ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

308K 44.5K 1.2K

ဒီNovelလေးကို ဖတ်ဖူးကြမယ်ထင်ပါတယ် အရင်ဘာသာပြန်တဲ့သူက ဆက်မပြန်တော့ဘူးဆိုလို့ Vကဆက်ပြီး ဘာသာပြန်မှာပါ💜 အပိုင်း... More

Chapter_100
💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160 to 162
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter 207 to 210 (Z)

1.8K 127 4
By YinLay4

Chapter 207
{ လူငယ်ဒါရိုက်တာနှင့် တွေ့ဆုံခြင်း - ၃ }

ရီကျန်းသည် ဝတ္ထုထဲမှ နန်ယန်၏ရုပ်ရှင်အကြောင်းကို ပြန်လည်စဉ်းစားလိုက်ချေတယ်... ဝတ္ထုထဲတွင် နန်ယန်၏ရုပ်ရှင်၌ မိန့်ကျဲမှလွဲ၍ ကျန်သောသရုပ်ဆောင်များမှ နာမည်ကြီးများ မဟုတ်ကြပေ... နန်ယန်ဟာ ရုပ်ရှင်အတွက် သရုပ်ဆောင်လုံလောက်ရန် နှစ်လကျော်မျှ ရှာဖွေခဲ့ရလေသည်... နန်ယန်သည် သူ့ရုပ်ရှင်တွင် ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းမွန်လှသောနာမည်ကြီးများကို သုံးရန် ငွေကြေးမလောက်ငှရုံသာမက သူတို့အားလုံးဟာ နန်ယန်၏ဇာတ်ညွှန်းကို ချက်ချင်းငြင်းပယ်ခဲ့ကြသေး၏... သို့သော် ကံကောင်းစွာနှင့်ပင် သူငှားရမ်းခဲ့သောနာမည်သိပ်မရသေးသောသရုပ်ဆောင်များမှာ သရုပ်ဆောင်ကောင်းမွန်နေကြချေသည်...

ဝတ္ထုထဲတွင် နန်ယန်သည် ရင်းနှီးမြုပ်နှံ့သူ ရှာမတွေ့သည့်အတွက် ရိုက်ရက်ကို ခဏခဏရွှေ့ဆိုင်းရတော့တယ်... နောက်ဆုံးတွင်တော့ နန်ယန်ဟာ  သူစုဆောင်းထားသမျှအားလုံးကို ထုတ်သုံးရတော့၏... စုဆောင်းထားသမျှအားလုံးသည်လည်း အပြင်အဆင်ထဲတွင်သာရောက်နေတာကြောင့် သရုပ်ဆောင်နှင့်ရိုက်ကူးရေးအဖွဲ့တို့အတွက် ငွေကြေးမလုံလောက်ပြန်... ထိုသို့သော မလုံလောက်မှုများကြောင့် နန်ယန်သည် သူအရမ်းရိုက်ကူးချင်သည် ခမ်းနားထည်ဝါသည့်အပြင်အဆင်တို့ကို မရိုက်ကူးခဲ့ရချေ...

ရိုက်ကူးရေးပြီးသွားသည့်နောက်တွင်လည်း နန်ယန်သည် သူ့ရုပ်ရှင်အတွက် သုံးသပ်ချက်(ထုတ်လုပ်ခွင့်လိုင်စင် ဒါမှမဟုတ် ပြသခွင့်လိုင်စင်) ရ မလာမည်ကို စိုးရိမ်ရပြန်သည်... သူ့တွင် ကောင်းမွန်သော​ကျောထောက်နောက်ခံမရှိတာကြောင့် ရုပ်ရှင်အတွက်လိုင်စင်ရရန် တစ်နှစ်ခွဲနီးပါးစောင့်ခဲ့သော်ငြား ဘာမှထူးမလာခဲ့ပေ...

နန်ယန်သည် ဒေဝါလီခံရလုနီးပါးထိဖြစ်သွားခဲ့တာကြောင့် သူ့ရုပ်ရှင်ကို ရုပ်ရှင်ပြသသည့်အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုတွင် ဈေးချိုချိုဖြင့် ပြန်လည်ရောင်းချခဲ့ရလေသည်... နန်ယန်ရဲ့ရုပ်ရှင်သည် ထိုဝက်ဘ်ဆိုဒ်ပေါ်တွင် ကောင်းမွန်သောမှတ်ချက်တချို့ရရှိခဲ့သော်လည်း အားပေးသူမှာ နည်းပါးနေဆဲပင်... ထိုအခြေအနေတွင် နန်ယန်သည် သူ့ရုပ်ရှင်အား နာမည်ကြီးနိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုတွင် တင်ပြလိုက်လေတယ်... ထိုပွဲတော်တွင် နန်ယန်ရဲ့ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆုရရှိသွားခဲ့ပြီး သူသည်လည်း နေ့ချင်းညချင်း နာမည်ကြီးသွားတော့၏...

ထိုချိန်က နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် တရုတ်ရုပ်ရှင်တစ်ခုမှ ရုပ်ရှင်ဆုမရခဲ့သည်မှာဆယ်နှစ်နီးပါးခဲ့ပြီဖြစ်တာကြောင့် နန်ယန်သည် ပိုလို့ပင် နာမည်ရသွားခဲ့လေသည်...

တရုတ်ရုပ်ရှင်က ဆုရသွားသည်ဟူသောသတင်းဟာ တရုတ်နိုင်ငံသို့ ပြန့်သွားချိန်တွင် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလောကနှင့် ရုပ်ရှင်ဝါသနာအိုးများဟာ ၄တို့သည် ထိုရုပ်ရှင်ကို မကြည့်ဖူးသေးကြောင်း အချင်းချင်းပြောလာကြပေတယ်... နန်ယန်ရဲ့ရုပ်ရှင်က ရုပ်ရှင်ပြသသောအင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုတွင် ရှိသည်ဟု သိရသည်နှင့် ထိုဝက်ဘ်ဆိုဒ်အား အသည်းအသန်ရှာဖွေကာ ကြည့်ရှုကြတော့၏... ဤသို့ဖြင့် ထိုဝက်ဘ်ဆိုဒ်တွင် နန်ယန်ရဲ့ရုပ်ရှင်ဟာ ကြည့်ရှုသူအများဆုံးဖြစ်သွားခဲ့လေသည်...

