အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး...
By KhaingMyelMyan
1.2M 84.7K 5.7K
နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားက... More
အမှာစာ
Part(1)/Unicode
Part(1)/Zawgyi
Part(2)/Unicode
Part(2)/Zawgyi
Part(3)/Unicode
Part(3)/Zawgyi
Part(4)/Unicode
Part(4)/Zawgyi
Part(5)/Unicode
Part(5)/Zawgyi
Part(6)/Unicode
Part(6)/Zawgyi
Part(7)/Unicode
Part(7)/Zawgyi
Part(8)/Unicode
Part(8)/Zawgyi
Part(9)/Zawgyi
Part(10)/ Unicode
Part(10)/Zawgyi
Part(11)/Unicode
Part(11)/Zawgyi
Part(12)/Unicode
Part(12)/Zawgyi
Part(13)/Unicode
Part(13)/Zawgyi
Part(14)/Unicode
Part(14)/Zawgyi
Part(15)/Unicode
Part(15)/Zawgyi
Part(16)/Unicode
Part(16)/Zawgyi
Part(17)/Unicode
Part(17)/Zawgyi
Part(18)/Unicode
Part(18)/Zawgyi
Part(19) / Unicode
Part(19)/Zawgyi
Part(20)/ Unicode
Part(20)/Zawgyi
Part(21)/Unicode
Part(21)/Zawgyi
Part(22)/Unicode
Part(22)/Zawgyi
Part(23)/Unicode
Part(23)/Zawgyi
Part(24)/Unicode
Part(24)/Zawgyi
Part(25)/Unicode
Part(25)/Zawgyi
Part(26)/Unicode
Part(26)/Zawgyi
Part(27)/Unicode
Part(27)/Zawgyi
Part(28)/Unicode
Part(28)/Zawgyi
Part(29)/Unicode
Part(29)/Zawgyi
Part(30)/Unicode
Part(30)/Zawgyi
Part(31)/Unicode
Part(31)/Zawgyi
Part(32)/Unicode
Part(32)/Zawgyi
Part(33)/Unicode
Part(33)/Zawgyi
Part(34)/Unicode
Part(34)/Zawgyi
Final Part/Unicode
Final Part/Zawgyi
Part(9)/Unicode
26.4K 2.3K 159
By KhaingMyelMyan
အချိန်ကား နံနက် ၅နာရီမျှ ရှိနေပြီဖြစ်သော်လည်း စောအယ်စေးမူးက ယခုအထိ မအိပ်ရသေး ။
မထူးဇာတ်ကိုသာခင်းလျက် အိပ်မနေချင်တော့ပါ။ တစ်ညလုံး အတွေးပေါင်းများစွာဖြင့် ယောက်ယက်ခက်နေပြီး တစ်စုံတစ်ယောက်သည်က သူ၏ အတွေးတွေထဲ ညလုံးပေါက် ပြေးလွှားနေ၏ ။
"ကိုယ့် အတွေးတွေထဲ ​တစ်ညလုံးပြေးလွှားနေရတာ မင်းမမောဘူးလား နှုန်းရယ် !"
စေးမူးက ထိုသို့ပြောလိုက်ရင်း ပြုံး၍ ခေါင်းခါကာ အိပ်ယာထဲမှ လူးလိမ့်၍ ထလိုက်သည်။ အညိုရောင် Pajama နှင့် သူ့ကိုယ်သူအား မတ်တပ်ရပ် မှန်ကြီးထဲ၌ ကြည့်၍ poseအမျိုးမျိုးပေးနေလိုက်မိသည်။
၆ပေကျော်သော အရပ်က ချောမောလှသော မျက်နှာပေးဖြင့် ပနံသင့်ကာနေသည်။ Dark Brown skin color က ထို လူ၏ ရှုတည်တည် Jawlineမျက်နှာပေးနှင့် လိုက်ဖက်စွာ အရှိန်အဝါကြီးသော ပုံပန်းသဏ္ဍာန်အား ရစေ၏။
"ငါ့လိုလူမျိုးကိုမှ မကြိုက်ရင် ရူးနေလို့ပဲ အဟမ့်!"
