Chapter 199

2.8K 450 8
                                    

Zawgyi
Chapter 199
{ ကျွန်မက ဒုတိယမျိုးဆက်ကသူတစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိရင် ရှင့်အတွက် ပြဿနာရှိနိုင်လား - ၁ }

ယူကျန်းသည် ဝိုင်ခွက်ကို ကျစ်ကျစ်ဆုပ်ထားခဲ့ပြီး နောက်ဆုံးတွင်တော့ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ချေတယ်...

" ယူကျန်း... ယုရှောင်းပြောတာ မှန်တာပဲလေ... ငါတကယ် နားမလည်တော့ဘူး... အဲ့မိန့်ကျဲဆိုတဲ့မိန်းမက ဘာတွေကောင်းနေလို့ မင်းက တမ်းတမ်းစွဲဖြစ်နေရတာလဲ... မင်းသာ သူ့ကိုတကယ်ချစ်တယ်ဆိုရင် လွန်ခဲ့တဲ့၎နှစ်လောက်တုန်းက သူ့နာမည်ကို နာမည်ပျက်စာရင်းထဲ ဘာလို့ထည့်ခဲ့သေးလဲ... မင်းက အဲ့လိုလုပ်လောက်တော့ အခုဆိုရင် လုံးဝပြန်လှည့်လို့မရတဲ့အခြေအနေဖြစ်ကုန်တာပေါ့... "

မိန့်ကျဲရဲ့နာမည်ကို ထပ်ကြားလိုက်ချိန်တွင် ယူကျန်းရဲ့ဆင်ခြင်တုံတရားတို့ဟာ ပြတင်းပေါက်မှ ထွက်ပြေးသွားသလို ပျောက်ကွယ်သွားတော့၏...

အနှီအမျိုးသားဟာ သူ့ရှေ့မှ ဝိုင်ပုလင်းကို ယူလိုက်ကာ တစ်ကျိုက်မော့ချလိုက်ပြန်တယ်... ဝိုင်နီတချို့ဟာ သူ့ရဲ့အင်္ကျီပေါ်တွင် စွန်းထင်းသွားခဲ့သေးပေသည်... ဝိုင်နီပုလင်းကို စားပွဲပေါ်တွင် ပြန်တင်လိုက်ချိန်၌ ယူကျန်းရဲ့မျက်လုံးတို့ဟာ နီမြန်းလို့နေလေပြီဖြစ်၏...

" ငါ...ငါက သူ့ကို စွရမ်းချစ်တာကွ... သူက ဘယ်ကရတဲ့သတ္တိနဲ့ ငါနဲ့လမ်းခွဲရဲရတာလဲ!!!? " ယူကျန်းသည် ထိုသို့ဆိုကာ သူ့ရှေ့မှ စားပွဲကို ဆောင့်ကန်လိုက်ချေတယ်...

" ဒေါသမထွက်စမ်းပါနဲ့ကွာ... အခုဆို သူရဲ့အနာဂါတ်က ပိတ်နေပြီပဲဟာ " အမျိုးသားတစ်ယောက်က  ထိုစကားကို ပြောလိုက်လေ၏...

ထိုစဉ်~~~

" ဒါပေမယ့်... ကျွန်မ ဒီနေ့ မစ္စမိန့်ကို လုကော်ပိုရေးရှင်းမှာ တွေ့လိုက်တယ်ထင်တယ်... လုကော်ပိုရေးရှင်းရဲ့ကြော်ငြာကိစ္စအတွက် စာချုပ်ချုပ်ဖို့ လာတာလား မသိဘူး "  ရီချင်းရဲ့စကားတို့ဟာ ယူကျန်း၏အာရုံတို့ကို ဖမ်းစားလိုက်နိုင်ခဲ့လေသည်... အနှီအမျိုးသားဟာ သူ့ရဲ့နီရဲနေသောမျက်ဝန်းတစ်စုံဖြင့် ရီချင်းအား စိုက်ကြည့်လိုက်ရင်း "  လုကော်ပိုရေးရှင်းနဲ့စာချုပ်ချုပ်တယ် ဟုတ်လား?? မင်းမျက်စိနဲ့ မျက်မြင်တွေ့ခဲ့တာ သေချာလား?? "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now