ရင်နှင့်အမျှ ချစ်ရသည် (Uni+Za...

By Rion___99

315K 21.8K 802

ချစ်လွန်းလို့ ရူးရကြေးဆို ဒီအမျိုးသမီးကို သံသရာအဆက်ဆက် မိုက်မိုက်ကန်းကန်းကို ရူးသွပ်ချင်သေးတယ် ခ်စ္လြန္းလို႔... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47 (Final Part)
Extra - 1
Extra - 2
Hi!
Became a book
ဒဏ္ဏာရီထဲက တိမ်စိုင်ငယ်

Part - 25

5.1K 379 6
By Rion___99


Unicode

မျက်နှာ ကပြာကယာ သစ်ပြီး နံနက်စာတောင် မစားနိုင်ဘဲ သက်ပိုင်နဲ့ ဆေးရုံကို ထွက်လာခဲ့တော့သည်။ အနီ ဘာမှတောင် မေးချိန်မရလိုက်။
နှလုံးခုန်နှုန်းတွေက အရှိန်ပြင်းပြင်း ရိုက်ခတ်နေသည်။ အရေးပေါ်အခန်းထဲ မရောက်ချိန်ထိ တေးရဲ့ လက်တွေတုန်ရီ အေးစက်နေဆဲ။ အခန်းနံပါတ်တစ်ခုရှေ့မှာ ဒေါ်ဒေါ်အေးကို တွေ့ရတော့ မျက်နှာမကောင်း ။ ခြေလှမ်းတွေက ဘယ်ကိုဦးတည်နေမှန်းတောင် မသိတော့ ။ လက်ရှိမြင်နေတာကတော့ ပိတ်စောင်ဖြူဖြူ လွှမ်းခြုံထားတဲ့ ဖေဖေ့ရဲ့ ခန္ဓာကိုယ်ပဲ ။ဆရာဝန် တစ်ယောက်ရဲ့ လက်က ခေါင်းပိုင်းက အစကို အနည်းငယ် လှပ်လိုက်တော့ ကမ္ဘာဟာ လုံးဝပြိုလဲ သွားသလို ။ ခေါင်းဟာ ထူပူပြီး ထုံထိုင်းသွားသည်။ မေမေ နဲ့ အတူနေစဥ်က ဘယ်တုန်းကမှ ဖေဖေ့ကို မတမ်းတမိ။ ရွာကို တစ်ပတ်တစ်ခါ ဖေဖေ ဖုန်းဆက်လာရင်တောင် ပျော်တယ်လို့ မခံစားရ။ကလေးပေါက်စ ဘဝက ဖေဖေနဲ့ ရင်းနှီးခဲ့သလောက် နည်းနည်းလောက် ကြီးပြင်းလာတော့ မေမေနဲ့ နေသားကျလာမို့၍လား မသိ ဖေဖေ့ဆိုတာ တေးရဲ့ အသိအာရုံထဲမှာ ခဏတာ ပျောက်ကွယ်နေခဲ့သည်။ဖေဖေနဲ့ရင်းနှီးတာ ဘယ်လောက်မျှတောင် မကြာသေး။ ဖေဖေ့ ကိုခင်တွယ်လာစပင် ရှိသေး ထွက်သွားပြီတဲ့လား ။ အဖြစ်ပျက်တွေက မြန်ဆန်လွန်းလှသည်။

" ညက သန်းခေါင်ကျော်ကျော်လောက် မမနွေးနဲ့ ဦးလေးထွန်း စကားများကြတယ် ၊ အပေါ်ထပ်နဲ့ အောက်ထပ် ဖြစ်တယ် ပြီးတော့ အိပ်ပျော်နေတာမို့ ဘာတွေ ဖြစ်တယ်တော့ ငါတို့ မသိလိုက်ကြဘူး ဆူညံသံ ပဲကြားတယ် မသဲကွဲဘူးလေ
နောက်တော့ ဦးလေးထွန်း ကားနဲ့ ထွက်သွားတာတော့သိလိုက်တယ် မူးနေတယ်လို့တော့ မမနွေးက ပြောတာပဲ မနက်အာရုံတက်ချိန်လောက် ဆေးရုံက ဖုန်းဆက် သတင်းပေးတော့တာပဲ ဦးကျော်စွာထွန်း အက်စီးဒန့် ဖြစ်လို့ ဆိုပြီး "

ကြွေကွဲစွာ ပြောနေတဲ့ သက်ပိုင်ရဲ့ စကားတွေကို နားထောင်ရုံသာ နားထောင်နေသည်။ ဦးနှောက်ဟာ ထုံထိုင်းနေပြီး ဘာမှတွေးလို့ မရ။
တေး မျက်ဝန်းထဲမှာ လူတွေ ပြည့်လာတာတော့ သိသည်။ ဖျတ်ခနဲ ဆုပ်ယူခံလိုက်ရတဲ့ နွေးထွေးမှုကို ခံစားရမှ တေး လက်ဖျားတွေ အေးစက်နေတာကို သတိထားမိသည်။
အနီ...... သူမရှေ့မှာ ရောက်လာတာ အနီ ။ ရင်ငွေ့ဟာ နွေးထွေးလွန်းသည်။

" အနီ..... "

" ရှင် "

" ဖေဖေ ဆုံးပြီဆို အဲ့ဒါ တကယ်လား "

အနီရဲ့ မျက်ဝန်းတွေမှာ ဂရုဏာသက်မှုတွေ။တေးရဲ့ ကိုယ်ကို ခပ်သာသာ ဆွဲယူကာ ရင်မှာပွေ့ထားလေသည်။

" တေးမှာ မေမေ ရှိတယ် ၊ အနီလည်း ရှိတယ် ပြီးတော့ သူငယ်ချင်းတွေလည်း ရှိတယ် "

" တေး ဖေဖေကတော့ မရှိတော့ဘူးပေါ့ "

ဒီတစ်ခါတော့ တေးသွားသွင် ဝမ်းနည်းစွာ ငိုရှိုက်မိတော့သည်။ဖေဖေ ဆုံးပြီဆိုတဲ့ စကားတွေ ကြားရသလောက် အနီပြောတာ မဟုတ်လို့ မယုံကြည်ခဲ့။ ခဏတာ လွှတ်သွားတဲ့ စိတ်ရောဂါလို့ပဲ ပြောရမလား ။ တေး တကယ်လက်မခံနိုင်။
ဒီတစ်ခါ တော့ တေး လက်ခံရမည်။
ဖေဖေ့ အပေါ် ဘာမှလုပ်မပေးနိုင်ခဲ့၍ ပို၍ ဝမ်းနည်းရသည်။

" အနီ ဖေဖေရဲ့ နောက်ဆုံးဆန္ဒက ဘာဖြစ်မယ်ထင်လဲ "

" သေချာပေါက် သူ့သမီးပေါ့ ၊ သူနောက်ဆုံး ဆန္ဒက သူ့ရင်သွေးကိုတော့ တွေ့ချင်ရှာသွားမှာပဲ ၊ ဒါမှမဟုတ် သူ့သမီး အကြောင်း တွေးချင်တွေး မိသွားမှာ "

တေးရဲ့ နဖူးပြင်ပေါ်က ဆံနွယ်စတွေကို သပ်တင်ရင်း ဆိုလာသည်။

" တေး ဖေဖေ့ အပေါ် တာဝန်မကျေခဲ့ဘူး ဖေဖေ့ကို ဘာမှ ပျော်ရွှင်အောင် လုပ်မပေးနိုင်ခဲ့ဘူး "

ပြောရင်းနဲ့ အသံက ဆို့တက်လာပြန်သည်။

" မဟုတ်တာ တေး တာဝန်ကျေခဲ့ပါတယ် ၊ မွေးဖွားလာပြီဆိုကတည်းက မင်း တာဝန်ကျေခဲ့တာ"

စိတ်သက်သာအောင် ပြောတဲ့ အနီ့စကားကြောင့် တေး ပြုံးလိုက်မိသည်။

" မင်းမွေးတဲ့ အချိန် ပြန်တွေးကြည့်ပါလား မင်းဖေဖေ ဘယ်လောက်ပျော်နေလဲ ဆိုတာ "

" ဘိုးဘိုး ပြောဖူးတယ် ဖေဖေ ဝမ်းသာလွန်းလို့ ငိုတောင်ငိုတယ်တဲ့ ပြီးတော့ အမျိုးတွေ အမြင်ကပ်လောက်အောင်တောင် တေးကို ချစ်ပြတယ် ဆိုပဲ"

" မင်းက ကံကောင်းတဲ့ ကလေးငယ် ဖြစ်ခဲ့တာပဲ "

တေးရဲ့ အတွေးတစ်ချို့ဟာ ဖေဖေနဲ့ ကြီးပျင်းခဲ့တဲ့ ငယ်နေ့ရက်တွေဆီ ခုန်ကူးသွားသည်။ရေချိုးတာကမှ အစ ဖေဖေချိုးပေးခဲ့တာတွေ ၊ ညဘက် ဗိုက်နာလာလို့ အိမ်သာရှေ့မှာ ဖေဖေ ရပ်စောင့်ပေးခဲ့ရင်း ကြောက်မှာစိုးလို့ ပုံပြင်ပြောခဲ့တာတွေ၊သားဖနှစ်ယောက်တည်း ဧရာဝတီ မြစ်ထဲ ညဖက်ကြီး စက်လှေမောင်းထွက်သွားကြတာတွေ ။ မြစ်လယ်ကောင်မှာ ဖေဖေ သီချင်းအော်ဆိုပြခဲ့တာတွေ ။ အဲ့ဒါတွေတောင် မမှတ်မိဘဲ ဖေဖေ့ကို အာရုံထဲမှာ ခဏတာ ပျောက်ကွယ်နေခဲ့တာတဲ့ ။ တေးက တကယ်မကောင်းခဲ့တာပဲ ။
မေမေနဲ့ ကွဲပြီးနောက်ပိုင်း ဖေဖေနဲ့ သူ ဝေးကွာခဲ့တော့တာပဲ ။ မနှစ်လောက်ကမှ ဖေဖေနဲ့ ရင်းနှီးလာခဲ့တာ ။ အရင်တစ်နေ့တွေကတောင် စကားပြောဖြစ်ကြသေးတယ် အားရင် သားအဖ နှစ်ယောက် ခရီးထွက်ကြအောင် ဆိုပွီး တိုင်ပင်ခဲ့ကြသေးတာ ။
နည်းနည်းတော့ စိတ်ထဲသက်သာသွားသည်။ ဒီဘဝတော့ ဒီမျှပဲပေါ့ ။ မန္တလေးက ဖေဖေ့ အစ်မတွေ ဘယ်အချိန် ရောက်လာတာမှန်းပင် သတိမထားလိုက်။ အခန်းထဲက ထွက်လာမှ ဆွေမျိုးတွေက ဝိုင်းအုံပြီး စကားလာပြောကြသည်။ ခဏလောက်ကြာမှ တေးကို ကြည့်နေတဲ့ မေမေ့ကို တေး မြင်တော့သည်။ မေမေ့မျက်ဝန်းထဲမှာ စိတ်မသက်သာမှု အနည်းငယ်သာ မြင်ရသည်။ အင်းလေ နှစ်တွေ ဒီလောက်ကြာမှတော့ ဖေဖေ့ အပေါ် သံယောဇဥ် နည်းသင့်သလောက် နည်းရောပေါ့ ။
ကိစ္စတွေအားလုံးပြီးသွားတော့ အိမ်ကြီးဟာ ငြိမ်သက်တိတ်ဆိတ်သွားသည်။ နွေးကလည်း သူ့မိဘကို ပြန်သွားနေသည်။ မေမေ အနှောင့်အယှက် ဖြစ်မှာစိုး၍လား မသိ။ ဖေဖေ မရှိတော့ဘူး ဆိုတာ သိရတော့ စိတ်ထဲတော့ တစ်ခုခု လစ်ဟာသွားသလိုတော့ ခံစားရသည်။