လူတော်များများသည် နန်ယန်၏ရုပ်ရှင်ကို ရုပ်ရှင်ရုံတွင် မတင်ခဲ့ရသည်က အတော်နှာမြောစရာကောင်းကြောင်း​၊ နန်ယန်သာ နောက်ထပ်ရုပ်ရှင် ထပ်ရိုက်ပါက ထိုရုပ်ရှင်ကို ကြည့်ရရန် ရုပ်ရှင်လက်မှတ်ကို လုယက်ဝယ်ယူမည်ဖြစ်ကြောင်း ပြောလာကြလေ၏...

ကံမကောင်းစွာနဲ့ နန်ယန်ဟာ နောက်ထပ်ရုပ်ရှင် ထပ်ရိုက်နိုင်ခဲ့ပါချေ...

နန်ယန်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် နာမည်ကျော်ကြားကာ အောင်မြင်မှုတဟုန်တိုးရခဲ့သော်လည်း သူ့တွင် ကောင်းမွန်တဲ့ကျောထောက်နောက်ခံမရှိခဲ့ပေ... သူက ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေသော်ငြား မနာလိုသူက များပြားလာခဲ့ပေတယ်... နောက်ဆုံးတွင်တော့ နန်ယန်ဟာ ထိုသူတို့ရဲ့ပိတ်ဆို့တားဆီးမှုများကြောင့် သူ့ရဲ့ကျန်ရှိသောဘဝတစ်လျှောက်လုံး တိတ်တဆိတ်သာနေခဲ့ရတော့၏...

ဤအခြင်းရာများသည် ဝတ္ထုထဲရှိနန်ယန်၏ဘဝပင်...

ရီကျန်းသည် ထိုအကြောင်းတို့ကို သူမခေါင်းထဲမှထုတ်လိုက်တော့သည်... ဝတ္ထုထဲတွင် နန်ယန်တစ်ယောက် ဒုက္ခရောက်ခဲ့ရခြင်းမှာ နောက်ခံကောင်းကောင်းမရှိခဲ့သောကြောင့်ဖြစ်၏... သို့သော် ယခုတွင် လုကော်ပိုရေးရှင်းက သြဇာအာဏာကြီးမားပြီး ကြွယ်ဝတာကြောင့် နန်ယန်အတွက် အကောင်းဆုံးနောက်ခံဖြစ်နိုင်ပေတယ်...

ရီကျန်းသည် နန်ယန်နှင့် ဆွေးနွေးပြီးနောက် အချိန်နှောင့်နှေးနေခြင်းမျိုးမရှိရလေအောင် လုကော်ပိုရေးရှင်းကိုယ်စား သူမက နန်ယန်နှင့် တရားဝင်စာချုပ်ချုပ်လိုက်လေတယ်...

စာချုပ်ပါ အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်လေသည်...
လုကော်ပိုရေးရှင်းသည် နန်ယန်၏ရုပ်ရှင်အတွက် တစ်ဉီးတည်းသောရင်းနှီးမြုပ်နှံ့သူဖြစ်ရမည်... ထို့ပြင် ရီကျန်းက ထိုရုပ်ရှင်အတွက် ပရိုကျူဆာဖြစ်ရမည်... ကျန်သောအချက်များကတော့ နန်ယန်အတွက် အကျိုးအမြတ်တော်တော်များများနှင့် အခွင့်အလမ်းများများရနိုင်မည့်အချက်များပင်... အနှီအမျိုးသားသည် ဒီလိုအခွင့်အရေးမျိုးဟာ သူနှင့် မထိုက်တန်ကြောင်း သူ့ရဲ့လက်ထောက်ဒါရိုက်တာအလုပ်တွင် ခုနှစ်နှစ်လုပ်ခဲ့ရသောအတွေ့အကြုံကြောင့် သိပြီသားဖြစ်ပေတယ်...

သို့သော် ရီကျန်းက နန်ယန်အား ရိုက်ကူးရေးတွင်သာ ပိုဂရုစိုက်ရန် ကျန်ကိစ္စများ စိတ်မပူရန် အထပ်ထပ်မှာကြားလေ၏...

ထိုစကားအရ စပွန်ဆာ၊ ရင်းနှီးမြုပ်နှံ့သူ၊ ရိုက်ကူးရေးအဖွဲ့နှင့် သရုပ်ဆောင်များ ရှာဖွေရန် တာဝန်ဟာ ရီကျန်းရဲ့ခေါင်းပေါ်သို့ ကျရောက်လာတော့သည်...

လုကော်ပိုရေးရှင်းသည် ချမ်းသာကြွယ်ဝတာကြောင့် စပွန်ဆာနှင့် ရင်းနှီးမြုပ်နှံ့မှုအပိုင်းကို အပြည့်အဝ တာဝန်ယူနိုင်ပေတယ်... နန်ယန်ကလည်း လက်ထောက်ဒါရိုက်တာအဖြစ် ခုနှစ်နှစ်လုပ်ခဲ့သူဖြစ်တာကြောင့် ရီကျန်းအစား ရိုက်ကူးရေးအဖွဲ့ရှာပေးနိုင်၏... ရီကျန်းအတွက် တစ်ခုတည်းသောတာဝန်ဟာ သူမကိုယ်တိုင် သရုပ်ဆောင်ရွေးချယ်ရန်ပင်ဖြစ်လေသည်...
💵💵💵💵💵💵💵💵💵💵💵
Chapter 208
{ ဇာတ်လိုက်မင်းသား ရွေးချယ်ခြင်း - ၁ }

လက်ရှိတွင် ရုပ်ရှင်ဈေးကွက်၌ လူငယ်ပိုင်းနှင့် သက်လတ်ပိုင်းများသာ ရှိပြီး ၄တို့ဟာ သိပ်ချေးမများတတ်ကြချေ... ဇာတ်အိမ်ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းကာ သရုပ်ဆောင်တို့က သရုပ်ဆောင်အရည်အချင်းကောင်းမွန်ပါက ကြည့်ရှုတတ်ကြပေတယ်...

