သက်ထားThetthtar(Complete)

由 Sweetie_Milk_Pudding

70.6K 5.2K 519

!BL! 1990ခုႏွစ္ မိန္းကေလးအဝတ္အစားဝတ္ၿပီး ေယာက္်ားပ်က္တစ္ေယာက္အေနနဲ႔အသက္ေမြးရတဲ့ သက္ထား ဆိုသူေကာင္ေလးကို စီးပြ... 更多

Part 1♥
Part 2 ♥
Part 3♥
Part 5♥
Part 6♥
Part 7♥
Part 8♥
Part 9♥
Part 10♥
Part 11♥
Part 12♥
Part 13♥
Part 14♥
Part 15♥
Part 16♥
Part 17♥
Part 18♥
Part 19♥
Part 20 ♥
Part 21♥
Part 22♥
Part 23♥
Part 24♥
Part 25♥
Part 26♥
Part 27♥
Part 28♥
Part 29♥
Part 30♥(Final)
Extra♥
Questions & Answers

Part 4♥

2.4K 208 9
由 Sweetie_Milk_Pudding

ကိုေမာင္ ေန႔စဥ္လုပ္ငန္းတစ္ခုလိုျဖစ္ေနသည့္ ခေရပန္းသီျခင္း ကိုစတင္လုပ္ကိုင္ေနသည္။ သက္ထား ရဲ႕ ေခါင္းမွာ ခေရပန္းကံုးေလး ပန္ဆင္ထားသည္ကို ကိုေမာင္ သေဘာက်သည္။

သူ႔လက္နဲ႔ကိုယ္တိုင္ သီကာပန္ေပးရသည့္ ခေရကံုးေလးဆိုပိုလို႔သေဘာက်သည္။

"ကိုေမာင္။''

"ေဟာ သက္ထား ေရာက္လာၿပီလား။ ကိုယ္ ပန္းသီလို႔ၿပီးၿပီ။''

သက္ထား မ်က္ႏွာက အားနာေနဟန္။ စိတ္မေကာင္းျဖစ္ေနသည္။

"ကိုေမာင္ ရယ္။ ဘာေၾကာင့္မ်ား သက္ထား အတြက္ေန႔တိုင္းပန္းသီေပးေနရတာလဲ။''

"ကိုယ္ သက္ထား ကို ပန္ေစခ်င္လို႔ပါ။''

"ကိုေမာင္ ရယ္။ သက္ထား ကိုေမာင့္ ကို အားနာလွတယ္။ ကိုေမာင္ က တကယ္ကိုေကာင္းမြန္တဲ့ လူတစ္ေယာက္ပါ။ သက္ထား လို ေယာက္်ားပ်က္တစ္ေယာက္အတြက္နဲ႔ အခ်ိန္ကုန္ခံမေနသင့္ပါဘူး။''

ကိုေမာင္ က သက္ထား ရဲ႕ဆံထံုးေပၚ ပန္းကံုးေလးပန္ဆင္ေပးလိုက္ၿပီး သက္ထား ရဲ႕ ေအာက္ငံု႔ေနတဲ့ မ်က္ႏွာေလးကို ညင္သာစြာပင့္တင္လိုက္သည္။

"သက္ထား ရယ္ ဘာလို႔မ်ား အဲ့ဒီ နားဝင္မခ်ိဳတဲ့စကားလံုးႀကီးကို ခနခနသံုးေနရတာလဲကြယ္။ လူတိုင္းမွာ တန္ဖိုးကိုယ္စီနဲ႔ပါ။ ဘယ္သူနိမ့္တယ္ ဘယ္သူျမင့္တယ္ရယ္လို႔ မ႐ွိပါဘူး။''

သက္ထား က သူ႔ေမးဖ်ားကို ကိုင္ေဆာင္ထားတဲ့ ကိုေမာင့္ လက္ကို ျပန္လည္လႊတ္ခ်ေစၿပီး မ်က္ႏွာလႊဲကာ တိုးညင္းတဲ့အသံေလးနဲ႔ေျပာေလသည္။

