Your Majesty is annoying (Mya...

Liz_774

678K 25.3K 826

I am not the original publisher of the story. This is just a fan translation. Еще

Translator letter to readers
Description
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
တောင်းပန်စာ
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း (၁၄) 🚨
အပိုင်း (၁၅) 🚨🚨
အပိုင်း (၁၆) 🚨🚨🚨
အပိုင်း (၁၇) 🚨
အပိုင်း (၁၈) 🚨
အပိုင်း (၁၉) 🚨🚨
အပိုင်း (၂၀) 🚨
အပိုင်း (၂၁) 🚨
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၆) 🚨
အပိုင်း (၂၇)🚨🚨
အပိုင်း (၂၈) 🚨
Note
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အသက်ပြည့်မှ ဖတ်ပါ ❗️❗️
အပိုင်း (၃၂) 🚨🚨
အပိုင်း (၃၃) 🚨🚨🚨
အပိုင်း (၃၄) 🚨🚨
အပိုင်း (၃၅) 🚨
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂) 🚨
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃) 🚨🚨
အပိုင်း (၅၄) 🚨
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
Note
အပိုင်း (၅၉) 🚨🚨🚨
အပိုင်း (၆၀) 🚨🚨🚨
အပိုင်း (၆၁) 🚨🚨🚨
အပိုင်း (၆၂)
Giveaway
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆) 🚨
အပိုင်း (၆၇) 🚨🚨
အပိုင်း (၆၈) 🚨🚨
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅) 🚨🚨
အပိုင်း (၇၆) 🚨🚨
အပိုင်း (၇၇) 🚨🚨🚨
Important Note
အပိုင်း (၇၈) 🚨
အပိုင်း (၇၉) 🚨🚨
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅) 🚨🚨
အပိုင်း (၈၆) 🚨🚨🚨
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
အပိုင်း (၉၀)
အပိုင်း (၉၁) 🚨
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
အပိုင်း (၉၆)
အပိုင်း (၉၇)
အပိုင်း (၉၈)
အပိုင်း (၉၉) 🚨
အပိုင်း (၁၀၀) 🚨
အပိုင်း (၁၀၁)
အပိုင်း (၁၀၂) 🚨🚨
အပိုင်း (၁၀၃)
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
အပိုင်း (၁၀၈)
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)🚨🚨
အပိုင်း (၁၁၁) 🚨🚨🚨
အပိုင်း (၁၁၂) 🚨🚨🚨
အပိုင်း (၁၁၃)
အပိုင်း (၁၁၄)
အပိုင်း (၁၁၅)
အပိုင်း (၁၁၆)

အပိုင်း (၂၅) 🚨

10.2K 329 11
Liz_774

{Unicode}

ထူးဆန်းလိုက်တာ။

မယ်ဒီရာ့ကို သူ ဒီလိုမျိုး အနီးကပ်မမြင်ခဲ့ဖူးမှန်း လိုင်လ် သတိထားမိသွားသည်။

အခုတော့ သူတကယ်ပဲ အနီးကပ်ကြည့်ရင်တောင် သူမကိုယ်ထဲ အရင် မယ်ဒီရာကို ရှာမတွေ့နိုင်တော့ပေ။

အတိတ်မမေ့ခင်က မယ်ဒီရာက အမြဲတစေ ဒေါသေထွက် ငိုကြွေးနေတတ်ပြီး ကြောက်စရာကောင်းအောင် ရက်စက်သူဖြစ်သည်။

ထို့ကြောင့်ပင် အရင်မယ်ဒီရာ့ပုံစံကို ပြန်မြင်ပြီး သူ့ဘာသာ ကယ်တင်ဖို့အတွက် လိုင်လ်က သူမကို စိတ်ဆိုးအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

'ဘယ်လိုလုပ်မလဲ'

ရုတ်တရက် မနေ့ညက အဖြစ်အပျက်ကို သူသတိရသွားသည်။ သူမ သတိလက်လွတ်ဖြစ်သွားတာနဲ့ မယ်ဒီရာက ငိုပြီး သူ့အား တွယ်ကပ်နေခဲ့သည်မလား။ လိုင်လ် မနေ့ညကို သတိရလိုက်တာနဲ့ တပြိုင်နက် သူ့အောက်ပိုင်းတခုလုံး ပူနွေးလာပြီး သူ့အတွေးတွေကနေ ကိုယ့်ဘာသာ အာရုံထွေပြားအောင် ကြိုးစားရတော့သည်။

အန္တရာယ်များတော့မလို့။

"ငါမယ်ဒီရာ့ကို စိတ်ဆိုးအောင်လုပ်ရင် တကယ်ပဲ အဆင်ပြေပါ့မလား"

သူ ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုသိပ်မရှိ။ သို့သော် ရန်ဖြစ်ဖို့က သိပ်တော့ မခက်လှ။ မနေ့ညက သူတို့ အတူမအိပ်ခင်ပင် ရန်ဖြစ်ခဲ့သေးသည်မလား။

"ဟင်းး"

"အားးးူ"

တခုခုကို ရှာပုံရတဲ့ မယ်ဒီရာက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူမကိုယ့်ဘာသာ ကာကွယ်ဖို့ စာအုပ်ကိုပင် ခပ်တင်းတင်းဖက်ထားလိုက်သေးသည်။

