အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး...
By KhaingMyelMyan
1.2M 84.4K 5.7K
နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားက... More
အမှာစာ
Part(1)/Unicode
Part(1)/Zawgyi
Part(2)/Unicode
Part(2)/Zawgyi
Part(3)/Zawgyi
Part(4)/Unicode
Part(4)/Zawgyi
Part(5)/Unicode
Part(5)/Zawgyi
Part(6)/Unicode
Part(6)/Zawgyi
Part(7)/Unicode
Part(7)/Zawgyi
Part(8)/Unicode
Part(8)/Zawgyi
Part(9)/Unicode
Part(9)/Zawgyi
Part(10)/ Unicode
Part(10)/Zawgyi
Part(11)/Unicode
Part(11)/Zawgyi
Part(12)/Unicode
Part(12)/Zawgyi
Part(13)/Unicode
Part(13)/Zawgyi
Part(14)/Unicode
Part(14)/Zawgyi
Part(15)/Unicode
Part(15)/Zawgyi
Part(16)/Unicode
Part(16)/Zawgyi
Part(17)/Unicode
Part(17)/Zawgyi
Part(18)/Unicode
Part(18)/Zawgyi
Part(19) / Unicode
Part(19)/Zawgyi
Part(20)/ Unicode
Part(20)/Zawgyi
Part(21)/Unicode
Part(21)/Zawgyi
Part(22)/Unicode
Part(22)/Zawgyi
Part(23)/Unicode
Part(23)/Zawgyi
Part(24)/Unicode
Part(24)/Zawgyi
Part(25)/Unicode
Part(25)/Zawgyi
Part(26)/Unicode
Part(26)/Zawgyi
Part(27)/Unicode
Part(27)/Zawgyi
Part(28)/Unicode
Part(28)/Zawgyi
Part(29)/Unicode
Part(29)/Zawgyi
Part(30)/Unicode
Part(30)/Zawgyi
Part(31)/Unicode
Part(31)/Zawgyi
Part(32)/Unicode
Part(32)/Zawgyi
Part(33)/Unicode
Part(33)/Zawgyi
Part(34)/Unicode
Part(34)/Zawgyi
Final Part/Unicode
Final Part/Zawgyi
Part(3)/Unicode
27K 2.3K 144
By KhaingMyelMyan
"သမီးတို့ရေ ၊ အမြန်ပြင်ကြကွယ်
သူဌေးကြီးစောင့်နေရရင် အားနာစရာတွေ
ဖြစ်ကုန်မယ် "
အချိန်ကား နံနက်၈နာရီပင် မထိုးသေးသော်ငြားဒေါ်မြလွန်းညို၏ အကဲပိုပို နှိုးဆော်သံက တက်ကြွစွာပင် ထွက်ပေါ်လာ၏။
နီညိုရောင်ပါတိတ်ဝမ်းဆက်ကို ကျော့မော့နေအောင်ဝတ်ကာ စိန်စီဘယက်ဖြင့် တခမ်းတနားပြင်ဆင်ထားသည့် ဒေါ်မြလွန်းညိုက ဧည့်ခန်းထဲမှ နေ၍ ယခုတိုင် ဆင်းမလာသေးသည့် သမီးဖြစ်သူများအား အော်ခေါ်နေသည်။
ဒီနေ့ဟာ နှုန်းကို ဆွေပြမျိုးပြအနေဖြင့် "FAME"အိမ်တော်ကြီးထံသို့ ခေါ်ဆောင်သွားရမည့်နေ့ ဖြစ်သည်နှင့်အညီ သူမတို့ သားအမိတွေကပါ အသေအချာ လိုက်၍ကြီးကြပ်ပေးရမည်မဟုတ်လား။
သခင်ကြီးစောစေးလျမ်းက ပုံနှုန်းအား မြင်တွေ့ဖူးပါသော်လည်း ဓာတ်ပုံထဲတွင်သာ။
လူကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ဖူးချင်ပါသည်ဟု ဆိုလာတော့လည်း သူမတို့ဘက်မှ ငြင်းရန်မသင့်။
တစ်ချိန်တစ်ခါကျလျှင် မိသားစုတွေဖြစ်လာမယ့် အတူတူ အခုကတည်းက တရင်းတနှီးဆက်ဆံထားသင့်သည်သာ။
ဒါမှ နောင်များအနေဖြင့် လိုအပ်သည့်ကိစ္စတို့ရှိလျှင် လက်မခက်မည်မဟုတ်လား။
"ခတ္တာညို ပုလဲညို !