စောအယ်စေးမူးက ထိုသို့ပြောကာ ပြုံးလိုက်ရင်း Bathroom ထဲသို့ ဝင်ကာ ရေချိုးရန်ပြင်လိုက်သည်။
မအိပ်ရသေး၍ ခေါင်းကအတော်ပင် နောက်နေလျက်ရှိပြီး မျက်လုံးများကလည်း ကြိမ်းစပ်နေသည်။
ထိုမိန်းကလေးဟာ ဘာလေးမလို့ သူ့ကို သည်လို စိတ်ဒုက္ခပေးရပါသနည်း ။
ထိုမိန်းမလှလေး၏ လက်ဖုဝါးနုနုလေးတွေကို သူစိမ်းယောကျ်ားတစ်ယောက်က ဆုပ်ကိုင်နေသည်ဟူသည့် အတွေးက သူ့၏ သွေးများအား ဗလောင်ဆူစေသည်။ သူ၏ ဒေါသများအား ဆွနေသည့်ဟန် ။ သူ၏ စိတ်ခံစားချက်တို့သည်ကလည်း ဟန်မဆောင်နိုင်စွာ ပွင့်ထွက်လာရ၏။
မျက်လုံးတို့ကို မှိတ်လျက် အေးမြသော ရေ၏ အထိအတွေ့ဖြင့် ခန္ဓာကိုယ်ကို လန်းစမ်းသွားစေ၏။ သူ၏ အတွေးထဲတွင်တော့ ထိုမိန်းကလေး၏ မျက်နှာလှလှလေးက စိုးမိုးထားပြီး ထိုမိန်းကလေး၏ မျက်စောင်းလှလှကလေးကို အတွေးရောက်မိလေတော့ သူ့နှုတ်ခမ်းတို့က အလိုအလျောက် ကွေးညွတ်လာရသည်။
" ချစ်စရာကလေးပါလား ဒေါ်ပုံနှုန်း ရဲ့
ရှေးဘဝက ဘာကုသိုလ်တွေများ ခင်ဗျားပြုခဲ့ပါလိမ့် "
ကော့ညွတ်ကာ ရှည်သည့်သဏ္ဍာန်ရှိသော မျက်တောင်များ တဖျက်ဖျက်ခတ်သည်ကို သူ့လိုကောင်က အနှေးပြကွက်ဖြင့်ပင် ငေးချင်မိသည်။
နှာတံသွယ်သွယ်လေးကလည်းထိပ်တွင် လုံးလျက် ထိတို့ချင်စရာ ။ ပန်းနုရောင် ပါးမို့မို့က လည်း ဖိကပ်နမ်းပစ်လိုက်ချင်စရာ ။ ထိုမိန်းကလေးနှင့် ပတ်သတ်ဖူးသမျှ ပုရိသတို့အား သူ မနာလိုဝန်တိုပင် ဖြစ်မိလာ၏။
နှုတ်ခမ်းပါးပါးလေးက ဘယ်သူ့ကိုများ ထိတွေ့ဖူးလေမလဲ ။ ဆံနွယ်ရှည်ရှည်တွေကို ရော ဘယ်ယောကျ်ားက ထိုးဖွဖူးလေမလဲ ။ ခါးသိမ်သိမ်ကလေးကိုရော.... ။
" ကျစ် ! ငါ့သောက်လုပ်တွေမှ မဟုတ်တာ "
စောအယ်စေးမူးက Bathtubထဲမှ ထ၍ ရပ်လိုက်ကာ ဘေးရှိ အဖြူရောင် သဘက်ကို ခါးတွင် ပတ်လိုက်၏။
ပြီးခါမှ အတင်သင့် ထုတ်၍ ထားပြီးဖြစ်သော သစ်ခတ်သစ်ရွက်ပုံများပါသည့် Summer shirtကို ဒူးလောက်ရှိသည့် ဘောင်းဘီနှင့် တွဲဖက်ကာ ဝတ်လိုက်သည်။
သူ၏ ခေါင်းကတော့ ခပ်စိုစိုဖြင့်သာ ။
ကျန်းမာရေးအရ မကောင်းသည့် လုပ်ရပ်ဟု သိသော်ငြား သူက ခေါင်းလျှော်ပြီးတိုင်း သည်လို စိုထိုင်းထိုင်းဖြင့် နေရသည်ကို နှစ်သက်သူဖြစ်၏။
အိပ်ခန်းထဲမှ ထွက်လိုက်သည်နှင့် ခြေထောက်တိုအလိုအလျောက် ဦးတည်မိသည်က ဘေးချင်းကပ်လျက် အခန်းသို့သာ ...။
အခန်းပိတ်ထားလျှင်လည်း မရမက ခေါက်ကာ ဖွင့်ခိုင်းမည်ဟု အားခဲထားသော်ငြား တံခါးက
ပွင့်နေလျက် ။
အခန်းထဲ၌ လည်း ဘယ်သူမျှမရှိ။
နှုန်းက ဘယ်ရောက်နေလဲ !
