Uni
"ကိုကိုရေ..." ဆိုတာနဲ့ ရေပါအသင့်ပါလာသူကြောင့် လပြည့်ဝန်း ရယ်ရခတ်ငိုရခတ်ပင်။ ခုမှလနုသေးတယ် အဆင်ပြေပါတယ်ဆိုလဲ နေ့တိုင်းခြေထောက်နှိပ်ပေးရတာနဲ့....ဘာလို့နှိပ်ပေးတာလဲမေးရင် ကိုယ်ဝန်ဆိပ်တတ်ပြီး ခြေထောက်တွေယောင်မှာဆိုးလို့တဲ့လေ....
လ နု သေးတယ် မဖြစ်သေးဘူးဆိုလဲ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်တဲ့....
ခုလဲ ခြေဖမိုးလေးတွေကိုနှိပ်ရင်း
"ကလေး ခုကစပြီး အစားအသောက်ဆင်ခြင်ရမယ်နော်....အပူအစပ်ဆို No ပဲ....နွားနို့ကို မနက်တစ်ခွက် ညတစ်ခွက်သောက်ရမယ်။ ဒါမှ ကလေးကြီးထွားနှုန်းကောင်းမယ်၊ အရိုးအဆစ်သန်မာမယ်"
"ဟုတ်ပါပြီ ကိုကိုရဲ့......ခုလဲ နှိပ်တာတော်တော့ သား မညောင်းတော့ဘူး...."
"ဟုတ်ပါပြီ....ဘာပဲဖြစ်ဖြစ် ဂရုစိုက်ရမယ်နော် ကလေးမထိခိုက်ရဘူး....ကလေးနှစ်ယောက်စလုံးပဲ"
"ဟီး...ဟုတ်သားနော်...ကလေးကနှစ်ယောက်ဖြစ်နေပြီ ဟိ...." သဘောတကျပြောကာရယ်နေသူလေးကြောင့် ဇေရဲမာန် လဲ ရင်ခွင်ထဲ ထည့်ကာ
"ကိုယ့်အတွက်တော့ ဒီက ကလေးပြီးရင် ဟောဒီဗိုက်ထဲက ကလေးလေးပဲ"
"သားလဲ ကိုကို့ကိုချစ်တယ်"
"ကိုယ်ကလဲ အရမ်းချစ်"
နှစ်ယောက်သား တစ်တီတူးနေတုန်း လပြည့်ဝန်း ဖုန်းလာသောကြောင့် ကြည့်မိတော့ ကြယ်စင်ရွှန်းလဲပင်။
"ပြောကြည့်"
"အမောင်ဗိုက်....မနက်ဖြန်ငါ့အိမ်မှာ ရွှေတောင်ခေါက်ဆွဲချက်မှာ အမောင်ဗိုက် စားဦးမလား"
"စားမှာပေါ့ဟ နင်ကလဲ"
"အမလေး သိသားပဲ....အိမ်ကအမေကလဲ နင်ကြိုက်မှန်းသိလို့ မေးပေးဆိုလို့...."
"အဒေါ်ကိုလဲပြောလိုက်ပါ ကျေးဇူးတင်ပါတယ်လို့"
"ဟုတ်ပါပြီ...ဒါနဲ့ ငါ့အမေကပြောတယ်....တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ စားချင်တာရှိရင်ပြောတဲ့ ပြီးတော့ သိချင်တာတွေလဲ မေးဦးတဲ့ နင့်ကိုတစ်ရက်လာတွေ့ဦးမယ်တဲ့..."
"ဟုတ်လား....အဒေါ်က အရမ်းချစ်ဖို့ကောင်းတာပဲ...ကျေးဇူးတင်ပါတယ်လို့နော်"
"အေးပါ...ဒါဆို ဒါပဲနော်"
"အေးအေး"
ဖုန်းချပြီးတာနဲ့ လပြည့်ဝန်း ဝမ်းနည်းစိတ်ဖြစ်သွားသည်။ ဒါကြောင့် ကိုကို့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာနေတော့ ကိုကိုက အလိုက်တသိ ခေါင်းလေးပွတ်ပေးသည်။
"စိတ်ထဲမထားနဲ့ ကိုကိုရှိတယ်နော်"
"ဟုတ်...."
