ဦးဥကၠာယံ အျပင္သြားသည့္အခ်ိန္တိုင္း ႏြယ္နီ႔ ကို အိမ္ႀကီးထဲပိတ္ထားေလ့႐ွိသည္။ လိုအပ္သည့္ေဝယ်ာဝတ္စေတြ ကူညီဖို႔ အေစခံအေဒၚႀကီးတစ္ေယာက္ႏွင့္ ေကာင္မေလးတစ္ေယာက္သာ႐ွိသည္။
"ႀကီးေမ ဦးယံ က ဘာလို႔ အဲ့ေယာက္်ားပ်က္မ ကိုေခၚလာျပန္တာလဲ။''
"စံပယ္ စကားကို ဆင္ျခင္ေျပာပါ။ သခင္ေလး ေခၚလာတဲ့သူမို႔ ဧည့္သည္ပဲ။ ဧည့္သည္ကို မေစာ္ကားရဘူး။''
"ဟြန္႔ စံပယ္ ကေတာ့ မေနႏိုင္ပါဘူး။ အဲ့ေယာက္်ားပ်က္ က ဦးယံ ဆီကျခဴစားေနတာ။ စံပယ္ ၾကည့္မေနႏိုင္ဘူး။''
ေဒၚတိုး လည္း သူ႔စကားနားမေထာင္တဲ့ စံပယ္ ကို ဆက္ေျပာမေနေတာ့ဘဲ၊ အိမ္အလုပ္သာ ဆက္လုပ္ေနလိုက္သည္။
ႏြယ္နီ အိမ္ထဲမွာခ်ည္း ေနေနရတာမို႔၊ အပ်င္းေျပ ခ်ည္ထိုးေလ့႐ွိသည္။ ဦးဥကၠာယံ ကလည္း ႏြယ္နီ႔ အတြက္ ခ်ည္ပစၥည္းေတြဝယ္ထားေပးသည္။
စံပယ္ က ႏြယ္နီ႔ ကို သေဘာမက်သည့္အျပင္၊ ဦးဥကၠာယံ က ႏြယ္နီ႔ အတြက္ ပစၥည္းေတြဝယ္လာေပးရင္လည္း မေက်နပ္။
"ႀကီးေမ ဒီထဲက ႏြယ္နီ႔ ခ်ည္လံုးေတြနဲ႔ ထိုးလက္စ လည္ပတ္ေလးေရာ။''
ဘီ႐ို က အျမင့္မွာ႐ွိတာမို႔ ႏြယ္နီ ခုံခုကာ လွမ္းယူရသည္။ သို႔ေသာ္ ဘီ႐ို ထဲ မည္သည့္ခ်ည္လံုးမွ႐ွိမေန။ ေဒၚတိုး သန္႔႐ွင္းေရစလုပ္ရင္း ေျပာင္းလိုက္သည္ထင္၍ လွမ္းေမးသည္။
"ဟယ္ မ႐ွိဘူးလား။ ႀကီးေမ ဘယ္မွမထားမိပါဘူး။''
ေဒၚတိုး က မီးဖိုေခ်ာင္သန္႔႐ွင္းေရးလုပ္ရင္း ေအာ္ေျပာသည္။ ႏြယ္နီ လည္း ခုန္ေပၚက မဆင္းေသးဘဲ၊ ထပ္႐ွၾကည့္ေသးသည္။ သို႔ေသာ္ ခ်ည္လံုးႏွင့္တူသည့္ မည္သည့္အရာမွ႐ွိမေန။
"ဘယ္ေရာက္သြားတာပါလိမ့္။ အန္ကယ္ယံ အတြက္ လည္စည္းထိုးေပးေနတာကို။''