ညည်းတို့ ကြာလှချည်လား
နှုတ်ခမ်းနီဆိုးနေတာလား နှုတ်ခမ်းနီ ဝါးစားနေကြသလား "
"လာပြီ မာမီ၊ ခဏပဲ ခဏပဲ"
ဒေါ်မြလွန်းညိုက သည်းမခံနိုင်တော့စွာ ထပ်၍အော်လိုက်လေတော့မှ သမီးကြီးဖြစ်သူ ခတ္တာညို၏ အသံစူးစူးက စွာကနဲထွက်ပေါ်လာ၏။
ထို့နောက် မကြာမီပင် အိမ်အပေါ်ထပ်လှေကားမှ ကြွကြွရွရွဆင်းလာသော သမီးဖြစ်သူနှစ်ယောက်အား တွေ့လိုက်ရသည်။
"ဟင် "
ဒေါ်မြလွန်းညိုတစ်ယောက် သမီးဖြစ်သူတွေရဲ့ ဝတ်ပုံ၊စားပုံကို ကြည့်ရင်း ထိုနေရာမှာပင် သွေးဆောင့်တက်မလို ဖြစ်ရ၏။
အကြီးမဖြစ်သူ ခတ္တာညိုက ရင်ဟိုက်သောဆွဲသားအင်္ကျီကို ဒူးအပေါ်လောက်ထိတိုတိနေသည့် ကိုယ်ကျပ် စကပ်ဖြင့် တွဲ၍ ဝတ်ဆင်ထားသည်။
အငယ်မဖြစ်သူ ပုလဲညိုကလည်း ကလေးပီပီ၊ ချစ်စရာကောင်းအောင်ဝတ်ဆင်ထားသည်မဟုတ်။ ဗိုက်သားများကို သိသိသာသာဖော်ပြထားသည် အင်္ကျီသေးသေးကွေးကွေးကို ပေါင်လယ်လောက်ရှိသည့် ခပ်ဝဲဝဲစကပ်ဖြင့် ဝတ်ထား၏။
ပုံမှန်နေ့ရက်တွေဆိုလျှင် လူငယ်တွေမို့ စိတ်ထဲရှိရာကို ဝတ်စားကြတာ ဒေါ်မြလွန်းညိုကလည်း မကန့်ကွက်ခဲ့။
သို့ပေသိ အခုဟာက "FAME"အိမ်တော်ကို သွားမည့် ကိစ္စ။ သူ့သမီးတွေရဲ့ဝတ်စားပုံဟာ မိဘတစ်ယောက်ရဲ့ချစ်တဲ့ မျက်စိနှင့် ကြည့်လျှင်တောင် တကယ်ကို ခပ်ပေါ့ပေါ့၊ ခပ်တန်တန်ဟု တွေးမိစေသည်။
"ညည်းတို့ ဘယ်လိုတွေဝတ်လာတာလဲ
ညည်းတို့သွားမှာ မွေးနေ့ပါတီ မဟုတ်ဘူးနော်
FAMEအိမ်တော်ကို သွားမှာ၊ စောစေးလျမ်းနဲ့ သွားတွေ့မှာ သိရဲ့လား..သွားသွား ပြန်လဲချေ "
ဒေါ်မြလွန်းညိုက သမီးဖြစ်သူများအား အတင်းအကြပ်လဲလှယ်ခိုင်းသော်လည်း ခတ္တာညိုနှင့်ပုလဲညိုကတော့ ခေါင်းခါကာ၊ခြေခါကာဖြင့်သာ ငြင်း၏။
"အဲ့စောစေးလျမ်းဆိုတဲ့လူကြီးဆီသွားမှာဟုတ်ပေမယ့်၊ FAMEအိမ်တော်မှာ စောစေးဘွဲ့မှူးဆိုတဲ့ အငယ်ဆုံး သခင်လေးရှိသေးတယ် မာမီရဲ့၊ ဒီလိုတွေ ဝတ်ထားတာက မာမီ့အတွက် ရင်းနှီးမြှုပ်နှံပေးတာနော်၊ မာမီအတွေးမမှားနဲ့ "
ပုလဲညို၏ ထိုသို့သိမ်းသွင်းသည့်စကားအား ခတ္တာညိုက ခေါင်းငြိမ့်ပြကာ ထောက်ခံလာသည်။
ဒေါ်မြလွန်းညိုကလည်း ထိုအခါမှ သူမ၏ အမျှော်အမြင်ရှိလှသော သမီးများအား ဆူမနေတော့ဘဲ လက်ရှိအစီအစဥ်ကိုသာ အာရုံစိုက်လိုက်မိ၏။
"မာမီက ပုလဲတို့တိုပဲလောနေတာ ကိုနှုန်းကိုကျ
မခေါ်ဘူးလား ကိုနှုန်းက အဓိက အာ့.."
"ကိုနှုန်း ကိုနှုန်းလို့ မခေါ်ပါနဲ့လို့ ညည်းကို ငါဘယ်နှခါပြောရမလဲ မိပုလဲ ဟမ် "
​လက်မြန်ခြေမြန်ရှိလှသော မိခင်ဖြစ်သူ၏ ဇိုးကနဲဇွက်ကနဲ လုပ်တတ်သည့်အကျင့်ကြောင့် ပုလဲညိုက နာသွားသော သူမ၏ နဖူးထိပ်အား လက်ကလေးဖြင့် ပွတ်၍နေသည် ။
" အင်းလေ နင်ကလည်း ပုံနှုန်း မဟုတ်ရင် နှုန်းပေါ့ အဲ့လိုခေါ်လေ ၊ ဟိုက လင်တောင်ရတော့မယ် နင်က ကိုနှုန်းလို့ခေါ်နေလို့မှ မရတာ "
ခတ္တာညိုက မိခင်ဖြစ်သူဒေါ်မြလွန်းညို၏ သံယောင်ကိုလိုက်ကာ ပုလဲညိုအား မိမိရရပင် နှိပ်ကွပ်လိုက်၏။
ပုလဲညိုက အမဖြစ်သူအား မျက်စောင်းတထိုးထိုးဖြင့် မနှစ်သက်စွာ ကြည့်လိုက်ရင်းမှ,
"မမကတော့ ဟုတ်တာပေါ့၊ဟိုတစ်ယောက်က မမထက် အငယ်လေ ခေါ်ချင်သလိုခေါ်လို့ရတယ်၊ ပုလဲကျ သူက ပုလဲထက် ၄နှစ်တောင်ကြီးတာ ပုလဲနေရာသာဆို မမက သူ့ကို ကိုကိုခေါ်မလား မမခေါ်မလား ပြောကြည့်လေ ဟွန်း !"
