိစ္စတွေကိုတော့
သူမမေးအပ်တာမို့ ,အလေးအနက်လည်း
မထားမိဘူး၊အတိတ်က ဘာတွေဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာဘဲ ထားခဲ့သင့်တယ်မဟုတ်လား၊သို့သော်, စိတ်ခံစားချက်အရ သူလုံးဝ ဒါကို လက်မခံနိုင်ဘူး၊သူက ပိုစ့်တွေကို
ဆက်မကြည့်တော့ဘဲ ထွက်လာဖို့ ကြံရွယ်ခဲ့သော်လည်း အောက်သို့ ဆွဲကာဆက်ကြည့်လိုက်မိတယ်။

ဘုရားသခင် !! ရှောင်ရီ နှလုံးတွေခုန်လာပြီး
သူ့မျက်နှာပေါ် မှာ မျက်ရည်တွေစီးကျလာတယ်၊မျက်ရည်စို့နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေမိရင်း ,

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ! ငါ့ရဲ့ နတ်ဘုရားကတစ်စုံတစ်ယောက်ရဲ့ အထက််ပုဂ္ဂိုလ် ဖြစ်ဖူးတယ်..."

ပရိသတ်အားလုံးနီးပါးက တူညီတဲ့ တုံ့ပြန်မှုကို ပြောဆိုနေကြပြီး ထိုပိုစ့်ကိုလည်း Weiboမှာ အတော်များများ ပြန်၍ ဝေမျှနေခဲ့ပြီး အခြားပိုစ့်တွေရဲ့ linkတွေကိုတောင်ယှဥ်တွဲကာမျှဝေနေကြတယ်၊အဲ့ဒီအပြင်, ရည်စူးပြောဆိုနေတဲ့ မှတ်ချက်တွေထဲမှာ သူမြင်လိုက်ရတဲ့ မှတ်ချက်တစ်ခုက :

"ငါလည်း အဲ့ဒါကို တစ်နေရာရာကကြားခဲ့တာ, လုကျိုးကသူနဲ့ ပတ်သက်တဲ့သူကို
Topပြီးရောအဲ့ဒီလူလုံးဝမထနိုင်တော့ဘူးတဲ့ ~~

ရှောင်ရီ :"......."

မဟုတ်ဘူး ..မှားတယ်!!!

ရှောင်ရီက ထိုမှားတယ်ဆိုတဲ့စကားနှစ်လုံးကို
ကျန်းရှီးရမ်နဲ့ လုကျိုး တို့ ကြားထဲသို့ ချက်ခြင်း ပစ်ထည့်လိုက်တယ်၊သူတို့ မထနိုင်အောင်လုပ်နိုင်တဲ့ ဆိုတဲ့သူက အချိန်မတိုင်မီ
သုတ်လွှတ်နိုင်တဲ့သူဆိုတာကို သူပြန်တွေးလိုက်မိတယ်၊သူ့ကိုယ်သူ ပြန်၍ သုံးသပ်နေခြင်းနဲ့ သံသယဝင်ခြင်း တို့ကို ဖြတ်သန်းရင်း
သူက တရားသေသတ်မှတ်လိုက်တယ်၊နောက်ဆုံးတွင်ဘာဘဲပြောပြောရှောင်ရီက
သူသိထားတဲ့အရာတွေက မှားနေတယ်လို့သူယုံကြည်လာတယ်၊လုကျိုးကဘယ်နည်းနဲ့မှ မြုံနေတာမျိုး နဲ့ သုတ်လွှတ်မြန်တာမျိုးတော့ မရှိနိုင်လောက်ဘူး။

အကယ်၍ ထိုစကားသာမှန်နေမယ်ဆို ,
လုကျိုး လုပ်လို့ ထနိုင်သည်ဖြစ်စေ
မထနိုင်သည်ဖြစ်စေ ကျန်းရှီးရမ် လိမ်နေတာဘဲ ဖြစ်နိုင်လောက်တယ်၊သူတို့အားလုံးက
အကုန် လိမ်ညာနေကြတယ်၊ဒါကြောင့်မို့
လုကျိုးကတော့ထုတ်လုပ်သူရဲ့အောက်မှာ
မနေရတာတော့သေချာတယ်။

"ဥက္ကဋ္ဌဒူ "

ရှောင်ရီ ပြောလိုက်တယ်။

"အဲ့ဒီပိုစ့်ကို ...ကျွန်တော်တို့ တစ်ယောက်ယောက်ကို ဖျက်ခိုင်းသင့်
တယ်လို့ထင်တယ် "

ရှောင်ရီက ဒူမိုင်ကို ကြည့်ပြီးတစ်ခုခု
အကူအညီရဖို့ မျှော်လင့်တယ်။

ဒူမိုင်က ထိုပိုစ့်ကို တချက်ကြည့်ပြီး ,

" စိတ်ဓာတ်မကောင်းတဲ့လူတွေ...သူတို့ကို
ငါတို့ ခေါင်းထဲ ထည့်စရာမလို ဘူး"

"ကျွန်တော်တို့ အဲ့ဒါကို မဖျက်ဘူးလား ?"

ရှောင်ရီမေးလိုက်တယ်။

"ငါတို့က ဖျက်ဖို့ တစ်ယောက်ယောက်ကို
ရှာတယ်ဆိုရင် ဒါက အမှန်တရားဘဲလို့
ငါတို့ဘက်က ဝန်ခံလိုက်သလိုဖြစ်မသွား
ဘူးလား?"

ဒူမိုင်က WeChatကို ကြည့်ပြီး သူမလက်ကို
ထားလိုက်ဆိုတဲ့ အမူအယာဖြင့် ဝေ့ရမ်းပြလာတယ်။

'အဲ့ဒီအပြင်လုကျိုးက အဲ့လို ပေါက်ကရ စကားတွေကို စိတ်မဝင်စားဘူး ၊မင်းသူ့အတွက် စိတ်ပူစရာမလိုဘူး"

"အိုး...

ရှောင်ရီ ပြန်ဖြေလိုက်တယ်။

ရှောင်ရီ ရုတ်တရက် အလင်းရသွားတယ်၊
သူတွေးလိုက်မိတယ်...ဒါက အမှန်ဘဲ...
လုကျိုး ကိုယိတိုင်က တောင် ဂရုမစိုက်တာ
သူလည်း စိတ်ဖိစီးနေဖို့ မလိုဘူး ၊အဲ့ဒီအပြင်
လုကျိုးက ထုတ်လုပ်သူနဲ့ သူ့အကြား ပြောမပြနိုင်တဲ့ အရာတွေကိုလည်း မလုပ်ခဲ့ဘူး။

ဒူမိုင် ကလုကျိုးကို သူ့ဆီလာရန်ဖုန်းခေါ်
လိုက်တယ်၊ရှောင်ရီက တော့ ဘေး တစ်ဖက်ဆီသို့ လမ်းလျှောက် သွားပြီး အွန်လိုင်းမှ
မှတ်ချက်တွေကို ဆက်ပြီး ကြည့်နေတယ်။

ထို ကဲ့သို့ တမုဟုတ်ခြင်း ပေါက်ကွဲစေတတ်တဲ့သတင်းကို တင်တဲ့ ပိုစ့်ကိုလည်း သူထပ်မြင်လိုက်တယ်၊ဒါက တကယ့်ကို အတွင်းသိထဲက တင်တာဖြစ်နိုင်လောက်တယ်။

သူတို့ ရည်ညွှန်း ပြောချင်တဲ့သူက လုကျိုးရဲ့ ပထမဆုံး ရုပ်ရှင်ကို ထုတ်လုပ်ပေးခဲ့သူဖြစ်ပြီး သူ့ရဲ့မျိုးရိုးနာမည်ကို ပထမဆုံး
သရတစ်လုံးနဲ့ အစားထိုးထားတယ်။ထို
ထုတ်လုပ်သူက Shou ဖြစ်ပြီး ထိုသူက
အနုပညာလောကတွင်ယောကျ်ားတွေနဲ့ တွဲ
ခြင်းကြောင့် နာမည်ကြီးနေသူဖြစ်တယ်။
ထိုသူက နူးနူးညံ့ညံ့နဲ့ ချစ်စရာကောင်းတဲ့
ပုံစံမျိုး မဟုတ်သော်လည်း ထိုသူက ကျိန်းသေ Gongတော့ မဟုတ်ဘူး၊ထို့အစား,
သူနဲ့အတူ တွဲဖူးသူတွေက Gongတွေအဖြစ်သာ ရှိနေတယ်၊အများစုကလည်းဒါကို အတည်ပြုထားတယ်။

လုကျိုးရဲ့ ပွဲဦးထွက်ရုပ်ရှင်
{Turning Head Arrow}ကို ဂရုတစိုက်
ကြည့်မယ်ဆိုရင်,နှစ်အစပိုင်း မှာ အတော်လေး ရေပန်းစားတာကို သတိထားမိလိမ့်မယ်၊ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာလာတဲအခါ,ဘယ်သူမှ ပြန်ပြီး သတိမပြုမိကြတော့ဘူး၊လုကျိုးက ဒူမိုင်နဲ့ စာချုပ်စတင်တဲ့
အချိန်မှာ ထိုရုပ်ရှင်ကလည်း တဖြေးဖြေး
နာမည်ကြီး လာပြီဖြစ်တယ်။

ဘယ်သူက ပရိုမိုးရှင်း ဆင်းခဲ့လို့လဲ !!
ရှောင်ရီ ဒီသတင်းကို တကယ်မယုံနိုင်ဘူး၊
လုကျိုးမှာ သူ့ကိုယ်ပိုင်အစွမ်းအစရှိတယ်၊
သူ့ရဲ့ အတွေ့အကြုံအမြင်အရ မျက်နှာလိုက်စရာလည်း မလိုဘူး၊သူကလည်း ဒါကို ငြင်းခုံနေမှာမဟုတ်လောက်ဘူး"

ရှောင်ရီ ဒါကို ပြန်စဥ်းစားမိနေရင်း ရုတ်တရက်အတွေး တစ်ခုဝင်လာတယ်။
အကယ်၍ လုကျိုးမှာ ရွေးချယ်စရာမရှိလို့
ထုတ်လုပ်သူနဲ့ ပတ်သက်ခဲ့ရတယ်ဆိုရင်တောင် အရိပ်တစ်ခုက သူ့နောက်ကို လိုက်ပြီး အမြဲတမ်း သူ့ကို မသက်မသာဖြစ်နေစေလောက်တယ် ၊ဘာဘဲဖြစ်ဖြစ် လုကျိုးကို
သူနားလည်ပေးနိုင်ရမယ်။

"ဟေး...."

လုကျိုးသူ့ကို ခေါ်တယ်။

ရှောင်ရီ ချက်ခြင်း ခပ်မတ်မတ်လေး ဖြစ်သွားတယ်။

"မင်းအခန်းကို ဘာလို့မပြန်သေးတာလဲ ?"

ရှောင်ရီ ဘာတွေ တွေးနေမလဲဆိုတာကို
လုကျိုးမသိတာမို့ သူ့ကို လုကျိုးက
အထူးတဆန်း ကြည့်လာတယ်။

ဒူမိုင်က ဝင်ပြောလာတယ်။

"ငါသူ့ကို ဒီမှာနေဖို့ ခေါ်ထားတာ,ဒါကို ကြည့်ကြည့် ,မင်းရဲ့ တရားဝင်ဖြေရှင်းမှု မူကြမ်း
ရပြီ"

ဒူမိုင်သူ့ကို ပေးလာတဲ့ စာမူကြမ်းကို တချက်ကြည့်လိုက်ပြီး နောက်တနေ့ တွင် ထိုစာကို
ထုတ်ဝေဖို့ အတွက် ပြင်ဆင် နေတယ်။
အခုလောလောဆယ်,အင်တာနက်မှာ လုကျိုး သတင်းက ရုတ်ရုတ်သဲသဲ ဖြစ်နေတုန်းမို့
လုကျိုးနဲ့ ကျန်းရှီးရမ်ရဲ့ သတင်းက လည်း အေးစက်သွားလို့ မရဘူး။

ဒူမိုင်က စာမူကြမ်းကို ပြင်ဆင်ပြီးနောက်,
သူမက ထုတ်ဝေသူထံမသွားခင် လုကျိုးကို
တချက်ပြရင်း ပြောလာတယ်။

"လုကျိုး , မင်းရဲ့ တရားဝင် အကြောင်းပြချက်ကို မနက်ဖြန် Weiboမှာ ကြေညာမယ်ဆိုတာကိုလည်း သတိရဦး "

အကြောင်းပြချက်က တကယ်ကြီးဟာကွက်မရှိစေဘဲ ပြည့်စုံစေတယ်။ရှောင်ရီ တချက်ထိုစာမူကြမ်းကို ကြည့်လိုက်တယ်။လုကျိုးနဲ့
ကျန်းရှီးရမ်တို့ ရဲ့ အချစ်ဇာတ်လမ်း အကြောင်း အရာကို

"အရမ်းချစ်တဲ့ ချစ်သူတွေအဖြစ်
ဆယ်နှစ်တာ ခံစားချက်တွေနဲ့ နှိုင်းယှဥ်လို့
မရသော်လည်း အဆုံးသတ်မှာတော့
မင်းလက်ကို မဆုပ်ကိုင်နိုင်တော့သလို မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကိုသစ္စာဆိုပြီး အသက်ကြီးတဲ့အထိအတူနေလို့မရနိုင်တော့ ဘူး၊ငါ့ကိုနာကျင်စွာထားရစ်ခဲ့ပြီး မင်းရဲ့ အတောင်တွေကို ဖြန့်ကျက်ရင်း
ကောင်းကင်ထက်ဆီပျံသန်းခွင့် ပြုပါတယ်"