စံပယ္ က ဧည့္ခန္းထဲဝင္လာရင္း ခုန္ေပၚတက္ကာ ဗီ႐ိုထဲက ပစၥည္းေတြ႐ွာေနတဲ့ ႏြယ္နီ႔ ကို ျမင္ေတာ့ ဆိုးယုတ္တဲ့အေတြးအခ်ိဳ႕ေတြးမိသြားသည္။ မသိမသာ ႏြယ္နီ႔ ကိုယ္ကိုဝင္တိုက္သည္။
ခုန္ေပၚ ေျခဖ်ားေထာက္ကာ ရပ္ေနတဲ့ ႏြယ္နီ က အ႐ွိန္မထိန္းႏိုင္ေတာ့ဘဲ၊ ျပဳတ္က်သြားကာ ဘယ္ဘက္ကိုယ္တစ္ျခမ္းလံုး ၾကမ္းျပင္နဲ႔႐ိုက္မိသြားသည္။
"ဘယ္လိုလဲ။ ခ်ည္လံုး႐ွာေတြ႔ရဲ႕လား။ မေတြ႔ဘူးမလား၊ ငါ လႊတ္ပစ္လိုက္ၿပီေလ။ ဘာလဲ နင့္ရဲ႕ညစ္ပတ္တဲ့လက္ေတြနဲ႔ထိုးထားတဲ့ မသန္႔႐ွင္းတဲ့ လက္ေဆာင္ကို ဦးယံ ကလိုခ်င္မယ္လို႔ ထင္ေနတာလား။ ငါက ဦးယံ အေၾကာင္းသလို႔ ႀကိဳလႊတ္ပစ္ေပးလိုက္တာ။''
ႏြယ္နီ နာက်င္မႈေၾကာင့္ ၾကမ္းျပင္ကမထႏိုင္။ အေပၚစီးကေန ေလွာင္ေျပာင္ ေနတဲ့ စံပယ္ ရဲ႕ ခပ္ေထ့ေထ့စကားေတြကိုသာ နားေထာင္ေနရသည္။
"ဟယ္ ႏြယ္နီ။ စံပယ္ ဘယ္လိုလုပ္လိုက္တာလဲ။''
ေဒၚတိုး က ၾကမ္းျပင္ေပၚလဲက်ေနတဲ့ ႏြယ္နီ႔ ကို ကူညီေဖးမကာထူေပးလိုက္သည္။
"စံပယ္ ဘာမွမလုပ္ဘူး။ သူ႔ထိုက္နဲ႔သူ႔ကံခံရတာ။''
ေဒၚတိုး က ႏြယ္နီ႔ ကို ဆိုဖာေပၚမွာထိုင္လို႔ရေအာင္ ကူညီေပးလိုက္သည္။
"ဒီ စံပယ္ ဆိုတဲ့ ကေလးမေလးနဲ႔ေတာ့ မျဖစ္ေတာ့ပါဘူး။ ႀကီးေမ သခင္ေလးကိုျပန္ေျပာၿပီး ဆူခိုင္းရမယ္။''
"မလုပ္ပါနဲ႔ ႀကီးေမရယ္။ ႏြယ္နီ စံပယ့္ေၾကာင့္ သာ ကိုယ့္ဘဝကိုယ္ျပန္သတိရသြားတာပါ။ စံပယ့္ ကိုေက်းဇူးေတာင္တင္ရအံုးမယ္။''
"ဟူး ႏြယ္နီ ရယ္။''
ႏြယ္နီ႔ ရဲ႕ မတိုင္လိုက္ပါနဲ႔ေနာ္ ဆိုသည့္ အသနားခံအၾကည့္ေတြမွာ ေဒၚတိုး ေခါင္းညိမ့္လိုက္ရၿပီး သက္ျပင္းသာခ်မိသည္။
...