ရီကျန်းသည် မူရင်းဝတ္ထုတွင် နန်ယန်ရွေးချယ်ခဲ့သောသရုပ်ဆောင်အားလုံးကို ပြန်ရှာရန် မဖြစ်နိုင်သော်လည်း ဖျော်ဖြေရေးလောကထဲတွင် အရည်အချင်းရှိသောသရုပ်ဆောင်အတော်အများရှိပြီးသားပင်... ဒါ့ကြောင့် သူမတွင် သရုပ်ဆောင်ရွေးချယ်ရန် အခက်အခဲရှိမည် မဟုတ်...

ရီကျန်းသည် သရုပ်ဆောင်များကို သူမကိုယ်တိုင် စာချုပ်ချုပ်မည်မဟုတ်ချေ... သူမသည် ထိုကိစ္စကို ရှင်ချင်းရင်ကို တာဝန်ပေးမည်ဖြစ်သည်...

ရီကျန်းသည် ရှင်ချင်းရင်အကြောင်းကို တွေးလိုက်မိချိန်တွင် သူမကိုယ်သူမ ယုံကြည်မှုမရှိပေ... မူရင်းဝတ္ထုထဲတွင် ရှင်ချင်းရင်ဟာ လင်းကျန်ရဲ့အဖိုးတန်လက်ထောက်ပင်... ရှင်ချင်းရင်ကို လင်းကျန်ဆီမှ ခိုးယူရသည်ကို စိတ်မကောင်းတော့ဖြစ်မိပေ၏... ရီကျန်းသည် ရှင်ချင်းရင်ရဲ့အရည်အချင်းအားလုံးကို ဝတ္ထုထဲတွင် ဖတ်ရှုခဲ့ပြီးသားဖြစ်သည်... PRပိုင်းနှင့် ပတ်သက်သည့်ကိစ္စမှန်သမျှ ရှင်ချင်းရင် မကိုင်တွယ်နိုင်သောကိစ္စဟူ၍မရှိချေ... ထိုကိစ္စများထဲမှ ဖျော်ဖြေရေးလောကနှင့် ပတ်သက်ပြီး ပိုကျွမ်းကျင်လေတယ်...

ရီကျန်းသည် ရှင်ချင်းရင်နှင့် မျက်နှာချင်းဆိုင်ထိုင်လျက် ပြုံးပြလိုက်ကာ " မစ္စရှင်က အေးဂျင့်အဖြစ်လုပ်ဖူးတဲ့အတွေ့အကြုံရှိတယ်လို့ ကျွန်မ ကြားထားတယ်... "

အေးဂျင့်အတွေ့အကြုံမှာ တစ်နှစ်မျှသာဖြစ်ပေတယ်... ပွဲဉီးထွက်ခွင့်ရရန် ချင်းရင် ကူညီပေးခဲ့သောအနုပညာရှင်ဟာ နာမည်အေးဂျင့်က သူ့ကို ဆက်သွယ်လာချိန်တွင် သူမအား ပစ်ပယ်သွားခဲ့ခြင်းဖြစ်၏... ထိုချိန်မှစကာ ချင်းရင်ဟာ ထိုလောကနှင့် တိုက်ရိုက်အဆက်အသွယ်မလုပ်တော့ဘဲ နောက်ကွယ်မှနေကာ အခက်အခဲတို့ ဖြေရှင်းရသည့် PRအလုပ်ကို လုပ်ခဲ့ခြင်းဖြစ်လေသည်...

" တစ်နှစ်အတွေ့အကြုံရှိခဲ့ပါတယ်... "

" ကျွန်မတို့ကုမ္မဏီက ရုပ်ရှင်တစ်ခုမှာ ရင်းနှီးမြုပ်နှံ့တော့မယ်ဆိုတာ မစ္စရှင် သိမှာပေါ့... ဒါပေမယ့် တချို့ကိစ္စတွေမှာ ကျွန်မကိုယ်တိုင် လုပ်လို့မရတဲ့အပိုင်းလေးတွေရှိနေတယ်လေ... အဲ့ဒါကြောင့် ကျွန်မက မစ္စရှင်ဆီက အကူအညီလေး လိုနေတယ်... "

" ကျွန်မ လုပ်ပေးလို့ရမယ့်ကိစ္စဆိုရင် အေးအေးဆေးဆေးပြောလိုက်လို့ရပါတယ် မစ္စလု... "

ရီကျန်းသည် စာရွက်အပိုင်းလေးတစ်ခုကို ထုတ်လိုက်ပြီး ရှင်ချင်းရင်ရှေ့သို့ ချပြလိုက်လေ၏... ထိုစာရွက်ပေါ်တွင် နာမည်ဆယ်ခုနီးပါး ရေးထားချေတယ်...

