အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး...

By KhaingMyelMyan

1.2M 84.6K 5.7K

နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားက... More

အမှာစာ
Part(1)/Unicode
Part(1)/Zawgyi
Part(2)/Unicode
Part(2)/Zawgyi
Part(3)/Unicode
Part(3)/Zawgyi
Part(4)/Unicode
Part(4)/Zawgyi
Part(5)/Unicode
Part(5)/Zawgyi
Part(6)/Zawgyi
Part(7)/Unicode
Part(7)/Zawgyi
Part(8)/Unicode
Part(8)/Zawgyi
Part(9)/Unicode
Part(9)/Zawgyi
Part(10)/ Unicode
Part(10)/Zawgyi
Part(11)/Unicode
Part(11)/Zawgyi
Part(12)/Unicode
Part(12)/Zawgyi
Part(13)/Unicode
Part(13)/Zawgyi
Part(14)/Unicode
Part(14)/Zawgyi
Part(15)/Unicode
Part(15)/Zawgyi
Part(16)/Unicode
Part(16)/Zawgyi
Part(17)/Unicode
Part(17)/Zawgyi
Part(18)/Unicode
Part(18)/Zawgyi
Part(19) / Unicode
Part(19)/Zawgyi
Part(20)/ Unicode
Part(20)/Zawgyi
Part(21)/Unicode
Part(21)/Zawgyi
Part(22)/Unicode
Part(22)/Zawgyi
Part(23)/Unicode
Part(23)/Zawgyi
Part(24)/Unicode
Part(24)/Zawgyi
Part(25)/Unicode
Part(25)/Zawgyi
Part(26)/Unicode
Part(26)/Zawgyi
Part(27)/Unicode
Part(27)/Zawgyi
Part(28)/Unicode
Part(28)/Zawgyi
Part(29)/Unicode
Part(29)/Zawgyi
Part(30)/Unicode
Part(30)/Zawgyi
Part(31)/Unicode
Part(31)/Zawgyi
Part(32)/Unicode
Part(32)/Zawgyi
Part(33)/Unicode
Part(33)/Zawgyi
Part(34)/Unicode
Part(34)/Zawgyi
Final Part/Unicode
Final Part/Zawgyi

Part(6)/Unicode

28.1K 2.5K 299
By KhaingMyelMyan

အိမ်၏ဧည့်ခန်းအတွင်း၌ လက်ရှိ အခြေအနေသည် တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ဒေါ်မြလွန်းညိုအတွက် သူမ၏ အသက်ပြင်းပြင်းရှူသံကိုပင် ကိုယ်တိုင် အထင်းသားပြန်၍ ကြားနေရ၏။

ဒေါ်မြလွန်းညိုက သူမ၏ ဘေးတွင် ကျုံ့ကျုံ့ကလေးထိုင်ကာ အခြေအနေကို ငြိမ်၍သာကြည့်နေသော ပုံနှုန်းအား အားမလို၊အားမရ ဖြစ်လာရသည်။

နစ်နာသူတစ်ယောက်အဖြစ် ဟန်ဆောင်ပါဟု အသေအချာပင် သင်ပေးထားသော်လည်း ယခုထိုကောင်လေးက အေးဆေးတည်ငြိမ်စွာပင်
မလှုပ်မယှက်။

နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့စွာ
ဒေါ်မြလွန်းညိုကပင် တမင် ဝမ်းနည်းနေသောအသံလုပ်ယူကာဖြင့် တိတ်ဆိတ်နေသည့် စကားဝိုင်းအား စလိုက်ရ၏။

"သခင်ကြီးရယ်...ဒီလိုဖြစ်သွားတာ ကျွန်မဖြင့် တကယ်မယုံနိုင်ဘူး ၊ ဒီကလေးမကလည်း မိုက်လိုက်တာရှင် လက်ထပ်ဖို့အထိသေချာစီစဥ်ပေးမယ်ပြောထားပါလျက်.. ဒုတိယသခင်လေးကလည်း မစောင့်စိုင်းနိုင်ရှာဘူးထင်ရဲ့၊ ခုတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတော့မှာလား သခင်ကြီးရယ် "

ဒေါ်မြလွန်းညိုက စောစေးလျမ်းကိုသာ ဦးတည်၍ အမှန်တရား တစ်စွန်းတစ်စမျှ မပါသည့် ဟန်ဆောင်စကားတို့အား ရှိုက်ခါပင်ငိုချက် ဆိုလာသည်။

စောစေးလျမ်းက ဒေါ်မြလွန်းညို၏ ထိုသို့အပြောကို အားနာဟန်လည်းမပြု။ အဘယ့်ကြောင့်ဆိုလျှင် သက်သေသက်ကာရ မရှိပါလည်း ထိုအမျိုးသမီး၏ အကြံအစည်ကို သူ သေချာ သိနှင့်ပြီးသား ။

လောဘတို့ဖြင့်သာ အမြဲဖုံးလွှမ်းနေတဲ့ ထိုအမျိုးသမီး၏ မျက်ဝန်းတွေကို သူနှစ်ခါဖတ်ကြည့်စရာမလိုဘဲ သိပါ၏။

ထို့ကြောင့်စောစေးလျမ်းက အားတုံးအာနာမဖြစ်မိ။ ပကတိတည်ငြိမ်သော အသံနေအသံထားဖြင့်သာ ဒေါ်မြလွန်းညိုအား စကားပြန်ပြုလိုက်သည်။

" အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်မယ့်အဖြစ်မျိုး မဖြစ်ပါဘူး ဒေါ်မြလွန်းညို၊ ဖေဖေစီစဥ်ခဲ့တဲ့ အကြောင်းကိစ္စ ဖြစ်တာမလို့ ဒီလိုတွေမဖြစ်ပျက်ခဲ့ရင်တောင် ကျွန်တော်တို့က လက်ထပ်ပေးမှာပါ၊ အခု ဒီလိုတွေဖြစ်သွားတော့ ဒေါ်မြလွန်းညိုတို့မိသားစုရဲ့ သိက္ခာကို အနည်းငယ်ထိခိုက်သွားရုံကလွဲပြီး ဘာမှတော့ ထူးထူးခြားခြားမဖြစ်ပါဘူး"

စောစေးလျမ်း၏ စကားမှာ ပုံနှုန်းဆိုသည့် ကလေးမလေးကိုပင် ထိခိုက်နေပြီမလို့
ဒေါ်မူယာချိုက ခင်ပွန်းဖြစ်သူအား လက်ကာပြကာ တားဆီးလိုက်သည်။

