..Uni
"ဥက္ကဋ္ဌဒူက ပြောတယ်!
ကျိုးကောမသိစေနဲ့တဲ့ ....သူက ကျိုးကော
ရိုက်ကူးရေးကို မထိခိုက်စေချင်ဘူးတဲ့..."
လုကျိုးတစ်ယောက် သူ့ဒေါသကို မထိန်းချုပ်
နိုင်တော့ဘဲရှောင်ရီ ရဲ့အကျီကော်လံအားဆွဲကာ ကားပေါ်ကနေ ဆွဲထုတ်လိုက်တယ်။ရှောင်ရီ တစ်ယောက် ကားတံခါးနဲ့ ဆောင့်မိပြီး ကြယ်တွေလတွေ မြင်ကုန်တယ်၊ မြေကြီးနဲ့ ကောင်းကင်ကြီးထပ်တူ ကမ္ဘာကြီးပါ
တပတ်လည်သွားတယ်၊ လုကျိုးသူ့ကို
မြေကြီး ပေါ်တွန်းချလိုက်ချိန်လမ်းဘေးရှိ
ကျောက်ကွဲစများပေါ်ကျကာသူ့တံတောင်ဆစ် ကသွေးတွေထွက်လာတယ်။
လုကျိုး ထအော်တယ်...
" ငါ့ကို ခုကားသော့ပေး !"
အဲ့ဒီအချိန်ရှောင်ရီတစ်ယောက်ချက်ခြင်းဆိုသလိုဘဲ ဘယ်ကရလာမှန်းမသိတဲ့ အားအင်တွေနဲ့ ခေါင်းငိုက်စိုက်ဖြင့်ရှိနေရာမှ ရုတ်တရက် ထအော်လာတယ်။
'ငါ မင်းကို မပေးနိုင်ဘူး !!"
သူလုကျိုးကို ကားသော့ပေးလိုက်မယ်ဆိုရင်,
လုကျိုးတစ်ယောက် အဝေးပြေးလမ်းမပေါ်
အမြင့်ဆုံးအမြန်နှုန်းနဲ့ မောင်းမယ်ဆိုတာက
မလွဲဧကန်ဘဲ၊ အခုအခြေအနေကြောင့်သူ့ရဲ့
စိတ်ကိုလည်း မထိန်းချုပ်နိုင်လောက်ဘူး၊အကယ်၍များမတော်တဆမှုတစ်ခုခုနဲ့သာ
ကြုံခဲ့မယ်ဆိုရင်အဲ့ဒါမှတကယ့်ပြသနာဖြစ်လာလိမ့်မယ်။
မအော်ဟစ်စဖူး ပြန်အော်နေတဲ့ ရှောင်ရီ
ကြောင့် လုကျိုးလန့်သွားတယ်။
ရှောင်ရီ လုကျိုးအား ဒေါသတကြီးပြန်တွန်းလိုက်ပြီးနောက် လုကျိုး ခြေထောက်ကို ပိတ်ကန်လိုက်တယ်။
"မင်း ....မင်းငါ့ကိုတောင်ရိုက်ရဲနေပြီဟုတ်လား ?!!"
လုကျိုး ဒေါသတကြီး အော်ဟစ်လာပြီးနောက် ...
"ဒီကနေ အခုထွက်သွားလိုက် !
ငါမင်း ကို အလုပ်ထုတ်လိုက်ပြီ !!"
ရှောင်ရီ လုကျိုးအား ပြန်အော်ဟစ်လိုက်တယ်။
"ငါက မင်းကို သေမတတ် ကြိုက်တာမို့
မင်းအနားကနေ ထွက်မသွားဘူးလို့
မင်းထင်နေတာလား !!"
ရှောင်ရီက တွားသွားပြီး ယာဥ်မောင်း
ထိုင်ခုံနေရာမှ တံခါးကို ဖွင့်လိုက်ချိန်
မသိစိတ်ဖြင့် ရှောင်ရှားပေးလိုက်ရင်း
လုကျိုး အရမ်း အံ့အားသင့်သွားတယ်။
တဆက်တည်းမှာဘဲ လုကျိုးကိုမိုးရေ
တွေထဲ မတ်တပ်ရပ်စေလျက် တစ်ယောက်တည်း ထားခဲ့ပြီး ရှောင်ရီ
ကားမောင်းထွက်သွားတယ်။
လုကျိုး :"........"
ဒီအဆင့်အထိ ခုလိုမျိုး အစော်ကားခံရတာက သူ့ဘဝမှာ ပထမဆုံး အကြိမ် မို့ လုကျိုး
တစ်ယောက် စကားတောင်မပြောနိုင်ဘဲ
ဆွံ့အနေခဲ့တယ်၊ သူခဏလောက် စဥ်းစားပြီးမှရုတ်တရက် ဒါက အဓိပ္ပါယ်မရှိဘူးလို့
တွေးလိုက်မိတယ်။
" ကောင်းတယ်, အရမ်းကောင်းတယ်, "
လုကျိုး အမှောင်ထဲဆီသို့အော်ဟစ်နေလိုက်တယ် ;
"ဒီက နေ ထွက်သွား !!"
ခဏအကြာတွင် ကားနောက်မြီးလေးမှ
မီးလေး မှိတ်တုတ် မှိတိတုတ်ဖြင့် SUVကားက တဖြေးဖြေး နောက်ပြန်ဆုတ်လာတယ်။
ရှောင်ရီ ခရီးသည်ထိုင်ခုံတံခါးကို ဖွင့်ပြီး
လုကျိုး ကို တချက်ကြည့်လိုက်တယ်။
" ကားပေါ်တက်!!" ရှောင်ရီ ပြောလာတယ်။
လုကျိုးရဲ့ စိတ်ဆန္ဒတွေ စက္ကန့်ပိုင်းမျှ ဝေဝါးနေတယ်၊ အမှန်တကယ်တွင် ထို ကိစ္စတွေက
ရှောင်ရီနဲ့ ဘာမှမဆိုင်ဘဲ သူ့ကိုယ်ကကံဆိုးနေခြင်းသာဖြစ်တယ်၊ အခုအချိန်မှာတော့ ရှောင်ရီက သူ့ရဲ့ ဒေါသတွေ ပုံချစရာပစ်မှတ်တစ်ခု ဖြစ်လာခဲ့တာဘဲ။
လုကျိုး ကားထဲသို့ ဝင်လိုက်တဲ့အခါ,
ရှောင်ရီရဲ့ အမူအရာတွေ အလွန်ထူးဆန်းနေတယ်၊ စတီယာရင်ကို တောင့်တောင့်ကြီး
ကိုင်ပြီး အသည်းအသန်ရှိုက်ငို နေတယ်။
လုကျိုး ရှောင်ရီကို အသေအချာကြည့်လိုက်မှ ရှောင်ရီ တစ်ယောက်မျက်ရည်တွေ
စီးကျနေတာကို သူတွေ့လိုက်ရတယ်။
"မင်း ယောကျ်ားမဟုတ်ဘူးလား ?"
လုကျိုးက ရှောင်ရီငိုနေတာကိုမယုံနိုင်စွာဖြင့် ကြည့်ရင်းပြောလာတယ်။
"မင်းက ခုနကိစ္စကြောင့် ငိုနေတာလား ?"
" ငါတောင်းပန်ပါတယ်လို့ ...ပြော!!"
ရှောင်ရီ တုန်ယင်စွာဖြင့် ကားမောင်းနေရင်း
" ငါတောင်းပန်ပါတယ်လို့ ပြောရင် ,
ကျွန်တော်ခွင့်လွှတ်ပေးမယ်...."
"ဟုတ်ပါပြီ...ဟုတ်ပါပြီ ...ငါကိုယ့်ကိုယ်ကိုယ်
မထိန်းနိုင်ခဲ့ဘူး,ငါမင်းကိုဒေါသမထွက်သင့်ဘူး "
မျက်ရည် တွေကြားမှ ရှောင်ရီကလုကျိုးကို
ပြန်ပြီး အသံပြုလိုက်တယ်။
'အမ်း '
ရှောင်ရီ တကယ်ကြီး ငိုလိမ့်မယ်လို့လုကျိုး
မမျှော်လင့်တာမို့ စကားမပြောတော့ဘဲ
ရှောင်ရီကိုသာလှည့်ကြည့်နေမိတယ်။
ရှောင်ရီတစ်ယောက် စိတ်ဓာတ်တွေ အရမ်းကျနေခဲ့ရင်တောင် အော်ဟစ်ခဲ့ရုံသာရှိပြီး
ဘယ်သောအခါမှ ငိုဖို့ မစဥ်းစားခဲ့ဖူး။
ဘွဲ့ရပြီးနောက်ပိုင်း , 4-5 နှစ်တွေ ကြာခဲ့ပြီးတာတောင် ခုလိုမျိုး တခါမှသူအော်မငိုခဲ့ဘူး။
ဒါက အတော်ကြီးကို ရူးနှမ်းနေတာမလား ...ဟမ်!!
ရှောင်ရီ တွေးလိုက်မိတယ်...
! ငါဘာမှမမှားခဲ့ဘူး , ငါဘာလို့ အရိုက်ခံရတာလဲ , ငါက ...ဒါက တကယ့်အရူးတစ်ယောက်လိုဘဲ !!
ရှောင်ရီ အမောတကော မှသည် အမောတကောဖြစ်နေရာမှ နောက်ဆုံး၌
လုံးဝတည်ငြိမ်သွားခဲ့ပြီ။
"ရှေ့ကျရပ်လိုက်'
လုကျိုး ရှေ့ဘက်ကို ကြည့်ပြီး ပြောလိုက်တယ်။
ဒီရက်ပိုင်းတွေမှာ သူ့ရဲ့ စိတ်အခြေအနေက အတော်လေးကို ပင်ပန်းနေတယ်၊ပြင်းထန်တဲ့
အလုပ်ဖိအား တွေ၊ အိပ်ရေး မဝခြင်းတွေအပြင် အနားမယူရခြင်း ကဲ့သို့သော များစွာသော ဖိစီးမှုတွေက သူ့ကို ပင်ပန်းနွယ်နယ်နေစေတယ်၊ ဒီအချိန်မှာတော့ သူ့ရဲ့ခံနိုင်ရည်အားတွေက ဂိတ်ဆုံးထိရောက်သွားခဲ့ပြီ၊
ထပ်ပေါင်းပြောရမယ်ဆိုရင် ခုဖြစ်ရပ်တွေကြောင့် နောက်ဆုံးတွင်သူမမျိုသိပ်နိုင်တော့ဘဲ ပွင့်ထွက်လာခဲ့တယ်၊ဒါပေမယ့် ခုလောလောဆယ် သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ
သက်သာရာရသွားတယ်လို့ရှောင်ရီ
ခံစားနေရတယ်။
ရှောင်ရီ ကားကို ရပ်တန့်လိုက်ပြီးနောက်
ပြောလိုက်မိတယ်
'ကျွန်တော်တောင်းပန်ပါတယ်'
လုကျိုး ဘာမှပြန်မဖြေတာမို့ နည်းနည်းတော့
သဘာဝမကျဘူး။
သူတို့နှစ်ယောက် စတိုးဆိုင်ထဲသို့ ဝင်လာပြီး
လုကျိုးက ...
'ကော်ဖီပူပူလေး နှစ်ခွက် လောက်လုပ်ပေးပါ"
လုကျိုးသည်လည်း ပင်ပန်းနေပုံရလျက်
သူ့ ရင်ဘတ်တွေကိုတောင် ဖိထားမိနေတယ်။
သူ့ဖုန်းလေး ဘယ်ရောက်သွားလဲ ဆိုတာကိုတောင် ရှောင်ရီမသိတော့ဘူး၊ အဲ့ဒါကြောင့်ကော်ဖီနှစ်ခွက်စာကိုငွေသားနဲ့ရှင်းလိုက်တယ်၊လုကျိုး သန့်စင်ခန်းထဲကထွက်လာ
ချိန် သူတို့ အပြင်ကို ပြန်ထွက်လာလိုက်တယ်။သူတို့နှစ်ယောက် ကုန်စုံဆိုင်ရဲ့
အပြင်ဘက်မှာ မတ်တပ်ရပ်နေကြတယ်။
သူတို့ရှေ့အဝေးပြေးလမ်းမကြီးပေါ်မှ
လမ်းမီးတိုင်တို့ က မှိန်ပျပျလေးသာရှိနေတယ်၊မိုးမရွာမီ သူတို့နှစ်ယောက်ဘေးချင်းယှဥ်ရပ်ကာ ကော်ဖီသောက်နေကြတယ်။
ကားထဲတွင်အစပိုင်းတုန်းကတော့, ရှောင်ရီ အိမ်ပိုင်လေး မရတော့မှာစိုးလို့ အဲ့ဒီခဲစားချက်ကြောင့် သူတကယ်ကြီး ငိုခဲ့မိတယ်။
"ဒါက စိတ်ကူးယဥ်မှု သပ်သပ်ပါဘဲလေ,
ထားလိုက်ပါတော့ ! အစောပိုင်းကသူအောက်ကို လဲကျပြီး ပွန်းပဲ့သွားတဲ့ သူ့တံတောင်ဆစ်က ခုထိ သွေးထွက်နေတုန်းဘဲ ။
"ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ ?"