ပုလဲညို၏ စကားကလည်း အမှန်ပေမို့ စဥ်းစားစရာပင်။
ခတ္တာညိုက ပုံနှုန်းထက် ၁နှစ်သာကြီးသည်။
ပုလဲညိုသည်ကား ပုံနှုန်းထက် ၄နှစ်ပင်ငယ်၏။
ထိုအသက်အရွယ်ကွာခြားမှုနှင့် နာမည်တပ်ခေါ်လျှင် မကောင်းတန်ရာဟု ပုလဲညိုက စဥ်းစားမိသောကြောင့်ပင်။
ဒေါ်မြလွန်းညိုကမူ ပုလဲညိုအား မျက်ထောင့်နီဖြင့် ကြည့်လိုက်ကာ,
"ညည်းဦးနှောက် အလုပ်မလုပ်ဘူးလား မိပုလဲ၊
အေး ..ခဏ..ငါပြမယ်..ညည်းနေဦး "
မိခင်ဖြစ်သူ ဒေါ်မြလွန်းညိုက မျက်လုံးကဂနာမငြိမ်နှင့် ဟိုဟိုဒီဒီ ရှာနေရင်းမှ စိတ်မရှည်စွာဖြင့် သူမ၏ ထုံးစံအတိုင်း အသံကုန်ဟစ်၏။
"ရတီပုံနှုန်း ! ပုံနှုန်း ပြောထားရက်နဲ့ မပြီးနိုင်မစီးနိုင် ဘာလုပ်နေသေးလဲ "
"မေ..မေကြီး နှုန်း..လာ..လာပြီ"
သူမက ထိုသို့အော်ဟစ်လိုက်လေတော့မှ မီးဖိုချောင်ထဲမှ ထိုအသံရှရှလေးက ချက်ချင်းပင် အကြောင်းပြန်လာသည်။
"အဲ့လာပြီဆိုတာကိုအသာထားပြီး လူအရင်လာခဲ့ "
ဒေါ်မြလွန်းညို၏ အမိန့်သံနှင့်ပြောလိုက်သော စကားကြောင့် ပုံနှုန်းက ကပြာကရာပင် ဧည့်ခန်းအတွင်းသို့ ​အမြန်လျှောက်ကာ ဝင်လာ၏။
ဒေါ်မြလွန်းညိုက သူမ၏ ရှေ့တွင် ရပ်နေသော ကောင်လေးအား ကြည့်ကာ စိတ်ကျေနပ်စွာပင် ပြုံးလိုက်သည်။
ထိုနောက် သမီးဖြစ်သူ ပုလဲညိုဘက်သို့ လှည်ကာ တင်းမာသော မျက်နှာထားဖြင့် မေးလိုက်၏။
"ညည်းသေချာကြည့် မမလို့ခေါ်ရမလား ကိုကိုလို့ခေါ်ရမလားဆိုတာ !"
ပုလဲညိုက မိခင်ဖြစ်သူ၏စကားအား စိတ်ရှုပ်စွာဖြင့် နားထောင်လိုက်ရရင်း သူမ၏ ရှေ့တွင်ရပ်နေသော သူမ၏ အဖေတူမအေကွဲ အစ်ကိုဖြစ်သူအား ကြည့်လိုက်သည်။
ခန္ဓာကိုယ်အတိကို တိုင်းတာကာချုပ်ထားသော အုတ်ကျိုးရောင် ရင်ဖုံးလေးကြောင့် အနဲငယ်မို့ရုံသာ မို့နေသည့် ရင်ဘတ်နေရာကလည်း သတိထားမိစေကာ သေးသိမ်သော ခါးလေးနှင့်လိုက်ဖက်ကာ ထိုလူသားလေးက ကြည့်၍ မျက်စိပသာဒ ဖြစ်စေသည်။
ခါးလောက်အထိရှည်သော ဆံပင်ရှည်များကလည်း ပုံနှုန်း၏ မဟာဆန်သည့် အလှကို ပို၍ ထင်ဟပ်စေသည်။
မျက်လုံးဝိုင်းဝိုင်းလေးများက စိတ်ရှုပ်နေဟန်ဖြင့် ပို၍ခပ်ကျယ်ကျယ်ဖြစ်နေသည်မှာ ပုလဲညိုတို့လူငယ်တွေကြား ခေတ်စားနေပါသည့်
puppy Eyeဆိုသည်မျိုးလို ချစ်စရာပင်အတိ။
ထဘီလေးဝတ်ထား၍ ယောကျ်ားတစ်ယောက်ဖြစ်သော်ငြား ယောကျ်ားလေးနှင့်ပင် လုံး၀တူမနေကာ တင်ပါးလုံးလုံးကလေးတွေနှင့် သူမ၏ အစ်ကိုက တကယ်ကို အလှပဂေးလေးပင်။
ဖြောင့်စင်းသောဆံပင်ရှည်များကိုလည်း နားနောက်သို့ ညှပ်ကာ ဘာမျှ ထုံးဖွဲ့ကျစ်တွယ်ထားခြင်းမရှိ။ နားသယ်စပ်တွင် ချွေးသီးချွေးပေါက်များစို့နေသည်ကပင် ထိုလူသား၏ ကပိုကရိုအလှအားထင်ပေါ်စေ၏။