ရုတ်တရတ် ပူထူသွားသော စိတ်က အစိုးမရစွာ
ဖြင့် အောက်ထပ်သို့ ပြေး၍ပင် ဆင်းသွားလိုက်မိသည်။
ဧည်းခန်းထဲတွင်လည်း ဘယ်သူမျှမရှိ။
အားလုံးက ထမင်းစားခန်းထဲတွင်သာ ရှိကြမည်မှာ အသေအချာပင်။ နံနက်အစောကြီး ထမင်းစားတတ်သည့် အလေ့အထက သူတို့မိသားစုတွင် ပုံမှန်ပင် ။
ထမင်းစားခန်းထဲဝင်လိုက်လေတော့ သူမှလွဲ၍ ကျန်အိမ်သားများအားလုံး ရှိနေ၏။
သူက ထိုအချင်းအရာကို ဂရုမစိုက်နိုင် ကိုယ့်အပူ ကိုယ်သာ သိသည်မို့ ဟန်မဆောင်နိုင်စွာ နှုတ်မှပင် သိလိုသည်ကို မေးမြန်းမိတော့သည်။
"နှုန်း...ဟို ဒေါ်ရတီပုံနှုန်းရော ကိုကိုကြီး ! "
သူက ထိန်းချုပ်၍ ပြောလိုက်သော်ငြား အနည်းငယ် သိသာနေသော အသက်ရှူသံကြောင့် ကိုကိုကြီးသာမက မမချိုကပါ ပြုံးစိပြုံးစိနှင့် ကြည့်လာသည် ။
မမချိုက သူ့အား လက်မှ ဆွဲလျက် လစ်လပ်နေသည့် ထိုင်ခုံတွင် ဝင်ထိုင်ခိုင်းပြီး ,
"လာပါ ထိုင်ပါဦး ကိုယ်တော်ချောရယ်
ရှင့်ရဲ့နှုန်းလေးက အကုန်ချက်ပြုတ်ပေးနေတာ
ခဏနေလာလိမ့်မယ် "
မမချို၏ ပြောစကားကြောင့် စေးမူး က မျက်မှောင်ကို အလိုလို ကျုံ့လိုက်ရင်း ဇဝေဇဝါ ဖြစ်ဟန်ဖြင့် ,
"သူ့ကို ဘယ်သူ က ချက်ပြုတ်ခိုင်းလို့လဲ
မမ ခိုင်းထားတာလား"
စောအယ်စေးမူး ၏ ဒေါသသံစွက်နေသော အမေး စကားကြောင့် ဒေါ်မူယာချို က အလန့်တကြား ဖြင့် ,
"အမလေး မဟုတ်တာရှင် ရှင့်ဟာလေးက
မလုပ်နဲ့ပြောတာတောင် မရဘူး
သူ့ဘာသာ လုပ်နေတာပါ "
"ဘာပဲဖြစ်ဖြစ်လေဗျာ တခြားသူတွေ အမြင်မှာ ကိုယ့်ယူမယ့် မိန်းမ ကို ခိုင်းစားတယ်လို့ အထင်မခံနိုင် ဘူး"
စောအယ်စေးမူး ၏ ကပ်သတ်၍ ပြောသော စကားကြောင့် စောစေးလျမ်းက သောက်လက်စ ရေနွေးခွက် ကို ချကာ ,
"မင်းကတော့ အကဲပိုနေပါပြီ စေးမူးရာ
ဘယ်သူ့မှ အဲ့လို မထင်ပါဘူး
မခိုင်းစေချင်ရင် မခိုင်းစေချင်ဘူး ပြောပေါ့"
စောမူးလျံ ၏ ညီဖြစ်သူအပေါ် အဓိပ္ပါယ် ပါပါ ပြောလိုက်သော စကားကြောင့် အငယ် နှစ်ယောက်ကပါ ပြုံးလျက်သား ဖြစ်သွား၏ ။
နော်ဘလက်ဇင်နွေး ကလည်း အကိုကြီး ဖြစ်သူ၏ စကားကို ထောက်ခံစွာဖြင့် သံယောင်လိုက်၍ ပြောလာသည် ။
"အင်းလေ သူ့သတိုးသမီးလောင်းလေးကို
အကဲပိုနေတာ၊နေပါဦး ဒါက ငါ့အကိုလေး စေးမူး မှ ဟုတ်ရဲ့လား"
"မဟုတ်ဘူး မမနွေး၊ ဒါ အကိုလေး စေးမူး မဖြစ်နိုင်ဘူး၊ မယခ လောင်းလေး"
နော်ဘလက်ဇင်နွေး နှင့် စောစေးဘွဲ့မူး အတိုင်အဖောက် ညီသော စကားနာထိုးမှု့ကြောင့် စေးမူး က ထို အငယ်နှစ်ကောင် အား လက်နှစ်ဖက်ဖြင့် ထုရိုက်လိုက်ကာ ,
"ငါ့ကို နှိပ်ကွပ်ဖို့ ဘယ်ကတည်းက အားခဲထားကြလဲ ဟမ် မင်းတို့ !"
