Uni
"သူဘာတွေလုပ်လို့လဲ"
"လူတစ်ယောက်...တစ်နည်းပြောရရင် မြန်မာလူမျိုးတစ်ယောက်....ငါနဲ့စုံဖူးတယ်။ Moon ကို ဆိုင်ခွဲဖွင့်ဖို့ဆိုပြီး ပြောတုန်းက ငါရောက်သွားတာ။ အစက ဒီအတိုင်းဆိုပြီး ထားထားတာ....ခုတော့ သူက ပက်သက်လာပြီမို့ ငါလုပ်သင့်တာလုပ်ရတော့မယ်"
Death ရဲ့စကားတွေက လေသံသဲ့သဲ့လေးသာဆိုသော်လဲ Death စိတ်တိုနေတယ်ဆိုတာ Roshan သူ့မျက်လုံးကိုကြည့်တာနဲ့သိသည်။
"သာမာန်ခင်တာဆိုရင်ရော"
"ဒါတော့ ငါလဲ တပ်အပ်မပြောတတ်ဘူး။ သေချာတာကတော့ Moon က ငါလက်မခံဘူးဆိုတာကိုသိရဲ့သားနဲ့ သတ္တိရှိရှိလုပ်လာကတည်းက သူ့နောက်မှာ တစ်ယောက်ယောက်ရှိနေပြီဆိုတာ ငါထင်တယ်....
ပြီးတော့ CCTV ငါကြည့်ရသလောက်ကတော့ Moon ရဲ့အချိန်တွေအားလုံးက အဲ့လူနဲ့ကုန်ဆုံးနေတာပဲ"
Roshan လဲ ခေါင်းငြိမ့်လိုက်ကာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ သူဘယ်လိုဖြေသိမ့်ပေးရပါ့မလဲ....တကယ်မဟုတ်လောက်ပါဘူး ဆိုပြီးပြောရမလား။ ဒါဆို တကယ်တွေဖြစ်နေရင် မလွယ်ဘူး.....
"အဲ့တာတွေခုနောက်မှထား မင်းကျန်းမာရေးကိုသာ ဂရုစိုက်...ငါ မင်းကိုကြည့်ရတာ သိပ်အားမရဘူး..."
ဆိုကာ နှာဖူးပေါ်လက်လာတင်နေသော Roshan။ အမှန်ဆို နေမကောင်းဖြစ်တဲ့သူမှ ဒီလိုစမ်းသင့်တာလေ...ဒါပင်မဲ့ Roshan ကတော့ အစိုးရိမ်လွန်နေတယ်ထင်ပါ့....
"ငါကိုယ်မပူပါဘူး"
"သိတယ်...ငါဆရာဝန်ပါ။ ဘာပဲဖြစ်ဖြစ် မင်းဖြစ်နေတာက ဦးခေါင်းပိုင်းပဲ"
တစ်ခါတစ်ခါ ကလေးဆန်ဆန်တတ်သွားသော သူငယ်ချင်း ဖြစ်သူကြောင့် Death ပြုံးမိပါသေးသည်။ အမှန်ပြောရရင် သူနဲ့ကိုယ်က သူငယ်ချင်းဆိုလဲဟုတ်တယ်...တစ်ခါလဲ သွေးသားချင်းနီးစပ်ခဲ့ဖူးတာလေ.....ဘယ်လိုပြောရမလဲ....
"ငါပြောတာကြားလား Death"
"ဘာပြောလိုက်တာလဲ"
"ညဘက်တွေစောစောအိပ်။ ဦးနှောက်ကို အနားပေးလို့...မင်းကညဘက်လဲ အလုပ်ဇွတ်လုပ်နေလို့ဟ"
"ဟားးး အေးပါကွာ..."