ထိုသို့သော ဟန်ဆောင်ပြောဆိုမှုကအမှန်တကယ်ကို ဂရုဏာသက်ကာမျက်ရည်ကျ
စေလောက်တယ်လေ။

လုကျိုးရဲ့ စကားတွေမှာတော့ အဓိကအား
ဖြင့် သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေအကြောင်း၊
သူ ကဘာမှမသိတဲ့သူတစ်ယောက်အဖြစ်အနုပညာလောကထဲသို့ပထမဆုံးစတင်ဝင်ရောက်ခဲ့ပြီး သူက ကံကောင်းစွာနဲ့ ကျန်းရှီးရမ် နဲ့ တွေ့ခဲ့ရပုံ၊သူ့ကို မည်သို့ ကူညီခဲ့ပုံ၊
တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုဖေးမခဲ့ပုံ၊သူတို့ နှစ်ယောက်ဘယ်လိုဖြစ်ပြီး ဒီအခြေအနေထိ ဝေးကွာသွားပုံတွေကို ရေးသားထားတယ်၊သို့သော်,သူမနဲ့တွေ့ကြုံ
ခဲ့ရတဲ့ ကံကြမ္မာကြောင့် ကျန်းရှီးရမ့်
လက်ကို ဆုပ်ကိုင်ပြီး မဂ်လာအခမ်းအနားထိ အတူသွားကြဖို့ သူမျှော်လင့်ခဲ့ပေမယ့်,သူတို့ရဲ့ အတွေးအခေါ်နဲ့ ယူဆချက်တွေက တစ်ယောက်နဲ့ တစ်ယောက်ဆန့်ကြင်ဖက်တွေဖြစ်နေတာမို့ နောက်ဆုံးဘယ်လိုမှအဆင်မပြေတော့တာမို့ လက်လွှတ်လိုက်ကြတယ်။
ဒါပေမယ့် သူတို့ တစ်ယောက်နဲ့ တစ်ယောက်
ပျော်ရွှင်မှု ရစေဖို့ ဆုတောင်းပေးနေမိဆဲဘဲ၊
သူတို့ရဲ့ လမ်းခွဲမှုက ဘယ်သူနဲ့မှလည်း မဆိုင်သလို ဘယ်သူကြောင့်မှလည်း မဟုတ်ဘူး၊
တချိန်ချိန်ကျ အရာအားလုံးက ထင်ရှားသွားမည်ဖြစ်ကြောင်းကို ရေးသားထားတယ်။

လုကျိုးရဲ့ ပထမဦးဆုံးပွဲဦးထွက်အမှတ်တရတွေနဲ့ ကျန်းရှီးရမ်နဲ့ သူတဖြေးဖြေး နီးစပ်လာပုံတွေကို ဖတ်ကြည့်နေရာမှရှောင်ရီ အနည်းငယ် ဝမ်းနည်းနေမိတယ်။

"ငါ့ကို အဲ့လို မျက်နှာကြီးမလုပ်ပြစမ်းပါနဲ့"

လုကျိုးက ပါးစပ်တွေကို မဲ့ကာတွန့်ကွေးရင်း

"ငါတကယ်ကြက်သီးတွေထလာတယ်!!!'

ရှောင်ရီမေးလိုက်တယ်။

"ဒါတွေကအကုန်အမှန်တရားတွေလား ?"

လုကျိုးက ပြောလာတယ်။

"အများစုက ပိုပိုလိုလို ရေးထားတာတွေ,
မင်းစာကောင်းကောင်းရေးတတ်တယ်မလား? မင်းကောင်းသလို ထပ်ပြီး ပြင်လိုက်"

အမှန်တကယ်တော့ရှောင်ရီရဲ့ စာရေး ခြင်း အတတ်ပညာက သာမန်အဆင့်ဘဲရှိတယ်။
သူက စကားလုံးအနည်းငယ်ကို ထပ်ကွန့်လိုက်ပြီး ပိုမို ကောင်းမွန်တဲ့ ရိုးရိုးသားသား ပုံစံလေး သို့ ပြောင်းလိုက်တယ်၊ထို့နောက်
လုကျိုးကို ဖတ်ခိုင်းလိုက်တယ် ၊လုကျိုးပြောလာတယ်။

"အဲ့တိုင်းဘဲ လုပ်လိုက်တော့ "

ရှောင်ရီက ဒူမိုင်ဆီမှသင်ယူတယ်,ခုလို ပုံစုံမျိုးက နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။
မင်းသားတစ်ယောက်ကရုပ်ရှင်သို့မဟုတ်
ဇာတ်လမ်းတွေမှာ မပါဝင်ဘူးဆိုရင်တောင် ,
ဒီနည်းလမ်းက ပရိသတ်ကိုပိုသိစေပြီး ပရိသတ်နဲ့ ဆက်လက်ထိတွေ့မှုကို ထိန်းသိမ်းထားနိုင်တယ်ပြီး ခေါင်းစဥ်တစ်ခုအောက်တွင် အပြန်အလှန် အကျိုးသက်ရောက်မှုရှိစေတယ်၊ဒါပေမယ့် သရုပ်ဆောင်တွေရဲ့
ပိုမိုချဲ့ထွင်ပြီး တမင်တကာချဲ့ကား ပြောဆိုခြင်းက ပရိသတ်တွေကို ထိတ်လန့်စေတယ်၊
ချိန်းတွေ့ခြင်းရဲ့ပျက်ပြယ်မှုကကသံသယရှိစရာမလိုတဲ့ အဆုံးအရှုံးအနည်းဆုံးနဲ့
ပရိသတ် သဘောကျတဲ့ နည်းလမ်းဘဲ။

လုကျိုးက ကျန်းရှီရမ်ရဲ့ ပေါင်ကို တွယ်တက်ပြီး ကျော်ကြားလာတယ်လို့ လူတိုင်းက ပြောဆိုကြတယ်,အမှန်တကယ်က သူ့ကို မှားယွင်းစွာစွပ်စွဲခံခဲ့ရသော်လည်း
နောက်ဆုံးမှာတော့ ,ထို သတင်းက နှစ်ဦးလုံးအတွက် အကျိုးရှိစေတယ်။

'ငါတို့ရဲ့ ကျိုးကျိုး က ဘယ်သူ့ကိုမှထပ်မချစ်တော့ဘူး"

ဒူမိုင်က စိတ်ဓာတ်ကျစွာဖြင့် ပြောလာတယ်။

"ဟမ့် ....အဲ့ဒါကို Weiboမှာတင်မယ်"

နောက်တနေ့ မနက်တွင် ရှောင်ရီ ကလုကျိုးရဲ့ Weiboကို ဖွင့်ပြီးအကြောင်းပြဖြေရှင်းချက်ကို တင်လိုက်တယ်။

ဒီနေ့က သောကြ်ာနေ့မို့ ရိုက်ကူးရေးကတနေကုန်ရှိနေတယ်၊ရှောင်ရီ သည်လည်း စတူဒီယိုတွင် အလုပ်များနေပြီး Weiboတွင်လက်ရှိ
ဖြစ်ပျက်နေမယ့်အခြေအနေကိုလည်း တွေးမိတယ်၊ဖြစ်နိုင်တာကတော့ ကျိန်းသေအကြီးအကျယ်ပွက်လောရိုက်နေလောက်ပြီ။

မနက်မိုးလင်းထဲက အလုပ်ရှုပ်နေခဲ့တာမို့
ဒါရိုက်တာကလည်း အသည်းအသန် အချိန်ဇယားနဲ့ အမှီ ဖြစ်အောင်ကြိုးစားတယ်၊ တာဝန်ခံ အမျိုးသမီးကလည်း
ခြေထောက်တောင် မြေမထိနိုင်အောင်
တက်သုတ်ရိုက်နေတယ်၊ထိုသို့ ပျားပန်း
ခတ်အောင် အလုပ်ရှုပ်နေတဲ့ ကြားမှ တစ်စုံတစ်ယောက်ကို ကျိန်ဆဲနေတဲ့
လူတွေလည်းရှိနေကြပြန်တယ်။

မွန်းလွဲပိုင်းတွင်,ခက်ခဲတဲ့ အပိုင်းတွေအားလုံး ရိုက်ကူးပြီးစီး သွားပြီး လုကျိုးတစ်ယောက်လည်း ဖန်သားပြင်ပေါ်မှ ထွက်ခွာနိုင်ပြီး
ထိုအခန်းကို တည်းဖြတ်သူတွေက လည်း
ဆက်လက်တည်းဖြတ်နေကြတယ်။

"ကောင်းတယ် !

ဒါရိုက်တာက ပြောလာတယ်။

"နောက်တစ်ခန်း !"

နောက်ဆုံးတွင်ရှောင်ရီ သူ့ဖုန်းကို ထုတ်ပြီး
လုကျိုးရဲ့ Weiboကို ဖွင့်လိုက်တဲ့အခါ,
သူတကယ်ကြီး ထိတ်လန့်သွားခဲ့တယ်၊
သူတို့ တင်ထားတဲ့ ပိုစ့်အောက်မှာ
လူပေါင်း 254000ကျော် ရှိနေပြီး commentပေါင်း 95000ကျော်ရှိနေတယ်။
ရှောင်ရီ ချက်ခြင်းလဲတောင်သေချင်မိတယ်။

လုကျိုးရဲ့ ဖြေရှင်းချက်က 60% မျက်နှာသာပေးခြင်းခံထားရတယ်၊
ပရိသတ်အများစုက သူ့ရဲ့ မျှော်လင့်ချက်ပါလိူ့ ပြောနေသရွေ့ သူ့ကို နတ်ဘုရားအဖြစ် သတ်မှတ်နေကြမြဲဘဲ၊လုကျိုးဘက်က ရှင်းရှင်းလင်းလင်း ပြောဆို ချပြနိုင်သရွေ့
ကျန်းရှီးရမ်ဖြစ်စေ,နင်ယာချင်း ဖြစ်စေ,
ကျိုပန်ရှန်း  သို့ မဟုတ် ရှောင်ရှန်းယန်
သို့တည်းမဟုတ်ဘယ်သူဘဲဖြစ်ဖြစ်
ပရိသတ်ကထပ်မံ၍ကန့်ကွက်မည်
မဟုတ်ပေ။

ဒါပေမယ့် အခုပိုစ့်ရဲ့အောက်မှာတော့နှစ်ဖက်လုံးက ပရိသတ်တွေ နဲ့ အင်တာနက် အသုံးပြုသူတွေက လုကျိုးရဲ့ ပရိသတ်တွေကို ပြင်းပြင်ထန်ထန်ပြောဆိုနေကြတယ်။
လုကျိုးကို ခွင့်မလွှတ်နိုင်ဘူး၊ လက်ရှိ
ခေါင်းစဥ်ကို အသုံးပြုပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ကာ မသိရင်
နတ်ဆိုးတွေ ကမ္ဘာမြေပေါ်ဆင်းလာပြီး
စစ်ဖြစ်နေကြသလိုဘဲ။

ရှောင်ရီက တချက်တွေးမိတယ်။

"ကျန်းရှီးရမ်က ရေတပ်တစ်တပ်များ ပိုင်နေတာလား ? ဒါမှမဟုတ် ဒူမိုင်များ ပိုင်တာလား? နှစ်ဦး နှစ်ဖက် ငြင်းခုံမှုက သူတို့နဲ့
များ သက်ဆိုင်တယ်နေလောက်လား ?"

{T/N..ရေတပ်ဆိုတာက ဘန်းစကားပါ,
ငွေပေးပြီး လူမိုက်ငှားတာမျိုးပါ}

အခြားမန့်တွေကို ကြည့်လိုက်တဲ့အခါရှောင်ရီ ပိုပိုပြီး ခံစားနေရတယ်၊ [Iron Horse Glacier ] မှ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေ,အထူးသဖြင့် နင်ယာချင်းကို
အပြင်းအထန် ဝေဖန်တိုက်ခိုက်နေကြတယ်။
ရှောင်ရီ ပိုပို ပြီး ဖတ်ကြည့်လေ ပိုပိုပြီး ဒေါသထွက်လာလေလေဘဲ၊လုကျိုးကသူ့ကို စော်ကားတာကို မကြိုက်ဘူးလေ။

ရှောင်ရီ ကောင်းကင်ကိုသာမော့ကြည့်ပြီး အော်ဟစ်ချင်လာတယ်။

"ငါ့ရဲ့ နတ်ဘုရား က အရမ်းအလုပ်ကြိုးစားခဲ့ရတာတွေ မင်းတို့ သိကြလား ? !
မင်းတို့ သိတောင်သိကြရဲ့လား ?!
ငါ့....Fuck ....ဘဲ !.နောက်ဆုံးတွင်
ရှောင်ရီလုံးဝ သည်းမခံနိုင်တော့တာမို့
လုကျိုးရဲ့ Weiboမှထွက်လိုက်ပြီး အခြား
အကောင့် အသစ်တစ်ခုဖွင့်ကာ Anti fanတွေကို စတင်ကျိန်ဆဲ လိုက်တယ်။

ရှောင်ရီတစ်ယောက်ရန်သူတွေကို ခြေမှုန်းဖို့ ရည်ရွယ်ထားသော်လည်း သူ့မှာ တော်လှန် တိုက်ခိုက်စရာက စာကြောင်းလေး သုံးကြောင်းသာရှိတယ်၊တဖက်တလှည့် မန့်တွေအောက်၌ "မင်းဘာလို့ ခုလို ပြောရတာလဲ"

"မင်း ပါးစပ်ပိတ်!""မင်းဘာမှနားမလည်ဘူး!"