" ဒီလူတွေက သရုပ်ဆောင်စွမ်းရည်တော်တော်ကောင်းကြတယ်... သူတို့တွေက ပြဿနာတချို့ရှိနေပေမယ့် အရည်အချင်းကိုတော့ လျှော့တွက်လို့မရဘူးလေ... သူတို့ဆီကို ကျွန်မတို့ရဲ့ဇာတ်ညွှန်း ပို့ပြီး ဒီရုပ်ရှင်ရဲ့ရိုက်ကူးရေးမှာ ပါဝင်ချင်စိတ်ရှိမရှိသေချာမေးပေးပါ... "

ရီကျန်းရဲ့စကားတို့ကို နားထောင်ပြီးနောက်မှာတော့ ရှင်ချင်းရင်သည် နာမည်စာရင်းကို ကြည့်လိုက်လေသည်... နာမည်စာရင်းအရ ရီကျန်းပြောသလိုပင် သူတို့အားလုံးဟာ အဆင့်၇ အဆင့်၈ရှိသော နာမည်မကြီးသူများဖြစ်ပြီး အသက်မွေးကျောင်းဆက်နိုင်ရန် ရရာဇာတ်ရံနေရာတွင် သရုပ်ဆောင်နေရသူများဖြစ်၏... ဒါပေမယ့်လည်း သရုပ်ဆောင်စွမ်းရည် ကောင်း မကောင်းဆိုတာကတော့...

" ဒီလူတွေက သရုပ်ဆောင်စွမ်းရည်ကောင်းမွန်တယ်ဆိုတာ သေချာရဲ့လား မစ္စလု... " ရှင်ချင်းရင်ဟာ တွေးရခက်စွာ မေးလိုက်မိလေတယ်...

" သူတို့တွေကို ဆက်သွယ်ကြည့်ပြီးရင် မစ္စရှင် သိရမှာပါ... ဒါပေမယ့် အားလုံးအတည်တကျမဖြစ်သေးခင် လူများများ မသိပါနဲ့... ပြီးတော့ ကျွန်မက ဒီရုပ်ရှင်ရဲ့ပရိုကျူဆာဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောပါနဲ့... "

" ဘာလို့လဲ မစ္စလု "

ထိုအခါ ရီကျန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး " နောက်ပိုင်းကျရင် သိရပါလိမ့်မယ်... " တကယ်လို့ သူမကသာ ပရိုကျူဆာမှန်း လူတိုင်းသိသွားပါက ကုမ္မဏီပိုင်း၏ရာထူးအမြင့်ပိုင်းများက သူမအား တိုက်ခိုက်လာနိုင်သည်လေ... လုပေရွှမ်းကတော့ ပြဿနာမရှိသော်ငြား တခြားသူများက သူမကို ပစ်မှတ်ထားနိုင်ပေ၏...

ရှင်ချင်းရင်သည် ရီကျန်းအား ထပ်မမေးတော့ဘဲ ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး ပြန်ထွက်သွားတော့သည်...

နာမည်စာရင်းထဲမှတော်တော်များများမှာ အဆင့်၇ အဆင့်၈သာရှိသောသရုပ်ဆောင်များဖြစ်တာကြောင့် သူတို့နှင့် စာချုပ်ချုပ်နိုင်ရန် ချင်းရင်သည် သိပ်အာရုံမစိုက်ရချေ... သို့သော် ဇာတ်လိုက်မင်းသားနေရာအတွက် ရီကျန်းရွေးချယ်ထားသောသူမှာ အခက်အခဲရှိလို့နေ၏...

ဇာတ်လိုက်မင်းသားအဖြစ် ရီကျန်းရွေးထားသောအမျိုးသားသည် သစ္စာဖောက်ကောင်၊ အရက်အလွန်အကျွံသောက်သုံးသူဟူ၍ ယခုလတ်တလောဝေဖန်မှုများစွာရရှိနေသူပင်... ရှင်ချင်းရင်သည် ဖျော်ဖြေရေးလောကရဲ့အညစ်အကြေးတို့ကိုသာ မသိပါလျှင် ထိုကောလဟလတို့ကို ယုံကြည်မိနိုင်ပေတယ်...

ရီကျန်းရွေးချယ်ထားသော ဇာတ်လိုက်နေရာအတွက် သရုပ်ဆောင်မှာ ကွမ်မိန်ပင်... ထိုအမျိုးသားကို ပထမဆုံးကြည့်လိုက်မိချိန်တွင်တော့ သာမန်ရုပ်ရည်သာရှိသောအမျိုးသားဟု ထင်နိုင်သော်လည်း သေချာကြည့်မည်ဆိုလျှင် စူးရှလှသောအကြည့်တို့ရှိပေသည်... သူဟာ သရုပ်ဆောင်အလုပ်လုပ်နေသည်မှာ ဆယ်နှစ်မျှရှိပြီဖြစ်သော်ငြား နာမည်မရရှိသေးချေ... သူသည်လည်း တစ်စုံတစ်ယောက်ကို ရန်စမိတာကြောင့် ယခုကဲ့သို့ ဆိုးရွားလှသည့်ကောလဟလနှင့် ရင်ဆိုင်နေရခြင်းဖြစ်လေတယ်... ထိုကောလဟလတို့ကြောင့် သူ့အေဂျင်စီဟာ ထိုအမျိုးသားရဲ့အလုပ်တို့ကို ရပ်လိုက်ရပြီး လက်ရှိတွင် ကွမ်မိန်သည် အိမ်ထဲတွင်သာ အချိန်ကုန်ဆုံးနေရ၏...

ရှင်ချင်းရင်က ကွမ်မိန်ရဲ့အေဂျင်စီအား ဆက်သွယ်လိုက်ချိန်တွင် ၄တို့ဟာ လက်ရှိအခြေအနေကို မည်သို့ရင်ဆိုင်ရမှန်း မသိတော့ချေ... ချင်းရင်က ဘာအကြောင်းကြောင့် ဆက်သွယ်သည်ကို သိသွားချိန်မှာတော့ ၄တို့ဟာ ကွမ်မိန်ကို ရုံးခန်းသို့ လာရန် ဆက်သွယ်လိုက်တော့၏... အမှန်တော့ ရှင်ချင်းရင်က များပြားလှတဲ့လုပ်ခဖြင့် ကမ်းလှမ်းခဲ့သောကြောင့်ဖြစ်လေသည်...
🎞️🎞️🎞️🎞️🎞️🎞️🎞️🎞️🎞️🎞️🎞️
´Chapter 209
{ ဇာတ်လိုက်မင်းသား ရွေးချယ်ခြင်း - ၂ }

ရှင်ချင်းရင်သည် ကွမ်မိန်ကို တွေ့လိုက်ချိန်တွင် ရီကျန်း၏အတွေးမမှားဘူးဟု ထောက်ခံလိုက်မိလေတယ်... ထိုအမျိုးသားဟာ အရည်အချင်းမရြှိခင်း မဟုတ်ဘဲ အခွင့်အလမ်းတစ်ခုမရရှိခဲ့ရုံသာဖြစ်သည်လေ...