ဇေရဲမာန် ခုနက ကြယ်စင်ပြောတာကို ကြားသည်။ ဒါကြောင့် မိမိကလေး စိတ်မကောင်းဖြစ်သွားမှန်းလဲသိသည်။ အချစ်ခံလေးဆိုပင်မဲ့ မိခင်ဆိုတာလေးတော့ သူလိုအပ်နေသည်။
ခုလိုချိန်ဆို ပိုဆိုးတာပေါ့......
__________________
ဆေးရုံဆင်းလဲ တပည့်ဖြစ်သူနဲ့ အလုပ်ရှုပ်နေသော ထူးစစ်သော်....
နားဖို့ပြောပင်မဲ့ မရ....
ဒီအမှုကို သူပြီးအောင်ကိုင်ချင်သည်တဲ့....သူက ကိုယ်တွေ့ဆိုတဲ့ သူသာအသိဆုံးမို့ လွန်းထက်သာ လဲ လွှတ်ထားလိုက်ရလေသည်။
လွန်းထက်သာ လဲ ပြစ်ထားတဲ့အလုပ်တွေကြောင့် ပိနေသေးသည်။ ဒါပင်မဲ့ ထူးစစ်သော် ကိုလဲ ဂရုစိုက်မှုက မလိုခဲ့....
ခုလဲ အလောင်းခွဲစိတ်ရုံကို ရောက်နေခြင်းဖြစ်သည်။
အလောင်းစစ်ဆေးချက်မှာ မတိကျသောအဖြေများသာရနေသည်။
ဆေးရည်စိမ်ထားသောကြောင့် ကြာရှည်ခံနေရုံရယ်၊ မသေဆုံးခင်က accident တစ်ခုဖြစ်ခဲ့တာရယ်ကိုတော့ သိခွင့်ရခဲ့သည်။
နောက်တစ်ခုက ရုပ်ဆင်နေခြင်းပင်။ ဓာတ်ပုံတွေကိုကြည့်ရင်း ထူးစစ်သော် ဝေခွဲမရဖြစ်နေသည်။ လူတူမရှားနာမည်တူမရှားရှိတာကို လက်ခံသော်လဲ ခုမှာတော့ ထူးစစ်သော် စိတ်ထဲ တစ်ခုခုရှိနေလေသည်။
ဒါကိုသိသော လွန်းထက်သာ မှာ
"ရုပ်တူတာပဲနေမှာပါ..."
"ကျွန်တော့်စိတ်ထဲခုနေတယ်။ နောက်တစ်ခုက သူ့ကိုသေချာကြည့်လေ ဝေခွဲမရတာပဲဖြစ်ဖြစ်၊ ဝိုးတိုးဝါးတား ပုံရိပ်တွေပဲဖြစ်ဖြစ် ပြန်မြင်နေတယ်။ သေချာတယ် တစ်ခုခုတော့ ဆက်နွယ်နေတယ်။"
"ဘာဖြစ်ချင်လဲပြော။ ကိုယ်စီစဥ်ပေးမယ်။"
ထူးစစ်သော် လွန်းထက်သာ ကိုသေချာကြည့်ကာ
"ကျွန်တော့်အတိတ်ကို ပြန်စုံစမ်းချင်တယ်။ ကျွန်တော်သိသင့်တာတွေသိထားပင်မဲ့ မသိတာတွေရှိသေးတယ်လို့ ခံစားမိတယ်။"
"Ok ကိုယ်အားလုံးစီစဥ်ပေးမယ်။"
__________________
"အားးးးး " ထိုးကိုက်လာသောခေါင်းကြောင့် နားထင်ကိုဖိထားကာ ကုတင်ထက် လူးလိမ့်နေမိသည်။
အပြင်ဘက်က မိုးများစွာရွာသွန်းနေပြီး လျှပ်စီးတွေပါ လျှပ်နေသေးသည်။ တောစပ်နားဖြစ်သောကြောင့် သစ်ပင်တွေလဲ ထူထပ်နေပြီး လျှပ်စီးတစ်ခါလျှပ်ရင် သစ်ပင်တွေကြောင့် အိမ်ထဲသို့ တစ်ချို့အရိပ်တွေပင် ထင်ဟပ်နေလေသည်။
"အားးးးး ဟူးးးး"
အသက်ကို ပုံမှန်ရှူကာ ဘေးရှိဆေးဘူးထဲမှ ဆေးအချို့ကို တစ်ခြိုက်ထဲရေနဲ့မျှောချလိုက်သည်။
ဆေးသောက်ပြီး ခဏအကြာမှ ငြိမ်ကျသွားသောကြောင့် Death အိပ်လို့ပျော်တော့သည်။
အိပ်မက်ထဲမှာ တစ်ယောက်သောသူက အနားရောက်လာပြီး နှာဖူးကိုစမ်းကာ အနမ်းတစ်ပွင့်ခြွေသွားသည်ကိုလဲ သိလိုက်လေသည်။ သို့သော် ထိုလူသားလေးကို အိပ်မက်လို့သာထင်မက်နေပြန်ရော....
