Near the love (Complete)

By KhineLay443

51.7K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 26
Near the love 27
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the love 25

757 47 5
By KhineLay443

Uni

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်း ငိုချင်စိတ်ကို တင်းခံနေမိသည်။ နောက်ဆုံးတော့ ကိုယ်ကပဲ သူစိတ်ချမ်းသာအောင် နောက်ဆုတ်ပေးခဲ့ရသည်။

ကိုယ့်ရဲ့ငြင်းဆိုမှုကြောင့် ပြုံးသွားသူ့မျက်နှာကို မြင်ခဲ့ပင်မဲ့ သူကတော့ သူ့ကိုယ်သူတောင် သတိထားမိပါရဲ့လား။
.
.
.
"အစ်ကိုလေး...." ကုတင်ပေါ်တွင် game အဆော့မပျက်သော သူကတော့ ကြားပုံမပေါ်....

ရေအိမ်သွားချင်သောကြောင့် ခေါ်ရခြင်းဖြစ်သည်။ ဟိုတစ်ခါက သူ့ကိုမခေါ်ပဲ သွားလိုက်တာ ချော်ကျမလိုဖြစ်သေးသည်။ ထိခိုက်သွားတာ မဟုတ်ပင်မဲ့ အစ်ကိုလေး ထိုနေ့က မိမိကို တော်တော်စိတ်ဆိုးသွားလေသည်။ ဒါကြောင့် သူ့အမိန့်အတိုင်း ခေါ်နေရခြင်းဖြစ်သည်။

"အစ်..ကိုလေး..."
တုန်ယင်နေပုံပေါ်သော ခေါ်သံကြောင့် Don မော့ကြည့်လိုက်တော့ တစ်ခုခုကို သည်းခံနေပုံပေါ်‌ေနသော Bing...

"ဘာဖြစ်လို့လဲ။"
"ကျွန်တော် အပေါ့..."
ခုမှ သဘောပေါက်သွားကာ Don လဲအမြန်ထပြီး တွဲကူတော့သည်။

ခြေထောက်က သက်သာပင်မဲ့ လိုတာထက်ပိုတွဲနေသော အစ်ကိုလေးကြောင့် Bing လဲ အနေခက်နေသည်။

ရေအိမ်သွားပြီးတာနဲ့ ပြန်လာပြန်တော့လဲ တွဲကူနေပြန်သော အစ်ကိုလေး...

"အ့"
တွဲချင်စိတ်သာများနေသော Don မှာ ကုတင်းဇောင်းနဲ့ ခြေဖျားတွေ မိတ်ဆက်ကာ ကုတင်ပေါ်သို့ ပြုတ်ကျသွားသည်။ တွဲထားတဲ့အရှိန်ကြောင့် Bing လဲ Don ကိုယ်ပေါ်သို့ ထပ်ရပ်ပြုတ်ကျသွားသည်။

လှည့်လိုက်သော ခန္ဓာကိုယ်ကြောင့် Don က ပက်လက်ပြုတ်ကျပြီး Bing က သူ့အပေါ်သို့ ပြုတ်ကျလာသည်။

ထပ်လျှက်ဖြစ်နေသော ခန္ဓာကိုယ်နှစ်ခုက စည်းချက်မမှန်သော နှလုံးခုန်သံများကို ရင်ဘက်ချင်းထိနေရင်းမှ တစ်ဖက်သူက အတိုင်းသားခံစားမိနေသလို။

နှုတ်ခမ်းသားနှစ်ခုလုံးက ဂဟေဆက်ထားသည်ပမာ ထိကပ်နေလေသည်။
နူးညံ့အိစက်သော နှုတ်ခမ်းသားလေးကို Don ခံစားမိနေသည်။

အသိစိတ်အရင်ကပ်သွားသော Bing မှာ Don ရင်ဘက်ကို အားကုန်သုံးကာ တွန်းလိုက်လေသည်။

Don မှာ ကြောင်တောင်တောင်နဲ့ မတ်တပ်ကလေးရပ်နေမိသည်။ Bing မှာတော့ စောင်ကိုခေါင်းမှီးခြုံကာ တစ်ဖက်သို့ လှည့်အိပ်သွားတော့သည်။

Don လဲ တစ်ဖက်မှာ ဝင်လှဲကာ ခုန်နေသော ရင်ဘက်အစုံကိုဖိရင်း အသက်မှန်မှန်ရှူနေရလေသည်။

ဒီလောက်အိစက်နူးညံ့လှသော နှုတ်ခမ်းသားလေးကို ထက်မံထိကပ်ချင်စိတ်ပေါ်လာသော Don မှာစိတ်ကို မနည်းချုပ်တည်းနေရလေသည်။

ဒီလိုနဲ့ ညတာကို ရှည်ရှည်ဖြတ်ကျော်ရတော့သည်...

