ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...
By hanakim_32398
454K 59.8K 2.5K
๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... More
Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 4 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 17 (Z+U)
Part - 18 (Z+U)
Part - 19.1 (Z+U)
Part - 19.2 (Z+U)
Part - 20.1 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 26 (Z+U)
Part - 27 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 36 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part-50
Part - 51
Part - 25 (Z+U)
7.9K 1.2K 86
By hanakim_32398
🍼ငါမင်းကိုမကြိုက်ဘူး |Uni
လည်ပင်းပေါ်က တားဆေးလည်ပတ် ပြုတ်သွားသည်နှင့်တစ်ပြိုင်နက်ပင် ချိယွီတစ်ယောက် ခေါင်းမူးဝေလာကာ ငိုက်မျဉ်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
သူ ဟယ်ကျိုးကို ဤမျှလောက်အရှက်ကင်းမဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။ တားမြစ်လည်ပတ်နဲ့ပတ်သက်လို့ သူအနေနဲ့ စိမ်းသက်မနေဘူး၊ သေချာတာပေါ့၊သူ ဒီ ကမ္ဘာရဲ့ လိင်ဆက်ဆံမှုကြားက alphaတွေရဲ့အနေအထားကို သိပ်သိတာပေါ့။
ဘယ်လောက်ဘဲ တာဆေး၊ထိန်းချုပ်ဆေးတွေက အစွမ်းထက်နေပါစေ ၊ သူတို့တွေက alphaတစ်ယောက်ရဲ့ pheromoneနဲ့တိုက်ရိုက် ထိုးနှက်မှုတွေကို ရှောင်နိုင်မှာမဟုတ်ဘူး။
"လူယုတ်မာကောင်!!"
ချိယွီ ခပ်မြန်မြန်ဘဲ ဆဲရေးလိုက်ပြီး၊ အိပ်ခန်းထဲက အမြန်ပြေးထွက်လာခဲ့တယ်။
သူ့မှာ အဝတ်တောင်ဝတ်ဖို့အချိန်မရလိုက်ဘဲ ခြေဗလာနဲ့ပြေးဆင်းလာတာကြောင့် လှေကားအဆင်းမှာတင် ပစ်လဲကျမလိုဖြစ်သွားခဲ့ရတယ်။ကံကောင်းစွာဘဲ ချိယွီက လှေကားလက်ကိုင်ကို အမှီလှမ်းကိုင်လိုက်နိုင်လို့သာ ၊ မဟုတ်ရင် သူသေချာပေါက် အကျည်းတန်စွာ လဲကျသွားမှာဖြစ်တယ်။
သို့ဆိုရင်တောင် ၊ သူပြေးနေရာကမရပ်တန့်ရဲပေ။ဒါ့ကြောင့် အမချမ်းရှိရာ မီးဖိုချောင်ဆီကိုသာ အမြန်‌အပြေးသွားလိုက်ရတယ်။ သို့ပေမယ့် သူစိတ်သက်သာရာမရခင်မှာဘဲ အနောက်ကိုလှည့်ကာ အရင်စစ်ဆေးကြည့်ရသေးသည်။
သူ့နောက်မှာ ဘယ်သူမှရှိမနေပေ၊ ဟယ်ကျိုးလဲ သူ့အနောက်လိုက်မလာခဲ့ဘူးဖြစ်သည်။
Nannyက ချိယွီကို အံ့အားသင့်စွာနဲ့ကြည့်လာပြီး : "မင်းဘာလုပ်နေတာလဲ? အဲ့လောက်လောနေရအောင် သရဲလိုက်လာလို့များလား?"
"ဟုတ်တယ်" ချိယွီက အပြင်ကိုကြည့်ကာ ခေါင်းတဆက်ဆက်ငြိမ့်ရင်း ဆိုလာတယ်။
Nannyလဲ ချိယွီရဲ့ပုံစံကိုကြည့်ရင်း မထိန်းနိုင်ဘဲရယ်လိုက်မိပြီး : "အရင်အဝတ်သွားဝတ်လိုက်ပါအုံး၊ အအေးမမိချင်ဘူးမဟုတ်လား? ခေါက်ဆွဲအတွက်တော့ ခဏလောက်စောင့်ရအုံးမယ်"
ချိယွီတစ်ယောက် မီးဖိုချောင်ကနေ Nannyနှင်ထုတ်တာကို ခံလိုက်ရတော့တယ်။
သူက အနီးကပုခတ်ငယ်ထဲက ကလေးခြုံစောင်အသေးလေးကို ဆွဲယူကာ သူ့ကိုယ်မှာရစ်ပတ်လိုက်ပြီး ဧည့်ခန်းဆီသွားကာ အပေါ်ထပ်ကိုခြေမလှမ်းခင် ခေါင်းအရင်ပြူကြည့်လိုက်တယ်။
ပထမဆုံးအကြည့်မှာတင်ဘဲ၊ သူ ဟယ်ကျိုးရဲ့အကြည့်နဲ့ဆုံမိသွားခဲ့တယ်။
ဟယ်ကျိုးက အောက်ဆင်းမလာဘဲ၊ဒုတိယထပ်ရဲ့ လှေကား လက်ရန်းနားမှာသာ မတ်တပ်ရပ်နေကာ အပြုံးခပ်ကြီးကြီးတစ်ခုချိတ်ဆွဲထားရင်း သူ့ကိုကြည့်နေတာဖြစ်တယ်။
လှောင်ပြောင်တဲ့အပြုံး မဟုတ်သလို အပြုံးမမည်တဲ့အပြုံးဖြစ်ပြီး ၊ စိတ်ရွှင်မြူးနေတဲ့လူတစ်ယောက်ရဲ့အပြုံးမျိုးဖြစ်တယ်။
ချိယွီ : "..." သေစမ်း။
သူ ဧည့်ခန်းရဲ့ အခန်းအလယ်လောက်ထိလျှောက်သွားလိုက်ပြီး ဟယ်ကျိုးကိုကြည့်ရင်းမေးလိုက်တယ်။
"ဘာလို့ အဲ့လိုကြီး ပြုံးနေရတာလဲ?"
ဟယ်ကျိုးက ပြုံးနေတာကိုရပ်တန့်လိုက်ပေမယ့်လို့၊ သူ့ရဲ့ ပြုံးယောင်သန်းနေတဲ့ မျက်ခုံးတန်းနှစ်ခုကတော့ မူလအတိုင်းပါပင်။
"ရယ်စရာမကောင်းဘူးလားလို့လေ? မင်းထွက်ပြေးသွားတာက ပျံတက်မသွားရုံတမယ်ဘဲ ၊မင်းပြောကြည့် ငါကအဲ့လောက်ကြောက်ဖို့ကောင်းနေလို့လား?"