"သက္ထား က ကိုေမာင္ ေပးတဲ့ၾကင္နာမႈေတြနဲ႔ မထိုက္တန္ပါဘူး ကိုေမာင္ရယ္။ မထိုက္တန္ပါဘူး။''

"ထိုက္တန္တယ္ မထိုက္တန္ဘူးဆိုတာက ေပးတဲ့သူကပဲ ဆံုးျဖတ္လို႔ရတယ္ သက္ထား ရဲ႕။ သက္ထား က ကိုေမာင္ ေပးေနတဲ့ၾကင္နာမႈေတြထက္ အဆတစ္ရာမက ထိုက္တန္ပာတယ္ သက္ထား ရဲ႕။''

သက္ထား မ်က္ရည္စေတြ စိုစြတ္လာခဲ့သည္။ သူ႔ရင္ဘတ္ထဲ တင္းၾကပ္မႈေတြက ပိုတင္းၾကပ္လာသလို။ သူသာမိန္းမတစ္ေယာက္ျဖစ္ခဲ့ရင္ေသာ္ ထိုဘဝမ်ိဳးႏွင့္ ကိုေမာင္ နဲ႔ နီးစပ္ႏိုင္လိမ့္အံုးမည္မဟုတ္။ ေယာက္်ားေကာင္းတစ္ေယာက္ျဖစ္ခဲ့ေသာ္လည္း အေျခာက္သာသာ သာျဖစ္လာမည္။

မည္သည့္႐ႈေထာင့္မွၾကည့္ၾကည့္ ကိုေမာင္ ဆိုသည့္လူက သူ႔အတြက္ ေမြးဖြားလာျခင္းမ်ိဳးမဟုတ္ခဲ့။ ေကာင္းကင္ေပၚကလမင္းႀကီး မရႏိုင္သည္ကိုသိလ်က္ႏွင့္ ငိုေႂကြးပူဆာေနသည့္ မိုက္မဲေသာ ကေလးႏွင့္သာ တူသည္။

"ကိုေမာင္ ရယ္။ သက္ထား ကို တစ္ညတာေပ်ာ္ရႊင္မႈအတြက္သာ အသံုးခ်လိုက္ပါေတာ့လားကြယ္။''

ထိုကဲ့သို႔ဆို သက္ထား နာက်င္ခံစားရမႈသက္သာေပအံုးမည္။ ကိုေမာင္ သူ႔ကိုကိုဂ႐ုစိုက္လာေလ၊ သူပိုေၾကာင္လာေလျဖစ္သည္။ တစ္ေန႔ သူ႔အညစ္အစြန္းေတြက ကိုေမာင့္ ကိုေပစြန္းသြားမည္ကို စိုးရိမ္သည္။

တစ္ခ်ိန္တည္းမွာပဲ ဦးေႏွာက္က အတန္တန္တားျမစ္ေနသည့္ၾကားက ႏွလံုးသားက ထိုျပဳစုယုယမႈေတြအေပၚ သာယာေနမိသည္။ သူ႔အျဖစ္က ႐ုန္းေလနစ္ေလ ရႊ႔ံႏြံထဲ က်ေရာက္ေနသည့္ ပံုပင္။

ကိုေမာင္ က နာက်င္စြာ ငိုေႂကြးေနတဲ့ သက္ထား ကို ရင္ခြင္ထဲဆြဲသြင္းကာ ထြက္မသြားေအာင္ ခပ္တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္လို႔ထားသည္။

"သက္ထား ရယ္။ ကိုယ္ သက္ထား ကိုခ်စ္တာ တစ္ညတာအတြက္ပဲမွမဟုတ္တာကြယ္။''
....

