အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး...
By KhaingMyelMyan
1.2M 85.2K 5.7K
နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားက... More
အမှာစာ
Part(1)/Unicode
Part(1)/Zawgyi
Part(2)/Unicode
Part(2)/Zawgyi
Part(3)/Unicode
Part(3)/Zawgyi
Part(4)/Unicode
Part(4)/Zawgyi
Part(5)/Unicode
Part(5)/Zawgyi
Part(6)/Unicode
Part(6)/Zawgyi
Part(7)/Zawgyi
Part(8)/Unicode
Part(8)/Zawgyi
Part(9)/Unicode
Part(9)/Zawgyi
Part(10)/ Unicode
Part(10)/Zawgyi
Part(11)/Unicode
Part(11)/Zawgyi
Part(12)/Unicode
Part(12)/Zawgyi
Part(13)/Unicode
Part(13)/Zawgyi
Part(14)/Unicode
Part(14)/Zawgyi
Part(15)/Unicode
Part(15)/Zawgyi
Part(16)/Unicode
Part(16)/Zawgyi
Part(17)/Unicode
Part(17)/Zawgyi
Part(18)/Unicode
Part(18)/Zawgyi
Part(19) / Unicode
Part(19)/Zawgyi
Part(20)/ Unicode
Part(20)/Zawgyi
Part(21)/Unicode
Part(21)/Zawgyi
Part(22)/Unicode
Part(22)/Zawgyi
Part(23)/Unicode
Part(23)/Zawgyi
Part(24)/Unicode
Part(24)/Zawgyi
Part(25)/Unicode
Part(25)/Zawgyi
Part(26)/Unicode
Part(26)/Zawgyi
Part(27)/Unicode
Part(27)/Zawgyi
Part(28)/Unicode
Part(28)/Zawgyi
Part(29)/Unicode
Part(29)/Zawgyi
Part(30)/Unicode
Part(30)/Zawgyi
Part(31)/Unicode
Part(31)/Zawgyi
Part(32)/Unicode
Part(32)/Zawgyi
Part(33)/Unicode
Part(33)/Zawgyi
Part(34)/Unicode
Part(34)/Zawgyi
Final Part/Unicode
Final Part/Zawgyi
Part(7)/Unicode
28.3K 2.5K 150
By KhaingMyelMyan
စောအယ်စေးမူးဟာ ထိုမိန်းကလေး၏ လက်ကို အတင်းအကြပ်ဆွဲ၍ခေါ်လာကာ ကားပေါ်သို့တက်စေ၏။
ထိုမိန်းကလေးကလည်း ရုန်းခြင်း၊ပြုခြင်း၊ကလန်ကလန်လုပ်ခြင်းတို့ မရှိ။
သူခေါ်ရာနောက်သို့ပင် အသာတကြည်လိုက်၍ လာသည်။
ထိုသို့တွေးမိသည်နှင့် ကားမောင်းနေရင်းမှ လူကပြုံးလိုက်မိပြီး လက်တို့ကလည်း အငြိမ်မနေ၊  ကားလက်ကိုင်ကို တဒေါက်ဒေါက် ခေါက်နေမိသည်။
"စိတ်..စိတ်နဲ့ လူနဲ့ မကပ်ဘူးလား!
ကား..ကားမောင်းတာ အာရုံစိုက် "
သူ၏ ဘေးတွင် အသာငြိမ်၍ထိုင်ကာ လိုက်ပါလာသော မမလေးဒေါ်ပုံနှုန်း၏ ပြောသံကြောင့် စေးမူးက သတိပြန်ဝင်သွားရပြီး ကားကို ချက်ချင်းပင် ရပ်လိုက်သည် ။
ပုံနှုန်းက ချက်ချင်းစက်ရပ်သွားသော
ကားကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိ၏။ ပတ်ဝန်းကျင်က အမြန်လမ်းမ သို့ပင် ရောက်နေပြီဖြစ်ပြီး လူလည်းပြတ်လှသည်။
ကားအသွားအလာကျဲ၍ ယခု လူကိုပင် မတွေ့ ။
"ဘယ်..ဘယ်ကို သွား..သွားမို့လဲ
အိမ်ကို မောင်း ..မောင်းနေတာလည်း မဟုတ်ဘူးမို့လား ကောင်လေး !"