"မဖြစ်သေးပါဘူး...ငါမင်းကိုစောင့် အိပ်မှရမယ်"
"ရပါတယ်ကွာ...မင်းက ဆေးရုံတစ်ဖက်နဲ့မို့လား"
"ငါငှားထားတဲ့ဆရာဝန်တွေအများကြီးပါကွာ...အရေးကြီးတဲ့ Caseဆိုရင်တော့ ငါသွားမှာပေါ့"
"အင်းပါ...သဘော"
.
.
.
"Moon ပြန်ရောက်ပြီလား"
စလာပါပြီ သူ့ကိုစောစောအိပ်ခိုင်းမှာမို့ အခန်းထဲခေါ်လာသော်လဲ အရင်မေးတာက Moon တဲ့...
"မရောက်သေးဘူး။ မင်း Driver နှစ်ယောက်ထည့်ပေးလိုက်တယ်မှတ်လား။ ပြီးတော့ ပြန်လာရမဲ့အချိန်ကိုလဲ သတ်မှတ်ထားတာပဲ ရောက်မှာပါ..."
"အင်း..."
"အင်း လုပ်မနေနဲ့...ခဏနေအိပ်ရမယ်"
"စောသေးတယ်လေ"
"မစောဘူး ၉နာရီကွ"
Roshan ရဲ့ ဒေါသမျက်လုံးတွေကို လှောင်တာမဟုတ်သော်လဲ ရယ်ချင်မိသည်။ ဒါပင်မဲ့ ဒါတွေက မိမိအတွက်ပဲလေ....
"မင်းကလဲ အရင်လိုမဟုတ်တော့ဘူး။ ငါ့ကို ဟောက်ဖို့ပဲ"
စနောက်တဲ့ပုံစံသဘောဖြင့်သာပြောလိုက်သော်လဲ မိမိမှီကာထိုင်နေသော ကုတင်ပေါ်သို့ Roshan တတ်ထိုင်လိုက်ကာ ဆွေးမြေ့မြေ့လေးကြည့်ရင်း
"ငါက မင်းဆို အရင်တိုင်းဘဲ ဘာမှမပြောင်းလဲဘူး။ မင်းသာမမြင်တာ။ ဘယ်မြင်မလဲ မြင်အောင်မှမကြည့်တာကို...."
"ပြွတ်.." ဆိုပြီး နှုတ်ခမ်းကို ရုတ်တရက် လာနမ်းသော Roshan ကြောင့် Death တောင့်တောင့်ကြီး ဖြစ်သွားလေသည်။
"Sorry ငါစိတ်မထိန်းနိုင်ဖြစ်သွားတယ်"
Roshan လဲ တောင်းပန်ကာ ထဖို့ပြင်လိုက်ပင်မဲ့ အဆွဲခံလိုက်ရသောလက်နှင့်အတူ လူကလဲ Death ရင်ခွင်ထဲ တန်းရောက်သွားလေတော့သည်။
ရင်ဘက်ထဲ အဆမတန်ခုန်လာသော အရာနှစ်ခုက ထပ်တူမှကျရဲ့လား.....
"ငါ အွတ်..."
ဆွဲဆောင်အားကောင်းသော နှုတ်ခမ်းပါးလေးတစ်စုံကြောင့် Death စိတ်မထိန်းနိုင်ဖြစ်သွားရလေသည်။
မရည်ရွယ်သော်ငြား.......
မောဟိုက်ကာ တွန်းကန်စပြုလာသော လက်ကလေးကြောင့် Death လွှတ်ပေးမိပြန်သည်။
မျက်ရည်လေးတွေဝဲကာ တတ်နေသော မျက်ဝန်းတစ်စုံနဲ့ Death တိုးသွားလေတော့ မှားပြီလားဆိုတဲ့အတွေးက အလုံးအလျားဝင်လာလေသည်။
ဆက်ပြီး မျက်နှာချင်းဆိုင်ရန် မဝံ့ရဲလာသောကြောင့် ကုတင်ပေါ်ကနေ အမြန်ပြေးဆင်းသွားကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ကျန်နေခဲ့သော Roshan မှာတော့
"ငါက အဖြည့်ခံဖြစ်နေတာတော့မဟုတ်ပါဘူးနော်...