သူမ ဒီလောက်ထိ လန့်သွားမယ်မှန်း မထင်ထားတဲ့ လိုင်လ်က ရှက်သွားရသေးသည်။

"မင်း ဘာလို့ ဒီလောက်လန့်သွားရတာလဲ"

"ရှင်က ဘာလို့ ခိုးကြောင်ခိုးဝှက်လာတာလဲ"

မယ်ဒီရာက လိုင်လ့်ကို မျက်စောင်းထိုးရင်း မေးခွန်းပြန်ထုတ်သည်။

ထို့နောက် တစုံတခုကို သတိရသွားဟန်ဖြင့် စာအုပ်အဖုံးကို မမြင်စေရန် နောက်ကို လှန်ပြစ်လိုက်သည်။

"ဘာလဲ အဲ့ဒါ"

ဒါက တော်ဝင် စာကြည့်တိုက်မို့ မသင်္ကာစရာ စာအုပ်တွေတော့ ရှိမည်မဟုတ်။

ဘာပဲပြောပြော ဒါက ပုံမှန် အချစ်ဝတ္တုတွေ ထားတဲ့ စာအုပ်စင်ခြမ်းပဲမလား။

"ဘုရင်မ.. မင်း ဘာတွေ ဖတ်နေတာလဲ"

"... အချစ်ဝတ္တု..."

"အချစ်ဝတ္တုမှန်း ကိုယ်သိတယ်လေ။ မင်းစောနကဖတ်နေတဲ့ စာအုပ်ခေါင်းစဉ်ကို မေးတာ"

မယ်ဒီရာက သူမကိုယ်နောက်ကို စာအုပ်ဝှက်လိုက်ပြီး သူမမျက်ဝန်းတွေကလဲ လိုင်လ့်ကို မကြည့်ပဲ ကြမ်းကို ငုံ့ကြည့်ကာ အဖြေတခုခုရှာနေသလိုပင်။

လိုင်လ်က ပို၍ပင် မယုံသင်္ကာဖြစ်လာလေသည်။

သူက ပြုံးပြီး အနားကပ်လာတာနဲ့ မယ်ဒီရာက အနောက်ကို ခြေနှစ်လှမ်းဆုတ်သွားသည်။

"ရှင်ဘာ..ဘာလို့ ဒီလိုလုပ်နေတာလဲ။ အရင်က ကျွန်မ ဘာဖတ်ဖတ် ရှင်ဘယ်တုန်းက ဂရုစိုက်ခဲ့ဖူးလို့လဲ"

"ဘာလို့လဲဆိုတော့ အခု မင်းက မသင်္ကာစရာကောင်းနေလို့ပေါ့"

"ကျွန်မက အခု မသင်္ကာစရာ မကောင်းပါဘူး။ ပုံမှန်လိုပဲ အရင်ပုံတိုင်းပဲ"

"မင်းက အရင်တိုင်းပဲ?"

သူကဆိုရင်း မယ်ဒီရာ့နောက်က စာအုပ်ပုံဆီ လိုင်လ့်အကြည့်ရောက်သွားသည်။

ထိုအချိန်မှာပဲ မယ်ဒီရာက လိုင်လ့်ရှေ့ ကြောက်လန့်တကြား ပြေးလာလေသည်။ တိတိကျကျဆိုရရင် စာအုပ်ပုံရှေ့ကိုပင်။

လိုင်လ်က စာအုပ်ခေါင်းစဉ်ကို မြင်ပြီးပြီမို့ မှင်သက်သွားလေသည်။

"..ဒါက အဲ့ဒါက ဘာလဲ"

"ဒါ.. ဒါစာအုပ်လေ"

"ကိုယ် ဒါက စာအုပ်ဟုတ်မဟုတ် မေးနေတာ မဟုတ်မှန်း မင်းသိပါတယ်"

လိုင်လ် ခပ်ဆတ်ဆတ်ဆိုရင်း မယ်ဒီရာ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမကို ဆွဲယူဖို့ လုပ်လိုက်ပေမဲ့ သူမမျက်နှာကို မြင်ချိန်မှာတော့ ရပ်တန့်သွားသည်။

နိုး၊ နိုး။ သတိထားစမ်း။ ဒါက အခုလို မဟုတ်တာ တွေးနေရမဲ့ အချိန်မဟုတ်ဘူး။ တကယ်..တကယ် မလုပ်...

သူ့ကို မော့ကြည့်နေတဲ့ မျက်ဝန်းတွေက လှလိုက်တာ။ သူမရဲ့ ရှက်နေတဲ့ပုံလေးကလဲ ချစ်ဖို့ကောင်းလိုက်တာ။ သူမပုံစံက ချစ်စရာကောင်းလွန်းလို့ သူဆွဲဖက်ပြီး အနမ်းမိုးရွာချပစ်လိုက်ချင်သည်။

"သောက်ကျိုးနည်း"

ငါ ဒီကိုလာတာ ဒီလိုခံစားနေဖို့ မဟုတ်ဘူး !!

စာကြည့်တိုက်ထဲ လာပြီး လိင်စိတ်ကြွ စာအုပ်တွေ လာဖတ်နေတာ မယ်ဒီရာ့ပုံစံမဟုတ်ဘူး !!

