Chapter 211 to 214 Z

2.3K 137 7
                                    

Chapter 211
{ သူမ ကြိုးစားလုပ်ဆောင်နေသောကိစ္စများကို နောက်ကွယ်မှတိတ်တဆိတ် ထောက်ပံ့ပေးလိမ့်မယ်  - ၂ }

လူတချို့မှာ လုကော်ပိုရေးရှင်းရဲ့ရုပ်ရှင်တွင် ပါဝင်မည့်သရုပ်ဆောင်များနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြချေ... ထိုသရုပ်ဆောင်များအတွက် ယွမ်သန်း၅၀ကို အသုံးပြုလိုက်ခြင်းဟာ သဲထဲရေသွန်နေသလိုပါပဲဟု ပြောလာကြသေး၏... ရုပ်ရှင်တွင် ပါဝင်သောသရုပ်ဆောင်များနှင့် ပတ်သက်ပြီး အခေအ​မြစ်မရှိသောကောလဟလမျိုးစုံထွက်လာခဲ့ပြီး သရုပ်ဆောင်ပြန်လည်ရွေးချယ်သင့်သည်ဟု ပြောဆိုလာကြပြန်တယ်... အဆိုးဆုံးကတော့ ဇာတ်လိုက်မင်းသားနေရာမှ ကွမ်မိန်၏Weiboအကောင့်တွင် မှတ်ချက်များစွာ ရေးလာကြခြင်းပင်...

" မင်းလို သစ္စာဖောက်ကောင်ကို ဇာတ်လိုက်နေရာထားမယ့်အစား ငါ့ခွေးကို ဇာတ်လိုက်နေရာမှာ ထားတာကမှ ပိုကောင်းအုံးမယ်!!  "

" နှစ်ထောင်ပေါင်းများစွာ ကြိုးစားရင်တောင် အောင်မြင်လာမယ့်ပုံမပေါ်တဲ့သူကို ဘယ်လိုအတွေးနဲ့များ ဇာတ်ရံနေရာပေးရတာလဲ တကယ်နားမလည်တော့ဘူး... ပိုက်ဆံအရမ်းဖြုန်းချင်နေတယ်ဆိုရင်တောင် ဒီဇာတ်ရံကို ငှားဖို့ မသုံးသင့်ဘူး... "

" လုကော်ပိုရေးရှင်းရဲ့ပထမဆုံးရုပ်ရှင်ကို မကောင်းမြင်စိတ်မရှိခဲ့ဖူးဘူး... ယွမ်သန်း၅၀လောက် ရင်းနှီးမြုပ်နှံ့ထားတယ်ဆိုလို့ နည်းနည်းလောက်မျှော်လင့်ချက်ကြီးခဲ့ပေမယ့် အခုသရုပ်ဆောင်စာရင်းကို တွေ့လိုက်ရတော့ တော်တော်လေး စိတ်ပျက်စရာကောင်းလွန်တယ်... လူရွေးထားတာက လမ်းပေါ်မှာ တွေ့တဲ့သူကို ရုပ်ရှင်ခေါ်ရိုက်နေသလိုပဲ "

" XYZ(ယောက်ျားလေးသရုပ်ဆောင်တစ်ဉီးရဲ့နာမည်ပါ... နာမည်အတည်အကျမပြောထား) ကိုရော မစဉ်းစားခဲ့ဖူးလား... သူက ဒါရိုက်တာတော်တော်များများဆီကနေ မှတ်ချက်ကောင်းတွေရထားတာ... အခုရွေးထားတဲ့ဇာတ်လိုက်နေရာကကောင်ထက် သရုပ်ဆောင်ပိုကောင်းတယ်... ပြီးတော့ အနုပညာကြေးလည်း အရမ်းမကြီးဘူ..."

" မိန့်ကျဲက ဒီလောကက ထွက်သွားဆာ ၄နှစ်တောင်ရှိနေပြီလေ...  သူက သရုပ်ဆောင်နိုင်သေးလို့လား... ငါလေး သံသယဝင်မိနေပြီ... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now