အမှန်ဆို မူယာချိုတောင် သည်ကိစ္စဟာ ဒေါ်မြလွန်းညို၏ လက်ချက်ဆိုတာသိနေလျှင် သူမ၏ ခင်ပွန်းဖြစ်သူက ဘယ်မသိဘဲ ရှိလိမ့်မလဲ။

ထိုသို့ပြောဆိုလိုက်ခြင်းက ဒေါ်မြလွန်းညို၏ အကြံအစည်အား သိနှင့်နေပြီးသားဆိုတာကို သိစေချင်၍သာဖြစ်လိမ့်မည်။

ဒေါ်မြလွန်းညိုက စောစေးလျမ်း၏ ခနဲ့သလိုပြောလိုက်သော စကားကြောင်း ဒေါသထောင်းခနဲ ထွက်သွားရသော်လည်း "FAME"အိမ်တော်နှင့် ဆွေမျိုးတော်စပ်ရမည့် အခွင့်အရေးကလေး အနည်းငယ်မျှ တိမ်းစောင်းမခံနိုင်သောကြောင့် မျက်နှာကို တမင် ညှိုးငယ်လိုက်ကာ ,

"သိက္ခာထိခိုက်သွားလည်း ဘယ်တတ်နိုင်ပါ့မလဲ သခင်ကြီးရယ် ၊ ဒီသမီးမိုက်ကိုက ထိန်းမရဖြစ်နေတာကို..ဟင့် မိပုံနှုန်း ညည်း ဒီလောက်ထိ ဖြစ်နေရလား ညည်း ဒီလောက်အထိ မအေမျက်နှာကို အိုးမဲ သုံးရလား အင့်ဟယ် "

"မေ...မေမေကြီး "

ဒေါ်မြလွန်းညိုက သရုပ်ဆောင်ကောင်းသူပီပီ ရှိုက်ကြီး ရှိုက်ငယ်မျိုးစုံဖြင့် မျက်ရည်များပင်စီးကျကာ သူမ၏ ဘေးတွင် ထိုင်နေသော ပုံနှုန်းအား တဖက်ဖက်မြည်အောင်ပင် ထုကာရိုက်၏။

"အဒေါ်ကြီး အဲ့တာ ကျွန်တော့်သတို့သမီးလောင်းဖြစ်နေပြီ ၊ အဒေါ်ကြီး ရိုက်ချင်တိုင်းရိုက်လို့ မရတော့ဘူး !"

သြရှ၍ သြဇာညောင်းသော ယောကျ်ားပီသသည့် အသံက စောစေးလျမ်းဘေး၌ ခြေပေါ်ခြေချိတ်၍ ထိုင်နေသည့် ခပ်ငယ်ငယ်အမျိုးသားဆီမှ ဟိန်းကာ ထွက်၍ လာသည်။

ဒေါ်မြလွန်းညိုက ထိုအမျိုးသား၏ အသံကိုကြားတော့ ထပ်၍ ရွယ်ကာနေမိသော လက်ကို ပင် ချက်ချင်းအမြန် ပြန်ရုတ်လိုက်ရ၏။

ထိုအမျိုးသားငယ်၏ မျက်နှာကား သူမ ကြားဖူးသည့် ကောလဟာလတွေထဲကလို ရုပ်ဆိုးအကျည်းတန်မနေပါ။

ရှူတည်တည်မျက်နှာပေးနှင့် ယောကျ်ားဆန်သော Jawlineတို့က ထိုအမျိုးသားငယ်အား ​ခက်ထန်သော အရှိန်အဝါကို ရရှိစေ၏။
ညိုသော အသားအရေနှင့်လိုက်ဖက်စွာ မျက်ဝန်းတို့ကလည်း မှိုင်းညှို့လျှက် အကြည့်တို့သည်ကပင် စူးစူးရဲရဲဖြင့် ။

ဖြောင့်စင်းနေသော နှာတံနှင့် ထူထူထဲထဲ နှုတ်ခမ်းတို့က ထိုအမျိုးသားအတွက် "ချောမောလွန်းလှသော"ဟူသည့် နာမဝိသေသနအား ပေးအပ်လိုက်သလိုပင်။

ရှည်သောအရပ်သည် ၆ပေကိုတော့ သိသိသာသာပင် ကျော်နိုင်၏။
ဒေါ်မြလွန်းညိုတင်သာမက ခတ္တာညိုနှင့်ပုလဲညိုကပါ ထိုအမျိုးသားကို စတွေ့လေတော့ ဒုတိယ သခင်လေးမှန်း မယုံကြည်နိုင်ခဲ့ပါ။

သူမတို့သိသည့် ဒုတိယသခင်လေးက အရပ်ပုပု၊ခပ်ဝဝနှင့် ရုပ်ဆိုးအကျည်းတန်သည်တဲ့။
ထို့အပြင် မိန်းမဆိုလျှင် တွေ့မရှောင် လူစားမျိုး။

ယခုသူမတို့ရှေ့ရှိ Run Way Modelတွေနှင့်ပင် တူလှသည့် အမျိုးသားကတော့ ရုပ်ရည်မှာ ချောမောလွန်းလှပြီး မိန်းမဆိုလျှင် တွေ့မရှောင်ဖြစ်ရမည့်အစား သူမတို့ညီအမအား တစ်ချက်ကလေးပင် ငဲ့စောင်းကာ ကြည့်မလာခဲ့ ။

ဒုတိယသခင်လေးဆိုတာ သည်လိုရုပ်ရည်နှင့်မှန်း သူမတို့သိလျှင် လက်ထပ်ဖို့ကိစ္စအား ပုံနှုန်းကို အခုလို ခေါင်းခံခိုင်းခဲ့မည်မဟုတ်။

သူမတို့ကိုယ်တိုင်သာ ခေါင်းကို ဆယ်ခါမက ငြိမ့်ခဲ့မည်သာ ။
ခတ္တာညိုက နောင်မှ ရသည့် နောင်တနှင့်အတူ
ပုံနှုန်းအပေါ်မှာပါ မနာလိုဝန်တိုစိတ်တို့ အပြည့်ဖြစ်သွားမိသည်။

ဒုတိယသခင်လေးဟာ သူမအပိုင်သာဖြစ်သင့်၏။ သူမရဲ့ဖခင်က ထိုကိစ္စကို စီစဥ်ခဲ့တာပဲ ။ သူမက မယားကြီးရဲ့သမီး ၊ ပြီးတော့ မိန်းမစစ်စစ်တစ်ယောက် ။
ပုံနှုန်းလိုလူထက်စာလျှင် သူမကပဲ ထိုအမျိုးသားကို ပိုင်ဆိုင်ဖို့ ပိုထိုက်တန်သည်မဟုတ်လား ။