" ကျွန်တော့်ကို ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်နေရာမှာ ထားချင်တယ်ပေါ့?? " ကွမ်မိန်သည် သူ့ရှေ့မှဇာတ်ညွှန်းအား တစ်ချက်မျှလှမ်းကြည့်လိုက်ရင်း ထိုသို့ဆိုလိုက်လေတယ်... " ဒါရိုက်တာရှင်... ကျွန်တော်ရဲ့လက်ရှိအခြေအနေကိုသိရင် ဒီလိုကမ်းလှမ်းမှာ မဟုတ်လောက်ပါဘူး... "

" ရှင့်ရဲ့လက်ရှိအခြေအနေကို သိပြီးသားပါ... လက်ရှိမှာ ရှင်နဲ့ပတ်သက်တဲ့ကောလဟလတွေကြောင့် အလုပ်လုပ်လို့မရမှန်းလည်း သိတယ်... ကျွန်မသာ ရွေးချယ်ရမယ်ဆိုရင် ရှင်ကို ဇာတ်လိုက်နေရာအတွက် ရွေးချယ်ဖို့ စဉ်းစားမိမှာမဟုတ်ဘူး... ဒါပေမယ့် ကျွန်မရဲ့Bossရဲ့အမြင်မှာ ရှင်ကသာ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်နေရာအတွက် အနေတော်ဆုံးဖြစ်နေတယ်လေ... ကျွန်မBossက ရှင့်ကို ဇာတ်ညွှန်းပေးဖတ်ခိုင်းလိုက်ပြီး ရှင်စိတ်ဝင်စားလား စိတ်မဝင်စားဘူးလား မေးခိုင်းလိုက်တာ... " ထိုသို့ပြောပြီးနောက် ရှင်ချင်းရင်သည် တစ်ချက်မျှပြုံးပြလိုက်ကာ " ဇာတ်ညွှန်းဖတ်ပြီးလို့ ရှင်စိတ်မဝင်စားဘူးဆိုရင် ဇာတ်ညွှန်းကို ပြန်ယူလာဖို့လည်း Bossက မှာလိုက်ပါသေးတယ်... "

ကွမ်မိန်ရဲ့အေးဂျင့်သည် ကွမ်မိန်ဘေးတွင် ထိုင်နေရင်း ချွေးရွှဲရွှဲစိုလို့နေ၏... လုကော်ပိုရေးရှင်းလိုကုမ္မဏီမျိုးတွင်သာ အမြစ်တွယ်ထားနိုင်ပါက တစ်သက်တာစာမကုန်နိုင်သည့်ဝင်ငွေရနိုင်မည်ကို အနှီအမျိုးသားက သိပေတယ်...

" ဒါရိုက်တာရှင်... ကွမ်မိန်က လက်မခံချင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး... ပြီးတော့ အငါတာနက်ပေါ်က ကောလဟလတွေကို မယုံလိုက်ပါနဲ့ ကွမ်မိန်က ဖောက်ပြန်ပြီး မူးရူးနေတတ်တဲ့သူမျိုး မဟုတ်ပါဘူးဗျာ... "

ထိုအခါ ရှင်ချင်းရင်က ကွမ်မိန်ရဲ့အေးဂျင့်ကို ပြုံးပြလိုက်ပြီး " ကျွန်မ နားလည်ပါတယ်... "

ကွမ်မိန်သည် ဖျော်ဖြေရေးလောကတွင် ဆယ်နှစ်တာမျှရှိနေသူဖြစ်တာကြောင့် ထိုလောကနှင့် ပတ်သက်ပြီး တော်တော်များများကို နားလည်သည်ဟုဆိုရပေမယ်... အနှီအမျိုးသားဟာ တခဏမျှတိတ်ဆိတ်နေခဲ့ပြီးမှ " ဒါရိုက်တာရှင်ရဲ့Bossက ကျွန်တော့်ကို ဇာတ်လိုက်နေရာအတွက် သေချာကမ်းလှမ်းခိုင်းလိုက်တယ်လို့ ပြောခဲ့တယ်နော်... ခင်ဗျားရဲ့Bossက ဘယ်သူလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား... "

လုကော်ပိုရေးရှင်းရဲ့ဥက္ကဋ္ဌလုကတော့ သူ့ရဲ့ဒါရိုက်တာကို လွှတ်ပြီး မိမိလိုအဆင့် ၃ အဆင့်၎သာရှိသောသရုပ်ဆောင်မျိုးကို ရုပ်ရှင်အတွက် အထူးတလည်ကမ်းလှမ်းလိုက်ခြင်း မဖြစ်နိုင်ဟု ကွမ်မိန်က တွေးနေမိလေသည်...