သေချာတာတစ်ခုကတော့ ထိုလူသားနမ်းလိုက်တဲ့ နှာဖူးပြင်မှစကာ တစ်ကိုယ်လုံးအနွေးဓာတ်ရသွားသကဲ့သို့ နွေးထွေးသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ ခုတလော လူက အအိပ်နည်းတာကြောင့် အားမရှိသလိုဖြစ်နေလေသည်။
ခုတော့ အိပ်ပျော်သွားလိုက်တာများ ပေါ့ပါးပြီး လန်းဆန်းသွားလေတော့သည်။
.
.
.
ပေါ့ပါစွာနိုးထလာပြီး ကြည်လင်နေသောခေါင်းကြောင့် လူကနေရတာအဆင်ပြေနေလေသည်။ ထိုချိန် မစားပဲအိပ်လိုက်သောကြောင့် ဗိုက်ကလဲ ဆန္ဒပြနေလေသည်။
ခေါက်ဆွဲပဲပြုတ်စားမည်ဆိုသော အကြံနဲ့ပဲ မီးဖိုချောင် ထဲသို့အသွား....
မီးဖိုချောင် ထဲတွင် ရှိနှင့်ပြီးသောသူကြောင့် Death ပြုံးမိသွားသည်။
"ရောက်နေတာပဲ"
"ဟုတ်တယ်လေ....ငါမလာရင် မင်းက ခေါက်ဆွဲပဲ အလွယ်စားမှာမှတ်လား။ ဒါကြောင့် ငါခိုးထွက်လာတာ"
အရန်သင့်ချပေးထားလာသော ရှေ့ကအစားအစာတွေအားစားရင်း Deathလဲ
"ဘာထူးသေးလဲ"
"ငါ့ကိုတော့ စောင့်ကြည့်နေတုန်းပဲ။ ပြီးတော့ Moon အာ...မှားလို့ ထူးစစ်သော် သူကတော့ မင်းအမှုတွေမှာ ပါနေတယ်။ သူကမပြန်သေးပဲ လိုက်ပူးပေါင်းပေးနေသေးတယ်။"
"သူဘေးနားမှာ ဟိုကောင်ရှိတယ်မှတ်လား"
Death အမေးကြောင့် Roshan လက်ထဲက ဇွန်းကို ဂွပ်ခနဲမြည်အောင်ချလိုက်ကာ
"မင်းအတွက်ပဲပူ။ သိရဲ့သားနဲ့ မေးမနေနဲ့"
"ဟက်....ငါ့ဘဝမှာ ငါ့ကိုလိုလိုလားလား ချစ်ခဲ့တဲ့သူကိုကျ ငါကိုယ်တိုင် ငါ့လက်နဲ့သတ်မိတယ်။ ခုလဲ ငါ့ဘေးနားမှာ ထားနိုင်ပြီလို့ထင်တဲ့သူက ငါ့ကိုလှည့်စားသွားတယ်။ သိပ်တော့ရယ်ရသားနော်"
Roshan အံကြိတ်လိုက်ကာ
"မင်းက နီးရက်နဲ့ဝေးဆိုသလိုပဲ။ မင်းကအနီးဆုံးသူကိုမှ မြင်အောင်မကြည့်တာ"
"ငါ...."
Roshan စကားကြောင့် Death ဘယ်လိုတုန့်ပြန့်ရမလဲ ဖြစ်သွားလေသည်။ ဒီစကားအသွားအလာကို Death နားလည်လိုက်ပါသည်။
"ငါပြန်တော့မယ်" ဆိုကာ ထထွက်သွားသူကြောင့် Death အမြန်လိုက်တားရပြန်သည်။ လက်ကိုဆွဲလိုက်တော့ Roshan ပြောလိုက်သည်က
"ငါထက်လာမှာပါ။ ခုတော့ လုပ်စရာလေးပေါ်လာလို့.."