ဒါတွေ Moon ဆီက မရဘူးမှတ်လား...ဒါကြောင့်ငါ့ဆီကနေ နှစ်သိမ့်တဲ့အနေနဲ့ ယူနေတာလား။ ငါစနမ်းမိတာပါ...ဒါပင်မဲ့ ရည်ရွယ်ချက် ချင်း မတူပုံပဲ"
ကိုယ့်ကိုယ်ကို လေသံတိုးဖွဖွနဲ့ ပြန်သတိပေးနေရင်း အခန်းထဲက ထွက်လာကာ ခြံထဲတွင် လေညှင်းခံဖို့ ဆုံးဖြတ်လိုက်လေသည်။ ကိုယ်စီကွဲလွဲနေသော ခံစားချက်ကြောင့် ဘာတွေဘယ်လိုဖြေရှင်းရပါ့မလဲ....
_____________
အရင်လို ဆိုင်မှာညဘက်တွေ အေးဆေးမထိုင်ရတော့သောကြောင့် Moon စိတ်တိုနေတာတော့အမှန်ပင်။ ဘယ်တုန်းကများ Night Duty Manager ငှားလိုက်မှန်းမသိ...,
ခုလဲအိမ်ပြန်လာတော့ ခြံထဲတွင် Roshan တစ်ယောက်ထဲကိုသာတွေ့သည်။ မျက်နှာမကောင်းတာလဲတွေ့သောကြောင့် တစ်ယောက်ထဲ အေးဆေးနေလို့ရအောင် Moon လဲ စကားသွားမပြောဘဲ ကိုယ့်အခန်းဆီသာ တတ်လာလိုက်လေသည်။ ခုနောက်ပိုင်းလဲ Roshan ကို ခြံထဲတွင်သာ တစိယောက်ထဲငေးကာ ထိုင်နေတတ်တာသတိထားမိသည်....
ရေချိုးပြီးလို့ ကုတင်ပေါ်ပြစ်လှဲကာ ဖုန်းကိုဖွင့်ကြည့်တော့ Message တစ်စောင်ဝင်နေလေသည်။
ဆိုင်ကထွက်လာကတည်းက ညဘက်ဆိုင်မှာမရှိကြောင်းကို အစ်ကို့ကိုပြောထားခြင်းကြောင့် စာပြန်တာပင်။
📩အဆင်ပြေရဲ့လား။ သူနဲ့တစ်ခုခုထက်ဖြစ်သေးလို့လား✉️
"ဖြစ်တာကတော့မဖြစ်ပါဘူး။ ဒီလိုပဲ သူ့အမိန့်ပဲပေါ့"
📩အင်းပေါ့...တစ်ခုခုဆို ပြောကြားလား။ ကိုယ်ကူညီပေးမယ်✉️
"ဟုတ် ကျေးဇူးတင်ပါတယ်"
📩ပင်ပန်းနေရောပေါ့...နားတော့လေ✉️
"ဟုတ်...အစ်ကိုလဲ နားတော့"
📩ဂရုစိုက် ✉️
Moon လဲ မျက်လုံးလေးကို အသာမှိတ်ကာ အိပ်ဖို့ကြိုးစားတော့သည်။ ညနေပဲရှိသေးတယ်ဆိုပင်မဲ့ လူကစိတ်ပင်ပန်းနေလို့လားမသိ အိပ်ပဲအိပ်ချင်နေလေသည်။
.
.
.
"Baby.....baby ထတော့...."ကိုယ်ကိုလှုပ်ကာနှိုးနေသောကြောင့် Moon လဲ မထချင်ဘဲနဲ့ထရတော့သည်။ အင်း အမ်းဆိုကာ အပျင်းလေးဆွဲတော့ Death ကြည့်ကာ ပြုံးနေတာကို မြင်လိုက်မိသေး...