အိမ္ျပန္ေရာက္ခ်ိန္ မ်က္ရည္စေတြသုတ္ထားေကမယ့္ ငိုထားတဲ့အ႐ွိန္ေၾကာင့္ မ်က္လံုးေလးေတြ နီရဲေဖာင္းမို႔လို႔ေနသည္။

"သက္ထား အေဖ သားကိုေျပာစရာ႐ွိတယ္။''

႐ုတ္တရက္ႀကီး အေဖက အိမ္ကိုေရာက္လာတာေၾကာင့္ သက္ထား လန္႔သြားေပမယ့္ အတတ္ႏိုင္ဆံုး စိတ္တည္ၿငိမ္ေအာင္ျပန္ထိန္းလိုက္သည္။

"ဟုတ္ အေဖ။''

သက္ထား အေဖ့ေ႐ွ႕ကခုံမွာ ဝင္ထိုင္လိုက္ကာ ရင္ထိတ္စြာနဲ႔ပဲ အေဖ ေျပာမယ့္စကားကိုေစာင့္ေနသည္။

"သား သူ႔ကိုခ်စ္ေနတာလား။''

အေဖ ေျပာသည့္ သူဆိုသည္ကို သက္ထား သိၿပီးသားျဖစ္သည္။ မဝံ့ရဲစြာနဲ႔ပဲ ေခါင္းညိမ့္လိုက္မိသည္။

"ပထမဆံုးစည္းမ်ဥ္းကို သားမွတ္မိလား။''

"ဧည့္သည္အေပၚ စိတ္ယိုင္မႈလံုးဝမ႐ွိရပါဘူး။ ဒါေပမယ့္ ဒါေပမယ့္....''

သက္ထား စကားဆက္မေျပါႏိုင္ေတာ့ဘဲ၊ အသံတိတ္မ်က္ရည္ေတြစီးက်လာသည္။

"သက္ထား သားသိလား။ အဲ့လူက သားနဲ႔မျဖစ္ႏိုင္ဘူးဆိုတာေလ။''

"သက္ထား သိပါတယ္။ ဒါေပမယ့္ေလ သက္ထား။ သက္ထား သူ သက္ထား ကိုမစြန္႔လႊတ္ခင္အခ်ိန္အထိ သူ႔ေဘးမွာ႐ွိေနခ်င္တယ္။''

"ဒါမလြယ္ကူဘူး သက္ထား။ သက္ထား နာက်င္ရလိမ့္မယ္။''

"သက္ထား နာက်င္ရမယ္ဆိုလည္းရပါတယ္။ ကိုေမာင္ သက္ထား ကို လိုအပ္ေနေသးတဲ့အခ်ိန္အထိ သက္ထား ႐ွိေနခ်င္တယ္။ ကိုေမာင္ သက္ထား ကိုမလိုအပ္ေတာ့ရင္လည္း သက္ထား အလိုက္တသိထြက္လာေပးမွာပါ။''

သက္ထား ရဲ႕ မ်က္ႏွာကဆံုးျဖတ္ၿပီးသားပံုျဖစ္တာေၾကာင့္ သက္ထား အေဖ ဘာမွဆက္မေျပာေတာ့ေပ။

"သက္ထား သေဘာပါ။ သား ရဲ႕ ဘဝကို ဒီလိုျဖစ္ေအာင္ ဖ်က္စီးမိခဲ့တဲ့သူက အေဖ ျဖစ္ေနေတာ့ အေဖ့မွာတားပိုင္ခြင့္မ႐ွိပါဘူး။''

သက္ပိုင္ထား ဆိုသည့္ သူ႔သားအရင္းကို အေျခာက္ဘဝနဲ႔ ေယာက္်ားပ်က္တစ္ေယာက္ျဖစ္ေအာင္ ေျပာင္းခဲ့သည့္သူက သူကိုယ္တိုင္သာျဖစ္သည္။ ေနာင္တဆိုသည့္အရာက ေနာင္မွတာတတတ္ၾကသလို ျပန္လည္ျပင္ဆင္လို႔လည္းမရေတာ့ၿပီျဖစ္သည္။

"အန္တီပု ျပန္ေတာ့မလား။ ႏြယ္နီ လိုက္ပို႔ေပးမယ္ေလ။''

"မလိုပါဘူးကြယ္။ ကဲ သက္ထား ေရ။ အေဖျပန္ေတာ့မယ္။''

သက္ထား အေဖ ျပန္သြားတဲ့အခါမွ ႏြယ္နီ က သက္ထား ကိုစကားစေျပာသည္။

"သက္ထား က တကယ္ သတၱိ႐ွိလိုက္တာေနာ္။''

"ႏြယ္နီ...''