ဒီေန႔ အိမ္ျပန္လာခ်ိန္ ႏြယ္နီ က ထိုင္ေစာင့္မေနတဲ့အျပင္ ခ်ည္ထိုးသည္ကိုလည္း မျမင္ရသည္မို႔၊ ဦးဥကၠာယံ စိတ္မတင္မက်ျဖစ္သြားသည္။
ႏြယ္နီ က မနက္ကနာက်င္မႈေၾကာင့္ တစ္ကိုယ္လုံး မလႈပ္ႏိုင္ျဖစ္ေနကာ အိပ္ရာေပၚမွာ လွဲရင္းအနားယူေနရသည္။
"ညီ မင္းဒီေန႔ ဘာေၾကာင့္ ကိုယ့္ကိုေစာင့္မေနတာလဲ။ ထိုးလက္စ လည္စည္းဆိုတာေရာ ဆက္မထိုးေတာ့ဘူးလား။''
"ႏြယ္နီ ဒီေန႔ ေနလို႔ထိုင္လို႔မေကာင္းလို႔ပါ။ လည္စည္း က.... ႏြယ္နီ လႊတ္ပစ္လိုက္ၿပီ။''
လႊတ္ပစ္လိုက္ၿပီဆိုသည့္ စကားမွာ ဦးဥကၠာယံ ေဒါသထြက္သြားသည္။ ႏြယ္နီ႔ ပခံုးႏွစ္ဖက္ကို တင္းတင္းၾကပ္ၾကပ္ဆုတ္ကိုင္ကာ အားနည္းနာက်င္ေနတဲ့ ႏြယ္နီ႔ ကိုယ္ေလးကို လႈပ္ရမ္းလိုက္သည္။
"ညီသုတ မင္းမွန္မွန္ေျပာစမ္း။ ဘယ္ေကာင့္ကိုေပးလိုက္တာလဲ။ ငါဝယ္ေပးထားတဲ့ခ်ည္ေတြကိုသံုးၿပီး အျခားေကာင္ကိုေပးပစ္လိုက္တယ္ေပါ့။''
ဦးဥကၠာယံ က ႏြယ္နီ႔ ကို ခုတင္ေပၚ ျပန္လည္ ပစ္ခ်လိုက္သည္။
"ညီသုတ မင္းသတၱိအေတာ္ေကာင္းေနတယ္ေပါ့။ မင္းလႊတ္ပစ္လိုက္တယ္ဆိုလည္း သြား အမိႈက္ပံုကျပန္ေကာက္ခဲ့။ အဲ့တာအလကားရတာမဟုတ္ဘူးကြ။ မင္းလႊတ္ပစ္ခ်င္တိုင္း လႊတ္ပစ္ရေအာင္ မင္းလိုေယာက္်ားတကာနဲ႔အိပ္ၿပီး ရလာတဲ့ပိုက္ဆံနဲ႔ဝယ္ထားတယ္ထင္ေနတာလား။''
ဦးဥကၠာယံ က ႏြယ္နီ႔ လက္ေမာင္းကိုဆြဲကာ အိမ္ထဲက ထြက္လာသည္။ ဦးဥကၠာယံ ဆြဲေခၚသည့္ေနာက္လိုက္လာရတဲ့ ႏြယ္နီ က ေျခလွမ္းေတြ ေပ်ာ့ေခြယိုင္ေနကာ အႀကိမ္ႀကိမ္လဲက်လ်က္႐ွိသည္။
ျခံတံခါးေ႐ွ႕ ႏြယ္နီ႔ ကို အားနဲ႔ ပစ္ထုတ္လိုက္ကာ တံခါးပိတ္လိုက္သည္။
"ျပန္မရမခ်င္း အိမ္ျပန္မလာနဲ႔။''
အထက္စီးဆန္တဲ့ ခပ္စူးစူးအၾကည့္ေတြက သိပ္ေၾကာက္ဖို႔ေကာင္းေနသလို ႏြယ္နီ႔ ရင္ထဲဆူးေတြစိုက္ေနသလိုပင္။
ဦးဥကၠာယံ ပစ္ထုတ္လိုက္သည့္ပံုစံအတိုင္း လဲက်ေနကာ ႏြယ္နီ လမ္းမေပၚ ကေန အေတာ္ၾကာသည့္အခ်ိန္အထိ မထႏိုင္။
ဒီတိုင္း သတ္ပစ္လိုက္တာမွေကာင္းအံုးမည္ ဟု ႏြယ္နီ ေတြးမိၿပီး မ်က္ရည္ေတြ တလိမ္လိမ့္စီးက်လာသည္။ မညီညာတဲ့ေျမျပင္ေၾကာင့္ ေျခေထာက္ ဒူးေခါင္း လက္ဖဝါးနဲ႔ တံေတာင္ေတြမွာ ပြန္းပဲ့ရာေတြႏွင့္။
