Near the love (Complete)

By KhineLay443

51.7K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 27
Near the love 28
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the love 29

607 47 8
By KhineLay443

Uni

"အစ်ကိုလေး....ဒီနေ့နောက်မကျဘူးမှတ်လား"
"အင်းပါ....စိတ်ချ ထမင်းစားချိန်အမှီပြန်လာမယ်။"

ဒီနေ့ Bing ကို အပြင်လည်ဖို့ခေါ်သွားမယ်ပြောပြီး အရောင်းအဝယ်ကိစ္စ ပြဿနာလေး ပေါ်လာသောကြောင့် သွားရှင်းရမည်လေ။

နေ့လည်အမှီအရောက်ပြန်လာမယ်ပြောသော်လဲ မျက်နှာမကောင်းသူလေးကြောင့် Don လဲစိတ်မကောင်း။ အိမ်မှာ အဖေရှိနေသောကြောင့် အစောင့်တစ်ယောက်လဲ လျှို့ဝှက်ထားခဲ့ပေးလိုက်သည်။

နှာဖူးလေးကို အနမ်းခြွေလိုက်ပြီး
"ကိုယ်လာခေါ်မယ်နော် နေ့လည်စာမစားထားနဲ့"
"ဟုတ်"

ခြံထဲကနေ ကားထွက်သွားတာကိုကြည့်ပြီးမှ Bing လဲ ပြန်ဝင်လာလိုက်သည်။ အစ်ကိုလေး မှာထားလို့ သခင်ကြီး နဲ့ မတွေ့ဖြစ်အောင် ရှောင်နေရဦးမည်လေ......
________________

"ရဲလက်ထဲရောက်သွားတယ်။ ဘယ်လိုဖြစ်တာလဲ ငါအဲ့လောက်လမ်းကြောင်းရှင်းပေးထားတာကို"
"ဟုတ်...ဟုတ်ပါတယ်။ ဒါပင်မဲ့ ဘယ်ကနေဘယ်လိုသိသွားလဲမသိဘူး။ နောက်ပြီးတော့ ရဲတွေကလဲ ကျွန်တော်တို့မသိတဲ့သူစိမ်းတွေပါ။"

"ဟူးးးးကြေးများလို့ ငါတော့ သိပ်မကျေနပ်ဘူး။ အဲ့ရဲတွေဘယ်သူလဲစုံစမ်းထား။ ပြီးတော့ မင်းတာဝန်ကအကြီးဆုံးနော်"
"ဟုတ်ကဲ့ပါ...Death....."

"အော်.....မြန်မာပြည်ဘက်မှာ ဘယ်ဂိုဏ်းက လွှမ်းမိုးနေလဲ စုံစမ်းထား။ ဒီတစ်ခေါက် မြန်မာပြည်မှာ ပြဿနာအနည်းငယ်ရှိပုံပဲ...အဖေ့ကြည့်ရတာ တစ်ခုခုအဆင်မပြေနေသလားလို့....."
"ဟုတ်ကဲ့ ကျွန်တော် စုံစမ်းထားလိုက်ပါ့မယ် Death"

အလုပ်ကိစ္စပြီးပြီမို့ Don အိမ်ကိုအမြန်နှုန်းနဲ့မောင်းကာ ပြန်လာခဲ့သည်။ Bing လဲ မိမိကို စောင့်နေသည်မှတ်လား။ မိမိတို့အတွက် အချိန်ပိုရရေးက တို့အရေးပဲလေ။

အိမ်ပြန်ရောက်တော့ မိမိမှာခဲ့သည့်အတိုင်း အဖေနဲ့မတွေ့အောင်ရှောင်ရင်းအခန်းအောင်းနေသူလေးကြောင့် တစ်ဖန်ကျေနပ်ရပြန်သည်။ ဒါမိမိစကားကို အလေးထားသည်မှတ်လား.....

"Baby သွားရအောင်....."
"အစ်ကိုလေး ဗိုက်ဆာနေသေးလား"

"မဆာပါဘူး။ Baby ဆာလို့လား အပြင်မှာစားကြမယ်လေ"
"ဟုတ်..."

ပါးမို့မို့လေးတွေအား Don နမ်းလိုက်တော့ ရှက်ပြီးပြေးထွက်သွားသေး....