'ဒါက ငါက သူမကို စိတ်အလိုပြည့်အောင် မလုပ်ပေးနိုင်ဘူးလို့ ဆိုလိုတာလား"

"မီလီ၊ မင်း ဒီလို ထပ်လုပ်နေရင် ကိုယ် စာကြည့်တိုက်မှူးကို ခေါ်ပြီး မင်းဌားထားသမျှ စာအုပ်စာရင်းကို တောင်းကြည့်မှာနော်"

ဘာမှပြောစရာ စကားမရှိတော့တဲ့ မယ်ဒီရာကတော့ နှင်းဆီနီတပွင့်လို မျက်နှာတခုလုံး နီရဲနေလေသည်။

ဂါးး၊ ဒီလိုပုံစံကပင် ဆွဲဆောင်မှုရှိလွန်းနေသဖြင့် သူ ခပ်ဖြည်းဖြည်း ငုံ့ကြည့်လိုက်သည်။

မယ်ဒီရာ့က မျက်နာပူပူနဲ့ အော်ဟစ်လိုက်သည်။

"ရှင် မသိသလို ဟန်ဆောင်နေလို့ ရတာပဲ။ ကျွန်မလဲ လူကြီးဖြစ်နေပြီ။ ကျွန်မလဲ ဖတ်လို့ရတယ်!!"

"... မင်းက ဧကရီဘုရင်မဆိုတာရော သိသေးရဲ့လား"

သူမေးလိုက်တဲ့အခါမှာတော့ မယ်ဒီရာက နှုတ်ခမ်းစူထော်ပြီး သတိလွတ်လက်လွတ်ခွန်းတုံ့ပြန်လိုက်လေသည်။

"အရှင်မင်းကြီး ကျွန်မကို လုပ်တာက ပိုပြီး စိတ်ကြွစေ.."

မယ်ဒီရာက ကြောက်လန့်တကြားနဲ့ သူမပါးစပ်ကို ပိတ်လိုက်မိသည်။

အလန့်တကြားဖြစ်သွားတဲ့ လိုင်လ်က မယ်ဒီရာ့ကို စိုက်ကြည့်လိုက်သည်။

"....."

အခန်းထဲမှာ သူတို့ နှစ်ယောက်ထဲရှိတာမို့ နှစ်ယောက်လုံး အသံတိတ်သွားတာနဲ့ အခြေအနေက မွန်းကြပ်သွားသလိုပင်။

ဟိုဘက်လှည့်ကာ လွှတ်ခနဲ ထွက်သွားတဲ့ ပါးစပ်ကို တဖတ်ဖတ်ရိုက်နေတဲ့ မယ်ဒီရာနဲ့ မတူစွာပင် လိုင်လ်က အခြေအနေကို သတိပြန်မူမိနေပြီဖြစ်သည်။

"ကြည့်ရတာ မနေ့ညက ငါနဲ့ အတူနေတာက မဆိုးဘူး ထင်တယ်" နောက်ပြီး..

"အင်း?"

မယ်ဒီရာက ထိတ်လန့်နေမှုကို ဖုံးကွယ်မှုမရှိပဲ ပြူးကြည့်လာသည်။

လိုင်လ်က မယ်ဒီရာ့ကို ယဉ်ကျေးပေမဲ့ လှည့်စားချင်သလို အပြုံးနဲ့ ပြုံးကြည့်လာသည်။

သူ့ရဲ့ နီရဲနေတဲ့ မျက်ဝန်းတွေက အရောင်တမျိုးကြောင့် တောက်ပနေသလိုပင်။

"မင်း မနေ့ညက အတူဖြတ်သန်းပြီးတာတောင် ဒါမျိုး ထပ်ရှာဖတ်နေတုန်းလား"

မယ်ဒီရာ့နားရောက်လာတဲ့ လက်တဖက်က သူမလက်မောင်းကြားထဲက စာအုပ်ကို ဆွဲယူသွားသည်။

စာအုပ်ရဲ့ ခေါင်းစဉ်က "အဝတ်မပါသော ပွင့်ဖတ်လေး အတွဲ(၈)"

"ဒီဇာတ်ဝင်ခန်းတွေ ဖတ်ရင်း မင်း ကိုယ့်အကြောင်း စဉ်းစားနေတာလား"

"အာ၊ နိုး- ဒါက-အာ! နိုး!"

မုန်းစရာကောင်းလိုက်တာ။

မယ်ဒီရာက လိုင်လ့်လက်ထဲက စာအုပ်ကို ပြန်လုဖို့ ကြိုးစားပေမဲ့ လိုင်လ်က စာအုပ်ဖွင့်ကာ အထဲက စာပိုဒ်တွေပင် ဖတ်နေလေပြီ။

"မိစ္ဆာသခင်ကြီးရဲ့ ရှည်လျားသွယ်လျတဲ့ လက်ချောင်းတွေက မင်းသမီးရဲ့ စိုရွှဲနေတဲ့ ပွင့်ဖတ်တွေကို ဖြန့်ကားလိုက်ပြီး အထဲသို့ တိုးဝင်လိုက်သည်။ မင်းသမီးက ချိန်းကြိုးတွေနဲ့ ချည်နှောင်ခြင်းခံထားရတဲ့ သူမခြေလက်တွေကို ရုန်းကန်လိုက်.."