စေးမူးက အခုကျမှ စကားသိပ်ကို များနေသည့် အနှီမိန်းကလေးအား အမြင်ကပ်ကပ်နှင့်
စနောက်ချင်လာမိသည်။
သူ့အမြင်မှာ ညစ်နွမ်းနွမ်းဖြစ်သည်ဟု ခံယူထားသော ငှက်ခါးရောင်သည်ပင်လျှင် ထိုမိန်းကလေး၏ ပန်းနုရောင် အသားအရည်ပေါ်၌ ထည်ထည်ဝါဝါဖြစ်၍ နေသည်။
မနေ့ညက သူတွေ့ခဲ့သလိုမျိုး ဘာမျှ မပြင်ဆင်မလိမ်းခြယ်ထားလျှင်လည်း လှသည့်ထိုမိန်းကလေးက ယခုလို လိမ်းခြယ်ထားပြန်တော့လည်း တစ်မျိုး စွဲမက်ဖွယ်ပင်။
ထိုမိန်းကလေးက ကားပေါ်မှ ဆင်းကာ ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် အကဲခတ်၍ ကြည့်နေပြီမို့ သူကပါ ကားပေါ်က ဆင်းလိုက်ရ၏။
သစ်ပင်အရိပ်ပင်မရှိသော အဝေးပြေးလမ်းမကြီးက နေအပူရှိန်လည်း အလွန်ပြင်းလှသည်။
ထိုမိန်းကလေးက လူသူပြတ်ကာ ခြောက်ကပ်နေသောအဝေးပြေးလမ်းမထက်သို့ ပူပြင်းသော နေကို အန်တုလျက် နဖူးထက်၌ လက်ဝါးလေးဖြင့်ကာ၍ ကားအသွားအလာကို ကြည့်သည်။
စောအယ်စေးမူးလည်း တမင်မရည်ရွယ်ပါဘဲ သတိထားလိုက်မိသည်က လက်ကိုမြှောက်ထားသောကြောင့် ခါးတိုတိုအင်္ကျီရင်ဖုံးအောက်တွင် ပေါ်နေသည့် မမလေးဒေါ်ပုံနှုန်း၏ ဗိုက်သားလေးများပင်..။
ကပ်ချပ်၍ သေးသိမ်သော ခါးလေးက သူစိတ်ရှိလက်ရှိ ဆွဲပွေ့ချင်စရာဖြစ်နေသည်။
စေးမူးသည်က အတွေးထက် အလုပ်က ပိုမြန်သည့် လူစားမျိုးဖြစ်၏။ ထိုမိန်းကလေးအနီးသို့ သူတိုးကပ်သွားမိပြီး ထိုမိန်းကလေး၏ ခါးသိမ်သိမ်လေးကို သူဆွဲဖက်လိုက်မိသည်။
"အ...အမေ့ ! ကောင်လေး "
"အင်း..ခင်ဗျားယောကျ်ားဖြစ်တော့မယ့် ကောင်လေး "
သူက ထိုမိန်းကလေး၏ ခါးကိုဖက်ထားရင်း နားသယ်စပ်နားသို့ တိုးကပ်ကာ ခပ်ရှရှအသံဖြင့် ထိုသို့ဆိုလိုက်တော့ ထိုမိန်းမလှလေးက သူ့အား အကြောက်အကန်ပင် ရုန်းလာ၏။
"ဖယ်...ကောင်...ကောင်လေး
မဖက်နဲ့"
"ဖက်မယ်ဗျာ၊ အသဲယားအောင် မြှူစွယ်တုန်းက မြှူစွယ်ပြီး မငြင်းနဲ့ "
ပုံနှုန်းဟာ တစ်ဇွတ်ထိုးဆန်နေသည့် ထိုကောင်လေးကို ဘယ်လိုဆုံးမရမှန်းမသိ။
ဘုရားရေ..ကောင်လေးဟာ တကယ့်ကို အဆိုးလေးပါ။ ပုံနှုန်းကပဲ သူ့ကို မြှူစွယ်ရသည် ရှိသေး။ ဘယ်လိုပဲ ဖြစ်ဖြစ် သည်အခြေအနေကြီးဟာ ပုံနှုန်းအတွက် အနေရခက်နေသည်မို့ တင်းတင်းကြပ်ကြပ်ဆွဲဖက်ထားသည့် အကြောစိမ်းစိမ်းတွေနှင့် လက်တစ်ဖက်ကြား သူအားရှိသလောက် ရုန်းကာနေမိသည်။
သို့သော်လည်း အချည်းနှီးသာ ။
" လွှတ်..လွှတ်ပေး "
"ခင်ဗျားလည်း ဖက်ခံချင်နေတာကို ဘာလို့မူနေတာလဲ ဒေါ်ပုံနှုန်း ၊ ဖက်ခံချင်လို့ပဲ ကျွန်တော့်ရှေ့မှ ဟိုပေါ်၊ဒီပေါ် လာနေပြနေတာမဟုတ်ဘူးလား ဟမ့်!"
ပုံနှုန်းဟာ အလွယ်တကူ ဝမ်းနည်းတတ်တဲ့သူမျိုး မဟုတ်​ပေမယ့် ကောင်ငယ်လေးပြောလိုက်တဲ့ စကားဟာ သူ့သိက္ခာကို ထိခိုက်နေသည်။
သူချမှတ်ထားသည့် အတိုင်းအတာကို အနည်းငယ်မျှ ထိုကောင်ငယ်လေးက ချိုးဖောက်လာ၍ ထင်သည်။ သူ့စိတ်ထဲ ဝမ်းနည်းလာရ၏။
သူဟာ ယောကျ်ားတစ်ယောက်ဖြစ်နေလျက် သူ့ထက် အသက်ငယ်တဲ့ ယောက်ျားတစ်ယောက်ရှေ့မှာ အကိုင်အတွယ်ခံချင်လို့ တမင်သက်သက်ဖော်ချွတ်နေပါတယ်လို့ အထင်ခံလိုက်ရတာဟာ သူ့အတွက်တော့ ဝမ်းနည်းစရာပင်။
သူက ထိုကောင်လေး၏ လက်ထဲမှ ရုန်းရင်း မနှစ်သက်သည့်အကြောင်းကို ဆိုရင်း ရှိုက်သံပင် ထွက်လာရ၏။
"လွှတ်လို့..ဟင့် မ..မကြိုက်ဘူး အဲ့လိုတွေ !"
စောအယ်စေးမူးဟာ ထိုမိန်းကလေးအား အမြင်ကပ်ကပ်ဖြင့် တင်းတင်းကြပ်ကြပ်ဖက်ထားမိသော်လည်း ရှိုက်၍ တုန်သွားသော ခန္ဓာကိုယ်လေးကြောင့် ဖက်ထားရာမှ ခန္ဓာကိုယ်ချင်း ခွာလိုက်သည်။
သူက ဘယ်လောက်ထိပဲ သူတစ်ပါးခံစားချက်ကို ထည့်မတွက်သည့်သူ ဖြစ်ပါစေဦး။ မိန်းကလေးတစ်ယောက်က ငြင်းဆန်နေသည့်အပေါ် သူအတင်းအကြပ်ထိတွေ့ရန် ဆန္ဒမရှိပါ။
စေးမူးက ထိုမိန်းကလေး၏ မျက်ရည်များနှင့် မျက်ဝန်းဝိုင်းဝိုင်းလေးများအား ကြည့်ရင်း ဖန်တခါခါ တွေးမိနေသော အတွေးအား ထပ်၍ ပင် တွေးလိုက်မိပြန်၏။
သည်မျက်ဝန်းတွေထဲ ယောကျ်ားဘယ်နှယောက်လောက်တောင် လမ်းမှားခဲ့ဖူးမလဲ !