ဖိနပ္ေတာင္မပါဘဲ ေျခဗလာႏွင့္ျဖစ္သည္။ ယခု သူ႔ပံုစံက သိပ္သနားဖို႔ေကာင္းလြန္းေနသည္။ ေယာက္်ားပ်က္တစ္ေယာက္ရဲ႕ ခုလိုပံုစံက သိပ္ကိုရြံစရာေကာင္းသလို သိပ္ကိုစိတ္ပ်က္ဖို႔ေကာင္းေနလြန္းသည္။
ေယာက္်ားတကာနဲ႔ အိပ္ေနသည့္ သူက တန္ဖိုးမဲ့လြန္းၿပီး ညစ္ပတ္သည့္ အ႐ုပ္ေလးႏွင့္တူေနသည္။ မည္သူမွမလိုခ်င္၊ မည္သူမွေဆးေၾကာေပးဖို႔လည္း ဆနၵမ႐ွိ။
ေျခတစ္လွမ္းခ်င္းစီ မနည္းအားျပဳေလ်ွာက္ေနရသည္။ ေခါင္းထဲ တစ္ခုခ်င္းစီ တိုးဝင္လာတဲ့အေတြးေတြက သူ႔ႏွလံုးသားကို ဆုတ္ျဖဲပစ္ေနသည္။ တန္ဖိုးမဲ့တဲ့သူက မည္သူ႔အတြက္မွ တန္ဖိုးမ႐ွိ။
သူလႊတ္ပစ္လိုက္သည္ မဟုတ္သည့္အရာကို ျပန္႐ွာဖို႔ မည္သည့္ေနရာက စရမည္မွန္းမသိ။ ေယာင္လည္လည္ ေယာင္ဝါးဝါးႏွင့္သာ အားမ႐ွိတဲ့ ေျခလွမ္းေတြတစ္လွမ္းၿပီးတစ္လွမ္း ဆက္ေလ်ွာက္ေနမိသည္။
"ေဟာ ဒီမ်က္ႏွာေလး ေတြ႔ဖူးပါတယ္မွတ္တာ။ ႏြယ္နီ ေလးမလား။''
ညအေမွာင္ယံ ႀကီးစိုးလာသည္ႏွင့္အတူ လမ္းမေပၚ လူသြားနည္းလာလ်က္႐ွိၿပီး လူရမ္းကားေတြထြက္လာသည္။
"ဘယ္သြားမလို႔လဲ။ ႏြယ္နီ ေလး။ ကိုယ္လိုက္ပို႔ေပးမယ္ေလ။ ႏြယ္နီ ေလး ကေစ်းျမင့္လြန္းလို႔ ကိုယ့္မွာမတတ္ႏိုင္႐ွာဘူးရယ္။ ကိုယ္က ႏြယ္နီ ေလး ကိုစေတြ႔တည္းက သေဘာက်ေနမိတာ။''
ထိုလူ႔လက္ေတြ က ပိုင္စိုးပိုင္နင္း ႏြယ္နီ႔ ပခံုးကိုက်ဴးေက်ာ္လို႔လာသည္။
"မထိပါနဲ႔ ႐ွင္။''
"ေဟာ ႏြယ္နီ ေလး ကျငင္းတာလား။ မစိုးရိမ္ပါနဲ႔ ။ ကိုယ္ကပိုက္ဆံအမ်ားႀကီးမေပးႏိုင္ေပမယ့္၊ အိပ္ရာခေတာ့ေပးမွာပါ။''
ႏြယ္နီ ျငင္းေနေပမယ့္ သူ႔တစ္ကိုယ္လံုး နာက်င္ေနကာ အင္အားနည္းသည္ထက္နည္းလာသည္။ ေျခေထာက္ေတြက ေခြယိုင္ကာ လဲက်သြားသည္။
႐ုတ္တရက္ ရင္ခြင္က်ယ္ႀကီးထဲ ဆြဲသြင္းခံလိုက္ရၿပီး ေလေပၚေျမာက္သြားသလို ေပြ႔ခ်ီခံလိုက္ရသည္။
"ေတာင္းပန္ပါတယ္ ဗ်။ ေတာင္းပန္ပါတယ္။''
လူရမ္းကား ရဲ႕ ထပ္ကာထပ္ကာ ေတာင္းပန္သံက ခပ္ေဝးေဝးကိုထြက္သြားသည္။ ႏြယ္နီ ေမာ့ၾကည့္လိုက္ၿပီး အခ်ိဳးက်တဲ့ ႏွာတံ ျမင့္ျမင့္နဲ႔အတူ အထက္စီးဆန္တဲ့ ႏႈတ္ခမ္းပါးခပ္ထူထူတစ္စံုကိုေတြ႔လိုက္ရသည္။
"ရြံဖို႔ေကာင္းတယ္။ တန္ဖိုးမ႐ွိဘူး။''
ဟုတ္ပါသည္။ သူက ရြံစရာတန္ဖိုးမဲ့တဲ့ ေယာက္်ားပ်က္တစ္ေယာက္သာျဖစ္သည္။ ႏြယ္နီ အသိစိတ္အစံု လြတ္ေျမာက္လြင့္ေမ်ာသြားေတာ့သည္။
.........