ရှောင်ရီ အကြောင်းအရာတစ်ခုကို
ချက်ခြင်း ပြောင်းပြီးလုကျိုးကို ဂရုတစိုက်
မေးလိုက်တယ်၊လုကျိုးက ရှောင်ရီရဲ့ သွေးထွက်နေတဲ့ တံတောင်ဆစ်ကို ကြည့်ပြီး
ချက်ခြင်း အရက်ပျံတစ်ပုလင်း သွားဝယ်ကာ
သူ့ ဒဏ်ရာကို ဆေးကြောပေးလာတယ်။
"ငါတို့ ဘာလုပ်နိုင်မှာလဲ ?'
လုကျိုးပြန်ဖြေတယ်။
"ဥက္ကဋ္ဌဒူက အခုလောက်ဆို ဟန်းတျန့် ကို ရောက်လောက်ပြီ...ဒီည ကျွန်တော်တို့ သူနဲ့ တွေ့ပြီး သူ့မှာတော့ဒါကို ဘယ်လိုဖြေရှင်း
မလဲဆိုတဲ့ အကြံတော့ ရှိမှာဘဲ "
"ငါကြည့်ကြည့်မယ်"
လုကျိုး ကရှောင်ရီဆီသို့ တောင်းပန်တဲ့
အကြည့်တွေနဲ့ ကြည့်ရင်းပြောလာတယ်။
"ငါက ခုလို မျိုး လုပ်တတ်တယ်, ဒေါသအရမ်း ထွက်လာတဲ့အခါကျ ငါ့ကိုယ်ငါမထိန်းနိုင်တော့ဘူး ....ငါတောင်းပန်ပါတယ်,
ငါအရမ်းစိတ်မြန် သွားတယ်"
"ဘာမှမဖြစ်ပါဘူး ....Male Godရဲ့ အရိုက်ခံရတာက ကျွန်တော်ရဲ့ ဂုဏ်ယူစရာဘဲဟာ...
ဟား...ဟား "
"မင်းယောကျ်ားမဟုတ်ဘူးလား ?"
လုကျိုး တကယ်ငိုရမလား ၊ရယ်ရမလားကိုတောင် မသိတော့ဘူး။
အဲ့ဒီနောက်သူတို့ စကားမပြောဖြစ်ကြဘဲကော်ဖီကိုသာပြီးအောင်သောက်လိုက်ကြတယ်။ ကော်ဖီသောက်ပြီးနောက်လုကျိုးက
စက္ကူခွက်လေးကို ဖျစ်ညှစ်ပြီး အမှိုက်ပုံးထဲ ထည့်လိုက်ရင်း ;" ငါတို့ ပြန်ရကြအောင် "
လို့ ပြောလာတယ်။
ရှောင်ရီ ရုတ်တရက် မောပန်းလာရာမှထိုကဲ့သို့သော ပွင့်အန်ထွက်ခြင်းက သူ့ကို အတော်လေးစိတ်သက်သာရာရစေတယ်၊
ခုတော့ သူအတော်လေး သက်သာလာတယ်၊
အပြန်လမ်း တွင် သူကားမောင်းနေချိန်
လုကျိုးက ထိုင်ခုံအောက်တွင် ပစ်ချထားတဲ့ ဖုန်းကို ကောက်ယူလိုက်တယ်၊အွန်လိုင်းပေါ်က မှတ်ချက်တွေကို ဆက်ကြည့်နေရင်း
သူ့မျက်နှာက တဖြေးဖြေး အုံ့မှိုင်း နေပြန်တယ်။
"ထပ်ပြီး ကြည့်မနေနဲ့တော့"
ရှောင်ရီ ထပ်ပြောလိုက်တယ်။
"ကျိုးကော ပိုပြီး ကြည့်လေ, ပိုပြီး
စိတ်မချမ်းသာဖြစ်လာလိမ့်မယ်"
လုကျိုး ဖုန်းကို ချပြီး ပြတင်းတံခါးလေးကိုသာ ငေးလျက် တိတ်ဆိတ်စွာဖြင့်ရှိနေတယ်။
ရှောင်ရီက ...
" အွန်လိုင်းက လူတွေပြောတာကို ကျိုးကော
ဂရုစိုက်နေစရာမလိုဘူး၊ ကျွန်တော့်ရဲ့ အရင် အလုပ်က အယ်ဒီတာ ဟောင်းကပြောဖူးတယ်၊အွန်လိုင်းမှာ လူအမျိုးမျိုးရှိတယ်တဲ့၊
သူတို့ထဲက တချို့လူတွေက ဝေဖန်ရတာကို
ကြိုက်ကြတာ၊ အဲ့ဒီ ဝေဖန်တာတွေကိုသာမင်း အလေးအနက်ထားနေရင်မင်းဘဲရှုံးလိမ့်မယ်တဲ့ "
လုကျိုးက သက်ပြင်းမောကြီး ချပြီး
စိတ်ခံစားချက် အနည်းငယ် မတည်ငြိမ် သေးလျက် ပြောလာတယ်။
"ငါက အဲ့ဒီလို လူမျိုး မဟုတ်ဘူး၊
ဒါပေမယ့်ဒီထက်ပိုပိုပြီးဆိုးလာမယ်ဆိုရင်,
ကျန်းရှီးရမ်ရဲ့ ဇာတ်ရှုပ်တွေအကုန်
အွန်လိုင်းမှာ ချပြပစ်မယ်, ဘယ်သူကပိုကြောက်ဖို့ ကောင်းလဲ ကြည့်ကြတာပေါ့"
ရှောင်ရီ ဘာမှပြန်မဖြေဘဲ ကားကို သာဂရုတစိုက်မောင်းနေရင်း လုကျိုးဘက်ကို
တချက်ကြည့်ပြီး ပြောလိုက်တယ်။
"ပြီးတော့ ဥက္ကဋ္ဌဒူနဲ့လည်း ရန်မဖြစ်နဲ့ဦး '
"ငါသိပါတယ်"
လုကျိုးက စိတ်သိပ်ရှည်တဲ့လူမဟုတ်ဘူး ။
"ငါပွဲဦးစထွက်ထဲကနေခုထိငါသူမနဲ့သိတာ ဆယ်နှစ်လောက်ရှိပြီ၊မင်းကမင်းကိုယ်မင်းဘာထင်နေတာလဲ?"
ရှောင်ရီက ကိုယ့်ကိုယ်ကို အထင်ကြီးစွာဖြင့်
ပြောလိုက်တယ်။
"ကျွန်တော်က ကျိုးကောရဲ့ လက်ဝှေ့အိတ်မို့
ကျိန်းသေ အဆင့်အတန်း မြင့်သွားပြီလေ"
"ငါခုနတောင်းပန်ပြီးပြီလေ...မင်းက ငါ့ကို ခေါင်းငုံ့ပြီးတောင်းပန်စေချင်တာလား?"
ရှောင်ရီ ပြုံးပြကာ လက်ခါပြလိုက်ပေမယ့်
သူ့စိတ်ထဲမှာတော့ နည်းနည်းလေး ချဥ်တင်တင် ဖြစ်နေတယ်။
လုကျိုး က ဒူမိုင်ကိုလည်း ဒေါသမထွက်နိုင်သလို, နင်ယာချင်းရဲ့မန်နေဂျာကိုလည်း
ဒေါသမထွက်နိုင်ဘူး ၊ကျန်းရှီးရမ်ကိုတောင်
သူဒေါသထွက်လို့ မရနိုင်ဘူးလေ၊အဲ့ဒီတော့
သူ့ဒေါသတွေအကုန်လုံးက ဒီလက်ထောက်လေး ပေါ် ပုံကျလာတာကအထူးအဆန်းတော့ မဟုတ်ဘူး။
သူ့ရဲ့ယခင် ကုမ္ပဏီတုန်းကလည်း, ရှောင်ရီ မကြာခဏအနိုင်ကျင်ခံခဲ့ရတယ်, တည်းဖြတ်သူကလည်း ကျိန်ဆဲတယ်၊
! အလုပ်မလုပ်ချင်တော့ဘူးဆိုရင်, မင်းအထုပ်ကို ယူပြီး ထွက်သွားလိုက်တော!
အခု အလုပ်အသစ်ရပြီး ပိုက်ဆံတွေအများကြီး ရလာတာတောင်, သူအခုထိအဆူ
အဆဲ ခံနေတုန်းဘဲ၊ဒါပေမယ့် သူလုံးဝ လက်မြှောက်ရတဲ့အထိ သူဌေးကလည်း
ရက်ရက်စက်စက်ကို ခိုင်းတယ်။
ကံကောင်းတာတစ်ခုက လုကျိုးကသူ့ကို တမင်တကာရည်ရွယ်ခဲ့တာမဟုတ်ဘူး။
လူတချို့က သူတို့ ဆူပူကြိမ်းမောင်းပြီး
နောက် လူတစ်ယောက်ကို အခက်ခဲဆုံးတွေဖြစ်အောင်သာလုပ်တတ်ကြတယ်၊ဒါပေမယ့်
လုကျိုးကတော့ အနည်းဆုံးတောင်းပန်တတ်သေးတယ်၊ အကောင်းမြင်တဲ့ဘက်ကတွေးမယ်ဆိုရင်တော့ ဒီအလုပ်ကပိုကောင်းနေသေးတယ်လို့ ရှောင်ရီတွေးမိတယ်။
ဟန်းတျန့်ကိုရောက်တဲ့အခါ,
မနက်2နာရီထိုးနေပြီ။
ဒူမိုင်က ဟိုတယ်တွင်စောင့်နေပြီး လုကျိုးရဲ့ မည်းမှောင်နေတဲ့ မျက်နှာကို မြင်တဲ့အခါ,
သူမက ပြောလာတယ်။
'ထမင်းအရင်စားလိုက်ပြီးမှ စကားပြောမယ်"
ကားတံခါးနဲ့ ခိုက်မိထားတာမို့ ရှောင်ရီရဲ့ နဖူးတစ်ဘက်၌ အနီရောင် ဖုကြီး ရှိနေသေးတယ်၊ ဒူမိုင်က ထို အရာကို တချက်ကြည့်ပြီး
လုကျိုးကို အပြစ်တင်ကြည့်ဖြင့် တချက်
ကြည့်လိုက်တယ်၊လုကျိုးကတော့ဘာမှမပြောဘဲ ထိုင်ပြီး စားနေတယ်။
ဒူမိုင်ရဲ့လက်ထောက်က အိပ်ပျော်သွားပြီမို့
ရှောင်ရီက သူ့အခန်းဆီသို့ ပြန်ရန်လုပ်နေစဥ်
လုကျိုးက ပြောလာတယ်။
"ခဏလေး ...ထိုင်ဦး "
ဒူမိုင် :" မင်း သိပြီးပြီလား ?'
"ကျွန်တော်သိတယ်"
လုကျိုးက ထမင်းအနည်းငယ်စားနေရင်း
ခရီးဆောင်အိတ်ကို တဘက်သို့ တွန်းပို့လိုက်တယ်၊ ရှောင်ရီက အိတ်ကို ဆွဲယူပြီးမေးလာတယ်။
"ကျိုးကောဘာရှာနေတာလဲ?
