Unicode
လိုင်လ်ရဲ့ ခန္ဓာကိုယ်က သူအရင်က တခါမှ မခံစားဖူးတဲ့ ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။ သူမကို မလွတ်တမ်း ဖက်ထားလိုခြင်းပင်။
သူ့ရဲ့တာဝန်ဝတ္တရားဟု သတ်မှတ်ကာ လိုင်လ်ဆုံးဖြတ်လိုက်သည်။
ဒီနေ့က အုံးစက်ရာနွှဲပွဲနေ့ဖြစ်ပြီး သူမကလဲ သူ့ရဲ့ ဘုရင်မ မလား။
ဒီနေ့မဟုတ်ရင်တောင် တနေ့နေ့တချိန်ချိန်ကျ သူတို့ဖက်ရမဲ့နေ့ ရောက်လာမည်မှာ မလွဲမသွေပင်။ နန်းမွေဆက်ခံမည့်သူ မွေးထုတ်ဖို့တာဝန်က သူတို့တာဝန်မလား။
"မယ်ဒီရာ"
သူက သူမနာမည်ကို ခေါ်လိုက်တော့ မယ်ဒီရာက လိုင်လ်ကို မော့ကြည့်သည်။
သူမရဲ့ ချစ်စရာ မျက်ဝန်းများကြောင့် လိုင်လ်မှင်သက်မိသွားသည်။
ဒီမယ်ဒီရာက ချစ်ဖို့ သိပ်ကောင်းတာပဲ။ ငါ့ခေါင်းအခြေအနေမကောင်းဘူးဆိုတာ သိပ်သိသာတာပဲ။ သူ့အတွေးကြောင့် သူကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။
"ကိုယ်တို့မှာ ကလေးရှိလာရင် မင်း ကိုယ်နဲ့ ထပ်အိပ်စရာမလိုတော့ဘူး။ မင်းကိုလဲ ထပ်မရှာတော့ဘူး။ ဒါကြောင့် ကိုယ့်ကို တွန်းမထုတ်ပါနဲ့။" လိုင်လ်ကိုယ်တိုင်လဲ မယ်ဒီရာကို ရှာချင်သူမဟုတ်။
လိုင်လ်ရဲ့ စကားကြောင့် မယ်ဒီရာက စဉ်းစားသလို မော့ကြည့်လာသည်။
"မင်း တကယ်ပဲ ဘာမှ မမှတ်မိဘူးပဲ"
ဒီအခြေအနေကနေ သူမ လွတ်မြောက်နိုင်မလား မယ်ဒီရာတွေးနေလေသည်။
ဒီခေတ်က မီးရော မြေအောက်ရထားလိုင်းပါ မရှိတဲ့ ခေတ်။ မှော်ပညာရှိတယ်လို့ ပြောကြပေမဲ့ သူမက မှော်ဆရာမ မဟုတ်။ သူမက ကျောထောက်နောက်ခံရှိတဲ့ မိသားစုမှာ မွေးလာတဲ့ သူတစ်ယောက်သာဖြစ်ပြီး ဘာစွမ်းရည်မှ ရှိသူမဟုတ်။ သူမ နန်းတွင်းပြင် ယူသွားနိုင်တဲ့ တခုတည်းသော အရာက သူမရုပ်ရည်သာ ရှိသည်။ ပြောရရင် သူမက ဇာတ်ဆောင်တစ်ယောက်တောင် မဟုတ်။
သူမက ဘုရင်ကို ငြင်းပြီး နန်းတွင်းက ထွက်ပြေးနိုင်ပါ့မလား။
သူမက ဝတ္ထုတွေထဲက သန်မာတဲ့ ဇာတ်ဆောင်တွေကို အားကျတာ မှန်ပေမဲ့ သူတို့မှာက စာရေးဆရာတွေပေးတဲ့ အဆုံးအစမရှိစွမ်းရည်တွေနဲ့ ကံကောင်းတာတွေ ပိုင်ဆိုင်ထားတဲ့သူ။
သူမရဲ့ တကယ့်ကမ္ဘာကတော့ ကွဲပြားသည်။ အေးစက်ပြီး ခွင့်မလွှတ်ခြင်း၊ ရက်စက်ခြင်းတွေနဲ့ ပြည့်နေတာမို့ သူမကိုယ်တိုင်ပင် ကြက်သီးထလောက်သည်။