သက္ထား က ႏြယ္နီ႔ ကိုဖက္ကာ အားရပါးရငိုေတာ့သည္။ ႏြယ္နီ က သက္ထား ပခံုးကို ပုတ္ေပးကာ ကေလးတစ္ေယာက္ကိုေခ်ာ့သလို ႏွစ္သိမ့္ေပးေလသည္။

"မငိုနဲ႔ေတာ့ေနာ္ သက္ထားေလး။ အဆင္ေျပသြားမွာပါ။ ျဖတ္သန္းဖို႔အမ်ားႀကီးလိုေသးတယ္။ ေနာင္အတြက္ အားေမြးထားေနာ္။ သက္ထား သန္မာတာ ႏြယ္နီ သိပါတယ္ တိတ္တိတ္။''

အမွန္ေျပာရရင္ ႏြယ္နီ သက္ထား ကို အားက်မိသည္။ သူလည္း သက္ထား လို တစ္ညတာဧည့္သည္တစ္ေယာက္ကို ခ်စ္ျမတ္ႏိုးမိသြားေပမယ့္ ထိုလူ႔မ်က္လံုးထဲမွာေတာ့ သူက အေပ်ာ္သာသာ သာျဖစ္သည္။

တစ္ခါတစ္ရံ သူက ထိုလူ႔မ်က္လံုးထဲ သနားစရာသိပ္ေကာင္းလြန္းေနတတ္သည္။ ထိုလူ႔ဆီက ျမတ္ႏိုးဂ႐ုစိုက္မႈစကားေတြမေမ်ွာ္လင့္မိေစႏွင့္ ခပ္ေထ့ေထ့စကားေတြမၾကားရရင္ေတာင္ အေတာ္ေလးကံေကာင္းသည္။

မည္သည့္ဘဝျဖစ္ေနပါေစ တန္ဖိုးထားၿပီးၾမတ္ႏိုးျကင္နာဂ႐ုစိုက္ေပးသူ႐ွိေနတဲ့ သက္ထား ရဲ႕ခံစားခ်က္ကို တစ္ႀကိမ္တစ္ခါေလာက္ ခံစားမိခ်င္သည္။
.....

Unnicode

ကိုမောင် နေ့စဉ်လုပ်ငန်းတစ်ခုလိုဖြစ်နေသည့် ခရေပန်းသီခြင်း ကိုစတင်လုပ်ကိုင်နေသည်။ သက်ထား ရဲ့ ခေါင်းမှာ ခရေပန်းငုံးလေး ပန်ဆင်ထားသည်ကို ကိုမောင် သဘောကျသည်။

သူ့လက်နဲ့ကိုယ်တိုင် သီကာပန်ပေးရသည့် ခရေကုံးလေးဆိုပိုလို့သဘောကျသည်။

"ကိုမောင်။''

"ဟော သက်ထား ရောက်လာပြီလား။ ကိုယ် ပန်းသီလို့ပြီးပြီ။''

သက်ထား မျက်နှာက အားနာနေဟန်။ စိတ်မကောင်းဖြစ်နေသည်။

"ကိုမောင် ရယ်။ ဘာကြောင့်များ သက်ထား အတွက်နေ့တိုင်းပန်းသီပေးနေရတာလဲ။''

"ကိုယ် သက်ထား ကို ပန်စေချင်လို့ပါ။''