"ဘယ်အချိန်ကတည်းကအိပ်နေတာလဲ...မိုးချုပ်နေပြီ ညစာစားမယ် ထတော့"
"မ စား ချင်ဘူး"
အိပ်ချင်စိတ်မပျောက်သေးသူပီပီ စတင်ငြင်းပါတော့သည်။ ဒါပင်မဲ့ Death အနေနဲ့ကလဲ အလျော့ပေးဖို့ စိတ်ကူးမရှိသောကြောင့်
"ထနော်...မဟုတ်ရင် ဖက်နမ်းပီပဲ" ဆိုမှ ချက်ချင်း ငုတ်တုတ်ထထိုင်သော Moon....
Death စိတ်ထဲ စိတ်မကောင်းတော့ဖြစ်သွားပင်မဲ့ အိပ်မှုန်စုပ်ဖွားနဲ့ကောင်လေးရဲ့ ဆံပင်လေးအား လက်ထိုးဖွကာ
"ထတော့ အောက်မှာစောင့်နေမယ်ဆင်းခဲ့"
မိမိရှောင်တိန်းလိုက်တာကြောင့် Death မျက်နှာပျက်သွားတာကို Moon တွေ့လိုက်သည်။ ဒါပင်မဲ့ မိမိကိုယ်တိုင်ကလဲ မလိုလားတာ မိမိသာအသိဆုံးမှတ်လား....
ထမင်းစားခန်းတွင် စောင့်နေသော သူနှစ်ယောက်ကြောင့် Moon လဲ အမြန်ဝင်ထိုင်လိုက်ကာ...
"တောင်းပန်ပါတယ် ကြာသွားလို့"
"ရပါတယ်....ဒီနေ့ Roshan က သူချက်မယ်ဆိုပြီးဝင်ချက်ထားတာ လက်ယာလေးကိုမြည်းကြည့်လိုက်ဦး" ဆိုပြီး Death က ဟင်းကို Moon ပန်းကန်ထဲထည့်ပေးလိုက်လေသည်။
အရင်က ကြက်ကာလသားချက်ကို Death ကြိုက်တယ်ဆိုတဲ့အချက်ကြောင့် Roshan အိမ်ကအမေကို ဂျီတိုက်ကာ သင်ပေးဖို့ပြောရသည်ပင်။ နောက်ပိုင်းကျတော့ Death က မြန်မာဟင်း ကို အရသာတွေ့နေတတ်တယ်ဆိုတာ သိပြီးနောက်ပိုင်း အမေ့ဆီက ချက်နည်းတွေသင်ထားသော Roshan
ခုလဲ မိမိရှေ့က ချစ်ရတဲ့သူက ပြုံးကာစားတာကိုကြည့်ရင်း Roshan စိတ်ချမ်းသာနေရသည်။ ခုလိုဆို မအားတဲ့ကြားထဲက ကြိုးစားသင်ထားတာတွေ အရာထင်သည်ပင်။
_____________
21.06.22
Khine Lay
Zaw
"သူဘာေတြလုပ္လို႔လဲ"
"လူတစ္ေယာက္...တစ္နည္းေျပာရရင္ ျမန္မာလူမ်ိဳးတစ္ေယာက္....ငါနဲ႕စုံဖူးတယ္။ Moon ကို ဆိုင္ခြဲဖြင့္ဖို႔ဆိုၿပီး ေျပာတုန္းက ငါေရာက္သြားတာ။ အစက ဒီအတိုင္းဆိုၿပီး ထားထားတာ....ခုေတာ့ သူက ပက္သက္လာၿပီမို႔ ငါလုပ္သင့္တာလုပ္ရေတာ့မယ္"
Death ရဲ႕စကားေတြက ေလသံသဲ့သဲ့ေလးသာဆိုေသာ္လဲ Death စိတ္တိုေနတယ္ဆိုတာ Roshan သူ႕မ်က္လုံးကိုၾကည့္တာနဲ႕သိသည္။
"သာမာန္ခင္တာဆိုရင္ေရာ"
"ဒါေတာ့ ငါလဲ တပ္အပ္မေျပာတတ္ဘူး။ ေသခ်ာတာကေတာ့ Moon က ငါလက္မခံဘူးဆိုတာကိုသိရဲ႕သားနဲ႕ သတၱိရွိရွိလုပ္လာကတည္းက သူ႕ေနာက္မွာ တစ္ေယာက္ေယာက္ရွိေနၿပီဆိုတာ ငါထင္တယ္....