"တေး ဘွဲ့ရရင် ငါတို့ဘာလုပ်ကြမလဲ "

လမိုက်ညမို့ ညဟာ မှောင်မိုက်နေသည်။ အိမ်ရဲ့ ဝရန်တာမှာ တေးတို့သုံးယောက် လွတ်လွတ်လပ်လပ် လှဲနေကြသည်။ တစ်ယောက်က တောင်ကို ခေါင်းပြုပြီး မြောက်ကို ခြေဆင်းလို့ဆင်း ၊ တစ်ယောက်က အရှေ့ကို ခေါင်းပြုပြီး အနောက်ကို ခြေပြုလို့လို့ပြု ။ တေးတို့သုံးယောက် ဆုံရာဟာ ခြေချောင်းတွေပဲ ။ အငြိမ်မနေတတ်တဲ့ သက်ပိုင်က ခြေချောင်းချင်း ကလိနေသည်။

" ငြိမ်ငြိမ်နေစမ်း သက်ပိုင် "

သက်မှုံက စိတ်မရှည်စွာ အော်ငေါက်တော့မှ ရပ်သွားတော့သည်။

" ငါမေးတာ ဖြေကြလေ "

" အင်း နင်ကရော ဘာလုပ်ဖို့စဥ်းစားလဲ "

ညလေဟာ အေးမြလှသည်။ ကောင်းကင်မှာ ကြယ်တွေအပြည့် ။ ပုံပြင်တွေထဲကလို လူတွေသေရင် ကြယ်ဖြစ်တယ်ဆိုလို့ ကောင်းကင်ကို ကြ့ည့်ရင်း တေး ဖေဖေ့ကို ရှာနေမိသည်။

" ငါ တက္ကသိုလ် မှာပဲ ဆက်နေချင်တယ် စာတွေရေးရင်းနဲ့လေ"

သက်မှုံက ရယ်တော့ သက်ပိုင်က ထဆဲသည်။

" ဟိုလိုလား ကျူတာတွေ ဘာတွေလိုမျိုးလား "

" အေး "

" ဟင် ဒါဆို နင်က တာဝန်ကျရာတွေ လှည့်သွားရမှာပေါ့ "

" အေးပေါ့ဟ ပြည်နယ်တွေ မြို့တွေကို တာဝန်ကျရာ သွားရင်း စာတွေရေး နေတာ အား...စဥ်းစား ကြည့်ရင်း ရင်တောင်ခုန်လာပြီ "

" ငါက နင့်နဲ့အတူ စီးပွားရေး လုပ်ငန်းကြီးထဲ ဝင်လုပ်ချင်တာ"

သက်ပိုင်က ခွက်ထိုးခွက်လန် ထရယ်သည်။ သူ့ရယ်သံကြောင့် အတွေးလွင့်နေတဲ့ တေးတောင် လန့်သွားသည်။

" တော်စမ်းပါဟာ အဲ့ဒီ ဦးနှောက်ခြောက်ရမဲ့ အလုပ်တွေ နင်ပဲလုပ် သက်မှုံ "

သက်မှုံ စိတ်ထိခိုက်သွားမလားတောင် တေး စိုးရိမ်သွားသည်။ သက်ပိုင်က တစ်ခါတလေ တော်တော် အမြင်ကပ်ဖို့ကောင်းတယ် ။ မထင်ရင်မထင်သလို ပွင့်လင်းလွန်းတယ်။

" အင်း ငါပဲလုပ်မှာ ငါကြီးပွားလို့ကတော့လေ အစိုးရဝန်ထမ်း နင့်ကို ကားပေါ်က ငွေထုပ်နဲ့ကို ပစ်ပေါက်ခဲ့မှာ "

" ဟ ဖြေးဖြေး လုပ်ပါ.... "

သက်ပိုင်ကတော့ သိပ်ပြီး စိတ်ဆိုးတတ်တဲ့ သူမဟုတ် ။ သူစိတ်ဆိုးရင်လည်း စိတ်ဆိုးတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူ ။

" တေး ငြိမ်လှချည်လား "

" အင်း ဘွဲ့ရရင် အနီ့ကို လက်ထပ်ပြီး ဘာလုပ်ကိုင်စားရမလဲ တွေးနေတာ "

" ဟားဟား.... တေးက မိန်းမယူဖို့တောင် စဥ်းစားနေပြီ "

" နင့်ဖေဖေ ရှေ့နေ လာပြီလား တေး "

" မလာသေးဘူး ဖုန်းတော့ဆက်တယ် "

" ဦးထွန်း ရဲ့ အလုပ်ကို စိတ်မဝင်စားဘူးလား တေး "

" ဟင့်အင်း သက်ပိုင် ပြောသလိုပဲ ရုံးအလုပ် ကုမ္ပဏီ အလုပ်တွေက ဦးနှောက်ခြောက်တယ် အဲ့ဒီအလုပ်တွေ ငါ့ကိုအပ်ခဲ့ရင်တောင် နွေးကိုပဲ အကူညီတောင်းရမယ်၊ သက်မှုံ.....ဖေဖေ့ အလုပ်တွေ နင်ရော စိတ်မဝင်စားဘူးလား "

" မသိဘူးလေ ငါမှ မလေ့လာဘူးတာ"

" နွေးနဲ့တိုင်ပင်ပြီး လေ့လာကြည့်လေ နင်စိတ်ဝင်စားရင် ဖေဖေ့ အလုပ်တွေ နင်ဦးစီးလိုက်"

" ဟားဟား.....တွေ့လား သက်ပိုင် တောက်မဲ့မီးခဲ တရဲရဲ ဆိုတာ ကံကြမ္မာဖန်လာပြီ "

" အေး မလုပ်ရသေးဘူး ဒေဝါလီ ခံရတော့မှာ"

သက်မှုံက အိပ်နေရာမှ ထကာ သက်ပိုင်ကို ထုတော့သည်။

" နင်ဟာ ငါ့ကိုဆို အကောင်းကိုမမြင်ဘူး "

စကားသံတွေဟာ အပြုံးတစ်ချို့နဲ့ တိတ်ဆိတ်သွားပြန်သည်။

" တေး နင်ပိုပြီး အရေးကြီးတယ် သေချာစဥ်းစား ဒါမှမမနီနဲ့ လက်ထပ်ရင် အဆင့်သင့်ဖြစ်နေမှာ "

" ငါ လယ်ပဲလုပ်ချင်တယ် လယ်ကွက်မြင်ရရင်ကို စိတ်ချမ်းသာတယ် "

" ဒီလိုလုပ်လေ နင်လည်း လယ်ကွက်တွေနဲ့ မကင်းရတော့ဘူး အနီလည်း တောမှာမနေရတော့ဘူး မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းလည်း ​မြှင့်တင်သလို ဖြစ်သွားအောင် လယ်ယာလုပ်ငန်း ကို စက်ပစ္စည်းတွေ သွင်းပြီး နည်းပညာမြှင့်လိုက်ဟာစက်ရုံတွေ ဘာတွေ ဖွင့်ပေါ့ စက်ရုံတွေမှာ လယ်ကူလီတွေ ရောက်လာပြီး သူတို့လည်း လစာပိုပြီးရမယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးလည်း အဆင့်တန်း မြင့်လာတာပေါ့ "

" ဝိုး မိုက်တာ စာရေးဆရာ လို့မပြောရဘူး အတွေးကောင်းချက် အံမယ် မြန်မာ့လယ်ယာစိုက်ပျိုးရေး မြှင့်တင်သူကြီး မစ္စစ် တေးသွားသွင် ဆိုပြီး အောင်မြင်ဦးမှာနော် "

" လခွီး ပေါက်ကရတွေ မပြောစမ်းနဲ့ အသေးစာ စက်ရုံပဲ ထောင်ဦး ဘယ်မလဲ အရင်းနှီး "

" အင်း ဒီလိုလုပ် အမွေရသမျှ ရှိတဲ့ ဝိုင်းတွေအိမ်တွေ ရောင်းပစ်ဟာ အဲ့တာမှ မလောက်သေးရင် မမနီ ရမဲ့ ရတနာဆိုင်ပါ လေလံဆွဲပစ် "

" ဟယ် မိန်းမက မရသေးဘူး မိန်းမ ပစ္စည်းတွေ ဖြုန်းဖို့ကြံနေပြီ "

အိမ်အပေါ်ထပ်က ဝရန်တာမှာ မိန်းကလေး သုံးယောက်ရဲ့ ရယ်သံတွေက ညဝန်းကျင်မှာ ညံနေလေသည်။စကားတွေပြောရင်း ရည်မှန်းချက်တွေ တိုင်ပင်ရင်း နှလုံးသားချင်း ရင်းနှီးခဲ့ကြတဲ့ အချိန်တွေပေါ့ ။
.....