ရှင်ချင်းရင်သည် ကွမ်မိန်ရဲ့အမေးကြောင့် ရီကျန်းက သူမကို မှာထားသောစကားတို့ကို ပြန်တွေးလိုက်ပြီး " တကယ်လို့ ရှင်ကသာ ဒီဇာတ်လိုက်နေရာကို လက်ခံမယ်ဆိုရင် ကျွန်မရဲ့Bossက ဘယ်သူဆိုတာ မကြာခင်သိရပါလိမ့်မယ်... "

ကွမ်မိန်သည် ခေတ္တမျှတိတ်ဆိတ်သွားခဲ့ပြီး အနည်းငယ်တွေးတောလိုက်လေတယ်... သူဟာ ယခုကမ်းလှမ်းချက်ကို အဆိုးမြင်နေခြင်းတော့မဟုတ်ချေ... ဒီရုပ်ရှင်ကို ရိုက်မည့်သူမှာ မှတ်တမ်းတစ်ခုမှ မရှိသူဖြစ်ကာ ကုမ္မဏီမှာလည်း ရုပ်ရှင်နဲ့ရုပ်မြင်သံကြားလောကနှင့် ပတ်သက်ပြီး ယခုမှသာ ခြေလှမ်းအစဖြစ်သော်ကြောင့် အနည်းငယ်ဝေခွဲမရဖြစ်နေခြင်းသာ...

" ကျွန်တော် ဒီဇာတ်ညွှန်းကို ဖတ်ပြီးရင် ဒါရိုက်ရှင်ဆီ ဆက်သွယ်လိုက်ပါ့မယ်... "

" ဟုတ်ပါပြီ... ပြဿနာမရှိပါဘူးရှင်... " ရှင်ချင်းရင်သည် စကားအနည်းငယ်ပြန်ပြောပြီးနောက် ထွက်လာခဲ့တော့၏...

သူမသည် ဖျော်ဖြေရေးလောကထဲမှလူတော်တော်များများကို မြင်တွေ့ဖူးခဲ့ပြီးသားပင်... သူမအမြင်အရ ကွမ်မိန်ဟာ ဒီလောကတွင်ဖြစ်နေသောပြဿနာတို့ကို သိပ်ဂရုမစိုက်ချေ... ထိုအမျိုးသားသည် သရုပ်ဆောင်ခြင်းကို မြတ်နိုးလွန်း၍သာ တင်းခံနေခြင်းဖြစ်လေတယ်... ဒါ့ကြောင့်လည်း ကွမ်မိန်ဟာ ဒီအခွင့်အရေးကို လက်လွှတ်မည် မဟုတ်မှန် ချင်းရင် သိနေပေ၏...

ချင်းရင်တစ်ယောက် လုကော်ပိုရေးရှင်းဆီသို့ ပြန်ရောက်လာပြီးနောက် တစ်နာရီနီးပါးအကြာတွင် ကွမ်မိန်က သူမအား ဆက်သွယ်လာချေတယ်...

ကွမ်မိန်ပြောသောစကားတို့မှာ ရှင်းလင်ပြတ်သားလှလေသည်... သူသည် သရုပ်ဆောင်ခြင်းကို လက်မလွှတ်နိုင်မှန်း သိသားလှ၏...

" ဟုတ်ပါပြီ... မစ္စတာကွမ်... ကျွန်မတို့ဘက်ကနေ စာချုပ်အတွက်လိုအပ်တာတွေ ပြင်ထားလိုက်ပါ့မယ်... နောက်ထပ်လိုအပ်တာတွေကိုတော့ လူချင်းတွေ့ပြီး ဆွေးနွေးကြတာပေါ့... "

ချင်းရင်သည် ထိုသို့ပြောပြီးနောက်တွင်တော့ ရီကျန်းပေးသောနာမည်စာရင်းထဲမှ နောက်ဆုံးနာမည်တစ်ခုကို အမှန်ခြစ်လိုက်တော့၏... ယခုဆိုလျှင် သူမသည် ရီကျန်းပေးခဲ့သောတာဝန်ကို ပြီးပြတ်အောင် လုပ်လိုက်နိုင်ပြီဖြစ်လေသည်...

ကမ္ဘာပေါ်တွင် တားဆီးပိတ်ပင်ထား၍မရနိုင်သောအရာမှာ အတင်းအဖျင်းပင်... လုကော်ပိုရေးရှင်းမှဝန်ထမ်းများက စာချုပ်ကိစ္စများ ပြင်ဆင်နေစဉ်၌ လုကော်ပိုရေးရှင်းသည် ရုပ်ရှင်တစ်ခုတွင် ရင်းနှီးမြုပ်နှံ့မှုလုပ်တော့မည်ဟူသောသတင်းမှာ တောမီးသဖွယ်ပြန့်နှံ့သွားလေတော့တယ်...

မီဒီယာများက ထိုသတင်းတို့ကို တင်ပြလာချိန်တွင် လုကော်ပိုရေးရှင်းက ရုပ်ရှင်လောကတွင် ထိုသို့ရင်းနှီးမြုပ်နှံ့မှု လုပ်လိုက်နိုင်ခြင်းကြောင့် ရုပ်ရှင်လောကတိုးတက်နိုင်ဖွယ်ရှိတော့မည်လားဟု တိတ်တဆိတ်ခန့်မှန်းနေကြသူများ များပြားလာတော့၏...

ထိုသတင်းထွက်ပြီး မကြာခင်တွင်ပင် လုကော်ပိုရေးရှင်းက နန်ယန်ဆိုသောဒါရိုက်တာဆီ၌ ယွမ်သန်း၅၀ ရင်းနှီးမြုပ်နှံ့ထားသည်ဟူသောသတင်းလည်း ရှေ့ဆင့်နောက်ဆင့်ထွက်လာခဲ့လေတယ်...