"မူယာမာယာများလိုက်တာ ဒေါ်ပုံနှုန်း"
သူက ထိုမိန်းကလေးအား လွှတ်၍ ပေးလိုက်ပြီး ထိုသို့ပြောလေတော့ ထိုမိန်းကလေးက သူ့အား သူမျှော်လင့်ထားသလို မျက်စောင်းထိုးခြင်း၊ပြုခြင်းမရှိ။
ရှိုက်သံကို မပါအောင် တမင်ထိန်း၍ ပကတိ တည်ငြိမ်သော အသံဖြင့် သူ့အား ရွဲ့သလိုပင်ဆိုလာတော့သည်။
"ကျေး..ကျေးဇူးပါ ကောင်လေး"
"ဘာအတွက်လဲ..ရွဲ့တာလား ဒေါ်ပုံနှုန်း !"
"နှုန်း..နှုန်း မရွဲ့ပါဘူး၊ တ..တကယ် ကျေးဇူးတင်.."
"တော်တော့! အပိုတွေ..ဟမ့်"
စေးမူးက မျက်ရည်စများရှိနေသေးသည့် ထိုမိန်းကလေး၏ မျက်ဝန်းတွေကို ကြည့်ရင်း ခနဲ့သလို ပြုံးလိုက်တော့ ထိုမိန်းကလေးကပါ သူ့အား ပြုံးပြ၏။
ဘယ်လို စိတ်ရူးပေါက်နေတဲ့ ဒေါ်ပုံနှုန်းပါလိမ့်။
မျက်ရည်ဝိုင်းကာနေသည့် မျက်ဝန်းတို့နှင့်ပင်
သူ့အား သောက်မြင်ကတ်ဖို့ကောင်းအောင် လာပြုံးပြနေသေးသည်။
'အငိုမျက်လုံး အပြုံးမျက်နှာ'ဆိုတာ ဒါမျိုးကိုပြောကြတာ နေမှာ ။
ဒေါ်ရတီပုံနှုန်းက ရုပ်ရုင်မင်းသမီးလုပ်ဖို့ပဲ ကောင်းတယ် !
စောအယ်စေးမူးက ထိုမိန်းကလေး၏ မျက်ရည်စများကို မြင်လိုက်ရ၍ သူ၏ စနောက်သည့် အစီအစဥ်အောင်မြင်သွားမှုအတွက် အနည်းငယ် စိတ်ကျေနပ်သွားမိပြီး ကားဆီသို့ ပြန်လျှောက်လာလိုက်၏။
စေးမူးက ကားထဲသို့ ၀င်ထိုင်လိုက်ပြီး ယခုထိ ထိုနေရာမှ မရွေ့သေးသော ပုံနှုန်းအား စိတ်ပျက်သလို ကြည့်လိုက်ကာ ,
"လာပွေ့ချီမှ ကြွမြန်းတော့မှာလား ဒေါ်ပုံနှုန်း"
စေးမူး ထိုသို့အော်လိုက်ကာမှ အိပ်ငိုက်နေရာမှ လန့်နိုးသည့် လူလိုမျိုး ထိုမိန်းကလေးက ရပ်နေရာမှ ကားဆီသို့ လျှောက်လာသည်။
ကားထဲသို့ ထိုမိန်းကလေးဝင်ထိုင်လိုက်တော့ သူက စိတ်တိုင်းကျသွားသလို ပြုံးလိုက်ရင်း ,
"အဲ့လိုလိမ္မာရင် သဘောကျတယ် !"
" မင်း..မင်းကျတော့ ဆိုးတယ်မဟုတ်လား "
စောအယ်စေးမူးက မထင်မှတ်ထားသည့် စကားကြောင့် ခတ္တကြောင်အမ်းသွားရာမှ ချောင်းတစ်ချက်ကို တမင်ဟန့်လိုက်ပြီး ,
" အဲ့တာက ကျွန်တော့်ပြသနာပါ၊ ဒေါ်ပုံနှုန်းရဲ့ ပြသနာမဟုတ်ဘူး"
ပုံနှုန်းက ကောင်ငယ်လေး၏ စကားကိုကြားလေတော့ သက်ပြင်းကို ခပ်တိုးတိုး ချလိုက်မိသည်။
သူကသာ ထိုကောင်ငယ်လေးကို ဆုံးမသွန်သင်ကြည့်မည်ဟု အစီအစဥ်ဆွဲထားသော်လည်း အသေအချာ တွေးကြည့်ပါက ထိုကောင်ငယ်လေးက သူထင်သလို ထိန်းချုပ်ရမလွယ်။
ဒုတိယသခင်လေးဟာ အစွယ်ပေါက်ခါစ ကျားလေးလို ထိန်းရခက်ခြင်းမျိုးပဲလား၊ ဒါမှမဟုတ် အသားစားနေကျ ကျားပျိုတစ်ကောင်လို အထိန်းအချုပ်မဲ့ခြင်းမျိုးလေလား..။
ပုံနှုန်းက ကောင်ငယ်လေးအား ခပ်တွေတွေ ငေးနေရာမှပင် ထိုဒုတိယသခင်လေးက သူ၏ထုံးစံအတိုင်း အမိန့်ဆန်သော တောင်းဆိုချက်တို့ ဆိုလာ၏။