"မဟုတ်ဘူး"
"ငါပြန် အွန့်..."
ထက်ပြောမည့်စကားအား မကြားချင်သောကြောင့် နှုတ်ပိတ်လိုက်ပါတော့သည်။
ချိုမြိန်လိုက်တဲ့နှုတ်ခမ်းလေးအား Death နမ်းနေရင်း အားမရတော့သောကြောင့် Roshan ခါးကနေကိုင်ကာ ဆွဲမလိုက်တော့ အလိုက်သင့်လေးခွဖက်လာလေသည်။
Death လဲ ထိန်းချီကာ တင်ပါးနှစ်ခုကို ပင့်ထားလိုက်လေသည်။ အနမ်းများ တဖြည်းဖြည်းကြာရှည်လာပြီး အိပ်ခန်းဆီသို့ ဦးတည်နေမှန်း Roshan သတိမထားမိ....
ကုတင်ပေါ်တင်လိုက်မှ သတိရသွားကာ
"Death!!"
"ငါတောင်းပန်ပါတယ် Roshan။ ငါ စည်းထက်ကျော်ပါရစေ..."
_____________
15.08.22
Khine Lay
ဒီတစ်ခေါက် သိပ်မကြာဘူးမှတ်လား
Zaw
"ကိုကိုေရ..." ဆိုတာနဲ႕ ေရပါအသင့္ပါလာသူေၾကာင့္ လျပည့္ဝန္း ရယ္ရခတ္ငိုရခတ္ပင္။ ခုမွလႏုေသးတယ္ အဆင္ေျပပါတယ္ဆိုလဲ ေန႕တိုင္းေျခေထာက္ႏွိပ္ေပးရတာနဲ႕....ဘာလို႔ႏွိပ္ေပးတာလဲေမးရင္ ကိုယ္ဝန္ဆိပ္တတ္ၿပီး ေျခေထာက္ေတြေယာင္မွာဆိုးလို႔တဲ့ေလ....
လ ႏု ေသးတယ္ မျဖစ္ေသးဘူးဆိုလဲ ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုထိေရာက္တယ္တဲ့....
ခုလဲ ေျခဖမိုးေလးေတြကိုႏွိပ္ရင္း
"ကေလး ခုကစၿပီး အစားအေသာက္ဆင္ျခင္ရမယ္ေနာ္....အပူအစပ္ဆို No ပဲ....ႏြားနို႔ကို မနက္တစ္ခြက္ ညတစ္ခြက္ေသာက္ရမယ္။ ဒါမွ ကေလးႀကီးထြားႏႈန္းေကာင္းမယ္၊ အရိုးအဆစ္သန္မာမယ္"
"ဟုတ္ပါၿပီ ကိုကိုရဲ႕......ခုလဲ ႏွိပ္တာေတာ္ေတာ့ သား မေညာင္းေတာ့ဘူး...."
"ဟုတ္ပါၿပီ....ဘာပဲျဖစ္ျဖစ္ ဂ႐ုစိုက္ရမယ္ေနာ္ ကေလးမထိခိုက္ရဘူး....ကေလးႏွစ္ေယာက္စလုံးပဲ"
"ဟီး...ဟုတ္သားေနာ္...ကေလးကႏွစ္ေယာက္ျဖစ္ေနၿပီ ဟိ...." သေဘာတက်ေျပာကာရယ္ေနသူေလးေၾကာင့္ ေဇရဲမာန္ လဲ ရင္ခြင္ထဲ ထည့္ကာ
"ကိုယ့္အတြက္ေတာ့ ဒီက ကေလးၿပီးရင္ ေဟာဒီဗိုက္ထဲက ကေလးေလးပဲ"
"သားလဲ ကိုကို႔ကိုခ်စ္တယ္"
"ကိုယ္ကလဲ အရမ္းခ်စ္"
ႏွစ္ေယာက္သား တစ္တီတူးေနတုန္း လျပည့္ဝန္း ဖုန္းလာေသာေၾကာင့္ ၾကည့္မိေတာ့ ၾကယ္စင္႐ႊန္းလဲပင္။
"ေျပာၾကည့္"
"အေမာင္ဗိုက္....မနက္ျဖန္ငါ့အိမ္မွာ ေ႐ႊေတာင္ေခါက္ဆြဲခ်က္မွာ အေမာင္ဗိုက္ စားဦးမလား"
"စားမွာေပါ့ဟ နင္ကလဲ"
"အမေလး သိသားပဲ....အိမ္ကအေမကလဲ နင္ႀကိဳက္မွန္းသိလို႔ ေမးေပးဆိုလို႔...."
