Near the love (Complete)

By KhineLay443

47.5K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the love 27

606 40 0
By KhineLay443

Uni

အသွေးအသားချင်း နီးစပ်ပြီးကတည်းက Don တစ်ယောက် Bing ကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေလေသည်။

ခုလဲ ဘဲသားဆန်ပြုတ် ကို မီးဖိုချောင်ထဲဝင်ပြီး ပြုတ်ပေးနေတာကို အနောက်ကနေ ရေခဲသေတ္တာကို မှီရင်းလက်ပိုက်ကာ ကြည့်နေလေရဲ့။

အားလုံးပြီးသွားတော့ အငွေ့တထောင်းထောင်းထနေသောဆန်ပြုတ်ကို ကြွေဇလုံလေးထဲထည့်ကာ
"အစ်ကိုလေး စားလို့ရပြီ။ ပူတုန်းလေးစားလိုက်ပါနော်။"

Don လဲ ခေါင်းငြိမ့်ကာ ခုံပေါ်တွင်ထိုင်လိုက်ပြီး တစ်ဇွန်းမြည်းကြည့်လိုက်လေသည်။
ပူပူနွေးနွေးလေးနဲ့ အရမ်းကိုအရသာရှိနေလေသည်။

"ကြိုက်ရဲ့လား အစ်ကိုလေး။"
"အင်း....Don က ချက်တတ်သားပဲ။"

"ဟုတ်ကဲ့။ အိမ်မှာဆို ကျွန်တော်က အမြဲချက်ပေးပေးနေရင်းနဲ့ ချက်တတ်သွားတာ။"
'အိမ်' ဆိုတဲ့ စကားပြောပြီးနောက် တစ်ခုခုကို သတိရသွားပြီး မျက်နှာလေး ညှိုးသွားသော Bing....

ဒါကို Don က သတိထားမိကာ ဆန်ပြုတ်ကို တစ်ဇွန်းခပ်ပြီး Bing ပါးစပ်နားတေ့ပေးလိုက်သည်။
Bing က အစက နားမလည်သလိုနဲ့နောက်မှ သဘောပေါက်သွားကာ
"ဟို..."
"စားပါ...."

ပြုံးကာခွံ့နေသောအစ်ကိုလေးကြောင့် Bing လဲ အားနာသွားကာ စားလိုက်ရလေသည်။

"Don...."
အနောက်က ခေါ်သံကြောင့် Don လှည့်ကြည့်လိုက်တော့ Roshan ပင်။ လက်ထဲတွင်လဲ အိတ်တစ်ခုနှင့်။

"လာလေ။ ဒီမှာ Bing က ဘဲသားဆန်ပြုတ် ချက်ပေးထားတာ မင်းပါ မြည်းကြည့်ပါလား။"
Bing က အမြန်ပဲ ဆန်ပြုတ်သွားထည့်နေလေသည်။

Roshan လဲခုံမှာဝင်ထိုင်လိုက်ကာ
"Don မင်းအတွက် တူနာ sandwich...."
"ဟုတ်လား....ကျေးဇူးပါကွာ။ ဒါနဲ့ဘာကိစ္စ"

"မင်းကိုဟိုတစ်နေ့ ငါမူးပြီးအိမ်ပြန်ရောက်ကတည်းက မတွေ့ဖြစ်လို့လာတာ"
"သြော်...."

ဆန်ပြုတ်သောက်နေရင်း အရှေ့တွင်ထိုင်နေသောမိမိဆီကို အကြည့်မရောက်ဘဲ ဘေးတွင်ရှိနေသော Bing ဆီကိုသာ အကြည့်ရောက်နေသော Don ကြောင့် Roshan အသံတိတ်ငိုနေမိသည်။

ငါ့မှာတော့ မတွေ့ရတာကြာလို့ မင်းဆီကို လာမိတာ။

အရှေ့ကနှစ်ယောက်ကိုကြည့်ရင်း သူတို့ကြားထဲမှာ တစ်ခုခု ပြောင်းလဲသွားတာ Roshan သတိထားမိပါသည်။

စားပြီးတာနဲ့ Don က ခဏဆိုသောကြောင့် စာကြည့်ခန်းထဲ နှစ်ယောက်သား ရောက်နေလေသည်။

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်း ပြောဖို့ ဝန်လေးနေပုံဖြစ်နေသော Don ကို ကြည့်ကာ Roshan ကပဲ
"တစ်ခုခုပြောမလို့လား။ ပြောလေ"

"ငါ...ငါပြောမထွက်ဘူးဖြစ်နေတယ်။"
"ပြောစမ်းပါ။"

"ဒီလို ငါနဲ့ Bing အတူတူနေပြီးသွားပြီ"
"ဘာ!!"