ရန်ကုန်ကို အကြိမ်ရေ မနည်းတော့ ရောက်ဖူးပါသည်။ ရွှေတိဂုံ ဘုရားကိုတော့ တေးဖေဖေနဲ့ တစ်ခါသာ ရောက်ခဲ့ဖူးသည်။ ချစ်ခြင်းမေတ္တာ ဆိုတာလည်း အခက်သား ။ သူက ကိုယ့်ကိုချစ်နေလျှင်တောင်မှ ကိုယ်က ပြန်ချစ်ပေးနိုင်ဦးမှ ။ မိန်းကလေး တစ်ယောက်သာ သူမ ဘဝထဲမှာ မရှိခဲ့ရင် ဒါမှမဟုတ် မေ့နိုင်ခဲ့ရင် တေး လိုချင်တဲ့ မိသားစုမျိုး သူမပေးမိမှာ ။ တေးကတော့ သမီးကြီးပေါ့ ။တေးရဲ့ ခပ်တည်တည် နေပုံနဲ့ဆို အောက်က အငယ်လေး​တွေ လေးစားချစ်ကြောက်ရတဲ့ အစ်မကြီး ဖြစ်နေလောက်မယ် ။ တေးလည်း မိန်းကလေး တစ်ယောက်ကို လွပ်လွပ်လပ်လပ် ချစ်နိုင်မယ် ။

တွေးမိရင်း ဒေါ်ကြည်ကြည်ခိုင် သက်ပျင်းလေး ချလိုက်မိသည်။ ဒါတွေက အတိတ်မှာ မရှိခဲ့တဲ့ စိတ်ကူးတွေပဲ ။ ဒါကြောင့် ရှေးလူကြီးတွေက  အိမ်ထောင်မှု ဘုရားတည် ဆေးမင် စုတ်ထိုး  ဤသုံးမျိုး ချက်မပိုင် နည်းပေါ့ ကိုယ်ကျိုး လို့ဆိုခဲ့တာပေါ့ ။ ဘာပဲဖြစ်ဖြစ်လေ တေး ကို သူမဘဝထဲ ဒုတိယ လူတစ်ယောက် အဖြစ် ထပ်မံထည့်ပေးခဲ့တဲ့ တေးဖေဖေ ကိုတော့ သမီးရဲ့ ဖခင် အဖြစ် သံယောဇဥ် ထားခဲ့ပါသည်။ ရှိနေတုန်းတော့ ဘာမှလုပ်မပေးကြတာ သေသွားကြတော့လည်း ဘာမှလုပ်မပေးခဲ့ရပါလား ဆိုပြီး ပူဆွေးကြသေးတာ။ အင်းပေါ့ သေခြင်းတရားအကြောင်း မေ့လျော့ပေါ့ဆ ထားခဲ့ကြတာကိုး။

ရင်ပြင်ကို ပတ်ကာ ဖူးမျှော်နေတုန်း နှစ်များစွာ ဖယ်ထုတ်ထားခဲ့တဲ့ ပုံရိပ်က မျက်စိရှေ့မှာ ခပ်ဖြေးဖြေး လျှောက်လှမ်းလာသည်။ ရင်ဟာ တလှပ်လှပ် ခုန်းရင်း နှုန်းမြင့်လာသည်။ နီညိုရောင် မြန်မာဝတ်စုံလေးနဲ့ လူကြီးဆန်ချင်ကပေမဲ့ လေးဆယ်ကျော် အလှကတော့ နုပျိုမှုကို လှစ်ဟပြနေလိုက်တာ။ ငေးမောနေတဲ့ သူမကို သတိထားမိသွားပြီး မြင်လိုက်မိပြီ ထင်သည်။ ခြေလှမ်းတွေ ရပ်ပြီး စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေ။ မေ့ချင်ယောင်ဆောင် ထားတဲ့အလွမ်းဟာ ရင်ကိုရိုက်ခတ်လာတယ်။

" ကြည်...."

ရေရွတ်လိုက်တာလား။နားထဲကပဲ ကြားယောင်တာလား။ သူ့နှုတ်ခမ်းလေးတော့ လှုပ်ခတ်သွားတယ်  ထင်တာပဲ ။ ဟင်....ဝေးနေတယ်လို့ထင်တာ တကယ်တော့ နီးကပ်နေတာပဲ ။ သူနဲ့ နီးဖို့ ကြည်ကြည်ခိုင် ဘယ်လောက်မှ လှမ်းစရာမလိုတော့။

" ကြည်.... "

နောက်တစ်ကြိမ် ရေရွတ်ရင်း သူ့ခြေလှမ်းတွေ ရှေ့တိုးလာတယ် ။
လေးပင်နေတဲ့ ခြေထောက်တွေကို အားယူပြီး လှည့်ထွက်လာခဲ့သည်။ သူ့မျက်ဝန်းမှာ ဝေ့ဝိုက်နေတဲ့ အရည်ကြည်တွေကိုသာ ထပ်ပြီး သတိထားမိနေရင် နောက်တစ်ကြိမ် ထပ်ပြီး သူ့ရှေ့မှာ ပြိုလဲတော့မယ် ​ဆိုတာ ကြည်ကြည် ကိုယ့်ကိုယ်ကိုယ် သိနေတယ် ။ စကားလေးတောင် မပြောခဲ့ရဘူး ။ သိချင်လိုက်တာ ဒီအချိန်တွေတွင်း သူဘယ်လိုနေခဲ့လဲ ။ အိမ်ထောင်တွေများ ကျနေပြီလား။ ဪ..... ဘာရယ်မှန်းမသိ ရင်ဘတ်က ဆတ်ခနဲ နာကျင်လာသည်။ တစ်ချိန်တုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့ မိန်းကလေးကို တစ်ဘဝလုံး ပိုင်ဆိုင်နေရတယ်လို့များ နှလုံးသားက သတ်မှတ်ထားလား မသိ။ ဘယ်သူမှ မသိနိုင်တဲ့ ရင်တွင်းမှာတော့ သည်းလှိုက်စွာ ငိုနေမိတော့တာ ကိုယ်တိုင်ကလွဲပြီး ဘယ်သူသိနိုင်မှာလဲတဲ့ ။

......

ဖေဖေ ရက်လည်ဆွမ်းသွတ်ပြီးတဲ့ နောက်နေ့မှာ ဖေဖေရှေ့နေ ဦးခင်မောင် ရောက်ချလို့လာသည်။

" သေတမ်းစာကို ဦးကျော်စွာရဲ့သမီး မတေးသွားသွင်ကပဲ ဦးစွာပထမ ဖောက်ဖတ်ခွင့် ရှိပါတယ် "

ဖေဖေက သေတမ်းစာ ကို ဘာလို့အစောကြီး လုပ်ခဲ့တာပါလိမ့် ။ ခုချိန် ရှိရင် ဖေဖေ့ အရွယ်က အရွယ်ကောင်းကြီးမလား ။ ဪ တိုက်ဆိုင်လိုက်တာ ကံကြမ္မာပဲ ကြိုတင်သတိပေးခဲ့တာလား ။

" ဘာတွေ ရေးထားလဲ သမီး "

" အမွေကိစ္စ စာချုပ်စာတန်းတစ်ချို့ပါ "

အနားက ဒေါ်​ဒေါ်အေး လှမ်းမေးပြီး တေးက ရှေ့နေကြီး ထံက စာချုပ်စာတမ်းတွေ လှမ်းယူလိုက်သည်။ လက်ရှိနေနေတဲ့ အိမ်နဲ့ ဝိုင်းကို မေမေ့ကို ပေးခဲ့ပြီး လုပ်ငန်းရှယ်ယာ တစ်ချို့ကို နွေးနဲ့ တေးကို ခွဲပေးခဲ့သည်။ မန္တလေးက အဘိုးဆီက အမွေရတဲ့ ခြံဝိုင်းတွေလည်း တေးပဲ လွှဲ ပေးခဲ့သည်။နွေးကတော့ သူ့မိဘများ အိမ်မှာ သွားနေတော့သည်။

မေမေက လူကြီးမရှိ၍ ရန်ကုန်မှာ လာနေပြီး သက်မှုံက ကျောင်းတက်ရင်း ဖေဖေ့ အလုပ်ထဲ နွေး အကူညီနဲ့ ဝင်လေ့လာနေသည်။ လက်ရှိ ဖေဖေ့အလုပ်ကို ဦးစီးနေတာကတော့ နွေးပေါ့ ။သက်ပိုင်ကလည်း သူရေးတဲ့ Fiction တစ်ပုဒ် စာအုပ်တိုက်တစ်ခုက လာကမ်းလှမ်းတာမို့ စာအုပ်ထုတ်ဖို့ အလုပ်ရှုပ်နေသည်။ တေးသာ သင်မှုံနဲ့ ဖေဖေ့ အလုပ်ပဲ ဝင်လုပ်ရတော့မလို သက်ပိုင် လို အစိုးရဝန်ထမ်းပဲ လုပ်ရတော့မလိုနဲ့ ဗျာများနေတော့သည်။ အနီနဲ့ အားတဲ့ အချိန်မှာ တွေ့ဖြစ်ကြတာပဲ ။ အနီလည်း တေးနဲ့ အတူနေဖို့ ရတနာဆိုင် နေရာယူ ဝင်လုပ်နေပြီး ရန်ကုန်ရွှေ့ဖို့အတွက် ကြိုးစားနေရှာသည်။ယောင်ခြောက်ဆယ်ဆိုလို့ တေးတစ်ယောက်သာ ရှိသည်။ တစ်ယောက်တည်း ဖြစ်နေရင်တော့ နွေးက ရောက်ရောက်လာပြီး အပြင်ထွက်ဖို့ ခေါ်သည်။

" တေး ဘွဲ့ရရင် ဘာလုပ်မှာလဲ မေမေကတော့ တေး နဲ့ပဲ အတူနေမှာနော် ရန်ကုန်ဆိုလည်း ဖြစ်တာပဲ "

သက်ပိုင်နဲ့ သက်မှုံက မျက်စ ပစ်ပြသည်။ အနီနဲ့ အကြောင်းကို ပြောဖို့ တိုက်တွန်းနေတာ ကြာပြီ ။ တေးဘက်က မေမေ ငြင်းရင် အနီနဲ့ အဆင်သင့် နေရအောင်လည်း အခြေတကျက မဖြစ်သေးတာမို့ နှုတ်ဆိတ်သာ နေခဲ့သေးသည်။