သူ့ရဲ့ ဖျက်ဆီးတိုက်ဖျက်မှု အဆင့်ကသိပ်မများဘူး၊ကျိန်ဆဲသော အရည်အချင်းကလည်း နိမ့်ကျတာမို့ သူတကယ်ကြီး ဒီအကောင့်တုတွေကို မနိုင်တော့ဘူး၊အကယ်၍ များ သူ့တွင် ဘီလီလျံ 100 လောက်သာရှိပါက လူတစ်ဦး 1000 စီပေးပြီး လူကျိုးအား
ဆန့်ကျင် ပြောဆိုနေသူတွေကို သူတကယ်ကြီး လည်ပင်းညှစ်သတ်ခိုင်းမှာ ...။

ရှောင်ရီတစ်ယောက် သူလည်းဘဲ လက်တစ်ထောင်ရှိတဲ့တန်ခိုးရှိသူဖြစ်လိုကြောင်းဆုတောင်းမိတယ်၊အဲ့လိုဆို တစ်ယောက်ချင်းဆီကို လည်ပင်းညှစ်သတ်နိုင်ပြီ၊ သူ့ရဲ့အကောင့်တုက မက်ဆေ့တွေကို ချက်ခြင်း
ဖျက်လိုက်တယ်၊သူက ခေါင်းမော့လာချိန်ထိ အပြင်းအထန်တိုက်ခ်ုက်မိနေဆဲဘဲ၊အမျိုးသမီးတာဝန်ခံ အစ်မက သက်ပြင်းချလိုက်ပြီး ရှောင်ရီအား Tianyaကို ကြည့်ဖို့ ပြောလာတယ်။

"မင်း Tianyaကို ခုထိမသွားသေးဘူးလား?"

"ကျွန်တော် သွားမယ်"

ရှောင်ရီသူမကို အရမ်းစိတ်မလှုပ်ရှားဖို့ ပြောလာတယ်၊ဒါပေမယ့် သူကိုယ်တိုင်ကသူမထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေမိတယ်။

တာဝန်ခံအစ်မက ပြောလာတယ်။

"ဒီပိုစ့်ကို ကြည့် !"

ရှောင်ရီက ထိုအစ်မ ပေးပို့လာတဲ့ ပိုစ့်ကို
ကြည့်လိုက်တယ်၊ထို အရာက သူ့ဘောင်းဘီ ကြီး ပြဲစုတ်သည်အထိ ကြောက်လန့်သွားစေတယ်။

ပိုစ့်ရဲ့ခေါင်းစဥ်က .......
အမှန်တရားဖော်ထုတ်ခြင်း: ..လုကျိုးရဲ့
တကယ့် သရုပ်မှန် ...

စာလုံးရေ350မျှသာပါဝင်တဲ့ ပိုစ့်တစ်ခုအောက်တွင် လူတစ်ဦး မှတ်ချက် ပေးထားသော အရာကိုရှောင်ရီ တချက်ကြည့်လိုက်တယ်။

[ငါသူငယ်ချင်းက လုကျိုးရဲ့ လက်ထောက်လေ, အဲ့ဒီ ရွံစရာကောင်းတဲ့လူက နာမည်ကြီးလာတော့ မျက်လုံးထဲမှာ ဘယ်သူ့ကိုမှမထားတော့ဘူး၊သူက ကုမ္ပဏီမှာဆို သူ့လက်ထောက်ကို မကြာခဏ အော်ဟစ်နေတာဘဲ ၊လက်ထောက်ကို ဒေါသထွက်ပြီးဆို ရိုက်ဖို့တောင်လုပ်တာ,သူ့လက်ထောက်က တကယ်သနားဖို့ ကောင်းတယ်, နေ့တိုင်းလိုလို အရိုက်ခံ အကန်ခံ ရတယ် ]

နည်းလမ်းမရှိဘူး ! ဒါကို ဘယ်သူရေးတာလဲ ?! သူဘယ်သူ့ကိုမှမပြောခဲ့ဖူးဘူး !
!အရှင်မင်းကြီး ...ဒါက ကြည်လင်နေတဲ့ ကောင်းကင်ကို တမင်တကာ မိုးသက်မုန်တိုင်း ဆင်တာဘဲ...မိုးနတ်မင်းကြီးရေ...ငါ့ကို အမြန်လာခေါ်ပါတော့...ငါအသက်ထပ်မရှင်ချင်တော့ဘူး ....

{T/N..အဲ့ဒီစကားကဇာတ်ဝင်ခန်းထဲက ဘုရင်ရဲ့ မိဖုရားငယ်တပါး ပြောတဲ့စကားပါ}

ခဏမျှရပ်ပြီးနောက် ,ရှောင်ရီပြောလာတယ်။

{ ကျွန်တော်က သဘောတူညီချက်မှာလက်မှတ်ထိုးထားရတာ...ကျွန်တော်
ဘယ်သူ့ကိုမှဒီလို စကားမျိုး မပြောဖူးဘူး၊
မဟုတ်ဘူး..ကျိုးကောကလည်း ကျွန်တော့်ကို ဘယ်သောအခါကမှမရိုက်ဖူးသလို အော်လည်း မအော်ဖူးဘူး !.အဲ့ဒါက အမှန်မဟုတ်ဘူး!.တမင် လုပ်ကြံ တာ !! ကျွန်တော်အခု ဘယ်လို လုပ်ရပါ့မလဲ အာ.........."

"မင်းဒူမိုင်ဆီ ဖုန်းခေါ်ပြီး လက်ရှိအခြေအနေကို ရှင်းပြလိုက်ပါလား ?"

တာဝန်ခံ အမျိုးသမီးက ပြောလာတယ်။

ရှောင်ရီကျေးဇူးတင်စိတ်ဖြင့် ခေါင်းညိတ်ပြီး
ဒူမိုင်ဆီ သို့ ချက်ခြင်း ဖုန်းခေါ်လိုက်တယ်။

အခြားတစ်ဖက်မှဒူမိုင်က သူပြောတာကို နားထောင်ပြီး ပြန်ပြောလာတယ်။

"ငါအဲ့ဒီပိုစ့်ကို ဖတ်ပြီးပြီ...မင်း မတင်ဘူးဆိုတာလည်း ငါသိတယ်,တဖက်ရန်သူဘက်ကလူကလည်း လုကျိုးရဲ့လက်ထောက်
ချီချွမ်း ဆိုတာကိုဘဲ သိတာ,ချီချွမ်းရဲ့ သူငယ်ချင်း ဟန်ဆောင်ပြီး တမင်လုပ်တာ သေချာတယ်,ငါတို့ ကြားထဲသွေးကွဲအောင်
လုပ်တဲ့ပုံစံမျိုး ...ဒါကြောင့်မို့မင်းမကြောက်နဲ့"

တော်ပါသေးရဲ့...ရှောင်ရီခုမှစိတ်သက်သာရာရသွားတယ်။

"ဒီလိုလည်း ဖြစ်နိုင်တယ်,မင်းက တခြား
အကောင့် အသစ် ဖွင့်ပြီး မန့်တစ်ခုရေးတယ်၊
သဘောထားကွဲလွဲနေချိန် မင်းက သူငယ်ချင်းတစ်ယောက်ကို ပြောမိမယ်,
ကျန်းရှီးရမ်ရဲ့ မန်နေဂျာ ချီချွမ်း အရက်မူးတဲ့အခါ ,သူ့ဆီက ထွက်လာတဲ့အတင်းအဖျင်း
ပုံစံအတိုင်း လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်"

ရှောင်ရီ:"......"

Fuck...Fuck.. လူတွေကလည်း စောက်ရမ်း ဆိုးဝါးတယ်။

"ဟေး !!"

လုကျိုး အဝေးကနေ သူ့ကို အော်ခေါ်လာတယ်။

"မင်းဘာလုပ်နေတာလဲ ?!!!"

ရှောင်ရီ ချက်ခြင်းပင် စိတ်နဲ့ လူပြန်ကပ်သွားရင်း, ဒူမိုင်ပြောလာတယ်။

"မင်း လုကျိုးကို ဂရုစိုက်တယ်မလား ?
ဒါဆို မင်းဘာပိုစ့်မှရေးစရာမလိုဘူး,
မင်းနားမှာ မျက်လုံးတွေ ပါးစပ်ပေါက်တွေ
ရှိနေတာဘဲ "

ရှောင်ရီ အလျင်အမြန် တုံ့ပြန်ပြီး ဖုန်းချလိုက်တယ်၊ သူချက်ခြင်း လုကျိုးဆီ အလျင်အမြန် ပြေးလိုက်ပြီး လုကျိုး အောက်သို့ အဆင်ပြေပြေဆင်းနိုင်ရန် ဟန်ချက်ညီအောင် ကူညီလိုက်တယ်၊ လုကျိုးက လေပေါ်တွင် နာရီဝက်နီးပါး တွဲလောင်း ကျနေတာမို့
ရှောင်ရီက တခြား လက်ထောက်တွေကိုပါ
ထပ်ခေါ်ပြီး လုကျိုးကို နှိပ်နယ် စေတယ်၊
သူကတော့ လုကျိုးရဲ့ ခြေကျင်းဝတ်လေးကို
ဆုပ်နယ်ပေးနေတယ်။

အဖွဲ့သားအားလုံးကလည်း Tianyaမှပိုစ့်ကို ဖတ်ပြီးနေကြပြီ၊တစ်ယောက်ကပြောလာတယ်။

'လုကျိုးနဲ့ ကျန်းရှီးရမ်တို့ အကြောင်း လျို့ဝှက်ချက် ဆိုဘဲ "မျက်စိတမှိတ်အတွင်းမှာဘဲ
စာမျက်နှာ ဒါဇင်ကျော်မျှ ရောက်သွားပြီ၊ရှောင်ရီက ပိုစ့်ကို ဖွင့်ကြည့်လိုက်တာနဲ့
ထိတ်လန့်စရာတွေကို ထပ်တွေ့လာရတယ်။
လုကျိုးကိုမကောင်းတဲ့ကောင်လို့ ကျိန်ဆဲနေကြတဲ့သူတွေအများကြီးကိုတွေ့နေရတယ်၊
ကျန်းရှီးရမ်ကို မှီခိုတယ်လို့ပြောသူတွေရှိတယ်၊သူတို့ နှစ်ယောက်ကြားက လမ်းခွဲသတင်းကြောင့်ငိုကြတယ်၊သူတို့ idolတွေရဲ့
ပုံတွေကို တင်ထားတယ်၊ကျိန်ဆဲကြတယ်၊
အခွင့်အရေး ရတုန်း ရုပ်ရှင်ကို ဖြတ်သွားဖြတ်လာဝေဖန်သူတွေလည်း တွေ့ရတယ်။

"ဒီလူတွေ********** " တာဝန်ခံကပါ
စိတ်မထိန်းနိုင်စွာ ကျိန်ဆဲလာတယ်၊

"ငါတို့ ရုပ်ရှင်ကို လာပြောရအောင် သူတို့ဘာမို့လဲ ...အစ်မတွေကို ပြောရမယ်...လာစမ်း !
ပြန်တိုက်ခိုက်ကြစို့ !!!"

ပရောဂျက်မန်နေဂျာက သူတို့ကို လှမ်းပြောလာတယ်။

"ဒီကိုလာကြ....ငါ အကောင့်တုတွေလုပ်ပြီးပြီ၊နင်တို့ရဲ့ အကောင့်အစစ်ကို မသုံးနဲ့...ဂရုကနေတဆင့် idတွေပို့ပေးမယ် "

ရှောင်ရီ :"........"

အဖွဲ့သားအားလုံးနီးပါးကဖုန်းကိုယ်စီနဲ့
အလုပ် များနေကြတယ်၊လုကျိုးကတော့
ခဏအနားယူနေတယ်၊သူက ဘာမှလည်း
မသိချင်သလို ဘာမှလည်း မေးမလာဘူး၊
သူ့ ရိုက်ကူးရေးကိုသာအာရုံစိုက်ထားတယ်။

အမျိုးသားဇာတ်ဆောင် တစ်ယောက်က
လေထဲတွင် စတီးကြိုးဖြင့် တွဲလောင်းကျနေချိန် သူ့ကို အဖွဲ့သားတွေက အောက်ကနေ
ပင့်မြှောက်နေကြတယ်။

ရှောင်ရီ တချက် သာလှမ်းကြည့်ပြီး အသံဖမ်းသူက ဂရုတစိုက်ဖြင့် နားထောင်နေရင်း
သူမဖုန်းကို အလျင်အမြန် စာရိုက်နေလိုက်တယ်၊နင်ယာချင်းက ထို စစ်ပွဲထဲသို့ ဆွဲသွင်းခြင်းခံရပြီး သူမမျက်နှာက မည်းမှောင််နေရင်း သူမဖုန်းကိုသာကြည့်နေတယ်။

နင်ယာချင်းတစ်ယောက် သူမရဲ့ ဒေါသကို
ရှင်းလင်းသည်အထိ ထုတ်ဖော်ရင်း ဖုန်းအား
ဘေးဘက်သို့ လွင့်ပစ်လိုက်တယ်။

"တခါတလေကျ အဲ့လူတွေက ဘယ်သူတွေလဲဆိုတာကို သိချင်တယ်...ပြီးတော့
ဘာလို့ အဲ့လောက်မုန်းနေကြတာလဲ
ဆိုတာကို မေးချင်တယ် "

ရှောင်ရီအံ့အားသင့်နေတယ်, သူတွေးမိတာက ,

"အမျိုးသမီးတွေက , အကယ်၍ မင်းသာ
လူတွေကို တုပချင်ရင် အာဏာရှိဖို့ လိုတယ်,ဒေါသကို မချုပ်တည်းနိုင်ပါက,
လုကျိုးကို တိုက်ခိုက်တဲ့ ပရိသတ်တွေက
မင်းဘက်ကိုလှည့်လာနိုင်တယ်"

လုကျိုးက ဖန်သားပြင်ပေါ်၌ ထူးဆန်းအံ့သြမှုများနှင့် ပြည့်နှက်နေလျက် ရယ်စရာ ကောင်းတဲ့ကိုယ်ခံပညာဟန်ပန်တွေနဲ့
သရုပ်ပြနေတယ်၊ရှောင်ရီ သူ့ဖုန်းကို
မဖွင့်ကြည့်ချင်တော့ ဘူး၊

"အန်ကျဲ ...."