ကျွန်တော်လုပ်ပေးမယ်"
လုကျိုး :" မင်းပါလာစား"
ဒူမိုင်: " အဲ့ဒီသတင်းက နင်ယာချင်းရဲ့
မန်နေဂျာက ဖြန့်လိုက်တာ, အဲ့ကိစ္စကို
ဖြေရှင်းဖို့အတွက်ဒီနေ့ ငါချီချွန်းနဲ့လည်း စကားပြောကြည့်ပြီးပြီ၊ ချီချွန်းဘက်က
အဆင်မပြေဘူး ၊ သူ့ဘက်ကလည်း
ဒီအခြေအနေကို ဖြေရှင်းဖို့ ဝန်လေး
နေတယ်လို့ ငါထင်တယ်'
"ဒါဆို ကျွန်တော်တို့က
ဒီတိုင်းဘဲထိုင်နေရမှာလား? "
လုကျိုးက သူ့ဒေါသတွေကို အတော်လေး ဖိနှိပ်နေရတယ်။
"ကျွန်တော်လုပ်ချင်တဲ့ဟာကိုရော
လုပ်လို့ရနိုင်လား ?"
ဒူမိုင် သူ့ ရင်ဘတ်ကို ဖိကာသက်ပြင်းချလိုက်တယ်။
"မင်းဒီနှစ်တွေမှာ ဘယ်လောက်ကြိုးစား
ခဲ့ရတယ်ဆိုတာကို ငါသိပါတယ်"
"သူမနဲ့ မပတ်သက်ဘဲ ကျွန်တော်လုပ်နိုင်တယ်လို့ ပြောနိုင်လား ?"
လုကျိုး မခံမရပ်နိုင်ဖြစ်လျက်ပြောလာတယ်။
"ကျွန်တော့်မှာ အဲ့လိုလူတွေဘဲ ရှိတယ် ၊
ကျွန်တော်ဘာလုပ်လုပ်, မိန်းမတစ်ယောက်ကို တွယ်တက်ပြီး နေရာရလာတာလို့ဘဲ
ပြောကြလိမ့်မယ် ! ဒူကျဲ , ကျဲဆိုရင်ရော
ဒါကို ခံနိုင်ရည် ရှိမှာလား ?"
စကားပြောနေရင်းလုကျိုးက ဒဏ်ကျေဆေး အဆီဘူးကို ထုတ်ကာရှောင်ရီရဲ့ တံတောင်ဆစ်လေးကိုဆေးလူးပေးနေတယ်။
ရှောင်ရီ:"........"
ရှောင်ရီရဲ့ ပါးစပ်ထဲမှာတော့ဝက်သားကင်များနဲ့ ပြည့်နေတယ်။
ဒူမိုင် : "အဲ့ဒါ ဘာဖြစ်တာလဲ ?"
"အစောပိုင်းက ကျွန်တော့်ကိုယ်ကျွန်တော်
ဒေါသမထိန်းနိုင်လို့, ညီငယ်လေးကို
ထိခိုက်စေမိသွားတယ်"
လုကျိုးက ရှောင်ရီရဲ့ ဆံပင်ကို အပေါ်သို့
လှန်တင်ပြီး , အနီရောင်ဖုသီးလေးကိုတွေ့တဲ့အခါ, သူ့လက်ဖဝါးဖြင့် အပေါ်အောက်
အကြိမ်ကြိမ် အာငွေ့ပေးပြီး ဖိပေးလာတယ်။
ရှောင်ရီ :"........."
ဘယ်လိုလေးပြောလိုက်တာလဲ ?
ညီငယ်လေးတဲ့လား ? ဒါက မာဖီယား ဂိုဏ်းချုပ်ရဲ့ ညီလေးလို့တော့ အပြည့်
အဝမရည်ညွန်းနိုင်ဘူးမလား ?ရှောင်ရီ
ပီတီတွေဖြစ်နေတယ်၊ အရိုက်ခံရတာ
တောင်အထက်လူကြီးရဲ့ မျက်နှာသာပေး
မှုကို ခံနေရတယ်လေ။
လုကျိုးက ရှောင်ရီရဲ့ နဖူးပေါ်မှ ဖုသီးလေးအား ဆေးလိမ်းပေးလိုက်ပြီးနောက်,
ဆိုဖာပေါ်တွင်ထိုင်ချပြီး အသက်ပြင်းပြင်း
ရူလိုက်ရင်း ပင်ပန်းစွာပင်ပြောလိုက်တယ်။
"ဘာဘဲဖြစ်ဖြစ်အဆင်ပြေသလိုပေါ့,
ကျန်းရှီရမ့်ရဲ့ရှေ့မှာကျွန်တော့်ကိုအမြီး
လေးတောင် လှုပ်ခွင့်မပေးနဲ့ ပေါ့ ၊
သူမပြောသလိုဘဲ ,လူတိုင်းအတွက်တော့ပျော်စရာကြီးပေါ့ "
"ဒါဆို မင်း စဥ်းစားဖို့လိုတယ်, ပရိသတ်ရဲ့
စာနာမှုကို ရဖို့ မင်းအချက်ကို စောင့်ရမယ်
{Ironhorse Glaciers Dream } ထွက်တဲ့
အထိတော့ မင်း စောင့်လိုက်၊ အဲ့ဒါဆို
အများကြီး မထိခိုက်တော့ဘူး၊ ပရိသတ်တွေကလည်း မင်းရဲ့ ရုပ်ရှင်ကို သဘောကျကျမယ်, အင်တာနက်မှာ Antiတွေက မင်းရဲ့
ဒရမ်မာကို သိပ်စိတ်မဝင်စားကြဘူး"
လုကျိုးက ဒူမိုင်ရဲ့ အကြံကို ပယ်ချလာတယ်။
"အဲ့လိုမျိုး စိတ်ဝင်စားမှု ရအောင် promotionလုပ်တာမျိုးကျွန်တော်မလုပ်
ချင်ဘူး ၊နင်ယာချင်းနဲ့မှမဟုတ်ဘူး၊
ဘယ်သူနဲ့မှ သတင်း အထွက်မခံချင်ဘူး၊ ကျွန်တော်လည်း လူ တစ်ယောက်ဘဲ၊
ဒူကျဲဘဲ အခြားတစ်ယောက်ရဲ့ ဖိနပ်ကို
စီးနေလိုက်၊ကျွန်တော်ကတော့အဲ့လိုနည်းလမ်းနဲ့ လူသိများတာမျိုးကိုလုံးဝမလိုချင်တော့ဘူး "
လုကျိုးသူ့မျက်လုံးတွေကို ပွတ်လိုက်ပြီး
ရုတ်တရက်ပြောလိုက်တယ်
"ဒါဆို ဒါဘဲ "
လိမ်းဆေးတွေက သူ့မျက်လုံးတွေကို ပွတ်မိတာမို့ , ရေချိုးခန်းထဲသို့ လေပွေလေးအလား
ပြေးဝင်သွားခဲ့တယ်၊ ရှောင်ရီရယ်လိုက်မိပြီး
ခွဲထားတဲ့ ပစ္စည်းပုံထဲမှ သူ့အတွက် မျက်နှာသုတ် ပဝါတထည် ရှာပေးလိုက်တယ် ။
ဒူမိုင်:" ရှောင်ရီ, နင်ယာချင်းက ဘယ်လို လူမျိုးလို့ မင်းထင်လဲ ?'
"သူနားမလည်ဘူး " လုကျိုး စိတ်မရှည်စွာ
ထအော်တယ်။
"အမ်......ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်က
စိတ်မချရဘူး....ဘာလို့ PR team မှာ
မဆွေးနွေး တာလဲ ?"
"မင်းလဲ PR ထဲကလူဘဲလေ"
"အဲ့ဒါက ...အဲ့လိုလား ?"
"ငါ့PR က အိပ်တောင်နေပြီ၊ တနေကုန်ငါ့ကို
မဟုတ်တဲ့ အကြံတွေဘဲ ပေးနေတယ်,
ငါသူ့ကို အစားထိုးချင်လာပြီ"
လုကျိုး :" ဒူကျဲအတွက် အဆင်ပြေမယ့်
PR တဖွဲ့ လုပ်ဖို့ ကျွန်တော်ပြောခဲ့ဖူးတယ်လေ၊ ကျဲက နားမှမထောင်တာ"
"ဒီအလုပ်ကလူတွေပိုများရင် ပါးစပ်ပေါက်ပိုများတယ်,"
ဒူမိုင်က မျက်မှောင်ကြုတ်ပြီး ,
"ဝန်ထမ်းတွေတင် များနေပြီ, အပြင်မှာ နောက်ထပ် 8 ယောက်လောက်ကသတင်း
ဖြန့်နေရင်, တရားခံက လက်ထောက်နဲ့
PR တွေထဲကဘဲ ဖြစ်နေမှာ ,ငါဒီလိုလုပ်တာ
မင်းကောင်းဖို့ အတွက် ဘဲ "
"ကျွန်တော်တို့ Tianyaက ပိုစ့်ကို ဖျက်ဖို့
ငွေနည်းနည်းသုံးလို့ အဆင်ပြေနိုင်မလား ?"
ရှောင်ရီမေးလိုက်တယ်။
"တကယ်လို့ ကျွန်တော်တို့ငွေမသုံးနိုင်ဘူးဆိုရင်, ဥက္ကဋ္ဌဒူဘာမှစလုပ်လို့မရဘူး"
"ငါတို့မှာစီးပွားဖက်ကုမ္ပဏီတွေတော့
ရှိတယ်"
ဒူမိုင်က ပြောလာတယ်။
" ငါပြောပေးလို့ရတယ်၊ဒါက အပန်း မကြီးဘူး ၊ဒါပေမယ့် ငါတို့ဘက်က ပိုပြီး ထိန်းသိမ်းရမယ်၊ ငါတို့ရဲ့ ကုမ္ပဏီက ကျန်းရှီရမ့်တို့နဲ့လည်း ပူးပေါင်းထားတယ်၊သူတို့ နဲ့ ဟို
မိန်းမလျာ ချီချွန်းနဲ့က အရမ်း ဆက်ဆံရေးကောင်းတယ်"
ရှောင်ရီက ရုတ်တရက် ထရယ်လိုက်မိတယ်။
ဒူမိုင်က သူ့မရဲ့ လက်ချောင်းတွေကို သစ်ခွပန်းလေးလို ချီချီကြွကြွနဲ့ လုပ်ပြရင်း
ပြောလာတယ်။
"သူက မိန်းမလျာလေ, ငါတို့ အသိုင်းအဝိုင်းထဲက လူတွေကအဲ့ဒီ မိန်းမလျာလိုဘဲ ၊
အဟမ်း ...ငါတို့ လုကျိုးနဲ့ ဘယ်လိုလုပ်နှိုင်းယှဥ်နိုင်မှာလဲ ? ငါတို့လုကျိုးက ကောင်းကင်နဲ့ မြေကြီးကိုတောင် ပံ့ပိုးပေးနိုင်တဲ့သူတစ်ယောက်လေ...."
ရှောင်ရီ ဒူမိုင်ကို ကြည့်ပြီးရယ်ရလွန်းလို့
အူတွေတောင်လိမ့်လာတာမို့ သူ့နောက်ဘက်ကဆိုဖာကို မှီချလိုက်တယ်၊ဒူမိုင်လည်းဘဲ
ခုလို နောက်တီးနောက်တောက်ပုံစံမျိုး ပြောတတ်လိမ့်မယ်သူလုံးဝ မထင်ထားခဲ့ဘူး ။
လုကျိုးကတော့ နဖူးပေါ် မှာ မျဥ်းကြောင်းကြီးတွေပေါ်မတတ် မှုန်ကုပ်ကုပ်ဖြင့် ဆိုဖာပေါ်တွင်ထိုင်လျက်ရှိနေတယ်၊ရှောင်ရီ
မေးလိုက်တယ်။
"ဘာလို့ အဖြောင့်တစ်ယောက်ကမိန်းမလျာ
တစ်ယောက်လိုမျိုးလုပ်နေရတာလဲ ?"
'ဘာလို့လဲဆိုတော့ သူ့ရဲ့ သူဌေးကအမျိုးသမီးလေ၊PR, မန်နေဂျာ ,
အကုန်လုံး ကြောင့်ပေါ့...မိန်းကလေးတွေကဂေးတွေနဲ့ကျပိုရင်းနှီးတယ်လေ, ကောင်းကောင်းလည်း ပေါင်းတတ်သင်းတတ်တယ်, စကားပြောရတာလည်းကောင်းတယ်, ပြီးတော့ သူတို့လေသံကလည်း
မတူဘူးလေ, သူတို့က အခြားအမျိုးသမီးတွေထက်စာရင် ပေါင်းလို့ပိုကောင်းတယ်'
"အော .."
