ကိုယ့်ချစ်သူလက်ထောက်လေး (Comp...
By LazyFlower555
160K 20.3K 412
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ More
Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl
EP9(U&Z)
2.1K 331 4
By LazyFlower555
..Uni
ရှောင်ရီ လုကျိုးကို တချက်ကြည့်လိုက််
တယ်၊ဒူမိုင်နဲ့လုကျိုး အချိန်ခဏမျှဖုန်းပြောနေကြတယ်၊ယခုချိန်ထိ ကျန်းရှီးရမ်
တစ်ယောက် စတူဒီယိုကို မလာခဲ့တာမို့
သူမနှင့် လုကျိုး တို့ရဲ့ချစ်ခြင်းမေတ္တာ
ကစားပွဲကို ငြီးငွေ့သွားခြင်း ဖြစ်နိုင်လောက်တယ်။ဒူမိုင်က လုကျိုး ကို သူမအား တောင်းပန်လိုက်ပါလို့ ပြောလာတဲ့အခါ ,
လုကျိုးဒေါသတကြီး ဖြင့်ထအော်လာခဲ့ပြီးနောက်ဆက်တွဲရလာဒ်ကတော့ လုကျိုး
လက်ထဲမှအပြစ်မရှိတဲ့ဖုန်းလေးခမျာသူ့သခင်ရဲ့ ခပ်ဝေးဝေးသို့လွှင့်ပစ်ခြင်းကို
ခံလိုက်ရတယ်။
ရှောင်ရီ ပြောလိုက်မိတယ်။
"ကျိုးကော , ကျိုးကောတို့တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့ကြပြီးမှ ဘာလို့
အသေးအမွှားပြသနာလေးလောက်ကို
စိတ်ရှုပ်ခံနေရတာလဲ ?"
"ငါတို့ လုံးဝ မချစ်ခဲ့ ကြဘူး ! "
လုကျိုး ခံစားချက်ပြင်းစွာဖြင့် ထအော်လာခဲ့သည်။
ရှောင်ရီ ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး , လုကျိုးဒေါသ တွေထွက်ပြီး
ထိုင်နေတဲ့အချိိန် သူ့အတွက် အနွေးအိတ်ကလေးရင်ဘတ်ရှေ့နားဆီသို့ ထည့်ပေး
လိုက်တယ်၊ဒါပေမယ့် လုကျိုးက အဝေးဘက်ဆီသို့ ပစ်လိုက်တယ်။
"နားငြီးအောင်မလုပ်စမ်းပါနဲ့ "
လုကျိုးပြောလာတယ်။
"ဒါကစိတ်အနှောင့်အယှက်ဖြစ်စေတယ်,
ငါ အရင်ဘဝက ဘယ်လောက်တောင်
ဆိုးဝါးတဲ့အပြစ်တွေ ကျုးလွန်မိလည်း
မသိဘူး ၊ဒီဘဝမှာ ခုလို Idol တစ်ယောက်
လာဖြစ်နေရတယ်"
လက်ရှိအနေအထားတွင်, လုကျိုးရဲ့ နောက်ဆုံးသော စိတ်ပျက်ငြီးငွေ့နေခြင်းအား လှုပ်နိုးမိလိမ့်မယ်လို့ရှောင်ရီမမျှော်လင့်မိခဲ့။
အကယ်၍များ သူ့ဘေးတွင် လူတစ်ယောက်ရှိနေချိန် ထိုကဲ့သို့သာမှားယွင်းပြီးပြောဆိုမိပါက ,သူ့အားလူတိုင်းက ပြစ်တင်ပြောဆိုကြ
လိမ့်မည်ပင်ဖြစ်သည်၊လုကျိုးက ဒေါသထွက်လွယ်ပြီး ပြေလွယ်သူလည်း ဖြစ်သည်။
လူတစ်ယောက်ကိုလည်းအချိန်အကြာကြီး
လုကျိုးဘယ်တော့မှ ပြောဆိုမနေတတ်ဘူး။
သို့သော်, ထိုသူက မထီမဲ့မြင်ပြုခြင်း နှင့် ကဲ့ရဲ့ ရှုပ်ချခြင်း သို့မဟုတ်စကားဖြင့်ပင်
မပြောဆိုသင့်သည့် ဝေဖန်မှုများကို ပြောဆို
လာပါက လုကျိုး ဒေါသထွက်လာမည်ဖြစ်ကာ မင်းဘက်မှ သူ့အား မလိုက်လျောနိုင်ဟု
ထင်ပြီး နောက် ထို ကိစ္စက တကယ်ပင်
အကြီးကြီး ဖြစ်သွားပေလိမ့်မည်။အဲ့ဒီနောက်မှာတော့ အနိုင်မရမချင်း လုကျိုး ငြင်းခုန်နေမည် သာဖြစ်သည်။ဒါကြောင့် ရှောင်ရီ က အမြဲတမ်း သူ့ရဲ့ အတွင်းစိတ်ကို ဖုံးကွယ်ထားဖို့လိုပြီး အခြားသူများပြစ်တင်ရှုံ့ချလာ
စေမည့်နည်းလမ်းတွေမှရှောင်ရှား နိုင်စေဖို့ဖြစ်သည်။
မနက်ဖြန်တွင်ရိုက်ကူးရေးအဖွဲ့သားများအားလုံးသည် ဟန်တျန်း၏မြောက်ဘက်ရှိ တောင်တန်းများပေါ်သွားရမည်ဖြစ်ပြီး
အပြင်ဘက်တွင်ရိုက်ကူးကြမည်ဖြစ်သည်။
သူတို့ တပတ်လုံး ဟိုတယ်တွင်သာနေခဲ့ကြ
ပြီး နေရာအခြေအနေက လုံးဝပင်ဆိုးဝါးနေသည်မို့ဖြစ်သည်။ဖုန်းတွေပင် လိုင်းမမိမှာကို စိုးရိမ်နေရသည်။ထို့ကြောင့် ဒူမိုင်ကတော့
လုကျိုးကို အမြန်တောင်းပန်ဖို့ ကြိုတင်၍
ဖုန်းဆက်လာခဲ့သည်။အကြောင်းရင်းကတော့ သူတို့က နင်ယာချင်းရဲ့ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့တာမို့ထိုသူနှစ်ဦးနှင့်ပတ်သက်
သည့် အတင်းအဖျင်း တစ်ခုကို နင်ယာချင်း၏ ကုမ္ပဏီဖက်မှဖန်တီးချင်တာမို့ ဖြစ်သည်။ပြီးပြည့်စုံပြီး ဟာကွက်မရှိ
တဲ့ အစီအစဥ်တစ်ခုက နင်ယာချင်းရဲ့
ကုမ္ပဏီမှလူများက လုကျိုးနဲ့ သူမတို့
ရုပ်ရှင်အတူတကွ ရိုက်ကူးရာမှလျို့ဝှက်သော ကိစ္စ များ ရှိပြီးသူတို့နှစ်ယောက်ပတ်သက်နေသည်ဟူသောကောလဟာလ
ကို ဖြန့်ဝေလိမ့် မည်ပင်ဖြစ်သည်။လုကျိုးနှင့် ကျန်းရှီးရမ်တို့အကြားကောင်းမွန်သောဆက်နွယ်မှု ရှိသေးကြောင်း သက်သေပြဖို့ရန်အတွက် ပရိသတ်များမှ ကျန်းရှီရမ့် လုကျိုးရဲ့ စတူဒီယို ဆီသို့လာလည်မည့်နှစ်ယောက်တွဲ ပုံအား လိုချင်စိတ်ဖြင့် မေးမြန်းလာချိန်တွင် လုကျိုးနှင့် နင်ယာချင်းရဲ့သတင်းက