" မေမေ ဟို ဘွဲ့ရရင် တေး ချက်ချင်းအိမ်ထောင်ပြုလို့ ရမလား "

မေမေက မျက်ခုံးနှစ်ဖက် ပင့်ပြပြီး အံ့သြဟန်ပြသည်။

" ပြောပါဦး မေမေ့သမီးကို ဘယ်သူက ယူချင်နေတာလဲ "

" ဘယ်သူမှ မယူဘူး မေမေ တေးက ယူမှာ "

" ဟေ "

မေမေက သဘောတကျ ရယ်သည်။
သက်ပိုင်တို့နှစ်ယောက်ကတော့ သားအမိနှစ်ယောက် စကားဝိုင်းထဲ ဝင်မလာ။

" အနီ့ကို ချွေးမ အဖြစ် မေမေ လက်ခံနိုင်တယ်မလား "

ဒီတစ်ခါတော့ မေမေ့ မျက်ဝန်းတွေက ကျယ်ဝန်းလာသည်။

" မေမေ ပြောတာ နားထောင်ဦး တေး ၊ မေမေက တေးကို အမျိုးသား တစ်ယောက်နဲ့ပဲ အိမ်ထောင်ပြုစေပြီး နွေးထွေးတဲ့ မိသားစုနဲ့ ဘဝကို လုံခြုံစေချင်တာ "

မေမေ့ စကားသံတွေက အနည်းငယ်တော့ ပြေလျော့မှု မရှိတော့ ။ ဒါကြောင့် ထင်ရဲ့ ဟိုနှစ်ကောင်လည်း အလိုက်တသိ ထသွားတော့သည်။

" တေး ကိုယ်ချစ်တဲ့ လူကိုပဲ လက်ထပ်လို့ရမလား မေမေ "

" ဒါဆို မေမေ မေးမယ် တေး လက်ထက်ယူလိုက်တဲ့ မိန်းမတစ်ယောက်က တေး ဘဝကို ဘယ်လောက်ထိ လုံခြုံအောင် ကာကွယ်ပေးနိုင်လဲ ပတ်ဝန်းကျင်ရဲ့ စကားသံတွေ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ ယောက်ျားတွေရဲ့ ရိသဲ့သဲ့ အပြုမှုတွေ "

" အဲ့ဒါတွေ တေး ဂရုမစိုက်ဘူး ၊ ပြီးတော့ တေးကို ကာကွယ်ပေးစရာ မလိုဘူး တေးက ကာကွယ်ပေးချင်တာ ဟောဒီ ဘဝတစ်လျှောက်လုံး တေး ချစ်တဲ့ အမျိုးသမီးနဲ့ပဲ တေး နေသွားချင်တာ "

မေမေက တေးကိုသာ မမှိန်မသုတ် ကြည့်နေသည်။

" သမီးသိလား  သိပ်လှရက်လွန်းတဲ့ မိန်းမတစ်ယောက်ကို လပ်ထပ်ဖို့ဆို တော်ရုံ သတ္တိနဲ့ မရဘူး အထူးသဖြင့် ပတ်ဝန်းကျင်ပဲ "

မေမေက မသိမသာလေး သက်ပျင်းရှိုက်ချသည်။

" မေမေ့သမီးက စွဲလမ်းနေတော့လည်း မေမေ့ဘက်က အလျှော့ပေးရတာပေါ့ ကမာနီ့ကို ပြောလိုက်လေ သူမိဘတွေနဲ့ မေမေ လာတွေ့မယ်လို့ "

" မေမေ တကယ်ပြောတာလား "

မေမေက ယဲ့ယဲ့လေး ပြုံးပြသည်။ တေးက ခုလိုကြီး ချက်ချင်း သဘောတူမယ် ထင်မထားတော့ ဝမ်းသာလိုက်တာ မပြောနဲ့ ။

" ဒါနဲ့ တေးမှာ ခုထိလည်း အလုပ်မရှိသေးဘူး "

" ရတယ်မေမေ နွေးကို ပြောပြီးပြီ နောက်ရက်ထဲပဲ ဖေဖေ့ အလုပ်မှာ အလုပ်သင် ဝင်မလို့ "

ပျော်ရွှင်လွန်းတာမို့ တေး ထခုန်မိမတက် ။ အနီ့ကို ဖုန်းဆက်ပြောတော့ အနီလည်း သိပ်ကိုဝမ်းသာနေခဲ့တာ ။

" မာမီကို ဟို တစ်ပါတ်လောက်က ပြောပြထားတယ် အနီ ပြောသားပဲ မာမီက အဲ့ဒီလောက် မအပါဘူးဆို "

" ဟင် အန်တီက ဘာမှ မပြောဘူးလား "

" အင်း ညည်းဘာသာ လုပ်ကျွေးနိုင်ရင် ယူပေါ့တဲ့ ကျုပ်ကတော့ ချွေးမကို တင်ကျွေးမထားနိုင်ဘူးတဲ့ "

" ဟာ တေး အန်တီနဲ့ ရင်းနှီးမှု ယူထားရမှာ ဒါမှ ယောက္ခမလုပ်စာ ထိုင်စားရမှာ "

" ဟာ မစားရပါဘူးနော် ကျွန်မ ဇနီးကို ကျွန်မပဲ လုပ်ကိုင်ကျွေးမှာပေါ့ "

နှစ်ယောက်သား တိုင်ပင်မရှိဘဲ အတူတူ ရယ်လိုက်ကြသည်။

" အနီ လက်ထပ်ပြီးရင် မေမေက သူနဲ့ လာနေရမှာတဲ့ "

" ဟင် မာမီတစ်ယောက်တည်း နေမှာပေါ့ မရပါဘူး တေး အနီနဲ့ လိုက်နေရမယ် "

" ဟာ အနီကလည်း အန်တီမော့်ကို ခေါ်ထားလေ ကြည့် ခုကတည်းက အတိုင်ဖောက်က မညီတော့ဘူး "

" ကဲ အဲ့ဒါတွေထားပါ နောက်မှ ပြောရအောင် လူကြီးချင်းတောင် မတွေ့ရသေးဘူး တေးလဲ ကျောင်းပြီးသေးတာ မဟုတ် အဝေးကြီးလိုသေးတယ် "

" အန်တီမော် ကိုရော ပြောပြပြီးပြီလား "

" အင်း ပြောပြီးပေါ့ အဲ့ဒီ အန်တီလေးကို ဒီလာဖို့ခေါ်တာကို မလာဘူး "

" ဟိုနေ့က အန်တီမော် တေးကို ဖုန်းဆက်တယ် ဘာပဲဖြစ်ဖြစ် အနီ့ကို လက်မလွှတ်နဲ့တဲ့ ဘာတွေကြုံကြုံ ရှေ့ကို ရအောင်ဆက်တဲ့၊  ဘာတွေစိတ်ပူနေရယ်မသိ သူ့တူမကို ဒီက အရူးမူး ဖြစ်နေတာ ထားခဲ့စရာလား နော် "

အနီက ခပ်ဟဟလေး ရယ်သည်။ ဖုန်းပြောနေတာမို့သာ အနားမှာသာ ရှိရင် ရင်ခွင်ထဲ ပွေ့ထားမိလောက်တယ် ။
နီးစပ်ဖို့ အရေး တေးတော့ စိတ်ကူးတွေ အကြီးကြီး ယဥ်နေမိတော့သည်။ အလုပ်တွေတောင် ကြိုးစားပမ်းစား လုပ်ချင်လာပြီ ။ ဪ ရှေ့ရေးကိုတွေး ရင်ခုန်လိုက်တာ အနီရော သူ့လိုပဲ နေမလား မသိ။ ရင်ခုန်သံဆူညံတဲ့ ဟောဒီညကို အိပ်သက်ပစ်ရမှာတောင် နှမျောမိသည်။

__________________________________________

နောက် Update က လေးရက်လောက် ကြာပါလိမ့်မယ်နော် ။ page တစ်ခု ကို oneshort တစ်ပုဒ်လှူထားတာမို့ ရေးပေးရဖို့ အတွက်ပါ

__________________________________________

August 7

2:33 PM.

Zawgi

မ်က္ႏွာ ကျပာကယာ သစ္ၿပီး နံနက္စာေတာင္ မစားနိုင္ဘဲ သက္ပိုင္နဲ႕ ေဆး႐ုံကို ထြက္လာခဲ့ေတာ့သည္။ အနီ ဘာမွေတာင္ ေမးခ်ိန္မရလိုက္။
ႏွလုံးခုန္ႏႈန္းေတြက အရွိန္ျပင္းျပင္း ရိုက္ခတ္ေနသည္။ အေရးေပၚအခန္းထဲ မေရာက္ခ်ိန္ထိ ေတးရဲ႕ လက္ေတြတုန္ရီ ေအးစက္ေနဆဲ။ အခန္းနံပါတ္တစ္ခုေရွ႕မွာ ေဒၚေဒၚေအးကို ေတြ႕ရေတာ့ မ်က္ႏွာမေကာင္း ။ ေျခလွမ္းေတြက ဘယ္ကိုဦးတည္ေနမွန္းေတာင္ မသိေတာ့ ။ လက္ရွိျမင္ေနတာကေတာ့ ပိတ္ေစာင္ျဖဴျဖဴ လႊမ္းၿခဳံထားတဲ့ ေဖေဖ့ရဲ႕ ခႏၶာကိုယ္ပဲ ။ဆရာဝန္ တစ္ေယာက္ရဲ႕ လက္က ေခါင္းပိုင္းက အစကို အနည္းငယ္ လွပ္လိုက္ေတာ့ ကမၻာဟာ လုံးဝၿပိဳလဲ သြားသလို ။ ေခါင္းဟာ ထူပူၿပီး ထုံထိုင္းသြားသည္။ ေမေမ နဲ႕ အတူေနစဥ္က ဘယ္တုန္းကမွ ေဖေဖ့ကို မတမ္းတမိ။ ႐ြာကို တစ္ပတ္တစ္ခါ ေဖေဖ ဖုန္းဆက္လာရင္ေတာင္ ေပ်ာ္တယ္လို႔ မခံစားရ။ကေလးေပါက္စ ဘဝက ေဖေဖနဲ႕ ရင္းႏွီးခဲ့သေလာက္ နည္းနည္းေလာက္ ႀကီးျပင္းလာေတာ့ ေမေမနဲ႕ ေနသားက်လာမို႔၍လား မသိ ေဖေဖ့ဆိုတာ ေတးရဲ႕ အသိအာ႐ုံထဲမွာ ခဏတာ ေပ်ာက္ကြယ္ေနခဲ့သည္။ေဖေဖနဲ႕ရင္းႏွီးတာ ဘယ္ေလာက္မွ်ေတာင္ မၾကာေသး။ ေဖေဖ့ ကိုခင္တြယ္လာစပင္ ရွိေသး ထြက္သြားၿပီတဲ့လား ။ အျဖစ္ပ်က္ေတြက ျမန္ဆန္လြန္းလွသည္။