ရှောင်ရီတွေးလိုက်မိတယ်, ဒါဆို ဒီကိစ္စကို
ဂေး တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် အဆင်ပြေလောက်တယ်ပေါ့"
"ဒရမ်မာ ထုတ်လွှင့်တဲ့အထိ စောင့်လိုက်ပါ!
ငါတို့ ဝူဟန်ကု နဲ့ fan serviceပေးဖို့ စီစဥ်ရမယ်၊Weiboမှာhint လေးတွေတင်ရမယ်,
နောက်ပိုင်းကို shipတာတွေ များလာခဲ့မယ်ဆိုရင် လုကျိုးက စိတ်ပိုင်းဆိုင်ရာအရပြင်ဆင်ထားရမယ်"
{T/N..မင်းသမီး နဲ့ သတင်းကိုဖျောက်ဖို့ မင်းသားချင်း ship ဖို့ lol ဆွံ့အ }
လုကျိုး :"........"
ရှောင်ရီတွေးလိုက်မိတာက : ပရိသတ်တွေက လုကျိုးကို တကယ်ကြီး မိုင်ဖုလုပ်ချင်နေကြတာလား ၊ဝမ်ဟန်းကုကရော ဘာလို့ လုကျိုးနဲ့ မိုင်ဖု ကို ဘာကြောင့်ခွင့်ပြုရတာလဲဟမ်!!
(T/N..မိုင်ဖုဆိုတာက သူတို့ဆီမှာဆို
မင်းသားနှစ်ယောက်ကို shipခိုင်းပြီး
တမင် Fan serviceပေးတာပါ)
ဒူမိုင်က : " မင်း အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး၊ အဲ့ဒီအချိန်ကျရင်
မင်းကိုယ်မင်း စိတ်ထိန်းနိုင်ဖို့ နဲ့ဘာမှ မမြင်ဘူးလို့ ဟန်ဆောင်လိုက်ရင် အဆင်ပြေတယ်'
ရှောင်ရီ လုကျိုးကို စာနာစွာပင် ကြည့်လိုက်မိတယ်။
" ကျဲက ကျွန်တော်နဲ့ သူ နှုတ်ခမ်းလေးနမ်း၊ပါးလေးနမ်းတဲ့ ပုံကို ရွှမ်းရွှီမှာ ပေါ်လာစေချင်တာလား ? ဒါက ရွံ့စရာကြီး!!"
{T/N..ရွမ်းရွှီ ဆိုတာက American Got talentလို မျိုး TVမှာလာတဲ့ အစီအစဥ်လိုမျိုးကို ပြောတာပါ}
ရှောင်ရီက ! အဲ့လိုအစီအစဥ်တွေကို ဘာလို့ အထင်သေးတာလဲ၊အဲ့လိုမျိုးတွေမှာ ပရိသတ်အများကြီးဘဲ၊ ပရိသတ်တွေက
သူတို့ကို အရမ်းချစ်တာ၊အိမ်ဆောက်
ဖို့ အတွက် ပိုက်ဆံစုပေးတာမျိုးတွေ
တောင်ရှိတယ်! ပရိသတ်အဟောင်းတွေကို
နှမျောမနေနဲ့၊အသစ်တွေရောက်လာလိမ့်မယ်၊ပရိသတ်တွေက ချက်ခြင်း အိမ်တံခါးကို တောင် ဆေးလာသုတ်ပေးတဲ့အထိ ဖြစ်သွားမှာ!လို့တွေးမိတယ်။
ဒူမိုင်: " နှုတ်ခမ်းတွေ၊မျက်နှာတွေ နမ်းဖို့
ထိလဲ ငါမတောင်းဆိုပါဘူး "
လုကျိုးက ထပြောလာတယ်။
'ထားလိုက်တော့! နားတော့မယ်၊မနက်ဖြန်ကျရင်လည်း ရုပ်ရှင်ရိုက်ဖို့ ကျန်သေးတယ်"
ဒူမိုင်; " ဇာတ်ညွန်း တစ်ခုလုံးပြီးသွားပြီ၊
ဒါပေမယ့် ပြဿနာတွေရှိနေတယ် ၊
ဇာတ်ညွန်းရေးသူနဲ့ ထုတ်လုပ်သူက
အတော်များများ အပြောင်းအလဲတွေ
လုပ်လိမ့်မယ်၊မနက်ဖြန် မင်းတို့ တစ်ရက်
နားလို့ရတယ်"
"အား ...အားလပ်ရက်ရမှာလား ?"
ရှောင်ရီသူ့နားမှာကြားရတာကိုတောင်
သံသယဝင်သွားတယ်။
"မင်းလည်း အတော်ကြိုးစားခဲ့ရတယ်,
မနက်ဖြန် တရက်နားပါ၊လုကျိုးမင်းကို
ခွင့် တရက်ပေးလိမ့်မယ်"
......
ဒူမိုင်လည်းရှိနေတာမို့ လုကျိုး လည်း အဆင်ပြေနိုင်တယ်၊ရှောင်ရီဘာမှစိတ်မပူတော့ဘူး၊နောက်တနေ့ မနက်တွင် ရှောင်ရီ
အိပ်ပျော်နေဆဲ ရှိနေတုန်း အခန်းတံခါးအား
တရကြမ်း ခေါက်သံကို သူကြားလိုက်ရတယ်။
လုကျိုးကအနက်ရောင်အောက်ခံဘောင်းဘီကို သာဝတ်ထားပြီးအပေါ်ပိုင်း ဗလာကျင်းနေလျက် ခြေပြောင်ဖြင့် သူ့အခန်းရှေ့မှာ
တောင့်တောင့်ကြီး ရပ်နေတယ်။
ရှောင်ရီကလည်း အောက်ခံဘောင်းဘီ
လေးသာဝတ်ထားတာမို့ မျက်လုံးပြူးသွားတယ်။
ရှောင်ရီ:"....?"
လုကျိုးက သူ့လက်ကောက်ဝတ်မှနာရီကို ညွှန်ပြတယ်၊ရှောင်ရီ အနည်းငယ် အိပ်မှုန်စုံမွှားဖြင့်ရှိနေတယ်၊
!မနက်အစောကြီးထပြီး နာရီဘယ်လိုဝတ်ရ
မလဲ လာမေးနေတာလား ? အခန်းကနေထလာပြီး နာရီလေး လာပြဖို့များ လူကို
လာနှိုးနေရသလား !!
ရှောင်ရီ: "ကျိုးကော ဘာလုပ်နေတာလဲ?"
လုကျိုး အပြင်ဘက်တွင် ရပ်ပြီး ထအော်တယ်၊
"အခုဘယ်နှစ်နာရီရှိပြီလဲ ? မင်းကခုထိ
အိပ်တုန်းလား ? ! မင်းအလုပ်ပြုတ်ချင်လို့လား!!"
တဖက်ခြမ်းမှ တံခါးက ပွင့်လာတာမို့
လုကျိုး ချက်ခြင်း ရှောင်ရီကို အထဲသို့
တွန်းလိုက်ပြီး သူ့ပါ အခန်းထဲသို့ လိုက်ဝင်လိုက်တယ်။
ရှောင်ရီက ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း
သမ်းဝေနေလျက် သူ့ရဲ့အိပ်မက်လေးထဲမှရုန်းမထွက်နိုင်ဘဲရှိနေဆဲ ဖြစ်နေတယ်၊
သူက အိပ်မက်ထဲ၌ ကြယ်ပွင့်ကြီး တပွင့်
ဖြစ်လာတယ်။
"ကျေးဇူးတင်ပါတယ်, ငါ့ရဲ့ လက်ထောက်
လုကျိုးလေး ! မင်းမရှိရင် ငါလည်းဒီလိုနေရာရောက်မှာမဟုတ်ဘူး " လို့တောင်သူ့အိပ်မက်ထဲက အော်စကာဆုပေးမှာ ပြောမိသေးတယ်။
ဒါပေမယ့်ခုတော့ တစ်ခုခုမှားနေပြီ။
"ဒီနေ့က အားလပ်ရက်မဟုတ်ဘူးလား?"
ရှောင်ရီ ပြန်မေးလိုက်တယ်။
လုကျိုးကသူ့ရှေ့မှာ မတ်တပ်ရပ်နေလျက်
ရင်အုပ်ကို ဖွင့်ကာရှောင်ရီရဲ့ ပျင်းရိနေပုံအား ကြည့်နေတယ်။
"အားလပ်ရက်က ငါ့အတွက် ပေးတာ...
ငါတောင် တက်တက်ကြွကြွ ဖြစ်နေတာ
မင်းကို ဘယ်သူက အားလပ်ရက်ပေးပါမယ်လို့ ပြောလို့လဲ ?"
ရှောင်ရီ: "......"
"ဟုတ်ကဲ့ပါ, အရှင်မင်းမြတ်က ဘာများ
မိန့်တော် မူမှာပါလဲ ? မင်းရဲ့အမှုထမ်းက
ချက်ခြင်း ထလုပ်ပါ့မယ်'
ရှောင်ရီ ခပ်ငေါ့ငေါ့ လေး ပြောလိုက်တယ်။
လုကျိုးက စိတ်မရှည်စွာထအော်တယ်။
"ခုသွား ...သွားတိုက်၊မျက်နှာသစ် ,
ပြီးတော့ နေ့လည်စာစားမယ်! မင်းက
ဘာတွေတွေးနေတာလဲ !!"
W 4873
17.8.2021
3:00PM...11:00 PM
..........
..
"ဥကၠ႒ဒူက ေျပာတယ္!
က်ိဳးေကာမသိေစနဲ႕တဲ့ ....သူက က်ိဳးေကာ
ရိုက္ကူးေရးကို မထိခိုက္ေစခ်င္ဘူးတဲ့..."
လုက်ိဳးတစ္ေယာက္ သူ႕ေဒါသကို မထိန္းခ်ဳပ္
နိုင္ေတာ့ဘဲေရွာင္ရီ ရဲ႕အက်ီေကာ္လံအားဆြဲကာ
ကားေပၚကေန ဆြဲထုတ္လိုက္တယ္။ေရွာင္ရီ တစ္ေယာက္ ကားတံခါးနဲ႕ ေဆာင့္မိၿပီး ၾကယ္ေတြလေတြ ျမင္ကုန္
တယ္၊ ေျမႀကီးနဲ႕ ေကာင္းကင္ႀကီးထပ္တူ ကမၻာႀကီးပါ
တပတ္လည္သြားတယ္၊ လုက်ိဳးသူ႕ကို ေျမႀကီး ေပၚတြန္းခ်လိဳက္ခ်ိန္လမ္းေဘးရွိ ေက်ာက္ကြဲစမ်ားေပၚက်ကာ
သူ႕တံေတာင္ဆစ္ ကေသြးေတြထြက္လာတယ္။
လုက်ိဳး ထေအာ္တယ္...
" ငါ့ကို ခုကားေသာ့ေပး !"
အဲ့ဒီအခ်ိန္ေရွာင္ရီတစ္ေယာက္ခ်က္ျခင္းဆိုသလိုဘဲ
ဘယ္ကရလာမွန္းမသိတဲ့ အားအင္ေတြနဲ႕ ေခါင္းငိုက္
စိုက္ျဖင့္ရွိေနရာမွ ႐ုတ္တရက္ ထေအာ္လာတယ္။
'ငါ မင္းကို မေပးနိုင္ဘူး !!"