ချိယွီက ဟယ်ကျိုးကိုလက်ညှိုးထိုးရင်း ဒေါသထွက်နေတဲ့လေသံနဲ့ပြောလာခဲ့တယ်။ "မင်းငါ့လည်ပတ်ကိုအရင်ပြန်ပေးစမ်း ၊ ငါမင်းနဲ့ရှင်းစရာ ကိစ္စ တွေရှိသေးတယ်"
ဟယ်ကျိုးက လည်ပတ်ကိုဖြေးညှင်းစွာကောက်ယူလိုက်ပြီး၊ သူ့အကြည့်တွေကိုတော့ ချိယွီဆီမှာကျောက်ချလို့ထားတယ်။ "ဘာအကြောင်းပြောမှာလဲ ?"
"ပြောသင့်တဲ့ ကိစ္စမှန်သမျှပြောပြီး၊ရှင်းသင့်တာကိုရှင်းရမယ်"
ချိယွီက မီးဖိုချောင်ကိုလက်ညှိုးထိုးပြလိုက်ပြီး၊ "မင်းရဲ့ pheromoneတွေကို ဝေးဝေးထားစမ်းပါ။ ငါတို့အပြင် တခြားလူတစ်ယောက်ရှိသေးတယ်နော် ။ ပြဿနာမရှာချင်စမ်းပါနဲ့"
ဟယ်ကျိုးက မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း၊ နှာမှုတ်ကာပြောလာခဲ့တယ်။ "ငါသာ မင်းကိုတစ်ခုခုလုပ်ချင်တယ်ဆိုရင်၊ ဘီတာ တစ်ယောက်က ငါ့ကိုတားနိုင်ပါ့မလား?"
ချိယွီ သက်ပြင်းရှိုက်လိုက်ပြီး၊ သူ့ရင်တွင်းကဒေါသတွေကို ဖိနှိပ်လိုက်ကာ : "ဒါဆိုလည်း ထိုင်ပြီး စကားအတည်ပေါက်ပြောကြမလား?"
"ပြီးတော့၊မင်းရဲ့ အမှိုက်ထုပ်pheromoneတွေကို ဖိနှိပ်ထားလို့ရမလား?မင်းအနေနဲ့ အဲ့လိုမှ မလုပ်နိုင်ရင်တော့ ငါလည်း ကလေးနဲ့ အမချမ်းကိုခေါ်ပြီး ဒီအိမ်ကနေထွက်သွားလိုက်ရုံဘဲရှိတော့တယ်။ မင်းဘဲ ကောင်းကောင်းနေရစ်ခဲ့ပါ"
ဟယ်ကျိုး ခဏလောက် အဖြေမပေးနိုင်ဖြစ်သွားခဲ့ရတယ်။
သူ ချိယွီကိုငုံ့ကြည့်လိုက်ပြီး၊ နက်ရှိုင်းကာ ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်ရင်း အတော်ကြာမှ ခေါင်းငြိမ့်ပြလာခဲ့တယ်။ "ကောင်းပြီလေ၊ ငါဆင်းလာခဲ့မယ်"
ချိယွီက ဟယ်ကျိုးဆင်းလာတဲ့တောက်လျှောက် သံသယမျက်ဝန်းနဲ့သေချာလိုက်ကြည့်နေခဲ့ပြီး၊ သူဆင်းလာချိန်မှာတော့ ဆိုဖာရဲ့ ဘယ်ဖက်ဆုံးနေရာကို ညွှန်ပြလိုက်တယ်- "မင်းအဲ့မှာထိုင်"
ဟယ်ကျိုးက တခြားဘာမှအထွန့်တက်မလာခဲ့ဘဲ၊ ချိယွီ ညွှန်ပြခဲ့တဲ့ ဘယ်ဖက်စွန်ဆုံးနေရာမှာ တိတ်တဆိတ်သာဝင်ထိုင်လိုက်တယ်။
ဝင်ထိုင်အပြီးမှာတော့၊ သူ့ကိုကျောပေးပြီး ဆန့်ကျင်ဘက်နေရာကိုသွားနေတဲ့ ချိယွီကို တွေ့လိုက်ရတယ်။ သူ မနေနိုင်ဘဲထမေးလိုက်တယ်။
"မင်း ဒါဘယ်သွားမလို့လဲ?"
ချိယွီ : "ဖိနပ်ဝတ်မလို့ပါ"
အိမ်တစ်အိမ်လုံးကို စကျင်ကျောက်များဖြင့်ခင်းထားတာကြောင့်၊ ‌အေးစက်ကာ ချော်နေတဲ့အတွက် ချိယွီတစ်ယောက် ဖိနပ်မဝတ်ဘဲ ဆက်မနေနိုင်တော့ဘူးဖြစ်သည်။
ဟယ်ကျိုးက သူ့ပါးကိုလက်ထောက်ရင်း ချိယွီကိုစောင့်နေလိုက်ပြီး၊ သူ့မျက်လုံးအစုံကတော့ စောင်နဲ့ဖုံးကွယ်ထားခြင်းမရှိတဲ့ သွယ်လျတဲ့ခြေထောက်တစ်စုံဆီ ကျရောက်လို့နေလေတယ်။
စောင်က ပါးလွှာပြီး အလွန်သေးငယ်တာကြောင့် ခန္ဓာကိုယ်ပေါ် ပတ်ထားရင်တောင် ခြေထောက်တစ်ဝက်လောက်ကိုသာ ဖုံးထားနိုင်လေသည်။ ချိယွီငုံ့ကိုင်းလိုက်တာနဲ့ ဒါမှမဟုတ် လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်တာနဲ့ စောင်ဟာ အပေါ်ဘက်သို့ တက်သွားပြီး ခန္ဓာကိုယ်အပြည့်ကို ပေါ်လွင်စေမှာဖြစ်တယ်။
ချိယွီ ဖိနပ်ရှာတွေ့လို့ စီးလိုက်တာနဲ့ စောင်အပါးလေးရဲ့အစွန်းက အပေါ်‌အောက်လှုပ်ရှားသွားပြီး မျက်စိဆွဲစေတဲ့သဏ္ဍာန်လေးဟာလဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်လို့နေလေတယ်။ဒီပုံစံလေးက မြင်ရသူမှန်သမျှကို အသည်းယားလာစေပြီး လက်လှမ်းကာ စောင်ကို ဆွဲချွတ်လိုက်ချင်စိတ်ဖြစ်လာစေတယ်။
ချိယွီ တစ်ဖက်ကိုပြန်လှည့်လာတာနဲ့၊ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို စိုက်ကြည့်လို့နေတဲ့ ဟယ်ကျိုးကိုတွေ့လိုက်ရတယ်။
: "..."