သူမက ကံကောင်းခြင်းတွေကို ယုံတဲ့ ကလေးလေးတစ်ယောက် မဟုတ်တော့။
"ငါက ဇာတ်ဆောင်မဟုတ်ဘူး" သူမရဲ့ အတွေး။
သူမဘဝက သူမအဖေ နယ်စားမင်း၊ ဒါမှမဟုတ် ဘုရင်ရဲ့ ကာကွယ်မှု မရှိရင် ကျွန်းပေါ်မှာ ပစ်ခံထားရတဲ့ ကလေးတစါယောက်သာသာပင်။
သူမ နန်းတွင်းအပြင်ထွက်တာနဲ့ သူမရုပ်ရည်ကြောင့် လူအများ အာရုံစိုက်တာ ခံရပြီး သိပ်မကြာလှပဲ ပြန်ပေးဆွဲပြီး ရောင်းစားခံရမည်မှာ တွေးကြည့်စရာပင်မလို။
သူမရဲ့ ဘဝအခြေအနေကို စဉ်းစားရင်း မယ်ဒီရာ့မျက်နှာ မဲ့တဲ့တဲ့ဖြစ်လာသည်။
ငါက ဘုရင့်အချစ်ကို မလိုချင်ပေမဲ့ ဒီမှာ နေတာ ငါ့အတွက် အကျိုးမယုတ်ဘူး။
နန်းတွင်းက သက်တောင့်သက်သာနေရတဲ့အခြေအနေ၊ လိုင်လ်ရဲ့ ချောမောခန့်ညားမှု၊ နောက်ပြီး ဝတ္ထုထဲမှာ ရေးထားတဲ့ လိုင်လ့်ကို ပုံဖော်တဲ့ "ကိုယ် သိပ်မကြမ်းပါဘူး" ဆိုတဲ့ စကားလုံးတွေ။
ငါ ဒီတည သည်းခံလိုက်ရင် ငါ တဘဝလုံး အေးဆေးနေလို့ ရပြီ။
"ဒါက တကယ်ပဲ အဆင်ပြေရဲ့လား" သူမရဲ့ ကိုယ်ကျင့်တရားက ခွင့်မပြု။
တဖက်မှာလဲ သူမ သိချင်နေမိသည်။
ဒီမှာက ဝတ္ထုထဲ ချီးကျူးခံထားရတဲ့ ဇာတ်ဆောင်၊ ဒီလိုတွေးတော့ အဆိုးဆုံးညတညတော့ မဖြစ်နိုင်ဘူးမလား။
သူမက အရှက်မရှိခြင်းတော့ မဟုတ်။ ပြောရရင် ဒီအခြေအနေက အစောထဲက ဆုံးဖြတ်ပြီးသားမလား။
ကံကောင်းတာတခုက လိုင်လ်က သူမကို အတင်းလုယူမဲ့အစား ဖြောင်းဖျနေခြင်းပင်။
"ဒါဆို... ကျေးဇူးပြုပြီး နာအောင်မလုပ်ပါနဲ့..."
မျက်လုံးချင်းပင် မဆိုင်ပဲ တွန့်ဆုတ်တွန့်ဆုတ်ဖြေတဲ့ မယ်ဒီရာကို ကြည့်ရင်း လိုင်လ် အသက်ခပ်ပြင်းပြင်းရှူမိသည်။
သူမက လုံးဝကွဲပြားခြားနားတဲ့ မိန်းကလေးတစ်ယောက်ပင်။
သူသိခဲ့တဲ့ မယ်ဒီရာက ဒါမျိုးအမူအရာကို ဘယ်တုန်းကမှ ပြခဲ့သူမဟုတ်။
"အင်း"
လိုင်လ်က မယ်ဒီရာဆီလက်လှမ်းပြီး
"ကိုယ် ကတိပေးတယ်" တိုးတိုးဆိုရင်း ခပ်ဖြည်းဖြည်းနမ်းသည်။
***********
Note:
ဒါက ၂၃ရက်နေ့ ဒီနေ့အတွက် ပထမပိုင်းပါ။
အကြွေးတွေ ကုန်ပြီနော်။ 😉😉
ဆန့်ငင်ဆန့်ငင်ဖြစ်နေကြမှာလား။
စောင့်ဖတ်ပေးကြတဲ့ တဦးတယောက်ဆီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ကွန်မန့်တိုင်း vote တိုင်းက ရှေ့ဆက်ဘာသာပြန်ဖို့ ခွန်အားတွေပါ။