ဒီတစ်ခါလန့်သွားသူက Roshan ပင်။
"အေး....ဟုတ်တယ်။ ငါလေ မင်းပြတဲ့ video ကိုကြည့်ပြီးနောက်ပိုင်း သူ့ကိုပိုပြီးပိုင်ဆိုင်ချင်လာမိတယ်။ အရင်ထဲက သူ့အပေါ် စိတ်ယိုင်နေတာ ငါဝန်ခံပါတယ်။ ခုတော့ သူ့ကိုပိုင်ဆိုင်လာပြီးနောက်ပိုင်း ငါလေ မျက်စိအောက်ကကို အပျောက်မခံချင်ဘူး။ သူ့ကိုလဲ စိုးရိမ်တတ်လာတယ်။ ငါသူ့ကို တော်တော်ချစ်နေမိပြီ Roshan "

Sofa ပေါ်မှာ ခြေပစ်လက်ပစ် လှဲချကာ တွေးတွေးစစပြောနေပြန်သည်။

Roshan မှာ ထိုစကားတွေကိုကြားပြီး ရင်ဘက်ထဲက စူးအောင့်ကာ နာကျင်လာမိသည်။ မိမိချစ်ရတဲ့သူက မိမိရှေ့တွင် အခြားသူတစ်ယောက်ကို ဘယ်လောက်ချစ်ကြောင်းပြောနေတာ ဘယ်သူကကော အေးအေးဆေးဆေး နားထောင်နိုင်မှာလဲ။

"သူကကော"
"ငါမသိဘူး။ အမှန်ပြောရရင် အဲ့နေ့ညက သူအတော်လေးရုန်းမယ်ထင်တာ။ အစက သူကလက်မခံဘူး နောက်တော့မှ လက်ခံလာတာ။ ငါသိချင်တာကကွာ သူကောငါ့ကို ချစ်နေမလားလို့"

တတ်တတ်ကြွကြွပြောနေသော Don ကိုကြည့်ကာ Roshan အားတင်းရင်းပြုံးလိုက်မိသည်။
"ဒါတော့ ငါဘယ်သိမလဲ သူ့ကိုမေးကြည့်ပေါ့"
"အေး ငါဘယ်လိုမေးရမလဲလို့။ ငါတို့က အတူသာနေပြီးတာ သူ့ရှေ့မှာ ငါသူ့ကိုချစ်တဲ့အကြောင်းတရားဝင်ဖွင့်မပြောရသေးဘူး။"

'ပြောနေပုံက စိတ်လှုပ်ရှားနေမှန်း အရမ်းသိသာလွန်းတယ် Don ရယ်။ ငါ့အချစ်ကိုကော မင်းနည်းနည်းလေးတောင် မမြင်ဘူးလား။ မြင်အောင်ကော ကြည့်ခဲ့ဖူးလား။'

"Roshan ငါ သူ့ကိုဖွင့်ပြောမလို့"

Roshan ရင်ထဲ မိုးသည်းကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ....
"အင်း ငါဘာလုပ်ပေးရမှာလဲ။"

"မင်းက အဲ့လိုငါ့ကို အလိုက်အမြဲသိတယ်"

'သိတာပေါ့ ငါချစ်တဲ့မင်းမျက်နှာကို ငါအမြဲကြည့်နေတာလေ' ဆိုပြီး ပြောချင်ပင်မဲ့ အပြင်တွင်တော့ ခြားနားစွာပင်။

"ငါလေ...%×%×%%-#÷-%-"
________________________

ကြီးမားလှသော Hotel ကြီးရှေ့တွင် ကားကိုရပ်လိုက်ပြီး ကားထဲက Bing ကို အပြင်ထွက်ရန် Roshan ကိုယ်တိုင် တံခါးဖွင့်ပေးလာသည်။