ရှောင်ရီ စကားလှမ်းပြောလိုက်တယ်။

"ခုထိ ရန်ဖြစ်နေတုန်းလား ?"

"အဆင်ပြေပါတယ်"

တာဝန်ခံအမျိုးသမီးက နှိမ့်သိမ့်စွာပင်ပြောလာတယ်။

"ငါကဥက္ကဌဒူရဲ့ အဖွဲ့ကို စောင့်နေတာ,
အိုက်ယား ....Tianyaက အဓိက စစ်မြေပြင်မဟုတ်ဘူး၊ဖျော်ဖြေရေး လောကနဲ့ မီဒီယာမှာက ပိုကျယ်ပြန့်တယ်, Tianyaက တကယ့်အသေးအဖွဲ့လေးရယ် "

ရှောင်ရီ:"......"

လူတိုင်းရဲ့ မျက်နှာပေါ်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းနဲ့အတူ အန္တရာယ်ကြားမှာ မွေ့ လျော်တာကို သဘောကျနေပုံဘဲ၊ တာဝန်ခံ အစ်မက အခြားသူတွေကိုဂရုချက်ထဲကနေ စကားပြောနေတယ်။

"ဟုတ်တယ်...ဟုတ်တယ်...ဒီတခါတော့
သူကံမကောင်းတော့ဘူး, ဒူမိုင်နဲ့ တွေ့ပြီလေ,
သူ့လောက်ကံဆိုးတဲ့သူမရှိလောက်တော့ဘူး"

ရှောင်ရီ တွေးလိုက်မိပြီ~

"ကျန်းရှီးရမ်ရဲ့လူတွေက အတော်လွန်လာပုံရတယ်၊"

လီရီနဲ့ တာဝန်ခံအစ်မတို့က သူမကို မနှစ်မြို့ဖွယ် ရာတစ်ခုအဖြစ်မြင်နေပုံရတယ်။

"ဘာလို့ လဲ ကော ?"
တဖက်မှလူက နူးညံ့နေရာမှ ဒေါသသံစွက်လျက် ပြောလာတယ်။

"အဲ့ဒီ ကျန်းရှီးရမ်က သူတိတ်တိတ်လေး
လုပ်နေတဲ့အရာတွေကို ဘယ်သူမှမသိဘူးထင်နေတာ,.သူမရဲ့ အပြူအမူတွေကို
ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို လည်း သင်ယူဖို့ လိုသေးတယ်, မသိရင်သူ့ခွေးကို
သူက အကာအကွယ်အနေနဲ့ ယူလာသေး"
ငါတို့ မြောင်မြောင်လေးကိုတောင်...."

"မြောင်မြောင်က က မော်မော်ရဲ့ ခွေး "

တာဝန်ခံအမျိုးက ရှောင်ရီဘက်ကို လှည့်ပြီး
ပြောလာတယ်။

"ကျန်းရှီရမ့် ရဲ့ ချီဟွာဟွားကကိုက်သွားသေးတယ်လေ"

ရှောင်ရီ ကပျာကသီခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့ "

တာဝန်ခံအစ်မက Weixinကနေဆက်ပြောလာတယ်

"ဘယ်သူ့လက်စောင်းကပိုထက်မလဲ
ကြည့်ကြတာပေါ့"

ရှောင်ရီကလည်း သူမဘေးတွင်ရပ်နေတာမို့ စကားဆက်မပြောတော့ဘဲ Weixinကို ပိတ်ပြီး ဖိုရမ်ကိုသာဆက်ကြည့်နေလိုက်တယ်။

ညနေ လေးနာရီဝန်းကျင်တွငိ ဒူမိုင်ရဲ့ လူတွေက အသည်းအသန် ပြန်လည်တိုက်ခိုက်ကြတယ်။

အဖွင့်ခေါင်းစဥ်ကတော့ ...

{.ကျန်းရှီးရမ် ရဲ့ ဖခင်နဲ့ သခင်ရဲ့ စွမ်းအားအပေါ်မှာ တွင်ကျယ်နေတဲ့ ခွေးလေးရဲ့
သူတပါးအား ခြိမ်းခြောက် တဲ့ အကြောင်းအနည်းငယ်ဖော်ထုတ် ခြင်း }

နောက် ပိုစ့် တစ်ခုက ...

{ ဂုဏ်သရေရှိ လူကြီး လူကောင်းတွေမှ
လုကျိုးရဲ့ ချစ်စဖွယ် ကောင်းတဲ့
စိတ်ထားလေးကို လေ့လာဆန်းစစ်ခြင်း }

ညနေ ငါးနာရီဝန်းကျင်တွင်သတင်းတစ်ခုက  Tianyaမှာ ခေါင်းကြီး ပိုင်း သတင်းအဖြစ်တက်လာတယ်။

[.လုနဲ့ ကျန်း တို့ရဲ့ အချစ်ဇာတ်လမ်းက
အနုပညာလောက သားတွေအကြား အမှတ်တရ ဖြစ်နေမှာပါ...သူတို့နှစ်ယောက်က တို့တွေအတွက်လှပတဲ့ အမှတ်တရတွေကိုလည်း ထားရစ်စေခဲ့တယ်၊သူတို့ရဲ့ လမ်းခွဲမှုကို ဘယ်သူက တားဆီးနိုင်ပါ့မလဲ ?
ဒုတိယ မြောက် အနေအထားနဲ့ဘယ်သူက
လက်ခံနိုင်ပါ့မလဲ ]

ထိုသတင်းရဲ့ ပင်မစာမျက်နှာတွင် လူတွေရဲ့
ထင်မြင်ချက်တွေကို ရုတ်သိမ်းနိုင်ခဲ့ပြီး
ထိုပိုစ့်အောက်၌ လုကျိုးရဲ့ ခန့်ညားတဲ့
မျက်နှာချောချောလေး ပါဝင်လာခဲ့တယ်။

W5225
6.10.2021
(T/N..မနေ့ကထဲက တင်ပေးချင်တာ
မပြီးလိုက်ဘူးရယ်...လူကျိုးနဲ့ရှောင်ရီကို
ချစ်ပေးကြလို့တကယ်ကျေးဇူးပါ၊
ဒီ Novelလေးကဖေးကောရဲ့ Novelလေးမို့ ရေးရတာလေးက နည်းနည်းလေး လက်ဝင်ပါတယ်၊ဖေးကောရဲ့ ဖန်တီးမှုကိုလည်း
မပျက်စီးအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်၊တပတ်2ပိုင်းလောက်တော့ ရအောင် တင်ပေးမယ်နော် )

နောက်တစ်ခုကလေ ရှောင်ဟွားရဲ့ Workတွေထဲမှာ Hanyuan(Close To You)လေးက
Completeဖြစ်သွားပါပြီနော် ၊Hanyuanလေး ကို မဖတ်ရသေးရင်
ဖတ်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ၊ ပေးရတဲ့အချိန်နဲ့ တကယ်တန်စေရမယ်လို့ ရှောင်ဟွားဘက်က ရဲရဲကြီး အာမခံပါတယ်၊ ခွေးစာတွေလည်း တဝကြီးပါလို့ မဖတ်ရသေးရင်
ဖတ်ကြည့်ပေးကြပါဦးလို့ ❤❤)

ရှောင်ရီနဲ့ လုကျိုးလေးကို Reviewလေး
ပေးတဲ့ ဥဥ
(Paradise Of BL Novel Tran R&C)ကို
အရမ်း ကျေးဇူးတင်ပါတယ်လို့

...............

..ထိုေန႕ညတြင္ ေရွာင္ရီတစ္ေယာက္ Tianyaေပၚတြင္ ကတုန္ကယင္ျဖင့္ ပိုစ့္ေတြကို လိုက္ၾကည့္ေနမိတယ္၊
လုက်ိဳးမည္သို႔ မည္ပုံေက်ာ္ၾကားလာတဲ့ အေၾကာင္း ေျပာထားတဲ့ ပိုစ့္ေပါင္းရွစ္ခုမွ်ရွိေနတယ္ ။တခ်ိဳ႕ေတြကလုက်ိဳး က ထုတ္လုပ္သူနဲ႕ ေျပာမျပနိုင္တဲ့ အေနအထားျဖင့္
ပတ္သက္ရာမွတက္လာတယ္လို႔ ေျပာၾကတယ္...
.ေရွာင္ရီရဲ႕ ေဒါသေတြကအ႐ူးတစ္ေယာက္လို မည္း
မည္းျမင္ရာသတ္ပစ္ခ်င္တဲ့အထိတကယ့္ကို စိတ္ေတြ
အေတာ္ေလး ထိန္းခ်ဳပ္ေနရတဲ့သူျဖစ္ေနတယ္။

ထုတ္မေျပာအပ္တဲ့စည္းမ်ဥ္းေတြဆိုသည္ကို
မၾကာခဏၾကားေနရေသာ္လည္းအဆိုေတာ္
တစ္ေယာက္ျဖစ္ေစ,သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ေစ ,
ထုတ္ေျပာလို႔မရတဲ့ စည္းကမ္းခ်က္ေတြကေနေတာ့
မလြတ္ေျမာက္ နိုင္ၾကဘူး၊နာမည္ႀကီး
သ႐ုပ္ေဆာင္ေတြေတာင္ ပါဝင္နိုင္ၾကတယ္။
ဒါေပမယ့္ ဘယ္သူေတြဘာေတြဘဲ ေျပာေျပာ,
လီခ်န္းက်န္း နဲ႕ သူ႕ရဲ႕ နတ္ဘုရား လုက်ိဳး အပါအဝင္ ျဖစ္နိုင္ေခ်ဆိဳတဲ့ အေနအထားကေနေတာင္ သူက လုံးဝဖယ္ရွားလိုက္တယ္။ဘယ္ေသာအခါမွ မညစ္ႏြမ္းခဲ့သလို
လုက်ိဳးက သူ႕အတြက္ေတာ့ ႐ြံ႕ႏြံ႕ထဲကထြက္ေပၚလာတဲ့ အျဖဴေရာင္ၾကာပန္းေလး တပြင့္လို
အမွန္တကယ္ အျပစ္ကင္းတယ္လို႔သူေတြးမိတယ္၊
ဒါေပမယ့္ လီခ်န္းက်န္း နဲ႕ ပတ္သက္၍မူ ,အရင္က
တခ်ိဳ႕ေသာ ကိစၥေတြကို သို႔ေလာသို႔ေလာ ၾကားဖူးခဲ့ေပ
မယ့္,သူ႕ရဲ႕ဆင္ျခင္နိုင္တဲ့ အေနအထားအရ နားလည္
နိုင္ေပမယ့္ ဒီလို ကိစၥေတြကိုေတာ့ သူမေမးအပ္တာမို႔ ,အေလးအနက္လည္း မထားမိဘူး၊အတိတ္က ဘာေတြဘဲ ျဖစ္ခဲ့ျဖစ္ခဲ့ အတိတ္မွာဘဲ ထားခဲ့သင့္တယ္မဟုတ္လား၊သို႔ေသာ္, စိတ္ခံစားခ်က္အရ သူလုံးဝ ဒါကို
လက္မခံနိုင္ဘူး၊သူက ပိုစ့္ေတြကို
ဆက္မၾကည့္ေတာ့ဘဲ ထြက္လာဖို႔ ႀကံ႐ြယ္ခဲ့ေသာ္
လည္း ေအာက္သို႔ ဆြဲကာဆက္ၾကည့္လိုက္မိတယ္။

ဘုရားသခင္ !! ေရွာင္ရီ ႏွလုံးေတြခုန္လာၿပီး
သူ႕မ်က္ႏွာေပၚ မွာ မ်က္ရည္ေတြစီးက်လာတယ္၊
မ်က္ရည္စို႔ေနတဲ့ မ်က္ဝန္းေတြနဲ႕ ၾကည့္ေနမိရင္း ,

"ဒါက ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ ! ငါ့ရဲ႕ နတ္ဘုရားက
တစ္စုံတစ္ေယာက္ရဲ႕ အထက္္ပုဂၢိဳလ္ ျဖစ္ဖူးတယ္..."

