Chapter 194 to 195

2.6K 438 8
                                    

Zawgyi
Chapter 194
{ အနာဂါတ်အား ကြိုမြင်ခဲ့သည် - ၃ }

ရှင်ချင်းရင်သည် အပြုံးတစ်ချက်မပျက်သွားခဲ့ဘဲ " ကျွန်မ ပြောတာကို နားလည်မယ်ထင်တယ်... ကျွန်မတို့က မစ္စရီရဲ့နာမည်ကို ကြော်ငြာအတွက် လူရွေးစာရင်းထဲမှာ ထည့်ထားပါတယ်... ကြော်ငြာအတွက် သင့်တော်မယ့်သူကို သေချာရွေးချယ်ကြမှာပါ... "

" ခဏနေပါအုံး... လူရွေးစာရင်းဆိုတာက ဘာကိုပြောချင်တာလဲ?... ​ကြော်ငြာအတွက် ဝင်ပြိုင်ကြတဲ့တခြားသူတွေ ရှိသေးတယ်လို့ ဆိုလိုတာလား...?  "

" ကျွမ်းကျင်တဲ့သူတွေက သေချာရွေးချယ်ပေးမှာပါ... သူတို့ ထားထားတဲ့ကန့်သတ်ချက်တွေ အရည်အချင်းတွေနဲ့ ပြည့်မှီတဲ့သူကို သေချာစီစစ် ရွေးချယ်သွားကြမှာ "

ရီချင်းရဲ့မျက်နှာဟာ ပို၍ပင် ပျက်ယွင်းလို့လာခဲ့လေ၏... " ရီကျန်း ဘယ်မှာလဲ!?  ရီကျန်းက ရှင်တို့Bossရဲ့မိန်းမပဲလေ... သူက ဘာမှမပြောထားဘူးလား?  "

" မစ္စလုက ကျွန်မတို့ကို ပြောပြထားပြီးသားပါ... ဒါပေမယ့်... ကျွန်မတို့ သေချာစစ်ဆေးကြည့်လိုက်တော့ မစ္စရီနဲ့ မသင့်တော်ဘူးဖြစ်နေတယ်လေ... ကျွန်မ ရှင့်ရဲ့အေးဂျင့်ကို ဆက်သွယ်ပြီး သတင်းတစ်ခုခုထူးရင် အကြောင်းကြားပါ့မယ်လို့ ပြောထားခဲ့ပြီးသားပါ... အခုလို ကုမ္မဏီထိ လာပေးခဲ့လို ကျေးဇူးပါ မစ္စရီ... "

ဒီလောက်ထိဆိုလျှင် ရီချင်း နားမလည်နိုင်စရာ မရှိတော့ချေ... အစပိုင်းတွင် ရီချင်းသည် ကြော်ငြာကိစ္စနှင့်ပတ်သက်ပြီး လွယ်ကူလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုတွင် ရီကျန်းက သူမကို အရူးလုပ်သွားခဲ့ချေ၏...

" ဒါမဖြစ်နိုင်ဘူး... ရီကျန်းက ငါ့ကို ကြော်ငြာကိစ္စအတွက်အခွင့်အရေးပေးမယ်လို့ သေချာပြောထားတာ... "

" ဒါဆိုရင်တော့ မစ္စရီက မစ္စလုနဲ့ အရင်စကားပြောကြည့်လိုက်ပါအုံး... ကျွန်မကတော့ မစ္စလုဆီကနေ မစ္စရီကို ကြော်ငြာအတွက်အခွင့်အရေးပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမကြားထားပါဘူး... "

ရှင်ချင်းရင်ရဲ့ထိုစကားအဆုံးတွင် အခန်းပြင်မှတံခါးခေါက်လာခဲ့ကာ ဝန်ထမ်းတစ်ယောက် ဝင်လာခဲ့ပြီး " ဒါရိုက်တာရှင်... မစ္စမိန့် ရောက်နေပါပြီ... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now