သူလုက်ိဳးကို ကားေသာ့ေပးလိုက္မယ္ဆိုရင္,
လုက်ိဳးတစ္ေယာက္ အေဝးေျပးလမ္းမေပၚ
အျမင့္ဆုံးအျမန္ႏႈန္းနဲ႕ ေမာင္းမယ္ဆိုတာက
မလြဲဧကန္ဘဲ၊ အခုအေျခအေနေၾကာင့္သူ႕ရဲ႕
စိတ္ကိုလည္း မထိန္းခ်ဳပ္နိုင္ေလာက္ဘူး၊
အကယ္၍မ်ားမေတာ္တဆမႈတစ္ခုခုနဲ႕သာ
ႀကဳံခဲ့မယ္ဆိုရင္အဲ့ဒါမွတကယ့္ျပသနာျဖစ္လာလိမ့္မယ္။
မေအာ္ဟစ္စဖူး ျပန္ေအာ္ေနတဲ့ ေရွာင္ရီ
ေၾကာင့္ လုက်ိဳးလန့္သြားတယ္။
ေရွာင္ရီ လုက်ိဳးအား ေဒါသတႀကီးျပန္တြန္းလိုက္ၿပီး
ေနာက္ လုက်ိဳး ေျခေထာက္ကို ပိတ္ကန္လိုက္တယ္။
"မင္း ....မင္းငါ့ကိုေတာင္ရိုက္ရဲေနၿပီဟုတ္လား ?!!"
လုက်ိဳး ေဒါသတႀကီး ေအာ္ဟစ္လာၿပီးေနာက္ ...
"ဒီကေန အခုထြက္သြားလိုက္ !
ငါမင္း ကို အလုပ္ထုတ္လိုက္ၿပီ !!"
ေရွာင္ရီ လုက်ိဳးအား ျပန္ေအာ္ဟစ္လိုက္တယ္။
"ငါက မင္းကို ေသမတတ္ ႀကိဳက္တာမို႔
မင္းအနားကေန ထြက္မသြားဘူးလို႔
မင္းထင္ေနတာလား !!"
ေရွာင္ရီက တြားသြားၿပီး ယာဥ္ေမာင္း
ထိုင္ခုံေနရာမွ တံခါးကို ဖြင့္လိုက္ခ်ိန္
မသိစိတ္ျဖင့္ ေရွာင္ရွားေပးလိုက္ရင္း
လုက်ိဳး အရမ္း အံ့အားသင့္သြားတယ္။
တဆက္တည္းမွာဘဲ လုက်ိဳးကိုမိုးေရ
ေတြထဲ မတ္တပ္ရပ္ေစလ်က္တစ္ေယာက္တည္း
ထားခဲ့ၿပီး ေရွာင္ရီ ကားေမာင္းထြက္သြားတယ္။
လုက်ိဳး :"........"
ဒီအဆင့္အထိ ခုလိုမ်ိဳး အေစာ္ကားခံရတာက
သူ႕ဘဝမွာ ပထမဆုံး အႀကိမ္ မို႔ လုက်ိဳး
တစ္ေယာက္ စကားေတာင္မေျပာနိုင္ဘဲ
ဆြံ႕အေနခဲ့တယ္၊ သူခဏေလာက္ စဥ္းစားၿပီး
မွ႐ုတ္တရက္ ဒါက အဓိပၸာယ္မရွိဘူးလို့
ေတြးလိုက္မိတယ္။
" ေကာင္းတယ္, အရမ္းေကာင္းတယ္, "
လုက်ိဳး အေမွာင္ထဲဆီသို႔ေအာ္ဟစ္ေနလိုက္တယ္ ;
"ဒီက ေန ထြက္သြား !!"
ခဏအၾကာတြင္ ကားေနာက္ၿမီးေလးမွ
မီးေလး မွိတ္တုတ္ မွိတိတုတ္ျဖင့္ SUVကားက တေျဖးေျဖး ေနာက္ျပန္ဆုတ္လာတယ္။
ေရွာင္ရီ ခရီးသည္ထိုင္ခုံတံခါးကို ဖြင့္ၿပီး
လုက်ိဳး ကို တခ်က္ၾကည့္လိုက္တယ္။
" ကားေပၚတက္!!" ေရွာင္ရီ ေျပာလာတယ္။
လုက်ိဳးရဲ႕ စိတ္ဆႏၵေတြ စကၠန့္ပိုင္းမွ်
ေဝဝါးေနတယ္၊ အမွန္တကယ္တြင္ ထို ကိစၥေတြက
ေရွာင္ရီနဲ႕ ဘာမွမဆိုင္ဘဲ သူ႕ကိုယ္ကကံဆိုးေနျခင္း
သာျဖစ္တယ္၊ အခုအခ်ိန္မွာေတာ့ ေရွာင္ရီက သူ႕ရဲ႕
ေဒါသေတြ ပုံခ်စရာပစ္မွတ္တစ္ခု ျဖစ္လာခဲ့တာဘဲ။
လုက်ိဳး ကားထဲသို႔ ဝင္လိုက္တဲ့အခါ,
ေရွာင္ရီရဲ႕ အမူအရာေတြ အလြန္ထူးဆန္းေနတယ္၊
စတီယာရင္ကို ေတာင့္ေတာင့္ႀကီးကိုင္ၿပီး အသည္းအသန္ရွိုက္ငို ေနတယ္။လုက်ိဳး ေရွာင္ရီကို အေသအခ်ာၾကည့္
လိုက္မွ ေရွာင္ရီ တစ္ေယာက္မ်က္ရည္ေတြ
စီးက်ေနတာကို သူေတြ႕လိုက္ရတယ္။
"မင္း ေယာက်္ားမဟုတ္ဘူးလား ?"
လုက်ိဳးက ေရွာင္ရီငိုေနတာကိုမယုံနိုင္စြာျဖင့္ ၾကည့္ရင္းေျပာလာတယ္။
"မင္းက ခုနကိစၥေၾကာင့္ ငိုေနတာလား ?"
" ငါေတာင္းပန္ပါတယ္လို႔ ...ေျပာ!!"
ေရွာင္ရီ တုန္ယင္စြာျဖင့္ ကားေမာင္းေနရင္း
" ငါေတာင္းပန္ပါတယ္လို႔ ေျပာရင္ ,
ကြၽန္ေတာ္ခြင့္လႊတ္ေပးမယ္...."
"ဟုတ္ပါၿပီ...ဟုတ္ပါၿပီ ...ငါကိုယ့္ကိုယ္ကိုယ္
မထိန္းနိုင္ခဲ့ဘူး,ငါမင္းကိုေဒါသမထြက္သင့္ဘူး "
မ်က္ရည္ ေတြၾကားမွ ေရွာင္ရီကလုက်ိဳးကို
ျပန္ၿပီး အသံျပဳလိုက္တယ္။
'အမ္း '
ေရွာင္ရီ တကယ္ႀကီး ငိုလိမ့္မယ္လို႔လုက်ိဳး
မေမွ်ာ္လင့္တာမို႔ စကားမေျပာေတာ့ဘဲ
ေရွာင္ရီကိုသာလွည့္ၾကည့္ေနမိတယ္။
ေရွာင္ရီတစ္ေယာက္ စိတ္ဓာတ္ေတြ
အရမ္းက်ေနခဲ့ရင္ေတာင္ ေအာ္ဟစ္ခဲ့႐ုံသာရွိၿပီး
ဘယ္ေသာအခါမွ ငိုဖို႔ မစဥ္းစားခဲ့ဖူး။
ဘြဲ႕ရၿပီးေနာက္ပိုင္း , 4-5 ႏွစ္ေတြ ၾကာခဲ့ၿပီး
တာေတာင္ ခုလိုမ်ိဳး တခါမွသူေအာ္မငိုခဲ့ဘူး။
ဒါက အေတာ္ႀကီးကို ႐ူးႏွမ္းေနတာမလား ...ဟမ္!!
ေရွာင္ရီ ေတြးလိုက္မိတယ္...
! ငါဘာမွမမွားခဲ့ဘူး , ငါဘာလို႔ အရိုက္ခံရတာလဲ , ငါက ...ဒါက တကယ့္အ႐ူးတစ္ေယာက္လိုဘဲ !!
ေရွာင္ရီ အေမာတေကာ မွသည္ အေမာတေကာျဖစ္ေနရာမွ ေနာက္ဆုံး၌ လုံးဝတည္ၿငိမ္သြားခဲ့ၿပီ။
"ေရွ႕က်ရပ္လိုက္'
လုက်ိဳး ေရွ႕ဘက္ကို ၾကည့္ၿပီး ေျပာလိုက္တယ္။
ဒီရက္ပိုင္းေတြမွာ သူ႕ရဲ႕ စိတ္အေျခအေနက
အေတာ္ေလးကို ပင္ပန္းေနတယ္၊ျပင္းထန္တဲ့
အလုပ္ဖိအား ေတြ၊ အိပ္ေရး မဝျခင္းေတြအျပင္
အနားမယူရျခင္း ကဲ့သို႔ေသာ မ်ားစြာေသာ ဖိစီးမႈေတြက သူ႕ကို ပင္ပန္းႏြယ္နယ္ေနေစတယ္၊ ဒီအခ်ိန္မွာေတာ့ သူ႕ရဲ႕ခံနိုင္ရည္အားေတြက ဂိတ္ဆုံးထိေရာက္သြားခဲ့ၿပီ၊
ထပ္ေပါင္းေျပာရမယ္ဆိုရင္ ခုျဖစ္ရပ္ေတြေၾကာင့္ ေနာက္ဆုံးတြင္သူမမ်ိဳသိပ္နိုင္ေတာ့ဘဲ ပြင့္ထြက္လာခဲ့တယ္
၊ဒါေပမယ့္ ခုေလာေလာဆယ္ သူ႕ရဲ႕ ဝန္ထုပ္ဝန္ပိုးေတြ
သက္သာရာရသြားတယ္လို႔ေရွာင္ရီခံစားေနရတယ္။
ေရွာင္ရီ ကားကို ရပ္တန့္လိုက္ၿပီးေနာက္
ေျပာလိုက္မိတယ္
'ကြၽန္ေတာ္ေတာင္းပန္ပါတယ္'
လုက်ိဳး ဘာမွျပန္မေျဖတာမို႔ နည္းနည္းေတာ့
သဘာဝမက်ဘဴး။
သူတို႔ႏွစ္ေယာက္ စတိုးဆိုင္ထဲသို႔ ဝင္လာၿပီး
လုက်ိဳးက ...
'ေကာ္ဖီပူပူေလး ႏွစ္ခြက္ ေလာက္လုပ္ေပးပါ"
လုက်ိဳးသည္လည္း ပင္ပန္းေနပုံရလ်က္
သူ႕ ရင္ဘတ္ေတြကိုေတာင္ ဖိထားမိေနတယ္။
သူ႕ဖုန္းေလး ဘယ္ေရာက္သြားလဲ ဆိုတာကိုေတာင္
ေရွာင္ရီမသိေတာ့ဘူး၊ အဲ့ဒါေၾကာင့္ေကာ္ဖီႏွစ္ခြက္စာ
ကိုေငြသားနဲ႕ရွင္းလိုက္တယ္၊လုက်ိဳး သန့္စင္ခန္းထဲ
ကထြက္လာခ်ိန္ သူတို႔ အျပင္ကို ျပန္ထြက္လာလိုက္
တယ္။သူတို႔ႏွစ္ေယာက္ ကုန္စုံဆိုင္ရဲ႕ အျပင္ဘက္မွာ
မတ္တပ္ရပ္ေနၾကတယ္။သူတို႔ေရွ႕အေဝးေျပးလမ္းမႀကီးေပၚမွလမ္းမီးတိုင္တို႔ က မွိန္ပ်ပ်ေလးသာရွိေနတယ္၊မိုးမ႐ြာမီ သူတို႔ႏွစ္ေယာက္ေဘးခ်င္းယွဥ္ရပ္ကာ
ေကာ္ဖီေသာက္ေနၾကတယ္။
ကားထဲတြင္အစပိုင္းတုန္းကေတာ့, ေရွာင္ရီ အိမ္ပိုင္ေလး မရေတာ့မွာစိုးလို႔ အဲ့ဒီခဲစားခ်က္ေၾကာင့္ သူတကယ္ႀကီး
ငိုခဲ့မိတယ္။
"ဒါက စိတ္ကူးယဥ္မႈ သပ္သပ္ပါဘဲေလ,
ထားလိုက္ပါေတာ့ ! အေစာပိုင္းကသူေအာက္ကို
လဲက်ၿပီး ပြန္းပဲ့သြားတဲ့သူ႕တံေတာင္ဆစ္က
ခုထိေသြးထြက္ေနတုန္းဘဲ ။
"ကြၽန္ေတာ္တို႔ အခု ဘာလုပ္ၾကမလဲ ?"