Bing လဲ အစ်ကိုလေးက ခေါ်ခိုင်းတယ်ဆိုတာကြောင့်သာလိုက်လာတာ နေရာစိမ်းကြောင့် ကြောက်နေမိသည်။

"လာ...ငါ့အနောက်ကလိုက်ခဲ့။" ဆိုပြီး Roshan က အရှေ့ကသွားလေသည်။ Bing လဲ အနောက်ကနေ လိုက်သွားသည်။

Hotel ရဲ့ လေဟာပြင်ခေါင်မိုးထပ်လဲရောက်ရော Roshan က
"တည့်တည့်လျှောက်သွားလိုက်"

Bing လဲ အူလည်လည်လေးနဲ့ လျှောက်လာလိုက်သည်။ တစ်နေရာရောက်တော့
"Bing...."
ဆိုတဲ့ခေါ်သံကြောင့် ရှာမိတော့ မတွေ့ ။ မီးတွေလင်းနေအောင်ထွန်းထားသော်လဲ Bing ဘယ်သူ့ကိုမှမတွေ့မိ။

လေတွေကလဲတိုက်နေပြီး ကြောက်စိတ်ကြောင့် ကိုယ်တွေတောင်တုန်လာသလိုလို။
"အစ်ကိုလေး ~~~"

"ကိုယ်ရှိတယ်။"

အသံလာရာအနောက်ကိုလှည့်ကြည့်လိုက်တော့ အစ်ကိုလေး ပင်။ ချက်ချင်းဆိုသလို စိတ်ကမထိန်းနိုင်တော့ဘဲ အစ်ကိုလေး ကို ပြေးဖက်မိသည်။

Don မှာ ရယ်ကာ ရင်ခွင်ထဲဝင်လာသောကောင်‌ေလးကို ဆံနွယ်လေးတွေကို ဆွဲဖွလိုက်သည်။
"ကြောက်နေတာလား။"
"အင်း"

ခေါင်းလေးပါငြိမ့်ပြီးပြောလာတာကြောင့် Don လဲ ပြုံးလိုက်ကာ
"ကိုယ်ရှိနေပြီ မကြောက်နဲ့နော် baby"

မျက်ဝန်းဝိုင်းလေးတွေနဲ့ပြန်ကြည့်လာတာကြောင့် Don အသည်းယားကာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
ရှက်သွားသူလေးမှာ မိမိ ဖက်ထားတာကိုလွှတ်ပြီး တစ်ဖက်သို့ လှည့်သွားလေသည်။

"ဒီဘက်လှည့်ဦး baby"
Baby ဆိုတဲ့ အသုံးကို မရင်းနှီးသော်လဲ Bing လှည့်ကြည့်လိုက်တော့ လက်ထဲတွင်ပန်းစည်းတစ်ခုကိုကမ်းပေးလာသော Don...

"Baby ကို ကိုယ်အရမ်းချစ်တယ်။ ကိုယ့်ကိုကော Baby ပြန်ချစ်ပေးပါနော်။"
အံ့သြလွန်းလို့ Bing ဘာမှမပြောနိုင်ဘဲ ပါးစပ်အဟောင်းသားလေးဖြစ်သွားသည်။

မျှော်လင့်တကြီးကြည့်နေသော အစ်ကိုလေးကြောင့်
"ဟုတ်ကဲ့" ဆိုကာ ပန်းစည်းလေးကို လှမ်းယူလိုက်လေသည်။

"တကယ်နော်...ကိုယ့်ကိုကြည့်ပြီး ပြောပါကွာနော်။"
"ဟုတ် အစ်ကိုလေးကို ချစ်တယ်"

Don ပျော်သွားကာ Bing ကို တင်းကြပ်နေအောင် ဖက်လိုက်မိသည်။ နှစ်ဦးသားမျက်နှာထက်တွင်လဲ အပြုံးကိုယ်စီနှင့်.....