ပူပူနွေးနွေး သတင်းတစ်ခုအဖြစ်တက်လာ
မည့်အချိိန်ထိ စောင့်နေကြခြင်းပင်ဖြစ်သည်။
စင်စစ်အားဖြင့် , ထိုအရာက ပြီးပြည့်စုံတဲ့
အစီအစဥ်တစ်ခု ဖြစ်နေခဲ့ပြီး အမှန်တကယ်တွင် အဓိက လူနှစ်ဦး ပြန်လည်သင့်မြတ်ရေး ကို သာရည်ရွယ်ခြင်း မဟုတ်ခဲ့။တခါတလေကျ လုကျိုးနဲ့ ကျန်းရှီးရမ်တို့ နှစ်ဦးထက်
ရှောင်ရီ ကပို၍ပင် စိုးရိမ်ပူပန်နေခဲ့သည်။
သူ့ဘာသာလည်း စဥ်းစားနေမိသည်။
လူထုဆီသို့ အရမ်း ဟော့တဲ့ သတင်းမဖြစ်မီကောလဟာလ တွေကို အရင်ဆုံး ပပျောက်အောင်လုပ်သင့်တယ်မလား? ။
ရှောင်ရီ ဒူမိုင်ဆီမှ မက်ဆေ့ တစ်စောင် ရရှိခဲ့သည်။
{ လုကျိုး ကိုယ်စား ကျန်းရှီးရမ်ရဲ့ မန်နေဂျာဆီ ဖုန်းခေါ်လိုက် }
ရှောင်ရီ လုကျိုးအား တချက်ခိုးကြည့်လိုက်သည်။ လုကျိုးတစ်ယောက်ထိုင်လျက်ရှိနေသေးတာကို တွေ့ရပြီး လုကျိုး ဘာတွေတွေးနေလဲဆိုတာကိုတော့ သူမသိဘူး။
"ဟယ်လို ...ကျိုးကျိုး ..အာ"
"မန်နေဂျာချီ ..ဟယ်လို !
ရှောင်ရီ ပြုံးလိုက်ပြီး
"ကျွန်တော်ရှောင်ရီ ပါ "
"ဟေး ရိုး ......!"
ချီချွမ်း ပြောလာသည်။
"ငါမေးပါဦးမယ်, မင်းရဲ့ ကျိုးကောက
ငါ့ရဲ့ ရှီးရမ် ဆီ ဘယ်လိုဖြစ်ပြီး ဖုန်းတောင်
မခေါ်နိုင်ရတာလဲ "
"သူက ရှက်နေတုန်းမို့ပါ"
ရှောင်ရီ ရယ်လိုက်တယ်
'ကျွန်တော်သူ့ကိုယ်စားဖုန်းခေါ်တာပါ'
"ရပါ့ ...ရပါ့ "
ချီချွမ်း က အနေအထားအားလုံးကို နားလည်နေသူ တစ်ယောက်ဖြစ်နေခဲ့သည်။
"ရှီးရမ် က ငါ့ဘေးမှာ ထိုင်နေတယ်,
ရှီးရမ် ဒီကိုလာဦး "
ရှောင်ရီ လုကျိုးအား ဖုန်းလှမ်းပေးလိုက်တယ်၊လုကျိုးက ဒေါသတကြီး ရိုက်ထုတ်ပြီး
ရှောင်ရီကို "အေလိုး "လို့ ထဆဲတယ်။
ဒါပေမယ့် နောက်ဆုံးတော့လုကျိုး
ဖုန်းကို ယူလိုက်ရတယ်။
"ဒေါသထွက်မနေပါနဲ့တော့ '
လုကျိုး သူ့အသံကို အနိမ့်ဆုံးထိ ပျော့ပျောင်း အောင်လုပ်လိုက်တယ်။
သူ့အသံက သံလိုက်ကဲ့သို့ ဆွဲငင်နိုင်လျက်
ကြားရသူအတွက် အလွန့်အလွန် သာယာငြိမ့်ညောင်းစေသည်အထိ၊ပြောင်းလဲသွားခဲ့တယ်။လုကျိုး ချိုသာစွာပြောလိုက်တယ်။
"ကိုယ်မှားသွားတယ်လို့ ကိုယ်ဝန်ခံပါတယ်,
ဟန်တျန်းမှာရောက်နေတဲ့ ဒီရက်တွေမှာ
ကိုယ်တကယ်ကြီး နောင်တတွေရနေခဲ့တာ၊
မင်း ဆီက ခွင့်လွှတ်မှုကိုရဖို့
ကိုယ်ဘာလုပ်ရမလဲ ဟင် ?"
"နင်အခုထိအဓိပ္ပါယ်မရှိတာတွေ
ပြောနေတုန်းဘဲ ..."
ကျန်းရှီးရမ်ရဲ့ အသံက လုံးဝကြီးကို ပြတ်သားလွန်းနေပြီး တဖက်ဆီသို့ ထိုးဖောက်မတတ်စူးစူးဝါးဝါးဝင်ရောက်လာ
ခဲ့တယ်။တချိန်တည်းမှာဘဲ ရှောင်ရီရဲ့ ကောင်းမှုလေးတွေ တစစီ ဖြစ်သွားခဲ့ရတယ်။
လုကျိုးက ရှောင်ရီအားစိန်းစိန်း ကြည့်လာပြီး
ငါ မင်းကို ပြီးမှရိုက်မယ် ဆိုတဲ့ သဘောအား
လက်ဟန်ခြေဟန် ပြလာပြီးနောက် ဖုန်းကို
ယူသွားပြီး သူ့အိပ်ခန်းထဲတွင်စကားဆက်ပြောနေခဲ့တယ်။
ရှောင်ရီ လက်ထောက်အဖွဲ့ က ပြင်ဆင်
ပေးထားတဲ့ အဝတ်တွေကို ပြန်ပြီး စစ်ဆေးနေလိုက်တယ်၊မနက်ဖြန်လုကျိုး ပြင်ပတွင် ရိုက်ကူးရေးရှိတာမို့ လူအများကြီးကိုလည်း
ခေါ်သွားဖို့ မလိုဘူး ၊ရှောင်ရီ သူတို့ကို
အနားပေးထားလိုက်တယ်၊သူတို့ကိုဟန်တျန်း မှာဘဲနေခဲ့ပြီးစောင့်ခိုင်းလိုက်တယ်။
လိုအပ်သည့် ပစ္စည်းများအားလုံးနီးပါး
ပြင်ဆင်ထားပြီးဖြစ်တယ်၊ပြင်ပ ရိုက်ကူးရေးကအရမ်းပင်ပန်းတာမို့ ဖြစ်သည်။တောင်ပေါ်ရှိဟိုတယ်ကလည်း လုံးဝမကောင်းဘူး။
အစားအသောက်ကလည်း ချို့တဲ့တယ်။
မနက်စောစောအိပ်ပြီး စောစောထဖို့ကိုတောင်ပျင်းရိလာကြတယ်၊ကံကောင်းထောက်မစွာပင် , ပရိသတ်တွေက လုကျိုး
အတွက် အချိုမုန့်နဲ့ သရေစာမုန့်များအများအပြားယူဆောင်ပေးလာကြတယ်၊ပရိသတ်တွေကလုကျိုး အကြောင်း အမှန်တကယ် အရေးစိုက်ကြပြီး လုကျိုးဘာလိုအပ်တယ်ဆိုတာကို သူတို့ရဲ့ခံစားချက်အရ သိနေကြပေ
မယ့်လုကျိုးကတော့ သူ့ကိုယ်သူ အမှန်တကယ် ဂရုမစိုက်သူလို့ ရှောင်ရီ တွေးမိတယ်။
ရုတ်တရက် အခန်းထဲမှ အသံတစ်ခု
ဟိန်းထွက်လာတာကို ကြားလိုက်ရတယ်။
"မင်း အရမ်း မှားသွားပြီ !မင်းရဲ့ ခွင့်လွှတ်မှုကိုထပ်ပြီးတောင်းခံမယ်ဆိုအဲ့ဒါ ခွေးဘဲ!