ပုံနှုန်း က ထမင်းစားခန်းထဲသို့ ၀င်လာသည်နှင့် အငယ်ဆုံးလေး နှစ်ယောက် အား နိုင်ထက်စီးနှင်း လုပ်နေသော ကောင်ငယ်လေး ကို တွေ့လိုက် ရသည် ။
ဒီ​ကောင်လေး က ၂၄ နာရီ မှာ ၂၅ နာရီလောက် ဒေါသ ထွက်နေသလား အောက်မေ့ရသည် မျက်နှာကလဲ အမြဲ မှုံကုပ်လျက်။
အိမ်စေတွေကြား စူးစမ်းကြည့်ကာမှ ပုံနှုန်း သိခဲ့ရသော ကောင်လေး ၏ နာမည် က ရှစ်ခေါက်ချိုးနတ်ဆိုး တဲ့လေ ။
ထိုအချင်းအရာ ကို သိလိုက်ရခြင်း ရယ်ချင်စိတ်ကို မနည်းထိန်းခဲ့ရ၏။ တကယ်လဲ လိုက်ဖက်တဲ့ နာမည် ပါပဲ ။
"ဘာ...ဘာလို့ ကလေးတွေကို အ..အ နိုင်ကျင့်နေတာလဲ ကောင်လေး၊ ငါ..ငါက အလုပ်မရှိရင် မ...မနေတတ်လို့ ငါ့..ငါ့ဘာသာ လုပ်တာပါ "
စောအယ်စေးမူး က ထိုသို့ စကားပြောရင်း ဝင်လာသည့် မိန်းကလေး ကို တွေ့တော့မှ ပူလောင်နေသည့် စိတ်ကို ငြှိမ်းသက်ပေးလိုက်သည့်နှယ် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းကို ခပ်တိုးတိုး ချလိုက်မိသည် ။
အမြဲတမ်း လှနေသည့် မိန်းမလှလေး က ဒီနေ့တွင်လဲ ပိုပြီးလှနေသယောင်။
အဖြူရောင် sport shirt နှင့် ပန်းစိပ်စိပ်ကလေးများ ပါသည့် အဝါရောင်စပန့် ထဘီကို ဝတ်ထားသော ဒေါ်ပုံနှုန်း က သူ၏ မျက်လုံးထဲတွင် တမျိုးလေး အမြင်စမ်းနေသည်သာ။
ပန်းနုရောင် ပါးမို့မို့ထက်တွင် ပါးကွက်သေးသေးလေး ကလဲ မပျက်မကွက် ရှိနေ၏။ ပါးလွှာလွှာ နှုတ်ခမ်းထက်သို့ အကြည့်တို့ ပို့မိတော့ ဘာနှုတ်ခမ်းနီ မျှ ဆိုးမထားကြောင်း ချက်ချင်း သိလိုက်ရသည်။
ထိုမိန်းကလေးသည်က ယဥ်ယဥ်လေး နှင့် လှနေလေ သည်။ ထိုအလှတို့ကြောင့် ဒီ​ကောင့်မှာလည်း တစ်ညလုံး ယဥ်ယဥ်လေးနှင့် ရူးခဲ့ရသည်သာ ။
"အလုပ်မရှိပဲ မနေတတ်ရင် ဒေါင့်စေ့အောင် ကျွန်တော် ခိုင်းပေးမယ် ထမင်းချက် ဟင်းချက် တာမျိုးတော့ မလုပ်နှင့်ပေါ့ဗျာ"
"ငါ..ငါက ဝါသနာ ပါလို့ ငါလုပ်တာပဲ ဟို..ဟိုဟာမလုပ်နဲ့ ဒီ..ဒီဟာမလုပ်နဲ့ ပြောမနေပါနဲ့၊ မင်း...မင်းခိုင်းချင်တာလဲခိုင်း ငါ..ငါလုပ်ပေးမယ်၊ဒါ.. ဒါတွေကိုလဲ လုပ်မယ်"
"ခင်ဗျားဟာ သိပ့်စကားများတာပဲ ဒေါ်ပုံနှုန်း၊
စွာလိုက်တာများ အမြင်ကပ်ချင်စရာ ကောင်းလိုက်တာ"
"ကပ်..ကပ်လေ မ..မကပ်နဲ့လို့ ပြောမိလို့လား"
စောစေးလျမ်းနှင့် ဒေါ်မူယာချို က ကြောင်နဲ့ကြွက်လို့ ကိုက်နေသော ကလေး နှစ်ယောက် အား ဝင်မထိန်းပါပဲ ပြုံး၍သာ ကြည့်နေသည် ။
ဝင်ထိန်းချင်စရာလဲ မကောင်း ထိုနှစ်ယောက် သည်က ရန်ဖြစ်နေသည် နှင့် မတူ ချစ်ဖို့ကောင်းနေကြသည်သာ ။
နော်ဘလက်ဇင်နွေး က ကလေးများကဲ့သို့
'သူနိုင်ငါနိုင်' နိုင်အောင်ပြောနေကြသော အကို ဖြစ်သူနှင့် ယောင်းမလောင်းလေးအား ပြုံးကာဖြင့် ,
"ထိုင်ကြပါတော့ !
နှစ်ယောက်လုံး မှန်တယ် ဟုတ်ပြီလား"
ပုံနှုန်း က သူ့ကြောင့် အခြားသူများ နေရခက် မည် ဆိုး၍ လစ်လပ်နေသော နေရာတွင် အသာဝင်၍သာ ထိုင်လိုက်သည်။
ထို့နောက် အိမ်စေများ အစီအရီ ဝင်လာပြီး ဟင်းပွဲများအား ချပေး၏ စောစေးလျမ်း က အိမ်စေများ လာ၍ ချပေးသော ဟင်းတို့ကို မြည်းစမ်းကြည့် ၍ ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည် ။
"ငါ့ ခယ်မလေး ဟင်းချက် လက်ရာက တစ်ကယ်ကောင်းတာပဲ"
စောမူးလျမ်း၏ ချီးကျုး စကားကြောင့် အားလုံးကလဲ ဟင်းအမယ်စုံအောင် မြည်းစမ်း ကြည့်ကြ၏ စောစေးဘွဲ့မူး က မျက်လုံးလေး ပြူးကာပြူးကာ ဖြင့် ကိုကိုကြီး ၏ စကားကို ထောက်ခံလာသည် ။
"တကယ်စားကောင်းတာပဲ နောက်နေ့ တွေရော ဆက်စားချင်ပေမယ့် တချို့ စိတ်ပုပ်တဲ့ သူတွေကို လန့်ရသေးတယ်
"ဟုတ်တယ် ငမှုး ပြောတာ မှန်တယ် ကဲကဲသဲသဲ တွေ ရှိတယ်လေ"
စောအယ်စေးမူး က သူ့အားဦးတည် ပြောနေသော အငယ်နှစ်ကောင် ၏ စကားကြောင့် မျက်မှောင်ကြီးကို ကျုံ့လိုက်မိသည်။
သူက ဘယ်မှာ ကဲကဲသဲသဲ ဖြစ်နေလို့ပါလိမ့်။
ထိုမိန်းကလေးက ထမင်းဟင်း ချက်ယုံမကလို့ အဝတ်လျှော် ကြမ်းတိုက် နေရင်တောင် အဲ့တာ သူ့သောက်လုပ် မဟုတ်။
သူက ဘာကို လိုက်၍ ပူပန် နေရမည်နည်း
စောအယ်စေးမူး က သူ့၏ ဘေးတွင် ငြိမ်လျက်ထိုင်နေသည့် ဒေါ်ပုံနှုန်းအား လက်ကိုဆွဲလိုက်လျှက် ,
"ကျွန်တော်နဲ့ အပြင် ခဏလိုက်ခဲ့ ပြောစရာ ရှိတယ်"
"ဒီ..ဒီမှာပြောလေ ဘာလို့လဲ !"