ဟယ်ကျိုးက ရိုးသားစွာဘဲ ချီးမွန်းလာခဲ့တယ်။"မင်းခြေထောက်တွေက အရမ်းလှတာဘဲ"
ချိယွီ : "စေ*ာက်ရမ်းကျေးဇူးတင်ပါတယ်"
ဟယ်ကျိုး : "?"
သူ့omegaကို ချီးမွန်းတာက ဘာပြဿနာမှမရှိဘူးလို့ သူထင်တာဘဲနော်။
ချိယွီက ခဏလောက်တွေးလိုက်ပြီး၊အပေါ်ကိုအပြေးတက်ကာ အဝတ်လဲလိုက်တော့တယ်။
အောက်ပြန်ဆင်းလာချိန်မှာတော့၊ ချိယွီက ဆိုဖာရဲ့ညာဖက်ဆုံးနေရာမှာဝင်ထိုင်လိုက်ပြီး စားပွဲပေါ်မှာတော့ Nannyလုပ်ပေးထားတဲ့ ခေါက်ဆွဲတစ်ခွက်ကိုတွေ့လိုက်ရတယ်။ ပွက်ပွက်ဆူနေပြီး ၊အပေါ်ယံမှာ ပူပူနွေးနွေး ကြက်ဥနဲ့ အမဲသားကင်လေးအုပ်လို့ထားတာဖြစ်တယ်။ ကြည့်လိုက်ရုံနဲ့တင် မြင်သူအပေါင်းကို ဗိုက်ဆာလာစေနိုင်တယ်။
ဗိုက်ထဲကအော်မြည်နေသံနဲ့အတူ၊ ချိယွီက ခေါက်ဆွဲခွက်ကိုကောက်ကိုင်လိုက်ပြီး : "မပြောခင်၊ ငါအရင်ဆုံး တစ်ခုခုစားမှရမယ်"
ဟယ်ကျိုးက သူ့လက်ကိုထောင်ပြလာပြီး။
"အဆင်ပြေသလိုလုပ်ပါ"
ချိယွီက အလွန်ကိုဆာလောင်နေတာကြောင့်၊ ခဏတွင်းချင်းမှာဘဲ ခေါက်ဆွဲခွက်တစ်ဝက်လောက် ကုန်သွားခဲ့တယ်။
အရသာရှိလှတဲ့ ဟင်းရည်နဲ့ ၊ နူးညံ့တဲ့ ခေါက်ဆွဲသား က သူ့အစာအိမ်ထဲကိုဝင်ရောက်လာချိန်မှာဘဲ သူ့တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရတယ်။ စားပြီးနောက် ချိယွီတစ်ယောက် တူကိုစိတ်ကျေနပ်စွာအောက်ချလိုက်ကာ ပါးစပ်ကိုလည်း လက်သုတ်ပဝါနဲ့ သုတ်လိုက်တယ်။
"ရပြီ၊ စပြောကြတာပေါ့"
ဟယ်ကျိုးက ခုမှသွေးရောင်လွှမ်းလာတဲ့ ချိယွီရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့မေးကိုမော့ရင်း : "မင်းအရင်ပြောကြည့်"
ချိယွီက စကားကိုဖြောင့်ဖြောင့်တန်းတန်းဘဲ ပြောချလိုက်တယ်။
" မင်းငါနဲ့မူလချိယွီကို ကွဲကွဲပြားပြားသိသင့်တယ်လို့ငါထင်တယ် "
"ဟမ်?"
ချိယွီက သူ့ကိုယ်သူညွှန်ပြလိုက်ပြီး : "ငါကငါ၊ မူလချိယွီကမူလချိယွီ "
"မင်းအမှတ်ပေးခဲ့တဲ့သူက သူလေ၊ ငါမဟုတ်ဘူး။ မင်းတို့နှစ်ယောက်ကြားက ကိစ္စတွေက ငါနဲ့ဘာဆိုင်လို့လဲ? အဆုံးမှာတော့ ငါတို့က သူစိမ်းတွေဘဲမဟုတ်လား။ ဒါကြောင့် ငါထင်တာငါ့ကို လေးစားပြီး ကိုယ့်စိတ်ကိုသေချာရှင်းရှင်းလင်းလင်းနားလည်သင့်တယ်လို့လေ။ အဲ့ဒါကတော့ - ငါက မင်းရဲ့ omega မဟုတ်ဘူးဆိုတာဘဲ"
ဟယ်ကျိုးက ခေါင်းငြိမ့်ပြလာခဲ့တယ်။ "ဆက်ပြောပါ"
"မင်းက မြင်မြင်သမျှသူစိမ်းတိုင်းကို အဲ့လိုဘဲ pheromoneထုတ်လွှတ်နေကျလား? မဟုတ်ဘူးမလား။ မင်းက ကိုယ်နဲ့မသိတဲ့သူစိမ်းရဲ့ ဂလင်းကိုကိုက်မှာလား? နှစ်ခါတောင်လေ? မလုပ်လောက်ဘူးနော်။ မင်းငါ့အပေါ်လုပ်ခဲ့တဲ့အရာတွေက ၊ ငါ့ကိုမူလချိယွီနဲ့ အထင်မှားခဲ့လို့ဘဲ။ မင်းငါ့ကို အမှီအခိုကင်းတဲ့လူတစ်ယောက်လို မဆက်ဆံခဲ့ဘူး"
ဟယ်ကျိုးရဲ့မျက်နှာမှာ ဘာခံစားချက်မှရှိမနေဘဲ၊ သူက ပေါ့ပေါ့ပါးပါးသာ တုံ့ပြန်လာခဲ့တယ်။ "ဒါပဲလား?နောက်ထပ်ကော ပြောစရာရှိသေးလား?"