" ညက သန္းေခါင္ေက်ာ္ေက်ာ္ေလာက္ မမႏြေးနဲ႕ ဦးေလးထြန္း စကားမ်ားၾကတယ္ ၊ အေပၚထပ္နဲ႕ ေအာက္ထပ္ ျဖစ္တယ္ ၿပီးေတာ့ အိပ္ေပ်ာ္ေနတာမို႔ ဘာေတြ ျဖစ္တယ္ေတာ့ ငါတို႔ မသိလိုက္ၾကဘူး ဆူညံသံ ပဲၾကားတယ္ မသဲကြဲဘူးေလ
ေနာက္ေတာ့ ဦးေလးထြန္း ကားနဲ႕ ထြက္သြားတာေတာ့သိလိုက္တယ္ မူးေနတယ္လို႔ေတာ့ မမႏြေးက ေျပာတာပဲ မနက္အာ႐ုံတက္ခ်ိန္ေလာက္ ေဆး႐ုံက ဖုန္းဆက္ သတင္းေပးေတာ့တာပဲ ဦးေက်ာ္စြာထြန္း အက္စီးဒန့္ ျဖစ္လို႔ ဆိုၿပီး "

ေႂကြကြဲစြာ ေျပာေနတဲ့ သက္ပိုင္ရဲ႕ စကားေတြကို နားေထာင္႐ုံသာ နားေထာင္ေနသည္။ ဦးႏွောက္ဟာ ထုံထိုင္းေနၿပီး ဘာမွေတြးလို႔ မရ။
ေတး မ်က္ဝန္းထဲမွာ လူေတြ ျပည့္လာတာေတာ့ သိသည္။ ဖ်တ္ခနဲ ဆုပ္ယူခံလိုက္ရတဲ့ ႏြေးေထြးမႈကို ခံစားရမွ ေတး လက္ဖ်ားေတြ ေအးစက္ေနတာကို သတိထားမိသည္။
အနီ...... သူမေရွ႕မွာ ေရာက္လာတာ အနီ ။ ရင္ေငြ႕ဟာ ႏြေးေထြးလြန္းသည္။

" အနီ..... "

" ရွင္ "

" ေဖေဖ ဆုံးၿပီဆို အဲ့ဒါ တကယ္လား "

အနီရဲ႕ မ်က္ဝန္းေတြမွာ ဂ႐ုဏာသက္မႈေတြ။ေတးရဲ႕ ကိုယ္ကို ခပ္သာသာ ဆြဲယူကာ ရင္မွာေပြ႕ထားေလသည္။

" ေတးမွာ ေမေမ ရွိတယ္ ၊ အနီလည္း ရွိတယ္ ၿပီးေတာ့ သူငယ္ခ်င္းေတြလည္း ရွိတယ္ "

" ေတး ေဖေဖကေတာ့ မရွိေတာ့ဘူးေပါ့ "

ဒီတစ္ခါေတာ့ ေတးသြားသြင္ ဝမ္းနည္းစြာ ငိုရွိုက္မိေတာ့သည္။ေဖေဖ ဆုံးၿပီဆိုတဲ့ စကားေတြ ၾကားရသေလာက္ အနီေျပာတာ မဟုတ္လို႔ မယုံၾကည္ခဲ့။ ခဏတာ လႊတ္သြားတဲ့ စိတ္ေရာဂါလို႔ပဲ ေျပာရမလား ။ ေတး တကယ္လက္မခံနိုင္။
ဒီတစ္ခါ ေတာ့ ေတး လက္ခံရမည္။
ေဖေဖ့ အေပၚ ဘာမွလုပ္မေပးနိုင္ခဲ့၍ ပို၍ ဝမ္းနည္းရသည္။

" အနီ ေဖေဖရဲ႕ ေနာက္ဆုံးဆႏၵက ဘာျဖစ္မယ္ထင္လဲ "

" ေသခ်ာေပါက္ သူ႕သမီးေပါ့ ၊ သူေနာက္ဆုံး ဆႏၵက သူ႕ရင္ေသြးကိုေတာ့ ေတြ႕ခ်င္ရွာသြားမွာပဲ ၊ ဒါမွမဟုတ္ သူ႕သမီး အေၾကာင္း ေတြးခ်င္ေတြး မိသြားမွာ "

ေတးရဲ႕ နဖူးျပင္ေပၚက ဆံႏြယ္စေတြကို သပ္တင္ရင္း ဆိုလာသည္။

" ေတး ေဖေဖ့ အေပၚ တာဝန္မေက်ခဲ့ဘူး ေဖေဖ့ကို ဘာမွ ေပ်ာ္႐ႊင္ေအာင္ လုပ္မေပးနိုင္ခဲ့ဘူး "

ေျပာရင္းနဲ႕ အသံက ဆို႔တက္လာျပန္သည္။

" မဟုတ္တာ ေတး တာဝန္ေက်ခဲ့ပါတယ္ ၊ ေမြးဖြားလာၿပီဆိုကတည္းက မင္း တာဝန္ေက်ခဲ့တာ"

စိတ္သက္သာေအာင္ ေျပာတဲ့ အနီ႕စကားေၾကာင့္ ေတး ၿပဳံးလိုက္မိသည္။

" မင္းေမြးတဲ့ အခ်ိန္ ျပန္ေတြးၾကည့္ပါလား မင္းေဖေဖ ဘယ္ေလာက္ေပ်ာ္ေနလဲ ဆိုတာ "

" ဘိုးဘိုး ေျပာဖူးတယ္ ေဖေဖ ဝမ္းသာလြန္းလို႔ ငိုေတာင္ငိုတယ္တဲ့ ၿပီးေတာ့ အမ်ိဳးေတြ အျမင္ကပ္ေလာက္ေအာင္ေတာင္ ေတးကို ခ်စ္ျပတယ္ ဆိုပဲ"

" မင္းက ကံေကာင္းတဲ့ ကေလးငယ္ ျဖစ္ခဲ့တာပဲ "

ေတးရဲ႕ အေတြးတစ္ခ်ိဳ႕ဟာ ေဖေဖနဲ႕ ႀကီးပ်င္းခဲ့တဲ့ ငယ္ေန႕ရက္ေတြဆီ ခုန္ကူးသြားသည္။ေရခ်ိဳးတာကမွ အစ ေဖေဖခ်ိဳးေပးခဲ့တာေတြ ၊ ညဘက္ ဗိုက္နာလာလို႔ အိမ္သာေရွ႕မွာ ေဖေဖ ရပ္ေစာင့္ေပးခဲ့ရင္း ေၾကာက္မွာစိုးလို႔ ပုံျပင္ေျပာခဲ့တာေတြ၊သားဖႏွစ္ေယာက္တည္း ဧရာဝတီ ျမစ္ထဲ ညဖက္ႀကီး စက္ေလွေမာင္းထြက္သြားၾကတာေတြ ။ ျမစ္လယ္ေကာင္မွာ ေဖေဖ သီခ်င္းေအာ္ဆိုျပခဲ့တာေတြ ။ အဲ့ဒါေတြေတာင္ မမွတ္မိဘဲ ေဖေဖ့ကို အာ႐ုံထဲမွာ ခဏတာ ေပ်ာက္ကြယ္ေနခဲ့တာတဲ့ ။ ေတးက တကယ္မေကာင္းခဲ့တာပဲ ။
ေမေမနဲ႕ ကြဲၿပီးေနာက္ပိုင္း ေဖေဖနဲ႕ သူ ေဝးကြာခဲ့ေတာ့တာပဲ ။ မႏွစ္ေလာက္ကမွ ေဖေဖနဲ႕ ရင္းႏွီးလာခဲ့တာ ။ အရင္တစ္ေန႕ေတြကေတာင္ စကားေျပာျဖစ္ၾကေသးတယ္ အားရင္ သားအဖ ႏွစ္ေယာက္ ခရီးထြက္ၾကေအာင္ ဆိုပြီး တိုင္ပင္ခဲ့ၾကေသးတာ ။
နည္းနည္းေတာ့ စိတ္ထဲသက္သာသြားသည္။ ဒီဘဝေတာ့ ဒီမွ်ပဲေပါ့ ။ မႏၱေလးက ေဖေဖ့ အစ္မေတြ ဘယ္အခ်ိန္ ေရာက္လာတာမွန္းပင္ သတိမထားလိုက္။ အခန္းထဲက ထြက္လာမွ ေဆြမ်ိဳးေတြက ဝိုင္းအုံၿပီး စကားလာေျပာၾကသည္။ ခဏေလာက္ၾကာမွ ေတးကို ၾကည့္ေနတဲ့ ေမေမ့ကို ေတး ျမင္ေတာ့သည္။ ေမေမ့မ်က္ဝန္းထဲမွာ စိတ္မသက္သာမႈ အနည္းငယ္သာ ျမင္ရသည္။ အင္းေလ ႏွစ္ေတြ ဒီေလာက္ၾကာမွေတာ့ ေဖေဖ့ အေပၚ သံေယာဇဥ္ နည္းသင့္သေလာက္ နည္းေရာေပါ့ ။
ကိစၥေတြအားလုံးၿပီးသြားေတာ့ အိမ္ႀကီးဟာ ၿငိမ္သက္တိတ္ဆိတ္သြားသည္။ ႏြေးကလည္း သူ႕မိဘကို ျပန္သြားေနသည္။ ေမေမ အႏွောင့္အယွက္ ျဖစ္မွာစိုး၍လား မသိ။ ေဖေဖ မရွိေတာ့ဘူး ဆိုတာ သိရေတာ့ စိတ္ထဲေတာ့ တစ္ခုခု လစ္ဟာသြားသလိုေတာ့ ခံစားရသည္။

"ေတး ဘြဲ႕ရရင္ ငါတို႔ဘာလုပ္ၾကမလဲ "