ၿပီးေတာ့ CCTV ငါၾကည့္ရသေလာက္ကေတာ့ Moon ရဲ႕အခ်ိန္ေတြအားလုံးက အဲ့လူနဲ႕ကုန္ဆုံးေနတာပဲ"
Roshan လဲ ေခါင္းၿငိမ့္လိုက္ကာ ဘာျပန္ေျပာရမွန္းမသိျဖစ္သြားသည္။ သူဘယ္လိုေျဖသိမ့္ေပးရပါ့မလဲ....တကယ္မဟုတ္ေလာက္ပါဘူး ဆိုၿပီးေျပာရမလား။ ဒါဆို တကယ္ေတြျဖစ္ေနရင္ မလြယ္ဘူး.....
"အဲ့တာေတြခုေနာက္မွထား မင္းက်န္းမာေရးကိုသာ ဂ႐ုစိုက္...ငါ မင္းကိုၾကည့္ရတာ သိပ္အားမရဘူး..."
ဆိုကာ ႏွာဖူးေပၚလက္လာတင္ေနေသာ Roshan။ အမွန္ဆို ေနမေကာင္းျဖစ္တဲ့သူမွ ဒီလိုစမ္းသင့္တာေလ...ဒါပင္မဲ့ Roshan ကေတာ့ အစိုးရိမ္လြန္ေနတယ္ထင္ပါ့....
"ငါကိုယ္မပူပါဘူး"
"သိတယ္...ငါဆရာဝန္ပါ။ ဘာပဲျဖစ္ျဖစ္ မင္းျဖစ္ေနတာက ဦးေခါင္းပိုင္းပဲ"
တစ္ခါတစ္ခါ ကေလးဆန္ဆန္တတ္သြားေသာ သူငယ္ခ်င္း ျဖစ္သူေၾကာင့္ Death ၿပဳံးမိပါေသးသည္။ အမွန္ေျပာရရင္ သူနဲ႕ကိုယ္က သူငယ္ခ်င္းဆိုလဲဟုတ္တယ္...တစ္ခါလဲ ေသြးသားခ်င္းနီးစပ္ခဲ့ဖူးတာေလ.....ဘယ္လိုေျပာရမလဲ....
"ငါေျပာတာၾကားလား Death"
"ဘာေျပာလိုက္တာလဲ"
"ညဘက္ေတြေစာေစာအိပ္။ ဦးႏွောက္ကို အနားေပးလို႔...မင္းကညဘက္လဲ အလုပ္ဇြတ္လုပ္ေနလို႔ဟ"
"ဟားးး ေအးပါကြာ..."
"မျဖစ္ေသးပါဘူး...ငါမင္းကိုေစာင့္ အိပ္မွရမယ္"
"ရပါတယ္ကြာ...မင္းက ေဆး႐ုံတစ္ဖက္နဲ႕မို႔လား"
"ငါငွားထားတဲ့ဆရာဝန္ေတြအမ်ားႀကီးပါကြာ...အေရးႀကီးတဲ့ Caseဆိုရင္ေတာ့ ငါသြားမွာေပါ့"
"အင္းပါ...သေဘာ"
.
