Your Majesty is annoying (Mya...

By Liz_774

671K 25.2K 826

I am not the original publisher of the story. This is just a fan translation. More

Translator letter to readers
Description
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
တောင်းပန်စာ
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း (၁၄) 🚨
အပိုင်း (၁၅) 🚨🚨
အပိုင်း (၁၆) 🚨🚨🚨
အပိုင်း (၁၇) 🚨
အပိုင်း (၁၈) 🚨
အပိုင်း (၁၉) 🚨🚨
အပိုင်း (၂၀) 🚨
အပိုင်း (၂၁) 🚨
အပိုင်း (၂၂)
အပိုင်း (၂၄)
အပိုင်း (၂၅) 🚨
အပိုင်း (၂၆) 🚨
အပိုင်း (၂၇)🚨🚨
အပိုင်း (၂၈) 🚨
Note
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အသက်ပြည့်မှ ဖတ်ပါ ❗️❗️
အပိုင်း (၃၂) 🚨🚨
အပိုင်း (၃၃) 🚨🚨🚨
အပိုင်း (၃၄) 🚨🚨
အပိုင်း (၃၅) 🚨
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂) 🚨
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃) 🚨🚨
အပိုင်း (၅၄) 🚨
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
Note
အပိုင်း (၅၉) 🚨🚨🚨
အပိုင်း (၆၀) 🚨🚨🚨
အပိုင်း (၆၁) 🚨🚨🚨
အပိုင်း (၆၂)
Giveaway
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆) 🚨
အပိုင်း (၆၇) 🚨🚨
အပိုင်း (၆၈) 🚨🚨
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅) 🚨🚨
အပိုင်း (၇၆) 🚨🚨
အပိုင်း (၇၇) 🚨🚨🚨
Important Note
အပိုင်း (၇၈) 🚨
အပိုင်း (၇၉) 🚨🚨
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅) 🚨🚨
အပိုင်း (၈၆) 🚨🚨🚨
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
အပိုင်း (၉၀)
အပိုင်း (၉၁) 🚨
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
အပိုင်း (၉၆)
အပိုင်း (၉၇)
အပိုင်း (၉၈)
အပိုင်း (၉၉) 🚨
အပိုင်း (၁၀၀) 🚨
အပိုင်း (၁၀၁)
အပိုင်း (၁၀၂) 🚨🚨
အပိုင်း (၁၀၃)
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
အပိုင်း (၁၀၈)
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)🚨🚨
အပိုင်း (၁၁၁) 🚨🚨🚨
အပိုင်း (၁၁၂) 🚨🚨🚨
အပိုင်း (၁၁၃)
အပိုင်း (၁၁၄)
အပိုင်း (၁၁၅)
အပိုင်း (၁၁၆)

အပိုင်း (၂၃)

6.1K 361 13
By Liz_774

{Unicode}

"ကိုယ်တော် သွားလို့ မရတဲ့ နေရာ ရှိလို့လား"

လိုင်လ်က ခေါင်းတချက်ညိတ်ရင်း အထင်သေးသလို လှမ်းကြည့်သည်။

မယ်ဒီရာက ဒေါသထွက်မည်ပြင်ပြီးမှ သူက ဧကရာဇမင်းမြတ်မှန်း သတိရကာ စိတ်ထိန်းလိုက်သည်။

"အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်"

"အိုကေ"

မယ်ဒီရာက သူမစိတ်ထဲ ရှိတာနဲ့ ဆန့်ကျင်ဘက်ကို ပြောပြီး လိုင်လ့်ကို မျက်စောင်းထိုးကြည့်ရင်း နှုတ်ဆက်လိုက်သည်။

"အရှင်မင်းကြီး နိုင်ငံရေးနဲ့ အမြဲအလုပ်ရှုပ်နေတာ မဟုတ်ဘူးလား"

"အရှင် နိုင်ငံအခြေအနေကြောင့် တော်တော်အလုပ်များတယ်မလား"

"ကိုယ်တော် အလုပ်များခဲ့တယ်"

အုံးစက်ရာနွှဲပွဲနေ့မှာ အလုပ်အကုန်သိမ်းကျုံးလုပ်ခဲ့တာမို့ သူ အခုအတော်အားနေလေပြီ။ နောက်နေ့တွေ လုပ်ရမည့်အလုပ်တွေပင် ပြီးနေလေပြီ။

လိုင်လ်၊ ဆစ်ခ် နှင့်လိုင်လ့်ရဲ့ အမှုထမ်းအားလုံးက လူတော်ချည်းမို့ သူ့ရဲ့ အလုပ်တွေက ဘယ်တော့မှ နောက်ကျလေ့မရှိပေ။ ပြီးတော့ အထူးသဖြင့် အုံစက်ရာနွှဲပွဲနေ့ကို နောက်ကျနိုင်သမျှ နောက်ကျနိုင်အောင် လိုင်လ်က အကုန်ပြီးအောင် လုပ်လေ့ရှိခြင်းကြောင့်လဲ ပါသည်။

"ကိုယ် အလုပ်အားလုံး မနေ့က အပြီးသတ်ခဲ့တာမို့လို့ အခုအားတယ်"

အမှန်တော့ သူ ညထိမစောင့်နိုင်ခြင်းပင်။

သူက နေ့လည်စာကို အကြောင်းပြကာ လာခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူသာ ညဘက်လာခဲ့ရင် မယ်ဒီရာကို အိပ်ဆောင်ဆီ တန်းပွေ့သွားမည်ဖြစ်သောကြောင့် ဖြစ်သည်။