ငါက လုကျိုး , ဘယ်လိုဇာတ်လမ်းမျိုးကို
မဆို လက်မခံနိုင်စရာအကြောင်းမရှိလို့
ငါကဘာကို ကြောက်နေရမှာလဲ ?! "
ရှောင်ရီတကိုယ်လုံး ချက်ခြင်းပင် တောင့်တင်းသွားခဲ့တယ်။
"အိုကေ! မင်း ဘက်ကပိုပြီး မှတ်မိနေပါစေ!"
ထို့နောက် ကျယ်လောင်တဲ့ ပေါက်ခွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှောင်ရီ :".............................."
ရှောင်ရီ တံခါးခေါက်လိုက်ပြီးအထဲသို့
ဝင်သွားတဲ့အခါ လုကျိုး အိပ်ရာပေါ်မှာ
လဲနေတာကို သူတွေ့လိုက်ရတယ်၊
ဖုန်းလေးက မီးအုပ်ဆောင်းလေးအောက်တွင်
ရောက်နေပြီးဖန်ကွဲစများလည်းပြန့်ကြဲလျက်ရှိနေတယ်။
ရှောင်ရီ သက်ပြင်းချလိုက်မိတယ်...
ငါဒီညတစ်လျှောက်လုံးဘယ်လိုရှင်သန်ရပါ့မလဲ ? ဟိုတယ်ရဲ့ မီးအိမ်အတွက် ဘယ်လို လျော်ကြေး ပေးရမလဲ ? ဒီအခန်းထဲက
ဖန်ကွဲစတွေကို သန့်ရှင်းရေးလုပ်ဖို့
လူတွေဘယ်လို ခေါ်ရမလဲ ? လုကျိုး
ဆက်ပြီးမအော်ဟစ်တော့ဘဲ အိပ်သွား
အောင် ငါဘယ်လို စည်းရုံးပြောဆိုရမလဲ?
သူ ငါ့ကို ဆက်ပြီး ဆူ လာရင် ငါမျက်ရည်တွေ ကျပြီး ငိုမိလိမ့်မယ်၊ နောက်တနေ့
မနက်စောစောတွင် လုကျိုးရဲ့ဖုန်းကလုံးဝ
ဆက်ပြီး သုံးလို့မရတော့တာမို့ရှောင်ရီ က လက်ထောက်တစ်ယောက်အား လုကျိုး
အတွက် ဖုန်းအသစ်တစ်လုံး ဝယ်ယူရန်
ပြောလိုက်တယ်။ဒူမိုင်နှင့်လည်းယခု
ပြသနာကို မည်သို့ ဖြေရှင်းရမယ်ဆို
တာကို ဆွေးနွေးလိုက်တယ်။
ဒူမိုင် က မည်သို့မည်ပုံကူညီရမှန်းကို မသိတော့တာမို့ သူလည်းဘာမှမလုပ်နိုင်ဘူး၊
နင်ယာချင်းရဲ့မန်နေဂျာကိုသာပိုစ့်အစီအစဥ်အားရွေ့ဆိုင်းပေးရန်တစ်ခုသာပြောနိုင်ခဲ့တယ်။
လုကျိုး သူ့ကို တနေကုန်စကားမပြောခဲ့ဘူး။
လေးနာရီဝန်းကျင်တွင်စက်အဖွဲ့သားများနောက်ကနေ တောင်တက်လမ်းတစ်လျှောက်
ရှောင်ရီ ကားမောင်းပို့ပေးလိုက်တယ်။
( 6) နာရီ ။
ဟိုတယ်တွင်, ရှောင်ရီသည် လုကျိုးအသုံးပြုရန် အတွက် သူ့ရဲ့ ဖုန်းလေးကို ပေးထားလိုက်တယ်, လုကျိုး သူ့ကို တချက်လေးတောင်
လှည့်မကြည့်လာဘူး။
"မရိုက်ခင် ကျိုးကော တစ်ခုခု စားချင်လား?"
ရှောင်ရီမေးလိုက်တယ်။
ရှောင်ရီ သကြားလုံးဘူးလေးကို ကိုင်ထားစဥ်မှာဘဲ လုကျိုး စိတ်မရှည်စွာထထွက်သွားခဲ့တယ်။
"ဇာတ်ညွှန်း ဒီကို ယူလာပေး !"
လုကျိုး ပြောလာတယ်။
ရှောင်ရီ ; " ကျွန်တော်ကျိုးကောနဲ့ အတူ လုပ်ပေးမယ်လေ"
လုကျိုး ဇာတ်ညွှန်းကို ကြည့်လိုက်တယ်။
ရှောင်ရီလည်း အနားကပ်သွားပြီး ဟိုတယ်ကော်ဇောပေါ်တွင် ထိုင်လိုက်တယ်။
ဟိုတယ်ရဲ့ အနေအထားက သာမန်ထက်
လွန်လွန်ကဲကဲပါဘဲ၊နံရံတစ်လျှောက်
မှိုများပင် ပေါက်ကာ ကြီးထွားလျက်
ရှိနေတယ်၊ရှောင်ရီ လုကျိုးဘေးမှနေပြီး
မိန်းကလေးသံနဲ့တူအောင် လုပ်ကာ
အသံချိုချိုလေးနဲ့ ပြောလိုက်တယ်။
" ပေါင်ကျီး "
"ဘန်း ..."
လုကျိုး ဇာတ်ညွန်း နဲ့ သူ့ကို ပိတ်ရိုက်ပြီး
ပြောလာတယ်။
"မင်းပြောပုံအရဆို ငါက မိန်းမတစ်ယောက်
ထဲနဲ့မတင်းတိမ်နိုင်နဲ့ လူနဲ့ တူနေလို့လား?"
"မဟုတ်ပါဘူး ...မဟုတ်ပါဘူး !"
ရှောင်ရီ ဒူးထောက်လျက်ပြောလိုက်တယ်။
"အရှင််မင်းမြတ်! ကျွန်မနှလုံးသားရဲ့
အနက်ရှိုင်းဆုံး နေရာကနေ အရှင်မင်းကြီး
ကို ကြည်ညို လေးစားနေမြဲပါ !အရှင်
မင်းမြတ်က ကျမရဲ့ နတ်ဘုရားတပါး ပါ!