ေရွာင္ရီ အေၾကာင္းအရာတစ္ခုကို
ခ်က္ျခင္း ေျပာင္းၿပီးလုက်ိဳးကို ဂ႐ုတစိုက္
ေမးလိုက္တယ္၊လုက်ိဳးက ေရွာင္ရီရဲ႕
ေသြးထြက္ေနတဲ့ တံေတာင္ဆစ္ကို ၾကည့္ၿပီး
ခ်က္ျခင္း အရက္ပ်ံတစ္ပုလင္း သြားဝယ္ကာ
သူ႕ ဒဏ္ရာကို ေဆးေၾကာေပးလာတယ္။
"ငါတို႔ ဘာလုပ္နိုင္မွာလဲ ?'
လုက်ိဳးျပန္ေျဖတယ္။
"ဥကၠ႒ဒူက အခုေလာက္ဆို ဟန္းတ်န့္ ကို
ေရာက္ေလာက္ၿပီ...ဒီည ကြၽန္ေတာ္တို႔
သူနဲ႕ ေတြ႕ၿပီး သူ႕မွာေတာ့ဒါကို ဘယ္လိုေျဖရွင္း
မလဲဆိုတဲ့ အႀကံေတာ့ ရွိမွာဘဲ "
"ငါၾကည့္ၾကည့္မယ္"
လုက်ိဳး ကေရွာင္ရီဆီသို႔ ေတာင္းပန္တဲ့
အၾကည့္ေတြနဲ႕ ၾကည့္ရင္းေျပာလာတယ္။
"ငါက ခုလို မ်ိဳး လုပ္တတ္တယ္, ေဒါသအရမ္းထြက္လာတဲ့အခါက် ငါ့ကိုယ္ငါမထိန္းနိုင္ေတာ့ဘူး ....ငါေတာင္းပန္ပါတယ္, ငါအရမ္းစိတ္ျမန္ သြားတယ္"
"ဘာမွမျဖစ္ပါဘူး ....Male Godရဲ႕ အရိုက္ခံရတာက ကြၽန္ေတာ္ရဲ႕ ဂုဏ္ယူစရာဘဲဟာ...ဟား...ဟား "
"မင္းေယာက်္ားမဟုတ္ဘူးလား ?"
လုက်ိဳး တကယ္ငိုရမလား ၊ရယ္ရမလားကိုေတာင္
မသိေတာ့ဘူး။
အဲ့ဒီေနာက္သူတို႔ စကားမေျပာျဖစ္ၾကဘဲေကာ္ဖီကိုသာၿပီးေအာင္ေသာက္လိုက္ၾကတယ္။ ေကာ္ဖီ
ေသာက္ၿပီးေနာက္လုက်ိဳးက စကၠဴခြက္ေလးကို
ဖ်စ္ညွစ္ၿပီး အမွိုက္ပုံးထဲ ထည့္လိုက္ရင္း
;" ငါတို႔ ျပန္ရၾကေအာင္ "လို႔ ေျပာလာတယ္။
ေရွာင္ရီ ႐ုတ္တရက္ ေမာပန္းလာရာမွထိုကဲ့သို႔ေသာ
ပြင့္အန္ထြက္ျခင္းက သူ႕ကို အေတာ္ေလးစိတ္သက္သာရာရေစတယ္၊ခုေတာ့ သူအေတာ္ေလးသက္သာလာ
တယ္၊ အျပန္လမ္း တြင္ သူကားေမာင္းေနခ်ိန္
လုက်ိဳးက ထိုင္ခုံေအာက္တြင္ ပစ္ခ်ထားတဲ့ ဖုန္းကို
ေကာက္ယူလိုက္တယ္၊အြန္လိုင္းေပၚက မွတ္ခ်က္ေတြကို ဆက္ၾကည့္ေနရင္း သူ႕မ်က္ႏွာက တေျဖးေျဖး
အုံ႕မွိုင္း ေနျပန္တယ္။
"ထပ္ၿပီး ၾကည့္မေနနဲ႕ေတာ့"
ေရွာင္ရီ ထပ္ေျပာလိုက္တယ္။
"က်ိဳးေကာ ပိုၿပီး ၾကည့္ေလ, ပိုၿပီး
စိတ္မခ်မ္းသာျဖစ္လာလိမ့္မယ္"
လုက်ိဳး ဖုန္းကို ခ်ၿပီး ျပတင္းတံခါးေလးကိုသာ
ေငးလ်က္ တိတ္ဆိတ္စြာျဖင့္ရွိေနတယ္။
ေရွာင္ရီက ...
" အြန္လိုင္းက လူေတြေျပာတာကို က်ိဳးေကာ
ဂ႐ုစိုက္ေနစရာမလိုဘူး၊ ကြၽန္ေတာ့္ရဲ႕ အရင္
အလုပ္က အယ္ဒီတာ ေဟာင္းကေျပာဖူးတယ္
၊အြန္လိုင္းမွာ လူအမ်ိဳးမ်ိဳးရွိတယ္တဲ့၊
သူတို႔ထဲက တခ်ိဳ႕လူေတြက ေဝဖန္ရတာကို
ႀကိဳက္ၾကတာ၊ အဲ့ဒီ ေဝဖန္တာေတြကိုသာမင္း
အေလးအနက္ထားေနရင္မင္းဘဲရႈံးလိမ့္မယ္တဲ့ "
လုက်ိဳးက သက္ျပင္းေမာႀကီး ခ်ၿပီး
စိတ္ခံစားခ်က္ အနည္းငယ္ မတည္ၿငိမ္
ေသးလ်က္ ေျပာလာတယ္။
"ငါက အဲ့ဒီလို လူမ်ိဳး မဟုတ္ဘူး၊
ဒါေပမယ့္ဒီထက္ပိုပိုၿပီးဆိုးလာမယ္ဆိုရင္,
က်န္းရွီးရမ္ရဲ႕ ဇာတ္ရႈပ္ေတြအကုန္
အြန္လိုင္းမွာ ခ်ျပပစ္မယ္, ဘယ္သူက
ပိုေၾကာက္ဖို႔ ေကာင္းလဲ ၾကည့္ၾကတာေပါ့"
ေရွာင္ရီ ဘာမွျပန္မေျဖဘဲ ကားကို
သာဂ႐ုတစိုက္ေမာင္းေနရင္း လုက်ိဳးဘက္ကို
တခ်က္ၾကည့္ၿပီး ေျပာလိုက္တယ္။
"ၿပီးေတာ့ ဥကၠ႒ဒူနဲ႕လည္း ရန္မျဖစ္နဲ႕ဦး '
"ငါသိပါတယ္"
လုက်ိဳးက စိတ္သိပ္ရွည္တဲ့လူမဟုတ္ဘူး ။
"ငါပြဲဦးစထြက္ထဲကေနခုထိငါသူမနဲ႕သိတာ
ဆယ္ႏွစ္ေလာက္ရွိၿပီ၊မင္းကမင္းကိုယ္မင္း
ဘာထင္ေနတာလဲ?"
ေရွာင္ရီက ကိုယ့္ကိုယ္ကို အထင္ႀကီးစြာျဖင့္
ေျပာလိုက္တယ္။
"ကြၽန္ေတာ္က က်ိဳးေကာရဲ႕ လက္ေဝွ႕အိတ္မို႔
က်ိန္းေသ အဆင့္အတန္း ျမင့္သြားၿပီေလ"
"ငါခုနေတာင္းပန္ၿပီးၿပီေလ...မင္းက ငါ့ကို
ေခါင္းငုံ႕ၿပီးေတာင္းပန္ေစခ်င္တာလား?"
ေရွာင္ရီ ၿပဳံးျပကာ လက္ခါျပလိုက္ေပမယ့္
သူ႕စိတ္ထဲမွာေတာ့ နည္းနည္းေလး
ခ်ဥ္တင္တင္ ျဖစ္ေနတယ္။
လုက်ိဳး က ဒူမိုင္ကိုလည္း ေဒါသမထြက္နိုင္သလို,
နင္ယာခ်င္းရဲ႕မန္ေနဂ်ာကိုလည္း
ေဒါသမထြက္နိုင္ဘူး ၊က်န္းရွီးရမ္ကိုေတာင္
သူေဒါသထြက္လို႔ မရနိုင္ဘူးေလ၊အဲ့ဒီေတာ့
သူ႕ေဒါသေတြအကုန္လုံးက ဒီလက္ေထာက္ေလး
ေပၚ ပုံက်လာတာကအထူးအဆန္းေတာ့ မဟုတ္ဘူး။
သူ႕ရဲ႕ယခင္ ကုမၸဏီတုန္းကလည္း, ေရွာင္ရီ မၾကာခဏအနိုင္က်င္ခံခဲ့ရတယ္, တည္းျဖတ္သူကလည္း က်ိန္ဆဲတယ္၊
! အလုပ္မလုပ္ခ်င္ေတာ့ဘူးဆိုရင္, မင္းအထုပ္ကို ယူၿပီး ထြက္သြားလိုက္ေတာ!အခု အလုပ္အသစ္ရၿပီး
ပိုက္ဆံေတြအမ်ားႀကီး ရလာတာေတာင္, သူအခုထိအဆူ
အဆဲ ခံေနတုန္းဘဲ၊ဒါေပမယ့္ သူလုံးဝ လက္ေျမႇာက္ရတဲ့အထိ သူေဌးကလည္း ရက္ရက္စက္စက္ကို ခိုင္းတယ္။
ကံေကာင္းတာတစ္ခုက လုက်ိဳးကသူ႕ကို
တမင္တကာရည္႐ြယ္ခဲ့တာမဟုတ္ဘူး။
လူတခ်ိဳ႕က သူတို႔ ဆူပူႀကိမ္းေမာင္းၿပီး
ေနာက္ လူတစ္ေယာက္ကို အခက္ခဲဆုံး
ေတြျဖစ္ေအာင္သာလုပ္တတ္ၾကတယ္၊ဒါေပမယ့္
လုက်ိဳးကေတာ့ အနည္းဆုံးေတာင္းပန္တတ္ေသးတယ္၊ အေကာင္းျမင္တဲ့ဘက္ကေတြးမယ္ဆိုရင္ေတာ့ ဒီအလုပ္ကပိုေကာင္းေနေသးတယ္လို႔ ေရွာင္ရီေတြးမိတယ္။
ဟန္းတ်န့္ကိုေရာက္တဲ့အခါ,မနက္2နာရီထိုးေနၿပီ။
ဒူမိုင္က ဟိုတယ္တြင္ေစာင့္ေနၿပီး လုက်ိဳးရဲ႕
မည္းေမွာင္ေနတဲ့ မ်က္ႏွာကို ျမင္တဲ့အခါ,
သူမက ေျပာလာတယ္။
'ထမင္းအရင္စားလိုက္ၿပီးမွ စကားေျပာမယ္"
ကားတံခါးနဲ႕ ခိုက္မိထားတာမို႔ ေရွာင္ရီရဲ႕ နဖူးတစ္ဘက္၌ အနီေရာင္ ဖုႀကီး ရွိေနေသးတယ္၊ ဒူမိုင္က ထို အရာကို တခ်က္ၾကည့္ၿပီးလုက်ိဳးကို အျပစ္တင္ၾကည့္ျဖင့္ တခ်က္
ၾကည့္လိုက္တယ္၊လုက်ိဳးကေတာ့ဘာမွမေျပာဘဲ ထိုင္ၿပီး စားေနတယ္။
ဒူမိုင္ရဲ႕လက္ေထာက္က အိပ္ေပ်ာ္သြားၿပီမို႔
ေရွာင္ရီက သူ႕အခန္းဆီသို႔ ျပန္ရန္လုပ္ေနစဥ္
လုက်ိဳးက ေျပာလာတယ္။
"ခဏေလး ...ထိုင္ဦး "
ဒူမိုင္ :" မင္း သိၿပီးၿပီလား ?'
"ကြၽန္ေတာ္သိတယ္"
လုက်ိဳးက ထမင္းအနည္းငယ္စားေနရင္း
ခရီးေဆာင္အိတ္ကို တဘက္သို႔ တြန္းပို႔လိုက္တယ္၊
ေရွာင္ရီက အိတ္ကို ဆြဲယူၿပီးေမးလာတယ္။
"က်ိဳးေကာဘာရွာေနတာလဲ?