နန်ယန်သည် ဘာမှတ်တမ်းမှမရှိသူဖြစ်တာကြောင့် ထိုအမျိုးသားဟာ မည်သူဖြစ်သည်ကို ဘယ်သူမှမသိကြချေ... သူဟာ TVအစီအစဉ်တစ်ခုနှင့် ရုပ်ရှင်အနည်းငယ်တွင် လက်ထောက်ဒါရိုက်တာလုပ်ဖူးသည့်အတွေ့အကြုံသာရှိသောသူပင်...
📹📹📹📹📹📹📹📹📹📹
Chapter 210
{ သူမ ကြိုးစားလုပ်ဆောင်နေသောကိစ္စများကို နောက်ကွယ်မှတိတ်တဆိတ် ထောက်ပံ့ပေးလိမ့်မယ်  - ၁ }

လုကော်ပိုရေးရှင်းက နာမည်မရှိ မှတ်တမ်းမရှိ အတွေ့အကြုံမရှိသော ဒါရိုက်တာတစ်ဉီးဆီ၌ များပြားလှစွာသောငွေပမာဏကို ရင်းနှီးမြုပ်နှံ့တော့မည်ဟု သိလိုက်ချိန်တွင် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလောကမှလူတော်တော်များများဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြလေတယ်... အများစုမှာ လုကော်ပိုရေးရှင်းသည် သဲထဲရေသွန်ဖြစ်တော့မည်ဟုပင် တွေးနေကြသေး၏...

ရှင်ချင်းရင်တစ်ယောက် သရုပ်ဆောင်မင်းသား၊ မင်းသမီးများနှင့် ဆက်သွယ်ရန်အလုပ်များနေစဉ်၌ နောက်ထပ်ကောလဟလတစ်ခုလည်း ပျံ့နှံ့ပြန်တယ်... လုကော်ပိုရေးရှင်းရဲ့ရုပ်ရှင်အပေါ် ရင်းနှီးမြုပ်နှံ့မှုလုပ်ရခြင်းမှာ အာရုံစိုက်မှုရရှိရန်နှင့် ဥက္ကဋ္ဌလုသည် သူ့ရဲ့လိုအပ်ဆန္ဒအတွက် နာမည်ကြီးကြယ်ပွင့်များအား ဆက်သွယ်နိုင်ရန် တမင်ဇာတ်လမ်းဆင်နေခြင်းဖြစ်သည်ဟု ကောလဟလများစွာထွက်လာတော့သည်...

အခြေအမြစ်မရှိသောကောလဟလများအရ ဟိုတယ်ခန်းထဲတွင် တွေ့ဆုံကြသည်ဟုပင် ပါသေး၏... လူတော်တော်များများသည်လည်း လုပေရွှမ်းအား အလုပ်တွင်သာ အာရုံစိုက်ပါဟု ပြောဆိုလာကြပြန်တယ်...

ရီကျန်းသည် လုပေရွှမ်းအား ထိုကောလဟလများ ပြန်ပြောပြလိုက်ပြီး " မတရားအုပ်စိုးတတ်တဲ့အာဏာရှင်စီအီအိုအဖြစ် အင်တာနက်ပေါ်မှာ နာမည်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ် ဥက္ကဋ္ဌလု... "

လုပေရွှမ်းတစ်ယောက် ဘာမြှပန်မပြောနိုင်ခင်တွင်ပင် ရီကျန်းက " ဒါဆို ကျွန်မက အာဏာရှင်စီအီအိုရဲ့သိမ်းပိုက်ထားခြင်းကို ခံရတဲ့ကြာပန်းဖြူလေးပေါ့နော်... "

လုပေရွှမ်းသည် ရီကျန်းရဲ့စကားတို့ကို ကြာလိုက်ချိန်တွင် ခေါင်းတခါခါလုပ်ရင်း ရယ်မောတော့တယ်...

လုပေရွှမ်းအတွက် ဒီကောလဟလများကို ကိုင်တွယ်ဖြေရှင်းရခြင်းမှာ ထမင်းစား ရေသောက်လောက်နီးပါး လွယ်ကူလှပေ၏... ကောလဟလဖြန့်သည့်နေရာများကို တရားဝင်စာပေးပို့မည့်ရှေ့နေများရှိပြီးသားပင်... လုပေရွှမ်းက သူ့ကုမ္မဏီမှရှေ့နေအဖွဲ့အား များပြာလှသောလစာပေးထားခြင်းမှာ အလကားတော့မဟုတ်...

တရားဝင်စာပေးပို့ခံရသောမီဒီယာအကောင့်တချို့သည် စိတ်ချမ်းသာဖွယ်ရတော့မရှိချေ... ပရိသတ်အတော်များများသည် သူတို့၏အနုပညာရှင်က မကောင်းဆိုးဝါးဥက္ကဋ္ဌလုရဲ့လက်ထဲ မရောက်သွားခဲ့တာကြောင့် ပျော်ရွှင်နေပြီး တကယ့်အ​ဖြစ်မှန်ကို မသိကြသေးပေ...

အများစုသည် လုကော်ပိုရေးရှင်းက ရုပ်ရှင်နှင်ရုပ်မြင်သံကြားလောကတွင် ငွေကြေးအမြောက်များစွာရင်းနှီးမြုပ်နှံ့လိုက်ခြင်းမှာ သဲထဲရေသွန်သလို ဘာအကျိုးရလဒ်မျှရှိမည်မဟုတ်ဟု တွေးကြသော်ငြား သေချာစဉ်းစားတတ်ကြသောလူတချို့ကတော့ အကျိုးရလဒ်ရှိနိုင်မည်ဟု ယုံကြည်ကြလေတယ်...

လုကော်ပိုရေးရှင်းဟာ နယ်ပယ်တော်တော်များများကို ဖြန့်ကျက်ထားနိုင်သည့်သမိုင်းရှိပြီးသားကုမ္မဏီကြီးတစ်ခုပင်... လုကော်ပိုရေးရှင်းသည် အင်တာနက်နယ်ပယ်တွင် ခြေ,မချဖူးခဲ့သော်လည်း ​ခြေလှမ်းစပြီး တစ်နှစ်အကြာတွင် အင်တာနက်ပယ်တွင် အကြီးမားဆုံးနေရာယူလိုက်နိုင်ခဲ့သည်လေ...

ဒါတင်မကသေး... ဒေဝါလီခံရလုနီးပါးရှိနေသောရေမွှေးကုမ္မဏီကို ဝယ်ယူလိုက်ပြီး အချိန်အနည်းငယ်အတွင်းမှာပင် ပြည်တွင်းဈေးကွက်၌ နေရာယူလိုက်နိုင်သေး၏...