လုကျိုးနောက်ဆုံးတော့ စိတ်မကောက်နိုင်တော့ဘဲ ထပြီး ရယ်လာခဲ့တယ်၊
သူ့ဘာသာဘာလုပ်ရမှန်းမသိတော့တာမို့
ရှက်ရမ်းရမ်းကာရှောင်ရီကို ပိတ်ကန်လိုက်တယ်။
ရှောင်ရီ အမှန်တကယ်ဝမ်းသာသွားခဲ့ပြီး
အနည်းဆုံးတော့ သူ့အတွက်နဲ့ လုကျိုး
စိတ်သက်သာရာရသွားစေဖို့ ဖြစ်တယ်။
နောက်ဆုံးမှာတော့ အလုပ်က အရေးအကြီး
ဆုံးဘဲလေ။
ရှောင်ရီ သူ့ဒူးခေါင်းလေးကို လက်ဖြင့်
ပုတ်လိုက်ပြီး မတ်တပ်ရပ်ရင်း မေးလိုက်တယ်။
"ကျိုးကော , ကျန်းရှီးရမ့် နဲ့ ဘာလို့
ချစ်ခဲ့ကြတာလဲ? "
"ဘာလို့လဲဆိုတော့အကြောင်းပြချက်မရှိဘူး"
လုကျိုးက အေးတိအေးစက်ဖြင့် ပြောလာတယ်။
"ထိပ်ဆုံးရောက်ဖို့ ,အမြင့်တက်နိုင်ဖို့ပေါ့,
သူမနဲ့ ပတ်သက်ပြီး အမြင့်ကို တက်နိုင်ဖို့ဖျော်ဖြေရေးလောကထဲပိုဝင်ဆံ့နိုင်ဖို့
ဆိုတာကိုတော့ငါဝန်ခံပါတယ်, ဒါပေမယ့်
သရုပ်ဆောင်စွမ်းရည်နည်းနည်းလေးတောင်
မရှိဘဲသူတို့ရဲ့ကောင်မလေးကို မှီလိုက်ရုံနဲ့
လူကြိုက်များပြီးအောင်မြင်တဲ့သူရော
ရှိလို့လား ?"
"မရှိဘူး "
လုကျိုး သူ့ကို ပြောလာတယ်။
"မေ့လိုက်တော့"
"အမှန်တကယ်လည်း မရှိပါဘူး "
ရှောင်ရီ အလေးအနက် ပြောလိုက်တယ်။
"ကျိုးကော , ကောကို ကျွန်တော် ပထမဆုံး
အကြိမ်တွေ့တုန်းက...ကျွန်တော်ပြောတာက
တကယ်အပြင်မှာတွေ့တဲ့အချိန်ကို ပြောတာ
မဟုတ်ဘူးနော်, ကင်မရာထဲမှာ ပြောတာ၊
ကောကို ပထမဆုံးအကြိမ် ရုပ်ရှင်ရုံက
ပိတ်ကားပေါ်မှာ တွေ့ဖူးခဲ့တာ, အဲ့ဒီအချိန်
ကတည်းက ကောက တခြားသူတွေနဲ့ မတူ
ဘူးလို့ ခံစားမိတယ်,ကောက ကျိန်းသေပေါက် ထပ်ပြီး အောင်မြင်လာဦးမှာ "
"ဒါပေမယ့် ..."
ရှောင်ရီ အနည်းငယ်ရှက်ရွံ့သလို ခံစားနေရပြီး ဆက်ပြောလိုက်တယ်။
"ကောရဲ့ ပရိသတ်တွေကလည်း ကျိန်းသေကျွန်တော့်လိုဘဲ တွေးကြလိမ့်မယ်"
ရှောင်ရီအနည်းငယ် စိတ်ပျက်မိနေပြီး လုကျိုးဘေးအိပ်ရာပေါ်တွင်ထိုင်လိုက်တယ်။
"ကော ပွဲဦး စထွက်ခါစကတည်းက ,
ကောနာမည်ပိုကြီးဖို့ နဲ့ ပိုပြီးလူသိများဖို့
ရှီးရမ်ကျဲကို မှီခို နေဖို့ တကယ်မလိုဘူးလို့
ကျွန်တော်ခံစားမိတယ်, ကော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ဘဲ လိုတာ "
"အခုကျတော့ , ငါက သူ့ထက်ပိုပြီး နာမည်ကြီးနေပြီလေ"
လုကျိုးပြောလာတယ်။
'သူကသာငါ့ကို ဆက်ပြီးတွယ်တက်ဖို့လိုတာ"
"ဟုတ်တယ်, ဟုတ်တယ် , ဟုတ်တယ်"
ရှောင်ရီ အလျင်အမြန် ခေါင်းညိတ်ပြီးပြောလိုက်တယ်။
"ဒါပေမယ့် , ဘာပဲဖြစ်ဖြစ် ......"
လုကျိုးရှောင်ရီကို ကြည့်နေတယ်။ရှောင်ရီ
တွေးနေမိတာက ...
' နှစ်ဦးနှစ်ဖက်စိတ်ကျေနပ်မှုနဲ့ ကျိုးကောနဲ့ ကျန်းရှီးရမ်ကအချိန်အကြာကြီးအတူရှိခဲ့ကြတယ်လေ၊နောက်ဆုံးတစ်ယောက်နဲ့တစ်ယောက်မကြည့်နိုင်အောင်ဖြစ်စရာလည်း
မလိုအပ်ဘူးလေ၊ကောင်းသည်ဖြစ်စေ
ဆိုးသည်ဖြစ်စေတခါတရံချစ်သူကောင်လေး သို့မဟုတ် ကောင်မလေး များအတွက်
အချိန် တစ်ခုတော့လိုအပ်တယ်လေ၊
ဘာလို့ လမ်းခွဲဖို့ကိုတောင်အမုန်းတွေပွားပြီး
ခက်ခက်ခဲခဲလုပ်နေမှာလဲ ။
သို့သော် ထိုစကားတွေကိုတော့ သူမပြောခဲ့ဘူး ၊ဘာလို့လဲဆိုတော့ သူ့ရဲ့ စကားတွေကို
လုကျိုးကို ဘဝသင်ခန်းစာတွေပြောပြပြီး
သင်ပေးနေတာနဲ့ တူနေတယ်၊အနည်းဆုံးတော့သူခုချိန်မပြောနိုင်ဘူး ၊ဒီလိုမှ
မဟုတ်ရင် သူ့ ကိုအထုပ်သိမ်းခိုင်းပြီး
အလုပ်ထုပ်ပစ်လိမ့်မယ်။
" .....ဇာတ်လမ်း ရိုက်ကူးဖို့တော့ လိုသေးတယ်လေ"
ရှောင်ရီ ရယ်လိုက်ပြီး
"အဲ့ဒါအတွက်နဲ့ ကျိုးကောရဲ့စိတ်ကို
အထိခိုက်မခံနဲ့ "
လုကျိုး ဘာမှ ရှည်ရှည်ဝေးဝေး ထပ်ပြော
မလာဘဲဇာတ်ညွှန်းကိုသာယူပြီးကြည့်လိုက်တယ်။
ရှောင်ရီခုမှပင်သူ့ခံစားချက်တွေပိုမိုကောင်းမွန်လာတာကိုသတိပြုမိပုံရနေပြီးနောက်ညနေစာအတွက် လုကျိုးဘာစားချင်
လဲဆိုတာကိုပါမေးလိုက်တယ်။ထို့နောက်
လုကျိုးအတွက်သီးသန့်ညစာအား ပြင်ဆင်ရန် ရှောင်ရီ အစီအစဥ်လုပ်နေလိုက်တယ်။
ဆောင်းရာသီမို့ စိုစိုစွတ်စွတ်ဖြင့် ရှိနေတယ်၊