"ကိုမောင် ရယ်။ သက်ထား ကိုမောင့် ကို အားနာလှတယ်။ ကိုမောင် က တကယ်ကိုကောင်းမွန်တဲ့ လူတစ်ယောက်ပါ။ သက်ထား လို ယောက်ျားပျက်တစ်ယောက်အတွက်နဲ့ အချိန်ကုန်ခံမနေသင့်ပါဘူး။''

ကိုမောင် က သက်ထား ရဲ့ဆံထုံးပေါ် ပန်းကုံးလေးပန်ဆင်ပေးလိုက်ပြီး သက်ထား ရဲ့ အောက်ငုံ့နေတဲ့ မျက်နှာလေးကို ညင်သာစွာပင့်တင်လိုက်သည်။

"သက်ထား ရယ် ဘာလို့များ အဲ့ဒီ နားဝင်မချိုတဲ့စကားလုံးကြီးကို ခနခနသုံးနေရတာလဲကွယ်။ လူတိုင်းမှာ တန်ဖိုးကိုယ်စီနဲ့ပါ။ ဘယ်သူနိမ့်တယ် ဘယ်သူမြင့်တယ်ရယ်လို့ မရှိပါဘူး။''

သက်ထား က သူ့မေးဖျားကို ကိုင်ဆောင်ထားတဲ့ ကိုမောင့် လက်ကို ပြန်လည်လွှတ်ချစေပြီး မျက်နှာလွှဲကာ တိုးညင်းတဲ့အသံလေးနဲ့ပြောလေသည်။

"သက်ထား က ကိုမောင် ပေးတဲ့ကြင်နာမှုတွေနဲ့ မထိုက်တန်ပါဘူး ကိုမောင်ရယ်။ မထိုက်တန်ပါဘူး။''

"ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာက ပေးတဲ့သူကပဲ ဆုံးဖြတ်လို့ရတယ် သက်ထား ရဲ့။ သက်ထား က ကိုမောင် ပေးနေတဲ့ကြင်နာမှုတွေထက် အဆတစ်ရာမက ထိုက်တန်ပာတယ် သက်ထား ရဲ့။''

သက်ထား မျက်ရည်စတွေ စိုစွတ်လာခဲ့သည်။ သူ့ရင်ဘတ်ထဲ တင်းကြပ်မှုတွေက ပိုတင်းကြပ်လာသလို။ သူသာမိန်းမတစ်ယောက်ဖြစ်ခဲ့ရင်သော် ထိုဘဝမျိုးနှင့် ကိုမောင် နဲ့ နီးစပ်နိုင်လိမ့်အုံးမည်မဟုတ်။ ယောက်ျားကောင်းတစ်ယောက်ဖြစ်ခဲ့သော်လည်း အခြောက်သာသာ သာဖြစ်လာမည်။

မည်သည့်ရှုထောင့်မှကြည့်ကြည့် ကိုမောင် ဆိုသည့်လူက သူ့အတွက် မွေးဖွားလာခြင်းမျိုးမဟုတ်ခဲ့။ ကောင်းကင်ပေါ်ကလမင်းကြီး မရနိုင်သည်ကိုသိလျက်နှင့် ငိုကြွေးပူဆာနေသည့် မိုက်မဲသော ကလေးနှင့်သာ တူသည်။

"ကိုမောင် ရယ်။ သက်ထား ကို တစ်ညတာပျော်ရွှင်မှုအတွက်သာ အသုံးချလိုက်ပါတော့လားကွယ်။''

ထိုကဲ့သို့ဆို သက်ထား နာကျင်ခံစားရမှုသက်သာပေအုံးမည်။ ကိုမောင် သူ့ကိုကိုဂရုစိုက်လာလေ၊ သူပိုကြောင်လာလေဖြစ်သည်။ တစ်နေ့ သူ့အညစ်အစွန်းတွေက ကိုမောင့် ကိုပေစွန်းသွားမည်ကို စိုးရိမ်သည်။