"သေချာလား "
ပုံနှုန်းက ထိုကောင်လေး၏ အမြင်ကပ်စရာမျက်နှာပေးကြောင့် အခြေအနေမကောင်းမှန်း သိလျက် အပြင်သို့ လိုက်ရန်သာ သဘောတူလိုက်မိသည် ။
" လိုက်...လိုက်ခဲ့မယ် !"
စောအယ်စေးမူးက ထိုမိန်းကလေး၏အဖြေစကားကို လက်ခံရရှိပြီမလို့ လက်ကို ဆွဲလျက် ထမင်းစားခန်းထဲမှ ထွက်လာလိုက်သည် ။
စောစေးလျမ်းကတော့ ညီဖြစ်သူ၏ ဇွတ်တရွတ် ဆန်မှုကြောင့် တစ်ဖက်မိန်းကလေးအား အားတုံ့အားနာ ဖြစ်မိသည်မှ လွဲ၍ ဘာမျှ မတတ်နိုင် ။
အခုလည်း ဘာတွေများ ကြံစည်နေသေးသလဲ မသိ။ မုန်းတာကလည်း သူမှ လွဲ၍ နှစ်ယောက်မရှိ။ ထို့အတူ ချစ်ရိပ်လွှမ်းသည့် အကြည့်တို့ဖြင့် ကြည့်တဲ့နေရာမှလည်း မဖုံးနိုင် မဖိနိုင်ပင် သိသာနေသေးသည်။
ထိုသို့ အမှန်တကယ် နှစ်သက်သဘောကျလျှင်တော့ သူ့အနေနှင့် အစ်ကိုကြီးဖြစ်သည့်အလျောက် အတိုင်းထက်အလွန် ဝမ်းသာမိမှာပင်။ သို့သော်ငြား ညီဖြစ်သူ၏ ကောက်ကျစ်တတ်သည့် စိတ်ကလေးကို သိနေသည်ကြောင့် ဒါကလည်း မဖြစ်နိုင်သေး ။
ခန့်မှန်းရခက်သည့်ထဲတွင် သခင်လေး စောအယ်စေးမူးသည်က ထိပ်ဆုံးကပင် ပါဝင်နေ၏။
" ဟို ... မမချို !"
စောစေးလျမ်းကလည်း အတွေးလွန်လျက်ရှိကာ အခြားသူများကလည်း နံနက်စာ စားသူက စားနေကြသည် ။
အခန်းဝမှ မိန်းကလေးအသံကြောင့် ဒေါ်မာယာချိုက လှမ်းကြည့်လေတော့ နက်ပြာရောင် ပါတိတ်ဝမ်းဆက်ကလေးဝတ်ထားကာဖြင့် ပုခုံးလောက်ထိရှိသည့် ဆံပင်ကလေးကို စုသည်းထားသည့် ညမလေးစိမ်း ။
" ဟင် ညမလေး ပြန်တော့မို့လား ၊
တစ်ခါတည်း ဝင်စားသွားလေ
နှုန်းလေး ချက်ထားတာ လက်ရာကရှယ်ကောင်း"
"ရပါတယ် မမ၊ မမချို ကျွန်မ အိမ်ပြန်ရဦးမှာမို့ ၊
အိမ်က အစ်ကိုနှစ်ယောက်က တစ်ညလေး အပြင်မှာ အိပ်မိတာကို ဖုန်းဆက်ဆူလို့ မပြီးတော့ဘူး ရှင့် ၊ ဒီက အသက်မပြည့်သေးတဲ့ ကလေးလေးလည်းမဟုတ်တာကို "
သစ်ခတ်စိမ်းက တံခါးလေးကို မှီလျက် သူ့အစ်ကိုနှစ်ယောက်၏ စိတ်မချဖြစ်မှုကို ရယ်ရယ်မောမောဖြင့် ပြောရင်း နံနက်စာစားဖို့ကို ငြင်းဆန်နေ၏။
မမချိုက လူမူရေးအရ ကျွေးတယ်ဆိုတာမျိုး ဘယ်တော့မှမရှိ။ စိတ်ရင်းဖြင့်သာ ကျွေးတတ်သည်မို့ သစ်ခတ်စိမ်းသာ မစားလျင် စိတ်မကောင်းဖြစ်တော့မည်သာ.. ။ ထိုကြောင့် နော်ဘလက်ဇင်နွေးကပါ ဝင်ပါပြောလိုက်ရတော့သည်။
"လာစားလေ သစ်ခတ်စိမ်း
စားစရာတွေ ပေါပါတယ် !"