နှင်းမှုန်များကြောင့် သူတို့ရဲ့ အဝတ်အစားတွေလည်း စိုစွတ်လျက်ရှိနေကြတယ်။
ထို့ကြောင့် စောင်ဆိုတာက ခြွင်းချက်တစ်ခု
မဟုတ်ခဲ့ဘူး ၊ရိုက်ကူးရေး အဖွဲ့သားတွေက
အခန်းထဲတွင် ထမင်းစားနေကြတယ်။
ရှောင်ရီ ကတော့ လုကျိုးအတွက် အစားအစာ ယူရန် တန်းစီပြီး နောက် အပေါ်ထပ်သို့
ယူပေးလာခဲ့တယ်။
မွန်းလွဲပိုင်းတွင်, လူတိုင်းအကုန် အလျှိုအလျှိုထွက်ခွာသွားကြတယ်။
ပထမဦးစွာ သူတို့ ကားမောင်းလို့
ရလောက်သည်အထိကားမောင်းလာ
ခဲ့လိုက်တယ်။နောက်တွင် တောင်ပေါ်သို့ ခြေလျင်တက်လာခဲ့ကြတယ်။ဓာတ်ပုံဆရာ၊
မီးသမားနဲ့ သယ်ဆောင်ရန်လိုအပ်သည့်
ပစ္စည်းကိရိယာတွေကိုတော့ရထား ဖြတ်လမ်းမှ တဆင့်လာခဲ့ကြတယ်။
သရုပ်ဆောင်တွေအားလုံးက ကားထဲမှာ
ထိုင်နေကြပြီး ကိုယ်စီကိုယ်စီ ကိုယ့်အဖွဲ့နဲ့
ကိုယ်မိတ်ကပ်လိမ်းကြတယ်၊ထို့နောက်
ဒီနေ့ အတွက် ပထမဆုံးအခန်းအား မြူနှင်းဝေဝေထဲ၌ စတင်ခဲ့ကြတယ်။
လုကျိုး မြှားဖြင့် ပစ်ခတ်ခြင်းခံရတာမို့
ရင်ဝ၌ စိုက်နေသောမြှားအား လက်ဖြင့်
ကိုင်လျက် ချုံပုတ်များပေါ်သို့လဲကျသွား
ခဲ့တယ်။
နင်ယာချင်း : "....ပေါင်ကျီး "
သူမရဲ့ မျက်လုံးများတွင် မျက်ရည်များ
ပြည့်နှက်လျက်ရှိနေတယ်။
နေ့လည်ခင်း၏ပထမဆုံး ရိုက်ကူးမှုမြင်ကွင်းက ထိုကဲ့သို့သောဝမ်းနည်းဖွယ်ရာခံစားချက်
များနှင့် ပြည့်နှက်လျက်ရှိနေခဲ့တယ်။ ရှောင်ရီတောင် နည်းနည်းလေး ဝမ်းနည်းလာပြီး
မခံစားနိုင်ဖြစ်လာတယ်၊လုကျိုးက အနီးတွင်ရှိနေသော သစ်ပင်တစ်ပင်အား မှီရင်းနင်ယာချင်းက လုကျိုးရဲ့ရင်အုံအားဖိကိုင်ထားလျက် ကျန်တစ်ဖက်ကမူ သူမရဲ့လှပနူးညံ့တဲ့ မျက်နှာလေးကို ဖုံးအုပ်လိုက်တယ်။
"မင်းကြီး အကုန်အဆင်ပြေသွားလိမ့်မယ်နော် ....ကောင်းသွားမှာပါ "
"Cut " ဒါရိုက်တာ ပြောလာတယ်။
"လုကျိုး "
လုကျိုး မတ်တပ်ထရပ်ပြီး သူ့ ခန္ဓာကိုယ်ပေါ်မြှားစိုက်ဝင်နေပုံဖြင့် လျှောက်လာတယ်။
လုကျိုးနှင့် ဒါရိုက်တာ တို့ စကားအချို့ ဖလှယ်ပြီးနောက် ,လူတိုင်းကဒီအချိန်တွင်
သူ ကောင်းကောင်းသရုပ်မဆောင်နိုင်လောက်တော့ဘူးလို့တွေးနေလိမ့်မယ်လို့
လုကျိုး တွေးလိုက်မိတယ်။နောက်ဆုံးမှာတော့ သူ့အလှည့်တွင်မှာမှ NG ရလာခဲ့တယ်။
(T/N...NG is No Good ရုပ်ရှင်အသုံးအနှုန်း တစ်ခုပါ)
နေ့ခင်းတပိုင်းလုံး ,လုကျိုးတစ်ယောက်
အဆက်မပြတ် NG တွေသာရနေခဲ့တယ်။
ဒါရိုက်တာကျေနပ်မှု မရှိတဲ့အခါတိုင်း ,
လုကျိုး ဒေါသမထွက်ဘဲ ကျေနပ်လောက်တဲ့အထိ အပြည့်အဝ ပူးပေါင်းဆောင်ရွက်
ပေးလိုက်တယ်။
"သူ့ရဲ့ သရုပ်ဆောင်မှုက သိပ်ပြီး
စိတ်လှုပ်ရှားရတဲ့ နေရာမဟုတ်ဘူး "
တာဝန်ခံအမျိုးသမီးက ပြောလာတယ်။
" အင်း , အချစ်ဇာတ်ဝင်ခန်းတွေ ရောက်တဲ့ အခါတိုင်း သူအမှားတွေဘဲလုပ်နေတယ်"
ရှောင်ရီ သူ့ဘေးမှ မိန်းကလေးကို ကြည့်လိုက်တယ်၊ တာဝန်ခံ အမျိုးသမီးက ပြုံးပြလာပြီး စတင်၍ မိတ်ဆက်ပေးလာတယ်။
"ဒါက ဇာတ်ညွှန်း ရေးတဲ့
ညီမလေးလင်း လေ"
နောက်ဆုံးမှာတော့ ရှောင်ရီတစ်ယောက်
ဒဏ္ဏာရီလာ ဇာတ်ညွန်းကြီးအား ရေးသားခဲ့သူကို တွေ့ရှိခဲ့ရပြီ ၊ချက်ခြင်းပင် သူမနှင့်
လက်ဆွဲနှုတ်ဆက်လိုက်တယ်။ဇာတ်ညွှန်း ဆရာမ လင်းဆိုသူက သူ့ကို ခေါင်းတချက်ညိတ်ပြီး နှုတ်ဆက်လာခဲ့တယ်၊ရှောင်ရီ
သူ့ရဲ့ အူသိမ်အူမတွေနဲ့ ကြွက်သားတွေ
ဆီမှ ညီမလင်းအား ချီးမြှောက်ရန် စကားတစ်ခွန်းအား သူ့ဦးနှောက်ကြီးမှ
ရှာဖွေရန် စွမ်းအင်ကို မရမကညှစ်ထုတ်နေခဲ့သော်လည်း သူ၏အကန့်အသတ်မျှသာရှိသောဗဟုသုတကြောင့် ထိုအခိုက်အတန့်
သူ့ကိုယ်သူတောင်မုန်းတီးမိနေတယ်။
သို့သော် သူမက လုကျိုးပြုလုပ်တဲ့လှုပ်ရှားမှု
မှန်သမျှကို ဂရုတစိုက်အသေအချာပင်အာရုံစိုက်လျက်ရှိနေခဲ့တယ်။
အကြိမ်ကြိမ်ပြန်လည်သရုပ်ဆောင်ခဲ့ပြီးနောက် ,လုကျိုး အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေပုံရနေပြီးလုကျိုး လတ်တလောခံစားချက်တွေမကောင်းတာ