ချိယွီက ခေါင်းငြိမ့်ပြလာခဲ့တယ်။ "ရှိသေးတယ်"
"ပြောလေ"
"ငါမင်းကိုမကြိုက်ဘူး"
ချိယွီက မျက်နှာအမူအယာမပြောင်းဘဲ၊ ဗုံးတစ်လုံး ထဖောက်ခွဲလိုက်တော့တယ်။
ဟယ်ကျိုးတစ်ယောက်တော့ ခုနကတင်သူ့မျက်နှာမှာ ရှိနေခဲ့တဲ့ တည်ငြိမ်မှုတွေလည်း မရှိတော့ပေ။ မျက်မှောင်ကြုံ့မိသွားရင်း သူ့မျက်ဝန်းအစုံဟာလည်း သံသယအပြည့်ဖြစ်လို့နေတယ်။
"မဖြစ်နိုင်တာ"
ချိယွီက ဟယ်ကျိုးရှေ့လက်မြှောက်ကာ ပြောလာခဲ့တယ်။ "ဒါဆိုမင်းပြောကြည့်၊ ဘာကြောင့် ငါကမင်းကိုကြိုက်တယ်လို့ ထင်ရတာတုန်း?အကြောင်းပြချက်ပေးလေ"
"ငါတို့ကြားက pheromoneကိုက်ညီမှုက 100%။မင်းငါ့ကို ဘာအကြောင်းပြချက်မှတောင်မလိုဘဲ သဘောကျမိမှာဘဲ။ပြီးတော့ မင်းငါ့ကိုကြိုက်လိမ့်မယ်။ မြင်မြင်ချင်းမှာဘဲ ငါ့ကိုချစ်မိသွားမှာဘဲလေ"
ဟယ်ကျိုးက ထိုစကားကို ယုံကြည်ချက်အပြည့်နဲ့ပြောနေခဲ့တာဖြစ်တယ်။
Alpha များအနေဖြင့် ငယ်စဉ်ကတည်းက Pheromone များ၏ သွေးဆောင်မှုကို တွန်းလှန်နိုင်ရန် လေ့ကျင့်သင်ကြားခဲ့သော်လည်း အိုမီဂါများအနေနဲ့တော့ မသင်ခဲ့ကြဖူးပေ ။ မူလ ချိယွီမှာသာ သူနှင့် pheromone 100% ကိုက်ညီမှုမရှိပါက estrus ကာလတွင်ပင် သူသေချာပေါက် တည်ငြိမ်နိုင်မှာဖြစ်တယ်။
သို့ပေမယ့်၊ omegaတွေကတော့ တောင့်ခံနိုင်မှာမဟုတ်ဘူး။ သူတို့ဟာ အားနည်းတဲ့ အာရုံခံနိုင်စွမ်းရှိကြပြီး pheromoneတွေကြောင့် ထိခိုက်လွယ်တတ်ကြတယ်။
ချိယွီက သူ့လက်ကိုဝေ့ယမ်းရင်း : "မင်းတော့ မှားပြန်ပြီ"
ဟယ်ကျိုး : "ဘာရယ်?"
ချိယွီက ရှင်းပြလာခဲ့တယ်။ "မင်းနဲ့ pheromone 100%ကိုက်ညီတာက ဒီခန္ဓာကိုယ်လေ။ မင်းသာငါ့ဆီကို pheromoneတွေတမင်တကာ မထုတ်လွှတ်ခဲ့ရင်၊ငါမင်းကိုလုံးဝစိတ်ဝင်စားမှာမဟုတ်ဘူးလေ။ မင်းငါ့ကို စိတ်ဝင်စားနေတာက ဒီခန္ဓာကိုယ်ကိုဖြစ်ပြီး ငါ့ကိုမှ မဟုတ်ဘဲ"
ဟယ်ကျိုးက မျက်ခုံးတစ်ဖက်ပင့်ကာ၊ ချိယွီစကားကို လုံးဝမထောက်ခံပေ။ "မင်းကOmegaဆိုတာ မင်းသိပြီးသားလေ ၊ ငါကAlpha။ ဒါဆိုဘာလို့ ဖိုရမ်မှာငါ့ကိုtagတွဲပြီးပို့စ်တင်ခဲ့​သေးတာလဲ? မင်းငါ့အနံ့ကိုတောင် ကြိုက်တယ်လို့ပြောခဲ့တယ်လေ"
ချိယွီက နောက်ဆုံးတော့ တစ်ကယ့်မေးခွန်းလာပြီဘဲလို့၊တွေးလိုက်မိတယ်။
သူ့အနေနဲ့ အရင်က ကိုယ့်မျက်နှာကိုယ်ဖြတ်ရိုက်ဖို့ မရှက်ခဲ့ပေမယ့်၊ဒါကိုအခုတော့ ရင်ဆိုင်မှဖြစ်တော့မည်ဖြစ်သည်။
"ယွီကျိုးလေးကြောင့်ပါ"
ဟယ်ကျိုးရဲ့ အမူအယာက သိသိသာသာကို မှောင်မိုက်သွားခဲ့တယ်။
ချိယွီ သူ့စိတ်ထဲကနေတိတ်တဆိတ်သက်ပြင်းချလိုက်မိတယ်။ သူသိတယ်၊ ဟယ်ကျိုးက ယွီကျိုးလေး အကြောင်းပြောရင်မကြိုက်ဘူးဆိုတာ။
ဒါပေမယ့်၊ပြောပြီးမှတော့လည်း ဆက်ပြောရုံဘဲရှိတော့တာပေါ့။
"ငါ တစ်ကယ်တော့ ကျောင်းကလူတွေဒေါသထွက်အောင် ပို့စ်တင်ခဲ့တာပါ။ မင်းငါ့ကို စာပြန်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ?အဲ့အချိန်မှာ အချိန်ကိုက်ဘဲ ယွီကျိုးလေးက pheromoneချို့တဲ့မှုဖြစ်လာခဲ့ပြီး ၊ မင်းရဲ့ pheromoneကဘဲ သူ့ကိုသက်သာအောင်လုပ်ပေးနိုင်တယ်။ ဒါကြောင့်အစကတော့ ၊ မင်းငါ့ကို တစ်ခုခုပေးချင်တယ်ဆိုလို့လာခဲ့ဖို့ခေါ်လို့ လာရှာခဲ့ပေမယ့်၊ ဒါပေါ့ ငါဒါကိုအခွင့်ကောင်းယူခဲ့တယ်"
"..."
ဟယ်ကျိုးက ပြောလာခဲ့တယ်။ "မင်းဘာလို့ ငါ့ကိုတိုက်ရိုက်မပြောရတာလဲ?"
ချိယွီတစ်ယောက် ကူကယ်ရာမဲ့လို့နေတယ်။ "ငါဘယ်လိုမျက်နှာမျိုးနဲ့မေးရဲမှာလဲ?"
ဟယ်ကျိုးက သိပ်စိတ်ပူမနေပေ။ "ဒါဆို ငါ့အဝတ်တွေကကော?"
ချိယွီ : "ယွီကျိုးလေးကို ကုတဲ့နေရာမှာသုံးလိုက်တယ်"
"ဒါဆို ရှပ်ကရော? ဘာလို့ ငါ့ရှပ်ကိုဝတ်ခဲ့တာလဲ?"