"အေဒၚကိုလဲေျပာလိုက္ပါ ေက်းဇူးတင္ပါတယ္လို႔"
"ဟုတ္ပါၿပီ...ဒါနဲ႕ ငါ့အေမကေျပာတယ္....တကယ္လို႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စားခ်င္တာရွိရင္ေျပာတဲ့ ၿပီးေတာ့ သိခ်င္တာေတြလဲ ေမးဦးတဲ့ နင့္ကိုတစ္ရက္လာေတြ႕ဦးမယ္တဲ့..."
"ဟုတ္လား....အေဒၚက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ...ေက်းဇူးတင္ပါတယ္လို႔ေနာ္"
"ေအးပါ...ဒါဆို ဒါပဲေနာ္"
"ေအးေအး"
ဖုန္းခ်ၿပီးတာနဲ႕ လျပည့္ဝန္း ဝမ္းနည္းစိတ္ျဖစ္သြားသည္။ ဒါေၾကာင့္ ကိုကို႔ရင္ခြင္ထဲသို႔ ေခါင္းတိုးဝင္ကာေနေတာ့ ကိုကိုက အလိုက္တသိ ေခါင္းေလးပြတ္ေပးသည္။
"စိတ္ထဲမထားနဲ႕ ကိုကိုရွိတယ္ေနာ္"
"ဟုတ္...."
ေဇရဲမာန္ ခုနက ၾကယ္စင္ေျပာတာကို ၾကားသည္။ ဒါေၾကာင့္ မိမိကေလး စိတ္မေကာင္းျဖစ္သြားမွန္းလဲသိသည္။ အခ်စ္ခံေလးဆိုပင္မဲ့ မိခင္ဆိုတာေလးေတာ့ သူလိုအပ္ေနသည္။
ခုလိုခ်ိန္ဆို ပိုဆိုးတာေပါ့......
__________________
ေဆး႐ုံဆင္းလဲ တပည့္ျဖစ္သူနဲ႕ အလုပ္ရႈပ္ေနေသာ ထူးစစ္ေသာ္....
နားဖို႔ေျပာပင္မဲ့ မရ....
ဒီအမႈကို သူၿပီးေအာင္ကိုင္ခ်င္သည္တဲ့....သူက ကိုယ္ေတြ႕ဆိုတဲ့ သူသာအသိဆုံးမို႔ လြန္းထက္သာ လဲ လႊတ္ထားလိုက္ရေလသည္။
လြန္းထက္သာ လဲ ျပစ္ထားတဲ့အလုပ္ေတြေၾကာင့္ ပိေနေသးသည္။ ဒါပင္မဲ့ ထူးစစ္ေသာ္ ကိုလဲ ဂ႐ုစိုက္မႈက မလိုခဲ့....
ခုလဲ အေလာင္းခြဲစိတ္႐ုံကို ေရာက္ေနျခင္းျဖစ္သည္။
အေလာင္းစစ္ေဆးခ်က္မွာ မတိက်ေသာအေျဖမ်ားသာရေနသည္။
ေဆးရည္စိမ္ထားေသာေၾကာင့္ ၾကာရွည္ခံေန႐ုံရယ္၊ မေသဆုံးခင္က accident တစ္ခုျဖစ္ခဲ့တာရယ္ကိုေတာ့ သိခြင့္ရခဲ့သည္။
ေနာက္တစ္ခုက ႐ုပ္ဆင္ေနျခင္းပင္။ ဓာတ္ပုံေတြကိုၾကည့္ရင္း ထူးစစ္ေသာ္ ေဝခြဲမရျဖစ္ေနသည္။ လူတူမရွားနာမည္တူမရွားရွိတာကို လက္ခံေသာ္လဲ ခုမွာေတာ့ ထူးစစ္ေသာ္ စိတ္ထဲ တစ္ခုခုရွိေနေလသည္။
ဒါကိုသိေသာ လြန္းထက္သာ မွာ
"႐ုပ္တူတာပဲေနမွာပါ..."