တစ်ဖက်ခန်းကကောင်လေးမှာ တံခါးအကွယ်ကနေ မျက်ရည်များစွာကျရင်း ခွေကျသွားသည်။ မတ်တပ်ရပ်ဖို့တောင် အင်းအားမရှိတော့ဘူး......
____________________

တိတ်ဆိတ်လှသော မနက်စာဝိုင်းကြောင့် အိမ်အကူတွေလဲ စားစရာပန်းကန်တွေအမြန်ချကာ ထွက်သွားတော့သည်။

တစ်ယောက်မျက်နှာလဲတစ်ယောက်မကြည့်ဘဲ အစားသာငုတ်စားနေလေသည်။

မျက်လုံးတွေမို့အစ်နေသော Roshan ကိုလဲ ကျန်နှစ်ယောက်က သတိမထားမိ။
စားသောက်ပြီးတာနဲ့ Roshan လဲ လွယ်အိတ်ကိုလွယ်ကာ ထထွက်သွားတော့မှ

"Roshan ကျောင်းသွားတော့မှာလား" ခုမှမေးဖော်ရသော Don ကြောင့် Roshan ပြုံးလိုက်ကာ
"အင်း စာမေးပွဲနီးနေပြီလေ ကျောင်းမှာ အချိန်ဇယားတွေလဲ ပိုကြပ်လာပြီ။ မင်းလဲ ကျောင်းလာတတ်ဦး။ ဘယ်သူမှမပြောဘူးဆိုပြီး မနေနဲ့။"

မမာမတင်းလွန်းသော Roshan စကားကို Don လဲခေါင်းညိမ့်ကာ
"ငါ ဒီနေ့တတ်မယ်။ ခဏစောင့် အဝတ်အစားလဲပြီးလာမယ်။" ဆိုကာ အပေါ်ထပ်သို့ ပြေးတတ်သွားလေသည်။

ဒီတော့မှ Bing လဲ ထကာ ပန်းကန်တွေသိမ်းတော့သည်။
Roshan လဲ မကြည့်ချင်တော့တာကြောင့် ကားပေါ်တွင်သာ ထိုင်စောင့်နေလိုက်သည်။
.
.
.
Bing အား ရင်မဆိုင်ရဲလို့သာ ကျောင်းကိုလိုက်လာခဲ့လေသည်။ ခြေထောက်က သက်သာနေပင်မဲ့ Don စိတ်မချနိုင်သေးပါ။

မနေ့ညက ရင်ဘက်ထဲလဲ နှလုံးခုန်မြန်တာ ရိပ်စားမိပါသည်။ အရင်က လူတွေနဲ့ အရောတဝင်မရှိခဲ့ဖူးသော မိမိမှာ ဒီကောင်လေးနဲ့ကျမှ ခံစားချက်တွေအမျိုးမျိုးဖြစ်လာတာ  တရင်းတနှီးနေမိလို့များလား။

ဒါဆို Roshan ကျတော့ကော ဘယ်လောက်ပဲ နီးကပ်နေပါစေ ဒီလိုခံစားချက်မဖြစ်ပေါ်လာဖူးဘူး။
Roshan ကိုကြည့်လိုက်တော့ စာသာကုန်းရေးနေလေသည်။

ချက်ချင်းဆိုသလို Don အကြံတစ်ခုရသွားကာ ထထွက်သွားလိုက်သည်။

ခဏအကြာ Roshan ဆီကို message ပို့လိုက်လေသည်။
.
.

ကျောင်းအနောက်ဘက်ဂိုထောင်က လူအရောက်နည်းတာကြောင့်တိတ်ဆိတ်နေလေသည်။ မလိုအပ်တော့တဲ့ပစ္စည်းတွေကို လာရောက်သိမ်းထားတတ်တာကြောင့် ဂိုထောင်က ပစ္စည်းတွေနဲ့ ပြည့်နေလေသည်။

Message ရရခြင်း Roshan လဲ ချိန်းလိုက်တဲ့နေရာကိုရောက်လာကာ လှည့်ပတ်ရှာကြည့်တော့ တွေ့ပါပြီ ခေါင်းငိုက်စိုက်နှင့် ထိုင်နေသော Don..