ပါးပြင်တွင် လိမ်းချယ်ထားသော သနပ်ခါး ပါးကွက်လေးကြောင့် ပြောရလျှင် ရတီပုံနှုန်းက ယဥ်ယဥ်ကလေးဖြင့်လှသည်သာ။
"ပြောစမ်းပါဦး မိပုလဲ
ဘယ်လို ခေါ်ရမလဲဆိုတာ "
"မ..မမနှုန်း"
ပုလဲညို၏ အခေါ်အားကြားလေတော့ ပုံနှုန်းက ရှက်ရွံ့စွာပင် ခေါင်းကို ချက်ချင်း အောက်သို့ ငုံ့လိုက်မိ၏။
သူ၏ ရှက်စိတ်ကြောင့် သူ့မျက်နှာက ပန်းနုရောင်သန်းနေမည်မှာ အသေအချာပင်။
ဒေါ်မြလွန်းညိုက သမီးဖြစ်သူ၏ အခေါ်အဝေါ်ကြောင့် ကျေနပ်စွာပင် သဘောတကျပြုံးလိုက်ပြီး ,
"ဟင်း..ညည်း အမြင်မှန်ရသွားတာ ဝမ်းသာတယ်၊ ပုံနှုန်း...အဆင်သင့်ဖြစ်ရင် FAMEအိမ်တော်ကို သွားမယ် ! ဟိုမှာ နင့်ရဲ့ခဲအိုက စောင့်နေမှာ"
မေမေကြီး၏ ပြောစကား​ကို ပုံနှုန်းက ဘာမှ အကြောင်းမပြန်ပါဘဲ ခေါင်းငြိမ့်ပြလိုက်ကာ သက်ပြင်းကိုသာ ခပ်တိုးတိုးချမိ၏။
ရွေးချယ်စရာမရှိတဲ့ သူ့ဘဝဟာ အစကတည်းက မှားခဲ့ပြီးသား ။
ဒီထက်ပိုပြီး မှားနိုင်စရာလည်းမရှိတော့ဘူး မဟုတ်လား။
လက်ထပ်ပြီးလျှင်တောင် မင်္ဂလာဦးညအပြီးမှာတော့ အဲ့ဒုတိယသခင်လေးဟာ သူ့ကို သေချာပေါက် ကွာရှင်းလိမ့်မည်သာ။
'ရတီပုံနှုန်းက ယောကျ်ားတစ်ယောက်ဖြစ်ပါတယ်' ဆိုတဲ့ အမှန်တရားဟာတော့ သူ့ကို ထိုအိမ်ထောင်ကျခြင်းမှ ကယ်တင်လိမ့်မည်။
___________________________________________
"သခင်ကြီး..ဒုတိယသခင်လေးက ဘယ်မှာလဲဟင် မတွေ့ပါလားရှင် "
FAME အိမ်တော်ကြီး၏ ဧည့်ဆောင်ခန်း၌ ဖြစ်၏။
စောစေးလျမ်းက သူ၏ ရှေ့တွင် ရှိသော အမျိုးသမီး (၄)ဦးအား ပြုံး၍သာ ပြကာ အကဲခတ်သလိုကြည့်သည်။
ဒေါ်မြလွန်းညိုဆိုသည့် အမျိုးသမီးကြီး၏ မျက်နှာသည် ဟန်မဆောင်နိုင်လောက်အောင်ပင် လောဘရိပ်တွေ သမ်းလျက်ရှိနေပြီး အိမ်တော်ကြီးထဲသို့ ရောက်ကတည်းကပင် မျက်လုံးကလည်း အိ​န္ဒြေမရ၊ ကျီးကန်းတောင်မြောက်လိုက်၍ ကြည့်ကာ ပစ္စည်းများကိုလည်း ဟိုတို့၊ဒီထိ လိုက်၍ ကိုင်နေသည်။
"မတ်ကလေးက ပါရီမှာရောက်နေတယ် အမရဲ့၊
ဒီလကုန်လောက်တော့ ပြန်လာဖို့ရှိတယ်ရှင့်
အဲဒီအခါကျမှ ဟောဒီက ညမလေးနှုန်းနဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် ကျွန်မတို့ကပဲ တွန်းပို့ပေးကြရမယ်မလား "
ဒေါ်မြလွန်းညိုက ထိုသို့ပြောလိုက်သော အမျိုးသမီးအား ခေါင်းလေးငြိမ့်ပြ၍ ပြုံးကာ အကဲခတ်သလို ကြည့်လိုက်၏။
သူမသိပါသည်။ ထိုအမျိုးသမီးက ဒီအိမ်ရဲ့အကြီးဆုံးသားစောစေးလျမ်းရဲ့ ဇနီးဖြစ်သူ ဒေါ်မူယာချိုပင် မဟုတ်လား။
အသွင်အပြင်ကိုကြည့်လျှင်ပင် ဆွေကြီးမျိုးကြီးထဲမှ အမျိုးသမီးမှန်းသိသာနေပြီး စကားပြောသည့် လေယူလေသိမ်းသည်ကလည်း တည်ငြိမ်အေးချမ်းကာ အရှိန်အဝါတစ်ခုလည်းရှိလို့နေ၏။