"ပြီးတော့ ကြိုပြောထားမယ်၊ ကျွန်တော်က ဒီကဒေါ်ပုံနှုန်းနဲ့ လက်ထပ်လိုက်ပေမယ့် ကျွန်တော့်ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုတော့ မပေးနိုင်ဘူး ၊
ရှင်းအောင်ပြောရရင် ကျွန်တော်က လူရှုပ်လူပွေ၊
မိန်းမတစ်ယောက်ဆီမှာပဲ ဘဝတစ်ခုလုံးအပ်နှံထားမယ့်သူမျိုးမဟုတ်ဘူး..ကတိစကားတွေကြောင့် လက်ထပ်ရတဲ့မင်္ဂလာပွဲမလို့.. သက်ဆိုင်တယ်ဆိုတာ စာချုပ်ပေါ်မှာပဲ ရှိလိမ့်မယ်.. နားလည်ရဲ့လား"
"နား...နားလည်တယ် "
"Okayလေ ၊ ဒါဆို ပြသနာမရှိဘူး
ပြသနာရှိလည်း စောအယ်စေးမူးက ဂရုမစိုက်ဘူး "
စေးမူးက တမင်ပင် မထီမဲ့မြင်ဥပက္ခာပြုကာ ပြောနေသော်ငြား ထိုမိန်းကလေး၏ မျက်နှာကိုလည်း မပြတ်အကဲခတ်နေမိ၏။
ထိုမိန်းကလေးက သူဘယ်လိုပြောပြော မျက်နှာပျက်ယွင်းသွားခြင်းမရှိ။ သူဆိုလိုသည်ကို နားလည်သည်၊သိသည်ဟုသာ ဆိုနေသည်။
ပုံနှုန်းကလည်း ထိုသခင်လေး၏ စကားအနိုင်ပိုင်းခြင်းများကို လိုက်၍ ခံစားမနေနိုင်ပါ။ ဒုတိယသခင်လေးဟာ သိပ်ကို ကလေးဆန်လှ၏။ (၂၂)မဟုတ်ပါဘဲ (၁၂)နှစ်များလေလား ။
ကောင်ငယ်လေးက စကားနာထိုးခြင်းကိုလည်း ခုံခုံမင်မင်ရှိဟန်တူသည်။ သူကလည်း ထိုကောင်ငယ်လေးပြောသည့် ရည်ရွယ်ချက်ရှိရှိစကားများကိုပင် ကောင်ငယ်လေးမျှော်လင့်ထားသလိုမျိုး ပြန်ခံမပြောနေတော့ ။ လစ်လျူသာရှုလျက် ခေါင်းကို ပုတ်သင်ညိုလိုသာ ငြိမ့်နေပေးလိုက်သည် ။
ပုံနှုန်းလိုလူက မင်းပြောတဲ့စကားတွေလောက်ကို ဝမ်နည်းရမတဲ့လား ကောင်လေး...။
ငါ ရှင်သန်ခဲ့တဲ့ ဘဝဟာ မင်းထက် ကြမ်းပါတယ်။
ကောင်ငယ်လေးဟာ သူ့ကိုလျှော့တွက်၏။
အမှန်တကယ်တော့ သူရဲ့ အသဲနှလုံးနဲ့စိတ်ဓာတ်ဟာ ဘယ်လောက်မာကြောင်း သူကိုယ်တိုင်တောင် အံ့သြရသည်။
ပုံနှုန်းဟာ လူတစ်ယောက်အပေါ်မှာ ခံစားချက်ရှိမည်ဆိုတာ ပုံနှုန်းကိုယ်တိုင်တောင်လက်မခံချင်ပါ။ ဒုတိယသခင်လေး စောအယ်စေးမူးလိုလူမျိုးကိုဆိုလျှင် ပို၍ ဆိုးပါ၏။
အချစ်ကြောင့် ဒုက္ခဖြစ်ခဲ့ရသည်။ သူ၏ မိခင်ဟာ မချစ်သင့်တဲ့သူကို ချစ်ခဲ့မိလို့ တစ်ပါးသူရဲ့ အသိုက်အမြုံကို ဖျက်ဆီးသလိုဖြစ်ခဲ့ရသည်။
တစ်ကယ်တော့ အချစ်ဟာ ဒုက္ခမဟုတ်ပါဘဲ
မချစ်ခင်မနှစ်သက်သင့်တော့ သူကို ချစ်ခင်နှစ်သက်မိခြင်းကမှ ဒုက္ခဖြစ်၏။
ပုံနှုန်းအတွက်တော့ ကောင်ငယ်လေးဟာ
မချစ်ခင်မနှစ်သက်သင့်သောသူပင်ဖြစ်တန်ရာသည်။
အဆုံးသတ်ကိုကြိုသိပါလျက် ဇာတ်သိမ်းမလှတဲ့ဇာတ်ကားကို ဘာကြောင့် ကြည့်ရမည်နည်း...။
မစတင်သင့်တဲ့အရာတွေဆိုတာ သူ့အတွက်
ခပ်များများရယ်သာ...။
ထိုအထဲတွင် ဒုတိယသခင်လေးလည်း အပါအဝင်ဖြစ်၏။
___________________________________________
" ဒါက ဖြစ်နိုင်ရဲ့လား ကိုကိုကြီး
မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာချင်တယ်လို့ လိုလိုလားလားပြောတာ အစ်ကိုလေးလား ၊ ကျွန်တော့်အစ်ကို ကိုကိုကြီးရဲ့ညီ.. အစ်ကိုလေးစေးမူးကလား? !"