"အဲ့ဒါက ငါ ခါတိုင်းဆိုသူ့ကို ပုခတ်ထဲဘဲ သိပ်နေကျလေ။ဒီနေ့မှ အပြင်သွားရလို့ ဘာမှယူဖို့လက်လဲမအားတာနဲ့ ဒီတိုင်းဘဲဝတ်ထားလိုက်တာ။ ဒါပေမယ့်၊ အဲ့ဒါကလည်း ယွီကျိုးလေးကို အဆင်ပြေစေတယ်လေ"
ဟယ်ကျိုး မျက်လုံးအစုံကို တင်းတင်းစေ့မှိတ်လိုက်ပြီး၊ ထပ်မမေးခင် ခဏလောက်အချိန်ယူလိုက်ရတယ်။ "ဘာလို့ ငါ့အဝတ်တွေကို စားပွဲထောင့်မှာတင်ထားတာလဲ? မင်းခေါင်းမော့တာနဲ့ တန်းမြင်နိုင်တဲ့အနေအထားဘဲ"
ချိယွီလည်း အနည်းငယ်အံ့အားသင့်မိသွားခဲ့တယ်။ ဟယ်ကျိုးရဲ့ ဦးနှောက် စွမ်းဆောင်နိုင်စွမ်းက အတော်လေးမြင့်တာဘဲ။
သူရှင်းပြလိုက်တယ်။ "ငါအဝတ်တွေကိုလျှော်ပြီးတော့ ဗီရိုထဲထည့်ထားလိုက်တယ်။ဒါပေမယ့် ငါ့အနံ့တွေစွဲပြီး သက်ရောက်မှုရှိသွားမှာကို ငါစိုးရိမ်နေခဲ့ရတာ။ ဒါကြောင့် ငါ့အဝတ်တွေနဲ့ခွဲထားလိုက်ရတယ်။ ပြီးတော့ စားပွဲထောင့်မှာနေရာချထားလိုက်ရတာ"
ဟယ်ကျိုးရဲ့မျက်နှာက အေးစက်လို့နေပြီး၊ သူ့ရင်ဘတ်ဟာလဲ မြင့်ချီနိမ့်ချီဖြစ်လို့နေတယ်။
သူက အချိန်အတော်ကြာကြာလောက် နှုတ်ဆိတ်နေခဲ့ပြီး၊ခဏအကြာမှာတော့ တစ်ခုခုကိုတွေးမိသွားကာ : "ငါ တနင်္လာနေ့တုန်းက ဘတ်စကတ်ဘောကစားရင်း မင်းငါ့ကိုစိုက်ကြည့်နေတာကို ငါတွေ့လိုက်ရတယ်" သူ အသံကိုဖိပြီးပြောလာခဲ့တယ်။ "မင်းမျက်လုံးတွေက အရမ်းကိုပွင့်လင်းပြီး စိတ်အားထက်သန်နေခဲ့တာလေ"
ချိယွီက ဟယ်ကျိုးပြောနေတဲ့အကြောင်းကိုခဏလောက်တွေးကြည့်လိုက်ပြီး မှတ်မိသွားကာ : "...အဲ့ဒါလား၊ အဲ့တုန်းကငါမင်းကိုကြည့်နေခဲ့တာမဟုတ်ဘူး၊ မင်းနောက်က ဘီတာကိုကြည့်နေခဲ့တာ"
"ငါ့ကိုမကြည့်ခဲ့ဘူး ? မင်းဘာလို့ငါ့ကိုမကြည့်ခဲ့တာလဲ? ဘာလို့ ငါကစားတာကိုမိုက်တယ်လို့ပြောခဲ့သေးလဲ?"
ချိယွီက မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ပြန်ဖြေလာခဲ့တယ်။ "မှန်တယ်၊ ငါဒီတိုင်း ဖောလျှော်လုပ်ခဲ့တာဘဲ"
"ဘာလို့ဘီတာလဲ?"
"ငါသူတို့နဲ့အတူကစားချင်လို့" ချိယွီ တစ်ယောက် ဟယ်ကျိုးရဲ့မျက်ဝန်းထဲက ဒေါသရိပ်တွေကိုမြင်လိုက်ရတာကြောင့် အမြန်ရှင်းပြလိုက်ရတယ်။ "ငါမှalphaတွေနဲ့ကစားလို့မရတာ ၊ ဟုတ်တယ်မလား?"
ဟယ်ကျိုး ချိယွီကိုကြည့်နေတာကိုရပ်လိုက်ပြီး ၊ သူ့ရဲ့ အာဒမ်ပန်းသီးဟာလည်း အထက်အောက် လှုပ်ရှားသွားခဲ့တယ်။ ပြီးနောက်၊သူဟာ အသက်ပြင်းပြင်းရှူနေရပြီး ဒေါသအတော်ထွက်နေပုံပေါ်တယ်။
ချိယွီ အနည်းငယ် နေရခတ်လာခဲ့တယ်။
ယောက်ျားလေးတစ်ယောက်အနေနဲ့၊ ချိယွီက ယောက်ျားတစ်ယောက်က သူ့ရဲ့မာနကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကိုကောင်းစွာ နားလည်သည်။ ယောက်ျားတစ်ယောက်က ကျရှုံးရတဲ့အခါမှာ၊ ခန့်ညားတဲ့ပုံသဏ္ဍာန်နဲ့ပြန်ထရမှာဖြစ်ပြီး အဆင်ပြေဟန်ဆောင်ရလိမ့်မည်။ သူ နေရာမှာသာ လဲသေလိုက်ချင်သည်။
"ဒီတော့"
"ဟမ်?"
ဟယ်ကျိုးက Ji Yu ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း "ငါကဘဲ တစ်ဖက်သက်စွတ်တွေးခဲ့တာပေါ့"
ချိယွီ ဟယ်ကျိုးကို ပိုလို့တောင် လေးစားသွားခဲ့တယ်။
အကယ်၍ ဟယ်ကျိုးနေရာမှာ သူသာဆိုရင် ဒီအချိန်မှာ သူ့အကျီလက်တွေကိုခေါက်ပြီး ထိုးဖို့အသင့်ပြင်နေမိမှာဘဲ ။ အရှက်ကွဲခဲ့ပေမယ့် သူထွက်သွားချိန်မှာတော့ ဘယ်တော့မှနောက်ပြန်မလှည့်ဘဲ လက်စားတော့ချေခဲ့ရမယ်မဟုတ်လားလေ။ သို့ပေမယ့် ဟယ်ကျိုး ကတော့ မထင်မှတ်ထားစွာဘဲ ဒေါသမထွက်ဘဲ သူ့ကို ချစ်လို့ ထိုအရာတွေကို လုပ်ခဲ့တာပါဆိုပြီးလည်း (အမှတ်အသားပေး) ထပ်ခါတလဲလဲ အတည်ပြုခဲ့သေးသည်။
ဘယ်လောက်တောင် ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်လဲ?