လမိုက္ညမို႔ ညဟာ ေမွာင္မိုက္ေနသည္။ အိမ္ရဲ႕ ဝရန္တာမွာ ေတးတို႔သုံးေယာက္ လြတ္လြတ္လပ္လပ္ လွဲေနၾကသည္။ တစ္ေယာက္က ေတာင္ကို ေခါင္းျပဳၿပီး ေျမာက္ကို ေျခဆင္းလို႔ဆင္း ၊ တစ္ေယာက္က အေရွ႕ကို ေခါင္းျပဳၿပီး အေနာက္ကို ေျချပဳလို႔လို႔ျပဳ ။ ေတးတို႔သုံးေယာက္ ဆုံရာဟာ ေျခေခ်ာင္းေတြပဲ ။ အၿငိမ္မေနတတ္တဲ့ သက္ပိုင္က ေျခေခ်ာင္းခ်င္း ကလိေနသည္။

" ၿငိမ္ၿငိမ္ေနစမ္း သက္ပိုင္ "

သက္မႈံက စိတ္မရွည္စြာ ေအာ္ေငါက္ေတာ့မွ ရပ္သြားေတာ့သည္။

" ငါေမးတာ ေျဖၾကေလ "

" အင္း နင္ကေရာ ဘာလုပ္ဖို႔စဥ္းစားလဲ "

ညေလဟာ ေအးျမလွသည္။ ေကာင္းကင္မွာ ၾကယ္ေတြအျပည့္ ။ ပုံျပင္ေတြထဲကလို လူေတြေသရင္ ၾကယ္ျဖစ္တယ္ဆိုလို႔ ေကာင္းကင္ကို ၾက့ည့္ရင္း ေတး ေဖေဖ့ကို ရွာေနမိသည္။

" ငါ တကၠသိုလ္ မွာပဲ ဆက္ေနခ်င္တယ္ စာေတြေရးရင္းနဲ႕ေလ"

သက္မႈံက ရယ္ေတာ့ သက္ပိုင္က ထဆဲသည္။

" ဟိုလိုလား က်ဴတာေတြ ဘာေတြလိုမ်ိဳးလား "

" ေအး "

" ဟင္ ဒါဆို နင္က တာဝန္က်ရာေတြ လွည့္သြားရမွာေပါ့ "

" ေအးေပါ့ဟ ျပည္နယ္ေတြ ၿမိဳ႕ေတြကို တာဝန္က်ရာ သြားရင္း စာေတြေရး ေနတာ အား...စဥ္းစား ၾကည့္ရင္း ရင္ေတာင္ခုန္လာၿပီ "

" ငါက နင့္နဲ႕အတူ စီးပြားေရး လုပ္ငန္းႀကီးထဲ ဝင္လုပ္ခ်င္တာ"

သက္ပိုင္က ခြက္ထိုးခြက္လန္ ထရယ္သည္။ သူ႕ရယ္သံေၾကာင့္ အေတြးလြင့္ေနတဲ့ ေတးေတာင္ လန့္သြားသည္။

" ေတာ္စမ္းပါဟာ အဲ့ဒီ ဦးႏွောက္ေျခာက္ရမဲ့ အလုပ္ေတြ နင္ပဲလုပ္ သက္မႈံ "

သက္မႈံ စိတ္ထိခိုက္သြားမလားေတာင္ ေတး စိုးရိမ္သြားသည္။ သက္ပိုင္က တစ္ခါတေလ ေတာ္ေတာ္ အျမင္ကပ္ဖို႔ေကာင္းတယ္ ။ မထင္ရင္မထင္သလို ပြင့္လင္းလြန္းတယ္။

" အင္း ငါပဲလုပ္မွာ ငါႀကီးပြားလို႔ကေတာ့ေလ အစိုးရဝန္ထမ္း နင့္ကို ကားေပၚက ေငြထုပ္နဲ႕ကို ပစ္ေပါက္ခဲ့မွာ "

" ဟ ေျဖးေျဖး လုပ္ပါ.... "

သက္ပိုင္ကေတာ့ သိပ္ၿပီး စိတ္ဆိုးတတ္တဲ့ သူမဟုတ္ ။ သူစိတ္ဆိုးရင္လည္း စိတ္ဆိုးတဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာတတ္တဲ့သူ ။

" ေတး ၿငိမ္လွခ်ည္လား "

" အင္း ဘြဲ႕ရရင္ အနီ႕ကို လက္ထပ္ၿပီး ဘာလုပ္ကိုင္စားရမလဲ ေတြးေနတာ "

" ဟားဟား.... ေတးက မိန္းမယူဖို႔ေတာင္ စဥ္းစားေနၿပီ "

" နင့္ေဖေဖ ေရွ႕ေန လာၿပီလား ေတး "

" မလာေသးဘူး ဖုန္းေတာ့ဆက္တယ္ "

" ဦးထြန္း ရဲ႕ အလုပ္ကို စိတ္မဝင္စားဘူးလား ေတး "

" ဟင့္အင္း သက္ပိုင္ ေျပာသလိုပဲ ႐ုံးအလုပ္ ကုမၸဏီ အလုပ္ေတြက ဦးႏွောက္ေျခာက္တယ္ အဲ့ဒီအလုပ္ေတြ ငါ့ကိုအပ္ခဲ့ရင္ေတာင္ ႏြေးကိုပဲ အကူညီေတာင္းရမယ္၊ သက္မႈံ.....ေဖေဖ့ အလုပ္ေတြ နင္ေရာ စိတ္မဝင္စားဘူးလား "

" မသိဘူးေလ ငါမွ မေလ့လာဘူးတာ"

" ႏြေးနဲ႕တိုင္ပင္ၿပီး ေလ့လာၾကည့္ေလ နင္စိတ္ဝင္စားရင္ ေဖေဖ့ အလုပ္ေတြ နင္ဦးစီးလိုက္"

" ဟားဟား.....ေတြ႕လား သက္ပိုင္ ေတာက္မဲ့မီးခဲ တရဲရဲ ဆိုတာ ကံၾကမၼာဖန္လာၿပီ "

" ေအး မလုပ္ရေသးဘူး ေဒဝါလီ ခံရေတာ့မွာ"

သက္မႈံက အိပ္ေနရာမွ ထကာ သက္ပိုင္ကို ထုေတာ့သည္။

" နင္ဟာ ငါ့ကိုဆို အေကာင္းကိုမျမင္ဘူး "

စကားသံေတြဟာ အၿပဳံးတစ္ခ်ိဳ႕နဲ႕ တိတ္ဆိတ္သြားျပန္သည္။

" ေတး နင္ပိုၿပီး အေရးႀကီးတယ္ ေသခ်ာစဥ္းစား ဒါမွမမနီနဲ႕ လက္ထပ္ရင္ အဆင့္သင့္ျဖစ္ေနမွာ "

" ငါ လယ္ပဲလုပ္ခ်င္တယ္ လယ္ကြက္ျမင္ရရင္ကို စိတ္ခ်မ္းသာတယ္ "

" ဒီလိုလုပ္ေလ နင္လည္း လယ္ကြက္ေတြနဲ႕ မကင္းရေတာ့ဘူး အနီလည္း ေတာမွာမေနရေတာ့ဘူး ျမန္မာနိုင္ငံရဲ႕ လယ္ယာလုပ္ငန္းလည္း ​ျမႇင့္တင္သလို ျဖစ္သြားေအာင္ လယ္ယာလုပ္ငန္း ကို စက္ပစၥည္းေတြ သြင္းၿပီး နည္းပညာျမႇင့္လိုက္ဟာစက္႐ုံေတြ ဘာေတြ ဖြင့္ေပါ့ စက္႐ုံေတြမွာ လယ္ကူလီေတြ ေရာက္လာၿပီး သူတို႔လည္း လစာပိုၿပီးရမယ္ ျမန္မာ့လယ္ယာစိုက္ပ်ိဳးေရးလည္း အဆင့္တန္း ျမင့္လာတာေပါ့ "

" ဝိုး မိုက္တာ စာေရးဆရာ လို႔မေျပာရဘူး အေတြးေကာင္းခ်က္ အံမယ္ ျမန္မာ့လယ္ယာစိုက္ပ်ိဳးေရး ျမႇင့္တင္သူႀကီး မစၥစ္ ေတးသြားသြင္ ဆိုၿပီး ေအာင္ျမင္ဦးမွာေနာ္ "

" လခြီး ေပါက္ကရေတြ မေျပာစမ္းနဲ႕ အေသးစာ စက္႐ုံပဲ ေထာင္ဦး ဘယ္မလဲ အရင္းႏွီး "

" အင္း ဒီလိုလုပ္ အေမြရသမွ် ရွိတဲ့ ဝိုင္းေတြအိမ္ေတြ ေရာင္းပစ္ဟာ အဲ့တာမွ မေလာက္ေသးရင္ မမနီ ရမဲ့ ရတနာဆိုင္ပါ ေလလံဆြဲပစ္ "

" ဟယ္ မိန္းမက မရေသးဘူး မိန္းမ ပစၥည္းေတြ ျဖဳန္းဖို႔ႀကံေနၿပီ "

အိမ္အေပၚထပ္က ဝရန္တာမွာ မိန္းကေလး သုံးေယာက္ရဲ႕ ရယ္သံေတြက ညဝန္းက်င္မွာ ညံေနေလသည္။စကားေတြေျပာရင္း ရည္မွန္းခ်က္ေတြ တိုင္ပင္ရင္း ႏွလုံးသားခ်င္း ရင္းႏွီးခဲ့ၾကတဲ့ အခ်ိန္ေတြေပါ့ ။
.....