-မယ်ဒီရာက ဧကရီဘုရင်မဖြစ်ပြီး သူက ဘုရင်မနှင့် နေ့လည်စာ စားနိုင်လေသည်။

သူတို့ကြိုးစားမှု နောက်ဆက်တွဲကြောင့် မယ်ဒီရာ နေ့ခင်းတွင် အဆောင်မှ မထွက်နိုင်ကြောင်း လိုင်လ်ကြားတဲ့အခါမှာတော့ လိုင်လ် ဟက်ဟက်ပက်ပက်ရယ်သည်။

သူ့ကိုယ်သူ သူမလဲလျောင်းရာ မယ်ဒီရာ့အိပ်ဆောင်ဆီ သွားပြီး သူမကို နမ်းချင်၊ စချင်ကြောင်း စိတ်ကူးယဉ်နေမိမှန်း သတိထားမိချိန်မှာတော့ ရှက်ရွံ့သွားရသည်။

မယ်ဒီရာ့က သူမရဲ့ အပျိုထိန်းကို မျက်စောင်းထိုးလိုက်သည်။ ဘာလို့များ လိုင်လ်ရောက်လာတာကို သူမကို မပြောပါလိမ့်။

သူမသာ သိရင် အခန်းထဲ ပုန်းပြီး နေမကောင်းဖြစ်ဟန်ဆောင်၍ ရလေသည်။

မယ်ဒီရာ့မှာ ကိုယ်ပိုင် အပျိုတော်များစွာရှိသော်လဲ သူမရဲ့ အတိတ်မေ့မှုနဲ့ မူမမှန်တဲ့ အပြုအမူကြောင့် အပျိုတော်ထိန်းက မျက်ခြေမပျက် စောင့်ကြည့်နေခြင်းပင်။

"ကိုယ်တော် ရောက်လာကြောင်း အကြောင်းမကြားဖို့ ကိုယ်တော် မှာထားတာ။ ကိုယ်တော်ရောက်နေမှန်းသိရင် ဘုရင်မက အရင်တခေါက်လို လမ်းပျောက်နေမှာစိုးလို့"

အမှန်တကယ်ပင် မယ်ဒီရာ လိုင်လ့်ကို ကြည့်နေသည့်ပုံမှာ အခန်းထဲ ဝင်ပြေးပြီး တခါးလော့ချချင်ပုံပင်။ ထိုအမူအရာကို ကြည့်ပြီး သူ့ရဲ့ သဘောတကျ အပြုံးကို လိုင်လ် မဖုံးကွယ်နိုင်ပေ။

သူသာ အခုချိန်တွက် အိပ်ဆောင်ထဲ ဝင်လျှင် စိတ်ထိန်းနိုင်မည်မဟုတ်ပေ။

"လာထိုင်လေ။ ကိုယ်တော်ကြားတာတော့ ဒီနေ့စားတော်ပွဲက ဘုရင်မ အကြိုက်ချည်းပဲဆို"

မီနူးကို ကြည့်ကာ လိုင်လ် အံ့ဩသွားသည်။

အရင် မယ်ဒီရာက မြက်သာသာ အရွက်တွေသာ စားသလောက် ဒီနေ့ မယ်ဒီရာကတော့ အသားစားသတ္တဝါဖြစ်တော့မလို အသားချည်းသား အဓိကထားထားသည်။ အရွက်ဆိုလို့ အသားဟင်းထဲ အရံအနေနဲ့သာ ပါလေသည်။

သူမရဲ့ မသာမယာမျက်နှာကို ဖုံးမကွယ်ထားနိုင်ပဲ မယ်ဒီရာက စားပွဲဆီလျှောက်လာသည်။

လိုင်လ်က စားပွဲထိပ်မှာ ထိုင်ကာ စူပုတ်နေတဲ့ မယ်ဒီရာကို ဆွဲပွေ့ချင်စိတ်မနည်းထိန်းထားရလေသည်။

သူမ လိုင်လ်နဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်သည်နှင့် ဟင်းပွဲတွေ စချတော့သည်။ အစားအစာကို မြင်တာနဲ့ သူမရဲ့ စူပုတ်ပုတ်မျက်နှာက ပြေလျော့သွားသည်။

ဟမ်.. မင်းက ကိုယ့်ထက်အစားအစာကို ပိုကြိုက်တာလား။

ဒီအပြုအမူက အတိတ်မမေ့ခင် မယ်ဒီရာနှင့် ဆန့်ကျင်ဘက်ဖြစ်သဖြင့် လိုင်လ်တယောက် မယုံနိုင်ပေ။ အနိုင်ကျင့်ခံရသလို၊ သဝန်တိုသလိုပင် ခံစားလာရသည်။

သူ့အချိန်ထဲက သီးသန့်အချိန်ပေးကာ သူမကို လာတွေ့ခြင်းမဟုတ်လား။ ဒါက ဘယ်လို မျက်နှာပေးလဲ။

မနေ့ညက သူတို့ တစ်ယောက်နှင့် တစ်ယောက် သဘောကျခဲ့သည်မလား။

လိုင်လ်က သူ့ရှေ့က ဟင်းပွဲတွေကို ကြည့်ရင်း မယ်ဒီရာ့ဆီကနေ သစ္စာဖောက်ခံလိုက်ရသလို ခံစားနေမိသည်။ အသားကင်က အခုချိန်တွင် မယ်ဒီရာ့အကြိုက်ဆုံး အစားအစာပင်။