************
Zawgyi
လိုင္လ္ရဲ့ ခႏၶာကိုယ္က သူအရင္က တခါမွ မခံစားဖူးတဲ့ ခံစားခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနေလသည္။ သူမကို မလြတ္တမ္း ဖက္ထားလိုျခင္းပင္။
သူ႔ရဲ့တာဝန္ဝတၱရားဟု သတ္မွတ္ကာ လိုင္လ္ဆုံးျဖတ္လိုက္သည္။
ဒီေန႔က အုံးစက္ရာႏႊဲပြဲေန႔ျဖစ္ၿပီး သူမကလဲ သူ႔ရဲ့ ဘုရင္မ မလား။
ဒီေန႔မဟုတ္ရင္ေတာင္ တေန႔ေန႔တခ်ိန္ခ်ိန္က် သူတို႔ဖက္ရမဲ့ေန႔ ေရာက္လာမည္မွာ မလြဲမေသြပင္။ နန္းေမြဆက္ခံမည့္သူ ေမြးထုတ္ဖို႔တာဝန္က သူတို႔တာဝန္မလား။
"မယ္ဒီရာ"
သူက သူမနာမည္ကို ေခၚလိုက္ေတာ့ မယ္ဒီရာက လိုင္လ္ကို ေမာ့ၾကည့္သည္။
သူမရဲ့ ခ်စ္စရာ မ်က္ဝန္းမ်ားေၾကာင့္ လိုင္လ္မွင္သက္မိသြားသည္။
ဒီမယ္ဒီရာက ခ်စ္ဖို႔ သိပ္ေကာင္းတာပဲ။ ငါ့ေခါင္းအေျခအေနမေကာင္းဘူးဆိုတာ သိပ္သိသာတာပဲ။ သူ႔အေတြးေၾကာင့္ သူကိုယ္တိုင္ပင္ တုန္လွုပ္သြားရသည္။
"ကိုယ္တို႔မွာ ကေလးရွိလာရင္ မင္း ကိုယ္နဲ႔ ထပ္အိပ္စရာမလိုေတာ့ဘူး။ မင္းကိုလဲ ထပ္မရွာေတာ့ဘူး။ ဒါေၾကာင့္ ကိုယ့္ကို တြန္းမထုတ္ပါနဲ႔။" လိုင္လ္ကိုယ္တိုင္လဲ မယ္ဒီရာကို ရွာခ်င္သူမဟုတ္။
လိုင္လ္ရဲ့ စကားေၾကာင့္ မယ္ဒီရာက စဥ္းစားသလို ေမာ့ၾကည့္လာသည္။
"မင္း တကယ္ပဲ ဘာမွ မမွတ္မိဘူးပဲ"
ဒီအေျခအေနကေန သူမ လြတ္ေျမာက္နိုင္မလား မယ္ဒီရာေတြးေနေလသည္။
ဒီေခတ္က မီးေရာ ေျမေအာက္ရထားလိုင္းပါ မရွိတဲ့ ေခတ္။ ေမွာ္ပညာရွိတယ္လို႔ ေျပာၾကေပမဲ့ သူမက ေမွာ္ဆရာမ မဟုတ္။ သူမက ေက်ာေထာက္ေနာက္ခံရွိတဲ့ မိသားစုမွာ ေမြးလာတဲ့ သူတစ္ေယာက္သာျဖစ္ၿပီး ဘာစြမ္းရည္မွ ရွိသူမဟုတ္။ သူမ နန္းတြင္းျပင္ ယူသြားနိုင္တဲ့ တခုတည္းေသာ အရာက သူမ႐ုပ္ရည္သာ ရွိသည္။ ေျပာရရင္ သူမက ဇာတ္ေဆာင္တစ္ေယာက္ေတာင္ မဟုတ္။
သူမက ဘုရင္ကို ျငင္းၿပီး နန္းတြင္းက ထြက္ေျပးနိုင္ပါ့မလား။
သူမက ဝတၳဳေတြထဲက သန္မာတဲ့ ဇာတ္ေဆာင္ေတြကို အားက်တာ မွန္ေပမဲ့ သူတို႔မွာက စာေရးဆရာေတြေပးတဲ့ အဆုံးအစမရွိစြမ္းရည္ေတြနဲ႔ ကံေကာင္းတာေတြ ပိုင္ဆိုင္ထားတဲ့သူ။
သူမရဲ့ တကယ့္ကမၻာကေတာ့ ကြဲျပားသည္။ ေအးစက္ၿပီး ခြင့္မလႊတ္ျခင္း၊ ရက္စက္ျခင္းေတြနဲ႔ ျပည့္ေနတာမို႔ သူမကိုယ္တိုင္ပင္ ၾကက္သီးထေလာက္သည္။