အကွယ်တစ်နေရာမှကြည့်နေသော Roshan မှာ ကျဆင်းလာသော မျက်ရည်တွေကို မသုတ်မိဘဲ ထိုအတိုင်းသာ အသံတိတ်ငိုနေမိလေသည်။ အင်းပေါ့လေ ချစ်သူနှစ်ယောက်ပေါင်းစည်းတာပဲ အဓိကက Don စိတ်ချမ်းသာနေသည်လေ။ ဒါဆိုရပြီပေ့ါ...မိမိကတော့ သူပြောသလိုပဲ အရာရာတိုင်ပင်လို့ရတဲ့ သူငယ်ချင်းကောင်း ဆိုတဲ့ နေရာမှာပဲ စည်းတားပြီး နေနေလိုက်သည်။

ဒီမြင်ကွင်းကိုလဲ ကြာကြာမကြည့်နိုင်တော့သောကြောင့် လှည့်ပြန်လာခဲ့တော့သည်။
_____________________

22.4.2022
Khine Lay

ခိုင်လေးလေ ခုတလော စိတ်ဓာတ်တွေပါကျနေပြီး စာတောင်မနည်းရေးနေရတယ်။ ဒါကြောင့်တိုသွားပြန်ပြီ ခွင့်လွှတ်နော်

Zaw

အေသြးအသားခ်င္း နီးစပ္ၿပီးကတည္းက Don တစ္ေယာက္ Bing ကို မ်က္စိေအာက္က အေပ်ာက္မခံနိုင္ျဖစ္ေနေလသည္။

ခုလဲ ဘဲသားဆန္ျပဳတ္ ကို မီးဖိုေခ်ာင္ထဲဝင္ၿပီး ျပဳတ္ေပးေနတာကို အေနာက္ကေန ေရခဲေသတၱာကို မွီရင္းလက္ပိုက္ကာ ၾကည့္ေနေလရဲ႕။

အားလုံးၿပီးသြားေတာ့ အေငြ႕တေထာင္းေထာင္းထေနေသာဆန္ျပဳတ္ကို ေႂကြဇလုံေလးထဲထည့္ကာ
"အစ္ကိုေလး စားလို႔ရၿပီ။ ပူတုန္းေလးစားလိုက္ပါေနာ္။"

Don လဲ ေခါင္းၿငိမ့္ကာ ခုံေပၚတြင္ထိုင္လိုက္ၿပီး တစ္ဇြန္းျမည္းၾကည့္လိုက္ေလသည္။
ပူပူႏြေးႏြေးေလးနဲ႕ အရမ္းကိုအရသာရွိေနေလသည္။

"ႀကိဳက္ရဲ႕လား အစ္ကိုေလး။"
"အင္း....Don က ခ်က္တတ္သားပဲ။"

"ဟုတ္ကဲ့။ အိမ္မွာဆို ကြၽန္ေတာ္က အၿမဲခ်က္ေပးေပးေနရင္းနဲ႕ ခ်က္တတ္သြားတာ။"
'အိမ္' ဆိုတဲ့ စကားေျပာၿပီးေနာက္ တစ္ခုခုကို သတိရသြားၿပီး မ်က္ႏွာေလး ညွိုးသြားေသာ Bing....

ဒါကို Don က သတိထားမိကာ ဆန္ျပဳတ္ကို တစ္ဇြန္းခပ္ၿပီး Bing ပါးစပ္နားေတ့ေပးလိုက္သည္။
Bing က အစက နားမလည္သလိုနဲ႕ေနာက္မွ သေဘာေပါက္သြားကာ
"ဟို..."
"စားပါ...."

ၿပဳံးကာခြံ႕ေနေသာအစ္ကိုေလးေၾကာင့္ Bing လဲ အားနာသြားကာ စားလိုက္ရေလသည္။

"Don...."
အေနာက္က ေခၚသံေၾကာင့္ Don လွည့္ၾကည့္လိုက္ေတာ့ Roshan ပင္။ လက္ထဲတြင္လဲ အိတ္တစ္ခုႏွင့္။

"လာေလ။ ဒီမွာ Bing က ဘဲသားဆန္ျပဳတ္ ခ်က္ေပးထားတာ မင္းပါ ျမည္းၾကည့္ပါလား။"
Bing က အျမန္ပဲ ဆန္ျပဳတ္သြားထည့္ေနေလသည္။

Roshan လဲခုံမွာဝင္ထိုင္လိုက္ကာ
"Don မင္းအတြက္ တူနာ sandwich...."
"ဟုတ္လား....ေက်းဇူးပါကြာ။ ဒါနဲ႕ဘာကိစၥ"

"မင္းကိုဟိုတစ္ေန႕ ငါမူးၿပီးအိမ္ျပန္ေရာက္ကတည္းက မေတြ႕ျဖစ္လို႔လာတာ"
"ေၾသာ္...."