"ရှင်ဘာလို့ အဲ့ဒါကို ဖတ်နေတာလဲ!"

"ဘုရင်မပဲ လူကြီးဖြစ်ရင် ဒါတွေ ဖတ်လို့ ရတယ်ဆို"

လိုင်လ်က မယ်ဒီရာ့ထက် ပို အသက်ကြီးတာမို့ သေချာပေါက် လူကြီးပင်။

ဆက်စီကျတဲ့ အသံခပ်နိမ့်နိမ့်ဖြင့် သူက သူမဖတ်နေတဲ့ ဝတ္တုထဲက r-19 အခန်းတွေကို ခပ်တိုးတိုးရွတ်ကာ ဖတ်နေလေသည်။

ရှက်ရွံ့စိတ်ဖြင့် မယ်ဒီရာက လိုင်လ့်ဆီပြေးသွားပြီး စာအုပ်လုဖို့ ကြိုးစားသည်။

လိုင်လ်က အလွယ်တကူ သူမကို ရှောင်လိုက်ပြီး နောက်စာပိုဒ်ကို ဆက်ဖတ်သည်။

"သူက သူမရဲ့ အကာကွယ်မဲ့ တုန်လှုပ်နေတဲ့ ပေါင်တွေကို ဖြန့်ကားလိုက်တယ်။ မိစ္ဆာသခင်ကြီးက မင်းသမီးက အထိန်းအကွပ်မဲ့ တုံ့ပြန်မှုပြတဲ့ နေရာဆီ သူ့လက်ချောင်းတွေကို ထိုးသွင်းလိုက်ပြီး သူ့လက်ချောင်းထိပ်တွေနဲ့.."

"-အားးးး!! အိုးမိုင်ဂေါ့!"

မယ်ဒီရာက ရှက်လွန်းလို့ အော်ဟစ်လိုက်ပြီး လိုင်လ်က ဟက်ဟက်ပက်ပက်ရယ်နေတာကို ကြောက်လန့်တကြား ကြည့်နေမိသည်။

မယ်ဒီရာက လိုင်လ့်ဆီ ရုတ်တရက်ပြေးသွားလိုက်သည်။

သူက သူမကို ခပ်လွယ်လွယ်ပဲ ထပ်ရှောင်လိုက်ပေမဲ့ စကတ်ရှည်တွေနဲ့ ကျင့်သားမရသေးတဲ့ သူမက ကိုယ့်ဂါဝန်စ ကိုယ်တက်နင်းမိပြီး ရှေ့ကို ဟပ်ထိုးလဲတော့သည်။

လိုင်လ်က သူမကို ခပ်မြန်မြန်ဆွဲပွေ့လိုက်သည်။ လိုင်လ်အပွေ့အဖက်ထဲက မယ်ဒီရာက တိတ်ဆိတ်သွားပြီး မယ်ဒီရာ့ကို ဖက်ရင်း လက်တဖက်က စာအုပ်ကို သူမ မယူနိုင်အောင် ခပ်မြင့်မြင့်မြှောက်ထားတဲ့ လိုင်လ်လဲ ငြိမ်သက်သွားသည်။

"......"

သူမက တုန်လှုပ်နေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လာတဲ့ အခါမှာတော့ လိုင်လ်က နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ သူမကို ငုံကြည့်နေနှင့်ပြီးလေပြီ။

"မင်း ကိုယ့်လက်ထဲ အရင်ပြေးဝင်လာတာနော်"

*ဒုတ်*

လိုင်လ်က စာအုပ်ကို ပစ်ချလိုက်တာမို့ စာအုပ်က ကြမ်းပေါ် ဒုတ်ခနဲ ပြုတ်ကျသွားရသည်။

အခြေအနေက တင်းမာလွန်းသဖြင့် မယ်ဒီရာ့က သူမခေါင်းကိုရော မျက်ဝန်းကိုပါ လိုင်လ့်ဆီက အကြည့်မလွှဲရဲပေ။

သူ့ရဲ့ မီးတောက်လို နီရဲနေတဲ့ မျက်ဝန်းတွေက တဖြည်းဖြည်းအနားကပ်လာသည်။

"အရှင်မင်း.."

မယ်ဒီရာ့စကား အဆုံးမသတ်နိုင်ခင်မှာပင် လိုင်လ့်ရဲ့ ပူနွေးနေတဲ့ နှုတ်ခမ်းတွေက မယ်ဒီရာ့ကို ဝါးမျိုသွားသည်။ နောက်ဆုံးမှာတော့ လိုင်လ်က သူမျှော်လင့်တောင့်တနေခဲ့ရတဲ့ သူမရဲ့ နှုတ်ခမ်းတွေကို မြည်းစမ်းခွင့်ရခဲ့ပြီး သူ့လျှာဖျားကို မယ်ဒီရာ့ရဲ့ ပွင့်ဟနေတဲ့ နှုတ်ခမ်းတွေကြား ထိုးသွင်းလိုက်သည်။