"ကြၽန္ေတာ့္စိတ္ထဲခုေနတယ္။ ေနာက္တစ္ခုက သူ႕ကိုေသခ်ာၾကည့္ေလ ေဝခြဲမရတာပဲျဖစ္ျဖစ္၊ ဝိုးတိုးဝါးတား ပုံရိပ္ေတြပဲျဖစ္ျဖစ္ ျပန္ျမင္ေနတယ္။ ေသခ်ာတယ္ တစ္ခုခုေတာ့ ဆက္ႏြယ္ေနတယ္။"
"ဘာျဖစ္ခ်င္လဲေျပာ။ ကိုယ္စီစဥ္ေပးမယ္။"
ထူးစစ္ေသာ္ လြန္းထက္သာ ကိုေသခ်ာၾကည့္ကာ
"ကြၽန္ေတာ့္အတိတ္ကို ျပန္စုံစမ္းခ်င္တယ္။ ကြၽန္ေတာ္သိသင့္တာေတြသိထားပင္မဲ့ မသိတာေတြရွိေသးတယ္လို႔ ခံစားမိတယ္။"
"Ok ကိုယ္အားလုံးစီစဥ္ေပးမယ္။"
__________________
"အားးးးး " ထိုးကိုက္လာေသာေခါင္းေၾကာင့္ နားထင္ကိုဖိထားကာ ကုတင္ထက္ လူးလိမ့္ေနမိသည္။
အျပင္ဘက္က မိုးမ်ားစြာ႐ြာသြန္းေနၿပီး လွ်ပ္စီးေတြပါ လွ်ပ္ေနေသးသည္။ ေတာစပ္နားျဖစ္ေသာေၾကာင့္ သစ္ပင္ေတြလဲ ထူထပ္ေနၿပီး လွ်ပ္စီးတစ္ခါလွ်ပ္ရင္ သစ္ပင္ေတြေၾကာင့္ အိမ္ထဲသို႔ တစ္ခ်ိဳ႕အရိပ္ေတြပင္ ထင္ဟပ္ေနေလသည္။
"အားးးးး ဟူးးးး"
အသက္ကို ပုံမွန္ရႉကာ ေဘးရွိေဆးဘူးထဲမွ ေဆးအခ်ိဳ႕ကို တစ္ၿခိဳက္ထဲေရနဲ႕ေမွ်ာခ်လိဳက္သည္။
ေဆးေသာက္ၿပီး ခဏအၾကာမွ ၿငိမ္က်သြားေသာေၾကာင့္ Death အိပ္လို႔ေပ်ာ္ေတာ့သည္။
အိပ္မက္ထဲမွာ တစ္ေယာက္ေသာသူက အနားေရာက္လာၿပီး ႏွာဖူးကိုစမ္းကာ အနမ္းတစ္ပြင့္ေႁခြသြားသည္ကိုလဲ သိလိုက္ေလသည္။ သို႔ေသာ္ ထိုလူသားေလးကို အိပ္မက္လို႔သာထင္မက္ေနျပန္ေရာ....
ေသခ်ာတာတစ္ခုကေတာ့ ထိုလူသားနမ္းလိုက္တဲ့ ႏွာဖူးျပင္မွစကာ တစ္ကိုယ္လုံးအႏြေးဓာတ္ရသြားသကဲ့သို႔ ႏြေးေထြးသြားၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေလသည္။ ခုတေလာ လူက အအိပ္နည္းတာေၾကာင့္ အားမရွိသလိုျဖစ္ေနေလသည္။
ခုေတာ့ အိပ္ေပ်ာ္သြားလိုက္တာမ်ား ေပါ့ပါးၿပီး လန္းဆန္းသြားေလေတာ့သည္။
.
.
.
ေပါ့ပါစြာနိုးထလာၿပီး ၾကည္လင္ေနေသာေခါင္းေၾကာင့္ လူကေနရတာအဆင္ေျပေနေလသည္။ ထိုခ်ိန္ မစားပဲအိပ္လိုက္ေသာေၾကာင့္ ဗိုက္ကလဲ ဆႏၵျပေနေလသည္။
ေခါက္ဆြဲပဲျပဳတ္စားမည္ဆိုေသာ အႀကံနဲ႕ပဲ မီးဖိုေခ်ာင္ ထဲသို႔အသြား....