Unnicode
ဦးဥက္ကာယံ အပြင်သွားသည့်အချိန်တိုင်း နွယ်နီ့ ကို အိမ်ကြီးထဲပိတ်ထားလေ့ရှိသည်။ လိုအပ်သည့်ဝေယျာဝတ်စတွေ ကူညီဖို့ အစေခံအဒေါ်ကြီးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်သာရှိသည်။
"ကြီးမေ ဦးယံ က ဘာလို့ အဲ့ယောက်ျားပျက်မ ကိုခေါ်လာပြန်တာလဲ။''
"စံပယ် စကားကို ဆင်ခြင်ပြောပါ။ သခင်လေး ခေါ်လာတဲ့သူမို့ ဧည့်သည်ပဲ။ ဧည့်သည်ကို မစော်ကားရဘူး။''
"ဟွန့် စံပယ် ကတော့ မနေနိုင်ပါဘူး။ အဲ့ယောက်ျားပျက် က ဦးယံ ဆီကခြူစားနေတာ။ စံပယ် ကြည့်မနေနိုင်ဘူး။''
ဒေါ်တိုး လည်း သူ့စကားနားမထောင်တဲ့ စံပယ် ကို ဆက်ပြောမနေတော့ဘဲ၊ အိမ်အလုပ်သာ ဆက်လုပ်နေလိုက်သည်။
နွယ်နီ အိမ်ထဲမှာချည်း နေနေရတာမို့၊ အပျင်းပြေ ချည်ထိုးလေ့ရှိသည်။ ဦးဥက္ကာယံ ကလည်း နွယ်နီ့ အတွက် ချည်ပစ္စည်းတွေဝယ်ထားပေးသည်။
စံပယ် က နွယ်နီ့ ကို သဘောမကျသည့်အပြင်၊ ဦးဥက္ကာယံ က နွယ်နီ့ အတွက် ပစ္စည်းတွေဝယ်လာပေးရင်လည်း မကျေနပ်။
"ကြီးမေ ဒီထဲက နွယ်နီ့ ချည်လုံးတွေနဲ့ ထိုးလက်စ လည်ပတ်လေးရော။''
ဘီရို က အမြင့်မှာရှိတာမို့ နွယ်နီ ခုံခုကာ လှမ်းယူရသည်။ သို့သော် ဘီရို ထဲ မည်သည့်ချည်လုံးမှရှိမနေ။ ဒေါ်တိုး သန့်ရှင်းရေစလုပ်ရင်း ပြောင်းလိုက်သည်ထင်၍ လှမ်းမေးသည်။
"ဟယ် မရှိဘူးလား။ ကြီးမေ ဘယ်မှမထားမိပါဘူး။''
ဒေါ်တိုး က မီးဖိုချောင်သန့်ရှင်းရေးလုပ်ရင်း အော်ပြောသည်။ နွယ်နီ လည်း ခုန်ပေါ်က မဆင်းသေးဘဲ၊ ထပ်ရှကြည့်သေးသည်။ သို့သော် ချည်လုံးနှင့်တူသည့် မည်သည့်အရာမှရှိမနေ။
"ဘယ်ရောက်သွားတာပါလိမ့်။ အန်ကယ်ယံ အတွက် လည်စည်းထိုးပေးနေတာကို။''
