Chapter 138

2.8K 615 2
                                    

Zawgyi
Chapter 138
{ မင်းသမီးအဖြစ် တစ်ရက်၊ ဧကရီအဖြစ် ဆယ်လ၊ ဆက်ခံသူအဖြစ် တစ်လ - ၁ }

နောက်တစ်နေ့တွင်တော့ ရီကျန်းသည် ရီချင်းဆီမှ ဝမ်း​သာကြောင်း၊ ဂုဏ်ယူကြောင်း မက်ဆေ့ ရရှိခဲ့ပေတယ်... မက်ဆေ့ထဲတွင် ရီချင်းသည် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားဖြစ်သည့် တရုတ်စကားလုံးတို့ကို ဝေဝေဆာဆာသုံးထားလေတယ်... ထိုမက်ဆေ့ကို ရေးတုန်းက ရီချင်း၏ပုံစံ ဘယ်လိုဖြစ်နေမည်ကို ရီကျန်းတစ်ယောက် မှန်းဆ၍ပင် မရချေ...

ရီကျန်းသည် ရီချင်းဆီသို့ " ကျေးဇူးပါ "ဟူ၍ တိုတိုတုတ်တိတ်သာ မက်ဆေ့ပြန်ပို့လိုက်ပေသည်...

" ကျန်းကျန်းရေ... ဒါကအဒေါ်ယွဲ့ကိုယ်တိုင် ပြင်ထားတဲ့ကြက်သားဆန်ပြုတ်ကွဲ့ ... များများစားနော် သမီး "

ရီကျန်းတစ်ယောက် ဆေးရုံတွင် ရှိနေသည့်တစ်လျှောက်လုံးတွင် အမေလုဟာ သူမဆီသို့ နေ့တိုင်းလာခဲ့ပေသည်... လာသည့်အချိန်တိုင်းတွင်လည်း ဆန်ပြုတ်အပြင် အခြားသောစားကောင်းသောက်ဖွယ်များ ယူလာတတ်သေး၏။ အမေလု၏ဂရုစိုက်မှုတို့အောက်တွင် ရီကျန်းသည် သူမ မရရှိခဲ့သောမိသားစုရဲ့နွေးထွေးမှုတို့ကို ခံစားနေရပေတယ်...
~~~~~~~~~~
လုကော်ပိုရေးရှင်းတွင် အလုပ်ပိလာသောအခါ လုပေရွှမ်းသည် ကုမ္မဏီကို သွားရုံမှအပါ ရွေးစရာမရှိတော့ချေ... ထို့ကြောင့်လည်း ဆေးရုံရှိရီကျန်းဘေးတွင် အချိန်တိုင်းရှိမနေနိုင်တော့ပေ... သို့သော် အလုပ်စောစောဆင်း၍ ရီကျန်းဆီသို့ ညနေ့တိုင်း လာတတ်၏။ ယနေ့တွင်တော့ လုပေရွှမ်းသည် သူတစ်ယောက်တည်းမဟုတ်ဘဲ ရီကျန်း သိသောသူတစ်ယောက်ကို ခေါ်လာလေသည်...

~ ဝီလီယံ ~ (လုပေရွှမ်း ကိုမာဝင်နေတုန်းက ဆေးကုပေးခဲ့တဲ့ ဆရာဝန် )
ရီကျန်းသည် သူမ စားလက်စ ကြက်သားဆန်ပြုတ်ကို ချထားလိုက်ပြီး ဝီလီယံကို ပြုံးလျက်  " ဆရာ... မတွေ့တာကြာပြီနော်... ထိုင်ပါအုံး... သောက်စရာတစ်ခုခု ထည့်ပေးပါရစေ...သောက်ချင်တာများရှိလားဟင် "

ဝီလီယံက နူးညံ့စွာဖြင့်  " ဘာပဲဖြစ်ဖြစ်ရပါတယ် "

" အဲ့ဒါတို နို့ရော? " (နွားနို့ကို ဆိုလို)

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now