ကြၽန္ေတာ္လုပ္ေပးမယ္"
လုက်ိဳး :" မင္းပါလာစား"
ဒူမိုင္: " အဲ့ဒီသတင္းက နင္ယာခ်င္းရဲ႕
မန္ေနဂ်ာက ျဖန့္လိုက္တာ, အဲ့ကိစၥကို
ေျဖရွင္းဖို႔အတြက္ဒီေန႕ ငါခ်ီခြၽန္းနဲ႕လည္း
စကားေျပာၾကည့္ၿပီးၿပီ၊ ခ်ီခြၽန္းဘက္က
အဆင္မေျပဘူး ၊ သူ႕ဘက္ကလည္း
ဒီအေျခအေနကို ေျဖရွင္းဖို႔ ဝန္ေလး
ေနတယ္လို႔ ငါထင္တယ္'
"ဒါဆို ကြၽန္ေတာ္တို႔က
ဒီတိုင္းဘဲထိုင္ေနရမွာလား? "
လုက်ိဳးက သူ႕ေဒါသေတြကိုအေတာ္ေလး
ဖိႏွိပ္ေနရတယ္။
"ကြၽန္ေတာ္လုပ္ခ်င္တဲ့ဟာကိုေရာ
လုပ္လို႔ရနိုင္လား ?"
ဒူမိုင္ သူ႕ ရင္ဘတ္ကို ဖိကာသက္ျပင္းခ်လိဳက္တယ္။
"မင္းဒီႏွစ္ေတြမွာ ဘယ္ေလာက္ႀကိဳးစား
ခဲ့ရတယ္ဆိုတာကို ငါသိပါတယ္"
"သူမနဲ႕ မပတ္သက္ဘဲကြၽန္ေတာ္လုပ္နိုင္တယ္လို႔
ေျပာနိုင္လား ?"
လုက်ိဳး မခံမရပ္နိုင္ျဖစ္လ်က္ေျပာလာတယ္။
"ကြၽန္ေတာ့္မွာ အဲ့လိုလူေတြဘဲ ရွိတယ္ ၊
ကြၽန္ေတာ္ဘာလုပ္လုပ္, မိန္းမတစ္ေယာက္ကို
တြယ္တက္ၿပီး ေနရာရလာတာလို႔ဘဲ
ေျပာၾကလိမ့္မယ္ ! ဒူက်ဲ , က်ဲဆိုရင္ေရာ
ဒါကို ခံနိုင္ရည္ ရွိမွာလား ?"
စကားေျပာေနရင္းလုက်ိဳးက ဒဏ္ေက်ေဆး
အဆီဘူးကို ထုတ္ကာေရွာင္ရီရဲ႕ တံေတာင္ဆစ္ေလး
ကိုေဆးလူးေပးေနတယ္။
ေရွာင္ရီ:"........"
ေရွာင္ရီရဲ႕ ပါးစပ္ထဲမွာေတာ့
ဝက္သားကင္မ်ားနဲ႕ ျပည့္ေနတယ္။
ဒူမိုင္ : "အဲ့ဒါ ဘာျဖစ္တာလဲ ?"
"အေစာပိုင္းက ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္
ေဒါသမထိန္းနိုင္လို႔, ညီငယ္ေလးကို
ထိခိုက္ေစမိသြားတယ္"
လုက်ိဳးက ေရွာင္ရီရဲ႕ ဆံပင္ကို အေပၚသို႔
လွန္တင္ၿပီး , အနီေရာင္ဖုသီးေလးကိုေတြ႕တဲ့အခါ,
သူ႕လက္ဖဝါးျဖင့္ အေပၚေအာက္
အႀကိမ္ႀကိမ္ အာေငြ႕ေပးၿပီး ဖိေပးလာတယ္။
ေရွာင္ရီ :"........."
ဘယ္လိုေလးေျပာလိုက္တာလဲ ?
ညီငယ္ေလးတဲ့လား ? ဒါက မာဖီယား
ဂိုဏ္းခ်ဳပ္ရဲ႕ ညီေလးလို႔ေတာ့ အျပည့္
အဝမရည္ၫြန္းနိုင္ဘူးမလား ?ေရွာင္ရီ
ပီတီေတြျဖစ္ေနတယ္၊ အရိုက္ခံရတာ
ေတာင္အထက္လူႀကီးရဲ႕ မ်က္ႏွာသာေပး
မႈကို ခံေနရတယ္ေလ။
လုက်ိဳးက ေရွာင္ရီရဲ႕ နဖူးေပၚမွဖုသီးေလးအား
ေဆးလိမ္းေပးလိုက္ၿပီးေနာက္,
ဆိုဖာေပၚတြင္ထိုင္ခ်ၿပီး အသက္ျပင္းျပင္း
႐ူလိုက္ရင္း ပင္ပန္းစြာပင္ေျပာလိုက္တယ္။
"ဘာဘဲျဖစ္ျဖစ္အဆင္ေျပသလိုေပါ့,
က်န္းရွီရမ့္ရဲ႕ေရွ႕မွာကြၽန္ေတာ့္ကိုအၿမီး
ေလးေတာင္ လႈပ္ခြင့္မေပးနဲ႕ ေပါ့ ၊
သူမေျပာသလိုဘဲ ,လူတိုင္းအတြက္ေတာ့
ေပ်ာ္စရာႀကီးေပါ့ "
"ဒါဆို မင္း စဥ္းစားဖို႔လိုတယ္, ပရိသတ္ရဲ႕
စာနာမႈကို ရဖို႔ မင္းအခ်က္ကို ေစာင့္ရမယ္
{Ironhorse Glaciers Dream } ထြက္တဲ့
အထိေတာ့ မင္း ေစာင့္လိုက္၊ အဲ့ဒါဆို
အမ်ားႀကီး မထိခိုက္ေတာ့ဘူး၊ ပရိသတ္ေတြကလည္း
မင္းရဲ႕ ႐ုပ္ရွင္ကို သေဘာက်က်မယ္, အင္တာနက္မွာ Antiေတြက မင္းရဲ႕ ဒရမ္မာကို သိပ္စိတ္မဝင္စားၾကဘူး"
လုက်ိဳးက ဒူမိုင္ရဲ႕ အႀကံကို ပယ္ခ်လာတယ္။
"အဲ့လိုမ်ိဳး စိတ္ဝင္စားမႈ ရေအာင္ promotionလုပ္တာမ်ိဳးကြၽန္ေတာ္မလုပ္ခ်င္ဘူး ၊နင္ယာခ်င္းနဲ႕မွမဟုတ္ဘူး၊ဘယ္သူနဲ႕မွ သတင္း အထြက္မခံခ်င္ဘူး၊ ကြၽန္ေတာ္လည္း လူ တစ္ေယာက္ဘဲ၊ ဒူက်ဲဘဲ အျခားတစ္ေယာက္ရဲ႕ ဖိနပ္ကို စီးေနလိုက္၊ကြၽန္ေတာ္ကေတာ့အဲ့လိုနည္းလမ္းနဲ႕ လူသိမ်ားတာမ်ိဳးကိုလုံးဝမလိုခ်င္ေတာ့ဘူး "
လုက်ိဳးသူ႕မ်က္လုံးေတြကို ပြတ္လိုက္ၿပီး
႐ုတ္တရက္ေျပာလိုက္တယ္
"ဒါဆို ဒါဘဲ "
လိမ္းေဆးေတြက သူ႕မ်က္လုံးေတြကို ပြတ္မိတာမို႔ ,
ေရခ်ိဳးခန္းထဲသို႔ ေလေပြေလးအလား
ေျပးဝင္သြားခဲ့တယ္၊ ေရွာင္ရီရယ္လိုက္မိၿပီး
ခြဲထားတဲ့ ပစၥည္းပုံထဲမွ သူ႕အတြက္ မ်က္ႏွာသုတ္
ပဝါတထည္ ရွာေပးလိုက္တယ္ ။
ဒူမိုင္:" ေရွာင္ရီ, နင္ယာခ်င္းကဘယ္လို လူမ်ိဳးလို႔
မင္းထင္လဲ ?'
"သူနားမလည္ဘူး " လုက်ိဳး စိတ္မရွည္စြာ
ထေအာ္တယ္။
"အမ္......ကြၽန္ေတာ့္ရဲ႕ ထင္ျမင္ယူဆခ်က္က
စိတ္မခ်ရဘူး....ဘာလို႔ PR team မွာ
မေဆြးႏြေး တာလဲ ?"
"မင္းလဲ PR ထဲကလူဘဲေလ"
"အဲ့ဒါက ...အဲ့လိုလား ?"
"ငါ့PR က အိပ္ေတာင္ေနၿပီ၊ တေနကုန္ငါ့ကို
မဟုတ္တဲ့ အႀကံေတြဘဲ ေပးေနတယ္,
ငါသူ႕ကို အစားထိုးခ်င္လာၿပီ"
လုက်ိဳး :" ဒူက်ဲအတြက္ အဆင္ေျပမယ့္
PR တဖြဲ႕ လုပ္ဖို႔ ကြၽန္ေတာ္ေျပာခဲ့ဖူးတယ္ေလ၊
က်ဲက နားမွမေထာင္တာ"
"ဒီအလုပ္ကလူေတြပိုမ်ားရင္ ပါးစပ္ေပါက္ပိုမ်ားတယ္,"
ဒူမိုင္က မ်က္ေမွာင္ၾကဳတ္ၿပီး ,
"ဝန္ထမ္းေတြတင္ မ်ားေနၿပီ,
အျပင္မွာ ေနာက္ထပ္ 8 ေယာက္ေလာက္က
သတင္းျဖန့္ေနရင္, တရားခံက လက္ေထာက္နဲ႕
PR ေတြထဲကဘဲ ျဖစ္ေနမွာ ,ငါဒီလိုလုပ္တာ
မင္းေကာင္းဖို႔ အတြက္ ဘဲ "
"ကြၽန္ေတာ္တို႔ Tianyaက ပိုစ့္ကို ဖ်က္ဖို႔
ေငြနည္းနည္းသုံးလို႔ အဆင္ေျပနိုင္မလား ?"
ေရွာင္ရီေမးလိုက္တယ္။
"တကယ္လို႔ ကြၽန္ေတာ္တို႔ေငြမသုံးနိုင္ဘူးဆိုရင္,
ဥကၠ႒ဒူဘာမွစလုပ္လို႔မရဘူး"
"ငါတို႔မွာစီးပြားဖက္ကုမၸဏီေတြေတာ့ရွိတယ္"
ဒူမိုင္က ေျပာလာတယ္။
" ငါေျပာေပးလို႔ရတယ္၊ဒါက အပန္း မႀကီးဘူး ၊ဒါေပမယ့္ ငါတို႔ဘက္က ပိုၿပီး ထိန္းသိမ္းရမယ္၊ ငါတို႔ရဲ႕ ကုမၸဏီက က်န္းရွီရမ့္တို႔နဲ႕လည္း ပူးေပါင္းထားတယ္၊သူတို႔ နဲ႕ ဟို
မိန္းမလ်ာ ခ်ီခြၽန္းနဲ႕က အရမ္း ဆက္ဆံေရးေကာင္းတယ္"
ေရွာင္ရီက ႐ုတ္တရက္ ထရယ္လိုက္မိတယ္။
ဒူမိုင္က သူ႕မရဲ႕ လက္ေခ်ာင္းေတြကို သစ္ခြပန္းေလးလို
ခ်ီခ်ီႂကြႂကြနဲ႕ လုပ္ျပရင္း ေျပာလာတယ္။
"သူက မိန္းမလ်ာေလ, ငါတို႔ အသိုင္းအဝိုင္းထဲကလူေတြကအဲ့ဒီ မိန္းမလ်ာလိုဘဲ ၊ အဟမ္း ...ငါတို႔ လုက်ိဳးနဲ႕ ဘယ္လိုလုပ္ႏွိုင္းယွဥ္နိုင္မွာလဲ ? ငါတို႔လုက်ိဳးက ေကာင္းကင္နဲ႕ ေျမႀကီးကိုေတာင္ ပံ့ပိုးေပးနိုင္တဲ့သူတစ္ေယာက္ေလ...."