ဆန္ျပဳတ္ေသာက္ေနရင္း အေရွ႕တြင္ထိုင္ေနေသာမိမိဆီကို အၾကည့္မေရာက္ဘဲ ေဘးတြင္ရွိေနေသာ Bing ဆီကိုသာ အၾကည့္ေရာက္ေနေသာ Don ေၾကာင့္ Roshan အသံတိတ္ငိုေနမိသည္။

ငါ့မွာေတာ့ မေတြ႕ရတာၾကာလို႔ မင္းဆီကို လာမိတာ။

အေရွ႕ကႏွစ္ေယာက္ကိုၾကည့္ရင္း သူတို႔ၾကားထဲမွာ တစ္ခုခု ေျပာင္းလဲသြားတာ Roshan သတိထားမိပါသည္။

စားၿပီးတာနဲ႕ Don က ခဏဆိုေသာေၾကာင့္ စာၾကည့္ခန္းထဲ ႏွစ္ေယာက္သား ေရာက္ေနေလသည္။

ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္ရင္း ေျပာဖို႔ ဝန္ေလးေနပုံျဖစ္ေနေသာ Don ကို ၾကည့္ကာ Roshan ကပဲ
"တစ္ခုခုေျပာမလို႔လား။ ေျပာေလ"

"ငါ...ငါေျပာမထြက္ဘူးျဖစ္ေနတယ္။"
"ေျပာစမ္းပါ။"

"ဒီလို ငါနဲ႕ Bing အတူတူေနၿပီးသြားၿပီ"
"ဘာ!!"

ဒီတစ္ခါလန့္သြားသူက Roshan ပင္။
"ေအး....ဟုတ္တယ္။ ငါေလ မင္းျပတဲ့ video ကိုၾကည့္ၿပီးေနာက္ပိုင္း သူ႕ကိုပိုၿပီးပိုင္ဆိုင္ခ်င္လာမိတယ္။ အရင္ထဲက သူ႕အေပၚ စိတ္ယိုင္ေနတာ ငါဝန္ခံပါတယ္။ ခုေတာ့ သူ႕ကိုပိုင္ဆိုင္လာၿပီးေနာက္ပိုင္း ငါေလ မ်က္စိေအာက္ကကို အေပ်ာက္မခံခ်င္ဘူး။ သူ႕ကိုလဲ စိုးရိမ္တတ္လာတယ္။ ငါသူ႕ကို ေတာ္ေတာ္ခ်စ္ေနမိၿပီ Roshan "

Sofa ေပၚမွာ ေျခပစ္လက္ပစ္ လွဲခ်ကာ ေတြးေတြးစစေျပာေနျပန္သည္။

Roshan မွာ ထိုစကားေတြကိုၾကားၿပီး ရင္ဘက္ထဲက စူးေအာင့္ကာ နာက်င္လာမိသည္။ မိမိခ်စ္ရတဲ့သူက မိမိေရွ႕တြင္ အျခားသူတစ္ေယာက္ကို ဘယ္ေလာက္ခ်စ္ေၾကာင္းေျပာေနတာ ဘယ္သူကေကာ ေအးေအးေဆးေဆး နားေထာင္နိုင္မွာလဲ။

"သူကေကာ"
"ငါမသိဘူး။ အမွန္ေျပာရရင္ အဲ့ေန႕ညက သူအေတာ္ေလး႐ုန္းမယ္ထင္တာ။ အစက သူကလက္မခံဘူး ေနာက္ေတာ့မွ လက္ခံလာတာ။ ငါသိခ်င္တာကကြာ သူေကာငါ့ကို ခ်စ္ေနမလားလို႔"