စံပယ် က ဧည့်ခန်းထဲဝင်လာရင်း ခုန်ပေါ်တက်ကာ ဗီရိုထဲက ပစ္စည်းတွေရှာနေတဲ့ နွယ်နီ့ ကို မြင်တော့ ဆိုးယုတ်တဲ့အတွေးအချို့တွေးမိသွားသည်။ မသိမသာ နွယ်နီ့ ကိုယ်ကိုဝင်တိုက်သည်။
ခုန်ပေါ် ခြေဖျားထောက်ကာ ရပ်နေတဲ့ နွယ်နီ က အရှိန်မထိန်းနိုင်တော့ဘဲ၊ ပြုတ်ကျသွားကာ ဘယ်ဘက်ကိုယ်တစ်ခြမ်းလုံး ကြမ်းပြင်နဲ့ရိုက်မိသွားသည်။
"ဘယ်လိုလဲ။ ချည်လုံးရှာတွေ့ရဲ့လား။ မတွေ့ဘူးမလား၊ ငါ လွှတ်ပစ်လိုက်ပြီလေ။ ဘာလဲ နင့်ရဲ့ညစ်ပတ်တဲ့လက်တွေနဲ့ထိုးထားတဲ့ မသန့်ရှင်းတဲ့ လက်ဆောင်ကို ဦးယံ ကလိုချင်မယ်လို့ ထင်နေတာလား။ ငါက ဦးယံ အကြောင်းသလို့ ကြိုလွှတ်ပစ်ပေးလိုက်တာ။''
နွယ်နီ နာကျင်မှုကြောင့် ကြမ်းပြင်ကမထနိုင်။ အပေါ်စီးကနေ လှောင်ပြောင် နေတဲ့ စံပယ် ရဲ့ ခပ်ထေ့ထေ့စကားတွေကိုသာ နားထောင်နေရသည်။
"ဟယ် နွယ်နီ။ စံပယ် ဘယ်လိုလုပ်လိုက်တာလဲ။''
ဒေါ်တိုး က ကြမ်းပြင်ပေါ်လဲကျနေတဲ့ နွယ်နီ့ ကို ကူညီဖေးမကာထူပေးလိုက်သည်။
"စံပယ် ဘာမှမလုပ်ဘူး။ သူ့ထိုက်နဲ့သူ့ကံခံရတာ။''
ဒေါ်တိုး က နွယ်နီ့ ကို ဆိုဖာပေါ်မှာထိုင်လို့ရအောင် ကူညီပေးလိုက်သည်။
"ဒီ စံပယ် ဆိုတဲ့ ကလေးမလေးနဲ့တော့ မဖြစ်တော့ပါဘူး။ ကြီးမေ သခင်လေးကိုပြန်ပြောပြီး ဆူခိုင်းရမယ်။''
"မလုပ်ပါနဲ့ ကြီးမေရယ်။ နွယ်နီ စံပယ့်ကြောင့် သာ ကိုယ့်ဘဝကိုယ်ပြန်သတိရသွားတာပါ။ စံပယ့် ကိုကျေးဇူးတောင်တင်ရအုံးမယ်။''
"ဟူး နွယ်နီ ရယ်။''
နွယ်နီ့ ရဲ့ မတိုင်လိုက်ပါနဲ့နော် ဆိုသည့် အသနားခံအကြည့်တွေမှာ ဒေါ်တိုး ခေါင်းညိမ့်လိုက်ရပြီး သက်ပြင်းသာချမိသည်။
...