ပရိသတ္အားလုံးနီးပါးက တူညီတဲ့ တုံ႕ျပန္မႈကို
ေျပာဆိုေနၾကၿပီး ထိုပိုစ့္ကိုလည္း Weiboမွာ အေတာ္မ်ားမ်ား ျပန္၍ ေဝမွ်ေနခဲ့ၿပီး အျခားပိုစ့္ေတြရဲ႕ linkေတြကိုေတာင္ယွဥ္တြဲကာမွ်ေဝေနၾကတယ္၊အဲ့ဒီအျပင္,
ရည္စူးေျပာဆိုေနတဲ့ မွတ္ခ်က္ေတြထဲမွာ သူျမင္လိုက္ရတဲ့ မွတ္ခ်က္တစ္ခုက :

"ငါလည္း အဲ့ဒါကို တစ္ေနရာရာကၾကားခဲ့တာ, လုက်ိဳးကသူနဲ႕ ပတ္သက္တဲ့သူကို Topၿပီးေရာအဲ့ဒီလူလုံးဝ
မထနိုင္ေတာ့ဘူးတဲ့ ~~

ေရွာင္ရီ :"......."

မဟုတ္ဘူး ..မွားတယ္!!!

ေရွာင္ရီက ထိုမွားတယ္ဆိုတဲ့စကားႏွစ္လုံးကို
က်န္းရွီးရမ္နဲ႕ လုက်ိဳး တို႔ ၾကားထဲသို႔ ခ်က္ျခင္း ပစ္ထည့္လိုက္တယ္၊သူတို႔ မထနိုင္ေအာင္လုပ္နိုင္တဲ့ ဆိုတဲ့သူက အခ်ိန္မတိုင္မီသုတ္လႊတ္နိုင္တဲ့သူဆိုတာကို သူျပန္ေတြးလိုက္မိတယ္၊သူ႕ကိုယ္သူ ျပန္၍ သုံးသပ္ေနျခင္းနဲ႕ သံသယဝင္ျခင္း တို႔ကို ျဖတ္သန္းရင္း သူက တရားေသသတ္မွတ္လိုက္တယ္၊ေနာက္ဆုံးတြင္ဘာဘဲေျပာေျပာ
​ေရွာင္ရီကသူသိထားတဲ့အရာေတြက မွားေနတယ္လို႔သူယုံၾကည္လာတယ္၊လုက်ိဳးကဘယ္နည္းနဲ႕မွ ၿမဳံေနတာမ်ိဳး နဲ႕ သုတ္လႊတ္ျမန္တာမ်ိဳးေတာ့ မရွိနိုင္ေလာက္ဘူး။

အကယ္၍ ထိုစကားသာမွန္ေနမယ္ဆို ,
လုက်ိဳး လုပ္လို႔ ထနိုင္သည္ျဖစ္ေစ
မထနိုင္သည္ျဖစ္ေစ က်န္းရွီးရမ္ လိမ္ေနတာဘဲ
ျဖစ္နိုင္ေလာက္တယ္၊သူတို႔အားလုံးက
အကုန္ လိမ္ညာေနၾကတယ္၊ဒါေၾကာင့္မို႔
လုက်ိဳးကေတာ့ထုတ္လုပ္သူရဲ႕ေအာက္မွာ
မေနရတာေတာ့ေသခ်ာတယ္။

"ဥကၠ႒ဒူ "

ေရွာင္ရီ ေျပာလိုက္တယ္။

"အဲ့ဒီပိုစ့္ကို ...ကြၽန္ေတာ္တို႔ တစ္ေယာက္ေယာက္ကို
ဖ်က္ခိုင္းသင့္တယ္လို႔ထင္တယ္ "

ေရွာင္ရီက ဒူမိုင္ကို ၾကည့္ၿပီးတစ္ခုခု
အကူအညီရဖို႔ ေမွ်ာ္လင့္တယ္။

ဒူမိုင္က ထိုပိုစ့္ကို တခ်က္ၾကည့္ၿပီး ,

" စိတ္ဓာတ္မေကာင္းတဲ့လူေတြ...သူတို႔ကို
ငါတို႔ ေခါင္းထဲ ထည့္စရာမလို ဘူး"

"ကြၽန္ေတာ္တို႔ အဲ့ဒါကို မဖ်က္ဘူးလား ?"

ေရွာင္ရီေမးလိုက္တယ္။

"ငါတို႔က ဖ်က္ဖို႔ တစ္ေယာက္ေယာက္ကို
ရွာတယ္ဆိုရင္ ဒါက အမွန္တရားဘဲလို႔
ငါတို႔ဘက္က ဝန္ခံလိုက္သလိုျဖစ္မသြား
ဘူးလား?"

ဒူမိုင္က WeChatကို ၾကည့္ၿပီး သူမလက္ကို
ထားလိုက္ဆိုတဲ့ အမူအယာျဖင့္ ေဝ့ရမ္းျပလာတယ္။

'အဲ့ဒီအျပင္လုက်ိဳးက အဲ့လို ေပါက္ကရ စကားေတြကို
စိတ္မဝင္စားဘူး ၊မင္းသူ႕အတြက္ စိတ္ပူစရာမလိုဘူး"

"အိုး...

ေရွာင္ရီ ျပန္ေျဖလိုက္တယ္။

ေရွာင္ရီ ႐ုတ္တရက္ အလင္းရသြားတယ္၊
သူေတြးလိုက္မိတယ္...ဒါက အမွန္ဘဲ...
လုက်ိဳး ကိုယိတိုင္က ေတာင္ ဂ႐ုမစိုက္တာ
သူလည္း စိတ္ဖိစီးေနဖို႔ မလိုဘူး ၊အဲ့ဒီအျပင္
လုက်ိဳးက ထုတ္လုပ္သူနဲ႕ သူ႕အၾကား
ေျပာမျပနိုင္တဲ့ အရာေတြကိုလည္း မလုပ္ခဲ့ဘူး။

ဒူမိုင္ ကလုက်ိဳးကို သူ႕ဆီလာရန္ဖုန္းေခၚ
လိုက္တယ္၊ေရွာင္ရီက ေတာ့ ေဘး တစ္ဖက္ဆီသို႔
လမ္းေလွ်ာက္ သြားၿပီး အြန္လိုင္းမွ
မွတ္ခ်က္ေတြကို ဆက္ၿပီး ၾကည့္ေနတယ္။

ထို ကဲ့သို႔ တမုဟုတ္ျခင္း ေပါက္ကြဲေစတတ္တဲ့သတင္းကို တင္တဲ့ ပိုစ့္ကိုလည္း သူထပ္ျမင္လိုက္တယ္၊ဒါက တကယ့္ကို အတြင္းသိထဲက တင္တာျဖစ္နိုင္ေလာက္တယ္။

သူတို႔ ရည္ၫႊန္း ေျပာခ်င္တဲ့သူက လုက်ိဳးရဲ႕ ပထမဆုံး
႐ုပ္ရွင္ကို ထုတ္လုပ္ေပးခဲ့သူျဖစ္ၿပီး သူ႕ရဲ႕မ်ိဳးရိုးနာမည္ကို ပထမဆုံးသရတစ္လုံးနဲ႕ အစားထိုးထားတယ္။ထို
ထုတ္လုပ္သူက Shou ျဖစ္ၿပီး ထိုသူက
အႏုပညာေလာကတြင္ေယာက်္ားေတြနဲ႕ တြဲ
ျခင္းေၾကာင့္ နာမည္ႀကီးေနသူျဖစ္တယ္။
ထိုသူက ႏူးႏူးညံ့ညံ့နဲ႕ ခ်စ္စရာေကာင္းတဲ့
ပုံစံမ်ိဳး မဟုတ္ေသာ္လည္း ထိုသူက က်ိန္းေသ
Gongေတာ့ မဟုတ္ဘူး၊ထို႔အစား,
သူနဲ႕အတူ တြဲဖူးသူေတြက Gongေတြအျဖစ္သာ ရွိေနတယ္၊အမ်ားစုကလည္းဒါကို အတည္ျပဳထားတယ္။

လုက်ိဳးရဲ႕ ပြဲဦးထြက္႐ုပ္ရွင္
{Turning Head Arrow}ကို ဂ႐ုတစိုက္
ၾကည့္မယ္ဆိုရင္,ႏွစ္အစပိုင္း မွာ အေတာ္ေလး ေရပန္းစားတာကို သတိထားမိလိမ့္မယ္၊ဒါေပမယ့္ ႏွစ္ေပါင္းမ်ားစြာ ၾကာလာတဲအခါ,ဘယ္သူမွ ျပန္ၿပီး သတိမျပဳမိၾကေတာ့ဘူး၊လုက်ိဳးက ဒူမိုင္နဲ႕ စာခ်ဳပ္စတင္တဲ့
အခ်ိန္မွာ ထို႐ုပ္ရွင္ကလည္း တေျဖးေျဖး
နာမည္ႀကီး လာၿပီျဖစ္တယ္။

ဘယ္သူက ပရိုမိုးရွင္း ဆင္းခဲ့လို႔လဲ !!
ေရွာင္ရီ ဒီသတင္းကို တကယ္မယုံနိုင္ဘူး၊
လုက်ိဳးမွာ သူ႕ကိုယ္ပိုင္အစြမ္းအစရွိတယ္၊သူ႕ရဲ႕
အေတြ႕အႀကဳံအျမင္အရ မ်က္ႏွာလိုက္စရာလည္း မလိုဘူး၊သူကလည္း ဒါကို ျငင္းခုံေနမွာမဟုတ္ေလာက္ဘူး"

ေရွာင္ရီ ဒါကို ျပန္စဥ္းစားမိေနရင္း ႐ုတ္တရက္အေတြး
တစ္ခုဝင္လာတယ္။အကယ္၍ လုက်ိဳးမွာ ေ႐ြးခ်ယ္စရာမရွိလို႔ ထုတ္လုပ္သူနဲ႕ ပတ္သက္ခဲ့ရတယ္ဆိုရင္ေတာင္
အရိပ္တစ္ခုက သူ႕ေနာက္ကို လိုက္ၿပီး အၿမဲတမ္း သူ႕ကို မသက္မသာျဖစ္ေနေစေလာက္တယ္ ၊ဘာဘဲျဖစ္ျဖစ္
လုက်ိဳးကို သူနားလည္ေပးနိုင္ရမယ္။

"ေဟး...."

လုက်ိဳးသူ႕ကို ေခၚတယ္။

ေရွာင္ရီ ခ်က္ျခင္း ခပ္မတ္မတ္ေလး ျဖစ္သြားတယ္။

"မင္းအခန္းကို ဘာလို႔မျပန္ေသးတာလဲ ?"

ေရွာင္ရီ ဘာေတြ ေတြးေနမလဲဆိုတာကို
လုက်ိဳးမသိတာမို႔ သူ႕ကို လုက်ိဳးက
အထူးတဆန္း ၾကည့္လာတယ္။

ဒူမိုင္က ဝင္ေျပာလာတယ္။

"ငါသူ႕ကို ဒီမွာေနဖို႔ ေခၚထားတာ,ဒါကို ၾကည့္ၾကည့္ ,
မင္းရဲ႕ တရားဝင္ေျဖရွင္းမႈ မူၾကမ္းရၿပီ"

ဒူမိုင္သူ႕ကို ေပးလာတဲ့ စာမူၾကမ္းကို တခ်က္ၾကည့္
လိုက္ၿပီး ေနာက္တေန႕ တြင္ ထိုစာကို
ထုတ္ေဝဖို႔ အတြက္ ျပင္ဆင္ ေနတယ္။
အခုေလာေလာဆယ္,အင္တာနက္မွာ လုက်ိဳး
သတင္းက ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနတုန္းမို႔
လုက်ိဳးနဲ႕ က်န္းရွီးရမ္ရဲ႕ သတင္းက လည္း
ေအးစက္သြားလို႔ မရဘူး။

ဒူမိုင္က စာမူၾကမ္းကို ျပင္ဆင္ၿပီးေနာက္,
သူမက ထုတ္ေဝသူထံမသြားခင္ လုက်ိဳးကို
တခ်က္ျပရင္း ေျပာလာတယ္။

"လုက်ိဳး , မင္းရဲ႕ တရားဝင္ အေၾကာင္းျပခ်က္ကို
မနက္ျဖန္ Weiboမွာ ေၾကညာမယ္ဆိုတာကိုလည္း သတိရဦး "

အေၾကာင္းျပခ်က္က တကယ္ႀကီးဟာကြက္မရွိေစဘဲ
ျပည့္စုံေစတယ္။ေရွာင္ရီ တခ်က္ထိုစာမူၾကမ္းကို ၾကည့္
လိုက္တယ္။လုက်ိဳးနဲ႕ က်န္းရွီးရမ္တို႔ ရဲ႕ အခ်စ္ဇာတ္လမ္း အေၾကာင္း အရာကို

"အရမ္းခ်စ္တဲ့ ခ်စ္သူေတြအျဖစ္
ဆယ္ႏွစ္တာ ခံစားခ်က္ေတြနဲ႕ ႏွိုင္းယွဥ္လို႔
မရေသာ္လည္း အဆုံးသတ္မွာေတာ့
မင္းလက္ကို မဆုပ္ကိုင္နိုင္ေတာ့သလို မိုးေကာင္းကင္နဲ႕ ကမၻာေျမႀကီးကိုသစၥာဆိုၿပီး အသက္ႀကီးတဲ့အထိအတူေနလို႔မရနိုင္ေတာ့ ဘူး၊ငါ့ကိုနာက်င္စြာထားရစ္ခဲ့ၿပီး မင္းရဲ႕ အေတာင္ေတြကို ျဖန့္က်က္ရင္း
ေကာင္းကင္ထက္ဆီပ်ံသန္းခြင့္ ျပဳပါတယ္"