ချိယွီ ခေါင်းငြိမ့်ပြလိုက်တယ်။ "ဆိုပါတော့ "
ဟယ်ကျိုးတစ်ယောက် သက်ပြင်းရှိုက်လိုက်ပြီး ရုတ်တရက်ဘဲ သည်းမခံနိုင်စွာမတ်တပ်ထရပ်လိုက်တယ်။
သူလှည့်ပြန်ဖို့လုပ်လိုက်တဲ့အချိန်မှာဘဲ သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းမြည်သံကိုကြားလိုက်ရတယ်။
သူ ဖုန်းကိုထုတ်ယူလိုက်ပြီး ဒေါသထွက်တဲ့လေသံနဲ့ ဖုန်းပြန်ဖြေလိုက်တယ်။ "ဟေး, ကောင်းပြီ ။ ခုငါလာခဲ့မယ်"
ဟယ်ကျိုးက ဖုန်းချလိုက်ပြီး ချိယွီကို တစ်ချက်တောင်မကြည့်ဘဲ အေးစက်စွာပြောလာခဲ့တယ်။ "ငါကိစ္စတစ်ချို့ရှိနေလို့ ၊ သွားမှဖြစ်မယ်"
ချိယွီတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့လက်ကိုဟယ်ကျိုးဆီဝေ့ယမ်းပြလိုက်ရင်း: "ကောင်းကောင်းသွားပါ"
ဟယ်ကျိုးက အနောက်တောင် တစ်ချက်ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့လိုက်တယ်။
ရလဒ်ကတော့၊ သူတံခါးဆီရောက်တာနဲ့ အခန်းတွင်းက "အမချမ်းရေ ၊ ခေါက်ဆွဲတွေပြန်နွေးပေးပါအုံး" ဆိုတဲ့စကားသံကို ကြားလိုက်ရတော့တယ်။
ဟယ်ကျိုး: "..."
သူအံကြိတ်မိလိုက်ပြီး၊ ဟယ်ကျိုးရဲ့ အာဒမ်ပန်းသီးဟာလည်းလှုပ်ရှားသွားကာ ဆက်တိုက်ဆိုသလိုဘဲ အသက်ပြင်းပြင်းရှူရင်း သူ့ဒေါသတွေကို ထိန်းချုပ်နေရတော့တယ်။
ခဏအကြာမှာတော့ ဟယ်ကျိုးတစ်ယောက် သူ့ဒေါသတွေကိုပြန်ထိန်းရင်း အခန်းတံခါးကိုခပ်ပြင်းပြင်းစောင့်ပိတ်ကာ အခန်းထဲကထွက်လာခဲ့တော့တယ်။
ချိယွီ တံခါးပိတ်သံခပ်ပြင်းပြင်းကိုကြားလိုက်ရတဲ့အခါမှ ဟယ်ကျိုးဒေါသထွက်နေမှန်းခံစားမိလိုက်တယ်။
Nanny လည်း တံခါးပိတ်သံကြောင့် လန့်ဖြန့်ပြီးအပေါ်ကိုအပြေးတက်လာတော့တယ်။"ဘာဖြစ်တာလဲ ? ဘယ်သူရောက်နေတာလဲ? တံခါးပိတ်သွားတာအတော်ကြမ်းတာဘဲ"
ချိယွီအနေနဲ့ ယောက်ျားတစ်ယောက်ရဲ့ မာန ကိုထိခိုက်ခံရတာကြောင့် ဒေါသထွက်နေတာကို နားလည်နိုင်သည် ။ သူက Nanny ကိုလက်ဝေ့ယမ်းပြလိုက်ပြီး : "ဟယ်ကျိုးပါ၊ အဆင်ပြေပါတယ် အမချမ်းရဲ့၊ သူ အလျင်လိုနေလို့ပါ၊ ပြီးတော့ သူတံခါးပိတ်တုန်းကလဲ အလောတကြီးပိတ်လိုက်မိလို့ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ ခေါက်ဆွဲတွေထပ်ရှိသေးလား အမချမ်း? ကျွန်တော် သိပ်တောင်မစားလိုက်ရဘူး"
"အိုး၊ ရှိတာပေါ့။ ထပ်ပြုတ်ထားသေးတယ်"
ချိယွီ ထရပ်လိုက်ပြီး မီးဖိုခန်းထဲဝင်သွားလိုက်တယ်။
"ဒါဆိုလည်း ကျွန်တော် နဲနဲလောက်ထပ်စားလိုက်အုံးမယ်"
"ကောင်းပါပြီ ၊ အမလဲ သူ့အတွက် အခန်းကိုသန့်ရှင်းရေးလုပ်ပေးလိုက်အုံးမယ်"
"မလိုဘူး၊ သူပြန်လာမှာမဟုတ်ဘူးရယ်။ အနားယူရင်ယူလိုက်ပါတော့၊ ဒါမှမဟုတ်လည်း ယွီကျိုးလေးကိုတစ်ချက်ကြည့်ပေးပါအုံး"
အိုးထဲကခေါက်ဆွဲတွေက ပူနေသေးတုန်းဖြစ်ပြီး ၊ ချိယွီက ပန်းကန်ထဲကို ခေါက်ဆွဲအပြည့်တစ်ပန်းကန်စာထည့်လိုက်တယ်။
ချိယွီအနေနဲ့ ဟယ်ကျိုးကြောင့် နေရခက်ခဲ့ပေမယ့်လို့ ၊ သေချာစဉ်းစားကြည့်တော့လဲ ယောက်ျား​လေး တစ်ယောက်နဲ့တစ်ယောက်က ဘာကိစ္စ အချင်းချင်းနေရခက်နရမှာတုန်း? ဒါပေမယ့်လည်း၊ ချိယွီ ဟယ်ကျိုးကို လိုသုံးလုပ်ခဲ့မိလို့ လိပ်ပြာမလုံတာမျိုးလဲမခံစားရပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူက စိတ်သက်သာရာရသွားခဲ့တာဖြစ်တယ်။ အခုတော့ ၊ အဆင်ပြေသွားပြီဘဲ။ သူ့အနေနဲ့ ပြဿနာတစ်ခုကိုသေချာ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး သူဟာ အနာဂတ်မှာ စိတ်ဖိစီးမှုပိုလျော့သွားပြီး ပိုလို့ပင်သက်သောင့်သက်သာရှိလာမှာဖြစ်တယ်။
ခေါက်ဆွဲစားပြီးနောက် ချိယွီ အိပ်ခန်းကိုပြန်လာကာ၊ အိပ်မောကျသွားခဲ့တယ်။
သူပြန်နိုးလာတဲ့အချိန်မှာတော့ ၊ အချိန်က ည၁၀နာရီရှိနေပြီဖြစ်ကာ အပြင်မှာ မည်းမှောင်လို့နေပြီး အိမ်အပြင်ဘက်က မီးရောင်ကြောင့်လင်းထိန်နေပြီး နွေးထွေးကာ တိတ်ဆိတ်လို့နေတယ်။
ချိယွီ ကုတင်ကနေထရပ်လိုက်ကာ အပြင်ကိုတစ်ချက်လောက် အကြည့်ပို့လိုက်တယ်။ အိမ်အတွင်းကမီးတွေကိုတော့ ပိတ်လို့ထားတာကြောင့် Nanny နဲ့ ယွီကျိုးလေး အိပ်ပြီဆိုတာသေချာသည်။
ထိုအကြောင်းကိုတွေးပြီးနောက်၊ ချိယွီက စားပွဲဆီကို လျှောက်သွားလိုက်ပြီး အနားယူအပန်းဖြေဖို့လေ့ကျင့်ခန်းတစ်ခုကို ပြင်ဆင်ဖို့လုပ်လိုက်ပေမယ့် သူ ထိုင်ခုံပေါ်ထိုင်လိုက်တာနှင့် စားပွဲထောင့်ရှိ အဝတ်အစားတွေကို သတိပြုလိုက်မိတယ်။
ဒီအကျီတွေကို ဘယ်လိုလုပ်ရပါ့မလဲ?