ပြောရလျှင် ဒေါ်မြလွန်းညို၏ မျက်လုံးထဲတွင်တော့ ဒီအိမ်ကြီးကို အတော်ဘေတက်မိသည်။
"FAME"အိမ်တော်၏ စည်းစိမ်ဥစ္စာများကို မဆိုထားနှင့် အိမ်တော်ကြီး၌ အလှဆင်ထားသော ပစ္စည်းပစ္စယာများ၏ တန်ဖိုးသည်ပင်လျှင် သူမတို့ တစ်သက်စာ သုံးမကုန်၊ဖြုန်းမကုန်အောင်ရှိလှသည်။
ဒေါ်မူယာချို၏ စကားကို ဒေါ်မြလွန်းညိုက မိန်းမချင်း နားလည်ပါ၏။ အဓိပ္ပာယ်က FAMEအိမ်တော်ဘက်မှ လက်မထပ်ခင် အချိန်ကာလအတွင်း ပုံနှုန်းအား စောင့်ကြည့်ချင်သေးသည်ဆိုသည့်သဘော။
သဘောတူညီမှုက ရှိထားပြီးပြီပဲ။
အပိုတွေလုပ်ပြီး ဘာကို အကဲခတ်ချင်နေသေးသလဲလေ။
ပုံနှုန်းက ယောကျ်ားတစ်ယောက်ဖြစ်တော့လည်း ဘာအရေးလဲ။ လက်ထပ်ပြီးလျှင် ပြီးတာပဲမဟုတ်လား။
ကွာရှင်းကြလျှင်တောင် သူတို့က မနည်းတဲ့ ပမာဏကို လျော်ကြေးအဖြစ်ရဦးမည်သာ။
အဓိကက လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးရန်ပဲဖြစ်သည်။
ထို့ကြောင့်သူမက ဒေါ်မူယာချို၏ စကားအား မျက်နှာချိုသွေးကာဖြင့်,
"ညီမရယ် အမအနေနဲ့ မိန်းကလေးရှင်ဖြစ်နေပါလျက် လောတာတော့မဟုတ်ပါဘူး ၊ ရှေ့ကလူကြီးတွေက ကတိကဝတ်ထားခဲ့ကြတယ်မဟုတ်လား၊ အဆုံးမှာ လက်ထပ်ရမှာပဲလေ
မြန်မြန်ဆန်ဆန်လုပ်လိုက်တော့ ပိုမ​ကောင်းပေဘူးလား "
ဒေါ်မြလွန်းညို၏ စကားကိုကြားလေတော့ မူယာချိုက သူမ မှန်းဆထားသလိုပဲမို့ သဘောတကျပြုံးလိုက်ရင်း သူမ၏ ရှေ့တွင့် ကျို့ကျို့ရို့ရို့ကလေးထိုင်ကာ ရောက်ကတည်းက ခေါင်းကိုသာငုံ့ထားသော ကလေးမလေးအား ,
"ညမလေး..နာမည်က ရတီပုံနှုန်းတဲ့လား "
"ဟုတ်..ဟုတ်ကဲ့ "
ပုံနှုန်းက သူမဆီဦးတည်၍ မေးလာသော အမေးစကားအား ခေါင်းငုံ့ထားရာမှ မော့လျက် ထိုကျက်သရေရှိသော အမျိုးသမီးကြီး၏ မျက်ဝန်းအစုံကိုကြည့်ကာပင် ဖြေလိုက်၏။
"နှုန်းလေး လို့ပဲခေါ်ပါ့မယ် အမက၊
နှုန်းလေးက အမရဲ့မောင်လေးကို လက်ထပ်ချင်ရဲ့လား "
ဒေါ်မူယာချိုဆိုသည့် ထိုအမျိုးသမီးရဲ့စကားတွေကို ပုံနှုန်းဘယ်လိုဖြေရမှန်းမသိ။
'သူ့မှာရွေးချယ်စရာမရှိလို့ပါ' လို့ဖြေလိုက်ရင်လည်း မေမေကြီး၏ ဒေါသက သူ့အပေါ် တောင်လိုယာလို ပုံလာလိမ့်မည်။
ပုံနှုန်းက စိတ်ကိုတည်ငြိမ်အောင်သာ ထားလိုက်ရင်း သူမ၏ အခြေအနေအား လက်ခံကာ,
"နှုန်း..နှုန်း သခင်လေးကို..လက်..လက်ထပ်ဖို့ ဆန္ဒရှိပါတယ် "
စကားကို အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလိုက်သည်မို့ ဒေါ်မြလွန်းညိုက မျက်နှာကွက်ကနဲ ပျက်သွားပြီး ထိုင်နေရင်းမှပင် ပုံနှုန်း၏ လက်အား လိမ်၍ ဆွဲ၏။
ပုံနှုန်းက နာသွားသော်လည်း အသံမထွက်မိ။