တစ်ချိန်တည်းမှာပဲ ဦးနှောက်က အတန်တန်တားမြစ်နေသည့်ကြားက နှလုံးသားက ထိုပြုစုယုယမှုတွေအပေါ် သာယာနေမိသည်။ သူ့အဖြစ်က ရုန်းလေနစ်လေ ရွ့ှံနွံထဲ ကျရောက်နေသည့် ပုံပင်။

ကိုမောင် က နာကျင်စွာ ငိုကြွေးနေတဲ့ သက်ထား ကို ရင်ခွင်ထဲဆွဲသွင်းကာ ထွက်မသွားအောင် ခပ်တင်းတင်းကြပ်ကြပ် ဖက်တွယ်လို့ထားသည်။

"သက်ထား ရယ်။ ကိုယ် သက်ထား ကိုချစ်တာ တစ်ညတာအတွက်ပဲမှမဟုတ်တာကွယ်။''
....

အိမ်ပြန်ရောက်ချိန် မျက်ရည်စတွေသုတ်ထားကေမယ့် ငိုထားတဲ့အရှိန်ကြောင့် မျက်လုံးလေးတွေ နီရဲဖောင်းမို့လို့နေသည်။

"သက်ထား အဖေ သားကိုပြောစရာရှိတယ်။''

ရုတ်တရက်ကြီး အဖေက အိမ်ကိုရောက်လာတာကြောင့် သက်ထား လန့်သွားပေမယ့် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ပြန်ထိန်းလိုက်သည်။

"ဟုတ် အဖေ။''

သက်ထား အဖေ့ရှေ့ကခုံမှာ ဝင်ထိုင်လိုက်ကာ ရင်ထိတ်စွာနဲ့ပဲ အဖေ ပြောမယ့်စကားကိုစောင့်နေသည်။

"သား သူ့ကိုချစ်နေတာလား။''

အဖေ ပြောသည့် သူဆိုသည်ကို သက်ထား သိပြီးသားဖြစ်သည်။ မဝံ့ရဲစွာနဲ့ပဲ ခေါင်းညိမ့်လိုက်မိသည်။

"ပထမဆုံးစည်းမျဉ်းကို သားမှတ်မိလား။''

"ဧည့်သည်အပေါ် စိတ်ယိုင်မှုလုံးဝမရှိရပါဘူး။ ဒါပေမယ့် ဒါပေမယ့်....''

သက်ထား စကားဆက်မပြေါနိုင်တော့ဘဲ၊ အသံတိတ်မျက်ရည်တွေစီးကျလာသည်။

"သက်ထား သားသိလား။ အဲ့လူက သားနဲ့မဖြစ်နိုင်ဘူးဆိုတာလေ။''

"သက်ထား သိပါတယ်။ ဒါပေမယ့်လေ သက်ထား။ သက်ထား သူ သက်ထား ကိုမစွန့်လွှတ်ခင်အချိန်အထိ သူ့ဘေးမှာရှိနေချင်တယ်။''

"ဒါမလွယ်ကူဘူး သက်ထား။ သက်ထား နာကျင်ရလိမ့်မယ်။''

"သက်ထား နာကျင်ရမယ်ဆိုလည်းရပါတယ်။ ကိုမောင် သက်ထား ကို လိုအပ်နေသေးတဲ့အချိန်အထိ သက်ထား ရှိနေချင်တယ်။ ကိုမောင် သက်ထား ကိုမလိုအပ်တော့ရင်လည်း သက်ထား အလိုက်တသိထွက်လာပေးမှာပါ။''

သက်ထား ရဲ့ မျက်နှာကဆုံးဖြတ်ပြီးသားပုံဖြစ်တာကြောင့် သက်ထား အဖေ ဘာမှဆက်မပြောတော့ပေ။

"သက်ထား သဘောပါ။ သား ရဲ့ ဘဝကို ဒီလိုဖြစ်အောင် ဖျက်စီးမိခဲ့တဲ့သူက အဖေ ဖြစ်နေတော့ အဖေ့မှာတားပိုင်ခွင့်မရှိပါဘူး။''