******
Note:

တကယ်ကို အလုပ်များနေလို့ ပျောက်ပျောက်သွားတာပါ။ မျှော်နေတဲ့ ကွန်မန့်တွေမြင်တိုင်း ပြေးလာချင်တာ။

အခုလဲ ပြေးလာပါပြီ။ တတ်နိုင်သမျှ လာလာ up မှာမို့ စောင့်နေပေးမယ်မလား။

အမြင်လေးတွေ ပြောခဲ့ဦးနော်။

**********^
{Zawgyi}

ထူးဆန္းလိုက္တာ။

မယ္ဒီရာ့ကို သူ ဒီလိုမ်ိဳး အနီးကပ္မျမင္ခဲ့ဖူးမွန္း လိုင္လ္ သတိထားမိသြားသည္။

အခုေတာ့ သူတကယ္ပဲ အနီးကပ္ၾကည့္ရင္ေတာင္ သူမကိုယ္ထဲ အရင္ မယ္ဒီရာကို ရွာမေတြ႕နိုင္ေတာ့ေပ။

အတိတ္မေမ့ခင္က မယ္ဒီရာက အျမဲတေစ ေဒါေသထြက္ ငိုေႂကြးေနတတ္ၿပီး ေၾကာက္စရာေကာင္းေအာင္ ရက္စက္သူျဖစ္သည္။

ထို႔ေၾကာင့္ပင္ အရင္မယ္ဒီရာ့ပုံစံကို ျပန္ျမင္ၿပီး သူ႔ဘာသာ ကယ္တင္ဖို႔အတြက္ လိုင္လ္က သူမကို စိတ္ဆိုးေအာင္လုပ္ရန္ ဆုံးျဖတ္လိုက္သည္။

'ဘယ္လိုလုပ္မလဲ'

႐ုတ္တရက္ မေန႔ညက အျဖစ္အပ်က္ကို သူသတိရသြားသည္။ သူမ သတိလက္လြတ္ျဖစ္သြားတာနဲ႔ မယ္ဒီရာက ငိုၿပီး သူ႔အား တြယ္ကပ္ေနခဲ့သည္မလား။ လိုင္လ္ မေန႔ညကို သတိရလိုက္တာနဲ႔ တၿပိဳင္နက္ သူ႔ေအာက္ပိုင္းတခုလုံး ပူေႏြးလာၿပီး သူ႔အေတြးေတြကေန ကိုယ့္ဘာသာ အာ႐ုံေထြျပားေအာင္ ႀကိဳးစားရေတာ့သည္။

အႏၲရာယ္မ်ားေတာ့မလို႔။

"ငါမယ္ဒီရာ့ကို စိတ္ဆိုးေအာင္လုပ္ရင္ တကယ္ပဲ အဆင္ေျပပါ့မလား"

သူ ကိုယ့္ကိုကိုယ္ေတာ့ ယုံၾကည္မွုသိပ္မရွိ။ သို႔ေသာ္ ရန္ျဖစ္ဖို႔က သိပ္ေတာ့ မခက္လွ။ မေန႔ညက သူတို႔ အတူမအိပ္ခင္ပင္ ရန္ျဖစ္ခဲ့ေသးသည္မလား။

"ဟင္းး"

"အားးးူ"

တခုခုကို ရွာပုံရတဲ့ မယ္ဒီရာက ႐ုတ္တရက္ ေအာ္ဟစ္လိုက္ၿပီး သူမကိုယ့္ဘာသာ ကာကြယ္ဖို႔ စာအုပ္ကိုပင္ ခပ္တင္းတင္းဖက္ထားလိုက္ေသးသည္။

သူမ ဒီေလာက္ထိ လန့္သြားမယ္မွန္း မထင္ထားတဲ့ လိုင္လ္က ရွက္သြားရေသးသည္။

"မင္း ဘာလို႔ ဒီေလာက္လန့္သြားရတာလဲ"

"ရွင္က ဘာလို႔ ခိုးေၾကာင္ခိုးဝွက္လာတာလဲ"

မယ္ဒီရာက လိုင္လ့္ကို မ်က္ေစာင္းထိုးရင္း ေမးခြန္းျပန္ထုတ္သည္။

ထို႔ေနာက္ တစုံတခုကို သတိရသြားဟန္ျဖင့္ စာအုပ္အဖုံးကို မျမင္ေစရန္ ေနာက္ကို လွန္ျပစ္လိုက္သည္။

"ဘာလဲ အဲ့ဒါ"

ဒါက ေတာ္ဝင္ စာၾကည့္တိုက္မို႔ မသကၤာစရာ စာအုပ္ေတြေတာ့ ရွိမည္မဟုတ္။

ဘာပဲေျပာေျပာ ဒါက ပုံမွန္ အခ်စ္ဝတၱဳေတြ ထားတဲ့ စာအုပ္စင္ျခမ္းပဲမလား။

"ဘုရင္မ.. မင္း ဘာေတြ ဖတ္ေနတာလဲ"

"... အခ်စ္ဝတၱဳ..."