မီးဖိုေခ်ာင္ ထဲတြင္ ရွိႏွင့္ၿပီးေသာသူေၾကာင့္ Death ၿပဳံးမိသြားသည္။
"ေရာက္ေနတာပဲ"
"ဟုတ္တယ္ေလ....ငါမလာရင္ မင္းက ေခါက္ဆြဲပဲ အလြယ္စားမွာမွတ္လား။ ဒါေၾကာင့္ ငါခိုးထြက္လာတာ"
အရန္သင့္ခ်ေပးထားလာေသာ ေရွ႕ကအစားအစာေတြအားစားရင္း Deathလဲ
"ဘာထူးေသးလဲ"
"ငါ့ကိုေတာ့ ေစာင့္ၾကည့္ေနတုန္းပဲ။ ၿပီးေတာ့ Moon အာ...မွားလို႔ ထူးစစ္ေသာ္ သူကေတာ့ မင္းအမႈေတြမွာ ပါေနတယ္။ သူကမျပန္ေသးပဲ လိုက္ပူးေပါင္းေပးေနေသးတယ္။"
"သူေဘးနားမွာ ဟိုေကာင္ရွိတယ္မွတ္လား"
Death အေမးေၾကာင့္ Roshan လက္ထဲက ဇြန္းကို ဂြပ္ခနဲျမည္ေအာင္ခ်လိဳက္ကာ
"မင္းအတြက္ပဲပူ။ သိရဲ႕သားနဲ႕ ေမးမေနနဲ႕"
"ဟက္....ငါ့ဘဝမွာ ငါ့ကိုလိုလိုလားလား ခ်စ္ခဲ့တဲ့သူကိုက် ငါကိုယ္တိုင္ ငါ့လက္နဲ႕သတ္မိတယ္။ ခုလဲ ငါ့ေဘးနားမွာ ထားနိုင္ၿပီလို႔ထင္တဲ့သူက ငါ့ကိုလွည့္စားသြားတယ္။ သိပ္ေတာ့ရယ္ရသားေနာ္"
Roshan အံႀကိတ္လိုက္ကာ
"မင္းက နီးရက္နဲ႕ေဝးဆိုသလိုပဲ။ မင္းကအနီးဆုံးသူကိုမွ ျမင္ေအာင္မၾကည့္တာ"
"ငါ...."
Roshan စကားေၾကာင့္ Death ဘယ္လိုတုန့္ျပန့္ရမလဲ ျဖစ္သြားေလသည္။ ဒီစကားအသြားအလာကို Death နားလည္လိုက္ပါသည္။
"ငါျပန္ေတာ့မယ္" ဆိုကာ ထထြက္သြားသူေၾကာင့္ Death အျမန္လိုက္တားရျပန္သည္။ လက္ကိုဆြဲလိုက္ေတာ့ Roshan ေျပာလိုက္သည္က
"ငါထက္လာမွာပါ။ ခုေတာ့ လုပ္စရာေလးေပၚလာလို႔.."
"မဟုတ္ဘူး"
"ငါျပန္ အြန့္..."
ထက္ေျပာမည့္စကားအား မၾကားခ်င္ေသာေၾကာင့္ ႏႈတ္ပိတ္လိုက္ပါေတာ့သည္။
ခ်ိဳၿမိန္လိုက္တဲ့ႏႈတ္ခမ္းေလးအား Death နမ္းေနရင္း အားမရေတာ့ေသာေၾကာင့္ Roshan ခါးကေနကိုင္ကာ ဆြဲမလိုက္ေတာ့ အလိုက္သင့္ေလးခြဖက္လာေလသည္။
Death လဲ ထိန္းခ်ီကာ တင္ပါးႏွစ္ခုကို ပင့္ထားလိုက္ေလသည္။ အနမ္းမ်ား တျဖည္းျဖည္းၾကာရွည္လာၿပီး အိပ္ခန္းဆီသို႔ ဦးတည္ေနမွန္း Roshan သတိမထားမိ....
ကုတင္ေပၚတင္လိုက္မွ သတိရသြားကာ
"Death!!"
"ငါေတာင္းပန္ပါတယ္ Roshan။ ငါ စည္းထက္ေက်ာ္ပါရေစ..."
_____________
15.08.22
Khine Lay
ဒီတစ္ေခါက္ သိပ္မၾကာဘူးမွတ္လား