ကိုလည်း ရှောင်ရီသိနေခဲ့တယ်။
ညမလင်းက ဒါရိုက်တာဆီသို့ သွားပြီး
စကားအနည်းငယ်ပြောပြီးနောက်ဒါရိုက်တာက အဓိက သရုပ်ဆောင်နှစ်ဦးအား လှမ်း၍ ခေါ်ယူလာခဲ့တယ်။ထို့နောက် ရိုက်လက်စမြင်ကွင်းအား ပြောင်းလဲမည်ဖြစ်တယ်။
နင်ယာချင်းရဲ့ မျက်လုံးများထဲ၌မျက်ရည်များဖြင့် ပြည့်နှက်နေလျက် လုကျိုးမျက်နှာအား ပင့်ကိုင်သည့် မြင်ကွင်းအဖြစ်ပြောင်းလဲလိုက်တယ်၊လုကျိုးကတော့သူ့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့မျက်ဝန်းအစုံအားပိတ်ချလိုက်ပြီးနောက် နင်ယာချင်းကသူ့အားတင်းတင်းပင် ပွေ့ဖက်ထားခဲ့တယ်။
" Cut ! အိုကေ ! "
ဒါရိုက်တာ ပြောလာပြီး ,
"လုကျိုး , မင်းပြန်ပြီးခဏလောက်
အနားယူလိုက် ,တခြားသောစိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ သတိလေးထား"
ဇာတ်ညွှန်းရေးသူ ရယ်မောလာခဲ့တယ်။
"မစ္စတာလု , နောက်တစ်ခန်းထပ်မပြောင်းတော့ဘူးနော်,အဓိကအမျိုးသားဇာတ်ဆောင်အတွက် အစပြုဆွဲခေါ်ဖို့ လိုအပ်နေလို့,ပေါင်ကျီးရဲ့ ခံစားချက်တွေကို ထုတ်ဖော်တဲ့နေရာမှာ , မစ္စတာလုထက်ဘယ်သူကမှပိုကောင်းအောင်မလုပ်နိုင်ဘူးလို့ ကျမယုံကြည်တယ်"
လုကျိုးအသိအမှတ်ပြုလိုက်ပြီးဇာတ်ညွန်းရေးဆရာမအားနှုတ်ဆက်ရန်လာခဲ့လိုက်တယ်။ထို့နောက်ယဥ်ကျေးစွာပင်သူမအား
ကျေးဇူးတင်စကားပြောဆို ခဲ့ပြီးသူ့အားငေးကြည့်နေသည့်အမျိုးသမီးငယ်လေးများကို ပြုံးပြလျက်ရှိနေခဲ့တယ်။
ထို့နောက်လုကျိုးသူ့ရဲ့နူးညံ့စင်ကြယ်သောမျက်နှာလေးဖြင့်ရိုက်ကူးရေးနေရာဆီမှ ထွက်လာခဲ့လိုက်တယ်။အပြင်သို့ရောက်လာတဲ့နောက် ချက်ခြင်း ရှောင်ရီကို မေးလာတယ်။
'သူတို့ ငါ့နောက်မှာ ဘာတွေပြောနေကြသေးလဲ?"
"ဘာမှမပြောပါဘူး, အချစ်ဇာတ်ဝင်ခန်းတွေ
ရောက်လာတဲ့အခါကျရင်တော့ကျိုးကော
အားနည်းနေတယ်လို့ သူတို့ပြောတယ်"
"ငါတစ်ခါမှမချစ်ဘူးခဲ့ဘူး "
လုကျိုး တခွန်းသာပြောလာခဲ့တယ်။
ဘာအတွက်လဲ ..ဒါကတကယ်ကြီးလား ?!
ရှောင်ရီ အလွန်အရေးကြီးတဲ့သတင်းများ ကြားလိုက်ရသလို အလွန်အမင်း အံ့အားသင့်သွားခဲ့ရတယ်၊ဒါက လုံးဝ မယုံကြည်စေနိုင်လောက်တဲ့ ကောလဟာလရဲ့အပိုင်းအစလေး တစ်ခုဘဲလေ၊လုကျိုးက သူ့ရဲ့ အမှားကို
ချက်ခြင်း သတိပြုမိပြီး သူ့ကို ခြိမ်းခြောက်လာတယ်။
"ဘယ်သူ့မှမပြောနဲ့ "
"ဒါပေမယ့် , ကျိုးကော ရုပ်ရှင်တွေအများကြီးမှာ အကြိမ်ကြိမ်သရုပ်ဆောင်တာကို ကျွန်တော်မြင်ဘူးခဲ့တယ်လေ"
လုကျိုးစိတ်မရှည်စွာပြန်ဖြေတယ်။
" ရုပ်ရှင်ရိုက်တာကိုဘယ်လိုလုပ်ထည့်ပြောလို့ရမှာလဲ?"
ရှောင်ရီ အံ့အားသင့်စွာဖြင့် ထပ်မေးလိုက်တယ်။
"ကျန်း ရှီးရမ်နဲ့ ချိန်းတွေ့တဲ့အချိန်ရော
အချစ်ဆိုတဲ့ ခံစားချက်ကို နည်းနည်းလေးတောင် မခံစားမိခဲ့ဘူးလား?"
"ဟင့်အင်း ,မေ့လိုက်တော့ , အဲ့ဒီအကြောင်း
ထပ်မပြောနဲ့"
လုကျိုး လက်ဝှေ့ရမ်းပြပြီး :"မောင်းတော့"
စက်အဖွဲ့သားတွေကတော့သူတို့ရိုက်ကူးလိုတဲ့ မြင်ကွင်းအတွက် ဆက်လက်ရှိနေကြပြီး
အများစုကတော့ဇာတ်ပို့သရုပ်ဆောင်များအတွက် ဇာတ်ဝင်ခန်းများရိုက်ကူးရန်ဖြစ်တယ် ။
အမ်းဒူအမ်တစ်ယောက် အမဲလိုက်ပြီး မီးပုံငယ်တစ်ခု ပြုလုပ်ရန် ကြိုးစားနေတယ်။
ထို့အပြင် လုပ်ကြံသတ်ဖြတ်မှုဖြင့် ရှုလုပင်လိုက်လံတိုက်ခတ်ခြင်းခံရတဲ့ ဇာတ်ဝင်ခန်းကိုလည်း ဆက်လက်ရိုက်ကူးတယ်။
ဆူညံစွာအော်ဟစ်သံကို ကြားလိုက်ရတာမို့
ရှောင်ရီ လန့်ပြီးခုန်လိုက်မိတယ်၊
လှည့်ကြည့်လိုက်တဲ့အခါ နင်ယာချင်း တစ်ယောက် သူမရဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေခြင်းဖြစ်တယ်။
လုကျိုး၏ချစ်ခြင်းမေတ္တာကင်းမဲ့မှုနှင့်
တခါမှမချစ်ဖူးခဲ့ဘူးဆိုတဲ့ ပြောစကားတွေက
သူ့စိတ်ထဲ၌ ခုထိပင် ရှိနေဆဲ ဖြစ်နေခဲ့တယ်။
လုကျိုး သူ့ကို ပြောလာတယ်။
"ကျန်းရှီးရမ်နဲ့ ချိန်းတွေ့တာက သရုပ်ဆောင်ခဲ့တာ, သူမဘက်ကချစ်တောင် ငါကမှ သူ့ကို မချစ်တာ , ငါက ဘာလုပ်ပေးနိုင်မှာလဲ?"