"အခ်စ္ဝတၱဳမွန္း ကိုယ္သိတယ္ေလ။ မင္းေစာနကဖတ္ေနတဲ့ စာအုပ္ေခါင္းစဥ္ကို ေမးတာ"

မယ္ဒီရာက သူမကိုယ္ေနာက္ကို စာအုပ္ဝွက္လိုက္ၿပီး သူမမ်က္ဝန္းေတြကလဲ လိုင္လ့္ကို မၾကည့္ပဲ ၾကမ္းကို ငုံ႔ၾကည့္ကာ အေျဖတခုခုရွာေနသလိုပင္။

လိုင္လ္က ပို၍ပင္ မယုံသကၤာျဖစ္လာေလသည္။

သူက ျပဳံးၿပီး အနားကပ္လာတာနဲ႔ မယ္ဒီရာက အေနာက္ကို ေျခႏွစ္လွမ္းဆုတ္သြားသည္။

"ရွင္ဘာ..ဘာလို႔ ဒီလိုလုပ္ေနတာလဲ။ အရင္က ကၽြန္မ ဘာဖတ္ဖတ္ ရွင္ဘယ္တုန္းက ဂ႐ုစိုက္ခဲ့ဖူးလို႔လဲ"

"ဘာလို႔လဲဆိုေတာ့ အခု မင္းက မသကၤာစရာေကာင္းေနလို႔ေပါ့"

"ကၽြန္မက အခု မသကၤာစရာ မေကာင္းပါဘူး။ ပုံမွန္လိုပဲ အရင္ပုံတိုင္းပဲ"

"မင္းက အရင္တိုင္းပဲ?"

သူကဆိုရင္း မယ္ဒီရာ့ေနာက္က စာအုပ္ပုံဆီ လိုင္လ့္အၾကည့္ေရာက္သြားသည္။

ထိုအခ်ိန္မွာပဲ မယ္ဒီရာက လိုင္လ့္ေရွ႕ ေၾကာက္လန့္တၾကား ေျပးလာေလသည္။ တိတိက်က်ဆိုရရင္ စာအုပ္ပုံေရွ႕ကိုပင္။

လိုင္လ္က စာအုပ္ေခါင္းစဥ္ကို ျမင္ၿပီးၿပီမို႔ မွင္သက္သြားေလသည္။

"..ဒါက အဲ့ဒါက ဘာလဲ"

"ဒါ.. ဒါစာအုပ္ေလ"

"ကိုယ္ ဒါက စာအုပ္ဟုတ္မဟုတ္ ေမးေနတာ မဟုတ္မွန္း မင္းသိပါတယ္"

လိုင္လ္ ခပ္ဆတ္ဆတ္ဆိုရင္း မယ္ဒီရာ့လက္ေမာင္းကို ဆုပ္ကိုင္လိုက္ၿပီး သူမကို ဆြဲယူဖို႔ လုပ္လိုက္ေပမဲ့ သူမမ်က္ႏွာကို ျမင္ခ်ိန္မွာေတာ့ ရပ္တန့္သြားသည္။

နိုး၊ နိုး။ သတိထားစမ္း။ ဒါက အခုလို မဟုတ္တာ ေတြးေနရမဲ့ အခ်ိန္မဟုတ္ဘူး။ တကယ္..တကယ္ မလုပ္...

သူ႔ကို ေမာ့ၾကည့္ေနတဲ့ မ်က္ဝန္းေတြက လွလိုက္တာ။ သူမရဲ့ ရွက္ေနတဲ့ပုံေလးကလဲ ခ်စ္ဖို႔ေကာင္းလိုက္တာ။ သူမပုံစံက ခ်စ္စရာေကာင္းလြန္းလို႔ သူဆြဲဖက္ၿပီး အနမ္းမိုးရြာခ်ပစ္လိုက္ခ်င္သည္။

"ေသာက္က်ိဳးနည္း"

ငါ ဒီကိုလာတာ ဒီလိုခံစားေနဖို႔ မဟုတ္ဘူး !!

စာၾကည့္တိုက္ထဲ လာၿပီး လိင္စိတ္ႂကြ စာအုပ္ေတြ လာဖတ္ေနတာ မယ္ဒီရာ့ပုံစံမဟုတ္ဘူး !!

'ဒါက ငါက သူမကို စိတ္အလိုျပည့္ေအာင္ မလုပ္ေပးနိုင္ဘူးလို႔ ဆိုလိုတာလား"

"မီလီ၊ မင္း ဒီလို ထပ္လုပ္ေနရင္ ကိုယ္ စာၾကည့္တိုက္မွူးကို ေခၚၿပီး မင္းဌားထားသမၽွ စာအုပ္စာရင္းကို ေတာင္းၾကည့္မွာေနာ္"

ဘာမွေျပာစရာ စကားမရွိေတာ့တဲ့ မယ္ဒီရာကေတာ့ ႏွင္းဆီနီတပြင့္လို မ်က္ႏွာတခုလုံး နီရဲေနေလသည္။

ဂါးး၊ ဒီလိုပုံစံကပင္ ဆြဲေဆာင္မွုရွိလြန္းေနသျဖင့္ သူ ခပ္ျဖည္းျဖည္း ငုံ႔ၾကည့္လိုက္သည္။

မယ္ဒီရာ့က မ်က္နာပူပူနဲ႔ ေအာ္ဟစ္လိုက္သည္။

"ရွင္ မသိသလို ဟန္ေဆာင္ေနလို႔ ရတာပဲ။ ကၽြန္မလဲ လူႀကီးျဖစ္ေနၿပီ။ ကၽြန္မလဲ ဖတ္လို႔ရတယ္!!"