.
.
"Moon ျပန္ေရာက္ၿပီလား"
စလာပါၿပီ သူ႕ကိုေစာေစာအိပ္ခိုင္းမွာမို႔ အခန္းထဲေခၚလာေသာ္လဲ အရင္ေမးတာက Moon တဲ့...
"မေရာက္ေသးဘူး။ မင္း Driver ႏွစ္ေယာက္ထည့္ေပးလိုက္တယ္မွတ္လား။ ၿပီးေတာ့ ျပန္လာရမဲ့အခ်ိန္ကိုလဲ သတ္မွတ္ထားတာပဲ ေရာက္မွာပါ..."
"အင္း..."
"အင္း လုပ္မေနနဲ႕...ခဏေနအိပ္ရမယ္"
"ေစာေသးတယ္ေလ"
"မေစာဘူး ၉နာရီကြ"
Roshan ရဲ႕ ေဒါသမ်က္လုံးေတြကို ေလွာင္တာမဟုတ္ေသာ္လဲ ရယ္ခ်င္မိသည္။ ဒါပင္မဲ့ ဒါေတြက မိမိအတြက္ပဲေလ....
"မင္းကလဲ အရင္လိုမဟုတ္ေတာ့ဘူး။ ငါ့ကို ေဟာက္ဖို႔ပဲ"
စေနာက္တဲ့ပုံစံသေဘာျဖင့္သာေျပာလိုက္ေသာ္လဲ မိမိမွီကာထိုင္ေနေသာ ကုတင္ေပၚသို႔ Roshan တတ္ထိုင္လိုက္ကာ ေဆြးေျမ့ေျမ့ေလးၾကည့္ရင္း
"ငါက မင္းဆို အရင္တိုင္းဘဲ ဘာမွမေျပာင္းလဲဘူး။ မင္းသာမျမင္တာ။ ဘယ္ျမင္မလဲ ျမင္ေအာင္မွမၾကည့္တာကို...."
"ႁပြတ္.." ဆိုၿပီး ႏႈတ္ခမ္းကို ႐ုတ္တရက္ လာနမ္းေသာ Roshan ေၾကာင့္ Death ေတာင့္ေတာင့္ႀကီး ျဖစ္သြားေလသည္။
"Sorry ငါစိတ္မထိန္းနိုင္ျဖစ္သြားတယ္"
Roshan လဲ ေတာင္းပန္ကာ ထဖို႔ျပင္လိုက္ပင္မဲ့ အဆြဲခံလိုက္ရေသာလက္ႏွင့္အတူ လူကလဲ Death ရင္ခြင္ထဲ တန္းေရာက္သြားေလေတာ့သည္။
ရင္ဘက္ထဲ အဆမတန္ခုန္လာေသာ အရာႏွစ္ခုက ထပ္တူမွက်ရဲ႕လား.....
"ငါ အြတ္..."
ဆြဲေဆာင္အားေကာင္းေသာ ႏႈတ္ခမ္းပါးေလးတစ္စုံေၾကာင့္ Death စိတ္မထိန္းနိုင္ျဖစ္သြားရေလသည္။
မရည္႐ြယ္ေသာ္ျငား.......
ေမာဟိုက္ကာ တြန္းကန္စျပဳလာေသာ လက္ကေလးေၾကာင့္ Death လႊတ္ေပးမိျပန္သည္။
မ်က္ရည္ေလးေတြဝဲကာ တတ္ေနေသာ မ်က္ဝန္းတစ္စုံနဲ႕ Death တိုးသြားေလေတာ့ မွားၿပီလားဆိုတဲ့အေတြးက အလုံးအလ်ားဝင္လာေလသည္။
ဆက္ၿပီး မ်က္ႏွာခ်င္းဆိုင္ရန္ မဝံ့ရဲလာေသာေၾကာင့္ ကုတင္ေပၚကေန အျမန္ေျပးဆင္းသြားကာ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားလိုက္သည္။
က်န္ေနခဲ့ေသာ Roshan မွာေတာ့
"ငါက အျဖည့္ခံျဖစ္ေနတာေတာ့မဟုတ္ပါဘူးေနာ္...