"ဟမ် ?"
ရှောင်ရီ သူ့စိတ်တွေ ပျံ့လွင့်နေရာမှ လက်ရှိ
ပစ္စုပ္ပန်သို့ ပြန်ရောက်လာခဲ့တယ်၊လုကျိုးကတော့ထို ကိစ္စနဲ့ ပတ်သက်ပြီး ဆင်ခြင်သုံးသပ်ဆဲသာရှိနေတယ်၊ရှောင်ရီ
လုကျိုးကို စကားပြန်မပြောမီ ခဏမျှ
ထိုကိစ္စအား စဥ်းစားမိနေတယ်။
"သူ့ ကို ကျိုးကောနှစ်သက်တဲ့
တစ်စုံတစ်ဦးအဖြစ် မြင်ကြည့်ဖို့လိုတယ်,
အဲ့ဒီအချိန်ကျသူ့ကိုဘဲ မျက်စိထဲ
မြင်နေလိမ့်မယ် , အဲ့ဒီလိုဆိုအမြဲတမ်း
ကျိုးကောရိုက်မယ့်ဇာတ်ကောင်ထဲကို
ဘာလို့ မဝင်ရောက် နိုင်ရမှာလဲ ?"
"ပြသနာက အဲ့ဒီလိုငါမလုပ်နိုင်တာဘဲ!"
လုကျိုး ပြောလာတယ်။
"ငါဘယ်သူ့ကိုမှ မကြိုက်ဖူးဘူးလေ"
ကောင်းကင်ကြီးက တဖြေးဖြေး မှောင်မည်းလာပြီဖြစ်ကာနေ့အလင်းရောင်လည်းမရှိတော့ ဘူး ၊ရှောင်ရီ ကားအား စစ်ဆေးနေစဥ်
လုကျိုး သူ့ရဲ့ အဆင်တန်ဆာများ ၊လက်ဝတ်ရတနာများကို ဖယ်ရှားပြီး အဝတ်လဲနေခဲ့တယ်။
ထို့နောက် ,ရှောင်ရီ တောင်အဆင်းလမ်းအား
ဂရုတစိုက်ဖြင့် အသေအချာ မောင်းနှင်လာခဲ့ပြီး ပြောလိုက်တယ်။
"ကျိုးကော, ကော ,စိတ်မဆိုးနဲ့နော်,
ကျွန်တော်မေးချင်တာကလေ ,အရင်ကရော
ကော မိန်းကလေးတွေကို တခါမှ မကြိုက်ဖူးဘူးလား ?"
လုကျိုး မျက်နှာကြီး မည်းလာပြီး ဘာမှတော့ ပြန်ပြောမလာဘူး။
အခုအချိန်က ကျန်းရှီးရမ်ကို ထည့်ပြောရ
မယ့် အချိန်မဟုတ်တော့တာကို ရှောင်ရီနားလည်လိုက်မိတယ်၊ထို့ ကြောင့်လမ်းကွေ့
တစ်ခုအား ပတ်မောင်းနေရင်း ပြောလိုက်တယ်။
"ပထမဆုံးအချစ်ဆိုတာက ,အထက်တန်းအငယ်တန်းနဲ့ အကြီးတန်းနှစ်တွေမှာ ကောတစ်ယောက်ယောက်ကို နှစ်သက်ဖူးလိမ့်မယ်....သူမကို ရှုလုပင်လို့ မြင်ကြည့်လိုက်"
လုကျိုး အမှုမဲ့ အမှတ်မဲ့ဖြင့် ကုလားထိုင်ပေါ်
ခြေထောက်လှမ်းတင်ရင်လက်ပိုက်လျက် ပြောလာတာက : "ဘယ်သူမှမရှိခဲ့ဘူး "
တကယ်ကြီး တစ်ယောက်မှ မရှိခဲ့တာလား ?"
ဘယ်သူက ယုံမှာလဲ !.?ရှောင်ရီ တိတ်တဆိတ်ပင် လောင်နေခဲ့တယ် ၊
ဒါကဘယ်လိုမှမဖြစ်နိုင်တာလေ၊ သို့သော်
လုကျိုးဇာတ်ညွှန်းနောက်မလိုက်နိုင်တာခဲ့
တာကိုတော့ သူလုံးဝ အပြစ်မတင်မိခဲ့ဘူး။
ဒါ့ကြောင့်မို့ ရှောင်ရီ နည်းနည်း လေးတော့ ထပ်ပြီးစည်းရုံးကြည့်ရမယ်။
"အဲ့ဒီခံစားချက်တွေက သနားဂရုဏာစိတ်တွေ, ရင်ခုန်တာတွေ , သူမကို ကာကွယ်ပေးချင်တာတွေ အဲ့လိုမျိုးတွေ ဖြစ်တတ်တယ်"
ရှောင်ရီ တစ်ယောက် သူကိုယ်တိုင် ဒိန်ခဲလေး တစ်ခဲဖြစ်နေတယ်လို့ ခံစားနေရတယ်။
ကြက်သီးတွေပင် ထလာတာကို သူတွေ့နေရပြီး ထပ်မံစဥ်းစား ရင်း ပြောလိုက်တယ်။
"ကျိုးကော MVတွေရော အမြဲကြည့်လား?"
"ဘာတွေမေးနေတာလဲ?"
လုကျိုး ဒေါသတကြီး ထအော်တယ်။
"ဂန္တဝင်ရုပ်ရှင်တွေကို ပြန်ပြီး ပြုပြင်ထားတဲ့ ရုပ်ရှင် အပိုင်း အပိုငးလေးတွေကိုပြောတာလေ "
ရှောင်ရီ ပြောလိုက်တယ်။
"ကောင်မလေးချောချောလေးတစ်ယောက်ကို တွေ့တဲ့အခါ , ကောရဲ့ စိတ်တွေလှုပ်ရှား လာလိမ့်မယ်, ပြီးတော့ အသက်ရူရတာခက်ခဲသလို ဖြစ်လာလိမ့်မယ်, ကယ်ဒီမက်စုရှီမာ့ဘယ်သူလဲမသိဘူးလို့တော့ ကော
ကျွန်တော့်ကို မပြောနဲ့နော်"
(T/N.ကယ်ဒီမက်စုရှီမာ့ (Kaede Matsushima ) က ဂျပန်လူကြီးရုပ်ရှင်က နာမည်ကြီးတဲ့ မင်းသမီးပါ)
" ငါ့ကမစွမ်းဆောင်နိုင်ဘူးလို့ စွပ်စွဲခံထားရတာမဟုတ်ဘူးလား ?!"