သက်ပိုင်ထား ဆိုသည့် သူ့သားအရင်းကို အခြောက်ဘဝနဲ့ ယောက်ျားပျက်တစ်ယောက်ဖြစ်အောင် ပြောင်းခဲ့သည့်သူက သူကိုယ်တိုင်သာဖြစ်သည်။ နောင်တဆိုသည့်အရာက နောင်မှတာတတတ်ကြသလို ပြန်လည်ပြင်ဆင်လို့လည်းမရတော့ပြီဖြစ်သည်။

"အန်တီပု ပြန်တော့မလား။ နွယ်နီ လိုက်ပို့ပေးမယ်လေ။''

"မလိုပါဘူးကွယ်။ ကဲ သက်ထား ရေ။ အဖေပြန်တော့မယ်။''

သက်ထား အဖေ ပြန်သွားတဲ့အခါမှ နွယ်နီ က သက်ထား ကိုစကားစပြောသည်။

"သက်ထား က တကယ် သတ္တိရှိလိုက်တာနော်။''

"နွယ်နီ...''

သက်ထား က နွယ်နီ့ ကိုဖက်ကာ အားရပါးရငိုတော့သည်။ နွယ်နီ က သက်ထား ပခုံးကို ပုတ်ပေးကာ ကလေးတစ်ယောက်ကိုချော့သလို နှစ်သိမ့်ပေးလေသည်။

"မငိုနဲ့တော့နော် သက်ထားလေး။ အဆင်ပြေသွားမှာပါ။ ဖြတ်သန်းဖို့အများကြီးလိုသေးတယ်။ နောင်အတွက် အားမွေးထားနော်။ သက်ထား သန်မာတာ နွယ်နီ သိပါတယ် တိတ်တိတ်။''

အမှန်ပြောရရင် နွယ်နီ သက်ထား ကို အားကျမိသည်။ သူလည်း သက်ထား လို တစ်ညတာဧည့်သည်တစ်ယောက်ကို ချစ်မြတ်နိုးမိသွားပေမယ့် ထိုလူ့မျက်လုံးထဲမှာတော့ သူက အပျော်သာသာ သာဖြစ်သည်။

တစ်ခါတစ်ရံ သူက ထိုလူ့မျက်လုံးထဲ သနားစရာသိပ်ကောင်းလွန်းနေတတ်သည်။ ထိုလူ့ဆီက မြတ်နိုးဂရုစိုက်မှုစကားတွေမမျှော်လင့်မိစေနှင့် ခပ်ထေ့ထေ့စကားတွေမကြားရရင်တောင် အတော်လေးကံကောင်းသည်။

မည်သည့်ဘဝဖြစ်နေပါစေ တန်ဖိုးထားပြီးမြတ်နိုးကြင်နာဂရုစိုက်ပေးသူရှိနေတဲ့ သက်ထား ရဲ့ခံစားချက်ကို တစ်ကြိမ်တစ်ခါလောက် ခံစားမိချင်သည်။
.....

继续阅读

You'll Also Like

78.1K 4.3K 21
"ဟော..ကြားလိုက်လား" "ဘာသံလဲ" "မောင့်ရင်ခုန်သံ" "ဇေယျာခိုက်မောင်!"
52.7K 552 63
KPOP'S PROFILE .... This is NOT a STORY this is about Info, Data or whatever ... Its the PROFILE's of KPOP GROUPS like group of EXO , SNSD , T-ARA...
2.8K 210 7
တစ်ဖက်သတ် ချစ်နေရတာဟာ ၀ဋ်တစ်ခုလိုဘဲ။ ကိုယ့်ကို ချစ်တယ်လို့ ပြေမယ့် စကားကို စောင့်နေရတာလား ၀ဋ်ဆိုတဲ့ ပူလောင်မှုတစ်ခုပါဘဲ။ ဘာကြောင့် ထိုအပူတွေကြားမှာ...