"... ကြည့်ရတာ ငါလာတာ အလကားပဲ ထင်တယ်"

မျက်မှောင်ကြုတ်နှင့် ရုတ်တရက်ထရပ်လိုက်တဲ့ လိုင်လ်ကြောင့် အပျိုတော်တွေနှင့် အမှုထမ်းအားလုံး ရှက်ရွံ့သွားသည်။

မယ်ဒီရာတစ်ယောက်ထဲသာ အနည်းငယ်အံဩပြီး ပဟေဠိဖြစ်နေသလိုပင်။

"သွားတော့မလို့လား အရှင်"

"ကိုယ်တော် မြန်မြန်ပြန်ချင်ပြီ"

လိုင်လ်က မျက်နှာမဲမှောင်ကာ အခန်းထဲက လှည့်ထွက်သွားသည်။

"အိုး၊ အိုကေ"

မယ်ဒီရာက ဇွန်းခက်ရင်းတို့ကို ကိုင်ကာ စားဖို့ ပြင်လိုက်၏။

"ဧကရီ ဘုရင်မ!! အရှင်မင်းကြီးကို မတားဘူးလား။ အရှင်က ဒီအထိရောက်လာတာလေ"

"အိုး.. ကြည့်ရတာ အရေးပေါ် တခုခုရှိလို့ နေမှာပေါ့။ ငါ့မျက်နှာမြင်တိုင်း သူ့မှာ အရေးကြီးကိစ္စပေါ်တာပဲမလား"

မယ်ဒီရာက အမဲသားနှပ်ကင်ကို ခက်ရင်းနှင့်ယူကာ အေးအေးချမ်းချမ်း ပြန်ဖြေသည်။

စားဖိုဆောင်မှုးရဲ့ လက်ရာက ကောင်းလွန်းသဖြင့် အမဲသားနှပ်ကင်မှာ သူမပါးစပ်ထဲတွင် အရည်ပျော်သွားသည်။

"ဝိုး!! အရမ်းအရသာရှိတာပဲ။ အကောင်းဆုံး အရသာပဲ"

ထိုအချိန်တွင် လိုင်လ်မှာ ဓါးရေးကျွမ်းကျင်သူဖြစ်သည်မို့ အကြားအာရုံပို၍ ကောင်းမွန်ကာ ထိုအဖြစ်ပျက်ကို သေချာကြားလိုက်ရသည်။

သူ့ရဲ့ ရုတ်ချည်းထွက်လာတဲ့ ဒေါသကြောင့် ထထွက်လာတာမို့ သူ ပြန်သွား၍ မရပေ။

ပြီးတော့ မယ်ဒီရာ ပြောသလိုပင် ယခင်က ထိုအတိုင်း သူ ပြုမူခဲ့လေ့ရှိသည်။

"ငါ မင်းကို ထပ်မရှာတော့ဘူး"

ဒေါသနဲ့ အရှက်ရမှုကြောင့် နီရဲနေတဲ့မျက်နှာနဲ့ လိုင်လ်က နန်းဆောင်ထဲက ထွက်သွားသည်။

သူ မယ်ဒီရာနှင့် ရန်ဖြစ်နေသည်ပင် မဟုတ်။ သို့သော် ဘာလို့များ ရှုံးနိမ့်သူလို ခံစားနေရသနည်း။

**************
သူ သူမကို ထိတွေ့ချင်သည်...

သူမကို ဖက်ကာ နူးညံ့တဲ့ နှုတ်ခမ်းများကို နမ်းပြီး သူမ သူ့ကို မျက်ဝန်းစိုများနှင့် အမောတကောမော့ကြည့်တာကို ခံချင်သည်။

"ငါ တကယ်ပဲ ရူးသွားပြီလား"

သူ မယ်ဒီရာ့အပေါ် ပြင်းပြင်းထန်ထန် ခံစားချက်ရှိနေတာကို မယုံနိုင်ပေ။ သူမရူးပဲ ဒါမျိုး မဖြစ်နိုင်ပေ။

သို့သော် ယခုချိန်တွင်တော့ မယ်ဒီရာ့နာမည်ကြားရုံမျှနှင့်ပင် လိုင်လ်အာခေါင်တွေ ခြောက်သွေ့လာသည်။

သူ့လက်တွေထဲ သူမကိုပွေ့ဖက်ထားချင်သည်။ သူမကို ပွတ်သပ်ကာ နမ်းချင်သည်။

"အရှင်တို့ နေ့လည်စာ အတူမစားခဲ့ဘူးလား" ဆစ်ခက ခြောက်ခြောက်သွေ့သွေ့မေးသည်။ မယ်ဒီရာ့နာမည်က အမ်စာလုံးအစကိုပင် သူထုတ်မပြောပေမဲ့ ဘယ်သူ့ကို ရည်ညွှန်းမှန်း သူတို့နှစ်ယောက်လုံး သိလေသည်။

လိုင်လ်က ဖြေချင်စိတ်မရှိသဖြင့် သူ့ခေါင်းကို တဖက်လှည့်လိုက်သည်။

လိုင်လ် သူ့စားပွဲပေါ်က ဖြန့်ခင်းထားတဲ့ စာရွက်တွေကို ကြည့်နေတုန်း ဆစ်ခ်က စိတ်ထဲတွင် စုတ်သပ်လိုက်သည်။