လုကျိုး ထအော်လာတယ်။
ရှောင်ရီ မအောင့်အီးနိုင်ဘဲ ထရယ်မိတယ်၊
ဂက်စ်ခြေနင်းအား နင်းချလိုက်ပြီးစတီယာရင်အား အရှိန်ပြင်းစွာလှည့်လိုက်တယ်။
"သတိထား ! မင်းသေချင်နေတာလား?!"
ဘတ်!ဘတ်!ဘတ်! ဘတ် ....ကားဘီးတဘက် ရွံ့ထဲ ဝင်သွားတယ်, ကားက
ဆက်မရွေ့နိုင်တော့ဘူး။
ဆယ့်ငါးမိနစ် အကြာတွင်, ရှောင်ရီနဲ့ လုကျိုး ရွံ့ထဲတွင် မတ်တပ်ရပ်နေကြပြီး ကားအားမှီထားလျက် အံတွေသာကျိတ်နေခဲ့ကြရင်း
ခြေထောင့်တွေလဲ တောင့်တင်းနေကြပြီဖြစ်တယ်။
" အားစိုက်တွန်း ..."
ရှောင်ရီ အော်ဟစ်နေတယ်။
"........."
လုကျိုးတစ်ယောက် ရှောင်ရီရဲ့ ရူးနှမ်းချက်အား လက်တွေ့ကျကျတွေ့လိုက်ရတယ်။ရှောင်ရီကတော့ လုကျိုးကို ကြည့်ပြီး
တဟားဟားနဲ့ အော်ရယ်နေလေရဲ့။
"မင်းကဘာလို့ ရယ်နေတာလဲ?
လုကျိး ဒေါသတကြီးထအော်တယ်။
"ကျိုးကောက တကယ်ရယ်ရတယ်!."
ရှောင်ရီ ဆက်ပြီး ရယ်လေလေ လုကျိုး ပိုပြီး ဒေါသတွေ ထွက်လေလေ ဖြစ်နေတယ်။
"မင်းရူးနေတာလား!"
ရှောင်ရီ လက်ကို ဝေ့ယမ်း ပြလိုက်ပြီး
လုကျိုးကို ကြည့်လိုက်တော့ သူဒီလူကို
သဘောကျသွားတယ်လို့ ရုတ်တရက်တောင် ခံစား မိသွားတယ်၊လုကျိုးရဲ့ လက်ထောက်
ဖြစ်ခြင်းက ပင်ပန်းပြီး စိတ်ရှုပ်ရပေမယ့်
ဒီအလုပ်က သူ့အတွက် ကမ္ဘာသစ်လေး
တစ်ခုဆီသို့ လမ်းသစ်ဖွင့် ပေးခဲ့တယ်။
ဘာဘဲဖြစ်ဖြစ် သူ့အလုပ်ရှင်လုကျိုးက
တကယ်ချစ်ဖို့ကောင်းတယ်လေ။
W 5182
25.7.2021
26.7.2021
(T/N.မနေ့က ရေးတာ မပြီးလိုက်လို့ပါ၊
မနေ့ကတင်ပေးမယ်ပြောပြီး နောက်ကျသွားတယ် ဆောရီးပါ 😘😘)
...............
.Uni
စိတ်ရှုပ်ခံနေရတာလဲ ?"
လုကျိုးဒေါသ တွေထွက်ပြီး ထိုင်နေတဲ့အချိန် သူ့အတွက် အနွေးအိတ်ကလေးရင်ဘတ်ရှေ့နားဆီသို့ ထည့်ပေး
ပစ်လိုက်တယ်။
လုကျိုးပြောလာတယ်။
လာဖြစ်နေရတယ်"
သည်။
တက်လာမည့်အချိန်ထိ စောင့်နေကြခြင်းပင်ဖြစ်သည်။
ဖုန်းခေါ်လိုက် }
"ဟယ်လို ...ကျိုးကျိုး ..အာ"
"မန်နေဂျာချီ ..ဟယ်လို !
"ကျွန်တော်ရှောင်ရီ ပါ "
"ဟေး ရိုး ......!"
ချီချွမ်း ပြောလာသည်။
မခေါ်နိုင်ရတာလဲ "
ရှောင်ရီ ရယ်လိုက်တယ်
"ရပါ့ ...ရပါ့ "
ရှီးရမ် ဒီကိုလာဦး "
ဖုန်းကို ယူလိုက်ရတယ်။
ကိုယ်ဘာလုပ်ရမလဲ ဟင် ?"
"နင်အခုထိအဓိပ္ပါယ်မရှိတာတွေ
ပြောနေတုန်းဘဲ ..."
တယ်။
ရှောင်ရီ :".............................."
ပေးရမလဲ ? ဒီအခန်းထဲက
ပြောလိုက်တယ်။ဒူမိုင်နှင့်လည်းယခု
( 6) နာရီ ။
လှည့်မကြည့်လာဘူး။
ရှောင်ရီမေးလိုက်တယ်။
လုကျိုး ပြောလာတယ်။
လုပ်ပေးမယ်လေ"
" ပေါင်ကျီး "
"ဘန်း ..."
ပြောလာတယ်။
"အရှင်မင်းမြတ်! ကျွန်မနှလုံးသားရဲ့
ပိတ်ကန်လိုက်တယ်။
ဆုံးဘဲလေ။
ချစ်ခဲ့ကြတာလဲ? "
"မရှိဘူး "
"မေ့လိုက်တော့"
"ဒါပေမယ့် ..."
ဆက်ပြောလိုက်တယ်။
နာမည်ကြီးနေပြီလေ"
လုကျိုးပြောလာတယ်။
တွေးနေမိတာက ...
အထိခိုက်မခံနဲ့ "
ယူပေးလာခဲ့တယ်။
ထဲ၌ စတင်ခဲ့ကြတယ်။
ခဲ့တယ်။
နင်ယာချင်း : "....ပေါင်ကျီး "
....ကောင်းသွားမှာပါ "
"လုကျိုး "
တစ်ခုပါ)
မိတ်ဆက်ပေးလာတယ်။
"ဒါက ဇာတ်ညွှန်း ရေးတဲ့
ညီမလေးလင်း လေ"
တယ်။
"ဘယ်သူ့မှမပြောနဲ့ "
တယ်လေ"
ထပ်မပြောနဲ့"
ရန်ဖြစ်တယ် ။
"ဟမ် ?"
လုကျိုး ပြောလာတယ်။
ပြောလိုက်တယ်။
"ဘာတွေမေးနေတာလဲ?"
လုကျိုး ထအော်လာတယ်။
နေကြပြီဖြစ်တယ်။
" အားစိုက်တွန်း ..."
"........."
"မင်းရူးနေတာလား!"
W 5182
25.7.2021
26.7.2021
ဆောရီးပါ 😘😘)
...............
Continue Reading
You'll Also Like
240K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
139K 15K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
705K 90.6K 91
Title - Accompany by a Fool To Do Farming [种田之傻傻相陪] Author(s) - 锦绣云燃 English Translator - LittleYen Status in COO - 90 chapters (completed) Type - We...
58.7K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...