သူတွေးကြည့်ပြီးနောက် ဖုန်းကိုထုတ်လိုက်ပြီး ဟယ်ကျိုးဆီ We Chatကနေ Message ပို့လိုက်တယ် ။
[ မင်းအဝတ်တွေပြန်လာယူအုံးမှာလား?]
တစ်ဖက်လူက အလျင်အမြန်ဘဲ စာပြန်လာခဲ့တယ်။"မီးရှို့လိုက်"
ချိယွီ: "..."
သေတဲ့လူရဲ့အဝတ်ကိုဘဲ မီးရှို့ရတာလေ!
သူကလက်ဆန့်လိုက်ကာ အဝတ်အစားတွေကို လှန်ကြည့်လိုက်တယ်။ အကောင်းဆုံးမဟုတ်ပေမယ့်လို့ ယွီကျိုးလေး အနေနဲ့ အပြည့်အဝပြန်လည်ကောင်းမွန်မလာသေးတာကြောင့် ဟယ်ကျိုးဆီကနေ ယွီကျိုးလေးအတွက်အကူအညီလိုနေသေးဆဲ ဖြစ်တယ်။
သူလှည့်ကြည့်မိတော့ သူ့လက်ကရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ချိယွီရဲ့ အကြည့်တွေဟာလည်း အနက်ရောင်အ၀တ်တစ်ထည်ပေါ် ကျရောက်သွားခဲ့တယ်။
ထိုအဝတ်တွေက ဟယ်ကျိုးရဲ့အောက်ခံဘောင်းဘီတွေသာဖြစ်တယ်။
သူကသူ့ကိုယ်နဲ့ နှိုင်းယှဥ်ကြည့်ဖို့အတွက်အောက်ခံဘောင်းဘီကိုကိုင်ရင်း အပေါ်အာက်လှုပ်ရမ်းကြည့်လိုက်တယ်။ထို့နောက်... တိတ်တဆိတ်ဖြင့် ငုံ့ကြည့်လိုက်မိတော့ အရှေ့ဘက်ကအထည်အပိုင်းအစက သူ့ထက်ကြီးနေရုံမျှမက လက်သီးနဲ့ထိုးကြည့်ဖို့တောင် လုံလောက်လို့နေတယ်။
ချိယွီ ပိုကြည့်လေလေ၊ သူ့နှလုံးသားမှ မမျှတသလိုခံစားလာရလေလေပါပင်။ သူကျဘာလို့ alpha လိုမဝတ်နိုင်ရတာလဲ။ သူလည်း alphaလို ၀တ်ချင်သည်။ ကျောင်းမှာဒီလိုကိုယ်ခန္ဓာမျိုးနဲ့သာ ရေကူးရမယ်သာဆိုရင် သူ တစ်နေ့သုံးကြိမ်လောက် ရေချိုးမိမှာဖြစ်ပြီး နေ့တိုင်း ပျော်ရွှင်နေမိမှာသေချာပါသည်။
ချိယွီ အတွင်းခံဘောင်းဘီကို ကြည့်နေရင်း၊အချိန်ကို ကြည့်လိုက်မိတော့ ည ၁၀ နာရီ ၁၅ မိနစ်ရှိနေပြီဖြစ်တယ်။
သူခေါင်းငုံ့လိုက်ကာ သူ့လက်ထဲက အတွင်းခံဘောင်းဘီကို ငုံ့ကြည့်ရင်းအတွေးတစ်ခုဖြင့် ကုတင်ပေါ်တင်လိုက်ကာ သူ့ဘောင်းဘီကို ချွတ်ချလိုက်တယ်။
ဟယ်ကျိုးရဲ့အဝတ်တွေအားလုံးကို Nanny ကလျှော်ဖွတ်ပေးထားပြီးဖြစ်တာကြောင့် အတွင်းခံဟာလည်း သန့်ရှင်းလို့နေတယ်။
ချိယွီတစ်ယောက် ဟယ်ကျိုးရဲ့ အတွင်းခံဘောင်းဘီကို ၀တ်ထားပြီး ကျွတ်မကျအောင်လည်း လက်တစ်ဖက်နှင့်ကိုင်လို့ထားရသေးသည်။ သူက ဗီရိုကိုဖွင့်လိုက်ပြီးဗီရိုတံခါးကကိုယ်လုံးပေါ် မှန်မှာ သူ့ကိုယ်သူကြည့်လိုက်တယ်။
"Tsk" ချိယွီက ပိုလို့တောင် မနာလိုဖြစ်သွားတော့တယ်။
သူ ဟယ်ကျိုးရဲ့ ဒီအတွင်းခံတွေကို လုံးဝမဝတ်နိုင်ဘူး။ ဟယ်ကျိုးရဲ့ခါးက သူ့ထက်အများကြီးပိုကြီးတာကြောင့် သူသာ လက်နှင့်မကိုင်ထားပါက အောက်လျှောကာကျွတ်ကျသွားမှာဖြစ်တယ်။ ရှေ့ခုံးမှာလည်း ပြားချပ်လို့နေသေးတယ်။
ချိယွီတစ်ယောက် လူကြီးအဝတ်အစားတွေကို ခိုးဝတ်နေတဲ့ ကလေးတစ်ယောက်လိုတောင် ခံစားလိုက်ရသည်။သူက မှန်ရှေ့မှာရပ်နေပြီး ဘယ် ညာ အပြန်ပြန်အလှန်လှန်ဓာတ်ပုံရိုက်ကြည့်လို့နေတယ်။ နောက်ဆုံးတွင်တော့ ချိယွီ မကျေမနပ်ဖြစ်သွားကာ ခေါင်းငုံ့ပြီး အတွင်းခံဘောင်းဘီရဲ့ ရှေ့စွန်းကိုဆွဲယူလိုက်​ပြီး အတွင်းဘက်ကနေရာလွတ်ကို တစ်ချက်ကြည့်လိုက်တယ်။
(T/N: နားလည်ရဲ့လားမသိဘူး။ ချိယွီက သူ့ဟာကသိပ်မကြီးတော့ ဟယ်ကျိုးရဲ့ အဲ့ဒါနေရာမှာ သူဝတ်လိုက်တော့ ပြားချပ်နေပြီးနေရာလွတ်တွေအများကြီးတောင်ကျန်နေသေးတယ်၊ လက်သီးတစ်လုံးစာတောင်ထည့်လို့ရတယ်လို့ပြောတာပါ ^^)