စောအယ်စေးမူးက သူ့အား မျက်တောင်မခတ်ဘဲ ကြည့်နေသည်ဟုပင်ထင်ရလောက်သည့် ရှေ့
တည့်တည့်မှ မိန်းကလေးနှစ်ယောက်က မျက်လုံးထောင့်ချေမှ ကပ်၍ပင် မြင်ဖြစ်အောင် မြင်လိုက်မိသေး၏။

ထို့အပြင် သူ့အား အကြီးအကျယ် စိတ်အနှောက်အယှက်ဖြစ်စေသည်က ဒေါ်မြလွန်းညို။
ဘာအတွက်ကြောင့် သူတောင် မထိရသေးတဲ့ သူ့သတို့သမီးလောင်းကို ကိုယ်ထိလက်ရောက် ရိုက်နေရသလဲ ။

စေးမူးက အေးစက်မာ​ကျောသော အသံ၊ ခက်ထန်သော မျက်နှာထားဖြင့် သူ၏ ခြေပေါ်ခြေချိတ်ကာ ထိုင်နေသော ပေါင်ပေါ်သို့ လက်ဖြင့် ပုတ်ပြကာ ,

"ဒေါ်ရတီပုံနှုန်း ဒီမှာလာထိုင် ! "

စေးမူးရဲ့ အမိန့်သံလို စကားသံကြောင့် ဒေါ်မြလွန်းညိုသာမက စောစေးလျမ်းနှင့်ဒေါ်မူယာချိုကပါ နားမလည်သလို သူ့အား ကြည့်လာ၏။

ပုံနှုန်းကမူ ထိုင်နေရာမှ ထကာ ခပ်ကုပ်ကုပ်ကလေးဖြင့် စောအယ်စေးမူးထံသွားပြီး စေးမူး လက်ဖြင့် ပြသည့်ပေါင်ပေါ်၌ ဝင်ထိုင်လိုက်သည်။

" ဆက်ပြောကြလေ ၊ လက်ထပ်ဖို့ ကိစ္စ "

စောအယ်စေးမူးက သူ၏ ပေါင်ပေါ်ထိုင်နေသည့် ထိုမိန်းကလေး၏ ခါးလေးအား ဘယ်ဘက်လက်ဖြင့် ဆွဲပွေ့ဖက်လိုက်ပြီး ဒေါ်မြလွန်းညိုအား
ဦးတည်ကာ အစီအစဥ်ကို ဆက်၍ ပြောခိုင်းသည်။

ဒေါ်မြလွန်းညိုက သူမအား မထိမဲ့မြင်ပြုကာ စော်ကားလိုက်သော ထိုဒုတိယသခင်လေးအား ဒေါသထွက်သွားပါသော်ငြား လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

"FAME"အိမ်တော်၏ စီးပွားရေးတစ်ခုလုံးကို ထိုဒုတိယသခင်လေးကသာ စီမံသည်မဟုတ်ပေလား ။ ထိုအချက်ကြောင့်ပင် ၎င်းဒုတိယသခင်ဘေးကို သူမအနေဖြင့် အပိုင်ကပ်ထားရမည်သာ။

" လက်ထပ်ဖို့ကတော့ မြန်နိုင်သလောက် မြန်တာပေါ့ သခင်လေးရယ် ၊ နှုန်းလေးအတွက်လည်း မြန်တာပဲကောင်းမယ်မလား ၊ မဟုတ်ရင် သူများ ပြောစရာ ဖြစ် .. "

"ဘယ်သူမှ မပြောစေရဘူး "

ဒေါ်မြလွန်းညိုက ဒုတိယသခင်လေး၏ ချက်ချင်းပင်​ ပြန်ဖြေလိုက်သော စကားကြောင့် ကျေနပ်သလို ပြုံးလိုက်မိသည်။ ထို့အပြင် အောင်မြင်သွားသည့် သူမ၏ အစီအစဥ်ကြောင့် သူမကိုယ်သူမ ကြိတ်၍ ချီးကျူးနေလိုက်မိသည်။

စောအယ်စေးမူးက သူ၏ ပေါင်ပေါ်တွင် အငြိမ်ထိုင်မနေဘဲ ဟိုရွေ့သည်ရွေ့လုပ်နေသည့် ပုံနှုန်းကြောင့် မျက်မှောင်ပင်ကျုံ့လိုက်မိကာ ထိုအမျိုးသမီး၏ နားသယ်စပ်များသို့ တိုးကပ်၍ စကားဆိုလိုက်မိ၏။

"ဘာဖြစ်နေတာလဲ ဒေါ်ရတီပုံနှုန်း !
အငြိမ်ကို မနေနိုင်ဘူး "

"အမလေး ကု..ကုလားကြီး !"

စေးမူးက နားသယ်စပ်နားကပ်ကာ ခပ်သြသြအသံဖြင့် မေးလိုက်တော့ အတွေးလွန်နေဟန်ရှိသော ထိုအမျိုးသမီးက ရုတ်တရတ်မို့ထင်သည် လန့်ဖြန့်သွား၍ ခန္ဓာကိုယ်လေးက သိမ့်ကနဲ တစ်ချက်တုန်သွားပြီး အမလေးပင် တ, ၏။

စောအယ်စေးမူးက ထိုမိန်းကလေး၏ ယောင်သည့်အသံကို ကြားလိုက်တော့ အလိုမကျဖြစ်သွားရကာ သူ၏ပေါင်ပေါ်သို့ ထိုင်ခိုင်းနေရာမှ ခါးကပင်မ,၍ ဘေးနေရာသို့ ပြောင်းထိုင်စေသည်။

ပြီးခါမှ ထိုမိန်းကလေးဘက်သို့ လှည်ကာ မျက်နှာရှစ်ခေါက်ချိုးဖြင့် ,

"ဘယ်က ကုလားလဲ ဒေါ်ရတီပုံနှုန်း
ဘယ်ကုလားကို တ, နေတာလဲ ပြောပါဦး "

"ဟင် "

ပုံနှုန်းက သူ့အား အလိုမကျစွာ မေးလာသော ကောင်ငယ်လေး၏ စကားကြောင့် အနည်းငယ်မျှ ကြောင်အမ်းသွားရသည်။ ပြီးကာမှ သူ၏ အာမေဍိတ်စကားကို ဆိုလိုခြင်းဖြစ်ကြောင်း သတိရကာ နှုတ်ခမ်းတို့က ကွေးညွတ်သွားရပြီး ,