မေမေကြီးက ပို၍ စိတ်ဆိုးသွားလျှင် အိမ်အရောက် သူ့အား ထပ်၍ပင် နာအောင်လုပ်မည်သာ။
သူက နဂိုကတည်းက စကားထစ်ခဲ့တာပဲလေ။
သူလည်း ဘယ်လို ထစ်ချင်မှာလဲ။
ဒါက သူ့ရဲ့ကံမကောင်းမှုလိုပဲ သူသတ်မှတ်ပါသည်။
သူက အားနည်းချက်တွေနဲ့လူမို့ သူ့အား နင်းခြေချင်တဲ့သူတွေကိုလည်း သူ အပစ်မဆိုရက်ပါ...။
ဒါက လူ့သဘာဝပဲ မဟုတ်လား ။
ဒေါ်မူယာချိုက သူမ၏ရှေ့တွင်ရှိသော အမျိုးသမီးငယ်လေးအား ကြည့်ကာ ပြုံးလျက် စောစေးလျမ်းအား လက်တို့၏။
ထိုမိန်းမငယ်လေးသည် အပြင်ပိုင်းအသွင်အပြင်အရတော့ အနေအေး၍ တည်ငြိမ်ဟန်ရှိလှသည်။
သူမအကဲခတ်ကြည့်ရသည့် အနေအထားအရ
ထိုမိန်းမငယ်လေးအား ဒေါ်မြလွန်းညိုဆိုသည့် အမျိုးသမီးက အပီအပြင်ခြယ်လှယ်နေသည့်ပုံပင်။
စောစေးလျမ်းက ရတီပုံနှုန်းဆိုသည့် မိန်းကလေးအား ကြည့်လိုက်ရင်း နူးနူးညံ့ညံ့ပင် ပြုံးပြလိုက်ကာ ,
"ညမလေးက Stuttering ဖြစ်တာ ဘယ်ကတည်းကလဲ.. မွေးရာပါလား "
ပုံနှုန်းက သခင်ကြီးဆိုသည့်ထိုအမျိုးသားပြောလိုက်သော အင်္ဂလိပ်စကားလုံးအား နားမလည်ပါ။
သူ စိတ်ရှုပ်သွားလျှင်ဖြစ်တတ်သည့်အတိုင်း သူ့ရဲ့ ဝိုင်းစက်စက်မျက်လုံးများက ပို၍ပြူးကျယ်သွားရပြီး ထိုလူ့အား အသေအချာပင် ပြန်ကြည့်လိုက်သည်။ ပြီးကာမှ,
"အဲ့..အဲ့ဟာက ဘာ..ကို မေး..မေးတာလဲ..ရှင့်"
စောစေးလျမ်းက အမှန်ပင်မသိနားမလည်ဟန်ဖြင့် ဟန်ဆောင်မှုမရှိ သူ့အား မေးလာသော ထိုမိန်းကလေး၏ ပကတိရိုးသားသည့် စိတ်ကို သဘောတကျပြုံးလိုက်ရင်း ,
"ဪ..အဲ့တာလား ညမလေး စကားထစ်တာက ဘယ်ကတည်းက စဖြစ်တာလဲလို့ အစ်ကိုကမေးတာပါ "
နှုန်းက သူ မသိသေးသေးစကားအား သိလိုက်ရ၍ ခေါင်းလေး တငြိမ့်ငြိမ့်လုပ်ကာ ပြန်ဖြေမည့်အပြု ဒေါ်မြလွန်းညိုက သွက်သွက်လက်လက်ပင် စကားဝင်ကာပြော၏။
" သူက ငယ်ငယ်ကတည်းကပဲ
အဲ့တာတွေက အရေးမကြီးပါဘူး သခင်ကြီးရယ်
အဓိကက ရှေ့လူကြီးတွေရဲ့ သဘောဆန္ဒကို
ဖြည့်စီးပေးရမှာမဟုတ်လား..ဒုတိယသခင်လေး ပြန်လာတာနဲ့ မင်္ဂလာပွဲစီစဥ်ကြမလားဟင် "
စောစေးလျမ်းက ထိုအမျိုးသမီးအား သဘောမကျသလိုဖြစ်သွားရကာ မျက်မှောင်ကို တွန့်ကျိုးလိုက်မိပြီး ,
" ကျွန်တော်တို့ဘက်က ပြသနာမရှိပါဘူး
မိန်းကလေးရှင်ဘက်က သဘောကိုပဲ ကျွန်တော်တို့က လုပ်ပေးရမှာပါ ဒေါ်မြလွန်းညို ၊ နှုန်းလေးရဲ့ ဆန္ဒကိုသာ မေးကြည့်ပါ "
"သခင်ကြီးရယ် မေးစရာကိုမလိုဘူး ၊
ကျွန်မ သမီးက ကျွန်မသဘောပါပဲ
ကျွန်မကလည်း နှုန်းလေးကို ဒီလိုအဆင့်အတန်းမြင့်မားတဲ့ မိသားစုက သခင်လေးနဲ့ နေရာချထားပေးရမှာဆိုတော့ နှုန်းလေး နောင်ရေးအတွက် စိတ်အေးရမှာပေါ့ရှင် ၊ ကျွန်မ သေမယ်ဆိုတောင် သေပျော်ပါပြီ..ကျွန်မ တခြား ဘာမှမမျှော်လင့်ပါဘူး"