"... မင္းက ဧကရီဘုရင္မဆိုတာေရာ သိေသးရဲ့လား"

သူေမးလိုက္တဲ့အခါမွာေတာ့ မယ္ဒီရာက ႏွုတ္ခမ္းစူေထာ္ၿပီး သတိလြတ္လက္လြတ္ခြန္းတုံ႔ျပန္လိုက္ေလသည္။

"အရွင္မင္းႀကီး ကၽြန္မကို လုပ္တာက ပိုၿပီး စိတ္ႂကြေစ.."

မယ္ဒီရာက ေၾကာက္လန့္တၾကားနဲ႔ သူမပါးစပ္ကို ပိတ္လိုက္မိသည္။

အလန့္တၾကားျဖစ္သြားတဲ့ လိုင္လ္က မယ္ဒီရာ့ကို စိုက္ၾကည့္လိုက္သည္။

"....."

အခန္းထဲမွာ သူတို႔ ႏွစ္ေယာက္ထဲရွိတာမို႔ ႏွစ္ေယာက္လုံး အသံတိတ္သြားတာနဲ႔ အေျခအေနက မြန္းၾကပ္သြားသလိုပင္။

ဟိုဘက္လွည့္ကာ လႊတ္ခနဲ ထြက္သြားတဲ့ ပါးစပ္ကို တဖတ္ဖတ္ရိုက္ေနတဲ့ မယ္ဒီရာနဲ႔ မတူစြာပင္ လိုင္လ္က အေျခအေနကို သတိျပန္မူမိေနၿပီျဖစ္သည္။

"ၾကည့္ရတာ မေန႔ညက ငါနဲ႔ အတူေနတာက မဆိုးဘူး ထင္တယ္" ေနာက္ၿပီး..

"အင္း?"

မယ္ဒီရာက ထိတ္လန့္ေနမွုကို ဖုံးကြယ္မွုမရွိပဲ ျပဴးၾကည့္လာသည္။

လိုင္လ္က မယ္ဒီရာ့ကို ယဥ္ေက်းေပမဲ့ လွည့္စားခ်င္သလို အျပဳံးနဲ႔ ျပဳံးၾကည့္လာသည္။

သူ႔ရဲ့ နီရဲေနတဲ့ မ်က္ဝန္းေတြက အေရာင္တမ်ိဳးေၾကာင့္ ေတာက္ပေနသလိုပင္။

"မင္း မေန႔ညက အတူျဖတ္သန္းၿပီးတာေတာင္ ဒါမ်ိဳး ထပ္ရွာဖတ္ေနတုန္းလား"

မယ္ဒီရာ့နားေရာက္လာတဲ့ လက္တဖက္က သူမလက္ေမာင္းၾကားထဲက စာအုပ္ကို ဆြဲယူသြားသည္။

စာအုပ္ရဲ့ ေခါင္းစဥ္က "အဝတ္မပါေသာ ပြင့္ဖတ္ေလး အတြဲ(၈)"

"ဒီဇာတ္ဝင္ခန္းေတြ ဖတ္ရင္း မင္း ကိုယ့္အေၾကာင္း စဥ္းစားေနတာလား"

"အာ၊ နိုး- ဒါက-အာ! နိုး!"

မုန္းစရာေကာင္းလိုက္တာ။

မယ္ဒီရာက လိုင္လ့္လက္ထဲက စာအုပ္ကို ျပန္လုဖို႔ ႀကိဳးစားေပမဲ့ လိုင္လ္က စာအုပ္ဖြင့္ကာ အထဲက စာပိုဒ္ေတြပင္ ဖတ္ေနေလၿပီ။

"မိစၧာသခင္ႀကီးရဲ့ ရွည္လ်ားသြယ္လ်တဲ့ လက္ေခ်ာင္းေတြက မင္းသမီးရဲ့ စိုရႊဲေနတဲ့ ပြင့္ဖတ္ေတြကို ျဖန့္ကားလိုက္ၿပီး အထဲသို႔ တိုးဝင္လိုက္သည္။ မင္းသမီးက ခ်ိန္းႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ျခင္းခံထားရတဲ့ သူမေျခလက္ေတြကို ႐ုန္းကန္လိုက္.."

"ရွင္ဘာလို႔ အဲ့ဒါကို ဖတ္ေနတာလဲ!"

