Chapter 141

3.4K 731 21
                                    

Zawgyi
Chapter 141
{ ဝေ့ရင်းကို လုမိသားစုထဲ တွန်းပို့ပေးခဲ့ရမှာ - ၁}

လုဗီလာသည် ကျယ်ပြန့်သည့်ဧရိယာရှိပြီး ဗီလာ၏ရှေ့တွင် မြက်ခင်းပြင်ကျယ်၊ ဗီလာ၏နောက်တွင် လှပသောရေကန်ကျယ်တို့ရှိလေတယ်... အတော်လေး ရှုခင်းကောင်ကောင်းရှိသည့်ဗီလာမျိုးပင်...

လုပေရွှမ်းသည် မတတ်သာတော့သည့်အဆုံး၌ အဖိုးလုနှင့် ပြန်တိုင်ပင်ရမည့်ကိစ္စတစ်ခုပေါ်ခဲ့၏... အဖိုးလုဖိတ်ချင်သည့်ဧည့်သည်ဟာ များလွန်းတာကြောင့်ပင်... လုပေရွှမ်းသည် သူ့သားမှာ ငယ်လွန်းသေးတာကြောင့် ဧည့်သည်အများကြီး၏ ဆူညံ့မှုကို ခံနိုင်မည် မဟုတ်ကြောင်း၊ ရီကျန်းသည်လည်း အနားယူဖို့ လိုအပ်သေးကြောင့် ဧည့်သည်အများကြီးကို လိုက်ဧည့်ခံရန် အဆင်မပြေကြောင်း သေချာပြောပြကာ ဧည့်သည်လျော့ချရန် တိုင်ပင်လာခဲ့သည်...

လုပေရွှမ်းသည် အဖိုးလုကို မတိုင်ပင်မိတည်းက အိမ်တော်ထိန်ကြီးကို ပြောပြထားတာကြောင့် အိမ်တော်ထိန်းကြီးဟာလည်းဟလုပေရွှမ်းဘက်မှ ဝင်​ဖျောင်းဖျပေးခဲ့လေတယ်... သူတို့၂ဉီးရဲ့စကားတို့ဟာ အကျိုးသင့် အကြောင်းသင့်ဖြစ်တာကြောင့် အဖိုးလုက ဧည့်သည်လျော့ချဖို့ကို လက်ခံလိုက်လေ၏... ထိုသို့ဖြင့် အဖိုးလုသည် သူရဲ့အရင်ဧည့်သည်စာရင်းထဲမှ သူနှင့် နှစ်ပေါင်းများစွာခင်မင်ခဲ့သောသူတို့ကို ပြန်ရွေးချယ်ကာ ဧည့်သည်စာရင်း အသစ်ပြန်လုပ်ပေးလိုက်လေတယ်...

နောက်ဆုံးတွင်တော့ ဧည့်သည်စာရင်းအတိအကျ ထွက်လာခဲ့တော့သည်...
~~~~~~~~~~~
ထိုနေ့ညနေတွင် လုပေရွှမ်းသည် သူ့ရဲ့လုပ်လက်စအလုပ်တို့ကို လုပ်နေခဲ့ပြီး ရီကျန်းကတော့ ကလေးကို နို့ဘူးတိုက်နေခဲ့လေတယ်... ကလေးလေးဟာ နို့ဘူးကို ပျော်ရွှင်စွာ စို့နေခဲ့ပြီးနောက် ကြို့တထိုးထိုးဖြင့် သူ့အမေဖြစ်တဲ့ရီကျန်းကို ကြည့်နေလေရဲ့... ထို့ပြင် ကလေးလေးသည် သူ့ရဲ့လက်ဖောင်းဖောင်းကို လေထဲသို့ မြှောက်ထားသေး၏... ရီကျန်းသည် သူမသားလေးရဲ့ချစ်စရာကောင်းသည့်အမူအရာတို့ကို ကြည့်ရင်း သူမရဲ့နှလုံးသားလေး အရည်ပျော်သည်ဟု ခံစားနေရသည်...

သူမသည် ဒီချစ်စရာကောင်းတဲ့ကလေးလေးကို မွေးဖွားရန် အတော်ခက်ခဲခဲ့ရသည်... သူမရဲ့သွေးတို့ စီးဆင်းနေသော ဒီကလေးလေးကိုပေါ့...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now