ထိုသို႔ေသာ ဟန္ေဆာင္ေျပာဆိုမႈကအမွန္တကယ္ကို
ဂ႐ုဏာသက္ကာမ်က္ရည္က်ေစေလာက္တယ္ေလ။

လုက်ိဳးရဲ႕ စကားေတြမွာေတာ့ အဓိကအား
ျဖင့္ သူ႕ရဲ႕ ကိုယ္ပိုင္ခံစားခ်က္ေတြအေၾကာင္း၊
သူ ကဘာမွမသိတဲ့သူတစ္ေယာက္အျဖစ္အႏုပညာေလာကထဲသို႔ပထမဆုံးစတင္ဝင္ေရာက္ခဲ့ၿပီး သူက ကံေကာင္းစြာနဲ႕ က်န္းရွီးရမ္ နဲ႕ ေတြ႕ခဲ့ရပုံ၊သူ႕ကို မည္သို႔ ကူညီခဲ့ပုံ၊
တစ္ေယာက္နဲ႕ တစ္ေယာက္ ဘယ္လိုေဖးမခဲ့ပုံ၊သူတို႔
ႏွစ္ေယာက္ဘယ္လိုျဖစ္ၿပီး ဒီအေျခအေနထိ ေဝးကြာသြားပုံေတြကို ေရးသားထားတယ္၊သို႔ေသာ္,သူမနဲ႕ေတြ႕ႀကဳံ
ခဲ့ရတဲ့ ကံၾကမၼာေၾကာင့္ က်န္းရွီးရမ့္လက္ကို ဆုပ္ကိုင္ၿပီး မဂ္လာအခမ္းအနားထိ အတူသြားၾကဖို႔ သူေမွ်ာ္လင့္ခဲ့ေပ
မယ့္,သူတို႔ရဲ႕ အေတြးအေခၚနဲ႕ ယူဆခ်က္ေတြက
တစ္ေယာက္နဲ႕ တစ္ေယာက္ဆန့္ၾကင္ဖက္ေတြျဖစ္ေနတာမို႔ ေနာက္ဆုံးဘယ္လိုမွအဆင္မေျပေတာ့တာမို႔ လက္
လႊတ္လိုက္ၾကတယ္။ဒါေပမယ့္ သူတို႔ တစ္ေယာက္နဲ႕
တစ္ေယာက္ ေပ်ာ္႐ႊင္မႈ ရေစဖို႔ ဆုေတာင္းေပးေနမိဆဲဘဲ၊
သူတို႔ရဲ႕ လမ္းခြဲမႈက ဘယ္သူနဲ႕မွလည္း မဆိုင္သလို
ဘယ္သူေၾကာင့္မွလည္း မဟုတ္ဘူး၊တခ်ိန္ခ်ိန္က် အရာအားလုံးက ထင္ရွားသြားမည္ျဖစ္ေၾကာင္းကို ေရးသားထားတယ္။

လုက်ိဳးရဲ႕ ပထမဦးဆုံးပြဲဦးထြက္အမွတ္တရေတြနဲ႕
က်န္းရွီးရမ္နဲ႕ သူတေျဖးေျဖး နီးစပ္လာပုံေတြကို
ဖတ္ၾကည့္ေနရာမွေရွာင္ရီ အနည္းငယ္ ဝမ္းနည္းေန
မိတယ္။

"ငါ့ကို အဲ့လို မ်က္ႏွာႀကီးမလုပ္ျပစမ္းပါနဲ႕"

လုက်ိဳးက ပါးစပ္ေတြကို မဲ့ကာတြန့္ေကြးရင္း

"ငါတကယ္ၾကက္သီးေတြထလာတယ္!!!'

ေရွာင္ရီေမးလိုက္တယ္။

"ဒါေတြကအကုန္အမွန္တရားေတြလား ?"

လုက်ိဳးက ေျပာလာတယ္။

"အမ်ားစုက ပိုပိုလိုလို ေရးထားတာေတြ,
မင္းစာေကာင္းေကာင္းေရးတတ္တယ္မလား?
မင္းေကာင္းသလို ထပ္ၿပီး ျပင္လိုက္"

အမွန္တကယ္ေတာ့ေရွာင္ရီရဲ႕ စာေရး ျခင္း
အတတ္ပညာက သာမန္အဆင့္ဘဲရွိတယ္။
သူက စကားလုံးအနည္းငယ္ကို ထပ္ကြန့္လိုက္ၿပီး ပိုမို
ေကာင္းမြန္တဲ့ ရိုးရိုးသားသား ပုံစံေလး သို႔ ေျပာင္းလိုက္တယ္၊ထို႔ေနာက္ လုက်ိဳးကို ဖတ္ခိုင္းလိုက္တယ္ ၊
လုက်ိဳးေျပာလာတယ္။

"အဲ့တိုင္းဘဲ လုပ္လိုက္ေတာ့ "

ေရွာင္ရီက ဒူမိုင္ဆီမွသင္ယူတယ္,
ခုလို ပုံစုံမ်ိဳးက ႏွစ္ဦးစလုံးအတြက္ အက်ိဳးရွိတယ္။
မင္းသားတစ္ေယာက္က႐ုပ္ရွင္သို႔မဟုတ္
ဇာတ္လမ္းေတြမွာ မပါဝင္ဘူးဆိုရင္ေတာင္ ,
ဒီနည္းလမ္းက ပရိသတ္ကိုပိုသိေစၿပီး ပရိသတ္နဲ႕
ဆက္လက္ထိေတြ႕မႈကို ထိန္းသိမ္းထားနိုင္တယ္ၿပီး ေခါင္းစဥ္တစ္ခုေအာက္တြင္ အျပန္အလွန္ အက်ိဳးသက္ေရာက္မႈရွိေစတယ္၊ဒါေပမယ့္ သ႐ုပ္ေဆာင္ေတြရဲ႕
ပိုမိုခ်ဲ့ထြင္ၿပီး တမင္တကာခ်ဲ့ကား ေျပာဆိုျခင္းက
ပရိသတ္ေတြကို ထိတ္လန့္ေစတယ္၊
ခ်ိန္းေတြ႕ျခင္းရဲ႕ပ်က္ျပယ္မႈကကသံသယ
ရွိစရာမလိုတဲ့ အဆုံးအရႈံးအနည္းဆုံးနဲ႕
ပရိသတ္ သေဘာက်တဲ့ နည္းလမ္းဘဲ။

လုက်ိဳးက က်န္းရွီရမ္ရဲ႕ ေပါင္ကို တြယ္တက္ၿပီး
ေက်ာ္ၾကားလာတယ္လို႔ လူတိုင္းက ေျပာဆိုၾကတယ္,
အမွန္တကယ္က သူ႕ကို မွားယြင္းစြာစြပ္စြဲခံခဲ့ရေသာ္
လည္းေနာက္ဆုံးမွာေတာ့ ,ထို သတင္းက ႏွစ္ဦးလုံး
အတြက္ အက်ိဳးရွိေစတယ္။

'ငါတို႔ရဲ႕ က်ိဳးက်ိဳး က ဘယ္သူ႕ကိုမွထပ္မခ်စ္ေတာ့ဘူး"

ဒူမိုင္က စိတ္ဓာတ္က်စြာျဖင့္ ေျပာလာတယ္။

"ဟမ့္ ....အဲ့ဒါကို Weiboမွာတင္မယ္"

ေနာက္တေန႕ မနက္တြင္ ေရွာင္ရီ ကလုက်ိဳးရဲ႕ Weiboကို ဖြင့္ၿပီးအေၾကာင္းျပေျဖရွင္းခ်က္ကို
တင္လိုက္တယ္။

ဒီေန႕က ေသာၾက္ာေန႕မို႔ ရိုက္ကူးေရးကတေနကုန္ရွိေန
တယ္၊ေရွာင္ရီ သည္လည္း စတူဒီယိုတြင္
အလုပ္မ်ားေနၿပီး Weiboတြင္လက္ရွိ
ျဖစ္ပ်က္ေနမယ့္အေျခအေနကိုလည္း ေတြးမိတယ္
၊ျဖစ္နိုင္တာကေတာ့ က်ိန္းေသအႀကီးအက်ယ္
ပြက္ေလာရိုက္ေနေလာက္ၿပီ။

မနက္မိုးလင္းထဲက အလုပ္ရႈပ္ေနခဲ့တာမို႔
ဒါရိုက္တာကလည္း အသည္းအသန္ အခ်ိန္ဇယားနဲ႕
အမွီ ျဖစ္ေအာင္ႀကိဳးစားတယ္၊ တာဝန္ခံ အမ်ိဳးသမီး
ကလည္း ေျခေထာက္ေတာင္ ေျမမထိနိုင္ေအာင္
တက္သုတ္ရိုက္ေနတယ္၊ထိုသို႔ ပ်ားပန္း
ခတ္ေအာင္ အလုပ္ရႈပ္ေနတဲ့ ၾကားမွ
တစ္စုံတစ္ေယာက္ကို က်ိန္ဆဲေနတဲ့
လူေတြလည္းရွိေနၾကျပန္တယ္။

မြန္းလြဲပိုင္းတြင္,ခက္ခဲတဲ့ အပိုင္းေတြအားလုံး ရိုက္ကူးၿပီးစီး သြားၿပီး လုက်ိဳးတစ္ေယာက္လည္း ဖန္သားျပင္ေပၚမွ ထြက္ခြာနိုင္ၿပီးထိုအခန္းကို တည္းျဖတ္သူေတြက လည္း
ဆက္လက္တည္းျဖတ္ေနၾကတယ္။

"ေကာင္းတယ္ !

ဒါရိုက္တာက ေျပာလာတယ္။

"ေနာက္တစ္ခန္း !"

ေနာက္ဆုံးတြင္ေရွာင္ရီ သူ႕ဖုန္းကို ထုတ္ၿပီး
လုက်ိဳးရဲ႕ Weiboကို ဖြင့္လိုက္တဲ့အခါ,
သူတကယ္ႀကီး ထိတ္လန့္သြားခဲ့တယ္၊
သူတို႔ တင္ထားတဲ့ ပိုစ့္ေအာက္မွာ
လူေပါင္း 254000ေက်ာ္ ရွိေနၿပီး
commentေပါင္း 95000ေက်ာ္ရွိေနတယ္။
ေရွာင္ရီ ခ်က္ျခင္းလဲေတာင္ေသခ်င္မိတယ္။

လုက်ိဳးရဲ႕ ေျဖရွင္းခ်က္က 60% မ်က္ႏွာသာေပးျခင္းခံထားရတယ္၊ပရိသတ္အမ်ားစုက သူ႕ရဲ႕ ေမွ်ာ္လင့္ခ်က္ပါလိူ႕ ေျပာေနသေ႐ြ႕ သူ႕ကို နတ္ဘုရားအျဖစ္ သတ္
မွတ္ေနၾကၿမဲဘဲ၊လုက်ိဳးဘက္က ရွင္းရွင္းလင္းလင္း ေျပာဆို ခ်ျပနိုင္သေ႐ြ႕ က်န္းရွီးရမ္ျဖစ္ေစ,နင္ယာခ်င္း ျဖစ္ေစ,
က်ိဳပန္ရွန္း သို႔ မဟုတ္ ေရွာင္ရွန္းယန္ သို႔တည္းမဟုတ္
ဘယ္သူဘဲျဖစ္ျဖစ္ ပရိသတ္ကထပ္မံ၍ကန့္ကြက္မည္
မဟုတ္ေပ။

ဒါေပမယ့္ အခုပိုစ့္ရဲ႕ေအာက္မွာေတာ့ႏွစ္ဖက္လုံးက
ပရိသတ္ေတြ နဲ႕ အင္တာနက္ အသုံးျပဳသူေတြက လုက်ိဳးရဲ႕ ပရိသတ္ေတြကို ျပင္းျပင္ထန္ထန္ေျပာဆိုေနၾကတယ္။
လုက်ိဳးကို ခြင့္မလႊတ္နိုင္ဘူး၊ လက္ရွိေခါင္းစဥ္ကို
အသုံးျပဳၿပီး စိတ္အေႏွါင့္အယွက္ျဖစ္ေအာင္ လုပ္ကာမသိရင္ နတ္ဆိုးေတြ ကမၻာေျမေပၚဆင္းလာၿပီးစစ္ျဖစ္ေနၾကသလိုဘဲ။

ေရွာင္ရီက တခ်က္ေတြးမိတယ္။

"က်န္းရွီးရမ္က ေရတပ္တစ္တပ္မ်ား ပိုင္ေနတာလား ?
ဒါမွမဟုတ္ ဒူမိုင္မ်ား ပိုင္တာလား? ႏွစ္ဦး ႏွစ္ဖက္ ျငင္းခုံမႈက သူတို႔နဲ႕မ်ား သက္ဆိုင္တယ္ေနေလာက္လား ?"