နှစ်ယောက်သားဆိုင်တစ်ဆိုင်မှာ အဆာပြေဝင်စားပြီးတာနဲ့ ပန်းခြံသို့သာ ထွက်လာလိုက်သည်။ နေ့လည်ခင်းမရောက်သေးသောကြောင့် နေလဲမပူတာနဲ့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ နှစ်ယောက်သားလှဲကာ ကောင်းကင်ကြီးကိုကြည့်နေကြသည်။

သူများအတွဲတွေ Date သလို ရုပ်ရှင်ရုံတို့ ကစားကွင်းတို့ သွားမယ်ပြောတာကို Bing ကလက်မခံ လူမများပဲ အေးဆေးတဲ့နေရာသာသွားရန် ပြောသောကြောင့် ခုလိုလူရှင်းတဲ့ပန်းခြံထဲသာလာလိုက်သည်။ လူရှင်းတယ်သာပြောတာ ဒီလိုလူရှင်းအောင်လဲ Don တမင်ဖန်တီးထားတာပင်။

"အစ်ကိုလေး ဒီပန်းခြံက လူအတော်ရှင်းတာနော်"
"အင်းလေ ဟုတ်ပ။ ထားပါလေ Baby ဒီလိုပဲ လှဲနေချင်တာလား။"

"ဟုတ်....အစ်ကိုလေးဘေးမှာ သဘာဝတရားကိုခံစားရင်း နေနေချင်တယ်။ ရလား" မိမိအဖြေအား မျှော်လင့်တကြီးစောင့်စားနေသူလေးကြောင့် Don လဲ ခေါင်းညိမ့်ပြကာ
"ရတာပေါ့...Baby....."

Bing ခေါင်းအောက်ကို လက်အသာခုလိုက်တော့
"အစ်ကိုလေး လက်နာလိမ့်မယ်"
"Baby ခေါင်းလေးနာမှာ ကို ကိုယ်ကပိုကြောက်တာ"

ရွှန်းရွှန်းစားစား ကြည့်လာသောအကြည့်တွေကို Bing မှာ ရင်မဆိုင်ရဲတာကြောင့် ခေါင်းအရင်လွှဲလိုက်ရသည်။

စိတ်ထဲအတိတ်က အချိန်တစ်ခုဆီသို့သာတွေးရင်း လွမ်းဆွတ်နေမိပြန်သည်။

နေ့လည်ရောက်တော့ နေလဲပူလာတာကြောင့် Don ကပဲ
"Baby နေ့လည်စာသွားစားရအောင်။"
"ဟုတ်..."

အစားအသောက်တွေဘယ်လောက်ကောင်းတယ်ပြောပြော သားသမီးတွေအတွက်က အိမ်မှာအမေချက်သောလက်ရာကသာ အကောင်းဆုံးလို့ မှတ်ယူထားတာမှတ်လား။ ခုလဲ အရှေက စုံနေသောစားစရာတွေကိုကြည့်ရင်း Bing အိမ်ကိုလွမ်းလာမိပြန်သည်။

ဒီရောက်တော့ အစ်ကိုလေးကိုလဲကျေးဇူးတင်မိပြန်သည်။ မိမိထင်ထားတာ ကျွေတစ်ယောက်လို မိမိဘဝကို ကုန်ဆုံးရမယ်လို့ပင်။ ဒါပင်မဲ့ အစ်ကိုလေးရဲ့ စိတ်ထားကြောင့် ခုလို နေနေရတာ အစ်ကိုလေးကျေးဇူးမိမိပေါ်မှာ အများကြီး ရှိသည်ပင်။

အစ်ကိုလေးက မိမိကို လိုချင်နေတုန်းက မငြင်းဖို့သာ ဆုံးဖြတ်ပြီး ပေးခဲ့ရတာပင်။ ကံကြမ္မာက မိမိဘက်ပါတယ်ပဲပြောရမလား အစ်ကိုလေးက မိမိကိုချစ်တယ်တဲ့...

အပျော်ကြီးပျော်သွားခဲ့ကာ ဘာမှကိုမစဥ်းစားတော့ဘဲ မိမိလဲပြန်ချစ်မိသည်လေ.....

"Baby ဘာလုပ်မလဲပြီးရင်...."
"ဟင့်အင်း အစ်ကိုလေး ဘေးနားရှိရင်ရပြီ။ အစ်ကိုလေးသဘော...."

ဒီလိုစကားလုံး အနုအရွတွေမပြောရင်တောင် ဒီကကောင်ကကြွေနေပြီးသားပါ ဒါကိုမှထက်ပြီး စကားလှလှလေးတွေပြောနေတော့ ဒီကောင်က ဘယ်နေနိုင်ပါ့မလဲ။

"Baby ကိုယ့်ကို သိပ်မဆွနဲ့နော်။"
"အစ်ကိုလေး ကလဲ...ဟို... ကျွန်တော် Toilet သွားလိုက်ဦးမယ်"

ရှက်ပြီး ထထွက်သွားသူလေးကို Don လဲ ပြုံးပြီးသာ ကြည့်နေလိုက်သည်။
.
.
Toilet ထဲ ကိစ္စရှင်းပြီးတာနဲ့ Bing လက်ဆေးနေတုန်း လူတစ်ယောက်အနားကိုကပ်လာတာ သတိထားမိသည်။ အော် သူလဲ မိမိလို Toilet လာသူပဲဟု ထင်မှတ်ကာ သေချာမကြည့်ဘဲ လက်ဆေးနေလိုက်သည်။