ဒေါ်မြလွန်းညိုက ငိုတော့မလို အသံအနေအထားနှင့်ပင် ပြောလာသည်မို့ ခတ္တာညိုကပါ မိခင်ဖြစ်သူ၏ သရုပ်ဆောင်ချက်များအား ပိုမိုပီပြင်ရန် ဇာတ်ပို့အနေနှင့် အရောက်ပို့ပေးလာ၏။
"မာမီရယ် ဘာတွေပြောနေတာလဲ
မာမီ့ဆန္ဒကို သမီးတို့သုံးယောက်နားလည်ပါတယ်
ဒီလိုဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းထဲဝင်ဆံ့ဖို့ကို မာမီက မာမီ့ရဲ့သမီးအရင်းတွေကိုတောင် ဦးစားမပေးဘဲ နှုန်းလေးကိုပဲ ရွေးခဲ့တာလေ၊
မာမီ့ရဲ့စေတနာတွေကို နှုန်းလေးရော သမီးတို့ပါ နားလည်ပါတယ်..သမီးအရင်းတွေထက်တောင် မာမီက နှုန်းလေးအပေါ် ပိုခင်တွယ်တာ သမီးတို့လည်း သိနေတာပဲ "
စောစေးလျမ်းကတော့ ထိုအမျိုးသမီးတွေရဲ့ စကားကို ယုံစားမိမလိုဖြစ်သွားပေမယ့် မူယာချိုကတော့ မိန်းမချင်းမို့ စကားအသွားအလာကိုကြည့်ရုံဖြင့် အပိုဆိုနေမှန်း သိလိုက်သည်။
သို့ပေသိ နှုန်းလေး၏ ထိုသို့နေထိုင်ရသော ဘဝအား သူမကိုယ်တိုင်လည်း သနားမိ၏။
ထို့ကြောင့် လက်ထပ်ပွဲကို အမြန်ဆုံး စီစဥ်လျက် နှုန်းလေးအား အိမ်၌ ခေါ်ထားရန်သာ သူမလည်း တွေးနေမိသည်။
"ဒါဆိုလည်း ကျွန်မတို့ဘက်က လက်ထပ်ပွဲအတွက် အမြန်ဆုံး စီစဥ်ပါ့မယ် "
သူမက ထိုသို့ပြောလိုက်လေတော့မှ ကျေနပ်သွားကြသည့် ဒေါ်မြလွန်းညိုနှင့်ခတ္တာညိုအား သူမ ပြုံး၍သာ ကြည့်လိုက်မိသည်။
မှန်းချက်နှင့် နှမ်းထွက်မကိုက်လျှင်ရော ထိုအမျိုးသမီးတွေအနေနှင့် ဒီလိုကျေနပ်နေနိုင်ပါဦးမလားလို့ သူမသိချင်ပါသေး၏။
___________________________________________
ရန်ကုန်မြို့၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်သည်။
စေးမူးက စိတ်ရှုပ်စွာပင် Vibrate တုန်ခါနေသော ဖုန်းအား ကြည့်လိုက်မိ၏။
ဖုန်းနံပါတ်က သူမသိသော ဖုန်းနံပါတ်ဖြစ်သည်။
သို့သော်ငြား ခေါ်ဆိုသူအား သူအသေအချာပင် သိပါသည်။
ထိုမိန်းကလေး၏ ဖုန်းနံပါတ်မှန်သမျှကို သူBlack Listထဲ ထည့်ထားပေမယ့် ထိုမိန်းကလေးက လက်မလျှော့ဘဲ သူ့ကို နံပါတ်အမျိုးမျိုးဖြင့် ဆက်နေသည်သာ။
သူက ထိုမပြီးမပြတ်သလိုအမျှင်တန်းနေသော ကိစ္စအား အပြီးဖြတ်ရန် စိတ်ကူးလိုက်ပြီး,
"မင်းကိုငါ့ဆီ ဖုန်းမဆက်နဲ့တော့လို ငါမပြောခဲ့ဘူးလား !?"
သူက ဖုန်းကို ကိုင်ပြီးပြီးချင်းထိုသို့ပြောလိုက်တော့ တစ်ဖက်မှ မိန်းကလေးကလည်း သူ့အား စကားပြန်လာသည်။
"Lအဲ့လိုလုပ်လို့မရဘူးလေ
Lဘက်က ပြတ်ပေမယ့် တို့မပြတ်ပေးနိုင်ဘူး
နှစ်ဦးသဘောတူ တွဲခဲ့ကြတာမဟုတ်လား
အခုက ၁လတောင်ပြည့်သေးရဲ့လားလို့ !
တို့ဘာလုပ်မိလို့လဲ Lမကြိုက်ရင် တို့က အကုန်ပြင်ပေးမှာ "
"ကျစ်!"