" နေပါစေရှင် ပြန်တော့မယ် "
နော်ဘလက်ဇင်နွေးက ထိုမိန်းကလေးကို ကြည့်ကာ အလိုမကျစွာ မျက်မှောင်ကို တွန့်ကျိုးလိုက်မိသည် ။
အမြဲ ပြုံးရယ်နေတာပဲ ။ ဘာတွေက အဲ့လေက် ပျော်စရာကောင်းနေလို့ပါလိမ့် ။ ဘာကြောင့် မှန်းရယ် မသိ..နွေးဟာ အဲ့မိန်းကလေးရဲ့ အပြုံးနွေကို သိပ်အမြင်ကပ်ပါသည် ။
" တစ်ဖက်လူက စေတနာနဲ့ ကျွေးတာကို
မင်းက ဘာလို့ ငြင်းတာလဲ ၊ လာစားဆို လာစားလိုက် ပေါ့..မူမနေနဲ့ ! "
"အို..ဖြစ်ရလေ ရှင်ရယ်
မူတယ်ဆိုရအောင် ရှင်က စိမ်းကို ချစ်ကြောင်း၊ကြိုက်ကြောင်း ပြောနေတာမှမဟုတ်ဘဲ ၊
မစားချင်လို့ မစားချင်ဘူး ပြောတဲ့ဟာ "
ဒေါ်မူယာချိုက နောက်ထပ် ကြောင်နှင့်ကြွက် နှစ်ကောင်ကို ပြုံး၍ ကြည့်မိပြန်၏။ သို့သော်ငြား ဒီနှစ်ယောက်ကတော့ တကယ်ကို ပြသနာရှိနိုင်သည်မို့ ဝင်၍ ထိန်း ရလိမ့်မည်သာ ။
" နွေးငယ်ရယ် ညမလေးစိမ်းက တကယ်မအားလို့ပဲဟာ ၊ ရပါတယ် ညမလေး အိမ်ကိုသာ အေးဆေးပြန်နော် "
ဒေါ်မူယာချိုက အခြေအနေကို ဝင်ကာ ထိန်း၍ ပြောလိုက်သော်ငြား နော်ဘလက်ဇင်နွေးကတော့ လှောင်ပြုံး ပြုံးလိုက်ကာ ,
"မစားတော့ ကောင်းတာပေါ့
အကုန်အကျ သက်သာတယ်လေ
မြင်နေရရင် နွေး မြိုမကျဖြစ်နေဦးမှာ မမချိုရဲ့ !"
"အို ဘယ်လိုလုပ်မလဲ မမချို
စိမ်းလည်း အခုမှ ဗိုက်က အတော်ဆာလာသလိုပဲ
စိမ်း သုံးပန်းကန် လေးပန်းကန်လောက်စားလည်း
FAMEအိမ်တော်က ဘာမှဖြစ်မသွားဘူးမလားဟင် !"
ဒေါ်မူယာချိုက မျက်လုံးလေး ကလယ်ကလယ်ဖြင့် အချိန်ကိုက်ဗုံးလို ဘယ်အချိန် ထပေါက်မည်မှန်း အသိသည် ၎င်းဗုံးလေး နှစ်လုံးက သက်ပြင်းချကာ ကြည့်လိုက်မိသည်။
သစ်ခတ်းက တမင်ပင် နော်ဘလက်ဇင်နွေး၏ ညာဘက်နေရာ၌ ဝင်ကာထိုင်လိုက်၏။
"တခြားမှာ ထိုင်စမ်းပါ သစ်ခတ်စိမ်း
ကျွန်မကို အမြင်မကြည်ဘူး မဟုတ်လား !"
"ဖြစ်ရလေ နွေးရယ်
စိမ်းအထင်တော့ အမြင်မကြည်တာက
နွေးဘက်ကမဟုတ်လား
စိမ်းက အမြင်ကြည်လွန်းလို့
အခက်တွေ့နေရသူပါရှင် "
"ဘာ အဓိပ္ပာယ်လဲ သစ်ခတ်စိမ်း !
ကျွန်မနားမလည်ဘူး ရှင်းအောင်ပြောပါ "
" အို.. လောလိုက်တာရှင်
ဖြည်းဖြည်းပေါ့ "
နော်ဘလက်ဇင်နွေးက ထိုမိန်းကလေးကို သဘောမကျသည့် အချက်များထဲမှ ပထမအချက်က ထိုကဲ့သို့ အနှောင့်အသွား မလွတ်သည့်စကားများပင် ။ သို့လော သို့လော အတွေးတို့ တွေးမိသည့် သူ့ဦးနှောက်က ကြာလာလျှင် ဘယ်ဘက်ရင်အုံရှိ တစ်နေရာကိုပါ ထိခိုက်လာနိုင်သည်။
မိန်းမမာယာ သဲကိုးဖြာတဲ့ ...။
ကျွန်မ ဒါတွေကို ကြုံနေရတာများလား စိမ်းရယ် !