Tissue ယူပြီး လက်သုတ်နေတုန်း ထိုလူကမိမိအနောက်ကိုရောက်လာလို့ လှည့်ကြည့်လိုက်တော့။
အရက်နံ့ကိုထောင်းခနဲပင်။

Basinတစ်ဖက်တစ်ချက်တွင်လက်ကိုထောက်ထားပြီး အလည်တွင် Bing ကိုထားကာ တဏှာမျက်လုံးတွေနဲ့ကြည့်လာသည်။ Bing လဲဒေါသထွက်သွားကာ ထိုလူအား စောင့်တွန်းချလိုက်သည်။

ထိုလူလဲ အနောက်သို့ယိုင်သွားပြီး Bing ကို မကြည် အကြည့်နဲ့ကြည့်ကာ
"$ခြောက်က ငါ့ကိုတွန်းတယ်။ မင်းသေပြီမှတ်"
ဆိုပြီး Bing ပုခုံးနှစ်ဖက်ကိုကိုင်ကာ တစ်ဖက်သို့ဆွဲလှည့်ချလိုက်သည်။ ပြီးတာနဲ့ Bing ဘောင်းဘီကို ရန်ရှာတော့သည်။

Bing လဲ အတင်းရုန်းကာ နောက်ပြန်ခြေထောက်နဲ့ ထို့လူ့ဂွကြားအား ကန်ပြစ်လိုက်ပြီး အပြင်ကိုပြေးထွက်လာလိုက်သည်။ မျက်နှာပေါ်တွင် ချွေးလဲစို့နေသောကြောင့် အစ်ကိုလေး မမြင်စေရန်အမြန်သုတ်ပြစ်လိုက်သည်။

"Baby ကကြာနေတော့ ကိုယ်တောင်လိုက်လာတော့မလို့။"
"ဟုတ်....အစ်ကိုလေး ပြန်ရအောင်"

"ပြန်ချင်ပြီလား ဒါဆိုပြန်ကြမယ်လေ" ဆိုကာ Bing ကိုလှမ်းဖက်လိုက်တော့ ချွေးစို့ကာအေးနေသောအသားကြောင့် Don တွေးမိသွားသည်။ Aircon ကြောင့်အေးနေတာလက်ခံပင်မဲ့ ခုဟာကချွေးလေးတွေစို့ကာ အေးနေတာပင်။

လမ်းတစ်လျှောက်လုံး အပြင်ဘက်ကိုကြည့်နေကာငေးနေသူကြောင့် Don စိတ်ပူလာမိသည်။ လက်နှစ်ဖက်ကိုလဲ အချင်းချင်းယှက်ကာပွတ်နေပုံက တစ်ခုခုကိုကြောက်နေတာလား စိုးရိမ်နေတာလားပင်။

အိမ်ရောက်တာနဲ့ မိမိတောင်မစောင့်အားနိုင်ပဲ အခန်းထဲပြေးဝင်သွားသူကြောင့် Don ပိုပြီးစဥ်စားမိသည်။ Toilet ကပြန်လာပြီးကတည်းက ဖြစ်သွားတာကြောင့် ချက်ချင်းပဲ Don လူတစ်ယောက်ဆီဖုန်းခေါ်ကာ...

"****ဆိုင်က CCTV အကုန်လုံးငါ့ဆီပို့ပေး"
မိနစ်အနည်းငယ်လောက်ကျတော့ CCTV Record တွေရောက်လာလေသည်။ Toilet ထဲမှာ CCTV မရှိသော်လဲ Toilet ဝင်ပေါက်ဘေးထောင့်မှာ CCTV တစ်ခုရှိနေလေသည်။

ကံကောင်းချင်တော့ ထိုCCTV ကနေ Basin နားကို အနည်းငယ်မြင်နေရသောကြောင့် ဖြစ်ပျက်သမျှတွေကို Don တစ်စွန်းတစ်စ မြင်လိုက်ရသည်။ သေချာတာက Baby ကို လူတစ်ယောက်က လိုက်နှောက်ယှက်ကာ အသားယူနေတာပင်။

ထိုလူကိုကြည့်ရင်း Don သက်ချင်စိတ်များပေါ်လာတာတော့အမှန်ပင်။ ထိုလူ့ပုံကို ယူပြီး တပည့်တွေဆီပို့လိုက်ကာ
"အဲ့အကောင်ကိုရှာထား ပြီးရင်ဖမ်းခဲ့..."