Roshan လဲ အနားသို့သွားကာ
"Don ဘာကိစ္စလဲ ငါ့ကိုခေါ်တာ"
"ငါအတည်ပြုစရာလေးရှိလို့" ဆိုပြီး လည်ပင်းကိုကိုင်ကာ နီးကပ်လာသောနှုတ်ခမ်း။

ရုတ်တရက် ကြောင့် လူက သူဆွဲရာသို့ပါသွားကာ နီးကပ်လာသော မျက်နှာကြောင့် Roshan ကြောင်အသွားလေသည်။

Bing နှုတ်ခမ်းတုန်းကလို မထိကပ်ပင်မဲ့ နှလုံးခုန်သံကမတူ ယောက်ျားချင်းမို့ မနမ်းချင်သော ခံစားချက်သာ။

မထိကပ်ပဲ ပြန်ခွာလိုက်သောကြောင့် Roshan တစ်မျိုးဖြစ်သွားသည်။
"Sorry Roshan ငါ နောက်ကြည့်တာပါ။"
ဆိုကာ ဂိုထောင်အပြင်သို့ ပြေးထွက်သွားလေသည်။

Roshan လဲ ထွက်သွားသောကျောပြင်အားကြည့်ကာ မဲ့ပြုံးပြုံးလိုက်ရင်း
"ဟက်....ငါ့ကို စမ်းသပ်ဖို့သုံးခဲ့တာပဲ။ ဒါကိုငါက ရင်ခုန်နေလိုက်သေး....မင်းတော်တော်အရှက်မရှိတာပဲ Roshan" ဆိုကာ ရင်ဘက်ကို တဘုန်းဘုန်းထုရိုက်နေမိသည်။

ချစ်ရသူ၏ စမ်းသပ်ခံပုံစံတဲ့လား သိပ်ရယ်စရာများကောင်းသွားလား။
________________

နှစ်ရက် ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ Bing Don ကို ရှောင်နေတာ။
Don ကိုယ်တိုင်လဲ မျက်နှာချင်းဆိုင်ဖို့မရဲသေး။

ခြံထဲမှာ ပန်းအိုးတွေကို ရွေ့လိုက် ပန်းပင်တွေရေလောင်းလိုက်နဲ့ အလုပ်ရှုပ်နေသော Bing ကို ဝရန်တာမှ Don  ထိုင်ကြည့်နေလေသည်။

ခုလိုပဲ အဝေးကနေကြည့်ရင်း Don တွေးတွေးနေမိသည်။ ထိုနေ့ညက မိမိတို့ရဲ့အဖြစ်က မိမိကို အမည်မသိသော နှလုံးခုန်သံတစ်ခု ဖြစ်ပွားစေခဲ့သည်လေ။

သေချာတွေးလိုက်တိုင်း အဖြေတစ်ခုထွက်လာသော်လဲ ထိုအဖြေကို လက်မခံရဲ.....

အရင်က မိမိကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြခဲ့သော အပြုံးတွေ မိန်းကလေးတွေထက်လှသော မျက်လုံးလေးတွေ ဖူးရောင်ရောင်ဖြစ်နေသော နှုတ်ခမ်းလေးတွေ ဒါတွေကိုတွေးလိုက်တိုင်း အရမ်းကိုသဘောကျနေမိသည်။

'ခွမ်း...'
အသံလာရာကြည့်လိုက်တော့ ပန်းအိုးကွဲစတွေဘေးနား ထိုင်ရက်ကျနေသော Bing

စိုးရိမ်စိတ်ကြောင့် ခြံထဲသို့ပြေးဆင်းသွားမိကာ ထိုကောင်လေးဘေးနားရောက်သွားသည်။
"ဘာဖြစ်သွားသေးလဲ ပြစမ်း" Don ရဲ့ ဒေါသဖြစ်နေသောအသံကြောင့် လက်ဖဝါးလေးကိုဖြန့်ပြလာသည်။