___________________________________________
စောအယ်စေးမူးက ထိုမိန်းကလေး အား လက်ကောက်ဝတ်မှ ဆွဲ၍ အိမ်အပေါ်ထပ်သို့ ဆွဲကာ ခေါ်လာခဲ့ လိုက်သည် ။
သူ့အနေနှင့် ဘယ်လောက်ထိ စိတ်ကို ငြိမ်သက်အောင် ထားနေသည်ပဲပြောပြော မနေ့က မြင်ကွင်းသည်က သူ့ကို တစ်ညလုံးတိုင်အောင် ဒုက္ခပေးခဲ့၏ ။
ထိုမိန်းကလေးကို သူအပိုင်ရချင်သည်။ ချစ်မိသွား၍တော့ မဟုတ်တန်ရာ ။ သူက ပစ္စည်းတစ်ခုခုကို မျက်စိကျပြီဆိုနဲ့ သူ့အပိုင်လို့ တံဆိပ် ကပ်နှိပ်လိုက်ချင်သည့် လူစားမျိုး ။
စေးမူးက သူ၏ အခန်းထဲအထိ ထိုမိန်းကလေး၏ လက်အား လွှတ်မပေးဘဲ ဆွဲ၍ ခေါ်လာခဲ့လိုက်သည်။
"အ..အပြင်သွားမှာဆို ဘာ...ဘာလို့ အခန်းထဲလဲ ! လွှတ်..လွှတ်ဦး ကောင်လေး "
"မလွှတ်ဘူး ကိုင်ထားမယ်၊
ရုန်းရင် ပိုဆိုးမှာနော် နှုန်း !"
နှုန်းဟု ခေါ်လိုက်သော ကောင်လေးကြောင့် ပုံနှုန်းက ရုန်းနေရာမှ ရပ်လိုက်မိ၏ ။ ကောင်လေးဟာ ဘာလို့ သူ့ကို နှုန်းဟု ပြောင်းလဲ ခေါ်ဆိုနေပါသနည်း ။
စေးမူးက ထိုမိန်းကလေး၏ အသာတကြည်ငြိမ်ကျသွားမှု အပေါ် သဘောကျစွာဖြင့် ပြုံးလိုက်ရင်း စိတ်ထဲရှိသည့် စကားတို့အား ပြောရန် ပြင်လိုက်သည် ။
"အလုပ်ပေးမလို့ လုပ်မလား !? "
"ဟင်..ဘာ...ဘာအလုပ်လဲ "
သူက အလုပ်အကြောင်းပြောလေတော့ သူထင်ထားသလိုပင် ထိုမိန်းမလှလေး၏ မျက်ဝန်းတို့က အံ့သြမှုကြောင့် ဝိုင်းစက်သွားလေ၏။
" ကျွန်တော့်မိန်းမ စောလုပ်မလား
လက်မထပ်ရသေးခင်လေ အခုချိန်ကတည်းက
စပြီး ကျွန်တော့် မိန်းမလုပ် ! ဘယ်ကောင်နဲ့မှ မရောနဲ့ ကျွန်တော့်စကားကို အချိန်တိုင်း နားထောင်ရမယ်..အဲ့ အလုပ် ! "
"အ...အဓိပ္ပာယ်မရှိတာ ၊ ဒါ...ဒါက အလုပ်မှ မဟုတ်ဘဲ ငါ..ငါတို့အစကတည်းက စီစဥ်ထားတာလေ..တ..တခြား အလုပ်ပြောပါ ၊ "
စေးမူးက ဒေါ်ပုံနှုန်း၏ အထွန့်တက်၍ ပြောလာသော စကကြောင့် အလိုမကျဖြစ်သွားရကာ ,
"အဲ့လောက် ဘာမှမလုပ်ဘဲ မနေနိုင်ရင်
ကျွန်တော်နဲ့အိပ်မလား !"