စောစေးဘွဲ့မှူးက ထိုင်ရာမှပင်ထကာ လက်ဟန်ခြေဟန်ဖြင့် ထိုသို့ တအံ့တသြပြောလေသည်။
စောစေးဘွဲ့မှူး သိတဲ့ အစ်ကိုလေးဆိုတာက မိန်းမတွေကို ခတ္တစိတ်ပျော်ရွှင်စေရန်ပဲ အပြောအဆိုလုပ်တတ်သည့် လူ့ဂွစာ ။
ကိုကိုကြီးပြောသလို မိန်းမတစ်ယောက်ကို ပေါင်ပေါ် ထိုင်ခိုင်းဖို့မပြောနှင့် သူ့ဘက်မှ လက်ကိုင်ဖို့ဆန္ဒရှိပါသည်လို့တောင် ထုတ်ဖော်ပြောမည့်သူမဟုတ်။ ရှင်သန်ခဲ့တဲ့ ၁၇နှစ်လုံး မကြားဖူးသမျှ အခုမှ ကြားနေရပါပြီ။
ဘွဲ့မှူးက မျက်မှောင်ကြီးတကျုံ့ကျုံ့ဖြင့် ခေါင်းတကုတ်ကုတ်လုပ်ကာ မယုံနိုင်သလိုဖြစ်နေရသည်။
ဒေါ်မူယာချိုက သူမတို့အိမ်၏ အချစ်တော်လေး စိတ်ရှုပ်နေသည်ကို မြင်တော့ မကြည့်ရက်တော့ဟန်ဖြင့် ၀င်ပါရန် ပြင်လိုက်ရသည်။
"အငယ်လေးရယ် ဒီတစ်ခါကတကယ်ကြီး၊ ဟောဒီက မမချိုတောင် အံ့သြတာပါဆိုကွယ်
တကယ်ကြီး ပေါင်ပေါ်တင်ထားတာ၊ မမချိုဆို အသေအချာကို ကြည့်ထားတာ မယုံနိုင်လွန်းလို့ "
နောက်ဆုံး မရီးဖြစ်သူကပါ ဝင်ပြောလာတော့ ဘွဲ့မှူးက လက်ခံလိုက်ရပြီး ပြောင်းလဲ သွားဟန်ရှိသော အစ်ကိုဖြစ်သူအတွက် ဝမ်းသာသလိုမဖြစ်မိ။ တစ်ဖက်မိန်းကလေးအတွက်သာ တွေး၍ အားတုံ့အားနာဖြစ်ရပြီးစိတ်မကောင်းဖြစ်ရသည်။
"ကိုကိုကြီး မမနွေးရော ဒီနေ့အိမ်မပြန်လာဘူးလား ၊ သူ့ရဲ့ ယောင်းမလေး ပါလာမှာကို "
ဘွဲ့မှူးက ညနေစောင်းသည်အထိ အလုပ်မှအိမ်ကို ပြန်မလာသေးသည့် အမဖြစ်သူအား မေးလိုက်တော့ ကိုကိုကြီးစောစေးလျမ်း သက်ပြင်းကိုသာခပ်လေးလေးချ၏။
စောစေးလျမ်းဆိုတာကလည်း ထိုကလေးမကို မောင်နှမတွေထဲတစ်ဦးတည်းသော မိန်းကလေးပေမို့ ရွှေပေါ်မြတင် ကြွကြွရွရွကလေးထားချင်သော်လည်း ထိုကောင်မလေးကတော့ ဘာအတွက် ပိုက်ဆံတွေ ကုန်းရုန်းရှာနေသလဲ မသိ။
ညီမငယ်လေးမို့ စေးမူးကပါ အလိုလိုက်အကြိုက်ဆောင်သော်ငြား နွေးငယ်ကတော့ အစ်ကိုဖြစ်သူတွေကို မမှီခိုချင်ပါဟု ဆိုလာသည်။
စောအယ်စေးမူးက "FAME" နှင့်ပတ်သတ်၍ အုပ်ချုပ်စီမံနေသော်ငြား ရန်ကုန်ရှိ ဌာနခွဲများကိုတော့ နွေးငယ်အား ကြီးကြပ်စေ၏။
ထိုကလေးမက ထိပ်စီးလေးပြောင်းခါစ အသက်လေး(၂၀)ပေမယ့် လုပ်ငန်းတစ်ခုကို ဦးစီးဖို့ရာ လုံလောက်သည်ထက်ပို၍ အရည်အချင်းရှိနေပြီဖြစ်သည်။
ဒေါ်မူယာချိုက မယောင်ရာစီလူးနေကြသော ညီအစ်ကိုနှစ်ယောက်အား မျက်စောင်းကလေးတထိုးထိုးဖြင့်,
" အခုမှ မြန်မာစံတော်ချိန်၄နာရီပဲရှိပါသေးသတဲ့ရှင်၊ နွေးငယ်က အမြဲ ၆နာရီလောက်မှ ပြန်လာနေကျလေ ၊ ရှင်တို့မေးရမှာ အစ်ကိုတော်စောအယ်စေးမူးကိုပါရှင့် သူများသမီးပျိုလေးကို ခေါ်သွားပြီး အခုထိအိမ်ကို တန်းတန်းမတ်မတ်ပြန်မလာသေးဘူး "
စောစေးလျမ်းက သူ၏ ကြင်သူသက်ထားပြောစကားကြောင်း အခုမှ ထိပ်ထိပ်ပြာပြာဖြစ်ရ၏။
"ဟေ ဟုတ်သား ၊ စေးမူး ဘယ်တွေများ သွားနေသလဲ မသိဘူး ဒီကောင်လေးဟာတော့လေ "