ဖြူဥဥလက်ဖဝါးလေးက ရဲနေတာကလွဲပြီး ကျန်တာ ဘာမှမဖြစ်လို့တော်သေး။
"ထ ဘာမှလုပ်မနေနဲ့တော့ အထဲသွားမယ်။"
"ဟို...လေ အစ်ကိုလေး"

ငြင်းရန်ပြင်နေသောကြောင့် Don လဲ ပိတ်ဟောက်လိုက်သည်။
"မငြင်းနဲ့ ငြင်းရင် မင်းကို အသေနမ်းပြီး ချုပ်ထားလိုက်မယ်။"

ဒီလိုပြောလိုက်တော့ ငြိမ်ကာ အနောက်ကနေလိုက်လာရှာသည်။ တုန်ရင်နေသော လက်ကလေးကြောင့် မိမိပြောတာကိုကြောက်သွားပုံပင်။

_______________

13.4.2022
Khine Lay

နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
အိမ်ထဲမှာနေရင်း ဖတ်လို့ရအောင် up ပေးလိုက်ပါတယ်.....အပြင်မထွက်ကြနဲ့နော်။

Zaw

ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္ရင္း ငိုခ်င္စိတ္ကို တင္းခံေနမိသည္။ ေနာက္ဆုံးေတာ့ ကိုယ္ကပဲ သူစိတ္ခ်မ္းသာေအာင္ ေနာက္ဆုတ္ေပးခဲ့ရသည္။

ကိုယ့္ရဲ႕ျငင္းဆိုမႈေၾကာင့္ ၿပဳံးသြားသူ႕မ်က္ႏွာကို ျမင္ခဲ့ပင္မဲ့ သူကေတာ့ သူ႕ကိုယ္သူေတာင္ သတိထားမိပါရဲ႕လား။
.
.
.
"အစ္ကိုေလး...." ကုတင္ေပၚတြင္ game အေဆာ့မပ်က္ေသာ သူကေတာ့ ၾကားပုံမေပၚ....

ေရအိမ္သြားခ်င္ေသာေၾကာင့္ ေခၚရျခင္းျဖစ္သည္။ ဟိုတစ္ခါက သူ႕ကိုမေခၚပဲ သြားလိုက္တာ ေခ်ာ္က်မလိုျဖစ္ေသးသည္။ ထိခိုက္သြားတာ မဟုတ္ပင္မဲ့ အစ္ကိုေလး ထိုေန႕က မိမိကို ေတာ္ေတာ္စိတ္ဆိုးသြားေလသည္။ ဒါေၾကာင့္ သူ႕အမိန့္အတိုင္း ေခၚေနရျခင္းျဖစ္သည္။

"အစ္..ကိုေလး..."
တုန္ယင္ေနပုံေပၚေသာ ေခၚသံေၾကာင့္ Don ေမာ့ၾကည့္လိုက္ေတာ့ တစ္ခုခုကို သည္းခံေနပုံေပၚ‌ေနေသာ Bing...

"ဘာျဖစ္လို႔လဲ။"
"ကြၽန္ေတာ္ အေပါ့..."
ခုမွ သေဘာေပါက္သြားကာ Don လဲအျမန္ထၿပီး တြဲကူေတာ့သည္။

ေျခေထာက္က သက္သာပင္မဲ့ လိုတာထက္ပိုတြဲေနေသာ အစ္ကိုေလးေၾကာင့္ Bing လဲ အေနခက္ေနသည္။

ေရအိမ္သြားၿပီးတာနဲ႕ ျပန္လာျပန္ေတာ့လဲ တြဲကူေနျပန္ေသာ အစ္ကိုေလး...

"အ့"
တြဲခ်င္စိတ္သာမ်ားေနေသာ Don မွာ ကုတင္းေဇာင္းနဲ႕ ေျခဖ်ားေတြ မိတ္ဆက္ကာ ကုတင္ေပၚသို႔ ျပဳတ္က်သြားသည္။ တြဲထားတဲ့အရွိန္ေၾကာင့္ Bing လဲ Don ကိုယ္ေပၚသို႔ ထပ္ရပ္ျပဳတ္က်သြားသည္။

လွည့္လိုက္ေသာ ခႏၶာကိုယ္ေၾကာင့္ Don က ပက္လက္ျပဳတ္က်ၿပီး Bing က သူ႕အေပၚသို႔ ျပဳတ္က်လာသည္။