ယခင်က အခြေအနေဆိုလျှင် ဘုရင်ရဲ့ အုံးစက်ရာနွှဲပွဲအပြီးတွင် လွတ်မြောက်သလို ခံစားရလေ့ရှိသည်။

ဆစ်ခ်မှ အပ အခြားအမှုထမ်းများအားလုံး အိမ်ပြန်နားပြီ ဖြစ်သည်။

"အိုး၊ ဘာလို့လဲ။ ဘာမှားလို့လဲ အရှင်? ဒီနေ့မနက်အစည်းအဝေးကို နောက်ကျအောင်လုပ်တဲ့အခြေအနေက ဘယ်လိုဖြစ်သွားတာလဲ"

လိုင်လ် ဘုရင်အဖြစ် နန်းတက်ပြီးကတည်းက စည်းဝေးပွဲကို နောက်ကျတာ မရှိဖူးပေ။

ထိုအချက်ကြောင့်ပင် ဘုရင်မနဲ့ နှီးနှောပွဲနေ့ နောက်ရက် ငါးနာရီတိတိနောက်ကျသည့်အကြောင်းက နန်းတွင်းထဲ ပျံ့နေပြီ ဖြစ်သည်။

"မင်း စကားသိပ်များတာပဲ ဆစ်ခ်။ တခြား တင်ပြစရာ ရီပို့ရှိသေးလား"

"မရှိတော့ပါဘူး အရှင်။ မနေ့ညက အလုပ်အကုန်ပြီးတဲ့အပြင် အရှင် လုပ်စရာမလိုတာပါ လုပ်ခဲ့ပြီးပြီမလား။ ဒီလို အလုပ်ကျင့်ဝတ်ကြောင့် ကျွန်တော်မျိုးတို့ မင်းကြီးက ဝေးလံခေါင်သီတဲ့ ဒေသက မြို့ငယ်တွေထိ ဂရုစိုက်တဲ့အပြင် အရှင့်မျက်စိအောက်မှာ ဘယ်အရာမှ ဖုံးကွယ်မနေနိုင်ဘူးလို့ သတင်းကျော်စောပါတယ်"

"သောက်ခွေး"

"လွန်ခဲ့တဲ့ ရှစ်နှစ်လုံးလုံး ဒီတိုင်းပြည်ရဲ့ အနာတရတွေကို ကုသပြီး ပြည်ပုပ်တွေကို ပြုစုခဲ့ပါတာမို့ နောက်လေးရက်ကြာမှသာ အလုပ်သစ်တွေ ထပ်ရှိမှာပါ အရှင်"

လိုင်လ် စာရွက်စာတမ်းတွေကို တဖက်သို့ တွန်းဖယ်ပြီး သက်ပြင်းတချက်ချသည်။

"ဘာလို့များ အလုပ် အကုန်ပြီးနေရတာလဲ"

"ဘာလို့လဲဆိုရင် ကျွန်တော်မျိုးတို့မှာ လူ့အခွင့်အရေးရှိလို့?"

ဆစ်ခ်က လိုင်လ် သဲလွန်စရလို ရငြား ခွန်းတုံ့ပြန်လိုက်သည်။

လိုင်လ်က ဆစ်ခ်ကို လှမ်းကြည့်ကာ သူ့ခေါင်းထဲ ပေါ်လာတဲ့ ပျော့ခွေနေတဲ့ မယ်ဒီရာ့ပုံရိပ်ကို ခေါင်းရမ်းကာ ဖြေဖျောက်လိုက်သည်။

"အရှင် ဘာလို့ ဧကရီ ဘုရင်မကို သွားမတွေ့တာလဲ"

"ဘာလို့ သွားတွေ့ရမှာလဲ"

"အရှင် ဘယ်သူ့အကြောင်းတွေးနေမှန်း နီရဲနေတဲ့ ပါးတွေကနေ ခန့်မှန်းလို့ ရပါတယ်"

ဆစ်ခ်က အားမရှိသလို ဖြစ်နေတဲ့ လိုင်လ့်ကို သနားစဖွယ်ကြည့်ရင်း ဖြေသည်။

"အရှင် ဒီအခွင့်အရေးကို အသုံးချသင့်ပါတယ်။ အရှင်မက မနေ့ညက အရှင်ကြောင့် ပင်ပန်းခဲ့ရတာမို့ သူမကို နှစ်သိမ့်မပေးသင့်ဘူးလား"

"နှစ်သိမ့်ပေးရမှာ ဘုရင်မ တာဝန်မဟုတ်ဘူးလား"

"ကောလဟာလက မနက်စည်းဝေးပွဲကို ငါးနာရီ နောက်ကျအောင် အရှင်မင်းကြီး ကြမ်းတမ်းခဲ့တာပါ ဘုရား"

"......."