"ဘုရင္မပဲ လူႀကီးျဖစ္ရင္ ဒါေတြ ဖတ္လို႔ ရတယ္ဆို"

လိုင္လ္က မယ္ဒီရာ့ထက္ ပို အသက္ႀကီးတာမို႔ ေသခ်ာေပါက္ လူႀကီးပင္။

ဆက္စီက်တဲ့ အသံခပ္နိမ့္နိမ့္ျဖင့္ သူက သူမဖတ္ေနတဲ့ ဝတၱဳထဲက r-19 အခန္းေတြကို ခပ္တိုးတိုးရြတ္ကာ ဖတ္ေနေလသည္။

ရွက္ရြံ႕စိတ္ျဖင့္ မယ္ဒီရာက လိုင္လ့္ဆီေျပးသြားၿပီး စာအုပ္လုဖို႔ ႀကိဳးစားသည္။

လိုင္လ္က အလြယ္တကူ သူမကို ေရွာင္လိုက္ၿပီး ေနာက္စာပိုဒ္ကို ဆက္ဖတ္သည္။

"သူက သူမရဲ့ အကာကြယ္မဲ့ တုန္လွုပ္ေနတဲ့ ေပါင္ေတြကို ျဖန့္ကားလိုက္တယ္။ မိစၧာသခင္ႀကီးက မင္းသမီးက အထိန္းအကြပ္မဲ့ တုံ႔ျပန္မွုျပတဲ့ ေနရာဆီ သူ႔လက္ေခ်ာင္းေတြကို ထိုးသြင္းလိုက္ၿပီး သူ႔လက္ေခ်ာင္းထိပ္ေတြနဲ႔.."

"-အားးးး!! အိုးမိုင္ေဂါ့!"

မယ္ဒီရာက ရွက္လြန္းလို႔ ေအာ္ဟစ္လိုက္ၿပီး လိုင္လ္က ဟက္ဟက္ပက္ပက္ရယ္ေနတာကို ေၾကာက္လန့္တၾကား ၾကည့္ေနမိသည္။

မယ္ဒီရာက လိုင္လ့္ဆီ ႐ုတ္တရက္ေျပးသြားလိုက္သည္။

သူက သူမကို ခပ္လြယ္လြယ္ပဲ ထပ္ေရွာင္လိုက္ေပမဲ့ စကတ္ရွည္ေတြနဲ႔ က်င့္သားမရေသးတဲ့ သူမက ကိုယ့္ဂါဝန္စ ကိုယ္တက္နင္းမိၿပီး ေရွ႕ကို ဟပ္ထိုးလဲေတာ့သည္။

လိုင္လ္က သူမကို ခပ္ျမန္ျမန္ဆြဲေပြ႕လိုက္သည္။ လိုင္လ္အေပြ႕အဖက္ထဲက မယ္ဒီရာက တိတ္ဆိတ္သြားၿပီး မယ္ဒီရာ့ကို ဖက္ရင္း လက္တဖက္က စာအုပ္ကို သူမ မယူနိုင္ေအာင္ ခပ္ျမင့္ျမင့္ေျမႇာက္ထားတဲ့ လိုင္လ္လဲ ၿငိမ္သက္သြားသည္။

"......"

သူမက တုန္လွုပ္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ေမာ့ၾကည့္လာတဲ့ အခါမွာေတာ့ လိုင္လ္က နီရဲေနတဲ့ မ်က္ဝန္းေတြနဲ႔ သူမကို ငုံၾကည့္ေနႏွင့္ၿပီးေလၿပီ။

"မင္း ကိုယ့္လက္ထဲ အရင္ေျပးဝင္လာတာေနာ္"

*ဒုတ္*

လိုင္လ္က စာအုပ္ကို ပစ္ခ်လိုက္တာမို႔ စာအုပ္က ၾကမ္းေပၚ ဒုတ္ခနဲ ျပဳတ္က်သြားရသည္။

အေျခအေနက တင္းမာလြန္းသျဖင့္ မယ္ဒီရာ့က သူမေခါင္းကိုေရာ မ်က္ဝန္းကိုပါ လိုင္လ့္ဆီက အၾကည့္မလႊဲရဲေပ။

သူ႔ရဲ့ မီးေတာက္လို နီရဲေနတဲ့ မ်က္ဝန္းေတြက တျဖည္းျဖည္းအနားကပ္လာသည္။

"အရွင္မင္း.."

မယ္ဒီရာ့စကား အဆုံးမသတ္နိုင္ခင္မွာပင္ လိုင္လ့္ရဲ့ ပူေႏြးေနတဲ့ ႏွုတ္ခမ္းေတြက မယ္ဒီရာ့ကို ဝါးမ်ိဳသြားသည္။ ေနာက္ဆုံးမွာေတာ့ လိုင္လ္က သူေမၽွာ္လင့္ေတာင့္တေနခဲ့ရတဲ့ သူမရဲ့ ႏွုတ္ခမ္းေတြကို ျမည္းစမ္းခြင့္ရခဲ့ၿပီး သူ႔လၽွာဖ်ားကို မယ္ဒီရာ့ရဲ့ ပြင့္ဟေနတဲ့ ႏွုတ္ခမ္းေတြၾကား ထိုးသြင္းလိုက္သည္။

******
Note:

တကယ္ကို အလုပ္မ်ားေနလို႔ ေပ်ာက္ေပ်ာက္သြားတာပါ။ ေမၽွာ္ေနတဲ့ ကြန္မန့္ေတြျမင္တိုင္း ေျပးလာခ်င္တာ။

အခုလဲ ေျပးလာပါၿပီ။ တတ္နိုင္သမၽွ လာလာ up မွာမို႔ ေစာင့္ေနေပးမယ္မလား။

အျမင္ေလးေတြ ေျပာခဲ့ဦးေနာ္။

*********

Продолжить чтение

Вам также понравится

2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
331K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
721K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
308K 33.4K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...