တတ္တတ္ႂကြႂကြေျပာေနေသာ Don ကိုၾကည့္ကာ Roshan အားတင္းရင္းၿပဳံးလိုက္မိသည္။
"ဒါေတာ့ ငါဘယ္သိမလဲ သူ႕ကိုေမးၾကည့္ေပါ့"
"ေအး ငါဘယ္လိုေမးရမလဲလို႔။ ငါတို႔က အတူသာေနၿပီးတာ သူ႕ေရွ႕မွာ ငါသူ႕ကိုခ်စ္တဲ့အေၾကာင္းတရားဝင္ဖြင့္မေျပာရေသးဘူး။"

'ေျပာေနပုံက စိတ္လႈပ္ရွားေနမွန္း အရမ္းသိသာလြန္းတယ္ Don ရယ္။ ငါ့အခ်စ္ကိုေကာ မင္းနည္းနည္းေလးေတာင္ မျမင္ဘူးလား။ ျမင္ေအာင္ေကာ ၾကည့္ခဲ့ဖူးလား။'

"Roshan ငါ သူ႕ကိုဖြင့္ေျပာမလို႔"

Roshan ရင္ထဲ မိုးသည္းႀကီးမွာ မိုးႀကိဳးပစ္ခံလိုက္ရသလိုပဲ....
"အင္း ငါဘာလုပ္ေပးရမွာလဲ။"

"မင္းက အဲ့လိုငါ့ကို အလိုက္အၿမဲသိတယ္"

'သိတာေပါ့ ငါခ်စ္တဲ့မင္းမ်က္ႏွာကို ငါအၿမဲၾကည့္ေနတာေလ' ဆိုၿပီး ေျပာခ်င္ပင္မဲ့ အျပင္တြင္ေတာ့ ျခားနားစြာပင္။

"ငါေလ...%×%×%%-#÷-%-"
________________________

ႀကီးမားလွေသာ Hotel ႀကီးေရွ႕တြင္ ကားကိုရပ္လိုက္ၿပီး ကားထဲက Bing ကို အျပင္ထြက္ရန္ Roshan ကိုယ္တိုင္ တံခါးဖြင့္ေပးလာသည္။

Bing လဲ အစ္ကိုေလးက ေခၚခိုင္းတယ္ဆိုတာေၾကာင့္သာလိုက္လာတာ ေနရာစိမ္းေၾကာင့္ ေၾကာက္ေနမိသည္။

"လာ...ငါ့အေနာက္ကလိုက္ခဲ့။" ဆိုၿပီး Roshan က အေရွ႕ကသြားေလသည္။ Bing လဲ အေနာက္ကေန လိုက္သြားသည္။

Hotel ရဲ႕ ေလဟာျပင္ေခါင္မိုးထပ္လဲေရာက္ေရာ Roshan က
"တည့္တည့္ေလွ်ာက္သြားလိုက္"

Bing လဲ အူလည္လည္ေလးနဲ႕ ေလွ်ာက္လာလိုက္သည္။ တစ္ေနရာေရာက္ေတာ့
"Bing...."
ဆိုတဲ့ေခၚသံေၾကာင့္ ရွာမိေတာ့ မေတြ႕ ။ မီးေတြလင္းေနေအာင္ထြန္းထားေသာ္လဲ Bing ဘယ္သူ႕ကိုမွမေတြ႕မိ။

ေလေတြကလဲတိုက္ေနၿပီး ေၾကာက္စိတ္ေၾကာင့္ ကိုယ္ေတြေတာင္တုန္လာသလိုလို။
"အစ္ကိုေလး ~~~"

"ကိုယ္ရွိတယ္။"

အသံလာရာအေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ အစ္ကိုေလး ပင္။ ခ်က္ခ်င္းဆိုသလို စိတ္ကမထိန္းနိုင္ေတာ့ဘဲ အစ္ကိုေလး ကို ေျပးဖက္မိသည္။

Don မွာ ရယ္ကာ ရင္ခြင္ထဲဝင္လာေသာေကာင္‌ေလးကို ဆံႏြယ္ေလးေတြကို ဆြဲဖြလိုက္သည္။
"ေၾကာက္ေနတာလား။"
"အင္း"