***********

လွမ်းနေပြီလား။ မျှော်နေတယ်ဆိုတဲ့ ကွန်မန့်လေးကြောင့် အပြေးလေး လာပြီနော်။ နောက်ပြီး watpad ကို ခုမှ စသုံးတာမို့ rank က ဘယ်လိုယူလဲ မသိပေမဲ့ translation rank 10 ဆိုတာလေး တွေ့လိုက်လို့ ss ရိုက်ထားတယ်။ Vote ပေးကြတဲ့ ကွန်မန့်ပေးတဲ့လူတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ တကယ်လို့များ rank 1 - 5 ဝင်ခဲ့ရင် surprise chapter ကို ပုံမှန် update အပြင် တင်ပေးမယ်နော်။

တကယ်လို့များ စာဖတ်သူတွေ အချိန်နည်းနည်းပိုရင် အမရဲ့ own creation "တိမ်လွှာ့အမြုတေ"ကိုလဲ ဖတ်ပေးပြီး ဝေဖန်ပေးပါဦးနော် 💙

**********

***********

{Zawgyi}

"ကိုယ္ေတာ္ သြားလို႔ မရတဲ့ ေနရာ ရွိလို႔လား"

လိုင္လ္က ေခါင္းတခ်က္ညိတ္ရင္း အထင္ေသးသလို လွမ္းၾကည့္သည္။

မယ္ဒီရာက ေဒါသထြက္မည္ျပင္ၿပီးမွ သူက ဧကရာဇမင္းျမတ္မွန္း သတိရကာ စိတ္ထိန္းလိုက္သည္။

"အရွင္မင္းႀကီး ကို ဂါရဝျပဳပါတယ္"

"အိုေက"

မယ္ဒီရာက သူမစိတ္ထဲ ရွိတာနဲ႔ ဆန့္က်င္ဘက္ကို ေျပာၿပီး လိုင္လ့္ကို မ်က္ေစာင္းထိုးၾကည့္ရင္း ႏွုတ္ဆက္လိုက္သည္။

"အရွင္မင္းႀကီး နိုင္ငံေရးနဲ႔ အျမဲအလုပ္ရွုပ္ေနတာ မဟုတ္ဘူးလား"

"အရွင္ နိုင္ငံအေျခအေနေၾကာင့္ ေတာ္ေတာ္အလုပ္မ်ားတယ္မလား"

"ကိုယ္ေတာ္ အလုပ္မ်ားခဲ့တယ္"

အုံးစက္ရာႏႊဲပြဲေန႔မွာ အလုပ္အကုန္သိမ္းက်ဳံးလုပ္ခဲ့တာမို႔ သူ အခုအေတာ္အားေနေလၿပီ။ ေနာက္ေန႔ေတြ လုပ္ရမည့္အလုပ္ေတြပင္ ၿပီးေနေလၿပီ။

လိုင္လ္၊ ဆစ္ခ္ ႏွင့္လိုင္လ့္ရဲ့ အမွုထမ္းအားလုံးက လူေတာ္ခ်ည္းမို႔ သူ႔ရဲ့ အလုပ္ေတြက ဘယ္ေတာ့မွ ေနာက္က်ေလ့မရွိေပ။ ၿပီးေတာ့ အထူးသျဖင့္ အုံစက္ရာႏႊဲပြဲေန႔ကို ေနာက္က်နိုင္သမၽွ ေနာက္က်နိုင္ေအာင္ လိုင္လ္က အကုန္ၿပီးေအာင္ လုပ္ေလ့ရွိျခင္းေၾကာင့္လဲ ပါသည္။

"ကိုယ္ အလုပ္အားလုံး မေန႔က အၿပီးသတ္ခဲ့တာမို႔လို႔ အခုအားတယ္"

အမွန္ေတာ့ သူ ညထိမေစာင့္နိုင္ျခင္းပင္။

သူက ေန႔လည္စာကို အေၾကာင္းျပကာ လာခဲ့ျခင္းပင္။ အဘယ္ေၾကာင့္ဆိုေသာ္ သူသာ ညဘက္လာခဲ့ရင္ မယ္ဒီရာကို အိပ္ေဆာင္ဆီ တန္းေပြ႕သြားမည္ျဖစ္ေသာေၾကာင့္ ျဖစ္သည္။

-မယ္ဒီရာက ဧကရီဘုရင္မျဖစ္ၿပီး သူက ဘုရင္မႏွင့္ ေန႔လည္စာ စားနိုင္ေလသည္။

သူတို႔ႀကိဳးစားမွု ေနာက္ဆက္တြဲေၾကာင့္ မယ္ဒီရာ ေန႔ခင္းတြင္ အေဆာင္မွ မထြက္နိုင္ေၾကာင္း လိုင္လ္ၾကားတဲ့အခါမွာေတာ့ လိုင္လ္ ဟက္ဟက္ပက္ပက္ရယ္သည္။

သူ႔ကိုယ္သူ သူမလဲေလ်ာင္းရာ မယ္ဒီရာ့အိပ္ေဆာင္ဆီ သြားၿပီး သူမကို နမ္းခ်င္၊ စခ်င္ေၾကာင္း စိတ္ကူးယဥ္ေနမိမွန္း သတိထားမိခ်ိန္မွာေတာ့ ရွက္ရြံ႕သြားရသည္။

မယ္ဒီရာ့က သူမရဲ့ အပ်ိဳထိန္းကို မ်က္ေစာင္းထိုးလိုက္သည္။ ဘာလို႔မ်ား လိုင္လ္ေရာက္လာတာကို သူမကို မေျပာပါလိမ့္။

သူမသာ သိရင္ အခန္းထဲ ပုန္းၿပီး ေနမေကာင္းျဖစ္ဟန္ေဆာင္၍ ရေလသည္။

မယ္ဒီရာ့မွာ ကိုယ္ပိုင္ အပ်ိဳေတာ္မ်ားစြာရွိေသာ္လဲ သူမရဲ့ အတိတ္ေမ့မွုနဲ႔ မူမမွန္တဲ့ အျပဳအမူေၾကာင့္ အပ်ိဳေတာ္ထိန္းက မ်က္ေျခမပ်က္ ေစာင့္ၾကည့္ေနျခင္းပင္။