"ယောင် ..ယောင်သွားတာပါ ကောင်လေးရဲ့ "

ပုံနှုန်းက ထိုသို့ပြောလိုက်လေသော်ငြား ကောင်ငယ်လေးက အလိုမကျသေးစွာ သူ့အား မျက်မှောင်ကျုံ့ကာ ကြည့်စဲ ၊ ကြည့်မြဲပင် ။

စောစေးလျမ်းကမူ ညီဖြစ်သူ၏ တစ်ဖက်မိန်းကလေးအပေါ် သာမာန်ထက်ပင် ကောင်းမွန်စွာ ဆက်ဆံနေခြင်းတို့အား သင်္ကာမကင်းဖြစ်နေရသည်။

ထိုကောင်လေးက အဲ့သည်လို မိန်းကလေးတွေအပေါ် ဆက်ဆံတတ်သည့် ပုံစံမျိုးမဟုတ်။

စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သမီးဖြစ်သူများနှင့် တွဲသွားတွဲလာလုပ်ခဲ့တာတောင် လက်ကိုပင်ကိုင်ခြင်းပြုခြင်း မရှိခဲ့ပါဘဲ အခုများကျမှ ၎င်းမိန်းကလေးအား ပေါင်ပေါ်တင်ကာ ခါးကိုပင်
ဆွဲဖက်ထားလိုက်သေး၏။

စောအယ်စေးမူးဟာ ဘယ်လိုလူတန်းစားလေးဖြစ်ကြောင်း စောစေးလျမ်းသိပါသည်။
တစ်ဖက်မိန်းကလေးအတွက် သူတကယ်ပင် အားတုံ့ အားနာဖြစ်မိသည်သာ ။

ကစားလို့ဝ၍ လွှတ်ချသွားလျှင်မူ လူကြီးတွေဖြစ်တဲ့ သူတို့ကပဲ မျက်နှာပျက်ကြရလိမ့်မည်။

စောစေးလျမ်းက ခပ်လေးလေးဖြစ်နေသည့် စိတ်တို့အား အတတ်နိုင်ဆုံး လျှော့ချလိုက်ပြီး ,

"မင်္ဂလာပွဲအတွက် ရက်ရွေးကြတာပေါ့ ဒေါ်မြလွန်းညို ၊ ဘယ်လိုစီစဥ်စေချင်လဲ ဘယ်ဟိုတယ်မှာ လုပ်ချင်လဲ မိန်းကလေးရှင်ဘက်ကပဲ ရွေးချယ်ပါ "

စောစေးလျမ်း၏ စကားကို ကြားလေတော့ ဒေါ်မြလွန်းညိုက ကျေနပ်သွားသည့် မျက်နှာဖြင့် ရွှင်ပြစွာ တက်တက်ကြွကြွ စကားကို ဆိုလာသည် ။

"ဒါပေါ့ရှင် မိန်းကလေးဆိုတာမျိုးက တစ်သက်မှာ တစ်မင်္ဂလာမဟုတ်လား ၊ နှုန်းလေးအတွက် အရေးကြီးသလို ကျွန်မတို့ မိသားစုရဲ့ ဂုဏ်သိက္ခာ.."

"အဲ့လိုတွေလုပ်စရာမလိုဘူးထင်တယ်
အိမ်မှာပဲ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရင် ရပြီမဟုတ်လား !ပြီးတော့ Wedding Party တစ်ခုခုလုပ်တာမျိုးဖြစ်ဖြစ်ပေါ့ "

ဒုတိယသခင်လေး၏ စကားဖြတ်၍ ပြောမှုကြောင့် ဒေါ်မြလွန်းညိုက ပါးစပ်ကို ချက်ချင်းပင် ပိတ်လိုက်ရ၏ ။

ဒီသခင်လေးဟာ တမင်သက်သက်ပင် သူမတို့မိသားစုအား အရှက်ခွဲချင်နေခြင်း ။

ဒေါ်မြလွန်းညိုက ဒုတိယသခင်လေး၏ စကားကြောင့် အလိုမကျဖြစ်သွားရပြီး သူမ၏ သဘောဆန္ဒအား သိစေရန် ငြိမ်၍သာနေ၏။

ဒေါ်မြလွန်းညိုနှင့်မတူ ထိုအခြေအနေအား နှစ်သက်သဘောကျနေသူက ခတ္တာညိုပင်။
လူသိရှင်ကြား လက်ထပ်ပွဲကျင်းပလိုက်တာမျိုးထက် သည်လို အကျဥ်းချုံ့ပြီး စီစဥ်လိုက်သည်က သူမအတွက် နောင်အခါဒုတိယသခင်လေးအား အရယူမည့် အကြံမှာ အထမြောက်နိုင်သည်ဆိုသည့် သဘောပင်မဟုတ်လား ။

နောက်ပြီး သူမ၏ မောင်ဖြစ်သူကလည်း သည်လိုမျိုးနှင့်သာ တန်သည်လေ ။
ပုံနှုန်းညီလို ချို့ယွင်းချက်တွေနှင့် ယောကျ်ားတစ်ယောက်က ဒုတိယသခင်လေးလို ပြီးပြည့်စုံသည့်ယောကျ်ားတစ်ယောက်ကို လက်ထပ်ယူရမှာပင် ကံကောင်းနေပြီ ။

သည်အိမ်ထောင်ရေးဟာ ရေရှည်မပြောနှင့် မင်္ဂလာဦးည အပြီးတွင်ပင် ပျက်ဆီးလိမ့်မည်သာ ။
အဲ့သည်အခါကျ ပုံနှုန်းဟာ ယောကျ်ားတစ်ယောက်ဖြစ်သည်မို့ ဆိုသည့် အကြောင်းပြချက်နှင့် သူမက ပုံနှုန်းနေရာမှ ဒုတိယသခင်လေးအား ပြန်၍ လက်ဆက်မည်။

"FAME" အိမ်တော်ဟာ ထိုအရှက်ရစရာ ကိစ္စအား သူမကို လက်ခံပြီး ပြန်ဖုံးဖိလိုက်လိမ့်မည်သာ။

ခတ္တာညိုက သူမ၏ အစီအစဥ်နှင့်သူမတော့ ယခုအခြေအနေအား အတော်ပင် သဘောတွေ့နေ၏။

ပုံနှုန်းသည်လည်း ကောင်ငယ်လေးပြောလိုက်သော စကားကြောင့်စိတ်ထဲမှ ကြိတ်၍ စိတ်သက်သာရာရနေမိသည် ။