အများကြီးလွတ်နေသေးတာဘဲ။
ချိယွီက ခဏလောက်တွေးကြည့်လိုက်ပြီး ထိုနေရာကိုလက်သီးဆုပ်ထည့်ကြည့်လိုက်တယ်။
သေစမ်း၊ တော်တော်ကြီးတာဘဲ။ ဒါတောင် လွတ်နေသေးတုန်းဘဲ။
ထို့နောက်၊ ချိယွီတစ်ယောက် နှစ်ခါစဥ်းစားမနေတော့ဘဲ ထပ်မံပြီးလက်သီးဆုပ်ပစ်သွင်းလိုက်တော့တယ်။
"ဝေါ--" ချိယွီ တံခါးသံကြောင့်လဲကျသွားပြီး အာမေဋိတ်သံပြုလိုက်မိတယ်။
ဤအခိုက်အတန့်မှာဘဲ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူငယ်လေးရဲ့လှပတဲ့စိတ်ကူးယဉ်မှုထဲသို့နစ်မြောနေချိန်မှာဘဲ တံခါးဝမှ ခပ်တိုးတိုးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ် -
"မင်း ငါ့အတွင်းခံကို ဘာလုပ်နေတာလဲ"
===========================================
• ​စာလုံးရေ : 4559
• ရက်စွဲ: 16,5,2022 (FRI)
===========================================
🍼ငါမင်းကိုမကြိုက်ဘူး |Zaw
"လူယုတ်မာကောင်!!"
ချိယွီ : "..." သေစမ်း။
: "..."
ဟယ်ကျိုး : "?"
"အဆင်ပြေသလိုလုပ်ပါ"
"ရပြီ၊ စပြောကြတာပေါ့"
"ဟမ်?"
"ပြောလေ"
"ငါမင်းကိုမကြိုက်ဘူး"
"မဖြစ်နိုင်တာ"
ဟယ်ကျိုး : "ဘာရယ်?"
"..."
"ဘာလို့ဘီတာလဲ?"
"ဒီတော့"
"ဟမ်?"
ဟယ်ကျိုး: "..."
"အိုး၊ ရှိတာပေါ့။ ထပ်ပြုတ်ထားသေးတယ်"
ချိယွီ: "..."
===========================================
• ​စာလုံးရေ : 4559
• ရက်စွဲ: 16,5,2022 (FRI)
===========================================
Continue Reading
You'll Also Like
72.6K 5.2K 29
แ€’แ€ฎ story แ€ฑแ€œแ€ธแ€€ Cath แ€กแ€›แ€™แ€นแ€ธแ‚€แ€€แ€ญแ€ณแ€€แ€นแ€แ€ฒแ€ท Mo Dao Zhu Shi แ€ฑแ€œแ€ธแ€€แ€ญแ€ฏ fan ficแ€ฑแ€œแ€ธแ€ปแ€•แ€”แ€นแ€œแ€ฏแ€•แ€นแ€‘แ€ฌแ€ธแ€แ€ฌแ€•แ€ซแ‹ แ€›แ€ผแ€šแ€นแ€šแ€™แ€นแ€ฑแ€”แ€›แ€ฌแ€€แ€ญแ€ฏ transmigration แ€œแ€ฏแ€•แ€นแ€แ€ถแ€œแ€ญแ€ฏแ€€แ€นแ€›แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ฑแ€œแ€ธแ€แ€…แ€นแ€ฑแ€šแ€ฌแ€€แ€นแ€กแ€ฑแ€”...
18.9K 1.1K 55
Genre- Fantasy, Bl,Novel,twin,Oc Uni+Zaw แ€•แ€ฏแ€ถแ€›แ€ญแ€•แ€บแ€šแ€ฑแ€ฌแ€„แ€บแ€แ€ญแ€ฏแ€ท แ€•แ€ฏแ€ถแ€แ€ฐแ€แ€ญแ€ฏแ€ทแ€€ แ€กแ€…แ€…แ€บแ€กแ€™แ€พแ€”แ€บแ€แ€ฑแ€ฌแ€ท แ€˜แ€šแ€บแ€Ÿแ€ฏแ€แ€บแ€•แ€ซแ€ทแ€™แ€œแ€ฒแ‹ (แ€กแ€…แ€บแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€บแ€›แ€ฒแ€ทแ€แ€„แ€บแ€•แ€ฝแ€”แ€บแ€ธแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€€ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€แ€ปแ€…แ€บแ€›แ€žแ€ฐแ€–แ€ผแ€…แ€บแ€”...
40.9K 4.6K 91
แ€แ€ปแ€ฏแ€•แ€บแ€”แ€พแ€ฑแ€ฌแ€„แ€บแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌ แ€…แ€ญแ€แ€บแ€แ€ญแ€‰แ€ฌแ€ฅแ€บแ€”แ€พแ€„แ€บแ€ท แ€™แ€พแ€ฌแ€ธแ€šแ€ฝแ€„แ€บแ€ธแ€…แ€ฝแ€ฌ แ€žแ€”แ€นแ€“แ€ฑแ€แ€Šแ€บแ€œแ€ฌแ€žแ€ฑแ€ฌ แ€€แ€ญแ€ฏแ€šแ€ทแ€บแ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธ
11.5K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 แ€€แ€•แ€บแ€…แ€ฑแ€ธแ€”แ€Šแ€บแ€ธแ€šแ€ฑแ€ฌแ€€แ€ปแ€ฌแ€บแ€ธ...