Don လူတွေရဲ့ လျှင်မြန်ဖျက်လက်မှုကြောင့် တစ်နာရီအကြာမှာ ထိုလူကိုမိပြီဆိုပြီး သိရလေသည်။

Don လဲ Baby ကို အလုပ်ကိစ္စပေါ်လာလို့ဆိုပြီး ထွက်လာလိုက်သည်။

ကြီးမားလှသော ဂိုထောင်ကြီးရှေ့သို့ ကားအနက်ရောင်တစ်စီးဆိုက်ကပ်လာလေသည်။ ကားပေါ်ကနေ ဒုန်းဆိုင်းဆင်းလာသူကတော့ Don ဆိုတာ အသေအချာပင်။

ဂိုထောင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့်ဝင်သွားလေသည်။

ဂိုထောင်အလည်တွင် လက်ပြန်ကြိုးတုတ်ကာ ဒူးထောက်ထိုင်နေသောလူတစ်ယောက်။ မျက်လုံးတွေကိုလဲ ပိတ်စအနက်နဲ့ စည်းနှောင်ထားသေးသည်။

Don လဲဒေါသစိတ်ကြောင့် ထိုလူ့ကိုမြင်မြင်ချင်း ရင်ဘက်အားခြေထောက်နဲ့စောင့်ကန်ချလိုက်သည်။ ထိုလူလဲနောက်သို့လဲကျသွားကာ အတင်းကုန်းထပြီး
"ဘယ်..ဘယ်သူလဲ...ဘယ်ကောင်လဲကွ....သတ္တိရှိရင် ငါ့ကိုမျက်လုံးစည်းဖြုတ်ပေး"

ကြောက်ကန်ကာ ဂယောင်ကတန်းပြောနေသူအား Don ကြည့်ကာ
"ဖြုတ်ပေးမှာပါ...စိတ်ချ...မင်းရဲ့သေလမ်းကိုပို့ပေးမဲ့ငါ့ကိုမမြင်ရပဲနဲ့ မင်းမသေရပါဘူး"

တပည့်တစ်ယောက်မှာ ထိုလူ့အား မျက်လုံးစည်းကိုဖြုတ်ပေးလိုက်သည်။ ရုတ်တရက်မို့ ထိုလူမျက်လုံးကို ဖြည်းဖြည်း ဖွင့်ကြည့်တော့ ရှေ့တည့်တည့်တွင် မိမိအား ဒေါသတကြီးကြည့်နေသောသူတစ်ယောက်။

"မင်းဘာလိုချင်တာလဲ။ မင်းနဲ့ငါမပက်သက်ဖူးဘူးနော်။ မင်း ငါဘယ်သူလဲဆိုတာ မသိတာလား ဟမ်!"
ဒီလောက်အဖမ်းခံထားရတာတောင် မာန်မကျသေးသူကြောင့် Don လဲ
"မင်းက ကပြား။ မင်းအမေကမြန်မာ မင်းအဖေက တရားသူကြီး ဒီနိုင်ငံသား။ အဲ့တော့ ငါက ဘာလုပ်ပေးရမှာလဲ။ အေး ငါပိုင်တဲ့သူကို မင်းထိပါးမိတာကြောင့် မင်းဘယ်သူကြီးပဲဖြစ်နေပါစေ ငါဂရုမစိုက်ဘူး။"

"မင်း ပိုင်တာ...မင်းပိုင်တာငါကဘာကိုထိမိတာလဲ"
"ဟက်...မင်း ဒီနေ့ စားသောက်ဆိုင် တစ်ခုရဲ့ Toilet တစ်ခုမှာ ကောင်လေးတစ်ယောက်ကို ထိကပါးလုပ်ခဲ့တယ်လေ။ မင်းမှတ်မိသေးလား ဟမ်!!!"

ထိုလူလဲ သတိထားမိဟန်ဖြင့် Don အားပြန်ကြည့်ကာ
"မင်းက အဲ့ကောင်လေးရဲ့ ကောင်လေးမှတ်လား။ အဲ့ကောင်လေးနဲ့တစ်ဝိုင်းထဲထိုင်ပြီး အကြည်စိုက်နေတာ ငါသိသားပဲ။ အခြောက်တွေ"

'ဒုတ်'
______________________

4.5.2022
Khine Lay

ရှည်ရှည်လေးနော် အမောပြေဆေးလေးပေးခဲ့

Zaw

"အစ္ကိုေလး....ဒီေန႕ေနာက္မက်ဘဴးမွတ္လား"
"အင္းပါ....စိတ္ခ် ထမင္းစားခ်ိန္အမွီျပန္လာမယ္။"

ဒီေန႕ Bing ကို အျပင္လည္ဖို႔ေခၚသြားမယ္ေျပာၿပီး အေရာင္းအဝယ္ကိစၥ ျပႆနာေလး ေပၚလာေသာေၾကာင့္ သြားရွင္းရမည္ေလ။

ေန႕လည္အမွီအေရာက္ျပန္လာမယ္ေျပာေသာ္လဲ မ်က္ႏွာမေကာင္းသူေလးေၾကာင့္ Don လဲစိတ္မေကာင္း။ အိမ္မွာ အေဖရွိေနေသာေၾကာင့္ အေစာင့္တစ္ေယာက္လဲ လွ်ို႔ဝွက္ထားခဲ့ေပးလိုက္သည္။