သူကလည်း ယောကျ်ားတစ်ယောက်ပေမို့ လူသိရှင်ကြား ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲနှင့်စာလျှင် အကျဥ်းချုံ့လက်ထပ်ပွဲလေးကသာ ပိုအဆင်ပြေသည်ဟု ယူဆမိသည် ။

အနေရခက်သော လက်ထပ်ပွဲအစား ဘာမျှမဖြစ်လိုက်သလို လက်မှတ်ထိုးပေးလေးကသာ သူ့စိတ်အား သက်သာရာရစေလိမ့်မည်သာ ။

စောအယ်စေးမူးက ထိုသို့လက်ထပ်ပွဲကိစ္စကို နှိမ်ချကာ​ ပြောလိုက်သော်ငြား ဘေးနားရှိ မိန်းကလေး စိတ်ငြိုငြင်သွားမည်ကို စိုးမိ၏။

သို့သော်ငြား ထိုစိုးရိမ်စိတ်ဝင်လာသည်က ခတ္တမျှသာ ။ ဘာကြောင့် စိုးရိမ်ရမည်နည်း ။
သည်မိန်းကလေးဟာ သည်လောက်နဲ့ပဲ ထိုက်တန်သည်။
သူ မချစ်မနှစ်သက်တဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ရာမှ ကြီးကျယ်ခမ်းနားနေဖို့ မလို ။
စေးမူးက အဲ့လောက် စိတ်ကောင်းထားတတ်သူလည်း မဟုတ် ။

ထို့ကြောင့်ပင် မထိတထိ စကားတို့ဖြင့် သူ၏ဘေးနားရှိ ပုံရိပ်ကလေးအား အနိုင်ယူချင်မိသည် ။

"ဘယ်လိုလဲ ဒေါ်ရတီပုံနှုန်း မျှော်လင့်ထားသလို မဖြစ်တော့ ဝမ်းနည်းလား "

ပုံနှုန်းက တမင်သက်သက်ပင် သူ့အား ရန်စလာသည့် ကောင်လေးကို ကြည့်ရင်း ရယ်ချင်စိတ်သာ ဖြစ်လာရ၏ ။

သို့သော်ငြား သူရယ်လိုက်လျှင်လည်း ကောင်ငယ်လေးက စိတ်ဆိုးဦးမည်လေ။
သူ့ဘ၀မှာ ကြုံခဲ့ရသည့် စာနာခြင်းကင်းမဲ့သောစကားတွေနှင့်စာလျှင် ထိုကောင်လေး၏ သူ့အပေါ် နှိမ်ချသည့် စကားများမှာ သူ့အတွက် ဟာသသဘောမျိုးသာ ဖြစ်၍ နေသည် ။

ပုံနှုန်းက စိတ်တိုခြင်း၊ဝမ်းနည်းခြင်း စိုးစဥ်းမျှ
မဖြစ်ပါဘဲ တည်ငြိမ်စွာဖြင့်ပင် ထိုကောင်ငယ်လေး၏ စကားအား တုံ့ပြန်လိုက်၏။

"မ..မဖြစ်ပါဘူး ၊ ကောင်လေးရဲ့ သ..သဘောဆန္ဒအတိုင်းပဲ လုပ်ပါ နှုန်း..နှုန်းက အကုန် အ..အဆင်ပြေတယ် "

စောအယ်စေးမူးဟာ ထိုမိန်းကလေးထံမှ အခေါ်ခံရတဲ့ 'ကောင်လေး' ဆိုသည့် နာမ်စားအပေါ် အနည်းငယ်မျှ သာယာသလိုဖြစ်လာမိသည် ။

အခြားမိန်းကလေးတွေလို ချိုမြနေခြင်းမဟုတ်ပါဘဲ အနည်းငယ် ခပ်ရှရှအသံနေအသံထားဖြင့်
ထိုကြည်လင်နေသော မျက်နှာပိုင်ရှင်လေးက သူ့အား ခေါ်လာသည်က "ကောင်လေး"တဲ့လေ။

ဘာကြောင့်ရယ်မသိ။ သူခံစားနေမိသည်က တစ်ခါတစ်ရံ ထိုမိန်းကဘေးဟာ သူ့ကို ကလေးတစ်ယောက်လို သဘောထားနေသလိုပင် ။

မဖြစ်။ ထိုမိန်းကလေး၏ စိတ်ထဲတွင် သူက မလောက်လေးမလောက်စား ကလေးသာသာလေးသာ ဖြစ်နေလျှင် ပြသနာပဲမဟုတ်လား ။

စောအယ်စေးမူးက ထိုမိန်းကလေးအား အသေအချာပင် စူးစိုက်ကြည့်လိုက်ရင်း,

"ခင်ဗျားအသက် ဘယ်လောက်လဲ ဒေါ်ရတီပုံနှုန်း"

ပုံနှုန်းက ထိုကောင်လေး၏ ရုတ်တရတ်မေးလာသည့် စကားကြောင့် ခတ္တမျှ နားမလည်သလို ဖြစ်သွားရပြီးနောက် ချက်ချင်းပင် အမေးစကားပြန်ဆိုလိုက်မိသည်။

"ဘာ..ဘာလို့လဲ ​ကောင်လေး ၊ ကောင်..ကောင်လေးကရော ဘယ်လောက်လဲ "

စောအယ်စေးမူးက ထိုမိန်းကလေးကို မကြိုက်တာ ဒါတွေပင် ။ တစ်ခါတစ်လေမှာ တည်ငြိမ်လွန်းလှသည့် ထိုမိန်းကလေးသည် တစ်ခါတစ်လေကျပြန်တော့ အပိုစကားတွေ ဆိုပြန်၏။

သူ့အသက်ဟာ (၂၂)နှစ်ဆိုတာကို ပြောပြလိုက်ရမလား ။ ဒါမှမဟုတ် ထိုမိန်းကလေး၏ အသက်ကို သိရပါမှ အဲ့သည်အသက်ထပ် ပိုကြီးပြီး
ပြောလိုက်ရင်ကောင်းလေမလား ။

စောအယ်စေးမူးက အနည်းငယ်မျှ တွေဝေသွားပြီးနောက် ရုပ်တည်နှင့်ပင် ချောင်းတစ်ချက်ကို ဟန့်လိုက်ရင်း ,

"ဘာလို့ အပိုစကားတွေ ပြန်မေးနေတာလဲ ဒေါ်ရတီပုံနှုန်း ! ကျွန်တော့်အသက်က ခင်ဗျားထက် တစ်နှစ်ကြီးတယ်လို့ပဲ သိထားပါ ၊ အဲ့တာတွေ အသာထားစမ်းပါ.. မေးတာပဲဖြေ ခင်ဗျားအသက်ဘယ်လောက်လဲ "