"မ...မဆိုင်တာ ကောင်လေး "
"ဆိုင်တယ်လေ..အရိုး​သားဆုံးပြောစမ်းပါ၊
ကျွန်တော့်ကို တကယ် စိတ်မဝင်စားဘူးလား
နောက်ပြီး ကျွန်တော်နဲ့ အိပ်ဖို့ကိုရော ? "
"ငါ...ငါ "
ပုံနှုန်းက ထိုကောင်လေး၏ စကားကြောင့် သူ့ကိုယ်သူပင် ဇဝေဇဝါဖြစ်မိသည် ။
သူဟာ ယောကျ်ားတစ်ယောက်ဖြစ်နေပေမယ့် ထိုအမျိုးသားလေးအပေါ်မှတော့ မသိစိတ်ကရော သိစိတ်ကပါ စိတ်လှုပ်ရှားမိနေသလား မပြောတတ်။
နှုန်းဟု ခေါ်လိုက်သော အသုံးအနှုန်းသည်လည်း အခြားသူတွေ ခေါ်တုန်းက မထူးခြားပါဘဲ ကောင်ငယ်လေး၏ အသံသြရှရှကလေးကျမှ သာယာချင်စရာ ကောင်းလှ၏ ။
ရီဝေဝေအကျင့်တို့နှင့် ထိုကောင်လေးက သူ၏ လက်တို့အား ဆွဲကိုင်လာသည် ။ သူကလည်း မရုန်းကန်မိ ။
ကောင်လေး...ဒီလူ့ကို မင်းလေးဘက်က ဘယ်လိုသဘောထားနေပါသလဲမသိပေမယ့် ငါဟာ မင်းဆီမှ ကျရှုံးမှန်း မသိကျရှုံးနေသလိုပါပဲ ။
" ဒီကို ကိုင်ကြည့်မလား ! နှုန်း "
ကောင်ငယ်လေးက ပုံနှုန်း၏ လက်အား ဆွဲလျက် အင်္ကျီကို လှန်၍ မ, တင်ပြကာ အမြှောင်းမြှောင်းပင်ပေါ်ကာ နေသော ဝမ်းဗိုက်ကြွက်သားတို့ အပေါ် လက်တင်ပေး၏။
သူ၏ စိတ်ထဲ၌ ဖြစ်လာသည့် ခံစားချက်တို့ကြောင့် ပုံနှုန်းဟာ သူ့ကိုယ်သူပင် ကြောက်လန့်လာမိသည်။
ထိုအထိအတွေ့ကြောင့် သူ၏ အောက်ဘက်နေရာမှ အရာတစ်ခုက မထိန်းချုပ်နိုင်အောင် ဖြစ်လာရ၏။
ကျေး...ကျေးဇူးပြုပြီး ငါ..ငါ မရူးမိုက်ချင်ဘူး ကောင်လေး ။
" ကျွန်တော် မနေ့ညကတည်းက မအိပ်ရသေးဘူး ၊ နှုန်း ကျွန်တော်နဲ့ အတူ အိပ်ချင်လား ! "
"ဟို..ငါ...ငါကလေ "
" ကျွန်တော် ငြင်သာပါ့မယ်
ပြီးတော့ ကျွန်တော် နှုန်း..နှုန်းကိုလေ.. "
"ဟင့်..ဟင့်အင်း ငါ..ငါ သွားတော့မယ် ! "
ပုံနှုန်းက ထိုကောင်ငယ်လေးအား တွန်းလျက် ကောင်ငယ်လေး၏ ရှေ့မှ အမြန်ပင် ပြေး၍ ထွက်လာခဲ့မိ၏။
ငါက မှားယွင်းပြီး နေထိုင်နေရသူပါ ကောင်လေး....။
မင်းက မှားယွင်းပြီး ငါနဲ့ဆုံတွေ့ခဲ့ရသူပါ ။
ငါလေ...ငါ မင်းကို မချစ်ချင်ဘူး ။
ကျေးဇူး ပြုပြီး ငါ့ကို မချစ်မိအောင် ဆက်ဆံပေးပါ ။ ငါဟာ မေတ္တာငတ်ခဲ့သူမို့ နွေးထွေးတဲ့ အကြည့်လေးတစ်ချက်ဖြစ်ဖြစ်၊ လုံခြုံတဲ့ အငွေ့အသက်လေးပဲ ဖြစ်ဖြစ် ရခဲ့ရင်တောင်
ဒူးထောက်ချင်မိတဲ့သူပါ ။
သူက ကောင်ငယ်လေး၏ အခန်းထဲမှ ပြေးထွက်လာလျက် ဘေးချင်းကပ်လျက်ရှိ သူ၏ အခန်းထဲသို့ ဝင်လိုက်သည် ။
Bathroom ထဲသို့ သာ ဦးတည်သွားလိုက်ပြီး ရေပန်းကို ဖွင့်လိုက်မိ၏ ။
စိတ်ကျဥ်းကျပ်လာရ၍ အင်္ကျီနှင့် ထဘီအား အတင်းအကြပ်ပင် ဆွဲချွတ်လျက် ရေနှင့်ရောနေသည့် မျက်ရည်စ တို့ကလည်း သူ၏ ပါးပြင်ထက်တွင် နေရာယူသွားခဲ့သည်။
သူ့ကိုယ်တိုင်ပင် အသားမကျသော ရှက်ရွံစရာ ခံစားချက်တို့နှင့် အတူ ပန်းနုရောင် လက်ဖုဝါးနုနုလေးက ခန္ဓာကိုယ်အောက်ဖက်နေရာဆီသို့သာ ဦးတည်မိသည်။
" အာ့....ဟင့် ...အင့်.. ဟင့် မောင် !"
___________________________________________
Mon.July25.2022
Continue Reading
You'll Also Like
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
490K 21.9K 50
4.6K 224 12
မောင်၏ထံပါး၌အချစ်တို့ဖြစ်တည်လေ၏ Main Lead Wine Lamin Maung + Hein Z Side Couple Kaungkin Htet Yan + Saint Waddy Saw Loon Win Ko + Khon Zay Thuta Aut...
97.6K 5.5K 22
"ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မောင့်ကိုပြုစားထားလို့လေ " "ကျုပ်ကဒါဆို မောင့်ရဲ့ ထာဝရ ကဝေပျို ငယ်လေးဖြ...