ႏွာဖူးေလးကို အနမ္းေႁခြလိုက္ၿပီး
"ကိုယ္လာေခၚမယ္ေနာ္ ေန႕လည္စာမစားထားနဲ႕"
"ဟုတ္"

ၿခံထဲကေန ကားထြက္သြားတာကိုၾကည့္ၿပီးမွ Bing လဲ ျပန္ဝင္လာလိုက္သည္။ အစ္ကိုေလး မွာထားလို႔ သခင္ႀကီး နဲ႕ မေတြ႕ျဖစ္ေအာင္ ေရွာင္ေနရဦးမည္ေလ......
________________

"ရဲလက္ထဲေရာက္သြားတယ္။ ဘယ္လိုျဖစ္တာလဲ ငါအဲ့ေလာက္လမ္းေၾကာင္းရွင္းေပးထားတာကို"
"ဟုတ္...ဟုတ္ပါတယ္။ ဒါပင္မဲ့ ဘယ္ကေနဘယ္လိုသိသြားလဲမသိဘူး။ ေနာက္ၿပီးေတာ့ ရဲေတြကလဲ ကြၽန္ေတာ္တို႔မသိတဲ့သူစိမ္းေတြပါ။"

"ဟူးးးးေၾကးမ်ားလို႔ ငါေတာ့ သိပ္မေက်နပ္ဘူး။ အဲ့ရဲေတြဘယ္သူလဲစုံစမ္းထား။ ၿပီးေတာ့ မင္းတာဝန္ကအႀကီးဆုံးေနာ္"
"ဟုတ္ကဲ့ပါ...Death....."

"ေအာ္.....ျမန္မာျပည္ဘက္မွာ ဘယ္ဂိုဏ္းက လႊမ္းမိုးေနလဲ စုံစမ္းထား။ ဒီတစ္ေခါက္ ျမန္မာျပည္မွာ ျပႆနာအနည္းငယ္ရွိပုံပဲ...အေဖ့ၾကည့္ရတာ တစ္ခုခုအဆင္မေျပေနသလားလို႔....."
"ဟုတ္ကဲ့ ကြၽန္ေတာ္ စုံစမ္းထားလိုက္ပါ့မယ္ Death"

အလုပ္ကိစၥၿပီးၿပီမို႔ Don အိမ္ကိုအျမန္ႏႈန္းနဲ႕ေမာင္းကာ ျပန္လာခဲ့သည္။ Bing လဲ မိမိကို ေစာင့္ေနသည္မွတ္လား။ မိမိတို႔အတြက္ အခ်ိန္ပိုရေရးက တို႔အေရးပဲေလ။

အိမ္ျပန္ေရာက္ေတာ့ မိမိမွာခဲ့သည့္အတိုင္း အေဖနဲ႕မေတြ႕ေအာင္ေရွာင္ရင္းအခန္းေအာင္းေနသူေလးေၾကာင့္ တစ္ဖန္ေက်နပ္ရျပန္သည္။ ဒါမိမိစကားကို အေလးထားသည္မွတ္လား.....

"Baby သြားရေအာင္....."
"အစ္ကိုေလး ဗိုက္ဆာေနေသးလား"

"မဆာပါဘူး။ Baby ဆာလို႔လား အျပင္မွာစားၾကမယ္ေလ"
"ဟုတ္..."

ပါးမို႔မို႔ေလးေတြအား Don နမ္းလိုက္ေတာ့ ရွက္ၿပီးေျပးထြက္သြားေသး....

ႏွစ္ေယာက္သားဆိုင္တစ္ဆိုင္မွာ အဆာေျပဝင္စားၿပီးတာနဲ႕ ပန္းၿခံသို႔သာ ထြက္လာလိုက္သည္။ ေန႕လည္ခင္းမေရာက္ေသးေသာေၾကာင့္ ေနလဲမပူတာနဲ႕ ျမက္ခင္းစိမ္းစိမ္းေပၚမွာ ႏွစ္ေယာက္သားလွဲကာ ေကာင္းကင္ႀကီးကိုၾကည့္ေနၾကသည္။

သူမ်ားအတြဲေတြ Date သလို ႐ုပ္ရွင္႐ုံတို႔ ကစားကြင္းတို႔ သြားမယ္ေျပာတာကို Bing ကလက္မခံ လူမမ်ားပဲ ေအးေဆးတဲ့ေနရာသာသြားရန္ ေျပာေသာေၾကာင့္ ခုလိုလူရွင္းတဲ့ပန္းၿခံထဲသာလာလိုက္သည္။ လူရွင္းတယ္သာေျပာတာ ဒီလိုလူရွင္းေအာင္လဲ Don တမင္ဖန္တီးထားတာပင္။

"အစ္ကိုေလး ဒီပန္းၿခံက လူအေတာ္ရွင္းတာေနာ္"
"အင္းေလ ဟုတ္ပ။ ထားပါေလ Baby ဒီလိုပဲ လွဲေနခ်င္တာလား။"

"ဟုတ္....အစ္ကိုေလးေဘးမွာ သဘာဝတရားကိုခံစားရင္း ေနေနခ်င္တယ္။ ရလား" မိမိအေျဖအား ေမွ်ာ္လင့္တႀကီးေစာင့္စားေနသူေလးေၾကာင့္ Don လဲ ေခါင္းညိမ့္ျပကာ
"ရတာေပါ့...Baby....."