စောစေးလျမ်းက ညီဖြစ်သူ၏ စိတ်ထင်ရာလုပ်တတ်သော အမူအကျင့်ကြောင့် စိတ်ပူမိသွားသည်။ စေးမူက သည်ကောင်မလေးကို ဘယ်လောက်အထိ အငြှိုးနှင့် ကြိမ်းထားမှန်း သူသာအသိဆုံး။
သူလည်း ညီဖြစ်သူလိုမျိုး ထိုမိန်းကလေးအား ဖခင်ဖြစ်သူ၏ အငယ်အနှောင်းလေးဟာ ထင်ခဲ့မိပါသည်။ သို့သော်ငြား ယခုပြန်တွေးကြည့်တော့ ဖြစ်ချင်းဖြစ် ဒေါ်မြလွန်းညိုသာ ဖြစ်နိုင်၏။
ပကတိ ဖြူစင်သော မျက်နှာနှင့် ထိုမိန်းကလေးသည်က ဤသို့ဤပုံထင်ရက်စရာကို မရှိ။
တွေးရင်းတွေးရင်းနှင့် အတွေးထဲနစ်မြောနေရာမှ ခြံရှေ့မှ ကားဟွန်းသံကြောင့် စောစေးလျမ်းသတိပြန်ဝင်သွားရသည်။
စေးမူး၏ကားများလား ။
ထိုသို့လည်း မဖြစ်နိုင်။ ကားဟွန်းက တစ်ချက်သာ မြည်၏။ စောအယ်စေးမူး၏ အကျင့်ကား စိတ်မရှည်တတ်သည်ဆိုတာထက်ကိုပိုသည်။
ကားဟွန်းတီးလျှင် အဆက်မပြတ်တီးတတ်သည်။ အနည်းဆုံး ၁၀ချက်ထက်မနည်း ။
အိမ်ထဲသို့ မျက်နှာရှစ်ခေါက်ချိုးနှင့် ဝင်လာသော နော်ဘလက်ဇင်နွေးကြောင့် သူ၏ ထင်ချက်မှာ မှန်သွားကြောင်း စောစေးလျမ်းတွေးလိုက်မိ၏။
သည်ကောင်မလေးက တွေ့လိုက်ရင် အမြဲ မျက်နှာက ရှစ်ခေါက်ချိုး ၊ စိတ်ဓာတ်ပါမက အမူအယာတွေပါ သူ့အစ်ကိုလေးကို လိုက်တုထားသလားဟုပင်မေးယူရမည်။
ရုပ်ရည်ကပါ အနည်းငယ်ဆင်ပြီး အမူအကျင့်တွေကလည်း တထေရာတည်း ။
နော်ဘလက်ဇင်နွေး၏ နောက်တွင် ကပ်လျက် လိုက်ပါလာသည့် အထုပ်အပိုးမနိုင်မနင်းနင်းဖြင့် မိန်းကလေးတစ်ယောက်။
စောစေးဘွဲ့မှူးက ထိုင်နေရာမှ ထိုမိန်းကလေးလက်ထဲရှိ အထုပ်အပိုးများကို ကူသယ်ပေးရန် အမြန်ထသွားလိုက်သည်။
"ပြန်ထိုင်နေ အငယ်ကောင်
သူ့အလုပ်သူ လုပ်လိမ့်မယ် !"
စောစေးဘွဲ့မှူးက အထုပ်အပိုးမနိုင်မနင်းနင်းနှင့် မိန်းကလေးအား ကူသယ်ဖို့ပြုလုပ်သော်ငြား အစ်မဖြစ်သူ၏ အမိန့်သံနှင့်ပြောလိုက်သောစကားကြောင့် ထရာမှ ပြန်ထိုင်လိုက်ရသည်။
နော်ဘလက်ဇင်နွေးမှာ အငြိမ်မနေနိုင်သော မောင်ဖြစ်သူအား မျက်ခုံးတွေကိုတွန့်ကျိုးအောင်လုပ်ပြီး ကြည့်လိုက်ရင်း ပြန်ထိုင်ခိုင်း၏။
စောစေးလျမ်းကမူ နွေးငယ်၏ အပြုအမူများကို နားမလည်နိုင်အောင်ဖြစ်ရပြီး ခေါင်းကိုသာ ဖြေးညင်းစွာ ရမ်းခါမိသည်။
သည်ကောင်မလေးက သူ့ရဲ့လက်ထောက်မိန်းကလေးကိုဆို ဘာတွေ အလိုမကျလို့ အလိုမကျမှန်းမသိ၊ သိပ်အနိုင်ကျင့်တာပဲ။
ပြောရလျှင် ထိုလက်ထောက်မိန်းကလေးသည်က အကောင်ကြီးကြီးတစ်ယောက်၏ ညီမဆိုလားမို့ ထိုသို့မကောင်းမွန်စွာဆက်ဆံနေခြင်းက အန္တရာယ်ရှိကြောင်း ညီမဖြစ်သူအား သူပြောသော်လည်း ယခုထိတိုင်ထိန်း၍မရ။
ထိုလက်ထောက် ကောင်မလေးကလည်း သူ့အပေါ် သည်လောက် အနိုင်ကျင့်တတ်တဲ့ သူ့ညီမလို Designer ရဲ့လက်အောက်မှာ အခုထိ အလုပ်မထွက်သေး ။ သူ့ဟာနှင့်သူကတော့ ဟုတ်နေ၍ စောစေးလျမ်းက လွှတ်ထားလိုက်ရခြင်းသာ ။
" အထုပ်တွေ ဒီမှာချထားလိုက်
မင်း ပြန်လို့ရပြီ သစ်ခတ်စိမ်း !"