ေရွာင္ရီ ဒူမိုင္ကို ၾကည့္ၿပီးရယ္ရလြန္းလို႔
အူေတြေတာင္လိမ့္လာတာမို႔ သူ႕ေနာက္ဘက္က
ဆိုဖာကို မွီခ်လိဳက္တယ္၊ဒူမိုင္လည္းဘဲ
ခုလို ေနာက္တီးေနာက္ေတာက္ပုံစံမ်ိဳး
ေျပာတတ္လိမ့္မယ္သူလုံးဝ မထင္ထားခဲ့ဘူး ။
လုက်ိဳးကေတာ့ နဖူးေပၚ မွာ မ်ဥ္းေၾကာင္းႀကီးေတြ
ေပၚမတတ္ မႈန္ကုပ္ကုပ္ျဖင့္ ဆိုဖာေပၚတြင္ထိုင္လ်က္ရွိေနတယ္၊ေရွာင္ရီေမးလိုက္တယ္။
"ဘာလို႔ အေျဖာင့္တစ္ေယာက္ကမိန္းမလ်ာ
တစ္ေယာက္လိုမ်ိဳးလုပ္ေနရတာလဲ ?"
'ဘာလို႔လဲဆိုေတာ့ သူ႕ရဲ႕ သူေဌးကအမ်ိဳးသမီးေလ၊PR, မန္ေနဂ်ာ , အကုန္လုံး ေၾကာင့္ေပါ့...မိန္းကေလးေတြ
ကေဂးေတြနဲ႕က်ပိဳရင္းႏွီးတယ္ေလ, ေကာင္းေကာင္း
လည္း ေပါင္းတတ္သင္းတတ္တယ္, စကားေျပာရတာ
လည္းေကာင္းတယ္, ၿပီးေတာ့ သူတို႔ေလသံကလည္း
မတူဘူးေလ, သူတို႔က အျခားအမ်ိဳးသမီးေတြထက္စာရင္ ေပါင္းလို႔ပိုေကာင္းတယ္'
"ေအာ .."
ေရွာင္ရီေတြးလိုက္မိတယ္, ဒါဆို ဒီကိစၥကို
ေဂး တစ္ေယာက္အေနနဲ႕ ေျပာမယ္ဆိုရင္
အဆင္ေျပေလာက္တယ္ေပါ့"
"ဒရမ္မာ ထုတ္လႊင့္တဲ့အထိ ေစာင့္လိုက္ပါ!
ငါတို႔ ဝူဟန္ကု နဲ႕ fan serviceေပးဖို႔ စီစဥ္ရမယ္၊Weiboမွာhint ေလးေတြတင္ရမယ္,
ေနာက္ပိုင္းကို shipတာေတြ မ်ားလာခဲ့မယ္ဆိုရင္
လုက်ိဳးက စိတ္ပိုင္းဆိုင္ရာအရျပင္ဆင္ထားရမယ္"
{T/N..မင္းသမီး နဲ႕ သတင္းကိုေဖ်ာက္ဖို႔
မင္းသားခ်င္း ship ဖို႔ lol ဆြံ႕အ }
လုက်ိဳး :"........"
ေရွာင္ရီေတြးလိုက္မိတာက : ပရိသတ္ေတြက လုက်ိဳးကို တကယ္ႀကီး မိုင္ဖုလုပ္ခ်င္ေနၾကတာလား ၊ဝမ္ဟန္းကုကေရာ ဘာလို႔ လုက်ိဳးနဲ႕ မိုင္ဖု ကို ဘာေၾကာင့္ခြင့္ျပဳရတာလဲဟမ္!!
(T/N..မိုင္ဖုဆိုတာက သူတို႔ဆီမွာဆို
မင္းသားႏွစ္ေယာက္ကို shipခိုင္းၿပီး
တမင္ Fan serviceေပးတာပါ)
ဒူမိုင္က : " မင္း အဲ့ဒီ ကိစၥနဲ႕ ပတ္သက္ၿပီး
စိတ္ပူစရာမလိုဘူး၊ အဲ့ဒီအခ်ိန္က်ရင္
မင္းကိုယ္မင္း စိတ္ထိန္းနိုင္ဖို႔ နဲ႕ဘာမွ
မျမင္ဘူးလို႔ ဟန္ေဆာင္လိုက္ရင္ အဆင္ေျပတယ္'
ေရွာင္ရီ လုက်ိဳးကို စာနာစြာပင္ ၾကည့္လိုက္မိတယ္။
" က်ဲက ကြၽန္ေတာ္နဲ႕ သူ ႏႈတ္ခမ္းေလးနမ္း၊ပါးေလးနမ္းတဲ့ ပုံကို ႐ႊမ္း႐ႊီမွာ ေပၚလာေစခ်င္တာလား ?
ဒါက ႐ြံ႕စရာႀကီး!!"
{T/N..႐ြမ္း႐ႊီ ဆိုတာက American Got talentလို မ်ိဳး TVမွာလာတဲ့ အစီအစဥ္လိုမ်ိဳးကို
ေျပာတာပါ}
ေရွာင္ရီက ! အဲ့လိုအစီအစဥ္ေတြကို ဘာလို႔အထင္ေသးတာလဲ၊အဲ့လိုမ်ိဳးေတြမွာ ပရိသတ္အမ်ားႀကီးဘဲ၊
ပရိသတ္ေတြက သူတို႔ကို အရမ္းခ်စ္တာ၊အိမ္ေဆာက္
ဖို႔ အတြက္ ပိုက္ဆံစုေပးတာမ်ိဳးေတြေတာင္ရွိတယ္!
ပရိသတ္အေဟာင္းေတြကို ႏွေမ်ာမေနနဲ႕၊အသစ္
ေတြေရာက္လာလိမ့္မယ္၊ပရိသတ္ေတြက ခ်က္ျခင္း အိမ္တံခါးကို ေတာင္ ေဆးလာသုတ္ေပးတဲ့အထိ ျဖစ္သြားမွာ!လို႔ေတြးမိတယ္။
ဒူမိုင္: " ႏႈတ္ခမ္းေတြ၊မ်က္ႏွာေတြ နမ္းဖို႔
ထိလဲ ငါမေတာင္းဆိုပါဘူး "
လုက်ိဳးက ထေျပာလာတယ္။
'ထားလိုက္ေတာ့! နားေတာ့မယ္
၊မနက္ျဖန္က်ရင္လည္း ႐ုပ္ရွင္ရိုက္ဖို႔ က်န္ေသးတယ္"
ဒူမိုင္; " ဇာတ္ၫြန္း တစ္ခုလုံးၿပီးသြားၿပီ၊
ဒါေပမယ့္ ျပႆနာေတြရွိေနတယ္ ၊
ဇာတ္ၫြန္းေရးသူနဲ႕ ထုတ္လုပ္သူက
အေတာ္မ်ားမ်ား အေျပာင္းအလဲေတြ
လုပ္လိမ့္မယ္၊မနက္ျဖန္ မင္းတို႔ တစ္ရက္
နားလို႔ရတယ္"
"အား ...အားလပ္ရက္ရမွာလား ?"
ေရွာင္ရီသူ႕နားမွာၾကားရတာကိုေတာင္
သံသယဝင္သြားတယ္။
"မင္းလည္း အေတာ္ႀကိဳးစားခဲ့ရတယ္,
မနက္ျဖန္ တရက္နားပါ၊လုက်ိဳးမင္းကို
ခြင့္ တရက္ေပးလိမ့္မယ္"
......
ဒူမိုင္လည္းရွိေနတာမို႔ လုက်ိဳး လည္း အဆင္ေျပနိုင္
တယ္၊ေရွာင္ရီဘာမွစိတ္မပူေတာ့ဘူး၊ေနာက္တေန႕
မနက္တြင္ ေရွာင္ရီ အိပ္ေပ်ာ္ေနဆဲ ရွိေနတုန္း အခန္းတံခါးအား တရၾကမ္း ေခါက္သံကို သူၾကားလိုက္ရတယ္။
လုက်ိဳးကအနက္ေရာင္ေအာက္ခံေဘာင္းဘီကို သာဝတ္ထားၿပီးအေပၚပိုင္း ဗလာက်င္းေနလ်က္ ေျခေျပာင္ျဖင့္ သူ႕အခန္းေရွ႕မွာ ေတာင့္ေတာင့္ႀကီး ရပ္ေနတယ္။
ေရွာင္ရီကလည္း ေအာက္ခံေဘာင္းဘီ
ေလးသာဝတ္ထားတာမို႔ မ်က္လုံးျပဴးသြားတယ္။
ေရွာင္ရီ:"....?"
လုက်ိဳးက သူ႕လက္ေကာက္ဝတ္မွနာရီကို
ၫႊန္ျပတယ္၊ေရွာင္ရီ အနည္းငယ္ အိပ္မႈန္စုံမႊားျဖင့္
ရွိေနတယ္၊
!မနက္အေစာႀကီးထၿပီး နာရီဘယ္လိုဝတ္ရ
မလဲ လာေမးေနတာလား ? အခန္းကေနထလာၿပီး
နာရီေလး လာျပဖို႔မ်ား လူကို လာႏွိုးေနရသလား !!
ေရွာင္ရီ: "က်ိဳးေကာ ဘာလုပ္ေနတာလဲ?"
လုက်ိဳး အျပင္ဘက္တြင္ ရပ္ၿပီး ထေအာ္တယ္၊
"အခုဘယ္ႏွစ္နာရီရွိၿပီလဲ ? မင္းကခုထိ
အိပ္တုန္းလား ? ! မင္းအလုပ္ျပဳတ္ခ်င္လို႔လား!!"
တဖက္ျခမ္းမွ တံခါးက ပြင့္လာတာမို႔
လုက်ိဳး ခ်က္ျခင္း ေရွာင္ရီကို အထဲသို႔
တြန္းလိုက္ၿပီး သူ႕ပါ အခန္းထဲသို႔ လိုက္
ဝင္လိုက္တယ္။
ေရွာင္ရီက ဆိုဖာေပၚတြင္ ထိုင္လိုက္ရင္း
သမ္းေဝေနလ်က္ သူ႕ရဲ႕အိပ္မက္ေလးထဲမွ
႐ုန္းမထြက္နိုင္ဘဲရွိေနဆဲ ျဖစ္ေနတယ္၊
သူက အိပ္မက္ထဲ၌ ၾကယ္ပြင့္ႀကီး တပြင့္
ျဖစ္လာတယ္။
"ေက်းဇူးတင္ပါတယ္, ငါ့ရဲ႕ လက္ေထာက္
လုက်ိဳးေလး ! မင္းမရွိရင္ ငါလည္းဒီလိုေနရာ
ေရာက္မွာမဟုတ္ဘူး " လို႔ေတာင္သူ႕အိပ္မက္ထဲက
ေအာ္စကာဆုေပးမွာ ေျပာမိေသးတယ္။
ဒါေပမယ့္ခုေတာ့ တစ္ခုခုမွားေနၿပီ။
"ဒီေန႕က အားလပ္ရက္မဟုတ္ဘူးလား?"
ေရွာင္ရီ ျပန္ေမးလိုက္တယ္။
လုက်ိဳးကသူ႕ေရွ႕မွာ မတ္တပ္ရပ္ေနလ်က္
ရင္အုပ္ကို ဖြင့္ကာေရွာင္ရီရဲ႕ ပ်င္းရိေနပုံအား
ၾကည့္ေနတယ္။
"အားလပ္ရက္က ငါ့အတြက္ ေပးတာ...
ငါေတာင္ တက္တက္ႂကြႂကြ ျဖစ္ေနတာ
မင္းကို ဘယ္သူက အားလပ္ရက္ေပးပါမယ္လို႔
ေျပာလို႔လဲ ?"
ေရွာင္ရီ: "......"
"ဟုတ္ကဲ့ပါ, အရွင္မင္းျမတ္က ဘာမ်ား
မိန့္ေတာ္ မူမွာပါလဲ ? မင္းရဲ႕အမႈထမ္းက
ခ်က္ျခင္း ထလုပ္ပါ့မယ္'
ေရွာင္ရီ ခပ္ေငါ့ေငါ့ ေလး ေျပာလိုက္တယ္။
လုက်ိဳးက စိတ္မရွည္စြာထေအာ္တယ္။
"ခုသြား ...သြားတိုက္၊မ်က္ႏွာသစ္ ,
ၿပီးေတာ့ ေန႕လည္စာစားမယ္! မင္းက
ဘာေတြေတြးေနတာလဲ !!"
W 4873
17.8.2021
3:00PM...11:00 PM
..........