Bing ေခါင္းေအာက္ကို လက္အသာခုလိုက္ေတာ့
"အစ္ကိုေလး လက္နာလိမ့္မယ္"
"Baby ေခါင္းေလးနာမွာ ကို ကိုယ္ကပိုေၾကာက္တာ"

႐ႊန္း႐ႊန္းစားစား ၾကည့္လာေသာအၾကည့္ေတြကို Bing မွာ ရင္မဆိုင္ရဲတာေၾကာင့္ ေခါင္းအရင္လႊဲလိုက္ရသည္။

စိတ္ထဲအတိတ္က အခ်ိန္တစ္ခုဆီသို႔သာေတြးရင္း လြမ္းဆြတ္ေနမိျပန္သည္။

ေန႕လည္ေရာက္ေတာ့ ေနလဲပူလာတာေၾကာင့္ Don ကပဲ
"Baby ေန႕လည္စာသြားစားရေအာင္။"
"ဟုတ္..."

အစားအေသာက္ေတြဘယ္ေလာက္ေကာင္းတယ္ေျပာေျပာ သားသမီးေတြအတြက္က အိမ္မွာအေမခ်က္ေသာလက္ရာကသာ အေကာင္းဆုံးလို႔ မွတ္ယူထားတာမွတ္လား။ ခုလဲ အေရွက စုံေနေသာစားစရာေတြကိုၾကည့္ရင္း Bing အိမ္ကိုလြမ္းလာမိျပန္သည္။

ဒီေရာက္ေတာ့ အစ္ကိုေလးကိုလဲေက်းဇူးတင္မိျပန္သည္။ မိမိထင္ထားတာ ေကြၽတစ္ေယာက္လို မိမိဘဝကို ကုန္ဆုံးရမယ္လို႔ပင္။ ဒါပင္မဲ့ အစ္ကိုေလးရဲ႕ စိတ္ထားေၾကာင့္ ခုလို ေနေနရတာ အစ္ကိုေလးေက်းဇူးမိမိေပၚမွာ အမ်ားႀကီး ရွိသည္ပင္။

အစ္ကိုေလးက မိမိကို လိုခ်င္ေနတုန္းက မျငင္းဖို႔သာ ဆုံးျဖတ္ၿပီး ေပးခဲ့ရတာပင္။ ကံၾကမၼာက မိမိဘက္ပါတယ္ပဲေျပာရမလား အစ္ကိုေလးက မိမိကိုခ်စ္တယ္တဲ့...

အေပ်ာ္ႀကီးေပ်ာ္သြားခဲ့ကာ ဘာမွကိုမစဥ္းစားေတာ့ဘဲ မိမိလဲျပန္ခ်စ္မိသည္ေလ.....

"Baby ဘာလုပ္မလဲၿပီးရင္...."
"ဟင့္အင္း အစ္ကိုေလး ေဘးနားရွိရင္ရၿပီ။ အစ္ကိုေလးသေဘာ...."

ဒီလိုစကားလုံး အႏုအ႐ြေတြမေျပာရင္ေတာင္ ဒီကေကာင္ကေႂကြေနၿပီးသားပါ ဒါကိုမွထက္ၿပီး စကားလွလွေလးေတြေျပာေနေတာ့ ဒီေကာင္က ဘယ္ေနနိုင္ပါ့မလဲ။

"Baby ကိုယ့္ကို သိပ္မဆြနဲ႕ေနာ္။"
"အစ္ကိုေလး ကလဲ...ဟို... ကြၽန္ေတာ္ Toilet သြားလိုက္ဦးမယ္"

ရွက္ၿပီး ထထြက္သြားသူေလးကို Don လဲ ၿပဳံးၿပီးသာ ၾကည့္ေနလိုက္သည္။
.
.
Toilet ထဲ ကိစၥရွင္းၿပီးတာနဲ႕ Bing လက္ေဆးေနတုန္း လူတစ္ေယာက္အနားကိုကပ္လာတာ သတိထားမိသည္။ ေအာ္ သူလဲ မိမိလို Toilet လာသူပဲဟု ထင္မွတ္ကာ ေသခ်ာမၾကည့္ဘဲ လက္ေဆးေနလိုက္သည္။

Tissue ယူၿပီး လက္သုတ္ေနတုန္း ထိုလူကမိမိအေနာက္ကိုေရာက္လာလို႔ လွည့္ၾကည့္လိုက္ေတာ့။
အရက္နံ႕ကိုေထာင္းခနဲပင္။