သူမက ကံေကာင္းျခင္းေတြကို ယုံတဲ့ ကေလးေလးတစ္ေယာက္ မဟုတ္ေတာ့။
"ငါက ဇာတ္ေဆာင္မဟုတ္ဘူး" သူမရဲ့ အေတြး။
သူမဘဝက သူမအေဖ နယ္စားမင္း၊ ဒါမွမဟုတ္ ဘုရင္ရဲ့ ကာကြယ္မွု မရွိရင္ ကၽြန္းေပၚမွာ ပစ္ခံထားရတဲ့ ကေလးတစါေယာက္သာသာပင္။
သူမ နန္းတြင္းအျပင္ထြက္တာနဲ႔ သူမ႐ုပ္ရည္ေၾကာင့္ လူအမ်ား အာ႐ုံစိုက္တာ ခံရၿပီး သိပ္မၾကာလွပဲ ျပန္ေပးဆြဲၿပီး ေရာင္းစားခံရမည္မွာ ေတြးၾကည့္စရာပင္မလို။
သူမရဲ့ ဘဝအေျခအေနကို စဥ္းစားရင္း မယ္ဒီရာ့မ်က္ႏွာ မဲ့တဲ့တဲ့ျဖစ္လာသည္။
ငါက ဘုရင့္အခ်စ္ကို မလိုခ်င္ေပမဲ့ ဒီမွာ ေနတာ ငါ့အတြက္ အက်ိဳးမယုတ္ဘူး။
နန္းတြင္းက သက္ေတာင့္သက္သာေနရတဲ့အေျခအေန၊ လိုင္လ္ရဲ့ ေခ်ာေမာခန့္ညားမွု၊ ေနာက္ၿပီး ဝတၳဳထဲမွာ ေရးထားတဲ့ လိုင္လ့္ကို ပုံေဖာ္တဲ့ "ကိုယ္ သိပ္မၾကမ္းပါဘူး" ဆိုတဲ့ စကားလုံးေတြ။
ငါ ဒီတည သည္းခံလိုက္ရင္ ငါ တဘဝလုံး ေအးေဆးေနလို႔ ရၿပီ။
"ဒါက တကယ္ပဲ အဆင္ေျပရဲ့လား" သူမရဲ့ ကိုယ္က်င့္တရားက ခြင့္မျပဳ။
တဖက္မွာလဲ သူမ သိခ်င္ေနမိသည္။
ဒီမွာက ဝတၳဳထဲ ခ်ီးက်ဴးခံထားရတဲ့ ဇာတ္ေဆာင္၊ ဒီလိုေတြးေတာ့ အဆိုးဆုံးညတညေတာ့ မျဖစ္နိုင္ဘူးမလား။
သူမက အရွက္မရွိျခင္းေတာ့ မဟုတ္။ ေျပာရရင္ ဒီအေျခအေနက အေစာထဲက ဆုံးျဖတ္ၿပီးသားမလား။
ကံေကာင္းတာတခုက လိုင္လ္က သူမကို အတင္းလုယူမဲ့အစား ေျဖာင္းဖ်ေနျခင္းပင္။
"ဒါဆို... ေက်းဇူးျပဳၿပီး နာေအာင္မလုပ္ပါနဲ႔..."
မ်က္လုံးခ်င္းပင္ မဆိုင္ပဲ တြန့္ဆုတ္တြန့္ဆုတ္ေျဖတဲ့ မယ္ဒီရာကို ၾကည့္ရင္း လိုင္လ္ အသက္ခပ္ျပင္းျပင္းရွူမိသည္။
သူမက လုံးဝကြဲျပားျခားနားတဲ့ မိန္းကေလးတစ္ေယာက္ပင္။
သူသိခဲ့တဲ့ မယ္ဒီရာက ဒါမ်ိဳးအမူအရာကို ဘယ္တုန္းကမွ ျပခဲ့သူမဟုတ္။
"အင္း"
လိုင္လ္က မယ္ဒီရာဆီလက္လွမ္းၿပီး
"ကိုယ္ ကတိေပးတယ္" တိုးတိုးဆိုရင္း ခပ္ျဖည္းျဖည္းနမ္းသည္။
***********
Note:
ဒါက ၂၃ရက္ေန႔ ဒီေန႔အတြက္ ပထမပိုင္းပါ။
အေႂကြးေတြ ကုန္ၿပီေနာ္။ 😉😉
ဆန့္ငင္ဆန့္ငင္ျဖစ္ေနၾကမွာလား။
ေစာင့္ဖတ္ေပးၾကတဲ့ တဦးတေယာက္ဆီတိုင္းကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ ကြန္မန့္တိုင္း vote တိုင္းက ေရွ႕ဆက္ဘာသာျပန္ဖို႔ ခြန္အားေတြပါ။