ထပ္လွ်က္ျဖစ္ေနေသာ ခႏၶာကိုယ္ႏွစ္ခုက စည္းခ်က္မမွန္ေသာ ႏွလုံးခုန္သံမ်ားကို ရင္ဘက္ခ်င္းထိေနရင္းမွ တစ္ဖက္သူက အတိုင္းသားခံစားမိေနသလို။

ႏႈတ္ခမ္းသားႏွစ္ခုလုံးက ဂေဟဆက္ထားသည္ပမာ ထိကပ္ေနေလသည္။
ႏူးညံ့အိစက္ေသာ ႏႈတ္ခမ္းသားေလးကို Don ခံစားမိေနသည္။

အသိစိတ္အရင္ကပ္သြားေသာ Bing မွာ Don ရင္ဘက္ကို အားကုန္သုံးကာ တြန္းလိုက္ေလသည္။

Don မွာ ေၾကာင္ေတာင္ေတာင္နဲ႕ မတ္တပ္ကေလးရပ္ေနမိသည္။ Bing မွာေတာ့ ေစာင္ကိုေခါင္းမွီးၿခဳံကာ တစ္ဖက္သို႔ လွည့္အိပ္သြားေတာ့သည္။

Don လဲ တစ္ဖက္မွာ ဝင္လွဲကာ ခုန္ေနေသာ ရင္ဘက္အစုံကိုဖိရင္း အသက္မွန္မွန္ရႉေနရေလသည္။

ဒီေလာက္အိစက္ႏူးညံ့လွေသာ ႏႈတ္ခမ္းသားေလးကို ထက္မံထိကပ္ခ်င္စိတ္ေပၚလာေသာ Don မွာစိတ္ကို မနည္းခ်ဳပ္တည္းေနရေလသည္။

ဒီလိုနဲ႕ ညတာကို ရွည္ရွည္ျဖတ္ေက်ာ္ရေတာ့သည္...

တစ္ဖက္ခန္းကေကာင္ေလးမွာ တံခါးအကြယ္ကေန မ်က္ရည္မ်ားစြာက်ရင္း ေခြက်သြားသည္။ မတ္တပ္ရပ္ဖို႔ေတာင္ အင္းအားမရွိေတာ့ဘူး......
____________________

တိတ္ဆိတ္လွေသာ မနက္စာဝိုင္းေၾကာင့္ အိမ္အကူေတြလဲ စားစရာပန္းကန္ေတြအျမန္ခ်ကာ ထြက္သြားေတာ့သည္။

တစ္ေယာက္မ်က္ႏွာလဲတစ္ေယာက္မၾကည့္ဘဲ အစားသာငုတ္စားေနေလသည္။

မ်က္လုံးေတြမို႔အစ္ေနေသာ Roshan ကိုလဲ က်န္ႏွစ္ေယာက္က သတိမထားမိ။
စားေသာက္ၿပီးတာနဲ႕ Roshan လဲ လြယ္အိတ္ကိုလြယ္ကာ ထထြက္သြားေတာ့မွ

"Roshan ေက်ာင္းသြားေတာ့မွာလား" ခုမွေမးေဖာ္ရေသာ Don ေၾကာင့္ Roshan ၿပဳံးလိုက္ကာ
"အင္း စာေမးပြဲနီးေနၿပီေလ ေက်ာင္းမွာ အခ်ိန္ဇယားေတြလဲ ပိုၾကပ္လာၿပီ။ မင္းလဲ ေက်ာင္းလာတတ္ဦး။ ဘယ္သူမွမေျပာဘူးဆိုၿပီး မေနနဲ႕။"

မမာမတင္းလြန္းေသာ Roshan စကားကို Don လဲေခါင္းညိမ့္ကာ
"ငါ ဒီေန႕တတ္မယ္။ ခဏေစာင့္ အဝတ္အစားလဲၿပီးလာမယ္။" ဆိုကာ အေပၚထပ္သို႔ ေျပးတတ္သြားေလသည္။

ဒီေတာ့မွ Bing လဲ ထကာ ပန္းကန္ေတြသိမ္းေတာ့သည္။
Roshan လဲ မၾကည့္ခ်င္ေတာ့တာေၾကာင့္ ကားေပၚတြင္သာ ထိုင္ေစာင့္ေနလိုက္သည္။
.
.
.
Bing အား ရင္မဆိုင္ရဲလို႔သာ ေက်ာင္းကိုလိုက္လာခဲ့ေလသည္။ ေျခေထာက္က သက္သာေနပင္မဲ့ Don စိတ္မခ်နိဳင္ေသးပါ။