Basinတစ္ဖက္တစ္ခ်က္တြင္လက္ကိုေထာက္ထားၿပီး အလည္တြင္ Bing ကိုထားကာ တဏွာမ်က္လုံးေတြနဲ႕ၾကည့္လာသည္။ Bing လဲေဒါသထြက္သြားကာ ထိုလူအား ေစာင့္တြန္းခ်လိဳက္သည္။

ထိုလူလဲ အေနာက္သို႔ယိုင္သြားၿပီး Bing ကို မၾကည္ အၾကည့္နဲ႕ၾကည့္ကာ
"$ေျခာက္က ငါ့ကိုတြန္းတယ္။ မင္းေသၿပီမွတ္"
ဆိုၿပီး Bing ပုခုံးႏွစ္ဖက္ကိုကိုင္ကာ တစ္ဖက္သို႔ဆြဲလွည့္ခ်လိဳက္သည္။ ၿပီးတာနဲ႕ Bing ေဘာင္းဘီကို ရန္ရွာေတာ့သည္။

Bing လဲ အတင္း႐ုန္းကာ ေနာက္ျပန္ေျခေထာက္နဲ႕ ထို႔လူ႕ဂြၾကားအား ကန္ျပစ္လိုက္ၿပီး အျပင္ကိုေျပးထြက္လာလိုက္သည္။ မ်က္ႏွာေပၚတြင္ ေခြၽးလဲစို႔ေနေသာေၾကာင့္ အစ္ကိုေလး မျမင္ေစရန္အျမန္သုတ္ျပစ္လိုက္သည္။

"Baby ကၾကာေနေတာ့ ကိုယ္ေတာင္လိုက္လာေတာ့မလို႔။"
"ဟုတ္....အစ္ကိုေလး ျပန္ရေအာင္"

"ျပန္ခ်င္ၿပီလား ဒါဆိုျပန္ၾကမယ္ေလ" ဆိုကာ Bing ကိုလွမ္းဖက္လိုက္ေတာ့ ေခြၽးစို႔ကာေအးေနေသာအသားေၾကာင့္ Don ေတြးမိသြားသည္။ Aircon ေၾကာင့္ေအးေနတာလက္ခံပင္မဲ့ ခုဟာကေခြၽးေလးေတြစို႔ကာ ေအးေနတာပင္။

လမ္းတစ္ေလွ်ာက္လုံး အျပင္ဘက္ကိုၾကည့္ေနကာေငးေနသူေၾကာင့္ Don စိတ္ပူလာမိသည္။ လက္ႏွစ္ဖက္ကိုလဲ အခ်င္းခ်င္းယွက္ကာပြတ္ေနပုံက တစ္ခုခုကိုေၾကာက္ေနတာလား စိုးရိမ္ေနတာလားပင္။

အိမ္ေရာက္တာနဲ႕ မိမိေတာင္မေစာင့္အားနိုင္ပဲ အခန္းထဲေျပးဝင္သြားသူေၾကာင့္ Don ပိုၿပီးစဥ္စားမိသည္။ Toilet ကျပန္လာၿပီးကတည္းက ျဖစ္သြားတာေၾကာင့္ ခ်က္ခ်င္းပဲ Don လူတစ္ေယာက္ဆီဖုန္းေခၚကာ...

"****ဆိုင္က CCTV အကုန္လုံးငါ့ဆီပို႔ေပး"
မိနစ္အနည္းငယ္ေလာက္က်ေတာ့ CCTV Record ေတြေရာက္လာေလသည္။ Toilet ထဲမွာ CCTV မရွိေသာ္လဲ Toilet ဝင္ေပါက္ေဘးေထာင့္မွာ CCTV တစ္ခုရွိေနေလသည္။

ကံေကာင္းခ်င္ေတာ့ ထိုCCTV ကေန Basin နားကို အနည္းငယ္ျမင္ေနရေသာေၾကာင့္ ျဖစ္ပ်က္သမွ်ေတြကို Don တစ္စြန္းတစ္စ ျမင္လိုက္ရသည္။ ေသခ်ာတာက Baby ကို လူတစ္ေယာက္က လိုက္ႏွောက္ယွက္ကာ အသားယူေနတာပင္။

ထိုလူကိုၾကည့္ရင္း Don သက္ခ်င္စိတ္မ်ားေပၚလာတာေတာ့အမွန္ပင္။ ထိုလူ႕ပုံကို ယူၿပီး တပည့္ေတြဆီပို႔လိုက္ကာ
"အဲ့အေကာင္ကိုရွာထား ၿပီးရင္ဖမ္းခဲ့..."