"ကိုယ္ေတာ္ ေရာက္လာေၾကာင္း အေၾကာင္းမၾကားဖို႔ ကိုယ္ေတာ္ မွာထားတာ။ ကိုယ္ေတာ္ေရာက္ေနမွန္းသိရင္ ဘုရင္မက အရင္တေခါက္လို လမ္းေပ်ာက္ေနမွာစိုးလို႔"

အမွန္တကယ္ပင္ မယ္ဒီရာ လိုင္လ့္ကို ၾကည့္ေနသည့္ပုံမွာ အခန္းထဲ ဝင္ေျပးၿပီး တခါးေလာ့ခ်ခ်င္ပုံပင္။ ထိုအမူအရာကို ၾကည့္ၿပီး သူ႔ရဲ့ သေဘာတက် အျပဳံးကို လိုင္လ္ မဖုံးကြယ္နိုင္ေပ။

သူသာ အခုခ်ိန္တြက္ အိပ္ေဆာင္ထဲ ဝင္လၽွင္ စိတ္ထိန္းနိုင္မည္မဟုတ္ေပ။

"လာထိုင္ေလ။ ကိုယ္ေတာ္ၾကားတာေတာ့ ဒီေန႔စားေတာ္ပြဲက ဘုရင္မ အႀကိဳက္ခ်ည္းပဲဆို"

မီႏူးကို ၾကည့္ကာ လိုင္လ္ အံ့ဩသြားသည္။

အရင္ မယ္ဒီရာက ျမက္သာသာ အရြက္ေတြသာ စားသေလာက္ ဒီေန႔ မယ္ဒီရာကေတာ့ အသားစားသတၱဝါျဖစ္ေတာ့မလို အသားခ်ည္းသား အဓိကထားထားသည္။ အရြက္ဆိုလို႔ အသားဟင္းထဲ အရံအေနနဲ႔သာ ပါေလသည္။

သူမရဲ့ မသာမယာမ်က္ႏွာကို ဖုံးမကြယ္ထားနိုင္ပဲ မယ္ဒီရာက စားပြဲဆီေလၽွာက္လာသည္။

လိုင္လ္က စားပြဲထိပ္မွာ ထိုင္ကာ စူပုတ္ေနတဲ့ မယ္ဒီရာကို ဆြဲေပြ႕ခ်င္စိတ္မနည္းထိန္းထားရေလသည္။

သူမ လိုင္လ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္သည္ႏွင့္ ဟင္းပြဲေတြ စခ်ေတာ့သည္။ အစားအစာကို ျမင္တာနဲ႔ သူမရဲ့ စူပုတ္ပုတ္မ်က္ႏွာက ေျပေလ်ာ့သြားသည္။

ဟမ္.. မင္းက ကိုယ့္ထက္အစားအစာကို ပိုႀကိဳက္တာလား။

ဒီအျပဳအမူက အတိတ္မေမ့ခင္ မယ္ဒီရာႏွင့္ ဆန့္က်င္ဘက္ျဖစ္သျဖင့္ လိုင္လ္တေယာက္ မယုံနိုင္ေပ။ အနိုင္က်င့္ခံရသလို၊ သဝန္တိုသလိုပင္ ခံစားလာရသည္။

သူ႔အခ်ိန္ထဲက သီးသန့္အခ်ိန္ေပးကာ သူမကို လာေတြ႕ျခင္းမဟုတ္လား။ ဒါက ဘယ္လို မ်က္ႏွာေပးလဲ။

မေန႔ညက သူတို႔ တစ္ေယာက္ႏွင့္ တစ္ေယာက္ သေဘာက်ခဲ့သည္မလား။

လိုင္လ္က သူ႔ေရွ႕က ဟင္းပြဲေတြကို ၾကည့္ရင္း မယ္ဒီရာ့ဆီကေန သစၥာေဖာက္ခံလိုက္ရသလို ခံစားေနမိသည္။ အသားကင္က အခုခ်ိန္တြင္ မယ္ဒီရာ့အႀကိဳက္ဆုံး အစားအစာပင္။

"... ၾကည့္ရတာ ငါလာတာ အလကားပဲ ထင္တယ္"

မ်က္ေမွာင္ၾကဳတ္ႏွင့္ ႐ုတ္တရက္ထရပ္လိုက္တဲ့ လိုင္လ္ေၾကာင့္ အပ်ိဳေတာ္ေတြႏွင့္ အမွုထမ္းအားလုံး ရွက္ရြံ႕သြားသည္။

မယ္ဒီရာတစ္ေယာက္ထဲသာ အနည္းငယ္အံဩၿပီး ပေဟဠိျဖစ္ေနသလိုပင္။

"သြားေတာ့မလို႔လား အရွင္"

"ကိုယ္ေတာ္ ျမန္ျမန္ျပန္ခ်င္ၿပီ"

လိုင္လ္က မ်က္ႏွာမဲေမွာင္ကာ အခန္းထဲက လွည့္ထြက္သြားသည္။

"အိုး၊ အိုေက"

မယ္ဒီရာက ဇြန္းခက္ရင္းတို႔ကို ကိုင္ကာ စားဖို႔ ျပင္လိုက္၏။

"ဧကရီ ဘုရင္မ!! အရွင္မင္းႀကီးကို မတားဘူးလား။ အရွင္က ဒီအထိေရာက္လာတာေလ"

