Chapter 188 to 190

2.4K 496 11
                                    

Zawgyi
Chapter 188
{ ရှင်ဘက်က စလိုက်တဲ့ကောလဟလတွေများလာရင် အနှေးနဲ့အမြန် အပြစ်ပေးခံရလိမ့်မယ် - ၃ }

" မင်း... မင်းက ဘာဖြစ်ချင်လို့လဲ " အယ်ဒီတာချုပ်ဝမ်ဟာ သူ့မျက်နှာပေါ်မှ ရေတို့ကို တစ်ရှူးဖြင့် သုတ်လိုက်ရင်း ရှင်ချင်းရင်ကို မေးလိုက်လေ၏...

" ကျွန်မ အလုပ်ထွက်မယ်!! "

အယ်ဒီတာချုပ်ဝမ်ဟာ ရှင်ချင်းရင်​က ဟာသပြောနေသည်ဟု တွေးလိုက်မိပြီး " အလုပ်ထွက်မယ် ဟုတ်လား?? မင်းချုပ်ထားတဲ့စာချုပ်ကို ဖောက်ဖျက်ရင် မင်း ငါ့ဆီမှာ နောက်ထပ်ဆယ်နှစ်အထိ ဆက်ပြီး အလုပ်လုပ်ရမှာလေ... "

ရှင်ချင်းရင်သည် ထိုဗိုက်ပူအမျိုးသားပြောသည်တို့ကို မသိချင်ယောင်ဆောင်လိုက်ပြီး သူမရဲ့ဝန်ထမ်းကတ်ပြားကို စားပွဲပေါ်ပစ်တင်ပေးလိုက်ကာ အယ်ဒီတာချုပ်ရဲ့ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်... ထို့နောက်တွင် သူမဟာ သူမရဲ့အလုပ်စားပွဲဆီသို့ ​ပြန်လာခဲ့ကာ ထိုစားပွဲပေါ်မှ မလိုအပ်သည့်အရာအားလုံးကို အမှိုက်ပုံးထဲထည့်လိုက်ပြီးနောက် လက်ရှိကုမ္မဏီမှ ထွက်လာခဲ့တော့လေတယ်...
~~~~~~~~~~~~~
အင်တာနက်ပေါ်၌ လုပေရွှမ်းနှင့်ရှန်ဝေ့ရင်းတို့ကြားမှကိစ္စများ ရှင်းသွားချိန်တွင် ရီကျန်း၏အတန်းဖော်တစ်ယောက်ဖြစ်မည်ထင်ရသောသူတစ်ယောက်က ရီကျန်းရဲ့ဓါတ်ပုံကို Weiboတွင် ပို့စ်တင်လာခဲ့ချေ၏...

ထိုဓါတ်ပုံကို အချိန်တိုအတွင်းပြန်ဖျက်လိုက်သော်လည်း လူတချို့ဟာ ထိုဓါတ်ပုံကို saveထား(သိမ်းထား)ခဲ့ပြီဖြစ်လေတယ်... ရီကျန်းသည် လွန်ခဲ့သောတစ်နှစ်လောက်က စ၍ပွဲဉီးထွက်ခဲ့သောရီချင်းဆိုသည့်အမျိုးသမီးသရုပ်ဆောင်နှင့် အတော်လေးတူလွန်းသည်ဟု လူပြောများလာတော့၏...

ရီကျန်း၏အတန်းဖော်တချို့က ရီချင်းနှင့် ရီကျန်းတို့ဟာ အမွှာညီအစ်မများဖြစ်သည်ဟု ထုတ်ပြောလာကြသေးသည်... ထိုချိန်တွင်မှ ရီချင်းသည် သူမရဲ့Weiboအကောင့်တွင် ရီကျန်းကို ထောက်ခံသည်ပို့စ်တစ်ခု တင်လာခဲ့ချေတယ်... ပို့စ်ထဲတွင် သူမဟာ သူမရဲ့ညီမအကြောင်းကို ကောင်းကောင်းသိကြောင်း၊ သူမရဲ့ညီမဟာ အရမ်းနူးညံ့သိမ်မွေ့တဲ့သူဖြစ်တာကြောင့် သူများရည်းစားကို စနိုက်ကျော်မည် မဟုတ်ကြောင်းအပြင် သူမညီမကို အခုလို လူအများက ကျိန်ဆဲနေကြသည်ကို မြင်ရတော့ သူမ အလွန်ဝမ်းနည်းမိကြောင်း စသည့်အကြောင်းအရာတို့ပါဝင်ပေ၏...
{ V~~ ရီချင်းကလည်း UNလိုပဲ...
စိုးရိမ်နေပါတယ် အလွန်စိုးရိမ်နေပါတယ်
ပြစ်တင်ရှုံ့ချပါတယ် အလွန်ပြစ်တင်ရှုံ့ပါတယ် တစ်ခါတစ်လေကြတော့ ပြင်းပြင်ထန်ထန် ပြစ်တင်ရှုံ့ချပါတယ်ဆိုတာက ရှိသေး🙂...  လိ့ပဲ... သူတို့တွေ အစိုးရိမ်လွန်ပြီးသေသွားမှာကို ကိုယ်တွေက ပြန်စိတ်ပူပေးနေရမလိုလို🙂 }

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now