Don လူေတြရဲ႕ လွ်င္ျမန္ဖ်က္လက္မႈေၾကာင့္ တစ္နာရီအၾကာမွာ ထိုလူကိုမိၿပီဆိုၿပီး သိရေလသည္။

Don လဲ Baby ကို အလုပ္ကိစၥေပၚလာလို႔ဆိုၿပီး ထြက္လာလိုက္သည္။

ႀကီးမားလွေသာ ဂိုေထာင္ႀကီးေရွ႕သို႔ ကားအနက္ေရာင္တစ္စီးဆိုက္ကပ္လာေလသည္။ ကားေပၚကေန ဒုန္းဆိုင္းဆင္းလာသူကေတာ့ Don ဆိုတာ အေသအခ်ာပင္။

ဂိုေထာင္ထဲသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ဝင္သြားေလသည္။

ဂိုေထာင္အလည္တြင္ လက္ျပန္ႀကိဳးတုတ္ကာ ဒူးေထာက္ထိုင္ေနေသာလူတစ္ေယာက္။ မ်က္လုံးေတြကိုလဲ ပိတ္စအနက္နဲ႕ စည္းႏွောင္ထားေသးသည္။

Don လဲေဒါသစိတ္ေၾကာင့္ ထိုလူ႕ကိုျမင္ျမင္ခ်င္း ရင္ဘက္အားေျခေထာက္နဲ႕ေစာင့္ကန္ခ်လိဳက္သည္။ ထိုလူလဲေနာက္သို႔လဲက်သြားကာ အတင္းကုန္းထၿပီး
"ဘယ္..ဘယ္သူလဲ...ဘယ္ေကာင္လဲကြ....သတၱိရွိရင္ ငါ့ကိုမ်က္လုံးစည္းျဖဳတ္ေပး"

ေၾကာက္ကန္ကာ ဂေယာင္ကတန္းေျပာေနသူအား Don ၾကည့္ကာ
"ျဖဳတ္ေပးမွာပါ...စိတ္ခ်...မင္းရဲ႕ေသလမ္းကိုပို႔ေပးမဲ့ငါ့ကိုမျမင္ရပဲနဲ႕ မင္းမေသရပါဘူး"

တပည့္တစ္ေယာက္မွာ ထိုလူ႕အား မ်က္လုံးစည္းကိုျဖဳတ္ေပးလိုက္သည္။ ႐ုတ္တရက္မို႔ ထိုလူမ်က္လုံးကို ျဖည္းျဖည္း ဖြင့္ၾကည့္ေတာ့ ေရွ႕တည့္တည့္တြင္ မိမိအား ေဒါသတႀကီးၾကည့္ေနေသာသူတစ္ေယာက္။

"မင္းဘာလိုခ်င္တာလဲ။ မင္းနဲ႕ငါမပက္သက္ဖူးဘူးေနာ္။ မင္း ငါဘယ္သူလဲဆိုတာ မသိတာလား ဟမ္!"
ဒီေလာက္အဖမ္းခံထားရတာေတာင္ မာန္မက်ေသးသူေၾကာင့္ Don လဲ
"မင္းက ကျပား။ မင္းအေမကျမန္မာ မင္းအေဖက တရားသူႀကီး ဒီနိုင္ငံသား။ အဲ့ေတာ့ ငါက ဘာလုပ္ေပးရမွာလဲ။ ေအး ငါပိုင္တဲ့သူကို မင္းထိပါးမိတာေၾကာင့္ မင္းဘယ္သူႀကီးပဲျဖစ္ေနပါေစ ငါဂ႐ုမစိုက္ဘူး။"

"မင္း ပိုင္တာ...မင္းပိုင္တာငါကဘာကိုထိမိတာလဲ"
"ဟက္...မင္း ဒီေန႕ စားေသာက္ဆိုင္ တစ္ခုရဲ႕ Toilet တစ္ခုမွာ ေကာင္ေလးတစ္ေယာက္ကို ထိကပါးလုပ္ခဲ့တယ္ေလ။ မင္းမွတ္မိေသးလား ဟမ္!!!"

ထိုလူလဲ သတိထားမိဟန္ျဖင့္ Don အားျပန္ၾကည့္ကာ
"မင္းက အဲ့ေကာင္ေလးရဲ႕ ေကာင္ေလးမွတ္လား။ အဲ့ေကာင္ေလးနဲ႕တစ္ဝိုင္းထဲထိုင္ၿပီး အၾကည္စိုက္ေနတာ ငါသိသားပဲ။ အေျခာက္ေတြ"

'ဒုတ္'
______________________

4.5.2022
Khine Lay

ရွည္ရွည္ေလးေနာ္ အေမာေျပေဆးေလးေပးခဲ့

Continue Reading

You'll Also Like

119K 1.3K 26
mikhaiah
55.7K 2.4K 61
Y/N L/N was always a believer in the impossible, but he never suspected he would become the impossible. When a fateful lightning strike gives Y/N the...
4.7K 103 10
Starting at the 118 was the best thing Buck ever did, it gave his life meaning, it made him feel useful and worth something. With that comes challeng...
12K 239 28
စိတ်ကူးယဉ် ဇာတ်လမ်းလေးသာ ဖြစ်ပါတယ်ဗျ။