နော်ဘလက်ဇင်နွေးက ထိုသို့ပြောလေတော့ သစ်ခတ်စိမ်းဆိုသည့် မိန်းကလေးက ဧည့်ခန်း၏ စတီခုံများပေါ်တွင် အင်္ကျီSample များ ထည့်ထားသည့် အထုပ်များကို ချလိုက်ပြီး ,
"မိုးကချုပ်တော့မယ်
ကျွန်မ ဒီမှာပဲအိပ်လို့မရဘူးလား နွေးရယ်"
"တို့ကို အဲ့လိုမခေါ်ဖို့ ပြောထားတယ်မလား
သစ်ခတ်စိမ်း "
နော်ဘလက်ဇင်နွေးက သူ့၏ အစ်ကိုလေးဖြစ်သူလို အသံခပ်မာမာနှင့်ပြောလိုက်တော့ ဒေါ်မူယာချိုက အခြေအနေကို ဝင်ထိန်းလိုက်ရတော့သည်။
"နွေးငယ်ရယ် အလုပ်တူတူလုပ်လာကြတာပဲ (၂)နှစ်ပြည့်တော့မယ် ၊ ရပါတယ် ညီမလေးစိမ်းရယ် "FAME"အိမ်တော်မှာ အခန်းလွတ်တွေ အများကြီးပါ ညီမလေး အိပ်သွားလို့ရတယ် "
ဒေါ်မူယာချိုက သစ်ခတ်စိမ်းဆိုသည့် မိန်းကလေးအား ထိုသို့ပြောလေတော့ သစ်ခတ်စိမ်းက သူမကို ကျေးဇူးတင်စွာပင် ပြုံးပြလာသည်။
"ကျေးဇူးပါ မမချို "
"ရပါတယ် စိမ်းရယ်၊ မမချို့ရဲ့ယောင်းမလေးကို သည်းခံပေးတာသာ မမချိုက ကျေးဇူးတင်ရမှာ... "
မူယာချိုက သစ်ခတ်စိမ်းဆိုသည့် အမျိုးသမီးလေးအား မျက်နှာချိုသွေးကာ ထိုသို့ဆိုမိသည်။
တကယ်လည်း သည်းခံပေးပြီး အမှတ်သဲချေမထား၍ ကျေးဇူးတင်ရမည်သာ ။
သစ်ခတ်စိမ်းဆိုသည့် မိန်းကလေးက နှယ်နှယ်ရရမိန်းကလေးမဟုတ်။
မူယာချို ကုမ္ပဏီကိုလိုက်သွားတုန်းက ကြားလာရတဲ့ ကောလဟာလ တွေအရ ထိုမိန်းကလေး၏ အစ်ကိုဖြစ်သူက ဒီနိုင်ငံရဲ့ တရားမဝင်လုပ်ငန်းတွေအားလုံးကိုချုပ်ကိုင်ထားသည့်  ဘာဂိုဏ်းဆိုလားရဲ့ ခေါင်းဆောင်ဆိုပဲ ။
"ရပါတယ် မမချို
စိမ်းက နွေးကို အမြဲတမ်း ချစ်တဲ့မျက်လုံးနဲ့ပဲ
ကြည့်လို့ အပစ်မမြင်ပါဘူးရှင်"
"သစ်ခတ်စိမ်း! မင်း "
နော်ဘလက်ဇင်နွေးက ဒေါသထွက်စွာ​ စိမ်းအား လက်ညှိုးထိုးလိုက်ရင်း တောက်တစ်ချက်ခေါက်၍ အိမ်အပေါ်ထပ်သို့ ကမူးရှူးထိုးနိုင်စွာ ချေကိုဆောင့်၍ တက်သွား၏။
နွေးဟာ သူမနဲ့ပတ်သတ်ရင် တကယ်ကို ဟန်မဆောင်နိုင်တာပဲ..~
သစ်ခတ်စိမ်းက ထိုသို့တွေးလိုက်ရင်း သဘောတကျပင် ပြုံးလိုက်မိ၏။
ချစ်ဖို့ကောင်းလိုက်တဲ့ အမျိုးသမီးငယ်လေး..။
__________________________________________
ခြံအဝင်ဝတွင် ကားဟွန်းတီးသံက အဆက်မပြတ်ပင် ထွက်ပေါ်လာသည်။
စောစေးလျမ်းက သူ့ညီဖြစ်သူပြန်လာမှန်း တန်းသိလိုက်ပြီး အခုမှ စိတ်သက်သာရာရသလို သက်ပြင်းကိုချလိုက်မိသည် ။
သူတို့က ဒုတိယသခင်လေးနှင့်သခင်လေး၏ အိမ်သူသက်ထားလောင်းလျာလေးအား ရင်ခုန်စွာ စောင့်စိုင်းနေမိသည်။
အထူးသဖြင့် စောစေးဘွဲ့မှူးက ထိုမိန်းကလေးအား အသေအချာပင် အကဲခတ်ကြည့်ချင်၏။
စောအယ်စေးမူးက သူ၏ သတို့သမီးလောင်းလက်ကိုဆွဲကာ ဧည့်ခန်းထဲ ဝင်လာလိုက်တော့ အားလုံးက သူတို့အား ပေါ်ပေါ်ထင်ထင်ပင် အကဲခတ်သလို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ညီဖြစ်သူကပါ ဒေါ်ပုံနှုန်းအား Scan ဖတ်သလိုကြည့်နေသည်မို့ သူမျက်မှောင်ကို အလိုအလျောက် ကျုံ့လိုက်မိ၏။
"မင်္ဂလာပါ မရီးလေး ၊ ကျွန်တော်က စောစေးဘွဲ့မှူးပါ အငယ်ဆုံးလေးပါဗျ ဟီး"
ပုံနှုန်းက သူ့ရှေ့သို့ တည့်တည့်မတ်မတ်လျှောက်လာကာ လက်ကမ်းပေးသော ထိုကလေးအား ပြုံးပြလိုက်ကာ လက်ဆွဲနှုတ်ဆတ်မည်အပြု ဒုတိယသခင်လေးက စောစေးဘွဲ့မှူးဆိုသည့် ကလေး၏ လက်ကို ပုတ်ချလိုက်သည်။
" မလိုဘူး ၊ ငါအကုန်ပြောပြပြီးသား !"