ရန္ကုန္ကို အႀကိမ္ေရ မနည္းေတာ့ ေရာက္ဖူးပါသည္။ ေ႐ႊတိဂုံ ဘုရားကိုေတာ့ ေတးေဖေဖနဲ႕ တစ္ခါသာ ေရာက္ခဲ့ဖူးသည္။ ခ်စ္ျခင္းေမတၱာ ဆိုတာလည္း အခက္သား ။ သူက ကိုယ့္ကိုခ်စ္ေနလွ်င္ေတာင္မွ ကိုယ္က ျပန္ခ်စ္ေပးနိုင္ဦးမွ ။ မိန္းကေလး တစ္ေယာက္သာ သူမ ဘဝထဲမွာ မရွိခဲ့ရင္ ဒါမွမဟုတ္ ေမ့နိုင္ခဲ့ရင္ ေတး လိုခ်င္တဲ့ မိသားစုမ်ိဳး သူမေပးမိမွာ ။ ေတးကေတာ့ သမီးႀကီးေပါ့ ။ေတးရဲ႕ ခပ္တည္တည္ ေနပုံနဲ႕ဆို ေအာက္က အငယ္ေလး​ေတြ ေလးစားခ်စ္ေၾကာက္ရတဲ့ အစ္မႀကီး ျဖစ္ေနေလာက္မယ္ ။ ေတးလည္း မိန္းကေလး တစ္ေယာက္ကို လြပ္လြပ္လပ္လပ္ ခ်စ္နိုင္မယ္ ။

ေတြးမိရင္း ေဒၚၾကည္ၾကည္ခိုင္ သက္ပ်င္းေလး ခ်လိဳက္မိသည္။ ဒါေတြက အတိတ္မွာ မရွိခဲ့တဲ့ စိတ္ကူးေတြပဲ ။ ဒါေၾကာင့္ ေရွးလူႀကီးေတြက  အိမ္ေထာင္မႈ ဘုရားတည္ ေဆးမင္ စုတ္ထိုး  ဤသုံးမ်ိဳး ခ်က္မပိုင္ နည္းေပါ့ ကိုယ္က်ိဳး လို႔ဆိုခဲ့တာေပါ့ ။ ဘာပဲျဖစ္ျဖစ္ေလ ေတး ကို သူမဘဝထဲ ဒုတိယ လူတစ္ေယာက္ အျဖစ္ ထပ္မံထည့္ေပးခဲ့တဲ့ ေတးေဖေဖ ကိုေတာ့ သမီးရဲ႕ ဖခင္ အျဖစ္ သံေယာဇဥ္ ထားခဲ့ပါသည္။ ရွိေနတုန္းေတာ့ ဘာမွလုပ္မေပးၾကတာ ေသသြားၾကေတာ့လည္း ဘာမွလုပ္မေပးခဲ့ရပါလား ဆိုၿပီး ပူေဆြးၾကေသးတာ။ အင္းေပါ့ ေသျခင္းတရားအေၾကာင္း ေမ့ေလ်ာ့ေပါ့ဆ ထားခဲ့ၾကတာကိုး။

ရင္ျပင္ကို ပတ္ကာ ဖူးေမွ်ာ္ေနတုန္း ႏွစ္မ်ားစြာ ဖယ္ထုတ္ထားခဲ့တဲ့ ပုံရိပ္က မ်က္စိေရွ႕မွာ ခပ္ေျဖးေျဖး ေလွ်ာက္လွမ္းလာသည္။ ရင္ဟာ တလွပ္လွပ္ ခုန္းရင္း ႏႈန္းျမင့္လာသည္။ နီညိုေရာင္ ျမန္မာဝတ္စုံေလးနဲ႕ လူႀကီးဆန္ခ်င္ကေပမဲ့ ေလးဆယ္ေက်ာ္ အလွကေတာ့ ႏုပ်ိဳမႈကို လွစ္ဟျပေနလိုက္တာ။ ေငးေမာေနတဲ့ သူမကို သတိထားမိသြားၿပီး ျမင္လိုက္မိၿပီ ထင္သည္။ ေျခလွမ္းေတြ ရပ္ၿပီး စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းေတြ။ ေမ့ခ်င္ေယာင္ေဆာင္ ထားတဲ့အလြမ္းဟာ ရင္ကိုရိုက္ခတ္လာတယ္။

" ၾကည္...."

ေရ႐ြတ္လိုက္တာလား။နားထဲကပဲ ၾကားေယာင္တာလား။ သူ႕ႏႈတ္ခမ္းေလးေတာ့ လႈပ္ခတ္သြားတယ္  ထင္တာပဲ ။ ဟင္....ေဝးေနတယ္လို႔ထင္တာ တကယ္ေတာ့ နီးကပ္ေနတာပဲ ။ သူနဲ႕ နီးဖို႔ ၾကည္ၾကည္ခိုင္ ဘယ္ေလာက္မွ လွမ္းစရာမလိုေတာ့။

" ၾကည္.... "

ေနာက္တစ္ႀကိမ္ ေရ႐ြတ္ရင္း သူ႕ေျခလွမ္းေတြ ေရွ႕တိုးလာတယ္ ။
ေလးပင္ေနတဲ့ ေျခေထာက္ေတြကို အားယူၿပီး လွည့္ထြက္လာခဲ့သည္။ သူ႕မ်က္ဝန္းမွာ ေဝ့ဝိုက္ေနတဲ့ အရည္ၾကည္ေတြကိုသာ ထပ္ၿပီး သတိထားမိေနရင္ ေနာက္တစ္ႀကိမ္ ထပ္ၿပီး သူ႕ေရွ႕မွာ ၿပိဳလဲေတာ့မယ္ ​ဆိုတာ ၾကည္ၾကည္ ကိုယ့္ကိုယ္ကိုယ္ သိေနတယ္ ။ စကားေလးေတာင္ မေျပာခဲ့ရဘူး ။ သိခ်င္လိုက္တာ ဒီအခ်ိန္ေတြတြင္း သူဘယ္လိုေနခဲ့လဲ ။ အိမ္ေထာင္ေတြမ်ား က်ေနၿပီလား။ ဪ..... ဘာရယ္မွန္းမသိ ရင္ဘတ္က ဆတ္ခနဲ နာက်င္လာသည္။ တစ္ခ်ိန္တုန္းက ပိုင္ဆိုင္ခဲ့ဖူးတဲ့ မိန္းကေလးကို တစ္ဘဝလုံး ပိုင္ဆိုင္ေနရတယ္လို႔မ်ား ႏွလုံးသားက သတ္မွတ္ထားလား မသိ။ ဘယ္သူမွ မသိနိုင္တဲ့ ရင္တြင္းမွာေတာ့ သည္းလွိုက္စြာ ငိုေနမိေတာ့တာ ကိုယ္တိုင္ကလြဲၿပီး ဘယ္သူသိနိုင္မွာလဲတဲ့ ။

......

ေဖေဖ ရက္လည္ဆြမ္းသြတ္ၿပီးတဲ့ ေနာက္ေန႕မွာ ေဖေဖေရွ႕ေန ဦးခင္ေမာင္ ေရာက္ခ်လိဳ႕လာသည္။

" ေသတမ္းစာကို ဦးေက်ာ္စြာရဲ႕သမီး မေတးသြားသြင္ကပဲ ဦးစြာပထမ ေဖာက္ဖတ္ခြင့္ ရွိပါတယ္ "

ေဖေဖက ေသတမ္းစာ ကို ဘာလို႔အေစာႀကီး လုပ္ခဲ့တာပါလိမ့္ ။ ခုခ်ိန္ ရွိရင္ ေဖေဖ့ အ႐ြယ္က အ႐ြယ္ေကာင္းႀကီးမလား ။ ဪ တိုက္ဆိုင္လိုက္တာ ကံၾကမၼာပဲ ႀကိဳတင္သတိေပးခဲ့တာလား ။

" ဘာေတြ ေရးထားလဲ သမီး "

" အေမြကိစၥ စာခ်ဳပ္စာတန္းတစ္ခ်ိဳ႕ပါ "

အနားက ေဒၚႀကီးခိုင္က လွမ္းေမးၿပီး ေတးက ေရွ႕ေနႀကီး ထံက စာခ်ဳပ္စာတမ္းေတြ လွမ္းယူလိုက္သည္။ လက္ရွိေနေနတဲ့ အိမ္နဲ႕ ဝိုင္းကို ေမေမ့ကို ေပးခဲ့ၿပီး လုပ္ငန္းရွယ္ယာ တစ္ခ်ိဳ႕ကို ႏြေးနဲ႕ ေတးကို ခြဲေပးခဲ့သည္။ မႏၱေလးက အဘိုးဆီက အေမြရတဲ့ ၿခံဝိုင္းေတြလည္း ေတးပဲ လႊဲ ေပးခဲ့သည္။ႏြေးကေတာ့ သူ႕မိဘမ်ား အိမ္မွာ သြားေနေတာ့သည္။

ေမေမက လူႀကီးမရွိ၍ ရန္ကုန္မွာ လာေနၿပီး သက္မႈံက ေက်ာင္းတက္ရင္း ေဖေဖ့ အလုပ္ထဲ ႏြေး အကူညီနဲ႕ ဝင္ေလ့လာေနသည္။ လက္ရွိ ေဖေဖ့အလုပ္ကို ဦးစီးေနတာကေတာ့ ႏြေးေပါ့ ။သက္ပိုင္ကလည္း သူေရးတဲ့ Fiction တစ္ပုဒ္ စာအုပ္တိုက္တစ္ခုက လာကမ္းလွမ္းတာမို႔ စာအုပ္ထုတ္ဖို႔ အလုပ္ရႈပ္ေနသည္။ ေတးသာ သင္မႈံနဲ႕ ေဖေဖ့ အလုပ္ပဲ ဝင္လုပ္ရေတာ့မလို သက္ပိုင္ လို အစိုးရဝန္ထမ္းပဲ လုပ္ရေတာ့မလိုနဲ႕ ဗ်ာမ်ားေနေတာ့သည္။ အနီနဲ႕ အားတဲ့ အခ်ိန္မွာ ေတြ႕ျဖစ္ၾကတာပဲ ။ အနီလည္း ေတးနဲ႕ အတူေနဖို႔ ရတနာဆိုင္ ေနရာယူ ဝင္လုပ္ေနၿပီး ရန္ကုန္ေ႐ႊ႕ဖို႔အတြက္ ႀကိဳးစားေနရွာသည္။ေယာင္ေျခာက္ဆယ္ဆိုလို႔ ေတးတစ္ေယာက္သာ ရွိသည္။ တစ္ေယာက္တည္း ျဖစ္ေနရင္ေတာ့ ႏြေးက ေရာက္ေရာက္လာၿပီး အျပင္ထြက္ဖို႔ ေခၚသည္။

" ေတး ဘြဲ႕ရရင္ ဘာလုပ္မွာလဲ ေမေမကေတာ့ ေတး နဲ႕ပဲ အတူေနမွာေနာ္ ရန္ကုန္ဆိုလည္း ျဖစ္တာပဲ "