"ဒါ..ဒါဆို ကောင်လေးက ၂၇လား ၊
နှုန်း...နှုန်းက ၂၆ပါ "

"ဗျာ..၂၆ ဟုတ်လို့လား၊
မလိမ်နဲ့နော် ဒေါ်ရတီပုံနှုန်း "

စောအယ်စေးမူးက သူ့ဘေးရှိ ထိုအမျိုးသမီးလေးကို ကြည့်ကာ မယုံနိုင်အောင်ဖြစ်မိ၏။
သူတွေးထင်ထားတာက ထိုမိန်းကလေးဟာ သူ့ထက်အသက်ကြီးရင် တောင် ၁နှစ်၂နှစ်လောက်လေပေါ့ ။

အခုက သူ့ထက် ၄နှစ်ကြီးများတောင် ကြီးနေသည်တဲ့လား ။
ဒါဟာ ဘယ်လိုတောင် နုနယ်နေခြင်းမျိုးပါလိမ့် ။

"ရော်!..တ..တကယ်ပါ၊ နှုန်း..နှုန်းက ​ကောင်လေးကို လိမ်..လိမ်လို့ ဘာရမတဲ့လဲကွယ် "

"မလိမ်လည်း ပြီးတာပဲ ! မထင်ရဘူး..
ခင်ဗျားက အိုနေပြီပေါ့နော် အဲ့လိုလား "

စောအယ်စေးမူးက ထိုမိန်းကလေးအား ထိုသို့စနောက်လိုက်လေတော့ သူကြိုတင်မှန်းဆ ထားသလိုပင် မျက်စောင်းလှလှလေးက သူ့ထံ တည့်တည့်မတ်မတ် ကျရောက်လာ၏။

'ရတီပုံနှုန်း' ဟာ တကယ်ကို သူစိတ်ပါလက်ပါ ကစားချင်မိသွားတဲ့ ကစားပွဲလေးတစ်ခုပဲ။

စောအယ်စေးမူးက ထိုအသဲယားစရာ အတိနှင့်မိန်းကလေးအား အသေအချာကြည့်လိုက်ပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိဟန်ဖြင့် စောစေးလျမ်းထံသို့ ဦးတည်ကာ မယုံနိုင်စရာစကားကို ဆိုလိုက်မိသည်။

"ကိုကိုကြီး ဒေါ်ရတီပုံနှုန်း ကို အခုတစ်ခါတည်း အိမ်ခေါ်လာလို့ရမလား ၊ ကျွန်တော် တော်တော်ဖြစ်နေပြီမလို့ "

"စေးမူး !"
"မတ်လေး သေချာစဥ်းစားပါဦး"

ကိုကိုကြီးနဲ့မမချိုက သူ၏ စကားအား အထိတ်တလန့်ဖြစ်ကာ သတိပေးစကားဆို၏။

ကိုကိုကြီးနှင့်မရီးဖြစ်သူပါမက ဒေါ်ရတီပုံနှုန်းလေးကပါ သူ့အား ဝိုင်းဝိုင်းစက်စက်မျက်ဝန်းများဖြင့် တအံ့တသြကြည့်လာသည် ။

သူက ထိုမိန်းကလေး၏ ခပ်ဝိုင်းဝိုင်းမျက်ဝန်းလေးများနှင့် အကြည့်ချင်းဆုံးလျက် တည်ကြည်လေးနက်သော အသံဖြင့် ,

"လိုက်မယ်မလား ဒေါ်ပုံနှုန်းလေး "

ပုံနှုန်းဟာ သူ့ထံကို လေးလေးနက်နက်တောင်းဆိုလာတဲ့ ထိုအမျိုးသားအား ငြင်းဆိုခြင်းမပြုချင်။
သို့သော်ငြား သူက သူ့ဘဝကို မပိုင်။

ပုံနှုန်းက မေမေကြီး၏ မျက်နှာရိပ်မျက်နှာကဲအား လှမ်း၍ ကြည့်ရသည် ။
မေမေကြီးက သူ့အား ပြန်၍ ကြည့်နေသော်လည်း တုံးအ တဲ့ ပုံနှုန်းက မေမေကြီး၏ အကြည့်တွေကို အဓိပ္ပာယ်မဖွင့်ဆိုတတ်ပါ..။

စောအယ်စေးမူးက ထိုမိန်းကလေး၏ အခက်အခဲကို ရိပ်စားမိဟန်ဖြင့် တမင်ပင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ,

"ဒေါ်မြလွန်းညို ၊ ကျွန်တော့် သတို့သမီးလောင်းကို ကျွန်တော် တစ်ပါတည်းခေါ်သွားချင်တယ် ၊ အဆင်မပြေစရာ မရှိဘူးမဟုတ်လား !?"

ပုံနှုန်းဟာ စိတ်ရှုပ်ထွေးနေရာမှပင် ထိုကောင်လေး၏ စကားကြောင့် စိတ်ထဲမှ ကြိတ်၍ ပြုံးလိုက်မိ၏ ။
ဘယ်လိုရှင်သန်ခဲ့လိုများ ဒုတိယသခင်လေးဟာ သည်လို တဇွတ်ထိုးလေး ဖြစ်နေခဲ့ရသလဲ ။

စကားပြောလျှင်လည်း အမြဲ အမိန့်သံတွေနှင့်။ တောင်းဆိုရသည့် သဘောတရားကိုမသိပါဘဲ ထိုကောင်ငယ်လေးက အမိန့်ပေးခြင်းကိုသာ ဆိုတတ်သည်ထင်ပါ့ ။

ယခုစကား၌လည်း အမေးစကားဟာ အမေးသဘောမသက်ရောက် ။
မေးမြန်းလိုက်သော်ငြား ငြင်းဆန်ရန် မတတ်သာသည့် အမေးမျိုး ။

ဒေါ်မြလွန်းညိုကလည်း ရွေးချယ်မှုမရှိသောကြောင့် ထိုသခင်လေး၏ သဘောဆန္ဒကိုသာ လိုက်လျော၍ အမှတ်ယူရန် ကြိုးစားလိုက်သည်။

"ကျွန်မတို့ဘက်က သခင်လေးရဲ့သဘောပါရှင်
လက်ထပ်ဖို့လည်း စီစဥ်ပြီးပြီပဲ ခေါ်သွားပါ၊
ဒါပေမယ့် လိုအပ်မယ့်ပစ္စည်းလေးတွေ သိမ်းဆည်းဖို့တော့ အချိန်ပေးရမယ်ထင်တယ်
လာပါဦး မေမေကြီးရဲ့နှုန်းလေး..တို့သားအမိ လိုအပ်တာတွေ ပြင်ဆင်ရအောင် .."