"အိုး.. ၾကည့္ရတာ အေရးေပၚ တခုခုရွိလို႔ ေနမွာေပါ့။ ငါ့မ်က္ႏွာျမင္တိုင္း သူ႔မွာ အေရးႀကီးကိစၥေပၚတာပဲမလား"

မယ္ဒီရာက အမဲသားႏွပ္ကင္ကို ခက္ရင္းႏွင့္ယူကာ ေအးေအးခ်မ္းခ်မ္း ျပန္ေျဖသည္။

စားဖိုေဆာင္မွုးရဲ့ လက္ရာက ေကာင္းလြန္းသျဖင့္ အမဲသားႏွပ္ကင္မွာ သူမပါးစပ္ထဲတြင္ အရည္ေပ်ာ္သြားသည္။

"ဝိုး!! အရမ္းအရသာရွိတာပဲ။ အေကာင္းဆုံး အရသာပဲ"

ထိုအခ်ိန္တြင္ လိုင္လ္မွာ ဓါးေရးကၽြမ္းက်င္သူျဖစ္သည္မို႔ အၾကားအာ႐ုံပို၍ ေကာင္းမြန္ကာ ထိုအျဖစ္ပ်က္ကို ေသခ်ာၾကားလိုက္ရသည္။

သူ႔ရဲ့ ႐ုတ္ခ်ည္းထြက္လာတဲ့ ေဒါသေၾကာင့္ ထထြက္လာတာမို႔ သူ ျပန္သြား၍ မရေပ။

ၿပီးေတာ့ မယ္ဒီရာ ေျပာသလိုပင္ ယခင္က ထိုအတိုင္း သူ ျပဳမူခဲ့ေလ့ရွိသည္။

"ငါ မင္းကို ထပ္မရွာေတာ့ဘူး"

ေဒါသနဲ႔ အရွက္ရမွုေၾကာင့္ နီရဲေနတဲ့မ်က္ႏွာနဲ႔ လိုင္လ္က နန္းေဆာင္ထဲက ထြက္သြားသည္။

သူ မယ္ဒီရာႏွင့္ ရန္ျဖစ္ေနသည္ပင္ မဟုတ္။ သို႔ေသာ္ ဘာလို႔မ်ား ရွုံးနိမ့္သူလို ခံစားေနရသနည္း။

**************
သူ သူမကို ထိေတြ႕ခ်င္သည္...

သူမကို ဖက္ကာ ႏူးညံ့တဲ့ ႏွုတ္ခမ္းမ်ားကို နမ္းၿပီး သူမ သူ႔ကို မ်က္ဝန္းစိုမ်ားႏွင့္ အေမာတေကာေမာ့ၾကည့္တာကို ခံခ်င္သည္။

"ငါ တကယ္ပဲ ႐ူးသြားၿပီလား"

သူ မယ္ဒီရာ့အေပၚ ျပင္းျပင္းထန္ထန္ ခံစားခ်က္ရွိေနတာကို မယုံနိုင္ေပ။ သူမ႐ူးပဲ ဒါမ်ိဳး မျဖစ္နိုင္ေပ။

သို႔ေသာ္ ယခုခ်ိန္တြင္ေတာ့ မယ္ဒီရာ့နာမည္ၾကား႐ုံမၽွႏွင့္ပင္ လိုင္လ္အာေခါင္ေတြ ေျခာက္ေသြ႕လာသည္။

သူ႔လက္ေတြထဲ သူမကိုေပြ႕ဖက္ထားခ်င္သည္။ သူမကို ပြတ္သပ္ကာ နမ္းခ်င္သည္။

"အရွင္တို႔ ေန႔လည္စာ အတူမစားခဲ့ဘူးလား" ဆစ္ခက ေျခာက္ေျခာက္ေသြ႕ေသြ႕ေမးသည္။ မယ္ဒီရာ့နာမည္က အမ္စာလုံးအစကိုပင္ သူထုတ္မေျပာေပမဲ့ ဘယ္သူ႔ကို ရည္ညႊန္းမွန္း သူတို႔ႏွစ္ေယာက္လုံး သိေလသည္။

လိုင္လ္က ေျဖခ်င္စိတ္မရွိသျဖင့္ သူ႔ေခါင္းကို တဖက္လွည့္လိုက္သည္။

လိုင္လ္ သူ႔စားပြဲေပၚက ျဖန့္ခင္းထားတဲ့ စာရြက္ေတြကို ၾကည့္ေနတုန္း ဆစ္ခ္က စိတ္ထဲတြင္ စုတ္သပ္လိုက္သည္။

ယခင္က အေျခအေနဆိုလၽွင္ ဘုရင္ရဲ့ အုံးစက္ရာႏႊဲပြဲအၿပီးတြင္ လြတ္ေျမာက္သလို ခံစားရေလ့ရွိသည္။

ဆစ္ခ္မွ အပ အျခားအမွုထမ္းမ်ားအားလုံး အိမ္ျပန္နားၿပီ ျဖစ္သည္။

"အိုး၊ ဘာလို႔လဲ။ ဘာမွားလို႔လဲ အရွင္? ဒီေန႔မနက္အစည္းအေဝးကို ေနာက္က်ေအာင္လုပ္တဲ့အေျခအေနက ဘယ္လိုျဖစ္သြားတာလဲ"