ဒါေတြ Moon ဆီက မရဘူးမွတ္လား...ဒါေၾကာင့္ငါ့ဆီကေန ႏွစ္သိမ့္တဲ့အေနနဲ႕ ယူေနတာလား။ ငါစနမ္းမိတာပါ...ဒါပင္မဲ့ ရည္႐ြယ္ခ်က္ ခ်င္း မတူပုံပဲ"
ကိုယ့္ကိုယ္ကို ေလသံတိုးဖြဖြနဲ႕ ျပန္သတိေပးေနရင္း အခန္းထဲက ထြက္လာကာ ၿခံထဲတြင္ ေလညွင္းခံဖို႔ ဆုံးျဖတ္လိုက္ေလသည္။ ကိုယ္စီကြဲလြဲေနေသာ ခံစားခ်က္ေၾကာင့္ ဘာေတြဘယ္လိုေျဖရွင္းရပါ့မလဲ....
_____________
အရင္လို ဆိုင္မွာညဘက္ေတြ ေအးေဆးမထိုင္ရေတာ့ေသာေၾကာင့္ Moon စိတ္တိုေနတာေတာ့အမွန္ပင္။ ဘယ္တုန္းကမ်ား Night Duty Manager ငွားလိုက္မွန္းမသိ...,
ခုလဲအိမ္ျပန္လာေတာ့ ၿခံထဲတြင္ Roshan တစ္ေယာက္ထဲကိုသာေတြ႕သည္။ မ်က္ႏွာမေကာင္းတာလဲေတြ႕ေသာေၾကာင့္ တစ္ေယာက္ထဲ ေအးေဆးေနလို႔ရေအာင္ Moon လဲ စကားသြားမေျပာဘဲ ကိုယ့္အခန္းဆီသာ တတ္လာလိုက္ေလသည္။ ခုေနာက္ပိုင္းလဲ Roshan ကို ၿခံထဲတြင္သာ တစိေယာက္ထဲေငးကာ ထိုင္ေနတတ္တာသတိထားမိသည္....
ေရခ်ိဳးၿပီးလို႔ ကုတင္ေပၚျပစ္လွဲကာ ဖုန္းကိုဖြင့္ၾကည့္ေတာ့ Message တစ္ေစာင္ဝင္ေနေလသည္။
ဆိုင္ကထြက္လာကတည္းက ညဘက္ဆိုင္မွာမရွိေၾကာင္းကို အစ္ကို႔ကိုေျပာထားျခင္းေၾကာင့္ စာျပန္တာပင္။
📩အဆင္ေျပရဲ႕လား။ သူနဲ႕တစ္ခုခုထက္ျဖစ္ေသးလို႔လား✉️
"ျဖစ္တာကေတာ့မျဖစ္ပါဘူး။ ဒီလိုပဲ သူ႕အမိန့္ပဲေပါ့"
📩အင္းေပါ့...တစ္ခုခုဆို ေျပာၾကားလား။ ကိုယ္ကူညီေပးမယ္✉️
"ဟုတ္ ေက်းဇူးတင္ပါတယ္"
📩ပင္ပန္းေနေရာေပါ့...နားေတာ့ေလ✉️
"ဟုတ္...အစ္ကိုလဲ နားေတာ့"
📩ဂ႐ုစိုက္ ✉️
Moon လဲ မ်က္လုံးေလးကို အသာမွိတ္ကာ အိပ္ဖို႔ႀကိဳးစားေတာ့သည္။ ညေနပဲရွိေသးတယ္ဆိုပင္မဲ့ လူကစိတ္ပင္ပန္းေနလို႔လားမသိ အိပ္ပဲအိပ္ခ်င္ေနေလသည္။
.