ဒေါ်မြလွန်းညိုက ထိုင်ရာမှ ထလိုက်ပြီး ပုံနှုန်းကိုပါ သူမနှင့်အတူ လိုက်ရန် ခေါ်၏။

ပုံနှုန်းဆိုသည့်ကောင်လေးက နုံနုံအအနှင့် ထိုသခင်လေးကို ဘာမျှ သိမ်းသွင်းခြင်း မပြုမည်မှာ အသေအချာပင်။

သည်လောက် လှတဲ့ ရုပ်ရည်လေးနှင့် ဒုတိယသခင်လေးကိုသာ အပိုင်ကပ်နိုင်လျှင် " FAME "အိမ်တော်၏ စီးပွားရေးက ပုံနှုန်း၏လက်ထဲရောက်လာလိမ့်မည်။
ထိုအခါ ပုံနှုန်းကို ကြိုးကိုင်ထားသည့်
ဒေါ်မြလွန်းညိုကသာ စီမံလို့ရသွားမည်မဟုတ်လား ။

ဒေါ်မြလွန်းညိုက သူမ၏ အကြံအစည်ကို ကိုယ်တိုင်ပင် သဘောကျသွားလျက် ပုံနှုန်းအား သူမနှင့်အတူ လိုက်ခဲ့ရန်ခေါ်၏။

ပုံနှုန်းက မေမေကြီး၏ အခေါ်ကြောင့် ထိုင်နေရာမှ ထရပ်လိုက်ပြီး မေမေကြီးဆီလျှောက်သွားမည့်အပြု ဒုတိယသခင်လေးက လက်ကိုပြန်ဆွဲချကာ ပြန်ထိုင်စေသည် ။

"ရပါတယ် ဒေါ်မြလွန်းညို၊ ကျွန်တော့်ပုံနှုန်းကို လိုအပ်ချက်တစ်စွန်းတစ်စမှ မရှိအောင် ကျွန်တော်ထားမှာမလို ဒီအိမ်က ဘာမှယူစရာမလိုပါဘူး ၊ လူချည်းပဲ ရရင်ကို ဒီကောင်က အဆင်ပြေပြီ "

မထင်မှတ်ထားသည့် စကားဖြစ်သည်မို့ ဒေါ်မြလွန်းညိုက မျက်နှာ မည်းကနဲဖြစ်သွားရပြီး ထနေရမှာ ပြန်ထိုင်လိုက်ရ၏။

ခတ္တာညိုကမူ အကဲပိုနေသည့် ဒုတိယသခင်လေး၏ စကားကြောင့် ဒေါသထွက်သွားကာ ,

"သခင်လေး အဲ့လိုတော့ မပြောပါနဲ့လား
မေမေက ပုံနှုန်းအပေါ် ဘယ်လောက်ကောင်းလိုက်သလဲ ပုံနှုန်းအသိဆုံးပဲ၊ သခင်လေးနဲ့လက်ထပ်လိုက်ရလည်း သူက ဒီမိသားစုကလူဖြစ်နေဦးမှာပဲလေ၊ မယားငယ်ရဲ့သွေးသားကိုတောင် တို့အမေက မေတ္တာထားခဲ့တာ ၊ သခင်လေးစကားက တို့မိသားစုကို စော်ကားနေတယ်၊
ပြီးတော့ ဒီလို မသန့်စင်တဲ့ သွေးသားကို သခင်လေးမို့ လက်ထပ်ဖို့ လက်ခံရတယ်လို့ "

"မင်းစကားပြောတာကို ဆင်ခြင်လိုက်ရင်ကောင်းမယ် မိန်းကလေး ၊ မင်းထိခိုက်ပြီးပြောနေတာ စောအယ်စေးမူးဆိုတဲ့ ငါ့ရဲ့ မိန်းမဖြစ်လာမယ့်သူ !"

"ခတ္တာညို! ညည်းပါးစပ်ပိတ်နေစမ်းပါအေ ၊ တောင်းပန်ပါတယ် သခင်လေးရယ် ကျွန်မတောင်းပန်ပါတယ် "

စောအယ်စေးမူးက ဒေါသဖြစ်သွားသည်မို့ အသံဟာ အတော်ပင်ခင်ထန်သွားပြီး အော်လိုက်သလိုပင်ဖြစ်သွား၏။
ပုံနှုန်းပင်လျှင် ထိုသခင်လေး၏ အော်ဟောက်လိုက်သည့်အသံကြောင့် လန့်သွားလျှင် ဖြစ်တတ်သည်အတိုင်း ခန္ဓာကိုယ်လေးက တစ်ချက်တုန်သွားမိသည်။

ပုံနှုန်းသိတဲ့ကောင်ငယ်လေးဟာ သည်လိုကျတော့လည်း ကြောက်စရာ ကျားပေါက်ကလေးပင် ။

စေးမူး၏ ဒေါသသံနှင့်အတူ ကပ်လျက်ပါလာသည်က ဒေါ်မြလွန်းညို၏ သမီးဖြစ်သူကို ဆုံးမသံနှင့် စေးမူးအား တောင်းပန်ခြင်းဖြစ်သည်။

စောအယ်စေးမူးက တောင်းပန်စကားကို လစ်လျူရှု၍ သူ၏ ဘေး၌ စက်ရုပ်ကြီးလို ငြိမ်၍ ထိုင်နေသော ဒေါ်ပုံနှုန်းလေးအား လက်မှ ဆွဲကာ ထရပ်လိုက်ပြီး ,

"အကုသိုလ်များတဲ့ နေရာတွေမှာ ကြာကြာမနေနိုင်တာမို့ သွားတော့မယ်ဗျ ၊ ဒေါသထွက်လို့ အသက်တိုရင် မိန်းမနဲ့နေရမယ့် အချိန်တွေလျော့သွားမှာစိုးလို့ပါ.. လာ! ဒေါ်ပုံနှုန်း"

စောအယ်စေးမူးက သူပြောချင်ရာပြောပြီး ပုံနှုန်း၏ လက်ကိုဆွဲကာ ထိုနေရာမှ ထွက်သွား၏။

စောစေးလျမ်းက ညီဖြစ်သူ၏ တဇွတ်ထိုးဆန်ကာ ရွဲ့တတ်ခြင်းကို သိပြီးသားမို့ ခေါင်းကိုသာ ဖြေးဖြေးချင်း ခါလိုက်မိသည်။