မေန႕ညက ရင္ဘက္ထဲလဲ ႏွလုံးခုန္ျမန္တာ ရိပ္စားမိပါသည္။ အရင္က လူေတြနဲ႕ အေရာတဝင္မရွိခဲ့ဖူးေသာ မိမိမွာ ဒီေကာင္ေလးနဲ႕က်မွ ခံစားခ်က္ေတြအမ်ိဳးမ်ိဳးျဖစ္လာတာ  တရင္းတႏွီးေနမိလို႔မ်ားလား။

ဒါဆို Roshan က်ေတာ့ေကာ ဘယ္ေလာက္ပဲ နီးကပ္ေနပါေစ ဒီလိုခံစားခ်က္မျဖစ္ေပၚလာဖူးဘူး။
Roshan ကိုၾကည့္လိုက္ေတာ့ စာသာကုန္းေရးေနေလသည္။

ခ်က္ခ်င္းဆိုသလို Don အႀကံတစ္ခုရသြားကာ ထထြက္သြားလိုက္သည္။

ခဏအၾကာ Roshan ဆီကို message ပို႔လိုက္ေလသည္။
.
.

ေက်ာင္းအေနာက္ဘက္ဂိုေထာင္က လူအေရာက္နည္းတာေၾကာင့္တိတ္ဆိတ္ေနေလသည္။ မလိုအပ္ေတာ့တဲ့ပစၥည္းေတြကို လာေရာက္သိမ္းထားတတ္တာေၾကာင့္ ဂိုေထာင္က ပစၥည္းေတြနဲ႕ ျပည့္ေနေလသည္။

Message ရရျခင္း Roshan လဲ ခ်ိန္းလိုက္တဲ့ေနရာကိုေရာက္လာကာ လွည့္ပတ္ရွာၾကည့္ေတာ့ ေတြ႕ပါၿပီ ေခါင္းငိုက္စိုက္ႏွင့္ ထိုင္ေနေသာ Don..

Roshan လဲ အနားသို႔သြားကာ
"Don ဘာကိစၥလဲ ငါ့ကိုေခၚတာ"
"ငါအတည္ျပဳစရာေလးရွိလို႔" ဆိုၿပီး လည္ပင္းကိုကိုင္ကာ နီးကပ္လာေသာႏႈတ္ခမ္း။

႐ုတ္တရက္ ေၾကာင့္ လူက သူဆြဲရာသို႔ပါသြားကာ နီးကပ္လာေသာ မ်က္ႏွာေၾကာင့္ Roshan ေၾကာင္အသြားေလသည္။

Bing ႏႈတ္ခမ္းတုန္းကလို မထိကပ္ပင္မဲ့ ႏွလုံးခုန္သံကမတူ ေယာက္်ားခ်င္းမို႔ မနမ္းခ်င္ေသာ ခံစားခ်က္သာ။

မထိကပ္ပဲ ျပန္ခြာလိုက္ေသာေၾကာင့္ Roshan တစ္မ်ိဳးျဖစ္သြားသည္။
"Sorry Roshan ငါ ေနာက္ၾကည့္တာပါ။"
ဆိုကာ ဂိုေထာင္အျပင္သို႔ ေျပးထြက္သြားေလသည္။

Roshan လဲ ထြက္သြားေသာေက်ာျပင္အားၾကည့္ကာ မဲ့ၿပဳံးၿပဳံးလိုက္ရင္း
"ဟက္....ငါ့ကို စမ္းသပ္ဖို႔သုံးခဲ့တာပဲ။ ဒါကိုငါက ရင္ခုန္ေနလိုက္ေသး....မင္းေတာ္ေတာ္အရွက္မရွိတာပဲ Roshan" ဆိုကာ ရင္ဘက္ကို တဘုန္းဘုန္းထုရိုက္ေနမိသည္။

ခ်စ္ရသူ၏ စမ္းသပ္ခံပုံစံတဲ့လား သိပ္ရယ္စရာမ်ားေကာင္းသြားလား။
________________

ႏွစ္ရက္ ဒီေန႕နဲ႕ဆို ႏွစ္ရက္ရွိၿပီ Bing Don ကို ေရွာင္ေနတာ။
Don ကိုယ္တိုင္လဲ မ်က္ႏွာခ်င္းဆိုင္ဖို႔မရဲေသး။

