Chapter 217
{ ရီချင်းတစ်ယောက် တောက်ပလာနိုင်မယ့်အခွင့်အရေး မဟုတ်ဘူးလား - ၂ }နာရီဝက်ခန့်အကြာတွင် ရီကျန်းသည် ကျိုးကျိုးလေးကို ချော့သိပ်လိုက်နိုင်ခဲ့ပြီး ကလေးအား ကလေးထိန်းဆီသို့ ပြန်ပေးလိုက်လေတယ်... ထိုချိန်တွင်မှသာ လုပေရွှမ်းတစ်ယောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏... ထိုအခါ ရီကျန်းသည် လုပေရွှမ်း ရေချိုးသည့်ကြာချိန်ကို သတိထားမိသွားခဲ့ကာ မျက်ခုံးတစ်ချက်ပင့်လိုက်လေသည်...
" ရေချိုးတာနာရီဝက်တောင် မိန်းမတစ်ယောက် ရေချိုးတာထက်တောင် ကြာသေးတယ်ရှင်... သွေးကြောထဲက သွေးတွေပါ ဆေးချဖို့ စဥ်းစားနေတာလား "လုပေရွှမ်းသည် ညဝတ်အင်္ကျီကို ဝတ်ထားရင်း စိုရွှဲနေသောဆံပင်တို့ကို ခြောက်အောင် သုတ်ရင်းဖြင့် ခပ်တိုတိုပြန်ဖြေလေ၏... " ရေနွေး ပျက်နေလို့ " ထိုသို့ပြောကာ အလုပ်ခန်းထဲသို့ ဝင်သွားတော့သည်...
လုပေရွှမ်း ထွက်သွားပြီးနောက် ရီကျန်းတစ်ယောက်ရေချိုးခန်းထဲသို့ ၀င်သွားခဲ့ပြီးရေနွေးပိုက်ကို စစ်ကြည့်လိုက်ချိန်တွင် ရေနွေးပိုက်က အကောင်းအတိုင်းရှိနေချေတယ်...
" အယ်... ရေနွေးပိုက်က အကောင်းကြီးပါပဲ "
ညနေဆည်းဆာသို့ရောက်ချိန်တွင် လုဗီလာထဲ၌ တိတ်ဆိတ်ငြိမ်သက်လို့နေလေသည်... လုပေရွှမ်းသည် အမှီကုလားထိုင်ပေါ်တွင် မှီလျက်ထိုင်နေရင်း သတင်းအသစ်တို့ကို ဖတ်နေပြီး ရီကျန်းကတော့ ပရိုကျူဆာ(ထုတ်လုပ်သူ)နှင့်ပတ်သက်သည့်အကြောင်းအရာများ၊ တာဝန်များကို လေ့လာမှတ်သားလို့နေလေသည်... လုပေရွှမ်းသည် ရီကျန်းအားကို ဒီတစ်နေ့တာအတွက် ရုပ်ရှင်ရိုက်ကူးရေးပိုင်းဆိုင်ရာနှင့်ပတ်သက်သောအကြောင်းကိစ္စကို မေးတတ်ပြီး ရီကျန်းက အနည်းငယ်ပြန်ဖြေပေးတတ်လေတယ်...
ညဆယ်နာရီခွဲရောက်သောအခါ ရီကျန်းတစ်ယောက် အနည်းငယ်သမ်းလိုက်ရင်း သူမ လက်ထဲရှိပစ္စည်းများကို သိမ်းလိုက်ပြီး အိပ်ယာဝင်ရန် ပြင်တော့၏...
ထိုချိန်တွင် လုပေရွှမ်းက " နောက်နှစ်ရက်လောက်နေရင် ကိုယ်သွားရမယ့်ဧည့်ခံပွဲတစ်ခုရှိတယ်သိလား... အဲ့ပွဲကိုတက်ဖို့ ကိုယ့်အတွက်မိန်းကလေးအဖော်တစ်ယောက်လိုနေတယ်"
YOU ARE READING
ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ(mm translation)
RomanceဒီNovelလေးကို ဖတ်ဖူးကြမယ်ထင်ပါတယ် အရင်ဘာသာပြန်တဲ့သူက ဆက်မပြန်တော့ဘူးဆိုလို့ Vကဆက်ပြီး ဘာသာပြန်မှာပါ💜 အပိုင်း၁၀၀ကနေစပြီး ဘာသာပြန်မှာပါ😊🥰 ဒီNovelလေးကို ဖတ်ဖူးကြမယ်ထင်ပါတယ် အရင်ဘာသာပြန်တဲ့သူက ဆက်မပြန်တော့ဘူးဆိုလို့ Vကဆက်ပြီး ဘာသာပြန်မှာပါ💜 အပိုင်း၁...