သက္ပိုင္နဲ႕ သက္မႈံက မ်က္စ ပစ္ျပသည္။ အနီနဲ႕ အေၾကာင္းကို ေျပာဖို႔ တိုက္တြန္းေနတာ ၾကာၿပီ ။ ေတးဘက္က ေမေမ ျငင္းရင္ အနီနဲ႕ အဆင္သင့္ ေနရေအာင္လည္း အေျခတက်က မျဖစ္ေသးတာမို႔ ႏႈတ္ဆိတ္သာ ေနခဲ့ေသးသည္။

" ေမေမ ဟို ဘြဲ႕ရရင္ ေတး ခ်က္ခ်င္းအိမ္ေထာင္ျပဳလို႔ ရမလား "

ေမေမက မ်က္ခုံးႏွစ္ဖက္ ပင့္ျပၿပီး အံ့ၾသဟန္ျပသည္။

" ေျပာပါဦး ေမေမ့သမီးကို ဘယ္သူက ယူခ်င္ေနတာလဲ "

" ဘယ္သူမွ မယူဘူး ေမေမ ေတးက ယူမွာ "

" ေဟ "

ေမေမက သေဘာတက် ရယ္သည္။
သက္ပိုင္တို႔ႏွစ္ေယာက္ကေတာ့ သားအမိႏွစ္ေယာက္ စကားဝိုင္းထဲ ဝင္မလာ။

" အနီ႕ကို ေခြၽးမ အျဖစ္ ေမေမ လက္ခံနိုင္တယ္မလား "

ဒီတစ္ခါေတာ့ ေမေမ့ မ်က္ဝန္းေတြက က်ယ္ဝန္းလာသည္။

" ေမေမ ေျပာတာ နားေထာင္ဦး ေတး ၊ ေမေမက ေတးကို အမ်ိဳးသား တစ္ေယာက္နဲ႕ပဲ အိမ္ေထာင္ျပဳေစၿပီး ႏြေးေထြးတဲ့ မိသားစုနဲ႕ ဘဝကို လုံၿခဳံေစခ်င္တာ "

ေမေမ့ စကားသံေတြက အနည္းငယ္ေတာ့ ေျပေလ်ာ့မႈ မရွိေတာ့ ။ ဒါေၾကာင့္ ထင္ရဲ႕ ဟိုႏွစ္ေကာင္လည္း အလိုက္တသိ ထသြားေတာ့သည္။

" ေတး ကိုယ္ခ်စ္တဲ့ လူကိုပဲ လက္ထပ္လို႔ရမလား ေမေမ "

" ဒါဆို ေမေမ ေမးမယ္ ေတး လက္ထက္ယူလိုက္တဲ့ မိန္းမတစ္ေယာက္က ေတး ဘဝကို ဘယ္ေလာက္ထိ လုံၿခဳံေအာင္ ကာကြယ္ေပးနိုင္လဲ ပတ္ဝန္းက်င္ရဲ႕ စကားသံေတြ ပတ္ဝန္းက်င္ရဲ႕ အျမင္ေတြ ေယာက္်ားေတြရဲ႕ ရိသဲ့သဲ့ အျပဳမႈေတြ "

" အဲ့ဒါေတြ ေတး ဂ႐ုမစိုက္ဘူး ၊ ၿပီးေတာ့ ေတးကို ကာကြယ္ေပးစရာ မလိုဘူး ေတးက ကာကြယ္ေပးခ်င္တာ ေဟာဒီ ဘဝတစ္ေလွ်ာက္လုံး ေတး ခ်စ္တဲ့ အမ်ိဳးသမီးနဲ႕ပဲ ေတး ေနသြားခ်င္တာ "

ေမေမက ေတးကိုသာ မမွိန္မသုတ္ ၾကည့္ေနသည္။

" သမီးသိလား  သိပ္လွရက္လြန္းတဲ့ မိန္းမတစ္ေယာက္ကို လပ္ထပ္ဖို႔ဆို ေတာ္႐ုံ သတၱိနဲ႕ မရဘူး အထူးသျဖင့္ ပတ္ဝန္းက်င္ပဲ "

ေမေမက မသိမသာေလး သက္ပ်င္းရွိုက္ခ်သည္။

" ေမေမ့သမီးက စြဲလမ္းေနေတာ့လည္း ေမေမ့ဘက္က အေလွ်ာ့ေပးရတာေပါ့ ကမာနီ႕ကို ေျပာလိုက္ေလ သူမိဘေတြနဲ႕ ေမေမ လာေတြ႕မယ္လို႔ "

" ေမေမ တကယ္ေျပာတာလား "

ေမေမက ယဲ့ယဲ့ေလး ၿပဳံးျပသည္။ ေတးက ခုလိုႀကီး ခ်က္ခ်င္း သေဘာတူမယ္ ထင္မထားေတာ့ ဝမ္းသာလိုက္တာ မေျပာနဲ႕ ။

" ဒါနဲ႕ ေတးမွာ ခုထိလည္း အလုပ္မရွိေသးဘူး "

" ရတယ္ေမေမ ႏြေးကို ေျပာၿပီးၿပီ ေနာက္ရက္ထဲပဲ ေဖေဖ့ အလုပ္မွာ အလုပ္သင္ ဝင္မလို႔ "

ေပ်ာ္႐ႊင္လြန္းတာမို႔ ေတး ထခုန္မိမတက္ ။ အနီ႕ကို ဖုန္းဆက္ေျပာေတာ့ အနီလည္း သိပ္ကိုဝမ္းသာေနခဲ့တာ ။

" မာမီကို ဟို တစ္ပါတ္ေလာက္က ေျပာျပထားတယ္ အနီ ေျပာသားပဲ မာမီက အဲ့ဒီေလာက္ မအပါဘူးဆို "

" ဟင္ အန္တီက ဘာမွ မေျပာဘူးလား "

" အင္း ညည္းဘာသာ လုပ္ေကြၽးနိုင္ရင္ ယူေပါ့တဲ့ က်ဳပ္ကေတာ့ ေခြၽးမကို တင္ေကြၽးမထားနိုင္ဘူးတဲ့ "

" ဟာ ေတး အန္တီနဲ႕ ရင္းႏွီးမႈ ယူထားရမွာ ဒါမွ ေယာကၡမလုပ္စာ ထိုင္စားရမွာ "

" ဟာ မစားရပါဘူးေနာ္ ကြၽန္မ ဇနီးကို ကြၽန္မပဲ လုပ္ကိုင္ေကြၽးမွာေပါ့ "

ႏွစ္ေယာက္သား တိုင္ပင္မရွိဘဲ အတူတူ ရယ္လိုက္ၾကသည္။

" အနီ လက္ထပ္ၿပီးရင္ ေမေမက သူနဲ႕ လာေနရမွာတဲ့ "

" ဟင္ မာမီတစ္ေယာက္တည္း ေနမွာေပါ့ မရပါဘူး ေတး အနီနဲ႕ လိုက္ေနရမယ္ "

" ဟာ အနီကလည္း အန္တီေမာ့္ကို ေခၚထားေလ ၾကည့္ ခုကတည္းက အတိုင္ေဖာက္က မညီေတာ့ဘူး "

" ကဲ အဲ့ဒါေတြထားပါ ေနာက္မွ ေျပာရေအာင္ လူႀကီးခ်င္းေတာင္ မေတြ႕ရေသးဘူး ေတးလဲ ေက်ာင္းၿပီးေသးတာ မဟုတ္ အေဝးႀကီးလိုေသးတယ္ "

" အန္တီေမာ္ ကိုေရာ ေျပာျပၿပီးၿပီလား "

" အင္း ေျပာၿပီးေပါ့ အဲ့ဒီ အန္တီေလးကို ဒီလာဖို႔ေခၚတာကို မလာဘူး "

" ဟိုေန႕က အန္တီေမာ္ ေတးကို ဖုန္းဆက္တယ္ ဘာပဲျဖစ္ျဖစ္ အနီ႕ကို လက္မလႊတ္နဲ႕တဲ့ ဘာေတြႀကဳံႀကဳံ ေရွ႕ကို ရေအာင္ဆက္တဲ့၊  ဘာေတြစိတ္ပူေနရယ္မသိ သူ႕တူမကို ဒီက အ႐ူးမူး ျဖစ္ေနတာ ထားခဲ့စရာလား ေနာ္ "

အနီက ခပ္ဟဟေလး ရယ္သည္။ ဖုန္းေျပာေနတာမို႔သာ အနားမွာသာ ရွိရင္ ရင္ခြင္ထဲ ေပြ႕ထားမိေလာက္တယ္ ။
နီးစပ္ဖို႔ အေရး ေတးေတာ့ စိတ္ကူးေတြ အႀကီးႀကီး ယဥ္ေနမိေတာ့သည္။ အလုပ္ေတြေတာင္ ႀကိဳးစားပမ္းစား လုပ္ခ်င္လာၿပီ ။ ဪ ေရွ႕ေရးကိုေတြး ရင္ခုန္လိုက္တာ အနီေရာ သူ႕လိုပဲ ေနမလား မသိ။ ရင္ခုန္သံဆူညံတဲ့ ေဟာဒီညကို အိပ္သက္ပစ္ရမွာေတာင္ ႏွေမ်ာမိသည္။

__________________________________________

ေနာက္ Update က ေလးရက္ေလာက္ ၾကာပါလိမ့္မယ္ေနာ္ ။ page တစ္ခု ကို oneshort တစ္ပုဒ္လႉထားတာမို႔ ေရးေပးရဖို႔ အတြက္ပါ

__________________________________________

August 7

2:33 PM.

Continue Reading

You'll Also Like

1.7M 70.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
116K 14.9K 31
အစ်မသည် အဝါရောင်လေးဖြစ်သည်။ အစ်မသည် ပျော်ရွှင်မှုရဲ့သင်္ကေတဖြစ်သလို နွေးထွေးမှုတစ်စိတ်တစ်ပိုင်းလဲဖြစ်သည်။ တိမ်ဆိုင်တွေလို နူးညံ့ပြီး ကောင်းကင်ပေါ်မှာ...
164K 12.2K 45
စိတ်ကူးရှိရာ ဖန်တီးရေးဖွဲ့ထားတာမို့ ယုတ္တိရှိမည် မဟုတ်ပါ ။ စိတ္ကူးရွိရာ ဖန္တီးေရးဖြဲ႕ထားတာမို႔ ယုတၱိရွိမည္ မဟုတ္ပါ ။