ေခါင္းေလးပါၿငိမ့္ၿပီးေျပာလာတာေၾကာင့္ Don လဲ ၿပဳံးလိုက္ကာ
"ကိုယ္ရွိေနၿပီ မေၾကာက္နဲ႕ေနာ္ baby"

မ်က္ဝန္းဝိုင္းေလးေတြနဲ႕ျပန္ၾကည့္လာတာေၾကာင့္ Don အသည္းယားကာ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္။
ရွက္သြားသူေလးမွာ မိမိ ဖက္ထားတာကိုလႊတ္ၿပီး တစ္ဖက္သို႔ လွည့္သြားေလသည္။

"ဒီဘက္လွည့္ဦး baby"
Baby ဆိုတဲ့ အသုံးကို မရင္းႏွီးေသာ္လဲ Bing လွည့္ၾကည့္လိုက္ေတာ့ လက္ထဲတြင္ပန္းစည္းတစ္ခုကိုကမ္းေပးလာေသာ Don...

"Baby ကို ကိုယ္အရမ္းခ်စ္တယ္။ ကိုယ့္ကိုေကာ Baby ျပန္ခ်စ္ေပးပါေနာ္။"
အံ့ၾသလြန္းလို႔ Bing ဘာမွမေျပာနိုင္ဘဲ ပါးစပ္အေဟာင္းသားေလးျဖစ္သြားသည္။

ေမွ်ာ္လင့္တႀကီးၾကည့္ေနေသာ အစ္ကိုေလးေၾကာင့္
"ဟုတ္ကဲ့" ဆိုကာ ပန္းစည္းေလးကို လွမ္းယူလိုက္ေလသည္။

"တကယ္ေနာ္...ကိုယ့္ကိုၾကည့္ၿပီး ေျပာပါကြာေနာ္။"
"ဟုတ္ အစ္ကိုေလးကို ခ်စ္တယ္"

Don ေပ်ာ္သြားကာ Bing ကို တင္းၾကပ္ေနေအာင္ ဖက္လိုက္မိသည္။ ႏွစ္ဦးသားမ်က္ႏွာထက္တြင္လဲ အၿပဳံးကိုယ္စီႏွင့္.....

အကြယ္တစ္ေနရာမွၾကည့္ေနေသာ Roshan မွာ က်ဆင္းလာေသာ မ်က္ရည္ေတြကို မသုတ္မိဘဲ ထိုအတိုင္းသာ အသံတိတ္ငိုေနမိေလသည္။ အင္းေပါ့ေလ ခ်စ္သူႏွစ္ေယာက္ေပါင္းစည္းတာပဲ အဓိကက Don စိတ္ခ်မ္းသာေနသည္ေလ။ ဒါဆိုရၿပီေပ့ါ...မိမိကေတာ့ သူေျပာသလိုပဲ အရာရာတိုင္ပင္လို႔ရတဲ့ သူငယ္ခ်င္းေကာင္း ဆိုတဲ့ ေနရာမွာပဲ စည္းတားၿပီး ေနေနလိုက္သည္။

ဒီျမင္ကြင္းကိုလဲ ၾကာၾကာမၾကည့္နိုင္ေတာ့ေသာေၾကာင့္ လွည့္ျပန္လာခဲ့ေတာ့သည္။
_____________________

22.4.2022
Khine Lay

ခိုင္ေလးေလ ခုတေလာ စိတ္ဓာတ္ေတြပါက်ေနၿပီး စာေတာင္မနည္းေရးေနရတယ္။ ဒါေၾကာင့္တိုသြားျပန္ၿပီ ခြင့္လႊတ္ေနာ္

Continue Reading

You'll Also Like

36.8K 1.3K 32
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
30.5K 454 18
Kuroko is a boy from Teiko junior high, he decided to join Seirin after some drama with the GoM, you see, Teiko's priority was to win, everything els...
558K 34.3K 88
THE BILLIONAIRE'S MARRIAGE SERIES #Book1 :- YOURS BY CHANCE - THE BILLIONAIRE'S OBSESSION {ongoing} I love him but maybe love wasn't enough...!! I t...
30.6K 1.7K 19
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...