{T/N..ေရတပ္ဆိုတာက ဘန္းစကားပါ,
ေငြေပးၿပီး လူမိုက္ငွားတာမ်ိဳးပါ}

အျခားမန့္ေတြကို ၾကည့္လိုက္တဲ့အခါေရွာင္ရီ ပိုပိုၿပီး ခံစားေနရတယ္၊ [Iron Horse Glacier ] မွ
သ႐ုပ္ေဆာင္ေတြနဲ႕ ဝန္ထမ္းေတြ,အထူးသျဖင့္
နင္ယာခ်င္းကို အျပင္းအထန္ ေဝဖန္တိုက္ခိုက္ေနၾက
တယ္။ေရွာင္ရီ ပိုပို ၿပီး ဖတ္ၾကည့္ေလ ပိုပိုၿပီး ေဒါသထြက္လာေလေလဘဲ၊လုက်ိဳးကသူ႕ကို ေစာ္ကားတာကို
မႀကိဳက္ဘူးေလ။

ေရွာင္ရီ ေကာင္းကင္ကိုသာေမာ့ၾကည့္ၿပီး ေအာ္ဟစ္ခ်င္လာတယ္။

"ငါ့ရဲ႕ နတ္ဘုရား က အရမ္းအလုပ္ႀကိဳးစားခဲ့ရ
တာေတြ မင္းတို႔ သိၾကလား ? !
မင္းတို႔ သိေတာင္သိၾကရဲ႕လား ?!
ငါ့....Fuck ....ဘဲ !.ေနာက္ဆုံးတြင္
ေရွာင္ရီလုံးဝ သည္းမခံနိုင္ေတာ့တာမို႔
လုက်ိဳးရဲ႕ Weiboမွထြက္လိုက္ၿပီး အျခား
အေကာင့္ အသစ္တစ္ခုဖြင့္ကာ
Anti fanေတြကို စတင္က်ိန္ဆဲ လိုက္တယ္။

ေရွာင္ရီတစ္ေယာက္ရန္သူေတြကို ေျခမႈန္းဖို႔ ရည္႐ြယ္ထားေသာ္လည္း သူ႕မွာ ေတာ္လွန္ တိုက္ခိုက္စရာက စာေၾကာင္းေလး သုံးေၾကာင္းသာရွိတယ္၊တဖက္တလွည့္ မန့္ေတြေအာက္၌ "မင္းဘာလို႔ ခုလို ေျပာရတာလဲ"

"မင္း ပါးစပ္ပိတ္!""မင္းဘာမွနားမလည္ဘူး!"

သူ႕ရဲ႕ ဖ်က္ဆီးတိုက္ဖ်က္မႈ အဆင့္ကသိပ္မမ်ားဘူး၊က်ိန္ဆဲေသာ အရည္အခ်င္းကလည္း နိမ့္က်တာမို႔ သူတကယ္ႀကီး ဒီအေကာင့္တုေတြကို မနိုင္ေတာ့ဘူး၊အကယ္၍ မ်ား သူ႕တြင္ ဘီလီလ်ံ 100 ေလာက္သာရွိပါက လူတစ္ဦး 1000 စီေပးၿပီး လူက်ိဳးအား ဆန့္က်င္ ေျပာဆိုေန
သူေတြကို သူတကယ္ႀကီး လည္ပင္းညွစ္သတ္ခိုင္းမွာ ...။

ေရွာင္ရီတစ္ေယာက္ သူလည္းဘဲ လက္တစ္ေထာင္ရွိတဲ့တန္ခိုးရွိသူျဖစ္လိုေၾကာင္းဆုေတာင္းမိတယ္၊အဲ့လိုဆို
တစ္ေယာက္ခ်င္းဆီကို လည္ပင္းညွစ္သတ္နိုင္ၿပီ၊ သူ႕ရဲ႕အေကာင့္တုက မက္ေဆ့ေတြကို ခ်က္ျခင္း
ဖ်က္လိုက္တယ္၊သူက ေခါင္းေမာ့လာခ်ိန္ထိ အျပင္း
အထန္တိုက္ခိုက္ေနဆဲဘဲ...၊အမ်ိုးသမီးတာဝန္ခံ အစ္မက
သက္ျပင္းခ်လိဳက္ၿပီး ေရွာင္ရီအား Tianyaကို ၾကည့္ဖို႔ ေျပာလာတယ္။

"မင္း Tianyaကို ခုထိမသြားေသးဘူးလား?"

"ကြၽန္ေတာ္ သြားမယ္"

ေရွာင္ရီသူမကို အရမ္းစိတ္မလႈပ္ရွားဖို႔ ေျပာလာတယ္
၊ဒါေပမယ့္ သူကိုယ္တိုင္ကသူမထက္ေတာင္ ပိုၿပီး
စိတ္လႈပ္ရွားေနမိတယ္။

တာဝန္ခံအစ္မက ေျပာလာတယ္။

"ဒီပိုစ့္ကို ၾကည့္ !"

ေရွာင္ရီက ထိုအစ္မ ေပးပို႔လာတဲ့ ပိုစ့္ကို
ၾကည့္လိုက္တယ္၊ထို အရာက သူ႕ေဘာင္းဘီ ႀကီး ၿပဲစုတ္သည္အထိ ေၾကာက္လန့္သြားေစတယ္။

ပိုစ့္ရဲ႕ေခါင္းစဥ္က .......
အမွန္တရားေဖာ္ထုတ္ျခင္း: ..လုက်ိဳးရဲ႕
တကယ့္ သ႐ုပ္မွန္ ...

စာလုံးေရ350မွ်သာပါဝင္တဲ့ ပိုစ့္တစ္ခုေအာက္တြင္ လူတစ္ဦး မွတ္ခ်က္ ေပးထားေသာ အရာကိုေရွာင္ရီ
တခ်က္ၾကည့္လိုက္တယ္။

[ငါသူငယ္ခ်င္းက လုက်ိဳးရဲ႕ လက္ေထာက္ေလ,
အဲ့ဒီ ႐ြံစရာေကာင္းတဲ့လူက နာမည္ႀကီးလာေတာ့ မ်က္လုံးထဲမွာ ဘယ္သူ႕ကိုမွမထားေတာ့ဘူး၊သူက ကုမၸဏီမွာဆို သူ႕လက္ေထာက္ကို မၾကာခဏ ေအာ္ဟစ္ေနတာဘဲ ၊လက္ေထာက္ကို ေဒါသထြက္ၿပီးဆို ရိုက္ဖို႔ေတာင္လုပ္တာ,သူ႕လက္ေထာက္က တကယ္သနားဖို႔ ေကာင္းတယ္, ေန႕တိုင္းလိုလို အရိုက္ခံ အကန္ခံ ရတယ္ ]

နည္းလမ္းမရွိဘူး ! ဒါကို ဘယ္သူေရးတာလဲ ?!
သူဘယ္သူ႕ကိုမွမေျပာခဲ့ဖူးဘူး !
!အရွင္မင္းႀကီး ...ဒါက ၾကည္လင္ေနတဲ့ ေကာင္းကင္ကို တမင္တကာ မိုးသက္မုန္တိုင္း ဆင္တာဘဲ...
မိုးနတ္မင္းႀကီးေရ...ငါ့ကို အျမန္လာေခၚပါေတာ့...
ငါအသက္ထပ္မရွင္ခ်င္ေတာ့ဘူး ....

{T/N..အဲ့ဒီစကားကဇာတ္ဝင္ခန္းထဲက ဘုရင္ရဲ႕ မိဖုရားငယ္တပါး ေျပာတဲ့စကားပါ}

ခဏမွ်ရပ္ၿပီးေနာက္ ,ေရွာင္ရီေျပာလာတယ္။

{ ကြၽန္ေတာ္က သေဘာတူညီခ်က္မွာ
လက္မွတ္ထိုးထားရတာ...ကြၽန္ေတာ္
ဘယ္သူ႕ကိုမွဒီလို စကားမ်ိဳး မေျပာဖူးဘူး၊
မဟုတ္ဘူး..က်ိဳးေကာကလည္း ကြၽန္ေတာ့္ကို
ဘယ္ေသာအခါကမွမရိုက္ဖူးသလို ေအာ္လည္း မေအာ္ဖူးဘူး !.အဲ့ဒါက အမွန္မဟုတ္ဘူး!.တမင္ လုပ္ႀကံ တာ !! ကြၽန္ေတာ္အခု ဘယ္လို လုပ္ရပါ့မလဲ အာ.........."

"မင္းဒူမိုင္ဆီ ဖုန္းေခၚၿပီး လက္ရွိအေျခအေနကို
ရွင္းျပလိုက္ပါလား ?"

တာဝန္ခံ အမ်ိဳးသမီးက ေျပာလာတယ္။

ေရွာင္ရီေက်းဇူးတင္စိတ္ျဖင့္ ေခါင္းညိတ္ၿပီး
ဒူမိုင္ဆီ သို႔ ခ်က္ျခင္း ဖုန္းေခၚလိုက္တယ္။

အျခားတစ္ဖက္မွဒူမိုင္က သူေျပာတာကို
နားေထာင္ၿပီး ျပန္ေျပာလာတယ္။

"ငါအဲ့ဒီပိုစ့္ကို ဖတ္ၿပီးၿပီ...မင္း မတင္ဘူးဆိုတာလည္း
ငါသိတယ္,တဖက္ရန္သူဘက္ကလူကလည္း
လုက်ိဳးရဲ႕လက္ေထာက္ ခ်ီခြၽမ္း ဆိုတာကိုဘဲ သိတာ,
ခ်ီခြၽမ္းရဲ႕ သူငယ္ခ်င္း ဟန္ေဆာင္ၿပီး တမင္လုပ္တာ
ေသခ်ာတယ္,ငါတို႔ ၾကားထဲေသြးကြဲေအာင္
လုပ္တဲ့ပုံစံမ်ိဳး ...ဒါေၾကာင့္မို႔မင္းမေၾကာက္နဲ႕"

ေတာ္ပါေသးရဲ႕...ေရွာင္ရီခုမွစိတ္သက္သာရာရသြား
တယ္။

"ဒီလိုလည္း ျဖစ္နိုင္တယ္,မင္းက တျခား
အေကာင့္ အသစ္ ဖြင့္ၿပီး မန့္တစ္ခုေရးတယ္၊
သေဘာထားကြဲလြဲေနခ်ိန္ မင္းက
သူငယ္ခ်င္းတစ္ေယာက္ကို ေျပာမိမယ္,
က်န္းရွီးရမ္ရဲ႕ မန္ေနဂ်ာ ခ်ီခြၽမ္း အရက္မူးတဲ့အခါ ,သူ႕ဆီက ထြက္လာတဲ့အတင္းအဖ်င္း
ပုံစံအတိုင္း လုပ္တာမ်ိဳးလည္း ျဖစ္နိုင္တယ္"

ေရွာင္ရီ:"......"

Fuck...Fuck.. လူေတြကလည္း ေစာက္ရမ္း
ဆိုးဝါးတယ္။

"ေဟး !!"

လုက်ိဳး အေဝးကေန သူ႕ကို ေအာ္ေခၚလာတယ္။

"မင္းဘာလုပ္ေနတာလဲ ?!!!"

ေရွာင္ရီ ခ်က္ျခင္းပင္ စိတ္နဲ႕ လူျပန္ကပ္သြားရင္း,
ဒူမိုင္ေျပာလာတယ္။

"မင္း လုက်ိဳးကို ဂ႐ုစိုက္တယ္မလား ?
ဒါဆို မင္းဘာပိုစ့္မွေရးစရာမလိုဘူး,
မင္းနားမွာ မ်က္လုံးေတြ ပါးစပ္ေပါက္ေတြ
ရွိေနတာဘဲ "

ေရွာင္ရီ အလ်င္အျမန္ တုံ႕ျပန္ၿပီး ဖုန္းခ်လိဳက္တယ္၊
သူခ်က္ျခင္း လုက်ိဳးဆီ အလ်င္အျမန္ ေျပးလိုက္ၿပီး
လုက်ိဳး ေအာက္သို႔ အဆင္ေျပေျပဆင္းနိုင္ရန္ ဟန္ခ်က္ညီေအာင္ ကူညီလိုက္တယ္၊ လုက်ိဳးက ေလေပၚတြင္
နာရီဝက္နီးပါး တြဲေလာင္း က်ေနတာမို႔
ေရွာင္ရီက တျခား လက္ေထာက္ေတြကိုပါ
ထပ္ေခၚၿပီး လုက်ိဳးကို ႏွိပ္နယ္ ေစတယ္၊
သူကေတာ့ လုက်ိဳးရဲ႕ ေျခက်င္းဝတ္ေလးကို
ဆုပ္နယ္ေပးေနတယ္။

အဖြဲ႕သားအားလုံးကလည္း Tianyaမွပိုစ့္ကို
ဖတ္ၿပီးေနၾကၿပီ၊တစ္ေယာက္ကေျပာလာတယ္။

'လုက်ိဳးနဲ႕ က်န္းရွီးရမ္တို႔ အေၾကာင္း လ်ိဳ႕ဝွက္ခ်က္ ဆိုဘဲ "မ်က္စိတမွိတ္အတြင္းမွာဘဲ စာမ်က္ႏွာ ဒါဇင္ေက်ာ္မွ်
ေရာက္သြားၿပီ၊ေရွာင္ရီက ပိုစ့္ကို ဖြင့္ၾကည့္လိုက္တာနဲ႕
ထိတ္လန့္စရာေတြကို ထပ္ေတြ႕လာရတယ္။
လုက်ိဳးကိုမေကာင္းတဲ့ေကာင္လို႔ က်ိန္ဆဲေနၾကတဲ့သူေတြအမ်ားႀကီးကိုေတြ႕ေနရတယ္၊က်န္းရွီးရမ္ကို မွီခိုတယ္လို႔ေျပာသူေတြရွိတယ္၊သူတို႔ ႏွစ္ေယာက္ၾကားက လမ္းခြဲသတင္းေၾကာင့္ငိုၾကတယ္၊သူတို႔ idolေတြရဲ႕
ပုံေတြကို တင္ထားတယ္၊က်ိန္ဆဲၾကတယ္၊
အခြင့္အေရး ရတုန္း ႐ုပ္ရွင္ကို ျဖတ္သြားျဖတ္လာေဝဖန္သူေတြလည္း ေတြ႕ရတယ္။

"ဒီလူေတြ********** " တာဝန္ခံကပါ
စိတ္မထိန္းနိုင္စြာ က်ိန္ဆဲလာတယ္၊

"ငါတို႔ ႐ုပ္ရွင္ကို လာေျပာရေအာင္ သူတို႔ဘာမို႔လဲ ...
အစ္မေတြကို ေျပာရမယ္...လာစမ္း !
ျပန္တိုက္ခိုက္ၾကစို႔ !!!"