ဒီနေ့ အိမ်ပြန်လာချိန် နွယ်နီ က ထိုင်စောင့်မနေတဲ့အပြင် ချည်ထိုးသည်ကိုလည်း မမြင်ရသည်မို့၊ ဦးဥက္ကာယံ စိတ်မတင်မကျဖြစ်သွားသည်။
နွယ်နီ က မနက်ကနာကျင်မှုကြောင့် တစ်ကိုယ်လုံး မလှုပ်နိုင်ဖြစ်နေကာ အိပ်ရာပေါ်မှာ လှဲရင်းအနားယူနေရသည်။
"ညီ မင်းဒီနေ့ ဘာကြောင့် ကိုယ့်ကိုစောင့်မနေတာလဲ။ ထိုးလက်စ လည်စည်းဆိုတာရော ဆက်မထိုးတော့ဘူးလား။''
"နွယ်နီ ဒီနေ့ နေလို့ထိုင်လို့မကောင်းလို့ပါ။ လည်စည်း က.... နွယ်နီ လွှတ်ပစ်လိုက်ပြီ။''
လွှတ်ပစ်လိုက်ပြီဆိုသည့် စကားမှာ ဦးဥက္ကာယံ ဒေါသထွက်သွားသည်။ နွယ်နီ့ ပခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ကာ အားနည်းနာကျင်နေတဲ့ နွယ်နီ့ ကိုယ်လေးကို လှုပ်ရမ်းလိုက်သည်။
"ညီသုတ မင်းမှန်မှန်ပြောစမ်း။ ဘယ်ကောင့်ကိုပေးလိုက်တာလဲ။ ငါဝယ်ပေးထားတဲ့ချည်တွေကိုသုံးပြီး အခြားကောင်ကိုပေးပစ်လိုက်တယ်ပေါ့။''
ဦးဥက္ကာယံ က နွယ်နီ့ ကို ခုတင်ပေါ် ပြန်လည် ပစ်ချလိုက်သည်။
"ညီသုတ မင်းသတ္တိအတော်ကောင်းနေတယ်ပေါ့။ မင်းလွှတ်ပစ်လိုက်တယ်ဆိုလည်း သွား အမှိုက်ပုံကပြန်ကောက်ခဲ့။ အဲ့တာအလကားရတာမဟုတ်ဘူးကွ။ မင်းလွှတ်ပစ်ချင်တိုင်း လွှတ်ပစ်ရအောင် မင်းလိုယောက်ျားတကာနဲ့အိပ်ပြီး ရလာတဲ့ပိုက်ဆံနဲ့ဝယ်ထားတယ်ထင်နေတာလား။''
ဦးဥက္ကာယံ က နွယ်နီ့ လက်မောင်းကိုဆွဲကာ အိမ်ထဲက ထွက်လာသည်။ ဦးဥက္ကာယံ ဆွဲခေါ်သည့်နောက်လိုက်လာရတဲ့ နွယ်နီ က ခြေလှမ်းတွေ ပျော့ခွေယိုင်နေကာ အကြိမ်ကြိမ်လဲကျလျက်ရှိသည်။
ခြံတံခါးရှေ့ နွယ်နီ့ ကို အားနဲ့ ပစ်ထုတ်လိုက်ကာ တံခါးပိတ်လိုက်သည်။
"ပြန်မရမချင်း အိမ်ပြန်မလာနဲ့။''
အထက်စီးဆန်တဲ့ ခပ်စူးစူးအကြည့်တွေက သိပ်ကြောက်ဖို့ကောင်းနေသလို နွယ်နီ့ ရင်ထဲဆူးတွေစိုက်နေသလိုပင်။
ဦးဥက္ကာယံ ပစ်ထုတ်လိုက်သည့်ပုံစံအတိုင်း လဲကျနေကာ နွယ်နီ လမ်းမပေါ် ကနေ အတော်ကြာသည့်အချိန်အထိ မထနိုင်။
ဒီတိုင်း သတ်ပစ်လိုက်တာမှကောင်းအုံးမည် ဟု နွယ်နီ တွေးမိပြီး မျက်ရည်တွေ တလိမ်လိမ့်စီးကျလာသည်။ မညီညာတဲ့မြေပြင်ကြောင့် ခြေထောက် ဒူးခေါင်း လက်ဖဝါးနဲ့ တံတောင်တွေမှာ ပွန်းပဲ့ရာတွေနှင့်။