ၿခံထဲမွာ ပန္းအိုးေတြကို ေ႐ြ႕လိုက္ ပန္းပင္ေတြေရေလာင္းလိုက္နဲ႕ အလုပ္ရႈပ္ေနေသာ Bing ကို ဝရန္တာမွ Don  ထိုင္ၾကည့္ေနေလသည္။

ခုလိုပဲ အေဝးကေနၾကည့္ရင္း Don ေတြးေတြးေနမိသည္။ ထိုေန႕ညက မိမိတို႔ရဲ႕အျဖစ္က မိမိကို အမည္မသိေသာ ႏွလုံးခုန္သံတစ္ခု ျဖစ္ပြားေစခဲ့သည္ေလ။

ေသခ်ာေတြးလိုက္တိုင္း အေျဖတစ္ခုထြက္လာေသာ္လဲ ထိုအေျဖကို လက္မခံရဲ.....

အရင္က မိမိကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးျပခဲ့ေသာ အၿပဳံးေတြ မိန္းကေလးေတြထက္လွေသာ မ်က္လုံးေလးေတြ ဖူးေရာင္ေရာင္ျဖစ္ေနေသာ ႏႈတ္ခမ္းေလးေတြ ဒါေတြကိုေတြးလိုက္တိုင္း အရမ္းကိုသေဘာက်ေနမိသည္။

'ခြမ္း...'
အသံလာရာၾကည့္လိုက္ေတာ့ ပန္းအိုးကြဲစေတြေဘးနား ထိုင္ရက္က်ေနေသာ Bing

စိုးရိမ္စိတ္ေၾကာင့္ ၿခံထဲသို႔ေျပးဆင္းသြားမိကာ ထိုေကာင္ေလးေဘးနားေရာက္သြားသည္။
"ဘာျဖစ္သြားေသးလဲ ျပစမ္း" Don ရဲ႕ ေဒါသျဖစ္ေနေသာအသံေၾကာင့္ လက္ဖဝါးေလးကိုျဖန့္ျပလာသည္။

ျဖဴဥဥလက္ဖဝါးေလးက ရဲေနတာကလြဲၿပီး က်န္တာ ဘာမွမျဖစ္လို႔ေတာ္ေသး။
"ထ ဘာမွလုပ္မေနနဲ႕ေတာ့ အထဲသြားမယ္။"
"ဟို...ေလ အစ္ကိုေလး"

ျငင္းရန္ျပင္ေနေသာေၾကာင့္ Don လဲ ပိတ္ေဟာက္လိုက္သည္။
"မျငင္းနဲ႕ ျငင္းရင္ မင္းကို အေသနမ္းၿပီး ခ်ဳပ္ထားလိုက္မယ္။"

ဒီလိုေျပာလိုက္ေတာ့ ၿငိမ္ကာ အေနာက္ကေနလိုက္လာရွာသည္။ တုန္ရင္ေနေသာ လက္ကေလးေၾကာင့္ မိမိေျပာတာကိုေၾကာက္သြားပုံပင္။

_______________

13.4.2022
Khine Lay

ႏွစ္သစ္မွာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ။
အိမ္ထဲမွာေနရင္း ဖတ္လို႔ရေအာင္ up ေပးလိုက္ပါတယ္.....အျပင္မထြက္ၾကနဲ႕ေနာ္။

Continue Reading

You'll Also Like

4.5K 183 21
When Jung Hyejin and her biggest enemy fell in love with each other. [Started : 04/02/19] [Finished : 01/04/19]
2K 335 12
Psychology အရ အနမ်းက စိတ်ဖိစီးမှုတွေ ၊ ဝမ်းနည်းမှုတွေ နဲ့ ဒေါသတွေ ၊ နာကျင်မှုတွေကို ဖယ်ထုတ် ပစ်နိုင်တယ်တဲ့ ။ ဒါပေမဲ့ အနမ်းတွေ အရမ်းများလာရင်တော့ ကျွန...
2.7K 128 6
1st: Peter and Michelle try to skip the arc reactor tour and spend some quality time alone, but they get interrupted repeatedly 2nd: Peter struggles...
13.4K 555 7
Bunny leader was not confident to go on a blind date alone, so he dragged his favorite maknae along.