.
.
"Baby.....baby ထေတာ့...."ကိုယ္ကိုလႈပ္ကာႏွိုးေနေသာေၾကာင့္ Moon လဲ မထခ်င္ဘဲနဲ႕ထရေတာ့သည္။ အင္း အမ္းဆိုကာ အပ်င္းေလးဆြဲေတာ့ Death ၾကည့္ကာ ၿပဳံးေနတာကို ျမင္လိုက္မိေသး...
"ဘယ္အခ်ိန္ကတည္းကအိပ္ေနတာလဲ...မိုးခ်ဳပ္ေနၿပီ ညစာစားမယ္ ထေတာ့"
"မ စား ခ်င္ဘူး"
အိပ္ခ်င္စိတ္မေပ်ာက္ေသးသူပီပီ စတင္ျငင္းပါေတာ့သည္။ ဒါပင္မဲ့ Death အေနနဲ႕ကလဲ အေလ်ာ့ေပးဖို႔ စိတ္ကူးမရွိေသာေၾကာင့္
"ထေနာ္...မဟုတ္ရင္ ဖက္နမ္းပီပဲ" ဆိုမွ ခ်က္ခ်င္း ငုတ္တုတ္ထထိုင္ေသာ Moon....
Death စိတ္ထဲ စိတ္မေကာင္းေတာ့ျဖစ္သြားပင္မဲ့ အိပ္မႈန္စုပ္ဖြားနဲ႕ေကာင္ေလးရဲ႕ ဆံပင္ေလးအား လက္ထိုးဖြကာ
"ထေတာ့ ေအာက္မွာေစာင့္ေနမယ္ဆင္းခဲ့"
မိမိေရွာင္တိန္းလိုက္တာေၾကာင့္ Death မ်က္ႏွာပ်က္သြားတာကို Moon ေတြ႕လိုက္သည္။ ဒါပင္မဲ့ မိမိကိုယ္တိုင္ကလဲ မလိုလားတာ မိမိသာအသိဆုံးမွတ္လား....
ထမင္းစားခန္းတြင္ ေစာင့္ေနေသာ သူႏွစ္ေယာက္ေၾကာင့္ Moon လဲ အျမန္ဝင္ထိုင္လိုက္ကာ...
"ေတာင္းပန္ပါတယ္ ၾကာသြားလို႔"
"ရပါတယ္....ဒီေန႕ Roshan က သူခ်က္မယ္ဆိုၿပီးဝင္ခ်က္ထားတာ လက္ယာေလးကိုျမည္းၾကည့္လိုက္ဦး" ဆိုၿပီး Death က ဟင္းကို Moon ပန္းကန္ထဲထည့္ေပးလိုက္ေလသည္။
အရင္က ၾကက္ကာလသားခ်က္ကို Death ႀကိဳက္တယ္ဆိုတဲ့အခ်က္ေၾကာင့္ Roshan အိမ္ကအေမကို ဂ်ီတိုက္ကာ သင္ေပးဖို႔ေျပာရသည္ပင္။ ေနာက္ပိုင္းက်ေတာ့ Death က ျမန္မာဟင္း ကို အရသာေတြ႕ေနတတ္တယ္ဆိုတာ သိၿပီးေနာက္ပိုင္း အေမ့ဆီက ခ်က္နည္းေတြသင္ထားေသာ Roshan
ခုလဲ မိမိေရွ႕က ခ်စ္ရတဲ့သူက ၿပဳံးကာစားတာကိုၾကည့္ရင္း Roshan စိတ္ခ်မ္းသာေနရသည္။ ခုလိုဆို မအားတဲ့ၾကားထဲက ႀကိဳးစားသင္ထားတာေတြ အရာထင္သည္ပင္။
_____________
21.06.22
Khine Lay