ပေရာဂ်က္မန္ေနဂ်ာက သူတို႔ကို လွမ္းေျပာလာတယ္။

"ဒီကိုလာၾက....ငါ အေကာင့္တုေတြလုပ္ၿပီးၿပီ၊နင္တို႔ရဲ႕ အေကာင့္အစစ္ကို မသုံးနဲ႕...ဂ႐ုကေနတဆင့္ idေတြ
ပို႔ေပးမယ္ "

ေရွာင္ရီ :"........"

အဖြဲ႕သားအားလုံးနီးပါးကဖုန္းကိုယ္စီနဲ႕
အလုပ္ မ်ားေနၾကတယ္၊လုက်ိဳးကေတာ့
ခဏအနားယူေနတယ္၊သူက ဘာမွလည္း
မသိခ်င္သလို ဘာမွလည္း ေမးမလာဘူး၊
သူ႕ ရိုက္ကူးေရးကိုသာအာ႐ုံစိုက္ထားတယ္။

အမ်ိဳးသားဇာတ္ေဆာင္ တစ္ေယာက္က
ေလထဲတြင္ စတီးႀကိဳးျဖင့္ တြဲေလာင္းက်ေနခ်ိန္
သူ႕ကို အဖြဲ႕သားေတြက ေအာက္ကေန
ပင့္ျမႇောက္ေနၾကတယ္။

ေရွာင္ရီ တခ်က္ သာလွမ္းၾကည့္ၿပီး အသံဖမ္းသူက
ဂ႐ုတစိုက္ျဖင့္ နားေထာင္ေနရင္း သူမဖုန္းကို အလ်င္
အျမန္ စာရိုက္ေနလိုက္တယ္၊နင္ယာခ်င္းက ထို စစ္ပြဲထဲသို႔ ဆြဲသြင္းျခင္းခံရၿပီး သူမမ်က္ႏွာက မည္းေမွာင္္ေနရင္း သူမဖုန္းကိုသာၾကည့္ေနတယ္။

နင္ယာခ်င္းတစ္ေယာက္ သူမရဲ႕ ေဒါသကို
ရွင္းလင္းသည္အထိ ထုတ္ေဖာ္ရင္း ဖုန္းအား
ေဘးဘက္သို႔ လြင့္ပစ္လိုက္တယ္။

"တခါတေလက် အဲ့လူေတြက ဘယ္သူေတြလဲဆိုတာကို သိခ်င္တယ္...ၿပီးေတာ့ ဘာလို႔ အဲ့ေလာက္မုန္းေနၾကတာလဲဆိုတာကို ေမးခ်င္တယ္ "

ေရွာင္ရီအံ့အားသင့္ေနတယ္, သူေတြးမိတာက ,

"အမ်ိဳးသမီးေတြက , အကယ္၍ မင္းသာ
လူေတြကို တုပခ်င္ရင္ အာဏာရွိဖို႔ လိုတယ္
,ေဒါသကို မခ်ဳပ္တည္းနိုင္ပါက,
လုက်ိဳးကို တိုက္ခိုက္တဲ့ ပရိသတ္ေတြက
မင္းဘက္ကိုလွည့္လာနိုင္တယ္"

လုက်ိဳးက ဖန္သားျပင္ေပၚ၌ ထူးဆန္းအံ့ၾသမႈမ်ားႏွင့္
ျပည့္ႏွက္ေနလ်က္ ရယ္စရာ ေကာင္းတဲ့ကိုယ္ခံပညာဟန္ပန္ေတြနဲ႕ သ႐ုပ္ျပေနတယ္၊ေရွာင္ရီ သူ႕ဖုန္းကို
မဖြင့္ၾကည့္ခ်င္ေတာ့ ဘူး၊

"အန္က်ဲ ...."

ေရွာင္ရီ စကားလွမ္းေျပာလိုက္တယ္။

"ခုထိ ရန္ျဖစ္ေနတုန္းလား ?"

"အဆင္ေျပပါတယ္"

တာဝန္ခံအမ်ိဳးသမီးက ႏွိမ့္သိမ့္စြာပင္ေျပာလာတယ္။

"ငါကဥကၠဌဒူရဲ႕ အဖြဲ႕ကို ေစာင့္ေနတာ,
အိုက္ယား ....Tianyaက အဓိက စစ္ေျမျပင္မဟုတ္ဘူး၊ေဖ်ာ္ေျဖေရး ေလာကနဲ႕ မီဒီယာမွာက ပိုက်ယ္ျပန့္
တယ္, Tianyaက တကယ့္အေသးအဖြဲ႕ေလးရယ္ "

ေရွာင္ရီ:"......"

လူတိုင္းရဲ႕ မ်က္ႏွာေပၚမွာ ဝမ္းေျမာက္ဝမ္းသာျဖစ္ျခင္းနဲ႕အတူ အႏၱရာယ္ၾကားမွာ ေမြ႕ ေလ်ာ္တာကို သေဘာက်ေနပုံဘဲ၊ တာဝန္ခံ အစ္မက အျခားသူေတြကိုဂ႐ုခ်က္ထဲကေန စကားေျပာေနတယ္။

"ဟုတ္တယ္...ဟုတ္တယ္...ဒီတခါေတာ့
သူကံမေကာင္းေတာ့ဘူး, ဒူမိုင္နဲ႕ ေတြ႕ၿပီေလ,
သူ႕ေလာက္ကံဆိုးတဲ့သူမရွိေလာက္ေတာ့ဘူး"

ေရွာင္ရီ ေတြးလိုက္မိၿပီ~

"က်န္းရွီးရမ္ရဲ႕လူေတြက အေတာ္လြန္လာပုံရတယ္၊"

လီရီနဲ႕ တာဝန္ခံအစ္မတို႔က သူမကို မႏွစ္ၿမိဳ႕ဖြယ္ရာတစ္ခုအျဖစ္ျမင္ေနပုံရတယ္။

"ဘာလို႔ လဲ ေကာ ?"
တဖက္မွလူက ႏူးညံ့ေနရာမွ ေဒါသသံစြက္လ်က္ ေျပာလာတယ္။

"အဲ့ဒီ က်န္းရွီးရမ္က သူတိတ္တိတ္ေလး
လုပ္ေနတဲ့အရာေတြကို ဘယ္သူမွမသိဘူးထင္ေနတာ,.သူမရဲ႕ အျပဴအမူေတြကို
ဘယ္လို ထိန္းခ်ဳပ္ရမလဲဆိုတာကို လည္း
သင္ယူဖို႔ လိုေသးတယ္, မသိရင္သူ႕ေခြးကို
သူက အကာအကြယ္အေနနဲ႕ ယူလာေသး"
ငါတို႔ ေျမာင္ေျမာင္ေလးကိုေတာင္...."

"ေျမာင္ေျမာင္က က ေမာ္ေမာ္ရဲ႕ ေခြး "

တာဝန္ခံအမ်ိဳးက ေရွာင္ရီဘက္ကို လွည့္ၿပီး
ေျပာလာတယ္။

"က်န္းရွီရမ့္ ရဲ႕ ခ်ီဟြာဟြားကကိုက္သြားေသးတယ္ေလ"

ေရွာင္ရီ ကပ်ာကသီေခါင္းညိတ္ျပလိုက္တယ္။

"ဟုတ္ကဲ့ "

တာဝန္ခံအစ္မက Weixinကေနဆက္ေျပာလာတယ္

"ဘယ္သူ႕လက္ေစာင္းကပိုထက္မလဲ
ၾကည့္ၾကတာေပါ့"

ေရွာင္ရီကလည္း သူမေဘးတြင္ရပ္ေနတာမို႔ စကားဆက္မေျပာေတာ့ဘဲ Weixinကို ပိတ္ၿပီး ဖိုရမ္ကိုသာ
ဆက္ၾကည့္ေနလိုက္တယ္။

ညေန ေလးနာရီဝန္းက်င္တြငိ ဒူမိုင္ရဲ႕ လူေတြက
အသည္းအသန္ ျပန္လည္တိုက္ခိုက္ၾကတယ္။

အဖြင့္ေခါင္းစဥ္ကေတာ့ ...

{.က်န္းရွီးရမ္ ရဲ႕ ဖခင္နဲ႕ သခင္ရဲ႕ စြမ္းအားအေပၚမွာ တြင္က်ယ္ေနတဲ့ ေခြးေလးရဲ႕ သူတပါးအား ၿခိမ္းေျခာက္ တဲ့ အေၾကာင္းအနည္းငယ္ေဖာ္ထုတ္ ျခင္း }

ေနာက္ ပိုစ့္ တစ္ခုက ...

{ ဂုဏ္သေရရွိ လူႀကီး လူေကာင္းေတြမွ
လုက်ိဳးရဲ႕ ခ်စ္စဖြယ္ ေကာင္းတဲ့
စိတ္ထားေလးကို ေလ့လာဆန္းစစ္ျခင္း }

ညေန ငါးနာရီဝန္းက်င္တြင္သတင္းတစ္ခုက Tianyaမွာ ေခါင္းႀကီး ပိုင္း သတင္းအျဖစ္တက္လာတယ္။

[.လုနဲ႕ က်န္း တို႔ရဲ႕ အခ်စ္ဇာတ္လမ္းက
အႏုပညာေလာက သားေတြအၾကား အမွတ္တရ ျဖစ္ေနမွာပါ...သူတို႔ႏွစ္ေယာက္က တို႔ေတြအတြက္လွပတဲ့
အမွတ္တရေတြကိုလည္း ထားရစ္ေစခဲ့တယ္၊သူတို႔ရဲ႕
လမ္းခြဲမႈကို ဘယ္သူက တားဆီးနိုင္ပါ့မလဲ ?
ဒုတိယ ေျမာက္ အေနအထားနဲ႕ဘယ္သူက
လက္ခံနိုင္ပါ့မလဲ ]

ထိုသတင္းရဲ႕ ပင္မစာမ်က္ႏွာတြင္ လူေတြရဲ႕
ထင္ျမင္ခ်က္ေတြကို ႐ုတ္သိမ္းနိုင္ခဲ့ၿပီး
ထိုပိုစ့္ေအာက္၌ လုက်ိဳးရဲ႕ ခန့္ညားတဲ့
မ်က္ႏွာေခ်ာေခ်ာေလး ပါဝင္လာခဲ့တယ္။

W5225
6.10.2021
(T/N..မေန႕ကထဲက တင္ေပးခ်င္တာ
မၿပီးလိုက္ဘူးရယ္...လူက်ိဳးနဲ႕ေရွာင္ရီကို
ခ်စ္ေပးၾကလို႔တကယ္ေက်းဇူးပါ၊
ဒီ Novelေလးကေဖးေကာရဲ႕ Novelေလးမို႔ ေရးရတာေလးက နည္းနည္းေလး လက္ဝင္ပါတယ္၊ေဖးေကာရဲ႕ ဖန္တီးမႈကိုလည္း မပ်က္စီးေအာင္ အတတ္နိုင္ဆုံး ႀကိဳးစားထားပါတယ္၊တပတ္2ပိုင္းေလာက္ေတာ့ ရေအာင္
တင္ေပးမယ္ေနာ္ ❤❤❤

ေနာက္တစ္ခုကေလ ေရွာင္ဟြားရဲ႕ Workေတြထဲမွာ Hanyuan(Close To You)ေလးက
Completeျဖစ္သြားပါၿပီေနာ္ ၊Hanyuanေလးကို
မဖတ္ရေသးရင္ ဖတ္ၾကည့္ဖို႔ ဖိတ္ေခၚပါရေစ၊ ေပးရတဲ့
အခ်ိန္နဲ႕ တကယ္တန္ေစရမယ္လို႔ ေရွာင္ဟြားဘက္က
ရဲရဲႀကီး အာမခံပါတယ္၊ ေခြးစာေတြလည္း တဝႀကီးပါလို႔
မဖတ္ရေသးရင္ ဖတ္ၾကည့္ေပးၾကပါဦးလို႔ )❤❤❤

ေရွာင္ရီနဲ႕ လုက်ိဳးေလးကို Reviewေလး
ေပးတဲ့ ဥဥ
(Paradise Of BL Novel Tran R&C)ကို
အရမ္း ေက်းဇူးတင္ပါတယ္လို႔ ❤❤

Okumaya devam et

Bunları da Beğeneceksin

447K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...