ဒေါ်မူယာချိုက ကမူးရှူးထိုးနိုင်စွာ ထထွက်သွားသော သူမ၏ မတ်ကလေးနှင့် ဘာစကားမျှ
မပြောနိုင်ဘဲ ငြိမ်၍ပင် မတ်ကလေးဆွဲခေါ်ရာ
နုံနုံအအကလေးလိုက်ပါသွားရသည့် နှုန်းလေးအားကြည့်ရင်း ပြုံးလိုက်မိ၏။

"FAME" အိမ်တော်ဟာ ဒီကရှေ့လျှောက် အရင်နေ့ရက်တွေထက်ပင် ပျော်စရာကောင်းတော့မည်မဟုတ်လား ။

ဘွဲ့မှုးလေးနှင့်နွေးငယ်သာ သိလျှင်လည်း နှုန်းလေးကို ချစ်မည်မှာ အသေအချာပင်။

ရတီပုံနှုန်းဆိုသည့် ထိုကလေးမလေးကိုက မူယာချို၏ မျက်လုံးထဲတွင် အငြိမ့်ဓာတ်ကလေးဖြစ်လို့နေ၏။

ဘာခံစားချက်နှင့်တူနေပါလဲဆိုတော...,
စောစေးလျမ်းနှင့်သူမ စေ့စပ်သည့်နေ့က
စောစေးလျမ်း၏ ညီငယ်၊ညီမငယ်များကို တွေ့ခဲ့ရသည့် ခံစားချက်နှင့်ပင် တူသည်။

စောအယ်စေးမူးသည်က အပြင်ပန်းခက်ထန်၍ အတွင်းစိတ်က ခန့်မှန်းရခက်သည်ကောင်လေး။
သို့သေသိ၊ မူယာချို၏ မျက်လုံးထဲတွင်တော့ စေးမူးဟာ သိပ်တော်၊သိပ်ထက်သည့် ကလေးတစ်ယောက်သာ ။

တတိယသခင်မလေး "နော်ဘလက်ဇင်နွေး" ကတော့ သူမ၏ ဒုတိယအစ်ကိုဖြစ်သူ စောစေးမူးအား လေးစားအားကျပြီး အချိန်တိုင်း ခြေရာလိုက်တိုင်းနေသူပင်။

နွေးငယ်ဟာ မိန်းမသားဖြစ်သော်ငြား နူးညံ့ခြင်းမရှိ။ လုပ်ငန်းခွင်မှာ ထိပ်ဆုံးရောက်အောင် ကြိုးစားနေတတ်သည်။
သူမ၏ စံပြပုဂ္ဂိုလ်ဟာ သူမ၏ အစ်ကို စောအယ်စေးမူးပင် ။

ဒေါ်မူယာချိုက နွေးငယ်ကို စသိခဲ့ရသော အချိန်၌ မောက်မာ၍ ပေါင်းသင်းရခက်သော သခင်မလေးအဖြစ် မြင်မိခဲ့၏။
သို့သော်ငြား ထဲထဲဝင်ဝင်သိခဲ့ရတော့ ထိုကောင်မလေးက ထိုသို့ လုံးဝ မဟုတ်ခဲ့ပါ ။

အငယ်ဆုံး သခင်လေး "စောစေးဘွဲ့မှူး"သည်က အငယ်ဆုံးတို့၏ သဘောသဘာဝအရ ဆိုးသည်။ ဂျစ်ကန်ကန်နိုင်သည်။ အစ်ကိုတွေအစ်မတွေဆီမှ အလိုလိုက်ခံထားရပြီး တစ်အိမ်လုံး၏ အချစ်ခံလေးဖြစ်၏။ သို့သော်ငြား စိတ်ရင်းကောင်းသည့် ထိုကောင်လေးက အားလုံးနှင့် လိုက်လျောညီထွေရှိကာ လူချစ်လူခင်လည်း များသည်သာ ။

ဒေါ်မူယာချိုက အခုလည်း "FAME"အိမ်တော်၏ မိသားစုဝင်အသစ်လေးအား စိတ်တိုင်းကျမိ၏။

နှုန်းလေးဟာ တကယ်ကို အားလုံးနှင့် အဆင်ပြေမည့် ကလေးမှန်း သူမ သိပါသည်။
သူမက လူကဲခတ်မညံ့ပါ။ သူမတွေးထင်ထားလျှင် အမြဲတမ်းလိုလို မှန်တတ်စမြဲ ။

နှုန်းဟာ သူမ၏ မတ်ကလေးကို ဆုံးမပဲ့ကိုင်နိုင်မည့် လူကောင်းလေးတစ်ယောက်ဆိုတာ မူယာချို တထစ်ချပင် ယုံကြည်ပါသည် ။

Tue.Jul 19.2022

















Continue Reading

You'll Also Like

1.5M 142K 69
"အချစ်ကလေးရဲ့ သိရဲ့လား။ ဟောဒီကမ္ဘာကြီးမှာလေ နှစ်ကိုယ့်တစ်စိတ် ထပ်တူကျသွားတဲ့ ချစ်ခြင်းမေတ္တာလောက် ကြီးကျယ်ခမ်းနားတာ ဘာမှမရှိဘူးတဲ့။" ^^ "အခ်စ္ကေလးရဲ႕...
23.1K 2.2K 101
#Unicode ဝဏ္ဏက ဒီပကို တကယ်ချစ်သွားသလား? ဝဏ္ဏကြောင့်ခံစားနေရတဲ့ ဒီပကို ချန်းကနှစ်သိမ့်ပေးမှာလား? ဆိုတာ #Zawgyi ဝဏၰက ဒီပကို တကယ္ခ်စ္သြားသလား? ဝဏၰေၾကာင...
4.6K 224 12
မောင်၏ထံပါး၌အချစ်တို့ဖြစ်တည်လေ၏ Main Lead Wine Lamin Maung + Hein Z Side Couple Kaungkin Htet Yan + Saint Waddy Saw Loon Win Ko + Khon Zay Thuta Aut...
133K 17.9K 113
(UniCode) 'ချစ်ခြင်းမေတ္တာလို့ ပြောရင်၊ ငါချစ်မိတဲ့သူက မင်းဆိုတဲ့ လူတစ်ယောက်တည်း အတွက်ပဲ' (Zawgyi Code) 'ချစ်ခြင်းမေတ္တာလို့ ပြောရင်၊ ငါချစ်မိတဲ့သူက မ...