လုကော်ပိုရေးရှင်းသည် မတူညီသောနယ်ပယ်များမှကုမ္မဏီများကို ပြန်လည်ဝယ်ယူပြီး လုကော်ပိုရေးရှင်း၏ကုမ္မဏီခွဲအဖြစ် ချဲ့ထွင်နိုင်ခဲ့ခြင်းဖြစ်လေသည်... လုကော်ပိုရေးရှင်း၏စီမံခန့်ခွဲရေးအောက်တွင် ကုမ္မဏီခွဲလေးများဟာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး လုကော်ပိုရေးရှင်းရဲ့ရှယ်ယာများဟာ နှစ်ဆလောက်တိုးလာခဲ့ပေတယ်...

လုကော်ပိုရေးရှင်းရဲ့ဥက္ကဋ္ဌသည် ပညာအမျှော်အမြင်ရှိပြီး ဖြတ်ထိုးဥာဏ်ရှိသူပင်...အကယ်၍ ရင်းနှီးမြုပ်နှံ့မှုက အဆုံးပေါ်ခဲ့လျှင်လည်း ထိုအဆုံးမှသင်ခန်းစာယူလိမ့်မည်သာ... ဘယ်အရာတွင်မဆို ပထမဆုံးခြေလှမ်းရှိမှသာ ရှေ့ဆက်နိုင်မည်လေ... လုကော်ပိုရေးရှင်းက နာမည်မရှိသေးသည့်ဒါရိုက်တာလေးတစ်ယောက်ဆီ၌ ယွမ်သန်း၅၀ကို ယုံယုံကြည်ကြည်ရင်းနှီးမြုပ်နှံ့လိုက်ခြင်းက သူတို့ရဲ့ယုံကြည်မှုနှင့် ပြတ်သားမှုအား ပြသလိုက်ခြင်းနှင့် မခြားပေ...

ထိုအယူအဆ​ပေါ်ချိန်တွင်တော့ လုကော်ပိုရေးရှင်းက ရင်းနှီးမြုပ်နှံ့မည့်နန်ယန်၏ရုပ်ရှင်ကို ငြင်းဆန်ထားခဲ့မိသောနာမည်ကြီးသရုပ်ဆောင်များဟာ လွန်စွာနောင်တရမိတော့သည်...

သို့သော် လုကော်ပိုရေးရှင်းလိုကုမ္မဏီကြီးက ရုပ်ရှင်ရဲ့သရုပ်ဆောင်နေရာတွင် ထိပ်တန်းမှသရုပ်ဆောင်များအား သနုပ​ညာကြေးမြင့်မြင့်ပေးကာ ခေါ်ယူကြလိမ့်မည်ဟု ယုံကြည်နေကြသေး၏... ယခုရုပ်ရှင်သည် လုကော်ပိုရေးရှင်းအတွက် ပထမဆုံးရုပ်ရှင်ဖြစ်တာကြောင့် ရုပ်ရှင်ကို အထိခိုက်မခံလောက်ဟု တွေးနေကြသောကြောင့်ဟု ဆိုရပေမယ်...

ဤသို့ဖြင့် နှစ်လကြာသွားခဲ့ပြီး ရုပ်ရှင်တွင် ပါဝင်မည့်သရုပ်ဆောင်နာမည်စာရင်းထွက်လာချိန်တွင် လူတိုင်းနီးပါး အံ့သြသွားကြရတော့သည်...

သရုပ်ဆောင်နာမည်စာရင်းထွက်လာချိန်၌ ဇာတ်လိုက်မင်းသား နှင့်ဇာတ်လိုက်မင်းသမီးမှလွဲ၍ ကျန်သောသရုပ်ဆောင်များကို မသိကြသောကြောင့်ပင်...

ဇာတ်လိုက်မင်းသမီးနေရာတွင် လုကော်ပိုရေးရှင်းရဲ့ကြော်ငြာမင်းသမီးဖြစ်တဲ့မိန့်ကျဲဖြစ်နေခြင်းဟာ အဆန်းတော့မဟုတ်... လုကော်ပိုရေးရှင်းက သူတို့လူကို နေရာပေးသည်က တရားသည်လေ... သို့သော် ဇာတ်လိုက်မင်းသားနေရာရှိကွမ်မိန်သည် လက်ရှိတွင် ဆိုးဝါးလှသောကောလဟလများ ရင်ဆိုင်နေရသူပင်... ဒုတိယဇာတ်လိုက်နှင့် တတိယဇာတ်လိုက်တို့မှာလည်း လွန်ခဲ့သောနှစ်များအတွင်းတွင် ထင်သာမြင်သာရှိခဲ့သူများ မဟုတ်ချေ... ထို့ကြောင့် ရုပ်ရှင်တွင် ပါဝင်သောလူတော်တော်များများတွင် နာမည်ရှိပြီးသားသူ တစ်ဉီးစ နှစ်ဉီးစသာ ပါဝင်ပေ၏... ၄တို့အားလုံးရဲ့အနုပညာကြေးကို အကြမ်းဖျင်းတွက်ကြည့်ပါလျှင် ဂဏန်း၇လုံးပင် မကျော်ချေ...

ထိုအခါတွင် ရုပ်ရှင်လောကမှလူများဟာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြပြီး လုကော်ပိုရေးရှင်းရဲ့ခြေလှမ်းအား ဘာကောင်းကျိုးမှမရှိနိုင်ဟု ပြောဆိုလာကြတော့သည့်...
📺📺📺📺📺📺📺📺📺📺📺

Continue Reading

You'll Also Like

259K 13.1K 42
အမျိုးသမီးတစ်ယောက်ရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ဟာ သူမချစ်တဲ့ယောကျာ်းတစ်ယောက်ပဲတဲ့...
1.1M 20.1K 33
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
151K 7.8K 31
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
144K 14.7K 60
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)