ဖိနပ်တောင်မပါဘဲ ခြေဗလာနှင့်ဖြစ်သည်။ ယခု သူ့ပုံစံက သိပ်သနားဖို့ကောင်းလွန်းနေသည်။ ယောက်ျားပျက်တစ်ယောက်ရဲ့ ခုလိုပုံစံက သိပ်ကိုရွံစရာကောင်းသလို သိပ်ကိုစိတ်ပျက်ဖို့ကောင်းနေလွန်းသည်။
ယောက်ျားတကာနဲ့ အိပ်နေသည့် သူက တန်ဖိုးမဲ့လွန်းပြီး ညစ်ပတ်သည့် အရုပ်လေးနှင့်တူနေသည်။ မည်သူမှမလိုချင်၊ မည်သူမှဆေးကြောပေးဖို့လည်း ဆန္ဒမရှိ။
ခြေတစ်လှမ်းချင်းစီ မနည်းအားပြုလျှောက်နေရသည်။ ခေါင်းထဲ တစ်ခုချင်းစီ တိုးဝင်လာတဲ့အတွေးတွေက သူ့နှလုံးသားကို ဆုတ်ဖြဲပစ်နေသည်။ တန်ဖိုးမဲ့တဲ့သူက မည်သူ့အတွက်မှ တန်ဖိုးမရှိ။
သူလွှတ်ပစ်လိုက်သည် မဟုတ်သည့်အရာကို ပြန်ရှာဖို့ မည်သည့်နေရာက စရမည်မှန်းမသိ။ ယောင်လည်လည် ယောင်ဝါးဝါးနှင့်သာ အားမရှိတဲ့ ခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်း ဆက်လျှောက်နေမိသည်။
"ဟော ဒီမျက်နှာလေး တွေ့ဖူးပါတယ်မှတ်တာ။ နွယ်နီ လေးမလား။''
ညအမှောင်ယံ ကြီးစိုးလာသည်နှင့်အတူ လမ်းမပေါ် လူသွားနည်းလာလျက်ရှိပြီး လူရမ်းကားတွေထွက်လာသည်။
"ဘယ်သွားမလို့လဲ။ နွယ်နီ လေး။ ကိုယ်လိုက်ပို့ပေးမယ်လေ။ နွယ်နီ လေး ကဈေးမြင့်လွန်းလို့ ကိုယ့်မှာမတတ်နိုင်ရှာဘူးရယ်။ ကိုယ်က နွယ်နီ လေး ကိုစတွေ့တည်းက သဘောကျနေမိတာ။''
ထိုလူ့လက်တွေ က ပိုင်စိုးပိုင်နင်း နွယ်နီ့ ပခုံးကိုကျူးကျော်လို့လာသည်။
"မထိပါနဲ့ ရှင်။''
"ဟော နွယ်နီ လေး ကငြင်းတာလား။ မစိုးရိမ်ပါနဲ့ ။ ကိုယ်ကပိုက်ဆံအများကြီးမပေးနိုင်ပေမယ့်၊ အိပ်ရာခတော့ပေးမှာပါ။''
နွယ်နီ ငြင်းနေပေမယ့် သူ့တစ်ကိုယ်လုံး နာကျင်နေကာ အင်အားနည်းသည်ထက်နည်းလာသည်။ ခြေထောက်တွေက ခွေယိုင်ကာ လဲကျသွားသည်။
ရုတ်တရက် ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းခံလိုက်ရပြီး လေပေါ်မြောက်သွားသလို ပွေ့ချီခံလိုက်ရသည်။
"တောင်းပန်ပါတယ် ဗျ။ တောင်းပန်ပါတယ်။''
လူရမ်းကား ရဲ့ ထပ်ကာထပ်ကာ တောင်းပန်သံက ခပ်ဝေးဝေးကိုထွက်သွားသည်။ နွယ်နီ မော့ကြည့်လိုက်ပြီး အချိုးကျတဲ့ နှာတံ မြင့်မြင့်နဲ့အတူ အထက်စီးဆန်တဲ့ နှုတ်ခမ်းပါးခပ်ထူထူတစ်စုံကိုတွေ့လိုက်ရသည်။
"ရွံဖို့ကောင်းတယ်။ တန်ဖိုးမရှိဘူး။''
ဟုတ်ပါသည်။ သူက ရွံစရာတန်ဖိုးမဲ့တဲ့ ယောက်ျားပျက်တစ်ယောက်သာဖြစ်သည်။ နွယ်နီ အသိစိတ်အစုံ လွတ်မြောက်လွင့်မျောသွားတော့သည်။
.........