သူက စိတ်ရှုပ်စွာ ဆုတ်တစ်ချက်သပ်လိုက်မိသည်။ မြန်မာပြည်ကိုပြန်မလာခင်လေးမှာပဲ Barတစ်ခုမှာဆုံခဲ့သည့် မြန်မာမိန်းကလေးတစ်ယောက်နှင့် နှစ်ဦးသဘောတူ Dateခဲ့ကြ၏။
ဒါပေမယ့် စတွဲကတည်းက သူ့ဘက်က အသေအချာသတိပေးခဲ့ပြီးသလို 'မချစ်ဘူး' ဆိုသည့်စကားကိုလည်း အတိအကျပင် ပြောပေးခဲ့သည်သာ။
သူပြတ်ချင်တဲ့အချိန် ပြတ်ဆဲလို့အဆင်ပြေပါမှ သူနှင့်တွဲပါလို့ ရှင်းရှင်းလင်းလင်းကြီးပြောခဲ့ပါလျက် အခုလို သံယောဇဥ်အမျှင်တန်းလာတာမျိုး စောအယ်စေးမူးဆိုတဲ့သူက သိပ်ကိုမုန်း၏။
"ဒီမှာ မိန်းကလေး
ငါ မင်းကို မချစ်ဘူး
ကျေးဇူးပြုပြီး မင်းလည်း ငါ့ကို မချစ်နဲ့၊
ချစ်ရင်လည်း မင်းထိုက်နဲ့ မင်းကံပဲမလို့
ငါ့ကိုမနှောက်ယှက်နဲ့တော့ !"
စောအယ်စေးမူး၏ ပြတ်သားလှသော စကားကြောင့် တစ်ဖက်မိန်းကလေးက စကားပင် ပြန်မပြောနိုင်ဘဲ ရှိုက်ငိုလာသည်။
စေးမူးက စိတ်ရှုပ်သလို သက်ပြင်းချလိုက်ရင်း,
"ဟေး မငိုနဲ့နော်!
ငိုချင်းလည်း ငို!
ဒါပေမယ့် ငါက မသနားတတ်ဘူး ၊ ငိုပြတဲ့ မိန်းကလေးတိုင်းကိုသာ ပြန်တွဲရရင် ငါ့အိပ်ခန်းတောင်ဆန့်မှာမဟုတ်ဘူး "
"တို့က..တို့က Lကိုချစ်လွန်းလို့ ဒီလောက်ထိ နှိမ့်ချပြီး ခယနေတာ ၊ တို့လိုမိန်းမကို လိုချင်တဲ့သူတွေ မရှားဘူးဆိုတာ Lသိရဲ့လား "
စေးမူးက ထိုမိန်းကလေး၏ စကားကြောင့် သဘောကျသလို ပြုံးလိုက်ပြီးခါမှ ,
"အဲ့လိုပြောတဲ့စကားတွေ ငါအများကြီး ကြားဖူးတယ်၊ မင်းကငါ့ကို ခယချင်လို့ ခယတာလေ၊
ငါ မင်းကို ခယ ခိုင်းခဲ့လား ဟမ်? "
"L!! ရှင်..ရှင် ဝုဋ်လည်လိမ့်မယ် "
သူက ပြုံး၍နေရုံမှ ထိုမိန်းကလေးပြောလိုက်သော စကားကြောင်း သဘောတကျပင် ရယ်လိုက်ပြီး ,
" ငါ့လိုကောင်က မိန်းမတစ်ယောက်ကို ချစ်ဖို့ဆိုရင်လေ ! မင်းအပါအဝင်... ငါ့ရဲ့များစွာသောExတွေကို လိုက်စုပြီး အားလုံးအတူတူ ဘုရားကျောင်းမှာ သွား ဆုတောင်းလိုက်ဦး "
သူက ထိုမိန်းကလေးအား ထိုသို့ပြောလိုက်ပြီး ဖုန်းကို ချလိုက်၏။
ဒီလောက်ဆိုရင်တော့ အဲ့မိန်းကလေး သူ့ကို စိတ်နာလောက်ပါရဲ့။
သူက လူတွေရဲ့ ခံနိုင်ရည်ကို အလွယ်တကူ မှန်းဆနိုင်သည်။
လူတစ်ယောက်ဟာ အခြားလူတစ်ယောက်အပေါ်မှာ ဘယ်လောက်ထိ သည်းနိုင်ခံနိုင်မလဲ..ဘယ်လောက်အထိ ချစ်နိုင်မလဲ ဆိုတာမျိုးကိုပေါ့။
Fri.Jul15. 2022
Continue Reading
You'll Also Like
30.2K 2K 11
ငါ့ကိုလှည့်စားခဲ့တာတွေနဲ့တန်အောင် ပြန်ပေးဆပ်ရမယ်ဆိုတာကို မင်းမမေ့နဲ့ လင်္ကာမှူးပိုင်...ငါ့ကိုလှည့်စားခဲ့တဲ့မင်းကို ငါအရမ်းမုန်းတယ်... ...
15.1K 761 51
ကျွန်​တော်က အစ်ကိုဘယ်​တော့မှ မပိုင်ဆိုင်ချင်တဲ့ အစ်ကို့ရဲ့ CCTV​လေး...
100K 5.8K 35
63.7K 3.9K 33
Kay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^