ဘယ်တုန်းကပြောပြဖူးလို့လဲ ။ ပုံမှန်းက တကယ်ကို ဒုတိယသခင်လေး၏ စကားကို နားမလည်နိုင်။ ဒုတိယသခင်လေးဟာ သူ့ကို ထိုကလေးအကြောင်းလည်း ဘယ်တုန်းကမျှ ပြောမပြဖူးပါ ။
အသက်အရွယ်အားဖြင့် (၁၆) (၁၇)သာ ရှိလောက်ဦးမည့် ထိုဘွဲ့မှူးဆိုသည့် ကလေးက တကယ်ကို အငယ်ဆုံး ဆိုသည့်အတိုင်း သွက်သွက်လက်လက်ကလေးပင်။
ဆံပင်ကိုမက်မွန်သီးအရောင် ကာလာဆိုးထားပြီး ဝတ်ထားသည့်ပုံစံကလည်း အခုခေတ်လူငယ်တွေ သဘောကျကြသည့် Idol ဆိုသည်လိုမျိုး ။
"မရီးလေးက တကယ်လှတာပဲ ၊ Min young noona နဲ့တောင် ဆင်တယ်.. Daebak !!"
ပုံနှုန်းက သူ၏ ရှေ့တွင် သူနားမလည်သည့်စကားများပြောနေသော ကလေးအား ပြုံး၍သာပြုံးပြလိုက်သည်။
တုံးအ သည်ဟု ဆိုချင်ဆိုပါစေ၊ သူ့လိုလူက တကယ်ကို ခုခေတ်ကလေးတွေပြောနေကြသည့် ထိုသို့အရာများကို မသိ။
ပုံနှုန်းက ဧည်းခန်းထဲရှိသူများကို မျက်စိဝေ့ဝိုက်ကြည့်လိုက်တော့ Sofaပေါ် ထိုင်နေရင်းမှ သူ့အား စူးစိုက်ကာ ကြည့်နေသည့် အသက်(၂၀)အရွယ် မိန်းမလှလေးတစ်ဦး။
* ဟင် ညမလေးစိမ်း! *
မြင်မြင်ချင်းမှတ်မိသွားကာ စိတ်ထဲမှ အလွန်ပင် အံ့သြတုန်လှုပ်သွားပါသော်လည်း အပြင်ပန်းသူ၏ မျက်နှာကတော့ ထုံးစံအတိုင်း မျက်နှာသေဖြင့်သာ ။
သူ၏ ဆိုးရွားလှသော အတိတ်နှင့်အတူ
ထိုမိန်းကလေးကိုပါ သူမမေ့ဖျောက်နိုင်ခဲ့။ နောက်ပြီး ကောင်ငယ်လေးတစ်ဦး...။
ကြောက်လန့်စရာ အတိတ်ထဲ၌ ထိုကလေးငယ်နှစ်ဦးက ပုံနှုန်း၏ စိတ်သက်သာရာလေးတွေပင်။
ထိုမိန်းမငယ်လေးက သူ့အား အသေအချာပင် ဇဝေဇဝါဖြစ်နေဟန်ဖြင့် ကြည့်လာသည်။
သူ၏ စိတ်ထဲတွင်တော့ ထိုညီမလေး သူ့ကို
မမှတ်မိပါစေရန် ကြိတ်ကာ ဆုတောင်းနေမိ၏။
ထိုမိန်းကလေးက သူ့အား ကြည့်ရင်းကြည့်ရင်းမှ ထ၍ ရပ်ကာ သူ့နားလျှောက်လာပြီး ,
"စိတ်မရှိပါနဲ့ မမလှလှလေး
ကျွန်မတို့ ဆုံခဲ့ဖူးလား "
သူမျှော်လင့်ထားသော အမေးတိုင်းမေးလာသည့် ကောင်မလေးအား ပုံနှုန်းက အနူးညံ့ဆုံး ပြုံးပြလိုက်မိသည်။
" နှုန်...နှုန်း ညမလေးကို အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးတာပါ "
" အားနာလိုက်တာ မမရယ်၊
ညီမအသိတစ်ယောက်နဲ့ ဆင်နေလို့ပါ "
ထိုမိန်းကလေးက ပုံနှုန်းအား ပြုံးပြပြီးထိုသို့ဆို၏။ ပုံနှုန်းကလည်း ပြန်ပြုံးပြ၍ သာ ခေါင်းငြိမ့်ပြလိုက်သည်။
သို့သော် လိုချင်သည့်အဖြေကိုရရှိသွားသည့် မျက်ဝန်းနက်နက်လေးများအား
ပုံနှုန်းမြင်ဖြစ်အောင် မြင်လိုက်ပါ၏ ။
ထိုမိန်းကလေးက သူ့အားမှတ်မိနေသည်သာ~!
___________________________________________
Thu.Jul21.2022
(A:N/ သူ့ကြယ်ကို ဖတ်ဖူးရင်တော့ သစ်ခတ်စိမ်းဆိုတဲ့ မိန်းကလေးနဲ့ ပုံနှုန်းရဲ့ တွေ့ဆုံခဲ့ဖူးတဲ့အကြောင်းကို သိကြမယ်ထင်ပါတယ် ၊ မဖတ်ဖူးရင်လည်း မစိုးရိမ်ပါနဲ့၊ အဲ့အကြောင်းတွေဟာ ပြန်ရှင်းပြမယ့်အထဲ ပါပါလိမ့်မယ် ၊ Update က နေ့တိုင်း (or) ၁ရက်ခြား တစ်ခါပါဗျ မသိမှာစိုးလို့ပါ၊ မျှော်နေပေးတယ်ဆိုလို့လည်း ကျေးဇူးပါခင်ဗျာ)
Continue Reading
You'll Also Like
3.9K 330 8
ဤထဲတွင်ပါဝင်သော အချို့ အကြောင်းရာများသည် စိတ်ကူးယဥ်ဖန်တီးထားခြင်းဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်း၊ တစ်စုံတစ်ဉီးကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ။ Action-Rom...
735K 70.2K 37
(zawgyi) ငါ့နာမည်က ချစ်စနိုးညီညီ...။ မင်းတို့ကို ကြွားစရာရှိတယ်...။ ငါ့မှာ သိပ်ကို အရှိန်အဝါကြီးလွန်းတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးလို့ အများကသိကြတဲ့ သခင်...
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 61.1K 49