လိုင္လ္ ဘုရင္အျဖစ္ နန္းတက္ၿပီးကတည္းက စည္းေဝးပြဲကို ေနာက္က်တာ မရွိဖူးေပ။

ထိုအခ်က္ေၾကာင့္ပင္ ဘုရင္မနဲ႔ ႏွီးေႏွာပြဲေန႔ ေနာက္ရက္ ငါးနာရီတိတိေနာက္က်သည့္အေၾကာင္းက နန္းတြင္းထဲ ပ်ံ႕ေနၿပီ ျဖစ္သည္။

"မင္း စကားသိပ္မ်ားတာပဲ ဆစ္ခ္။ တျခား တင္ျပစရာ ရီပို႔ရွိေသးလား"

"မရွိေတာ့ပါဘူး အရွင္။ မေန႔ညက အလုပ္အကုန္ၿပီးတဲ့အျပင္ အရွင္ လုပ္စရာမလိုတာပါ လုပ္ခဲ့ၿပီးၿပီမလား။ ဒီလို အလုပ္က်င့္ဝတ္ေၾကာင့္ ကၽြန္ေတာ္မ်ိဳးတို႔ မင္းႀကီးက ေဝးလံေခါင္သီတဲ့ ေဒသက ၿမိဳ႕ငယ္ေတြထိ ဂ႐ုစိုက္တဲ့အျပင္ အရွင့္မ်က္စိေအာက္မွာ ဘယ္အရာမွ ဖုံးကြယ္မေနနိုင္ဘူးလို႔ သတင္းေက်ာ္ေစာပါတယ္"

"ေသာက္ေခြး"

"လြန္ခဲ့တဲ့ ရွစ္ႏွစ္လုံးလုံး ဒီတိုင္းျပည္ရဲ့ အနာတရေတြကို ကုသၿပီး ျပည္ပုပ္ေတြကို ျပဳစုခဲ့ပါတာမို႔ ေနာက္ေလးရက္ၾကာမွသာ အလုပ္သစ္ေတြ ထပ္ရွိမွာပါ အရွင္"

လိုင္လ္ စာရြက္စာတမ္းေတြကို တဖက္သို႔ တြန္းဖယ္ၿပီး သက္ျပင္းတခ်က္ခ်သည္။

"ဘာလို႔မ်ား အလုပ္ အကုန္ၿပီးေနရတာလဲ"

"ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္မ်ိဳးတို႔မွာ လူ႔အခြင့္အေရးရွိလို႔?"

ဆစ္ခ္က လိုင္လ္ သဲလြန္စရလို ရျငား ခြန္းတုံ႔ျပန္လိုက္သည္။

လိုင္လ္က ဆစ္ခ္ကို လွမ္းၾကည့္ကာ သူ႔ေခါင္းထဲ ေပၚလာတဲ့ ေပ်ာ့ေခြေနတဲ့ မယ္ဒီရာ့ပုံရိပ္ကို ေခါင္းရမ္းကာ ေျဖေဖ်ာက္လိုက္သည္။

"အရွင္ ဘာလို႔ ဧကရီ ဘုရင္မကို သြားမေတြ႕တာလဲ"

"ဘာလို႔ သြားေတြ႕ရမွာလဲ"

"အရွင္ ဘယ္သူ႔အေၾကာင္းေတြးေနမွန္း နီရဲေနတဲ့ ပါးေတြကေန ခန့္မွန္းလို႔ ရပါတယ္"

ဆစ္ခ္က အားမရွိသလို ျဖစ္ေနတဲ့ လိုင္လ့္ကို သနားစဖြယ္ၾကည့္ရင္း ေျဖသည္။

"အရွင္ ဒီအခြင့္အေရးကို အသုံးခ်သင့္ပါတယ္။ အရွင္မက မေန႔ညက အရွင္ေၾကာင့္ ပင္ပန္းခဲ့ရတာမို႔ သူမကို ႏွစ္သိမ့္မေပးသင့္ဘူးလား"

"ႏွစ္သိမ့္ေပးရမွာ ဘုရင္မ တာဝန္မဟုတ္ဘူးလား"

"ေကာလဟာလက မနက္စည္းေဝးပြဲကို ငါးနာရီ ေနာက္က်ေအာင္ အရွင္မင္းႀကီး ၾကမ္းတမ္းခဲ့တာပါ ဘုရား"

"......."

***********

လြမ္းေနၿပီလား။ ေမၽွာ္ေနတယ္ဆိုတဲ့ ကြန္မန့္ေလးေၾကာင့္ အေျပးေလး လာၿပီေနာ္။ ေနာက္ၿပီး watpad ကို ခုမွ စသုံးတာမို႔ rank က ဘယ္လိုယူလဲ မသိေပမဲ့ translation rank 10 ဆိုတာေလး ေတြ႕လိုက္လို႔ ss ရိုက္ထားတယ္။ Vote ေပးၾကတဲ့ ကြန္မန့္ေပးတဲ့လူတိုင္းကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ တကယ္လို႔မ်ား rank 1 - 5 ဝင္ခဲ့ရင္ surprise chapter ကို ပုံမွန္ update အျပင္ တင္ေပးမယ္ေနာ္။

တကယ္လို႔မ်ား စာဖတ္သူေတြ အခ်ိန္နည္းနည္းပိုရင္ အမရဲ့ own creation "တိမ္လႊာ့အျမဳေတ"ကိုလဲ ဖတ္ေပးၿပီး ေဝဖန္ေပးပါဦးေနာ္ 💙

***********

Continue Reading

You'll Also Like

280K 10.1K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
284K 7K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.6M 68.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
790K 65.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...